Omega အဖြစ်ကူးပြောင်းပြီးနောက...

By karryphyo

355K 39K 933

Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kin... More

Description
Ch. 1
Ch. 2
Ch. 3
Ch 4.
Ch5 .
Ch6 .
Ch7.
Ch8.
Ch9.
Ch10.
Ch11.
Ch12.
Ch13.
Ch14.
Ch15.
Ch 16.
Ch17.
Ch18.
Ch. 19
Ch 20.1
Surprise 🤍🤍🤍
Ch 20.2
Ch 20.3
Ch 21
Ch 22
paid gp😍😘🤍🤍
Ch 23
Ch 24
Ch 25
Ch 26
Ch.27
Ch 28
Ch 29
Ch 30
Suprise🥳🥳
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Ch 46
Ch 47
Ch 48
Ch 49
Ch 50
Ch 51
Ch 52
Ch 53
Ch 54
Ch 55
Ch 56
Ch 57
Ch 58
Ch 59
Ch 60
Ch 61
Ch 62
Ch 63
Ch 64
Ch 65
Ch 66
Ch 67
Ch 68
Ch 69
Ch 70
Ch 71
Ch 72
Ch 73
Ch 74
Ch 75
Ch 76
Ch 77
Ch 78
Ch 79
Ch 80
Ch 81
သီတင်းကျွတ် ပရိုမိုးရှင်း
Ch 83
Ch 84
Ch 85
Ch 86
Ch 87
ပရိုမိုးရှင်း
Ch 88
Ch 89,90
Ch 91
Ch 92, 93
Ch 94
Ch 95
Ch 96
Ch 97
Ch 98
Ch 99
Ch 100
Ch 101
Ch 102
Ch 103
Ch 104
Ch 105
Ch 106
Ch 107
Ch 108
Ch. 109
Ch 110
Ch 111
Ch 112
Ch 113
Ch 114
Ch 115
Ch 116
Ch 117
Ch 118
Ch 119
Ch 120
Ch 121
Ch 122
Ch 123
Ch 124
Ch 125
Ch 126(end)

Ch 82

1.1K 113 3
By karryphyo

မင်းကို သေတဲ့အထိ အေးခဲသွားစေနိုင်တယ်

မှင်တက်သွားသော ယန်ချုံးက သူ့​ ရဲ့ပြေသွားသည့် ကြိုးများကို စိုက်ကြည့်နေသည်။  ကျိရှင်းလန်က အဲ့ဒါကို စိတ်ဝင်စားလိမ့်မယ်လို့ သူ မမျှော်လင့်ထားပါဘူး။

ကံကောင်းထောက်မစွာနဲ့ သူပ ယခုအချိန်တွင် ဆိုဖာပေါ်တွင် သပ်ရပ်စွာထိုင်နေပြီး ဘောင်းဘီပြန်ပြုတ်ကျခြင်း၏ ရှက်စရာကောင်းသော အခြေအနေကိုလည်း ရှောင်ရှားနိုင်ခဲ့သည်။

ကျိရှင်းလန်က အရပ်ရှည်ပြီး ခြေတံရှည်သည်။  ယန်ချုံး ပေါင်ပေါ်မှာ သူထိုင်လိုက်သောအခါ သူက သေးမယ့်ပုံမပေါ်ပေ ။   ယင်းအစား သူသည် ယန်ချုံးကို ချေမှုန်းလိုက်သလိုပင်။

ယန်ချုံး အောက်ကိုငုံ့ကြည့်လိုက်တော့ ကျိရှင်းလန် ရဲ့ ရှပ်အင်္ကျီက ပွင့်နေတဲ့ ကော်လာနဲ့ ရင်ဘတ်ကို တွေ့လိုက်ရတယ်။  သူ့မျက်လုံးတွေက လှည့်ပတ်ကြည့်လို့ သင့်တော်တဲ့နေရာကို ရှာမတွေ့ဘူး။  နောက်ဆုံးတွင် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို တစ်ဖက်သို့သာ လှည့်နိုင်ခဲ့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ယန်ချုံးက သူ၏ပြစ်ဒဏ်ကို ချောမွေ့စွာလုပ်ဆောင်ခဲ့သည်။  ကျိရှင်းလန် နဲ့ အိပ်တာကို မေ့ထားပြီး သူ့ကို ကျိရှင်းလန် နမ်းဖို့နဲ့ ပွေ့ဖက်ခွင့် မပေးခဲ့ဘူး။

ဒါပေမယ့် ကျိရှင်းလန်ကတော့ မရှက်ပါဘူး။  ယန်ချုံးက သူ့ခေါင်းကို တစ်ဖက်ခေါင်းဘက်သို့ လှည့်သွားသည်ကို မြင်သောအခါ၊ သူသည် လည်ပင်းဘက်ကို တမင်တကာ နမ်းလိုက်ပြီး ယန်ချုံး ခန္ဓာကိုယ်အနှံ့ကို တုန်တုန်ယင်ယင် ဖြစ်စေခဲ့သည် ။

