Chapter 31 : ကောလဟာလများကို ရှင်းလင်းခြင်း
သူတို့သည် ဥပဒေအရ ကြီးကြီးမားမား ဒုက္ခမဖြစ်လျှင်တောင် နစ်နာကြေးကတော့ သေချာပေါက် ပေးကိုပေးရမည်ဖြစ်သည်။
ကျင်းယွင်ကျောင်း၏ သေချာလွန်းသော စကားများကြောင့် လုကျား၏ နှလုံးသားမှာ မသိမသာ တုန်ယင်သွားရ၏။
ရဲတွေက အမှန်တရားကို ကြေညာပြီးပြီ ဟုတ်လား။ ဘာအမှန်တရားလဲ...သူမ အနည်းငယ် ရှုပ်ထွေးနေသည်။ ကျင်းယွင်ကျောင်းက လမ်းသရဲတွေနဲ့ ဇာတ်လမ်းရှုပ်နေတယ်လို့ လူတိုင်းပြောခဲ့ကြတာ မဟုတ်လား။ ဒါမှမဟုတ် အဲဒါက အမှန်မဟုတ်လို့များလား။
ဆရာမကျင်က သက်ပြင်းချလိုက်၏။
"ငါ ဒီကိစ္စကို လူကြီးတွေနဲ့ ဆွေးနွေးပြီးသွားပြီ။ ကျောင်းမှာ ကောလဟာလတွေ ပြန့်တာက အရမ်းမြန်တယ်။ ဒါကြောင့် မနက်ခင်း စုဝေးပွဲပြီးတာနဲ့ ငါတို့ ဒါကို သတင်းထုတ်ပြန်ပြီး မင်းရဲ့ဂုဏ်သိက္ခာကို ရှင်းလင်းပေးပါ့မယ်"
အကယ်၍ ကျောင်းသားတစ်ယောက်သာ ထိုကဲ့သို့သော ကောလဟာလများနှင့် နာမည်ဖျက်ခံရပါက သူတို့သည် ကျောင်းကို ထာဝရ မုန်းတီးသွားလိမ့်မည်မှာ အသေအချာပင်။
"လုကျား၊ မင်းရဲ့မိဘတွေကို လာခဲ့ဖို့ ပြောလိုက်"
ဘီခန်းမှ ဆရာမ၏စိတ်မှာ မသက်မသာခံစားနေရပြီး သူက ဆက်ပြောသည်။
"မင်းက သူများကို အထင်လွဲခံရအောင် လုပ်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒါကလည်း အကြောင်းပြချက်ရှိလို့။ ကျင်းယွင်ကျောင်းက မင်းကို နှောက်ယှက်ခဲ့ဖူးလား။ မင်းက အမှန်တရားကို မသိဘဲနဲ့တောင်မှ မဆင်မခြင် လျှောက်ပြောနေတုန်းပဲ။ မင်းရဲ့လုပ်ရပ်တွေက ဘယ်လိုအကျိုးသက်ရောက်တွေမှုတွေ ယူဆောင်လာမယ်ဆိုတာ မင်းမသိဘူးလား"
ဆရာမပြောသည့်အတိုင်း လုံခြုံရေးအစောင့်က ကင်မရာမှတ်တမ်းကို ယူလာသည်။ မှတ်တမ်းအားကြည့်ပြီးနောက် ကြည့်ရှုနေသူအားလုံး ပြောစရာစကားပင် ပျောက်ရှသွားရ၏။
မှတ်တမ်းက အသံမပါသော်ငြားလည်း သူတို့အားလုံးသည် ဘေးရှိ ကျောင်းသားများထဲမှ တစ်ယောက်ကို မေးလိုက်ရုံနှင့် ဖြစ်ပျက်ခဲ့သည်များကို ရှင်းရှင်းလင်းလင်း သိနိုင်မည်ဖြစ်သည်။
