Chapter 10 : ဒါ ဘယ်သူလုပ်ခဲ့တာလဲ
ချောင်ဝေ့မင်သည် ကျင်းယွင်ကျောင်းကို ရိုက်လိုက်စဥ်က အားအများကြီးသုံးခဲ့သည်။ အကယ်၍ သူမသည် ငယ်စဥ်ကတည်းက ဤမျှပြင်းသော အားနှင့် တစ်ခါမှ အရိုက်မခံဖူးခဲ့ပါက ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ လွန်ခဲ့သော နှစ်ရက်အတွင်း သူမ၏ပါးပေါ်ရှိ ဒဏ်ရာကို ဘာမှမလုပ်ခဲ့သည့် အကြောင်းရင်းမှာ ဆရာမအား ထိုဒဏ်ရာကို ထင်ထင်ရှားရှား မြင်စေချင်၍ ဖြစ်၏။
နေရာလွတ်နယ်မြေထဲတွင်နေလျှင် နာကျင်မှုဒဏ် လျော့ပါးသွားသော်လည်း သူမ၏ဒဏ်ရာကတော့ အခြေအနေမပြောင်းလဲဘဲ ကျန်နေခဲ့၏။ ထို့ကြောင့် ၎င်းကို ထင်ထင်ရှားရှားမြင်နေရခြင်းပင်။
"ဆရာမ သောကြာနေ့တုန်းက လမ်းသရဲတစ်စုက ကျွန်မကို ဟန့်တားခဲ့ကြပါတယ်။ သူတို့က ကျွန်မကို ဝိုင်းထားပြီး ဆက်သွားခွင့်မပြုခဲ့ဘူး။ သူတို့က ရည်ရွယ်ချက်ရှိရှိပဲ ကျွန်မနဲ့ ရင်းနှီးချင်ယောင်ဆောင်ခဲ့ကြပါတယ်။ ပြီးတော့ ကျွန်မကို လမ်းကြားတစ်ခုထဲ ဆွဲခေါ်သွားပါတယ်။ တကယ်လို့ အဲဒီနေရာကို ရဲတစ်ယောက်သာ ဖြတ်မသွားခဲ့ရင် ကျွန်မ ဘာဖြစ်သွားမယ်ဆိုတာ မသိတော့ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ပစ်မှတ်ဖြစ်သွားရတာ ကျွန်မက ကံဆိုးလို့ လို့ပဲမှတ်ပါတယ်။ အဲဒီလမ်းသရဲတွေကလွဲရင် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။ ဒါပေမယ့် ဘယ်သူက ကျွန်မအကြောင်း ကောလဟာလတွေ ဖြန့်ထားမှန်း မသိဘူး၊ ကျွန်မက သူတို့နဲ့အိပ်ခဲ့တယ်ဆိုပြီး ပြောနေကြတာ။"
"မင်းကို ရိုက်တာ သူတို့တွေလား။"
ဆရာမကျင်က မျက်မှောင်ကြုတ်၍ မေးလာသည်။
သူမ၏ဒဏ်ရာမှာ သေးပုံမပေါ်ပေ။ နှစ်ရက်သုံးရက်ခန့် ကြာသွားပြီဖြစ်သော်လည်း ဒဏ်ရာက နီရဲကာ ယောင်ယမ်းနေဆဲဖြစ်ပြီး ပွန်းပဲ့ထားသည့်
လက္ခဏာများပါ ရှိနေသည်။ ၎င်းရိုက်ချက်တွင် ထည့်ထားသော အားမှာ မသေးကြောင်း ပြောနိုင်၏။
"မဟုတ်ပါဘူး...အဲဒီလူတွေက ကျွန်မကို ခြောက်လှန့်ဖို့ပဲ ကြိုစားခဲ့ကြတာရယ်၊ အဲဒီနောက် ကျွန်မ သတိလစ်သွားခဲ့တာ၊ ဒီဒဏ်ရာက..."
