ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အ...

By KazunoMora

73.7K 8.5K 100

အပိုင်း ၃၉၅ မှ ၁၂၈၀ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း ဇာတ္လမ္းအက်ဥ္း
အပိုင်း_395_မင်းကိုဘာကြောင့်ရှင်းပြရမှာလဲ
အပိုင်း_396_တိုက်ပွဲမပြီးသေးဘူး
အပိုင်း_397_ဆေဘာနဲ့ဓါးစိတ်ဆန္ဒ
အပိုင်း_398_ရှည်ကြာသောတိုက်ပွဲ
အပိုင်း_399_ငရဲလောကမှထွက်ခွာနိုင်ပြီ
အပိုင်း_400_ကျွန်တော်လိုချင်တာက
အပိုင်း_401_ရွှေထျန်းသခင်လေး
အပိုင်း_402_ဗာဂျရာခန္ဓာကိုယ်
အပိုင်း_403_ကျုပ်မပြောင်းလဲနိုင်ဘူး
အပိုင်း_404_နတ်ဆိုးဗုဒ္ဓတိုက်ပွဲဝင်ခန္ဓာကိုယ်
အပိုင်း_405_နိုးထလာတဲ့နဂါးစွယ်မြက်
အပိုင်း_406_မင်းတို့‌မျက်လုံးတွေပြူးပြီးကြည့်လိုက်ကြစမ်း!
အပိုင်း_407_ထူးခြားသောနတ်ဆိုးလောက
အပိုင်း_408_ထူးခြားပြီးကြမ်းကြုတ်တဲ့အသွင်ပြင်
အပိုင်း_409_နတ်ဆိုးကီ
အပိုင်း_410_ချူးယွန်ငါထင်တာက
411 to 415
416 to 420
421 to 425
426 to 430
431 to 435
436 to 440
441 to 445
446 to 450
451 to 455
456 to 460
461 to 465
466 to 470
471 to 475
476 to 480
481 to 485
486 to 490
491 to 495
496 to 500
501 to 505
506 to 510
511 to 515
516 to 520
521 to 525
526 to 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601-605
606-610
611-615
616-620
621-625
626-630
631-635
636-640
641-645
646-650
651-655
656-660
661-665
666-670
671-675
676-680
681-685
686-690
691-695
696-700
701-705
706-710
711-715
716-720
721-725
726-730
731-735
736-740
741-745
746-750
751-755
756-760
761-765
766-770
771-775
776-780
781-785
786-790
791-795
796-800
801-805
806-810
811-815
816-820
821-825
826-830
831-835
836-840
841-845
846-850
851-855
856-860
အပိုင်း ( 861 ) ချန်းပိနင်းရဲ့ လျှို့ဝှက်ချက်
အပိုင်း ( 862 ) မင်းဘယ်သူ့ကိုလိမ်လာတာလဲ
အပိုင်း ( 863 ) ဖန်အိမ်တော်ကလူ
အပိုင်း ( 864 ) ဒါဆို ငါမပြန်ဘူး
အပိုင်း ( 865 ) ဟွာဖေးလုံရောက်လာခြင်း
အပိုင်း ( 866 ) မတူညီတဲ့ အတွေးအခေါ်တွေနဲ့ တိုက်ဆိုင်မှု
အပိုင်း ( 867 ) ဒါကြောင့်ပဲ ငါလာခဲ့တာ
အပိုင်း ( 868 ) ချူးယွန်ရဲ့ ကျင့်ကြံခြင်းနည်းလမ်း
အပိုင်း ( 869 ) မှန်ကန်တဲ့လမ်းစဉ်
အပိုင်း ( 870 ) ဟော်အိမ်တော်
871-875
876-880
881-885
886-890
891-895
896-900
901-905
906-910
911-915
916-920
921-925
926-930
931-935
936-940
941-945
946-950
951-955
956-960
961-965
966-970
971-975
976-980
981-985
986-990
991-995
996-1000
1001-1005
1006-1010
1011-1015
1016-1020
1021-1026
1027-1030
1031-1035
1036-1040
1041-1045
1051-1055
1056-1060
1061-1065
1066-1070
1071-1075
1076-1080
1081-1085
1086-1090
1091-1095
1096-1100
1101-1105
1106-1110
1111-1115
1116-1120
1121-1125
1126-1130
1131-1135
1136-1140
1141-1145
1146-1150
1151-1155
1156-1160
1161-1165
1166-1170
1171-1175
1176-1180
1181-1185
1186-1190
1191-1195
1196-1200
1201-1205
1206-1210
1211-1215
1216-1220
1221-1225
1226-1230
1231-1235
1236-1240
1241-1245
1246-1250
1251-1255
1256-1260
1261-1265
1266-1270
1271-1275
1276-1280

1046-1050

313 43 0
By KazunoMora

အပိုင်း ( 1046 ) ဒီလက်သီးက

သူတို့ရဲ့ စွပ်စွဲပြောဆိုတာတွေက ကျောင်းတော်သားများစွာကို အာရုံစိုက်လာစေပါတယ်။

မူလကတော့ သူတို့အားလုံး ဘာဖြစ်နေမှန်း မသိသေးပါဘူး။ ဒါပေမယ့် အခြေအနေမှန်ကို သိလိုက်ရချိန်မှာတော့ အားလုံးပဲ အံ့ဩသွားခဲ့ကြပါပြီ။

"ချမ်ရန်က ဒီလောက်တောင် ကောက်ကျစ်တာလား"

"မင်းသားဆယ့်ရှစ်က အတော် တုံးအ၊ရိုးသားလွန်းတာပဲ… ဒီလိုကောင်မျိုးက အစကတည်းက မကယ်သင့်တာကို"

"အမှန်ပဲ… သူ့ကို လွှတ်ထားလိုက်ရမှာ"

"သူ့ကို ကယ်ရင်တောင် ကျွေးတဲ့လက်ကို ပြန်ကိုက်မှာပဲကို"

မူလက အခြားသူတွေဟာ ဘယ်ဘက်ကိုမှမပါဘဲ နားထောင်နေကြတာပါ။ ဒါပေမယ့် ထိုစကားတွေကို ကြားပြီးနောက်မှာတော့ သူတို့ရဲ့ စိတ်နှလုံးတွေက အခြားတစ်ဖက်ကို တိမ်းစောင်းလာခဲ့ကြပါတော့တယ်။

အဖြစ်ပျက်တွေကို ကြားပြီးနောက်မှာတော့ ချူးယွန်ရဲ့မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာခဲ့ပါပြီ။

ဖန့်ကျစ်က ချမ်ရန်ကို ကယ်တင်ပေးခဲ့သူပါ။ ဒါပေမယ့် ချမ်ရန်က ကျေးဇူးမတင်တဲ့အပြင် သားရဲကိုတောင် အလစ်ချောင်းကာ သတ်ဖြတ်ခဲ့ပါသေးတယ်။ ဒါက ဘယ်လိုသဘောတရားမျိုးလဲ။

မင်းကို ကယ်တင်ပေးခဲ့သူကို နောက်ကျောကနေ ဓားနဲ့ထိုးနေရင် လူလို့ရော ခေါ်နိုင်ပါဦးမလား။

"ပြန်လည်ဝင်စားခြင်းနယ်ပယ် သားရဲ၊ အမှတ်တစ်ထောင်"
ချူးယွန်က သူ့လက်ကိုဝေ့ယမ်းကာ အလင်းမျက်နှာပြင်ကို ပြန်ဖျောက်လိုက်ပါပြီ။ သူက ဂရုမစိုက်ဟန်နဲ့ ပြောလိုက်ပါတယ်။
"ဖန့်ကျစ်က ချမ်ရန်ကို အနိုင်ရနေခဲ့ပြီး နောက်ဆုံးအချိန်မှ ရှုံးခဲ့ရတာ"

ဒါကိုကြားပြီးနောက် ပိုင်ထန်ကျောင်းတော်သားအားလုံး တိတ်ဆိတ်သွားခဲ့ကြပါတယ်။

သူတို့အားလုံး အသက်ပြင်းပြင်းရှုကာ မျက်လုံးထဲမှာ ဒေါသတွေဖြစ်ပေါ်လာခဲ့ပါပြီ။

သူတို့က တစ်ဖက်လူထက် အမှတ်ကိုးရာကျော်တောင် သာနေပြီးမှ ရှုံးခဲ့ရတာပါ။

တကယ်တမ်း ဒါက ပြန်လည်ဝင်စားခြင်းနယ်ပယ် သားရဲကြောင့်ပေါ့။

သူ့ရဲ့ နောက်ဆုံး တိုက်ခိုက်မှုကြောင့်ပေါ့။

"တောက်"
ဖုန်းရန်ကျိန်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါပြီ။ သူက ချမ်ရမ်ကို ချက်ချင်း သတ်ဖြတ်ချင်စိတ်တောင် ဖြစ်ပေါ်နေပါတော့တယ်။

"ငါ့ရဲ့ ပထမနာမည်ကို ဘယ်သူက မေးခွန်းထုတ်နေတာလဲ"
ချမ်ရန်က အမဲလိုက်ကွင်းထဲက ထွက်လာပြီးနောက် အေးစက်စက်နဲ့ ပြုံးကာ ပြောလိုက်ပါတယ်။
"ငါက ပြန်လည်ဝင်စားခြင်းနယ်ပယ် သားရဲကို သတ်နိုင်ခဲ့လို့ ပထမဖြစ်လာခဲ့တာကွ… မင်းတို့က ဘာကို လက်မခံနိုင် ဖြစ်နေတာလဲ"