ကျင်းယွင်ကျောင်း၏ ရိုက်ချက်များက အနည်းငယ်ကြမ်းတမ်းလွန်းနေသော်လည်း အမှန်တကယ်ကို ပထမဆုံး စတိုက်ခိုက်ခဲ့သူမှာ လုကျားဖြစ်၏။ အကယ်၍ ကျင်းယွင်ကျောင်းသာ အချိန်မီ မရှောင်နိုင်ခဲ့ပါက သူမ၏ မျက်နှာပေါ်တွင်လည်း ဒဏ်ရာများ နည်းမည်မဟုတ်ပေ။
"ဆရာမကျင်"
လုကျားက စောဒကတက်ရန် ကြံစည်၍ ပါးစပ်ဖွင့်လိုက်သည်။
"လုံလောက်ပြီ။ မင်းရဲ့မိဘတွေ လာကိုလာရမယ်။ အရင်ဆုံး ဆေးခန်းကိုသွား၊ မိန်းကလေးတစ်ယောက်က ဒီလိုမျိုး မပြုမူသင့်ဘူး"
ဘီခန်းမှ ဆရာမက ဒေါသတကြီး ပြောလိုက်သည်။ သူမသည် စိတ်မကောင်းဖြစ်၍ နေရထိုင်ရခက်နေ၏။
သူမ၏အတန်းမှ ကျောင်းသူတစ်ယောက်သည် တစ်စုံတစ်ယောက်အား သွား၍ ရန်စခဲ့သော်လည်း သူကသာ ဒုက္ခရောက်လာခဲ့သည်။ ဘယ်လောက်တောင် အသုံးမကျလိုက်သလဲ။
ကျင်းယွင်ကျောင်းက ဘာမှထပ်မပြောဘဲ နှုတ်ခမ်းသပ်နေ၏။ အရာအားလုံးကို တင်ပြဖြေရှင်းပြီးနောက် သူမသည် ဆရာမကျင်အား နှုတ်ဆက်၍ ထွက်လာခဲ့သည်။
စူးချူက အပေါက်ဝတွင် မျက်လုံးပြူးပြူးလေးဖြင့် ဟိုကြည့်ဒီကြည့်လုပ်ကာ ရပ်စောင့်နေ၏။ ကျင်းယွင်ကျောင်းအား တွေ့သောအခါ သူမ၏ မျက်လုံးများက တောက်ပသွားသည်။
"ပြောင်ကျဲ၊ အစ်မက တကယ်အံ့သြဖို့ကောင်းတာပဲ။ အစ်မက လုကျားကို သူ တစ်ချက်မှ ပြန်မလုပ်နိုင်အောင် ရိုက်ပစ်ခဲ့တယ်။ ဒါပေမယ့် အားလုံးပြီးသွားတဲ့အချိန်ကျ အစ်မက အဆင်ပြေနေတဲ့အပြင်ကို သူကကျ သူ့မိဘတွေကို အခေါ်ခံရတယ်။ ဟားဟား ... ဘယ်လောက်တောင် ကျေနပ်စရာကောင်းလိုက်လဲ"
စူးချူက တစ်ကိုယ်လုံးလှုပ်ခါသွားသည်အထိ ရယ်ပစ်လိုက်သည်။
ကျင်းယွင်ကျောင်းက သူမအား မျှော်လင့်ချက်မဲ့စွာ တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"ငါလည်း ကံကောင်းသွားတာပါ။ တကယ်လို့ စောင့်ကြည့်ကင်မရာတွေသာမရှိရင် ငါ ဘာမှမတတ်နိုင်ဘူးရယ်"
သူမသည် ငတုံးမဟုတ်ပေ။ အကယ်၍ သူမ၌ သက်သေသာမရှိလျှင် ဒုက္ခရောက်မည့်သူက သူမဖြစ်သွားပေလိမ့်မည်။ သူမ ဘာပြောပြော ဘယ်သူကမှ ယုံကြည်မည်မဟုတ်ပေ။