အခုအချိန်မှာတော့ သူတို့ မျက်နှာချင်းဆိုင်ထိုင်နေတော့ ယန်ချုံးက စိတ်လှုပ်ရှားနေတဲ့ အနေအထားမှာ ရှိနေတယ်။

ကျိရှင်းလန်က  ဤကဲ့သို့ သူ့ကို ဖြားယောင်းသွေးဆောင်နေပြီး ယန်ချုံးက ပျော်ရွှင်စရာ အခိုက်အတန့်လေးဖြစ်ဖို့အတွက် အရာအားလုံးကို လျစ်လျူရှုချင်ခဲ့ပြီး လောလောဆယ် စိတ်ဆိုးနေသည်ဆိုတာကို မေ့လုနီးပါးပင်။  သူ့ရင်ထဲက ဆန္ဒမီးတောက်တွေကို မငြိမ်းသတ်နိုင်တော့ဘူး။

သူသည် တစ်ဖက်သားကို အပြစ်ပေးသော်လည်း သူ့ကိုယ်သူ ဒုက္ခရောက်အောင် မလုပ်သင့်ပေ။

ထိုအတွေးဖြင့် ယန်ချုံးက ထိုသူ့နှုတ်ခမ်းများကို နမ်းလိုက်ပြီး ကျိရှင်းလန်ကို အပြစ်ပေးဖို့ အခြားနည်းလမ်းကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်သည်။

ယန်ချုံးက ကျိရှင်းလန် ခန္ဓာကိုယ်ကို တွန်းဖယ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။  သူ့နောက်ကျောကို မတ်ထားပြီး ကျိရှင်းလန် ရှေ့မှာ ရပ်လိုက်သည်။

သူ ကျိရှင်းလန်ကို  ဆိုဖာပေါ် တွန်းချပြီးနောက် ဘယ်လောက် သနားစရာ ကောင်းသည်ကို သူကြည့်နေရင်း အားနည်းနေတဲ့အခိုက်အတန့်မှာ သူကမေးလိုက်တယ် “မင်းရဲ့ ပြစ်ဒဏ်ကို နှစ်ပတ်လောက် လျှော့စေချင်တာလား ?”

ကျိရှင်းလန် အဲ့ဒါကို ကြားတော့ ဒီလှုပ်ရှားမှုက အသုံးဝင်တယ်ဆိုတာ သူသိပြီး ဝမ်းသာသွားတယ်။  သူက ခေါင်းညိတ်တယ်။  “ အင်း ”

“ကောင်းတယ်။ ငါ နောက်ဆုံးတော့ စိတ်ပြောင်းသွားပြီ ”  ယန်ချုံးက သူ့နောက်ကျောမှာ လက်တစ်ဖက်ချထားပြီး နောက်တစ်ဖက်နဲ့ ကျိရှင်းလန်ရဲ့ မျက်နှာကိုရိုက်ဖို့ ရီမုကို ကိုင်လိုက်သည်။  ထို့နောက် မေးစေ့ကိုမော့လိုက်သည်။  "မင်းဆိုဖာပေါ်မှာ မအိပ်ရတော့ဘူး"

ဤအထူးလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ကျိရှင်းလန်က အလွန်ထိမိပြီး ငိုလုနီးပါးဖြစ်သွားသည်။  ယန်ချုံးက သူနာကျင်ခံစားရသည်ကို သေချာပေါက် သည်းမခံနိုင်ကြောင်း သူသိသည်။  သူ ကြမ်းပြင်ပေါ်မှာ တစ်လလောက် အိပ်ရမယ်လို့ ပြောခဲ့တာ ဖြစ်နိုင်ပေမယ့် တစ်ပတ်အတွင်းမှာပဲ ကျိရှင်းလန်က သူ့ကို နှစ်သိမ့်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ယန်ချုံးက သူတွေးနေသည့်အရာကို ပြောပြနိုင်ပုံရသည်။  သူက ပြုံးပြပြီး တိုးတိုးလေးပြောလိုက်တယ်  “ဒါပေမယ့် မင်းငါ့ကို မှန်ကန်တဲ့ ဝန်ဆောင်မှုပေးရမယ် ”

သူစကားပြောနေစဉ် ယန်ချုံးက လက်စားချေဖို့ ဆုံးဖြတ်ပြီး ကျိရှင်းလန် မေးစေ့ကို လှမ်းဆွဲလိုက်သည်။  ကျိရှင်းလန်ကို ယန်ချုံးက အနိုင်ကျင့်တဲ့အခါ အတိတ်က သူလုပ်ခဲ့တာတွေကို အတုယူခဲ့တယ်။  “ လိမ္မာတယ် ပါးစပ်ဟလိုက်”

ကျိရှင်းလန်က ပြုံးပြီး ယန်ချုံးကို သူလိုချင်သလောက် နမ်းခွင့်ပေးလိုက်သည်။  ယန်ချုံးက သူ့ထံမှ နမ်းနည်းကို သင်ယူခဲ့ပြီး ယခု ကောင်းစွာ နမ်းနိုင်ခဲ့သည်။

