Chapter 40 : မနက်ဖြန် ထပ်လာခဲ့ဦး
အဖိုးအိုက သူမ၏စကားကို ကြားလိုက်ရသောအခါ သူ၏ အမူအယာမှာ ပို၍စိတ်လှုပ်ရှားသွားသည်။
"မင်းရဲ့မျိုးရိုးနာမည်က ကျင်းလား။ မင်းအဖေနာမည်က ဘယ်သူလဲ။ အမေကရော။ မင်းရဲ့မိသားစုထဲမှာ ဘယ်သူရှိသေးလဲ"
"ကျေးဇူးပြုပြီး လူကြီးမင်းရှင့်၊ ကျွန်မက မိဘမဲ့တစ်ယောက်ပါ။ ကျွန်မရဲ့ မိသားစုထဲမှာ ကျွန်မတစ်ယောက်တည်း ရှိပါတယ်"
သူမ၏မိထွေးမှာ ကွယ်လွန်သွားပြီဖြစ်၏။ သူမသည်လည်း ချောင်မိသားစုမှ ထွက်လာခဲ့ပြီး သူမ၏ မိဘအရင်းများမှာလည်း မည်သူမှန်းမသိပေ။ သူတို့ သေသလား၊ ရှင်သလားလည်း မသိသည်ဖြစ်ရာ သူမကိုယ်သူမ မိဘတစ်ယောက်ဟု ခေါ်လိုက်ခြင်းက မမှားပေ။
ကျင်းယွင်ကျောင်း စကားဆုံးသည်နှင့် အဖိုးအို၏ မျက်ခုံးများက စု၍ကျုံ့သွားကြသည်။ သူက လက်လှမ်းလိုက်ပြီး ကျင်းယွင်ကျောင်းအား ခြံဝန်းထဲသို့ ပြန်ဆွဲသွင်းလိုက်၏။
"နောက်ပြီး မင်းက ဒီဇာတိလား။ 'ရှု' ဆိုတဲ့ မျိုးရိုးနာမည်နဲ့ မိန်းမတစ်ယောက်ကို သိလား။ သူက လေးဆယ်ဝန်းကျင်လောက်ပဲ"
ကျင်းယွင်ကျောင်းသည် အနည်းငယ် ကြောင်အနေသည်။ သူမက ခေါင်းညိတ်ပြလိုက်ပြီးနောက် ခေါင်းပြန်ခါပြလိုက်၏။ သူမ၏ အမူအယာက အနည်းငယ် တောင့်တင်းနေသည်။
အဖိုးအို၏ မျက်ဝန်းများအား သူမအား တစ်ဖန်ပြန်၍ ခဏကြာအောင် စိုက်ကြည့်နေပြီး သူ၏ မျက်ဝန်းထဲရှိ အနှောက်အယှက်ဖြစ်ဟန်က ယခင်ကထက် ပို၍ ပီပြင်လာ၏။
"အနီးကပ်ကြည့်တော့ သူက မတူပါဘူး။ ငယ်လွန်းတယ်၊ မျက်ခုံးတွေက ထင်းလွန်းတယ်၊ သူရဲ့မျက်ဝန်းအကြည့်တွေကလည်း သိမ်မွေ့မနေဘူး။ ရဲတင်းလွန်းတယ်"
အဖိုးအိုက သူမ နားမလည်နိုင်သော စကားများအား ရေရွတ်နေသည်။ သူက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီးနောက် ဝေဝေဝါးဝါး ကြည့်လိုက်၏။ လူလတ်ပိုင်းအရွယ်လူကြီးက သူ၏ဘေးသို့ ကူတွဲပေးရန်အတွက် ပြေးလာသော်လည်း အဖိုးအိုက လက်ယမ်းပြ၍ နှင်လိုက်သည်။
"ဒီလူအိုကြီးရဲ့မျိုးရိုးနာမည်က 'ရှု' ပါ၊ မင်းကို အစောပိုင်းက စိတ်မသက်မသာဖြစ်သွားစေခဲ့လို့ တောင်းပန်ပါတယ်။ ဗွေမယူဖို့ မျှော်လင့်ပါတယ်"
