အတိတ်၌ ပြန်လည်မွေးဖွားခြင်း

By Doh_Clover

511K 44.5K 151

အတိတ်၌ ပြန်လည်မွေးဖွားခြင်း More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
paid GP
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Promotion
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
GP 1 ဝင်ကြေးလျှော့ခြင်း
Chapter 61
FB Page
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
😗😗
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92
Chapter 93
Chapter 94
Chapter 95
Chapter 96
Chapter 97
Chapter 98
Chapter 99
Chapter 100
Chapter 101
Chapter 102
Chapter 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Page
1th Anniversary
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 120
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 138
Chapter 139
Chapter 140
Chapter 141
Chapter 142
Chapter 143
Chapter 144
Chapter 145
Chapter 146
Chapter 147
Chapter 148
Chapter 149
Chapter 150
Chapter 151
Chapter 152
Chapter 153
Chapter 154
Chapter 155
Chapter 156
Chapter 157
Chapter 158
Chapter 159
Chapter 160
Chapter 161
Chapter 162
Chapter 163
Chapter 164
Chapter 165
Chapter 166
Chapter 167
Chapter 168
Chapter 169
Chapter 170
Chapter 171
Chapter 172
Chapter 173
Chapter 174
Chapter 175
Chapter 176
Chapter 177
Chapter 178
Chapter 179
Chapter 180
Chapter181
Chapter 182
Chapter 183
Chapter 184
Chapter 184
Chapter 185
Chapter 186
Chapter 187
Chapter 188
Chapter 189
Chapter 190
Complete ✅✅

Chapter 35

3.6K 398 2
By Doh_Clover

Chapter 35 :  အားပြင်းသော တန်ပြန်တိုက်ခိုက်ခြင်း

ကျောင်းသားများသည် ဘာဖြစ်သွားမှန်း မသိလိုက်ကြချေ။ သို့သော် သူတို့သည် ကျန်ရှ ပြောသည်ကို ကြားသောအခါ ချက်ချင်း နားလည်သွားကြ၏။

ကျင်းယွင်ကျောင်းက သူမ၏ ဖတ်စာအုပ်ကို ပိတ်လိုက်ကာ ခေါင်းလှည့်၍ ကျန်ရှ နှင့်  မျက်နှာချင်းဆိုင်လိုက်သည်။ သူမ၏ မျက်ဝန်းများက အေးစက်နေ၏။

"နင် ဘာလို့ ငါ့ကို ကူညီဖို့ ကြိုးစားနေတာလဲဆိုတာ ငါ နားမလည်ဘူး။ ပြီးတော့ လူတိုင်းက ချောင်ဟုန်ယဲ့ မဟုတ်ဘူး။ လူတိုင်းက သူ့လိုမျိုး ပေါင်းသင်းဆက်ဆံရေး ချောမွေ့ပြေပြစ်နေတာလည်း မဟုတ်ဘူး။ နင် စကားပြောတာ ဟိတ်ဟန်တွေနဲ့ ယုံကြည်ချက်တွေများလွန်းတယ်။ သိတဲ့သူတွေက နင့်ကို ကြင်နာတတ်တဲ့သူလို့ပဲ ထင်ကြလိမ့်မယ်။ သူတို့က နင့်ကို တကယ် ချောင်ဝေ့မင်ရဲ့သားလို့တော့ ထင်ကြမှာ မဟုတ်ဘူး"

"ကျင်းယွင်ကျောင်း၊ နင် ဘယ်လိုကြီးပြောလိုက်တာလဲ။ အတန်းခေါင်းဆောင်က ဒီလောက်တောင် ဖော်ရွေတာ"

ကျင်းယွင်ကျောင်း၏ ရှေ့တွင် ထိုင်နေသော ကျောင်းကောင်စီအဖွဲ့ဝင်က နောက်လှည့်၍ ဝင်ပြောလေသည်။

