Chapter 34 : နင့်ပြဿနာက ငါ့ပြဿနာပဲလေ
ကျန်ရှ၏ မျက်နှာတစ်ခုလုံးက ကောင်းစေချင်သည့် စေတနာများနှင့် ပြည့်နှက်နေပြီး၊ သူ၏ရွှင်လန်းတက်ကြွသော ပုံစံနှင့် တွဲကြည့်လိုက်လျှင် သူသည် အမှန်တကယ်ပင် ကြင်နာ၍ ဂရုစိုက်တတ်သော ခံစားချက်ကို ပေးစွမ်းနေ၏။ အကယ်၍ ကျင်းယွင်ကျောင်းသာ ချောင်မိသားစုနှင့် ပြန်လည်ပေါင်းထုပ်ရန် ဆန္ဒရှိနေပါက သူ့ကြောင့် စိတ်လှုပ်ရှားသွားမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
သို့သော် လက်ရှိတွင် ကျန်ရှသည် အတိတ်ဘဝကကဲ့သို့ အကြံသမား ဖြစ်မလာသေးပေ။ သူသည် ကိစ္စများအပေါ်၌ ထားရှိသည့် သူမ၏ ခံစားချက်အစစ်အမှန်ကို မခန့်မှန်းနိုင်လောက်အောင်ပင် ဥာဏ်ရည် နည်းပါးနေသေးသည်။
ချောင်ဟုန်ယဲ့ကို တောင်းပန်ရမယ် ဟုတ်လား။ သူမ ဦးနှောက်ပျက်သွားမှဘဲ ဖြစ်နိုင်လိမ့်မယ်။
"အတန်းခေါင်းဆောင်၊ နင်က လူတိုင်းကို ဒီလိုပဲ ဆက်ဆံတာလား"
ကျင်းယွင်ကျောင်းက စိတ်လျှော့၍ စပြောလိုက်သည်။
ကျန်ရှ အနည်းငယ် အံအားသင့်သွား၏။ သူက ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်သည်။
"အဲလို မဟုတ်ပါဘူး။ နင်က အတော်လေး အခက်အခဲဖြစ်နေတဲ့ပုံမို့လို့၊ ပြီးတော့ အခုကစပြီး ငါတို့က ထိုင်ခုံဖော်တွေဖြစ်လာကြတော့မှာဆိုတော့ နင့်ရဲ့ပြဿနာက ငါ့ပြဿနာပဲလေ။ ငါ နင့်ကို ကူညီပေးချင်ရုံပါ။ မစိုးရိမ်ပါနဲ့"
သူပြောနေစဥ်တွင် ကျင်းယွင်ကျောင်း၏ တည်ငြိမ်သော မျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွား၏။
ရုတ်တရက် သူသည် မူလက သူ အထင်အမြင်သေးခဲ့သော မိန်းကလေးက အမှန်တကယ်ပင် လှပကြောင်း သိလိုက်ရသည်။ သူမ၏အသားအရေသည် တကယ်ကို ဖြူဝင်းနေပြီး ကြည်လင်သော ခံစားချက်ကို ပေးစွမ်းနေ၏။ သူမ၏စရိုက်မှာ အနည်းငယ် အေးစက်လွန်းပြီး လူမှုဆက်ဆံရေးကောင်းသော ချောင်ဟုန်ယဲ့နှင့် မတူပေ။ ကျင်းယွင်ကျောင်းသည် သန်မာလွန်းသော စရိုက်လက္ခဏာရှိသည့် ခံစားချက်ကို ပေးစွမ်းနေသည်။ သို့သော် မိန်းကလေးများသည် ကြောက်တတ်၍ ချစ်စဖွယ်ကောင်းရမည်ဖြစ်ပြီး နားလည်မှုလည်း ရှိသင့်ပေသည်။