လူသားတိုင်းဟာ အရာရာကို ထိန်းချုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်ကို နှစ်သက်ကြပါတယ်။  ယန်ချုံးက ပျော်ရွှင်နေပြီး ကျိရှင်းလန်ကို အားသွန်ခွန်စိုက် လုပ်ဆောင်မည့်အစား မကြာမီ ပျော်ရွှင်ချင်သည်ဟု တွေးကာ ကျိရှင်းလန် အင်္ကျီအောက်ဆီ လက်ကို မကြောက်မရွံ့ ဆန့်ထုတ်လိုက်သည်။

"ဒါကို မင်းဘယ်လိုရခဲ့တာလဲ ?"  ယန်ချုံးက သူ့ချစ်သူ၏ တင်းကျပ်ပြီး လှပသော ကြွက်သားများကို တအံ့တသြ အံ့သြသွားမိသည်။  သူ့ဗိုက်သားတွေက တောင့်တင်းပြီး သူ့အကြောတွေ ချောမွေ့နေတယ်။  သူတကယ်ကို မနာလိုပေမယ့် သူတို့ကို အရမ်းသဘောကျတယ်။

ယန်ချုံးကက သူ့ကို အလိုရှိသလို ပြောင်ပြောင်တင်းတင်း ကိုက်လိုက်ပြီး သူ့စိတ်ထဲမှာ ခံစားချက်ကို ပြန်သတိရသွားတယ်။  ပြီးတော့ သူက  “ဒီလိုလုပ်ရအောင်၊ ငါ့ကိုတစ်ခါလောက် လုပ်ခွင့်ပေးရမယ်” လို့ပြောလိုက်တယ်။

“...…” ကျိရှင်းလန် ခဏတာ အံ့အားသင့်သွားသည်။

ယန်ချုံး လုပ်ချင်တာမှန်သမျှ သူ့ကိုပြန်နှောင့်ယှက်ဖို့ပဲဟု မူလက ထင်ခဲ့သည်။  သူ့မှာ ဒီလောက်ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ ရှိမယ်လို့ မမျှော်လင့်ထားဘူး။

ကျိရှင်းလန်က သူ့ပြောတာ မကြားဘူးလို့ ယန်ချုံး ထင်နေချိန်မှာ သူက ပြောလာတယ် "မင်းကိုအပြစ်ပေးဖို့ ကြမ်းပြင်ပေါ်မှာ မအိပ်ခိုင်းတာကို ငါရွေးချယ်နိုင်ပေမယ့် မင်းငါ့ကိုလုပ်ခိုင်းခွင့်ပေးရမယ် ...."

“....…” ယန်ချုံးက သူ့ရယ်သံကြောင့် စိတ်ဆိုးသွားသည်။  သူသည် ဒေါသကို မျိုသိပ်ကာ သူ့ချစ်သူ၏ ခေါင်းကို ပုတ်ကာ “ပြင်းစွာ” စိုက်ကြည့်နေသည်။ "မင်း ငါ့ကို လုပ်ခွင့်ပြုမှာလား ၊ခွင့်မပြုဘူးလား"

ကျိရှင်းလန်က သူ့တောင်းဆိုမှု၏ မည်သည့်အပိုင်းက ရယ်စရာကောင်းနေမှန်းမသိဘဲ အချိန်အတော်ကြာအောင် ရယ်နေခဲ့သည်။  ရယ်မောသံများ ရပ်တန့်သွားသောအခါ ကျိရှင်းလန်၏ မျက်လုံးများသည် ရယ်မောခြင်းမှ မျက်ရည်များဖြင့် တောက်ပနေဆဲ။

ကျိရှင်းလန် ငုံ့ကြည့်လိုက်သည်။  လက်ထိပ်ခတ်ထားသော လက်များကို သူ့ခြေထောက်များကြားတွင် သဘာဝအတိုင်း ထားရှိထားသည်။  သူ၏တံတောင်ဆစ်များသည် ဒူးနှင့်ဆန့်ကျင်ဘက်ဖြစ်ပြီး၊ သူ၏လက်ကောက်ဝတ်ရှိ ငွေသတ္တုက အလင်းရောင်ကို ရောင်ပြန်ဟပ်နေသည်။  သူ့ခြေထောက်တွေကို ဘေးနားမှာ ပေါ့ပေါ့ပါးပါးထားလိုက်တယ်။  သူ့ရှပ်အင်္ကျီကို ယန်ချုံး ရည်ရွယ်ချက်ရှိရှိ ရုတ်သိမ်းထားပြီး ချောမွေ့လှပသော လိုင်းများနှင့်အတူ သူ့ဘောင်းဘီထဲသို့ တည့်တည့်ဝင်သွားသော V-line abs နှင့်အတူ။  ယင်းက ယန်ချုံး ၏ စိတ်ကူးစိတ်သန်းကို ရိုင်းစိုင်းစေခဲ့သည်။

ယန်ချုံး ငိုချလိုက်သည် ။  သူသည် အခြားသူများထက် ပို၍ ခေါင်းမာသော်လည်း သူ့တောင်းဆိုမှုမှာ အနည်းငယ်သာလွန်နေသလားဟု တွေးမိသေးသည်။  သူက Omegaလေ ဘယ်လိုဖြစ်နိုင်မှာလဲ...?

