Chapter 38 : ဆေးဖော်ဝါသနာအိုး
ဤသည်မှာ ကျင်းယွင်ကျောင်း၏ ပထမဆုံးအကြိမ် ဆေးရောင်းခြင်းဖြစ်ရာ သူမက စိတ်ရှုပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမကို ကြည့်နေကြသော ထိုလူများ၏ မျက်ဝန်းများက ထူးဆန်းလှသည်ဟုလည်း ဆက်တွေးနေမိ၏။
မျှော်လင့်ထားသကဲ့သို့ပင် အဖိုးအိုက သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ ရယ်မောလိုက်သည်။
"ကောင်မလေး၊ ငါ မင်းကို စိတ်အနှောက်အယှက်ပေးမိမှာ စိုးတယ်။ ငါတို့ ဒီမှာက ဆေးဖော်တဲ့နေရာမှာ သုံးတဲ့ ပစ္စည်းတွေ မဝယ်ဘူးကွယ့်။ မင်းရဲ့ ဒီပစ္စည်းလေးတွေကို ကိုယ်ပိုင်ဆိုင်လေးတွေဆီ သွားရောင်းပါလား။ ဒါပေမယ့် သူတို့က စျေးအများကြီးတော့ ပေးရဲမှာ မဟုတ်လောက်ဘူး"
ကျင်းယွင်ကျောင်းသည် နားမလည်သေးသဖြင့် တောင့်တောင့်လေး မတ်တပ်ရပ်နေဆဲဖြစ်၏။
ထို့နောက် သူမသည် အဖိုးအို ဆက်ပြောလာသည်တို့အား ကြားလိုက်ရသည်။
"ဒါက တရုတ်တိုင်းရင်းဆေးဆိုင်တစ်ဆိုင်ပဲ။ အကယ်၍ ငါတို့ ဆေးဖော်တဲ့ပစ္စည်းတွေ ဝယ်ရင်လည်း အဲဒါက အရမ်းရှားပါးတဲ့ ကုန်ကြမ်းပစ္စည်းတွေ ဒါမှမဟုတ် တိုင်းရင်းဆေးရည်တွေပဲ။ ပြီးတော့ အဲဒီတိုင်းရင်းဆေးရည် အားလုံးနီးပါးက သူတို့နဲ့ စာချုပ်ချုပ်ပြီးသား တိုင်းရင်းဆေးပင်အလုပ်ရုံတွေ ရှိကြပြီးသားရယ်။ မင်း စိုက်တဲ့ဆေးပင်က သူတို့ထက် အရည်အသွေးပိုကောင်းပြီး ပိုစျေးသက်သာတာ မဟုတ်ရင် အဆင်မပြေနိုင်ဘူး"
ကျင်းယွင်ကျောင်း ချက်ခနဲ ဉာဏ်အလင်းပွင့်သွားပြီး ချက်ချင်း သဘောပေါက်သွားသည်။
ဆေးပင်များကို အမျိုးအစားသုံးမျိုးခွဲနိုင်၏။ ပထမတစ်မျိုးမှာ လတ်လတ်ဆတ်ဆတ် ရိတ်သိမ်းထားပြီး မပြင်ဆင်၊ ဆေးမဖော်စပ်ရသေးသော အမျိုးအစားဖြစ်သည်။ ဒုတိယတစ်မျိုးမှာ မျိုးစပ်ထားပြီး ချက်ချင်း အသုံးပြု ကုသနိုင်သော အမျိုးအစားဖြစ်၏။ နောက်ဆုံး တတိယအမျိုးအစားမှာ ဒုတိယအမျိုးအစားကိုသုံး၍ ဆေးဖော်ထားခြင်းဖြစ်ပြီး ဆေးဆိုင်များတွင် အမှုန့်ပုံစံဖြင့် ထုပ်ပိုးရောင်းချကာ ရေနှင့်ရောစပ်၍ သောက်သုံးနိိုင်သည်။
