Paid GP စနေပြီမို့ ငွေလွဲထားသူများ link လာယူလို့ ရပါပြီရှင့်
Chapter 21 : သွေးသားတော်စပ်မှု မရှိသူများ
ချောင်ဟုန်ယဲ့သည် ဂနာမငြိမ်ဖြစ်နေသော်လည်း သူမသည် သူမ ကံကောင်းမည် ယုံကြည်နေဆဲပင်။
သူမသည် ထိုလမ်းသရဲခေါင်းဆောင်နှင့် သိကျွမ်းခဲ့သည်မှာ နှစ်အနည်းငယ်ပင် ကြာပြီဖြစ်သည်။ သူတို့၏ခင်မင်မှုသည် အမြဲတမ်းကောင်းမွန်ခဲ့ပြီး ယခင်ကလည်း သူသည် သူမအား အကူအညီများစွာပေးခဲ့၏။ သူတို့က သူမအား သစ္စာဖောက်လိမ့်မည်မဟုတ်သည်မှာ အသေအချာပင်။
ထိုသို့တွေးလိုက်၍ စိတ်သက်သာရာရသွားပြီး ချောင်ဟုန်ယဲ့က သက်ပြင်း ခပ်ဖွဖွချလိုက်သည်။
ကျင်းယွင်ကျောင်းက ရုံးခန်းထဲသို့ဝင်လိုက်ပြီး အထဲရှိ လူများနှင့် မျက်နှာချင်းဆိုင်လိုက်၏။
"ဆရာတို့၊ ကျွန်မကြောင့် ဆရာတို့ အစွပ်အစွဲခံရတဲ့အတွက် ကျွန်မ အနူးအညွတ်တောင်းပန်ပါတယ်။ ဒါပေမယ့် ယွင်ကျောင်း ဆရာတို့အားလုံးနဲ့ ကျောင်းဆီကနေ အကူအညီတစ်ခု လိုချင်ပါသေးတယ်။ ဒီလိုအကြမ်းဖက်မှုမျိုးကို ကျွန်မ ထပ်ပြီး သည်းမခံနိုင်တော့ပါဘူး။"
"ကျင်းယွင်ကျောင်း၊ နင်က ဘယ်လိုအကြမ်းဖက်မှုကိုများ ကြုံခဲ့ရလို့လဲ ဟမ်.. နင့်ကို ငါမရိုက်ရင် နင်က နင့်နေရာနင် သိမှာ မဟုတ်တော့ဘူး။"
ချောင်ဝေ့မင်သည် ရမ်းကားနေကျဖြစ်၍ စကားပြောပြီးသည်နှင့် ချက်ချင်းပင် လက်ကို မြှောက်လိုက်လေ၏။ သို့သော် သူ၏လက်သည် ကျင်းယွင်ကျောင်း၏မျက်နှာကို မရိုက်မိဘဲ သူမက ထိုလက်အား ဖမ်းဆွဲထားလိုက်သည်။
ဤတစ်ပတ်အတွင်း၌ ကျင်းယွင်ကျောင်းသည် နေ့တိုင်းနီးပါး နေရာလွတ်နယ်မြေထဲသို့ ဝင်ချိန်ရရန် ကြိုးစားခဲ့သည်။ ထိုနေရာလွတ်နယ်မြေထဲတွင်လည်း သူမသည် အချိန်အများစုအား ကျောက်စိမ်းအပိုင်းရှိ ဆေးပညာရပ်များကို စုပ်ယူခြင်း၊ မဟုတ်ပါက ကိုယ်ခံပညာလေ့ကျင့်ခြင်းတို့နှင့်သာ ကုန်ဆုံးစေခဲ့၏။ သူမသည် အနည်းငယ်သာ လေ့ကျင့်ရသေးသဖြင့် သိသိသာသာ မတိုးတက်လာသေးပေ။ သို့သော် သူမ၏လက်အားသည် ယခင်ကထက် အများကြီးပို၍ သန်မာလာခဲ့၏။
"နင်က ပိုပိုပြီးတော့ မောက်မာလာတာပဲ။ နင် ငါ့လက်ကို ကာရဲတယ်ပေါ့ ဟုတ်လား။ ငါ နင့်ကို သေအောင် ရိုက်ပစ်မယ်၊ ဘာပဲဖြစ်ဖြစ် နင်က အရှက်မရှိတဲ့ အောက်တန်းစားမပဲ ။"
