Chapter 32 : ကောလဟာလများကို ရှင်းလင်းခြင်း( ဒုတိယပိုင်း)
ဒါရိုက်တာက စကားအနည်းငယ်ပြောလိုက်ပြီးသည်နှင့် ကျောင်းသားများက စတင်၍ တီးတိုးပြောဆိုကြတော့သည်။
"အဲဒါ ကျင်းယွင်ကျောင်းရဲ့အကြောင်းများလား"
"အဲဒါပဲ သေချာတယ်။ ဘယ်သူများ ရှိသေးလို့လဲ။ အခုတစ်လော ဘယ်သူမှ အော်ကြီးဟစ်ကျယ်တွေ မလုပ်ခဲ့ဘူးလေ။ အထူးသဖြင့် နင်တို့ မနေ့က သူ့အဖေကို မမြင်လိုက်ကြလို့။ သူက တကယ့်ကို ဒေါသတကြီးနဲ့ ကျင်းယွင်ကျောင်းက လမ်းသရဲတွေနဲ့ ဇာတ်လမ်းတွေရှုပ်ခဲ့ပါတယ်ဆိုပြီး အကျယ်ကြီး အော်ဟစ်နေခဲ့တာ။ အဲဒါအရင်ကတော့ ကောလဟာလဆိုပေမယ့် မနေ့ကကျ တကယ်ကြီး ဖြစ်နေတယ်"
ကျင်းယွင်ကျောင်း၏ ဘေးရှိ ကျောင်းသားများသည်ပင် ထိုကဲ့သို့ တီးတိုးပြောနေကြ၏။
"ကျောင်းသားတွေ တိတ်စမ်း၊ ကျေးဇူးပြုပြီး ငြိမ်ကြပါ"
ဒါရိုက်တာက အသံမြှင့်ပြီး ဆက်ပြောလိုက်သည်။
"အရင်က ဖြစ်ပွားခဲ့တဲ့ လမ်းသရဲတွေရဲ့ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီးတော့ ကျင်းယွင်ကျောင်းနဲ့ ကျောင်းကနေပြီး ရဲစခန်းကို တိုင်ချက်ဖွင့်ခဲ့ပြီး အဲဒီလူတွေကို ဖမ်းမိထားပြီးပါပြီ။ အဆင့်ဆင့်စုံစမ်းမေးမြန်းမှုတွေ လုပ်ပြီးတဲ့နောက်မှာတော့ အဲဒီလမ်းသရဲတွေက ကျင်းယွင်ကျောင်းနဲ့ လုံးဝပတ်သတ်မှုမရှိဘူးဆိုတာကို အတည်ပြုခဲ့ပါတယ်။ နှစ်ဖက်လုံးက တစ်ဖက်နဲ့တစ်ဖက် လုံးဝမသိကြဘူး၊ ဒါကြောင့် အရင်ကတည်းက ရင်းနှီးကျွမ်းဝင်ကြတယ်လို့ နာမည်တပ်လို့ မရပါဘူး။ ဒါကြောင့် ဒီနေ့ကစပြီး ကျောင်းအနေနဲ့ မင်းတို့အားလုံး အပြောအဆို ဂရုစိုက်ကြဖို့ မျှော်လင့်ပါတယ်။ မဆင်မခြင် မပြောပါနဲ့။ ဆရာ ဆရာမတွေအားလုံးကလည်း စောင့်ကြည့်နေရပါမယ်။ အကယ်၍ ဘာမှမဟုတ်တဲ့ကိစ္စကိုမှ ပြဿနာရှာချင်သေးတဲ့ ကျောင်းသားရှိနေသေးရင် ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးခံရပါမယ်"