"ငါ လက်မခံဘူးကွ"
ဟော်ယွမ်က ဒေါသတကြီးနဲ့ အရှေ့ကို ထွက်လိုက်ပါတယ်။

"ဟမ့်… မင်းက လက်မခံရအောင် ဘာမို့လဲ"
ချမ်ရန်က ခံစားချက်တွေ ကောင်းမွန်နေလို့ပါ။

ပထမနေရာကို နောက်ဆုံးမှ အမှတ်သာနဲ့ ကပ်အနိုင်ရခဲ့တဲ့အတွက်လည်း အလွန်ကောင်းမွန်တဲ့ ခံစားချက်ကို ရလိုက်ပါပြီ။

သူ့အတွက် ဇီးရိုးမိကျောင်းကို သတ်ဖြတ်ခဲ့တာက အလွန်မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ခဲ့သလိုလည်း ခံစားခဲ့ရပါတယ်။ တကယ်လို့ ဖန့်ကျစ်သာ သားရဲကို သတ်ဖြတ်ခဲ့ပြီး အမှတ်တစ်ထောင်ကျော်သာ ထက်သာသွားရင် သူမျက်နှာထားစရာတောင် မရှိနိုင်တော့ပါဘူး။

ဒါပေမယ့် အခုတော့ အမှတ်တွေက လုံလောက်တာထက်တောင် ပိုနေခဲ့ပါပြီ။ ဒီအရာက ဖန့်ကျစ်ရဲ့ စိတ်ဓာတ်ကိုပါ ထိုးနှက်ပြီးသား ဖြစ်သွားခဲ့မှာပါ။

ဒီလိုနည်းနဲ့ ပြိုင်ဘက်တစ်ယောက် လျှော့သွားစေပါလိမ့်မယ်။

"မင်း"
ဟော်ယွမ်လည်း ဒေါသတကြီးနဲ့ ဖန့်ကျစ်ဆီကို ပြေးဝင်သွားခဲ့ပါပြီ။

"နေစမ်း"
ဖုန်းရန်ကျိန်းက ဟော်ယွမ်လက်ကို ဖမ်းဆွဲထားလိုက်ပါတယ်။

"အကိုဖုန်း ငါ့ကို မတားနဲ့… ငါဒီကောင့်မျက်ခွက်ကို ရိုက်ချင်နေပြီ"
ဟော်ယွမ် ဒေါသတကြီးနဲ့ အော်ဟစ်လိုက်ပါတယ်။ ဒါပေမယ့် ဖုန်းရန်ကျိန်းက သူ့ကို လွှတ်မပေးပါဘူး။

"ဆရာ ငါတို့ကို ကူညီပေးလိမ့်မယ်"
ဖုန်းရန်ကျိန်းက အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ်။
"အလျင်စလို ပြဿနာမရှာနဲ့ဦး"

ဖုန်းရန်ကျိန်းရဲ့ စကားကိုကြားပြီးနောက် ဟော်ယွမ်လည်း အသက်ပြင်းပြင်းရှုကာ အနောက်ပြန်ဆုတ်လိုက်ပါတော့တယ်။

"အမဲလိုက်ပွဲပြီးပြီ… ရလဒ်တွေလည်း ထွက်ပေါ်လာပါပြီ"
စွန်းဝေက သူတို့ကို ခြိမ်းခြောက်ဟန်နဲ့ကြည့်ကာ အေးစက်စက်နဲ့ ပြောလိုက်ပါတယ်။ သူက ဒီအခြေအနေကို သူ့အဆင့်အတန်းနဲ့ ဖိနှိပ်ထားလိုက်ချင်တာပါ။

"မဟာဆရာစွန်း… မင်းရဲ့စကားကို မင်းကိုယ်တိုင်ရော ယုံကြည်မှုရှိလို့လား"
ချူးယွန်က အေးစက်စက်နဲ့ ဒေါသကိုထိန်းကာ မေးလိုက်ပါတယ်။

"ချူးယွန်… မင်းစကားကို ဆင်ခြင်စမ်း"
စွန်းဝေက အေးစက်စက်နဲ့ကြည့်ကာ ကြမ်းကြုတ်ဟန်နဲ့ ပြောလိုက်ပါတယ်။
"ငါက မဟာဆရာနဲ့"

"ဒါဆိုဘာလဲ"
ချူးယွန်က ချမ်ရန်ကို လက်ညိုးညွှန်ကာ လှောင်ပြောင် ပြောဆိုလိုက်ပါပြီ။
"ယောက်ချီအဖွဲ့ရဲ့ ဆရာတစ်ယောက်အနေနဲ့ ငါ့ရဲ့အဖွဲ့ထဲမှာ ဒီလိုစုန်းပြူးတစ်ကောင်ကို လက်မခံဘူး"

သူ့ရဲ့စကားသံတွေက ပီပြင်ကာ ပြတ်သားပါတယ်။

ဒီအခါ လူအများက စိတ်ထဲကနေ ထောက်ခံလိုက်ကြပါပြီ။
'ပြောသွားတာ ကောင်းတယ်'

"မင်းဘယ်လိုတောင် လုပ်ဝံ့တာလဲ"
စွန်းဝေက ဘာမှတောင်မပြောခင်မှာပဲ ချမ်ရန်က ဒေါသတကြီး အော်ဟစ်လိုက်ပါပြီ။
"ချူးယွန်… မင်းက ပထမအဆင့်ဓားကိုင်ကိုယ်ရံတော် ဖြစ်ရုံနဲ့ ငါ့ကို ဒီလိုလုပ်ဝံ့တယ်ပေါ့… မင်းကိုသတ်ချင်ရင် ငါ့အတွက် အလွယ်လေးပဲနော်… မင်းကိုယ်မင်း အကောင်ကြီးလို့ ထင်မနေနဲ့၊ ငါ့မျက်လုံးထဲမှာတော့ မင်းက နည်းနည်းအကောင်ပိုကြီးတဲ့ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုဘူး… မင်းနားလည်လား"

ချူးယွန်က ဒေါသတကြီးနဲ့ ရယ်မောလိုက်ပြီး
"မင်းက ငါ့ကိုအဲလောက်အထင်သေးနေရင် ငါ့တပည့်လုပ်ဖို့ ဘာလို့ အသည်းအသန်ကြိုးစားနေရတာလဲ"

"မင်း…"
ချမ်ရန် တိတ်ဆိတ်သွားခဲ့ပါပြီ။ ယောက်ချီအဖွဲ့ကို သူဝင်ပါနိုင်ဖို့ ကြိုးစားရတာဟာ ချူးယွန်ရဲ့တပည့်ဖြစ်ချင်တာကြောင့် ဆိုတာကိုတော့ သူဝန်ခံရပါလိမ့်မယ်။

သူက ချူးယွန်ကို အထင်သေးပေမယ့်လည်း တစ်ဖက်လူမှာ လှည့်ကွက်တွေ အများကြီးရှိနေတာကိုတော့ ငြင်းမရပါဘူး။

တစ်ဖက်လူရဲ့ အသိပညာတွေက တကယ်ကို မြင့်မားပါတယ်။ တစ်ဖက်လူရဲ့ သာမန်လမ်းညွှန်မှုကတောင် လူတစ်ယောက်ကို ကောင်းကောင်းတိုးတက်စေနိုင်ခဲ့ပါပြီ။

ဒါကြောင့်ပဲ ယောက်ချီအဖွဲ့ကို သူပါဝင်ချင်နေခဲ့တာပါ။ နောက်ဆုံးမှာတော့ ဘယ်နေရာဖြစ်ဖြစ် ကိုယ့်ခွန်အားကို မြှင့်တင်နိုင်ဖို့က အရေးကြီးဆုံးပဲ မဟုတ်လား။

"ချူးယွန်… မင်းက အမိန့်ကို လွန်ဆန်ချင်တာလား"
စွန်းဝေရဲ့မျက်နှာက သုန်မှုန်သွားခဲ့ပါတယ်။ သူ့ဆီကနေ ‌နီဗားနားနယ်ပယ်ရဲ့ အရှ်ိန်အဝါတွေကလည်း ပေါက်ကွဲကာ ထွက်ပေါ်လာခဲ့ပါပြီ။

"မဟာဆရာ… မင်းက ခွန်အားသုံးပြီး ငါ့ကို ဖိနှ်ပ်ချင်နေတာလား"
ချူးယွန်က မျက်ခုံးပင့်ကာ ရယ်မောလိုက်ပြီး
"စိတ်မကောင်းစရာက ငါဂရုမစိုက်ဘူး"

ချူးယွန်က‌ လေ့ကျင့်ရေးကွင်းထဲက ကျောင်းတော်သားတွေကို တစ်ချက်ဝေ့ကြည့်ကာ အသံကျယ်ကျယ်နဲ့ ပြောလိုက်ပါတယ်။
"အခု အားလုံးလူစုံနေပြီမို့ အောင်နိုင်သူစာရင်းတွေကို ငါကြေညာပေးမယ်"