ဒေါသထွက်ရမည့်အစား ကျင်းယွင်ကျောင်းက ရယ်မောလိုက်၏။
"ဒါဆိုရင်တော့ ကြည့်ရတာ အတန်းခေါင်းဆောင်ရဲ့မျက်လုံးတွေက အလုပ်ကောင်းကောင်း မလုပ်တော့တဲ့ပုံပဲ။ နင် ငါ့ကို ဘယ်နေရာကြည့်ပြီး အခက်အခဲဖြစ်နေတဲ့ပုံလို့ မြင်နေတယ် ငါမသိဘူး။ ဒါ့အပြင်လည်း ငါတို့က ထိုင်ခုံဖော်တွေပဲဟာ၊ လက်ထပ်ထားတဲ့ စုံတွဲလည်း မဟုတ်ဘူး။ အပြောအဆိုတွေ ရင်းနှီးလွန်းနေတာ မကောင်းဘူးလေ၊ ဟုတ်တယ်မလား"
သူတို့အားလုံးသည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ် ကျောင်းသားများသာဖြစ်သည်။ ကျန်ရှသည် "လက်ထပ်ပြီးသားစုံတွဲ" ဟူသော စကားကို ကြားသောအခါ သူ၏မျက်နှာသည် ချက်ချင်း ရဲတောက်သွား၏။
သူ အနည်းငယ် စိတ်အနှောက်အယှက်လည်း ဖြစ်သွားသည်။
"ငါတို့အားလုံးက အတန်းဖော်တွေပဲ"
သူက စတင်ရှင်းပြလာ၏။
"အတန်းခေါင်းဆောင်၊ နင် ဘေးအခန်းက ချောင်ဟုန်ယဲ့ကို ကြိုက်နေရင်လည်း သတ္တိမွေးပြီး သူ့ကို သွားဖွင့်ပြောလိုက်ပါ။ ငါ ဆရာမတွေကို နင်တို့ရဲ့ဆယ်ကျော်သက်အချစ်ဇာတ်လမ်းကို ပြန်မတိုင်ပါဘူး၊ ဒါပေမယ့် ကျေးဇူးပြုပြီးတော့ ငါ့ကို နင်နဲ့အတူ ဆွဲမချပါနဲ့လား။ ပြီးတော့ ငါက လူတွေနဲ့ အရမ်းနီးနီးကပ်ကပ်နေရတာကို မကြိုက်ဘူး၊ ဒါကြောင့် နောက်ကျရင် နင် ငါ့စာရေးခုံပေါ်က ဘာကိုမှ မထိဘဲ နင့်ခုံမှာပဲ နင်နေဖို့ တောင်းဆိုချင်တယ်"
ကျင်းယွင်ကျောင်းက ဆက်တိုက်ပြောပစ်လိုက်သည်။ သူမ၏အသံမှာ မကျယ်သော်လည်း စကားလုံးတိုင်း စာကြောင်းတိုင်းက ကျန်ရှအား တိုက်ခိုက်သွားသည်ဖြစ်ရာ သူသည် မှင်သက်၍ ကျန်ခဲ့၏။
သူသည် သူ၏ဂုဏ်သတင်းကို အလေးထားသော အသက်အရွယ်ဖြစ်သည်။ အထူးသဖြင့် ကျန်ရှကဲ့သို့သော ယောကျာ်းလေးမျိုးသည် အတန်းခေါင်းဆောင်ဖြစ်ပြီးနောက်တွင် ကျောင်းသားများကြား၌ ထင်းထွက်နေချင်ကာ ကြည့်လိုက်သည်နှင့် ကျန်လူများနှင့် မတူညီသော အရှိန်အဝါလည်း ရှိနေချင်သည်။ မိန်းကလေးများဆီကမူ ပို၍အထင်ကြီးလေးစားသော အကြည့်များကို လက်ခံချင်သည်။
