ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အ...

By KazunoMora

72.6K 8.5K 100

အပိုင်း ၃၉၅ မှ ၁၂၈၀ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း ဇာတ္လမ္းအက်ဥ္း
အပိုင်း_395_မင်းကိုဘာကြောင့်ရှင်းပြရမှာလဲ
အပိုင်း_396_တိုက်ပွဲမပြီးသေးဘူး
အပိုင်း_397_ဆေဘာနဲ့ဓါးစိတ်ဆန္ဒ
အပိုင်း_398_ရှည်ကြာသောတိုက်ပွဲ
အပိုင်း_399_ငရဲလောကမှထွက်ခွာနိုင်ပြီ
အပိုင်း_400_ကျွန်တော်လိုချင်တာက
အပိုင်း_401_ရွှေထျန်းသခင်လေး
အပိုင်း_402_ဗာဂျရာခန္ဓာကိုယ်
အပိုင်း_403_ကျုပ်မပြောင်းလဲနိုင်ဘူး
အပိုင်း_404_နတ်ဆိုးဗုဒ္ဓတိုက်ပွဲဝင်ခန္ဓာကိုယ်
အပိုင်း_405_နိုးထလာတဲ့နဂါးစွယ်မြက်
အပိုင်း_406_မင်းတို့‌မျက်လုံးတွေပြူးပြီးကြည့်လိုက်ကြစမ်း!
အပိုင်း_407_ထူးခြားသောနတ်ဆိုးလောက
အပိုင်း_408_ထူးခြားပြီးကြမ်းကြုတ်တဲ့အသွင်ပြင်
အပိုင်း_409_နတ်ဆိုးကီ
အပိုင်း_410_ချူးယွန်ငါထင်တာက
411 to 415
416 to 420
421 to 425
426 to 430
431 to 435
436 to 440
441 to 445
446 to 450
451 to 455
456 to 460
461 to 465
466 to 470
471 to 475
476 to 480
481 to 485
486 to 490
491 to 495
496 to 500
501 to 505
506 to 510
511 to 515
516 to 520
521 to 525
526 to 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601-605
606-610
611-615
616-620
621-625
626-630
631-635
636-640
641-645
646-650
651-655
656-660
661-665
666-670
671-675
676-680
681-685
686-690
691-695
696-700
701-705
706-710
711-715
716-720
721-725
726-730
731-735
736-740
741-745
746-750
751-755
756-760
761-765
766-770
771-775
776-780
781-785
786-790
791-795
796-800
801-805
806-810
811-815
816-820
821-825
826-830
831-835
836-840
841-845
846-850
851-855
856-860
အပိုင်း ( 861 ) ချန်းပိနင်းရဲ့ လျှို့ဝှက်ချက်
အပိုင်း ( 862 ) မင်းဘယ်သူ့ကိုလိမ်လာတာလဲ
အပိုင်း ( 863 ) ဖန်အိမ်တော်ကလူ
အပိုင်း ( 864 ) ဒါဆို ငါမပြန်ဘူး
အပိုင်း ( 865 ) ဟွာဖေးလုံရောက်လာခြင်း
အပိုင်း ( 866 ) မတူညီတဲ့ အတွေးအခေါ်တွေနဲ့ တိုက်ဆိုင်မှု
အပိုင်း ( 867 ) ဒါကြောင့်ပဲ ငါလာခဲ့တာ
အပိုင်း ( 868 ) ချူးယွန်ရဲ့ ကျင့်ကြံခြင်းနည်းလမ်း
အပိုင်း ( 869 ) မှန်ကန်တဲ့လမ်းစဉ်
အပိုင်း ( 870 ) ဟော်အိမ်တော်
871-875
876-880
881-885
886-890
891-895
896-900
901-905
906-910
911-915
916-920
921-925
926-930
931-935
936-940
941-945
946-950
951-955
956-960
961-965
966-970
971-975
976-980
981-985
986-990
991-995
996-1000
1001-1005
1006-1010
1011-1015
1016-1020
1021-1026
1027-1030
1031-1035
1036-1040
1041-1045
1046-1050
1051-1055
1056-1060
1061-1065
1066-1070
1071-1075
1076-1080
1081-1085
1086-1090
1091-1095
1096-1100
1101-1105
1106-1110
1111-1115
1116-1120
1121-1125
1126-1130
1131-1135
1136-1140
1141-1145
1146-1150
1151-1155
1156-1160
1161-1165
1166-1170
1171-1175
1176-1180
1181-1185
1186-1190
1191-1195
1201-1205
1206-1210
1211-1215
1216-1220
1221-1225
1226-1230
1231-1235
1236-1240
1241-1245
1246-1250
1251-1255
1256-1260
1261-1265
1266-1270
1271-1275
1276-1280

1196-1200

325 34 5
By KazunoMora

အပိုင်း ( 1196 )

"တောင်ထိပ်သခင်လီ... ငါစိတ်ထဲမှာ ‌ဆုံးဖြတ်ပြီးပါပြီ၊ ထပ်ပြောစရာ မလိုတော့ဘူး"
ချူးယွန် အပိုတွေ မပြောချင်တော့ပါဘူး။

နောက်ဆုံးမှာတော့ သူ့ရဲ့ မူလရည်ရွယ်ချက်ဟာ ကူရှိချောင်နဲ့ တွေ့ဖို့ပဲ မဟုတ်လား။

"နင်ရော ဘယ်လိုလဲ"
လီချင်းက ဒေါသကိုထိန်းပြီး နဝမမင်းသမီးကို လှည့်ကြည့်လိုက်ပါတယ်။

ချူးယွန်က လေ့ဖုန်းနဲ့ မပူးပေါင်းချင်ဘူးဆိုရင် သူဘယ်လိုပဲ ဖိအားပေးနေပါစေ၊ အသုံးဝင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ နဝမမင်းသမီးတော့ ကျန်နေပါသေးတယ်။ သူ့မှာ ကျင့်ကြံခြင်းအခြေခံမရှိပေမဲ့ သေချာပျိုးထောင်ပေးရင် အနာဂါတ်အောင်မြင်မှုတွေက ဟန်ရှင်းထက် နိမ့်ကျမှာမဟုတ်တာ သေချာပါတယ်။

ဒါပေမဲ့ အိပ်မက်တောင်ကို ဝင်ရောက်သွားတာကြောင့် ချူးယွန်ဘဝက ပြီးသွားခဲ့ပါပြီ။

သူ့အရည်အချင်းက ဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ အိပ်မက်တောင်သခင်ရဲ့ လမ်းညွှန်မှုကို ခံယူဖို့ မဖြစ်နိုင်ပါဘူး။

ကူမန်ရှန်းက အရက်ချိုးဖြစ်တာကြောင့် ဘယ်သူ့ကိုမှ သင်ကြားပေးဖို့ စိတ်မဝင်စားပါ။

ဒီအတွက် ချူးယွန်ဆိုရင်တောင် ဘာများ ထူးလာမှာမို့လဲ။

နဝမမင်းသမီးကတော့ ဘာမှပြန်မပြောဘဲ ချူးယွန်ကိုသာ လှည့်ကြည့်လိုက်ပါပြီ။ သူက ချူးယွန်ကိုကြည့်ပြီး ပြုံးကာ ပြောလိုက်ပါတယ်။
"သူသွားတဲ့နေရာကို ငါသွားမယ်"

သူ့အသံက နူးညံ့ပေမဲ့ ဒီက ပြတ်သားမှုတွေကို လူတိုင်း သိနိုင်ပါတယ်။

ဘယ်အရာကမှ သူ့စိတ်ကို မပြောင်းလဲနိုင်တော့ပါဘူး။

လီချင်းလည်း မယုံကြည်နိုင်ဟန်နဲ့ ပြောလိုပ်ပါပြီ။
"နင်ဘာတွေ ပြောနေတာလဲ..။ သူ့ဦးနှောက်က ပျက်ဆီးနေပြီ၊ နင်ဘာလို့ သူနဲ့ လျှောက်လိုက်နေတာလဲ..။ ဒါက ကြီးမားတဲ့ အခွင့်အရေးကြီးနော်... ပါရမီရှင်တွေအများကြီးက ဒီအခွင့်အရေးကို လိုချင်နေကြတာ..။ လေ့ဖုန်းတောင်ကို ဝင်ရောက်မှပဲ နင့်အတွက် ကြီးမားတဲ့ တိုးတက်မှုကို ဖြစ်စေလိမ့်မယ်..။ အိပ်မက်တောင်ကို ဝင်ပြီဆိုရင်တော့ နင့်ဘဝဆုံးပြီပဲ"

နဝမမင်းသမီးက လီချင်းကို ဂရုမစိုက်ပါဘူး။ သူက ချူးယွန်ကိုပဲ ကြည့်နေခဲ့ပါတယ်။

"ကောင်းတယ်.. သိပ်ကောင်းတယ်"
လီချင်းလည်း အံကို တင်းတင်းကြိတ်ပြီး ချူးယွန်တို့ကို စိုက်ကြည့်လိုက်ပါပြီ။

ဒီအခါ ပိုထျန်းက လှောင်ပြောင် ပြောဆိုလိုက်ပါတယ်။
"ညီလေး၊ မင်းက တကယ် အရှက်မရှိတာပဲ... တစ်ဖက်လူက လေ့ဖုန်းကို မဝင်ရောက်ဘူး ဆိုတာတောင်မှ မင်းက ဆက်ပြီးနှောင့်ယှက်နေသေးတယ်..။ ကောင်လေး... ငါ့ရဲ့ မုဒြာတောင်ထိပ်နဲ့ ပူးပေါင်းချင်လား..။ ငါ့ရဲ့ မုဒြာတောင်ထိပ်က ပန်းချီဂိုဏ်းရဲ့ နံပါတ်တစ်ပဲနော်"

"မင်း..."
ပိုထျန်းက သူ့ကို တိုက်ခိုက်လာတာကြောင့် လီချင်း ဒေါသတကြီး ဖြစ်သွားခဲ့ပါပြီ။

"အိုး... လေ့ဖုန်းနဲ့ မုဒြာတော့ အားပြိုင်နေကြပြီဟေ့"

"ပထမတောင်နဲ့ ဒုတိယတောင်တော့ တကယ်ကြီး ယှဉ်ပြိုင်နေကြပြီ"

"သူတို့ရဲ့ ပါရမီတွေက အရမ်းမြင့်မား‌တာမို့ ဒီလို လုကြရတာက ပုံမှန်ပါပဲ"

"ကျင့်ကြံသူမဟုတ်တဲ့ နဝမမင်းသမီးက ပန်းချီပညာမှာ ဒီလိုထူးချွန်တဲ့ အရည်အချင်းတွေ တကယ်ရှိမယ်လို့ ထင်မထားခဲ့မိဘူး"

"အမှန်ပဲ.. တတိယမျိုးဆက်ရဲ့ နံပါတ်တစ်ဟန်ရှင်းတောင်မှ သူတို့ထက်အားနည်းတယ်လို့ကြားတယ်"

"..."

ကျင့်ကြံသူတွေက တစ်ယောက်ကိုတစ်ယောက် အံအားသင့်ဟန်နဲ့ကြည့်ပြီး ပြောလိုက်ကြပါတယ်။

"မင်းကများ ငါနဲ့ယှဉ်ပြိုင်ချင်နေသေးတယ်..။ မင်းလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ... ငါ့ရဲ့ မုဒြာတောင်က မင်းကို နေရာတိုင်းမှာ ဖိအားပေးထားမှာပဲ..။ မင်းပေးနိုင်တဲ့ အခြေအနေတွေကို ငါပေးနိုင်တယ်... ငါက မင်းထက်တောင် ပိုကောင်းအောင် ပေးနိုင်သေးတယ်"
ပိုထျန်းက အင်္ကျီလက်စကို ခါယမ်းပြီး အရှိန်အဝါကြီးစွာ ပြောလိုက်ပါတယ်။

သူပြောတာအမှန်ပါ။ ပထမတောင်ထိပ်အနေနဲ့ သူဟာ အားလုံးထက်ပိုပြီး ပေးစွမ်းနိုင်ခဲ့ပါတယ်။

"ပိုထျန်း... မင်းလွန်သွားပြီ"
လီချင်း လက်သီးဆုပ်လိုက်ပါပြီ။

ပိုထျန်းကတော့ ဂရုမစိုက်ဟန်နဲ့ လက်နှစ်ဖက်ကိုနောက်ပစ်ကာ ရပ်နေဆဲပါ။ သူက ချူးယွန်နဲ့ နဝမမင်းသမီးကိုသာ ကြည့်နေခဲ့ပါတယ်။

ဒီနှစ်ယောက်အကြောင်းကို သူမသိပါဘူး။ ဒါပေမဲ့ လီချင်းက အလွန်တန်ဖိုးထားနေတာကြောင့် ဝင်စမ်းကြည့်လိုက်တာပါ။

တကယ်လို့ အောင်မြင်ခဲ့ရင်တော့ ဒါက လီချင်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်သွားပါလိမ့်မယ်။

'ဆရာကြီးက တကယ်လုပ်ချင်နေတာလား'
ဒါကိုမြင်တော့ ချင်ဟွေ့ ဒေါသတကြီး ဖြစ်သွားခဲ့ပါတယ်။

ဒီနှစ်ယောက် ရောက်လာတာနဲ့ သူ့ရဲ့အရှိန်အဝါတွေကို လုံးဝ လွှမ်းမိုးသွားမှာပါ။

ဒါကြောင့် သူဟာ ချူးယွန်နဲ့ နဝမမင်းသမီးရောက်လာမှာကို မလိုလားပါဘူး။

ဟုတ်ပါတယ်... ဒါတောင်မှ ချင်ဟွေ့ဟာ ချူးယွန်က ကောင်းကင်နတ်လိပ်ပန်းချီကားကို ဝယ်ယူသွားသူမှန်း မသိလို့ပါ။ မဟုတ်ရင် သေလောက်အောင် ဒေါသဖြစ်သွားပါလိမ့်မယ်။

ပိုထျန်းရဲ့ သဘောထားကို ချူးယွန်ဟာ သဘောကျမှုတော့ ရှိပါတယ်။ ဒါပေမဲ့လည်း အဆုံးမှာ သူငြင်းဆန်လိုက်ဆဲပါ။
"တောင်ထိပ်သခင်ပို... ငါတို့နှစ်ယောက်စလုံးက အိပ်မက်တောင်ထိပ်ကို ဝင်ရောက်ဖို့အတွက် ဆုံးဖြတ်ပြီးပါပြီ..။ ပန်းချီပညာရှိရဲ့ တပည့်မဖြစ်နိုင်ရင်တောင် ငါတို့စိတ်က ပြောင်းလဲမှာ မဟုတ်ပါဘူး"

"ဟားဟားဟား... ‌ကောင်းတယ်၊ ရည်မှန်းချက် ကြီးမားတယ်"
ပိုထျန်းက ဒေါသမဖြစ်ဘဲ အားပါးတရ ရယ်မောလိုက်ပါပြီ။

သူက စိတ်အေးချမ်းပြီး ရန်မလိုတတ်ပါဘူး။ ဒီအပိုင်းမှာတော့ သူဟာ လီချင်းနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။

"ကောင်းတယ်.. သိပ်ကောင်းတယ်...။ ငါမင်းတို့နှစ်ယောက်ကို မှတ်ထားတယ်"
လီချင်းက ရက်စက်ကြမ်းကြုတ်တဲ့ မျက်လုံးတွေနဲ့  ချူးယွန်တို့ကို လှည့်ကြည့်လိုက်ပါတယ်။

သူ့စကားတွေက ခြိမ်းခြောက်မှုအပြည့်နဲ့ပါ။

"တောင်ထိပ်သခင်လီ.. မင်းက ယောက်ချီမြင့်မြတ်တိုင်းပြည်ရဲ့ မင်းသမီးနဲ့ သူ့ခင်ပွန်းလောင်းကို ခြိမ်းခြောက်နေတာလား"
ကောင်းကုန်းကုန်းက မြင်းမြီးကြာပွတ်ကို ခါယမ်းပြီး အေးစက်စက်နဲ့ ပြောလိုက်ပါတယ်။

'မင်းသမီးရဲ့ ခင်ပွန်းလောင်းလား'
ဒါကိုကြားတော့ ချူးယွန် သွေးအန်လုနီး ဖြစ်သွားခဲ့ပါတယ်။ ဒီအနေအထားကို ငါဘယ်တုန်းက လက်ခံမယ်ပြောလို့လဲ။

ဒါပေမဲ့ ကောင်းကုန်းကုန်းက တစ်ဖက်လူကို ခြိမ်းခြောက်ချင်ခဲ့တာမှန်း သူသိခဲ့ပါတယ်။

"ဟမ့်"
လီချင်း မျက်နှာပျက်သွားသလို ခံစားရတာကြောင့် ချက်ချင်း ထွက်ခွာသွားခဲ့ပါတော့တယ်။

"အိပ်မက်တောင်ကို မင်းဘာကြောင့် ရွေးချယ်ခဲ့တာလဲဆိုတာ ငါမသိပေမဲ့... မင်းတို့က ဆန္ဒရှိနေမှတော့  မင်းကံကောင်းပါစေလို့ ဆုတောင်းပါတယ်"
ပိုထျန်းက ခေါင်းညိတ်ပြီး တပည့်ရွေးချယ်ဖို့ ပြန်လှည့်လိုက်ပါတယ်။

"ဝှူး"
ချင်ဟွေ့ စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်ပါပြီ။ ကံကောင်းလို့ ချူးယွန်က မုဒြာတောင်ကို မဝင်ရောက်ခဲ့ပါဘူး။ မဟုတ်ရင် သူ့အတွက် အခြေအနေကောင်းမှာ မဟုတ်ပါ။

ချူးယွန်နဲ့ နဝမမင်းသမီးက ပါရမီကို ထုတ်ဖော်ပြသလာတာနဲ့ သူ့ကို မေ့လျော့သွားကြပါလိမ့်မယ်။

ချူးယွန်နဲ့ နဝမမင်းသမီးလည်း ဆက်လက် လျှောက်လှမ်းခဲ့ပါပြီ။ ဒါပေမဲ့ ခဏကြာတဲ့အထိ ကူမန်ရှန်းကို မတွေ့သေးပါဘူး။ တစ်နည်းဆိုရရင်တော့   ကူမန်ရှန်းဟာ တပည့်ရွေးချယ်ဖို့အတွက် ဒီနေရာကို မလာခဲ့ပါ။

"ကြည့်ရတာ တောင်တံခါးကို လိုက်ရှာသွားရတော့မှာပဲ"
ချူးယွန်လည်း မတတ်သာဟန်နဲ့ ရယ်မောလိုက်ပါပြီ။

"ညီနောင်... အိပ်မက်တောင်ထိပ်ကို ဘယ်ကသွားရမလဲ"
ပန်းချီဂိုဏ်းက တပည့်တစ်ယောက် ထွက်လာတာကိုမြင်တော့ ချူးယွန်လည်း အမြန်မေးကြည့်လိုက်ပါတယ်။

အဲဒီတပည့်က နဝမမင်းသမီးကိုမြင်တော့ ချူးယွန်ကို ဂရုမစိုက်တော့ပါဘူး။ သူက ချက်ချင်းအရှေ့တိုးကာ စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်ပါတယ်။
"ညီမလေး.. နင်က တိုင်ဂန်နယ်နိမိတ်ကလာတဲ့ ကျင့်ကြံသူမဟုတ်လား..။ နင်က တောင်ထိပ်ကိုးဆယ့်ကိုးခုမှာ အညံ့ဆုံးဖြစ်တဲ့ အိပ်မက်တောင်ကိုသွားရင် အနာဂါတ်ရှိတော့မှာ မဟုတ်ဘူးနော်..။ ဒီတော့ ဒီအကိုကြီးရဲ့ ယွန်ဝူတောင်ကိုလာသင့်တယ်..။ ယွန်ဝူတောင်က တောင်ထိပ် ကိုးဆယ့်ကိုးခုထဲမှာ အရမ်းကြောက်စရာကောင်းတဲ့ အင်အားရှိတယ်..။ ယွန်ဝူတောင်မှာဆိုရင် ညီမလေးရဲ့ခွန်အားက အမြန်ဆုံး တိုးတက်လာမှာ"

အဲဒီလူက မဟုတ်တဲ့စကားကို မရပ်မနားပြောနေတာကြောင့် ချူးယွန် မျက်မှောင်ကြုတ်လိုက်ပါပြီ။ သူက နဝမမင်းသမီးအရှေ့မှာ ဝင်ရပ်ပြီး ပြောလိုက်ပါတယ်။
"ငါတို့က အိပ်မက်တောင်ရဲ့ နေရာကိုပဲ သိချင်တာ... ပြောနိုင်ရင် ပြောပါ"

"ငါစကားပြောနေတာ မင်းမမြင်ဘူးလား... ထွက်သွားစမ်း"
လူငယ် ဒေါသတကြီး ဖြစ်သွားခဲ့ပါတယ်။ သူက ချက်ချင်းပဲ ချူးယွန်ကို တွန်းထုတ်လိုက်ပါပြီ။

ဒါပေမဲ့ ချူးယွန်က နောက်မဆုတ်ဘဲ ပြန်တွန်းထုတ်လိုက်ပါတယ်။

"ဖောင်း ဖောင်း"
ဒီအခါမှာတော့ လူငယ်လက်နှစ်ဖက်ဟာ ပေါက်ကွဲသွားရပါတော့တယ်။

သွေးနဲ့ အသားစတွေလည်း နေရာအနှံ့ကို ဖြာထွက်သွားခဲ့ပါပြီ။

"အား"
လူငယ်လည်း အော်ဟစ်ရင်း အနောက်ကို လွင့်စဉ်သွားခဲ့ပါတော့တယ်။

"ဘာ"

"ငါတို့ ပန်းချီဂိုဏ်းမှာ ပြဿနာရှာဝံ့သူ ရှိတာလား"

"အဲတာဘယ်သူလဲ"

ပန်းချီဂိုဏ်းရဲ့ တပည့်တွေက ချက်ချင်း ပြေးလာခဲ့ကြပါတယ်။

ဒါကိုမြင်ပေမဲ့ ချူးယွန်က မကြောက်ရွ့ပါဘူး။ သူက အေးစက်စက်နဲ့ ပြောလိုက်ပါတယ်။
"ငါက လမ်းပဲမေးချင်တာ... သူက အရင်လာတိုက်ခိုက်တာကို... နောက်ဆုံးတော့ ဒီလိုဖြစ်သွားတာပဲ"

"မင်းမဟုတ်တာ မပြောနဲ့... မင်းက လမ်းမေးပြီး အရင်စတိုက်ခိုက်တာ"
လက်ပြတ်သွားတဲ့လူက နာကျင်စွာ အော်ဟစ်ရင်း ပြောလိုက်ပါတယ်။
"အကိုကြီးတို့.. ငါက ယွန်ဝူတောင်က တပည့်ပါ... သူက အပြင်လူ"

အနီးနားက တပည့်တွေလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် ပြောလိုက်ပါပြီ။
"ဘာပဲဖြစ်ဖြစ်... ငါတို့က သမာသမတ်ကျကျ ဆောင်ရွက်တာ..။ မင်းအခု ရှင်းပြစမ်း"

"ရှင်းပြရမှာလား"
ချူးယွန်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်တယ်။
"မင်းတို့က လူအများနဲ့ အမှားကိုအမှန်လုပ်ချင်တာလား"

"တော်ပြီ.. အပိုတွေမပြောတော့နဲ့... သူ့ကိုဖမ်း"
ခေါင်းဆောင်လူငယ်က ဓားတစ်လက်ကို ရေးဆွဲပြီး ချူးယွန်ကို ပစ်လွှတ်လိုက်ပါတယ်။

အခြားသူတွေကလည်း ချူးယွန်ကို နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်လိုက်ပါပြီ။

"ဟမ့်... ငကြောင်တွေ"
ချူးယွန်လည်း နဝမမင်းသမီးကို အနောက်မှာထားပြီး ပြန်လည် တိုက်ခိုက်လိုက်ပါတော့တယ်။
"မြေအောက်တစ္ဆေလက်သီး"

"ဝုန်း"
ဒီအခါ ရက်စက်ကြမ်းကြုတ်ဟန်နဲ့ တစ္ဆေသရဲပုံရိပ်တွေက စူးစူးဝါးဝါးအော်ဟစ်ရင်း ပြေးထွက်လာခဲ့ကြပါတယ်။

တစ္ဆေသရဲတွေက ပန်းချီဂိုဏ်းသားဆယ်ရောက်ရဲ့ တိုက်ခိုက်မှုကို ချေဖျက်လိုက်ပါတယ်။ ဒီနောက် အားလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ။

ဒါက နတ်ဆိုးည ပေးလိုက်တဲ့ သိုင်းပညာပါ။ နောက်ပြီး ဒီလူတွေက သေခြင်းရှင်ခြင်းနယ်ပယ်တွေဖြစ်တာကြောင့် ချူးယွန်ကို ဘယ်လိုမှ မခုခံနိုင်တော့ပါဘူး။

"အား..."
တပည့်အများစုဟာ မျက်လုံးတွေ ပေါက်ထွက်သွားခဲ့ကြပါတယ်။ သူတို့ဟာ နာကျင်မှုကြောင့် မျက်လုံးကို လက်နဲ့အုပ်လိုက်ပေမဲ့ သွေးတွေဟာ လက်ခွကြားကနေ စီးကျလာခဲ့ပါပြီ။

တချို့ကလည်း ဝမ်းဗိုက်တွေကို လက်နဲ့နှိပ်ပြီး ပစ်လဲကုန်ကြပါတယ်။

ခဏချင်းမှာပဲ အားလုံးဟာ မြေပြင်မှာ လူးလှိမ့်နေရပါတော့တယ်။

ဒီဒဏ်ရာတွေက သူတို့ကို မသေစေနိုင်ပေမဲ့ ဘဝဝစ်ခုလုံး မှတ်သွားစေဖို့ လုံလောက်ခဲ့ပါပြီ။

ချူးယွန်အတွက်တော့ ဒါက ဖော်ပြဖို့တောင် မထိုက်တန်ပါဘူး။ နောက်ဆုံးမှာတော့ သူက ပြန်လည်ဝင်စားခြင်းနယ်ပယ်တွေကိုတောင် ရိုက်နှက်ခဲ့တာ မဟုတ်လား။

ဒါကိုမြင်ပြီးနောက် လက်ပြတ်သွားတဲ့လူငယ်ဟာ ကြောက်လန့်တကြားနဲ့ အနောက်ဆုတ်သွားခဲ့ပါတယ်။

တစ်ဖက်လူက ဒီလောက်ထိ ကြောက်စရာကောင်းမယ်လို့ ထင်မထားခဲ့ပါဘူး။

"အစောပိုင်းက ငါမင်းကို အသက်ရှင်ခွင့်ပေးခဲ့တယ်..။  ဒါကိုတောင် မင်းက နောင်တမရဘဲ ဆက်တိုးလာမယ်လို့ ထင်မထားခဲ့ဘူး..။ ဒီလိုဆိုမှတော့ သေလိုက်ပါတော့"
ချူးယွန်က အေးစက်စက်နဲ့ လက်ညိုးတစ်ချက်ညွှန်လိုက်ပါတယ်။

ဒီအခါမှာတော့ တောက်ပတဲ့ ဓားအလင်းတစ်ခုက သူ့နဖူးကို ထိုးဖောက်သွားခဲ့ပါတော့တယ်။


1197

လူတစ်ယောက်ကို သတ်လိုက်ပေမဲ့ တိရစ္ဆာန်‌တစ်ကောင်ကို သတ်လိုက်ရသလို သူ့မျက်နှာက အပြောင်းအလဲ မရှိပါဘူး။

ဒဏ်ရာအပြင်းအထန်ရသွားတဲ့ တပည့်အားလုံး တုန်လှုပ်သွားခဲ့ကြပါပြီ။

ချူးယွန်ကိုကြည့်ရင်း သူတို့ဟာ စိတ်ပျက်အားငယ်မှုကို ခံစားလာခဲ့ရပါတယ်။

ဒီမှာဆက်နေရင် သူတို့လည်း အလားတူပဲ သေရတော့မှာပါ။

ချူးယွန်က ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သတ်ဖြတ်နေတယ် မဟုတ်လား။ ဒါက သူတို့ကို အလွန်ကြောက်ရွံ့သွားစေခဲ့ပါတယ်။

"ရက်စက်လိုက်တာ"

"မင်းက ဒီလောက်ငယ်ငယ်နဲ့ ရက်စက်လွန်းတယ်.. မင်းတကယ်သေသင့်ပြီ"

"ငါတို့ပန်းချီဂိုဏ်းက မင်းထင်သလို လုပ်နိုင်တဲ့ နေရာမဟုတ်ဘူးကွ"

ချက်ချင်းပဲ အကြီးအကဲတွေပါ အနားရောက်လာပြီး  အော်ဟစ်လိုက်ပါတယ်။

"မင်းတို့ပန်းချီဂိုဏ်းက တကယ်ကို အကျိုးသင့်‌အကြောင်းသင့် မစဉ်စားတတ်ဘူးပဲ..။ ရောက်တာနဲ့ ငါ့ကို ကြိမ်းမောင်းဖို့ပဲ သိတယ်..။ အခြေအနေကို အရင်မစုံစမ်းဘူး"

ချူးယွန်က လှောင်ပြောင် ပြောဆိုလိုက်ပါတယ်။
"နောက်ပြီး ငါက မင်းတို့ဂ်ုဏ်စရဲ့ အမှိုက်တွေကို ကူရှင်းပေးနေတာ..။ ဒါကို ကျေးဇူးမတင်ဘဲ ဒီလိုဆက်ဆံဝံ့တယ်ပေါ့... ဒါက ငါ့နှလုံးသားကိုတောင် တုန်လှုပ်စေတယ်"

ဒါကိုကြားပြီးနောက် အကြီးအကဲတွေ မျက်နှာရှုံ့မဲ့သွားခဲ့ကြပါတယ်။ သူတို့တွေ ချက်ချင်းပဲ တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်ကြပါပြီ။

"ရပ်စမ်း"
ရုတ်တရက် ပိုထျန်းက အနားရောက်လာကာ အေးစက်စက်နဲ့ ပြောလိုက်ပါတယ်။
"ဘာဖြစ်ကြတာလဲ"

"မုဒြာတောင်ထိပ်သခင်... မင်းက သမာသမတ်ကျသူမို့ မင်းပဲ စဉ်းစားကြည့်ပါ"
ချူးယွန် ရယ်မောပြီး ပြောလိုက်ပါတယ်။
"ငါက အိပ်မက်တောင်ရဲ့ နေရာကိုသိချင်လို့ သွားမေးတာ..။ ဒါပေမဲ့ သူက ငါ့ကိုအရင်စတိုက်ခိုက်တယ်... ငါက ခုခံလိုက်တော့ ငါ့ကိုတိုက်ခိုက်ဖို့ အခြားတပည့်တွေကို ထပ်ပြီး ဆွဲဆောင်တယ်..။ ဒါကြောင့် ငါလက်တုံ့ပြန်တာ မှားလား"

"ဒီလိုဆိုရင်တောင် မင်းသတ်လို့ မရဘူး"
အကြီးအကဲတွေ ဒေါသတကြီး ဖြစ်နေကြလို့ပါ။ သူတို့ဟာ ဂုဏ်သိက္ခာတွေ နင်းချေခံရသလို ခံစားလိုက်ကြရပါတယ်။