"တိတ်စမ်း"
စွန်းဝေ ဒေါသတကြီးနဲ့ အော်ဟစ်လိုက်ပါပြီ။

"ဖန့်ကျစ်… ပထမ"
ချူးယွန်က တည်ငြိမ်စွာ ပြောလိုက်ပါတယ်။

"ပါးစပ်ပိတ်ထား"
စွန်းဝေဆီကနေ ကြောက်မက်ဖွယ်လှိုင်းတွေ ဖြာထွက်လာခဲ့ပါ‌ပြီ။

ချူးယွန်က တကယ်ကြီး ချမ်ရန်ကို ဖယ်ထုတ်ဝံ့နေလို့ပါ။

ဆရာကြီးချမ်ဖြစ်ဖြစ် ၊ စွန်းကျိန်းပဲဖြစ်ဖြစ် ချူးယွန်ကိုသတ်ချင်ရင် ဘာမှခက်မှာ မဟုတ်ပါဘူး။

ဒီကောင်လေးက သူ့ကိုယ်သူ ဘယ်သူမှဘာမှ မလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား။

"ပိုင်ခုန်းကျောက်၊ ဒုတိယ"
ချူးယွန်က စွန်းဝေကို ဂရုမစိုက်ဘဲ ဆက်လက် ကြေညာလိုက်ပါတယ်။

"ပါးစပ်ပိတ်လို့ ပြောနေတယ်နော်"
စွန်းဝေရဲ့မျက်နှာက နီမြန်းကာ သွေးကြောတွေတောင် ထောင်ထလာခဲ့ပါပြီ။

"စွန်းရဲ့ချီ၊ တတိယ"
ချူးယွန်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဆက်ပြောလိုက်တယ်။

"မင်းနားကန်းနေလား… မင်းကို ပါးစပ်ပိတ်လို့ ပြောနေတယ်"
စွန်းဝေ မျက်လုံးတွေ နီရဲလာပါတယ်။ သူဆီကနေ သတ်ဖြတ်ချင်စိတ်ချင်စိတ်တွေ ထွက်ပေါ်လာခဲ့ပါပြီ။

"ဖုန်းရန်ကျိန်း၊ စတုတ္တ"

"ဖန်ချင်း… ပဉ္စမ"

"ဟော်ယွမ်၊ ဆဋ္ဌမ"

ချူးယွန်က နာမည်တွေကို ဆက်တိုက်ရွတ်သွားပါတယ်။

ပြီးတာနဲ့ သူက စွန်းဝေကို 'မင်းဘာလုပ်နိုင်လဲ'ဆိုတဲ့ အကြည့်နဲ့ လှည့်ကြည့်လိုက်ပါပြီ။

စွန်းဝေ အသားတွေ တဆတ်ဆတ်တုန်လာခဲ့ပါတယ်။ သူသာ အခြားတွေးစရာတွေ ရှိမနေရင် လှုပ်ရှားပြီးလောက်ပါပြီ။

ချမ်ရန်ရဲ့ တစ်ကိုယ်လုံး တုန်ခါလာခဲ့ပါတယ်။ သူအစွမ်းကုန် ကြိုးစားထားရတာကို ချူးယွန်က စကားတစ်ခွန်းနဲ့ ဖယ်ရှားပစ်လိုက်မယ်လို့ ထင်မထားခဲ့ပါဘူး။

"မဟုတ်ဘူး"
ချမ်ရန်က ဒေါသတကြီးနဲ့ အော်ဟစ်လိုက်ပါတယ်။
"ချူးယွန်… မင်းငါ့ကို ဒီလိုလုပ်လို့ မရဘူးကွ… မင်းက ငါနဲ့ကစားဝံ့တယ်လား"

သူက ရူးသွပ်သွားသလို သွေးဝံပုလွေချပ်ဝတ်ကို ဝတ်ဆင်ကာ ချူးယွန်ဆီကို ပြေးဝင်သွားခဲ့ပါပြီ။

သိုင်းပြိုင်ပွဲမှာ ဖန့်ကျစ်ကို ရှုံးခဲ့ချိန်ကတည်းက သူ့စိတ်ထဲမှာ အတွင်းနှလုံးသားမိစ္ဆာစတင် ဖြစ်ပေါ်လာခဲ့တာပါ။ အမဲလိုက်ကွင်းထဲမှာ ဖန့်ကျစ်နဲ့ ယှဉ်ပြိုင်ချိန်မှာလည်း တူညီတဲ့ နည်းလမ်းကြောင့် ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

နောက်ပြီး သူ့အတွက် ပထမရဖို့က မလွယ်ကူခဲ့ပါဘူး။

ဒါပေမယ့် ချူးယွန်က အလွယ်တကူ ဖျက်ဆီးပစ်လိုက်ပါပြီ။

အခု သူ့စိတ်ထဲမှာ တစ်ခုပဲ ရှိပါတော့တယ်။

ချူးယွန်ကို သတ်ရမယ်။

ချူးယွန်သေရမယ်။

ဒါတွေအားလုံးက သူ့ကြောင့်။

သူ့ကြောင့်သာ မဟုတ်ရင် ငါ့ကိုဖန့်ကျစ်က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။

စွန်းဝေက ချမ်ရန်ကို အမြန်လှမ်းကြည့်လိုက်ပါတယ်။ ချမ်ရန်ရဲ့ မျက်လုံးတွေက နီရဲနေလို့။ သူ့ခန္ဓာကိုယ်ကိုလည်း အနက်ရောင်အခိုးငွေ့တွေက စတင်ရစ်ပတ်လာခဲ့ပါပြီ။

ဒါက သူ့ရဲ့ နှလုံးသားနတ်ဆိုး စတင်ထွက်ပေါ်လာခဲ့တာပါ။ ဒီအခြေအနေမှာ သူ့ဒေါသကို အမြန်ထုတ်ဖော်ခွင့်ပေးရပါလိမ့်မယ်။ မဟုတ်ရင် နှလုံးသားနတ်ဆိုးက အခြေခိုင်သွားပြီး သူ့ရဲ့ အားထုတ်မှုအားလုံး အလဟဿဖြစ်သွားခဲ့ရတော့မှာပါ။

ဒီလိုထိုးနှက်မှုမျိုးကို ဘယ်သူမှ မခံနိုင်ပါဘူး။

"ချူးယွန်… မင်းငြိမ်ငြိမ်နေပြီး အရိုက်ခံစမ်း"
စွန်းဝေက လက်ညိုးတစ်ချက်ညွှန်ကာ ချူးယွန်ကို လှုပ်မရအောင် ဖိအားပေးလိုက်ပါတယ်။

ချမ်ရန်ကို ရူးမသွားစေချင်ရင် သူ့ဒေါသကို ဖြေဖျောက်ခွင့် ပေးရပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ချူးယွန်က အလွန်သန်မာတဲ့ ခန္ဓာကိုယ်သန့်စင်သူပါ။ ချမ်ရန်က သူ့ကို အစွမ်းကုန်ရိုက်နှက်ရင်တောင် ဒဏ်ရာအပြင်းအထန်ပဲ ရပါလိမ့်မယ်။

တစ်ဖက်မှာတော့ ချမ်ရန်သာ နှလုံးသားနတ်ဆိုးကြောင့် ဆိုးရွားတာတွေဖြစ်လာရင်… ဆရာကြီးချမ်က အပြစ်တင်လာပါလိမ့်မယ်။ ဒီအခါ သူခေါင်းမခံနိုင်ပါဘူး။

နောက်ပြီး ဒီအရာအားလုံးက ချူးယွန်ကြောင့်ပါ။ သူကစတာကြောင့် သူနဲ့ပဲ အဆုံးသတ်သင့်ပါတယ်။

"စွန်းဝေ"
ချူးယွန် ဒေါသတကြီးနဲ့ ဟိန်းဟောက်လိုက်ပါပြီ။

ချမ်ရန်ရဲ့ ဒေါသကို ဖြေဖျောက်ရအောင် သူက အရိုက်ခံရမှာလား။

မင်းက ငါ့ကိုပစ်မှတ်ထားနေတာလား။

"စွန်းဝေ... တိရိစ္ဆာန်ကောင်"
ဒါကိုမြင်ပြီးနောက် ဖုန်းရန်ကျိန်းနဲ့ အခြားသူတွေက ချမ်ရန်ကို တားဆီးဖို့ ဟန်ပြင်လိုက်ကြပါတယ်။

"မင်း‌တို့ သေချင်တဲ့ကောင် ဝင်ရှုပ်စမ်း"
စွန်းဝေက ဒေါသတကြီးနဲ့ သူ့လက်ကို လေထဲမှာ ဖမ်းဆုပ်လိုက်ပါတယ်။ ဒီအခါမှာတော့ ပိုင်ထန်အပေါ်ကို ဖိအားတွေ ကျဆင်းလာခဲ့ပါပြီ။ သူတို့တွေ နည်းနည်းမှ မလှုပ်နိုင်တော့ပါဘူး။

"စွန်းဝေ၊ မင်းသေချင်နေတာလားကွ"

"မင်းက နီဗားနားနယ်ပယ်ဖြစ်ပြီး သူတော်စင်နယ်ပယ် ကျောင်းသားတွေကို လှုပ်ရှားဝံ့တယ်… မင်းမရှက်ဘူးလား"

"ဆရာ့‌ခေါင်းပေါ်က ဆံပင်တစ်ချောင်းကို ထိခိုက်စေတာနဲ့ ငါမင်းကို သတ်မယ်ကွ"