ကျင်းယွင်ကျောင်း အနည်းငယ်စိုးရိမ်နေ၏။ သူမ၏စိတ်ထဲတွင် ဗဟုသုတများစွာ သိမ်းဆည်းထားသော်လည်း အလုပ်ရုံများနှင့် ထိုပစ္စည်းများ၏အလုပ်လုပ်ပုံနှင့်ပတ်သတ်သော ဗဟုသုတမရှိပေ။ ထိုကြောင့် သူမ အမှားလုပ်မိခဲ့ခြင်းဖြစ်သည်။
"လူကြီးမင်းရဲ့ လမ်းညွှန်ပေးမှုကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အခု ဘာလုပ်ရမလဲဆိုတာ သိသွားပါပြီ။ ဒါပေမယ့် တကယ်လို့ ကျွန်မ ဆေးဖော်ပြီးသား ဆေးပင်တွေကိုယူလာရင်ရော လူကြီးမင်းက လက်ခံမှာလားရှင့်"
သူမ၏အသံက တက်ကြွနေပြီး နားဝင်ပီယံရှိလှ၏။ သူမ၏ တောက်ပနေသော အကြည့်များက အခြားသူများအား သူမအပေါ်တွင် အလွယ်တကူ အထင်ကောင်းအမြင်ကောင်း ရှိစေခဲ့သည်။
"အရည်အသွေးကောင်းသရွေ့တော့ ဆိုင်က လက်ခံစဥ်းစားပေးမှာပါ"
အဖိုးအိုက ထိုအကြောင်းကို ခဏကြာအောင် စဥ်းစားနေ၏။ သူက ကျင်းယွင်ကျောင်း၏ ချစ်စရာကောင်း၍ ထက်မြက်မည့်ပုံစံအား ကြည့်ရင်း ထပ်ပြောလိုက်သည်။
"အိုး...ကောင်မလေး၊ မင်းရဲ့လက်ထဲက ဆေးပင်တွေကို ရောင်းဖို့ အလျင်လိုနေရင် ငါ နေရာကောင်းတစ်ခု သိထားတာရှိတယ်"
ကျင်းယွင်ကျောင်း၏ မျက်ဝန်းများက ချက်ချင်း တောက်ပသွား၏။
"ဒီခရိုင်မြို့မှာ အပေါက်ဆိုးဆိုးနဲ့ ဆေးဖော်ဝါသနာအိုး အဖိုးကြီးတစ်ယောက်ရှိတယ်။ ပမာဏဘယ်လောက်များများ အရည်အသွေးကောင်းသရွေ့ သူက ယူမှာပဲ။ ဒါပေမယ့် သူပေးတဲ့စျေးကတော့ အခြားနေရာတွေထက် ပိုနည်းတယ်။ မင်း ကြိုးစားကြည့်လို့ရတယ်။ ဒီနေရာနဲ့လည်း သိပ်မဝေးဘူး"
အဖိုးအိုက အကြံပေးလိုက်ပြီးနောက် သူမအား လိပ်စာပါ ပေးလိုက်သည်။
ကျင်းယွင်ကျောင်းက အနည်းငယ် တုံ့ဆိုင်းနေ၏။ ယခု လုံးဝ ညအချိန်သို့ ရောက်နေပြီဖြစ်သည်။ ထိုနေရာသည် အမှန်ပင် မဝေးသော်လည်း ၎င်းကို လမ်းကြားလေးများဖြင့် ဝန်းရံထား၏။ ဖြတ်သွားဖြတ်လာ များများစားစားလည်း မရှိပေ။
သို့ရာတွင် အတော်များများ စဥ်းစားပြီးနောက် ကျင်းယွင်ကျောင်းသည် သွားရန် ဆုံးဖြတ်လိုက်သည်။