ကျိရှင်းလန်က ရုတ်တရက် မော့ကြည့်လာသည်။  တောက်ပပြီး ဗာဒံပုံသဏ္ဍာန် မျက်လုံးများက သူ့ကို ရွှင်မြူးစွာ စိုက်ကြည့်နေသည်။  ယန်ချုံးက သူ့စိတ်ထဲမှာ ဘယ်လို ဆိုးသွမ်းမှုမျိုး ချက်ပြုတ်နေမှန်းမသိဘူး။

“မင်း လိုသမျှ ငါပေးမယ်။  မင်းလုပ်ချင်တာလုပ်လို့ရတယ် "

သူသည် စကားပြောစဉ်တွင် ခုတ်ထစ်ခံရမယ့် ငါးကဲ့သို့ ချထား၏။  ယန်ချုံးကိုကြည့်လိုက်တော့ သူ့မျက်လုံးတွေက ဆွဲဆောင်မှုအပြည့်နဲ့။

ဤလှပသော ခန္ဓာကိုယ်ကို သူရင်ဆိုင်လိုက်သောအခါ ယန်ချုံး ဝမ်းသာသွားကာ သူ့လက်များနဲ့ မျှော်လင့်တကြီး ပွတ်လိုက်သည်။

ကျိရှင်းလန်က ဒါကို သဘောမတူဘူး ဒါမှမဟုတ် အနည်းဆုံးတော့ သူ လွယ်လွယ်နဲ့ သဘောတူမှာမဟုတ်ဘူးလို့ မူလက ထင်ခဲ့တယ်။

ယန်ချုံးက သူ့ဘောင်းဘီကို ချွတ်လိုက်ချင်ပေမယ့်  သူ့စိတ်ထဲမှာ သံသယအနည်းငယ်နဲ့ ပြည့်နေတယ်။

အဆင်​​ပြေ​အောင်​လုပ်​ဖို့ သူသ​ဘောတူတယ်​။  ဒါက နည်းနည်းလေးမှ မူမမှန်တာ မဟုတ်ဘူးလား ?

ကျိရှင်းလန်က ဤကဲ့သို့သော အရာကို အလွယ်တကူ သဘောတူလက်ခံမည့်သူတစ်ဦးကဲ့သို့ မထင်ပါ။

သူ တုံ့ဆိုင်းနေချိန်တွင် ကျိရှင်းလန်က ယန်ချုံးရဲ့ ခြေသလုံးကြွက်သားကို ချိတ်ဆွဲရန် သူ့ခြေကို တမင်တကာ အသုံးပြုခဲ့သည်။  အထပ်ထပ်အခါခါ ပွတ်တိုက်ကာ အရှိန်မြှင့်ရန် လှုံ့ဆော်ပေးသည်။

ယန်ချုံး လည်းအဲ့တာကြောင့် အလုပ်ဖြစ်လာသည်။

ဤသွေးဆောင်မှုမျိုးကို မည်သူမျှ ခံနိုင်ရည်မရှိပေ။

ယန်ချုံးက ဒီအထဲမှာ ထောင်ချောက်တစ်ခုရှိနေမှာကို စိုးရိမ်နေပေမယ့် သူအဲ့အကြောင်းတွေးနေရင်းနဲ့ ကျိရှင်းလန်က သူ့လက်တွေကို လက်ထိပ်ခတ်လ်ုက်တာကြောင့် ဘာမှလုပ်လို့မရတော့တာကို တွေ့လိုက်ရတယ်။

စစ်တပ်ကျောင်းက ကျောင်းသားများအားလုံး လက်ကိုပင် မသုံးဘဲ တန်ပြန်တိုက်ခိုက်နိုင်တဲ့အထိ အလွန်အံ့သြဖွယ်ကောင်းပါ့မလား ?  Hahahaha!

ထိုအတွေးဖြင့် ယန်ချုံးက ငြိမ်သက်သွားပြီး စိတ်အားထက်သန်လာသည်။

နောက်ဆုံးတွင် သူက သူ့ဘာသာ ပျော်ရွှင်နိုင်ခဲ့သည်။ ကျိရှင်းလန်က တစ်ကယ့်ကို ရုပ်ရည်ကောင်းမွန်ပြီး သူ့ခန္ဓာကိုယ်ကို မက်မောနေခဲ့တာ ကြာပါပြီ။

ဒါပေမယ့် ကျိရှင်းလန် ဆိုဖာပေါ်မှာ လှဲနေပြီး သတ်ခံရဖို့စောင့်နေတဲ့ သိုးကလေး ဖြစ်နေရင်တောင်မှ သူက မျက်တောင်ခတ်ပြီး မသိသလိုလေးပြောလာတယ်  “ကိုယ့်လက်တွေကိုလက်ထိပ်ခတ်လိုက်တော့ လှုပ်လို့မရတော့ဘူး။ မင်းရဲ့အဝတ်အစားတွေကို ကိုယ့်ဘာသာကိုယ်ချွတ်ရလိမ့်မယ် "

ယန်ချုံး က အဲ့တာဟာကျိုးကြောင်းဆီလျော်တယ်လို့ ခံစားရတယ်။


ကျိရှင်းလန် ရှေ့မှာ သူ့အဝတ်အစားတွေကို ချွတ်ရတာက သူ့အတွက်တော်တော်လေး ရှက်စရာကောင်းပေမယ့် ဒီနေ့တော့ သူ ထိန်းချုပ်ထားနိုင်ခဲ့ပြီး ကျိရှင်းလန် ကို အခွင့်ကောင်းယူတော့မှာ!  သူဘာလို့ ရှက်ရမှာလဲ?!