စူးချူက လျှာထုတ်လိုက်ပြီး ကျင်းယွင်ကျောင်း၏ နောက်မှ တွယ်ကပ်၍ လိုက်ပါသွားသည်။
ဖြတ်သွားသမျှ ကျောင်းသားအားလုံး အံသြထိတ်လန့်ကုန်ကြ၏။
သူတို့ကျောင်း၏ ဖုန်းရွှေက မကြာသေးခင်တစ်ချိန်ချိန်၌ တစ်ခုခု လွဲသွားခဲ့သလားမသိ။ မည်သူ့ကိုမှ စကားမပြောသည့် တစ်ကိုယ်တော် ဝံပုလွေမဖြစ်သူ ကျင်းယွင်ကျောင်းက လူတစ်ယောက်အား ပျော့ခွေသွားအောင် ရိုက်ပစ်ရုံသာမက သူငယ်ချင်းတစ်ယောက်ပါ ရှိနေပြီတဲ့လား။ ပြီးတော့ အဲဒီသူကလည်း တစ်ကျောင်းလုံးက အလှနတ်သမီးလို့ ရည်ညွှန်းကြတဲ့သူလေ။
(T/N : ဖုန်းရွှေ(风水)ဆိုတာ ရှေးဟောင်းတရုတ်လောကီပညာရပ်တစ်ခုပါ၊ ယတြာတွေဘာတွေချေကြသလိုမျိုး။ သူက ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ စွမ်းအင်စီးဆင်းမှုတွေ၊ဓါတ်သဘောတွေကို ထိန်းညှိပေးတဲ့ ပညာရပ်ပါ။ ရေခံမြေခံမကောင်းတာ၊ တည်ဆောက်ပုံနေရာချထားပုံမကောင်းတာတွေကိုလည်း ဖုန်းရွှေကောင်းတယ်၊ ဖုန်းရွှေမကောင်းဘူး စသည်ဖြင့် သုံးစွဲကြပါတယ်။ နေရာတစ်ခုရဲ့ ဖုန်းရွှေကောင်းမှ အဲဒီနေရာမှာ နေတဲ့သူက ကျန်းမာချမ်းသာတယ်လို့ ယူဆကြတာမို့လို့ ဖုန်းရွှေမကောင်းရင် ကောင်းအောင် ယတြာတွေဘာတွေချေပေးရပါတယ်။)
ရိကျုံးသည် အလွန်ကြီးမားသော ကျောင်းတစ်ကျောင်းဖြစ်ရာ ခရိုင်တစ်ခုလုံးရှိ အရည်အချင်းအရှိဆုံး၊ ဆွဲဆောင်မှုအရှိဆုံးသူများ လာရောက်စုဝေးနေကြ၏။
အလုပ်မရှိသော ကျောင်းသားတစ်စုက ကျောင်းစာနှင့်မဆိုင်သော အဆင့်သတ်မှတ်ချက်တစ်ခုကို ဖန်တီးခဲ့သည်။ တစ်ခုမှာ ကျောင်း၏ အချောဆုံးကောင်လေးများဖြစ်ပြီး တစ်ခုမှာ ကျောင်း၏အလှဘုရင်မများဖြစ်ကြသည်။
အဆိုပါ အဆင့်သတ်မှတ်ချက်တွင် စူးချူက ညီမငယ်လေးကဲ့သို့ ချစ်စရာကောင်းသော ပုံစံသွင်ပြင်ရှိ၍ တတိယအဆင့်ချိတ်၏။ သူမ၏ ပုံပန်းသွင်ပြင်မှာ စီနီယာများ၏ ချစ်ခင်နှစ်သက်မှုနှင့် အာရုံကို အများဆုံး ဖမ်းစားနိုင်သည်။
