Chapter 28 : နင်က မိထွေးဖြစ်ချင်နေတာလား
"လုကျား၊ နင့်အသံကို လျှော့ပါဦး"
လုကျား၏ဘေးမှ မိန်းကလေးက သတိပေးလိုက်သည်။
သူတို့သည် ကျင်းယွင်ကျောင်းအား မနှစ်သက်သည့်တိုင်အောင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တစ်ခါမှ ရန်စမရှိခဲ့ပေ။ ထို့အပြင် မနေ့က ချောင်ဟုန်ယဲ့၏ အဖေဖြစ်သူက ကျောင်းသို့လာ၍ အော်ကြီးဟစ်ကျယ်လုပ်ခဲ့ရာ လူတိုင်း စိတ်မသက်မသာဖြစ်ခဲ့ကြရ၏။ သူတို့သည် ထိုကဲ့သို့ အရှက်တရားကင်းမဲ့၍ အရေထူသောသူမျိုးကို တစ်ခါမှ မတွေ့ဖူးခဲ့။
"ငါ့ကို မတားနဲ့"
လုကျားက ဂရုမစိုက်ဟန်ဖြင့် ဆက်ပြောပြန်သည်။
"ငါက ဘာအမှားလုပ်မိလို့ ငါ့အသံကို ထိန်းပြောရမှာလဲ။ နင်တို့တွေ ဘာလို့ ဒီကိစ္စကို ဦးနှောက်နည်းနည်းသုံးပြီး စဥ်းစားကြည့်ကြလေ။ သူက ချောင်ဟုန်ယဲ့ရဲ့ အစ်မအရင်း မဟုတ်ဘူး၊ ဒါပေမယ့် သူ့ကို ချောင်မိသားစုရဲ့အရိပ်အောက်မှာ နှစ်ပေါင်းများစွာ ကျွေးမွေးစောင့်ရှောက်ပေးခဲ့တာ။ သူက ကျောင်းရဲ့ ထိပ်ဆုံးကျောင်းသူတစ်ဦးတောင် ဖြစ်လာသေးတယ်လေ။ ဘယ်လိုအခွင့်အရေးနဲ့များ သူက သူတို့ကို သူ့ရဲ့မိဘတွေအဖြစ် အသိအမှတ်မပြုနိုင်ရတာလဲ။ မနေ့က ကိစ္စမှာလည်း ဦးလေးချောင် တအားဒေါသထွက်နေတာ အကြောင်းအရင်းရှိတယ်။ သူသာ အဲဒီလမ်းသရဲတွေနဲ့ ဇာတ်လမ်းမရှုပ်ခဲ့ဘူးဆိုရင် ကိစ္စတွေကလည်း ဒီလိုပြောင်းလဲသွားမှာ မဟုတ်ဘူး"
"နင် ဘာအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာလဲ။ အဲဒီလမ်းသရဲတွေက အဖမ်းခံရပြီးပြီ။ ပြီးတော့ သူတို့က ပြောင်ကျဲနဲ့ ဘာမှမဖြစ်ခဲ့ကြဘူး"
စူးချူက လုကျား၏ ဝေဖန်စွပ်စွဲမှုကို ကြားသောအခါ ဒေါသတကြီး ဝင်ပြောလိုက်၏။
လူများသည် အဘယ့်ကြောင့် ကောလဟာလများ ဖြန့်ရသည်ကို နှစ်သက်ကြပြီး ပြဿနာကို မီးမွှေးရှာတတ်ကြသည်မှန်း သူမ နားမလည်နိုင်။
ကျင်းယွင်ကျောင်း၏ မျက်ဝန်းများက အနည်းငယ် မှိန်ဖျော့သွားသည်။ သူမသည် စူးချူအား သူမ၏နောက်သို့ ပြန်ဆွဲလိုက်ပြီး လုကျားဆီသို့ တည့်တည့်လျှောက်သွားလိုက်၏။
