အလိမ်အညာတွေပေါ်လာပြီ
သူ့အလိမ်အညာတွေ ပေါ်လာပြီ။ ယန်ချုံးက ကျိရှင်းလန် ၏ လက်ထဲမှ မာဖလာကို အနည်းငယ် စိတ်ပျက်နေသော အမူအရာဖြင့် စိုက်ကြည့်နေသည်။ သူက အတော်လေးကို အဆင်မပြေတဲ့ အကြည့်နဲ့ လှည့်လိုက်ပြီး မျက်နှာကျက်ကို ကြည့်လိုက်တယ်။
'ငါတော့ ကြေကွဲပါပြီ '
သူဟာ သူ့ရဲ့ အစားအသောက်ကတ်ထဲတွင် ငါးယွမ်သာရှိသော ရိုးရိုးအထက်တန်းကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး Hermes ဆိုတာကို သူဘယ်လိုသိနိုင်မှာလဲ?!
ယန်ချုံးက သူ့မျက်ရည်တွေကို တိတ်တဆိတ် မျိုသိပ်လိုက်သည်။အိမ်တော်ထိန်းက အလွန်ယုံကြည်စိတ်ချရတယ် သို့မဟုတ် အားကိုးလို့မရဘူးလို့ သူပြောသင့်လား?
ယန်ချုံးက ဘာမှလုပ်စရာမလိုဘဲ ကြောင်လေးကို အိတ်ထဲက ထုတ်ပစ်လိုက်တာကို ကျိရှင်းလန် မြင်လိုက်ရတယ်။ သူ့အကြည့်တွေက အေးစက်လာပြီး ချက်ချင်းပဲ သူ့အမူအရာက ပြောင်းသွားတယ်။
“မင်း ကိုယ့်အတွက် မာဖလာတစ်ထည်ထိုးထားတယ်လို့ ပြောတယ်နော်။ အဲ့တာဘယ်မှာလဲ?”
သူ့လေသံက အနည်းငယ် မာကျောသည်။ လက်ဆောင်ကို ရရှိခဲ့တုန်းက သူခံစားခဲ့ရတဲ့ စိတ်လှုပ်ရှားမှုဟာ ရက်စက်ကြမ်းကြုတ်တဲ့ အဖြစ်မှန်ကြောင့် လုံးဝပျောက်ကွယ်သွားခဲ့တယ်။
ယန်ချုံးက သူ့အတွက် မာဖလာမထိုးပေးဘဲ သူ့ကိုလှည့်ဖြားဖို့ ကြုံရာကျပန်းမာဖလာကိုသာဝယ်ခဲ့သည်။
“ငါ......…”
စိုးရိမ်လျက်ရှိနေသော ယန်ချုံးက တံတွေးမျိုချလိုက်ပြီး ထောင့်စွန်းရှိ ကြောင်ကုတင်ကို တစ်ချက်ကြည့်လိုက်သည်။ ယန်ချုံး ကြောင်ကလေးကို ကူရှင်အဖြစ်သုံးဖို့ ပေးထားပြီးသွားပြီ။
“မင်းမှာ ရိုးသားမှုကနည်းနည်းပဲရှိတာလား? မင်းငါ့ကိုလှည့်စားဖို့ မာဖလာတစ်ထည်ကို မင်းကြုံရာကျပန်း ဝယ်ခဲ့တာလား?” ကျိရှင်းလန် ခံစားချက်တွေလွတ်ထွက်သွားပြီ။ သူ့ခြေထောက်တွေကို ဆန့်တန်းပြီး နောက်ကိုမှီလိုက်ကာ ကုတင်ဘေးရှိ စားပွဲပေါ်ကနေterminalကို ကောက်ကိုင်လိုက်ပြီး ကစားလိုက်ပါတော့သည်။
သူယန်ချုံးကို မကြည့်ဘူး။ သူအဲ့တာကိုတွေးလေလေ ဒေါသပိုထွက်လာပြီး ဝမ်းနည်းလာလေလေပဲ။
ဒီပြဿနာက ရိုးရှင်းတဲ့ မာဖလာနဲ့ ပတ်သက်တာ မဟုတ်တော့ဘူး။ ယန်ချုံးက အမှန်တကယ်ပင် သူနှင့်အတူ သတိမထားမိဘဲပေါ့ပေါ့တန်တန် ပြုမူမိခဲ့သည် ။
အဲ့တာက သူ့ကိုဝမ်းနည်းစေတယ်။ ယန်ချုံးက.........တကယ်တော့ သူ့ကို အရမ်းကြီးမကြိုက်တာလား?
ယန်ချုံးက ကျိရှင်းလန် ကို စိတ်မသက်မသာနဲ့ ကြည့်နေတယ်။ကြည့်ရတာ သူဒေါသအရမ်းထွက်နေပြီ သူ့မျက်လုံးထဲမှာ မီးပွားတွေပွင့်ထွက်နေပြီး ခေါင်းကို ငုံ့ထားလိုက်သည်။ အခုလေးတင် သူယန်ချုံး ပေးခဲ့တဲ့မာဖလာကို ရတနာတစ်မျိုးလို ကိုင်ထားတယ်။ ယခုလည်း အဲဒီတူညီတဲ့ မာဖလာကိုပဲ အမှိုက်သဖွယ် လွှင့်ပစ်လိုက်သည်။ သူဘာမှပြန်မပြောတော့ဘဲ terminalကို စိုက်ကြည့်နေတယ်။
ယန်ချုံးက ထိုမာဖလာကို အလွန်တန်ဖိုးထားပြီး ဒေါသဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူဘယ်လောက် စိတ်ဆိုးနေသလဲဆိုတာကို မြင်တော့ ယန်ချုံးရဲ့ နှလုံးလည်း တင်းကြပ်လာကာ သူ့လက်ကိုဆွဲဖို့အမြန်လျှောက်သွားလိုက်တယ်။ “မင်းရူးနေလား?”
