Chapter 42 : သူမက ဒီမှာ ယောက်ျားတစ်ယောက်ကို ဖွက်ထားတာများလား
သူမသည် ဤအပေါက်ဆိုးလှသော မျိုးရိုးနာမည် 'ရှု' နှင့် အဖိုးအိုထံမှ ရင်းနှီးမှုကို ခံစားနေရသည်။ သူ၏ စကားလုံးများက အေးစက်နေသော်လည်း သူမသည် ထိုသို့ခံစားနေရဆဲပင်။ သူသည် လူဆိုးတစ်ယောက် မဟုတ်။ သူသည် သူမ အတိတ်ဘဝက တွေ့ဆုံခဲ့ရသည့် အပြင်ပန်းတွင် အပြုံးများပြည့်နေပြီး အတွင်းဘက်၌ အကောက်ကြံတတ်သည့် စိတ်ဓါတ်ရှိသူများနှင့် မတူပေ။
"ကျေးဇူးတင်ပါတယ်၊ အကြီးအကဲရှု။ သေချာပေါက် ကျွန်မ သင်ယူဖို့ အချိန်မှန်လာပါ့မယ်"
ကျင်းယွင်ကျောင်းက အပြုံးခပ်ရေးရေးဖြင့် ပြန်ဖြေလိုက်သည်။
"ဒီလိုဆိုရင် မင်း ဒီနေ့ ဒီတစ်အုပ်လုံး ကောင်းကောင်းမှတ်မိသွားမှ ပြန်ရမယ်"
အကြီးအကဲရှုက သူမဆီသို့ စာအုပ်တစ်အုပ်ကို တာ့်တည့် ပစ်ပေးလိုက်ပြီး ကျင်းယွင်ကျောင်းအား ထိုအဖီထဲတွင် သော့ပိတ်ခဲ့၍ လှည့်ထွက်သွားသည်။
(T/N: ခြံအနောက်ဘက်တစ်ခုလုံးက အကာပါတဲ့ အဖီသဘောမျိုးပါ။)
အဖီထဲတွင် အလင်းရောင်လုံလောက်၏။ သူမသည် စာအုပ်ကို ဖွင့်ကြည့်လိုက်ရာ ဆေးပင်များကြီးထွားခြင်းနှင့် ရိတ်သိမ်းခြင်းအကြောင်းဖြစ်သည်ကို တွေ့လိုက်ရသည်။
စာအုပ်သည် မထူသော်လည်း အကယ်၍ သာမန်လူတစ်ယောက်အတွက် စာလုံးတစ်လုံးချင်း အလွတ်မှတ်မိဖို့ဆိုပါက အချိန်တစ်ရက်မှ နှစ်ရက်အထိ လိုပေလိမ့်မည်။
သို့ရာတွင် ကျင်းယွင်ကျောင်းသည် ဝိညာဥ်စွမ်းအားပါသည့် ကျောက်စိမ်းအပိုင်းကို စုပ်ယူပြီးကတည်းက သူမ၏ မှတ်နိုင်စွမ်းသည်လည်း တိုးတက်လာခဲ့သည်။ သူမသည် စာအုပ်ကို ကြည့်လိုက်ပြီးနောက် တင်းတင်းကြပ်ကြပ် ပိတ်ထားသော တံခါးကို ကြည့်လိုက်၏။ ရွေးခြယ်စရာမရှိသဖြင့် သူမသည် ထိုင်ချလိုက်သည်။ ဘေးတွင် တစ်ယောက်မှ မရှိရာ သူမသည် နေရာလွတ်နယ်မြေထဲသို့ ဝင်ရန် အခွင့်အရေးရသွားပြီး စတင်ကျက်မှတ်တော့သည်။
နေရာလွတ်နယ်မြေထဲတွင် အချိန်ကုန်သည်က အများကြီး ပိုနှေး၏။