(T/N : ဒီမှာပြောသွားတဲ့ အရင်ကတည်းက ရင်းနှီးကျွမ်းဝင်ကြတယ်(早恋)ဆိုတာက puppy loveလိုမျိုး ဆယ်ကျော်သက်အရွယ်မှာ စိတ်ကစားပြီး ချစ်ကြကြိုက်ကြတာမျိုးကိုပြောချင်တာပါ။ ဒီမှာပြောသွားတဲ့ အဓိပ္ပါယ်မှာကျ ဆယ်ကျော်သက်တွေရဲ့ လိင်မှုကိစ္စနဲ့ပတ်သတ်တာတွေကိုရော ရည်ညွှန်းပါတယ်၊ ရှင်းရှင်းပြောရရင် ယွင်ကျောင်းက လမ်းသရဲတွေနဲ့ အစကတည်းက သိတောင်မသိတာမို့လို့ အိပ်ခဲ့တယ်အိပ်ဖူးတယ်ဆိုတာ လုံးဝမဟုတ်ဘူးလို့ ပြောတာပါ။)
ဒါရိုက်တာ ကျောင်းသားများအား စုဝေးပွဲပြီးသည်အထိ ဆုံးမစကား ဆက်လက်ပြောဆိုနေသည်။ ထို့နောက် အဆုံးတွင် သူက ထပ်မံ၍ သတိပေးလိုက်သည်။
"ဒီမနက် ဘီခန်းက လုကျားဆိုတဲ့ ကျောင်းသူက ကျောင်းမှာ ပြဿနာတစ်ခုရှာခဲ့တယ်။ ဒါကြောင့် မင်းတို့အားလုံးကို ဒီမှာ ထပ်သတိပေးလိုက်မယ်။ အကယ်၍ ဘယ်သူမဆို အခြားထပ်ပြီး ပြဿနာရှာခဲ့ရင် အပြစ်ကို မင်းတို့ရဲ့မှတ်တမ်းမှာ အမြဲတမ်း မှတ်တမ်းတင််ထားမယ်"
သူ၏ စကားအဆုံးတွင် ကျောင်းသားများအားလုံး အုတ်အုတ်ကျတ်ကျတ်ဖြစ်သွားကြသည်။
ကျင်းယွင်ကျောင်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး သူမ၏ မျက်လုံးထဲတွင် ပြင်းထန်သော ခံစားချက်များ ဖြတ်ပြေးသွား၏။
နောက်ဆုံးတွင် သူမသည် အတိတ်ဘဝမှ အရိပ်ဆိုးအား ခွာချပစ်လိုက်နိုင်ပြီဖြစ်၏။ ကောလဟာလများနှင့် ညစ်နွမ်းခဲ့ရသော်လည်း ထုတ်ဖော်မပြောနိုင်ခဲ့ခြင်းတို့ အဆုံးသတ်သွားခဲ့ပြီ။
သူတို့၏ ဘေးကပ်ရက် အတန်းတွင် ချောင်ဟုန်ယဲ့က မတ်တပ်ရပ်နေပြီး သူမ၏ ခန္ဓာကိုယ်က တုန်ရီနေသည်။ သူမသည် ဤသည်အား လက်မခံချင်ပေ။ သူမသည် အခြားသူများက ကျင်းယွင်ကျောင်း၏ အကြောင်း ပြောနေသည်ကို ကြားလျှင် မုန်းသည်။ အထူးသဖြင့် ဤကဲ့သို့ လူတိုင်းက ကျင်းယွင်ကျောင်းကို မတရားမှု အကြီးကြီးအား ခံစားခဲ့ရသူတစ်ယောက်လို ပြောဆိုနေကြလျှင်ဖြစ်သည်။