"ကိစ္စမရှိပါဘူး။ အဖိုး"
ကျင်းယွင်ကျောင်းက သူ့အားကြည့်ရင်း အပြစ်မတင်ကြောင်း ပြန်ဖြေလိုက်၏။
မျိုးရိုးနာမည် ရှု နှင့် အဖိုးအိုသည် အလွန်အားကုန်နွမ်းလျသွားပုံရကာ အိမ်ဘက်သို့ လှည့်ပြန်သွားသည်။ သို့သော် သူက ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ပြန်လှည့်လာပြီး သူမအား ကြည့်လိုက်၏။
"မင်းမှာ ထပ်ရောင်းစရာ ပစ္စည်းတွေကျန်သေးလား"
ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်၏။ သူမတွင် ပစ္စည်းများစွာ ကျန်ရှိနေသေးသည်။
"မနက်ဖြန် ဒီလိုအချိန် ထပ်လာခဲ့ပါ"
အဖိုးအိုက စကားအနည်းငယ်ပြောပြီး ထွက်သွား၏။
ကျင်းယွင်ကျောင်းက ထူးဆန်းသည်ဟု ခံစားလိုက်ရသော်လည်း ဆေးဆိုင်မှ လူများက သူ့အား အဘယ်ကြောင့် လူထူးဆန်း၊ အပေါက်ဆိုးသော အဖိုးအိုဟု ခေါ်ကြကြောင်း နားလည်သွားသည်။ သူကဲ့သို့ အများနှင့်မတူဘဲ တစ်မူထူးခြားသောသူအား ဟွားနင်တစ်ခရိုင်လုံးတွင်ပင် ရှာတွေ့လိမ့်မည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ သူသည် အဖိုးအိုတစ်ယောက်သာဖြစ်၏။ သူက သူမအား အန္တရာယ်ပြုမည်ကို မစိုးရိမ်ပေ။ သူမကိုယ်သူမ ကာကွယ်နိုင်စွမ်းရှိသည်။
ကျင်းယွင်ကျောင်းသည် အိမ်သို့ တိုက်ရိုက်ပြန်သွားလိုက်သည်။ သူမ အိမ်သို့ပြန်ရောက်သောအခါ စူးချူက သူမအား စိတ်ပူစွာ ကြည့်နေပြီး စူးချူ၏ဘေးရှိ ဆိုဖာပေါ်တွင် ထိုင်နေသော ကောင်လေးတစ်ယောက်ကိုလည်း မြင်လိုက်ရ၏။ သူ့အား ကြည့်ရသည်မှာ သန့်ရှင်းသပ်ရပ်နေပြီး အတော်လေး ကြည့်ကောင်းသည်။ သူက ကန်ကျင်းချန် ဖြစ်ရမည်။
"ပြောင်ကျဲ၊ အစ်မက ငါတို့ထက် ပိုသတ္တိရှိတာပဲ။ အစ်မက တအားနောက်ကျတဲ့အချိန်အထိ အပြင်ထွက်ရဲတယ်။ လူဆိုးတွေနဲ့ တွေ့မှာ မကြောက်ဖူးလား"
စူးချူက ကျင်းယွင်ကျောင်းအား မြင်လိုက်ရာ နောက်ဆုံး၌ စိတ်သက်သာရာ ရသွား၏။
"ငါ လုပ်စရာလေးတွေရှိနေလို့။ မင်းကို စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ်"