"ဒီလိုအသေးအဖွဲလေးကို ဘာပြောစရာရှိသေးလို့လဲ..။ တောင်ထိပ် ကိုးဆယ့်ကိုးခုမှာ ဒီလိုအမှိုက်တွေက အမြဲရှိတာပဲ..။ သူတို့ကို ဖယ်ရှားနိုင်တာ ကောင်းတယ်"
ပိုထျန်းက သူ့လက်ကိုဝှေ့ယမ်းပြီး စိတ်မဝင်စားဟန်နဲ့ ပြောလိုက်ပါတယ်။
"မင်းက အိပ်မက်တောင်ကို လိုက်ရှာတာလို့ ပြောတယ်နော်... ချန်မင်၊ သူတို့ကို လိုက်ပို့လိုက်"

"ဟုတ်ကဲ့ပါဆရာ"
လူငယ်တစ်ယောက်က ချူးယွန်နဲ့ နဝမမင်းသမီးကိုကြည့်ပြီး ပြောလိုက်ပါတယ်။
"ငါ့အနောက်ကို လိုက်ခဲ့ပါ"

ပိုထျန်းက ပြောလာတာကြောင့် အဘိုးကြီးတွေ တိတ်ဆိတ်သွားခဲ့ကြပါပြီ။ သူတို့က မကျေမနပ် ဖြစ်နေသေးပေမဲ့ တိတ်ဆိတ်နေရုံကလွဲပြီး အခြားဘာမှ မတတ်နိုင်တော့ပါဘူး။

"ကျေးဇူးတင်ပါတယ် တောင်သခင်"
ချူးယွန်လည်း လက်ယှက်ပြပြီး အမြန်လိုက်သွားပါတော့တယ်။

ပန်းချီဂိုဏ်းထဲမှာ တောင်ကြီးတွေက မြင့်မားစွာတည်ရှိပြီး တိမ်တွေထဲကို ထိုးဖောက် ဝင်ရောက်နေခဲ့ပါတယ်။

ချန်မင်ဟာ နေရပ်ကိုမရောက်ခင် တောင်ထိပ်အများကြီးကို ဖြတ်သန်းသွားခဲ့ပါပြီ။

ဒါက လူနေပုံမရှိတဲ့ တောင်‌တစ်လုံးပါ။ ဒီမှာ မြက်ပင်၊ ပေါင်းပင်တွေက ထူထဲစွာ ပေါက်ရောက်နေခဲ့ပါတယ်။ ဒါတွေက အလွန်ရှည်ကြတာမို့ လူတစ်ရပ်တောင် ကျော်လွန်နေခဲ့ပါပြီ။ အနားယူချင်စရာ တစ်ကွက်မှကို မရှိတော့ပါဘူး။

ချန်မင်က သူတို့ကို လိုက်ပို့ရုံပဲ ပို့ခဲ့ပါတယ်။ သူက ဘာကြောင့်ဝင်ရောက်ချင်တယ်ဆိုတာ မမေးသလို ဘာစကားမှလည်း မပြောခဲ့ပါဘူး။

"ဒါက အိပ်မက်တောင်ထိပ်လား"
မျှော်လင့်မထားတဲ့ အခြေအနေကြောင့် ချူးယွန်တောင် မျက်မှောင်ကြုတ်လိုက်မိပါပြီ။

အိပ်မက်တောင်က ကျဆင်းလာရင်တောင် ဒီအခြေအနေအထိတော့ မရောက်သင့်ပါဘူး။

ဒီနေရာမှာ လူနည်းနည်းသာ ရှိနိုင်ပြီး ရှိခဲ့ရင်တောင် အဘိုးကြီး၊ အဘွားကြီးတွေပဲ ဖြစ်ပါလိမ့်မယ်။

ပြောရရင် တောင်တစ်ခုလုံးက အသက်ဓာတ်ကင်းမဲ့ပြီး တိတ်ဆိတ်နေခဲ့တာပါ။

ချူးယွန်တောင် နောင်တရချင်သွားခဲ့ပါပြီ။

လူတိုင်းက ကူမန်ရှန်းကို အရက်ချိုးကြီးလို့ ပြောကြတာပါ။ တကယ်လို့ သူက ဘာမှသင်မပေးရင် တတိယအဆင့်ကို ဘယ်လိုဖြတ်ကျော်မှာလဲ။

"ဒီနေရာပဲ"
ရုတ်တရက် ထွက်ပေါ်လာတဲ့ ချန်မင်အသံက သူ့အတွေးစကို ဖြတ်တောက်လိုက်ပါပြီ။ သူ့အရှေ့မှာ နန်းတော်ဟောင်းတစ်ခု ရှိနေခဲ့ပါတယ်။ နန်းတော်တစ်ခုလုံးက ညစ်ပတ်နေပြီး စုတ်ပြတ်သက်နေခဲ့တာပါ။

နန်းတော်ဝင်ပေါက်မှာတောင် မြက်ပင်တွေက ရှိနေပြီး ပင့်ကူအိမ်တွေ‌လည်း ကပ်ညိနေခဲ့ပါတယ်။ ကြမ်းပြင် နေရာအနှံ့မှာတော့ အရက်ပုလင်းခွံတွေ ရှိနေလို့။

"ဦးလေးကူရေ... တပည့်သစ်တွေ ရောက်လာတယ်"
ချန်မင်က လှမ်းအော်ပြီး သူတို့ကို လှည့်ကြည့်လိုက်ပါတယ်။
"ဦးလေးကူက အရက်သောက်ရတာ အရမ်းကြိုက်တဲ့သူပဲ..။ သူ့ဒေါသကလည်း နည်းနည်းတော့ ထူးတယ်... အခုတော့ ငါမင်းတို့ကို လိုက်ပို့ပြီးပါပြီ..။မင်းတို့ ကောင်းကောင်းနေရဖို့ ငါဆုတောင်းပေးခဲ့ပါတယ်"

ပြောပြီးတာနဲ့ သူဟာ ချက်ချင်းပဲ ထွက်ခွာသွားပါတော့တယ်။

နန်းတော်က တိတ်ဆိတ်နေပေမဲ့ သေချာနားထောင်ကြည့်ရင်တော့ ဟောက်သံခပ်သဲ့သဲ့ကို ကြားရမှာပါ။

လက်ရှိမှာ ကူမန်ရှန်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမှန်း သိသာပါတယ်။

"တောင်ထိပ်သခင် ကူ"

"တောင်ထိပ်သခင် ကူ"
ချူးယွန် လှမ်းခေါ်လိုက်ပါပြီ။ ဒါပေမဲ့ ဘယ်သူမှပြန်မဖြေတာကြောင့် မျက်မှောင်ကြုတ်ပြီး နန်းတော်တံခါးကို တွန်းဖွင့်လိုက်ပါတော့တယ်။

နန်းတော်အတွင်းပိုင်းကတော့ မည်းမှောင်ပြီး စိုစွတ်နေလို့ပါ။ အရက်နံ့တွေကလည်း တထောင်းထောင်းထနေခဲ့ပါတယ်။

ကြမ်းပြင်မှာ အရက်အိုးအကွဲတွေ ရှိနေပြီး ချဉ်စူးစူးအနံ့တွေလည်း ထွက်ပေါ်နေပါသေးတယ်။

"တကယ့်အရက်ချိုးပဲ"
နဝမမင်းသမီးလည်း ရေရွတ်လိုက်မိပါတယ်။

"တောင်ထိပ်သခင်ကူရှိလား"
ချူးယွန် ထပ်အော်လိုက်ပါတယ်။ ဒါပေမဲ့ ဖြေဆိုသံ ထွက်မလာသေးပါဘူး။

"ဒီမှာ ခဏနေအုံး... ငါသွားခေါ်လိုက်မယ်"
ချူးယွန် အကူအညီမဲ့သွားခဲ့ပါတယ်။ တစ်ဖက်လူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကြောင့် မတတ်သာတော့ဘဲ သွားနှိုးရတော့မှာပါ။

ချူးယွန်အခန်းထဲကို ဝင်ကာနီးမှာပဲ အတွင်းပိုင်းက အသံထွက်ပေါ်လာခဲ့ပါပြီ။
"ဘယ်သူလဲ"

ဒါကိုကြားတဲ့အခါ ချူးယွန် စိတ်လှုပ်ရှားသွားပြီး ပြောလိုက်ပါတယ်။
“ငါတို့က ဒီတခေါက် အိပ်‌မက်တောင်ကို ဝင်ခဲ့ကြတဲ့ တပည့်တွေပါ... တောင်ထိပ်သခင်ကူက ငါတို့ကို ဂရုစိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"

"ကျွီ"
သူ့အသံဆုံးတော့ တံခါးပွင့်ပြီး လူလတ်ပိုင်းတစ်ယောက် ထွက်လာခဲ့ပါတယ်။

သူ့ဆံပင်တွေကတော့ နည်းနည်း ဖြူပြီး မွဲခြောက်နေလို့။ သူက မုတ်ဆိတ်ဗရပျစ်နဲ့ အသက်မဲ့တဲ့ မျက်လုံးတွေကို ပိုင်ဆိုင်ထားလို့ပါ။ သူ့မျက်လုံးတွေက ဖျတ်လက်တက်ကြွမှု နည်းနည်းမှမရှိဘဲ သင်္ချိုင်းကုန်းကို ခြေတစ်ဖက်လှမ်းနေတဲ့ အဘိုးကြီးနဲ့တောင် တူနေပါသေးတယ်။

"တောင်ထိပ်သခင်ကူလား"
ချူးယွန် အံ့ဩသွားခဲ့ပါပြီ။

လူလတ်ပိုင်းကြီးက အရက်အိုးကိုကိုင်ကာ တစ်ချက် သမ်းဝေလိုက်ပြီး
"အိပ်မက်တောင်ထိပ်မှာ ဘာတွေဖြစ်နေလဲဆိုတာ မင်းမသိဘူးလား"

"သိပါတယ်... ဒါပေမဲ့ ငါတို့က အိပ်မက်တောင်ထိပ်ကို သွားဖို့ ဆုံးဖြတ်ထားတုန်းပဲ"
ချူးယွန် ပြောလိုက်ပါတယ်။

ကူမန်ရှန်းက သူတို့နှစ်ယောက်ကို လေးလေးနက်နက်ကြည့်ကာ ခေါင်းညိတ်လိုက်ပါပြီ။ သူက ပြောလိုက်ပါတယ်။
"မင်းနောင်တရလာတဲ့အခါမှ မင်းတို့ကိုသတိမပေးမိလို့ ငါ့ကိုအပြစ်မတင်နဲ့နော်... အခုထွက်သွားရင် သိပ်နောက်မကျသေးဘူး"

"ငါတို့ဆုံးဖြတ်ပြီးပါပြီ"
ချူးယွန် အလေးအနက် ပြောလိုက်တာပါ။

"ကောင်းပြီလေ... မင်းရဲ့ ဇွဲလုံ့လကြောင့် ငါလက်ခံလိုက်မယ်... အခုကစပြီး မင်းက အိပ်မက်တောင်ထိပ်ရဲ့ ငါ့တပည့်ပဲ..."
ကူမန်ရှန်းက သမ်းဝေပြီး အရက်အိုးကို မော့သောက်လိုက်ပါတယ်။ ပြီးတာနဲ့ အခန်းထဲကို ပြန်လှည့်ဝင်သွားပါတော့တယ်။

"ဒါက..."
ချူးယွန်နဲ့ နဝမမင်းသမီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိပါပြီ။ ဒါက ဘယ်လို အခြေအနေမျိုးလဲ။

ကူမန်ရှန်းက သူတို့နာမည်ကိုတောင် မမေးခဲ့ပါဘူး။ သူက ပေါ့ပေါ့ပါးပါး ငါ့တပည့်ဖြစ်ပြီဆိုတာလောက်ပဲ ပြောခဲ့ပါတယ်။

"ဆရာကြီး"
ချူးယွန် ချက်ချင်း အရှေ့တိုးပြီး ပြောလိုက်ပါတယ်။
"ငါတို့ ဒီကိုရောက်လာရတဲ့အကြောင်းရင်းက ဒီစမ်းသပ်မှုရဲ့ တတိယအဆင့်ကိုကျော်ဖြတ်ပြီး ပန်းချီပညာရှိရဲ့ တပည့်တစ်ယောက် ဖြစ်လာဖို့ပါ...။ ကျေးဇူးပြုပြီး ပန်းချီဆွဲနည်း သင်ပေးပါအုံး"

ဒါကိုကြားတော့ ကူမန်ရှန်းက ထူးခြားတဲ့ဟန်ပန်နဲ့ တစ်ချက် ပြုံးလိုက်ပါပြီ။ သူက ပြောလိုက်ပါတယ်။
"မင်းတို့နှစ်ယောက်က ပန်းချီပညာရှိရဲ့ တပည့်ဖြစ်ချင်တာလား"

"အမှန်ပဲ.. ပညာရှိကူရှိချောင်က တပည့်တစ်ယောက်ပဲ လက်ခံမယ်ဆိုတာ ငါတို့သိပါတယ်... ဒါပေမဲ့ ဒါကပဲ ငါတို့ကြိုးစားရမဲ့ ရည်မှန်းချက်ပဲ"
ချူးယွန် ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်ပါတယ်။

ဒါကိုကြားတော့ ကူမန်ရှန်း ရယ်မောလိုက်ပါပြီ။
"မင်းက ပညာရှိရဲ့ တပည့်ဖြစ်ချင်တာလား... မင်းမှာ အရည်အချင်းမရှိဘူး"

"ဒါက အရေးမကြီးပါဘူး... သုံးလအတွင်း ပန်းချီအခြေခံကို နားလည်နိုင်သ၍ စမ်းသပ်မှုကို အောင်မြင်လိမ့်မယ်... တတိယစမ်းသပ်မှုကို အောင်မြင်သ၍ သူ့တပည့် ဖြစ်လာနိုင်မှာပဲ"

ချူးယွန် တောက်ပနေတဲ့မျက်လုံးနဲ့ ပြောလိုက်ပါတယ်။
"နောက်ပြီး ငါက အခု အိပ်မက်တောင်ရဲ့ တပည့်ဖြစ်နေပြီ... မင်းက ငါ့ရဲ့ ယာယီဆရာပဲ..။ အဲတာကြောင့် ငါ့ကို သင်ပေးနိုင်မယ်လို့ မျှော်လင့်တယ်..။ ငါ့ကို ပန်းချီဆွဲနည်း အများကြီးသင်ပေးစရာမလိုပါဘူး... အခြေခံကိုသင်ပေးလိုက်ရုံပဲ"

"သုံးလအတွင်း အခြေခံကို နားလည်ဖို့က ဘယ်လောက်ထိ ခက်ခဲတယ်ဆိုတာသိလား... ပန်းချီလမ်းစဉ်ဆိုတာ ထင်သလောက် မရိုးရှင်းပါဘူး..။ မင်းမှာ အရည်အချင်းကောင်းတွေရှိရင်တောင် အဲဒီအဆင့်ကို လွယ်လွယ်နဲ့ ရောက်နိုင်မှာ မဟုတ်ဘူး"
ကူမန်ရှန်းက အေးစက်စက်နဲ့ ပြောလိုက်ပါတယ်။

ချူးယွန်က ဘာမှမပြောဘဲ နေရာမှာ ရပ်နေဆဲပါ။

"ဒီလောက်နှစ်တွေ အကြာကြီးအတွင်းမှာ ပန်းချီအခြေခံကို သုံးလနဲ့ တတ်မြောက်ခဲ့သူက တစ်ယောက်မှ မရှိဘူး..။ အရည်အချင်းအရှိဆုံးဆိုတဲ့ ဟန်ရှင်းတောင်မှ မလုပ်နိုင်ခဲ့တာကို... ဒါကို အရူးတွေပဲ ယုံလိမ့်မယ်"
ကူမန်ရှန်းက ရယ်မောပြီး အရက်ကို မော့သောက်လိုက်ပြန်ပါတယ်။

"မကြိုးစားရင် ဘယ်လိုလုပ်သိမှာလဲ"
ချူးယွန် မျက်ခုံးပင့်လိုက်ပါပြီ။

"မင်းကြိုးစားချင်တာလား"
ကူမန်ရှန်းရဲ့ မျက်လုံးက အေးစက်သွားခဲ့ပါတယ်။ ဒီကောင်လေးဟာ ဘာက ကိုယ့်အတွက်ပိုကောင်းမှန်း သိပုံမရပါဘူး။

သူပြောတာကို နားမလည်ဘဲ အခွင့်အရေး ရှိသေးတယ်လို့ ထင်နေတာလား။

သုံးလအတွင်း အခြေခံကို နားလည်ဖို့က အရမ်းခက်ပါတယ်။

ဒါကို တကယ်လေ့လာကြည့်မှ သိမှာပါ။

ဆိုရရင် ဒါက မဖြစ်နိုင်ပါဘူး။

တစ်ယောက်ရဲ့ပါရမီက ဟန်ရှင်းထက် အများကြီးပိုသန်မှာမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။

ပန်းချီဆွဲရတာက ခက်ခဲလွန်းသလို ရှုပ်ထွေးခဲ့ပါတယ်။ ပထမဆုံး သင်ယူကြသူတွေဟာ လိုက်လျောညီထွေဖို့ နေနေသာသာ သင်ခန်းစာတွေကိုတောင် အလွတ်မရနိုင်ပါဘူး။

ပန်းချီဆွဲတဲ့အခါ ကိုယ့်ရဲ့ပုံက အသက်ဝင်နေမှပါ။

ဒီနေရာမှာ 'အသက်'ဆိုတာက အသက်ဓာတ်ကို မဆိုလိုခဲ့ပါဘူး။ ဒါက ပန်းချီကားရဲ့ ပုံဖော်နည်းတစ်မျိုးပါ။

တကယ့်ပန်းချီဆရာတွေက စုတ်ချက်နည်းနည်းနဲ့ အရာအားလုံးကို ရေးဆွဲနိုင်ပါတယ်။ ကမ္ဘာကြီးက သူ့ရဲ့စုတ်ချက်နဲ့အတူ ပေါင်းစပ်ပါဝင်လာခဲ့မှာပါ။

ဒါမှ တကယ့်ပန်းချီဆရာ ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ ဘယ်လိုပဲကြည့်ကြည့် သုံးလအတွင်း ပန်းချီအခြေခံကို တတ်မြောက်ဖို့က အောင်မြင်ဖို့မရလောက်အောင် ခက်ခဲလွန်းပါတယ်။

ဖိအားတွေ ရုတ်တရက်တက်လာတာကို ခံစားရတော့ ချူးယွန် ရယ်မောလိုက်ပါပြီ။
"ငါက အခု အိပ်မက်တောင်ထိပ်ကို ဝင်ရောက်နေတဲ့ မင်းတပည့်ဖြစ်နေပြီ..။ တကယ်လို့ မင်းငါ့ကိုမယုံရင်တောင် ဒီလိုတိုက်ခိုက်စရာမလိုဘူး မဟုတ်လား..။ ဒါက မင်းအတွက် ဘာအသုံးဝင်လို့လဲ..။ မင်းက ငါ့ကို တကယ်ကြိုးစားချင်လားလို့ မေးတယ်... ဒါဆို ငါ မင်းကို အခုဖြေပေးလိုက်မယ်..။ ငါက ကြိုးစား ကြည့်ချင်ရုံမကဘဲ ပန်းချီပညာရှိကိုလည်း တွေ့ချင်တယ်"

ကူမန်ရှန်း အေးစက်စက်နဲ့ ပြုံးသွားခဲ့ပါတယ်။ ရုတ်တရက် သူ့လက်ထဲက အရက်အိုးကိုပစ်ချကာ အသံကျယ်ကျယ်နဲ့ ပြောလိုက်ပါပြီ။
"မင်းက ဒီလောက် သင်ပေးစေချင်နေမှတော့ ကောင်းပြီ"


1198

"မင်းတို့အတူတူလာခဲ့"
ကူမန်ရှန်း ရယ်မောပြီး သူတို့နှစ်ယောက်ကို စိုက်ကြည့်လိုက်ပါပြီ။

ချူးယွန်က နဝမမင်းသမီးကို အနောက်မှာကွယ်ပြီး ပြောလိုက်ပါတယ်။
"သူက ကျင့်ကြံသူမဟုတ်ပါဘူး... အဲတာကြောင့် မင်းရဲ့စမ်းသပ်မှုကို ငါတစ်ယောက်တည်းပဲ ခံယူပါရစေ"

"ကောင်းပြီ"
ကူမန်ရှန်း အပိုစကားတွေ မပြောတော့ပါဘူး။ သူက ရယ်မောကာ စိုက်ကြည့်လိုက်ပါပြီ။

ပန်းချီပညာရှိရဲ့ တပည့်ဖြစ်ချင်တာက ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ..။ သူတို့က ပန်းချီပညာရှိရဲ့ တပည့်ဖြစ်မယ်လို့ တကယ်ပဲ ထင်နေတာလား..။

စာမေးပွဲကို သုံးလအတွင်း အောင်မြင်ရမယ်ဆိုတာကလည်း သူတို့ကို အမှားတွေကနေ သင်ခန်းစာ ယူနိုင်စေဖို့ပါ။ တကယ်လို့ မအောင်မြင်ရင်တော့ သူတို့မှာ အခွင့်အရေး မရှိတော့ပါဘူး။

"ဝမ်"
ကူမန်ရှန်းက လက်ညိုးတစ်ချက်ညွှန်လိုက်တာနဲ့ အလင်းတန်းတစ်ခုက ချူးယွန် မျက်ခုံးနှစ်ခုကြားကို ဝင်ရောက်သွားခဲ့ပါပြီ။

"စိတ်ဝိညာဉ် တိုက်ခိုက်မှုလား"
ချူးယွန်ချက်ချင်းပဲ သစ်နီခေါင်းခွံကိုအသုံးပြုပြီး ခုခံလိုက်ပါတယ်။

ဒါပေမဲ့လည်း သစ်နီခေါင်းခွံက ကြာကြာမခံနိုင်ပါဘူး။ ချွတ်ခနဲ အသံတစ်ချက်နဲ့အတူ လုံးဝ ကွဲကြေသွားပါပြီ။

ကူမန်ရှန်းရဲ့ တိုက်ခိုက်မှုက အလွန်ကြောက်စရာကောင်းပါတယ်။ ကျောက်တိုင်ချွေက သစ်နီခေါင်းခွံကို အဆင့်မြှင့်ပေးထားတာတောင် အသုံးမဝင်ခဲ့ပါဘူး။

သစ်နီခေါင်းခွံ့ ပျက်ဆီးသွားတာနဲ့ အဆုံးမဲ့ဖိအားတွေဟာ ချူးယွန်အပေါ်ကို ကျဆင်းလာခဲ့ပါပြီ။ သစ်နီခေါင်းခွံရဲ့ ကာကွယ်မှုမရှိတော့တဲ့အခါ ချူးယွန်ဟာ အသက်တောင် ကောင်းကောင်း မရှူနိုင်တော့ပါဘူး။

ချူးယွန် ရုတ်တရက်ဟိန်းဟောက်ပြီး အမြင့်ဆုံးစစ်ဝိညာဉ်ကို ထုတ်ဖော်လိုက်ပါပြီ။

အမြင့်ဆုံးစစ်ဝိညာဉ်ရဲ့ အထောက်အပံ့နဲ့သာ ချူးယွန်ဟာ ကြောက်စရာ စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ခုခံနိုင်တော့မှာပါ။

ရွှေရောင်အလင်းတန်းဆယ်ခုက ရွှေနဂါးကြီးဆယ်ကောင်လို အမြင့်ဆုံးစစ်ဝိညာဉ်ကို လှည့်ပတ်နေလို့။

သာမန်နန်းတော်လေးတစ်ခုဆိုရင် အမြင့်ဆုံးစစ်ဝိညာဉ်ရဲ့ အရှိန်အဝါတွေကြောင့် ပျက်ဆီးသွား‌လောက်ပါပြီ။ ဒါပေမဲ့ ဒီနန်းတော်ကတော့ နည်းနည်းမှ ထူးခြားမှု မရှိခဲ့ပါဘူး။

"ရွှေရောင်အလင်းဆယ်ခု"
ဒါကိုမြင်ပြီးနောက် ကူမန်ရှန်းရဲ့ မျက်လုံးထဲမှာ အံ့အားသင့်နေတဲ့ အရိပ်ငွေ့တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ရွှေရောင်အလင်းတန်း ဆယ်ခု...

ကောင်းကင်အဆင့်တစ်ဆယ်...

ကောင်းကင်အဆင့်တစ်ဆယ် သိုင်းဝိညာဉ်က ဘာအဓိပ္ပာယ်လဲ။

တိုင်ဂန်နယ်နိမိတ်တစ်ခုလုံးမှာတောင် ကောင်းကင်အဆင့်တစ်ဆယ် သိုင်းဝိညာဉ်က အများကြီး မရှိပါဘူး။

ဒါကြောင့် သူ့အရှေ့မှ ဒီကောင်လေးဟာ ကောင်းကင်အဆင့်တစ်ဆယ် သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားမယ်လို့ ထင်မထားတာ အမှန်ပါ။

'ကောင်းကင်အဆင့်တစ်ဆယ်... ချူးယွန်က သူ့ခွန်အားကို ဖုံးကွယ်ထားခဲ့တာပဲလား'
နဝမမင်းသမီးလည်း အလွန် အံ့အားသင့်သွားပါပြီ။ အရင်တုန်းက သူ့သိုင်းဝိညာဉ်ဟာ ကောင်းကင်အဆင့်ကိုးမှာပဲ ရှိနေခဲ့တာ မဟုတ်လား။

သိုင်းဝိညာဉ်အဆင့်က တစ်ယောက်ရဲ့ခွန်အားကို ကိုယ်စားမပြုပေမဲ့ ချူးယွန်ရဲ့ ထူးကဲတဲ့ပါရမီကို ပြသနိုင်ပါတယ်။

ဒါပေမဲ့ ဒီနေ့မှာတော့ ချူးယွန်ရဲ့ သိုင်ဝိညာဉ်က ကောင်းကင်အဆင့်ကိုးမဟုတ်မှန်း သိလိုက်ရပါပြီ။

ကောင်းကင်အဆင့်တစ်ဆယ်...

ပြီးပြည့်စုံတဲ့ သိုင်းဝိညာဉ်...

နဝမမင်းသမီး စိတ်ထဲမှာ တုန်လှုပ်သွားခဲ့ပါတယ်။

"ဝမ်"
သိုင်းဝိညာဉ်ထုတ်ဖော်ပြီးနောက် ချူးယွန်ရဲ့ စိတ်စွမ်းအားက မြင့်တက်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဖိအားကို သူခုခံနိုင်ခဲ့ပါပြီ။

သူက ခပ်တိုးတိုးဟိန်းဟောက်ပြီး ခုခံလိုက်ပါတော့တယ်။

'ဆုံးဖြတ်ချက်မာသားပဲ'
ကူမန်ရှန်း တိတ်တဆိတ် အံ့ဩသွားခဲ့ပါတယ်။ အခုလေးတင် သူထုတ်ဖော်ထားတဲ့ဖိအားက ပြန်လည်ဝင်စားခြင်းနယ်ပယ်တွေကိုတောင် လက်လျှော့သွားစေနိုင်တာမျိုးပါ။

သူဒီလိုလုပ်ရတာကတော့ ချူးယွန်တို့ကို စောစောစီးစီး လက်လျှော့စေချင်လို့ပါပဲ။

ပန်းချီပညာရှိကို ဆရာတင်ဖို့က မလွယ်ကူပါဘူး။

အလားတူပဲ သုံးလအတွင်း ပန်းချီအခြေခံကို နားလည်ဖို့ကလည်း မလွယ်ကူပါ‌။ ဒီလိုဆိုရင် ဘာကြောင့် အချိန်ဖြုန်းနေအုံးမှာလဲ။

"ကလစ်"
ချူးယွန်ရဲ့ခြေထောက်တွေက ကြမ်းပြင်ကို ကျွံ့ဝင်သွားခဲ့ပါပြီ။ ဒါပေမဲ့ သူ့မှာ သန်မာတဲ့ တိုက်ခိုက်ချင်စိတ်တွေ ဖြစ်ပေါ်နေဆဲပါ။

ဘာပဲဖြစ်ဖြစ် သူ အနောက်ကို မဆုတ်နိုင်ပါဘူး။

သူက ပန်းချီပညာရှိကိုတွေ့ဖို့ အဝေးကြီးက လာခဲ့တာပါ။ တစ်ခုက သူကိုယ်တိုင်အတွက်ဖြစ်ပြီး နောက်တစ်ခုကတော့ ပထမဧကရာဇ်အတွက်ပါပဲ။

ဒါကြောင့်...