"နင်က ငါနဲ့ တစ်အိမ်တည်းနေတာလား။ ငါ ဘယ်လိုနေခဲ့ရတယ်ဆိုတာ နင်က သိလို့လား။ ဒါမှမဟုတ်ရင် နင်က လူတွေရဲ့စိတ်ကို ဖတ်နိုင်ပြီးတော့ ငါ ဘာတွေးနေလဲဆိုတာကို သိနေတာလား။ မဟုတ်ရင် နင့်မှာ ချောင်ဝေ့မင်ဘက်ကနေ ရှေ့နေလိုက်ပေးဖို့ ဘယ်လို အခွင့်အရေးများ ရှိနေလို့လဲ။ အိုး...ချောင်ဝေ့မင်က အခုအချိန်မှာ သူ့ဇနီးဆုံးသွားလို့ ဝမ်းနည်းကြေကွဲနေတုန်း ရှိသေးတာနော်။ နင်က ချောင်ဟုန်ယဲ့ကို အရမ်းချစ်နေတာဆိုတော့ နင်က သူ့မိထွေးဖြစ်လာဖို့များ အစီအစဥ်ဆွဲနေတာလား"
ကျင်းယွင်ကျောင်းက နောက်မဆုတ်စတမ်း ပြန်တုံ့ပြန်လိုက်သည်။
အတိတ်ဘဝကတည်းကပင် လုကျားသည် ချောင်ဟုန်ယဲ့၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်ခဲ့သည်။
အကယ်၍ လုကျားသည် ကျင်းယွင်ကျောင်းက ချောင်ဟုန်ယဲ့ဆီမှ ပထမနေရာကို ခိုးသွား၍ မနာလိုဖြစ်သည်သာဆိုပါက ကျင်းယွင်ကျောင်းတွင် ပြောစရာစကားမရှိပေ။ သို့သော် သူမသည် ယခင်က လုကျားနှင့် တစ်ခါမှ ပြဿနာမဖြစ်ဖူးပါဘဲ လုကျားက သူမအား အမြဲ ပြဿနာရှာ၏။
ဤသည်က လုကျားသည် သူမ၏သူငယ်ချင်းဘက်မှ ရပ်တည်၍ ကျင်းယွင်ကျောင်းအား နာမည်ဖျက်သည့် ပထမဆုံးအကြိမ်မဟုတ်ပေ။ အတိတ်ဘဝတုန်းက ကျင်းယွင်ကျောင်းသည် သူမ,မရှိသကဲ့သို့ သဘောထား၍ လျစ်လျူရှုခဲ့သည်။ သို့သော် ယခုတွင်တော့ သူမ ထိုသို့ ထပ်မလုပ်နိုင်တော့ပေ။
သူတို့သည် အသက်ဆယ့်ငါးနှစ်အရွယ်မိန်းကလေးများသာ ဖြစ်ကြသည်။ လုကျားက ကျင်းယွင်ကျောင်း၏စကားကို ကြားသောအခါ သူမ၏ မျက်နှာက ချက်ချင်းနီရဲတက်လာ၏။
"ငါ မဟုတ်ဘူး။ နင်ကသာ အောက်တန်းစားမ။ နင့်မှာ ငါ့ကို ဒီလိုပြောဖို့ ဘာအခွင့်အရေးများရှိလို့လဲ"
အခြားလူများက ကျင်းယွင်ကျောင်း၏ စကားများအား ယုံကြည်သွားမည်ကို စိုးသောကြောင့် လုကျား၏ အသံမှာ တုန်ယင်နေသည်။
သူမက လက်ကိုမြှောက်၍ ကျင်းယွင်ကျောင်းအား လက်ညှိုးငေါက်ငေါက်ထိုးလိုက်၏။ သူမ၏ ချက်ချင်းထလုပ်တော့မည့်သဖွယ် အမူအယာမှာ အတော်လေး ကြောက်စရာကောင်းနေသည်။
ဤလုကျားသည် ချောင်ဟုန်ယဲ့နှင့် ပုံပန်းသွင်ပြင် လုံးဝကွာခြား၏။ သူမတွင် ဆံပင်ရှည်များရှိသော်လည်း သူမသည် သိပ်ကြည့်မကောင်းဘဲ၊ မျက်နှာအစိတ်အပိုင်းများမှာ ရွက်ကြမ်းရေကျိုမျှသာ ဖြစ်သည်။ ပျိုဖော်ဝင်စချိန်ဖြစ်သောကြောင့် သူမ၏မျက်နှာတွင် ဝက်ခြံအချို့ရှိနေလေရာ သူမ၏အသားအရေမှာ ချောင်ဟုန်ယဲ့လောက်လည်း မကောင်းပေ။