နောက်ဆုံးတွင် သူမသည် စာအုပ်တစ်အုပ်လုံးကို အလွတ်မှတ်ပြီးသွားသောအခါ အပြင်ဘက်တွင် အချိန်သုံးနာရီ ကုန်ဆုံးသွားပြီဖြစ်သည်။
သူမက တံခါးကို ခေါက်လိုက်ရာ မကြာမီတွင် သတ်လတ်ပိုင်းအရွယ်လူကြီး ရောက်လာ၏။ သူသည် တံခါးဖွင့်လိုက်ပြီး သူမဆီမှ စာအုပ်ကို ပြန်ယူ၍ ပြောလိုက်သည်။
"မင်း အပြင်ထွက်ချင်ရင် ဒါကို အလွတ်ဆို"
ဤ ရှစ်ဖူးနှင့် တပည့်နှစ်ဦးအား ကျင်းယွင်ကျောင်း အနည်းငယ် အံ့သြမိ၏။
သို့ရာတွင် သူတို့က ကောင်းမွန်သော ရည်ရွယ်ချက်နှင့် လုပ်သည်ဖြစ်ရာ ကျင်းယွင်ကျောင်းသည်လည်း စတင်၍ အလွတ်ဆိုပြလိုက်တော့သည်။
စာအုပ်သည် စာမျက်နှာနှစ်ရာခန့်ရှိရာ အလွတ်ဆိုရသည်မှာ အချိန်အနည်းငယ်ကြာ၏။ တပည့်ဖြစ်သူက စာလုံးတစ်လုံးမှ မလွတ်အောင် အာရုံစိုက်၍ နားထောင်နေသည်။ သူသည် ရှင်းရှင်းလင်းလင်း မကြားလိုက်ရသည့်အခါများ၌ ကျင်းယွင်ကျောင်းအား မှန်သည်အထိ ထပ်ခါထပ်ခါ ပြန်၍ ရွတ်ဆိုစေ၏။
ကျင်းယွင်ကျောင်းသည် ပေါ့တီးပေါ့ပျက် လုပ်တတ်သောသူမျိုး မဟုတ်ပေ။ သူမသည် သင်ယူပါမည်ဟု ကတိပေးလိုက်ကတည်းက သေချာပေါက် သူမ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစား၍ သင်ယူမည်ဖြစ်သည်။
သူမ စာပြန်ပြီးချိန်တွင် အတော်လေး နောက်ကျနေပြီဖြစ်၏။
"စာလုံးတိုင်း မှန်တယ်။ မင်း အခု ပြန်လို့ရပြီ။ နောက်တစ်ကြိမ်လည်း အချိန်မှန်လာဖို့ မမေ့နဲ့။ ဒါက ဒီနေ့အတွက် ဆေးဖိုးငွေ"
တပည့်ဖြစ်သူ၏ စိတ်ထားသည် ရှစ်ဖူးဖြစ်သူထက််ပင် ပို၍ဖြောင့်မှန်သေးသည်။ သူသည် သူလုပ်စရာရှိသည်အား လုပ်ပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားတော့၏။
သူမ၏ လက်ထဲတွင် သူမ ရသင့်သည်ထက်ပိုသော ယွမ်ထောင်ဂဏန်းခန့်က အံအားသင့်ဖွယ် ရှိနေသည်။
ယမန်နေ့က ပိုက်ဆံနှင့်ပေါင်းလိုက်ပါက သူမ၏ လက်ထဲတွင် ယွမ်တစ်သောင်းခန့် ရှိနေပြီဖြစ်သည်။ အချိန်တိုအတွင်း ဤမျှ ငွေပမာဏရှာနိုင်မည်ဟု သူမ အတိတ်ဘဝက စိတ်ကူးပင် မယဥ်ခဲ့ဖူးပေ။