သူမတွင် နေရာလွတ်နယ်မြေလည်း ရှိပြီး ကိုယ်ခံပညာရပ်တချို့ကို လေ့ကျင့်ထားပြီးဖြစ်၏။ ထို့ကြောင့် သူမ၌ ကြောက်စရာကောင်းသော အဖြစ်အပျက်များ ဖြစ်နိုင်ချေ အတော်နည်းသည်။ အလွန်အမင်း စိုးရိမ်နေရန် မလိုပေ။
သန်ရှင်းမြစ်အချို့ကို ကျေးဇူးတင်သည့် အနေဖြင့် ပေးခဲ့ပြီးနောက် ကျင်းယွင်ကျောင်းသည် အဖိုးအိုပြောသောနေရာသို့ ခပ်မြန်မြန်ထွက်လာခဲ့သည်။
လမ်းကြားများမှာ အကွေ့အကောက်၊ အလှည့်အပြောင်းများလှ၏။ ညအချိန်ဖြစ်ရာ လမ်းမကြီးနှင့်မတူဘဲ လမ်းကြားလေးများက ထိန်လင်းမနေခဲ့။ သူမသည် နိုက်တင်ဂေးငှက်ကလေးများ၏ အသံကို ရံဖန်ရံခါကြားရသည်။ ၎င်းအသံမှာ လူများအား ကျောထဲမှ စိမ့်သွားစေသော တစ်စုံတစ်ရာကို ဆောင်ယူလာသကဲ့သို့ပင်။ အကယ်၍ အတိတ်ဘဝမှာသာဆိုလျှင် ကျင်းယွင်ကျောင်းသည် ထိုနေရာသို့သွားရန် သတ္တိရှိမည် မဟုတ်။ ယခုအချိန်တွင်တော့ သူမ အတိတ်ဘဝကထက် ပို၍သတ္တိရှိလာသလို ခံစားနေရသည်။ လုံးဝမရင်းနှီးသည့်နေရာဖြစ်သော်လည်း သူမတွင် ကြောက်စိတ်တစိုးတစိမှ မရှိပေ။
နာရီဝက်မျှ ကြာသွားပြီး နောက်ဆုံးတွင်တော့ သူမ ထိုနေရာအား ရှာတွေ့ခဲ့၏။
ပတ်ဝန်းကျင်၌ ထူးဆန်းသော အနံ့တစ်ခုရှိနေသည်။ ၎င်းမှာ ဆေးနံ့ဖြစ်သော်လည်း တစ်ခုခု လောင်နေ၊ ပုပ်နေသကဲ့သို့ အခြားအနံ့များလည်း ရှိနေ၏။ ထိုအနံ့များကို ပေါင်းလိုက်သောအခါ အလွန်ထူးဆန်းသွားသည်။
သူမ၏ရှေ့တွင် ခြံဝန်းနှင့် အိမ်အကြီးကြီးတစ်လုံးရှိနေသည်။ ရှေ့တံခါးပေါက်များမှာ မည်းနက်နေပြီး တင်းကြပ်၍ တိတ်ဆိတ်သော ခံစားချက်ကို ပေးစွမ်းနေပြီး တစ်ချိန်တည်းမှာပင် လေထုက အလွန်လေးလံထိုင်းမှိုင်းနေ၏။ အိမ်ထဲမှ လှုပ်ရှားမှုအချို့ကို သတိပြုမိသွား၍ ကျင်းယွင်ကျောင်း တံခါးခေါက်လိုက်သည်။
(T/N : ဒီဘက်ခေတ်အိမ်ပုံစံမဟုတ်ဘဲ ရှေးတရုတ်အိမ်ပုံစံ ဖြစ်နိုင်ပါတယ်။)
ဆယ်မိနစ်ကြာပြီးနောက် တံခါးသည် တကျွီကျွီမြည်၍ ပွင့်သွားပြီး အသက်သိပ်ကြီးသေးပုံမရသော မျက်နှာတစ်ခု ပေါ်လာ၏။
ထိုလူမှာ အသက်သုံးဆယ်ကျော်ခန့်သာရှိပုံရပြီး သူ့အားကြည့်ရသည်မှာ အသက်မဲ့လွန်းလှသည်။ သူက ကျင်းယွင်ကျောင်းအား ခဏမျှ အကဲခတ်နေပြီးနောက် မေးလာသည်။