ကျိရှင်းလန် က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှပြန်မပြောဘူး။ ဒါပေမယ့် သူ ဒေါသထွက်နေတယ်ဆိုတာ ရှင်းပါတယ်။
ယန်ချုံး အနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။အရင်တုန်းကဆိုရင် ကျိရှင်းလန်က သူ့ကို ဒေါသမထွက်ခဲ့ဖူးဘူး ပြီးတော့ ယန်ချုံးက Alphaရဲ့ဒေါသကို ဘယ်လိုဖြေဖျောက်ပေးရမလဲဆိုတာကို မသိပေ။ ထို့ကြောင့် သူ့ဘေးနားမှာထိုင်ပြီး ခေါင်းကို ကျိရှင်းလန်ရဲ့ပခုံးပေါ်တင်ပြီး ကြိုးစားရုံမျှသာ တတ်နိုင်သည်။ ခေါင်းကိုမော့ပြီး နှုတ်ခမ်းထောင့်စွန်းကို နမ်းလိုက်သည်။ “ ကျိရှင်းလန် ၊ စိတ်မဆိုးပါနဲ့နော် ”
ကျိရှင်းလန် ဘာမှပြန်မပြောလာဘူး။ ဖန်သားပြင်ရဲ့အလင်းက သူ့မျက်လုံးများကို အမှန်တကယ်တောက်ပစေသော်လည်း သူ့ကို တစ်ချက်မျှ မကြည့်ခဲ့ပါ။ သူ့နှုတ်ခမ်းတွေကို တင်းတင်းကြပ်ကြပ် ဖိထားရင်း နည်းနည်းလေးမှတောင် မပြုံးလာဘူး။ အဲ့တာကဦးတည်ချက်တစ်ခုတည်းတွင် တည်ရှိနေခဲ့သည်။ သူက ကုတင်ကိုမှီလိုက်ပြီး terminalနှင့် ကစားကာ သူ့ဘေးဘက်မျက်နှာတစ်ခြမ်းက သူ့ကို လှပသော ရုပ်တုတစ်ခုလို ဖြစ်စေသည်။
ကျိရှင်းလန် သူ့ကို လျစ်လျူရှုနေတာကို တွေ့လိုက်ရတော့ ယန်ချုံးက သူ့ဒေါသတွေကို ဖြေဖျောက်ဖို့ ပိုပြီးခက်ခက်ခဲခဲ ကြိုးစားနိုင်ခဲ့တယ်။ သူ့ကို စိတ်ချမ်းသာစေရန် terminalကို တွန်းဖယ်လိုက်ပြီး သူ့ပေါင်ပေါ်မှာထိုင်လိုက်ကာ မျက်နှာကိုဆုပ်ကိုင်လိုက်ပြီး နမ်းပစ်လိုက်သည်။
“မရူးချင်စမ်းပါနဲ့ ” ကျိရှင်းလန် ၏ဒေါသကို ဖြေဖျောက်ရန် ကြိုးစားနေခြင်းလား သို့မဟုတ် ချစ်စရာကောင်းလုပ်နေတာဆိုတာကို သူမသိဘူး ၊ မည်သို့ပင်ဆိုစေကာမူ အဲ့တာထိရောက်မှုရှိကြောင်း သက်သေပြနေသည်။
ကျိရှင်းလန်က စကားတစ်ခွန်းမှ မပြောနိုင်သော်လည်း သူ့လက်ကို မခွာနိုင်ဘဲ ယန်ချုံးကိုညှစ်လိုက်သည်။
ယန်ချုံး ရှူးရှူးရှဲရှဲဖြစ်သွားပေမယ့်။ အဲ့တာကမနာပါဘူး ဒါပေမယ့်နည်းနည်းတော့ ရှက်စရာကောင်းတယ်။
သူက သူ့ကို ထိတွေ့ပြီး နမ်းဖူးခဲ့ပေမယ့် ကျိရှင်းလန်ကတော့ အံဝင်ခွင်ဖြစ်နေတာကနေပစ်ပယ်နေပြီး သူ့ကို အသိအမှတ်ပြုဖို့ ငြင်းဆန်နေဆဲပဲ။ သူ့လုပ်ရပ်က နည်းနည်းကလေးဆန်ပြီး ယန်ချုံး ငိုရခက် ၊ရယ်ရခက်ဖြစ်နေသည်။
ကျိရှင်းလန် က သူ့ကို ဘယ်တုန်းကမှ စိတ်မဆိုးခဲ့ဖူးတာကို သတိရမိသွားသည်။ အရင်တုန်းကဆိုရင် သူ့လုပ်ရပ်တွေက တကယ်ကို စက်ဆုပ်ရွံရှာစရာကောင်းတဲ့ အချိန်မျိုးမှာတောင် ကျိရှင်းလန် က သူ့ မျက်လုံးတွေကို အေးအေးဆေးဆေး စိုက်ကြည့်ဖို့ နက်မှောင်ပြီး တောက်ပနေတဲ့ မျက်လုံးတွေကိုပဲ သုံးခဲ့တယ်။
ကျိရှင်းလန်ရဲ့ ဒေါသက အခြားကနေဖြစ်လာတာ မဟုတ်ဘူးဆ်ုတာကို ယန်ချုံးသိတယ်။ ဒါပေမယ့် ယန်ချုံးက သူ့ကို မချစ်သလို ပြုမူနေတယ်။
အမှန်မှာ၊ ကျိရှင်းလန်၏ရှုထောင့်မှကြည့်လျှင် ယန်ချုံးက သူ့အတွက် မာဖလာတစ်ထည်ကို ထိုးပေးဖို့ဆန္ဒမရှိရုံသာမက ထိုအကြောင်းကိုလည်း သူ့ကိုလိမ်ညာခဲ့သည်။
ဒါက သူ့ကို ချစ်တယ်လို့ ဆိုလိုတာလား?
