Chapter 16 : ပထမဆုံးအကြိမ် ပိုက်ဆံရှာခြင်း
ထိုအချိန်တွင် ချောင်ဟုန်ယဲ့သည် ချောင်ဝေ့မင်၏ ယုတ်ညံ့သော အကြံအစည်များကို ရှင်းရှင်းလင်းလင်း သတိမပြုမိခဲ့ပေ။ သူမသည် ကျင်းယွင်ကျောင်း ကျောင်းဆက်မတက်နိုင်တော့သည့် အကြောင်းကိုသာ တွေးနေခဲ့ပြီး သူမ၏ခံစားချက်မှာလည်း အနည်းငယ် ကောင်းမွန်လာခဲ့သည်။
ထို့ကြောင့် သူမသည် ချောင်ဝေ့မင်၏စကားကို နားထောင်ပြီးမနက်စာ လုပ်လေ၏။
သို့ရာတွင် ချောင်ဟုန်ယဲ့သည် ယခင်က အိမ်မှုကိစ္စများကို တစ်ခါမှမလုပ်ခဲ့ဖူးချေ။ သူမ၏မနက်စာမှာ မြိုချရန်ပင် ခက်ခဲလှသဖြင့် ချောင်ဝေ့မင်ဆီမှ ထပ်မံ၍ ဆူပူကြိမ်းမောင်းခံလိုက်ရသည်။
ချောင်အိမ်၌ ထိုကိစ္စများဖြစ်ပျက်နေစဥ်တွင် ကျင်းယွင်ကျောင်းသည် ခရိုင်မြို့သို့ ရောက်နေပြီဖြစ်၏။
ဘတ်စ်ကားခငွေကို ဖယ်လိုက်လျှင် သူမတွင် ယွမ်ဆယ်ဂဏန်းသာ ကျန်တော့သည်။ သူမ၏ပညာသင်စရိတ်မှာလည်း အကန့်အသတ်နှင့်ဖြစ်ပြီး ချောင်မိသားစုက သူမကို မုန့်ဖိုးပဲဖိုး သုံးစရာငွေတစ်ပြားတစ်ချပ်မှ မပေးဖူးချေ။ သူမသည် ရံဖန်ရံခါ မူလတန်းနှင့် အလယ်တန်း ကလေးများကို ကျူရှင်ပြ၍ ပိုက်ဆံရှာခဲ့သော်လည်း သူမမှာ ငွေရေးကြေးရေးကျပ်တည်းနေဆဲပင်။
သို့သော် ယခုတစ်ကြိမ်တွင်တော့ သူမသည် ငွေရပေါက်တစ်ခုကို ရှာတွေ့ခဲ့သည်။
စျာပနအတောအတွင်း၌ လူတိုင်းသည် အလုပ်ရှုပ်နေကြရာ သစ်သီးများစွာသည် အလဟဿဖြစ်၍ ပုပ်သိုးသွားခဲ့သည်။ သူမသည် ချောင်မျိုးရိုးများ အိမ်တွင် မရှိသည့်အချိန်ကို အခွင့်ကောင်းယူ၍ ပန်းသီးစေ့၊ လိမ္မော်သီးစေ့များကို ယူကာ သိမ်းထားခဲ့၏။ ထို့နောက် ညဘက်၌ သူမ၏ နေရာလွတ်နယ်မြေထဲတွင် ၎င်းအစေ့များအား စိုက်ပျိုးထားခဲ့ရာ ရလဒ်မှာ မဆိုးလှချေ။
နဂါးခေါင်းပုံစံထွင်းထားသော ကျောက်တုံးမှ စီးကျနေသော ရေသည် ကြီးထွားမှုအရှိန်မြှင့်ပေးနိုင်သည့် အစွမ်းရှိသော်လည်း သူမသည် လောင်းရမည့် အချိုးအစားပမာဏ၏ အခန်းကဏ္ဍကို မှန်မှန်ကန်ကန် လုပ်ဆောင်တတ်ရန် လိုအပ်သေး၏။