ငါ့ကို ဘယ်သူမှ တားလို့မရဘူး။

"အိုး"
ကူမန်ရှန်း ဖိအားတွေကို နည်းနည်းထပ်တိုးလိုက်ပါပြီ။

ချူးယွန်လည်း အံကိုတင်းတင်းကြိတ်ထားပါတော့တယ်။ သူ့နဖူးက သွေးကြောတွေတောင် ထွက်ပေါ်လာခဲ့ပါပြီ။

တဖြည်းဖြည်းနဲ့ ချူးယွန်အဝတ်အစားတွေက ချွေးရွှဲလာခဲ့ပါတယ်။ ဒါပေမဲ့ သူက လက်သီးဆုပ်ပြီး ခုခံနေဆဲပါ။

'ဒီဖိအားက ပြန်လည်ဝင်စားခြင်းနယ်ပယ်ကိုတောင် ဖျက်ဆီးဖို့ လုံလောက်နေပြီ... ဒါပေမဲ့ ဒီလူရိုင်းလေးက တကယ်ကြီး ခံနိုင်နေသေးတယ်'
ကူမန်ရှန်း သူ့အရှေ့ကလူငယ်ကို မယုံကြည်နိုင်ဟန်နဲ့ ကြည့်လိုက်ပါတယ်။

ဒီကောင်လေးရဲ့ စိတ်စွမ်းအားက ပါရမီရှင်ဆိုတာထက် ပိုနေခဲ့ပြီလား။

ဟန်ရှင်းလို ပါရမီရှင်တောင် အဲဒီအချိန်ကဆိုရင် ဒီဖိအားကို ခံနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ချူးယွန်ကတော့ ခုခံနေတာ တစ်နာရီလောက် ကြာသွားခဲ့ပါပြီ။

နောက်ပြီး သူက အခုချိန်ထိ လဲပြိုသွားမဲ့ပုံမရပါဘူး။

ကူမန်ရှန်းရဲ့မျက်လုံးမှာ ရှုပ်ထွေးတဲ့ အရိပ်ငွေ့တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ခဏကြာပြီး နောက်ဆုံးမှာတော့ သူ ရပ်လိုက်ပါတော့တယ်။

ချူးယွန်လည်း ဖိအားတွေ ရုတ်တရက် ပြန်လျော့သွားပြီးနောက် လဲပြိုတော့မလို ခံစားလိုက်ရပါပြီ။

"ချူးယွန်... နင်အဆင်ပြေရဲ့လား"
နဝမမင်းသမီးက စိုးရိမ်ပူပန်စွာနဲ့ ချူးယွန်အနားကို ချက်ချင်းရောက်လာကာ ဖေးမပေးလိုက်ပါတယ်။

"ငါအဆင်ပြေပါတယ်"
ချူးယွန်လည်း နဖူးကချွေးကိုသုတ်ရင်း ပြောလိုက်တယ်။
" ဒီစမ်းသပ်မှုက ပြီးသွားပြီလား"

ကူမန်ရှန်းက ဂရုမစိုက်ဟန်နဲ့ ပြောလိုက်ပါတယ်။
"မနက်ဖြန်ကျရင် ငါ့ကို ဒီနေရာမှာ ပြန်လာတွေ့လှည့်"

ပြောပြီးတာနဲ့ အနောက်ပြန်လှည့်မကြည့်တော့ဘဲ အခန်းထဲကို ဝင်သွားပါတော့တယ်။

"ဝှူး"
ချူးယွန် သက်ပြင်းချလိုက်ပါပြီ။

ဒီတစ်နာရီအချိန်က သိပ်မကြာပေမဲ့ ကြီးမားတဲ့ဖိအားကို ခံစားခဲ့ရတာပါ။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ သူလုပ်နိုင်ခဲ့ပါပြီ။

"သူလက်ခံလိုက်ပြီလား"
နဝမမင်းသမီး ဝမ်းသာပျော်ရွှင်နေပြီး ပြုံးကာ ပြောလိုက်ပါတယ်။

"အင်း"
ချူးယွန်လည်း အပြင်ဘက်ကို လျှောက်သွားလိုက်ပါပြီ။

သူဟာ စိတ်စွမ်းအင် သုံးရလွန်းတာကြောင့် မူးဝေသလို ခံစားနေရလို့ပါ။ ဒါကြောင့်ပဲ မျက်လုံးခဏမှိတ်တာနဲ့ အိပ်ပျော်သွားနိုင်ပါတယ်။

နဝမမင်းသမီးရဲ့ ဖေးမမှုနဲ့ သူဟာ အခြားအခန်းတစ်ခုထဲကို ဝင်သွားခဲ့ပါပြီ။

အခန်းထဲကို ရောက်ရှိချိန်မှာတော့ ဘာကိုမှ ဂရုမစိုက်ဘဲ သူ အိပ်ပျော်သွားပါတော့တယ်။

အခန်းက လူမနေတာကြာပြီမို့ ဖုန်မှုန့်တွေနဲ့ ပင့်ကူအိမ်တွေ ပြည့်နှက်နေလို့ပါ။ ဆိုရရင် အခန်းတစ်ခုလုံးက ညစ်ပတ်နေခဲ့ပါတယ်။

"နင်..."
မူလက နဝမမင်းသမီးဟာ ချူးယွန်အခန်းကို သန့်ရှင်းပေးချင်ခဲ့ပါတယ်။ ဒါပေမဲ့ ချူးယွန်က ချက်ချင်း အိပ်ပျော်သွားတာကြောင့် မတတ်သာတော့ဘဲ ထွက်သွားရပါတော့တယ်။

အခန်းထဲမှာတော့ ကူမန်ရှန်းဟာ ငုပ်တုပ် ထိုင်နေလို့ပါ။ သူက အိပ်ရာပေါ်ကစောင်ကိုဖယ်ပြီး သိုးရေ စာလိပ်တစ်ခုကို ထုတ်ယူလိုက်ပါပြီ။

ဒီသိုးရေစာလိပ်က အလွန်ရှေးကျတဲ့ အငွေ့အသက်တွေ ထွက်ပေါ်နေခဲ့ပါတယ်။

သူဟာ ဒီသိုးရေကို ဖတ်ရှူထားတာ အကြိမ်တစ်ထောင် မကတော့ပါဘူး။ ဒါကြောင့် အထဲက အကြောင်းရာတွေကို အလွတ်တောင် ရနေခဲ့ပါပြီ။

'ဒီစာလိပ်မှာ မှတ်တမ်းတင်ထားတာတွေက တကယ်ပဲ"
လက်ရှိမှာ ကူမန်ရှန်းရဲ့ မျက်လုံးတွေက အသက်မဲ့မနေတော့ပါဘူး။

သူက စိတ်လှုပ်ရှားမှုကြောင့် တုန်ရင်နေပြီး နေရာမှ ထရပ်လိုက်ပါတယ်။

သူ ‌အဝေးကိုလှမ်းကြည့်ရင်း ရေရွတ်လိုက်ပါပြီ။
"ဒီဟောကိန်းက တကယ်ပဲ ဖြစ်လာခဲ့ပြီလား"

.........

နောက်နေ့မနက်မှာတော့ ချူးယွန်ဟာ ခွန်အားအပြည့်နဲ့ သူ့အခန်းထဲကနေ ထွက်လာခဲ့ပါတယ်။

ဒဏ်ရာအပြင်းအထန် ရခဲ့ရင်တောင် သူ့ရဲ့ ပြန်လည်ကောင်းမွန်နှုန်းအရ တစ်ညတည်းနဲ့ လုံလောက်နိုင်မှာပါ။ စွမ်းအားအရင်းမြစ်ကို မထိခိုက်ရင် သူ့အတွက် ပြဿနာမကြီးမားပါဘူး။

နဝမမင်းသမီးက နောက်အခန်းတစ်ခုကနေ တဖြည်းဖြည်း ထွက်လာခဲ့ပါတယ်။

သူက ဆံပင်ရှည်ကို အနောက်ဘက်မှာ စုစည်းပြီး အနက်ရောင် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားလာခဲ့တာပါ။

"မောနင်းယောင်ကျာ့"
ချူးယွန် နှုတ်ဆက်လိုက်ပါတယ်။

"နင်က ကျင့်ကြံရတာကို စိတ်မဝင်စားပေမဲ့ အခု လေ့ကျင့်ရတော့မယ် ဘယ်လိုခံစားရလဲ"
ချူးယွန်ပြုံးလိုက်ပါတယ်။ သူ့ဟာ ဘာမှမလုပ်ရသေးတာကြောင့် အခြေခံစပြီး လေ့ကျင့်ရမှာပါ။

မဟုတ်ရင် ပန်းချီပညာကို လေ့ကျင့်တဲ့အခါ အခက်အခဲရှိလာပါလိမ့်မယ်။

"ငါက လေ့ကျင့်ရတာ မကြိုက်ရင်တောင် ပန်းချီဆွဲတာကို စိတ်ဝင်စားတယ်လေ... အခုသင်ရမဲ့အတွက် ငါတကယ်ပျော်ပါတယ်"
နဝမမင်းသမီးက ခပ်တိုးတိုးပဲ ပြောလိုက်တာပါ။

သူ့ဖခင်အမိန့်တောင် မနာခံဘဲ ပုံရိပ်ယောင်လောကကို လိုက်လာတာ၊ ပန်းချီပညာကို ကြိုးစားသင်ယူဖို့ ပြင်နေတာ... အားလုံးက ချူးယွန်ကြောင့်ပါ။

နောက်ဆုံးမှာတော့ သူဟာ ချူးယွန်နဲ့ ပိုပြီးကြာကြာ အတူနေချင်ခဲ့ပါတယ်။

ပထမနှစ်ဆင့် အောင်မြင်သွားပြီမို့ သူတို့ဟာ အနည်းဆုံး သုံးလလောက်တော့ အတူတူနေလို့ရပါပြီ။

ဒါက သူ့အတွက်တော့ ကံကောင်းခြင်း တစ်ခုပါပဲ။

တောင်ထိပ်သခင်တွေက တပည့်အဖြစ် လက်ခံဖို့ ကူရှိချောင်ရဲ့ တပည့်ဖြစ်ဖို့ကိုတော့ သူတစ်ခါမှ မတွေးခဲ့ဖူးပါဘူး။

ဒါက ဖြစ်လည်း မဖြစ်နိုင်ဘူးလေ။

ကျင့်ကြံခြင်းမရှိတဲ့ သာမန်လူတစ်ယောက်က ပန်းချီဂိုဏ်းကို ပါဝင်နိုင်မှ ထူးခြားမှာပါ။

နောက်တစ်နေ့ကို ရောက်တဲ့အခါ ကူမန်ရှန်းရဲ့နန်းတော်ကို သူတို့နှစ်ယောက် လျှောက်သွားခဲ့ပါပြီ။

တစ်ရက်ကြာပြီးနောက် တိုင်ဂန်နယ်နိမိတ်က ကျင့်ကြံသူအားလုံးဟာ ကိုယ်ဝင်ရောက်မဲ့တောင်ကို အသီးသီး ရွေးချယ်ပြီးပါပြီ။

အများစုကတော့ အဆင့်မြင့်တောင်တွေကိုပဲ ရွေးချယ်ခဲ့တာပါ။ အဆင့်နိမ့်တောင်တွေကိုတော့ ရွေးချယ်သူ မရှိသလောက်ပါပဲ။ အိပ်မက်တောင်ကိုဆိုရင် တစ်ယောက်မှ မလာရောက်ခဲ့ပါဘူး။

တောင်တွေကြားက ပြိုင်ပွဲဟာ ဂိုဏ်းခွဲတွေကြားကပြိုင်ဆိုင်မှုနဲ့ ဆင်တူပါတယ်။

လူတိုင်းက ပါရမီရှင်တွေနဲ့ အရင်းအမြစ်တွေကို ပိုမိုရယူချင်ခဲ့တာပါ။ နောက်ဆုံးမှာတော့ ဒါက တိုးတက်မှုရဲ့ အခြေခံပဲ မဟုတ်လား။

အိပ်မက်တောင်ကတော့ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပြီး အခြေခံအုတ်မြစ်ကောင်းပေမဲ့ လက်ရှိအခြေအနေက မကောင်းမွန်လှပါဘူး။

ကူမန်ရှန်း တောင်ထိပ်သခင် ဖြစ်လာပြီးနောက် တပည့်တွေအပေါ် သင်ကြားမှု မရှိခဲ့တာလည်း ပါပါတယ်။ မူလက အိပ်‌မက်တောင်မှာ ပါရမီရှင်အများကြီး ရှိခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ အခြားတောင်တွေကို ကူးပြောင်းသွားကြပါပြီ။

ဒါကြောင့် ဒီနေရာမှာ သူတို့နှစ်ယောက်အပြင် အပိုလူတွေ မရှိခဲ့ကြတာ အံ့ဩစရာတော့ မရှိတော့ပါဘူး။


1199

"ဆရာ... ငါတို့ရောက်ပြီ"
ချူးယွန်နဲ့ နဝမမင်းသမီးက နန်းတော်တံခါးဝကို ပြိုင်တူ ရောက်လာခဲ့ကြပါတယ်။ နန်းတော်အရှေ့က မြက်ပင်တွေဟာ စိမ်းစိုနေသေးပေမဲ့ မနေ့ကထက် ပိုကြီးလာခဲ့ပါပြီ။

ကူမန်ရှန်းက အတွင်းပိုင်းမှာပဲ တိတ်တဆိတ် ထိုင်နေလို့ပါ။ သူက ချူးယွန်တို့ကို လှမ်းကြည့်ပြီး ထူးမခြားနားဟန်နဲ့ ပြောလိုက်ပါတယ်။
"ငါမင်းတို့ကို သင်ပေးမယ်... ဒါပေမဲ့ သင်ယူနိုင်တယ်၊ မသင်ယူနိုင်ဘူးကတော့ ကိုယ့်အစွမ်းစအပေါ်မှာပဲ မူတည်တယ်"

"စိတ်မပူပါနဲ့... ငါတို့ အကောင်းဆုံး ကြိုးစားမှာပါ"
ချူးယွန် တောက်ပတဲ့မျက်လုံးနဲ့ ပြောလိုက်ပါပြီ။

အချိန်သုံးလ... အချိန်သုံးလ ကန့်သတ်ချက်အတွင်း ပန်းချီအခြေခံကို တတ်မြောက်ဖို့ သူကြိုးစားမှာပါ။

"စုတ်တံအတွက် သိုင်းဝိညာဉ်ကို အသုံးပြုနိုင်ရင်တော့ ပန်းချီတာအိုကိုလေ့လာရာမှာ ပိုပြီး လွယ်ကူစေတယ်..။ မင်းသိုင်းဝိညာဉ်နဲ့က မသက်ဆိုင်ရင်တော့ ဝိညာဉ်စွမ်းအင်ကိုသုံးပြီး ရေးဆွဲရမှာ... ဒါပေမဲ့ စွမ်းအင်လိုအပ်ချက်က သာမန်ထက်ပိုလိမ့်မယ်"

ကူမန်ရှန်းက လက်နှစ်ဖက်ကိုနောက်ပစ်ပြီး ပြောလိုက်တယ်။
"နင်ကတော့ သိုင်းဝိညာဉ်တောင် မနိုးထသေးဘူး... ဒီအတွက် နင့်သိုင်းဝိညာဉ်နိုးထဖို့ ငါကူညီပေးရမလား"

သိုင်းဝိညာဥ်မရှိရင် ဝိညာဉ်စွမ်းအင်အသုံးပြုလို့ မရပါဘူး။

ဝိညာဉ်စွမ်းအင် မသုံးနိုင်ရင် နဝမမင်းသမီးအနေနဲ့ ပန်းချီဆွဲနိုင်တော့မှာ မဟုတ်ပါ။

"ကျေးဇူးပါပဲ"
နဝမမင်းသမီးက ခဏတာ တုံ့ဆိုင်းသွားပေမဲ့ နောက်ဆုံးမှာတော့ ခေါင်းညိတ်လိုက်ပါပြီ။

သူက တာအိုပန်းချီကို သင်ယူတော့မှာမို့ အကောင်းဆုံး လုပ်ရတော့မှာပါ။

ကူမန်ရှန်း ခေါင်းတစ်ချက်ညိတ်လိုက်ပါတယ်။ ပြီးတာနဲ့ နဝမမင်းသမီးရဲ့နဖူးကို လက်ညိုးနဲ့ထောက်ကာ စွမ်းအင် ပို့လွှတ်လိုက်ပါပြီ။ စွမ်းအင်တွေက နဝမမင်းသမီးရဲ့ သွေးကြောထဲကို ချက်ချင်းပဲ စီးဝင်သွားပါတော့တယ်။

'ဒါက ဝိညာဉ်စွမ်းအင်ရဲ့ ခံစားချက်ပဲလား'
နဝမမင်းသမီး ရေရွတ်လိုက်ပါတယ်။ သူ့ဘဝမှာ ဒါမျိုးခံစားချက်ကို တစ်ခါမှမရဖူးပါဘူး။

လျှို့ဝှက်ဆန်းကျယ်တဲ့ ဒီစွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲမှာ အတားအဆီးမရှိ လည်ပတ်နေခဲ့တာပါ။

နဝမမင်းသမီး မျက်လုံးမှိတ်ပြီး စွမ်းအင်တွေကို ခံစားကြည့်လိုက်ပါတယ်။ ရုတ်တရက် သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေဟာ ဒီရေလို ထိုးတက်လာပြီး ရွှေရောင်အလင်းတွေ ဖြာထွက်လာခဲ့ပါပြီ။

"ကောင်းကင်အဆင့် သိုင်းဝိညာဉ်"
ဒါကိုမြင်ပေမဲ့ ချူးယွန် အံ့ဩမှုတော့ မရှိပါဘူး။

နဝမမင်းသမီးရဲ့ နောက်ခံအရ ကောင်းကင်အဆင့်သိုင်းဝိညာဉ် နိုးထတာဟာ ဖြစ်သင့်တဲ့ ကိစ္စပါ။

ဒါပေမဲ့ ကောင်းကင်အဆင့်ဘယ်လောက် ဖြစ်မှာလဲ။

ဒါကိုတော့ ချူးယွန် မျှော်လင့်နေခဲ့မိပါပြီ။

မကြာခင်မှာပဲ ရွှေရောင်အလင်းတွေကြားကနေ သိုင်းဝိညာဉ်ပုံစံက စတင်ထွက်ပေါ်လာပါတော့တယ်။

ဒါက ကျောက်စိမ်းနဲ့ ပြုလုပ်ထားသလို ကြည်လင်နေတဲ့ စုတ်တစ်ချောင်းပါ။ သူ့ဆီကနေ ‌အရောင်ဖျော့ပေမဲ့ တောက်ပမှုရှိတဲ့ အလင်းတွေ ဖြာထွက်နေခဲ့ပါတယ်။

စုတ်တံ...

နဝမမင်းသမီးရဲ့ သိုင်းဝိညာဉ်က တကယ်ကြီး စုတ်တံတစ်ချောင်းပါ။

ဒါကိုမြင်တော့ ချူးယွန်မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ပါတယ်။ ချက်ချင်းပဲ သူ စိတ်လှုပ်ရှားလာခဲ့ပါပြီ။

အခုပုံအရ နဝမမင်းသမီးဟာ စမ်းသပ်မှုတွေကို အလွယ်တကူ ဖြတ်ကျော်နိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး။

သူက ပန်းချီပညာနဲ့ ရင်းနှီးတဲ့ အနေအထားနဲ့ မွေးဖွားလာခဲ့တာပါ။

ပန်းချီဂိုဏ်းထဲမှ သူနိုးထလာတဲ့ သိုင်းဝိညာဉ်က  တကယ်ပဲ စုတ်တံ ဖြစ်နေခဲ့ပါပြီ။

ဒီ့ထက်ပိုပြီး တိုက်ဆိုင်မှုတစ်ခုရှိဦးမှာလား။

နွေးထွေးသော ကျောက်စိမ်းစုတ်တံ။

ကျောက်စိမ်းစုတ်တံကိုမြင်တော့ နဝမမင်းသမီးလည်း ပြုံးလိုက်ပါပြီ။

နာမည်နဲ့ လိုက်ဖက်အောင် ကျောက်စိမ်းစုတ်တံက နွေးထွေးမှုတွေကို ခံစားနေရလို့ပါ။

ဒီခံစားချက်က ဖော်မပြတတ်လောက်အောင် ကောင်းမွန်ပါတယ်။

"ဝမ်"
တောက်ပတဲ့ ရွေရောင်အလင်းတွေက ခဏတွင်းမှာ ကိုးခုအထိ ဖြစ်ပေါ်လာခဲ့ပါပြီ။

"ကောင်းကင်အဆင့်ကိုးလား"
ဒါကိုမြင်ပြီးနောက် ချူးယွန်တောင် အံ့ဩသွားမိပါတယ်။

နဝမမင်းသမီးရဲ့ သိုင်းဝိညာဉ်က တကယ်ကြီး ကောင်းကင်အဆင့်ကိုး ဖြစ်နေမယ်လို့ ထင်မထားခဲ့ပါဘူး။

ဒါပေမဲ့ ဒါက မဆုံးသေးပါ။ မကြာခင်မှာပဲ နောက်ထပမ ရွှေရောင်အလင်းတစ်ခု ထပ်မံ ထွက်ပေါ်လာခဲ့ပါပြီ။

ကောင်းကင်အဆင့်တစ်ဆယ် နွေးထွေးသော ကျောက်စိမ်း စုတ်တံ...

ကောင်းကင်အဆင့်တစ်ဆယ်...

"ဝုန်း"
ရောင်အလင်းတန်းဆယ်ခုနဲ့ စုတ်တံအသွင်က ကောင်းကင်ယံမှာ အထင်အရှား ထွက်ပေါ်လာခဲ့ပါတယ်။ ဒီမြင်ကွင်းကို ပန်းချီဂိုဏ်းက လူအားလုံးပဲ မြင်လိုက်ရပါပြီ။

"ပုံရိပ်... သဘာဝပုံရိပ်"

"ကောင်းကင်အဆင့်တစ်ဆယ် သိုင်းဝိညာဉ်တွေ နိုးထလာမှပဲ ဒီလို သဘာဝပုံရိပ်တွေ ဖြစ်ပေါ်လာတတ်တယ်တဲ့"

"ဘယ်သူလဲ... အဲတာ ဘယ်သူလဲ"

“ဘယ်တောင်ရဲ့တပည့်က ကောင်းကင်အဆင့် တစ်ဆယ် သိုင်းဝိညာဉ်ကို နိုးထစေနိုင်တာလဲ”

"..."

အားလုံး ရုတ်ရုတ်သဲသဲဖြစ်ကာ ကောင်းကင်က ရွှေရောင်အလင်းတွေနဲ့ ပုံရိပ်ကြီးကို မော့ကြည့်လိုက်ကြပါတယ်။

သူတို့ဘဝမှာ ဒါမျိုးကို တစ်ခါမှ မမြင်ဖူးကြပါဘူး။

သူတို့တင်မကဘဲ တောင်ထိပ်သခင်တွေပါ တုန်လှုပ်ခြောက်ခြားကာ မော့ကြည့်နေကြပါတော့တယ်။

"ဒီဦးတည်ရာကတော့ အိပ်မက်တောင်ပဲ"
တောင်ထိပ်သခင်တစ်ယောက်က မျက်မှောင်ကြုတ်ပြီး တစ်နေရာကို လှမ်းကြည့်လိုက်ပါတယ်။

အခြားတောင်ထိပ်သခင်တွေလည်း အသက်ပြင်းပြင်းရှူကာ တီးတိုးရေရွတ်နေလို့ပါ။

"ဒါမဖြစ်နိုင်ဘူး... ဘာလို့ အိပ်မက်တောင်လဲ"

"အိပ်မက်တောင်ကို တပည့်တွေ မဝင်ရောက်တာ ကြာပြီလေ... အခုချိန်မှ‌ ကောင်းကင်အဆင့်တစ်ဆယ် သိုင်းဝိညာဉ်ကို ဘယ်လိုလုပ်ပြီး ရုတ်တရက် နိုးထနိုင်မှာလဲ"

"ဘာပဲဖြစ်​ဖြစ်​ သွသွားကြည့်ရမယ်"

"..."

တောင်ထိပ်သခင်တွေ စိတ်ထိန်းကာ ချက်ချင်းပဲ ပြေးလွှားသွားကြပါပြီ။

"ငါ့... ငါ့သိုင်းဝိညာဉ်...."
နဝမမင်းသမီးလည်း အံ့အားသင့်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်ပါတယ်။ သူကိုယ်တိုင်လည်း ကောင်းကင်အဆင့်တစ်ဆယ် သိုင်းဝိညာဉ်ကို နိုးထလာမယ်လို့ ထင်မထားခဲ့ပါဘူး။

ကောင်းကင်အဆင့်တစ်ဆယ် သိုင်းဝိညာဉ်က ဘာကို ကိုယ်စားပြုတယ်ဆိုတာ သူကောင်းကောင်းသိပါတယ်။

တိုင်ဂန်နယ်နိမိတ် တစ်ခုလုံးမှာတောင် ကောင်းကင်အဆင့်တစ်ဆယ် သိုင်းဝိညာဉ်က အများကြီးမရှိပါဘူး။

ဒါက ဒဏ္ဍာရီထဲမှာသာရှိတယ်လို့ ဆိုနိုင်ပါတယ်။

သူကိုယ်တိုင်လည်း ချူးယွန်ကလွဲပြီး ကောင်းကင်အဆင့်တစ်ဆယ် သိုင်းဝိညာဉ်ပိုင်ရှင်ကို မမြင်ဖူးခဲ့ပါဘူး။

သူ့ဘဝမှာ ချူးယွန်တစ်ယောက်သာ မြင်ဖူးခဲ့တာပါ။ အခုတော့ သူက ဒုတိယလူဖြစ်လာခဲ့ပါပြီ။ ဒီလိုအခြေအနေမျိုးကို သူအိပ်မက်တောင် မမက်ဖူးပါဘူး။

"ကောင်းကင်အဆင့် တစ်ဆယ်သိုင်းဝိညာဉ်..၊ နွေးထွေးသော ကျောက်စိမ်းစုတ်တံ"
နဝမမင်းသမီး အသက်ပြင်းပြင်းရှူလိုက်ပါတယ်။ နွေးထွေးသော ကျောက်စိမ်းစုတ်တံက အနွေးဓာတ်ဟာ သူ့စိတ်ဝိညာဉ်ကိုတောင် တုန်လှုပ်စေခဲ့ပါပြီ။

"ပြည့်စုံတယ်"
ချူးယွန်မျက်လုံးက တောက်ပနေလို့ပါ။ နဝမမင်းသမီးရဲ့ သိုင်းဝိညာဉ်က ဒီလောက်အစွမ်းထက်မယ်လို့ ထင်မထားခဲ့ပါဘူး။

ကောင်းကင်အဆင့်တစ်ဆယ် သိုင်းဝိညာဉ်က သူနဲ့ တူညီနေခဲ့ပါပြီ။

ကူမန်ရှန်းလည်း ရှေးဟောင်းစာလိပ်ကို ပြန်တွေးမိကာ မျက်လုံးတွေ ကျဉ်းမြောင်းသွားပါတော့တယ်။

ဟောကိန်းတစ်ကယ်ဖြစ်လာပြီ။

"နင်... နင့်ရဲ့သိုင်းဝိဥာဉ်ကို အခုမှနိုးထလာတာမို့ နင့်ရဲ့ဝိညာဉ်စွမ်းအင်က အားနည်းနေပြီး နယ်ပယ်ကလလည်း မတည်ငြိမ်သေးဘူး..။ အရင်သွားလေ့ကျင့်ပါ... နေ့လည်ကျရင် နင့်ကိုငါသင်ပေးမယ်"
ကူမန်ရှန်းက လက်ကိုဝှေ့ယမ်းပြီး နဝမမင်းသမီးကို သွားလေ့ကျင့်စေလိုက်ပါတယ်။

နဝမမင်းသမီးလည်း အခြေအနေကို နားလည်ပြီးသားပါ။ ဒါကြောင့် တခြားသူကို အဖော်ညှိမဲ့အစား အခြေခံ အရင်သွားလေ့ကျင့်တာ ပိုကောင်းပါတယ်။

သူခေါင်းညိတ်ပြီး စွမ်းအင် လေ့ကျင့်ဖို့ အခန်းတစ်ခုထဲကို ဝင်ရောက်သွားခဲ့ပါပြီ။

ဒီအခါမှ ကောင်းကင်ယံရှိ ထူးခြားဖြစ်စဉ်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပါတော့တယ်။

"ကောင်းပြီ.. အခု ပန်းချီတာအိုရဲ့ အခြေခံအချက်တွေကို ငါပြောပြမယ်... မင်းက ငြိမ်ငြိမ်လေးဘဲ နားထောင်နေ"
ကူမန်ရှန်း ပြောလိုက်ပါတယ်။
"မင်းရဲ့ အရည်အချင်းတွေနဲ့ အခြေခံတွေကို သင်ယူဖို့က မခက်ပါဘူး... ဒါပေမဲ့ အချိန်တိုအတွင်းမှာ ကနဦးဥာဏ်အလင်းရဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲ..။ ဒါပေမဲ့လည်း မင်းက ကြိုးစားချင်နေမှတော့ ငါ‌သင်ပေးမယ်"

"အခု သေချာနားထောင်ထား..."
ကူမန်ရှန်းက စတင် ရှင်းလင်း ပြောဆိုလိုက်ပါတယ်။

ချူးယွန်လည်း အလေးအနက် နားထောင်နေခဲ့ပါပြီ။

ကူမန်ရှင်းရဲ့ ရှင်းလင်းပြတ်သားတဲ့ စကားသံတွေအောက်မှာ ချူးယွန်ဟာ အခြေခံဆွဲနည်းကို နားလည်လာခဲ့ပါတယ်။

ပန်းချီက ဝိညာဉ်စွမ်းအင်နဲ့ အလိုရှိရာကို ရေးဆွဲပြီး ရန်သူကို ဖိနှိပ်ရ၊ တိုက်ခိုက်ရတာပါ။

ဒါက လျှို့ဝှက်ပုံစံနဲ့ ဆင်တူပုံရပေမဲ့ သေချာလေ့လာပြီးရင်တော့ မတူညီကြောင်း မြင်တွေ့ရပါလိမ့်မယ်။

လျှို့ဝှက်ပုံစံက လှုပ်ရှားရတာ ကျဉ်းမြောင်းပါတယ်။

လျှို့ဝှက်ပုံစံတစ်ခုရဲ့ အပြောင်းအလဲအားလုံးက မူလအခြေခံတစ်ခုကိုခံပြီး ဆင့်ပွားသွားခဲ့တာပါ။ ဒါက လွတ်လပ်မှု မရှိပါဘူး။

ဒါပေမဲ့ ပန်းချီကတော့ အလွန်ကွာခြားသွားခဲ့ပါပြီ။

ဒါက တိကျတဲ့ ဦးတည်ချက် မရှိပါဘူး။ ကိုယ်က ထိန်းချုပ်နိုင်သ၍ လွတ်လွတ်လပ်လပ် ရေးဆွဲပြီး အလိုရှိတာကို ဖန်တီးယူနိုင်ပါတယ်။

ဒီအထဲကို စွမ်းအင်ဖြည့်သွင်းလိုက်တာနဲ့ ထူးကဲတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်လာစေမှာပါ။

ဥပမာပြောရရင် သင်က မုန်တိုင်းတစ်ခုကို ရေးဆွဲလိုက်ရင် အရာအားလုံးကိုဖျက်ဆီးဖို့ လေပြင်းမုန်တိုင်းတွေ ကျဆင်းလာပါလိမ့်မယ်။

သင်က မိုးကြိုး၊ လျှပ်စီးတွေကို ရေးဆွဲရင်တော့ မိုးကြိုး၊ လျှပ်စီးတွေ ကျဆင်းလာတော့မှာပါ။

ပန်းချီတာအိုက အလွန်းဆန်းကျယ်ပြီး အဆုံးမဲ့ အစွမ်းထက်ပါတယ်။

ချူးယွန်လည်း နားစိုက်ရင်း ရုန်းမထွက်‌နိုင်တော့အောင် နစ်မြုပ်သွားခဲ့ပါပြီ။

မူလက သူဟာ ကောင်းကောင်း အဆင်ပြေချောမွေဖို့ ယုံကြည်မှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အချိန်သိပ်မလိုဘဲ ဈန်ဝင်စားသွားခဲ့ပါတယ်။

ကူမန်ရှန်းတောင် ဒီအခြေအနေကြောင့် အံ့ဩသွားခဲ့မိပါပြီ။

"ဒီမှာပဲ"

"အစောပိုင်းက အရှိန်အဝါက ဒီကထွက်လာတာ"

"အကိုကြီး... မင်းရတနာတွေ ရထားတာလား"

"..."