ကျင်းယွင်ကျောင်း၏အမူအယာတွင် ဝမ်းနည်းသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သူမက ဆက်ပြောလာသည်။
"ကျွန်မရဲ့အဖေဆီကပါ။"
သူမ ပြောပြီးသည်နှင့် ထိုနေရာတွင် ရှိနေသော ဆရာဆရာမများအားလုံး လန့်ဖျပ်သွား၍ ကျောထဲက စိမ့်တက်သွားကြ၏။
ကျင်းယွင်ကျောင်းသည် တစ်ကျောင်းလုံးတွင် အတော်ဆုံးကျောင်းသူဖြစ်သည်။ သူမ၏မိသားစုအရေးကိစ္စများအားလုံးနီးပါးကို စေ့စေ့စပ်စပ် စုံစမ်းထားရသောကြောင့် သူမတွင် ချောင်ဝေ့မင်ဟုခေါ်သော ပထွေးတစ်ယောက်ရှိကြောင်း သူတို့အားလုံးသိထားကြ၏။
အကယ်၍ သူသာ သူမ၏ဖခင်အရင်းဖြစ်ပါက သူမအား ဘယ်တော့မှ ဤကဲ့သို့အကြမ်းဖက်မည်မဟုတ်ပေ။
ဆရာမကျင်က သဘောပေါက်သွားပြီး မတ်တပ်ရပ်လိုက်ကာ
"သူက မင်းကိုရိုက်ခဲ့တာလား။ ဘာလို့လဲ။ ကျင်းယွင်ကျောင်း ဆရာမကို အကုန်ပြောပြ။ နောက်ဆုံး ဘာတွေဖြစ်ခဲ့လို့လဲ။ မင်းက သူ့ကို စိတ်ဆိုးအောင် လုပ်ခဲ့မိလို့လား။"
"အဲဒါ တကယ်တော့ ဘာမှမဟုတ်ပါဘူး။ ဆန်ပြုတ်တစ်ပန်းကန်ကြောင့်ပါ။ ဆန်ပြုတ်က အေးနေတော့ ကျွန်မက အဲဒါကိုစားရင် ဗိုက်နာမှာကြောက်တာ။ ဒီနေ့ ဖြေရမယ့်စာမေးပွဲကို ထိခိုက်မှာ စိုးလို့ရယ်။ ဒါ့ကြောင့် ကျွန်မက ဆန်ပြုတ်အသစ်တစ်ပန်းကန်သွားယူတော့ အဖေက ကျွန်မကို အဲဒီအေးနေတဲ့ဆန်ပြုတ်ကို ကုန်အောင် သောက်ဖို့ပြောရင်း စိတ်တိုပြီး ပါးရိုက်လိုက်တာပါ။"
ကျင်းယွင်ကျောင်းသည် ဤကိစ္စအား သူမ၏မျက်လုံးထဲတွင် မထူးဆန်းသကဲ့သို့ ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါးဖြေလိုက်သည်။
သို့သော် ဤစကားလုံးများသည် ဆရာဆရာမများ၏နားထဲတွင်တော့ အဓိပ္ပါယ်ကွဲပြားနေ၏။
ဘယ်လို လူကြီးမိဘမျိုးကများ ကလေးတွေကို ဆန်ပြုတ်အေးအေးကြီး သောက်ခိုင်းရတာလဲ။ ကျင်းယွင်ကျောင်းက အိမ်မှာ ဒီလောက်ထိ ဆိုးဆိုးဝါးဝါး ဆက်ဆံခံနေရတာလား။ သူမက ဆန်ပြုတ်ပူပူလေးတစ်ခွက်တောင် မသောက်ရဘဲနဲ့လေ။
"ဒါဆို ကျ..ကျင်းယွင်ကျောင်း မင်းရဲ့အမေကရော သူ့ကို မတားဘူးလား။ ပြီးတော့ မင်းရဲ့မောင်နှမတွေကရော...."
