Chapter 6 : နတ်ဘုရား၏လိုအင်ဆန္ဒကို ဆန့်ကျင်ရမည့် ကံတရား
ကျင်းယွင်ကျောင်းက ရှုပ်ထွေးနေသည်။ ဤအဖိုးအိုက သူမ၏အဖိုး သို့မဟုတ် သူမ၏ဘေးများ ဖြစ်နေလေမလား။ သို့သော် အဘယ်ကြောင့် သူ့ကို ထွင်းဖောက်မြင်နေရသနည်း။ ထို့အပြင် သူတို့နှစ်ဦးစလုံးသည် ဤကျောက်စိမ်းဆွဲသီးအတွင်းထဲတွင် ရှိနေသည်ဟု သူက ပြောခဲ့သည်၊ ဤသို့ စိတ်ကူးယဥ်ဆန်သည့် နေရာလွတ်နယ်မြေကဲ့သို့သော သဘာဝလွန် တစ်စုံတစ်ရာ အမှန်တကယ်ပင် တည်ရှိနေခဲ့လေသလား။
"ကျင်းယွင်ကျောင်းလို့ ခေါ်ပါတယ်။"
ဤအဖိုးအိုသည် မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို မသိသော်လည်း သူမသည် သံသယဝင်နေရမည့်အစား သူ၏မေးခွန်းကို ရိုရိုသေသေ အဖြေပေးလိုက်၏။
"ယွင်ကျောင်း၊ ငါ့ကို မင်းရဲ့ဘိုးဘေးအဖြစ် မှတ်ယူနိုင်တယ်။ ငါ့နာမည်က ကျင်းဟယ်လို့ခေါ်တယ်။ တခြားကမ္ဘာမှာတော့ ငါက အရည်အချင်းရှိတဲ့ သမားတော်တစ်ယောက်ပေါ့။ နှစ်တစ်သောင််းကံတရားက ငါ့ကို လက်ရှိကမ္ဘာဆီ ပို့ပေးခဲ့တာပဲ။ ပြန်ပြောင်းပြောရရင် လူများစွာရဲ့အသက်တွေကို ကယ်တင်ဖို့အတွက် ငါ့ရဲ့ဆေးပညာစွမ်းရည်တွေကို ကျေကျေညက်ညက်ဖြစ်အောင် ခက်ခက်ခဲခဲ ကြိုးစားပြီး နေထိုင်ခဲ့တာ၊ ဒါပေမယ့် ငါ့ရဲ့သက်တမ်းက သုံးရာလောက်နဲ့ အဆုံးသတ်ခဲ့ရတယ်။ ငါ့မှာ လူပြန်ဝင်စားဖို့ အခွင့်အရေးရှိခဲ့ပေမယ့် ငါက ငါ့ရဲ့နှစ်နဲ့ချီတဲ့ ဆေးပညာအသိနဲ့အတွေ့အကြုံတွေကို စွန့်ပစ်ဖို့ ဆန္ဒမရှိခဲ့တာကြောင့် ငါ့ရဲ့ဝိညာဥ်အပိုင်းအစလေးတစ်ခုကို ဒီကျောက်စိမ်းနေရာလွတ်ထဲမှာ ချန်ထားခဲ့တာ။ ငါ လေ့လာဆည်းပူးခဲ့သမျှ အရာအားလုံးကို ရေစက်ပါတဲ့ ဆက်ခံသူတစ်ယောက်ကို လက်ဆင့်ကမ်းဖို့ စောင့်ချင်ခဲ့တယ်။"
(T/N: သူက အရှေ့တိုင်းဆေးပညာကို လေ့လာခဲ့တဲ့ သမားတော်တစ်ယောက်ပါ)