ဘာမတရားမှုလဲ။ သူမ၏ မိဘများသည် ကျင်းယွင်ကျောင်းအား ပြုစုကျွေးမွေးခဲ့သည်။ သူမသည် ခွေးတစ်ကောင်သာသာပင်။ အနည်းဆုံးတော့ သူမ ကျေးဇူးကြွေးအား ပြန်ဆပ်ရမည်ဆိုတာကို သိသင့်၏။
ချောင်ဟုန်ယဲ့က ကျင်းယွင်ကျောင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
ကျင်းယွင်ကျောင်းက ရုတ်တရက် ထူးထူးဆန်းဆန်းခံစားလိုက်ရသဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ ချောင်ဟုန်ယဲ့နှင့် အကြည့်ချင်း ဆုံသွား၏။ ထိုခဏ၌ ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက တွန့်ချိုးသွားပြီး နွေးထွေးမှုတစ်စက်မှ မပါရှိသည့် ကြောက်စရာကောင်းသော အပြုံးတစ်ခု ပြုံးလိုက်လေသည်။ ၎င်းမှာ တစ်ပါးသူအား ချွေးစေးများစီးကျလာလောက်အောင်ပင် အေးစက်လွန်းလှ၏။
ချောင်ဟုန်ယဲ့၏ နှလုံးသားက တစ်ချက်ခုန်သွားသည်။ သူမ၏ ဒေါသအရှိန်က ပို၍ အားနည်းလာပြီး ခေါင်းတစ်ဖက်လှည့်လိုက်ကာ မျက်လုံးများကို ပိတ်လိုက်သည်။
"ဟုန်ယဲ့၊ ဘာဖြစ်တာလဲ"
သူမ၏ ဖျော့တော့နေသော အသားအရေကြောင့် ဘေးမှ ကျောင်းသူက မေးလာ၏။
"ဘာမှမဟုတ်ပါဘူး။ နေပြင်းလို့ပါ။ အဲဒါကြောင့် ခေါင်းမူးသွားတာ"
ချောင်ဟုန်ယဲ့သည် သူမ၏ခေါင်းထဲမှ တဝီဝီမြည်သံကိုသာ ကြားနေရပြီး မသက်မသာခံစားလာရသဖြင့် ကြုံရာကျပန်း ဆင်ခြေတစ်ခုကိုသာ ပေးလိုက်ရတော့သည်။
ထိုကျောင်းသူက မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
ဤသည်မှာ မနက်ခင်းအစောဖြစ်သည်။ ဘယ်က နေပြင်းတာလဲ။ နေ့ခင်းဆိုရင်တောင် နွေရာသီမှ မဟုတ်တာကို။ နေရောင်က ဘယ်လိုများ သူ့ကို ခေါင်းမူးအောင် လုပ်နိုင်ရတာလဲ။ ထို့အပြင် ချောင်ဟုန်ယဲ့၏ အမူအယာမှာ တစ်ယောက်ယောက်အား သတ်ချင်နေသကဲ့သို့ ကြောက်ဖို့ ကောင်းလှသည်။ တစ်ယောက်ယောက်ကများ သူမကို ရန်စသွားလို့လား။