ယန်ချုံးက သူ့(ကျိရှင်းလန်)မျက်နှာကိုထိဖို့ လက်ကို မြှောက်လိုက်ပြီး သူ့(ယန်ချုံး) နှုတ်ခမ်းကို ဖိလိုက်တယ်။
ယန်ချုံး သက်ပြင်းချပြီး သူ့လည်ပင်းကို ပွေ့ဖက်လိုက်ကာ သူ့ကို စိတ်တည်ငြိမ်အောင်လုပ်ပေးဖို့ ကြိုးစားရင်းနှင့် သူ့ကို ဖက်ထားလိုက်သည်။ “ဟုတ်ပါပြီ၊ မရူးချင်စမ်းပါနဲ့တော့။ ငါ မင်းအတွက် မာဖလာတစ်ထည်ကို တကယ်ထိုးထားပါတယ်။ ငါတကယ်ထိုးခဲ့တယ်”
သူ့ကို မယုံမှာကို စိုးရိမ်လို့ ယန်ချုံးကလက်လျှော့လိုက်ပြီး “ ငါ မင်းဆီ ယူလာပေးမယ်၊ဟုတ်ပြီလား ။ ဒါပေမယ့် မင်းမှာ ရယ်ခွင့်မရှိဘူး” လို့ ပြောလိုက်တယ်။
ကျိရှင်းလန်က နောက်ဆုံးတွင် တုံ့ပြန်ခဲ့ပြီး သူ့ကို သံသယအကြည့်တစ်ချက်နဲ့ကြည့်လာသည်။
“ မျက်လုံးမှိတ်ထား မကြည့်နဲ့”
ယန်ချုံးက ကျိရှင်းလန်၏လက်ကိုဆွဲကိုင်လိုက်ပြီး သူ့(ကျိရှင်းလန်)မျက်လုံးများကို အုပ်ထားခိုင်းလိုက်သည်။ ထို့နောက် သူအိပ်ရာပေါ်မှ ခုန်ဆင်းကာ ကြောင်အိပ်ရာပေါ်မှ မာဖလာကို ကောက်ယူလိုက်သည်။ သူအဲ့တာကို အစွမ်းကုန် ခါလိုက်ပြီး ကြောင်အမွေးတွေကို ရိုက်ပြီးခါချလိုက်သည်။
သူပြန်လာသောအခါ Jကျိရှင်းလန်က သူ့မျက်လုံးများကို အုပ်ထားဆဲဖြစ်ပြီး ချောင်းမကြည့်ခဲ့ပေ။ စိတ်မသက်မသာဖြင့် ယန်ချုံးက မာဖလာကို နမ်းရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။ ဒီဟာမှာ အနံ့တော့မရှိဘူး။
Alphaတွေမှာ အမှန်တကယ်တော့ ထက်မြက်သော အာရုံတွေရှိကြတယ်။ ကျိရှင်းလန် က မာဖလာကို သူ့ကိုပေးမယ့်အစား ကြောင်ဆီကို လွှင့်ပစ်လိုက်တယ်လို့သာ သိလိုက်ရရင် သူ ဒေါသဖြစ်မှာ သေချာပါတယ်။
ယန်ချုံးက ကုတင်ပေါ်တွင် ဒူးထောက်လိုက်ပြီး မဝ့မရဲနဲ့ မဖလာကိုမခေါက်တော့ဘဲ ကျိရှင်းလန် ရဲ့ လည်ပင်းတစ်ဝိုက်တွင် တွဲလောင်းချပေးလိုက်သည်။
“ ရပြီကြည့်တော့ ၊ ငါမင်းအတွက် တကယ်ထိုးပေးထားတာ” သူက ကျိရှင်းလန်ကိုမျက်လုံးဖွင့်ခိုင်းပြီး ပြောလိုက်တယ်။ “အဲဒါက........ ရုပ်ဆိုးလွန်းပြီး မင်းကိုပေးရတာ အရမ်းရှက်စရာကောင်းနေတာကိုငါသိတယ် ”
ကျိရှင်းလန် ခေါင်းငုံ့ပြီး ကြည့်လိုက်သည် နောက်ဆုံးမှာတော့ သူ့လက်တွေကို လှုပ်ရှားဖို့ ဆန္ဒရှိနေတယ်။ သူ့လည်ပင်းနားက မာဖလာကိုဆွဲယူပြီး အနီးကပ်ကြည့်ဖို့ ဖြန့်လိုက်တော့
“…......”
