Chapter 24 : မွေးစားအဖိုးတစ်ယောက် ရရှိခြင်း
ကျင်းယွင်ကျောင်းက ကျောင်းတွင်သာနေရန် ပြင်ဆင်ထားသော်လည်း သမားတော်ကန်နှင့်ဆရာမကျင်ကမူ သဘောထားချင်း မတူကြပေ။
"ကျင်းယွင်ကျောင်း၊ ဆရာမရဲ့အိမ်က ကျောင်းနဲ့နီးတယ်။ ဆရာမက တစ်ယောက်တည်းနေတာ။ ဒါကြောင့် ဆရာမကတော့ မင်းကို ကျောင်းမှာ ထပ်မနေသင့်ဘူးလို့ထင်တယ်။ မင်း ဆရာမနဲ့အတူလာနေတာ ပိုကောင်းလိမ့်မယ်။ မင်းကို စောင့်ရှောက်ပေးဖို့အတွက်လည်း ဆရာမ အဆင်ပြေပါတယ်။"
ဆရာမကျင်က အကြံပေးလာသည်။
ဆယ့်ငါးနှစ်အရွယ်ကလေးတစ်ယောက်သည် လူကြီးမိဘများ၏ချစ်ခြင်းမေတ္တာမရရှိဘဲ ကျောင်းတွင်သာ အမြဲနေရမည်ဆိုပါက သူတို့သည် တစ်ခုခုလစ်ဟာနေသကဲ့သို့ ခံစားရရှာလိမ့်မည်။
သမားတော်ကန်ကလည်း ထိုအကြောင်းကို တွေးပြီး ဝင်ပြောလိုက်သည်။
"တွေးကြည့်တော့ ငါ့အိမ်ကလည်း မင်းရဲ့ကျောင်းနဲ့ နီးတာပဲ။"
ကျင်းယွင်ကျောင်းက သမားတော်ကန်အား တအံတသြကြည့်လိုက်ပြီး သူဆက်ပြောလာသည်အား နားစွင့်နေ၏။
"အိမ်က သိပ်မကြီးပေမယ့် အိပ်ခန်းသုံးခန်းနဲ့ ဧည့်ခန်းတစ်ခန်းပါတယ်။ လက်ရှိတော့ အဲဒီမှာ နှစ်ယောက်တည်းနေတယ်။ တစ်ယောက်က ငါ့ရဲ့မြေးမလေး၊ နောက်တစ်ယောက်က ငါ့ရဲ့မြေးလေး။ သူတို့ကလည်း ရိကျုံးမှာ တက်နေတာ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ကလည်း မင်းနဲ့အသက်သိပ်မကွာဘူး။ ကံဆိုးချင်တော့ သူတို့က ငယ်ပေမယ့် သူတို့ရဲ့တွေးခေါ်ပုံက လူကြီးတွေလိုပဲ၊ သူတို့က တခြားလူကြီးမိဘတွေနဲ့ အတူမနေချင်ကြဘူးလေ။ တကယ်လို့ မင်း ဆန္ဒရှိရင် မင်း သူတို့နဲ့အတူနေလို့ရတယ်၊ ဒါပေမယ့် နေထိုင်စရိတ်တော့ ရှိမယ်။"
နေထိုင်စရိတ်အကြောင်းကို ကြားသောအခါ ဆရာမကျင်က မျက်မှောင်ကြုတ်လိုက်ပြီး တစ်ခုခုဝင်ပြောဟန် ပြင်လိုက်သည်။ သို့သော် သူမ မပြောရသေးမီမှာပင် သမားတော်ကန်က သူမအား တားလိုက်၏။