ကျင်းယွင်ကျောင်းသည် ထိုပြောင်းလဲမှုတစ်ခုလုံးကို မြင်လိုက်ရ၏။ သူမ၏မျက်ဝန်းများက အေးစက်စက် ပြုံးရိပ်များ ယှက်သန်းသွားပြီး ရှေ့သို့ ခေါင်းပြန်လှည့်သွားသည်။
"ကျင်းယွင်ကျောင်း၊ ငါတောင်းပန်ပါတယ်။ ငါ အရင်ရက်တွေက နင့်အကြောင်း မကောင်းပြောခဲ့မိတယ်။ ဒါပေမယ့် ငါ မရည်ရွယ်ပါဘူး။ ငါ ထင်တာတွေ ပြောခဲ့မိတာ"
အတန်းသို့ပြန်သောလမ်းတွင် မိန်းကလေးတစ်ယောက် ရုတ်တရက် ရပ်လိုက်ပြီး ကျင်းယွင်ကျောင်းအား တောင်းပန်လာသည်။
"ရပါတယ်။ အခု အားလုံး ရှင်းလင်းသွားကြပြီပဲ"
ကျင်းယွင်ကျောင်းက ပြုံး၍ ပြန်ဖြေသည်။
သူမသည် သူမ၏ရန်သူများကို ခွင့်မလွှတ်ဘဲ လက်စားချေရန် အမြဲတမ်းတွက်ချက်နေခဲ့သော်လည်း ကျောင်းမှ လူအများစုသည်မူ သူမအပေါ်တွင် ဆိုးယုတ်သော ရည်ရွယ်ချက်မရှိကြပေ။ အထူးသဖြင့် ဤမိန်းကလေးက လာရောက်ဝန်ခံ၍ တောင်းပန်စကားဆိုနေသည်ဖြစ်ရာ သူမတွင် ဆက်လက် အငြိုးအတေးထားနေရန် အကြောင်းမရှိတော့။ ၎င်းမှာ သူမ၏ဂုဏ်သတင်းများ ပိုမိုကောင်းမွန်သည့်ဘက်သို့ ပြောင်းလဲလာကြောင်း သက်သေပြရန်အတွက်လည်း လုံလောက်ပေ၏။
"ဒါ ငါ နင်နဲ့ ပထမဆုံးအကြိမ် စကားပြောဖူးတာပဲ။ လူတိုင်းက နင့်ကို မောက်မာပြီး မာနကြီးတယ်လို့ထင်ကြတာ။ ဒါပေမယ့် အခု နင်က လုံးဝဆန့်ကျင်ဘက်ပဲဆိုတာ ငါယုံသွားပြီ။ ပြီးတော့ နင့်အဆင့်တွေက အရမ်းကောင်းတာပဲ။ နင် နောက်ကျရင် ငါ့ကို မှတ်စုလေးတွေ ငှားပေးလို့ရမလားဟင်"
မိန်းကလေးက ချက်ချင်းပင် စိတ်သက်သာရာ ရသွားပြီး အံအားသင့်စွာ ပြောလာသည်။
"ရတာပေါ့၊ ကိစ္စမရှိဘူး"
ကျင်းယွင်ကျောင်းက လူအများနှင့်ဆက်ဆံရာတွင် အသားမကျသေးသောကြောင့် သူမ စကားပြောသည်မှာ အလွန်နည်း၍ အနည်းငယ် နုံချာချာပုံစံပေါက်နေ၏။
သို့ရာတွင် သူမကိုယ်တိုင် သတိမထားမိခဲ့သည့် သူမ မျက်နှာပေါ်မှ ဖျော့တော့တော့နှင့် လန်းဆန်းသော အပြုံးလေးက လူအများအား အံအားသင့်သွားစေသည်။ ကျောင်းသားများ၏ မရေမတွက်နိုင်သော စူးစူးရှရှအကြည့်များက သူမအား ရှက်သွေးဖြာသွားစေခဲ့လေ၏။