အပြင်ဘက်တွင် လရောင်က ဖြာကျနေပြီး ကြယ်လေးများက တလက်လက် တောက်ပနေသည်။ လေထုမှာ အဖီအတွင်းမှ လေထုထက် ပို၍လတ်ဆတ်၏။ သူမသည် အသက်ပြင်းပြင်းရှုလိုက်ပြီး သူမ ဤသို့လာနေကျလမ်းအတိုင်း အိမ်ကို လမ်းလျှောက်၍ ပြန်လာခဲ့သည်။ သို့သော် သူမ ထိုလမ်းကြားကျဥ်းကျဥ်းလေးမှ ထွက်လာသောအချိန်တွင် လမ်းမီးရောင်အောက်၌ လူတစ်စု ထွက်ပေါ်လာ၏။
ကျင်းယွင်ကျောင်းသည် တစ်စက္ကန့်မျှပင် အချိန်မဖြုန်းလိုသူဖြစ်သည်။ သူမအား ထိုလူများက ဟန့်တားလိုက်ချိန်တွင် သူမသည် ဝိညာဥ်စွမ်းအားရှိသည့် ကျောက်စိမ်းမှ အချက်အလက်များကို ကြေညက်အောင် မှတ်သားနေဆဲဖြစ်၏။
သူမသည် ခေါင်းမော့ကြည့်လိုက်ရာ လုကျား၏ စူးရဲနေသော မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသည်။
မကြာသေးမီက လုကျားသည် ပျော့ခွေသွားအောင် အရိုက်ခံရပြီးနောက် အိမ်တွင်သာ နေ၍ သူမ၏ ဒဏ်ရာများကို ကုသနေရ၏။ သူမအား ကြည့်လိုက်ရာ မျက်နှာက အနည်းငယ် ယောင်ယမ်းနေသေးသည်။ မည်သို့ပင်ဆိုစေကာမူ သူမအား ကြည့်ရသည်မှာ ပုံမှန်မဟုတ်ပေ။
"ငါက ဘယ်သူများလဲလို့ တွေးနေတာ။ ဒါ ငါတို့ကျောင်းရဲ့ နာမည်ကြီး ကျင်းယွင်ကျောင်း မဟုတ်လား။ ငါ နင် ဒီလမ်းကြားလေးထဲကနေ ထွက်လာတာကို မြင်လိုက်တယ်။ ဘာလဲ။ ဒီလိုညအချိန် ဒီလိုချောင်ကျတဲ့နေရာမှာ နင် ယောက်ျားတစ်ယောက်ကို ဖွက်ထားတာတော့ မဟုတ်ဘူးမလား"
လုကျား၏ မျက်နှာတွင် လှောင်ပြောင်သရော်ခြင်းများနှင့် ပြည့်နေပြီး သူမ၏ မျက်လုံးများက ဝင်းဝင်းတောက်နေသည်။
ကျင်းယွင်ကျောင်းက သူမကို လူတိုင်း၏ ရှေ့တွင် ရိုက်ခဲ့သည့်နေ့အား သတိရတိုင်း သူမ၏ဂုဏ်သိက္ခာမျာအားလုံး လွှင့်ပစ်ခံလိုက်ရသလို ခံစားရ၏။
ထိုအချိန်က ဆရာ၊ ဆရာမများက ကျင်းယွင်ကျောင်း၏ဘက်တွင်ရှိနေရာ လုကျားသည် သူမအား ဘာမှမလုပ်နိုင်ခဲ့ချေ။ သူမသည် သူမ၏ မိဘဆီမှ အဆူအငေါက်ပင် ခံခဲ့ရသည်။ သို့သော် ယခုအခါ သူတို့သည် အပြင်တွင်ဖြစ်ပြီး ပတ်ဝန်းကျင်၌ စောင့်ကြည့်ကင်မရာများလည်း မရှိပေ။ ဤတစ်ကြိမ်တွင်တော့ ကျင်းယွင်ကျောင်းက အသာစီးရနေလိမ့်ဦးမည်ဟု လုကျား မယုံကြည်ချေ။