ကျင်းယွင်ကျောင်း၏အပြုအမူကြောင့် ချောင်ဝေ့မင်က ပို၍ ဒေါသထွက်လာပြီး ထပ်ရိုက်ရန် ကြိုးစားလိုက်သည်။
ကံကောင်း၍ အနားရှိ ဆရာများက အချိန်မီ တုံ့ပြန်လိုက်နိုင်ပြီး ချောင်ဝေ့မင်အား တားလိုက်ကြ၏၊ သို့သော် သူတို့၏နှလုံးသားထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။
ဒီလိုအဖေမျိုးနဲ့သာဆိုရင် မိဘမဲ့ဖြစ်တာကမှ ပိုပြီး ကောင်းလိမ့်ဦးမယ်။
"ချောင်ဝေ့မင် ရှင်က ကျွန်မကို အောက်တန်းစားလို့ ပြောလိုက်ကတည်းက ကျွန်မက ရှင့်သမီးမဟုတ်ဘူးလို့ ဝန်ခံလိုက်တာပဲ မဟုတ်ဖူးလား။ ဒီတော့ ရှင့်မှာ ကျွန်မကို ကျောင်းထွက်ခိုင်းနိုင်လောက်တဲ့အထိ ဘာအခွင့်အရေးများရှိနေလို့လဲ။ ဒါ့အပြင် ကျွန်မက ဘာမှမပြောဘူးဆိုတာကလည်း ကျွန်မ ဘာမှမသိဘူးဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူးနော်။"
ကျင်းယွင်ကျောင်းက သူ့ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး ဆက်ပြောသည်။
"ဆရာတို့၊ ဆရာတို့အားလုံးက ကျွန်မကို ကျွန်မအမေရဲ့အရင်အိမ်ထောင်ကနေ ပါလာတဲ့ ကလေးဆိုပြီးတော့ သိထားကြတာ။ ဒါပေမယ့် ဆရာတို့ မသိတာက ယဲ့ချင်ကလည်း ကျွန်မရဲ့အမေအရင်း မဟုတ်ဘူးဆိုတာပဲ။"
"ယဲ့ချင် ကိုယ်ဝန်ကြီးနဲ့တုန်းက သူက ကျွန်မကို အနှီးထုပ်ကလေးနဲ့ ရှာတွေ့ခဲ့တယ်။ အစကတော့ သူက ကျွန်မကို စွန့်ပစ်မလို့ပဲ၊ ဒါပေမယ့် ရှေ့ဖြစ်ဟောဆရာက သူ့ကလေးတွေကို ကံအညံ့တွေကနေ ကာကွယ်ပေးဖို့ ကျွန်မကို အဆောင်သဘောမျိုး သုံးလို့ရတယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် သူက စိတ်လျှော့ပြီး ကျွန်မကို အိမ်ခေါ်လာတာ။ ကျွန်မ အရင်က အမှန်တရားကို မသိခဲ့ဘူး။ ကျွန်မ နားလည်း မလည်ခဲ့ဘူး၊ ကျွန်မရဲ့မိဘတွေက ဘာလို့ ကျွန်မကို နေ့တိုင်း အော်ဟစ်ကြိမ်းမောင်းနေပြီး အေးတိအေးစက် ပြောဆိုဆက်ဆံနေတာလဲဆိုတာ။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်မ အမှန်တရားကို သိလာခဲ့တာ။ နောက်ဆုံးတော့ ကျွန်မ အကြောင်းအရင်းကို သဘောပေါက်သွားခဲ့တယ်။"