ဟုတ်တယ်၊ အဲဒါက တကယ်ရုပ်ဆိုးတယ်။
ရုပ်ဆိုးလွန်းသဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် အဲ့တာကို ယန်ချုံးထိုးထားတာဆိုတာ သိနိုင်တယ်။အပ်နဲ့ချုပ်တဲ့အလုပ်က တကယ်ကို ရုပ်ဆိုးတယ်။စျေးရောင်းတဲ့သူက ဒီမာဖလာကိုတကယ်ရောင်းဖို့ စိတ်အားထက်သန်နေပါက၊ သူ့ရဲ့စီးပွားရေးက အခြား ရမ်းကု စက်ရုံတွေနဲ့အတူ ယခင်ကတည်းက ဒေဝါလီခံသွားရလိမ့်မည်။
“Tsk၊ ဒါက အဲ့တာနဲ့ပိုတူတယ်”ကျိဂှင်းလန်က မာဖလာကိုလက်ခံခဲ့သောအခါ ကျေနပ်တဲ့ပုံပေါ်သည်။
သူက ယန်ချုံးရဲ့ လည်ပင်းကိုလှမ်းဆွဲပြီး နမ်းလိုက်သည်။ ထို့နောက် သူ၏စိတ်ကိုဆန့်ကျင်ပြီး မာဖလာကို စတင်ချီးမွမ်းခဲ့သည်။ “ကြည့်ရတာ လုံးဝရုပ်မဆိုးပါဘူး ။တကယ်ပြောတာ ။ ဒါက ဆိုင်မှာဝယ်ထားတာထက် ပိုကောင်းတယ်။ ကိုယ်ဒါကို မနက်ဖြန်ပတ်သွားလိုက်မယ်”
ယန်ချုံးက သူ၏ ချောမောသော မျက်နှာကို ကြည့်ပြီး သူတကယ်ကြီး မျက်စိကန်းနေတာလား ဒါမှမဟုတ် သူ့စီရင်ချက်က အချစ်ကြောင့် တိမ်မြုပ်နေတာလားလို့ တွေးတောနေမိသည်။ မည်သို့ပင်ဆိုစေကာမူ သူက အပြစ်ရှိသလိုခံစားရပြီး အေးစက်နေသော ချွေးများက သူ့နောက်ကျောဘက်သို့ စီးကျလာသည်။
ဒါကြောင့် သူက မဝံ့မရဲနဲ့ကျိရှင်းလန်ကို “ဒါကို မင်းအတွက် ငါထိုးခဲ့တာ။မင်း အဲ့တာကိုသိမ်းထားပြီး မဝတ်လို့မရဘူးလား?”
ကျိရှင်းလန်က ယန်ချုံး ပြောတာ ကျိုးကြောင်းဆီလျော်သည်ကို တွေ့ရှိသောကြောင့် ခေါင်းညိတ်လိုက်သည်။
ယန်ချုံးက သူ့ကို မာဖလာတစ်ထည် ပေးခဲ့တယ်။ ကမ္ဘာပေါ်မှာ ဒီလို မာဖလာကတစ်ထည်ပဲ ရှိတယ်။ သူဘာကြောင့် တခြားသူတွေ မြင်အောင်ပြရမှာလဲ?
ထိုအတွေးဖြင့် ကျိရှင်းလန်က သူ့အမေကိုတောင် မမြင်စေချင်သလိုပင် မာဖလာကို သိမ်းထားရန် ဆုံးဖြတ်လိုက်သည်။ ဒါပေမယ့် သူ မာဖလာကို ဖယ်ပြီး သူ့လက်ထဲမှာ ကိုင်ထားရင်း လေကို ရှူရှိုက်လိုက်သည် ။ သူက မာဖလာကို အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်ကာ “ဒါကကြောင်အနံ့လိုမျိုး ဘာလို့ ရနေရတာလဲ” လို့ မေးလိုက်သည်။
ပြီးတော့ အိမ်မှာရှိတဲ့ ကြောင်စုတ်လေးလို အနံ့အသက်ကလည်း တထပ်တည်းပဲ။
ယန်ချုံး အသက်ရှူကျပ်လုနီးပါးပဲ။ သူက တတ်နိုင်သမျှ သဘာဝအတိုင်း လှည့်သွားပြီး မျက်နှာကျက်ကို စိုက်ကြည့်ရင်း “ မဟုတ်ပါဘူး။ မင်းနှာခေါင်းက မင်းကို လိမ်နေတာ”လို့ပြန်ပြောလိုက်သည်။
ကျိရှင်းလန် မျက်မှောင်ကြုတ်လိုက်သည်။ မာဖလာက ကြောင်ရဲ့ကိုယ်ကလို အနံ့ရနေတယ်။ ကြောင်က ဒီအပေါ်ခုန်တက်ခဲ့သလား ၊ မတက်ခဲ့ဘူးလားတော့ သူ မသိပေမယ့် သူစိတ်ထဲမထားခဲ့ပါဘူး။
ယန်ချုံး က သူ့အတွက် မာဖလာတစ်ထည် ထိုးပေးတယ်။ အဲ့တာကဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ၊ အဆင်ပြေပါတယ်။ ကြောင်လေးရဲ့ အနံ့ကလည်း ကောင်းပါတယ်။