သာမန်သစ်သီးများ၏ကြီးထွားမှုအရှိန်ကို မြှင့်လိုပါက နဂါးရေပူစမ်းမှ ရေသည် ရေတွင်းမှရေ၏ ငါးရာစ တစ်စသာ လိုသည်။(T/N : သူ့အချိုးက ရေတွင်းထဲကရေ အစက်ငါးရာမှာမှ နဂါးရုပ်ကထွက်လာတဲ့ အပြာရောင်ရေ တစ်စက်ပဲ လိုတာပါ) အကယ်၍ သူမ ပိုလောင်းမိသွားပါက အသီးပင်သည် သေမသွားသော်လည်း အသီးများကမူ ပုံမှန်ထက်များစွာ ကြီးထွားလာမည်ဖြစ်၏။ သူမသာ ထိုအသီးများကို အပြင်သို့ယူသွားလျှင် မလိုအပ်ဘဲ ပြဿနာများ ကြီးသွားနိုင်သည်။
မူလက သူမသည် ရေပန်းမှ ထွက်လာသော ရေမှာ ရေတွင်းထဲမှ ရေများပင်ဖြစ်သည်ဟု ထင်ခဲ့မိ၏။ သို့သော် စမ်းသပ်မှုအချို့လုပ်ပြီးနောက် ၎င်းမှာ အခြားနေရာမှရေဖြစ်ကြောင်း သိခဲ့ရသည်။
ရေတွင်းထဲမှ ရေသည် သာမန်ရေဖြစ်ပြီး ၎င်းကို တိုက်ရိုက်သုံးစွဲနိုင်သည်။ ထို့ကြောင့် သူမ၏အပင်များအား ရေလောင်းရန် အပြင်မှရေကို မလိုတော့ရာ သူမအတွက် အဆင်ပြေလေသည်။
ဘတ်စ်ကားပေါ်မှဆင်းလာပြီးနောက် ကျင်းယွင်ကျောင်းသည် လူပြတ်သောနေရာတစ်ခုကို ရှာ၍ သူမ၏နေရာလွတ်နယ်မြေထဲမှ ပန်းသီးအပြည့်ထည့်ထားသည့် ခြင်းတောင်းတစ်တောင်းကို ထုတ်ယူလိုက်၏။ ၎င်းခြင်းတောင်းကို သူမ ရေပူစမ်းရေများ အလွန်အကျွံလောင်းထားသော ပန်းသီးပင်၏ အကိုင်းအခက်များနှင့် ရက်လုပ်ထားခြင်းဖြစ်ရာ အလွန်ခိုင်ခံသည်။
သူမသည် ကျင်းတစ်ရာမက အလေးချိန်စီးသော ခြင်းတောင်းကို နောက်ကျောပိုးလိုက်၏။ ၎င်းမှာ လေးလံလွန်းလှသည်။
(T/N: ကျင်း (斤)ဆိုတာ တရုတ်အလေးချိန်ယူနစ်တစ်ခုပါ။ မြန်မာမှာဆို ပိဿာလို အသုံးအနှုန်း။ ၁ ကျင်း = ၀.၅ ကီလိုဂရမ် = ၁.၁ပေါင် )
ကံကောင်းစွာဖြင့် သူမသွားလိုသည့်နေရာမှာ သိပ်မဝေးပေ။ မကြာခင်မှာပင် သူမသည် ခြင်းတောင်းအလေးကြီးကို ကျောပေါ်မှ ချလိုက်ပြီး သူမ၏ဆိုင်ခန်းငယ်ကို ဖွင့်လှစ်ရန် ပြင်ဆင်လိုက်တော့သည်။