စူးချူအား လူအများနှင့် ဆက်ဆံရေးကောင်းသူဟု သိကြသော်လည်း သူမအား အပေါင်းအသင်းရွေးသူအဖြစ်လည်း သိကြ၏။ သူမ,မကြိုက်ဆုံးမှာ လူလိမ်များနှင့် ပတ်သတ်ရခြင်းဖြစ်သည်။ ထို့ကြောင့် သူမအား ယနေ့တွင် ကျင်းယွင်ကျောင်းနှင့်အတူ လမ်းလျှောက်သွားသည်ကို မြင်လိုက်ကြရာ အခြားသူများအတွက် ထူးဆန်းနေသည်မှာ သဘာဝပင်။
ကျင်းယွင်ကျောင်းက ကောလဟာလတွေပြောကြသလိုမျိုး ကြောက်စရာမကောင်းလို့များလား။
ကျင်းယွင်ကျောင်း၏ ပတ်ဝန်းကျင်ရှိ လူများသည် ထူးထူးဆန်းဆန်း ခံစားနေကြရပြီး သူတို့၏ အကြည့်များက ရှုပ်ထွေးနေကြသည်။
သို့ရာတွင် သူတို့၏အကြည့်များမှာ ယခင်ကထက် ပို၍ ကြင်နာလာကြသည်ဖြစ်ရာ ကျင်းယွင်ကျောင်းလည်း ကျေနပ်သွားရ၏။
ခဏကြာပြီးနောက် ကျောင်းသားများသည် စည်းဝေးခန်းမသို့ တန်းစီ၍ သွားကြရသည်။
"အခုတစ်လော ကျောင်းထဲမှာ မကောင်းတဲ့ ကောလဟာလတွေ ပျံ့နှံ့နေတာက မကောင်းတဲ့လွှမ်းမိုးမှုကို ဖြစ်စေတယ်"
ဒါရိုက်တာ၏ တင်းမာ၍ အလေးအနက်ရှိသော အသံက စပီကာများကို ဖြတ်၍ စတင်ထွက်ပေါ်လာသည်။
Zawgyi
Chapter 31 : ေကာလဟာလမ်ားကို ရွင္းလင္းျခင္း
သူတို႔သည္ ဥပေဒအရ ႀကီးႀကီးမားမား ဒုကၡမျဖစ္လွ်င္ေတာင္ နစ္နာေၾကးကေတာ့ ေသခ်ာေပါက္ ေပးကိုေပးရမည္ျဖစ္သည္။
က်င္းယြင္ေက်ာင္း၏ ေသခ်ာလြန္းေသာ စကားမ်ားေၾကာင့္ လုက်ား၏ ႏွလုံးသားမွာ မသိမသာ တုန္ယင္သြားရ၏။
ရဲေတြက အမွန္တရားကို ေၾကညာၿပီးၿပီ ဟုတ္လား။ ဘာအမွန္တရားလဲ...သူမ အနည္းငယ္ ရႈပ္ေထြးေနသည္။ က်င္းယြင္ေက်ာင္းက လမ္းသရဲေတြနဲ႕ ဇာတ္လမ္းရႈပ္ေနတယ္လို႔ လူတိုင္းေျပာခဲ့ၾကတာ မဟုတ္လား။ ဒါမွမဟုတ္ အဲဒါက အမွန္မဟုတ္လို႔မ်ားလား။
ဆရာမက်င္က သက္ျပင္းခ်လိဳက္၏။
"ငါ ဒီကိစၥကို လူႀကီးေတြနဲ႕ ေဆြးေႏြးၿပီးသြားၿပီ။ ေက်ာင္းမွာ ေကာလဟာလေတြ ျပန့္တာက အရမ္းျမန္တယ္။ ဒါေၾကာင့္ မနက္ခင္း စုေဝးပြဲၿပီးတာနဲ႕ ငါတို႔ ဒါကို သတင္းထုတ္ျပန္ၿပီး မင္းရဲ႕ဂုဏ္သိကၡာကို ရွင္းလင္းေပးပါ့မယ္"