ကျိရှင်းလန်က မာဖလာကို ရတနာတစ်မျိုးလို သိမ်းလိုက်သည်။ သူက သေတ္တာတစ်လုံးထဲ ထည့်ကာ ဗီရိုအောက်ခြေမှာ ထားလိုက်ပြီး ပျော်ရွှင်စွာ ကုတင်ပေါ် ခုန်တက်ကာ ယန်ချုံး ကို ဆွဲချလိုက်သည်။ သူက နှုတ်ခမ်းထောင့်ကို နမ်းလိုက်ပြီး "ငါ မင်းကို ပေးစရာတစ်ခုရှိတယ်" လို့ပြောလိုက်တယ်။
ယန်ချုံးက သူ့ဆီက လက်ဆောင်ကို ယူလိုက်တယ်။ သူ့အတွက် တစ်ခုခုရှိလို့ မအံ့သြပါဘူး။ နောက်ဆုံးတော့၊ ကျိရှင်းလန်က သူ့ကို "ကြီးကျယ်တဲ့" လက်ဆောင်အဖြစ် ပေးခဲ့တဲ့ အရုပ်တိုင်းကို သူ နှစ်သက်ခဲ့တယ်။
ထူးထူးဆန်းဆန်းတစ်ခုခုဖြစ်မှာကို စိုးရိမ်သဖြင့် ယန်ချုံးက ၎င်းကို သူ့လက်ထဲတွင် ချိန်ဆလိုက်သည်။
ထူးဆန်းတာက သေတ္တာကြီးက ကြီးပေမယ့် ပေါ့ပါးနေတယ်။
'ဒါက မာဖလာလည်းမဖြစ်နိုင်ဘူး မလား ?' ယန်ချုံးက သေတ္တာကိုဖွင့်ကြည့်ရင်း စဉ်းစားနေတယ် ။
မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ကျိရှင်းလန် ကိုယ်တိုင်က မာဖလာအကြောင်း ပြောခဲ့တာ ။
ယန်ချုံး သေတ္တာကိုဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ရင်းနှီးသော ချည်သားမာဖလာ ပစ္စည်းတစ်ခုကို သူတွေ့လိုက်ရသည်။ သေတ္တာပေါ်တွင် ထုပ်ပိုးမှု သို့မဟုတ် အမှတ်တံဆိပ်အမည် မပါရှိသောကြောင့် သူကိုယ်တိုင် ချည်ထိုးထားခြင်းဖြစ်သည်။
ကျိရှင်းလန် ဒေါသထွက်နေသည်မှာ အံ့သြစရာမဟုတ်ပေ။ Alphaတစ်ယောက်အနေနဲ့ သူ့အတွက် မာဖလာတစ်ထည်ကို ကိုယ်တိုင်ထိုးတယ်။ ဒါဆို ယန်ချုံးက သူ့ရင်ထဲက သနားစရာကောင်းတဲ့ ခေါင်းမာမှုလေးကို ဖယ်ထားပြီး သူ့အတွက် မာဖလာတစ်ထည် ကြိုးနဲ့ထိုးဖို့က ဘာလဲ ?
ယန်ချုံး မာဖလာကို ထုတ်ယူဖို့ ကြည့်မိလိုက်တော့ အနည်းငယ် အံ့သြသွားမိသည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ကျိရှင်းလန်က စာကြည့်ခန်းမှာ ချည်ထိုးတာကဖြစ်နိုင်ပါသလား။ ဒါက အရမ်း… ထိထိမိမိပါပဲ။
ဘောလုံးနဲ့တူတဲ့ ပစ္စည်းကို ကြည့်လိုက်တော့ ယန်ချုံးက သူလည်း မာဖလာတစ်ထည် ထိုးထားတာ ဖြစ်ရမယ်လို့ တွေးထားပေမယ့် ဆွဲထုတ်လိုက်တဲ့အခါမှာတော့ ယန်ချုံး ထိုးထားတဲ့ အရာထက်တောင် ပိုဆိုးနေပါသေးတယ်။
အဲ့ဒါက အနက်ရောင်၊ ပုံစံမမှန်ဘဲ မာဖလာနဲ့လည်းမတူပေ ။
“Pfft” ယန်ချုံးက သူ့ထက်ပို၍ မိုက်မဲသည့်သူတစ်ယောက်ရှိလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ သူ ကရုဏာမဲ့စွာ ပြုံးပြလိုက်သောအခါတွင် အင်္ကျီကိုဖွင့်မဖြန့်မီ ကျိရှင်းလန်က လျှို့ဝှက်စွာ ပြုံးနေသည်ကို သူတွေ့လိုက်ရသည်။
'ဟင်? အဲ့ဒါက မာဖလာနဲ့ မတူဘူး '
'ကြည့်ရတာ...ဆွယ်တာအင်္ကျီနဲ့တူတယ်။ အပ်ချည်ကြိုးက အလွန်သပ်ရပ်လှပသည်။ ထူးချွန်မှုက ငါ့ထက် သိသိသာသာကိုများတယ် ’ ယန်ချုံးက သူ့နှလုံးသားထဲမှာ အကဲဖြတ်လိုက်တယ်။ 'ဒါပေမယ့် အပေါက်တွေက နည်းနည်းကြီးတယ်။ သူ ဘယ်လိုဝတ်ရမှန်းမသိဘူး '