"မင်း ဒီမှာ ဘာကိစ္စရှိလို့လဲ"
Zawgyi
Chapter 38 : ေဆးေဖာ္ဝါသနာအိုး
ဤသည္မွာ က်င္းယြင္ေက်ာင္း၏ ပထမဆုံးအႀကိမ္ ေဆးေရာင္းျခင္းျဖစ္ရာ သူမက စိတ္ရႈပ္စြာျဖင့္ ေခါင္းညိတ္ျပလိုက္သည္။ သူမကို ၾကည့္ေနၾကေသာ ထိုလူမ်ား၏ မ်က္ဝန္းမ်ားက ထူးဆန္းလွသည္ဟုလည္း ဆက္ေတြးေနမိ၏။
ေမွ်ာ္လင့္ထားသကဲ့သို႔ပင္ အဖိုးအိုက သူမ၏ တုံ႕ျပန္မႈကို ျမင္ေသာအခါ ရယ္ေမာလိုက္သည္။
"ေကာင္မေလး၊ ငါ မင္းကို စိတ္အေႏွာက္အယွက္ေပးမိမွာ စိုးတယ္။ ငါတို႔ ဒီမွာက ေဆးေဖာ္တဲ့ေနရာမွာ သုံးတဲ့ ပစၥည္းေတြ မဝယ္ဘူးကြယ့္။ မင္းရဲ႕ ဒီပစၥည္းေလးေတြကို ကိုယ္ပိုင္ဆိုင္ေလးေတြဆီ သြားေရာင္းပါလား။ ဒါေပမယ့္ သူတို႔က ေစ်းအမ်ားႀကီးေတာ့ ေပးရဲမွာ မဟုတ္ေလာက္ဘူး"
က်င္းယြင္ေက်ာင္းသည္ နားမလည္ေသးသျဖင့္ ေတာင့္ေတာင့္ေလး မတ္တပ္ရပ္ေနဆဲျဖစ္၏။
ထို႔ေနာက္ သူမသည္ အဖိုးအို ဆက္ေျပာလာသည္တို႔အား ၾကားလိုက္ရသည္။
"ဒါက တ႐ုတ္တိုင္းရင္းေဆးဆိုင္တစ္ဆိုင္ပဲ။ အကယ္၍ ငါတို႔ ေဆးေဖာ္တဲ့ပစၥည္းေတြ ဝယ္ရင္လည္း အဲဒါက အရမ္းရွားပါးတဲ့ ကုန္ၾကမ္းပစၥည္းေတြ ဒါမွမဟုတ္ တိုင္းရင္းေဆးရည္ေတြပဲ။ ၿပီးေတာ့ အဲဒီတိုင္းရင္းေဆးရည္ အားလုံးနီးပါးက သူတို႔နဲ႕ စာခ်ဳပ္ခ်ဳပ္ၿပီးသား တိုင္းရင္းေဆးပင္အလုပ္႐ုံေတြ ရွိၾကၿပီးသားရယ္။ မင္း စိုက္တဲ့ေဆးပင္က သူတို႔ထက္ အရည္အေသြးပိုေကာင္းၿပီး ပိုေစ်းသက္သာတာ မဟုတ္ရင္ အဆင္မေျပနိုင္ဘူး"
က်င္းယြင္ေက်ာင္း ခ်က္ခနဲ ဉာဏ္အလင္းပြင့္သြားၿပီး ခ်က္ခ်င္း သေဘာေပါက္သြားသည္။
ေဆးပင္မ်ားကို အမ်ိဳးအစားသုံးမ်ိဳးခြဲနိုင္၏။ ပထမတစ္မ်ိဳးမွာ လတ္လတ္ဆတ္ဆတ္ ရိတ္သိမ္းထားၿပီး မျပင္ဆင္၊ ေဆးမေဖာ္စပ္ရေသးေသာ အမ်ိဳးအစားျဖစ္သည္။ ဒုတိယတစ္မ်ိဳးမွာ မ်ိဳးစပ္ထားၿပီး ခ်က္ခ်င္း အသုံးျပဳ ကုသနိုင္ေသာ အမ်ိဳးအစားျဖစ္၏။ ေနာက္ဆုံး တတိယအမ်ိဳးအစားမွာ ဒုတိယအမ်ိဳးအစားကိုသုံး၍ ေဆးေဖာ္ထားျခင္းျဖစ္ၿပီး ေဆးဆိုင္မ်ားတြင္ အမႈန့္ပုံစံျဖင့္ ထုပ္ပိုးေရာင္းခ်ကာ ေရႏွင့္ေရာစပ္၍ ေသာက္သုံးနိိုင္သည္။