ကျောင်းတော်သားတွေက လှုပ်ရှားမရ‌တာကြောင့် ဒေါသတကြီးနဲ့ ဟိန်းဟောက်လိုက်ကြပါတယ်။

သူတို့က လုံလောက်အောင် မသန်မာကြတဲ့ သူတို့ကိုယ်သူ‌တို့တောင် မုန်းတီးလာခဲ့ကြပါပြီ။

"ချူးယွန်… အသာနေပါလေ"
ချူးယွန်က တိုက်ပွဲအော်သံအက္ခရာကို အသက်သွင်းတော့မယ့်အချိန်မှာပဲ တာ့လင်ရဲ့အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတယ်။
"ငါနင့်ရဲ့ အချုပ်အနှောင်ကို ဖယ်ရှားပေးမယ်... ဒါပေမယ့် ခဏပဲနော်"

ချူးယွန် အသက်ပြင်းပြင်းရှုလိုက်ပါတယ်။ သူက ချမ်ရန်ကို တစ်ချက်ပြုံးကာ လှမ်းကြည့်လိုက်ပါပြီ။

ဒီအပြုံးက အနည်းငယ်တော့ ထူးခြားနေလို့ပါ။

သူ့အတွက်တော့ အသက်တစ်ရှိုက်စာက လုံလောက်နေခဲ့ပါပြီ။

"ချိုးဖြတ်လိုက်စမ်း"
တာ့လင်က အော်ဟစ်လိုက်ပါတယ်။ ချက်ချင်းပဲ ချူးယွန်အနားမှာ အနက်ရောင်အလင်းမှာ ဖြာထွက်လာခဲ့ပါတယ်။ ဒါက စွန်းဝေရဲ့ အနားအဆီးကို ဖောက်ထွက်လာခဲ့ပါပြီ။

"မကောင်းတော့ဘူး"
စွန်းဝေက ချက်ချင်းပဲ ချူးယွန်ကို ထပ်မံဖိနှိပ်ဖို့ ကြိုးစားလိုက်ပါတယ်။

ဒါပေမယ့် ချူးယွန်က လှောင်အိမ်ထဲကလွတ်လာတဲ့ သားရိုင်းတစ်ကောင်လို ချုပ်ထိန်းလို့ မရတော့ပါဘူး။

သူ့ဆီကနေ ကြောက်မက်ဖွယ်လှိုင်းတွေ ဖြာထွက်လာကာ လေထုက တစ်လက်မခြင်း ကွဲအက်သွားခဲ့ပါတယ်။ သူက အိပ်ပျော်နေတဲ့ နဂါးကြီးတစ်ကောင် ရုတ်တရက် မျက်လုံးဖွင့်လာတဲ့အလား… လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါပြီ။

သူ့ရဲ့လက်သီးချက်အောက်မှာ အရာအားလုံး တုန်ခါလာခဲ့ပါတော့တယ်။

"ဒီလက်သီးက…"

"ဖန့်ကျစ်အတွက်"

အပိုင်း ( 1047 ) အိမ်ရှေ့စံနေရာအတွက် တိုက်ခိုက်ကြခြင်း

ချူးယွန်ရဲ့လက်သီးက လေထုကို ကမောက်ကမဖြစ်စေပါတယ်။

ပတ်ဝန်းကျင်ရှိ လူအားလုံး လေအေးကြီးကို ရှုလိုက်မိကြပါပြီ။ ဒီလက်သီးချက်က အထွတ်အထိပ် သေခြင်းရှင်ခြင်းနယ်ပယ်ဆိုရင်တောင် သတိနဲ့ ရင်ဆိုင်ရမှာပါ။

ဒါပေမယ့် ချမ်ရန်က ရူးသွပ်နေပြီး ဘာကိုမှ ဂရုမစိုက်တော့ပါဘူး။

စွန်းဝေကလည်း သူ့ကိုတားချင်ပေမယ့် အလွန်နောက်ကျသွားခဲ့ပါပြီ။

"ဝုန်း"
အင်အားကြီးမားတဲ့ လက်သီးချက်က ချမ်ရန့်ကိုယ်ပေါ်ကို ဥက္ကာခဲတစ်လုံး ကြွေကျသလို ကျဆင်းလာခဲ့ပါပြီ။ ဒီအခါမှာတော့ သူ့ခန္ဓာကိုယ်ဟာ လေထဲမှာတင် အသားတစ်တွေအဖြစ် ပေါက်ကွဲသွားခဲ့ပါတော့တယ်။

လက်သီးတစ်ချက်နဲ့ သေပြီ။

မင်းက ငါကို့ ဘာမှမလုပ်ဘဲ သူများရိုက်တာကို ငြိမ်ခံနေစေချင်တာလား။

အိပ်မက်မက်နေလိုက်။

ချူးယွန်က ချမ်ရန့်အလောင်းပုံကို ကြည့်ပြီး သူ့ဒေါသက နည်းနည်းလျော့သွားသလို ခံစားလိုက်ရပါတယ်။

"ချူးယွန်… မင်း… မင်း"
စွန်းဝေ ကြောင်အစွာနဲ့ ချူးယွန်ကို ကြည့်လိုက်ပါပြီ။

လက်ရှိမြင်ကွင်းက သူ့ရဲ့ အတွေးအမြင်တွေကို ပြောင်းပြန်ဖြစ်သွားစေပါတယ်။

ချူးယွန်က ကျားအသည်းစားထားလို့ ရဲတင်းနေတာလား။ သူက ချမ်ရန်ကို တကယ်ကြီး သတ်ဝံ့တယ်။

ချမ်ရန်ရဲ့ အဆင့်အတန်းက အလွန်မြင့်ပါတယ်။ သူက မင်းသား၊မင်းသမီးတွေနဲ့တောင် သိပ်မကွာပါဘူး။

ချမ်ရန်ကို သတ်တာက ဆရာကြီးချမ်ကို စော်ကားလိုက်တာပါပဲ။ နောက်ပြီး ဆရာကြီးချမ်က တော်ဝင်အကြံပေးဘက်ကပါ။

ချူးယွန်က‌ တော်ဝင်အကြံပေးကိုတောင် တိုက်ခိုက်တော့မှာလား။

စွန်းဝေသာမက လေ့ကျင့်ရေးကွင်းထဲက လူအားလုံး ရုပ်တုတွေခို တောင့်တင်းသွားခဲ့ကြပါပြီ။

ချူးယွန်က ချမ်ရန်ကို တကယ်ကြီးသတ်လိုက်မယ်လို့ ထင်မထားခဲ့ပါဘူး။

သူက မစဉ်းမစားဘဲ တစ်ချက်တည်းနဲ့ သတ်လိုက်တာပါ။

ဒါက အိပ်မက်တစ်ခုလိုပါပဲ။

"မင်းရူးနေပြီ"
ဝမ့်မူကျိုးက အထိတ်တလန့်နဲ့ ပြောလိုက်ပါတယ်။ သူ့နှုတ်ခမ်းတွေတောင် ဖြူရော်နေခဲ့ပါပြီ။

"ငါမရူးပါဘူး… သတ်ချင်လို့ကိုသတ်တာ"
ချူးယွန်က ချမ်ရန်ကိုသတ်ပြီးနောက် အနည်းငယ် ခံစားချက်တွေ ကောင်းမွန်သွားခဲ့ပါတယ်။

"ချူးယွန်… ချမ်ရန်ကို သတ်ဝံ့မှတော့ မင်းလည်း သေလိုက်တော့"
စွန်းဝေက ဒေါသတကြီးနဲ့ ချူးယွန်ဆီကို ပြေးဝင်သွားခဲ့ပါပြီ။

နီဗားနားနယ်ပယ်ရဲ့ အရှိန်အဝါတွေကလည်း မိုးထိအောင် ဖြာထွက်နေလို့။ သူစတင်လှုပ်ရှားလိုက်တာနဲ့ လေထုက တုန်ခါလာခဲ့ပါတော့တယ်။

"ထွက်သွား"
ဒီအချိန်မှာပဲ လူရိပ်တစ်ခုက အော်ငေါက်ကာ ချူးယွန်အရှေ့မှာ ပိတ်ရပ်လိုက်ပါတယ်။ သူက လက်သီးချက်ထုတ်ဖော်ကာ စွန်းဝေကို အနောက်ပြန်ဆုတ်သွားစေခဲ့ပါပြီ။

စွန်းဝေ မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ပါတယ်။ ဒါပေမယ့် ထိုလူကို မြင်ပြီးနောက်မှာတော့ သူ့နှုတ်ခမ်းတွေ တုန်ခါသွားခဲ့ပါပြီ။
"ဦးရီးတော်ပါး…"

ဖန့်ပါးက ဖန့်ဝူကျင်းရဲ့ ဦးလေးပါ။

ဖန့်ပါးက လက်နှစ်ဖက်ကို‌ နောက်ပစ်ပြီး ချူးယွန်အရှေ့မှာ ရပ်နေလိုက်ပါတယ်။ သူ့မျက်လုံးတွေကတော့ စူးရှကာ တလက်လက်တောက်ပနေလို့။ သူက ခံ့ညားစွာ ပြောလိုက်ပါပြီ။
"စွန်းဝေ… မင်း အတင့်ရဲလှချေလား၊ ချူးယွန်ကိုတောင် တိုက်ခိုက်ဝံ့တယ်"

ဧကရာဇ်ရဲ့ ဦးရီးတော်ဆိုတဲ့အတိုင်း တော်ဝင်မိသားစုထဲမှာ ဖန့်ပါးရဲ့ အဆင့်အတန်းက အလွန်မြင့်မားပါတယ်။ သူက နှိမ့်ချနေပေမယ့်လည်း ဘယ်သူမှ လျစ်လျူရှု မထားဝံ့ပါဘူး။