"ဘာပဲပြောပြော ယဲ့ချင်က ကျွန်မကို နှစ်ပေါင်းများစွာ ကျွေးမွေးပြုစုခဲ့ပြီးတော့ အဲဒီအတွက်လည်း ကျွန်မက သူ့ကို ကျေးဇူးအများကြီးတင်ပါတယ်။ မကြာခင်တုန်းက သူကွယ်လွန်သွားတော့လည်း ကျွန်မ တကယ်ကို လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းပူဆွေးခဲ့တယ်။ ဒါပေမယ့် ကျွန်မ အကြွေးတင်နေတဲ့သူက ယဲ့ချင်တစ်ယောက်တည်းပါ။ ချောင်ဝေ့မင်ဆီမှာ ဘာအကြွေးမှ တင်မနေဘူး။ ဒီနှစ်တွေအတွင်းမှာ သူက ကျွန်မကို ဆူပူကြိမ်းမောင်းတယ်၊ ရိုက်တယ်။ သူက ကျွန်မထက် ယုတ်ညံ့တဲ့ ကောလဟာလတွေကို ပိုယုံတယ်။ ဒီနေ့လည်း သူ ကျွန်မကို ကျောင်းထုတ်ဖို့ လုပ်နေတာက ကျွန်မ အမှားလုပ်ခဲ့လို့မဟုတ်ဘူး၊ အိမ်မှာ ချက်ပြုတ်သန့်ရှင်းရေးလုပ်မယ့် အမေမရှိတော့လို့ပဲ။"
ကျင်းယွင်ကျောင်း၏မျက်လုံးများသည် နီရဲနေကာ ပတ်ဝန်းကျင်ရှိ လူများက ကြက်သေသေနေကြသည်။
သူမ၏စကားကြောင့် သူတို့အားလုံး အံအားသင့်သွားကြ၏။
ချောင်ဝေ့မင်နှင့်ချောင်ဟုန်ယဲ့သည်ပင် ကျင်းယွင်ကျောင်းက သူမ၏မွေးဖွားရာဇာတ်ကြောင်းကို သိပြီးသားဖြစ်နေလိမ့်မည်ဟု မထင်ထားမိချေ။
"ကျင်းယွင်ကျောင်း မင်းပြောသလိုသာဆိုရင် ချောင်ဟုန်ယဲ့နဲ့ချောင်ကျစ်ကျိုးတို့က မင်းနဲ့ သွေးသားတော်စပ်မှု လုံးဝမရှိဘူးပေါ့။"
ဆရာမကျင်က လေအေးတစ်ချက်ကို ရှုသွင်းလိုက်ပြီး မေးလာသည်။
အကယ်၍ ကျင်းယွင်ကျောင်းသာ ယဲ့ချင်၏ သားသမီးအရင်းဖြစ်ပါက ချောင်ဝေ့မင်သည် ကွယ်လွန်သွားသော ဇနီးသည်၏မျက်နှာကို ထောက်၍ ကျင်းယွင်ကျောင်းအား ပို၍ ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မည်ဟု မျှော်လင့်၍ ရသေးသည်။
သို့သော် ယခုတွင်မူ ကျင်းယွင်ကျောင်းသည် ချောင်မိသားစုနှင့် လုံးဝသွေးသားတော်စပ်မှုမရှိသော ကလေးဖြစ်၏။ ချောင်ဝေ့မင်က သူမအား အောက်တန်းစားဟုပင် ခေါ်ခဲ့သည်။ ထို "အောက်တန်းစား" ဆိုသည့်စကားလုံးအရ သူမအား ကြင်ကြင်နာနာပြုမူဆက်ဆံလိမ့်မည်ဆိုသည်ဟုတောင် မတွေးနှင့်၊ ချောင်ဝေ့မင်သည် သူမအား အခြေခံလူ့ကျင့်ဝတ်နှင့်အညီပင် ပြုမူဆက်ဆံလိမ့်မည် မဟုတ်ပေ။
ထိုခဏ၌ ဆရာဆရာမများ၏အကြည့်များသည် အေးစက်ပြီး မာကျောစပြုလာ၏။
သူတို့သည် ယခင်က ချောင်ဝေ့မင်အား ကျင်းယွင်ကျောင်း၏ဖခင်ဖြစ်သောကြောင့်သာ တလေးတစား ဆက်ဆံနေကြခြင်းဖြစ်သည်။ သို့သော် ယခုအချိန်တွင်တော့......