ကျယ်‌လောင်တဲ့ စကားသံနဲ့အတူ တောင်ထိပ်ကို လူရိပ်အတော်များများ ဆင်းသက်လာကြပါတယ်။

"ဒါက..."
ချူးယွန် နည်းနည်းစိတ်ပျက်သွားပြီး ခေါင်းမော့လိုက်ပါပြီ။

သူက ပန်းချီတာအိုကို ဈန်ဝင်စားနေမှ ရုတ်တရက် အနှောင့်ယှက်ခံရမယ်လို့ ထင်မထားခဲ့ပါဘူး။

ဒီလူတွေရဲ့တွေကြောင့် သူ့ရဲ့ဈန်ဝင်စားမှုဟာ ပျက်ပြယ်သွားခဲ့ပါပြီ။

ကူမန်ရှန်းလည်း စိတ်ပျက်လက်ပျက်နဲ့ မျက်မှောင်ကြုတ်လိုက်ပါတော့တယ်။
"မင်းတို့ ဘာလာလုပ်ကြတာလဲ"

"ညီလေးကူ... မင်းက ဘာတွေလျှိုနေတာလဲ"
နည်းနည်းခန္ဓာကိုယ်ကြံ့ခိုင်တဲ့လူကြီးက အရှေ့ကိုလျှောက်လာပြီး ပြောလိုက်ပါတယ်။
"ဒီမှာ တစ်ယောက်ယောက်တော့ ကောင်းကင်အဆင့်တစ်ဆယ် သိုင်းဝိညာဉ်ကို နိုးထလာတယ်လေ... ဒါက အားလုံးမြင်လိုက်ရတာကို မင်းမသိဘူးလား"

"ဟုတ်တယ်လေ... ဒီတစ်ခေါက် အိပ်မက်တောင်ကိုရွေးချယ်တဲ့ တပည့်တချို့ရှိတယ်လို့ကြားတယ်..။ ဒါက သူတို့ဆီက မဟုတ်လား"

"အမှန်ပဲ... ဒီနေရာမှာ ပါရမီရှင်တစ်ဦးရှိနေမှတော့ ဘာဖြစ်လို့ အပြင်ခေါ်ပြီး ငါတို့နဲ့ တွေ့ခွင့်မပေးရတာလဲ"

တောင်ထိပ်သခင်တွေက ရိုးသားတဲ့ မျက်နှာနဲ့ ပြောလိုက်ကြပါတယ်။

တကယ်တော့ သူတို့က ရည်ရွယ်ချက်နဲ့ လာခဲ့ကြတာပါ။

အရင်တုန်းကတော့ အိပ်မက်တောင်မှာ ပါရမီရှင်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ့ဆီကနေ ပါရမီရှင်အားလုံး ထွက်ခွာသွားကြတာပဲ မဟုတ်လား။

ဒီလိုဆိုမှတော့ ဒီတစ်ခါ ထပ်မံထွက်သွားတော့ရော ဘာဖြစ်လဲ။


1200

"ငါ့ရဲ့အိပ်မက်တောင်က မင်းတို့နဲ့ ဘယ်လိုပတ်သက်လို့လဲ"
ကူမန်ရှန်က မျက်မှောင်ကြုတ်နေပြီး သူ့လေသံက နည်းနည်းမှ မယဉ်ကျေးပါဘူး။ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်တွေအတွက် သူ့လေသံက ဖော်ရွေမှု ကင်းမဲ့နေလို့ပါ။

ဒီလူတွေတွေးနေတာကို သူနားမလည်ဘဲ နေပါ့မလား။

လောဘအရိပ်ယောင်တွေက သူတို့မျက်နှာမှာ အထင်းသားပေါ်နေခဲ့တာပါ။

"မဟုတ်သေးဘူးလေ... မင်းက ဘာလို့ ဒီလောက်တွန့်တိုနေရတာလဲ..။ ကောင်းကင်အဆင့်တစ်ဆယ် သိုင်းဝိညာဉ်ပိုင်ရှင်ကို တပည့်အဖြစ် လက်ခံနိုင်လို့ မင်းအတွက် ငါတို့ တကယ်ပျော်ပါတယ်... ဒါပေမဲ့လည်း အမြင်ကျယ်ချင်သေးတယ်လေ..။ ဘယ်သူကများ ကောင်းကင်အဆင့်တစ်ဆယ် သိုင်းဝိညာဉ်ကို နိုးထခဲ့တယ်ဆိုတာ မြင်ချင်ရုံလေးပါ"

"ဟုတ်သားပဲ အကိုကူ... ငါတို့က အမြင်ကျယ်ချင်ရုံသက်သက်ပါ... မင်းခွင့်ပြုရင် ငါ့ရဲ့ အကောင်းစားအရက်တွေ လက်ဆောင်ပေးမယ်"

"ဟုတ်တယ် ဟုတ်တယ်... ငါ့မှာလည်း အရက်ကောင်းတချို့ရှိတယ်..။ အဲတာတွေ လက်ဆောင်ပေးမယ် ဆိုရင်ရော..."

ကူမန်ရှန်း နည်းနည်းဒေါသထွက်နေတာကြောင့် အဲဒီလူစုက အမြန်ပြောလိုက်ကြပါတယ်။

ဒါပေမဲ့ သူတို့တွေ စိတ်မရှည်နိုင် ဖြစ်နေခဲ့ပါပြီ။ နောက်ဆုံးမှာ‌တော့ ကောင်းကင်အဆင့်တစ်ဆယ် သိုင်းဝိညာဉ်ပိုင်ရှင်က တိုင်ဂန်နယ်နိမိတ်တစ်ခုလုံးမှာတောင် ရှားပါးလွန်းတယ် မဟုတ်လား။

ကူမန်ရှန်းက အပြောင်းအလဲမရှိတဲ့ မျက်နှာအမူအရာနဲ့ လက်ကိုဝှေ့ယမ်းလိုက်ပါတယ်။
"သူတို့က အိပ်မက်တောင်ထိပ်ကို ရွေးချယ်မှတော့ ဒါက ငါ့ကို ယုံကြည်တဲ့ အဓိပ္ပာယ်ပဲ..။ အဲတာကြောင့် သူတို့ရဲ့ယုံကြည်မှုနဲ့ ကိုက်ညီဖို့အတွက် ငါအကောင်းဆုံး ကြိုးစားပေးရမယ်..။ မင်းတို့က သူ့ကိုတွေ့ချင်ရုံပဲဆိုရင်တော့ မြန်မြန်ထွက်သွားတော့"

သူ့သဘောက ရှင်းပါတယ်။ အားလုံးကို နှင်ထုတ်နေတာပါ။

ဒါပေမဲ့ တောင်ထိပ်သခင်တွေက ဂရုမစိုက်ကြပါဘူး။
"ငါတို့က ညီအကိုတွေပဲလေ... ဒီလို ဘာမဟုတ်တာလေးကို ဖုံးကွယ်နေတာကတော့ မလွန်ဘူးလား"

"မင်းတို့ မသွားသေးဘူးလား"
ကူမန်ရှန်း မျက်မှောင်ကြုတ်လိုက်ပါပြီ။ သူက အေးစက်စက်နဲ့ ပြောလိုက်ပါတယ်။
"မင်းတို့ကို ငါ့ညီအကိုတွေလို သဘောထားလို့ ငါမတိုက်ခိုက်ချင်ဘူးနော်... မင်းတို့ငါ့ကို ထပ်မစတာပိုကောင်းမယ်..။ မဟုတ်ရင် ငါကရုဏာမပြတော့ဘူး"

"ဟားဟားဟား... ညီလေးကူ၊ ဒီတစ်လျှောက်လုံး ဘာတွေလုပ်နေတယ်ဆိုတာ ပြန်တွေးကြည့်စမ်းပါ"
ထွားကျိုင်းတဲ့ လူလတ်ပိုင်းကြီးက ရယ်‌မော ပြောဆိုလိုက်ပါတယ်။ သူက ကူမန်ရှန်းကို လက်ညိုးညွှန်ကာ ပြောလိုက်ပါပြီ။
"အိပ်မက်တောင်က ငါတို့အားလုံးကို ဆရာ သင်ကြားပေးခဲ့တဲ့နေရာကွ... ဒါပေမဲ့ ဒီတစ်လျှောက်လုံး မင်းဘာတွေ လုပ်နေခဲ့တယ်ဆိုတာ ပြန်တွေးကြည့်လိုက်စမ်း..။ မင်းရဲ့လုပ်ရပ်တွေက ဘာလဲ... ဒီလိုနဲ့ ဆရာ့ကျေးဇူးကို ပြန်ဆပ်နေတာလား"

"အမှန်ပဲ... မင်းက အရက်သောက်ဖို့ပဲသိတဲ့ အရက်သမားတစ်ယောက်ပဲလေ..။ မင်းက အိပ်မက်တောင်ကို ဒီအခြေအနေအထိရောက်အောင် ဆွဲချပြီးမှ ငါတို့ကို တိုက်ခိုက်ချင်နေတာလား"

"အကိုကူ... ငါတို့မင်းကို မျက်နှာမပျက်စေချင်ဘူးနော်"

"ငါတို့ တိုက်ခိုက်မယ်ဆိုရင် မင်းမှာ အခွင့်အရေးမရှိဘူး"

ကူမန်ရှန်းရဲ့စကားကိုကြားပေမဲ့ တောင်ထိပ်သခင်တွေက မကြောက်ကြပါဘူး။ သူတို့က မျက်လုံးထဲတောင် မထည့်ဟန်နဲ့ ပြောဆိုလိုက်ကြပါတယ်။

ဒါကိုကြည့်ရင် ဒီနှစ်တွေထဲမှာ ကူမန်ရှန်းရဲ့ဂုဏ်သိက္ခာက ဘယ်လောက်ထိ ကျဆင်းလာတယ်ဆိုတာ သိရမှာပါ။

သူ့ကို ဘယ်သူမှ မကြောက်တော့ပါဘူး။

သူဒေါသဖြစ်နေရင်တောင် ဂရုမစိုက်ကြတော့ပါ။

ချူးယွန်လည်း တိတ်တဆိတ်ပဲ ထိုင်နေလို့။ အခြေအနေ ရှုပ်ထွေးနေမှန်းသိပေမဲ့ ဒါက သူဝင်စွတ်ဖက်လို့ရတာ မဟုတ်ပါဘူး။

"မင်းတို့မသွားဘူးဆိုရင် ငါလိုက်ပို့ပေးမယ်"
တောင်ထိပ်သခင်တွေက မောက်မာနေပေမဲ့ ကူမန်ရှန်းကလည်းမကြောက်ပါ။

သူ့ဆီက မမြင်နိုင်တဲ့ အားလှိုင်းတွေ ထွက်ပေါ်လာကာ အားလုံးကို တွန်းထုတ်လိုက်ပါပြီ။

ဒီအင်အားကြီးက အလွန်ကို သန်မာလွန်းပါတယ်။ ဒီအင်အားလှိုင်းအရှေ့မှာ သူတို့က အရှိန်ပြင်းပြင်းနဲ့မောင်းလာတဲ့ နှံကောင်တွေလိုပါပဲ။ အားလုံး အနောက်ကို ဆုတ်သွားခဲ့ရပါပြီ။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
ထွားကြိုင်းတဲ့ လူလတ်ပိုင်းကြီး အံ့ဩသွားခဲ့ပါတယ်။ သူက ဂျူမုတောင်ထိပ်သခင် စုန့်လင်းရှန်ပါ။

သူက အထွတ်အထိပ် နီဗားနားနယ်ပယ် ကျင့်ကြံခြင်းအခြေခံရှိပြီး တောင်ထိပ်သခင်တွေထဲမှာတောင် ထိပ်တန်းငါးယောက်ကို ဝင်ရောက်နိုင်ပါတယ်။

ဂျူမုတောင်ကလည်း အဆင့်လေးတောင်တစ်လုံးပါ။

အခုတော့ ကူမန်ရှန်းကြောင့် အနောက်ကို ဆုတ်သွားခဲ့ရပါပြီ။

သူဘယ်လိုပဲ တွေးနေပါစေ၊ ကူမန်ရှန်းက ဘာဖြစ်လို့ ဒီလောက်သန်မာမှန်း မသိပါဘူး။။

သူတစ်ယောက်တည်းဆိုရင်တော့ သတိလက်လွတ် ဖြစ်နေတာကြောင့် အလစ်အငိုက်ခံရတယ်လို့ ဆိုနိုင်ပါသေးတယ်။

ဒါပေမဲ့ အခုတော့ နီဗားနားနယ်ပယ် တောင်ထိပ်သခင်တွေလည်း အနားမှာ ရှိနေခဲ့ပါပြီ။ ဒါပေမဲ့လည်း အဆုံးမှာတော့ မခုခံနိုင်ဘဲ အနောက်ကို လွင့်စဉ်သွားရဆဲပါ။

ဒါကြောင့် တောင်ထိပ်သခင်အားလုံး အကူအညီမဲ့သလို ခံစားလိုက်ရပါတော့တယ်။

"ညီလေးကူ... မင်းလည်း အထွတ်အထိပ် နီဗားနားနယ်ပယ်ကို ရောက်နေပြီလား"
စုန့်လင်းရှန် တုန်လှုပ်စွာနဲ့ ပြောလိုက်ပါတယ်။

ကူမန်ရှန်း ပြန်မဖြေတော့ဘဲ လေထဲမှာ သူ့လက်ကို နည်းနည်း လှုပ်ရှားလိုက်ပါပြီ။ သူ အော်ငေါက်လိုက်‌ပါတော့တယ်။
"အိပ်မက်တောင်က ထွက်သွားကြစမ်း"

"ဝမ်"
သူ့စကားဆုံးတာနဲ့ လေထဲမှာ လက်သီးကြီးတွေ ဖြစ်ပေါ်လာကာ တစ်ဖက်လူတွေဆီကို ပြေးဝင်သွားခဲ့ပါပြီ။ သူ့ရဲ့လက်သီးတစ်ချက်စီက အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်းရှိပါတယ်။

"ညီငယ်ကူ... မင်းမောက်မာလွန်းသွားပြီ... မင်းက နီဗားနားနယ်ပယ် အထွတ်အထိပ်ကို ရောက်နေရင်တောင် ငါတို့အားလုံးကို တပြိုင်နက်တည်း တိုက်ခိုက်တာက ဆုံးဖြတ်ချက်ကောင်း မဟုတ်ဘူး‌နော်"
စုန့်လင်းရှန် လှောင်ပြောင်လိုက်ပါတယ်။ သူ့ဆီကနေ ချက်ချင်းပဲ အေးစက်စက်အလင်းလှိုင်းတွေ ဖြာထွက်လာခဲ့ပါပြီ။

အစောပိုင်းက သူ မျက်နှာပျက်သွားရတာကြောင့် ဒီတစ်ခါတော့ ဖြေရှင်းဖို့ နည်းလမ်းရှာတော့မှာပါ။

"နဂါးမင်းဖျက်ဆီး"
သူ့လက်တွေက လေထဲမှာ နည်းနည်းလှုပ်ရှားလိုက်တာနဲ့ နဂါးဦးခေါင်းလို ‌သစ်တိုင်လုံးကြီးတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါက ကူမန်ရှန်းဆီကို ပြန်လည် တိုးဝင်သွားခဲ့ပါပြီ။

ဒီသစ်တိုင်လုံးကြီးက ဆယ်မီတာလုံးပတ်ရှိပြီး မီတာတစ်ရာ ရှည်လျားနေလို့ပါ။ တိုင်လုံးကြီး ဖြတ်သန်းသွားတဲ့လမ်းတစ်လျှောက်က လေထုဟာ တွန့်လိပ်သွားခဲ့ရပါပြီ။

"အကိုကူ.. မင်းက မောက်မာလွန်းသွားပြီပဲ... မင်းသဘောမတူရင်တောင် ညီအကိုတွေကို တိုက်ခိုက်လို့ မရဘူးကွ..။ ဒီနေ့တော့ ငါမင်းကို သင်ခန်းစာပေးမယ်"
နောက်တစ်ယောက်ကလည်း လေထဲမှာ သွေး ဆိုတဲ့ စာလုံးကို ရေးသားလိုက်ပါတယ်။

ဒီအခါမှာတော့ သွေးမြစ်ကြီးလို သွေးအလင်းတွေ ပေါက်ကွဲထွက်ပေါ်လာခဲ့ပါပြီ။ စူးရှတဲ့ သွေးညှီနံ့တွေကလည်း လေထဲမှာ ပျံ့နေလို့ပါ။

သူတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုက ကူမန်ရှန်းရဲ့ တိုက်ကွက်ကို လုံးဝ ချေမှုန်းပစ်လိုက်ပါတယ်။

ကူမန်ရှန်း ရုတ်တရက် မျက်ခုံးပင့်ကာ တစ်လုံးချင်း ပြောလိုက်ပါပြီ။
"မင်းတို့ ငါ့ကို တကယ်လုပ်စေချင်တာလား"

"ကူမန်ရှန်း... အရက်သမားကောင်၊ ဘာတွေပြောနေတာလဲ"
စုန့်လင်းရှန် လှောင်ပြောင်ပြီး သစ်သားတိုင်ကြီးကိုထပ်မံထိန်းချုပ်လိုက်ပါတယ်။

ဒီအခါ သစ်သားတိုင်ကြီးက အံ့မခန်းအင်အားတစ်ရပ်ကို သယ်ဆောင်ရင်း ကူမန်ရှန်းဆီကို ဆက်လက် တိုးဝင်သွားခဲ့ပါပြီ။

ကူမန်ရှန်းလည်း မျက်ခုံးပင့်ကာ သူ့လက်တွေကို စတင်လှုပ်ရှားလိုက်ပါတော့တယ်။

ဒါက ရတနာဓားဆယ်လက်ကျော်ပါ။ ဓားတွေက မယုံနိုင်စရာအမြန်နှုန်းနဲ့ ထွက်ပေါ်လာခဲ့ပါပြီ။

ဓားတွေက သစ်သားတိုင်ကြီးကိုတောင် ထက်ခြမ်းခွဲချသွားခဲ့ပါတယ်။

အခြားသူတွေရဲ့ တိုက်ကွက်တွေလည်း အသီးသီး ဖျက်ဆီးခံလိုက်ရပါပြီ။

အခုအခါ ဘယ်သူမှ မလှုပ်ဝံ့တော့ပါဘူး။ ဓားသွားတွေက သူ့တို့လည်ပင်းပေါ်ကို‌ ရောက်နေခဲ့ပါပြီ။

"မင်းတို့ ထွက်မသွားရင် သေရမယ်"
ကူမန်ရှန်းက သာမန်ကိစ္စကို ပြောနေသလို အေးစက်စက်နဲ့ ပြောလိုက်တာပါ။

ဓားတွေကတော့ တောင်ထိပ်သခင်တွေရဲ့ လည်ပင်ကို ထိကပ်ထားလို့။ သူနည်းနည်းလှုပ်ရှားလိုက်တာနဲ့ ခေါင်းပြတ်တွေ မြေပေါ်ကို လိမ့်သွားပါလိမ့်မယ်။

"အကိုကြီးကူ... မလုပ်.. မလုပ်ပါနဲ့"
အားလုံး အလွန်တုန်လှုပ်သွားကြတာပါ။ ကူမန်ရှန်းရဲ့ခွန်အားကို သူတို့ မေးခွန်းမထုတ်ဝံ့တော့ပါဘူး။

ကူမန်ရှန်းက ဘယ်လောက်ထိသန်မာတယ်ဆိုတာ သူတို့မသိပေမဲ့ လည်ပင်းပေါ်ဓားရောက်နေပြီမို့ လက်ရှိမှာ အတွေးတစ်ခုပဲ ရှိပါတော့တယ်။ အသက်ရှင်ဖို့က ပိုအရေးကြီးတယ်။

စုန့်လင်းရှန်လည်း တံတွေးတစ်ချက်မြိုချပြီး ပြောလိုက်ပါတယ်။
"ညီလေးကူ၊ စိတ်ကိုလျှော့ပါအုံး... ဒီအကိုက စိတ်ရှုပ်နေလို့ အမြင်ကန်းပြီး ညီလေးကို တိုက်ခိုက်မိတာပါ...‌ တောင်းပန်ပါတယ်"

စုန့်လင်းရှန် အလွန်ကြောက်လန့်နေတာကြောင့် သူ့မျက်နှာပေါ်က အဆီတွေတောင် တုန်ခါနေရလို့ပါ။

"ငါမင်းတို့ကို အများကြီးမပြောတော့ဘူး... ထွက်သွားမှာလား မသွားဘူးလား"
ကူမန်ရှန်းရဲ့မျက်နှာက အေးစက်နေဆဲပါ။

"သွားပါမယ်... ငါတို့ အခုထွက်သွားပါမယ်"
စုန့်လင်းရှန် အနောက်ကို ခြေလှမ်းနည်းနည်း ဆုတ်လိုက်ပြီးနောက် တချိုးတည်း ထွက်ပြေးသွားပါတော့တယ်။

အခြားတောင်ထိပ်သခင်တွေလည်း အတူတူပါပဲ။

"ဘာဖြစ်တာလဲ... ဘာတွေဖြစ်နေတာလဲ..။ ဒီအရက်သမားက ဘာဖြစ်လို့ ကြောက်စရာကောင်းလာတာလဲ"

"ငါဘယ်လိုလုပ်သိမှာလဲဟ... မင်းက ငါ့ကိုမေးတော့ ငါက ဘယ်သူ့ပြန်မေးရမှာလဲ"

"သူသာ နည်းနည်းပိုရက်စက်ရင် ငါတို့ အခုလောက်ဆို သေနေလောက်ပြီ"

ဒီတောင်ထိပ်သခင်တွေက အသန်မာဆုံးတွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ ဒီလိုဆိုရင်တောင် သူ့လို အရက်သမားတစ်ယောက်က ယှဉ်နိုင်တာမျိုး မဟုတ်သေးပါ။

ကူမန်ရှန်းဟာ အခြားသူတွေနဲ့ ဆက်ဆံခဲတာကြောင့်  အစွမ်းမရှိဘူးလို့ပဲ အားလုံးက သိထားကြပါတယ်။ သူက နီဗားနားနယ်ပယ်တောင် မရောက်နိုင်လို့ အရက်သောက်ရင်းပဲ အချိန်ဖြုန်းနေခဲ့သူပါ။

‌ဒါပေမဲ့ သူက ကြမ်းတမ်းတဲ့အင်အားကို ရုတ်တရက်ပြလာမယ်လို့ ဘယ်သူမှ ထင်မထားခဲ့ပါဘူး။

ဒါက မယုံနိုင်စရာပါပဲ။

အခြားသူတွေ ထွက်ခွာသွားတဲ့အခါ ကူမန်ရှန်း အကြည့်ပြန်ရုတ်ပြီး ချူးယွန်ကို ပြောလိုက်ပါတယ်။
"မင်းဆက်ပြီး လေ့ကျင့်တော့..."

"ဟုတ်ကဲ့ပါ"
ချူးယွန်လည်း တင်ပျဉ်ခွေထိုင်ပြီး ပြန်လည် နားလည်ဆင်ခြင်လိုက်ပါပြီ။

ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ အစောပိုင်းက မြင်ကွင်းတွေပဲ လွှမ်းမိုးထားလို့ပါ။

‌ဂျူမုတောင်သခင် စုန့်လင်းရှန်က အထွတ်အထိပ် နီဗားနားနယ်ပယ်မှာ ရှိပါတယ်။ ကျန်တဲ့သူတွေကလည်း နီဗားနားနယ်ပယ်တွေချည်းပါပဲ။

ဘယ်လိုပဲကြည့်ကြည့် သူတို့အုပ်စုက အင်အားကောင်းပြီးသားပါ။

ဒါပေမဲ့ ကူမန်ရှန်းက လုံးဝ ချေမှုန်းပစ်ခဲ့ပါပြီ။

ကူမန်ရှန်းက ဖန်ဆင်းရှင်များလား။

"ဟမ့်"
ကူမန်ရှန်း နှာခေါင်းတစ်ချက်ရှုံ့လိုက်ပါတယ်။ ဒီနောက် လက်ညိုးတစ်ချက်ညွှန်ကာ ချူးယွန်ရဲ့ အတွေးတွေကို ရပ်တန့်စေလိုက်ပါတော့တယ်။

"အချိန်က အရမ်းအဖိုးတန်တယ်... မင်းအချိန်ဆက်ဖြုန်းနေရင် တတိယစမ်းသပ်မှုကို အောင်မြင်မှာ မဟုတ်ဘူး"
ကူမန်ရှန်းက အေးစက်စက်နဲ့ ပြောလိုက်ပါတယ်။

ချူးယွန်လည်း ရယ်ကျဲကျဲနဲ့ မျက်လုံးမှိတ်ကာ နားလည်ဆင်ခြင်လိုက်ပါပြီ။

သူ့နှလုံးသားက ကန်ရေပြင်လို တည်ငြိမ်လာခဲ့ပါတယ်။

ဒီအခြေအနေမှာဆိုရင် ကြိုးစားမှုက ရလဒ်နှစ်ဆပိုမှာပါ။

မနက်ပိုင်းအချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပါပြီ။

ချူးယွန်ရဲ့ ရိတ်သိမ်းမှုက မနည်းလှပါဘူး။ သူဟာ တာအိုအခြေခံကို အလွန်နားလည်လာခဲ့ပါပြီ။ သူက တာအိုအခြေခံကို လုံးဝ နားမလည်သေးပေမဲ့ အချိန်တစ်ခုပဲ လိုမှာပါ။

"ဆရာ..။ ချူးယွန်... နင့်ရဲ့တိုးတက်မှုက ဘယ်လိုနေလဲ"
နဝမမင်းသမီးက အခန်းထဲကနေ ထွက်လာခဲ့ပါတယ်။

သူ့ရဲ့ တိုးတက်မှုက အလွန်မြန်ဆန်ပြီး မော်တယ်နယ်ပယ် ဒုတိယအဆင့်ကို ရောက်သွားခဲ့ပါပြီ။

ဒီအမြန်နှုန်းဟာ ဟိုတစ်ချိန်က ချူးယွန်ထက်တောင်  အများကြီးပိုမြန်ပါသေးတယ်။

နောက်ဆုံးမှာတော့ ကောင်းကင်အဆင့်တစ်ဆယ် သိုင်းဝိညာဉ်ဟာ ပြီးပြည့်စုံမှု ရှိနေခဲ့တယ် မဟုတ်လား။ သူ့ရဲ့ စွမ်းအင်စုပ်ယူနှုန်းက ရေဝဲကြီးတစ်ခုလိုပါပဲ။

အပိုင္း ( 1196 )

"ေတာင္ထိပ္သခင္လီ... ငါစိတ္ထဲမွာ ‌ဆုံးျဖတ္ၿပီးပါၿပီ၊ ထပ္ေျပာစရာ မလိုေတာ့ဘူး"
ခ်ဴးယြန္ အပိုေတြ မေျပာခ်င္ေတာ့ပါဘူး။

ေနာက္ဆုံးမွာေတာ့ သူ႕ရဲ႕ မူလရည္႐ြယ္ခ်က္ဟာ ကူ႐ွိေခ်ာင္နဲ႔ ေတြ႕ဖို႔ပဲ မဟုတ္လား။

"နင္ေရာ ဘယ္လိုလဲ"
လီခ်င္းက ေဒါသကိုထိန္းၿပီး နဝမမင္းသမီးကို လွည့္ၾကည့္လိုက္ပါတယ္။

ခ်ဴးယြန္က ေလ့ဖုန္းနဲ႔ မပူးေပါင္းခ်င္ဘူးဆိုရင္ သူဘယ္လိုပဲ ဖိအားေပးေနပါေစ၊ အသုံးဝင္မွာ မဟုတ္ပါဘူး။

ဒါေပမဲ့ နဝမမင္းသမီးေတာ့ က်န္ေနပါေသးတယ္။ သူ႕မွာ က်င့္ၾကံျခင္းအေျခခံမ႐ွိေပမဲ့ ေသခ်ာပ်ိဳးေထာင္ေပးရင္ အနာဂါတ္ေအာင္ျမင္မႈေတြက ဟန္႐ွင္းထက္ နိမ့္က်မွာမဟုတ္တာ ေသခ်ာပါတယ္။

ဒါေပမဲ့ အိပ္မက္ေတာင္ကို ဝင္ေရာက္သြားတာေၾကာင့္ ခ်ဴးယြန္ဘဝက ၿပီးသြားခဲ့ပါၿပီ။

သူ႕အရည္အခ်င္းက ဘယ္ေလာက္ပဲ ေၾကာက္စရာေကာင္းေနပါေစ အိပ္မက္ေတာင္သခင္ရဲ႕ လမ္းၫႊန္မႈကို ခံယူဖို႔ မျဖစ္ႏိုင္ပါဘူး။

ကူမန္႐ွန္းက အရက္ခ်ိဳးျဖစ္တာေၾကာင့္ ဘယ္သူ႕ကိုမွ သင္ၾကားေပးဖို႔ စိတ္မဝင္စားပါ။

ဒီအတြက္ ခ်ဴးယြန္ဆိုရင္ေတာင္ ဘာမ်ား ထူးလာမွာမို႔လဲ။

နဝမမင္းသမီးကေတာ့ ဘာမွျပန္မေျပာဘဲ ခ်ဴးယြန္ကိုသာ လွည့္ၾကည့္လိုက္ပါၿပီ။ သူက ခ်ဴးယြန္ကိုၾကည့္ၿပီး ျပဳံးကာ ေျပာလိုက္ပါတယ္။
"သူသြားတဲ့ေနရာကို ငါသြားမယ္"

သူ႕အသံက ႏူးညံ့ေပမဲ့ ဒီက ျပတ္သားမႈေတြကို လူတိုင္း သိႏိုင္ပါတယ္။

ဘယ္အရာကမွ သူ႕စိတ္ကို မေျပာင္းလဲႏိုင္ေတာ့ပါဘူး။

လီခ်င္းလည္း မယုံၾကည္ႏိုင္ဟန္နဲ႔ ေျပာလိုပ္ပါၿပီ။
"နင္ဘာေတြ ေျပာေနတာလဲ..။ သူ႕ဦးေႏွာက္က ပ်က္ဆီးေနၿပီ၊ နင္ဘာလို႔ သူနဲ႔ ေလွ်ာက္လိုက္ေနတာလဲ..။ ဒါက ႀကီးမားတဲ့ အခြင့္အေရးႀကီးေနာ္... ပါရမီ႐ွင္ေတြအမ်ားႀကီးက ဒီအခြင့္အေရးကို လိုခ်င္ေနၾကတာ..။ ေလ့ဖုန္းေတာင္ကို ဝင္ေရာက္မွပဲ နင့္အတြက္ ႀကီးမားတဲ့ တိုးတက္မႈကို ျဖစ္ေစလိမ့္မယ္..။ အိပ္မက္ေတာင္ကို ဝင္ၿပီဆိုရင္ေတာ့ နင့္ဘဝဆုံးၿပီပဲ"

နဝမမင္းသမီးက လီခ်င္းကို ဂ႐ုမစိုက္ပါဘူး။ သူက ခ်ဴးယြန္ကိုပဲ ၾကည့္ေနခဲ့ပါတယ္။

"ေကာင္းတယ္.. သိပ္ေကာင္းတယ္"
လီခ်င္းလည္း အံကို တင္းတင္းႀကိတ္ၿပီး ခ်ဴးယြန္တို႔ကို စိုက္ၾကည့္လိုက္ပါၿပီ။

ဒီအခါ ပိုထ်န္းက ေလွာင္ေျပာင္ ေျပာဆိုလိုက္ပါတယ္။
"ညီေလး၊ မင္းက တကယ္ အ႐ွက္မ႐ွိတာပဲ... တစ္ဖက္လူက ေလ့ဖုန္းကို မဝင္ေရာက္ဘူး ဆိုတာေတာင္မွ မင္းက ဆက္ၿပီးေႏွာင့္ယွက္ေနေသးတယ္..။ ေကာင္ေလး... ငါ့ရဲ႕ မုျဒာေတာင္ထိပ္နဲ႔ ပူးေပါင္းခ်င္လား..။ ငါ့ရဲ႕ မုျဒာေတာင္ထိပ္က ပန္းခ်ီဂိုဏ္းရဲ႕ နံပါတ္တစ္ပဲေနာ္"

"မင္း..."
ပိုထ်န္းက သူ႕ကို တိုက္ခိုက္လာတာေၾကာင့္ လီခ်င္း ေဒါသတႀကီး ျဖစ္သြားခဲ့ပါၿပီ။

"အိုး... ေလ့ဖုန္းနဲ႔ မုျဒာေတာ့ အားၿပိဳင္ေနၾကၿပီေဟ့"

"ပထမေတာင္နဲ႔ ဒုတိယေတာင္ေတာ့ တကယ္ႀကီး ယွဥ္ၿပိဳင္ေနၾကၿပီ"

"သူတို႔ရဲ႕ ပါရမီေတြက အရမ္းျမင့္မား‌တာမို႔ ဒီလို လုၾကရတာက ပုံမွန္ပါပဲ"

"က်င့္ၾကံသူမဟုတ္တဲ့ နဝမမင္းသမီးက ပန္းခ်ီပညာမွာ ဒီလိုထူးခြၽန္တဲ့ အရည္အခ်င္းေတြ တကယ္႐ွိမယ္လို႔ ထင္မထားခဲ့မိဘူး"

"အမွန္ပဲ.. တတိယမ်ိဳးဆက္ရဲ႕ နံပါတ္တစ္ဟန္႐ွင္းေတာင္မွ သူတို႔ထက္အားနည္းတယ္လို႔ၾကားတယ္"

"..."