ယခုအခါ သူမ အလွန်ဒေါသထွက်နေသည်ဖြစ်ရာ သူမ၏ ဝက်ခြံများသည်လည်း ပေါက်ထွက်မတတ် နီရဲလာကြသည်။ ၎င်းအား သူမ၏ရန်လိုနေသော အမူအရာနှင့်တွဲလိုက်ရာ ကျင်းယွင်ကျောင်းသည် ထိုမြင်ကွင်းအား အနည်းငယ် မသတီဖြစ်မိ၏။
"ဒါကြောင့် ငါက အောက်တန်းမပေါ့။ ငါက သေသင့်တယ်၊ အနိုင်ကျင့်ခံရသင့်တယ်ဆိုတဲ့ အဓိပ္ပါယ်လား"
ကျင်းယွင်ကျောင်းက လက်မြှောက်၍ လုကျား၏ လက်ကို အားဖြင့် ရိုက်ချလိုက်သည်။
"ငါက တခြားသူတွေဆီကနေ လက်ညှိုးထိုးခံရတာကို မကြိုက်ဘူး။ အထူးသဖြင့် ရွံစရာကောင်းတာတွေဆီကနေပေါ့"
"အရှက်မရှိ၊ ဘယ်သူ့ကို ရွံစရာကောင်းတယ်လို့ ပြောနေတာလဲ"
လုကျားသည် သူမ၏ မျက်နှာနှင့် ပတ်သတ်၍ အမြဲတမ်း မသက်မသာ ခံစားနေရသည် ဖြစ်၏။ ယခုအခါ ကျင်းယွင်ကျောင်းက ထိုသို့ပြောလိုက်လေရာ လုကျားသည် သည်းမခံနိုင်တော့ဘဲ သူမအား ဘေးလူများက တားနေသည်ကိုပင် လျစ်လျူရှုကာ ကျင်းယွင်ကျောင်းဆီသို့ ဒေါသတကြီး ပြေးဝင်သွားတော့သည်။
အရူးမတစ်ယောက်ကဲ့သို့ပင် လုကျားသည် သူမ၏လက်သည်းရှည်များကို ထုတ်ပြီး ကျင်းယွင်ကျောင်း၏ မျက်နှာအား ဆွဲကုတ်ပစ်လိုက်၏။ အကယ်၍ အတိတ်ဘဝတုန်းကသာ ဖြစ်ပါမူ လုကျားသည် သူမ၏ မျက်နှာအား အောင်အောင်မြင်မြင် ဆွဲကုတ်ပစ်နိုင်မည်ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ကျင်းယွင်ကျောင်းသည် သူမ၏နေရာလွတ်နယ်မြေထဲ၌ ကိုယ်ခံပညာများကို အချိန်တစ်ခုကြာအောင် လေ့ကျင့်ထားပြီးဖြစ်၏။ သူမ၏ စွမ်းရည်သည် စတင်လေ့လာသူတစ်ယောက်ကဲ့သို့ မှတ်ယူရလောက်အောင်ပင် မကောင်းသေးသော်လည်း သူမ၏ ခွန်အားနှင့် အလိုအလျောက်တုံ့ပြန်နိုင်စွမ်းကမူ လုကျားကဲ့သို့သော မိန်းကလေးငယ်လေးများထက် သာပေသည်။
ကျင်းယွင်ကျောင်းက လက်ဆန့်၍ လုကျား၏ လက်ချောင်းများကို ဖမ်းဆွဲထားလိုက်၏။ သူမသည် ထိုလက်ချောင်းများကို ရက်ရက်စက်စက် ဆုပ်ချေပစ်လိုက်ရာ ပတ်ဝန်းကျင်ရှိလူများပင် အရိုးအက်သံသဲ့သဲ့ကို ကြားလိုက်ရသည်။