အကယ္၍ ေက်ာင္းသားတစ္ေယာက္သာ ထိုကဲ့သို႔ေသာ ေကာလဟာလမ်ားႏွင့္ နာမည္ဖ်က္ခံရပါက သူတို႔သည္ ေက်ာင္းကို ထာဝရ မုန္းတီးသြားလိမ့္မည္မွာ အေသအခ်ာပင္။
"လုက်ား၊ မင္းရဲ႕မိဘေတြကို လာခဲ့ဖို႔ ေျပာလိုက္"
ဘီခန္းမွ ဆရာမ၏စိတ္မွာ မသက္မသာခံစားေနရၿပီး သူက ဆက္ေျပာသည္။
"မင္းက သူမ်ားကို အထင္လြဲခံရေအာင္ လုပ္ခဲ့တယ္။ ဒါေပမယ့္ အဲ့ဒါကလည္း အေၾကာင္းျပခ်က္ရွိလို႔။ က်င္းယြင္ေက်ာင္းက မင္းကို ေႏွာက္ယွက္ခဲ့ဖူးလား။ မင္းက အမွန္တရားကို မသိဘဲနဲ႕ေတာင္မွ မဆင္မျခင္ ေလွ်ာက္ေျပာေနတုန္းပဲ။ မင္းရဲ႕လုပ္ရပ္ေတြက ဘယ္လိုအက်ိဳးသက္ေရာက္ေတြမႈေတြ ယူေဆာင္လာမယ္ဆိုတာ မင္းမသိဘူးလား"
ဆရာမေျပာသည့္အတိုင္း လုံၿခဳံေရးအေစာင့္က ကင္မရာမွတ္တမ္းကို ယူလာသည္။ မွတ္တမ္းအားၾကည့္ၿပီးေနာက္ ၾကည့္ရႈေနသူအားလုံး ေျပာစရာစကားပင္ ေပ်ာက္ရွသြားရ၏။
မွတ္တမ္းက အသံမပါေသာ္ျငားလည္း သူတို႔အားလုံးသည္ ေဘးရွိ ေက်ာင္းသားမ်ားထဲမွ တစ္ေယာက္ကို ေမးလိုက္႐ုံႏွင့္ ျဖစ္ပ်က္ခဲ့သည္မ်ားကို ရွင္းရွင္းလင္းလင္း သိနိုင္မည္ျဖစ္သည္။
က်င္းယြင္ေက်ာင္း၏ ရိုက္ခ်က္မ်ားက အနည္းငယ္ၾကမ္းတမ္းလြန္းေနေသာ္လည္း အမွန္တကယ္ကို ပထမဆုံး စတိုက္ခိုက္ခဲ့သူမွာ လုက်ားျဖစ္၏။ အကယ္၍ က်င္းယြင္ေက်ာင္းသာ အခ်ိန္မီ မေရွာင္နိုင္ခဲ့ပါက သူမ၏ မ်က္ႏွာေပၚတြင္လည္း ဒဏ္ရာမ်ား နည္းမည္မဟုတ္ေပ။
"ဆရာမက်င္"
လုက်ားက ေစာဒကတက္ရန္ ႀကံစည္၍ ပါးစပ္ဖြင့္လိုက္သည္။
"လုံေလာက္ၿပီ။ မင္းရဲ႕မိဘေတြ လာကိုလာရမယ္။ အရင္ဆုံး ေဆးခန္းကိုသြား၊ မိန္းကေလးတစ္ေယာက္က ဒီလိုမ်ိဳး မျပဳမူသင့္ဘူး"
ဘီခန္းမွ ဆရာမက ေဒါသတႀကီး ေျပာလိုက္သည္။ သူမသည္ စိတ္မေကာင္းျဖစ္၍ ေနရထိုင္ရခက္ေန၏။
သူမ၏အတန္းမွ ေက်ာင္းသူတစ္ေယာက္သည္ တစ္စုံတစ္ေယာက္အား သြား၍ ရန္စခဲ့ေသာ္လည္း သူကသာ ဒုကၡေရာက္လာခဲ့သည္။ ဘယ္ေလာက္ေတာင္ အသုံးမက်လိဳက္သလဲ။
က်င္းယြင္ေက်ာင္းက ဘာမွထပ္မေျပာဘဲ ႏႈတ္ခမ္းသပ္ေန၏။ အရာအားလုံးကို တင္ျပေျဖရွင္းၿပီးေနာက္ သူမသည္ ဆရာမက်င္အား ႏႈတ္ဆက္၍ ထြက္လာခဲ့သည္။