သူ့လိုလူက ချူးယွန်ကို လာကာကွယ်နေမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။

"ဦးရီးတော်ပါး၊ ချူးယွန်က သူ့ကို အရင်သတ်လိုက်တာပါ"
သူ့အနေနဲ့ ဒီကိစ္စကို ရှောင်သွားလို့မဖြစ်တာ သိသာပါတယ်။ မဟုတ်ရင် ဆရာကြီးချမ်ကို ရှင်းပြနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် နည်းနည်းပါးပါးတော့ သူကြိုးစားကြည့်ရဦးမှုပါ။

"အဲဒီခွေးလေးကို သတ်ချင်လို့ သတ်လိုက်တယ်ကွာ... မင်းဘာပြောချင်သေးလို့လဲ"
ဖန့်ပါးက အေးစက်စက်နဲ့ ပြောလိုက်ပါတယ်။

စွန်းဝေရဲ့နဖူးက အေးစက်တဲ့ ချွေးစေး‌တွေ စဖိးကျလာခဲ့ပါပြီ။

ဖန့်ပါးက ချူးယွန်ကို ကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားပုံပါပဲ။ ချမ်ရန်ကို 'ခွေးလေး'လို့ ဆဲလိုက်တာက ဆရာကြီးချမ်ကို ပါးရိုက်လိုက်တာပဲ မဟုတ်လား။

ချမ်ရန်က ခွေးလေးဆိုတော့ ဆရာကြီးချမ်က ဘာဖြစ်သွားလဲ။

စွန်းဝေ ဒူးတွေတုန်လာပြီး ဘာမှ မပြောနိုင်တော့ပါဘူး။

"မဟာဆရာနေရာမှာ ထိုင်နေရတာ အဆင်မပြေတော့ရင်လည်း မင်းဖျင်ကို အမြန်ရွှေ့လိုက်စမ်းကွာ... အခြားသူတွေ ရှိတယ်"
ဖန့်ပါးက စိတ်မရှည်ဟန်နဲ့ သူ့လက်ကို ဝှေ့ယမ်းလိုက်ပါတယ်။
  "ထွက်သွားစမ်း"

"ဟုတ်… ဟုတ်ကဲ့ပါ"
စွန်းဝေက သူ့နဖူးက ချွေးတွေကို သုတ်လိုက်ပါတယ်။ ကြောက်လန့်တကြားနဲ့ သူချက်ချင်းပဲ ထွက်ပြေးသွားခဲ့ပါပြီ။

သူက ဆရာကြီးသုံးပါးနဲ့တောင် မယှဉ်နိုင်တာပါ။ ဖန့်ပါးကို သူဘယ်လိုလုပ်ပြီး အပြစ်ပြုဝံ့မှာလဲ။

"ကျေးဇူးတင်ပါတယ်၊ ဦးရီးတော်ပါး"
ချူးယွန်က လက်နှစ်ဖက်ဆုပ်ပြီး ပြောလိုက်ပါတယ်။

"ဟားဟားဟား… ငါ့ကို အဲဒီလိုမခေါ်စမ်းပါနဲ့ဟ… ဆရာကြီးလို့ခေါ်ရင် ရပြီ၊ ဒါက ပိုနားထောင်ကောင်းတယ်"
ဖန့်ပါးက မျက်လုံးပေါက်တောင် ပိတ်တဲ့အထိ အားပါးတရ ရယ်မောလိုက်ပါတယ်။

"ဆရာကြီး"
ချူးယွန် ပြုံးလိုက်ပါပြီ။

"အခြေအနေတွေကို ငါနားလည်ပါတယ်… မင်းသူ့ကိုသတ်လိုက်တာ ကောင်းတယ်"
ဖန့်ပါးက ခေါင်းညိတ်ပြီး အေးစက်စက်နဲ့ ပြောလိုက်ပါတယ်။
"အမဲလိုက်ကွင်းမှာ လှည့်ကွက်တွေသုံးတာနဲ့တင် စိတ်ပျက်စရာကောင်းနေပြီ… ဒါပေမယ့် သူက ကျေးဇူးရှင်ကို နောက်ကျောကနေ ဓားနဲ့ထိုးတဲ့လုပ်ရပ်ကတော့ တရိစ္ဆာန်တွေထက် ဆိုးလွန်းတယ်… ဒါကြောင့် မင်းအခုလိုလုပ်ခဲ့တာ ငါကျေနပ်တယ်"

ဒီအချိန်မှာပဲ ဖန့်ကျစ်က အနည်းငယ်ချောင်းဆိုးပြီး မျက်လုံးကို တဖြည်းဖြည်းဖွင့်လာခဲ့ပါတယ်။

"ဒုတိယဖိုးဖိုး"
ဖန့်ပါးကိုမြင်ပြီးနောက် သူက အံ့ဩသွားကာ ဂါရဝပြုဖို့ ဟန်ပြင်လိုက်ပါတယ်။

"ထုံးတမ်းတွေ လုပ်မနေပါနဲ့… အခုမင်းလုပ်ခဲ့တာ အတော်ကောင်းတယ်၊ မင်းအဖေရော ငါပါမြင်ပါတယ်"
ဖန့်ပါးက ပြုံးပြီး ဆက်ပြောလိုက်ပါတယ်။
"ကျိယွမ်တိုင်းပြည်နဲ့ ယှဉ်ပြိုင်ရမှာနဲ့စာရင် ဒါက အတွေ့အကြုံရှာတာထက် မပိုဘူး... အဲဒီအခါကျရင် မင်းကို လူအများကြီးက စောင့်ကြည့်နေကြတော့မှာ… မင်းကောင်းကောင်းလုပ်နိုင်ဖို့ ငါမျှော်လင့်တယ်"

"ဟုတ်ကဲ့ပါ ဒုတိယဖိုးဖိုး"
ဖန့်ကျစ်က ဘာတွေဖြစ်နေမှန်း မသိတာကြောင့် စိတ်ရှုပ်ထွေးစွာနဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါတယ်။

ဒီအချိန်မှာပဲ ဖန့်ယုရင်းက သူ့နားအနားကိုတိုးကာ ခပ်တိုးတိုးရှင်းပြလိုက်ပါပြီ။

ဒါအခါမှာတော့ ဖန့်ကျစ်ဟာ အလွန်စိတ်လှုပ်ရှားသွားကာ ချူးယွန်ကို ကြည့်လိုက်ပါတော့တယ်။
"ဆရာ… ကျေးဇူးတင်ပါတယ်"

ချူးယွန်က သူ့ခေါင်းကိုခါယမ်းကာ ရယ်မောလိုက်ပြီး
"ပထမနေရာက မင်းနဲ့ထိုက်တန်တဲ့ အရာပဲလေ"

ဖန့်ကျစ်က သူ့ရဲ့ပြတ်နေတဲ့လက်ကို ခေါင်းငဲ့ကြည့်ကာ ခါးသက်သက်နဲ့ ရယ်မောလိုက်ပါတယ်။
"စိတ်မကောင်းစရာက အချိန်တစ်ခုထိတော့ လေ့ကျင့်လို့ မရတော့ဘူး"

"ဒီအဘိုးကြီးမှာ လိမ်းဆေးတစ်ပုလင်းတော့ရှိတယ်… ဒါနဲ့ဆိုရင် မင်းရဲ့ ပြတ်သွားတဲ့ ခြေလက်တွေက သုံးရက်အတွင်းမှာ ပြန်ပေါက်လာပြီး လေ့ကျင့်နိုင်လိမ့်မယ်၊ ရော့…ယူလိုက်"
ဖန့်ပါးက ပုလင်းလေးတစ်လုံးကို ဖန့်ကျစ်လက်ထဲ ထည့်ပေးလိုက်ပါတယ်။

ပြီးနောက် သူက စနောက်ဟန်နဲ့ ပြောလိုက်ပါပြီ။
"ဒါနဲ့ဆိုရင် ‌နောင်အခါ မင်းရဲ့ခြေလက်တွေ ထပ်ပြတ်သွားရင်တောင် စိုးရိမ်စရာမရှိတော့ဘူးပေါ့"

ဖန့်ကျစ်က ရှက်ရွံ့သွားကာ ခြောက်ကပ်ကပ်နဲ့ ရယ်မောလိုက်ပြီး
"ဒုတိယဖိုးဖိုးကတော့ နောက်ပြီ"

"ထားပါ… မင်းတို့တွေ အခုသွားကြတော့… ဒီအဘိုးကြီးက ချူးယွန်နဲ့ ပြောစရာရှိတယ်"
ဖန့်ပါးက သူ့လက်ကိုဝေ့ယမ်းပြီး ပြောလိုက်ပါတယ်။

ခဏတွင်းမှာပဲ နေရာမှာ ချူးယွန်နဲ့ ဖန့်ပါးသာ ကျန်ရစ်ခဲ့ပါပြီ။

"ဆရာကြီး… မင်းငါ့ကိုလာရှာတာက ဘာအတွက်လဲ"
ချူးယွန်က အနည်းငယ် စိတ်ရှုပ်ထွေးစွာ မေးလိုက်ပါတယ်။

"လူသတ်သမားရဲ့ သဲလွန်စ"
ဖန့်ပါးက ခပ်တိုးတိုး ပြောလိုက်ပါတယ်။

"သဲလွန်စလား၊ အဲတာ ဘယ်သူလဲ"
ချူးယွန် မျက်ခုံးပင့်လိုက်ပါပြီ။

နောက်ဆုံးမှာတော့ အစောင့်ကြပ်ထူပြောတဲ့ နန်းတော်ထဲကို ခိုးဝင်လုပ်ကြံဖို့က မလွယ်ကူဘူးမဟုတ်လား။