"ဒီကျောက်စိမ်းနေရာလွတ်နယ်မြေကို ဝိညာဥ်စွမ်းအားနဲ့ ဖြည့်ထားတာ။ ဒီဟာရဲ့ပိုင်ရှင်က နတ်ဘုရားရဲ့လိုအင်ဆန္ဒကို အံတုဆန့်ကျင်ဖို့ ကံဇာတာပါကို ပါရမယ်။ ဒါကြောင့်မို့လို့ ငါ နှစ်ရာပေါင်းများစွာ စောင့်နေခဲ့ရတာပဲ။"
သူက ထပ်ဖြည့်ပြောသည်။
သူပြောသည်အား ကျင်းယွင်ကျောင်း ကြားသည်နှင့် သူမ၏နှလုံးသားထဲတွင် ခံစားချက်ပေါင်းစုံ မုန်တိုင်းမွှေသွားသကဲ့သို့ဖြစ်သွားပြီး အကြောက်တရားနှင့် အံ့သြခြင်းကိုမူ သိသိသာသာ ခံစားလိုက်ရ၏။
ဘုရားသခင်ရဲ့လိုအင်ဆန္ဒကို အံတုဆန့်ကျင်ဖို့ ကံဇာတာပါရမယ်တဲ့လား။
သူမသည် ဆင်းရဲဒုက္ခကြီးလွန်းသောဘဝ၌ ရှင်သန်ခဲ့ရကာ သေဆုံးသွားခဲ့ရပြီဖြစ်၏။ အလွန်အမင်း ကံဆိုးလှသူအဖြစ် မှတ်ယူခံရသင့်သော်လည်း ရှင်သန်ရန်အတွက် ဒုတိယအကြိမ်အခွင့်အရေးကို ရုတ်တရက် ရရှိခဲ့သည်။ ထိုသည်ကပင် အဖိုးအိုဆိုလိုသည့် "ဘုရားသခင်၏လိုအင်ဆန္ဒကို အံတုဆန့်ကျင်ရန် ကံဇာတာပါသည်" ဟုသော သဘောပေလား။
"အ..အဖိုး၊ အဖိုးဆိုလိုတာ ကျွန်မက အဖိုးစောင့်နေခဲ့တဲ့သူပေါ့။"
ကျင်းယွင်ကျောင်းက တုံ့ဆိုင်းဆိုင်း မေးလိုက်သည်။ သူ့အား သူမ၏ဘိုးဘေးဟု ခေါ်ရန် သူမကိုယ်သူမ မဝံ့ရဲသေးပေ။
"ဟုတ်တယ်၊ ငါပြောနိုင်တယ်။ မင်းရဲ့ခန္ဓာကိုယ်ကို တောက်ပတဲ့ အရှိန်အဝါတစ်ခုက လွှမ်းခြုံထားတယ်။ မင်းသာ ငါ အရင်က နေခဲ့တဲ့ကမ္ဘာမှာ နေဖူးရင် မင်းရဲ့အနာဂတ်က အကန့်အသတ်ရှိမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကမ္ဘာမှာကျတော့ မင်းအတွက် တိုးတက်မယ့် အခွင့်အရေး နည်းနေမှာကို ငါစိုးရိမ်မိတယ်။ ဘယ်လိုလဲ ရှောင်ယွင်ကျောင်း။ မင်းရော ငါ့ရဲ့ဆေးပညာစွမ်းရည်တွေကို ဆက်ခံဖို့ ဆန္ဒရှိရဲ့လား။"
အဖိုးအိုက မေးလာသည်။
(T/N : ရှောင်ယွင်ကျောင်း = ယွင်ကျောင်းလေး ။ ကိုယ့်ထက် အငယ်တွေကို လူကြီးမိဘတွေက ချစ်စနိုးနဲ့ခေါ်တာပါ။)
သေချာပေါက်ကို ကျင်းယွင်ကျောင်း ဆန္ဒရှိသည်ပင်။
သို့ရာတွင်.....
"အဖိုး၊ အမှန်တိုင်းပြောရရင် ကျွန်မ အရင်က ဆေးပညာကို တစ်ခါမှ မသင်ခဲ့ဖူးတော့...."