ဆရာမကျင်က သံသယစိတ်ဖြင့် စုံစမ်းမေးမြန်းလိုက်သည်။
ကျင်းယွင်ကျောင်းက သက်ပြင်းချလိုက်ရင်း
"ကျွန်မအမေရဲ့ ခန္ဓာကိုယ်က သိပ်မကျန်းမာတော့ဘူး။ ဒါကြောင့် သူက ဒီလိုကိစ္စအသေးအမွှားတွေကို အာရုံမစိုက်နိုင်ဘူးရယ်။ ပြီးတော့ ဒါက ပြဿနာအသေးအဖွဲ့လေးပါ၊ ဆန်ပြုတ်အေးအေးတစ်ခွက်သောက်ရတာက ကျွန်မကို မသေစေနိုင်ပါဘူး။ ကျွန်မရဲ့အမေသိသွားရင်တောင်မှ သူက ဘာမှပြောမှာ မဟုတ်ဘူးရယ်။ ဆရာမကျင် ကျွန်မက အိမ်မှာ ဒါတွေနဲ့အသားကျနေပါပြီ။ ဒါက ကိစ္စအကြီးကြီးလည်း မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီလမ်းသရဲတွေကိုတော့.....တကယ်လို့ နောက်တစ်ကြိမ် ဒီလိိုမျိုး ထပ်ဖြစ်လာရင် ကျောင်းက ကျွန်မအတွက် ရဲခေါ်ပေးနိုင်မလားဟင်။"
သူမသည် ဆယ့်ငါးနှစ်သာရှိသေးသည်။ အိမ်မှလွဲလျှင် ကျောင်းသည်သာ သူမ အားကိုးနိုင်သည့် တစ်ခုတည်းသောအရာဖြစ်၏။ အကယ်၍ သူမသာ သူမကိုယ်တိုင် ထုတ်ပြောလိုက်ပြီး အရူးတစ်ယောက်ကဲ့သို့ ရဲကိုသာ ခေါ်လိုက်မည်ဆိုပါက သူမသည် ဖမ်းဝရမ်းမထုတ်နိုင်ဘဲ အလှောင်အပြောင်သာ ခံရလိမ့်မည်ဖြစ်သည်။
ကျင်းယွင်ကျောင်း၏ မျက်ဝန်းများထဲမှ မျှော်လင့်ချက် အလင်းရောင်လေးအား ရုတ်တရက်မြင်လိုက်လေရာ ဆရာမကျင်၏နှလုံးသားမှာ အပြင်းအထန်တုန်လှုပ်သွားရ၏။
ဤကလေးသည် ကျောင်းတွင် ဘယ်တုန်းကမှ စကားများများပြောလေ့မရှိသော်လည်း အကြောင်းရင်းအချို့ကြောင့် အခြားကျောင်းသားကျောင်းသူများဆီမှ သူမ၏အကြောင်း မှတ်ချက်များစွာရှိသည်။ အများစုမှာ သူမ ဘယ်လောက်မာနကြီးသည် အစရှိသော အကြောင်းအရာများပင်။
သို့သော် ထူးခြားသည်မှာ ကျောင်းရှိ ဆရာဆရာမအားလုံးက သူမအား နှစ်သက်ကြသည်။
သူမသည် အနေအေး၏၊ စာကြိုးစား၏။ ထို့အပြင် တခြားသူများအပေါ် အနိုင်ကျင့်ခြင်း၊ အထင်အမြင်သေးခြင်းကိုလည်း တစ်ခါမှ မတွေ့ဖူးပေ။ သူမ၏ ထူးချွန်သော ရမှတ်များကြောင့်သာ မဟုတ်ပါက လူများသည် သူမ ရှိကြောင်းပင် သတိထားမိလိမ့်မည်မဟုတ်ချေ။