Zawgyi
Chapter 42 : သူမက ဒီမွာ ေယာက္်ားတစ္ေယာက္ကို ဖြက္ထားတာမ်ားလား
သူမသည္ ဤအေပါက္ဆိုးလွေသာ မ်ိဳးရိုးနာမည္ 'ရႈ' ႏွင့္ အဖိုးအိုထံမွ ရင္းႏွီးမႈကို ခံစားေနရသည္။ သူ၏ စကားလုံးမ်ားက ေအးစက္ေနေသာ္လည္း သူမသည္ ထိုသို႔ခံစားေနရဆဲပင္။ သူသည္ လူဆိုးတစ္ေယာက္ မဟုတ္။ သူသည္ သူမ အတိတ္ဘဝက ေတြ႕ဆုံခဲ့ရသည့္ အျပင္ပန္းတြင္ အၿပဳံးမ်ားျပည့္ေနၿပီး အတြင္းဘက္၌ အေကာက္ႀကံတတ္သည့္ စိတ္ဓါတ္ရွိသူမ်ားႏွင့္ မတူေပ။
"ေက်းဇူးတင္ပါတယ္၊ အႀကီးအကဲရႈ။ ေသခ်ာေပါက္ ကြၽန္မ သင္ယူဖို႔ အခ်ိန္မွန္လာပါ့မယ္"
က်င္းယြင္ေက်ာင္းက အၿပဳံးခပ္ေရးေရးျဖင့္ ျပန္ေျဖလိုက္သည္။
"ဒီလိုဆိုရင္ မင္း ဒီေန႕ ဒီတစ္အုပ္လုံး ေကာင္းေကာင္းမွတ္မိသြားမွ ျပန္ရမယ္"
အႀကီးအကဲရႈက သူမဆီသို႔ စာအုပ္တစ္အုပ္ကို တာ့္တည့္ ပစ္ေပးလိုက္ၿပီး က်င္းယြင္ေက်ာင္းအား ထိုအဖီထဲတြင္ ေသာ့ပိတ္ခဲ့၍ လွည့္ထြက္သြားသည္။
(T/N: ၿခံအေနာက္ဘက္တစ္ခုလုံးက အကာပါတဲ့ အဖီသေဘာမ်ိဳးပါ။)
အဖီထဲတြင္ အလင္းေရာင္လုံေလာက္၏။ သူမသည္ စာအုပ္ကို ဖြင့္ၾကည့္လိုက္ရာ ေဆးပင္မ်ားႀကီးထြားျခင္းႏွင့္ ရိတ္သိမ္းျခင္းအေၾကာင္းျဖစ္သည္ကို ေတြ႕လိုက္ရသည္။
စာအုပ္သည္ မထူေသာ္လည္း အကယ္၍ သာမန္လူတစ္ေယာက္အတြက္ စာလုံးတစ္လုံးခ်င္း အလြတ္မွတ္မိဖို႔ဆိုပါက အခ်ိန္တစ္ရက္မွ ႏွစ္ရက္အထိ လိုေပလိမ့္မည္။
သို႔ရာတြင္ က်င္းယြင္ေက်ာင္းသည္ ဝိညာဥ္စြမ္းအားပါသည့္ ေက်ာက္စိမ္းအပိုင္းကို စုပ္ယူၿပီးကတည္းက သူမ၏ မွတ္နိုင္စြမ္းသည္လည္း တိုးတက္လာခဲ့သည္။ သူမသည္ စာအုပ္ကို ၾကည့္လိုက္ၿပီးေနာက္ တင္းတင္းၾကပ္ၾကပ္ ပိတ္ထားေသာ တံခါးကို ၾကည့္လိုက္၏။ ေ႐ြးျခယ္စရာမရွိသျဖင့္ သူမသည္ ထိုင္ခ်လိဳက္သည္။ ေဘးတြင္ တစ္ေယာက္မွ မရွိရာ သူမသည္ ေနရာလြတ္နယ္ေျမထဲသို႔ ဝင္ရန္ အခြင့္အေရးရသြားၿပီး စတင္က်က္မွတ္ေတာ့သည္။
ေနရာလြတ္နယ္ေျမထဲတြင္ အခ်ိန္ကုန္သည္က အမ်ားႀကီး ပိုေႏွး၏။