လူတိုင်းမှာ ဒီလိုအရည်အချင်းမျိုး မရှိပါဘူး။

နောက်ပြီး လုပ်ကြံသူက သေခြင်းရှင်ခြင်းနယ်ပယ်မှာပဲ ရှိသေးတာပါ။ ထိုအဆင့်နဲ့ နန်းတော်ထဲကို ဘယ်လိုလုပ်ပြီး ခိုးဝင်နိုင်မှာလဲ။

ဖြစ်နိုင်ခြေက နှစ်ခုပဲ ရှိပါတယ်။

တစ်ခုက သူကိုယ်တိုင်က နန်းတော်ထဲက လူတစ်ယောက်ပါ။

နောက်တစ်မျိုးကတော့ အတွင်းမှာ သူလျှိုတွေ ရှိနေလို့ပါပဲ။

"ငါက သဲလွန်စတချို့ ရှာတွေ့ခဲ့တယ်… ဒါပေမယ့် လူသတ်သမားကို ဖမ်းလို့မရသေးဘူး"
ဖန့်ပါးက ခေါင်းကို ခါယမ်းလိုက်ပြီး
"နောက်ပြီး မင်းပြောခဲ့တာ၊ ရန်သူရဲ့ သိုင်းဝိညာဉ်က ပုစဉ်းတောင်ပံဓားမဟုတ်လား"

"အမှန်ပဲ"
ချူးယွန် ခေါင်းညိတ်လိုက်ပါတယ်။ သူက လုပ်ကြံသူနဲ့ တိုက်ကွက်များစွာ ရင်ဆိုင်ခဲ့ရတာကြောင့် ဒါက မှားစရာမရှိပါဘူး။

"မင်းသေချာလား"
ခဏတိတ်ဆိတ်နေပြီးနောက် ဖန့်ပါးက ထပ်မေးလိုက်ပါတယ်။

နဝမမင်းသမီးက သာမန်လူဖြစ်တာကြောင့် အားလုံးကို သေချာမမြင်နိုင်ပါဘူး။ ဒါကြောင့် ချူးယွန်ကိုပဲ အားကိုးရမှာပါ။

"ငါကျိန်ရဲတယ်… အဲဒီလူသတ်သမားရဲ့ သိုင်းဝိညာဉ်က ပုစဉ်းတောင်ပံဓားပဲ"
ချူးယွန်က လေးနက်စွာ ပြောလိုက်ပါတယ်။

"ဟင်း…"
ဖန့်ပါးက မတတ်သာဖြစ်နေဟန်နဲ့ ခေါင်းကို သက်ပြင်းချလိုက်ပါပြီ။

"ဆရာကြီး၊ ဘာဖြစ်လို့လဲ"
ချူးယွန် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ပါတယ်။

"ယောက်ချီ မြင့်မြတ်တိုင်းပြည် တစ်ခုလုံးမှာ ပုစဉ်းတောင်ပံဓား သိုင်းဝိညာဉ်ရှိသူက နှစ်ယောက်ပဲ ရှိတယ်"
ဖန့်ပါးက ‌တစ်လုံးချင်း ပြောလိုက်ပါတယ်။

"ဘယ်နှစ်ယောက်လဲ"
ချူးယွန် စိတ်မအေးနိုင် ဖြစ်သွားခဲ့ပါပြီ။

တစ်ဖက်လူက ပစ်မှားလို့မရတဲ့သူ ဖြစ်နေတာလား။

ဖန့်ပါးက ခဏတိတ်ဆိတ်နေပြီးမှ သက်ပြင်းချကာ ခပ်တိုးတိုးပြောလိုက်ပါတယ်။
"ဖန်ချန်နဲ့ ဖန်ဝမ်"

"ဘာ"
ချူးယွန်ရဲ့ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပါပြီ။

ဖန်ချန်က ဘယ်သူဆိုတာ သူမသိပါဘူး။

ဒါပေမယ့် ဖန်ဝမ်ကတော့ သူနဲ့အလွန်ရင်းနှီးပါတယ်။

"ဆရာကြီးပြောသလိုဆိုရင် သူတို့က လူသတ်သမား ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်… ဒါပေမယ့် ဘာကြောင့်လဲ"
ချူးယွန် စိတ်ရှုပ်ထွေးသွားခဲ့ပါတယ်။

ဖန်ဝမ်က ဖန်အိမ်တော်ကပါ။ ဒါပေမယ့် သူက ပုံမှန်ဆိုရင် အိမ်တော်ကကိစ္စတွေကို ဝင်မပါတတ်ပါဘူး။ နောက်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းကာ မိတ်ဆွေပေါ်ပါတယ်။

"ဖန်ဝမ်ရဲ့ ခွန်အားက မင်းပြောတဲ့ လူသတ်သမားနဲ့ မနှိုင်းယှဉ်နိုင်ပါဘူး… ဒါပေမယ့် ဖန်ချန်ကတော့ အရမ်းနီးစပ်တယ်"
ဖန့်ပါးက ဆက်ပြောလိုက်ပါတယ်။
"ဖန်ချန်က ဖန်ဝမ်ရဲ့သား၊ ဖန်ကျင်းလန်နဲ့ ဆိုရင်ဝမ်းကွဲညီအကိုတော်တယ်"

ချူးယွန်ရဲ့ မျက်နှာအမူအရာက အပြောင်းအလဲမရှိပေမယ့် သူ့စိတ်ထဲမှာတော့ အလွန်နောက်ကျိနေလို့ပါ။

ဒီအထဲမှာ ဖန်မိသားစုက ဘယ်လိုပတ်သက်နေတာလဲ။

"မင်းနားမလည်နိုင်ဖြစ်နေတာ ငါသိပါတယ်… ဒါပေမယ့် ငါရှင်းပြတာ နားထောင်ပြီးရင်တော့ မင်းနားလည်လာမှာပါ"
ဖန့်ပါးက စားပွဲကို လက်နဲ့ တစ်ချက်ပုတ်ပြီး ဆက်ပြောလိုက်ပါတယ်။
"ဖန်ချန်က အထွတ်အထိပ် သေခြင်းရှင်ခြင်းနယ်ပယ်ကို ရောက်နေပြီ... နောက်ပြီး သူက ဒုတိယမင်းသားရဲ့ ကိုယ်ရံတော်တစ်ယောက်ပဲ"

"ဒုတိယမင်းသား ဖန့်ချုံလား"
ချူးယွန် အံ့ဩသွားပါတယ်။ ကိစ္စတွေက သူထင်သလောက် မရိုးရှင်းနိုင်တော့ပါဘူး။

သူက ဖန့်ချုံကို မသိပေမယ့် သူ့အကြောင်းကိုတော့ နည်းနည်းပါးပါး ကြားဖူးပါတယ်။

ဖန့်ချုံက ဖန့်လော့လိုပဲ အိမ်ရှေ့စံရာထူးအတွက် ယှဉ်ပြိုင်နေတဲ့သူပါ။

ဒါပေမယ့် ဒါက နဝမမင်းသမီးနဲ့ ဘယ်လိုပတ်သတ်နေမှန်း သူမသိသေးပါဘူး။

"ရွေးချယ်မှုပေါ့"
ဖန့်ပါးက ချူးယွန်ရဲ့ သံသယတွေကိုမြင်တာကြောင့် လျစ်လျူရှုစွာ ပြောလိုက်ပါတယ်။

ချူးယွန်ရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပါပြီ။

သူက ဘာကိုရွေးချယ်ခဲ့လို့လဲ။

ဒါက မူလျို့ဟော်ကိုလား။

နဝမမင်းသမီးက ဖန့်ဝူကျင်းအားကိုးရတဲ့ ဉာဏ်ကြီးရှင်မလေးပါ။ သူ့ကိုသာ သတ်လိုက်ရင် ဖန့်ဝူကျင်းက လက်တစ်ဖက်ပြုတ်သွားပါလိမ့်မယ်။

နဝမမင်းသမီးရေးဆွဲထားတဲ့ ဥပဒေတွေလည်း ပျက်ဆီးသွားတော့မှာပါ။ ဒါက တေယ်ဝင်မိသားစုအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုပါပဲ။

မူလျိူ့ဟော်ကို ယှဉ်နိုင်သူက တော်ဝင်မိသားစုမှာ မရှိနိုင်တော့ပါဘူး။

ဒီအတွက် ဖန့်ချုံက ဘာပြန်ရမှာလဲ။

သူ့ကိုတော့ မူလျို့ဟော်က ပြန်လည်ထောက်ခံပေးပြီး အိမ်ရှေ့မင်းသားဖြစ်လာနိုင်ပါလိမ့်မယ်။

ဒီနည်းနဲ့ အနာဂါတ်မှာ သူက ပလ္လင်ပေါ်ကို တက်နိုင်စွမ်းရှိလာခဲ့မှာပါ။

"ဒါပေမယ့် အဲဒီလူက ငါ့ရဲ့အခြေခံတိုက်ခိုက်ရေးနည်းလမ်းတွေကို သိတယ်... သူက ငါ့ကိုတောင် သိနေပုံရသေးတယ်"
ချူးယွန် မျက်မှောင်ကြုတ်လိုက်ပါတယ်။