က်င့္ၾကံသူေတြက တစ္ေယာက္ကိုတစ္ေယာက္ အံအားသင့္ဟန္နဲ႔ၾကည့္ၿပီး ေျပာလိုက္ၾကပါတယ္။

"မင္းကမ်ား ငါနဲ႔ယွဥ္ၿပိဳင္ခ်င္ေနေသးတယ္..။ မင္းလက္ခံသည္ျဖစ္ေစ လက္မခံသည္ျဖစ္ေစ... ငါ့ရဲ႕ မုျဒာေတာင္က မင္းကို ေနရာတိုင္းမွာ ဖိအားေပးထားမွာပဲ..။ မင္းေပးႏိုင္တဲ့ အေျခအေနေတြကို ငါေပးႏိုင္တယ္... ငါက မင္းထက္ေတာင္ ပိုေကာင္းေအာင္ ေပးႏိုင္ေသးတယ္"
ပိုထ်န္းက အက်ႌလက္စကို ခါယမ္းၿပီး အ႐ွိန္အဝါႀကီးစြာ ေျပာလိုက္ပါတယ္။

သူေျပာတာအမွန္ပါ။ ပထမေတာင္ထိပ္အေနနဲ႔ သူဟာ အားလုံးထက္ပိုၿပီး ေပးစြမ္းႏိုင္ခဲ့ပါတယ္။

"ပိုထ်န္း... မင္းလြန္သြားၿပီ"
လီခ်င္း လက္သီးဆုပ္လိုက္ပါၿပီ။

ပိုထ်န္းကေတာ့ ဂ႐ုမစိုက္ဟန္နဲ႔ လက္ႏွစ္ဖက္ကိုေနာက္ပစ္ကာ ရပ္ေနဆဲပါ။ သူက ခ်ဴးယြန္နဲ႔ နဝမမင္းသမီးကိုသာ ၾကည့္ေနခဲ့ပါတယ္။

ဒီႏွစ္ေယာက္အေၾကာင္းကို သူမသိပါဘူး။ ဒါေပမဲ့ လီခ်င္းက အလြန္တန္ဖိုးထားေနတာေၾကာင့္ ဝင္စမ္းၾကည့္လိုက္တာပါ။

တကယ္လို႔ ေအာင္ျမင္ခဲ့ရင္ေတာ့ ဒါက လီခ်င္းအတြက္ ထိုးႏွက္ခ်က္တစ္ခု ျဖစ္သြားပါလိမ့္မယ္။

'ဆရာႀကီးက တကယ္လုပ္ခ်င္ေနတာလား'
ဒါကိုျမင္ေတာ့ ခ်င္ေဟြ႕ ေဒါသတႀကီး ျဖစ္သြားခဲ့ပါတယ္။

ဒီႏွစ္ေယာက္ ေရာက္လာတာနဲ႔ သူ႕ရဲ႕အ႐ွိန္အဝါေတြကို လုံးဝ လႊမ္းမိုးသြားမွာပါ။

ဒါေၾကာင့္ သူဟာ ခ်ဴးယြန္နဲ႔ နဝမမင္းသမီးေရာက္လာမွာကို မလိုလားပါဘူး။

ဟုတ္ပါတယ္... ဒါေတာင္မွ ခ်င္ေဟြ႕ဟာ ခ်ဴးယြန္က ေကာင္းကင္နတ္လိပ္ပန္းခ်ီကားကို ဝယ္ယူသြားသူမွန္း မသိလို႔ပါ။ မဟုတ္ရင္ ေသေလာက္ေအာင္ ေဒါသျဖစ္သြားပါလိမ့္မယ္။

ပိုထ်န္းရဲ႕ သေဘာထားကို ခ်ဴးယြန္ဟာ သေဘာက်မႈေတာ့ ႐ွိပါတယ္။ ဒါေပမဲ့လည္း အဆုံးမွာ သူျငင္းဆန္လိုက္ဆဲပါ။
"ေတာင္ထိပ္သခင္ပို... ငါတို႔ႏွစ္ေယာက္စလုံးက အိပ္မက္ေတာင္ထိပ္ကို ဝင္ေရာက္ဖို႔အတြက္ ဆုံးျဖတ္ၿပီးပါၿပီ..။ ပန္းခ်ီပညာ႐ွိရဲ႕ တပည့္မျဖစ္ႏိုင္ရင္ေတာင္ ငါတို႔စိတ္က ေျပာင္းလဲမွာ မဟုတ္ပါဘူး"

"ဟားဟားဟား... ‌ေကာင္းတယ္၊ ရည္မွန္းခ်က္ ႀကီးမားတယ္"
ပိုထ်န္းက ေဒါသမျဖစ္ဘဲ အားပါးတရ ရယ္ေမာလိုက္ပါၿပီ။

သူက စိတ္ေအးခ်မ္းၿပီး ရန္မလိုတတ္ပါဘူး။ ဒီအပိုင္းမွာေတာ့ သူဟာ လီခ်င္းနဲ႔ လုံးဝဆန္႔က်င္ဘက္ပါပဲ။

"ေကာင္းတယ္.. သိပ္ေကာင္းတယ္...။ ငါမင္းတို႔ႏွစ္ေယာက္ကို မွတ္ထားတယ္"
လီခ်င္းက ရက္စက္ၾကမ္းၾကဳတ္တဲ့ မ်က္လုံးေတြနဲ႔  ခ်ဴးယြန္တို႔ကို လွည့္ၾကည့္လိုက္ပါတယ္။

သူ႕စကားေတြက ၿခိမ္းေျခာက္မႈအျပည့္နဲ႔ပါ။

"ေတာင္ထိပ္သခင္လီ.. မင္းက ေယာက္ခ်ီျမင့္ျမတ္တိုင္းျပည္ရဲ႕ မင္းသမီးနဲ႔ သူ႕ခင္ပြန္းေလာင္းကို ၿခိမ္းေျခာက္ေနတာလား"
ေကာင္းကုန္းကုန္းက ျမင္းၿမီးၾကာပြတ္ကို ခါယမ္းၿပီး ေအးစက္စက္နဲ႔ ေျပာလိုက္ပါတယ္။

'မင္းသမီးရဲ႕ ခင္ပြန္းေလာင္းလား'
ဒါကိုၾကားေတာ့ ခ်ဴးယြန္ ေသြးအန္လုနီး ျဖစ္သြားခဲ့ပါတယ္။ ဒီအေနအထားကို ငါဘယ္တုန္းက လက္ခံမယ္ေျပာလို႔လဲ။

ဒါေပမဲ့ ေကာင္းကုန္းကုန္းက တစ္ဖက္လူကို ၿခိမ္းေျခာက္ခ်င္ခဲ့တာမွန္း သူသိခဲ့ပါတယ္။

"ဟမ့္"
လီခ်င္း မ်က္ႏွာပ်က္သြားသလို ခံစားရတာေၾကာင့္ ခ်က္ခ်င္း ထြက္ခြာသြားခဲ့ပါေတာ့တယ္။

"အိပ္မက္ေတာင္ကို မင္းဘာေၾကာင့္ ေ႐ြးခ်ယ္ခဲ့တာလဲဆိုတာ ငါမသိေပမဲ့... မင္းတို႔က ဆႏၵ႐ွိေနမွေတာ့  မင္းကံေကာင္းပါေစလို႔ ဆုေတာင္းပါတယ္"
ပိုထ်န္းက ေခါင္းညိတ္ၿပီး တပည့္ေ႐ြးခ်ယ္ဖို႔ ျပန္လွည့္လိုက္ပါတယ္။

"ဝႉး"
ခ်င္ေဟြ႕ စိတ္သက္သာရာရၿပီး သက္ျပင္းခ်လိုက္ပါၿပီ။ ကံေကာင္းလို႔ ခ်ဴးယြန္က မုျဒာေတာင္ကို မဝင္ေရာက္ခဲ့ပါဘူး။ မဟုတ္ရင္ သူ႕အတြက္ အေျခအေနေကာင္းမွာ မဟုတ္ပါ။

ခ်ဴးယြန္နဲ႔ နဝမမင္းသမီးက ပါရမီကို ထုတ္ေဖာ္ျပသလာတာနဲ႔ သူ႕ကို ေမ့ေလ်ာ့သြားၾကပါလိမ့္မယ္။

ခ်ဴးယြန္နဲ႔ နဝမမင္းသမီးလည္း ဆက္လက္ ေလွ်ာက္လွမ္းခဲ့ပါၿပီ။ ဒါေပမဲ့ ခဏၾကာတဲ့အထိ ကူမန္႐ွန္းကို မေတြ႕ေသးပါဘူး။ တစ္နည္းဆိုရရင္ေတာ့   ကူမန္႐ွန္းဟာ တပည့္ေ႐ြးခ်ယ္ဖို႔အတြက္ ဒီေနရာကို မလာခဲ့ပါ။

"ၾကည့္ရတာ ေတာင္တံခါးကို လိုက္႐ွာသြားရေတာ့မွာပဲ"
ခ်ဴးယြန္လည္း မတတ္သာဟန္နဲ႔ ရယ္ေမာလိုက္ပါၿပီ။

"ညီေနာင္... အိပ္မက္ေတာင္ထိပ္ကို ဘယ္ကသြားရမလဲ"
ပန္းခ်ီဂိုဏ္းက တပည့္တစ္ေယာက္ ထြက္လာတာကိုျမင္ေတာ့ ခ်ဴးယြန္လည္း အျမန္ေမးၾကည့္လိုက္ပါတယ္။

အဲဒီတပည့္က နဝမမင္းသမီးကိုျမင္ေတာ့ ခ်ဴးယြန္ကို ဂ႐ုမစိုက္ေတာ့ပါဘူး။ သူက ခ်က္ခ်င္းအေ႐ွ႕တိုးကာ စိတ္လႈပ္႐ွားစြာနဲ႔ ေျပာလိုက္ပါတယ္။
"ညီမေလး.. နင္က တိုင္ဂန္နယ္နိမိတ္ကလာတဲ့ က်င့္ၾကံသူမဟုတ္လား..။ နင္က ေတာင္ထိပ္ကိုးဆယ့္ကိုးခုမွာ အညံ့ဆုံးျဖစ္တဲ့ အိပ္မက္ေတာင္ကိုသြားရင္ အနာဂါတ္႐ွိေတာ့မွာ မဟုတ္ဘူးေနာ္..။ ဒီေတာ့ ဒီအကိုႀကီးရဲ႕ ယြန္ဝူေတာင္ကိုလာသင့္တယ္..။ ယြန္ဝူေတာင္က ေတာင္ထိပ္ ကိုးဆယ့္ကိုးခုထဲမွာ အရမ္းေၾကာက္စရာေကာင္းတဲ့ အင္အား႐ွိတယ္..။ ယြန္ဝူေတာင္မွာဆိုရင္ ညီမေလးရဲ႕ခြန္အားက အျမန္ဆုံး တိုးတက္လာမွာ"

အဲဒီလူက မဟုတ္တဲ့စကားကို မရပ္မနားေျပာေနတာေၾကာင့္ ခ်ဴးယြန္ မ်က္ေမွာင္ၾကဳတ္လိုက္ပါၿပီ။ သူက နဝမမင္းသမီးအေ႐ွ႕မွာ ဝင္ရပ္ၿပီး ေျပာလိုက္ပါတယ္။
"ငါတို႔က အိပ္မက္ေတာင္ရဲ႕ ေနရာကိုပဲ သိခ်င္တာ... ေျပာႏိုင္ရင္ ေျပာပါ"

"ငါစကားေျပာေနတာ မင္းမျမင္ဘူးလား... ထြက္သြားစမ္း"
လူငယ္ ေဒါသတႀကီး ျဖစ္သြားခဲ့ပါတယ္။ သူက ခ်က္ခ်င္းပဲ ခ်ဴးယြန္ကို တြန္းထုတ္လိုက္ပါၿပီ။

ဒါေပမဲ့ ခ်ဴးယြန္က ေနာက္မဆုတ္ဘဲ ျပန္တြန္းထုတ္လိုက္ပါတယ္။

"ေဖာင္း ေဖာင္း"
ဒီအခါမွာေတာ့ လူငယ္လက္ႏွစ္ဖက္ဟာ ေပါက္ကြဲသြားရပါေတာ့တယ္။

ေသြးနဲ႔ အသားစေတြလည္း ေနရာအႏွံ႔ကို ျဖာထြက္သြားခဲ့ပါၿပီ။

"အား"
လူငယ္လည္း ေအာ္ဟစ္ရင္း အေနာက္ကို လြင့္စဥ္သြားခဲ့ပါေတာ့တယ္။

"ဘာ"

"ငါတို႔ ပန္းခ်ီဂိုဏ္းမွာ ျပႆနာ႐ွာဝံ့သူ ႐ွိတာလား"

"အဲတာဘယ္သူလဲ"

ပန္းခ်ီဂိုဏ္းရဲ႕ တပည့္ေတြက ခ်က္ခ်င္း ေျပးလာခဲ့ၾကပါတယ္။

ဒါကိုျမင္ေပမဲ့ ခ်ဴးယြန္က မေၾကာက္႐ြ႕ပါဘူး။ သူက ေအးစက္စက္နဲ႔ ေျပာလိုက္ပါတယ္။
"ငါက လမ္းပဲေမးခ်င္တာ... သူက အရင္လာတိုက္ခိုက္တာကို... ေနာက္ဆုံးေတာ့ ဒီလိုျဖစ္သြားတာပဲ"

"မင္းမဟုတ္တာ မေျပာနဲ႔... မင္းက လမ္းေမးၿပီး အရင္စတိုက္ခိုက္တာ"
လက္ျပတ္သြားတဲ့လူက နာက်င္စြာ ေအာ္ဟစ္ရင္း ေျပာလိုက္ပါတယ္။
"အကိုႀကီးတို႔.. ငါက ယြန္ဝူေတာင္က တပည့္ပါ... သူက အျပင္လူ"

အနီးနားက တပည့္ေတြလည္း တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ၿပီးေနာက္ ေျပာလိုက္ပါၿပီ။
"ဘာပဲျဖစ္ျဖစ္... ငါတို႔က သမာသမတ္က်က် ေဆာင္႐ြက္တာ..။ မင္းအခု ႐ွင္းျပစမ္း"

"႐ွင္းျပရမွာလား"
ခ်ဴးယြန္က ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္ၿပီး ေျပာလိုက္တယ္။
"မင္းတို႔က လူအမ်ားနဲ႔ အမွားကိုအမွန္လုပ္ခ်င္တာလား"

"ေတာ္ၿပီ.. အပိုေတြမေျပာေတာ့နဲ႔... သူ႕ကိုဖမ္း"
ေခါင္းေဆာင္လူငယ္က ဓားတစ္လက္ကို ေရးဆြဲၿပီး ခ်ဴးယြန္ကို ပစ္လႊတ္လိုက္ပါတယ္။

အျခားသူေတြကလည္း ခ်ဴးယြန္ကို နည္းလမ္းမ်ိဳးစုံနဲ႔ တိုက္ခိုက္လိုက္ပါၿပီ။

"ဟမ့္... ငေၾကာင္ေတြ"
ခ်ဴးယြန္လည္း နဝမမင္းသမီးကို အေနာက္မွာထားၿပီး ျပန္လည္ တိုက္ခိုက္လိုက္ပါေတာ့တယ္။
"ေျမေအာက္တေစၧလက္သီး"

"ဝုန္း"
ဒီအခါ ရက္စက္ၾကမ္းၾကဳတ္ဟန္နဲ႔ တေစၧသရဲပုံရိပ္ေတြက စူးစူးဝါးဝါးေအာ္ဟစ္ရင္း ေျပးထြက္လာခဲ့ၾကပါတယ္။

တေစၧသရဲေတြက ပန္းခ်ီဂိုဏ္းသားဆယ္ေရာက္ရဲ႕ တိုက္ခိုက္မႈကို ေခ်ဖ်က္လိုက္ပါတယ္။ ဒီေနာက္ အားလုံးကို လႊမ္းျခဳံသြားခဲ့ပါၿပီ။

ဒါက နတ္ဆိုးည ေပးလိုက္တဲ့ သိုင္းပညာပါ။ ေနာက္ၿပီး ဒီလူေတြက ေသျခင္း႐ွင္ျခင္းနယ္ပယ္ေတြျဖစ္တာေၾကာင့္ ခ်ဴးယြန္ကို ဘယ္လိုမွ မခုခံႏိုင္ေတာ့ပါဘူး။

"အား..."
တပည့္အမ်ားစုဟာ မ်က္လုံးေတြ ေပါက္ထြက္သြားခဲ့ၾကပါတယ္။ သူတို႔ဟာ နာက်င္မႈေၾကာင့္ မ်က္လုံးကို လက္နဲ႔အုပ္လိုက္ေပမဲ့ ေသြးေတြဟာ လက္ခြၾကားကေန စီးက်လာခဲ့ပါၿပီ။

တခ်ိဳ႕ကလည္း ဝမ္းဗိုက္ေတြကို လက္နဲ႔ႏွိပ္ၿပီး ပစ္လဲကုန္ၾကပါတယ္။

ခဏခ်င္းမွာပဲ အားလုံးဟာ ေျမျပင္မွာ လူးလွိမ့္ေနရပါေတာ့တယ္။

ဒီဒဏ္ရာေတြက သူတို႔ကို မေသေစႏိုင္ေပမဲ့ ဘဝဝစ္ခုလုံး မွတ္သြားေစဖို႔ လုံေလာက္ခဲ့ပါၿပီ။

ခ်ဴးယြန္အတြက္ေတာ့ ဒါက ေဖာ္ျပဖို႔ေတာင္ မထိုက္တန္ပါဘူး။ ေနာက္ဆုံးမွာေတာ့ သူက ျပန္လည္ဝင္စားျခင္းနယ္ပယ္ေတြကိုေတာင္ ႐ိုက္ႏွက္ခဲ့တာ မဟုတ္လား။

ဒါကိုျမင္ၿပီးေနာက္ လက္ျပတ္သြားတဲ့လူငယ္ဟာ ေၾကာက္လန္႔တၾကားနဲ႔ အေနာက္ဆုတ္သြားခဲ့ပါတယ္။

တစ္ဖက္လူက ဒီေလာက္ထိ ေၾကာက္စရာေကာင္းမယ္လို႔ ထင္မထားခဲ့ပါဘူး။

"အေစာပိုင္းက ငါမင္းကို အသက္႐ွင္ခြင့္ေပးခဲ့တယ္..။  ဒါကိုေတာင္ မင္းက ေနာင္တမရဘဲ ဆက္တိုးလာမယ္လို႔ ထင္မထားခဲ့ဘူး..။ ဒီလိုဆိုမွေတာ့ ေသလိုက္ပါေတာ့"
ခ်ဴးယြန္က ေအးစက္စက္နဲ႔ လက္ညိဳးတစ္ခ်က္ၫႊန္လိုက္ပါတယ္။

ဒီအခါမွာေတာ့ ေတာက္ပတဲ့ ဓားအလင္းတစ္ခုက သူ႕နဖူးကို ထိုးေဖာက္သြားခဲ့ပါေတာ့တယ္။


1197

လူတစ္ေယာက္ကို သတ္လိုက္ေပမဲ့ တိရစၧာန္‌တစ္ေကာင္ကို သတ္လိုက္ရသလို သူ႕မ်က္ႏွာက အေျပာင္းအလဲ မ႐ွိပါဘူး။

ဒဏ္ရာအျပင္းအထန္ရသြားတဲ့ တပည့္အားလုံး တုန္လႈပ္သြားခဲ့ၾကပါၿပီ။

ခ်ဴးယြန္ကိုၾကည့္ရင္း သူတို႔ဟာ စိတ္ပ်က္အားငယ္မႈကို ခံစားလာခဲ့ရပါတယ္။

ဒီမွာဆက္ေနရင္ သူတို႔လည္း အလားတူပဲ ေသရေတာ့မွာပါ။

ခ်ဴးယြန္က ဘယ္သူ႕ကိုမွ ဂ႐ုမစိုက္ဘဲ သတ္ျဖတ္ေနတယ္ မဟုတ္လား။ ဒါက သူတို႔ကို အလြန္ေၾကာက္႐ြံ႕သြားေစခဲ့ပါတယ္။

"ရက္စက္လိုက္တာ"

"မင္းက ဒီေလာက္ငယ္ငယ္နဲ႔ ရက္စက္လြန္းတယ္.. မင္းတကယ္ေသသင့္ၿပီ"

"ငါတို႔ပန္းခ်ီဂိုဏ္းက မင္းထင္သလို လုပ္ႏိုင္တဲ့ ေနရာမဟုတ္ဘူးကြ"

ခ်က္ခ်င္းပဲ အႀကီးအကဲေတြပါ အနားေရာက္လာၿပီး  ေအာ္ဟစ္လိုက္ပါတယ္။

"မင္းတို႔ပန္းခ်ီဂိုဏ္းက တကယ္ကို အက်ိဳးသင့္‌အေၾကာင္းသင့္ မစဥ္စားတတ္ဘူးပဲ..။ ေရာက္တာနဲ႔ ငါ့ကို ႀကိမ္းေမာင္းဖို႔ပဲ သိတယ္..။ အေျခအေနကို အရင္မစုံစမ္းဘူး"

ခ်ဴးယြန္က ေလွာင္ေျပာင္ ေျပာဆိုလိုက္ပါတယ္။
"ေနာက္ၿပီး ငါက မင္းတို႔ဂ္ုဏ္စရဲ႕ အမိႈက္ေတြကို ကူ႐ွင္းေပးေနတာ..။ ဒါကို ေက်းဇူးမတင္ဘဲ ဒီလိုဆက္ဆံဝံ့တယ္ေပါ့... ဒါက ငါ့ႏွလုံးသားကိုေတာင္ တုန္လႈပ္ေစတယ္"

ဒါကိုၾကားၿပီးေနာက္ အႀကီးအကဲေတြ မ်က္ႏွာ႐ႈံ႕မဲ့သြားခဲ့ၾကပါတယ္။ သူတို႔ေတြ ခ်က္ခ်င္းပဲ တိုက္ခိုက္ဖို႔ ဟန္ျပင္လိုက္ၾကပါၿပီ။

"ရပ္စမ္း"
႐ုတ္တရက္ ပိုထ်န္းက အနားေရာက္လာကာ ေအးစက္စက္နဲ႔ ေျပာလိုက္ပါတယ္။
"ဘာျဖစ္ၾကတာလဲ"

"မုျဒာေတာင္ထိပ္သခင္... မင္းက သမာသမတ္က်သူမို႔ မင္းပဲ စဥ္းစားၾကည့္ပါ"
ခ်ဴးယြန္ ရယ္ေမာၿပီး ေျပာလိုက္ပါတယ္။
"ငါက အိပ္မက္ေတာင္ရဲ႕ ေနရာကိုသိခ်င္လို႔ သြားေမးတာ..။ ဒါေပမဲ့ သူက ငါ့ကိုအရင္စတိုက္ခိုက္တယ္... ငါက ခုခံလိုက္ေတာ့ ငါ့ကိုတိုက္ခိုက္ဖို႔ အျခားတပည့္ေတြကို ထပ္ၿပီး ဆြဲေဆာင္တယ္..။ ဒါေၾကာင့္ ငါလက္တုံ႔ျပန္တာ မွားလား"

"ဒီလိုဆိုရင္ေတာင္ မင္းသတ္လို႔ မရဘူး"
အႀကီးအကဲေတြ ေဒါသတႀကီး ျဖစ္ေနၾကလို႔ပါ။ သူတို႔ဟာ ဂုဏ္သိကၡာေတြ နင္းေခ်ခံရသလို ခံစားလိုက္ၾကရပါတယ္။

"ဒီလိုအေသးအဖြဲေလးကို ဘာေျပာစရာ႐ွိေသးလို႔လဲ..။ ေတာင္ထိပ္ ကိုးဆယ့္ကိုးခုမွာ ဒီလိုအမိႈက္ေတြက အၿမဲ႐ွိတာပဲ..။ သူတို႔ကို ဖယ္႐ွားႏိုင္တာ ေကာင္းတယ္"
ပိုထ်န္းက သူ႕လက္ကိုေဝွ႔ယမ္းၿပီး စိတ္မဝင္စားဟန္နဲ႔ ေျပာလိုက္ပါတယ္။
"မင္းက အိပ္မက္ေတာင္ကို လိုက္႐ွာတာလို႔ ေျပာတယ္ေနာ္... ခ်န္မင္၊ သူတို႔ကို လိုက္ပို႔လိုက္"

"ဟုတ္ကဲ့ပါဆရာ"
လူငယ္တစ္ေယာက္က ခ်ဴးယြန္နဲ႔ နဝမမင္းသမီးကိုၾကည့္ၿပီး ေျပာလိုက္ပါတယ္။
"ငါ့အေနာက္ကို လိုက္ခဲ့ပါ"

ပိုထ်န္းက ေျပာလာတာေၾကာင့္ အဘိုးႀကီးေတြ တိတ္ဆိတ္သြားခဲ့ၾကပါၿပီ။ သူတို႔က မေက်မနပ္ ျဖစ္ေနေသးေပမဲ့ တိတ္ဆိတ္ေန႐ုံကလြဲၿပီး အျခားဘာမွ မတတ္ႏိုင္ေတာ့ပါဘူး။

"ေက်းဇူးတင္ပါတယ္ ေတာင္သခင္"
ခ်ဴးယြန္လည္း လက္ယွက္ျပၿပီး အျမန္လိုက္သြားပါေတာ့တယ္။

ပန္းခ်ီဂိုဏ္းထဲမွာ ေတာင္ႀကီးေတြက ျမင့္မားစြာတည္႐ွိၿပီး တိမ္ေတြထဲကို ထိုးေဖာက္ ဝင္ေရာက္ေနခဲ့ပါတယ္။

ခ်န္မင္ဟာ ေနရပ္ကိုမေရာက္ခင္ ေတာင္ထိပ္အမ်ားႀကီးကို ျဖတ္သန္းသြားခဲ့ပါၿပီ။

ဒါက လူေနပုံမ႐ွိတဲ့ ေတာင္‌တစ္လုံးပါ။ ဒီမွာ ျမက္ပင္၊ ေပါင္းပင္ေတြက ထူထဲစြာ ေပါက္ေရာက္ေနခဲ့ပါတယ္။ ဒါေတြက အလြန္႐ွည္ၾကတာမို႔ လူတစ္ရပ္ေတာင္ ေက်ာ္လြန္ေနခဲ့ပါၿပီ။ အနားယူခ်င္စရာ တစ္ကြက္မွကို မ႐ွိေတာ့ပါဘူး။

ခ်န္မင္က သူတို႔ကို လိုက္ပို႔႐ုံပဲ ပို႔ခဲ့ပါတယ္။ သူက ဘာေၾကာင့္ဝင္ေရာက္ခ်င္တယ္ဆိုတာ မေမးသလို ဘာစကားမွလည္း မေျပာခဲ့ပါဘူး။

"ဒါက အိပ္မက္ေတာင္ထိပ္လား"
ေမွ်ာ္လင့္မထားတဲ့ အေျခအေနေၾကာင့္ ခ်ဴးယြန္ေတာင္ မ်က္ေမွာင္ၾကဳတ္လိုက္မိပါၿပီ။

အိပ္မက္ေတာင္က က်ဆင္းလာရင္ေတာင္ ဒီအေျခအေနအထိေတာ့ မေရာက္သင့္ပါဘူး။

ဒီေနရာမွာ လူနည္းနည္းသာ ႐ွိႏိုင္ၿပီး ႐ွိခဲ့ရင္ေတာင္ အဘိုးႀကီး၊ အဘြားႀကီးေတြပဲ ျဖစ္ပါလိမ့္မယ္။

ေျပာရရင္ ေတာင္တစ္ခုလုံးက အသက္ဓာတ္ကင္းမဲ့ၿပီး တိတ္ဆိတ္ေနခဲ့တာပါ။

ခ်ဴးယြန္ေတာင္ ေနာင္တရခ်င္သြားခဲ့ပါၿပီ။

လူတိုင္းက ကူမန္႐ွန္းကို အရက္ခ်ိဳးႀကီးလို႔ ေျပာၾကတာပါ။ တကယ္လို႔ သူက ဘာမွသင္မေပးရင္ တတိယအဆင့္ကို ဘယ္လိုျဖတ္ေက်ာ္မွာလဲ။

"ဒီေနရာပဲ"
႐ုတ္တရက္ ထြက္ေပၚလာတဲ့ ခ်န္မင္အသံက သူ႕အေတြးစကို ျဖတ္ေတာက္လိုက္ပါၿပီ။ သူ႕အေ႐ွ႕မွာ နန္းေတာ္ေဟာင္းတစ္ခု ႐ွိေနခဲ့ပါတယ္။ နန္းေတာ္တစ္ခုလုံးက ညစ္ပတ္ေနၿပီး စုတ္ျပတ္သက္ေနခဲ့တာပါ။

နန္းေတာ္ဝင္ေပါက္မွာေတာင္ ျမက္ပင္ေတြက ႐ွိေနၿပီး ပင့္ကူအိမ္ေတြ‌လည္း ကပ္ညိေနခဲ့ပါတယ္။ ၾကမ္းျပင္ ေနရာအႏွံ႔မွာေတာ့ အရက္ပုလင္းခြံေတြ ႐ွိေနလို႔။

"ဦးေလးကူေရ... တပည့္သစ္ေတြ ေရာက္လာတယ္"
ခ်န္မင္က လွမ္းေအာ္ၿပီး သူတို႔ကို လွည့္ၾကည့္လိုက္ပါတယ္။
"ဦးေလးကူက အရက္ေသာက္ရတာ အရမ္းႀကိဳက္တဲ့သူပဲ..။ သူ႕ေဒါသကလည္း နည္းနည္းေတာ့ ထူးတယ္... အခုေတာ့ ငါမင္းတို႔ကို လိုက္ပို႔ၿပီးပါၿပီ..။မင္းတို႔ ေကာင္းေကာင္းေနရဖို႔ ငါဆုေတာင္းေပးခဲ့ပါတယ္"