အရှေ့တိုင်းဆေးပညာ သမားတော်အများစုသည် ငယ်စဥ်ကပင် စတင်သင်ယူလေ့လာကြရကြောင်း သူမ ကြားဖူး၏။ တဖက်ကကြည့်လျှင် သူမသည် ယခင်က ဆေးပညာရပ်ကို တစ်ခါမှ မထိတွေ့ဖူးခဲ့ပေ၊ ပြီးလျှင် ယခု ဤအကြီးအကဲက ကိုယ်ကျိုးအတွက်မပါဘဲ သူမအား သင်ပေးချင်နေသည်။ အကယ်၍ နောက်ပိုင်းတွင် သူသည် သူမက ဘာမှမဟုတ်ဘဲ အသုံးမကျသူသာဖြစ်ကြောင်း သိသွားလျှင် သူ၏ကြိုးပမ်းမှုများအားလုံး အလကားဖြစ်သွားတော့မည် မဟုတ်လား။
ရှေးခေတ်မှ လူကြီးသည် ထိုစကားကို ကြားသောအခါ သဘောတကျ ရယ်မောလိုက်ပြီး
"မင်း စိုးရိမ်စရာမလိုဘူး။ မင်း ဆန္ဒရှိသရွေ့ အဖိုးမှာ နည်းလမ်းတွေရှိပါတယ်။"
ကျင်းယွင်ကျောင်းသည် လွယ်လွယ်နှင့် မယုံနိုင်သလို ခံစားနေရသေးသော်လည်း အဖိုးအို၏စကားကို ကြားသောအခါ သူမ ခေါင်းတစ်ချက်ငြိမ့်၍ လက်ခံလိုက်လေသည်။
ဤရှေးခေတ်လူကြီး၏ ဆေးပညာအစွမ်းသည် ပြိုင်ဘက်ကင်းပင်ဖြစ်ရမည်။ အကယ်၍ သူမသာ အနည်းအကျဥ်းဖြစ်ဖြစ် သင်ယူလိုက်နိုင်ပါက သူမတွင် သေချာပေါက် အဆုံးမဲ့ အကျိုးကျေးဇူးများ လက်ခံရရှိပေလိမ့်မည်။
အဖိုးအိုက သူမ၏တုံ့ပြန်မှုကို မြင်သောအခါ စားပွဲပေါ်ရှိ ဘီးလုံးအား လှည့်ရန် လက်လှမ်းလိုက်သည်။ ရုတ်တရက် ဘီးလုံးက လေပေါ်သို့ ပြန်တက်သွား၏။ ၎င်း၏အောက်တွင် လျှို့ဝှက်နေရာလွတ်တစ်ခုရှိနေပြီး အတွင်းဘက်တွင် ပေလိပ်တစ်လိပ်ရှိနေကာ အစိမ်းဖျော့ဖျော့အလင်းရောင်တစ်ခုက ဝန်းရံထားသည်။
"ဒါက...."
ရတနာပစ္စည်းမှ အစိမ်းရောင်ဖြာထွက်နေသည်အား မြင်ရသည်မှာ အလွန်ပင် ထူးခြားဆန်းကြယ်လှ၏။
"ဒီပေလိပ်ထဲမှာ ရေးထားတာတွေက ငါ့ဘဝတစ်လျှောက်လုံးမှာ လေ့လာသင်ယူခဲ့သမျှ အားလုံးပဲ။ ဒီပေလိပ်က သေးတော့ ဒီအထဲမှာ အချက်အလက် များများစားစားမပါလောက်ဘူးလို့တော့ အထင်အမြင်မသေးလိုက်နဲ့။ ဒီဟာကို ငါ တခြားကမ္ဘာကနေ ယူလာခဲ့တဲ့ ဝိညာဥ်စွမ်းအင်ရှိတဲ့ ကျောက်စိမ်းနဲ့လုပ်ထားတာ။ အားလုံးပေါင်း ကိုးဆယ့်ကိုးပိုင်းရှိမယ်၊ ပထမဆုံးအပိုင်းကနေစပြီး လေ့လာပါ။ မင်း အပိုင်းသစ်တစ်ခု စလေ့လာမယ့်အချိန်တိုင်း