ကျင်းယွင်ကျောင်းသည် ဥပေက္ခာပြု၊ လျစ်လျူရှုခံရခြင်းနဲ့ အသားကျနေပြီဖြစ်သည်။ ထိုကြောင့် သူမသည် သူမအား တစ်စုံတစ်ယောက်က အိမ်တွင် စောင့်မျှော်နေမည်ဟု မထင်ခဲ့သလို သူမ အိမ်ပြန်နောက်ကျမည့် အကြောင်းကို သူတို့အား ကြိုတင်အသိပေးရန်လည်း မတွေးခဲ့မိပေ။
ကန်ကျင်းချန်က သူမအား စိုက်ကြည့်နေ၏။ ထို့နောက် သူသည် စကားတစ်ခွန်းမှ မဆိုဘဲ သူ၏ အခန်းထဲသို့ ပြန်ဝင်သွားသည်။
ကျင်းယွင်ကျောင်းသည် သူမ အကြည့်ခံလိုက်သည့် အကြည့်ကို နားလည်၏။ သူသည် သူမအား မသင်္ကာစိတ်ရှိပြီး စက်ဆုပ်နေသည့်ပုံပေါ်သည်။
အမှန်တကယ်လည်း အဖိုး ကန် က သူမအား မွေးစားမြေးမအဖြစ် ခေါ်လာခဲ့သည်ဖြစ်ရာ သူကဲ့သို့ မြေးအရင်းတစ်ဦးအနေနှင့် သူမအပေါ်တွင် မသက်မသာခံစားရမည်မှာ အသေအချာပင်။ အထူးသဖြင့် ယခင်က သူမ၏ နာမည်ကလည်း အတော်လေး ဆိုးခဲ့သည်ဖြစ်၏။
"ပြောင်ကောရဲ့ စိတ်နေသဘောထားက ထူးဆန်းတယ်။ အစ်မ သူ့ကို စိတ်ပူနေဖို့ မလိုဘူးနော်"
တစ်ဖက်တွင်မူ စူးချူက အတော်လေး တက်ကြွနေပြီး ကန်ကျင်းချန် ဝင်သွားသည်ကို ကြည့်၍ တတွတ်တွတ် ပြောလိုက်သည်။
ထူးဆန်းသည့် အဖိုးအိုက သူမအား ပြောခဲ့သည်ကို ပြန်စဥ်းစားရင်း ကျင်းယွင်ကျောင်းက စူးချူအား အခြေအနေကို ရှင်းပြထားရန် ဆုံးဖြတ်လိုက်၏။ သူမ ထပ်မံ၍ စိုးရိမ်ပူပန်နေမည်ကို စိုးသောကြောင့်ပင်။ သို့ရာတွင် ဆေးပင်များကို ရောင်းချသည့်ကိစ္စက ပုံမှန်မဟုတ်ရာ ထိုအကြောင်းကို ထည့်မပြောလိုက်ပေ။
"အို..ဟုတ်သားပဲ၊ ချူချူ၊ မင်း မနေ့က စာမေးပွဲတစ်ခုအကြောင်း ပြောခဲ့တယ် မဟုတ်လား။ အဖိုး တောင်းဆိုတဲ့ တစ်ခုဆိုတာလေ"
ကျင်းယွင်ကျောင်းက ရုတ်တရက် သတိရသွားပြီး မေးလိုက်သည်။
စူးချူ၏ မျက်နှာက ခါးသီးသွားပြီး ငြီးတွားလိုက်၏။
"ဟုတ်တယ်။ ကျွန်မနဲ့ ပြောင်ကော ငယ်ငယ်လေးကတည်းက ကျွန်မတို့ကို အဖိုးက ရည်မှန်းချက်တစ်ခုချပေးထားတယ်။ အနာဂတ်မှာ ကျွန်မတို့ ဆေးပညာကို သင်ယူရမယ်။ အနောက်တိုင်းဆေးပညာ မဟုတ်တာတောင်မှ သူက ကျွန်မတို့ကို လတိုင်း စာမေးပွဲတစ်ခုစစ်တယ်။ မေးခွန်းတွေအားလုံးကလည်း တအားကိုမှ ခက်လွန်းတာ။ နေပါဦး...ပြောင်ကျဲ၊ အစ်မက အဖိုးရဲ့တောင်းဆိုချက်ကို ဘယ်လိုလုပ်သိတာလဲ၊ ဖြစ်..ဖြစ်နိုင်တာက..."