ထိုအတွေးဖြင့် သူ့အင်္ကျီကြယ်သီး မာန်ပါပါနဲ့ ဖြုတ်လိုက်သည်။


ယန်ချုံး၏ဆံပင်တွေက ချည်နှောင်ထားဆဲဖြစ်ပြီး ဆံပင်အနည်းငယ် ကျနေတာက သူ့မျက်နှာကို အထူးသေးငယ်သွားစေသည်။  ခေါင်းကိုငုံ့ကာ အင်္ကျီကြယ်သီးကို ဖြုတ်လိုက်သောအခါတွင် သူ့ရဲ့သေးသွယ်တဲ့ လက်ချောင်းလေးတွေက လှပပြီး သွက်လက်သည်။


ယန်ချုံးက ကျိရှင်းလန် စကားကို နားထောင်ပြီး သူ့အဝတ်အစားအားလုံးကို ဖယ်ရှားလိုက်သည်။  သူက ၎င်းတို့အားလုံးကို ပစ်ချပြီး ကျိရှင်းလန် ကို ဆုပ်ကိုင်ချင်နေသည်။

 ဒါပေမယ့် သူ့အင်္ကျီကြယ်သီးနှစ်လုံး ဖြုတ်ပြီးချိန်မှာတော့ ကျိရှင်းလန် က သူ့ကို ဖမ်းဆုပ်နေသလို ခံစားလိုက်ရတယ်။  ထို့နောက်တွင် ရပ်တန့်လို့မရတဲ့ အင်အားတစ်ခုက သူ့လည်ကုပ်ပေါ်ကို ရောက်လာပြီး သူ့ကိုပြုတ်ကျသွားအောင်လုပ်လိုက်ကာ ဟန်ချက်ပျက်သွားစေသည်။  သူကျိရှင်းလန်ရဲ့ ရင်ခွင်ထဲသို့ ပြုတ်ကျသွားသည်။

ကျိရှင်းလန် ၏ သဘောထားက အခုလေးတင် ပြောင်းလဲသွားခဲ့သည်။  သူ၏ ပရော်ဖက်ရှင်နယ် အကြည့်များက ပြင်းထန်လာကာ  သူတို့၏အနေအထားများကို လှည့်လိုက်ကာ ယန်ချုံးကိုချုပ်ထားရန် သူ့ခြေထောက်များကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။


ခဏနေတော့ သူတို့ရဲ့အနေအထားတွေ ပြောင်းသွားတယ်။

ယန်ချုံးက သူ့ကို စိုက်ကြည့်နေတယ်။  မယုံနိုင်စရာပဲ!  သူ့အဝတ်အစားတွေကို ချွတ်လိုက်ပြီး ကျိရှင်းလန် ကို သူ့ကိုယ်သူ လွှဲပေးလိုက်မိပြီ


မိုက်လိုက်တာ၊ စစ်တပ်ကျောင်းက ကျောင်းသားတွေက တကယ်ကို အံ့သြစရာကောင်းတယ်။  ကျိရှင်းလန်ရဲ့လက်တွေကို လက်ထိပ်ခတ်ထားရင်တောင် ယန်ချုံးက သူ့ကို အနိုင်မယူနိုင်သေးဘူး။ 

အခုအချိန်မှာတော့ သူ့ကိုအောက်ဘက်မှာချုပ်နှောင်ထားပြီး လွတ်မြောက်ဖို့လမ်းမရှိသေးဘူး။


ယန်ချုံးမှာ ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မထားတာကြောင့် ချက်ချင်းပင် ဒုက္ခရောက်သွားခဲ့သည်။

သူ့မှာ ကျိရှင်းလန် ၏ခန္ဓာကိုယ်ကို လိုချင်တပ်မက်ရဲတဲ့ သတ္တိရှိခဲ့တယ်။ကျိရှင်းလန် ၏ မျက်နှာပေါ်တွင် စိတ်ကြီးဝင်နေပြီး စနောက်နေတဲ့ အမူအရာများကို မြင်လိုက်ရသောအခါတွင် ယနေ့တွင်သူ သေချာပေါက် အပြစ်ပေးခံရတော့မည်ကို သိလိုက်သည် ။


အရှက်ကွဲသွားသလို ခံစားလိုက်ရသဖြင့် ယန်ချုံးက မျက်လုံးများကိုမှိတ်ကာ ခေါင်းကိုတစ်ဖက်သို့လှည့်လိုက်သည်။