က်င္းယြင္ေက်ာင္း အနည္းငယ္စိုးရိမ္ေန၏။ သူမ၏စိတ္ထဲတြင္ ဗဟုသုတမ်ားစြာ သိမ္းဆည္းထားေသာ္လည္း အလုပ္႐ုံမ်ားႏွင့္ ထိုပစၥည္းမ်ား၏အလုပ္လုပ္ပုံႏွင့္ပတ္သတ္ေသာ ဗဟုသုတမရွိေပ။ ထိုေၾကာင့္ သူမ အမွားလုပ္မိခဲ့ျခင္းျဖစ္သည္။
"လူႀကီးမင္းရဲ႕ လမ္းၫႊန္ေပးမႈကို ေက်းဇူးတင္ပါတယ္။ ကြၽန္မ အခု ဘာလုပ္ရမလဲဆိုတာ သိသြားပါၿပီ။ ဒါေပမယ့္ တကယ္လို႔ ကြၽန္မ ေဆးေဖာ္ၿပီးသား ေဆးပင္ေတြကိုယူလာရင္ေရာ လူႀကီးမင္းက လက္ခံမွာလားရွင့္"
သူမ၏အသံက တက္ႂကြေနၿပီး နားဝင္ပီယံရွိလွ၏။ သူမ၏ ေတာက္ပေနေသာ အၾကည့္မ်ားက အျခားသူမ်ားအား သူမအေပၚတြင္ အလြယ္တကူ အထင္ေကာင္းအျမင္ေကာင္း ရွိေစခဲ့သည္။
"အရည္အေသြးေကာင္းသေ႐ြ႕ေတာ့ ဆိုင္က လက္ခံစဥ္းစားေပးမွာပါ"
အဖိုးအိုက ထိုအေၾကာင္းကို ခဏၾကာေအာင္ စဥ္းစားေန၏။ သူက က်င္းယြင္ေက်ာင္း၏ ခ်စ္စရာေကာင္း၍ ထက္ျမက္မည့္ပုံစံအား ၾကည့္ရင္း ထပ္ေျပာလိုက္သည္။
"အိုး...ေကာင္မေလး၊ မင္းရဲ႕လက္ထဲက ေဆးပင္ေတြကို ေရာင္းဖို႔ အလ်င္လိုေနရင္ ငါ ေနရာေကာင္းတစ္ခု သိထားတာရွိတယ္"
က်င္းယြင္ေက်ာင္း၏ မ်က္ဝန္းမ်ားက ခ်က္ခ်င္း ေတာက္ပသြား၏။
"ဒီခရိုင္ၿမိဳ႕မွာ အေပါက္ဆိုးဆိုးနဲ႕ ေဆးေဖာ္ဝါသနာအိုး အဖိုးႀကီးတစ္ေယာက္ရွိတယ္။ ပမာဏဘယ္ေလာက္မ်ားမ်ား အရည္အေသြးေကာင္းသေ႐ြ႕ သူက ယူမွာပဲ။ ဒါေပမယ့္ သူေပးတဲ့ေစ်းကေတာ့ အျခားေနရာေတြထက္ ပိုနည္းတယ္။ မင္း ႀကိဳးစားၾကည့္လို႔ရတယ္။ ဒီေနရာနဲ႕လည္း သိပ္မေဝးဘူး"
အဖိုးအိုက အႀကံေပးလိုက္ၿပီးေနာက္ သူမအား လိပ္စာပါ ေပးလိုက္သည္။
က်င္းယြင္ေက်ာင္းက အနည္းငယ္ တုံ႕ဆိုင္းေန၏။ ယခု လုံးဝ ညအခ်ိန္သို႔ ေရာက္ေနၿပီျဖစ္သည္။ ထိုေနရာသည္ အမွန္ပင္ မေဝးေသာ္လည္း ၎ကို လမ္းၾကားေလးမ်ားျဖင့္ ဝန္းရံထား၏။ ျဖတ္သြားျဖတ္လာ မ်ားမ်ားစားစားလည္း မရွိေပ။
သို႔ရာတြင္ အေတာ္မ်ားမ်ား စဥ္းစားၿပီးေနာက္ က်င္းယြင္ေက်ာင္းသည္ သြားရန္ ဆုံးျဖတ္လိုက္သည္။
သူမတြင္ ေနရာလြတ္နယ္ေျမလည္း ရွိၿပီး ကိုယ္ခံပညာရပ္တခ်ိဳ႕ကို ေလ့က်င့္ထားၿပီးျဖစ္၏။ ထို႔ေၾကာင့္ သူမ၌ ေၾကာက္စရာေကာင္းေသာ အျဖစ္အပ်က္မ်ား ျဖစ္နိုင္ေခ် အေတာ္နည္းသည္။ အလြန္အမင္း စိုးရိမ္ေနရန္ မလိုေပ။