"နေထိုင်စရိတ်တွေက အခြေအနေသုံးခုရှိမယ်။ ပထမတစ်ခုက မင်းရဲ့အဆင့်တွေက တစ်ကျောင်းလုံး အယောက်နှစ်ဆယ်ထဲမှာ ရှိရမယ်။ ဒုတိယတစ်ခုက ငါ မင်းကို လတိုင်း ဆေးပညာရပ်နဲ့ဆိုင်တဲ့ စာမေးပွဲတစ်ခု စစ်မယ်။ အများကြီး မခက်ပေမယ့် မင်း အောင်အောင်တော့ ဖြေရမယ်။ တတိယအခြေအနေအတွက်ကျ မင်း အနည်းဆုံး တစ်လတစ်ကြိမ် ငါ လူနာအိမ်ဆေးကုသွားတဲ့နောက်ကို လိုက်ပေးရမယ်။"
ကန်စုန့်ပိုင်၏ စကားဆုံးသောအခါ ကျင်းယွင်ကျောင်းသည် ပြည့်ပြည့်စုံစုံ နားလည်သဘောပေါက်သွား၏။
ကန်စုန့်ပိုင်၏မြေးများသည် သူတို့၏လွတ်လပ်ခွင့်အား လူကြီးမိဘများက ဝင်ရောက်နှောက်ယှက်ပြီး ကန့်သတ်ချုပ်ခြယ်သည့် စည်းကမ်းချက်များကို လိုက်နာချင်ပုံမရဘဲ သူတို့၏ကိုယ်ပိုင်ဘဝဖြင့်သာ စိတ်ကြိုက်နေထိုင်လိုကြသည်။ ထို့ကြောင့် ကန်စုန့်ပိုင်က ဤအချက်သုံးချက်ကို တောင်းဆိုခြင်းဖြစ်၏။ ဤအခြေအနေများသည် သူတို့အား လွတ်လပ်သော နေထိုင်မှုပုံစံဖြင့် နေထိုင်ခွင့်ပြုသော်လည်း တစ်ချိန်တည်းမှာပင် သူတို့အား များများစားစား အနားယူ၍ မရအောင် ကန့်သတ်ထားသည်။
သူ၏စကားကြောင့် ကျင်းယွင်ကျောင်း လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။
အကယ်၍ သူမသာ ကျောင်း၌နေလျှင် သူမသည် နေရာလွတ်နယ်မြေထဲသို့ ဝင်ရာ၌ သတိကြီးကြီး ထားရမည်ဖြစ်၏။ ထို့အပြင် ကန်စုန့်ပိုင်၏ဆေးပညာစွမ်းရည်က ဘိုးဘေးလောက် မကောင်းမွန်သော်ငြား သူသည် နှစ်ပေါင်းများစွာ အတွေ့အကြုံရင့်သန်သည့် သမားတော်တစ်ဦးဖြစ်နေဆဲပင်။
သူမသည် ဆေးပညာနယ်ပယ်ထဲသို့ စတင်ဝင်ရောက်စဖြစ်သည်။ အကယ်၍ သူမကိုသာ သူ၏လူနာအိမ်သို့ ဆေးကုသွားသည့်အခါများ၌ လိုက်ပါလေ့လာခွင့်ပြုပါလျှင် သူမတွင် အကျိုးကျေးဇူးများစွာ ရရှိပေမည်။
၎င်းကို အဖိုးအခတစ်ခုဟုဆိုသော်လည်း သူမအတွက် ကောင်းကျိုးများချည်းသာဖြစ်သည်။ သူမသည် ထိုကဲ့သို့ အခွင့်ကောင်းကို အလကားယူလိမ့်မည် မဟုတ်ပေ။