သူက လူ့အသက်ပေါင်းများစွာကိုသတ်ဖြတ်ဖျက်ဆီးခြင်းကို စောင့်မျှော်နေသူတစ်ယောက်ဖြစ်သည်။

ကျိရှင်းလန်က ယန်ချုံးကို မစားရတာ ကြာလှပြီမို့ ယန်ချုံး၏ ရှက်ရွံ့နေသော အမူအရာကြောင့် သူတော်တော် သဘောကျသွားသည်။ အရမ်းချစ်ဖို့ကောင်းပြီး သူ့ပိုပြီးရှက်နေတာကို မြင်ချင်လာသည်။

ကျိရှင်းလန်က သူ့နှုတ်ခမ်းကိုသုံးပြီး တစ်ဖက်လူရဲ့နားရွက်နဲ့ လည်ပင်းကို ပွတ်တိုက်လိုက်ပြီး ယန်ချုံး ရဲ့နားရွက်နားမှာအခြေချပြီး တစ်ခစ်ခစ်ရယ်လိုက်သည် “အဲ့တာကိုမင်း တောင်းဆိုလိုက်တာနော်။  ဒီတစ်ခါတော့ မင်းမပြေးနိုင်တော့ဘူး”

……

နေထွက်လာပြီး သူ့ရဲ့အလင်းတန်းတွေက  ကြမ်းပြင်ပေါ်မှာရှိနေတဲ့ အဝတ်တွေပေါ်မှာ တောက်ပနေပြီး နေရာအနှံ့မှာ အရိပ်အယောင်တွေ ထွက်လာတယ်။


လန်လန်က သမ်းဝေလိုက်ကာ ဆိုဖာပေါ် ခုန်တက်ခဲ့သော်လည်း သူ့အတွက် ခြေထောက်တင်ဖို့ နေရာလေးတောင်မရှိနေတာကို တွေ့လိုက်ရသည်။

ဒီနေ့ဘာလို့ဆိုဖာပေါ်မှာ လူနှစ်ယောက် အိပ်နေတာလဲ?

ယန်ချုံးရဲ့မျက်နှာပေါ်ကို သူ့ရဲ့လက်ဖဝါးလေးနဲ့ တက်နင်းလိုက်သောအခါ ယန်ချုံး နိုးလာခဲ့သည်။  မျက်လုံးဖွင့်ကြည့်လိုက်တော့ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။  ပိုဆိုးတာက ကျိရှင်းလန်က သူ့အပေါ်မှာလှဲနေတာပဲ။


ကျဉ်းမြောင်းသော ဆိုဖာက လူနှစ်ယောက် အတူအိပ်ဖို့ နေရာမရှိသောကြောင့် သူ့တစ်ယောက်ကိုတစ်ယောက်ကိုသာ ထပ်ထားနိုင်သည်။နှစ်ယောက်စလုံးကို တူညီတဲ့စောင်အောက်မှာ လွှမ်းခြုံထားပြီး သူတို့ရဲ့ဆံပင်တွေကအချင်းချင်းရောယှက်နေတယ်။


ယန်ချုံးသူ့မျက်လုံးတွေကို ပွတ်သပ်လိုက်သည်။  ရုတ်တရက် တစ်စုံတစ်ခု ချွတ်ချော်သွားသလို ခံစားလိုက်ရပြီး အဲ့တာကသူအ၀တ်မဝတ်ထားတဲ့ ပြဿနာလည်း မဟုတ်ဘူး။ ခဏလောက် ကြောင်သွားပြီး မျက်နှာနီရဲသွားတယ်။ အခြေအနေကနေ သူ့ကိုယ်သူ ဖယ်ထုတ်ပြီး ကျိရှင်းလန် ရဲ့ ပခုံးကို မရိုက်ခင်မှာ အနည်းငယ် ခက်ခက်ခဲခဲနဲ့ လှည့်ခဲ့ပါသေးတယ်။

“လှည့်လို့ပြီးပြီလား!?”


ကျိရှင်းလန် သိသိသာသာ နိုးလာခဲ့သည်။  သူက မျက်လုံးကိုဖွင့်ပြီး ပြန်မမှိတ်ခင်မှာ ယန်ချုံးကို တစ်ချက်ကြည့်လိုက်သည်။


သူ့ရဲ့ခွန်အားနဲ့ ယန်ချုံး က ကျိရှင်းလန် ကို သူ့ကိုယ်ပေါ်က တွန်းထုတ်လိုက်ပြီး သူ့အဝတ်အစားတွေကို ကြမ်းပြင်ပေါ်ကနေ ဆွဲယူလိုက်တယ်။

“ မနေ့ကငါတို့ဆိုဖာပေါ်မှာ ဘာလို့အိပ်နေရတာလဲ? ”  ယန်ချုံး ရေရွတ်လိုက်သည်။

“မင်းကကိုယ့်ကို အိပ်ယာထဲမှာ အိပ်ခွင့်မပေးဘူးဆိုတော့ ကိုယ်လည်းဝင်မအိပ်ရဲဘူး” ကျိရှင်းလန်က ထက်မြက်စွာ ပြန်ပြောလိုက်သည်။


ယန်ချုံးက ကျိရှင်းလန် ၏အဝတ်အစားများကို ကောက်ကိုင်လိုက်ပြီး သူ့ကိုပစ်ပေါက်လိုက်သည်။  “မင်းငါ့ကို အိပ်ယာထဲ မှာထားခဲ့လို့ မရဘူးလား?”