ဒီပေါ်ကို သွေးတစ်စက်ချပေးဖို့ လိုမယ်။ အချက်အလက်တွေအားလုံးက မင်းရဲ့စိတ်ထဲကို စီးဝင်သွားပြီး သူဘာသူ သဘာဝအလျှောက် ခွဲခြမ်းစိတ်ဖြာပြီး နေရာကျသွားလိမ့်မယ်။ လက်ရှိအပိုင်းမှာရှိတဲ့ အချက်အလက်တွေအားလုံးကို မင်းရဲ့ ဦးနှောက်က စုပ်ယူပြီး မှတ်မိသွားတဲ့အခါကျမှ နောက်အပိုင်းတစ်ခုကို ပြောင်းနိုင်မယ်။" အဖိုးအိုက အကျယ်တဝင့် ရှင်းပြလိုက်လေသည်။
(T/N : ပေလိပ်က စက္ကူနဲ့လုပ်တာ မဟုတ်ပါဘူးနော်။ ဒီမှာ ပုံလေးတွေကြည့်ကြည့်ပါ။ များသောအားဖြင့်တော့ သစ်သားနဲ့လုပ်ကြပေမယ့် ဒီမှာတော့ ကျောက်စိမ်းနဲ့လုပ်ထားတာပါ။)
ကျင်းယွင်ကျောင်း၏နှလုံးသားသည် အစပိုင်းက စိုးထိတ်တုန်လှုပ်နေရာမှ တဖြည်းဖြည်းနှင့် ငြိမ်သက်သွားသည်။
သူမသည် ဘဝတွင် ဒုတိယကြိမ်မြောက် အခွင့်အရေးကို ပေးအပ်ခံခဲ့ရသူဖြစ်၏၊ ဤကမ္ဘာပေါ်တွင် မဖြစ်နိုင်သောအရာဆိုတာ ရှိသေးရဲ့လား။
"ကျေးဇူးတင်ပါတယ်ရှင့်။"
ကျင်းယွင်ကျောင်းက ကျေးဇူးတင်စကားဆိုလိုက်၏။
"မင်းက ငါ့ရဲ့ဆက်ခံသူပဲလေ။"
အဖိုးအိုက ပြန်ဖြေသည်။
"ကျေးဇူးစကားတွေ မလိုပါဘူးကွယ်။ ဒါပေမယ့် မင်းမမေ့ရဘူးနော်၊ ရည်မှန်းချက်ပြင်းပြလွန်းတာက မင်းကို လွတ်လွတ်လပ်လပ် ပျံသန််းခွင့်ပြုမှာမဟုတ်ဘူး။ တစ်ကြိမ်မှာ အပိုင်းတစ်ခုကိုပဲ သင်ယူပါ၊ မင်း မှတ်နိုင်သမျှပမာဏထက် ပိုမသင်ယူပါနဲ့။ မင်းရဲ့ဦးနှောက်က အချက်အလက်တွေအများကြီးကို မမှတ်နိုင်ဘူး။ မင်း ဒီလိုလုပ်လို့ ဥာဏ်တုံးမသွားဘူးဆိုရင်တောင် ရူးသွားနိုင်တယ်။ အဲဒါတွေအပြင် ဒီနယ်မြေလွတ်ကို ဆေးပင်တွေစိုက်ပျိုးဖို့ သုံးနိုင်တယ်။ ရေပန်းက ရေက ကြီးထွားမှုနှုန်းကိို တိုးစေတယ်။ ဒါပေမယ့် မင်း ဒီရေကို သိမ်းထားလို့မရဘူး၊ အပြင်ဘက်ကမ္ဘာကို ယူသွားလို့ မရဘူး။ ရေက အပင်ရဲ့ကြီးထွားနှုန်းကို ဘယ်လောက်မြှင့်ပေးနိုင်တယ်ဆိုတာက သူ့ရဲ့ပမာဏပြင်းအားအပေါ်မှာပဲ မူတည်တယ်။ နောက်ဆုံးနဲ့အရေးအကြီးဆုံးတစ်ခုကတော့ အပြင်မှာရှိတဲ့ လူတွေရဲ့စိတ်နှလုံးသားတွေက ပြောင်းလဲသွားခဲ့ပြီ။ တခြားသူတွေကို ဒီနေရာလွတ်အကြောင်း ပေးမသိပါနဲ့။ တခြားလူကို ဒီနေရာလွတ်ထဲ ဝင်ခွင့်မပြုပါနဲ့။ တကယ်လို့ မင်း ဒီနေရာလွတ်ကို လက်ဆင့်ကမ်းပေးဖို့ ဆန္ဒရှိလာတဲ့အချိန်ရောက်ရင် ငါလုပ်ခဲ့သလိုမျိုး သင့်တော်တဲ့ ဆက်ခံသူတစ်ယောက်ကို စောင့်နေဖို့ လိုအပ်တယ်။"
Zawgyi
Chapter 6 : နတ္ဘုရား၏လိုအင္ဆႏၵကို ဆန့္က်င္ရမည့္ ကံတရား
က်င္းယြင္ေက်ာင္းက ရႈပ္ေထြးေနသည္။ ဤအဖိုးအိုက သူမ၏အဖိုး သို႔မဟုတ္ သူမ၏ေဘးမ်ား ျဖစ္ေနေလမလား။ သို႔ေသာ္ အဘယ္ေၾကာင့္ သူ႕ကို ထြင္းေဖာက္ျမင္ေနရသနည္း။ ထို႔အျပင္ သူတို႔ႏွစ္ဦးစလုံးသည္ ဤေက်ာက္စိမ္းဆြဲသီးအတြင္းထဲတြင္ ရွိေနသည္ဟု သူက ေျပာခဲ့သည္၊ ဤသို႔ စိတ္ကူးယဥ္ဆန္သည့္ ေနရာလြတ္နယ္ေျမကဲ့သို႔ေသာ သဘာဝလြန္ တစ္စုံတစ္ရာ အမွန္တကယ္ပင္ တည္ရွိေနခဲ့ေလသလား။
"က်င္းယြင္ေက်ာင္းလို႔ ေခၚပါတယ္။"
ဤအဖိုးအိုသည္ မည္သည့္ေနရာမွ ထြက္ေပၚလာသည္ကို မသိေသာ္လည္း သူမသည္ သံသယဝင္ေနရမည့္အစား သူ၏ေမးခြန္းကို ရိုရိုေသေသ အေျဖေပးလိုက္၏။
"ယြင္ေက်ာင္း၊ ငါ့ကို မင္းရဲ႕ဘိုးေဘးအျဖစ္ မွတ္ယူနိုင္တယ္။ ငါ့နာမည္က က်င္းဟယ္လို႔ေခၚတယ္။ တျခားကမာၻမွာေတာ့ ငါက အရည္အခ်င္းရွိတဲ့ သမားေတာ္တစ္ေယာက္ေပါ့။ ႏွစ္တစ္ေသာင္္းကံတရားက ငါ့ကို လက္ရွိကမာၻဆီ ပို႔ေပးခဲ့တာပဲ။ ျပန္ေျပာင္းေျပာရရင္ လူမ်ားစြာရဲ႕အသက္ေတြကို ကယ္တင္ဖို႔အတြက္ ငါ့ရဲ႕ေဆးပညာစြမ္းရည္ေတြကို ေက်ေက်ညက္ညက္ျဖစ္ေအာင္ ခက္ခက္ခဲခဲ ႀကိဳးစားၿပီး ေနထိုင္ခဲ့တာ၊ ဒါေပမယ့္ ငါ့ရဲ႕သက္တမ္းက သုံးရာေလာက္နဲ႕ အဆုံးသတ္ခဲ့ရတယ္။ ငါ့မွာ လူျပန္ဝင္စားဖို႔ အခြင့္အေရးရွိခဲ့ေပမယ့္ ငါက ငါ့ရဲ႕ႏွစ္နဲ႕ခ်ီတဲ့ ေဆးပညာအသိနဲ႕အေတြ႕အႀကဳံေတြကို စြန့္ပစ္ဖို႔ ဆႏၵမရွိခဲ့တာေၾကာင့္ ငါ့ရဲ႕ဝိညာဥ္အပိုင္းအစေလးတစ္ခုကို ဒီေက်ာက္စိမ္းေနရာလြတ္ထဲမွာ ခ်န္ထားခဲ့တာ။ ငါ ေလ့လာဆည္းပူးခဲ့သမွ် အရာအားလုံးကို ေရစက္ပါတဲ့ ဆက္ခံသူတစ္ေယာက္ကို လက္ဆင့္ကမ္းဖို႔ ေစာင့္ခ်င္ခဲ့တယ္။"
(T/N: သူက အေရွ႕တိုင္းေဆးပညာကို ေလ့လာခဲ့တဲ့ သမားေတာ္တစ္ေယာက္ပါ)
