အံဖွယ်စနစ်ပိုင်ရှင် ပထမတွဲ

By Saw0007

110K 13.1K 213

လုကျိုးဟာ မမျှော်လင့်ဘဲ စနစ်တခုကိုပိုငဆိုင်ကာ လူတွေအလည်မှာ ထင်ပေါ်ကျော်ကြားလာခဲ့တယ် More

အခန်း ၁
အခန်း 2
အခန်း၃
အခန်း4
အခန်း 5
အခန်း၆
အခန်း ၇
အခန်း၈
အခန်း၉
အခန်း10
အခန်း၁၁
အခန်း၁၂
အခန်း၁၃
အခန်း၁၄
အခန်း15
အခန်း16
အခန်း17
အခန်း18
အခန်း19
အခန်း20
အခန်း21
အခန်း22
အခန်း23
အခန်း24
အခန်း25
အခန်း26
အခန်း27
အခန်း28
အခန်း29
အခန်း30
အခန်း31
အခန်း32
အခန်း33
အခန်း34
အခန်း35
အခန်း36
အခန်း37
အခန်း38
အခန်း39
အခန်း40
အခန်း41
အခန်း42
အခန်း43
အခန်း44
အခန်း45
အခန်း46
အခန်း47
အခန်း48
အခန်း49
အခန်း50
အခန်း51
အခန်း52
အခန်း53
အခန်း54
အခန်း55
အခန်း56
အခန်း57
အခန်း58
အခန်း59
အခန်း60
အခန်း61
အခန်း62
အခန်း63
အခန်း64
အခန်း65
အခန်း66
အခန်း67
အခန်း68
အခန်း69
အခန်း70
အခန်း71
အခန္း72
အခန်း73
အခန်း74
အခန်း75
အခန်း76
အခန်း77
အခန်း78
အခန်း79
အခန်း80
အခန်း81
အခန်း82
အခန်း83
အခန်း84
အခန်း85
အခန်း86
အခန်း87
အခန်း88
အခန်း89
အခန်း90
အခန်း91
အခန်း92
အခန်း93
အခန်း94
အခန်း95
အခန်း96
အခန်း97
အခန်း98
အခန်း99
အခန်း100
အခန်း101
အခန်း102
အခန်း103
အခန်း104
အခန်း105
အခန်း106
အခန်း107
အခန်း108
အခန်း109
အခန်း110
အခန်း111
အခန်း112
အခန်း113
အခန်း114
အခန်း115
အခန်း116
အခန်း117
အခန်း118
အခန်း119
အခန်း120
အခန်း121
အခန်း122
အခန်း123
အခန်း 124
အခန်း125
အခန်း126
အခန်း127
အခန်း128
အခန်း129
အခန်း130
အခန်း၁၃၁
အခန်း132
အခန်း 133
အခန်း134
အခန်း135
အခန်း 136
အခန်း 137
အခန်း 138
အခန်း 139
အခန်း140
အခန်း142
အခန်း143
အခန်း144
အခန်း 145
အခန်း146
အခန်း147
အခန်း 148
အခန်း149
အခန်း150
အခန်း151
အခန်း152
အခန်း 153
အခန်း154
အခန်း155
အခန်း156
အခန်း157
အခန်း158
အခန်း159
အခန်း160
အခန်း161
အခန်း 162
အခန်း163
အခန်း164
အခန်း 165
အခန်း 166
အခန်း 167
အခန်း 168
အခန်း 169
အခန်း170
အခန်း 171
အခန်း172
အခန်း173
အခန်း174
အခန်း175
အခန်း176
အခန်း177