"မင်း ဝတ်လို့ရတယ် " ကျိရှင်းလန်က သူ ပဟေဠိဖြစ်နေတာကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည်။ “ဒီကိုလာ ပေါင်ပေ့ ကိုယ့်ပေါင်ပေါ်မှာထိုင်။ ကိုယ် မင်းကိုဝတ်ပေးမယ် "
ယန်ချုံး က ဒါကို ဘယ်လိုဝတ်ရမယ်ဆိုတာ သိချင်တဲ့အတွက် စမ်းသပ်မှုဘာသာရပ်အဖြစ် နာခံမှုရှိပြီး ကျိရှင်းလန်ကို သူ့ကို ဝတ်ဆင်ခွင့်ပေးပါတယ်။
ဝတ်ပြီးနောက် ကုတင်ပေါ်မှ ခုန်ဆင်းကာ ကိုယ်လုံးပေါ်မှန်ရှေ့သို့ ရွှေ့လိုက်သည်။
သူ၏ ရောင်ပြန်ဟပ်မှုက အနက်ရောင်ဆွယ်တာအင်္ကျီကို ၀တ်ထားသည်ကို သူ၏ကျောပြင်ကို ပြသထားသည်။ လည်ပင်းတစ်ဝိုက်တွင် ဖဲကြိုးတစ်ချောင်းတည်းသာ ချည်နှောင်ထားသည်။ သူ့ပခုံးနဲ့ နောက်ကျောအများစုဟာ ထင်ရှားနေပြီး လည်ပင်းပေါ်က ကော်လာတွေနဲ့ ပါးပြင်ပေါ်က အနီစက်တွေနဲ့အတူ သူ့ကို အရက်မူးနေပုံရတဲ့ သန့်စင်ပြီး ဆွဲဆောင်မှုရှိတဲ့ အသွင်အပြင်ကို ထုတ်ပေးခဲ့ပါတယ်။
ယန်ချုံးက မှန်ကို စိုက်ကြည့်ရင်း ငြိမ်သွားသည်။
'အသားအရေကိုပြဖို့ စိတ်မ၀င်စားဘူး ဒါပေမယ့် အနောက်မှာ ဘာလို့ ယုန်အမြီးဖွားဖွားဖလးကရှိ နေတာလဲ?! '
ကျိရှင်းလန်က တစ်ချိန်တည်းမှာ သူ့နောက်မှ ပေါ်လာပြီး ဖြူဖွေးသော အမြီးကို ညှစ်လာသည်။ ယန်ချုံးက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "မင်းဘာလုပ်နေတာလဲ ?"
ကျိရှင်းလန်ရဲ့ပုံရိပ်က မှန်ထဲမှာ ပေါ်လာသည် ။ သူ့ဇစ်ကို ဆွဲဖြုတ်လိုက်ပြီး ပြောလာတယ် "မင်းဘယ်လိုထင်လဲ"
……
သူတို့ရဲ့ ရောစပ်ထားတဲ့ pheromone တွေရဲ့ ရနံ့တွေက လေထဲမှာ ပျံ့လွင့်နေချိန်မှာ အခန်းတွင်း အပူတွေ စိမ့်ဝင်လာတယ်။
ယန်ချုံး လက်များက ပဝါတစ်ခုဖြင့် ချုပ်နှောင်ထားခံရပြီး တံခါးလက်ကိုင်တွင် ချည်နှောင်ထားသည်။ သူ့တွင် မတ်တပ်ရပ်ရန် နေရာမရှိသဖြင့် ခြေဖျားထောက်များသာ ရပ်တည်နိုင်ပြီး နောက်လူကိုသာ ထိန်းထားနိုင်စေခဲ့သည်။
“သေသေချာချာရပ်ပြီး ဂရုစိုက် ” ကျိရှင်းလန်က ကြင်နာဟန်ဆောင်ပြီး အကြံဉာဏ်ပေးလာတယ်။ "မင်း ကောင်းကောင်းမရပ်ဘဲ တံခါးပွင့်သွားရင် မင်းဘာလုပ်မလဲ ? အခု စင်္ကြံမှာ လူတွေ ရှိတယ်”
"...မင်း အရူးလုပ်လို့ပြီးပြီလား? " ယန်ချုံး မျက်လုံးတွေက စိုစွတ်နေသည် ။ ထူထဲပြီး နက်မှောင်သော မျက်တောင်များပင်လျှင် အားပျော့သွားသော လိပ်ပြာအတောင်များကဲ့သို့ စိုစွတ်နေပါသည်။
သူက သူ့ခန္ဓာကိုယ် လိုင်းများပေါ်တွင် ချစ်စဖွယ် ကပ်နေသော လက်တို ဆွယ်တာအင်္ကျီကိုသာ ၀တ်ဆင်ထားပြီး သူ၏ ဖြူစင်သော အသားအရေနှင့် သိသိသာသာ ခြားနားနေသည်။
ယန်ချုံးက သူ့နှာခေါင်းဖျားက ချွေးတွေ ကျလာလို့ ခေါင်းကို ခါယမ်းလိုက်သည် ။
'ကျိရှင်းလန် ဒီမကောင်းတဲ့ကောင် ! သူက ချိုမြိန်တဲ့စကားတွေ ပြောနေနိုင်ပေမယ့် သူက ငါ့ကို လုံးဝ ကြင်နာမနေဘူး!'