"စိတ်မပူပါနဲ့၊ ကျောင်းက ဒီလိုအရေးကြီးတဲ့ကိစ္စကို ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ပါဘူး။ ပြန်သွားပြီး စာမေးပွဲအတွက် ပြင်ဆင်လိုက်။ ဆရာမ ကျောင်းအုပ်နဲ့ဆွေးနွေးလိုက်ဦးမယ်။ ငါတို့ ဒီကိစ္စကို ရဲကို သေချာပေါက် အကြောင်းကြားမှာပါ၊ ဘယ်တော့မှ ဒီလိုကိစ္စမျိုး နောက်ထပ် ဖြစ်ခွင့်ပြုမှာ မဟုတ်ဘူး။"
Zawgyi
Chapter 10 : ဒါ ဘယ္သူလုပ္ခဲ့တာလဲ
ေခ်ာင္ေဝ့မင္သည္ က်င္းယြင္ေက်ာင္းကို ရိုက္လိုက္စဥ္က အားအမ်ားႀကီးသုံးခဲ့သည္။ အကယ္၍ သူမသည္ ငယ္စဥ္ကတည္းက ဤမွ်ျပင္းေသာ အားႏွင့္ တစ္ခါမွ အရိုက္မခံဖူးခဲ့ပါက ခံနိုင္ရည္ရွိမည္မဟုတ္ေပ။ လြန္ခဲ့ေသာ ႏွစ္ရက္အတြင္း သူမ၏ပါးေပၚရွိ ဒဏ္ရာကို ဘာမွမလုပ္ခဲ့သည့္ အေၾကာင္းရင္းမွာ ဆရာမအား ထိုဒဏ္ရာကို ထင္ထင္ရွားရွား ျမင္ေစခ်င္၍ ျဖစ္၏။
ေနရာလြတ္နယ္ေျမထဲတြင္ေနလွ်င္ နာက်င္မႈဒဏ္ ေလ်ာ့ပါးသြားေသာ္လည္း သူမ၏ဒဏ္ရာကေတာ့ အေျခအေနမေျပာင္းလဲဘဲ က်န္ေနခဲ့၏။ ထို႔ေၾကာင့္ ၎ကို ထင္ထင္ရွားရွားျမင္ေနရျခင္းပင္။
"ဆရာမ ေသာၾကာေန႕တုန္းက လမ္းသရဲတစ္စုက ကြၽန္မကို ဟန့္တားခဲ့ၾကပါတယ္။ သူတို႔က ကြၽန္မကို ဝိုင္းထားၿပီး ဆက္သြားခြင့္မျပဳခဲ့ဘူး။ သူတို႔က ရည္႐ြယ္ခ်က္ရွိရွိပဲ ကြၽန္မနဲ႕ ရင္းႏွီးခ်င္ေယာင္ေဆာင္ခဲ့ၾကပါတယ္။ ၿပီးေတာ့ ကြၽန္မကို လမ္းၾကားတစ္ခုထဲ ဆြဲေခၚသြားပါတယ္။ တကယ္လို႔ အဲဒီေနရာကို ရဲတစ္ေယာက္သာ ျဖတ္မသြားခဲ့ရင္ ကြၽန္မ ဘာျဖစ္သြားမယ္ဆိုတာ မသိေတာ့ပါဘူး။ ဒါေပမယ့္ သူတို႔ရဲ႕ပစ္မွတ္ျဖစ္သြားရတာ ကြၽန္မက ကံဆိုးလို႔ လို႔ပဲမွတ္ပါတယ္။ အဲဒီလမ္းသရဲေတြကလြဲရင္ ဘယ္သူ႕ကိုမွ အျပစ္မတင္ပါဘူး။ ဒါေပမယ့္ ဘယ္သူက ကြၽန္မအေၾကာင္း ေကာလဟာလေတြ ျဖန့္ထားမွန္း မသိဘူး၊ ကြၽန္မက သူတို႔နဲ႕အိပ္ခဲ့တယ္ဆိုၿပီး ေျပာေနၾကတာ။"
"မင္းကို ရိုက္တာ သူတို႔ေတြလား။"
ဆရာမက်င္က မ်က္ေမွာင္ၾကဳတ္၍ ေမးလာသည္။
သူမ၏ဒဏ္ရာမွာ ေသးပုံမေပၚေပ။ ႏွစ္ရက္သုံးရက္ခန့္ ၾကာသြားၿပီျဖစ္ေသာ္လည္း ဒဏ္ရာက နီရဲကာ ေယာင္ယမ္းေနဆဲျဖစ္ၿပီး ပြန္းပဲ့ထားသည့္
လကၡဏာမ်ားပါ ရွိေနသည္။ ၎ရိုက္ခ်က္တြင္ ထည့္ထားေသာ အားမွာ မေသးေၾကာင္း ေျပာနိုင္၏။
"မဟုတ္ပါဘူး...အဲဒီလူေတြက ကြၽန္မကို ေျခာက္လွန့္ဖို႔ပဲ ႀကိဳစားခဲ့ၾကတာရယ္၊ အဲဒီေနာက္ ကြၽန္မ သတိလစ္သြားခဲ့တာ၊ ဒီဒဏ္ရာက..."