ထိုခဏ၌ စူးချူသည် ဆွံ့အသွား၏။
Zawgyi
Chapter 40 : မနက္ျဖန္ ထပ္လာခဲ့ဦး
အဖိုးအိုက သူမ၏စကားကို ၾကားလိုက္ရေသာအခါ သူ၏ အမူအယာမွာ ပို၍စိတ္လႈပ္ရွားသြားသည္။
"မင္းရဲ႕မ်ိဳးရိုးနာမည္က က်င္းလား။ မင္းအေဖနာမည္က ဘယ္သူလဲ။ အေမကေရာ။ မင္းရဲ႕မိသားစုထဲမွာ ဘယ္သူရွိေသးလဲ"
"ေက်းဇူးျပဳၿပီး လူႀကီးမင္းရွင့္၊ ကြၽန္မက မိဘမဲ့တစ္ေယာက္ပါ။ ကြၽန္မရဲ႕ မိသားစုထဲမွာ ကြၽန္မတစ္ေယာက္တည္း ရွိပါတယ္"
သူမ၏မိေထြးမွာ ကြယ္လြန္သြားၿပီျဖစ္၏။ သူမသည္လည္း ေခ်ာင္မိသားစုမွ ထြက္လာခဲ့ၿပီး သူမ၏ မိဘအရင္းမ်ားမွာလည္း မည္သူမွန္းမသိေပ။ သူတို႔ ေသသလား၊ ရွင္သလားလည္း မသိသည္ျဖစ္ရာ သူမကိုယ္သူမ မိဘတစ္ေယာက္ဟု ေခၚလိုက္ျခင္းက မမွားေပ။
က်င္းယြင္ေက်ာင္း စကားဆုံးသည္ႏွင့္ အဖိုးအို၏ မ်က္ခုံးမ်ားက စု၍က်ဳံ႕သြားၾကသည္။ သူက လက္လွမ္းလိုက္ၿပီး က်င္းယြင္ေက်ာင္းအား ၿခံဝန္းထဲသို႔ ျပန္ဆြဲသြင္းလိုက္၏။
"ေနာက္ၿပီး မင္းက ဒီဇာတိလား။ 'ရႈ' ဆိုတဲ့ မ်ိဳးရိုးနာမည္နဲ႕ မိန္းမတစ္ေယာက္ကို သိလား။ သူက ေလးဆယ္ဝန္းက်င္ေလာက္ပဲ"
က်င္းယြင္ေက်ာင္းသည္ အနည္းငယ္ ေၾကာင္အေနသည္။ သူမက ေခါင္းညိတ္ျပလိုက္ၿပီးေနာက္ ေခါင္းျပန္ခါျပလိုက္၏။ သူမ၏ အမူအယာက အနည္းငယ္ ေတာင့္တင္းေနသည္။
အဖိုးအို၏ မ်က္ဝန္းမ်ားအား သူမအား တစ္ဖန္ျပန္၍ ခဏၾကာေအာင္ စိုက္ၾကည့္ေနၿပီး သူ၏ မ်က္ဝန္းထဲရွိ အေႏွာက္အယွက္ျဖစ္ဟန္က ယခင္ကထက္ ပို၍ ပီျပင္လာ၏။
"အနီးကပ္ၾကည့္ေတာ့ သူက မတူပါဘူး။ ငယ္လြန္းတယ္၊ မ်က္ခုံးေတြက ထင္းလြန္းတယ္၊ သူရဲ႕မ်က္ဝန္းအၾကည့္ေတြကလည္း သိမ္ေမြ႕မေနဘူး။ ရဲတင္းလြန္းတယ္"
အဖိုးအိုက သူမ နားမလည္နိုင္ေသာ စကားမ်ားအား ေရ႐ြတ္ေနသည္။ သူက အသက္ျပင္းျပင္း ရႈသြင္းလိုက္ၿပီးေနာက္ ေဝေဝဝါးဝါး ၾကည့္လိုက္၏။ လူလတ္ပိုင္းအ႐ြယ္လူႀကီးက သူ၏ေဘးသို႔ ကူတြဲေပးရန္အတြက္ ေျပးလာေသာ္လည္း အဖိုးအိုက လက္ယမ္းျပ၍ ႏွင္လိုက္သည္။
"ဒီလူအိုႀကီးရဲ႕မ်ိဳးရိုးနာမည္က 'ရႈ' ပါ၊ မင္းကို အေစာပိုင္းက စိတ္မသက္မသာျဖစ္သြားေစခဲ့လို႔ ေတာင္းပန္ပါတယ္။ ေဗြမယူဖို႔ ေမွ်ာ္လင့္ပါတယ္"