သို့သော် ယခု ကျင်းယွင်ကျောင်းက ဘာပြောလိုက်သနည်း။ သူမက သူမကို ရွှံ့ဗွက်ထဲဆွဲခေါ်မယ့်သူတွေကို မကြိုက်ဘူးတဲ့လား။ အထူးသဖြင့် သူမနား အရမ်းကပ်တဲ့သူတွေကို မကြိုက်ဘူးတဲ့လား။
ကပ်တယ်ဟုတ်လား။ ကျန်ရှက သူ၏လက်ကို ငုံ့ကြည့်လိုက်သည်။ ၎င်းမှာ အမှန်တကယ်ပင် အနည်းငယ် စည်းကျော်နေသော်လည်း စာအုပ်ထောင့်စွန်းလေးကိုသာ ထိမိထားခြင်းဖြစ်၏။
"နင် ဘယ်..ဘယ်လိုတောင် ကျေးဇူးကန်းတာလဲ"
ဒေါသထွက်သွားသဖြင့် ကျန်ရှ၏ လေသံက မြင့်လာသည်။
အတန်းသည် ဆူညံနေသော်လည်း ကျောင်းသားများ၏တီးတိုးပြောသံများနှင့်သာ ပြည့်နေခြင်းဖြစ်၏။ ထိုကဲ့သို့ အသံမြှင့်၍ ပြောလိုက်ရာ ကျန်ရှ၏ ရုတ်တရက် ကြိမ်းမောင်းသံအား ရှင်းရှင်းလင်းလင်း ကြားလိုက်ကြရလေသည်။
ကျန်ရှသည် ရုပ်ချောပြီး အဆင့်လည်း ကောင်းကာ အတန်းခေါင်းဆောင်လည်း ဖြစ်၏။ ထို့ကြောင့် သူသည် သူ၏အတန်းဖော်များကြားတွင် အတော်လေး ကျော်ကြားပြီး အထူးသဖြင့် ထိုကဲ့သို့ ထင်ရှားသည့် ယောက်ျားလေးများကို သဘောကျသည့် မိန်းကလေးများကြားတွင် ဖြစ်သည်။ ထိုကြောင့် ကျန်ရှက ထပေါက်ကွဲလေရာ လူအများစုက ကျင်းယွင်ကျောင်း ထပ်မံ၍ အမှားတစ်ခုခု လုပ်မိပြန်ပြီ ယူဆလိုက်ကြ၏။
လူတိုင်း လန့်ဖျပ်သွားပြီး စာသင်ခန်းသည် တိတ်ဆိတ်သွားသည်။
ကျန်ရှက အခြားသူများ၏အကြည့်များကို ခံစားမိပုံမပေါ်ပေ။ သူသည် စိတ်လျှော့ရန် ကြိုးစားလိုက်ပြီး တည်ကြည်လေးနက်စွာဖြင့် အကြံကောင်းပေးနေသည့် မျက်နှာထားမျိုးပြင်လိုက်၏။
"ကျင်းယွင်ကျောင်း၊ ငါတို့အားလုံးက အတန်းဖော်တွေပဲ။ ဘာလို့ သိသိသာသာ မျဥ်းကြောင်းဆွဲဖို့ လိုမှာလဲ။ ပြီးတော့ အတန်းခေါင်းဆောင်တစ်ယောက်အနေနဲ့ ငါ နင့်ကို ကူညီချင်တယ်။ စဥ်းစားကြည့်ရင် နင်က ကျောင်းသူတစ်ယောက်အရွယ်ပဲရှိသေးတာ။ နင့်မိဘတွေရဲ့အထောက်အပံ့မရှိဘဲ နင် သုံးစရာပိုက်ဆံ ဘယ်ကရမှာလဲ။ နင့်အဖေက နင့်ကို နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်ခဲ့ပြီး ဘာမှပြန်ဆပ်ဖို့လည်း မတောင်းဆိုခဲ့ဘူး။ နင် နင့်ရဲ့အဖေနဲ့ ရန်မဖြစ်သင့်ဘူး။ ချောင်ဟုန်ယဲ့ဆို ဘယ်လောက်လိမ္မာလဲကြည့်ပါ့လား၊ တစ်ခါမှ ပြဿနာ မရှာဖူးဘူး။ နင် သူ့ဆီကနေ သင်ယူသင့်တယ်။ ဒါဆိုရင် နောက်ကျ နင့်အဖေက နင့်ကို ချစ်လာလိမ့်မယ်"