ေျပာၿပီးတာနဲ႔ သူဟာ ခ်က္ခ်င္းပဲ ထြက္ခြာသြားပါေတာ့တယ္။

နန္းေတာ္က တိတ္ဆိတ္ေနေပမဲ့ ေသခ်ာနားေထာင္ၾကည့္ရင္ေတာ့ ေဟာက္သံခပ္သဲ့သဲ့ကို ၾကားရမွာပါ။

လက္႐ွိမွာ ကူမန္႐ွန္းက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနမွန္း သိသာပါတယ္။

"ေတာင္ထိပ္သခင္ ကူ"

"ေတာင္ထိပ္သခင္ ကူ"
ခ်ဴးယြန္ လွမ္းေခၚလိုက္ပါၿပီ။ ဒါေပမဲ့ ဘယ္သူမွျပန္မေျဖတာေၾကာင့္ မ်က္ေမွာင္ၾကဳတ္ၿပီး နန္းေတာ္တံခါးကို တြန္းဖြင့္လိုက္ပါေတာ့တယ္။

နန္းေတာ္အတြင္းပိုင္းကေတာ့ မည္းေမွာင္ၿပီး စိုစြတ္ေနလို႔ပါ။ အရက္နံ႔ေတြကလည္း တေထာင္းေထာင္းထေနခဲ့ပါတယ္။

ၾကမ္းျပင္မွာ အရက္အိုးအကြဲေတြ ႐ွိေနၿပီး ခ်ဥ္စူးစူးအနံ႔ေတြလည္း ထြက္ေပၚေနပါေသးတယ္။

"တကယ့္အရက္ခ်ိဳးပဲ"
နဝမမင္းသမီးလည္း ေရ႐ြတ္လိုက္မိပါတယ္။

"ေတာင္ထိပ္သခင္ကူ႐ွိလား"
ခ်ဴးယြန္ ထပ္ေအာ္လိုက္ပါတယ္။ ဒါေပမဲ့ ေျဖဆိုသံ ထြက္မလာေသးပါဘူး။

"ဒီမွာ ခဏေနအုံး... ငါသြားေခၚလိုက္မယ္"
ခ်ဴးယြန္ အကူအညီမဲ့သြားခဲ့ပါတယ္။ တစ္ဖက္လူက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတာေၾကာင့္ မတတ္သာေတာ့ဘဲ သြားႏိႈးရေတာ့မွာပါ။

ခ်ဴးယြန္အခန္းထဲကို ဝင္ကာနီးမွာပဲ အတြင္းပိုင္းက အသံထြက္ေပၚလာခဲ့ပါၿပီ။
"ဘယ္သူလဲ"

ဒါကိုၾကားတဲ့အခါ ခ်ဴးယြန္ စိတ္လႈပ္႐ွားသြားၿပီး ေျပာလိုက္ပါတယ္။
“ငါတို႔က ဒီတေခါက္ အိပ္‌မက္ေတာင္ကို ဝင္ခဲ့ၾကတဲ့ တပည့္ေတြပါ... ေတာင္ထိပ္သခင္ကူက ငါတို႔ကို ဂ႐ုစိုက္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္"

"ကြၽီ"
သူ႕အသံဆုံးေတာ့ တံခါးပြင့္ၿပီး လူလတ္ပိုင္းတစ္ေယာက္ ထြက္လာခဲ့ပါတယ္။

သူ႕ဆံပင္ေတြကေတာ့ နည္းနည္း ျဖဴၿပီး မြဲေျခာက္ေနလို႔။ သူက မုတ္ဆိတ္ဗရပ်စ္နဲ႔ အသက္မဲ့တဲ့ မ်က္လုံးေတြကို ပိုင္ဆိုင္ထားလို႔ပါ။ သူ႕မ်က္လုံးေတြက ဖ်တ္လက္တက္ႂကြမႈ နည္းနည္းမွမ႐ွိဘဲ သခ်ႋဳင္းကုန္းကို ေျခတစ္ဖက္လွမ္းေနတဲ့ အဘိုးႀကီးနဲ႔ေတာင္ တူေနပါေသးတယ္။

"ေတာင္ထိပ္သခင္ကူလား"
ခ်ဴးယြန္ အံ့ဩသြားခဲ့ပါၿပီ။

လူလတ္ပိုင္းႀကီးက အရက္အိုးကိုကိုင္ကာ တစ္ခ်က္ သမ္းေဝလိုက္ၿပီး
"အိပ္မက္ေတာင္ထိပ္မွာ ဘာေတြျဖစ္ေနလဲဆိုတာ မင္းမသိဘူးလား"

"သိပါတယ္... ဒါေပမဲ့ ငါတို႔က အိပ္မက္ေတာင္ထိပ္ကို သြားဖို႔ ဆုံးျဖတ္ထားတုန္းပဲ"
ခ်ဴးယြန္ ေျပာလိုက္ပါတယ္။

ကူမန္႐ွန္းက သူတို႔ႏွစ္ေယာက္ကို ေလးေလးနက္နက္ၾကည့္ကာ ေခါင္းညိတ္လိုက္ပါၿပီ။ သူက ေျပာလိုက္ပါတယ္။
"မင္းေနာင္တရလာတဲ့အခါမွ မင္းတို႔ကိုသတိမေပးမိလို႔ ငါ့ကိုအျပစ္မတင္နဲ႔ေနာ္... အခုထြက္သြားရင္ သိပ္ေနာက္မက်ေသးဘူး"

"ငါတို႔ဆုံးျဖတ္ၿပီးပါၿပီ"
ခ်ဴးယြန္ အေလးအနက္ ေျပာလိုက္တာပါ။

"ေကာင္းၿပီေလ... မင္းရဲ႕ ဇြဲလုံ႔လေၾကာင့္ ငါလက္ခံလိုက္မယ္... အခုကစၿပီး မင္းက အိပ္မက္ေတာင္ထိပ္ရဲ႕ ငါ့တပည့္ပဲ..."
ကူမန္႐ွန္းက သမ္းေဝၿပီး အရက္အိုးကို ေမာ့ေသာက္လိုက္ပါတယ္။ ၿပီးတာနဲ႔ အခန္းထဲကို ျပန္လွည့္ဝင္သြားပါေတာ့တယ္။

"ဒါက..."
ခ်ဴးယြန္နဲ႔ နဝမမင္းသမီး တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္မိပါၿပီ။ ဒါက ဘယ္လို အေျခအေနမ်ိဳးလဲ။

ကူမန္႐ွန္းက သူတို႔နာမည္ကိုေတာင္ မေမးခဲ့ပါဘူး။ သူက ေပါ့ေပါ့ပါးပါး ငါ့တပည့္ျဖစ္ၿပီဆိုတာေလာက္ပဲ ေျပာခဲ့ပါတယ္။

"ဆရာႀကီး"
ခ်ဴးယြန္ ခ်က္ခ်င္း အေ႐ွ႕တိုးၿပီး ေျပာလိုက္ပါတယ္။
"ငါတို႔ ဒီကိုေရာက္လာရတဲ့အေၾကာင္းရင္းက ဒီစမ္းသပ္မႈရဲ႕ တတိယအဆင့္ကိုေက်ာ္ျဖတ္ၿပီး ပန္းခ်ီပညာ႐ွိရဲ႕ တပည့္တစ္ေယာက္ ျဖစ္လာဖို႔ပါ...။ ေက်းဇူးျပဳၿပီး ပန္းခ်ီဆြဲနည္း သင္ေပးပါအုံး"

ဒါကိုၾကားေတာ့ ကူမန္႐ွန္းက ထူးျခားတဲ့ဟန္ပန္နဲ႔ တစ္ခ်က္ ျပဳံးလိုက္ပါၿပီ။ သူက ေျပာလိုက္ပါတယ္။
"မင္းတို႔ႏွစ္ေယာက္က ပန္းခ်ီပညာ႐ွိရဲ႕ တပည့္ျဖစ္ခ်င္တာလား"

"အမွန္ပဲ.. ပညာ႐ွိကူ႐ွိေခ်ာင္က တပည့္တစ္ေယာက္ပဲ လက္ခံမယ္ဆိုတာ ငါတို႔သိပါတယ္... ဒါေပမဲ့ ဒါကပဲ ငါတို႔ႀကိဳးစားရမဲ့ ရည္မွန္းခ်က္ပဲ"
ခ်ဴးယြန္ ယုံၾကည္မႈအျပည့္နဲ႔ ေျပာလိုက္ပါတယ္။

ဒါကိုၾကားေတာ့ ကူမန္႐ွန္း ရယ္ေမာလိုက္ပါၿပီ။
"မင္းက ပညာ႐ွိရဲ႕ တပည့္ျဖစ္ခ်င္တာလား... မင္းမွာ အရည္အခ်င္းမ႐ွိဘူး"

"ဒါက အေရးမႀကီးပါဘူး... သုံးလအတြင္း ပန္းခ်ီအေျခခံကို နားလည္ႏိုင္သ၍ စမ္းသပ္မႈကို ေအာင္ျမင္လိမ့္မယ္... တတိယစမ္းသပ္မႈကို ေအာင္ျမင္သ၍ သူ႕တပည့္ ျဖစ္လာႏိုင္မွာပဲ"

ခ်ဴးယြန္ ေတာက္ပေနတဲ့မ်က္လုံးနဲ႔ ေျပာလိုက္ပါတယ္။
"ေနာက္ၿပီး ငါက အခု အိပ္မက္ေတာင္ရဲ႕ တပည့္ျဖစ္ေနၿပီ... မင္းက ငါ့ရဲ႕ ယာယီဆရာပဲ..။ အဲတာေၾကာင့္ ငါ့ကို သင္ေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္တယ္..။ ငါ့ကို ပန္းခ်ီဆြဲနည္း အမ်ားႀကီးသင္ေပးစရာမလိုပါဘူး... အေျခခံကိုသင္ေပးလိုက္႐ုံပဲ"

"သုံးလအတြင္း အေျခခံကို နားလည္ဖို႔က ဘယ္ေလာက္ထိ ခက္ခဲတယ္ဆိုတာသိလား... ပန္းခ်ီလမ္းစဥ္ဆိုတာ ထင္သေလာက္ မ႐ိုး႐ွင္းပါဘူး..။ မင္းမွာ အရည္အခ်င္းေကာင္းေတြ႐ွိရင္ေတာင္ အဲဒီအဆင့္ကို လြယ္လြယ္နဲ႔ ေရာက္ႏိုင္မွာ မဟုတ္ဘူး"
ကူမန္႐ွန္းက ေအးစက္စက္နဲ႔ ေျပာလိုက္ပါတယ္။

ခ်ဴးယြန္က ဘာမွမေျပာဘဲ ေနရာမွာ ရပ္ေနဆဲပါ။

"ဒီေလာက္ႏွစ္ေတြ အၾကာႀကီးအတြင္းမွာ ပန္းခ်ီအေျခခံကို သုံးလနဲ႔ တတ္ေျမာက္ခဲ့သူက တစ္ေယာက္မွ မ႐ွိဘူး..။ အရည္အခ်င္းအ႐ွိဆုံးဆိုတဲ့ ဟန္႐ွင္းေတာင္မွ မလုပ္ႏိုင္ခဲ့တာကို... ဒါကို အ႐ူးေတြပဲ ယုံလိမ့္မယ္"
ကူမန္႐ွန္းက ရယ္ေမာၿပီး အရက္ကို ေမာ့ေသာက္လိုက္ျပန္ပါတယ္။

"မႀကိဳးစားရင္ ဘယ္လိုလုပ္သိမွာလဲ"
ခ်ဴးယြန္ မ်က္ခုံးပင့္လိုက္ပါၿပီ။

"မင္းႀကိဳးစားခ်င္တာလား"
ကူမန္႐ွန္းရဲ႕ မ်က္လုံးက ေအးစက္သြားခဲ့ပါတယ္။ ဒီေကာင္ေလးဟာ ဘာက ကိုယ့္အတြက္ပိုေကာင္းမွန္း သိပုံမရပါဘူး။

သူေျပာတာကို နားမလည္ဘဲ အခြင့္အေရး ႐ွိေသးတယ္လို႔ ထင္ေနတာလား။

သုံးလအတြင္း အေျခခံကို နားလည္ဖို႔က အရမ္းခက္ပါတယ္။

ဒါကို တကယ္ေလ့လာၾကည့္မွ သိမွာပါ။

ဆိုရရင္ ဒါက မျဖစ္ႏိုင္ပါဘူး။

တစ္ေယာက္ရဲ႕ပါရမီက ဟန္႐ွင္းထက္ အမ်ားႀကီးပိုသန္မွာမွပဲ ျဖစ္ႏိုင္ပါလိမ့္မယ္။

ပန္းခ်ီဆြဲရတာက ခက္ခဲလြန္းသလို ႐ႈပ္ေထြးခဲ့ပါတယ္။ ပထမဆုံး သင္ယူၾကသူေတြဟာ လိုက္ေလ်ာညီေထြဖို႔ ေနေနသာသာ သင္ခန္းစာေတြကိုေတာင္ အလြတ္မရႏိုင္ပါဘူး။

ပန္းခ်ီဆြဲတဲ့အခါ ကိုယ့္ရဲ႕ပုံက အသက္ဝင္ေနမွပါ။

ဒီေနရာမွာ 'အသက္'ဆိုတာက အသက္ဓာတ္ကို မဆိုလိုခဲ့ပါဘူး။ ဒါက ပန္းခ်ီကားရဲ႕ ပုံေဖာ္နည္းတစ္မ်ိဳးပါ။

တကယ့္ပန္းခ်ီဆရာေတြက စုတ္ခ်က္နည္းနည္းနဲ႔ အရာအားလုံးကို ေရးဆြဲႏိုင္ပါတယ္။ ကမ႓ာႀကီးက သူ႕ရဲ႕စုတ္ခ်က္နဲ႔အတူ ေပါင္းစပ္ပါဝင္လာခဲ့မွာပါ။

ဒါမွ တကယ့္ပန္းခ်ီဆရာ ျဖစ္ပါလိမ့္မယ္။

ဒါေပမဲ့ ဘယ္လိုပဲၾကည့္ၾကည့္ သုံးလအတြင္း ပန္းခ်ီအေျခခံကို တတ္ေျမာက္ဖို႔က ေအာင္ျမင္ဖို႔မရေလာက္ေအာင္ ခက္ခဲလြန္းပါတယ္။

ဖိအားေတြ ႐ုတ္တရက္တက္လာတာကို ခံစားရေတာ့ ခ်ဴးယြန္ ရယ္ေမာလိုက္ပါၿပီ။
"ငါက အခု အိပ္မက္ေတာင္ထိပ္ကို ဝင္ေရာက္ေနတဲ့ မင္းတပည့္ျဖစ္ေနၿပီ..။ တကယ္လို႔ မင္းငါ့ကိုမယုံရင္ေတာင္ ဒီလိုတိုက္ခိုက္စရာမလိုဘူး မဟုတ္လား..။ ဒါက မင္းအတြက္ ဘာအသုံးဝင္လို႔လဲ..။ မင္းက ငါ့ကို တကယ္ႀကိဳးစားခ်င္လားလို႔ ေမးတယ္... ဒါဆို ငါ မင္းကို အခုေျဖေပးလိုက္မယ္..။ ငါက ႀကိဳးစား ၾကည့္ခ်င္႐ုံမကဘဲ ပန္းခ်ီပညာ႐ွိကိုလည္း ေတြ႕ခ်င္တယ္"

ကူမန္႐ွန္း ေအးစက္စက္နဲ႔ ျပဳံးသြားခဲ့ပါတယ္။ ႐ုတ္တရက္ သူ႕လက္ထဲက အရက္အိုးကိုပစ္ခ်ကာ အသံက်ယ္က်ယ္နဲ႔ ေျပာလိုက္ပါၿပီ။
"မင္းက ဒီေလာက္ သင္ေပးေစခ်င္ေနမွေတာ့ ေကာင္းၿပီ"


1198

"မင္းတို႔အတူတူလာခဲ့"
ကူမန္႐ွန္း ရယ္ေမာၿပီး သူတို႔ႏွစ္ေယာက္ကို စိုက္ၾကည့္လိုက္ပါၿပီ။

ခ်ဴးယြန္က နဝမမင္းသမီးကို အေနာက္မွာကြယ္ၿပီး ေျပာလိုက္ပါတယ္။
"သူက က်င့္ၾကံသူမဟုတ္ပါဘူး... အဲတာေၾကာင့္ မင္းရဲ႕စမ္းသပ္မႈကို ငါတစ္ေယာက္တည္းပဲ ခံယူပါရေစ"

"ေကာင္းၿပီ"
ကူမန္႐ွန္း အပိုစကားေတြ မေျပာေတာ့ပါဘူး။ သူက ရယ္ေမာကာ စိုက္ၾကည့္လိုက္ပါၿပီ။

ပန္းခ်ီပညာ႐ွိရဲ႕ တပည့္ျဖစ္ခ်င္တာက ဘယ္ေလာက္ေတာင္ ရယ္စရာေကာင္းလိုက္လဲ..။ သူတို႔က ပန္းခ်ီပညာ႐ွိရဲ႕ တပည့္ျဖစ္မယ္လို႔ တကယ္ပဲ ထင္ေနတာလား..။

စာေမးပြဲကို သုံးလအတြင္း ေအာင္ျမင္ရမယ္ဆိုတာကလည္း သူတို႔ကို အမွားေတြကေန သင္ခန္းစာ ယူႏိုင္ေစဖို႔ပါ။ တကယ္လို႔ မေအာင္ျမင္ရင္ေတာ့ သူတို႔မွာ အခြင့္အေရး မ႐ွိေတာ့ပါဘူး။

"ဝမ္"
ကူမန္႐ွန္းက လက္ညိဳးတစ္ခ်က္ၫႊန္လိုက္တာနဲ႔ အလင္းတန္းတစ္ခုက ခ်ဴးယြန္ မ်က္ခုံးႏွစ္ခုၾကားကို ဝင္ေရာက္သြားခဲ့ပါၿပီ။

"စိတ္ဝိညာဥ္ တိုက္ခိုက္မႈလား"
ခ်ဴးယြန္ခ်က္ခ်င္းပဲ သစ္နီေခါင္းခြံကိုအသုံးျပဳၿပီး ခုခံလိုက္ပါတယ္။

ဒါေပမဲ့လည္း သစ္နီေခါင္းခြံက ၾကာၾကာမခံႏိုင္ပါဘူး။ ခြၽတ္ခနဲ အသံတစ္ခ်က္နဲ႔အတူ လုံးဝ ကြဲေၾကသြားပါၿပီ။

ကူမန္႐ွန္းရဲ႕ တိုက္ခိုက္မႈက အလြန္ေၾကာက္စရာေကာင္းပါတယ္။ ေက်ာက္တိုင္ေခြၽက သစ္နီေခါင္းခြံကို အဆင့္ျမႇင့္ေပးထားတာေတာင္ အသုံးမဝင္ခဲ့ပါဘူး။

သစ္နီေခါင္းခြံ႕ ပ်က္ဆီးသြားတာနဲ႔ အဆုံးမဲ့ဖိအားေတြဟာ ခ်ဴးယြန္အေပၚကို က်ဆင္းလာခဲ့ပါၿပီ။ သစ္နီေခါင္းခြံရဲ႕ ကာကြယ္မႈမ႐ွိေတာ့တဲ့အခါ ခ်ဴးယြန္ဟာ အသက္ေတာင္ ေကာင္းေကာင္း မ႐ွဴႏိုင္ေတာ့ပါဘူး။

ခ်ဴးယြန္ ႐ုတ္တရက္ဟိန္းေဟာက္ၿပီး အျမင့္ဆုံးစစ္ဝိညာဥ္ကို ထုတ္ေဖာ္လိုက္ပါၿပီ။

အျမင့္ဆုံးစစ္ဝိညာဥ္ရဲ႕ အေထာက္အပံ့နဲ႔သာ ခ်ဴးယြန္ဟာ ေၾကာက္စရာ စိတ္ဝိညာဥ္တိုက္ခိုက္မႈကို ခုခံႏိုင္ေတာ့မွာပါ။

ေ႐ႊေရာင္အလင္းတန္းဆယ္ခုက ေ႐ႊနဂါးႀကီးဆယ္ေကာင္လို အျမင့္ဆုံးစစ္ဝိညာဥ္ကို လွည့္ပတ္ေနလို႔။

သာမန္နန္းေတာ္ေလးတစ္ခုဆိုရင္ အျမင့္ဆုံးစစ္ဝိညာဥ္ရဲ႕ အ႐ွိန္အဝါေတြေၾကာင့္ ပ်က္ဆီးသြား‌ေလာက္ပါၿပီ။ ဒါေပမဲ့ ဒီနန္းေတာ္ကေတာ့ နည္းနည္းမွ ထူးျခားမႈ မ႐ွိခဲ့ပါဘူး။

"ေ႐ႊေရာင္အလင္းဆယ္ခု"
ဒါကိုျမင္ၿပီးေနာက္ ကူမန္႐ွန္းရဲ႕ မ်က္လုံးထဲမွာ အံ့အားသင့္ေနတဲ့ အရိပ္ေငြ႕ေတြ ျဖစ္ေပၚလာခဲ့ပါတယ္။

ေ႐ႊေရာင္အလင္းတန္း ဆယ္ခု...

ေကာင္းကင္အဆင့္တစ္ဆယ္...

ေကာင္းကင္အဆင့္တစ္ဆယ္ သိုင္းဝိညာဥ္က ဘာအဓိပၸာယ္လဲ။

တိုင္ဂန္နယ္နိမိတ္တစ္ခုလုံးမွာေတာင္ ေကာင္းကင္အဆင့္တစ္ဆယ္ သိုင္းဝိညာဥ္က အမ်ားႀကီး မ႐ွိပါဘူး။

ဒါေၾကာင့္ သူ႕အေ႐ွ႕မွ ဒီေကာင္ေလးဟာ ေကာင္းကင္အဆင့္တစ္ဆယ္ သိုင္းဝိညာဥ္ကို ပိုင္ဆိုင္ထားမယ္လို႔ ထင္မထားတာ အမွန္ပါ။

'ေကာင္းကင္အဆင့္တစ္ဆယ္... ခ်ဴးယြန္က သူ႕ခြန္အားကို ဖုံးကြယ္ထားခဲ့တာပဲလား'
နဝမမင္းသမီးလည္း အလြန္ အံ့အားသင့္သြားပါၿပီ။ အရင္တုန္းက သူ႕သိုင္းဝိညာဥ္ဟာ ေကာင္းကင္အဆင့္ကိုးမွာပဲ ႐ွိေနခဲ့တာ မဟုတ္လား။

သိုင္းဝိညာဥ္အဆင့္က တစ္ေယာက္ရဲ႕ခြန္အားကို ကိုယ္စားမျပဳေပမဲ့ ခ်ဴးယြန္ရဲ႕ ထူးကဲတဲ့ပါရမီကို ျပသႏိုင္ပါတယ္။

ဒါေပမဲ့ ဒီေန႔မွာေတာ့ ခ်ဴးယြန္ရဲ႕ သိုင္ဝိညာဥ္က ေကာင္းကင္အဆင့္ကိုးမဟုတ္မွန္း သိလိုက္ရပါၿပီ။

ေကာင္းကင္အဆင့္တစ္ဆယ္...

ၿပီးျပည့္စုံတဲ့ သိုင္းဝိညာဥ္...

နဝမမင္းသမီး စိတ္ထဲမွာ တုန္လႈပ္သြားခဲ့ပါတယ္။

"ဝမ္"
သိုင္းဝိညာဥ္ထုတ္ေဖာ္ၿပီးေနာက္ ခ်ဴးယြန္ရဲ႕ စိတ္စြမ္းအားက ျမင့္တက္လာခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ ဖိအားကို သူခုခံႏိုင္ခဲ့ပါၿပီ။

သူက ခပ္တိုးတိုးဟိန္းေဟာက္ၿပီး ခုခံလိုက္ပါေတာ့တယ္။

'ဆုံးျဖတ္ခ်က္မာသားပဲ'
ကူမန္႐ွန္း တိတ္တဆိတ္ အံ့ဩသြားခဲ့ပါတယ္။ အခုေလးတင္ သူထုတ္ေဖာ္ထားတဲ့ဖိအားက ျပန္လည္ဝင္စားျခင္းနယ္ပယ္ေတြကိုေတာင္ လက္ေလွ်ာ့သြားေစႏိုင္တာမ်ိဳးပါ။

သူဒီလိုလုပ္ရတာကေတာ့ ခ်ဴးယြန္တို႔ကို ေစာေစာစီးစီး လက္ေလွ်ာ့ေစခ်င္လို႔ပါပဲ။

ပန္းခ်ီပညာ႐ွိကို ဆရာတင္ဖို႔က မလြယ္ကူပါဘူး။

အလားတူပဲ သုံးလအတြင္း ပန္းခ်ီအေျခခံကို နားလည္ဖို႔ကလည္း မလြယ္ကူပါ‌။ ဒီလိုဆိုရင္ ဘာေၾကာင့္ အခ်ိန္ျဖဳန္းေနအုံးမွာလဲ။

"ကလစ္"
ခ်ဴးယြန္ရဲ႕ေျခေထာက္ေတြက ၾကမ္းျပင္ကို ကြၽံ႕ဝင္သြားခဲ့ပါၿပီ။ ဒါေပမဲ့ သူ႕မွာ သန္မာတဲ့ တိုက္ခိုက္ခ်င္စိတ္ေတြ ျဖစ္ေပၚေနဆဲပါ။

ဘာပဲျဖစ္ျဖစ္ သူ အေနာက္ကို မဆုတ္ႏိုင္ပါဘူး။

သူက ပန္းခ်ီပညာ႐ွိကိုေတြ႕ဖို႔ အေဝးႀကီးက လာခဲ့တာပါ။ တစ္ခုက သူကိုယ္တိုင္အတြက္ျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ ပထမဧကရာဇ္အတြက္ပါပဲ။

ဒါေၾကာင့္...

ငါ့ကို ဘယ္သူမွ တားလို႔မရဘူး။

"အိုး"
ကူမန္႐ွန္း ဖိအားေတြကို နည္းနည္းထပ္တိုးလိုက္ပါၿပီ။

ခ်ဴးယြန္လည္း အံကိုတင္းတင္းႀကိတ္ထားပါေတာ့တယ္။ သူ႕နဖူးက ေသြးေၾကာေတြေတာင္ ထြက္ေပၚလာခဲ့ပါၿပီ။

တျဖည္းျဖည္းနဲ႔ ခ်ဴးယြန္အဝတ္အစားေတြက ေခြၽး႐ႊဲလာခဲ့ပါတယ္။ ဒါေပမဲ့ သူက လက္သီးဆုပ္ၿပီး ခုခံေနဆဲပါ။

'ဒီဖိအားက ျပန္လည္ဝင္စားျခင္းနယ္ပယ္ကိုေတာင္ ဖ်က္ဆီးဖို႔ လုံေလာက္ေနၿပီ... ဒါေပမဲ့ ဒီလူ႐ိုင္းေလးက တကယ္ႀကီး ခံႏိုင္ေနေသးတယ္'
ကူမန္႐ွန္း သူ႕အေ႐ွ႕ကလူငယ္ကို မယုံၾကည္ႏိုင္ဟန္နဲ႔ ၾကည့္လိုက္ပါတယ္။

ဒီေကာင္ေလးရဲ႕ စိတ္စြမ္းအားက ပါရမီ႐ွင္ဆိုတာထက္ ပိုေနခဲ့ၿပီလား။

ဟန္႐ွင္းလို ပါရမီ႐ွင္ေတာင္ အဲဒီအခ်ိန္ကဆိုရင္ ဒီဖိအားကို ခံႏိုင္မွာ မဟုတ္ပါဘူး။

ဒါေပမဲ့ ခ်ဴးယြန္ကေတာ့ ခုခံေနတာ တစ္နာရီေလာက္ ၾကာသြားခဲ့ပါၿပီ။

ေနာက္ၿပီး သူက အခုခ်ိန္ထိ လဲၿပိဳသြားမဲ့ပုံမရပါဘူး။

ကူမန္႐ွန္းရဲ႕မ်က္လုံးမွာ ႐ႈပ္ေထြးတဲ့ အရိပ္ေငြ႕ေတြ ျဖစ္ေပၚလာခဲ့ပါတယ္။ ခဏၾကာၿပီး ေနာက္ဆုံးမွာေတာ့ သူ ရပ္လိုက္ပါေတာ့တယ္။

ခ်ဴးယြန္လည္း ဖိအားေတြ ႐ုတ္တရက္ ျပန္ေလ်ာ့သြားၿပီးေနာက္ လဲၿပိဳေတာ့မလို ခံစားလိုက္ရပါၿပီ။

"ခ်ဴးယြန္... နင္အဆင္ေျပရဲ႕လား"
နဝမမင္းသမီးက စိုးရိမ္ပူပန္စြာနဲ႔ ခ်ဴးယြန္အနားကို ခ်က္ခ်င္းေရာက္လာကာ ေဖးမေပးလိုက္ပါတယ္။

"ငါအဆင္ေျပပါတယ္"
ခ်ဴးယြန္လည္း နဖူးကေခြၽးကိုသုတ္ရင္း ေျပာလိုက္တယ္။
" ဒီစမ္းသပ္မႈက ၿပီးသြားၿပီလား"

ကူမန္႐ွန္းက ဂ႐ုမစိုက္ဟန္နဲ႔ ေျပာလိုက္ပါတယ္။
"မနက္ျဖန္က်ရင္ ငါ့ကို ဒီေနရာမွာ ျပန္လာေတြ႕လွည့္"

ေျပာၿပီးတာနဲ႔ အေနာက္ျပန္လွည့္မၾကည့္ေတာ့ဘဲ အခန္းထဲကို ဝင္သြားပါေတာ့တယ္။

"ဝႉး"
ခ်ဴးယြန္ သက္ျပင္းခ်လိုက္ပါၿပီ။

ဒီတစ္နာရီအခ်ိန္က သိပ္မၾကာေပမဲ့ ႀကီးမားတဲ့ဖိအားကို ခံစားခဲ့ရတာပါ။ ဒါေပမဲ့လည္း ေနာက္ဆုံးမွာေတာ့ သူလုပ္ႏိုင္ခဲ့ပါၿပီ။

"သူလက္ခံလိုက္ၿပီလား"
နဝမမင္းသမီး ဝမ္းသာေပ်ာ္႐ႊင္ေနၿပီး ျပဳံးကာ ေျပာလိုက္ပါတယ္။

"အင္း"
ခ်ဴးယြန္လည္း အျပင္ဘက္ကို ေလွ်ာက္သြားလိုက္ပါၿပီ။

သူဟာ စိတ္စြမ္းအင္ သုံးရလြန္းတာေၾကာင့္ မူးေဝသလို ခံစားေနရလို႔ပါ။ ဒါေၾကာင့္ပဲ မ်က္လုံးခဏမွိတ္တာနဲ႔ အိပ္ေပ်ာ္သြားႏိုင္ပါတယ္။

နဝမမင္းသမီးရဲ႕ ေဖးမမႈနဲ႔ သူဟာ အျခားအခန္းတစ္ခုထဲကို ဝင္သြားခဲ့ပါၿပီ။

အခန္းထဲကို ေရာက္႐ွိခ်ိန္မွာေတာ့ ဘာကိုမွ ဂ႐ုမစိုက္ဘဲ သူ အိပ္ေပ်ာ္သြားပါေတာ့တယ္။

အခန္းက လူမေနတာၾကာၿပီမို႔ ဖုန္မႈန္႔ေတြနဲ႔ ပင့္ကူအိမ္ေတြ ျပည့္ႏွက္ေနလို႔ပါ။ ဆိုရရင္ အခန္းတစ္ခုလုံးက ညစ္ပတ္ေနခဲ့ပါတယ္။

"နင္..."
မူလက နဝမမင္းသမီးဟာ ခ်ဴးယြန္အခန္းကို သန္႔႐ွင္းေပးခ်င္ခဲ့ပါတယ္။ ဒါေပမဲ့ ခ်ဴးယြန္က ခ်က္ခ်င္း အိပ္ေပ်ာ္သြားတာေၾကာင့္ မတတ္သာေတာ့ဘဲ ထြက္သြားရပါေတာ့တယ္။

အခန္းထဲမွာေတာ့ ကူမန္႐ွန္းဟာ ငုပ္တုပ္ ထိုင္ေနလို႔ပါ။ သူက အိပ္ရာေပၚကေစာင္ကိုဖယ္ၿပီး သိုးေရ စာလိပ္တစ္ခုကို ထုတ္ယူလိုက္ပါၿပီ။

ဒီသိုးေရစာလိပ္က အလြန္ေ႐ွးက်တဲ့ အေငြ႕အသက္ေတြ ထြက္ေပၚေနခဲ့ပါတယ္။

သူဟာ ဒီသိုးေရကို ဖတ္႐ွဴထားတာ အႀကိမ္တစ္ေထာင္ မကေတာ့ပါဘူး။ ဒါေၾကာင့္ အထဲက အေၾကာင္းရာေတြကို အလြတ္ေတာင္ ရေနခဲ့ပါၿပီ။

'ဒီစာလိပ္မွာ မွတ္တမ္းတင္ထားတာေတြက တကယ္ပဲ"
လက္႐ွိမွာ ကူမန္႐ွန္းရဲ႕ မ်က္လုံးေတြက အသက္မဲ့မေနေတာ့ပါဘူး။

သူက စိတ္လႈပ္႐ွားမႈေၾကာင့္ တုန္ရင္ေနၿပီး ေနရာမွ ထရပ္လိုက္ပါတယ္။

သူ ‌အေဝးကိုလွမ္းၾကည့္ရင္း ေရ႐ြတ္လိုက္ပါၿပီ။
"ဒီေဟာကိန္းက တကယ္ပဲ ျဖစ္လာခဲ့ၿပီလား"

.........