လိမ္မော်သီးများက ပို၍စျေးချိုချိုဖြင့် ရောင်းခဲ့ပြီး သူမက အရေးပေါ်ငွေလိုနေသောကြောင့် လိမ္မော်သီးများကို သူမ၏နေရာလွတ်နယ်မြေထဲတွင်သာ ထားခဲ့လိုက်၏။ သို့ရာတွင် သူမ၏ပန်းသီးများကမူ နီရဲကာ လုံးဝန်းနေသည်။ ၎င်းတို့သည် ကုန်စိမ်းဆိုင်များတွင် ရောင်းသည့် အသီးများထက် ပို၍ ကြည့်ကောင်းပေရာ ရောင်းရလွယ်သင့်သည်။
မျှော်လင့်ထားသည့်အတိုင်း ဆယ်မိနစ်မပြည့်သေးခင်မှာပင် ဝယ်သူတစ်ယောက်ရောက်လာ၏။
"ဒီပန်းသီးတွေက ဘယ်လောက်လဲ။"
ထိုအမျိုးသမီးကြီးက ပန်းသီးများကို သဘောကျကျေနပ်နေသော မျက်နှာထားဖြင့် ထိကြည့်လိုက်ပြီး နမ်းကြည့်လိုက်သည်။ ထို့နောက် သူမ၏စိတ်ထဲတွင် ဤပန်းသီးများသည် အခြားဆိုင်များရှိ အရောင်ကို သာမန်ထက်ပို၍တောက်ပအောင် ဓာတုဆေးများစွာ သုံးထားသည့်ပန်းသီးများနှင့် မတူဘဲ အရောင်အနည်းငယ်ဖျော့ကာ မွှေးပျံ့သော အနံ့ချိုချိုလေးရှိသည်ဟု ဆက်တွေးလိုက်မိ၏။
ကျင်းယွင်ကျောင်းသည် ချောင်မိသားစုအတွက် လိုအပ်သည့် ပစ္စည်းပစ္စယများကို ဝယ်ခြမ်းပေးရသည့် တာဝန်ကို ယူထားရသောကြောင့် သူမသည် စျေးထဲရှိ ပန်းသီး၏ပေါက်စျေးအား သိနေသည်။
"အန်တီ တစ်ကျင်းကို ခြောက်ယွမ်ပါရှင့်။"
ကျင်းယွင်ကျောင်းက ပြုံး၍ ယဥ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်၏။
ပန်းသီးများသည် စျေးမကြီးသော်လည်း အရည်အသွေးကောင်း၏။ စျေးချင်းတူသည့် အခြားဆိုင်များနှင့်ယှဥ်လျှင် သူမ၏ပန်းသီးများက အများကြီးပိုကောင်းလေသည်။
မူလကတည်းက ထိုအမျိုးသမီးကြီးသည် စျေးသယ် မိန်းမပျိုလေး၏အကြောင်းကို သိချင်နေခဲ့ခြင်းဖြစ်၏။ ကျင်းယွင်ကျောင်း၏အသံကို ကြားလိုက်ရသောအခါ ကျင်းယွင်ကျောင်းအပေါ်တွင် အထင်အမြင်ကောင်းများ ချက်ချင်းတိုးပွားသွားသည်ဖြစ်၍ သူမသည် ပန်းသီးဆယ်လုံးမက ဝယ်သွားရန် တွန့်ဆုတ်မနေတော့ချေ။