"ဒီေက်ာက္စိမ္းေနရာလြတ္နယ္ေျမကို ဝိညာဥ္စြမ္းအားနဲ႕ ျဖည့္ထားတာ။ ဒီဟာရဲ႕ပိုင္ရွင္က နတ္ဘုရားရဲ႕လိုအင္ဆႏၵကို အံတုဆန့္က်င္ဖို႔ ကံဇာတာပါကို ပါရမယ္။ ဒါေၾကာင့္မို႔လို႔ ငါ ႏွစ္ရာေပါင္းမ်ားစြာ ေစာင့္ေနခဲ့ရတာပဲ။"
သူက ထပ္ျဖည့္ေျပာသည္။
သူေျပာသည္အား က်င္းယြင္ေက်ာင္း ၾကားသည္ႏွင့္ သူမ၏ႏွလုံးသားထဲတြင္ ခံစားခ်က္ေပါင္းစုံ မုန္တိုင္းေမႊသြားသကဲ့သို႔ျဖစ္သြားၿပီး အေၾကာက္တရားႏွင့္ အံ့ၾသျခင္းကိုမူ သိသိသာသာ ခံစားလိုက္ရ၏။
ဘုရားသခင္ရဲ႕လိုအင္ဆႏၵကို အံတုဆန့္က်င္ဖို႔ ကံဇာတာပါရမယ္တဲ့လား။
သူမသည္ ဆင္းရဲဒုကၡႀကီးလြန္းေသာဘဝ၌ ရွင္သန္ခဲ့ရကာ ေသဆုံးသြားခဲ့ရၿပီျဖစ္၏။ အလြန္အမင္း ကံဆိုးလွသူအျဖစ္ မွတ္ယူခံရသင့္ေသာ္လည္း ရွင္သန္ရန္အတြက္ ဒုတိယအႀကိမ္အခြင့္အေရးကို ႐ုတ္တရက္ ရရွိခဲ့သည္။ ထိုသည္ကပင္ အဖိုးအိုဆိုလိုသည့္ "ဘုရားသခင္၏လိုအင္ဆႏၵကို အံတုဆန့္က်င္ရန္ ကံဇာတာပါသည္" ဟုေသာ သေဘာေပလား။
"အ..အဖိုး၊ အဖိုးဆိုလိုတာ ကြၽန္မက အဖိုးေစာင့္ေနခဲ့တဲ့သူေပါ့။"
က်င္းယြင္ေက်ာင္းက တုံ႕ဆိုင္းဆိုင္း ေမးလိုက္သည္။ သူ႕အား သူမ၏ဘိုးေဘးဟု ေခၚရန္ သူမကိုယ္သူမ မဝံ့ရဲေသးေပ။
"ဟုတ္တယ္၊ ငါေျပာနိုင္တယ္။ မင္းရဲ႕ခႏၶာကိုယ္ကို ေတာက္ပတဲ့ အရွိန္အဝါတစ္ခုက လႊမ္းၿခဳံထားတယ္။ မင္းသာ ငါ အရင္က ေနခဲ့တဲ့ကမာၻမွာ ေနဖူးရင္ မင္းရဲ႕အနာဂတ္က အကန့္အသတ္ရွိမွာ မဟုတ္ဘူး။ ဒါေပမယ့္ ဒီကမာၻမွာက်ေတာ့ မင္းအတြက္ တိုးတက္မယ့္ အခြင့္အေရး နည္းေနမွာကို ငါစိုးရိမ္မိတယ္။ ဘယ္လိုလဲ ေရွာင္ယြင္ေက်ာင္း။ မင္းေရာ ငါ့ရဲ႕ေဆးပညာစြမ္းရည္ေတြကို ဆက္ခံဖို႔ ဆႏၵရွိရဲ႕လား။"
အဖိုးအိုက ေမးလာသည္။
(T/N : ေရွာင္ယြင္ေက်ာင္း = ယြင္ေက်ာင္းေလး ။ ကိုယ့္ထက္ အငယ္ေတြကို လူႀကီးမိဘေတြက ခ်စ္စနိုးနဲ႕ေခၚတာပါ။)
ေသခ်ာေပါက္ကို က်င္းယြင္ေက်ာင္း ဆႏၵရွိသည္ပင္။
သို႔ရာတြင္.....
"အဖိုး၊ အမွန္တိုင္းေျပာရရင္ ကြၽန္မ အရင္က ေဆးပညာကို တစ္ခါမွ မသင္ခဲ့ဖူးေတာ့...."