ထိုကျောင်းကောင်စီအဖွဲ့ဝင်၏အမည်မှာ ယဲ့ချင်းဖြစ်၏။ သူမသည် အတော်လေး လှပ၍ အဆင့်မှာလည်း အတန်းထဲတွင် ဒုတိယအမြင့်ဆုံးဖြစ်သည်။ ကျန်ရှ နှင့် ယဲ့ချင်းတို့အား လူအများက စုံတွဲအဖြစ် သဘောတူကြပြီး သူတို့ကမူ ထိုအတားအဆီး အလွှာပါးများ မဖောက်ဖျက်ကြသေးပေ။

"အတန်းခေါင်းဆောင်က နင့်အပေါ်တော့ ဖော်ရွေတဲ့ပုံ ရရင်ရမှာပေါ့။ ဒါပေမယ့် ငါနဲ့ကျတော့ ဘာဆိုင်လို့လဲ"

ကျင်းယွင်ကျောင်းက နှောင့်နှေးခြင်းမရှိ ပြန်တုံ့ပြန်လိုက်သည်။

"နင်တို့က လူတစ်ယောက်ရဲ့အတိတ်ကို မသိသေးဘဲနဲ့ သူတို့ရဲ့အနာဂါတ်ကို မတန်မရာ ဆုံးဖြတ်ချက်ချပေးနေချင်ကြတယ်။ နင်တို့ကိုယ် နင်တို့ တကယ်ကြီး နတ်ဘုရားတွေလို့များ ထင်နေကြတာလား။ ချောင်မိသားစုနဲ့ ငါ့ကြားက ပြဿနာက ငါ့ကိစ္စလေ။ ငါ တကယ်သိချင်မိတယ်၊ အတန်းခေါင်းဆောင်။ နင် အငန်တွေဘယ်လောက်တောင် စားထားလို့ ဒီလောက် လေးလံထိုင်းမှိုင်းနေရတာလဲ။ နင်က ငါ့ကို ချောင်မိသားစုကို တောင်းပန်စေချင်တယ်ဟုတ်လား။ ငါက ဘာကိစ္စကြောင့် တောင်းပန်ရမှာလဲဆိုတာ သိချင်မိတယ်"

ကျင်းယွင်ကျောင်းသည် သူမ၏ ဂုဏ်သတင်း ပိုကောင်းလာစေရန် ဆန္ဒရှိသည်။ သို့သော် သူများကြိုးဆွဲသည့်အတိုင်း လိုက်က,ပေးမည်အထိတော့ မဟုတ်ပေ။

နာမည်ကောင်းကဲ့သို့သော အရာကို သူမ တစ်နေ့ ပိုင်ဆိုင်လာလိမ့်မည်။ သို့သော် လူများက သူမကို ယခင်ကကဲ့သို့ ဆန့်ကျင်နေပါက သူမသည် အတင်းအကြပ် လုပ်ယူလိမ့်မည်မဟုတ်ပေ။

ကျင်းယွင်ကျောင်း၏ ခက်ထန်သော အရှိန်အဝါက သူမအား အနည်းငယ် ကြောက်မက်ဖွယ်ကောင်းပုံပေါက်စေသည်။ အထူးသဖြင့် ယခုကဲ့သို့ သူမ ဒေါသထွက်နေချိန်တွင် ဖြစ်သည်။

"ငါပြောခဲ့သလိုပဲ၊ ချောင်မိသားစုက နင့်ကို နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်လာခဲ့တာ။ နင်လည်း အိမ်မပြန်ရင် ပိုက်ဆံရှိမှာ မဟုတ်ဘူးလေ"