သူမ၏ပန်းသီးများသည် သာမန်ထက် အနည်းငယ်ပိုကြီးသော်လည်း သူမတွင် ရောင်းစရာ ပန်းသီးများများစားစား မရှိပေ၊ ကျင်းယွင်ကျောင်းသည် မျက်စိတစ်မှိတ်အတွင်း၌ ယွမ်သုံးဆယ် ရှာလိုက်နိုင်၏။ ထိုအမျိုးသမီးကြီး ဝယ်သွားပြီးသည်နှင့် ကျင်းယွင်ကျောင်း၏စီးပွားရေးလေးမှာလည်း ပို၍ပို၍ကောင်းလာသည်။
လေးနာရီအတွင်း ခြင်းတစ်ခြင်းလုံး ပြောင်သွားလေပြီ။
သူမ၏အိတ်ကပ်ထဲရှိ ယွမ်ခုနစ်ရာကို ထိကြည့်လိုက်ပြီး ကျင်းယွင်ကျောင်း အနည်းငယ် စိတ်လှုပ်ရှားသွား၏။
အတိတ်ဘ၀တွင် သူမသည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း အမြဲတမ်း သူတစ်ပါးအတွက်သာ ရှင်သန်ခဲ့ရသည်။ သူမသည် မရေမတွက်နိုင်သော အလုပ်များကို လုပ်ခဲ့ရသော်လည်း သူမသည် အမြဲတမ်း လူမွဲတစ်ယောက်သာ ဖြစ်ခဲ့၏။
(T/N : ဇာတ်လိုက်က အရင်ဘဝတုန်းက အသက်တိုပါတယ်၊ သူက အသက်နှစ်ဆယ်ကျော်မှာ သေခဲ့တာပါ။)
သို့သော် ယခုဘဝတွင်တော့ သူမ ဘယ်တော့မှ ထိုသို့ ထပ်မံ၍ ရှင်သန်သွားမည်မဟုတ်ပေ။
Zawgyi
Chapter 16 : ပထမဆုံးအႀကိမ္ ပိုက္ဆံရွာျခင္း
ထိုအခ်ိန္တြင္ ေခ်ာင္ဟုန္ယဲ့သည္ ေခ်ာင္ေဝ့မင္၏ ယုတ္ညံ့ေသာ အႀကံအစည္မ်ားကို ရွင္းရွင္းလင္းလင္း သတိမျပဳမိခဲ့ေပ။ သူမသည္ က်င္းယြင္ေက်ာင္း ေက်ာင္းဆက္မတက္နိုင္ေတာ့သည့္ အေၾကာင္းကိုသာ ေတြးေနခဲ့ၿပီး သူမ၏ခံစားခ်က္မွာလည္း အနည္းငယ္ ေကာင္းမြန္လာခဲ့သည္။
ထို႔ေၾကာင့္ သူမသည္ ေခ်ာင္ေဝ့မင္၏စကားကို နားေထာင္ၿပီးမနက္စာ လုပ္ေလ၏။
သို႔ရာတြင္ ေခ်ာင္ဟုန္ယဲ့သည္ ယခင္က အိမ္မႈကိစၥမ်ားကို တစ္ခါမွမလုပ္ခဲ့ဖူးေခ်။ သူမ၏မနက္စာမွာ ၿမိဳခ်ရန္ပင္ ခက္ခဲလွသျဖင့္ ေခ်ာင္ေဝ့မင္ဆီမွ ထပ္မံ၍ ဆူပူႀကိမ္းေမာင္းခံလိုက္ရသည္။
ေခ်ာင္အိမ္၌ ထိုကိစၥမ်ားျဖစ္ပ်က္ေနစဥ္တြင္ က်င္းယြင္ေက်ာင္းသည္ ခရိုင္ၿမိဳ႕သို႔ ေရာက္ေနၿပီျဖစ္၏။