ေနာက္ေန႔မနက္မွာေတာ့ ခ်ဴးယြန္ဟာ ခြန္အားအျပည့္နဲ႔ သူ႕အခန္းထဲကေန ထြက္လာခဲ့ပါတယ္။

ဒဏ္ရာအျပင္းအထန္ ရခဲ့ရင္ေတာင္ သူ႕ရဲ႕ ျပန္လည္ေကာင္းမြန္ႏႈန္းအရ တစ္ညတည္းနဲ႔ လုံေလာက္ႏိုင္မွာပါ။ စြမ္းအားအရင္းျမစ္ကို မထိခိုက္ရင္ သူ႕အတြက္ ျပႆနာမႀကီးမားပါဘူး။

နဝမမင္းသမီးက ေနာက္အခန္းတစ္ခုကေန တျဖည္းျဖည္း ထြက္လာခဲ့ပါတယ္။

သူက ဆံပင္႐ွည္ကို အေနာက္ဘက္မွာ စုစည္းၿပီး အနက္ေရာင္ ေလ့က်င့္ေရးဝတ္စုံကို ဝတ္ဆင္ထားလာခဲ့တာပါ။

"ေမာနင္းေယာင္က်ာ့"
ခ်ဴးယြန္ ႏႈတ္ဆက္လိုက္ပါတယ္။

"နင္က က်င့္ၾကံရတာကို စိတ္မဝင္စားေပမဲ့ အခု ေလ့က်င့္ရေတာ့မယ္ ဘယ္လိုခံစားရလဲ"
ခ်ဴးယြန္ျပဳံးလိုက္ပါတယ္။ သူ႕ဟာ ဘာမွမလုပ္ရေသးတာေၾကာင့္ အေျခခံစၿပီး ေလ့က်င့္ရမွာပါ။

မဟုတ္ရင္ ပန္းခ်ီပညာကို ေလ့က်င့္တဲ့အခါ အခက္အခဲ႐ွိလာပါလိမ့္မယ္။

"ငါက ေလ့က်င့္ရတာ မႀကိဳက္ရင္ေတာင္ ပန္းခ်ီဆြဲတာကို စိတ္ဝင္စားတယ္ေလ... အခုသင္ရမဲ့အတြက္ ငါတကယ္ေပ်ာ္ပါတယ္"
နဝမမင္းသမီးက ခပ္တိုးတိုးပဲ ေျပာလိုက္တာပါ။

သူ႕ဖခင္အမိန္႔ေတာင္ မနာခံဘဲ ပုံရိပ္ေယာင္ေလာကကို လိုက္လာတာ၊ ပန္းခ်ီပညာကို ႀကိဳးစားသင္ယူဖို႔ ျပင္ေနတာ... အားလုံးက ခ်ဴးယြန္ေၾကာင့္ပါ။

ေနာက္ဆုံးမွာေတာ့ သူဟာ ခ်ဴးယြန္နဲ႔ ပိုၿပီးၾကာၾကာ အတူေနခ်င္ခဲ့ပါတယ္။

ပထမႏွစ္ဆင့္ ေအာင္ျမင္သြားၿပီမို႔ သူတို႔ဟာ အနည္းဆုံး သုံးလေလာက္ေတာ့ အတူတူေနလို႔ရပါၿပီ။

ဒါက သူ႕အတြက္ေတာ့ ကံေကာင္းျခင္း တစ္ခုပါပဲ။

ေတာင္ထိပ္သခင္ေတြက တပည့္အျဖစ္ လက္ခံဖို႔ ကူ႐ွိေခ်ာင္ရဲ႕ တပည့္ျဖစ္ဖို႔ကိုေတာ့ သူတစ္ခါမွ မေတြးခဲ့ဖူးပါဘူး။

ဒါက ျဖစ္လည္း မျဖစ္ႏိုင္ဘူးေလ။

က်င့္ၾကံျခင္းမ႐ွိတဲ့ သာမန္လူတစ္ေယာက္က ပန္းခ်ီဂိုဏ္းကို ပါဝင္ႏိုင္မွ ထူးျခားမွာပါ။

ေနာက္တစ္ေန႔ကို ေရာက္တဲ့အခါ ကူမန္႐ွန္းရဲ႕နန္းေတာ္ကို သူတို႔ႏွစ္ေယာက္ ေလွ်ာက္သြားခဲ့ပါၿပီ။

တစ္ရက္ၾကာၿပီးေနာက္ တိုင္ဂန္နယ္နိမိတ္က က်င့္ၾကံသူအားလုံးဟာ ကိုယ္ဝင္ေရာက္မဲ့ေတာင္ကို အသီးသီး ေ႐ြးခ်ယ္ၿပီးပါၿပီ။

အမ်ားစုကေတာ့ အဆင့္ျမင့္ေတာင္ေတြကိုပဲ ေ႐ြးခ်ယ္ခဲ့တာပါ။ အဆင့္နိမ့္ေတာင္ေတြကိုေတာ့ ေ႐ြးခ်ယ္သူ မ႐ွိသေလာက္ပါပဲ။ အိပ္မက္ေတာင္ကိုဆိုရင္ တစ္ေယာက္မွ မလာေရာက္ခဲ့ပါဘူး။

ေတာင္ေတြၾကားက ၿပိဳင္ပြဲဟာ ဂိုဏ္းခြဲေတြၾကားကၿပိဳင္ဆိုင္မႈနဲ႔ ဆင္တူပါတယ္။

လူတိုင္းက ပါရမီ႐ွင္ေတြနဲ႔ အရင္းအျမစ္ေတြကို ပိုမိုရယူခ်င္ခဲ့တာပါ။ ေနာက္ဆုံးမွာေတာ့ ဒါက တိုးတက္မႈရဲ႕ အေျခခံပဲ မဟုတ္လား။

အိပ္မက္ေတာင္ကေတာ့ ႐ွည္လ်ားတဲ့ သမိုင္းေၾကာင္း႐ွိၿပီး အေျခခံအုတ္ျမစ္ေကာင္းေပမဲ့ လက္႐ွိအေျခအေနက မေကာင္းမြန္လွပါဘူး။

ကူမန္႐ွန္း ေတာင္ထိပ္သခင္ ျဖစ္လာၿပီးေနာက္ တပည့္ေတြအေပၚ သင္ၾကားမႈ မ႐ွိခဲ့တာလည္း ပါပါတယ္။ မူလက အိပ္‌မက္ေတာင္မွာ ပါရမီ႐ွင္အမ်ားႀကီး ႐ွိခဲ့ေပမဲ့ တျဖည္းျဖည္းနဲ႔ အျခားေတာင္ေတြကို ကူးေျပာင္းသြားၾကပါၿပီ။

ဒါေၾကာင့္ ဒီေနရာမွာ သူတို႔ႏွစ္ေယာက္အျပင္ အပိုလူေတြ မ႐ွိခဲ့ၾကတာ အံ့ဩစရာေတာ့ မ႐ွိေတာ့ပါဘူး။


1199

"ဆရာ... ငါတို႔ေရာက္ၿပီ"
ခ်ဴးယြန္နဲ႔ နဝမမင္းသမီးက နန္းေတာ္တံခါးဝကို ၿပိဳင္တူ ေရာက္လာခဲ့ၾကပါတယ္။ နန္းေတာ္အေ႐ွ႕က ျမက္ပင္ေတြဟာ စိမ္းစိုေနေသးေပမဲ့ မေန႔ကထက္ ပိုႀကီးလာခဲ့ပါၿပီ။

ကူမန္႐ွန္းက အတြင္းပိုင္းမွာပဲ တိတ္တဆိတ္ ထိုင္ေနလို႔ပါ။ သူက ခ်ဴးယြန္တို႔ကို လွမ္းၾကည့္ၿပီး ထူးမျခားနားဟန္နဲ႔ ေျပာလိုက္ပါတယ္။
"ငါမင္းတို႔ကို သင္ေပးမယ္... ဒါေပမဲ့ သင္ယူႏိုင္တယ္၊ မသင္ယူႏိုင္ဘူးကေတာ့ ကိုယ့္အစြမ္းစအေပၚမွာပဲ မူတည္တယ္"

"စိတ္မပူပါနဲ႔... ငါတို႔ အေကာင္းဆုံး ႀကိဳးစားမွာပါ"
ခ်ဴးယြန္ ေတာက္ပတဲ့မ်က္လုံးနဲ႔ ေျပာလိုက္ပါၿပီ။

အခ်ိန္သုံးလ... အခ်ိန္သုံးလ ကန္႔သတ္ခ်က္အတြင္း ပန္းခ်ီအေျခခံကို တတ္ေျမာက္ဖို႔ သူႀကိဳးစားမွာပါ။

"စုတ္တံအတြက္ သိုင္းဝိညာဥ္ကို အသုံးျပဳႏိုင္ရင္ေတာ့ ပန္းခ်ီတာအိုကိုေလ့လာရာမွာ ပိုၿပီး လြယ္ကူေစတယ္..။ မင္းသိုင္းဝိညာဥ္နဲ႔က မသက္ဆိုင္ရင္ေတာ့ ဝိညာဥ္စြမ္းအင္ကိုသုံးၿပီး ေရးဆြဲရမွာ... ဒါေပမဲ့ စြမ္းအင္လိုအပ္ခ်က္က သာမန္ထက္ပိုလိမ့္မယ္"

ကူမန္႐ွန္းက လက္ႏွစ္ဖက္ကိုေနာက္ပစ္ၿပီး ေျပာလိုက္တယ္။
"နင္ကေတာ့ သိုင္းဝိညာဥ္ေတာင္ မႏိုးထေသးဘူး... ဒီအတြက္ နင့္သိုင္းဝိညာဥ္ႏိုးထဖို႔ ငါကူညီေပးရမလား"

သိုင္းဝိညာဥ္မ႐ွိရင္ ဝိညာဥ္စြမ္းအင္အသုံးျပဳလို႔ မရပါဘူး။

ဝိညာဥ္စြမ္းအင္ မသုံးႏိုင္ရင္ နဝမမင္းသမီးအေနနဲ႔ ပန္းခ်ီဆြဲႏိုင္ေတာ့မွာ မဟုတ္ပါ။

"ေက်းဇူးပါပဲ"
နဝမမင္းသမီးက ခဏတာ တုံ႔ဆိုင္းသြားေပမဲ့ ေနာက္ဆုံးမွာေတာ့ ေခါင္းညိတ္လိုက္ပါၿပီ။

သူက တာအိုပန္းခ်ီကို သင္ယူေတာ့မွာမို႔ အေကာင္းဆုံး လုပ္ရေတာ့မွာပါ။

ကူမန္႐ွန္း ေခါင္းတစ္ခ်က္ညိတ္လိုက္ပါတယ္။ ၿပီးတာနဲ႔ နဝမမင္းသမီးရဲ႕နဖူးကို လက္ညိဳးနဲ႔ေထာက္ကာ စြမ္းအင္ ပို႔လႊတ္လိုက္ပါၿပီ။ စြမ္းအင္ေတြက နဝမမင္းသမီးရဲ႕ ေသြးေၾကာထဲကို ခ်က္ခ်င္းပဲ စီးဝင္သြားပါေတာ့တယ္။

'ဒါက ဝိညာဥ္စြမ္းအင္ရဲ႕ ခံစားခ်က္ပဲလား'
နဝမမင္းသမီး ေရ႐ြတ္လိုက္ပါတယ္။ သူ႕ဘဝမွာ ဒါမ်ိဳးခံစားခ်က္ကို တစ္ခါမွမရဖူးပါဘူး။

လွ်ိဳ႕ဝွက္ဆန္းက်ယ္တဲ့ ဒီစြမ္းအင္ေတြက သူ႕ခႏၶာကိုယ္ထဲမွာ အတားအဆီးမ႐ွိ လည္ပတ္ေနခဲ့တာပါ။

နဝမမင္းသမီး မ်က္လုံးမွိတ္ၿပီး စြမ္းအင္ေတြကို ခံစားၾကည့္လိုက္ပါတယ္။ ႐ုတ္တရက္ သူ႕ခႏၶာကိုယ္ထဲက စြမ္းအင္ေတြဟာ ဒီေရလို ထိုးတက္လာၿပီး ေ႐ႊေရာင္အလင္းေတြ ျဖာထြက္လာခဲ့ပါၿပီ။

"ေကာင္းကင္အဆင့္ သိုင္းဝိညာဥ္"
ဒါကိုျမင္ေပမဲ့ ခ်ဴးယြန္ အံ့ဩမႈေတာ့ မ႐ွိပါဘူး။

နဝမမင္းသမီးရဲ႕ ေနာက္ခံအရ ေကာင္းကင္အဆင့္သိုင္းဝိညာဥ္ ႏိုးထတာဟာ ျဖစ္သင့္တဲ့ ကိစၥပါ။

ဒါေပမဲ့ ေကာင္းကင္အဆင့္ဘယ္ေလာက္ ျဖစ္မွာလဲ။

ဒါကိုေတာ့ ခ်ဴးယြန္ ေမွ်ာ္လင့္ေနခဲ့မိပါၿပီ။

မၾကာခင္မွာပဲ ေ႐ႊေရာင္အလင္းေတြၾကားကေန သိုင္းဝိညာဥ္ပုံစံက စတင္ထြက္ေပၚလာပါေတာ့တယ္။

ဒါက ေက်ာက္စိမ္းနဲ႔ ျပဳလုပ္ထားသလို ၾကည္လင္ေနတဲ့ စုတ္တစ္ေခ်ာင္းပါ။ သူ႕ဆီကေန ‌အေရာင္ေဖ်ာ့ေပမဲ့ ေတာက္ပမႈ႐ွိတဲ့ အလင္းေတြ ျဖာထြက္ေနခဲ့ပါတယ္။

စုတ္တံ...

နဝမမင္းသမီးရဲ႕ သိုင္းဝိညာဥ္က တကယ္ႀကီး စုတ္တံတစ္ေခ်ာင္းပါ။

ဒါကိုျမင္ေတာ့ ခ်ဴးယြန္မ်က္လုံးေတြ က်ဥ္းေျမာင္းသြားခဲ့ပါတယ္။ ခ်က္ခ်င္းပဲ သူ စိတ္လႈပ္႐ွားလာခဲ့ပါၿပီ။

အခုပုံအရ နဝမမင္းသမီးဟာ စမ္းသပ္မႈေတြကို အလြယ္တကူ ျဖတ္ေက်ာ္ႏိုင္တာ အံ့ဩစရာ မ႐ွိေတာ့ပါဘူး။

သူက ပန္းခ်ီပညာနဲ႔ ရင္းႏွီးတဲ့ အေနအထားနဲ႔ ေမြးဖြားလာခဲ့တာပါ။

ပန္းခ်ီဂိုဏ္းထဲမွ သူႏိုးထလာတဲ့ သိုင္းဝိညာဥ္က  တကယ္ပဲ စုတ္တံ ျဖစ္ေနခဲ့ပါၿပီ။

ဒီ့ထက္ပိုၿပီး တိုက္ဆိုင္မႈတစ္ခု႐ွိဦးမွာလား။

ေႏြးေထြးေသာ ေက်ာက္စိမ္းစုတ္တံ။

ေက်ာက္စိမ္းစုတ္တံကိုျမင္ေတာ့ နဝမမင္းသမီးလည္း ျပဳံးလိုက္ပါၿပီ။

နာမည္နဲ႔ လိုက္ဖက္ေအာင္ ေက်ာက္စိမ္းစုတ္တံက ေႏြးေထြးမႈေတြကို ခံစားေနရလို႔ပါ။

ဒီခံစားခ်က္က ေဖာ္မျပတတ္ေလာက္ေအာင္ ေကာင္းမြန္ပါတယ္။

"ဝမ္"
ေတာက္ပတဲ့ ေ႐ြေရာင္အလင္းေတြက ခဏတြင္းမွာ ကိုးခုအထိ ျဖစ္ေပၚလာခဲ့ပါၿပီ။

"ေကာင္းကင္အဆင့္ကိုးလား"
ဒါကိုျမင္ၿပီးေနာက္ ခ်ဴးယြန္ေတာင္ အံ့ဩသြားမိပါတယ္။

နဝမမင္းသမီးရဲ႕ သိုင္းဝိညာဥ္က တကယ္ႀကီး ေကာင္းကင္အဆင့္ကိုး ျဖစ္ေနမယ္လို႔ ထင္မထားခဲ့ပါဘူး။

ဒါေပမဲ့ ဒါက မဆုံးေသးပါ။ မၾကာခင္မွာပဲ ေနာက္ထပမ ေ႐ႊေရာင္အလင္းတစ္ခု ထပ္မံ ထြက္ေပၚလာခဲ့ပါၿပီ။

ေကာင္းကင္အဆင့္တစ္ဆယ္ ေႏြးေထြးေသာ ေက်ာက္စိမ္း စုတ္တံ...

ေကာင္းကင္အဆင့္တစ္ဆယ္...

"ဝုန္း"
ေရာင္အလင္းတန္းဆယ္ခုနဲ႔ စုတ္တံအသြင္က ေကာင္းကင္ယံမွာ အထင္အ႐ွား ထြက္ေပၚလာခဲ့ပါတယ္။ ဒီျမင္ကြင္းကို ပန္းခ်ီဂိုဏ္းက လူအားလုံးပဲ ျမင္လိုက္ရပါၿပီ။

"ပုံရိပ္... သဘာဝပုံရိပ္"

"ေကာင္းကင္အဆင့္တစ္ဆယ္ သိုင္းဝိညာဥ္ေတြ ႏိုးထလာမွပဲ ဒီလို သဘာဝပုံရိပ္ေတြ ျဖစ္ေပၚလာတတ္တယ္တဲ့"

"ဘယ္သူလဲ... အဲတာ ဘယ္သူလဲ"

“ဘယ္ေတာင္ရဲ႕တပည့္က ေကာင္းကင္အဆင့္ တစ္ဆယ္ သိုင္းဝိညာဥ္ကို ႏိုးထေစႏိုင္တာလဲ”

"..."

အားလုံး ႐ုတ္႐ုတ္သဲသဲျဖစ္ကာ ေကာင္းကင္က ေ႐ႊေရာင္အလင္းေတြနဲ႔ ပုံရိပ္ႀကီးကို ေမာ့ၾကည့္လိုက္ၾကပါတယ္။

သူတို႔ဘဝမွာ ဒါမ်ိဳးကို တစ္ခါမွ မျမင္ဖူးၾကပါဘူး။

သူတို႔တင္မကဘဲ ေတာင္ထိပ္သခင္ေတြပါ တုန္လႈပ္ေျခာက္ျခားကာ ေမာ့ၾကည့္ေနၾကပါေတာ့တယ္။

"ဒီဦးတည္ရာကေတာ့ အိပ္မက္ေတာင္ပဲ"
ေတာင္ထိပ္သခင္တစ္ေယာက္က မ်က္ေမွာင္ၾကဳတ္ၿပီး တစ္ေနရာကို လွမ္းၾကည့္လိုက္ပါတယ္။

အျခားေတာင္ထိပ္သခင္ေတြလည္း အသက္ျပင္းျပင္း႐ွဴကာ တီးတိုးေရ႐ြတ္ေနလို႔ပါ။

"ဒါမျဖစ္ႏိုင္ဘူး... ဘာလို႔ အိပ္မက္ေတာင္လဲ"

"အိပ္မက္ေတာင္ကို တပည့္ေတြ မဝင္ေရာက္တာ ၾကာၿပီေလ... အခုခ်ိန္မွ‌ ေကာင္းကင္အဆင့္တစ္ဆယ္ သိုင္းဝိညာဥ္ကို ဘယ္လိုလုပ္ၿပီး ႐ုတ္တရက္ ႏိုးထႏိုင္မွာလဲ"

"ဘာပဲျဖစ္​ျဖစ္​ သြသြားၾကည့္ရမယ္"

"..."

ေတာင္ထိပ္သခင္ေတြ စိတ္ထိန္းကာ ခ်က္ခ်င္းပဲ ေျပးလႊားသြားၾကပါၿပီ။

"ငါ့... ငါ့သိုင္းဝိညာဥ္...."
နဝမမင္းသမီးလည္း အံ့အားသင့္ၿပီး ေကာင္းကင္ကို ေမာ့ၾကည့္လိုက္ပါတယ္။ သူကိုယ္တိုင္လည္း ေကာင္းကင္အဆင့္တစ္ဆယ္ သိုင္းဝိညာဥ္ကို ႏိုးထလာမယ္လို႔ ထင္မထားခဲ့ပါဘူး။

ေကာင္းကင္အဆင့္တစ္ဆယ္ သိုင္းဝိညာဥ္က ဘာကို ကိုယ္စားျပဳတယ္ဆိုတာ သူေကာင္းေကာင္းသိပါတယ္။

တိုင္ဂန္နယ္နိမိတ္ တစ္ခုလုံးမွာေတာင္ ေကာင္းကင္အဆင့္တစ္ဆယ္ သိုင္းဝိညာဥ္က အမ်ားႀကီးမ႐ွိပါဘူး။

ဒါက ဒ႑ာရီထဲမွာသာ႐ွိတယ္လို႔ ဆိုႏိုင္ပါတယ္။

သူကိုယ္တိုင္လည္း ခ်ဴးယြန္ကလြဲၿပီး ေကာင္းကင္အဆင့္တစ္ဆယ္ သိုင္းဝိညာဥ္ပိုင္႐ွင္ကို မျမင္ဖူးခဲ့ပါဘူး။

သူ႕ဘဝမွာ ခ်ဴးယြန္တစ္ေယာက္သာ ျမင္ဖူးခဲ့တာပါ။ အခုေတာ့ သူက ဒုတိယလူျဖစ္လာခဲ့ပါၿပီ။ ဒီလိုအေျခအေနမ်ိဳးကို သူအိပ္မက္ေတာင္ မမက္ဖူးပါဘူး။

"ေကာင္းကင္အဆင့္ တစ္ဆယ္သိုင္းဝိညာဥ္..၊ ေႏြးေထြးေသာ ေက်ာက္စိမ္းစုတ္တံ"
နဝမမင္းသမီး အသက္ျပင္းျပင္း႐ွဴလိုက္ပါတယ္။ ေႏြးေထြးေသာ ေက်ာက္စိမ္းစုတ္တံက အေႏြးဓာတ္ဟာ သူ႕စိတ္ဝိညာဥ္ကိုေတာင္ တုန္လႈပ္ေစခဲ့ပါၿပီ။

"ျပည့္စုံတယ္"
ခ်ဴးယြန္မ်က္လုံးက ေတာက္ပေနလို႔ပါ။ နဝမမင္းသမီးရဲ႕ သိုင္းဝိညာဥ္က ဒီေလာက္အစြမ္းထက္မယ္လို႔ ထင္မထားခဲ့ပါဘူး။

ေကာင္းကင္အဆင့္တစ္ဆယ္ သိုင္းဝိညာဥ္က သူနဲ႔ တူညီေနခဲ့ပါၿပီ။

ကူမန္႐ွန္းလည္း ေ႐ွးေဟာင္းစာလိပ္ကို ျပန္ေတြးမိကာ မ်က္လုံးေတြ က်ဥ္းေျမာင္းသြားပါေတာ့တယ္။

ေဟာကိန္းတစ္ကယ္ျဖစ္လာၿပီ။

"နင္... နင့္ရဲ႕သိုင္းဝိဥာဥ္ကို အခုမွႏိုးထလာတာမို႔ နင့္ရဲ႕ဝိညာဥ္စြမ္းအင္က အားနည္းေနၿပီး နယ္ပယ္ကလလည္း မတည္ၿငိမ္ေသးဘူး..။ အရင္သြားေလ့က်င့္ပါ... ေန႔လည္က်ရင္ နင့္ကိုငါသင္ေပးမယ္"
ကူမန္႐ွန္းက လက္ကိုေဝွ႔ယမ္းၿပီး နဝမမင္းသမီးကို သြားေလ့က်င့္ေစလိုက္ပါတယ္။

နဝမမင္းသမီးလည္း အေျခအေနကို နားလည္ၿပီးသားပါ။ ဒါေၾကာင့္ တျခားသူကို အေဖာ္ညႇိမဲ့အစား အေျခခံ အရင္သြားေလ့က်င့္တာ ပိုေကာင္းပါတယ္။

သူေခါင္းညိတ္ၿပီး စြမ္းအင္ ေလ့က်င့္ဖို႔ အခန္းတစ္ခုထဲကို ဝင္ေရာက္သြားခဲ့ပါၿပီ။

ဒီအခါမွ ေကာင္းကင္ယံ႐ွိ ထူးျခားျဖစ္စဥ္လည္း တျဖည္းျဖည္း ေပ်ာက္ကြယ္သြားပါေတာ့တယ္။

"ေကာင္းၿပီ.. အခု ပန္းခ်ီတာအိုရဲ႕ အေျခခံအခ်က္ေတြကို ငါေျပာျပမယ္... မင္းက ၿငိမ္ၿငိမ္ေလးဘဲ နားေထာင္ေန"
ကူမန္႐ွန္း ေျပာလိုက္ပါတယ္။
"မင္းရဲ႕ အရည္အခ်င္းေတြနဲ႔ အေျခခံေတြကို သင္ယူဖို႔က မခက္ပါဘူး... ဒါေပမဲ့ အခ်ိန္တိုအတြင္းမွာ ကနဦးဥာဏ္အလင္းရဖို႔ဆိုတာက မျဖစ္ႏိုင္သေလာက္ပဲ..။ ဒါေပမဲ့လည္း မင္းက ႀကိဳးစားခ်င္ေနမွေတာ့ ငါ‌သင္ေပးမယ္"

"အခု ေသခ်ာနားေထာင္ထား..."
ကူမန္႐ွန္းက စတင္ ႐ွင္းလင္း ေျပာဆိုလိုက္ပါတယ္။

ခ်ဴးယြန္လည္း အေလးအနက္ နားေထာင္ေနခဲ့ပါၿပီ။

ကူမန္႐ွင္းရဲ႕ ႐ွင္းလင္းျပတ္သားတဲ့ စကားသံေတြေအာက္မွာ ခ်ဴးယြန္ဟာ အေျခခံဆြဲနည္းကို နားလည္လာခဲ့ပါတယ္။

ပန္းခ်ီက ဝိညာဥ္စြမ္းအင္နဲ႔ အလို႐ွိရာကို ေရးဆြဲၿပီး ရန္သူကို ဖိႏွိပ္ရ၊ တိုက္ခိုက္ရတာပါ။

ဒါက လွ်ိဳ႕ဝွက္ပုံစံနဲ႔ ဆင္တူပုံရေပမဲ့ ေသခ်ာေလ့လာၿပီးရင္ေတာ့ မတူညီေၾကာင္း ျမင္ေတြ႕ရပါလိမ့္မယ္။

လွ်ိဳ႕ဝွက္ပုံစံက လႈပ္႐ွားရတာ က်ဥ္းေျမာင္းပါတယ္။

လွ်ိဳ႕ဝွက္ပုံစံတစ္ခုရဲ႕ အေျပာင္းအလဲအားလုံးက မူလအေျခခံတစ္ခုကိုခံၿပီး ဆင့္ပြားသြားခဲ့တာပါ။ ဒါက လြတ္လပ္မႈ မ႐ွိပါဘူး။

ဒါေပမဲ့ ပန္းခ်ီကေတာ့ အလြန္ကြာျခားသြားခဲ့ပါၿပီ။

ဒါက တိက်တဲ့ ဦးတည္ခ်က္ မ႐ွိပါဘူး။ ကိုယ္က ထိန္းခ်ဳပ္ႏိုင္သ၍ လြတ္လြတ္လပ္လပ္ ေရးဆြဲၿပီး အလို႐ွိတာကို ဖန္တီးယူႏိုင္ပါတယ္။

ဒီအထဲကို စြမ္းအင္ျဖည့္သြင္းလိုက္တာနဲ႔ ထူးကဲတဲ့ အက်ိဳးသက္ေရာက္မႈကို ျဖစ္လာေစမွာပါ။

ဥပမာေျပာရရင္ သင္က မုန္တိုင္းတစ္ခုကို ေရးဆြဲလိုက္ရင္ အရာအားလုံးကိုဖ်က္ဆီးဖို႔ ေလျပင္းမုန္တိုင္းေတြ က်ဆင္းလာပါလိမ့္မယ္။

သင္က မိုးႀကိဳး၊ လွ်ပ္စီးေတြကို ေရးဆြဲရင္ေတာ့ မိုးႀကိဳး၊ လွ်ပ္စီးေတြ က်ဆင္းလာေတာ့မွာပါ။

ပန္းခ်ီတာအိုက အလြန္းဆန္းက်ယ္ၿပီး အဆုံးမဲ့ အစြမ္းထက္ပါတယ္။

ခ်ဴးယြန္လည္း နားစိုက္ရင္း ႐ုန္းမထြက္‌ႏိုင္ေတာ့ေအာင္ နစ္ျမဳပ္သြားခဲ့ပါၿပီ။

မူလက သူဟာ ေကာင္းေကာင္း အဆင္ေျပေခ်ာေမြဖို႔ ယုံၾကည္မႈ မ႐ွိခဲ့ပါဘူး။ ဒါေပမဲ့ တကယ္တမ္းမွာေတာ့ အခ်ိန္သိပ္မလိုဘဲ ဈန္ဝင္စားသြားခဲ့ပါတယ္။

ကူမန္႐ွန္းေတာင္ ဒီအေျခအေနေၾကာင့္ အံ့ဩသြားခဲ့မိပါၿပီ။

"ဒီမွာပဲ"

"အေစာပိုင္းက အ႐ွိန္အဝါက ဒီကထြက္လာတာ"

"အကိုႀကီး... မင္းရတနာေတြ ရထားတာလား"

"..."