ကျန်ရှ၏ ရင်ထဲတွင် ဒေါသများဖြင့် ပြည့်နေကြောင်း သူ၏ လေသံက သိသာလှ၏။

သူ၏ ဆိုလိုရင်းမှာ ကောင်းကောင်းမွန်မွန်သာဖြစ်သည်။ သူသည် ဤမျှကျေးဇူးမသိတတ်သောသူကို တစ်ခါမှ မတွေ့ဖူးချေ။ ယခင်က သူမအား မည်သူကမှ သဘောမကျခဲ့သည်မှာ အံ့သြစရာမဟုတ်။ သူမသည် ၎င်းနှင့် ထိုက်တန်သည််ပင်။

သူ ထိုသို့ပြောပြီးနောက် ကျင်းယွင်ကျောင်း၏ မျက်နှာပေါ်တွင် ခပ်ဝါးဝါး အပြုံးတစ်ခုပေါ်ထွက်လာ၏။

လူတိုင်းက သူမသည် ချောင်မိသားစုအပေါ်တွင် အကြွေးတင်နေသည်ဟု ထင်နေကြသည်။  သူမသည် သူတို့အပေါ် တကယ်ပင် အကြွေးတင်နေသည်လား၊ သေချာပေါက် မဟုတ်ပေ။

"ကြီးမြတ်လှတဲ့ အတန်းခေါင်းဆောင် ကျန်၊ နင်က ပျားရည်တွေပြည့်နေတဲ့ ပျားအိမ်လိုမျိုး ချိုမြိန်တဲ့ဘဝထဲမှာ ကြီးပျင်းလာရတာ၊ ဒါကြောင့် ငါ့လို လူတစ်ယောက် ဘယ်လိုရှင်သန်နေထိုင်ခဲ့ရသလဲဆိုတာ မသိတာ သဘာဝကျပါတယ်။ ငါ ကျောင်းမတက်ရသေးခင်တုန်းက အိမ်အလုပ်တွေအားလုံးကို လုပ်ဖို့ သင်ယူခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေကိုတော့ နင့်ကို ပြောမပြချင်တော့ဘူး။ နင်က နင့်ရဲ့အနာဂတ်အတွက် ကျောင်းတက်နေပြီး ငါက ပညာသင်ဆုရဖို့အတွက် ကျောင်းတက်နေရတယ်။ ချောင်မိသားစုက ငါ့ကျောင်းစရိတ်အတွက် တစ်ပြားမှ မပေးခဲ့ဘူး၊ ပြီးတော့ ငါသုံးသမျှကလည်း ငါ ဆုရထားတဲ့ ပိုက်ဆံတွေချည်းပဲ။ နင်က ငါ့ကို ချောင်မိသားစုက ကျွေးမွေးစောင့်ရှောက်ခဲ့တယ်လို့ ပြောခဲ့တယ်မလား။ ဒါပေမယ့် ငါ ဘာလို့များ နင့်ကို ချောင်မိသားစုနဲ့ တစ်ဖက်တည်းလို့ ထင်နေမိပါလိမ့်နော်"

ကျင်းယွင်ကျောင်း၏ လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က မှတ်ဥာဏ်များသည် ပို၍ ရှင်းရှင်းလင်းလင်းဖြစ်လာခဲ့သည်။

သူမသည် ငယ်စဥ်အခါက ငွေမရှာနိုင်စွမ်းမရှိသေးသောကြောင့် အမျိုးမျိုးသော ပြိုင်ပွဲများ၌ စာရင်းပေး၍ ဝင်ပြိုင်နိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့ရသည်။ ထို့နောက် သူမသည် အနိုင်ရရှိ၍ ဆုငွေများ ချီးမြှင့်ခံခဲ့ရသည်။ အခြားသော ပြိုင်ပွဲဝင်များအားလုံးသည် သူတို့၏မိဘများနှင့် အတူလာကြသော်လည်း သူမသည် အမြဲတမ်း တစ်ယောက်တည်းပင်။