ဘတ္စ္ကားခေငြကို ဖယ္လိုက္လွ်င္ သူမတြင္ ယြမ္ဆယ္ဂဏန္းသာ က်န္ေတာ့သည္။ သူမ၏ပညာသင္စရိတ္မွာလည္း အကန့္အသတ္ႏွင့္ျဖစ္ၿပီး ေခ်ာင္မိသားစုက သူမကို မုန့္ဖိုးပဲဖိုး သုံးစရာေငြတစ္ျပားတစ္ခ်ပ္မွ မေပးဖူးေခ်။ သူမသည္ ရံဖန္ရံခါ မူလတန္းႏွင့္ အလယ္တန္း ကေလးမ်ားကို က်ဴရွင္ျပ၍ ပိုက္ဆံရွာခဲ့ေသာ္လည္း သူမမွာ ေငြေရးေၾကးေရးက်ပ္တည္းေနဆဲပင္။
သို႔ေသာ္ ယခုတစ္ႀကိမ္တြင္ေတာ့ သူမသည္ ေငြရေပါက္တစ္ခုကို ရွာေတြ႕ခဲ့သည္။
စ်ာပနအေတာအတြင္း၌ လူတိုင္းသည္ အလုပ္ရႈပ္ေနၾကရာ သစ္သီးမ်ားစြာသည္ အလဟႆျဖစ္၍ ပုပ္သိုးသြားခဲ့သည္။ သူမသည္ ေခ်ာင္မ်ိဳးရိုးမ်ား အိမ္တြင္ မရွိသည့္အခ်ိန္ကို အခြင့္ေကာင္းယူ၍ ပန္းသီးေစ့၊ လိေမၼာ္သီးေစ့မ်ားကို ယူကာ သိမ္းထားခဲ့၏။ ထို႔ေနာက္ ညဘက္၌ သူမ၏ ေနရာလြတ္နယ္ေျမထဲတြင္ ၎အေစ့မ်ားအား စိုက္ပ်ိဳးထားခဲ့ရာ ရလဒ္မွာ မဆိုးလွေခ်။
နဂါးေခါင္းပုံစံထြင္းထားေသာ ေက်ာက္တုံးမွ စီးက်ေနေသာ ေရသည္ ႀကီးထြားမႈအရွိန္ျမႇင့္ေပးနိုင္သည့္ အစြမ္းရွိေသာ္လည္း သူမသည္ ေလာင္းရမည့္ အခ်ိဳးအစားပမာဏ၏ အခန္းက႑ကို မွန္မွန္ကန္ကန္ လုပ္ေဆာင္တတ္ရန္ လိုအပ္ေသး၏။
သာမန္သစ္သီးမ်ား၏ႀကီးထြားမႈအရွိန္ကို ျမႇင့္လိုပါက နဂါးေရပူစမ္းမွ ေရသည္ ေရတြင္းမွေရ၏ ငါးရာစ တစ္စသာ လိုသည္။(T/N : သူ႕အခ်ိဳးက ေရတြင္းထဲကေရ အစက္ငါးရာမွာမွ နဂါး႐ုပ္ကထြက္လာတဲ့ အျပာေရာင္ေရ တစ္စက္ပဲ လိုတာပါ) အကယ္၍ သူမ ပိုေလာင္းမိသြားပါက အသီးပင္သည္ ေသမသြားေသာ္လည္း အသီးမ်ားကမူ ပုံမွန္ထက္မ်ားစြာ ႀကီးထြားလာမည္ျဖစ္၏။ သူမသာ ထိုအသီးမ်ားကို အျပင္သို႔ယူသြားလွ်င္ မလိုအပ္ဘဲ ျပႆနာမ်ား ႀကီးသြားနိုင္သည္။
မူလက သူမသည္ ေရပန္းမွ ထြက္လာေသာ ေရမွာ ေရတြင္းထဲမွ ေရမ်ားပင္ျဖစ္သည္ဟု ထင္ခဲ့မိ၏။ သို႔ေသာ္ စမ္းသပ္မႈအခ်ိဳ႕လုပ္ၿပီးေနာက္ ၎မွာ အျခားေနရာမွေရျဖစ္ေၾကာင္း သိခဲ့ရသည္။