ကျင်းယွင်ကျောင်း၏အမူအယာက လေးနက်သွားပြီး ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်မက သမားတော်ကြီးကို "သမားတော်ကြီး" လို့ ခေါ်တာကို ရပ်လိုက်ပြီး ဖိုးဖိုးကန်လို့ အတင့်ရဲပြီး ခေါ်ရပါလိမ့်မယ်။ ကျွန်မ အဖိုးပြောတဲ့ အိမ်ကို တကယ်ကြိုက်ပါတယ်၊ ဒါပေမယ့် တစ်ခါက ကျွန်မရဲ့ရှစ်ဖူးက ဘယ်အရာကိုမှ အလကားမယူရဘူးလို့ ကျွန်မကို သင်ပေးထားဖူးပါတယ်။ အဖိုးက ကျွန်မကို အများကြီးကူညီခဲ့ပြီးပါပြီ။ ကျွန်မ ဒီကြင်နာမှုကို ဆက်ပြီး အကြောင်းမဲ့ လက်ခံပြီး မနေနိုင်ပါဘူး။ ကျွန်မရဲ့ရှစ်ဖူးက ကျွန်မကို ပိုက်ဆံနည်းနည်း ချန်ထားပေးခဲ့ပါတယ်၊ ကျွန်မ အဖိုးကို လတိုင်း အိမ်လခအနည်းအကျဥ်းပေးနိုင်ပါတယ်ရှင်။"
ကန်စုန့်ပိုင်၏အမူအယာကလည်း လေးနက်သွား၏။
"မင်း ငါ့ကို အဖိုးလို့ ခေါ်လိုက်ပြီးကတည်းက ငါကလည်း မင်းကို ငါ့ရဲ့မြေးမလေးအဖြစ် လက်ခံလိုက်ပါပြီ။ ဒါပေမယ့် ဘယ်လိုအဖိုးမျိုးကများ သူတို့မြေးမလေးဆီက အိမ်ငှားခ ယူလို့လဲကွယ်။ တကယ်လို့ မင်း ဒါကို လက်မခံချင်သေးဘူးဆိုရင်လည်း ငါ့ဆီမှာ မကြာခဏ အလုပ်လာလုပ်ပေး။ ငါက မင်းကို လခမပေးရုံပေါ့။ ဘယ်လိုလဲ။"
ကျင်းယွင်ကျောင်းက ကြောင်အနေပြီးနောက် မျက်နှာများ ရဲတက်လာသည်။
ထိုစဥ်က စိတ်လှုပ်ရှားနေသဖြင့် သူမသည် "ဖိုးဖိုးကန်"ဆိုသော စကားလုံး၏အခြားအဓိပ္ပါယ်ကို မေ့သွားခဲ့၏။
(T/N : တရုတ်မှာ လူကြီးသူမ အဖိုးအရွယ်ကို ယဲ့ယဲ့(爷爷)လို့ခေါ်ပါတယ်။ "ဖိုးဖိုး"ပေါ့။ ယွင်ကျောင်းက သမားတော်ကန်ရဲ့မျိုးရိုးနာမည်က ကန်(甘)မို့လို့ "ဖိုးဖိုးကန်" လို့ခေါ်လိုက်တာပါ၊ တရုတ်လိုကျတော့ "ကန်ယဲ့ယဲ့"(甘爷爷) ပေါ့နော်။ နောက်ပြီး တရုတ်လို မွေးစားအဖိုး/ခေါင်းကိုင်အဖိုးဆိုတာကိုလည်း "ကန်ယဲ့ယဲ့" (干爷爷)လို့ ခေါ်ပါတယ်။ ရှေ့က ကန်ဆိုတဲ့ စာလုံးလေးတွေက အသံထွက်တူပြီး အဓိပ္ပါယ်နဲ့ရေးနည်းမတူပါဘူး။ ဒီ "ကန်"(干)က မွေးစားတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ တရုတ်လို အမေ "မား"(妈)ရဲ့ ရှေ့မှာ 干 ထည့်လိုက်ရင် "ကန်မား" (干妈) မွေးစားအမေလို့ အဓိပ္ပါယ်ရသွားပါတယ်။ ဒါကြောင့် ယွင်ကျောင်းက ဖိုးဖိုးကန်(甘爷爷) လို့ ခေါ်လိုက်ပေမယ့် သမားတော်ကန်က (干爷爷) က "ကန်"(干)လို့ ယူဆလိုက်ပြီး သူ့ကို မွေးစားဖိုးဖိုးလို့ ခေါ်တယ်လို့ မှတ်ယူလိုက်တာပါ။)
သို့သော် ကန်စုန့်ပိုင်သည် ကြင်နာတတ်ပြီး ဆေးပညာရပ်တွင်လည်း အလွန်ကျွမ်းကျင်သူဖြစ်သည်။ သူသည် သူမနှင့်အကြိမ်အနည်းငယ်သာ တွေ့ဖူးသော်လည်း သူမအား တွေဝေခြင်းမရှိဘဲ အကူအညီပေးခဲ့၏။ အတိတ်ဘဝ၌ သူမသည် နှစ်ပေါင်းနှစ်ဆယ်ကျော် ရှင်သန်နေထိုင်ခဲ့သော်လည်း သူမအတွက် သူလုပ်ပေးခဲ့သည်နှင့် နီးစပ်သော ကူညီမှုမျိုးအား မည်သူကမှ လုပ်မပေးခဲ့ဖူးပေ။
သူမ၏နှလုံးသားသည် မနူးညံ့ဘဲ မနေနိုင်အောင် ဖြစ်သွားသဖြင့် သူမ ပြုံးလိုက်မိ၏။
"ဟုတ်ပါပြီရှင့်။ ဒါဆို အဖိုး၊ အခုအချိန်ကစပြီး ကျွန်မကို ခိုင်းစရာရှိရင် အားမနာပါနဲ့။"
"အဖိုး" ဟုသော ကြည်ကြည်လင်လင် ခေါ်သံလေးက ကန်စုန့်ပိုင်အား အလွန်ဝမ်းမြောက်ပျော်ရွှင်သွားစေသည်။
သူက ကျင်းယွင်ကျောင်း၏ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး ဆရာမကျင်အား လှည့်၍ ပြောလိုက်၏။
"ဆရာမရေ ဒီအတွက် တောင်းပန်ပါတယ်။ မင်းသိတဲ့အတိုင်း ကျုပ်ရဲ့ ဒီမွေးစားမြေးမလေးက ဆေးပညာကို ချစ်မြတ်နိုးတယ်။ အတူတူနေရင်းနဲ့ နောက်ကျ သူက ကျုပ်မြေးတွေနဲ့ သူငယ်ချင်းဖြစ်သွားနိုင်ပါတယ်။ ကျေးဇူးပြုပြီး စိတ်ချပါ၊ ယွင်ကျောင်းက လိမ္မာတဲ့ကလေးပါ။ အနာဂတ်မှာ သူ မတရားပြုမှုဆက်ဆံမှုတွေကို မခံစားရစေဘူးလို့ ကျုပ် ကတိပေးပါတယ်။ ဒါကြောင့် ဆရာမက သူ့ကို ကျောင်းမှာ ဂရုစိုက်ပေးဖို့ ကျုပ် တောင်းဆိုရတော့မှာပဲ။"