Chapter 21 : ေသြးသားေတာ္စပ္မႈ မရွိသူမ်ား
ေခ်ာင္ဟုန္ယဲ့သည္ ဂနာမၿငိမ္ျဖစ္ေနေသာ္လည္း သူမသည္ သူမ ကံေကာင္းမည္ ယုံၾကည္ေနဆဲပင္။
သူမသည္ ထိုလမ္းသရဲေခါင္းေဆာင္ႏွင့္ သိကြၽမ္းခဲ့သည္မွာ ႏွစ္အနည္းငယ္ပင္ ၾကာၿပီျဖစ္သည္။ သူတို႔၏ခင္မင္မႈသည္ အၿမဲတမ္းေကာင္းမြန္ခဲ့ၿပီး ယခင္ကလည္း သူသည္ သူမအား အကူအညီမ်ားစြာေပးခဲ့၏။ သူတို႔က သူမအား သစၥာေဖာက္လိမ့္မည္မဟုတ္သည္မွာ အေသအခ်ာပင္။
ထိုသို႔ေတြးလိုက္၍ စိတ္သက္သာရာရသြားၿပီး ေခ်ာင္ဟုန္ယဲ့က သက္ျပင္း ခပ္ဖြဖြခ်လိဳက္သည္။
က်င္းယြင္ေက်ာင္းက ႐ုံးခန္းထဲသို႔ဝင္လိုက္ၿပီး အထဲရွိ လူမ်ားႏွင့္ မ်က္ႏွာခ်င္းဆိုင္လိုက္၏။
"ဆရာတို႔၊ ကြၽန္မေၾကာင့္ ဆရာတို႔ အစြပ္အစြဲခံရတဲ့အတြက္ ကြၽန္မ အႏူးအၫြတ္ေတာင္းပန္ပါတယ္။ ဒါေပမယ့္ ယြင္ေက်ာင္း ဆရာတို႔အားလုံးနဲ႕ ေက်ာင္းဆီကေန အကူအညီတစ္ခု လိုခ်င္ပါေသးတယ္။ ဒီလိုအၾကမ္းဖက္မႈမ်ိဳးကို ကြၽန္မ ထပ္ၿပီး သည္းမခံနိုင္ေတာ့ပါဘူး။"
"က်င္းယြင္ေက်ာင္း၊ နင္က ဘယ္လိုအၾကမ္းဖက္မႈကိုမ်ား ႀကဳံခဲ့ရလို႔လဲ ဟမ္.. နင့္ကို ငါမရိုက္ရင္ နင္က နင့္ေနရာနင္ သိမွာ မဟုတ္ေတာ့ဘူး။"
ေခ်ာင္ေဝ့မင္သည္ ရမ္းကားေနက်ျဖစ္၍ စကားေျပာၿပီးသည္ႏွင့္ ခ်က္ခ်င္းပင္ လက္ကို ျမႇောက္လိုက္ေလ၏။ သို႔ေသာ္ သူ၏လက္သည္ က်င္းယြင္ေက်ာင္း၏မ်က္ႏွာကို မရိုက္မိဘဲ သူမက ထိုလက္အား ဖမ္းဆြဲထားလိုက္သည္။
ဤတစ္ပတ္အတြင္း၌ က်င္းယြင္ေက်ာင္းသည္ ေန႕တိုင္းနီးပါး ေနရာလြတ္နယ္ေျမထဲသို႔ ဝင္ခ်ိန္ရရန္ ႀကိဳးစားခဲ့သည္။ ထိုေနရာလြတ္နယ္ေျမထဲတြင္လည္း သူမသည္ အခ်ိန္အမ်ားစုအား ေက်ာက္စိမ္းအပိုင္းရွိ ေဆးပညာရပ္မ်ားကို စုပ္ယူျခင္း၊ မဟုတ္ပါက ကိုယ္ခံပညာေလ့က်င့္ျခင္းတို႔ႏွင့္သာ ကုန္ဆုံးေစခဲ့၏။ သူမသည္ အနည္းငယ္သာ ေလ့က်င့္ရေသးသျဖင့္ သိသိသာသာ မတိုးတက္လာေသးေပ။ သို႔ေသာ္ သူမ၏လက္အားသည္ ယခင္ကထက္ အမ်ားႀကီးပို၍ သန္မာလာခဲ့၏။
"နင္က ပိုပိုၿပီးေတာ့ ေမာက္မာလာတာပဲ။ နင္ ငါ့လက္ကို ကာရဲတယ္ေပါ့ ဟုတ္လား။ ငါ နင့္ကို ေသေအာင္ ရိုက္ပစ္မယ္၊ ဘာပဲျဖစ္ျဖစ္ နင္က အရွက္မရွိတဲ့ ေအာက္တန္းစားမပဲ ။"