Zawgyi
Chapter 34 : နင့္ျပႆနာက ငါ့ျပႆနာပဲေလ
က်န္ရွ၏ မ်က္ႏွာတစ္ခုလုံးက ေကာင္းေစခ်င္သည့္ ေစတနာမ်ားႏွင့္ ျပည့္ႏွက္ေနၿပီး၊ သူ၏႐ႊင္လန္းတက္ႂကြေသာ ပုံစံႏွင့္ တြဲၾကည့္လိုက္လွ်င္ သူသည္ အမွန္တကယ္ပင္ ၾကင္နာ၍ ဂ႐ုစိုက္တတ္ေသာ ခံစားခ်က္ကို ေပးစြမ္းေန၏။ အကယ္၍ က်င္းယြင္ေက်ာင္းသာ ေခ်ာင္မိသားစုႏွင့္ ျပန္လည္ေပါင္းထုပ္ရန္ ဆႏၵရွိေနပါက သူ႕ေၾကာင့္ စိတ္လႈပ္ရွားသြားမည္မွာ သံသယျဖစ္ဖြယ္မရွိေပ။
သို႔ေသာ္ လက္ရွိတြင္ က်န္ရွသည္ အတိတ္ဘဝကကဲ့သို႔ အႀကံသမား ျဖစ္မလာေသးေပ။ သူသည္ ကိစၥမ်ားအေပၚ၌ ထားရွိသည့္ သူမ၏ ခံစားခ်က္အစစ္အမွန္ကို မခန့္မွန္းနိုင္ေလာက္ေအာင္ပင္ ဥာဏ္ရည္ နည္းပါးေနေသးသည္။
ေခ်ာင္ဟုန္ယဲ့ကို ေတာင္းပန္ရမယ္ ဟုတ္လား။ သူမ ဦးေႏွာက္ပ်က္သြားမွဘဲ ျဖစ္နိုင္လိမ့္မယ္။
"အတန္းေခါင္းေဆာင္၊ နင္က လူတိုင္းကို ဒီလိုပဲ ဆက္ဆံတာလား"
က်င္းယြင္ေက်ာင္းက စိတ္ေလွ်ာ့၍ စေျပာလိုက္သည္။
က်န္ရွ အနည္းငယ္ အံအားသင့္သြား၏။ သူက ရွက္ကိုးရွက္ကန္းျဖင့္ ေျပာလိုက္သည္။
"အဲလို မဟုတ္ပါဘူး။ နင္က အေတာ္ေလး အခက္အခဲျဖစ္ေနတဲ့ပုံမို႔လို႔၊ ၿပီးေတာ့ အခုကစၿပီး ငါတို႔က ထိုင္ခုံေဖာ္ေတြျဖစ္လာၾကေတာ့မွာဆိုေတာ့ နင့္ရဲ႕ျပႆနာက ငါ့ျပႆနာပဲေလ။ ငါ နင့္ကို ကူညီေပးခ်င္႐ုံပါ။ မစိုးရိမ္ပါနဲ႕"
သူေျပာေနစဥ္တြင္ က်င္းယြင္ေက်ာင္း၏ တည္ၿငိမ္ေသာ မ်က္ဝန္းမ်ားႏွင့္ အၾကည့္ခ်င္းဆုံသြား၏။
႐ုတ္တရက္ သူသည္ မူလက သူ အထင္အျမင္ေသးခဲ့ေသာ မိန္းကေလးက အမွန္တကယ္ပင္ လွပေၾကာင္း သိလိုက္ရသည္။ သူမ၏အသားအေရသည္ တကယ္ကို ျဖဴဝင္းေနၿပီး ၾကည္လင္ေသာ ခံစားခ်က္ကို ေပးစြမ္းေန၏။ သူမ၏စရိုက္မွာ အနည္းငယ္ ေအးစက္လြန္းၿပီး လူမႈဆက္ဆံေရးေကာင္းေသာ ေခ်ာင္ဟုန္ယဲ့ႏွင့္ မတူေပ။ က်င္းယြင္ေက်ာင္းသည္ သန္မာလြန္းေသာ စရိုက္လကၡဏာရွိသည့္ ခံစားခ်က္ကို ေပးစြမ္းေနသည္။ သို႔ေသာ္ မိန္းကေလးမ်ားသည္ ေၾကာက္တတ္၍ ခ်စ္စဖြယ္ေကာင္းရမည္ျဖစ္ၿပီး နားလည္မႈလည္း ရွိသင့္ေပသည္။