"ကိစၥမရွိပါဘူး။ အဖိုး"
က်င္းယြင္ေက်ာင္းက သူ႕အားၾကည့္ရင္း အျပစ္မတင္ေၾကာင္း ျပန္ေျဖလိုက္၏။
မ်ိဳးရိုးနာမည္ ရႈ ႏွင့္ အဖိုးအိုသည္ အလြန္အားကုန္ႏြမ္းလ်သြားပုံရကာ အိမ္ဘက္သို႔ လွည့္ျပန္သြားသည္။ သို႔ေသာ္ သူက ေျခလွမ္းအနည္းငယ္လွမ္းၿပီးေနာက္ ျပန္လွည့္လာၿပီး သူမအား ၾကည့္လိုက္၏။
"မင္းမွာ ထပ္ေရာင္းစရာ ပစၥည္းေတြက်န္ေသးလား"
က်င္းယြင္ေက်ာင္းက ေခါင္းညိတ္ျပလိုက္၏။ သူမတြင္ ပစၥည္းမ်ားစြာ က်န္ရွိေနေသးသည္။
"မနက္ျဖန္ ဒီလိုအခ်ိန္ ထပ္လာခဲ့ပါ"
အဖိုးအိုက စကားအနည္းငယ္ေျပာၿပီး ထြက္သြား၏။
က်င္းယြင္ေက်ာင္းက ထူးဆန္းသည္ဟု ခံစားလိုက္ရေသာ္လည္း ေဆးဆိုင္မွ လူမ်ားက သူ႕အား အဘယ္ေၾကာင့္ လူထူးဆန္း၊ အေပါက္ဆိုးေသာ အဖိုးအိုဟု ေခၚၾကေၾကာင္း နားလည္သြားသည္။ သူကဲ့သို႔ အမ်ားႏွင့္မတူဘဲ တစ္မူထူးျခားေသာသူအား ဟြားနင္တစ္ခရိုင္လုံးတြင္ပင္ ရွာေတြ႕လိမ့္မည္မဟုတ္ေပ။
မည္သို႔ပင္ျဖစ္ေစ သူသည္ အဖိုးအိုတစ္ေယာက္သာျဖစ္၏။ သူက သူမအား အႏၲရာယ္ျပဳမည္ကို မစိုးရိမ္ေပ။ သူမကိုယ္သူမ ကာကြယ္နိုင္စြမ္းရွိသည္။
က်င္းယြင္ေက်ာင္းသည္ အိမ္သို႔ တိုက္ရိုက္ျပန္သြားလိုက္သည္။ သူမ အိမ္သို႔ျပန္ေရာက္ေသာအခါ စူးခ်ဴက သူမအား စိတ္ပူစြာ ၾကည့္ေနၿပီး စူးခ်ဴ၏ေဘးရွိ ဆိုဖာေပၚတြင္ ထိုင္ေနေသာ ေကာင္ေလးတစ္ေယာက္ကိုလည္း ျမင္လိုက္ရ၏။ သူ႕အား ၾကည့္ရသည္မွာ သန့္ရွင္းသပ္ရပ္ေနၿပီး အေတာ္ေလး ၾကည့္ေကာင္းသည္။ သူက ကန္က်င္းခ်န္ ျဖစ္ရမည္။
"ေျပာင္က်ဲ၊ အစ္မက ငါတို႔ထက္ ပိုသတၱိရွိတာပဲ။ အစ္မက တအားေနာက္က်တဲ့အခ်ိန္အထိ အျပင္ထြက္ရဲတယ္။ လူဆိုးေတြနဲ႕ ေတြ႕မွာ မေၾကာက္ဖူးလား"
စူးခ်ဴက က်င္းယြင္ေက်ာင္းအား ျမင္လိုက္ရာ ေနာက္ဆုံး၌ စိတ္သက္သာရာ ရသြား၏။
"ငါ လုပ္စရာေလးေတြရွိေနလို႔။ မင္းကို စိတ္ပူေအာင္ လုပ္မိလို႔ ေတာင္းပန္ပါတယ္"
က်င္းယြင္ေက်ာင္းသည္ ဥေပကၡာျပဳ၊ လ်စ္လ်ဴရႈခံရျခင္းနဲ႕ အသားက်ေနၿပီျဖစ္သည္။ ထိုေၾကာင့္ သူမသည္ သူမအား တစ္စုံတစ္ေယာက္က အိမ္တြင္ ေစာင့္ေမွ်ာ္ေနမည္ဟု မထင္ခဲ့သလို သူမ အိမ္ျပန္ေနာက္က်မည့္ အေၾကာင္းကို သူတို႔အား ႀကိဳတင္အသိေပးရန္လည္း မေတြးခဲ့မိေပ။