ေနာက္ဆုံးတြင္ သူမသည္ စာအုပ္တစ္အုပ္လုံးကို အလြတ္မွတ္ၿပီးသြားေသာအခါ အျပင္ဘက္တြင္ အခ်ိန္သုံးနာရီ ကုန္ဆုံးသြားၿပီျဖစ္သည္။
သူမက တံခါးကို ေခါက္လိုက္ရာ မၾကာမီတြင္ သတ္လတ္ပိုင္းအ႐ြယ္လူႀကီး ေရာက္လာ၏။ သူသည္ တံခါးဖြင့္လိုက္ၿပီး သူမဆီမွ စာအုပ္ကို ျပန္ယူ၍ ေျပာလိုက္သည္။
"မင္း အျပင္ထြက္ခ်င္ရင္ ဒါကို အလြတ္ဆို"
ဤ ရွစ္ဖူးႏွင့္ တပည့္ႏွစ္ဦးအား က်င္းယြင္ေက်ာင္း အနည္းငယ္ အံ့ၾသမိ၏။
သို႔ရာတြင္ သူတို႔က ေကာင္းမြန္ေသာ ရည္႐ြယ္ခ်က္ႏွင့္ လုပ္သည္ျဖစ္ရာ က်င္းယြင္ေက်ာင္းသည္လည္း စတင္၍ အလြတ္ဆိုျပလိုက္ေတာ့သည္။
စာအုပ္သည္ စာမ်က္ႏွာႏွစ္ရာခန့္ရွိရာ အလြတ္ဆိုရသည္မွာ အခ်ိန္အနည္းငယ္ၾကာ၏။ တပည့္ျဖစ္သူက စာလုံးတစ္လုံးမွ မလြတ္ေအာင္ အာ႐ုံစိုက္၍ နားေထာင္ေနသည္။ သူသည္ ရွင္းရွင္းလင္းလင္း မၾကားလိုက္ရသည့္အခါမ်ား၌ က်င္းယြင္ေက်ာင္းအား မွန္သည္အထိ ထပ္ခါထပ္ခါ ျပန္၍ ႐ြတ္ဆိုေစ၏။
က်င္းယြင္ေက်ာင္းသည္ ေပါ့တီးေပါ့ပ်က္ လုပ္တတ္ေသာသူမ်ိဳး မဟုတ္ေပ။ သူမသည္ သင္ယူပါမည္ဟု ကတိေပးလိုက္ကတည္းက ေသခ်ာေပါက္ သူမ တတ္နိုင္သမွ် အစြမ္းကုန္ ႀကိဳးစား၍ သင္ယူမည္ျဖစ္သည္။
သူမ စာျပန္ၿပီးခ်ိန္တြင္ အေတာ္ေလး ေနာက္က်ေနၿပီျဖစ္၏။
"စာလုံးတိုင္း မွန္တယ္။ မင္း အခု ျပန္လို႔ရၿပီ။ ေနာက္တစ္ႀကိမ္လည္း အခ်ိန္မွန္လာဖို႔ မေမ့နဲ႕။ ဒါက ဒီေန႕အတြက္ ေဆးဖိုးေငြ"
တပည့္ျဖစ္သူ၏ စိတ္ထားသည္ ရွစ္ဖူးျဖစ္သူထက္္ပင္ ပို၍ေျဖာင့္မွန္ေသးသည္။ သူသည္ သူလုပ္စရာရွိသည္အား လုပ္ၿပီးသည္ႏွင့္ ခ်က္ခ်င္း လွည့္ထြက္သြားေတာ့၏။
သူမ၏ လက္ထဲတြင္ သူမ ရသင့္သည္ထက္ပိုေသာ ယြမ္ေထာင္ဂဏန္းခန့္က အံအားသင့္ဖြယ္ ရွိေနသည္။
ယမန္ေန႕က ပိုက္ဆံႏွင့္ေပါင္းလိုက္ပါက သူမ၏ လက္ထဲတြင္ ယြမ္တစ္ေသာင္းခန့္ ရွိေနၿပီျဖစ္သည္။ အခ်ိန္တိုအတြင္း ဤမွ် ေငြပမာဏရွာနိုင္မည္ဟု သူမ အတိတ္ဘဝက စိတ္ကူးပင္ မယဥ္ခဲ့ဖူးေပ။