ချောမောလှပသော ကောင်ကလေးသည် နို့နှစ်ရောင် ကြေးဝါရောင် ကော်ဇောဖြင့် ခင်းထားသော ကြမ်းပြင်ပေါ်တွင် ရပ်နေ၏။ သူ၏ လှပသော ခြေဗလာနှင့် ခြေကျင်းဝတ်များသည် ပန်းရောင်သန်းနေသည် ။ သူ့တစ်ကိုယ်လုံး ချွေးစက်တွေနဲ့ ဖုံးလွှမ်းထားပြီး ရေထဲမှ ဆွဲထုတ်ခံလိုက်ရသည့်ပုံပေါ်သည်။ သူ၏မူလက ဖြူစင်သောအသားအရေကို ပန်းရောင်အရိပ်အရောင်ဆိုးထားပြီး အပြစ်ကင်းစင်ပြီး လှပသော merman နှင့်တူသည်။
ကျိရှင်းလန်က စိတ်ရှည်ရှည်ဖြင့် သူ့လည်ကုပ်ကို နမ်းလိုက်ပြီး ကျောရိုးအောက်သို့ ရွှေ့လိုက်သည်။ အနမ်းတိုင်းသည် ဇီဝကမ္မတုံ့ပြန်မှုအနေနဲ့ ယန်ချုံးကို တုန်လှုပ်စေခဲ့သည်။
ယန်ချုံးက နောက်က ကျိရှင်းလန်ရဲ့ စိုစွတ်ပြီး အနီရောင်သန်းတဲ့ နှုတ်ခမ်းတွေကို မြင်နေရတယ်။ နီရဲနေတဲ့ ပါးပြင်နဲ့ မျက်လုံးတွေကိုလည်း ပြုပြင်ပေးနိုင်ပါတယ်။ ထို့ကြောင့် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလှမ်းပြီး နမ်းရှိုက်ရင်း ညည်းညူသံအားလုံးကို မျိုချလိုက်သည်။
ယန်ချုံး မောပန်းသွားသည်။ ပူလောင်နေသော ခန္ဓာကိုယ်ကို အနောက်မှ ဖိထားရင်း အိမ်ရှေ့ရှိ အေးစက်နေသော တံခါးပေါ်မှ ပူလောင်နေသော ပါးပြင်ကို ဖိလိုက်သည်။
သူ့ခေါင်းက တံခါးကို အကြိမ်ကြိမ် ရိုက်မိတယ်။ သူ့စိတ်တွေ မကြည်လင်တော့ချိန် တံခါးခေါက်သံက ရုတ်တရက် သူ့နားထဲကို တိုးဝင်လာသည်။
ဒေါက် ဒေါက် ဒေါက် !
တံခါးခေါက်သံများက နီးကပ်လွန်းပြီး ရုတ်တရက် ပေါ်လာသည်။ တုန်လှုပ်သွားပြီး ယန်ချုံး တစ်ကိုယ်လုံး တင်းမာသွားသည်။ ကျိရှင်းလန်က သူအော်မှာကို စိုးရိမ်နေတာကြောင့် ပါးစပ်ကို ချက်ချင်းလက်နဲ့အုပ်လိုက်ပါတယ်။
နောက်ထပ် နှစ်ချက်ခေါက်ပြီးနောက်၊ တံခါးတစ်ဖက်မှ အိမ်တော်ထိန်းရဲ့ အသံထွက်လာသည်။
"သခင်လေးချုံး သခင်ဘေးကျိ သခင်လေးတို့ အခန်းထဲမှာလား ?"
'ဒါက အိမ်တော်ထိန်းပဲ ' ယန်ချုံး သက်ပြင်းချလိုက်သည်။
သူ့အခန်းထဲမှာ ကျိရှင်းလန်ကို ရှာမတွေ့လို့ သူ့ဆီရောက်လာခဲ့တာဖြစ်မယ်။
ကျိရှင်းလန်ကို ယန်ချုံးက သူ့ ပါးစပ်မှ လက်ကို ဖယ်ခိုင်းလိုက်ပြီး အိမ်တော်ထိန်းကို အမြန်ပြန်ဖြေဖို့ သူ့ကို လှုံ့ဆော်လိုက်သည်။
သူ ပြန်မဖြေတော့ အိမ်တော်ထိန်းက ထပ်ခေါက်လာတယ်။
"သခင်လေး ?"