Zawgyi
Chapter 32 : ေကာလဟာလမ်ားကို ရွင္းလင္းျခင္း( ဒုတိယပိုင္း)
ဒါရိုက္တာက စကားအနည္းငယ္ေျပာလိုက္ၿပီးသည္ႏွင့္ ေက်ာင္းသားမ်ားက စတင္၍ တီးတိုးေျပာဆိုၾကေတာ့သည္။
"အဲဒါ က်င္းယြင္ေက်ာင္းရဲ႕အေၾကာင္းမ်ားလား"
"အဲဒါပဲ ေသခ်ာတယ္။ ဘယ္သူမ်ား ရွိေသးလို႔လဲ။ အခုတစ္ေလာ ဘယ္သူမွ ေအာ္ႀကီးဟစ္က်ယ္ေတြ မလုပ္ခဲ့ဘူးေလ။ အထူးသျဖင့္ နင္တို႔ မေန႕က သူ႕အေဖကို မျမင္လိုက္ၾကလို႔။ သူက တကယ့္ကို ေဒါသတႀကီးနဲ႕ က်င္းယြင္ေက်ာင္းက လမ္းသရဲေတြနဲ႕ ဇာတ္လမ္းေတြရႈပ္ခဲ့ပါတယ္ဆိုၿပီး အက်ယ္ႀကီး ေအာ္ဟစ္ေနခဲ့တာ။ အဲဒါအရင္ကေတာ့ ေကာလဟာလဆိုေပမယ့္ မေန႕ကက် တကယ္ႀကီး ျဖစ္ေနတယ္"
က်င္းယြင္ေက်ာင္း၏ ေဘးရွိ ေက်ာင္းသားမ်ားသည္ပင္ ထိုကဲ့သို႔ တီးတိုးေျပာေနၾက၏။
"ေက်ာင္းသားေတြ တိတ္စမ္း၊ ေက်းဇူးျပဳၿပီး ၿငိမ္ၾကပါ"
ဒါရိုက္တာက အသံျမႇင့္ၿပီး ဆက္ေျပာလိုက္သည္။
"အရင္က ျဖစ္ပြားခဲ့တဲ့ လမ္းသရဲေတြရဲ႕ ျဖစ္ရပ္နဲ႕ ပတ္သတ္ၿပီးေတာ့ က်င္းယြင္ေက်ာင္းနဲ႕ ေက်ာင္းကေနၿပီး ရဲစခန္းကို တိုင္ခ်က္ဖြင့္ခဲ့ၿပီး အဲဒီလူေတြကို ဖမ္းမိထားၿပီးပါၿပီ။ အဆင့္ဆင့္စုံစမ္းေမးျမန္းမႈေတြ လုပ္ၿပီးတဲ့ေနာက္မွာေတာ့ အဲဒီလမ္းသရဲေတြက က်င္းယြင္ေက်ာင္းနဲ႕ လုံးဝပတ္သတ္မႈမရွိဘူးဆိုတာကို အတည္ျပဳခဲ့ပါတယ္။ ႏွစ္ဖက္လုံးက တစ္ဖက္နဲ႕တစ္ဖက္ လုံးဝမသိၾကဘူး၊ ဒါေၾကာင့္ အရင္ကတည္းက ရင္းႏွီးကြၽမ္းဝင္ၾကတယ္လို႔ နာမည္တပ္လို႔ မရပါဘူး။ ဒါေၾကာင့္ ဒီေန႕ကစၿပီး ေက်ာင္းအေနနဲ႕ မင္းတို႔အားလုံး အေျပာအဆို ဂ႐ုစိုက္ၾကဖို႔ ေမွ်ာ္လင့္ပါတယ္။ မဆင္မျခင္ မေျပာပါနဲ႕။ ဆရာ ဆရာမေတြအားလုံးကလည္း ေစာင့္ၾကည့္ေနရပါမယ္။ အကယ္၍ ဘာမွမဟုတ္တဲ့ကိစၥကိုမွ ျပႆနာရွာခ်င္ေသးတဲ့ ေက်ာင္းသားရွိေနေသးရင္ ျပင္းျပင္းထန္ထန္ အေရးယူအျပစ္ေပးခံရပါမယ္"