အခန်း178
အခန်း179
အခန်း180
အခန်း181
အခန်း 182
အခန်း183
အခန်း 184
အခန်း185
အခန်း186
အခန်း187
အခန်း188
အခန်း 189
အခန်း 190
အခန်း191
အခန်း192
အခန်း 193
အခန်း194
အခန်း195
အခန်း196
အခန်း197
အခန်း 198
အခန်း199
အခန်း 200

အခန်း141

166 14 0
By Saw0007

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၄၁ သတင်းကို ကိုယ့်ဘာသာ ကိုယ်ဖတ်
ဒါရိုက်တာကျန်းက မျက်နှာဖြူလျော် သွားခဲ့သည့် တစ်ဦးထဲသောသူ မဟုတ်ပေ။ ခန်းမအလယ်တွင် ထိုင်နေခဲ့သည့် ဝူယန်သည်လည်း မျက်နှာဖြူလျော် သွားခဲ့ပေသည်။ သူက ဖုန်းကိုကိုင်ကာ ဝေ့ပေါ်ကို လိုက်ကြည့်နေခဲ့ရင်း မျက်နှာက ဖြူသထက် ဖြူလာခဲ့၏။
အော့လန် တက္ကသိုလ်ဆိုတာက တကယ့်တက္ကသိုလ်ကြီးတစ်ခုလို့ ထင်စရာ ရှိသည်။ မည်သို့ပင်ဆိုစေ နယူးဇီလန်ရဲ့အကြီးဆုံးမြို့တွင် တည်ရှိနေသည် မဟုတ်လား။ သို့ရာတွင် တကယ့် အမှန်တရားကတော့ နယူးဇီလန်ဆိုတာက သေးငယ်လှတဲ့ နိုင်ငံလေးတစ်ခုသာ ဖြစ်သည်။ အော့လန် တက္ကသိုလ်ဆိုတာကလည်း ထိပ်ဆုံးတစ်ရာ စာရင်းတွင် ၀င်ရုံမျှသာဖြစ်ပေ၏။ တက္ကသိုလ်ရဲ့အရှိန်အဝါက သန်မာပေမဲ့ နယူးဇီလန်တွင် အလုပ်ရရန်ကတော့ ခက်ခဲသေးသည်ပေ။
၀ူယန်က အော့လန် တက္ကသိုလ်တွင် ရှိခဲ့စဉ်က သူ့အတွက် သင့်တော်တဲ့ အလုပ်မျိုး ရှာမတွေ့ခဲ့ပေ။ ထည့်ပြောစရာပင် မလိုလောက်အောင် သူ့ရဲ့မေဂျာက သချာင်္ဖြစ်နေခဲ့သည်။ သူ့ရဲ့ပရိတ်သတ်တွေ သူ့ကို ပေးထားခဲ့သည့် နာမည်ပြောင်က အတုအယောင်သာ ဖြစ်ပေသည်။ သူက လက်ရှိတွင် PHD လေ့လာနေဆဲဖြစ်ကာ ဘွဲ့ပင် မရသေးပါပေ။ ဒါက သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးခြင်း ဖြစ်ပေ၏။
နိုင်ငံခြားတွင်ရှိစဥ်က သူက လုကျိုးရဲ့ယူကျုစ့် ဗီဒီယိုကို ကြည့်ခဲ့သည်။ တရုတ်က လူအများစုက ဒါကိုမကြည့်ရသေးမှန်း သူ ခန့်မှန်းမိခဲ့လေသည်။ ထို့နောက် ကျိုးရဲ့ကွန်ဂျက်တာကို ဆွေးနွေးပွဲ၀က်ဆိုဒ်တွင် တင်ထားတာကို တွေ့ခဲ့ရပေသည်။ အခြား သက်သေပြချက်တွေကို မတွေ့ခဲ့၇သေးပေ။ ထို့ကြောင့် သူ့ရဲ့နှလုံးသားက လောဘတွေနဲ ပြည့်လာရခြင်း ဖြစ်ပေ၏။