သူမ အလယ်တန်းသို့ ရောက်သောအခါ လိုအပ်သည့်ပစ္စည်းများလာသည့်အတွက် သုံးစရာပိုက်ဆံလည်း ပိုလိုလာသည်။ ထို့ကြောင့် သူမသည် ပိတ်ရက်များတွင် အချိန်ပိုင်းအလုပ်များ လုပ်ခဲ့သည်။ သို့ရာတွင် သူမသည် ငယ်လွန်းသည်ဖြစ်ရာ မည်သူကမှ သူမကို မခိုင်းချင်ပေ။ နေ့တိုင်း သူမသည် ငွေပမာဏအနည်းငယ်အတွက် အလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့ရသည်။

အတိတ်ဘဝက သူမသည် ယဲ့ချင် နှင့် ချောင်ဟုန်ယဲ့တို့က သူမအား လေးစားထိုက်သည့်သူတစ်ယောက်အဖြစ် ကြီးပြင်းလာစေချင်သောကြောင့် ထိုအလုပ်များ လုပ်ခိုင်းသည်ဟုထင်ခဲ့သည်။ သို့သော် ယခုတွင်တော့ သူတို့သည် သူမအား  ဆန်ပြုတ်တစ်ဇွန်းပင် မသဒ္ဒါ၍ ဖြစ်ကြောင်း နားလည်သဘောပေါက်သွားပြီဖြစ်၏။ အကယ်၍  သူမသည် ချောင်မိသားစုအပေါ် တကယ်အကြွေးတင်နေသည်ဆိုပါက အတိတ်ဘဝက သူတို့အား ပြန်လည်ပေးဆပ်ပြီး ဖြစ်သည်။

ကျန်ရှက ကျင်းယွင်ကျောင်း ဤသို့ပြောလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ကြောင်အ,နေမိ၏။

ကျင်းယွင်ကျောင်းက သူမရဲ့ကျောင်းစရိတ်အတွက် ချောင်မိသားစုရဲ့ ပိုက်ဆံတွေကို မသုံးခဲ့ဘူးလား။ သူမရဲ့နေထိုင်စရိတ်တွေအားလုံးကို သူမကိုယ်တိုင်ပဲ ရှာခဲ့ရတာလား။ မဖြစ်နိုင်ပါဘူး။

"နင်က စေတနာကောင်းနဲ့လား၊ ဒါမှမဟုတ် ပျက်ဆီးစေလိုတဲ့ စိတ်နဲ့လားဆိုတာ ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် ဒီနေ့ကစပြီး ကြီးမြတ်လှတဲ့ အတန်းခေါင်းဆောင် ကျန် လိုမျိုး ငါ့ကို ချောင်မိသားစုဆီပြန်သွားဖို့ စည်းရုံးတာမျိုး မလိုချင်ဘူး။ ဒါက ငါ ပထမဆုံးနဲ့နောက်ဆုံးအကြိမ် မေတ္တာရပ်ခံတာပဲ။ တကယ်လို့ ဒုတိယအကြိမ်ရှိလာခဲ့ရင် ကြားဝင်ညှိနှိုင်းပေးတဲ့သူတစ်ယောက်က ဘယ်လိုနောက်ဆက်တွဲအကျိုးဆက်ကို ရင်ဆိုင်ရမလဲဆိုတာ ငါ နင်တို့ကို သိအောင် လုပ်ပေးမယ်"

Zawgyi

Chapter 35 :  အားျပင္းေသာ တန္ျပန္တိုက္ခိုက္ျခင္း

ေက်ာင္းသားမ်ားသည္ ဘာျဖစ္သြားမွန္း မသိလိုက္ၾကေခ်။ သို႔ေသာ္ သူတို႔သည္ က်န္ရွ ေျပာသည္ကို ၾကားေသာအခါ ခ်က္ခ်င္း နားလည္သြားၾက၏။

က်င္းယြင္ေက်ာင္းက သူမ၏ ဖတ္စာအုပ္ကို ပိတ္လိုက္ကာ ေခါင္းလွည့္၍ က်န္ရွ ႏွင့္  မ်က္ႏွာခ်င္းဆိုင္လိုက္သည္။ သူမ၏ မ်က္ဝန္းမ်ားက ေအးစက္ေန၏။