စူးခ်ဴက အေပါက္ဝတြင္ မ်က္လုံးျပဴးျပဴးေလးျဖင့္ ဟိုၾကည့္ဒီၾကည့္လုပ္ကာ ရပ္ေစာင့္ေန၏။ က်င္းယြင္ေက်ာင္းအား ေတြ႕ေသာအခါ သူမ၏ မ်က္လုံးမ်ားက ေတာက္ပသြားသည္။
"ေျပာင္က်ဲ၊ အစ္မက တကယ္အံ့ၾသဖို႔ေကာင္းတာပဲ။ အစ္မက လုက်ားကို သူ တစ္ခ်က္မွ ျပန္မလုပ္နိုင္ေအာင္ ရိုက္ပစ္ခဲ့တယ္။ ဒါေပမယ့္ အားလုံးၿပီးသြားတဲ့အခ်ိန္က် အစ္မက အဆင္ေျပေနတဲ့အျပင္ကို သူကက် သူ႕မိဘေတြကို အေခၚခံရတယ္။ ဟားဟား ... ဘယ္ေလာက္ေတာင္ ေက်နပ္စရာေကာင္းလိုက္လဲ"
စူးခ်ဴက တစ္ကိုယ္လုံးလႈပ္ခါသြားသည္အထိ ရယ္ပစ္လိုက္သည္။
က်င္းယြင္ေက်ာင္းက သူမအား ေမွ်ာ္လင့္ခ်က္မဲ့စြာ တစ္ခ်က္ၾကည့္ၿပီး ေျပာလိုက္သည္။
"ငါလည္း ကံေကာင္းသြားတာပါ။ တကယ္လို႔ ေစာင့္ၾကည့္ကင္မရာေတြသာမရွိရင္ ငါ ဘာမွမတတ္နိုင္ဘူးရယ္"
သူမသည္ ငတုံးမဟုတ္ေပ။ အကယ္၍ သူမ၌ သက္ေသသာမရွိလွ်င္ ဒုကၡေရာက္မည့္သူက သူမျဖစ္သြားေပလိမ့္မည္။ သူမ ဘာေျပာေျပာ ဘယ္သူကမွ ယုံၾကည္မည္မဟုတ္ေပ။
စူးခ်ဴက လွ်ာထုတ္လိုက္ၿပီး က်င္းယြင္ေက်ာင္း၏ ေနာက္မွ တြယ္ကပ္၍ လိုက္ပါသြားသည္။
ျဖတ္သြားသမွ် ေက်ာင္းသားအားလုံး အံၾသထိတ္လန့္ကုန္ၾက၏။
သူတို႔ေက်ာင္း၏ ဖုန္းေ႐ႊက မၾကာေသးခင္တစ္ခ်ိန္ခ်ိန္၌ တစ္ခုခု လြဲသြားခဲ့သလားမသိ။ မည္သူ႕ကိုမွ စကားမေျပာသည့္ တစ္ကိုယ္ေတာ္ ဝံပုေလြမျဖစ္သူ က်င္းယြင္ေက်ာင္းက လူတစ္ေယာက္အား ေပ်ာ့ေခြသြားေအာင္ ရိုက္ပစ္႐ုံသာမက သူငယ္ခ်င္းတစ္ေယာက္ပါ ရွိေနၿပီတဲ့လား။ ၿပီးေတာ့ အဲဒီသူကလည္း တစ္ေက်ာင္းလုံးက အလွနတ္သမီးလို႔ ရည္ၫႊန္းၾကတဲ့သူေလ။
(T/N : ဖုန္းေ႐ႊ(风水)ဆိုတာ ေရွးေဟာင္းတ႐ုတ္ေလာကီပညာရပ္တစ္ခုပါ၊ ယၾတာေတြဘာေတြေခ်ၾကသလိုမ်ိဳး။ သူက ကိုယ္နဲ႕ကိုယ့္ပတ္ဝန္းက်င္မွာ ရွိတဲ့ စြမ္းအင္စီးဆင္းမႈေတြ၊ဓါတ္သေဘာေတြကို ထိန္းညွိေပးတဲ့ ပညာရပ္ပါ။ ေရခံေျမခံမေကာင္းတာ၊ တည္ေဆာက္ပုံေနရာခ်ထားပုံမေကာင္းတာေတြကိုလည္း ဖုန္းေ႐ႊေကာင္းတယ္၊ ဖုန္းေ႐ႊမေကာင္းဘူး စသည္ျဖင့္ သုံးစြဲၾကပါတယ္။ ေနရာတစ္ခုရဲ႕ ဖုန္းေ႐ႊေကာင္းမွ အဲဒီေနရာမွာ ေနတဲ့သူက က်န္းမာခ်မ္းသာတယ္လို႔ ယူဆၾကတာမို႔လို႔ ဖုန္းေ႐ႊမေကာင္းရင္ ေကာင္းေအာင္ ယၾတာေတြဘာေတြေခ်ေပးရပါတယ္။)