အေရွ႕တိုင္းေဆးပညာ သမားေတာ္အမ်ားစုသည္ ငယ္စဥ္ကပင္ စတင္သင္ယူေလ့လာၾကရေၾကာင္း သူမ ၾကားဖူး၏။ တဖက္ကၾကည့္လွ်င္ သူမသည္ ယခင္က ေဆးပညာရပ္ကို တစ္ခါမွ မထိေတြ႕ဖူးခဲ့ေပ၊ ၿပီးလွ်င္ ယခု ဤအႀကီးအကဲက ကိုယ္က်ိဳးအတြက္မပါဘဲ သူမအား သင္ေပးခ်င္ေနသည္။ အကယ္၍ ေနာက္ပိုင္းတြင္ သူသည္ သူမက ဘာမွမဟုတ္ဘဲ အသုံးမက်သဴသာျဖစ္ေၾကာင္း သိသြားလွ်င္ သူ၏ႀကိဳးပမ္းမႈမ်ားအားလုံး အလကားျဖစ္သြားေတာ့မည္ မဟုတ္လား။
ေရွးေခတ္မွ လူႀကီးသည္ ထိုစကားကို ၾကားေသာအခါ သေဘာတက် ရယ္ေမာလိုက္ၿပီး
"မင္း စိုးရိမ္စရာမလိုဘူး။ မင္း ဆႏၵရွိသေ႐ြ႕ အဖိုးမွာ နည္းလမ္းေတြရွိပါတယ္။"
က်င္းယြင္ေက်ာင္းသည္ လြယ္လြယ္ႏွင့္ မယုံနိုင္သလို ခံစားေနရေသးေသာ္လည္း အဖိုးအို၏စကားကို ၾကားေသာအခါ သူမ ေခါင္းတစ္ခ်က္ၿငိမ့္၍ လက္ခံလိုက္ေလသည္။
ဤေရွးေခတ္လူႀကီး၏ ေဆးပညာအစြမ္းသည္ ၿပိဳင္ဘက္ကင္းပင္ျဖစ္ရမည္။ အကယ္၍ သူမသာ အနည္းအက်ဥ္းျဖစ္ျဖစ္ သင္ယူလိုက္နိုင္ပါက သူမတြင္ ေသခ်ာေပါက္ အဆုံးမဲ့ အက်ိဳးေက်းဇူးမ်ား လက္ခံရရွိေပလိမ့္မည္။
အဖိုးအိုက သူမ၏တုံ႕ျပန္မႈကို ျမင္ေသာအခါ စားပြဲေပၚရွိ ဘီးလုံးအား လွည့္ရန္ လက္လွမ္းလိုက္သည္။ ႐ုတ္တရက္ ဘီးလုံးက ေလေပၚသို႔ ျပန္တက္သြား၏။ ၎၏ေအာက္တြင္ လွ်ို႔ဝွက္ေနရာလြတ္တစ္ခုရွိေနၿပီး အတြင္းဘက္တြင္ ေပလိပ္တစ္လိပ္ရွိေနကာ အစိမ္းေဖ်ာ့ေဖ်ာ့အလင္းေရာင္တစ္ခုက ဝန္းရံထားသည္။
"ဒါက...."
ရတနာပစၥည္းမွ အစိမ္းေရာင္ျဖာထြက္ေနသည္အား ျမင္ရသည္မွာ အလြန္ပင္ ထူးျခားဆန္းၾကယ္လွ၏။
"ဒီေပလိပ္ထဲမွာ ေရးထားတာေတြက ငါ့ဘဝတစ္ေလွ်ာက္လုံးမွာ ေလ့လာသင္ယူခဲ့သမွ် အားလုံးပဲ။ ဒီေပလိပ္က ေသးေတာ့ ဒီအထဲမွာ အခ်က္အလက္ မ်ားမ်ားစားစားမပါေလာက္ဘူးလို႔ေတာ့ အထင္အျမင္မေသးလိုက္နဲ႕။ ဒီဟာကို ငါ တျခားကမာၻကေန ယူလာခဲ့တဲ့ ဝိညာဥ္စြမ္းအင္ရွိတဲ့ ေက်ာက္စိမ္းနဲ႕လုပ္ထားတာ။ အားလုံးေပါင္း ကိုးဆယ့္ကိုးပိုင္းရွိမယ္၊ ပထမဆုံးအပိုင္းကေနစၿပီး ေလ့လာပါ။ မင္း အပိုင္းသစ္တစ္ခု စေလ့လာမယ့္အခ်ိန္တိုင္း ဒီေပၚကို ေသြးတစ္စက္ခ်ေပးဖို႔ လိုမယ္။ အခ်က္အလက္ေတြအားလုံးက မင္းရဲ႕စိတ္ထဲကို စီးဝင္သြားၿပီး သူဘာသူ သဘာဝအေလွ်ာက္ ခြဲျခမ္းစိတ္ျဖာၿပီး ေနရာက်သြားလိမ့္မယ္။ လက္ရွိအပိုင္းမွာရွိတဲ့ အခ်က္အလက္ေတြအားလုံးကို မင္းရဲ႕ ဦးေႏွာက္က စုပ္ယူၿပီး မွတ္မိသြားတဲ့အခါက်မွ ေနာက္အပိုင္းတစ္ခုကို ေျပာင္းနိုင္မယ္။" အဖိုးအိုက အက်ယ္တဝင့္ ရွင္းျပလိုက္ေလသည္။