လုကျားသည် မျက်ရည်များကျလာပြီး နာနာကျင်ကျင် အော်ငိုလိုက်လေ၏။
Zawgyi
Chapter 28 : နင္က မိေထြးျဖစ္ခ်င္ေနတာလား
"လုက်ား၊ နင့္အသံကို ေလွ်ာ့ပါဦး"
လုက်ား၏ေဘးမွ မိန္းကေလးက သတိေပးလိုက္သည္။
သူတို႔သည္ က်င္းယြင္ေက်ာင္းအား မႏွစ္သက္သည့္တိုင္ေအာင္ သူတို႔သည္ တစ္ေယာက္ႏွင့္တစ္ေယာက္ တစ္ခါမွ ရန္စမရွိခဲ့ေပ။ ထို႔အျပင္ မေန႕က ေခ်ာင္ဟုန္ယဲ့၏ အေဖျဖစ္သူက ေက်ာင္းသို႔လာ၍ ေအာ္ႀကီးဟစ္က်ယ္လုပ္ခဲ့ရာ လူတိုင္း စိတ္မသက္မသာျဖစ္ခဲ့ၾကရ၏။ သူတို႔သည္ ထိုကဲ့သို႔ အရွက္တရားကင္းမဲ့၍ အေရထူေသာသူမ်ိဳးကို တစ္ခါမွ မေတြ႕ဖူးခဲ့။
"ငါ့ကို မတားနဲ႕"
လုက်ားက ဂ႐ုမစိုက္ဟန္ျဖင့္ ဆက္ေျပာျပန္သည္။
"ငါက ဘာအမွားလုပ္မိလို႔ ငါ့အသံကို ထိန္းေျပာရမွာလဲ။ နင္တို႔ေတြ ဘာလို႔ ဒီကိစၥကို ဦးေႏွာက္နည္းနည္းသုံးၿပီး စဥ္းစားၾကည့္ၾကေလ။ သူက ေခ်ာင္ဟုန္ယဲ့ရဲ႕ အစ္မအရင္း မဟုတ္ဘူး၊ ဒါေပမယ့္ သူ႕ကို ေခ်ာင္မိသားစုရဲ႕အရိပ္ေအာက္မွာ ႏွစ္ေပါင္းမ်ားစြာ ေကြၽးေမြးေစာင့္ေရွာက္ေပးခဲ့တာ။ သူက ေက်ာင္းရဲ႕ ထိပ္ဆုံးေက်ာင္းသူတစ္ဦးေတာင္ ျဖစ္လာေသးတယ္ေလ။ ဘယ္လိုအခြင့္အေရးနဲ႕မ်ား သူက သူတို႔ကို သူ႕ရဲ႕မိဘေတြအျဖစ္ အသိအမွတ္မျပဳနိုင္ရတာလဲ။ မေန႕က ကိစၥမွာလည္း ဦးေလးေခ်ာင္ တအားေဒါသထြက္ေနတာ အေၾကာင္းအရင္းရွိတယ္။ သူသာ အဲဒီလမ္းသရဲေတြနဲ႕ ဇာတ္လမ္းမရႈပ္ခဲ့ဘူးဆိုရင္ ကိစၥေတြကလည္း ဒီလိုေျပာင္းလဲသြားမွာ မဟုတ္ဘူး"
"နင္ ဘာအဓိပၸါယ္မရွိတာေတြ ေလွ်ာက္ေျပာေနတာလဲ။ အဲဒီလမ္းသရဲေတြက အဖမ္းခံရၿပီးၿပီ။ ၿပီးေတာ့ သူတို႔က ေျပာင္က်ဲနဲ႕ ဘာမွမျဖစ္ခဲ့ၾကဘူး"
စူးခ်ဴက လုက်ား၏ ေဝဖန္စြပ္စြဲမႈကို ၾကားေသာအခါ ေဒါသတႀကီး ဝင္ေျပာလိုက္၏။
လူမ်ားသည္ အဘယ့္ေၾကာင့္ ေကာလဟာလမ်ား ျဖန့္ရသည္ကို ႏွစ္သက္ၾကၿပီး ျပႆနာကို မီးေမႊးရွာတတ္ၾကသည္မွန္း သူမ နားမလည္နိုင္။
က်င္းယြင္ေက်ာင္း၏ မ်က္ဝန္းမ်ားက အနည္းငယ္ မွိန္ေဖ်ာ့သြားသည္။ သူမသည္ စူးခ်ဴအား သူမ၏ေနာက္သို႔ ျပန္ဆြဲလိုက္ၿပီး လုက်ားဆီသို႔ တည့္တည့္ေလွ်ာက္သြားလိုက္၏။