သန္ရွင္းျမစ္အခ်ိဳ႕ကို ေက်းဇူးတင္သည့္ အေနျဖင့္ ေပးခဲ့ၿပီးေနာက္ က်င္းယြင္ေက်ာင္းသည္ အဖိုးအိုေျပာေသာေနရာသို႔ ခပ္ျမန္ျမန္ထြက္လာခဲ့သည္။
လမ္းၾကားမ်ားမွာ အေကြ႕အေကာက္၊ အလွည့္အေျပာင္းမ်ားလွ၏။ ညအခ်ိန္ျဖစ္ရာ လမ္းမႀကီးႏွင့္မတူဘဲ လမ္းၾကားေလးမ်ားက ထိန္လင္းမေနခဲ့။ သူမသည္ နိုက္တင္ေဂးငွက္ကေလးမ်ား၏ အသံကို ရံဖန္ရံခါၾကားရသည္။ ၎အသံမွာ လူမ်ားအား ေက်ာထဲမွ စိမ့္သြားေစေသာ တစ္စုံတစ္ရာကို ေဆာင္ယူလာသကဲ့သို႔ပင္။ အကယ္၍ အတိတ္ဘဝမွာသာဆိုလွ်င္ က်င္းယြင္ေက်ာင္းသည္ ထိုေနရာသို႔သြားရန္ သတၱိရွိမည္ မဟုတ္။ ယခုအခ်ိန္တြင္ေတာ့ သူမ အတိတ္ဘဝကထက္ ပို၍သတၱိရွိလာသလို ခံစားေနရသည္။ လုံးဝမရင္းႏွီးသည့္ေနရာျဖစ္ေသာ္လည္း သူမတြင္ ေၾကာက္စိတ္တစိုးတစိမွ မရွိေပ။
နာရီဝက္မွ် ၾကာသြားၿပီး ေနာက္ဆုံးတြင္ေတာ့ သူမ ထိုေနရာအား ရွာေတြ႕ခဲ့၏။
ပတ္ဝန္းက်င္၌ ထူးဆန္းေသာ အနံ႕တစ္ခုရွိေနသည္။ ၎မွာ ေဆးနံ႕ျဖစ္ေသာ္လည္း တစ္ခုခု ေလာင္ေန၊ ပုပ္ေနသကဲ့သို႔ အျခားအနံ႕မ်ားလည္း ရွိေန၏။ ထိုအနံ႕မ်ားကို ေပါင္းလိုက္ေသာအခါ အလြန္ထူးဆန္းသြားသည္။
သူမ၏ေရွ႕တြင္ ၿခံဝန္းႏွင့္ အိမ္အႀကီးႀကီးတစ္လုံးရွိေနသည္။ ေရွ႕တံခါးေပါက္မ်ားမွာ မည္းနက္ေနၿပီး တင္းၾကပ္၍ တိတ္ဆိတ္ေသာ ခံစားခ်က္ကို ေပးစြမ္းေနၿပီး တစ္ခ်ိန္တည္းမွာပင္ ေလထုက အလြန္ေလးလံထိုင္းမွိုင္းေန၏။ အိမ္ထဲမွ လႈပ္ရွားမႈအခ်ိဳ႕ကို သတိျပဳမိသြား၍ က်င္းယြင္ေက်ာင္း တံခါးေခါက္လိုက္သည္။
(T/N : ဒီဘက္ေခတ္အိမ္ပုံစံမဟုတ္ဘဲ ေရွးတ႐ုတ္အိမ္ပုံစံ ျဖစ္နိုင္ပါတယ္။)
ဆယ္မိနစ္ၾကာၿပီးေနာက္ တံခါးသည္ တကြၽီကြၽီျမည္၍ ပြင့္သြားၿပီး အသက္သိပ္ႀကီးေသးပုံမရေသာ မ်က္ႏွာတစ္ခု ေပၚလာ၏။
ထိုလူမွာ အသက္သုံးဆယ္ေက်ာ္ခန့္သာရွိပုံရၿပီး သူ႕အားၾကည့္ရသည္မွာ အသက္မဲ့လြန္းလွသည္။ သူက က်င္းယြင္ေက်ာင္းအား ခဏမွ် အကဲခတ္ေနၿပီးေနာက္ ေမးလာသည္။
"မင္း ဒီမွာ ဘာကိစၥရွိလို႔လဲ"