"နင္ ဘာလို႔ ငါ့ကို ကူညီဖို႔ ႀကိဳးစားေနတာလဲဆိုတာ ငါ နားမလည္ဘူး။ ၿပီးေတာ့ လူတိုင္းက ေခ်ာင္ဟုန္ယဲ့ မဟုတ္ဘူး။ လူတိုင္းက သူ႕လိုမ်ိဳး ေပါင္းသင္းဆက္ဆံေရး ေခ်ာေမြ႕ေျပျပစ္ေနတာလည္း မဟုတ္ဘူး။ နင္ စကားေျပာတာ ဟိတ္ဟန္ေတြနဲ႕ ယုံၾကည္ခ်က္ေတြမ်ားလြန္းတယ္။ သိတဲ့သူေတြက နင့္ကို ၾကင္နာတတ္တဲ့သူလို႔ပဲ ထင္ၾကလိမ့္မယ္။ သူတို႔က နင့္ကို တကယ္ ေခ်ာင္ေဝ့မင္ရဲ႕သားလို႔ေတာ့ ထင္ၾကမွာ မဟုတ္ဘူး"

"က်င္းယြင္ေက်ာင္း၊ နင္ ဘယ္လိုႀကီးေျပာလိုက္တာလဲ။ အတန္းေခါင္းေဆာင္က ဒီေလာက္ေတာင္ ေဖာ္ေ႐ြတာ"

က်င္းယြင္ေက်ာင္း၏ ေရွ႕တြင္ ထိုင္ေနေသာ ေက်ာင္းေကာင္စီအဖြဲ႕ဝင္က ေနာက္လွည့္၍ ဝင္ေျပာေလသည္။

ထိုေက်ာင္းေကာင္စီအဖြဲ႕ဝင္၏အမည္မွာ ယဲ့ခ်င္းျဖစ္၏။ သူမသည္ အေတာ္ေလး လွပ၍ အဆင့္မွာလည္း အတန္းထဲတြင္ ဒုတိယအျမင့္ဆုံးျဖစ္သည္။ က်န္ရွ ႏွင့္ ယဲ့ခ်င္းတို႔အား လူအမ်ားက စုံတြဲအျဖစ္ သေဘာတူၾကၿပီး သူတို႔ကမူ ထိုအတားအဆီး အလႊာပါးမ်ား မေဖာက္ဖ်က္ၾကေသးေပ။

"အတန္းေခါင္းေဆာင္က နင့္အေပၚေတာ့ ေဖာ္ေ႐ြတဲ့ပုံ ရရင္ရမွာေပါ့။ ဒါေပမယ့္ ငါနဲ႕က်ေတာ့ ဘာဆိုင္လို႔လဲ"

က်င္းယြင္ေက်ာင္းက ေႏွာင့္ေႏွးျခင္းမရွိ ျပန္တုံ႕ျပန္လိုက္သည္။

"နင္တို႔က လူတစ္ေယာက္ရဲ႕အတိတ္ကို မသိေသးဘဲနဲ႕ သူတို႔ရဲ႕အနာဂါတ္ကို မတန္မရာ ဆုံးျဖတ္ခ်က္ခ်ေပးေနခ်င္ၾကတယ္။ နင္တို႔ကိုယ္ နင္တို႔ တကယ္ႀကီး နတ္ဘုရားေတြလို႔မ်ား ထင္ေနၾကတာလား။ ေခ်ာင္မိသားစုနဲ႕ ငါ့ၾကားက ျပႆနာက ငါ့ကိစၥေလ။ ငါ တကယ္သိခ်င္မိတယ္၊ အတန္းေခါင္းေဆာင္။ နင္ အငန္ေတြဘယ္ေလာက္ေတာင္ စားထားလို႔ ဒီေလာက္ ေလးလံထိုင္းမွိုင္းေနရတာလဲ။ နင္က ငါ့ကို ေခ်ာင္မိသားစုကို ေတာင္းပန္ေစခ်င္တယ္ဟုတ္လား။ ငါက ဘာကိစၥေၾကာင့္ ေတာင္းပန္ရမွာလဲဆိုတာ သိခ်င္မိတယ္"