မည်သို့ပင်ဆိုစေ တစ်ဖက်သူက တရား၀င် ဂျာနယ်လည်း ထုတ်မည့်ဟန် မရှိပေ။ ဒါ့အပြင် ဖျော်ဖြေရေး နယ်ပယ်တွင်သာမက အကယ်ဒမီ လောကတွင်ပါ ပြသထားခြင်း မရှိသလို ကျော်ကြားလွန်းသည့် သူလည်း ဟုတ်မနေခဲ့ပေ။ ထို့ကြောင့် သူက ဒီသက်သေပြသည့် ဖြစ်စဉ်ကို ကူးယူခဲ့ခြင်း ဖြစ်ပေ၏။
သို့ရာတွင် ဒီရလဒ်က သူ မျှော်မှန်းထားတာထက်ကိုကျော်လွန်နေခဲ့၏။ တစ်ပတ်အတွင်းတွင်ပင် သူတိုက်ခိုက် ခံလိုက်ရပေသည်။ တစ်စုံတစ်ယောက်က ဆွေးနွေးပွဲက ဗီဒီယိုဖိုင်ကို အွန်လိုင်းတွင် တင်လိုက်ခဲ့သည်။ ထိုထဲတွင် လူကြီးမင်း ဖရန်စီဆိုတဲ့ ဗဟိုအစိုးရသချာင်္အဖွဲ့အစည်းက ခေါင်းဆောင်ရဲ့ လက်မှတ်တောင်မှ ပါနေခဲ့သေးသည်။
ထုတ်ဝေတဲ့အဖွဲ့က ဒါကို ပုံပြင်တစ်ခု ဖန်တီးပြီး ဖုံးကာရန် လုပ်ခဲ့ပေမဲ့ သူ့ရဲ့ရူးသွပ်လှသည့် ပရိတ်သတ်တွေက သူ့ဘက်မှ အလူးအလဲ ပြန်ပြောနေခဲ့ကြသည်။ ထိုအချိန်တွင် သူ ဖိအားတွေ ခံစားလာရတော့၏။ ရုတ်တရက် သူ့ရဲ့ဖုန်းက မြည်လာသည်။
ဆက်လာသူကတော့ အော့လန်တက္ကသိုလ်က ပရော်ဖက်ဆာ ဟာရီဆီက ဖြစ်ပေသည်။ သူ ဖုန်းကိုင်လိုက်၏။
“မင်း စာတမ်းတစ်ခုကို သိပ်မကြာခင် အချိန်ကမှ ထုတ်ထားသေးတယ် မဟုတ်လား။ အဲ့ဒီစာတမ်းမှာ ငါ့နာမည်ချ ရေးထားတယ်လို့တော့ မပြောနဲ့နော်”
၀ူယန် “ကျွန်တော် ဘာစာတမ်းမှ မထုတ်ထားပါဘူး”
မူပိုင်ခွင့်လောကက ပညာရေးနယ်ပယ်တွင် ပိုလို့သာပြင်းထန်ပေသည်။ ပရော်ဖက်ဆာ ဟာရီရဲ့အသံက နူးညံ့သွားခဲ့၏။ သို့သော် သူ့အသံက တည်တင်းနေဆဲပါပေ။ သက်သေတွေ အားလုံးတွင် အကြောင်းပြချက်တွေ ရှိနေခဲ့၏။ အထူးသဖြင့် ဗဟိုအစိုးရ သချာင်္အဖွဲ့အစည်းက သက်သေတွေပင် ဖြစ်သည်။
ပရော်ဖက်ဆာ ဟာရီရဲ့လေသံက အလေးအနက် ဖြစ်လာခဲ့ကာ ပြောလာသည်။
“အချို့သူတွေက မင်းကို စွပ်စွဲနေကြတယ်။ ဒီသတင်းတွေကလည်း ဗဟိုအစိုးရ သချာင်္အဖွဲ့အစည်းက ထွက်လာခဲ့တာပဲ။ မင်း ဒီကိစ္စကို သေချာ ဖြေရှင်းနိုင်ဖို့ ငါ မျှော်လင့်တယ်”
၀ူယန်ရဲ့မျက်နှာက နီရဲသွားခဲ့ကာ သူက ပြောသည်။
“ကျွန်တော်က ခိုးယူချင်တာ မဟုတ်ပါဘူး။ ကျွန်တော် ဒီအတိုင်း တီဗွီရှိုးတစ်ခုမှာ ၀င်ပါပြီး နည်းနည်း သုံးလိုက်ရုံပါဘဲ”
သူ ဆက်မပြောဖြစ်တော့ပေ။ ပရော်ဖက်ဆာ ဟာရီက မျက်မှောင်ကြုံ့ကာ မေးလာခဲ့၏။
“ဘာကို သုံးတာလဲ”