“မရဘူး” ကျိရှင်းလန်က အဝတ်အစားများကို ဖမ်းကာ ဟန်လုပ်ပြုံးလိုက်သည်။ “ကိုယ်တို့ သွားအိပ်မယ်ဆိုရင်လည်း ကိုယ်တို့ အတူတူလုပ်လို့ရတယ်”

“ ဆိုဖာပေါ်မှာ အိပ်ရတာ နာတယ်”ယန်ချုံးက သူ့အဝတ်အစားကို ၀တ်ပြီး ဂျာကင်အင်္ကျီကို ၀တ်လိုက်သည်။

“ဒါအမှန်ပဲ။  ဒါပေမယ့် ဆိုဖာပေါ်မှာ ကိုယ်တစ်ပတ်လောက် အိပ်ခဲ့ရတယ်”

ကျိရှင်းလန်က ယခုအခိုက်အတန့်တွင် သနားစရာကောင်းတဲ့ပုံစံ ဟန်ဆောင်နေသေးသော်လည်း ယန်ချုံးက သနားမပြတော့ပေ။  အေးစက်သောအမူအရာဖြင့် သူက သူ၏နာကျင်မှုအတွက် လက်စားချေရန် ဆုံးဖြတ်လိုက်သည်။  “ဒါဆို မင်းရဲ့ ပြစ်ဒဏ်ကို ငါတို့ နှစ်လ ထပ်တိုးလိုက်မယ်လေ”

ဒီမနက်နေရောင်က တကယ်ကို မျက်စိပြာစေတယ်။


 ယန်ချုံး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်တော့ မနေ့ညက နှင်းတွေကျနေခဲ့တာကို သတိထားမိ
လိုက်တယ်။  အဝေးကို လှမ်းကြည့်လိုက်တော့ အိမ်ခေါင်မိုးပေါ်မှာ နှင်းတွေတစ်ပုံတစ်ခေါင်းကြီးရှိနေတာကို တွေ့လိုက်ရပြီး သူတို့ကရွှေရောင်အလင်းတန်းတွေနဲ့ လင်းလက်နေခဲ့တယ်။

ဤသည်မှာ ယခုနှစ် ဆောင်းရာသီ၏ ပထမဆုံး နှင်းဖြစ်သည်။ နေမင်းကြီးက ကောင်းကင်ရဲ့အမြင့်တစ်နေရာမှာရှိနေပေမယ့် မအေးပါဘူး။

 ရာသီဥတုက တော်တော်ကောင်းတာကို မြင်တော့ ယန်ချုံး က ကျိရှင်းလန် ကို ဆွဲခေါ်ပြီး နှင်းတွေနဲ့ ကစားဖို့ ပန်းခြံကို သွားချင်ခဲ့တယ်။


ကားမမောင်းဘဲ အနီးဆုံးပန်းခြံသို့ ဦးတည်ကာ လမ်းလျှောက်ခဲ့ကြသည်။


ခရစ်စမတ်ရောက်ဖို့က နီးပြီ။  လမ်းဘေးဈေးဆိုင်များတွင် မီးတိုင်များနှင့် အထိမ်းအမှတ် စကားလုံးများကို အချိန်မီ ချိတ်ဆွဲထားသည်။ အရောင်းတွေလည်း တက်လာတယ်။  စီးပွားရေးအသိုက်အဝန်းက ကောင်းမွန်ပြီး လူတွေက လမ်းနားတစ်ဝိုက်ကို ရွှေ့လာကြပါတယ်။


ယန်ချုံးက စျေးဆိုင်ကိုဖြတ်လာတော့ တစ်သီတစ်တန်းကြီးစီနေကြတဲ့လူများကို ကြည့်လိုက်သည်။  ခရစ္စမတ်ရောက်တော့မယ်ဆိုတော့ ကျိရှင်းလန်အတွက် တစ်ခုခုပြင်ဆင်ပေးသင့်လား?