ေရတြင္းထဲမွ ေရသည္ သာမန္ေရျဖစ္ၿပီး ၎ကို တိုက္ရိုက္သုံးစြဲနိုင္သည္။ ထို႔ေၾကာင့္ သူမ၏အပင္မ်ားအား ေရေလာင္းရန္ အျပင္မွေရကို မလိုေတာ့ရာ သူမအတြက္ အဆင္ေျပေလသည္။
ဘတ္စ္ကားေပၚမွဆင္းလာၿပီးေနာက္ က်င္းယြင္ေက်ာင္းသည္ လူျပတ္ေသာေနရာတစ္ခုကို ရွာ၍ သူမ၏ေနရာလြတ္နယ္ေျမထဲမွ ပန္းသီးအျပည့္ထည့္ထားသည့္ ျခင္းေတာင္းတစ္ေတာင္းကို ထုတ္ယူလိုက္၏။ ၎ျခင္းေတာင္းကို သူမ ေရပူစမ္းေရမ်ား အလြန္အကြၽံေလာင္းထားေသာ ပန္းသီးပင္၏ အကိုင္းအခက္မ်ားႏွင့္ ရက္လုပ္ထားျခင္းျဖစ္ရာ အလြန္ခိုင္ခံသည္။
သူမသည္ က်င္းတစ္ရာမက အေလးခ်ိန္စီးေသာ ျခင္းေတာင္းကို ေနာက္ေက်ာပိုးလိုက္၏။ ၎မွာ ေလးလံလြန္းလွသည္။
(T/N: က်င္း (斤)ဆိုတာ တ႐ုတ္အေလးခ်ိန္ယူနစ္တစ္ခုပါ။ ျမန္မာမွာဆို ပိႆာလို အသုံးအႏႈန္း။ ၁ က်င္း = ၀.၅ ကီလိုဂရမ္ = ၁.၁ေပါင္ )
ကံေကာင္းစြာျဖင့္ သူမသြားလိုသည့္ေနရာမွာ သိပ္မေဝးေပ။ မၾကာခင္မွာပင္ သူမသည္ ျခင္းေတာင္းအေလးႀကီးကို ေက်ာေပၚမွ ခ်လိဳက္ၿပီး သူမ၏ဆိုင္ခန္းငယ္ကို ဖြင့္လွစ္ရန္ ျပင္ဆင္လိုက္ေတာ့သည္။
လိေမၼာ္သီးမ်ားက ပို၍ေစ်းခ်ိဳခ်ိဳျဖင့္ ေရာင္းခဲ့ၿပီး သူမက အေရးေပၚေငြလိုေနေသာေၾကာင့္ လိေမၼာ္သီးမ်ားကို သူမ၏ေနရာလြတ္နယ္ေျမထဲတြင္သာ ထားခဲ့လိုက္၏။ သို႔ရာတြင္ သူမ၏ပန္းသီးမ်ားကမူ နီရဲကာ လုံးဝန္းေနသည္။ ၎တို႔သည္ ကုန္စိမ္းဆိုင္မ်ားတြင္ ေရာင္းသည့္ အသီးမ်ားထက္ ပို၍ ၾကည့္ေကာင္းေပရာ ေရာင္းရလြယ္သင့္သည္။
ေမွ်ာ္လင့္ထားသည့္အတိုင္း ဆယ္မိနစ္မျပည့္ေသးခင္မွာပင္ ဝယ္သူတစ္ေယာက္ေရာက္လာ၏။
"ဒီပန္းသီးေတြက ဘယ္ေလာက္လဲ။"
ထိုအမ်ိဳးသမီးႀကီးက ပန္းသီးမ်ားကို သေဘာက်ေက်နပ္ေနေသာ မ်က္ႏွာထားျဖင့္ ထိၾကည့္လိုက္ၿပီး နမ္းၾကည့္လိုက္သည္။ ထို႔ေနာက္ သူမ၏စိတ္ထဲတြင္ ဤပန္းသီးမ်ားသည္ အျခားဆိုင္မ်ားရွိ အေရာင္ကို သာမန္ထက္ပို၍ေတာက္ပေအာင္ ဓာတုေဆးမ်ားစြာ သုံးထားသည့္ပန္းသီးမ်ားႏွင့္ မတူဘဲ အေရာင္အနည္းငယ္ေဖ်ာ့ကာ ေမႊးပ်ံ့ေသာ အနံ႕ခ်ိဳခ်ိဳေလးရွိသည္ဟု ဆက္ေတြးလိုက္မိ၏။