က်င္းယြင္ေက်ာင္း၏အျပဳအမူေၾကာင့္ ေခ်ာင္ေဝ့မင္က ပို၍ ေဒါသထြက္လာၿပီး ထပ္ရိုက္ရန္ ႀကိဳးစားလိုက္သည္။
ကံေကာင္း၍ အနားရွိ ဆရာမ်ားက အခ်ိန္မီ တုံ႕ျပန္လိုက္နိုင္ၿပီး ေခ်ာင္ေဝ့မင္အား တားလိုက္ၾက၏၊ သို႔ေသာ္ သူတို႔၏ႏွလုံးသားထဲတြင္ ေအးစက္သြားသလို ခံစားလိုက္ရသည္။
ဒီလိုအေဖမ်ိဳးနဲ႕သာဆိုရင္ မိဘမဲ့ျဖစ္တာကမွ ပိုၿပီး ေကာင္းလိမ့္ဦးမယ္။
"ေခ်ာင္ေဝ့မင္ ရွင္က ကြၽန္မကို ေအာက္တန္းစားလို႔ ေျပာလိုက္ကတည္းက ကြၽန္မက ရွင့္သမီးမဟုတ္ဘူးလို႔ ဝန္ခံလိုက္တာပဲ မဟုတ္ဖူးလား။ ဒီေတာ့ ရွင့္မွာ ကြၽန္မကို ေက်ာင္းထြက္ခိုင္းနိုင္ေလာက္တဲ့အထိ ဘာအခြင့္အေရးမ်ားရွိေနလို႔လဲ။ ဒါ့အျပင္ ကြၽန္မက ဘာမွမေျပာဘူးဆိုတာကလည္း ကြၽန္မ ဘာမွမသိဘူးဆိုတဲ့ အဓိပၸာယ္မဟုတ္ဘူးေနာ္။"
က်င္းယြင္ေက်ာင္းက သူ႕ကို ေအးစက္စက္ စိုက္ၾကည့္လိုက္ၿပီး ဆက္ေျပာသည္။
"ဆရာတို႔၊ ဆရာတို႔အားလုံးက ကြၽန္မကို ကြၽန္မအေမရဲ႕အရင္အိမ္ေထာင္ကေန ပါလာတဲ့ ကေလးဆိုၿပီးေတာ့ သိထားၾကတာ။ ဒါေပမယ့္ ဆရာတို႔ မသိတာက ယဲ့ခ်င္ကလည္း ကြၽန္မရဲ႕အေမအရင္း မဟုတ္ဘူးဆိုတာပဲ။"
"ယဲ့ခ်င္ ကိုယ္ဝန္ႀကီးနဲ႕တုန္းက သူက ကြၽန္မကို အႏွီးထုပ္ကေလးနဲ႕ ရွာေတြ႕ခဲ့တယ္။ အစကေတာ့ သူက ကြၽန္မကို စြန့္ပစ္မလို႔ပဲ၊ ဒါေပမယ့္ ေရွ႕ျဖစ္ေဟာဆရာက သူ႕ကေလးေတြကို ကံအညံ့ေတြကေန ကာကြယ္ေပးဖို႔ ကြၽန္မကို အေဆာင္သေဘာမ်ိဳး သုံးလို႔ရတယ္လို႔ ေျပာခဲ့တယ္။ ဒါေၾကာင့္ သူက စိတ္ေလွ်ာ့ၿပီး ကြၽန္မကို အိမ္ေခၚလာတာ။ ကြၽန္မ အရင္က အမွန္တရားကို မသိခဲ့ဘူး။ ကြၽန္မ နားလည္း မလည္ခဲ့ဘူး၊ ကြၽန္မရဲ႕မိဘေတြက ဘာလို႔ ကြၽန္မကို ေန႕တိုင္း ေအာ္ဟစ္ႀကိမ္းေမာင္းေနၿပီး ေအးတိေအးစက္ ေျပာဆိုဆက္ဆံေနတာလဲဆိုတာ။ ဒါေပမယ့္ ေနာက္ပိုင္းမွာ ကြၽန္မ အမွန္တရားကို သိလာခဲ့တာ။ ေနာက္ဆုံးေတာ့ ကြၽန္မ အေၾကာင္းအရင္းကို သေဘာေပါက္သြားခဲ့တယ္။"