 ကျိရှင်းလန်မှာက ဘာတစ်ခုမှ ချို့တဲ့နေပုံမပေါ်ဘူး ။အကယ်၍သူမေးလိုက်ရင် မိုက်မဲတဲ့အဖြေကို သေချာပေါက်ရလိမ့်မယ်။ 

ရာသီဥတုက အေးတယ်။  ခဏလောက် လမ်းလျှောက်ပြီးနောက် ယန်ချုံး၏ နားရွက်တွေက နီရဲလာသည်။  ဒါနဲ့ သူ့ နားရွက်တွေကို အုပ်ဖို့ လက်ကိုသုံးလိုက်တော့ ကျိရှင်းလန်  က “မင်း အေးနေလို့လား”လို့ မေးလာတယ်။


ယန်ချုံးက ထူထဲသောအလွှာများဖြင့် ဖုံးအုပ်ထားပြီး၊ သူက ကလေးဆန်သောသူ့ရဲ့ညအိပ်ဝတ်စုံလို ယုန်ပုံနှိပ်ထားတဲ့ လည်စည်းပဝါကို ပတ်ထားသည်။  သို့သော် ကျိရှင်းလန်မှာ လည်စည်းပဝါနှင့်အနွေးဘောင်းဘီမဝတ်ထားသော်လည်း အေးနေတဲ့ပုံမပေါ်ဘူး။  သူ့ရဲ့ ၀တ်စုံက ဆောင်းဦး၀တ်စုံနဲ့ အတူတူပါပဲ။


ယန်ချုံးက သူ(ကျိရှင်းလန်)အရမ်းပါးတဲ့အဝတ်ဝတ်ထားတာကို ခံစားလိုက်ရပြီး တိုက်ဆိုင်စွာပင် လည်စည်းပဝါဆင်တူဝတ်ထားသည့် စုံတွဲတစ်တွဲကသူတို့နားကို ဖြတ်သွားလိုက်ရာ ယန်ချုံးက “မင်းအတွက် ပဝါတစ်ထည် ဝယ်ပေးရမလား?”လို့ မေးလိုက်တယ်။

“မဝယ်နဲ့” ကျိရှင်းလန်က အေးစက်စွာပြောလိုက်သည် “ပဝါနဲ့က ကိုယ်နဲ့မလိုက်လောက်ဘူး ”


 ယန်ချုံး မျက်မှောင်ကြုတ်ကြီးနဲ့ ပြောလိုက်တယ် “ ပဝါပတ်ထားရင် မင်းကဘယ်လိုကြည့်မကောင်းတာလဲ?  မင်းကို ရုပ်ဆိုးတယ်လို့ ဘယ်သူမှ မထင်ဘူး။တောက်တောက်ပြောင်ပြောင်တွေ ၀တ်ဆင်ထားတဲ့ မင်းရဲ့သူငယ်ချင်းတွေကကော အဲဒီပစ္စည်းတွေကို ၀တ်ကြတာပဲ မဟုတ်ဘူးလား?”


ကျိရှင်းလန် အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။  “သူတို့ရဲ့ ကောင်မလေးတွေက သူတို့အတွက် ပဝါတွေထိုးပေးကြတယ်လေ။ အဲဒါတွေက လက်နဲ့လုပ်ထားတဲ့ပဝါတွေ ဟုတ်တာပေါ့ ရုပ်ဆိုးတယ်လို့ သူတို့ဘယ်တွေးရဲကြမှာလဲ ”


ယန်ချုံး မျက်တောင်ခတ်လိုက်သည်။ အခြေခံနေတဲ့သတင်းစကားကို သူမကြားနိုင်စရာအကြောင်းကိုမရှိဘူး။

“ ...မင်းအတွက်​ တစ်​ထည်​ထိုး​ပေးစေချင်တာလား?”


ကျိရှင်းလန်က သူ့ကို ပြုံးပြပြီး စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။

ဒါပေမယ့် ယန်ချုံး က ပြုံးရုံလေးပဲ ။

'မင်းကယောက်ျားလေးဖြစ်တဲ့ ငါ့ကို ပဝါတစ်ထည် ထိုးခိုင်းစေချင်နေတာလား? ငါပိုင်တဲ့ခြေထောက်ကိုလည်း စားလို့ရတယ်နော် '

သူ့ပဝါကို တင်းတင်းကျပ်ကျပ်ဆွဲကာ ပြေးသွားလိုက်သည်။  “ဒါဆို အအေးပတ်ပြီး သေလိုက်တော့ ”

....

 T/N 1 : နှစ်လလောက်ကတော့ မလုံလောက်ဘူး၊ သုံးလတော့လုပ် :V ဒါပေမယ့် ယန်ချုံး၊ပဝါထိုးတဲ့ အမျိုးသားတွေရှိပါတယ်၊ ကောင်းပါတယ်၊ ကျေးဇူးပြုပြီး ဒီအန္တရာယ်မရှိတဲ့အရာတွေကို ပုံသေကားချပ်ပုံစံ ဖမ်းမနေပါနဲ့။

T/N 2 - “ဒါဆို အအေးပတ်ပြီးသေလိုက်တော့ ”

💙9.10.2022

Continue Reading

You'll Also Like

81.5K 11.2K 78
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...
1M 77.8K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
93K 12.3K 200
ဝိညာဉ်ချီ နိုးထပြီးနောက် ရာစုနှစ်တစ်ခုအကြာတွင် ကမ္ဘာကြီးသည် ခေတ်သစ်တစ်ခုအသွင် ဖြစ်​ပေါ်လာသည်။ လူသားများသည် ကမ္ဘာ​မြေ၏နိုးကြားလာသော ဝိညာဉ်ချီကို စုပ်ယ...
750K 42.2K 26
Jk - Possessive type #Warning Cv_ Pinterest