ရိက်ဳံးသည္ အလြန္ႀကီးမားေသာ ေက်ာင္းတစ္ေက်ာင္းျဖစ္ရာ ခရိုင္တစ္ခုလုံးရွိ အရည္အခ်င္းအရွိဆုံး၊ ဆြဲေဆာင္မႈအရွိဆုံးသူမ်ား လာေရာက္စုေဝးေနၾက၏။
အလုပ္မရွိေသာ ေက်ာင္းသားတစ္စုက ေက်ာင္းစာႏွင့္မဆိုင္ေသာ အဆင့္သတ္မွတ္ခ်က္တစ္ခုကို ဖန္တီးခဲ့သည္။ တစ္ခုမွာ ေက်ာင္း၏ အေခ်ာဆုံးေကာင္ေလးမ်ားျဖစ္ၿပီး တစ္ခုမွာ ေက်ာင္း၏အလွဘုရင္မမ်ားျဖစ္ၾကသည္။
အဆိုပါ အဆင့္သတ္မွတ္ခ်က္တြင္ စူးခ်ဴက ညီမငယ္ေလးကဲ့သို႔ ခ်စ္စရာေကာင္းေသာ ပုံစံသြင္ျပင္ရွိ၍ တတိယအဆင့္ခ်ိတ္၏။ သူမ၏ ပုံပန္းသြင္ျပင္မွာ စီနီယာမ်ား၏ ခ်စ္ခင္ႏွစ္သက္မႈႏွင့္ အာ႐ုံကို အမ်ားဆုံး ဖမ္းစားနိုင္သည္။
စူးခ်ဴအား လူအမ်ားႏွင့္ ဆက္ဆံေရးေကာင္းသူဟု သိၾကေသာ္လည္း သူမအား အေပါင္းအသင္းေ႐ြးသူအျဖစ္လည္း သိၾက၏။ သူမ,မႀကိဳက္ဆုံးမွာ လူလိမ္မ်ားႏွင့္ ပတ္သတ္ရျခင္းျဖစ္သည္။ ထို႔ေၾကာင့္ သူမအား ယေန႕တြင္ က်င္းယြင္ေက်ာင္းႏွင့္အတူ လမ္းေလွ်ာက္သြားသည္ကို ျမင္လိုက္ၾကရာ အျခားသူမ်ားအတြက္ ထူးဆန္းေနသည္မွာ သဘာဝပင္။
က်င္းယြင္ေက်ာင္းက ေကာလဟာလေတြေျပာၾကသလိုမ်ိဳး ေၾကာက္စရာမေကာင္းလို႔မ်ားလား။
က်င္းယြင္ေက်ာင္း၏ ပတ္ဝန္းက်င္ရွိ လူမ်ားသည္ ထူးထူးဆန္းဆန္း ခံစားေနၾကရၿပီး သူတို႔၏ အၾကည့္မ်ားက ရႈပ္ေထြးေနၾကသည္။
သို႔ရာတြင္ သူတို႔၏အၾကည့္မ်ားမွာ ယခင္ကထက္ ပို၍ ၾကင္နာလာၾကသည္ျဖစ္ရာ က်င္းယြင္ေက်ာင္းလည္း ေက်နပ္သြားရ၏။
ခဏၾကာၿပီးေနာက္ ေက်ာင္းသားမ်ားသည္ စည္းေဝးခန္းမသို႔ တန္းစီ၍ သြားၾကရသည္။
"အခုတစ္ေလာ ေက်ာင္းထဲမွာ မေကာင္းတဲ့ ေကာလဟာလေတြ ပ်ံ့ႏွံ႕ေနတာက မေကာင္းတဲ့လႊမ္းမိုးမႈကို ျဖစ္ေစတယ္"
ဒါရိုက္တာ၏ တင္းမာ၍ အေလးအနက္ရွိေသာ အသံက စပီကာမ်ားကို ျဖတ္၍ စတင္ထြက္ေပၚလာသည္။