ေဒါသထြက္ရမည့္အစား က်င္းယြင္ေက်ာင္းက ရယ္ေမာလိုက္၏။
"ဒါဆိုရင္ေတာ့ ၾကည့္ရတာ အတန္းေခါင္းေဆာင္ရဲ႕မ်က္လုံးေတြက အလုပ္ေကာင္းေကာင္း မလုပ္ေတာ့တဲ့ပုံပဲ။ နင္ ငါ့ကို ဘယ္ေနရာၾကည့္ၿပီး အခက္အခဲျဖစ္ေနတဲ့ပုံလို႔ ျမင္ေနတယ္ ငါမသိဘူး။ ဒါ့အျပင္လည္း ငါတို႔က ထိုင္ခုံေဖာ္ေတြပဲဟာ၊ လက္ထပ္ထားတဲ့ စုံတြဲလည္း မဟုတ္ဘူး။ အေျပာအဆိုေတြ ရင္းႏွီးလြန္းေနတာ မေကာင္းဘူးေလ၊ ဟုတ္တယ္မလား"
သူတို႔အားလုံးသည္ ဆယ့္ငါးႏွစ္၊ ဆယ့္ေျခာက္ႏွစ္အ႐ြယ္ ေက်ာင္းသားမ်ားသာျဖစ္သည္။ က်န္ရွသည္ "လက္ထပ္ၿပီးသားစုံတြဲ" ဟူေသာ စကားကို ၾကားေသာအခါ သူ၏မ်က္ႏွာသည္ ခ်က္ခ်င္း ရဲေတာက္သြား၏။
သူ အနည္းငယ္ စိတ္အေႏွာက္အယွက္လည္း ျဖစ္သြားသည္။
"ငါတို႔အားလုံးက အတန္းေဖာ္ေတြပဲ"
သူက စတင္ရွင္းျပလာ၏။
"အတန္းေခါင္းေဆာင္၊ နင္ ေဘးအခန္းက ေခ်ာင္ဟုန္ယဲ့ကို ႀကိဳက္ေနရင္လည္း သတၱိေမြးၿပီး သူ႕ကို သြားဖြင့္ေျပာလိုက္ပါ။ ငါ ဆရာမေတြကို နင္တို႔ရဲ႕ဆယ္ေက်ာ္သက္အခ်စ္ဇာတ္လမ္းကို ျပန္မတိုင္ပါဘူး၊ ဒါေပမယ့္ ေက်းဇူးျပဳၿပီးေတာ့ ငါ့ကို နင္နဲ႕အတူ ဆြဲမခ်ပါနဲ႕လား။ ၿပီးေတာ့ ငါက လူေတြနဲ႕ အရမ္းနီးနီးကပ္ကပ္ေနရတာကို မႀကိဳက္ဘူး၊ ဒါေၾကာင့္ ေနာက္က်ရင္ နင္ ငါ့စာေရးခုံေပၚက ဘာကိုမွ မထိဘဲ နင့္ခုံမွာပဲ နင္ေနဖို႔ ေတာင္းဆိုခ်င္တယ္"
က်င္းယြင္ေက်ာင္းက ဆက္တိုက္ေျပာပစ္လိုက္သည္။ သူမ၏အသံမွာ မက်ယ္ေသာ္လည္း စကားလုံးတိုင္း စာေၾကာင္းတိုင္းက က်န္ရွအား တိုက္ခိုက္သြားသည္ျဖစ္ရာ သူသည္ မွင္သက္၍ က်န္ခဲ့၏။
သူသည္ သူ၏ဂုဏ္သတင္းကို အေလးထားေသာ အသက္အ႐ြယ္ျဖစ္သည္။ အထူးသျဖင့္ က်န္ရွကဲ့သို႔ေသာ ေယာက်ာ္းေလးမ်ိဳးသည္ အတန္းေခါင္းေဆာင္ျဖစ္ၿပီးေနာက္တြင္ ေက်ာင္းသားမ်ားၾကား၌ ထင္းထြက္ေနခ်င္ကာ ၾကည့္လိုက္သည္ႏွင့္ က်န္လူမ်ားႏွင့္ မတူညီေသာ အရွိန္အဝါလည္း ရွိေနခ်င္သည္။ မိန္းကေလးမ်ားဆီကမူ ပို၍အထင္ႀကီးေလးစားေသာ အၾကည့္မ်ားကို လက္ခံခ်င္သည္။
သို႔ေသာ္ ယခု က်င္းယြင္ေက်ာင္းက ဘာေျပာလိုက္သနည္း။ သူမက သူမကို ႐ႊံ႕ဗြက္ထဲဆြဲေခၚမယ့္သူေတြကို မႀကိဳက္ဘူးတဲ့လား။ အထူးသျဖင့္ သူမနား အရမ္းကပ္တဲ့သူေတြကို မႀကိဳက္ဘူးတဲ့လား။
