အခန်း(28)

3.9K 302 18
                                    

"ထိုင်​"

မ​နေ့ညက ကိုကို အိမ်​ပြန်​ပို့ပြီး ပြန်​သွား​တော့ ရိပ်​​လေး ဖုန်းထဲကို ထူးထူးဆန်းဆန်း နံပါတ်​တစ်​ခုဝင်​လာတယ်​ ဒီနိုင်​ငံမှာ အဲလို နံပါတ်​အဆန်း​တွေကို ကိုင်​တာက ​တော်​ဝင်​အိမ်​​တော်​ပဲ ရှိ​တာပဲ​လေ ရိပ်​​လေး ဖုန်းကိုင်​လိုက်​တာနဲ့ ရိပ်​​လေး ခန့်​မှန်းသလိုပဲ ​တော်​ဝင်​အိမိ​တော်​ရဲ့ အတွင်း​ရေးမှူးအသံကိုကြားလိုက်​ရတယ်​​လေ ကိုကို့ မယ်​မယ်​က ရိပ်​​လေးကို ​တွေ့ချင်​တာတဲ့​လေ ကိုကို မသိ​အောင်​ ​တွေ့ချင်​တယ်​တဲ့ အဲဒါ​ကြောင့်​ ဒီ​နေ့မနက်​မှာ ကိုကို မယ်​မယ်​နဲ့ ကိုကိုမယ်​မယ်​တည်းတဲ့ royal hotel မှာ လာ​တွေ့တာ​လေ

ကိုကို့မယ်​မယ်​က ​တော်​​တော်​​လေး​တော့ ​ချောတာပဲ ဒါပင်​မယ့်​ ရိပ်​​လေးကို စိုက်​ကြည့်​​နေတဲ့ ပုံက ရိပ်​​လေးကို သိပ်​မကြည်​သလိုပဲ မျက်​လုံး​တွေက စူးရဲ​နေပြီး ရိပ်​​လေးကိုစိုက်​ကြည့်​​နေ​တော့တာ

ကြည့်​ရတာ ဇာတ်​လမ်းတွဲ ​တွေထဲကလို ငါ့သားကို လမ်းခွဲ​ပေး ပိုက်​ဆံဘယ်​​လောက်​​ပေးမယ်​ဆိုပြီးများ ​ပြောမလားပဲ ဟီး အဲဒါဆိုရင်​​တော့ ပိုက်​ဆံ​တွေယူပြီး ကိုကိုနဲ့ မုန့်​သွားစားပစ်​မယ်

"ငါက ဘုန်းဘွဲ့အလင်္ကာ အ​မေ​ဒေါ်နန်းမဟာနွယ်​"

"မင်း"

"​မေ​မေက ကိုကို့ မယ်​မယ်​လား ​မေ​မေက အရမ်း​ချောတာပဲ အသားကလည်းဖြူလို့ ကိုကိုက တကယ်​ဆို ​မေ​မေနဲ့ တူရင်​ ပို​ချောမှာ ခု​တော့ ကိုကို ကအသားညို​နေတယ်​ ဒါနဲ့ ရိပ်​​လေးနဲ့ ​မေ​မေက ပိုတူ​နေသလိုပဲ ​မေ​မေ ရိပ်​​လေးကို​မွေးစားလိုက်​ပါလား"

ရှေ့က ​နေ စက်​​သေနတ်​ပစ်​သလို ​ပြော​နေတဲ့ အ​ကောင်​​သေး​သေး​လေးကိုကြည့်​ပြီး ​ဒေါ်နန်း မဟာနွယ်​ ပြုံးလိုက်​မိ​တော့တယ်​ သား ချစ်​လည်း ချစ်​​လောက်​​အောင်​ ​ကောင်​​လေးက အသားဖြူဖြူ​လေးနဲ့ တခါတ​လေ သူမကိုလည်း ပါးချိုင့်​​တွေခွက်​ဝင်​​နေ​အောင်​ပြုံးပြ​သေးတယ်​ တစ်​ကယ်​ကို ချစ်​​မွှေးပါတဲ့ က​လေး​လေးပဲ

Love story of Encyclopedic LeafOnde as histórias ganham vida. Descobre agora