က်င္းယြင္ေက်ာင္း၏အမူအယာတြင္ ဝမ္းနည္းသည့္ အရိပ္အေယာင္မ်ား ျဖတ္ေျပးသြားၿပီး သူမက ဆက္ေျပာလာသည္။
"ကြၽန္မရဲ႕အေဖဆီကပါ။"
သူမ ေျပာၿပီးသည္ႏွင့္ ထိုေနရာတြင္ ရွိေနေသာ ဆရာဆရာမမ်ားအားလုံး လန့္ဖ်ပ္သြား၍ ေက်ာထဲက စိမ့္တက္သြားၾက၏။
က်င္းယြင္ေက်ာင္းသည္ တစ္ေက်ာင္းလုံးတြင္ အေတာ္ဆုံးေက်ာင္းသူျဖစ္သည္။ သူမ၏မိသားစုအေရးကိစၥမ်ားအားလုံးနီးပါးကို ေစ့ေစ့စပ္စပ္ စုံစမ္းထားရေသာေၾကာင့္ သူမတြင္ ေခ်ာင္ေဝ့မင္ဟုေခၚေသာ ပေထြးတစ္ေယာက္ရွိေၾကာင္း သူတို႔အားလုံးသိထားၾက၏။
အကယ္၍ သူသာ သူမ၏ဖခင္အရင္းျဖစ္ပါက သူမအား ဘယ္ေတာ့မွ ဤကဲ့သို႔အၾကမ္းဖက္မည္မဟုတ္ေပ။
ဆရာမက်င္က သေဘာေပါက္သြားၿပီး မတ္တပ္ရပ္လိုက္ကာ
"သူက မင္းကိုရိုက္ခဲ့တာလား။ ဘာလို႔လဲ။ က်င္းယြင္ေက်ာင္း ဆရာမကို အကုန္ေျပာျပ။ ေနာက္ဆုံး ဘာေတြျဖစ္ခဲ့လို႔လဲ။ မင္းက သူ႕ကို စိတ္ဆိုးေအာင္ လုပ္ခဲ့မိလို႔လား။"
"အဲဒါ တကယ္ေတာ့ ဘာမွမဟုတ္ပါဘူး။ ဆန္ျပဳတ္တစ္ပန္းကန္ေၾကာင့္ပါ။ ဆန္ျပဳတ္က ေအးေနေတာ့ ကြၽန္မက အဲဒါကိုစားရင္ ဗိုက္နာမွာေၾကာက္တာ။ ဒီေန႕ ေျဖရမယ့္စာေမးပြဲကို ထိခိုက္မွာ စိုးလို႔ရယ္။ ဒါ့ေၾကာင့္ ကြၽန္မက ဆန္ျပဳတ္အသစ္တစ္ပန္းကန္သြားယူေတာ့ အေဖက ကြၽန္မကို အဲဒီေအးေနတဲ့ဆန္ျပဳတ္ကို ကုန္ေအာင္ ေသာက္ဖို႔ေျပာရင္း စိတ္တိုၿပီး ပါးရိုက္လိုက္တာပါ။"
က်င္းယြင္ေက်ာင္းသည္ ဤကိစၥအား သူမ၏မ်က္လုံးထဲတြင္ မထူးဆန္းသကဲ့သို႔ ပုံမွန္အတိုင္း ေပါ့ေပါ့ပါးပါးေျဖလိုက္သည္။
သို႔ေသာ္ ဤစကားလုံးမ်ားသည္ ဆရာဆရာမမ်ား၏နားထဲတြင္ေတာ့ အဓိပၸါယ္ကြဲျပားေန၏။
ဘယ္လို လူႀကီးမိဘမ်ိဳးကမ်ား ကေလးေတြကို ဆန္ျပဳတ္ေအးေအးႀကီး ေသာက္ခိုင္းရတာလဲ။ က်င္းယြင္ေက်ာင္းက အိမ္မွာ ဒီေလာက္ထိ ဆိုးဆိုးဝါးဝါး ဆက္ဆံခံေနရတာလား။ သူမက ဆန္ျပဳတ္ပူပူေလးတစ္ခြက္ေတာင္ မေသာက္ရဘဲနဲ႕ေလ။
"ဒါဆို က်..က်င္းယြင္ေက်ာင္း မင္းရဲ႕အေမကေရာ သူ႕ကို မတားဘူးလား။ ၿပီးေတာ့ မင္းရဲ႕ေမာင္ႏွမေတြကေရာ...."