ကပ္တယ္ဟုတ္လား။ က်န္ရွက သူ၏လက္ကို ငုံ႕ၾကည့္လိုက္သည္။ ၎မွာ အမွန္တကယ္ပင္ အနည္းငယ္ စည္းေက်ာ္ေနေသာ္လည္း စာအုပ္ေထာင့္စြန္းေလးကိုသာ ထိမိထားျခင္းျဖစ္၏။
"နင္ ဘယ္..ဘယ္လိုေတာင္ ေက်းဇူးကန္းတာလဲ"
ေဒါသထြက္သြားသျဖင့္ က်န္ရွ၏ ေလသံက ျမင့္လာသည္။
အတန္းသည္ ဆူညံေနေသာ္လည္း ေက်ာင္းသားမ်ား၏တီးတိုးေျပာသံမ်ားႏွင့္သာ ျပည့္ေနျခင္းျဖစ္၏။ ထိုကဲ့သို႔ အသံျမႇင့္၍ ေျပာလိုက္ရာ က်န္ရွ၏ ႐ုတ္တရက္ ႀကိမ္းေမာင္းသံအား ရွင္းရွင္းလင္းလင္း ၾကားလိုက္ၾကရေလသည္။
က်န္ရွသည္ ႐ုပ္ေခ်ာၿပီး အဆင့္လည္း ေကာင္းကာ အတန္းေခါင္းေဆာင္လည္း ျဖစ္၏။ ထို႔ေၾကာင့္ သူသည္ သူ၏အတန္းေဖာ္မ်ားၾကားတြင္ အေတာ္ေလး ေက်ာ္ၾကားၿပီး အထူးသျဖင့္ ထိုကဲ့သို႔ ထင္ရွားသည့္ ေယာက္်ားေလးမ်ားကို သေဘာက်သည့္ မိန္းကေလးမ်ားၾကားတြင္ ျဖစ္သည္။ ထိုေၾကာင့္ က်န္ရွက ထေပါက္ကြဲေလရာ လူအမ်ားစုက က်င္းယြင္ေက်ာင္း ထပ္မံ၍ အမွားတစ္ခုခု လုပ္မိျပန္ၿပီ ယူဆလိုက္ၾက၏။
လူတိုင္း လန့္ဖ်ပ္သြားၿပီး စာသင္ခန္းသည္ တိတ္ဆိတ္သြားသည္။
က်န္ရွက အျခားသူမ်ား၏အၾကည့္မ်ားကို ခံစားမိပုံမေပၚေပ။ သူသည္ စိတ္ေလွ်ာ့ရန္ ႀကိဳးစားလိုက္ၿပီး တည္ၾကည္ေလးနက္စြာျဖင့္ အႀကံေကာင္းေပးေနသည့္ မ်က္ႏွာထားမ်ိဳးျပင္လိုက္၏။
"က်င္းယြင္ေက်ာင္း၊ ငါတို႔အားလုံးက အတန္းေဖာ္ေတြပဲ။ ဘာလို႔ သိသိသာသာ မ်ဥ္းေၾကာင္းဆြဲဖို႔ လိုမွာလဲ။ ၿပီးေတာ့ အတန္းေခါင္းေဆာင္တစ္ေယာက္အေနနဲ႕ ငါ နင့္ကို ကူညီခ်င္တယ္။ စဥ္းစားၾကည့္ရင္ နင္က ေက်ာင္းသူတစ္ေယာက္အ႐ြယ္ပဲရွိေသးတာ။ နင့္မိဘေတြရဲ႕အေထာက္အပံ့မရွိဘဲ နင္ သုံးစရာပိုက္ဆံ ဘယ္ကရမွာလဲ။ နင့္အေဖက နင့္ကို ႏွစ္ေပါင္းမ်ားစြာ ေကြၽးေမြးေစာင့္ေရွာက္ခဲ့ၿပီး ဘာမွျပန္ဆပ္ဖို႔လည္း မေတာင္းဆိုခဲ့ဘူး။ နင္ နင့္ရဲ႕အေဖနဲ႕ ရန္မျဖစ္သင့္ဘူး။ ေခ်ာင္ဟုန္ယဲ့ဆို ဘယ္ေလာက္လိမၼာလဲၾကည့္ပါ့လား၊ တစ္ခါမွ ျပႆနာ မရွာဖူးဘူး။ နင္ သူ႕ဆီကေန သင္ယူသင့္တယ္။ ဒါဆိုရင္ ေနာက္က် နင့္အေဖက နင့္ကို ခ်စ္လာလိမ့္မယ္"