Zawgyi
Chapter 24 : ေမြးစားအဖိုးတစ္ေယာက္ ရရွိျခင္း
က်င္းယြင္ေက်ာင္းက ေက်ာင္းတြင္သာေနရန္ ျပင္ဆင္ထားေသာ္လည္း သမားေတာ္ကန္ႏွင့္ဆရာမက်င္ကမူ သေဘာထားခ်င္း မတူၾကေပ။
"က်င္းယြင္ေက်ာင္း၊ ဆရာမရဲ႕အိမ္က ေက်ာင္းနဲ႕နီးတယ္။ ဆရာမက တစ္ေယာက္တည္းေနတာ။ ဒါေၾကာင့္ ဆရာမကေတာ့ မင္းကို ေက်ာင္းမွာ ထပ္မေနသင့္ဘူးလို႔ထင္တယ္။ မင္း ဆရာမနဲ႕အတူလာေနတာ ပိုေကာင္းလိမ့္မယ္။ မင္းကို ေစာင့္ေရွာက္ေပးဖို႔အတြက္လည္း ဆရာမ အဆင္ေျပပါတယ္။"
ဆရာမက်င္က အႀကံေပးလာသည္။
ဆယ့္ငါးႏွစ္အ႐ြယ္ကေလးတစ္ေယာက္သည္ လူႀကီးမိဘမ်ား၏ခ်စ္ျခင္းေမတၱာမရရွိဘဲ ေက်ာင္းတြင္သာ အၿမဲေနရမည္ဆိုပါက သူတို႔သည္ တစ္ခုခုလစ္ဟာေနသကဲ့သို႔ ခံစားရရွာလိမ့္မည္။
သမားေတာ္ကန္ကလည္း ထိုအေၾကာင္းကို ေတြးၿပီး ဝင္ေျပာလိုက္သည္။
"ေတြးၾကည့္ေတာ့ ငါ့အိမ္ကလည္း မင္းရဲ႕ေက်ာင္းနဲ႕ နီးတာပဲ။"
က်င္းယြင္ေက်ာင္းက သမားေတာ္ကန္အား တအံတၾသၾကည့္လိုက္ၿပီး သူဆက္ေျပာလာသည္အား နားစြင့္ေန၏။
"အိမ္က သိပ္မႀကီးေပမယ့္ အိပ္ခန္းသုံးခန္းနဲ႕ ဧည့္ခန္းတစ္ခန္းပါတယ္။ လက္ရွိေတာ့ အဲဒီမွာ ႏွစ္ေယာက္တည္းေနတယ္။ တစ္ေယာက္က ငါ့ရဲ႕ေျမးမေလး၊ ေနာက္တစ္ေယာက္က ငါ့ရဲ႕ေျမးေလး။ သူတို႔ကလည္း ရိက်ဳံးမွာ တက္ေနတာ၊ တိုက္တိုက္ဆိုင္ဆိုင္ပဲ သူတို႔ကလည္း မင္းနဲ႕အသက္သိပ္မကြာဘူး။ ကံဆိုးခ်င္ေတာ့ သူတို႔က ငယ္ေပမယ့္ သူတို႔ရဲ႕ေတြးေခၚပုံက လူႀကီးေတြလိုပဲ၊ သူတို႔က တျခားလူႀကီးမိဘေတြနဲ႕ အတူမေနခ်င္ၾကဘူးေလ။ တကယ္လို႔ မင္း ဆႏၵရွိရင္ မင္း သူတို႔နဲ႕အတူေနလို႔ရတယ္၊ ဒါေပမယ့္ ေနထိုင္စရိတ္ေတာ့ ရွိမယ္။"
ေနထိုင္စရိတ္အေၾကာင္းကို ၾကားေသာအခါ ဆရာမက်င္က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး တစ္ခုခုဝင္ေျပာဟန္ ျပင္လိုက္သည္။ သို႔ေသာ္ သူမ မေျပာရေသးမီမွာပင္ သမားေတာ္ကန္က သူမအား တားလိုက္၏။