"ဘာပဲေျပာေျပာ ယဲ့ခ်င္က ကြၽန္မကို ႏွစ္ေပါင္းမ်ားစြာ ေကြၽးေမြးျပဳစုခဲ့ၿပီးေတာ့ အဲဒီအတြက္လည္း ကြၽန္မက သူ႕ကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ မၾကာခင္တုန္းက သူကြယ္လြန္သြားေတာ့လည္း ကြၽန္မ တကယ္ကို လွိုက္လွိုက္လွဲလွဲ ဝမ္းနည္းပူေဆြးခဲ့တယ္။ ဒါေပမယ့္ ကြၽန္မ အေႂကြးတင္ေနတဲ့သူက ယဲ့ခ်င္တစ္ေယာက္တည္းပါ။ ေခ်ာင္ေဝ့မင္ဆီမွာ ဘာအေႂကြးမွ တင္မေနဘူး။ ဒီႏွစ္ေတြအတြင္းမွာ သူက ကြၽန္မကို ဆူပူႀကိမ္းေမာင္းတယ္၊ ရိုက္တယ္။ သူက ကြၽန္မထက္ ယုတ္ညံ့တဲ့ ေကာလဟာလေတြကို ပိုယုံတယ္။ ဒီေန႕လည္း သူ ကြၽန္မကို ေက်ာင္းထုတ္ဖို႔ လုပ္ေနတာက ကြၽန္မ အမွားလုပ္ခဲ့လို႔မဟုတ္ဘူး၊ အိမ္မွာ ခ်က္ျပဳတ္သန့္ရွင္းေရးလုပ္မယ့္ အေမမရွိေတာ့လို႔ပဲ။"
က်င္းယြင္ေက်ာင္း၏မ်က္လုံးမ်ားသည္ နီရဲေနကာ ပတ္ဝန္းက်င္ရွိ လူမ်ားက ၾကက္ေသေသေနၾကသည္။
သူမ၏စကားေၾကာင့္ သူတို႔အားလုံး အံအားသင့္သြားၾက၏။
ေခ်ာင္ေဝ့မင္ႏွင့္ေခ်ာင္ဟုန္ယဲ့သည္ပင္ က်င္းယြင္ေက်ာင္းက သူမ၏ေမြးဖြားရာဇာတ္ေၾကာင္းကို သိၿပီးသားျဖစ္ေနလိမ့္မည္ဟု မထင္ထားမိေခ်။
"က်င္းယြင္ေက်ာင္း မင္းေျပာသလိုသာဆိုရင္ ေခ်ာင္ဟုန္ယဲ့နဲ႕ေခ်ာင္က်စ္က်ိဳးတို႔က မင္းနဲ႕ ေသြးသားေတာ္စပ္မႈ လုံးဝမရွိဘူးေပါ့။"
ဆရာမက်င္က ေလေအးတစ္ခ်က္ကို ရႈသြင္းလိုက္ၿပီး ေမးလာသည္။
အကယ္၍ က်င္းယြင္ေက်ာင္းသာ ယဲ့ခ်င္၏ သားသမီးအရင္းျဖစ္ပါက ေခ်ာင္ေဝ့မင္သည္ ကြယ္လြန္သြားေသာ ဇနီးသည္၏မ်က္ႏွာကို ေထာက္၍ က်င္းယြင္ေက်ာင္းအား ပို၍ ေကာင္းေကာင္းမြန္မြန္ ဆက္ဆံလိမ့္မည္ဟု ေမွ်ာ္လင့္၍ ရေသးသည္။
သို႔ေသာ္ ယခုတြင္မူ က်င္းယြင္ေက်ာင္းသည္ ေခ်ာင္မိသားစုႏွင့္ လုံးဝေသြးသားေတာ္စပ္မႈမရွိေသာ ကေလးျဖစ္၏။ ေခ်ာင္ေဝ့မင္က သူမအား ေအာက္တန္းစားဟုပင္ ေခၚခဲ့သည္။ ထို "ေအာက္တန္းစား" ဆိုသည့္စကားလုံးအရ သူမအား ၾကင္ၾကင္နာနာျပဳမူဆက္ဆံလိမ့္မည္ဆိုသည္ဟုေတာင္ မေတြးႏွင့္၊ ေခ်ာင္ေဝ့မင္သည္ သူမအား အေျခခံလူ႕က်င့္ဝတ္ႏွင့္အညီပင္ ျပဳမူဆက္ဆံလိမ့္မည္ မဟုတ္ေပ။
ထိုခဏ၌ ဆရာဆရာမမ်ား၏အၾကည့္မ်ားသည္ ေအးစက္ၿပီး မာေက်ာစျပဳလာ၏။
သူတို႔သည္ ယခင္က ေခ်ာင္ေဝ့မင္အား က်င္းယြင္ေက်ာင္း၏ဖခင္ျဖစ္ေသာေၾကာင့္သာ တေလးတစား ဆက္ဆံေနၾကျခင္းျဖစ္သည္။ သို႔ေသာ္ ယခုအခ်ိန္တြင္ေတာ့......