ဆရာမက်င္က သံသယစိတ္ျဖင့္ စုံစမ္းေမးျမန္းလိုက္သည္။
က်င္းယြင္ေက်ာင္းက သက္ျပင္းခ်လိဳက္ရင္း
"ကြၽန္မအေမရဲ႕ ခႏၶာကိုယ္က သိပ္မက်န္းမာေတာ့ဘူး။ ဒါေၾကာင့္ သူက ဒီလိုကိစၥအေသးအမႊားေတြကို အာ႐ုံမစိုက္နိုင္ဘူးရယ္။ ၿပီးေတာ့ ဒါက ျပႆနာအေသးအဖြဲ႕ေလးပါ၊ ဆန္ျပဳတ္ေအးေအးတစ္ခြက္ေသာက္ရတာက ကြၽန္မကို မေသေစနိုင္ပါဘူး။ ကြၽန္မရဲ႕အေမသိသြားရင္ေတာင္မွ သူက ဘာမွေျပာမွာ မဟုတ္ဘူးရယ္။ ဆရာမက်င္ ကြၽန္မက အိမ္မွာ ဒါေတြနဲ႕အသားက်ေနပါၿပီ။ ဒါက ကိစၥအႀကီးႀကီးလည္း မဟုတ္ပါဘူး။ ဒါေပမယ့္ အဲဒီလမ္းသရဲေတြကိုေတာ့.....တကယ္လို႔ ေနာက္တစ္ႀကိမ္ ဒီလိိုမ်ိဳး ထပ္ျဖစ္လာရင္ ေက်ာင္းက ကြၽန္မအတြက္ ရဲေခၚေပးနိုင္မလားဟင္။"
သူမသည္ ဆယ့္ငါးႏွစ္သာရွိေသးသည္။ အိမ္မွလြဲလွ်င္ ေက်ာင္းသည္သာ သူမ အားကိုးနိုင္သည့္ တစ္ခုတည္းေသာအရာျဖစ္၏။ အကယ္၍ သူမသာ သူမကိုယ္တိုင္ ထုတ္ေျပာလိုက္ၿပီး အ႐ူးတစ္ေယာက္ကဲ့သို႔ ရဲကိုသာ ေခၚလိုက္မည္ဆိုပါက သူမသည္ ဖမ္းဝရမ္းမထုတ္နိုင္ဘဲ အေလွာင္အေျပာင္သာ ခံရလိမ့္မည္ျဖစ္သည္။
က်င္းယြင္ေက်ာင္း၏ မ်က္ဝန္းမ်ားထဲမွ ေမွ်ာ္လင့္ခ်က္ အလင္းေရာင္ေလးအား ႐ုတ္တရက္ျမင္လိုက္ေလရာ ဆရာမက်င္၏ႏွလုံးသားမွာ အျပင္းအထန္တုန္လႈပ္သြားရ၏။
ဤကေလးသည္ ေက်ာင္းတြင္ ဘယ္တုန္းကမွ စကားမ်ားမ်ားေျပာေလ့မရွိေသာ္လည္း အေၾကာင္းရင္းအခ်ိဳ႕ေၾကာင့္ အျခားေက်ာင္းသားေက်ာင္းသူမ်ားဆီမွ သူမ၏အေၾကာင္း မွတ္ခ်က္မ်ားစြာရွိသည္။ အမ်ားစုမွာ သူမ ဘယ္ေလာက္မာနႀကီးသည္ အစရွိေသာ အေၾကာင္းအရာမ်ားပင္။
သို႔ေသာ္ ထူးျခားသည္မွာ ေက်ာင္းရွိ ဆရာဆရာမအားလုံးက သူမအား ႏွစ္သက္ၾကသည္။
သူမသည္ အေနေအး၏၊ စာႀကိဳးစား၏။ ထို႔အျပင္ တျခားသူမ်ားအေပၚ အနိုင္က်င့္ျခင္း၊ အထင္အျမင္ေသးျခင္းကိုလည္း တစ္ခါမွ မေတြ႕ဖူးေပ။ သူမ၏ ထူးခြၽန္ေသာ ရမွတ္မ်ားေၾကာင့္သာ မဟုတ္ပါက လူမ်ားသည္ သူမ ရွိေၾကာင္းပင္ သတိထားမိလိမ့္မည္မဟုတ္ေခ်။
"စိတ္မပူပါနဲ႕၊ ေက်ာင္းက ဒီလိုအေရးႀကီးတဲ့ကိစၥကို ဒီအတိုင္း ထိုင္ၾကည့္ေနမွာ မဟုတ္ပါဘူး။ ျပန္သြားၿပီး စာေမးပြဲအတြက္ ျပင္ဆင္လိုက္။ ဆရာမ ေက်ာင္းအုပ္နဲ႕ေဆြးေႏြးလိုက္ဦးမယ္။ ငါတို႔ ဒီကိစၥကို ရဲကို ေသခ်ာေပါက္ အေၾကာင္းၾကားမွာပါ၊ ဘယ္ေတာ့မွ ဒီလိုကိစၥမ်ိဳး ေနာက္ထပ္ ျဖစ္ခြင့္ျပဳမွာ မဟုတ္ဘူး။"