(T/N : ေပလိပ္က စကၠဴနဲ႕လုပ္တာ မဟုတ္ပါဘူးေနာ္။ ဒီမွာ ပုံေလးေတြၾကည့္ၾကည့္ပါ။ မ်ားေသာအားျဖင့္ေတာ့ သစ္သားနဲ႕လုပ္ၾကေပမယ့္ ဒီမွာေတာ့ ေက်ာက္စိမ္းနဲ႕လုပ္ထားတာပါ။)
က်င္းယြင္ေက်ာင္း၏ႏွလုံးသားသည္ အစပိုင္းက စိုးထိတ္တုန္လႈပ္ေနရာမွ တျဖည္းျဖည္းႏွင့္ ၿငိမ္သက္သြားသည္။
သူမသည္ ဘဝတြင္ ဒုတိယႀကိမ္ေျမာက္ အခြင့္အေရးကို ေပးအပ္ခံခဲ့ရသူျဖစ္၏၊ ဤကမာၻေပၚတြင္ မျဖစ္နိုင္ေသာအရာဆိုတာ ရွိေသးရဲ႕လား။
"ေက်းဇူးတင္ပါတယ္ရွင့္။"
က်င္းယြင္ေက်ာင္းက ေက်းဇူးတင္စကားဆိုလိုက္၏။
"မင္းက ငါ့ရဲ႕ဆက္ခံသူပဲေလ။"
အဖိုးအိုက ျပန္ေျဖသည္။
"ေက်းဇူးစကားေတြ မလိုပါဘူးကြယ္။ ဒါေပမယ့္ မင္းမေမ့ရဘူးေနာ္၊ ရည္မွန္းခ်က္ျပင္းျပလြန္းတာက မင္းကို လြတ္လြတ္လပ္လပ္ ပ်ံသန္္းခြင့္ျပဳမွာမဟုတ္ဘူး။ တစ္ႀကိမ္မွာ အပိုင္းတစ္ခုကိုပဲ သင္ယူပါ၊ မင္း မွတ္နိုင္သမွ်ပမာဏထက္ ပိုမသင္ယူပါနဲ႕။ မင္းရဲ႕ဦးေႏွာက္က အခ်က္အလက္ေတြအမ်ားႀကီးကို မမွတ္နိုင္ဘူး။ မင္း ဒီလိုလုပ္လို႔ ဥာဏ္တုံးမသြားဘူးဆိုရင္ေတာင္ ႐ူးသြားနိုင္တယ္။ အဲဒါေတြအျပင္ ဒီနယ္ေျမလြတ္ကို ေဆးပင္ေတြစိုက္ပ်ိဳးဖို႔ သုံးနိုင္တယ္။ ေရပန္းက ေရက ႀကီးထြားမႈႏႈန္းကိို တိုးေစတယ္။ ဒါေပမယ့္ မင္း ဒီေရကို သိမ္းထားလို႔မရဘူး၊ အျပင္ဘက္ကမာၻကို ယူသြားလို႔ မရဘူး။ ေရက အပင္ရဲ႕ႀကီးထြားႏႈန္းကို ဘယ္ေလာက္ျမႇင့္ေပးနိုင္တယ္ဆိုတာက သူ႕ရဲ႕ပမာဏျပင္းအားအေပၚမွာပဲ မူတည္တယ္။ ေနာက္ဆုံးနဲ႕အေရးအႀကီးဆုံးတစ္ခုကေတာ့ အျပင္မွာရွိတဲ့ လူေတြရဲ႕စိတ္ႏွလုံးသားေတြက ေျပာင္းလဲသြားခဲ့ၿပီ။ တျခားသူေတြကို ဒီေနရာလြတ္အေၾကာင္း ေပးမသိပါနဲ႕။ တျခားလူကို ဒီေနရာလြတ္ထဲ ဝင္ခြင့္မျပဳပါနဲ႕။ တကယ္လို႔ မင္း ဒီေနရာလြတ္ကို လက္ဆင့္ကမ္းေပးဖို႔ ဆႏၵရွိလာတဲ့အခ်ိန္ေရာက္ရင္ ငါလုပ္ခဲ့သလိုမ်ိဳး သင့္ေတာ္တဲ့ ဆက္ခံသူတစ္ေယာက္ကို ေစာင့္ေနဖို႔ လိုအပ္တယ္။"