(T/N : ဒီမွာေျပာသြားတဲ့ အရင္ကတည္းက ရင္းႏွီးကြၽမ္းဝင္ၾကတယ္(早恋)ဆိုတာက puppy loveလိုမ်ိဳး ဆယ္ေက်ာ္သက္အ႐ြယ္မွာ စိတ္ကစားၿပီး ခ်စ္ၾကႀကိဳက္ၾကတာမ်ိဳးကိုေျပာခ်င္တာပါ။ ဒီမွာေျပာသြားတဲ့ အဓိပၸါယ္မွာက် ဆယ္ေက်ာ္သက္ေတြရဲ႕ လိင္မႈကိစၥနဲ႕ပတ္သတ္တာေတြကိုေရာ ရည္ၫႊန္းပါတယ္၊ ရွင္းရွင္းေျပာရရင္ ယြင္ေက်ာင္းက လမ္းသရဲေတြနဲ႕ အစကတည္းက သိေတာင္မသိတာမို႔လို႔ အိပ္ခဲ့တယ္အိပ္ဖူးတယ္ဆိုတာ လုံးဝမဟုတ္ဘူးလို႔ ေျပာတာပါ။)
ဒါရိုက္တာ ေက်ာင္းသားမ်ားအား စုေဝးပြဲၿပီးသည္အထိ ဆုံးမစကား ဆက္လက္ေျပာဆိုေနသည္။ ထို႔ေနာက္ အဆုံးတြင္ သူက ထပ္မံ၍ သတိေပးလိုက္သည္။
"ဒီမနက္ ဘီခန္းက လုက်ားဆိုတဲ့ ေက်ာင္းသူက ေက်ာင္းမွာ ျပႆနာတစ္ခုရွာခဲ့တယ္။ ဒါေၾကာင့္ မင္းတို႔အားလုံးကို ဒီမွာ ထပ္သတိေပးလိုက္မယ္။ အကယ္၍ ဘယ္သူမဆို အျခားထပ္ၿပီး ျပႆနာရွာခဲ့ရင္ အျပစ္ကို မင္းတို႔ရဲ႕မွတ္တမ္းမွာ အၿမဲတမ္း မွတ္တမ္းတင္္ထားမယ္"
သူ၏ စကားအဆုံးတြင္ ေက်ာင္းသားမ်ားအားလုံး အုတ္အုတ္က်တ္က်တ္ျဖစ္သြားၾကသည္။
က်င္းယြင္ေက်ာင္းက စိတ္သက္သာရာရစြာျဖင့္ သက္ျပင္းခ်လိဳက္ၿပီး သူမ၏ မ်က္လုံးထဲတြင္ ျပင္းထန္ေသာ ခံစားခ်က္မ်ား ျဖတ္ေျပးသြား၏။
ေနာက္ဆုံးတြင္ သူမသည္ အတိတ္ဘဝမွ အရိပ္ဆိုးအား ခြာခ်ပစ္လိုက္နိုင္ၿပီျဖစ္၏။ ေကာလဟာလမ်ားႏွင့္ ညစ္ႏြမ္းခဲ့ရေသာ္လည္း ထုတ္ေဖာ္မေျပာနိုင္ခဲ့ျခင္းတို႔ အဆုံးသတ္သြားခဲ့ၿပီ။
သူတို႔၏ ေဘးကပ္ရက္ အတန္းတြင္ ေခ်ာင္ဟုန္ယဲ့က မတ္တပ္ရပ္ေနၿပီး သူမ၏ ခႏၶာကိုယ္က တုန္ရီေနသည္။ သူမသည္ ဤသည္အား လက္မခံခ်င္ေပ။ သူမသည္ အျခားသူမ်ားက က်င္းယြင္ေက်ာင္း၏ အေၾကာင္း ေျပာေနသည္ကို ၾကားလွ်င္ မုန္းသည္။ အထူးသျဖင့္ ဤကဲ့သို႔ လူတိုင္းက က်င္းယြင္ေက်ာင္းကို မတရားမႈ အႀကီးႀကီးအား ခံစားခဲ့ရသူတစ္ေယာက္လို ေျပာဆိုေနၾကလွ်င္ျဖစ္သည္။