က်င္းယြင္ေက်ာင္းသည္ သူမ၏ ဂုဏ္သတင္း ပိုေကာင္းလာေစရန္ ဆႏၵရွိသည္။ သို႔ေသာ္ သူမ်ားႀကိဳးဆြဲသည့္အတိုင္း လိုက္က,ေပးမည္အထိေတာ့ မဟုတ္ေပ။

နာမည္ေကာင္းကဲ့သို႔ေသာ အရာကို သူမ တစ္ေန႕ ပိုင္ဆိုင္လာလိမ့္မည္။ သို႔ေသာ္ လူမ်ားက သူမကို ယခင္ကကဲ့သို႔ ဆန့္က်င္ေနပါက သူမသည္ အတင္းအၾကပ္ လုပ္ယူလိမ့္မည္မဟုတ္ေပ။

က်င္းယြင္ေက်ာင္း၏ ခက္ထန္ေသာ အရွိန္အဝါက သူမအား အနည္းငယ္ ေၾကာက္မက္ဖြယ္ေကာင္းပုံေပါက္ေစသည္။ အထူးသျဖင့္ ယခုကဲ့သို႔ သူမ ေဒါသထြက္ေနခ်ိန္တြင္ ျဖစ္သည္။

"ငါေျပာခဲ့သလိုပဲ၊ ေခ်ာင္မိသားစုက နင့္ကို ႏွစ္ေပါင္းမ်ားစြာ ေကြၽးေမြးေစာင့္ေရွာက္လာခဲ့တာ။ နင္လည္း အိမ္မျပန္ရင္ ပိုက္ဆံရွိမွာ မဟုတ္ဘူးေလ"

က်န္ရွ၏ ရင္ထဲတြင္ ေဒါသမ်ားျဖင့္ ျပည့္ေနေၾကာင္း သူ၏ ေလသံက သိသာလွ၏။

သူ၏ ဆိုလိုရင္းမွာ ေကာင္းေကာင္းမြန္မြန္သာျဖစ္သည္။ သူသည္ ဤမွ်ေက်းဇူးမသိတတ္ေသာသူကို တစ္ခါမွ မေတြ႕ဖူးေခ်။ ယခင္က သူမအား မည္သူကမွ သေဘာမက်ခဲ့သည္မွာ အံ့ၾသစရာမဟုတ္။ သူမသည္ ၎ႏွင့္ ထိုက္တန္သည္္ပင္။

သူ ထိုသို႔ေျပာၿပီးေနာက္ က်င္းယြင္ေက်ာင္း၏ မ်က္ႏွာေပၚတြင္ ခပ္ဝါးဝါး အၿပဳံးတစ္ခုေပၚထြက္လာ၏။

လူတိုင္းက သူမသည္ ေခ်ာင္မိသားစုအေပၚတြင္ အေႂကြးတင္ေနသည္ဟု ထင္ေနၾကသည္။  သူမသည္ သူတို႔အေပၚ တကယ္ပင္ အေႂကြးတင္ေနသည္လား၊ ေသခ်ာေပါက္ မဟုတ္ေပ။