ခေါက်သံများက အလောတကြီး ဖြစ်လာသည်။ ယန်ချုံး ပါးပြင်များက နီမြန်းလာကာ အခိုးအငွေ့များ ထွက်လုမတတ် ဖြစ်သွားသည်။ တုန်လှုပ်နေသော အသံကို တတ်နိုင်သမျှ ထိန်းထားပြီး တတ်နိုင်သမျှ တည်ငြိမ်အောင်သာ ထိန်းထားပြီး အေးအေးဆေးဆေး ပြောနိုင်သည် ။ " သူ...ရေချိုးနေတယ်"
ယန်ချုံးက ကျယ်လောင်စွာ အသက်မရှူဝံ့ဘဲ အပြင်က တစ်ခုခုကို သတိပြုမိပြီး အထဲကို ဝင်လာမှာကို ခြွင်းချက်အနေနဲ့ စိုးရိမ်နေမိသည်။
အိမ်တော်ထိန်းက ဤမျှလောက် ရိုင်းရိုင်းစိုင်းစိုင်း မလုပ်တတ်ကြောင်း သိသာထင်ရှားသော်လည်း ယန်ချုံးက မဝံ့မရဲ ဖြစ်နေသေးသည်။
သူ့အဖြေကို နောက်ဆုံးကြားလိုက်ရသောအခါ အိမ်တော်ထိန်းက “အိုး” ဟု ပြန်ဖြေလာသည်။ ထို့နောက် ထူးထူးခြားခြား တစ်စုံတစ်ရာ အာရုံမခံစားနိုင်တော့ဘဲ “ သခင်လေးတို့နှစ်ယောက်ကို ညစာစားဖို့ သခင်မကြီးက လာခိုင်းလိုက်ပါတယ်” လို့ ပြောလာတယ်။
“အို-အိုကေ ” ယန်ချုံးက အလျင်အမြန် သဘောတူလိုက်သည်။ "ကျွန်တော်တို့ ခဏနေ ဆင်းလာပါမယ်"
သတင်းစကားပို့ပြီးတာနဲ့ အိမ်တော်ထိန်းက ထွက်သွားတယ်။
ခြေသံတွေ ထွက်လာပြီး အောက်ထပ်ကို ဖြည်းညှင်းစွာ ပျောက်ကွယ်သွားချိန်မှာပဲ ယန်ချုံးက တံခါးကို မှီလိုက်တယ်။ သူ့မျက်လုံးထဲမှာ မှိန်းနေတဲ့အကြည့်တွေက ပျောက်ကွယ်သွားခဲ့တာ ကြာပါပြီ။
ကျိရှင်းလန်က ဆွဲယူပြီး နမ်းလိုက်သလိုပဲ သူ(ယန်ချုံး)က ခေါင်းကိုလှည့်ပြီး ကျိရှင်းလန် နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်ပစ်လိုက်တယ်။
..........
Author:
Omake
လန်လန် အသက်ဆယ့်ခုနစ်နှစ်မှာ သူက ချုံးချုံး ကို တစ်ဖက်သတ်ကြိုက်နေခဲ့တယ်။ Valentine's Day နေ့မှာ လန်လန်က နှင်းဆီအပြာရောင် 99 ပွင့်နဲ့ အမည်မသိစာတစ်စောင်ကို ချုံးချုံး အဆောင်ကို ပေးပို့ဖို့သတ္တိရှိခဲ့တယ်။
နောက်တစ်နေ့မှာ သူဟာ သမုဒ္ဒရာထဲသို့ နစ်မြုပ်သွားသည့် ကျောက်တုံးကဲ့သို့ သူ၏ ရည်းစားစာအတွက် အကြောင်းပြန်စာမရခဲ့ပေ။ လန်လန် အသည်းကွဲသွားခဲ့တာပေါ့ ။ ဒီအချစ်က မစခင်မှာ ပြီးဆုံးသွားခဲ့ပြီလေ။
ချုံးချုံးက မနက်ခင်း အပြေးလေ့ကျင့်ခန်းထွက်လုပ်တဲ့အခါ အကြောင်းတစ်ခုခုကြောင့် မစ္စတာ ရန်က သူ့ကို တွေးတောပြီးစဥ်းစားထားတဲ့ စာစီစာကုံးကိုရေးဖို့ ကျောင်းသားရေးရာရုံးကို ပို့လိုက်ပါတယ်။
……
တစ်နေ့မှာတော့ လန်လန်က ဒီအကြောင်းကို ပြောပြီး ချုံးချုံးက သူ့အကြောင်း ဘာမှမသိကြောင်း ပြောပြလာတယ်။
လန်လန်က (အံ့အားသင့်သွားပြီး) ငါပေးခဲ့တဲ့ ပန်းတွေကို မင်းမရခဲ့ဘူးလား ?
ချုံးချုံး : ငါမရဘူး
သူ့အခန်းဖော် ရှဲ့ယွီက သက်သေလိုက်ပေးခဲ့တယ်- သူမရဘူး
အဲဒီနေ့မှာ တာဝန်ကျတဲ့ မစ္စတာ ရန်- ကျေးဇူးတင်ပါတယ်၊ သူလုပ်ခဲ့တယ်။
T/N 1 - ဒါက အဓိပ္ပါယ်မဲ့ ဒရာမာအဖြစ်နဲ့ မပြီးသွားတဲ့အတွက် ဝမ်းသာပါတယ်။
T/N 3- ကြောင်မွေးတွေအပြင် မာဖလာပေါ်မှာ ဘာရှိနိုင်လဲ ဆိုတာကို တွေးကြည့်ချင်ပါသလား
💙30.10.2022