“နှစ်ထပ် သုဒ္ဓကိန်း ကွန်ဂျက်တာက သက်သေပြချက်အနည်းငယ်ကို ထည့်သုံးလိုက်တာပါ။ ပရင်ဆယ်တွန်ဆွေးနွေးပွဲမှာ တင်ပြခဲ့တဲ့ ဟာတွေပေါ့”
ဖုန်းတစ်ဖက်က တိတ်ဆိတ်သွားခဲ့သည်။ ပရော်ဖက်ဆာက ပြောလာခဲ့၏။
“ဒါဆို မင်းက ဆွေးနွေးပွဲမှာ တင်သွင်းခဲ့တဲ့ စာတမ်းနဲ့မူပိုင်ခွင့်တွေ ရှိမရှိ စစ်ဆေးခဲ့တယ်ပေါ့။ ဒါပေမဲ့ ဘာမှမတွေ့တာနဲ့ မင်းက ကူးယူလိုက်တယ်။ ဒါပေမဲ့ ဆွေးနွေးပွဲမှာ စာသား ရီကော့တင်း တစ်ခု ရှိနေခဲ့တယ်ဆိုတာကို မင်း မသိဘူးလား။ ပြီးတော့ တရား၀င် တင်ထားတဲ့ အတည်ပြုစာ ရှိနေတယ်ဆိုတာကိုရော မင်းသေချာ မကြည့်ခဲ့ဘူးလား”
၀ူယန်ရဲ့မျက်နှာက နီရဲသွားခဲ့သည်။
သူ ဆွေးနွေးပွဲကို ဘယ်တုန်းကမှ မတက်ခဲ့ဖူးလို့ ထိုအကြောင်းအရာတွေ ရှိမှန်းလည်း မသိပါပေ။ သက်သေပြတဲ့ ဖြစ်စဉ်က ပရင်ဆယ်တွန် ၀က်ဆိုဒ်တွင် ရိုးရိုးရှင်းရှင်း တင်ထားမယ်လို့ သူ ထင်နေခဲ့တာဖြစ်သည်။ သူ ဒီလောက်သာ နားလည်ခဲ့၏။
ဘာကိုမှ ဖုံးကွယ်ထားလို့ မရမှန်း ဝူယန်သိလေတော့ သူက အကောင်းဆုံး ရှင်းပြရန် ကြိုးစားလိုက်သည်။
“ကျွန်တော် ဘာကိုမှ တရား၀င် မထုတ်ဝေခဲ့ဘူးလေ။ ဒါက ဒီအတိုင်း ကိုးကားရုံလောက်ပါဘဲ”
“မင်းက ဒီအတိုင်း ဘာကိုမှ မထုတ်ဝေလိုက်တာနဲ့ အဆင်ပြေသွားပြီလို့ ထင်နေတယ်ပေါ့ ဟုတ်လား။ ငါမင်းကို သတိပေးမယ်။ မင်း အော့လန်ကို ချက်ချင်းပြန်လာပြီး ကျောင်းထွက်ပါ”
၀ူယန် အေးခဲသွားခဲ့သည်။ ပရော်ဖက်ဆာ ဆိုလိုတာကို သူ သဘောပေါက်လိုက်ခဲ့၏။ ထိုအချိန်တွင် တစ်ဖက်က ဖုန်းချ သွားခဲ့လေသည်။
ဘိ ဘိ ဘိ
သူ့ရဲ့မျက်နှာက ဖြူဖျော့နေခဲ့သည်။ ချွေးစေးတွေလဲထွက်လာခဲ့၏။ သူ ဖုန်းကို အိပ်ယာပေါ်သို့ ပစ်ထုတ်လိုက်တော့သည်။ ဝူယန်ကတော့ ခံစားချက်တွေ မကောင်းနိုင်တော့ပေ။
ပရော်ဖက်ဆာ ဟာရီက သူ့ကို ကျောင်းမှ ထုတ်ပယ်လိုက်လေပြီ။
တံခါးက တွန်းဖွင့်ခံလိုက်ရကာ သူ့ရဲ့အေးဂျင့်က ၀င်လာသည်။ ယန်ဖုန်းက တံခါးတစ်ဖက်မှ လျှောက်၀င်လာခဲ့ကာ ဝူယန်ရဲ့မျက်နှာကို မြင်တော့ မေးလာခဲ့၏။
“ဘာဖြစ်တာလဲ”
၀ူယန် ခါးသက်စွာ ဆိုလိုက်သည်။
“ကျွန်တော့်ရဲ့ပရော်ဖက်ဆာက ကျွန်တော့်ကို ကျောင်းထုတ်လိုက်ပြီ”
ယန်ဖုန်း အနည်းငယ်တော့ တောင့်တင်း သွားခဲ့သည်။ ထို့နောက် ပြော၏။