"ေနထိုင္စရိတ္ေတြက အေျခအေနသုံးခုရွိမယ္။ ပထမတစ္ခုက မင္းရဲ႕အဆင့္ေတြက တစ္ေက်ာင္းလုံး အေယာက္ႏွစ္ဆယ္ထဲမွာ ရွိရမယ္။ ဒုတိယတစ္ခုက ငါ မင္းကို လတိုင္း ေဆးပညာရပ္နဲ႕ဆိုင္တဲ့ စာေမးပြဲတစ္ခု စစ္မယ္။ အမ်ားႀကီး မခက္ေပမယ့္ မင္း ေအာင္ေအာင္ေတာ့ ေျဖရမယ္။ တတိယအေျခအေနအတြက္က် မင္း အနည္းဆုံး တစ္လတစ္ႀကိမ္ ငါ လူနာအိမ္ေဆးကုသြားတဲ့ေနာက္ကို လိုက္ေပးရမယ္။"
ကန္စုန့္ပိုင္၏ စကားဆုံးေသာအခါ က်င္းယြင္ေက်ာင္းသည္ ျပည့္ျပည့္စုံစုံ နားလည္သေဘာေပါက္သြား၏။
ကန္စုန့္ပိုင္၏ေျမးမ်ားသည္ သူတို႔၏လြတ္လပ္ခြင့္အား လူႀကီးမိဘမ်ားက ဝင္ေရာက္ေႏွာက္ယွက္ၿပီး ကန့္သတ္ခ်ဳပ္ျခယ္သည့္ စည္းကမ္းခ်က္မ်ားကို လိုက္နာခ်င္ပုံမရဘဲ သူတို႔၏ကိုယ္ပိုင္ဘဝျဖင့္သာ စိတ္ႀကိဳက္ေနထိုင္လိုၾကသည္။ ထို႔ေၾကာင့္ ကန္စုန့္ပိုင္က ဤအခ်က္သုံးခ်က္ကို ေတာင္းဆိုျခင္းျဖစ္၏။ ဤအေျခအေနမ်ားသည္ သူတို႔အား လြတ္လပ္ေသာ ေနထိုင္မႈပုံစံျဖင့္ ေနထိုင္ခြင့္ျပဳေသာ္လည္း တစ္ခ်ိန္တည္းမွာပင္ သူတို႔အား မ်ားမ်ားစားစား အနားယူ၍ မရေအာင္ ကန့္သတ္ထားသည္။
သူ၏စကားေၾကာင့္ က်င္းယြင္ေက်ာင္း လႈပ္လႈပ္ရွားရွား ျဖစ္သြား၏။
အကယ္၍ သူမသာ ေက်ာင္း၌ေနလွ်င္ သူမသည္ ေနရာလြတ္နယ္ေျမထဲသို႔ ဝင္ရာ၌ သတိႀကီးႀကီး ထားရမည္ျဖစ္၏။ ထို႔အျပင္ ကန္စုန့္ပိုင္၏ေဆးပညာစြမ္းရည္က ဘိုးေဘးေလာက္ မေကာင္းမြန္ေသာ္ျငား သူသည္ ႏွစ္ေပါင္းမ်ားစြာ အေတြ႕အႀကဳံရင့္သန္သည့္ သမားေတာ္တစ္ဦးျဖစ္ေနဆဲပင္။
သူမသည္ ေဆးပညာနယ္ပယ္ထဲသို႔ စတင္ဝင္ေရာက္စျဖစ္သည္။ အကယ္၍ သူမကိုသာ သူ၏လူနာအိမ္သို႔ ေဆးကုသြားသည့္အခါမ်ား၌ လိုက္ပါေလ့လာခြင့္ျပဳပါလွ်င္ သူမတြင္ အက်ိဳးေက်းဇူးမ်ားစြာ ရရွိေပမည္။
၎ကို အဖိုးအခတစ္ခုဟုဆိုေသာ္လည္း သူမအတြက္ ေကာင္းက်ိဳးမ်ားခ်ည္းသာျဖစ္သည္။ သူမသည္ ထိုကဲ့သို႔ အခြင့္ေကာင္းကို အလကားယူလိမ့္မည္ မဟုတ္ေပ။