"ဗိုလ်ချုပ်ဖုန်းက မင်းရဲ့တိုက်ခိုက်ရေးနည်းလမ်းတွေကို ယူလာပြီး နောက်တစ်နေ့မှာပဲ ဖန့်ချုံက လူလွှတ်ပြီး လက်ရေးမူကို ကူးယူခွင့်ပေးဖို့ စေခိုင်းခဲ့တယ်လေ"
ဖန့်ပါးက အဓိပ္ပာယ်ရှိတဲ့ မျက်လုံးနဲ့ကြည့်ကာ ပြောလိုက်ပါတယ်။


အပိုင်း ( 1048 ) လှည့်ကင်းခန်းမမှာ သတ်ဖြတ်ခြင်း

သူဟာ အခြေခံတိုက်ခိုက်ရေးနည်းလမ်းတွေကို လူတိုင်းသင်ပေးမပေးရသေးပါဘူး။

ပထမအနေနဲ့တော့ ပိုင်ထန်ကလူတွေကို သံသယစာရင်းက ဖယ်ရှားနိုင်ပါတယ်။

ဒုတိယအနေနဲ့ ပိုင်ထန်ကလွဲရင် ဗိုလ်ချုပ်ကြီးဖုန်းချန်ကိုပဲ ထိုအခြေခံတိုက်ခိုက်ရေးနည်းလမ်းတွေ ပေးရသေးတာပါ။

ဒါပေမယ့် ဖုန်းချန်က အခြေခံတိုက်ခိုက်ရေးနည်းလမ်းတွေ ရသွားတာနဲ့ ဖန့်ချုံက မိတ္တူလာကူးသွားခဲ့ပါတယ်။

ပါရမီပိုင်းမှာဆိုရင် သူ့ကိုယ်ရံတော်ဖန်ချန်သာ ဒီပညာကို အချိန်တိုအတွင်း လေ့ကျင့်နိုင်ပါလိမ့်မယ်။

ဒါကြောင့် ကွင်းဆက်အားလုံးကို ပြန်လိုက်ကြည့်ရင် ဖန့်ချုံကိုပဲ တွေ့ရတော့မှာပါ။

"ဒီကိစ္စက အလျင်စလိုလုပ်လို့တော့ မဖြစ်ဘူး"
ချူးယွန်က တိတ်ဆိတ်နေလို့ပါ။ ဒီကိစ္စမှာ သူသတိမထားမိရင် တော်ဝင်မိသားစုရဲ့ အတွင်းရေးထဲမှာ ဝင်ရှုပ်မိပါလိမ့်မယ်။

"ကျာ့အာလည်း ဒီလိုပဲ ပြောလိုက်ပါတယ်"
ဖန့်ပါးက ချူးယွန်ပုခုံးကိုပုတ်ကာ ရယ်မောလိုက်ပြီး
"မင်းကိုယ်မင်း ဖိအားတွေလည်း မပေးပါနဲ့ဦး… ဒါက ခန့်မှန်းထားရုံသက်သက်ပဲ"

ချူးယွန်လည်း သက်ပြင်းချလိုက်ပါတော့တယ်။ တော်ဝင်မိသားစုရဲ့အရေးမှာ ဝင်စွတ်ဖက်မိရင် သူ့ဆီကို အလကားသက်သက်ပြဿနာတွေ ရောက်လာတော့မှာပါ။

"အဘိုးကြီးချမ်ရီချန်က ချမ်ရန်အသတ်ခံရတဲ့အတွက် မင်းကိုပြဿနာရှာလာမှာကိုတော့ မပူပါနဲ့… ထိုက်ယွမ်အကယ်ဒမီမှာ ရှိနေသ၍ မင်းကိုကာကွယ်ဖို့ တစ်ယောက်ယောက်ကို ဒီအဘိုးကြီးက စေလွှတ်ထားပေးမယ်"
ဖန့်ပါးက ရယ်မောလိုက်သည်။

"ဒါပေမယ့် ငါ့မှာ ကိစ္စလေးတစ်ခုရှိလို့ အပြင်ကို ထွက်ရဦးမယ်"
ချူးယွန်က မတတ်သာဟန်နဲ့ ပြောလိုက်ပါတယ်။ ဒီအချိန်မှာ သူမသွားရင် အချိန်တွေ ပိုကုန်ရတော့မှာပါ။

သူ့အနေနဲ့ မိုးကြိုးတူကို ကျောက်တိုင်ချွေဆီ ပြန်ပေးရဦးမယ် မဟုတ်လား။

"ဒါပေမယ့် မင်းအပြင်မထွက်တာ ပိုကောင်းမယ်"
ဖန့်ပါးက ရယ်မောလိုက်ပြီး
"အဲဒီအဘိုးကြီး ချမ်ရီချန်က အငြိုးကြီးတာကြောင့် ကျော်ကြားတယ်လေ… မင်းက ချမ်ရန်ကိုသတ်လိုက်တော့ မဟုတ်ရင်… သူက မင်းကိုသေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး…

"ဘာမဟုတ်ရင်လည်း… ဆရာကြီး ငါ့ကို နည်းလမ်းရှိရင် ပြောပြပါဦး"
ချူးယွန် စိတ်လှုပ်ရှားစွာ မေးလိုက်ပါတယ်။

"မင်းက မင်းသမီးတစ်ပါးကို လက်ထပ်ပြီး မင်းသား‌ဖြစ်အောင် လုပ်လိုက်ပေါ့... ဒါဆိုရင် မင်းကို ပေါ့ပေါ့တန်တန်မထိဝံ့တော့ဘူး"
ဖန့်ပါးက ထူးခြားစွာပြုံးရင်း ပြောလိုက်တယ်။
"ရှောင်ကျာ့လေးက နည်းနည်းကလေးဆန်ပေမယ့် မဆိုးပါဘူး၊ သူက လှပသလို နူးညံ့သိမ်မွေ့တယ်… သဘောထားကြီးပြီး ဘာအပြစ်အနာအဆာမှကို မရှိတာ"

ချူးယွန်က ချက်ချင်းသူ့လက်ကို ဝေ့ယမ်းကာ ပြောလိုက်တယ်။
"ဆရာကြီး လာနောက်မနေပါနဲ့… လက်ထပ်ဆိုတာက ကလေးကစားတာမဟုတ်ဘူး၊ ဘဝတစ််ခုလုံးနဲ့ သက်ဆိုင်တဲ့အရာပါ… နောက်ပြီး ဒီလိုကိစ္စမျိုးကို အလျင်စလိုလည်း မလုပ်နိုင်ဘူး… နောက်ပြီး ငါက အန္တရာယ်တွေကိုကြောက်လို့ သူ့ကို အကာကွယ်ယူတဲ့အနေနဲ့ လက်ထပ်ခဲ့တာမှန်း နဝမမင်းသမီးသိရင် ငါ့ကို အထင်သေးနေတော့မှာ"

သူ့စကားတွေက အလွန်လှပပြီး ဖန့်ပါးတောင် တိတ်တဆိတ် ခေါင်းညိတ်လိုက်မိပါတယ်။

"မင်းဒီမှာ မင်းခွန်အားတိုးတက်ဖို့သာ ကောင်းကောင်းလေ့ကျင့်နေပါ… လော့ဖူမြို့က မင်းသူငယ်ချင်းတွေကို ကာကွယ်ဖို့ ဒီအဘိုးကြီးက လူလွှတ်ထားပေးမယ်"
ဖန့်ပါးက ချူးယွန်ကို နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့ပါတော့တယ်။

"ဝှူး"
ချူးယွန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပါပြီ။ ဖန့်ပါးက သူ့ရဲ့စိုးရိမ်စရာတွေကိုပါ တွေးထားပေးလို့ပါ။

သူက လော့ဖူမြို့ကို မပြန်နိုင်တာကြောင့် အခြားသူတွေရဲ့ လုံခြုံမှုကို အာမမခံနိုင်ပါဘူး။

အခုတော့ ဖန့်ပါးရဲ့စကားကြောင့် သူစိတ်အေးသွားခဲ့ရပါပြီ။

ဒါပေမယ့် သူကိုယ်တိုင်ထွက်ခွာချင်ရင်တော့ မလွယ်ကူသေးပါဘူး။ ဒီအတွက် လုံလောက်အောင်သန်မာတဲ့ အစောင့်ရှောက်ကို ရှာရဦးမှာပါ။

ဒါပေမယ့် သူဆန္ဒတော့ မစောပေ။ အရာအားလုံးကို တစ်ဆင့်ချင်းသွားတာက ပိုကောင်းပါတယ်။

ချူးယွန်က ထိုက်ယွမ်အကယ်ဒမီကိုပြန်လာပေမယ့် ထိပ်တန်းခြောက်ယောက်ကို ချက်ချင်း မခေါ်သေးပါဘူး။

ဖန့်ကျစ်က ဒဏ်ရာအပြင်းအထန်ရထားတာကြောင့် ရက်နည်းနည်းတော့ နားနေရဦးမှာပါ။

ကျန်တဲ့သူတွေကတော့ အခြေအနေပိုကောင်းပါတယ်။ ဒါပေမယ့် ပြင်းပြင်းထန်ထန်ကြိုးစားထားရတာကြောင့် ချက်ချင်းစတင်တာက မကောင်းပါဘူး။

ချူးယွန်လည်း အခန်းထဲမှာထိုင်ကာ စစ်နိုင်ငံကို ဘယ်လိုပစ္စည်းပို့ရမယ်ဆိုတာကို စတင်စဉ်းစားလိုက်ပါပြီ။