“ဟန့် အဲ့ဒီသူကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ မင်းအော့လန်ကို ပြန်သွားဖို့ အစီအစဉ် မရှိတော့ဘူးလား။ မရှိဘူးဆိုရင်လည်း ဒီမှာပဲ ကြော်ငြာစာချုပ်တွေ လက်မှတ် ထိုးလိုက်လေ။ ပြီးတော့ ပိုက်ဆံရှာပေါ့။ မင်းရဲ့ပညာရေးကို ဘယ်သူက ဂရုစိုက်နေမှာလဲ”
၀ူယန် ထိုအကြောင်းကို တွေးကြည့်လိုက်ကာ ဒါကဖြစ်နိုင်ချေရှိတယ်လို့ ထင်လိုက်ခဲ့၏။
ဟမ့် အော့လန် တက္ကသိုလ်ကို ဘယ်သူကများ ဂရုစိုက်နေမှာလဲ။ သူ သက်ပြင်းရှည်ကြီး ချလိုက်ကာ စိတ်အေးသွားခဲ့သည်။ ထို့နောက် ပြောလိုက်၏။
“ကျွန်တော်တို့ အခု ဘာလုပ်ကြတော့မလဲ”
သူကတော့ မတောင်းပန်ချင်ပေ။ ဒီအတိုင်း နောက်ဆုတ်နိုင်မဲ့ နည်းကိုသာ လိုချင်ပေ၏။ လက်ရှိတွင် သူက ပါရမီရှင် တစ်ယောက် ဖြစ်နေသေးသည်။ သူသာ တောင်းပန်လိုက်ပါက သူ့ရဲ့အဆင့်အတန်းက ကျသွားနိုင်၏။
အခြားတစ်ဖက်တွင် အကယ်ဒမီအဆင့် သတ်မှတ်ချက်ကို ဘယ်သူကမှ ဂရုစိုက်မနေခဲ့ပေ။ သူ့ရဲ့အသက်မွေး၀မ်းကြောင်း လုပ်ငန်းက အခုမှ စတင်သည် မဟုတ်လား။
“ရှိုးပွဲကို ပိတ်လိုက်ပြီဆိုတော့ မင်းကို ကယ်နိုင်မဲ့ သူကတစ်ယောက်ပဲ ရှိတော့တယ်”
ယန်ဖုန်းက တည်တင်းနေသည့် အကြည့်နဲ့ ပြောလာခဲ့၏။ ထို့နောက် ဆက်ပြောလာ၏။
“မင်းရဲ့စာတမ်းကို တတ်နိုင်သမျှ မြန်မြန်ထုတ်လိုက်ပါ။ ပြီးတော့ အမြန်ဆုံး ထွက်လာနိုင်မဲ့ ဂျာနယ်ထဲကို တင်သွင်းလိုက်။ ဒါဆိုရင် မင်းကသာ အရင်ဆုံး သက်သေပြတဲ့သူ ဆိုပြီး ငြင်းဆိုလို့ရတယ်။ မှတ်ထား မင်းရဲ့သက်သေပြချက် ဖြစ်စဉ်ကို ပြောင်းလဲပစ်ဖို့ မမေ့နဲ့ဦး။ မင်း လုံး၀ ကူးထားတယ်မှန်း မသိသာအောင် လုပ်လိုက်။ မင်းကသာ အစွမ်းထက်ဆုံး ပါရမီရှင် ဖြစ်ရမယ်”
ထိုအကြံကြောင့် ဝူယန် အံ့အားသင့်သွားရတော့သည်။ သူ့ရဲ့အေးဂျင့်က သူ့ထက် ရူးနေမယ်လို့ သူ မထင်ထားခဲ့ပေ။
“ကျွန်တော်က ဘယ်လို ပြောင်းရမှာလဲ။ စာတမ်း တစ်ခုလုံးက တိုပိုလော်ဂျီ သီအိုရီ အကြောင်းကို ရေးရမှာလေ။ အဲ့ဒီအကြောင်းအရာကို သွေဖယ်ပြီး ရေးလို့မှ မရတာ”
ယန်ဖုန်းကပြောသည်။