ဘာမတရားမႈလဲ။ သူမ၏ မိဘမ်ားသည္ က်င္းယြင္ေက်ာင္းအား ျပဳစုေကြၽးေမြးခဲ့သည္။ သူမသည္ ေခြးတစ္ေကာင္သာသာပင္။ အနည္းဆုံးေတာ့ သူမ ေက်းဇူးေႂကြးအား ျပန္ဆပ္ရမည္ဆိုတာကို သိသင့္၏။
ေခ်ာင္ဟုန္ယဲ့က က်င္းယြင္ေက်ာင္းကို ေဒါသတႀကီး စိုက္ၾကည့္လိုက္သည္။
က်င္းယြင္ေက်ာင္းက ႐ုတ္တရက္ ထူးထူးဆန္းဆန္းခံစားလိုက္ရသျဖင့္ ေခါင္းလွည့္ၾကည့္လိုက္ရာ ေခ်ာင္ဟုန္ယဲ့ႏွင့္ အၾကည့္ခ်င္း ဆုံသြား၏။ ထိုခဏ၌ က်င္းယြင္ေက်ာင္း၏ ႏႈတ္ခမ္းမ်ားက တြန့္ခ်ိဳးသြားၿပီး ေႏြးေထြးမႈတစ္စက္မွ မပါရွိသည့္ ေၾကာက္စရာေကာင္းေသာ အၿပဳံးတစ္ခု ၿပဳံးလိုက္ေလသည္။ ၎မွာ တစ္ပါးသူအား ေခြၽးေစးမ်ားစီးက်လာေလာက္ေအာင္ပင္ ေအးစက္လြန္းလွ၏။
ေခ်ာင္ဟုန္ယဲ့၏ ႏွလုံးသားက တစ္ခ်က္ခုန္သြားသည္။ သူမ၏ ေဒါသအရွိန္က ပို၍ အားနည္းလာၿပီး ေခါင္းတစ္ဖက္လွည့္လိုက္ကာ မ်က္လုံးမ်ားကို ပိတ္လိုက္သည္။
"ဟုန္ယဲ့၊ ဘာျဖစ္တာလဲ"
သူမ၏ ေဖ်ာ့ေတာ့ေနေသာ အသားအေရေၾကာင့္ ေဘးမွ ေက်ာင္းသူက ေမးလာ၏။
"ဘာမွမဟုတ္ပါဘူး။ ေနျပင္းလို႔ပါ။ အဲဒါေၾကာင့္ ေခါင္းမူးသြားတာ"
ေခ်ာင္ဟုန္ယဲ့သည္ သူမ၏ေခါင္းထဲမွ တဝီဝီျမည္သံကိုသာ ၾကားေနရၿပီး မသက္မသာခံစားလာရသျဖင့္ ႀကဳံရာက်ပန္း ဆင္ေျခတစ္ခုကိုသာ ေပးလိုက္ရေတာ့သည္။
ထိုေက်ာင္းသူက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ဘာမွ ဆက္မေျပာေတာ့ေပ။
ဤသည္မွာ မနက္ခင္းအေစာျဖစ္သည္။ ဘယ္က ေနျပင္းတာလဲ။ ေန႕ခင္းဆိုရင္ေတာင္ ေႏြရာသီမွ မဟုတ္တာကို။ ေနေရာင္က ဘယ္လိုမ်ား သူ႕ကို ေခါင္းမူးေအာင္ လုပ္နိုင္ရတာလဲ။ ထို႔အျပင္ ေခ်ာင္ဟုန္ယဲ့၏ အမူအယာမွာ တစ္ေယာက္ေယာက္အား သတ္ခ်င္ေနသကဲ့သို႔ ေၾကာက္ဖို႔ ေကာင္းလွသည္။ တစ္ေယာက္ေယာက္ကမ်ား သူမကို ရန္စသြားလို႔လား။
က်င္းယြင္ေက်ာင္းသည္ ထိုေျပာင္းလဲမႈတစ္ခုလုံးကို ျမင္လိုက္ရ၏။ သူမ၏မ်က္ဝန္းမ်ားက ေအးစက္စက္ ၿပဳံးရိပ္မ်ား ယွက္သန္းသြားၿပီး ေရွ႕သို႔ ေခါင္းျပန္လွည့္သြားသည္။