က်င္းယြင္ေက်ာင္းသည္ ေခ်ာင္မိသားစုအတြက္ လိုအပ္သည့္ ပစၥည္းပစၥယမ်ားကို ဝယ္ျခမ္းေပးရသည့္ တာဝန္ကို ယူထားရေသာေၾကာင့္ သူမသည္ ေစ်းထဲရွိ ပန္းသီး၏ေပါက္ေစ်းအား သိေနသည္။
"အန္တီ တစ္က်င္းကို ေျခာက္ယြမ္ပါရွင့္။"
က်င္းယြင္ေက်ာင္းက ၿပဳံး၍ ယဥ္ယဥ္ေက်းေက်း ျပန္ေျဖလိုက္၏။
ပန္းသီးမ်ားသည္ ေစ်းမႀကီးေသာ္လည္း အရည္အေသြးေကာင္း၏။ ေစ်းခ်င္းတူသည့္ အျခားဆိုင္မ်ားႏွင့္ယွဥ္လွ်င္ သူမ၏ပန္းသီးမ်ားက အမ်ားႀကီးပိုေကာင္းေလသည္။
မူလကတည္းက ထိုအမ်ိဳးသမီးႀကီးသည္ ေစ်းသယ္ မိန္းမပ်ိဳေလး၏အေၾကာင္းကို သိခ်င္ေနခဲ့ျခင္းျဖစ္၏။ က်င္းယြင္ေက်ာင္း၏အသံကို ၾကားလိုက္ရေသာအခါ က်င္းယြင္ေက်ာင္းအေပၚတြင္ အထင္အျမင္ေကာင္းမ်ား ခ်က္ခ်င္းတိုးပြားသြားသည္ျဖစ္၍ သူမသည္ ပန္းသီးဆယ္လုံးမက ဝယ္သြားရန္ တြန့္ဆုတ္မေနေတာ့ေခ်။
သူမ၏ပန္းသီးမ်ားသည္ သာမန္ထက္ အနည္းငယ္ပိုႀကီးေသာ္လည္း သူမတြင္ ေရာင္းစရာ ပန္းသီးမ်ားမ်ားစားစား မရွိေပ၊ က်င္းယြင္ေက်ာင္းသည္ မ်က္စိတစ္မွိတ္အတြင္း၌ ယြမ္သုံးဆယ္ ရွာလိုက္နိုင္၏။ ထိုအမ်ိဳးသမီးႀကီး ဝယ္သြားၿပီးသည္ႏွင့္ က်င္းယြင္ေက်ာင္း၏စီးပြားေရးေလးမွာလည္း ပို၍ပို၍ေကာင္းလာသည္။
ေလးနာရီအတြင္း ျခင္းတစ္ျခင္းလုံး ေျပာင္သြားေလၿပီ။
သူမ၏အိတ္ကပ္ထဲရွိ ယြမ္ခုနစ္ရာကို ထိၾကည့္လိုက္ၿပီး က်င္းယြင္ေက်ာင္း အနည္းငယ္ စိတ္လႈပ္ရွားသြား၏။
အတိတ္ဘ၀တြင္ သူမသည္ ႏွစ္ေပါင္းမ်ားစြာ ေနထိုင္ခဲ့ေသာ္လည္း အၿမဲတမ္း သူတစ္ပါးအတြက္သာ ရွင္သန္ခဲ့ရသည္။ သူမသည္ မေရမတြက္နိုင္ေသာ အလုပ္မ်ားကို လုပ္ခဲ့ရေသာ္လည္း သူမသည္ အၿမဲတမ္း လူမြဲတစ္ေယာက္သာ ျဖစ္ခဲ့၏။
(T/N : ဇာတ္လိုက္က အရင္ဘဝတုန္းက အသက္တိုပါတယ္၊ သူက အသက္ႏွစ္ဆယ္ေက်ာ္မွာ ေသခဲ့တာပါ။)
သို႔ေသာ္ ယခုဘဝတြင္ေတာ့ သူမ ဘယ္ေတာ့မွ ထိုသို႔ ထပ္မံ၍ ရွင္သန္သြားမည္မဟုတ္ေပ။