“မင်းက တုံးလိုက်တာ။ ငါ သချာင်္အကြောင်း မသိဘူး။ ငါ့ကို လာမမေးနဲ့။ ငါက မင်းကို အဆင့်တွေ ပြောင်းဖို့ပဲပြောတာ။ မင်းက သူ့ရဲ့အကြံကို ကူးယူခဲ့တယ်။ ဒါပေမဲ့ အတိအကျမှ မဟုတ်တာ။ ဒီအတိုင်း စာနည်းနည်းထည့်ပြီး ပြောင်းလိုက်ပေါ့။ ဒါဆို တိုက်ဆိုင်တာလို့ပဲ ငါတို့ဖြေရှင်းချက် ထုတ်လိုက်လို့ရတယ်။ မင်းရဲ့အကယ်ဒမီ နယ်ပယ်က အကြောင်းတွေကို ဘယ်သူကမှ လိုက်စုံစမ်းနေမှာ မဟုတ်ဘူးလေ။ ဟုတ်ပြီလား”
သူ့ကို ငတုံးလို့ခေါ်လို့ သူ မကျေနပ်တော့ပေ။ မည်သို့ပင်ဆိုစေ သချာင်္စာတမ်းတွေကို သက်သေပြရတာက အလွန်ကို ခက်ခဲပေ၏။ သူရှေ့က ဒီစာမတတ်တဲ့ အရူးကတော့ နားလည်လိမ့်မည် မထင်ပေ။ သို့ရာတွင် သူ့တွင် အကြံဆိုးတစ်ခု ရှိနေခဲ့၏။
သူက ပရော်ဖက်ဆာ ကျဲဘက်ရဲ့ ၁၉၉၅ခုနှစ်တွင် ထုတ်​ေ၀ခဲ့သည့် စာတမ်းကို သူ ဖတ်ဖူးသည်။ အရင် စာတမ်း ထုတ်​ေ၀သူက မူပိုင်ခွင့်ရမယ်လို့ ဆိုထားပေသည်။
၀ူယန်က သူ့ရဲ့အေးဂျင့်နဲ့ ပြောနေတဲ့ အချိန်မှာပင် ဖုန်း ၀င်လာခဲ့သည်။ ယန်ဖုန်းက ဖုန်းကိုကြည့်ကာ မတ်တပ် ထရပ်၏။ ထို့နောက် အပြင်ဘက်သို့ ထွက်ကာ ဖုန်း သွားပြောတော့သည်။
“ဟေး ဒါရိုက်တာကျန်း တီဗွီဌာနက ဘာအကြောင်း ထူးသေးလဲ။ သူတို့တွေက ထပ်ပြီး ရင်းနှီးမြုပ်နှံတာမျိုး မလုပ်လောက်....”
“မင်း ဘာသာ သတင်းကို ကြည့်လိုက်”
တစ်ဖက်သူရဲ့အသံက အလွန်အမင်း စိတ်ဓာတ်ကျလွန်းနေသည်မို့ သူတောင် မမှတ်မိသလို ဖြစ်သွားရသည်။
ဘာသတင်းလဲဆိုတာကို သူ မေးမလို့ ပြင်လိုက်ပေမဲ့ တစ်ဖက်ကတော့ ဖုန်းချသွားခဲ့သည်။

Continue Reading

You'll Also Like

1.9M 150K 180
Yaoi Ongoing ရည်းစားဖြစ်သူက အိမ်ကိုရောင်းပြီးအကြွေတွေ့နဲ့ပြစ်ထားခဲ့ချိန်မှာ ကလေးငယ်တစ်ဦးကကံကောင်းခြင်းတွေ့ကိုယူဆောင်လာပြီးနောက် yakuzaခေါင်းဆောင်နဲ...
1.1K 80 17
Takemichi hijo de la diosa de la belleza y el dios del tiempo. Este solo conoce la mansión en donde a pasado sus corto tiempo de vida, debido a que s...
598K 105K 107
Title: Mist[Unlimited] 薄雾[无限] Author : Wei Feng Ji Xu 微风几许 Status : 103 chapters + 3 extras (Completed) Genres : Action , Mys...
214K 19.8K 38
JiKook KookMin (Complete)