"ႀကီးျမတ္လွတဲ့ အတန္းေခါင္းေဆာင္ က်န္၊ နင္က ပ်ားရည္ေတြျပည့္ေနတဲ့ ပ်ားအိမ္လိုမ်ိဳး ခ်ိဳၿမိန္တဲ့ဘဝထဲမွာ ႀကီးပ်င္းလာရတာ၊ ဒါေၾကာင့္ ငါ့လို လူတစ္ေယာက္ ဘယ္လိုရွင္သန္ေနထိုင္ခဲ့ရသလဲဆိုတာ မသိတာ သဘာဝက်ပါတယ္။ ငါ ေက်ာင္းမတက္ရေသးခင္တုန္းက အိမ္အလုပ္ေတြအားလုံးကို လုပ္ဖို႔ သင္ယူခဲ့ရတယ္ဆိုတဲ့ အေၾကာင္းေတြကိုေတာ့ နင့္ကို ေျပာမျပခ်င္ေတာ့ဘူး။ နင္က နင့္ရဲ႕အနာဂတ္အတြက္ ေက်ာင္းတက္ေနၿပီး ငါက ပညာသင္ဆုရဖို႔အတြက္ ေက်ာင္းတက္ေနရတယ္။ ေခ်ာင္မိသားစုက ငါ့ေက်ာင္းစရိတ္အတြက္ တစ္ျပားမွ မေပးခဲ့ဘူး၊ ၿပီးေတာ့ ငါသုံးသမွ်ကလည္း ငါ ဆုရထားတဲ့ ပိုက္ဆံေတြခ်ည္းပဲ။ နင္က ငါ့ကို ေခ်ာင္မိသားစုက ေကြၽးေမြးေစာင့္ေရွာက္ခဲ့တယ္လို႔ ေျပာခဲ့တယ္မလား။ ဒါေပမယ့္ ငါ ဘာလို႔မ်ား နင့္ကို ေခ်ာင္မိသားစုနဲ႕ တစ္ဖက္တည္းလို႔ ထင္ေနမိပါလိမ့္ေနာ္"

က်င္းယြင္ေက်ာင္း၏ လြန္ခဲ့ေသာ ဆယ့္ငါးႏွစ္ခန့္က မွတ္ဥာဏ္မ်ားသည္ ပို၍ ရွင္းရွင္းလင္းလင္းျဖစ္လာခဲ့သည္။

သူမသည္ ငယ္စဥ္အခါက ေငြမရွာနိုင္စြမ္းမရွိေသးေသာေၾကာင့္ အမ်ိဳးမ်ိဳးေသာ ၿပိဳင္ပြဲမ်ား၌ စာရင္းေပး၍ ဝင္ၿပိဳင္နိုင္ရန္ အေကာင္းဆုံး ႀကိဳးစားခဲ့ရသည္။ ထို႔ေနာက္ သူမသည္ အနိုင္ရရွိ၍ ဆုေငြမ်ား ခ်ီးျမႇင့္ခံခဲ့ရသည္။ အျခားေသာ ၿပိဳင္ပြဲဝင္မ်ားအားလုံးသည္ သူတို႔၏မိဘမ်ားႏွင့္ အတူလာၾကေသာ္လည္း သူမသည္ အၿမဲတမ္း တစ္ေယာက္တည္းပင္။

သူမ အလယ္တန္းသို႔ ေရာက္ေသာအခါ လိုအပ္သည့္ပစၥည္းမ်ားလာသည့္အတြက္ သုံးစရာပိုက္ဆံလည္း ပိုလိုလာသည္။ ထို႔ေၾကာင့္ သူမသည္ ပိတ္ရက္မ်ားတြင္ အခ်ိန္ပိုင္းအလုပ္မ်ား လုပ္ခဲ့သည္။ သို႔ရာတြင္ သူမသည္ ငယ္လြန္းသည္ျဖစ္ရာ မည္သူကမွ သူမကို မခိုင္းခ်င္ေပ။ ေန႕တိုင္း သူမသည္ ေငြပမာဏအနည္းငယ္အတြက္ အလုပ္ကို ႀကိဳးႀကိဳးစားစား လုပ္ခဲ့ရသည္။