"က်င္းယြင္ေက်ာင္း၊ ငါေတာင္းပန္ပါတယ္။ ငါ အရင္ရက္ေတြက နင့္အေၾကာင္း မေကာင္းေျပာခဲ့မိတယ္။ ဒါေပမယ့္ ငါ မရည္႐ြယ္ပါဘူး။ ငါ ထင္တာေတြ ေျပာခဲ့မိတာ"
အတန္းသို႔ျပန္ေသာလမ္းတြင္ မိန္းကေလးတစ္ေယာက္ ႐ုတ္တရက္ ရပ္လိုက္ၿပီး က်င္းယြင္ေက်ာင္းအား ေတာင္းပန္လာသည္။
"ရပါတယ္။ အခု အားလုံး ရွင္းလင္းသြားၾကၿပီပဲ"
က်င္းယြင္ေက်ာင္းက ၿပဳံး၍ ျပန္ေျဖသည္။
သူမသည္ သူမ၏ရန္သူမ်ားကို ခြင့္မလႊတ္ဘဲ လက္စားေခ်ရန္ အၿမဲတမ္းတြက္ခ်က္ေနခဲ့ေသာ္လည္း ေက်ာင္းမွ လူအမ်ားစုသည္မူ သူမအေပၚတြင္ ဆိုးယုတ္ေသာ ရည္႐ြယ္ခ်က္မရွိၾကေပ။ အထူးသျဖင့္ ဤမိန္းကေလးက လာေရာက္ဝန္ခံ၍ ေတာင္းပန္စကားဆိုေနသည္ျဖစ္ရာ သူမတြင္ ဆက္လက္ အၿငိဳးအေတးထားေနရန္ အေၾကာင္းမရွိေတာ့။ ၎မွာ သူမ၏ဂုဏ္သတင္းမ်ား ပိုမိုေကာင္းမြန္သည့္ဘက္သို႔ ေျပာင္းလဲလာေၾကာင္း သက္ေသျပရန္အတြက္လည္း လုံေလာက္ေပ၏။
"ဒါ ငါ နင္နဲ႕ ပထမဆုံးအႀကိမ္ စကားေျပာဖူးတာပဲ။ လူတိုင္းက နင့္ကို ေမာက္မာၿပီး မာနႀကီးတယ္လို႔ထင္ၾကတာ။ ဒါေပမယ့္ အခု နင္က လုံးဝဆန့္က်င္ဘက္ပဲဆိုတာ ငါယုံသြားၿပီ။ ၿပီးေတာ့ နင့္အဆင့္ေတြက အရမ္းေကာင္းတာပဲ။ နင္ ေနာက္က်ရင္ ငါ့ကို မွတ္စုေလးေတြ ငွားေပးလို႔ရမလားဟင္"
မိန္းကေလးက ခ်က္ခ်င္းပင္ စိတ္သက္သာရာ ရသြားၿပီး အံအားသင့္စြာ ေျပာလာသည္။
"ရတာေပါ့၊ ကိစၥမရွိဘူး"
က်င္းယြင္ေက်ာင္းက လူအမ်ားႏွင့္ဆက္ဆံရာတြင္ အသားမက်ေသးေသာေၾကာင့္ သူမ စကားေျပာသည္မွာ အလြန္နည္း၍ အနည္းငယ္ ႏုံခ်ာခ်ာပုံစံေပါက္ေန၏။
သို႔ရာတြင္ သူမကိုယ္တိုင္ သတိမထားမိခဲ့သည့္ သူမ မ်က္ႏွာေပၚမွ ေဖ်ာ့ေတာ့ေတာ့ႏွင့္ လန္းဆန္းေသာ အၿပဳံးေလးက လူအမ်ားအား အံအားသင့္သြားေစသည္။ ေက်ာင္းသားမ်ား၏ မေရမတြက္နိုင္ေသာ စူးစူးရွရွအၾကည့္မ်ားက သူမအား ရွက္ေသြးျဖာသြားေစခဲ့ေလ၏။