က်ယ္‌ေလာင္တဲ့ စကားသံနဲ႔အတူ ေတာင္ထိပ္ကို လူရိပ္အေတာ္မ်ားမ်ား ဆင္းသက္လာၾကပါတယ္။

"ဒါက..."
ခ်ဴးယြန္ နည္းနည္းစိတ္ပ်က္သြားၿပီး ေခါင္းေမာ့လိုက္ပါၿပီ။

သူက ပန္းခ်ီတာအိုကို ဈန္ဝင္စားေနမွ ႐ုတ္တရက္ အေႏွာင့္ယွက္ခံရမယ္လို႔ ထင္မထားခဲ့ပါဘူး။

ဒီလူေတြရဲ႕ေတြေၾကာင့္ သူ႕ရဲ႕ဈန္ဝင္စားမႈဟာ ပ်က္ျပယ္သြားခဲ့ပါၿပီ။

ကူမန္႐ွန္းလည္း စိတ္ပ်က္လက္ပ်က္နဲ႔ မ်က္ေမွာင္ၾကဳတ္လိုက္ပါေတာ့တယ္။
"မင္းတို႔ ဘာလာလုပ္ၾကတာလဲ"

"ညီေလးကူ... မင္းက ဘာေတြလွ်ိဳေနတာလဲ"
နည္းနည္းခႏၶာကိုယ္ၾကံ့ခိုင္တဲ့လူႀကီးက အေ႐ွ႕ကိုေလွ်ာက္လာၿပီး ေျပာလိုက္ပါတယ္။
"ဒီမွာ တစ္ေယာက္ေယာက္ေတာ့ ေကာင္းကင္အဆင့္တစ္ဆယ္ သိုင္းဝိညာဥ္ကို ႏိုးထလာတယ္ေလ... ဒါက အားလုံးျမင္လိုက္ရတာကို မင္းမသိဘူးလား"

"ဟုတ္တယ္ေလ... ဒီတစ္ေခါက္ အိပ္မက္ေတာင္ကိုေ႐ြးခ်ယ္တဲ့ တပည့္တခ်ိဳ႕႐ွိတယ္လို႔ၾကားတယ္..။ ဒါက သူတို႔ဆီက မဟုတ္လား"

"အမွန္ပဲ... ဒီေနရာမွာ ပါရမီ႐ွင္တစ္ဦး႐ွိေနမွေတာ့ ဘာျဖစ္လို႔ အျပင္ေခၚၿပီး ငါတို႔နဲ႔ ေတြ႕ခြင့္မေပးရတာလဲ"

ေတာင္ထိပ္သခင္ေတြက ႐ိုးသားတဲ့ မ်က္ႏွာနဲ႔ ေျပာလိုက္ၾကပါတယ္။

တကယ္ေတာ့ သူတို႔က ရည္႐ြယ္ခ်က္နဲ႔ လာခဲ့ၾကတာပါ။

အရင္တုန္းကေတာ့ အိပ္မက္ေတာင္မွာ ပါရမီ႐ွင္ေတြ ႐ွိခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ဆုံးမွာေတာ့ သူ႕ဆီကေန ပါရမီ႐ွင္အားလုံး ထြက္ခြာသြားၾကတာပဲ မဟုတ္လား။

ဒီလိုဆိုမွေတာ့ ဒီတစ္ခါ ထပ္မံထြက္သြားေတာ့ေရာ ဘာျဖစ္လဲ။


1200

"ငါ့ရဲ႕အိပ္မက္ေတာင္က မင္းတို႔နဲ႔ ဘယ္လိုပတ္သက္လို႔လဲ"
ကူမန္႐ွန္က မ်က္ေမွာင္ၾကဳတ္ေနၿပီး သူ႕ေလသံက နည္းနည္းမွ မယဥ္ေက်းပါဘူး။ မဖိတ္ေခၚဘဲ ေရာက္လာတဲ့ ဧည့္သည္ေတြအတြက္ သူ႕ေလသံက ေဖာ္ေ႐ြမႈ ကင္းမဲ့ေနလို႔ပါ။

ဒီလူေတြေတြးေနတာကို သူနားမလည္ဘဲ ေနပါ့မလား။

ေလာဘအရိပ္ေယာင္ေတြက သူတို႔မ်က္ႏွာမွာ အထင္းသားေပၚေနခဲ့တာပါ။

"မဟုတ္ေသးဘူးေလ... မင္းက ဘာလို႔ ဒီေလာက္တြန္႔တိုေနရတာလဲ..။ ေကာင္းကင္အဆင့္တစ္ဆယ္ သိုင္းဝိညာဥ္ပိုင္႐ွင္ကို တပည့္အျဖစ္ လက္ခံႏိုင္လို႔ မင္းအတြက္ ငါတို႔ တကယ္ေပ်ာ္ပါတယ္... ဒါေပမဲ့လည္း အျမင္က်ယ္ခ်င္ေသးတယ္ေလ..။ ဘယ္သူကမ်ား ေကာင္းကင္အဆင့္တစ္ဆယ္ သိုင္းဝိညာဥ္ကို ႏိုးထခဲ့တယ္ဆိုတာ ျမင္ခ်င္႐ုံေလးပါ"

"ဟုတ္သားပဲ အကိုကူ... ငါတို႔က အျမင္က်ယ္ခ်င္႐ုံသက္သက္ပါ... မင္းခြင့္ျပဳရင္ ငါ့ရဲ႕ အေကာင္းစားအရက္ေတြ လက္ေဆာင္ေပးမယ္"

"ဟုတ္တယ္ ဟုတ္တယ္... ငါ့မွာလည္း အရက္ေကာင္းတခ်ိဳ႕႐ွိတယ္..။ အဲတာေတြ လက္ေဆာင္ေပးမယ္ ဆိုရင္ေရာ..."

ကူမန္႐ွန္း နည္းနည္းေဒါသထြက္ေနတာေၾကာင့္ အဲဒီလူစုက အျမန္ေျပာလိုက္ၾကပါတယ္။

ဒါေပမဲ့ သူတို႔ေတြ စိတ္မ႐ွည္ႏိုင္ ျဖစ္ေနခဲ့ပါၿပီ။ ေနာက္ဆုံးမွာ‌ေတာ့ ေကာင္းကင္အဆင့္တစ္ဆယ္ သိုင္းဝိညာဥ္ပိုင္႐ွင္က တိုင္ဂန္နယ္နိမိတ္တစ္ခုလုံးမွာေတာင္ ႐ွားပါးလြန္းတယ္ မဟုတ္လား။

ကူမန္႐ွန္းက အေျပာင္းအလဲမ႐ွိတဲ့ မ်က္ႏွာအမူအရာနဲ႔ လက္ကိုေဝွ႔ယမ္းလိုက္ပါတယ္။
"သူတို႔က အိပ္မက္ေတာင္ထိပ္ကို ေ႐ြးခ်ယ္မွေတာ့ ဒါက ငါ့ကို ယုံၾကည္တဲ့ အဓိပၸာယ္ပဲ..။ အဲတာေၾကာင့္ သူတို႔ရဲ႕ယုံၾကည္မႈနဲ႔ ကိုက္ညီဖို႔အတြက္ ငါအေကာင္းဆုံး ႀကိဳးစားေပးရမယ္..။ မင္းတို႔က သူ႕ကိုေတြ႕ခ်င္႐ုံပဲဆိုရင္ေတာ့ ျမန္ျမန္ထြက္သြားေတာ့"

သူ႕သေဘာက ႐ွင္းပါတယ္။ အားလုံးကို ႏွင္ထုတ္ေနတာပါ။

ဒါေပမဲ့ ေတာင္ထိပ္သခင္ေတြက ဂ႐ုမစိုက္ၾကပါဘူး။
"ငါတို႔က ညီအကိုေတြပဲေလ... ဒီလို ဘာမဟုတ္တာေလးကို ဖုံးကြယ္ေနတာကေတာ့ မလြန္ဘူးလား"

"မင္းတို႔ မသြားေသးဘူးလား"
ကူမန္႐ွန္း မ်က္ေမွာင္ၾကဳတ္လိုက္ပါၿပီ။ သူက ေအးစက္စက္နဲ႔ ေျပာလိုက္ပါတယ္။
"မင္းတို႔ကို ငါ့ညီအကိုေတြလို သေဘာထားလို႔ ငါမတိုက္ခိုက္ခ်င္ဘူးေနာ္... မင္းတို႔ငါ့ကို ထပ္မစတာပိုေကာင္းမယ္..။ မဟုတ္ရင္ ငါက႐ုဏာမျပေတာ့ဘူး"

"ဟားဟားဟား... ညီေလးကူ၊ ဒီတစ္ေလွ်ာက္လုံး ဘာေတြလုပ္ေနတယ္ဆိုတာ ျပန္ေတြးၾကည့္စမ္းပါ"
ထြားက်ိဳင္းတဲ့ လူလတ္ပိုင္းႀကီးက ရယ္‌ေမာ ေျပာဆိုလိုက္ပါတယ္။ သူက ကူမန္႐ွန္းကို လက္ညိဳးၫႊန္ကာ ေျပာလိုက္ပါၿပီ။
"အိပ္မက္ေတာင္က ငါတို႔အားလုံးကို ဆရာ သင္ၾကားေပးခဲ့တဲ့ေနရာကြ... ဒါေပမဲ့ ဒီတစ္ေလွ်ာက္လုံး မင္းဘာေတြ လုပ္ေနခဲ့တယ္ဆိုတာ ျပန္ေတြးၾကည့္လိုက္စမ္း..။ မင္းရဲ႕လုပ္ရပ္ေတြက ဘာလဲ... ဒီလိုနဲ႔ ဆရာ့ေက်းဇူးကို ျပန္ဆပ္ေနတာလား"

"အမွန္ပဲ... မင္းက အရက္ေသာက္ဖို႔ပဲသိတဲ့ အရက္သမားတစ္ေယာက္ပဲေလ..။ မင္းက အိပ္မက္ေတာင္ကို ဒီအေျခအေနအထိေရာက္ေအာင္ ဆြဲခ်ၿပီးမွ ငါတို႔ကို တိုက္ခိုက္ခ်င္ေနတာလား"

"အကိုကူ... ငါတို႔မင္းကို မ်က္ႏွာမပ်က္ေစခ်င္ဘူးေနာ္"

"ငါတို႔ တိုက္ခိုက္မယ္ဆိုရင္ မင္းမွာ အခြင့္အေရးမ႐ွိဘူး"

ကူမန္႐ွန္းရဲ႕စကားကိုၾကားေပမဲ့ ေတာင္ထိပ္သခင္ေတြက မေၾကာက္ၾကပါဘူး။ သူတို႔က မ်က္လုံးထဲေတာင္ မထည့္ဟန္နဲ႔ ေျပာဆိုလိုက္ၾကပါတယ္။

ဒါကိုၾကည့္ရင္ ဒီႏွစ္ေတြထဲမွာ ကူမန္႐ွန္းရဲ႕ဂုဏ္သိကၡာက ဘယ္ေလာက္ထိ က်ဆင္းလာတယ္ဆိုတာ သိရမွာပါ။

သူ႕ကို ဘယ္သူမွ မေၾကာက္ေတာ့ပါဘူး။

သူေဒါသျဖစ္ေနရင္ေတာင္ ဂ႐ုမစိုက္ၾကေတာ့ပါ။

ခ်ဴးယြန္လည္း တိတ္တဆိတ္ပဲ ထိုင္ေနလို႔။ အေျခအေန ႐ႈပ္ေထြးေနမွန္းသိေပမဲ့ ဒါက သူဝင္စြတ္ဖက္လို႔ရတာ မဟုတ္ပါဘူး။

"မင္းတို႔မသြားဘူးဆိုရင္ ငါလိုက္ပို႔ေပးမယ္"
ေတာင္ထိပ္သခင္ေတြက ေမာက္မာေနေပမဲ့ ကူမန္႐ွန္းကလည္းမေၾကာက္ပါ။

သူ႕ဆီက မျမင္ႏိုင္တဲ့ အားလိႈင္းေတြ ထြက္ေပၚလာကာ အားလုံးကို တြန္းထုတ္လိုက္ပါၿပီ။

ဒီအင္အားႀကီးက အလြန္ကို သန္မာလြန္းပါတယ္။ ဒီအင္အားလိႈင္းအေ႐ွ႕မွာ သူတို႔က အ႐ွိန္ျပင္းျပင္းနဲ႔ေမာင္းလာတဲ့ ႏွံေကာင္ေတြလိုပါပဲ။ အားလုံး အေနာက္ကို ဆုတ္သြားခဲ့ရပါၿပီ။

"ဒါက ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္မွာလဲ"
ထြားႀကိဳင္းတဲ့ လူလတ္ပိုင္းႀကီး အံ့ဩသြားခဲ့ပါတယ္။ သူက ဂ်ဴမုေတာင္ထိပ္သခင္ စုန္႔လင္း႐ွန္ပါ။

သူက အထြတ္အထိပ္ နီဗားနားနယ္ပယ္ က်င့္ၾကံျခင္းအေျခခံ႐ွိၿပီး ေတာင္ထိပ္သခင္ေတြထဲမွာေတာင္ ထိပ္တန္းငါးေယာက္ကို ဝင္ေရာက္ႏိုင္ပါတယ္။

ဂ်ဴမုေတာင္ကလည္း အဆင့္ေလးေတာင္တစ္လုံးပါ။

အခုေတာ့ ကူမန္႐ွန္းေၾကာင့္ အေနာက္ကို ဆုတ္သြားခဲ့ရပါၿပီ။

သူဘယ္လိုပဲ ေတြးေနပါေစ၊ ကူမန္႐ွန္းက ဘာျဖစ္လို႔ ဒီေလာက္သန္မာမွန္း မသိပါဘူး။။

သူတစ္ေယာက္တည္းဆိုရင္ေတာ့ သတိလက္လြတ္ ျဖစ္ေနတာေၾကာင့္ အလစ္အငိုက္ခံရတယ္လို႔ ဆိုႏိုင္ပါေသးတယ္။

ဒါေပမဲ့ အခုေတာ့ နီဗားနားနယ္ပယ္ ေတာင္ထိပ္သခင္ေတြလည္း အနားမွာ ႐ွိေနခဲ့ပါၿပီ။ ဒါေပမဲ့လည္း အဆုံးမွာေတာ့ မခုခံႏိုင္ဘဲ အေနာက္ကို လြင့္စဥ္သြားရဆဲပါ။

ဒါေၾကာင့္ ေတာင္ထိပ္သခင္အားလုံး အကူအညီမဲ့သလို ခံစားလိုက္ရပါေတာ့တယ္။

"ညီေလးကူ... မင္းလည္း အထြတ္အထိပ္ နီဗားနားနယ္ပယ္ကို ေရာက္ေနၿပီလား"
စုန္႔လင္း႐ွန္ တုန္လႈပ္စြာနဲ႔ ေျပာလိုက္ပါတယ္။

ကူမန္႐ွန္း ျပန္မေျဖေတာ့ဘဲ ေလထဲမွာ သူ႕လက္ကို နည္းနည္း လႈပ္႐ွားလိုက္ပါၿပီ။ သူ ေအာ္ေငါက္လိုက္‌ပါေတာ့တယ္။
"အိပ္မက္ေတာင္က ထြက္သြားၾကစမ္း"

"ဝမ္"
သူ႕စကားဆုံးတာနဲ႔ ေလထဲမွာ လက္သီးႀကီးေတြ ျဖစ္ေပၚလာကာ တစ္ဖက္လူေတြဆီကို ေျပးဝင္သြားခဲ့ပါၿပီ။ သူ႕ရဲ႕လက္သီးတစ္ခ်က္စီက အရာအားလုံးကို ဖ်က္ဆီးႏိုင္စြမ္း႐ွိပါတယ္။

"ညီငယ္ကူ... မင္းေမာက္မာလြန္းသြားၿပီ... မင္းက နီဗားနားနယ္ပယ္ အထြတ္အထိပ္ကို ေရာက္ေနရင္ေတာင္ ငါတို႔အားလုံးကို တၿပိဳင္နက္တည္း တိုက္ခိုက္တာက ဆုံးျဖတ္ခ်က္ေကာင္း မဟုတ္ဘူး‌ေနာ္"
စုန္႔လင္း႐ွန္ ေလွာင္ေျပာင္လိုက္ပါတယ္။ သူ႕ဆီကေန ခ်က္ခ်င္းပဲ ေအးစက္စက္အလင္းလိႈင္းေတြ ျဖာထြက္လာခဲ့ပါၿပီ။

အေစာပိုင္းက သူ မ်က္ႏွာပ်က္သြားရတာေၾကာင့္ ဒီတစ္ခါေတာ့ ေျဖ႐ွင္းဖို႔ နည္းလမ္း႐ွာေတာ့မွာပါ။

"နဂါးမင္းဖ်က္ဆီး"
သူ႕လက္ေတြက ေလထဲမွာ နည္းနည္းလႈပ္႐ွားလိုက္တာနဲ႔ နဂါးဦးေခါင္းလို ‌သစ္တိုင္လုံးႀကီးေတြ ျဖစ္ေပၚလာခဲ့ပါတယ္။ ဒါက ကူမန္႐ွန္းဆီကို ျပန္လည္ တိုးဝင္သြားခဲ့ပါၿပီ။

ဒီသစ္တိုင္လုံးႀကီးက ဆယ္မီတာလုံးပတ္႐ွိၿပီး မီတာတစ္ရာ ႐ွည္လ်ားေနလို႔ပါ။ တိုင္လုံးႀကီး ျဖတ္သန္းသြားတဲ့လမ္းတစ္ေလွ်ာက္က ေလထုဟာ တြန္႔လိပ္သြားခဲ့ရပါၿပီ။

"အကိုကူ.. မင္းက ေမာက္မာလြန္းသြားၿပီပဲ... မင္းသေဘာမတူရင္ေတာင္ ညီအကိုေတြကို တိုက္ခိုက္လို႔ မရဘူးကြ..။ ဒီေန႔ေတာ့ ငါမင္းကို သင္ခန္းစာေပးမယ္"
ေနာက္တစ္ေယာက္ကလည္း ေလထဲမွာ ေသြး ဆိုတဲ့ စာလုံးကို ေရးသားလိုက္ပါတယ္။

ဒီအခါမွာေတာ့ ေသြးျမစ္ႀကီးလို ေသြးအလင္းေတြ ေပါက္ကြဲထြက္ေပၚလာခဲ့ပါၿပီ။ စူး႐ွတဲ့ ေသြးညႇီနံ႔ေတြကလည္း ေလထဲမွာ ပ်ံ႕ေနလို႔ပါ။

သူတို႔ရဲ႕ ပူးေပါင္းတိုက္ခိုက္မႈက ကူမန္႐ွန္းရဲ႕ တိုက္ကြက္ကို လုံးဝ ေခ်မႈန္းပစ္လိုက္ပါတယ္။

ကူမန္႐ွန္း ႐ုတ္တရက္ မ်က္ခုံးပင့္ကာ တစ္လုံးခ်င္း ေျပာလိုက္ပါၿပီ။
"မင္းတို႔ ငါ့ကို တကယ္လုပ္ေစခ်င္တာလား"

"ကူမန္႐ွန္း... အရက္သမားေကာင္၊ ဘာေတြေျပာေနတာလဲ"
စုန္႔လင္း႐ွန္ ေလွာင္ေျပာင္ၿပီး သစ္သားတိုင္ႀကီးကိုထပ္မံထိန္းခ်ဳပ္လိုက္ပါတယ္။

ဒီအခါ သစ္သားတိုင္ႀကီးက အံ့မခန္းအင္အားတစ္ရပ္ကို သယ္ေဆာင္ရင္း ကူမန္႐ွန္းဆီကို ဆက္လက္ တိုးဝင္သြားခဲ့ပါၿပီ။

ကူမန္႐ွန္းလည္း မ်က္ခုံးပင့္ကာ သူ႕လက္ေတြကို စတင္လႈပ္႐ွားလိုက္ပါေတာ့တယ္။

ဒါက ရတနာဓားဆယ္လက္ေက်ာ္ပါ။ ဓားေတြက မယုံႏိုင္စရာအျမန္ႏႈန္းနဲ႔ ထြက္ေပၚလာခဲ့ပါၿပီ။

ဓားေတြက သစ္သားတိုင္ႀကီးကိုေတာင္ ထက္ျခမ္းခြဲခ်သြားခဲ့ပါတယ္။

အျခားသူေတြရဲ႕ တိုက္ကြက္ေတြလည္း အသီးသီး ဖ်က္ဆီးခံလိုက္ရပါၿပီ။

အခုအခါ ဘယ္သူမွ မလႈပ္ဝံ့ေတာ့ပါဘူး။ ဓားသြားေတြက သူ႕တို႔လည္ပင္းေပၚကို‌ ေရာက္ေနခဲ့ပါၿပီ။

"မင္းတို႔ ထြက္မသြားရင္ ေသရမယ္"
ကူမန္႐ွန္းက သာမန္ကိစၥကို ေျပာေနသလို ေအးစက္စက္နဲ႔ ေျပာလိုက္တာပါ။

ဓားေတြကေတာ့ ေတာင္ထိပ္သခင္ေတြရဲ႕ လည္ပင္ကို ထိကပ္ထားလို႔။ သူနည္းနည္းလႈပ္႐ွားလိုက္တာနဲ႔ ေခါင္းျပတ္ေတြ ေျမေပၚကို လိမ့္သြားပါလိမ့္မယ္။

"အကိုႀကီးကူ... မလုပ္.. မလုပ္ပါနဲ႔"
အားလုံး အလြန္တုန္လႈပ္သြားၾကတာပါ။ ကူမန္႐ွန္းရဲ႕ခြန္အားကို သူတို႔ ေမးခြန္းမထုတ္ဝံ့ေတာ့ပါဘူး။

ကူမန္႐ွန္းက ဘယ္ေလာက္ထိသန္မာတယ္ဆိုတာ သူတို႔မသိေပမဲ့ လည္ပင္းေပၚဓားေရာက္ေနၿပီမို႔ လက္႐ွိမွာ အေတြးတစ္ခုပဲ ႐ွိပါေတာ့တယ္။ အသက္႐ွင္ဖို႔က ပိုအေရးႀကီးတယ္။

စုန္႔လင္း႐ွန္လည္း တံေတြးတစ္ခ်က္ၿမိဳခ်ၿပီး ေျပာလိုက္ပါတယ္။
"ညီေလးကူ၊ စိတ္ကိုေလွ်ာ့ပါအုံး... ဒီအကိုက စိတ္႐ႈပ္ေနလို႔ အျမင္ကန္းၿပီး ညီေလးကို တိုက္ခိုက္မိတာပါ...‌ ေတာင္းပန္ပါတယ္"

စုန္႔လင္း႐ွန္ အလြန္ေၾကာက္လန္႔ေနတာေၾကာင့္ သူ႕မ်က္ႏွာေပၚက အဆီေတြေတာင္ တုန္ခါေနရလို႔ပါ။

"ငါမင္းတို႔ကို အမ်ားႀကီးမေျပာေတာ့ဘူး... ထြက္သြားမွာလား မသြားဘူးလား"
ကူမန္႐ွန္းရဲ႕မ်က္ႏွာက ေအးစက္ေနဆဲပါ။

"သြားပါမယ္... ငါတို႔ အခုထြက္သြားပါမယ္"
စုန္႔လင္း႐ွန္ အေနာက္ကို ေျခလွမ္းနည္းနည္း ဆုတ္လိုက္ၿပီးေနာက္ တခ်ိဳးတည္း ထြက္ေျပးသြားပါေတာ့တယ္။

အျခားေတာင္ထိပ္သခင္ေတြလည္း အတူတူပါပဲ။

"ဘာျဖစ္တာလဲ... ဘာေတြျဖစ္ေနတာလဲ..။ ဒီအရက္သမားက ဘာျဖစ္လို႔ ေၾကာက္စရာေကာင္းလာတာလဲ"

"ငါဘယ္လိုလုပ္သိမွာလဲဟ... မင္းက ငါ့ကိုေမးေတာ့ ငါက ဘယ္သူ႕ျပန္ေမးရမွာလဲ"

"သူသာ နည္းနည္းပိုရက္စက္ရင္ ငါတို႔ အခုေလာက္ဆို ေသေနေလာက္ၿပီ"

ဒီေတာင္ထိပ္သခင္ေတြက အသန္မာဆုံးေတြ မဟုတ္ၾကပါဘူး။ ဒါေပမဲ့ ဒီလိုဆိုရင္ေတာင္ သူ႕လို အရက္သမားတစ္ေယာက္က ယွဥ္ႏိုင္တာမ်ိဳး မဟုတ္ေသးပါ။

ကူမန္႐ွန္းဟာ အျခားသူေတြနဲ႔ ဆက္ဆံခဲတာေၾကာင့္  အစြမ္းမ႐ွိဘူးလို႔ပဲ အားလုံးက သိထားၾကပါတယ္။ သူက နီဗားနားနယ္ပယ္ေတာင္ မေရာက္ႏိုင္လို႔ အရက္ေသာက္ရင္းပဲ အခ်ိန္ျဖဳန္းေနခဲ့သူပါ။

‌ဒါေပမဲ့ သူက ၾကမ္းတမ္းတဲ့အင္အားကို ႐ုတ္တရက္ျပလာမယ္လို႔ ဘယ္သူမွ ထင္မထားခဲ့ပါဘူး။

ဒါက မယုံႏိုင္စရာပါပဲ။

အျခားသူေတြ ထြက္ခြာသြားတဲ့အခါ ကူမန္႐ွန္း အၾကည့္ျပန္႐ုတ္ၿပီး ခ်ဴးယြန္ကို ေျပာလိုက္ပါတယ္။
"မင္းဆက္ၿပီး ေလ့က်င့္ေတာ့..."

"ဟုတ္ကဲ့ပါ"
ခ်ဴးယြန္လည္း တင္ပ်ဥ္ေခြထိုင္ၿပီး ျပန္လည္ နားလည္ဆင္ျခင္လိုက္ပါၿပီ။

ဒါေပမဲ့ သူ႕စိတ္ထဲမွာေတာ့ အေစာပိုင္းက ျမင္ကြင္းေတြပဲ လႊမ္းမိုးထားလို႔ပါ။

‌ဂ်ဴမုေတာင္သခင္ စုန္႔လင္း႐ွန္က အထြတ္အထိပ္ နီဗားနားနယ္ပယ္မွာ ႐ွိပါတယ္။ က်န္တဲ့သူေတြကလည္း နီဗားနားနယ္ပယ္ေတြခ်ည္းပါပဲ။

ဘယ္လိုပဲၾကည့္ၾကည့္ သူတို႔အုပ္စုက အင္အားေကာင္းၿပီးသားပါ။

ဒါေပမဲ့ ကူမန္႐ွန္းက လုံးဝ ေခ်မႈန္းပစ္ခဲ့ပါၿပီ။

ကူမန္႐ွန္းက ဖန္ဆင္း႐ွင္မ်ားလား။

"ဟမ့္"
ကူမန္႐ွန္း ႏွာေခါင္းတစ္ခ်က္႐ႈံ႕လိုက္ပါတယ္။ ဒီေနာက္ လက္ညိဳးတစ္ခ်က္ၫႊန္ကာ ခ်ဴးယြန္ရဲ႕ အေတြးေတြကို ရပ္တန္႔ေစလိုက္ပါေတာ့တယ္။

"အခ်ိန္က အရမ္းအဖိုးတန္တယ္... မင္းအခ်ိန္ဆက္ျဖဳန္းေနရင္ တတိယစမ္းသပ္မႈကို ေအာင္ျမင္မွာ မဟုတ္ဘူး"
ကူမန္႐ွန္းက ေအးစက္စက္နဲ႔ ေျပာလိုက္ပါတယ္။

ခ်ဴးယြန္လည္း ရယ္က်ဲက်ဲနဲ႔ မ်က္လုံးမွိတ္ကာ နားလည္ဆင္ျခင္လိုက္ပါၿပီ။

သူ႕ႏွလုံးသားက ကန္ေရျပင္လို တည္ၿငိမ္လာခဲ့ပါတယ္။

ဒီအေျခအေနမွာဆိုရင္ ႀကိဳးစားမႈက ရလဒ္ႏွစ္ဆပိုမွာပါ။

မနက္ပိုင္းအခ်ိန္က မ်က္စိတစ္မွိတ္အတြင္း ကုန္ဆုံးသြားခဲ့ပါၿပီ။

ခ်ဴးယြန္ရဲ႕ ရိတ္သိမ္းမႈက မနည္းလွပါဘူး။ သူဟာ တာအိုအေျခခံကို အလြန္နားလည္လာခဲ့ပါၿပီ။ သူက တာအိုအေျခခံကို လုံးဝ နားမလည္ေသးေပမဲ့ အခ်ိန္တစ္ခုပဲ လိုမွာပါ။

"ဆရာ..။ ခ်ဴးယြန္... နင့္ရဲ႕တိုးတက္မႈက ဘယ္လိုေနလဲ"
နဝမမင္းသမီးက အခန္းထဲကေန ထြက္လာခဲ့ပါတယ္။

သူ႕ရဲ႕ တိုးတက္မႈက အလြန္ျမန္ဆန္ၿပီး ေမာ္တယ္နယ္ပယ္ ဒုတိယအဆင့္ကို ေရာက္သြားခဲ့ပါၿပီ။

ဒီအျမန္ႏႈန္းဟာ ဟိုတစ္ခ်ိန္က ခ်ဴးယြန္ထက္ေတာင္  အမ်ားႀကီးပိုျမန္ပါေသးတယ္။

ေနာက္ဆုံးမွာေတာ့ ေကာင္းကင္အဆင့္တစ္ဆယ္ သိုင္းဝိညာဥ္ဟာ ၿပီးျပည့္စုံမႈ ႐ွိေနခဲ့တယ္ မဟုတ္လား။ သူ႕ရဲ႕ စြမ္းအင္စုပ္ယူႏႈန္းက ေရဝဲႀကီးတစ္ခုလိုပါပဲ။

Continue Reading

You'll Also Like

453K 56K 200
Book-4 I just translate this story. I don't own this story. All credits go to the original writer and English translator team. Title ကိုသိချင်ရင် cb...
318K 19K 59
•ប្រភេទរឿងមនុស្សប្រុសអាចពពោះបាន
342K 37.9K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
1.3M 120K 105
Turƙashi, wannanfa shine cakwakiyoyi ba cakwakiya ba, bamma san yanda zan musalta muku kitimurmurar dake cikin book ɗinnan ba sam, dan wani irin ruɗ...