အတိတ္ဘဝက သူမသည္ ယဲ့ခ်င္ ႏွင့္ ေခ်ာင္ဟုန္ယဲ့တို႔က သူမအား ေလးစားထိုက္သည့္သူတစ္ေယာက္အျဖစ္ ႀကီးျပင္းလာေစခ်င္ေသာေၾကာင့္ ထိုအလုပ္မ်ား လုပ္ခိုင္းသည္ဟုထင္ခဲ့သည္။ သို႔ေသာ္ ယခုတြင္ေတာ့ သူတို႔သည္ သူမအား  ဆန္ျပဳတ္တစ္ဇြန္းပင္ မသဒၵါ၍ ျဖစ္ေၾကာင္း နားလည္သေဘာေပါက္သြားၿပီျဖစ္၏။ အကယ္၍  သူမသည္ ေခ်ာင္မိသားစုအေပၚ တကယ္အေႂကြးတင္ေနသည္ဆိုပါက အတိတ္ဘဝက သူတို႔အား ျပန္လည္ေပးဆပ္ၿပီး ျဖစ္သည္။

က်န္ရွက က်င္းယြင္ေက်ာင္း ဤသို႔ေျပာလိမ့္မည္ဟု မေမွ်ာ္လင့္ထားသျဖင့္ ေၾကာင္အ,ေနမိ၏။

က်င္းယြင္ေက်ာင္းက သူမရဲ႕ေက်ာင္းစရိတ္အတြက္ ေခ်ာင္မိသားစုရဲ႕ ပိုက္ဆံေတြကို မသုံးခဲ့ဘူးလား။ သူမရဲ႕ေနထိုင္စရိတ္ေတြအားလုံးကို သူမကိုယ္တိုင္ပဲ ရွာခဲ့ရတာလား။ မျဖစ္နိုင္ပါဘူး။

"နင္က ေစတနာေကာင္းနဲ႕လား၊ ဒါမွမဟုတ္ ပ်က္ဆီးေစလိုတဲ့ စိတ္နဲ႕လားဆိုတာ ငါ ဂ႐ုမစိုက္ဘူး၊ ဒါေပမယ့္ ဒီေန႕ကစၿပီး ႀကီးျမတ္လွတဲ့ အတန္းေခါင္းေဆာင္ က်န္ လိုမ်ိဳး ငါ့ကို ေခ်ာင္မိသားစုဆီျပန္သြားဖို႔ စည္း႐ုံးတာမ်ိဳး မလိုခ်င္ဘူး။ ဒါက ငါ ပထမဆုံးနဲ႕ေနာက္ဆုံးအႀကိမ္ ေမတၱာရပ္ခံတာပဲ။ တကယ္လို႔ ဒုတိယအႀကိမ္ရွိလာခဲ့ရင္ ၾကားဝင္ညွိႏွိုင္းေပးတဲ့သူတစ္ေယာက္က ဘယ္လိုေနာက္ဆက္တြဲအက်ိဳးဆက္ကို ရင္ဆိုင္ရမလဲဆိုတာ ငါ နင္တို႔ကို သိေအာင္ လုပ္ေပးမယ္"

Continue Reading

You'll Also Like

49.5K 4.8K 14
ငါ့ကို အစားထိုးချင်တဲ့ မင်းရဲ့ဆန္ဒတွေ ပြည့်ပြည့်မြောက်မြောက် ပြည့်ဝသွားခဲ့ပြီ လွေ့ချီ...။
56.4K 1.8K 37
Type - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်...
562K 57.5K 200
Book 1 အပိုင်း (1- 200) Title: Reincarnation of Businesswoman at School Author: Warm Color Su Eng Translator: Henyee Translations Mm Translator : Cha...
480K 68.8K 171
ရှီရှန်း arc 11 က​နေ စတင်တာပါ arc 1က​နေ 10ထိကို workထဲမှာ သွားရှာနိုင်ပါတယ် ႐ွီ႐ွန္း arc 11 က​ေန စတင္တာပါ arc 1က​ေန 10ထိကို workထဲမွာ သြား႐ွာႏိုင္ပါတ...