က်င္းယြင္ေက်ာင္း၏အမူအယာက ေလးနက္သြားၿပီး ေျပာလိုက္သည္။
"ဒါဆိုရင္ ကြၽန္မက သမားေတာ္ႀကီးကို "သမားေတာ္ႀကီး" လို႔ ေခၚတာကို ရပ္လိုက္ၿပီး ဖိုးဖိုးကန္လို႔ အတင့္ရဲၿပီး ေခၚရပါလိမ့္မယ္။ ကြၽန္မ အဖိုးေျပာတဲ့ အိမ္ကို တကယ္ႀကိဳက္ပါတယ္၊ ဒါေပမယ့္ တစ္ခါက ကြၽန္မရဲ႕ရွစ္ဖူးက ဘယ္အရာကိုမွ အလကားမယူရဘူးလို႔ ကြၽန္မကို သင္ေပးထားဖူးပါတယ္။ အဖိုးက ကြၽန္မကို အမ်ားႀကီးကူညီခဲ့ၿပီးပါၿပီ။ ကြၽန္မ ဒီၾကင္နာမႈကို ဆက္ၿပီး အေၾကာင္းမဲ့ လက္ခံၿပီး မေနနိုင္ပါဘူး။ ကြၽန္မရဲ႕ရွစ္ဖူးက ကြၽန္မကို ပိုက္ဆံနည္းနည္း ခ်န္ထားေပးခဲ့ပါတယ္၊ ကြၽန္မ အဖိုးကို လတိုင္း အိမ္လခအနည္းအက်ဥ္းေပးနိုင္ပါတယ္ရွင္။"
ကန္စုန့္ပိုင္၏အမူအယာကလည္း ေလးနက္သြား၏။
"မင္း ငါ့ကို အဖိုးလို႔ ေခၚလိုက္ၿပီးကတည္းက ငါကလည္း မင္းကို ငါ့ရဲ႕ေျမးမေလးအျဖစ္ လက္ခံလိုက္ပါၿပီ။ ဒါေပမယ့္ ဘယ္လိုအဖိုးမ်ိဳးကမ်ား သူတို႔ေျမးမေလးဆီက အိမ္ငွားခ ယူလို႔လဲကြယ္။ တကယ္လို႔ မင္း ဒါကို လက္မခံခ်င္ေသးဘူးဆိုရင္လည္း ငါ့ဆီမွာ မၾကာခဏ အလုပ္လာလုပ္ေပး။ ငါက မင္းကို လခမေပး႐ုံေပါ့။ ဘယ္လိုလဲ။"
က်င္းယြင္ေက်ာင္းက ေၾကာင္အေနၿပီးေနာက္ မ်က္ႏွာမ်ား ရဲတက္လာသည္။
ထိုစဥ္က စိတ္လႈပ္ရွားေနသျဖင့္ သူမသည္ "ဖိုးဖိုးကန္"ဆိုေသာ စကားလုံး၏အျခားအဓိပၸါယ္ကို ေမ့သြားခဲ့၏။
(T/N : တ႐ုတ္မွာ လူႀကီးသူမ အဖိုးအ႐ြယ္ကို ယဲ့ယဲ့(爷爷)လို႔ေခၚပါတယ္။ "ဖိုးဖိုး"ေပါ့။ ယြင္ေက်ာင္းက သမားေတာ္ကန္ရဲ႕မ်ိဳးရိုးနာမည္က ကန္(甘)မို႔လို႔ "ဖိုးဖိုးကန္" လို႔ေခၚလိုက္တာပါ၊ တ႐ုတ္လိုက်ေတာ့ "ကန္ယဲ့ယဲ့"(甘爷爷) ေပါ့ေနာ္။ ေနာက္ၿပီး တ႐ုတ္လို ေမြးစားအဖိုး/ေခါင္းကိုင္အဖိုးဆိုတာကိုလည္း "ကန္ယဲ့ယဲ့" (干爷爷)လို႔ ေခၚပါတယ္။ ေရွ႕က ကန္ဆိုတဲ့ စာလုံးေလးေတြက အသံထြက္တူၿပီး အဓိပၸါယ္နဲ႕ေရးနည္းမတူပါဘူး။ ဒီ "ကန္"(干)က ေမြးစားတယ္ဆိုတဲ့အဓိပၸါယ္ပါ။ တ႐ုတ္လို အေမ "မား"(妈)ရဲ႕ ေရွ႕မွာ 干 ထည့္လိုက္ရင္ "ကန္မား" (干妈) ေမြးစားအေမလို႔ အဓိပၸါယ္ရသြားပါတယ္။ ဒါေၾကာင့္ ယြင္ေက်ာင္းက ဖိုးဖိုးကန္(甘爷爷) လို႔ ေခၚလိုက္ေပမယ့္ သမားေတာ္ကန္က (干爷爷) က "ကန္"(干)လို႔ ယူဆလိုက္ၿပီး သူ႕ကို ေမြးစားဖိုးဖိုးလို႔ ေခၚတယ္လို႔ မွတ္ယူလိုက္တာပါ။)
သို႔ေသာ္ ကန္စုန့္ပိုင္သည္ ၾကင္နာတတ္ၿပီး ေဆးပညာရပ္တြင္လည္း အလြန္ကြၽမ္းက်င္သူျဖစ္သည္။ သူသည္ သူမႏွင့္အႀကိမ္အနည္းငယ္သာ ေတြ႕ဖူးေသာ္လည္း သူမအား ေတြေဝျခင္းမရွိဘဲ အကူအညီေပးခဲ့၏။ အတိတ္ဘဝ၌ သူမသည္ ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ ရွင္သန္ေနထိုင္ခဲ့ေသာ္လည္း သူမအတြက္ သူလုပ္ေပးခဲ့သည္ႏွင့္ နီးစပ္ေသာ ကူညီမႈမ်ိဳးအား မည္သူကမွ လုပ္မေပးခဲ့ဖူးေပ။
သူမ၏ႏွလုံးသားသည္ မႏူးညံ့ဘဲ မေနနိုင္ေအာင္ ျဖစ္သြားသျဖင့္ သူမ ၿပဳံးလိုက္မိ၏။
"ဟုတ္ပါၿပီရွင့္။ ဒါဆို အဖိုး၊ အခုအခ်ိန္ကစၿပီး ကြၽန္မကို ခိုင္းစရာရွိရင္ အားမနာပါနဲ႕။"
"အဖိုး" ဟုေသာ ၾကည္ၾကည္လင္လင္ ေခၚသံေလးက ကန္စုန့္ပိုင္အား အလြန္ဝမ္းေျမာက္ေပ်ာ္႐ႊင္သြားေစသည္။
သူက က်င္းယြင္ေက်ာင္း၏ေခါင္းေလးကို ပြတ္ေပးလိုက္ၿပီး ဆရာမက်င္အား လွည့္၍ ေျပာလိုက္၏။
"ဆရာမေရ ဒီအတြက္ ေတာင္းပန္ပါတယ္။ မင္းသိတဲ့အတိုင္း က်ဳပ္ရဲ႕ ဒီေမြးစားေျမးမေလးက ေဆးပညာကို ခ်စ္ျမတ္နိုးတယ္။ အတူတူေနရင္းနဲ႕ ေနာက္က် သူက က်ဳပ္ေျမးေတြနဲ႕ သူငယ္ခ်င္းျဖစ္သြားနိုင္ပါတယ္။ ေက်းဇူးျပဳၿပီး စိတ္ခ်ပါ၊ ယြင္ေက်ာင္းက လိမၼာတဲ့ကေလးပါ။ အနာဂတ္မွာ သူ မတရားျပဳမႈဆက္ဆံမႈေတြကို မခံစားရေစဘူးလို႔ က်ဳပ္ ကတိေပးပါတယ္။ ဒါေၾကာင့္ ဆရာမက သူ႕ကို ေက်ာင္းမွာ ဂ႐ုစိုက္ေပးဖို႔ က်ဳပ္ ေတာင္းဆိုရေတာ့မွာပဲ။"