"နင္က ငါနဲ႕ တစ္အိမ္တည္းေနတာလား။ ငါ ဘယ္လိုေနခဲ့ရတယ္ဆိုတာ နင္က သိလို႔လား။ ဒါမွမဟုတ္ရင္ နင္က လူေတြရဲ႕စိတ္ကို ဖတ္နိုင္ၿပီးေတာ့ ငါ ဘာေတြးေနလဲဆိုတာကို သိေနတာလား။ မဟုတ္ရင္ နင့္မွာ ေခ်ာင္ေဝ့မင္ဘက္ကေန ေရွ႕ေနလိုက္ေပးဖို႔ ဘယ္လို အခြင့္အေရးမ်ား ရွိေနလို႔လဲ။ အိုး...ေခ်ာင္ေဝ့မင္က အခုအခ်ိန္မွာ သူ႕ဇနီးဆုံးသြားလို႔ ဝမ္းနည္းေၾကကြဲေနတုန္း ရွိေသးတာေနာ္။ နင္က ေခ်ာင္ဟုန္ယဲ့ကို အရမ္းခ်စ္ေနတာဆိုေတာ့ နင္က သူ႕မိေထြးျဖစ္လာဖို႔မ်ား အစီအစဥ္ဆြဲေနတာလား"
က်င္းယြင္ေက်ာင္းက ေနာက္မဆုတ္စတမ္း ျပန္တုံ႕ျပန္လိုက္သည္။
အတိတ္ဘဝကတည္းကပင္ လုက်ားသည္ ေခ်ာင္ဟုန္ယဲ့၏ အခ်စ္ဆုံးသူငယ္ခ်င္း ျဖစ္ခဲ့သည္။
အကယ္၍ လုက်ားသည္ က်င္းယြင္ေက်ာင္းက ေခ်ာင္ဟုန္ယဲ့ဆီမွ ပထမေနရာကို ခိုးသြား၍ မနာလိုျဖစ္သည္သာဆိုပါက က်င္းယြင္ေက်ာင္းတြင္ ေျပာစရာစကားမရွိေပ။ သို႔ေသာ္ သူမသည္ ယခင္က လုက်ားႏွင့္ တစ္ခါမွ ျပႆနာမျဖစ္ဖူးပါဘဲ လုက်ားက သူမအား အၿမဲ ျပႆနာရွာ၏။
ဤသည္က လုက်ားသည္ သူမ၏သူငယ္ခ်င္းဘက္မွ ရပ္တည္၍ က်င္းယြင္ေက်ာင္းအား နာမည္ဖ်က္သည့္ ပထမဆုံးအႀကိမ္မဟုတ္ေပ။ အတိတ္ဘဝတုန္းက က်င္းယြင္ေက်ာင္းသည္ သူမ,မရွိသကဲ့သို႔ သေဘာထား၍ လ်စ္လ်ဴရႈခဲ့သည္။ သို႔ေသာ္ ယခုတြင္ေတာ့ သူမ ထိုသို႔ ထပ္မလုပ္နိုင္ေတာ့ေပ။
သူတို႔သည္ အသက္ဆယ့္ငါးႏွစ္အ႐ြယ္မိန္းကေလးမ်ားသာ ျဖစ္ၾကသည္။ လုက်ားက က်င္းယြင္ေက်ာင္း၏စကားကို ၾကားေသာအခါ သူမ၏ မ်က္ႏွာက ခ်က္ခ်င္းနီရဲတက္လာ၏။
"ငါ မဟုတ္ဘူး။ နင္ကသာ ေအာက္တန္းစားမ။ နင့္မွာ ငါ့ကို ဒီလိုေျပာဖို႔ ဘာအခြင့္အေရးမ်ားရွိလို႔လဲ"
အျခားလူမ်ားက က်င္းယြင္ေက်ာင္း၏ စကားမ်ားအား ယုံၾကည္သြားမည္ကို စိုးေသာေၾကာင့္ လုက်ား၏ အသံမွာ တုန္ယင္ေနသည္။
သူမက လက္ကိုျမႇောက္၍ က်င္းယြင္ေက်ာင္းအား လက္ညွိုးေငါက္ေငါက္ထိုးလိုက္၏။ သူမ၏ ခ်က္ခ်င္းထလုပ္ေတာ့မည့္သဖြယ္ အမူအယာမွာ အေတာ္ေလး ေၾကာက္စရာေကာင္းေနသည္။
ဤလုက်ားသည္ ေခ်ာင္ဟုန္ယဲ့ႏွင့္ ပုံပန္းသြင္ျပင္ လုံးဝကြာျခား၏။ သူမတြင္ ဆံပင္ရွည္မ်ားရွိေသာ္လည္း သူမသည္ သိပ္ၾကည့္မေကာင္းဘဲ၊ မ်က္ႏွာအစိတ္အပိုင္းမ်ားမွာ ႐ြက္ၾကမ္းေရက်ိဳမွ်သာ ျဖစ္သည္။ ပ်ိဳေဖာ္ဝင္စခ်ိန္ျဖစ္ေသာေၾကာင့္ သူမ၏မ်က္ႏွာတြင္ ဝက္ၿခံအခ်ိဳ႕ရွိေနေလရာ သူမ၏အသားအေရမွာ ေခ်ာင္ဟုန္ယဲ့ေလာက္လည္း မေကာင္းေပ။