အျပင္ဘက္တြင္ လေရာင္က ျဖာက်ေနၿပီး ၾကယ္ေလးမ်ားက တလက္လက္ ေတာက္ပေနသည္။ ေလထုမွာ အဖီအတြင္းမွ ေလထုထက္ ပို၍လတ္ဆတ္၏။ သူမသည္ အသက္ျပင္းျပင္းရႈလိုက္ၿပီး သူမ ဤသို႔လာေနက်လမ္းအတိုင္း အိမ္ကို လမ္းေလွ်ာက္၍ ျပန္လာခဲ့သည္။ သို႔ေသာ္ သူမ ထိုလမ္းၾကားက်ဥ္းက်ဥ္းေလးမွ ထြက္လာေသာအခ်ိန္တြင္ လမ္းမီးေရာင္ေအာက္၌ လူတစ္စု ထြက္ေပၚလာ၏။
က်င္းယြင္ေက်ာင္းသည္ တစ္စကၠန့္မွ်ပင္ အခ်ိန္မျဖဳန္းလိုသူျဖစ္သည္။ သူမအား ထိုလူမ်ားက ဟန့္တားလိုက္ခ်ိန္တြင္ သူမသည္ ဝိညာဥ္စြမ္းအားရွိသည့္ ေက်ာက္စိမ္းမွ အခ်က္အလက္မ်ားကို ေၾကညက္ေအာင္ မွတ္သားေနဆဲျဖစ္၏။
သူမသည္ ေခါင္းေမာ့ၾကည့္လိုက္ရာ လုက်ား၏ စူးရဲေနေသာ မ်က္လုံးမ်ားႏွင့္ အၾကည့္ခ်င္းဆုံသြားသည္။
မၾကာေသးမီက လုက်ားသည္ ေပ်ာ့ေခြသြားေအာင္ အရိုက္ခံရၿပီးေနာက္ အိမ္တြင္သာ ေန၍ သူမ၏ ဒဏ္ရာမ်ားကို ကုသေနရ၏။ သူမအား ၾကည့္လိုက္ရာ မ်က္ႏွာက အနည္းငယ္ ေယာင္ယမ္းေနေသးသည္။ မည္သို႔ပင္ဆိုေစကာမူ သူမအား ၾကည့္ရသည္မွာ ပုံမွန္မဟုတ္ေပ။
"ငါက ဘယ္သူမ်ားလဲလို႔ ေတြးေနတာ။ ဒါ ငါတို႔ေက်ာင္းရဲ႕ နာမည္ႀကီး က်င္းယြင္ေက်ာင္း မဟုတ္လား။ ငါ နင္ ဒီလမ္းၾကားေလးထဲကေန ထြက္လာတာကို ျမင္လိုက္တယ္။ ဘာလဲ။ ဒီလိုညအခ်ိန္ ဒီလိုေခ်ာင္က်တဲ့ေနရာမွာ နင္ ေယာက္်ားတစ္ေယာက္ကို ဖြက္ထားတာေတာ့ မဟုတ္ဘူးမလား"
လုက်ား၏ မ်က္ႏွာတြင္ ေလွာင္ေျပာင္သေရာ္ျခင္းမ်ားႏွင့္ ျပည့္ေနၿပီး သူမ၏ မ်က္လုံးမ်ားက ဝင္းဝင္းေတာက္ေနသည္။
က်င္းယြင္ေက်ာင္းက သူမကို လူတိုင္း၏ ေရွ႕တြင္ ရိုက္ခဲ့သည့္ေန႕အား သတိရတိုင္း သူမ၏ဂုဏ္သိကၡာမ်ာအားလုံး လႊင့္ပစ္ခံလိုက္ရသလို ခံစားရ၏။
ထိုအခ်ိန္က ဆရာ၊ ဆရာမမ်ားက က်င္းယြင္ေက်ာင္း၏ဘက္တြင္ရွိေနရာ လုက်ားသည္ သူမအား ဘာမွမလုပ္နိုင္ခဲ့ေခ်။ သူမသည္ သူမ၏ မိဘဆီမွ အဆူအေငါက္ပင္ ခံခဲ့ရသည္။ သို႔ေသာ္ ယခုအခါ သူတို႔သည္ အျပင္တြင္ျဖစ္ၿပီး ပတ္ဝန္းက်င္၌ ေစာင့္ၾကည့္ကင္မရာမ်ားလည္း မရွိေပ။ ဤတစ္ႀကိမ္တြင္ေတာ့ က်င္းယြင္ေက်ာင္းက အသာစီးရေနလိမ့္ဦးမည္ဟု လုက်ား မယုံၾကည္ေခ်။