ကန္က်င္းခ်န္က သူမအား စိုက္ၾကည့္ေန၏။ ထို႔ေနာက္ သူသည္ စကားတစ္ခြန္းမွ မဆိုဘဲ သူ၏ အခန္းထဲသို႔ ျပန္ဝင္သြားသည္။
က်င္းယြင္ေက်ာင္းသည္ သူမ အၾကည့္ခံလိုက္သည့္ အၾကည့္ကို နားလည္၏။ သူသည္ သူမအား မသကၤာစိတ္ရွိၿပီး စက္ဆုပ္ေနသည့္ပုံေပၚသည္။
အမွန္တကယ္လည္း အဖိုး ကန္ က သူမအား ေမြးစားေျမးမအျဖစ္ ေခၚလာခဲ့သည္ျဖစ္ရာ သူကဲ့သို႔ ေျမးအရင္းတစ္ဦးအေနႏွင့္ သူမအေပၚတြင္ မသက္မသာခံစားရမည္မွာ အေသအခ်ာပင္။ အထူးသျဖင့္ ယခင္က သူမ၏ နာမည္ကလည္း အေတာ္ေလး ဆိုးခဲ့သည္ျဖစ္၏။
"ေျပာင္ေကာရဲ႕ စိတ္ေနသေဘာထားက ထူးဆန္းတယ္။ အစ္မ သူ႕ကို စိတ္ပူေနဖို႔ မလိုဘူးေနာ္"
တစ္ဖက္တြင္မူ စူးခ်ဴက အေတာ္ေလး တက္ႂကြေနၿပီး ကန္က်င္းခ်န္ ဝင္သြားသည္ကို ၾကည့္၍ တတြတ္တြတ္ ေျပာလိုက္သည္။
ထူးဆန္းသည့္ အဖိုးအိုက သူမအား ေျပာခဲ့သည္ကို ျပန္စဥ္းစားရင္း က်င္းယြင္ေက်ာင္းက စူးခ်ဴအား အေျခအေနကို ရွင္းျပထားရန္ ဆုံးျဖတ္လိုက္၏။ သူမ ထပ္မံ၍ စိုးရိမ္ပူပန္ေနမည္ကို စိုးေသာေၾကာင့္ပင္။ သို႔ရာတြင္ ေဆးပင္မ်ားကို ေရာင္းခ်သည့္ကိစၥက ပုံမွန္မဟုတ္ရာ ထိုအေၾကာင္းကို ထည့္မေျပာလိုက္ေပ။
"အို..ဟုတ္သားပဲ၊ ခ်ဴခ်ဴ၊ မင္း မေန႕က စာေမးပြဲတစ္ခုအေၾကာင္း ေျပာခဲ့တယ္ မဟုတ္လား။ အဖိုး ေတာင္းဆိုတဲ့ တစ္ခုဆိုတာေလ"
က်င္းယြင္ေက်ာင္းက ႐ုတ္တရက္ သတိရသြားၿပီး ေမးလိုက္သည္။
စူးခ်ဴ၏ မ်က္ႏွာက ခါးသီးသြားၿပီး ၿငီးတြားလိုက္၏။
"ဟုတ္တယ္။ ကြၽန္မနဲ႕ ေျပာင္ေကာ ငယ္ငယ္ေလးကတည္းက ကြၽန္မတို႔ကို အဖိုးက ရည္မွန္းခ်က္တစ္ခုခ်ေပးထားတယ္။ အနာဂတ္မွာ ကြၽန္မတို႔ ေဆးပညာကို သင္ယူရမယ္။ အေနာက္တိုင္းေဆးပညာ မဟုတ္တာေတာင္မွ သူက ကြၽန္မတို႔ကို လတိုင္း စာေမးပြဲတစ္ခုစစ္တယ္။ ေမးခြန္းေတြအားလုံးကလည္း တအားကိုမွ ခက္လြန္းတာ။ ေနပါဦး...ေျပာင္က်ဲ၊ အစ္မက အဖိုးရဲ႕ေတာင္းဆိုခ်က္ကို ဘယ္လိုလုပ္သိတာလဲ၊ ျဖစ္..ျဖစ္နိုင္တာက..."
ထိုခဏ၌ စူးခ်ဴသည္ ဆြံ႕အသြား၏။