ယခုအခါ သူမ အလြန္ေဒါသထြက္ေနသည္ျဖစ္ရာ သူမ၏ ဝက္ၿခံမ်ားသည္လည္း ေပါက္ထြက္မတတ္ နီရဲလာၾကသည္။ ၎အား သူမ၏ရန္လိုေနေသာ အမူအရာႏွင့္တြဲလိုက္ရာ က်င္းယြင္ေက်ာင္းသည္ ထိုျမင္ကြင္းအား အနည္းငယ္ မသတီျဖစ္မိ၏။
"ဒါေၾကာင့္ ငါက ေအာက္တန္းမေပါ့။ ငါက ေသသင့္တယ္၊ အနိုင္က်င့္ခံရသင့္တယ္ဆိုတဲ့ အဓိပၸါယ္လား"
က်င္းယြင္ေက်ာင္းက လက္ျမႇောက္၍ လုက်ား၏ လက္ကို အားျဖင့္ ရိုက္ခ်လိဳက္သည္။
"ငါက တျခားသူေတြဆီကေန လက္ညွိုးထိုးခံရတာကို မႀကိဳက္ဘူး။ အထူးသျဖင့္ ႐ြံစရာေကာင္းတာေတြဆီကေနေပါ့"
"အရွက္မရွိ၊ ဘယ္သူ႕ကို ႐ြံစရာေကာင္းတယ္လို႔ ေျပာေနတာလဲ"
လုက်ားသည္ သူမ၏ မ်က္ႏွာႏွင့္ ပတ္သတ္၍ အၿမဲတမ္း မသက္မသာ ခံစားေနရသည္ ျဖစ္၏။ ယခုအခါ က်င္းယြင္ေက်ာင္းက ထိုသို႔ေျပာလိုက္ေလရာ လုက်ားသည္ သည္းမခံနိုင္ေတာ့ဘဲ သူမအား ေဘးလူမ်ားက တားေနသည္ကိုပင္ လ်စ္လ်ဴရႈကာ က်င္းယြင္ေက်ာင္းဆီသို႔ ေဒါသတႀကီး ေျပးဝင္သြားေတာ့သည္။
အ႐ူးမတစ္ေယာက္ကဲ့သို႔ပင္ လုက်ားသည္ သူမ၏လက္သည္းရွည္မ်ားကို ထုတ္ၿပီး က်င္းယြင္ေက်ာင္း၏ မ်က္ႏွာအား ဆြဲကုတ္ပစ္လိုက္၏။ အကယ္၍ အတိတ္ဘဝတုန္းကသာ ျဖစ္ပါမူ လုက်ားသည္ သူမ၏ မ်က္ႏွာအား ေအာင္ေအာင္ျမင္ျမင္ ဆြဲကုတ္ပစ္နိုင္မည္ျဖစ္သည္။ သို႔ေသာ္ လက္ရွိအခ်ိန္တြင္ က်င္းယြင္ေက်ာင္းသည္ သူမ၏ေနရာလြတ္နယ္ေျမထဲ၌ ကိုယ္ခံပညာမ်ားကို အခ်ိန္တစ္ခုၾကာေအာင္ ေလ့က်င့္ထားၿပီးျဖစ္၏။ သူမ၏ စြမ္းရည္သည္ စတင္ေလ့လာသူတစ္ေယာက္ကဲ့သို႔ မွတ္ယူရေလာက္ေအာင္ပင္ မေကာင္းေသးေသာ္လည္း သူမ၏ ခြန္အားႏွင့္ အလိုအေလ်ာက္တုံ႕ျပန္နိုင္စြမ္းကမူ လုက်ားကဲ့သို႔ေသာ မိန္းကေလးငယ္ေလးမ်ားထက္ သာေပသည္။
က်င္းယြင္ေက်ာင္းက လက္ဆန့္၍ လုက်ား၏ လက္ေခ်ာင္းမ်ားကို ဖမ္းဆြဲထားလိုက္၏။ သူမသည္ ထိုလက္ေခ်ာင္းမ်ားကို ရက္ရက္စက္စက္ ဆုပ္ေခ်ပစ္လိုက္ရာ ပတ္ဝန္းက်င္ရွိလူမ်ားပင္ အရိုးအက္သံသဲ့သဲ့ကို ၾကားလိုက္ရသည္။
လုက်ားသည္ မ်က္ရည္မ်ားက်လာၿပီး နာနာက်င္က်င္ ေအာ္ငိုလိုက္ေလ၏။