ခဏချင်းတော့ သူအဖြေမရခဲ့ပါဘူး။

ရုတ်တရက် သူ့မျက်လုံးတွေ တောက်ပလာခဲ့ပါပြီ။

သူက အပြင်ကို မသွားနိုင်ပေမယ့် အပြင်လူကတော့ လာလို့ရတယ်မဟုတ်လား။

ဒါကြောင့် ကျောက်တိုင်ချွေကို တော်ဝင်မြို့တော်ဆီ အမြန်လာဖို့ စာရေးလိုက်ပါတယ်။ သူတို့လာတဲ့အခါမှ မိုးကြိုးတူခန္ဓာကိုပေးလိုက်ရင် ပြီးပါပြီ။

ဒါကိုတွေးပြီးနောက် ချူးယွန်ဟာ အလွန်ခံစားချက် ကောင်းမွန်သွားခဲ့ပါတော့တယ်။

………

"ချူးယွန်… ငါမင်းကို ဘယ်တော့မှ အလွတ်မပေး‌ဘူးကွ"
နန်းတော်တစ်ခုထဲမှာ ဒေါသတကြီး အော်ဟစ်လိုက်သံ ထွက်ပေါ်လာခဲ့ပါတယ်။ သူက အသံကို အုပ်အုပ်ဆိုင်းဆိုင်းထားပေမယ့် ဒေါသဖြစ်နေတာမို့ ကျယ်လောင်နေဆဲပါ။

သူ့အရှေ့က လူတွေကတော့ တိတ်ဆိတ်နေလို့။

သူတို့ရဲ့ သခင်လေးချမ်ဟာ ချူးယွန်ကြောင့် သေဆုံးသွားခဲ့ပြီး အလောင်းတောင် အကောင်းအတိုင်း မကျန်ခဲ့ပါဘူး။

ဒါကြောင့် သခင်ကြီး ဒေါသပေါက်ကွဲနေတာ အံ့ဩစရာတော့ မဟုတ်ပေ။

ချမ်ရန်ဟာ အလွန်ဒေါသဖြစ်နေပြီး မျက်လုံးတွေတောင် နီရဲနေခဲ့ပါတယ်။

"သခင်ကြီး၊ ဒေါသကို ထိန်းပါဦး… တော်ဝင်အကြံပေးက ချူးယွန်ကို လိုချင်နေတယ်လို့ကြားတယ်"
တစ်ယောက်က မဝံ့မရဲနဲ့ ပြောလိုက်ပါတယ်။

"ချီး၊ ချီးပဲ"
ချမ်ရီချန်က ချူးယွန်ကို တစ်စစီဆုပ်ဖြဲချင်နေဟန်နဲ့ ပြောလိုက်ပါတယ်။
"အဒီချူးယွန်က ဘာကောင်းလို့လဲ… တော်ဝင်အကြံပေးက သူ့ကို ဘာမို့ လိုချင်နေရတာလဲ"

ချမ်ရီချန်က မဟာဆရာကြီး သုံးဦးထဲက တစ်ဦးဖြစ်ပါ။ ဒါပေမယ့် သူ့အဆင့်အတန်းက တော်ဝင်အကြံပေးထက်တော့ အများကြီးနိမ့်ကျပါတယ်။

နောက်ပြီး သူက လက်ရှိမှာ တော်ဝင်အကြံပေးရဲ့ ဘက်မှာရှိနေတာကြောင့် အမိန့်တိုင်းကို နာခံရပါလိမ့်မယ်။

မကြာသေးခင်ကပဲ ချူးယွန်ကို ဘာမှမလုပ်သေးဖို့ တော်ဝင်အကြံပေးက ပြောထားပါသေးတယ်။

ဒါကြောင့် ချမ်ရီချန်ဟာ သူ့ဒေါသတွေကို ပြန်မြိုသိပ်ထားရုံအပြင် ဘာမှ မတတ်သာပါဘူး။

ချမ်ရီချန်ရဲ့ မျက်နှာက ရုတ်တရက် အေးစက်သွားခဲ့ပါပြီ။

ရုတ်တရက် သူက မျက်ခုံးပင့်ကာ ပြောလိုက်ပါတယ်။
"ဒါနဲ့ လှည့်ကင်းခန်းမမှာ ချူးယွန်ရဲ့ ကောင်မလေးနှစ်ယောက်ရှိနေတယ်လို့ ငါကြားတယ်"

"ဟုတ်တယ်… ဟုတ်တယ်၊ ချူးယွန်က လှည့်ကင်းခန်းမက လာခဲ့တာလေ… အဲဒီမှာ သူ့ညီအကိုတွေလည်း အများကြီးရှိတယ်"
သူ့အရှေ့မှလူက ချမ်ရီချန်ရဲ့ အတွေးကို ချက်ချင်း နားလည်လိုက်နိုင်ပါတယ်။

"ချူးယွန်ရဲ့ ကောင်မလေးနှစ်ယောက်က အရမ်းလှတယ်ဆို… ချူးယွန်က သူတို့ကြောင့် ဘုရင့်သမီးတော်နဲ့ လက်ထပ်ရမယ့် အခွင့်အရေးကိုတောင် လက်လွှတ်ခဲ့တယ်ဆိုတော့"
ချမ်ရန်က မျက်လုံးတွေ ကျဉ်းမြောင်းသွားတဲ့အထိ ပြုံးလိုက်ပြီး
"ရန်အာအတွက် လက်စားချေမယ်… သူတို့ဆီကိုသွားလိုက်"

"ကောင်းပါပြီ"
တစ်ယောက်က ချက်ချင်း ထွက်ခွာသွားခဲ့ပါတော့တယ်။

"မင်းက ဒီမိန်းကလေးနှစ်ယောက်အတွက် ဘုရင့်သားမက်ဖြစ်မယ့်အရေးကိုတောင် ငြင်းခဲ့တယ်ဆိုမှတော့ သူတို့ကို အရမ်းအရေးထားတဲ့ အဓိပ္ပာယ်ပဲ"

"ဒါပေမယ့် မင်းက ငါ့သားကိုသတ်ဝံ့မှတော့ ငါက မင်းဘဝ တစ်လျှောက်လုံး နောင်တရသွားရအောင် လုပ်ပြမယ်"
ရက်စက်ကြမ်းကြုတ်မှုတွေက ချမ်ရီချန်ရဲ့ မျက်လူံထဲမှာ ဖြစ်ပေါ်လာခဲ့ပါတယ်။

တော်ဝင်အကြံပေးကြောင့် ငါက မင်းကိုသတ်လို့ မရသေးပေမယ့် မင်းဘေးကလူတွေကိုတော့ ကိုင်တွယ်နိုင်တယ်ကွ။

ငါကိုယ်တိုင် မလှုပ်ရှားရင်တောင် ငါ့မှာ နည်းလမ်းတွေအများကြီး ရှိသေးတယ်။

…………

လော့ဖူမြို့၊ လှည့်ကင်းခန်းမ။

"ဒီ‌ကောင်စုတ်ချူးယွန်က တော်တော် မသိတတ်ဘူး… သူနန်း‌တွင်းကို ရောက်သွားတာ ကြာပြီ၊ အခုထိ လှည့်ကင်းခန်းမကို တစ်ခါမှ ပြန်မလာသေးဘူး"
ရီလီလီက ဒေါသသံနဲ့ ပြောလိုက်ပါတယ်။

"ချူးယွန်က ကောင်မလေးတွေဘယ်ညာထားပြီး ပျော်နေတာ နေမှာပေါ့… ဟန်ကျလိုက်လေ"
မူတုက စနောက် ပြောဆိုလိုက်တယ်။

"နင်အရိုက်ခံချင်နေတာလား"
ရီလီလီရဲ့မျက်နှာက အေးစက်သွားကာ ပြောလိုက်ပါတယ်။

"ဟီးဟီး၊ အဘိုးကြီးမူကို နင်ကိုယ်တိုင်လုပ်စရာလိုတယ် ထင်လို့လား… ငါ ကိုင်တွယ်ပေးနိုင်တယ်"
မဟာပညာရှိက ရယ်မောကာ မူတုကို ပုခုံးဖက်လိုက်ပါပြီ။ သူတို့နှစ်ယောက်က ထပ်မံတိုက်ခိုက်ကြတော့မှာပါ။

"တော်ပြီ၊ စကားကောင်း ပြောကြရအောင်"
တန်းဇီရှမ်းက စားပွဲကိုပုတ်ပြီး ပြောလိုက်ပါတယ်။

ဒီအခါမှာတော့ မဟာပညာရှိနဲ့ မူတုဟာ ချက်ချင်းပဲ စားပွဲမှာ ပြန်ထိုင်လိုက်ကြပါပြီ။

"မူတု... နင်တစ်လနီးပါး တိုင်ဂန်တိုက်ကြီးမှာ ဘာတွေလုပ်နေတာလဲ"
တန်းဇီရှမ်းက မျက်ခုံးပင့်ပြီး မေးလိုက်ပါတယ်။

မူတုက ပုခုံးတွန့်ပြလိုက်ပြီး
"ငါက ဘာလုပ်ရမှာလဲ… ငါက ကျင့်ကြံခြင်းအရင်းအမြစ်တွေ အများကြီးကို သယ်သွားရတာလေ… ‌နောက်ပြီးတော့ ဖုန်းယင်နဲ့ ငါ့ကလေးကို တွေ့ရတာပေါ့… ဒါနဲ့ စကားမစပ်၊ နင်နဲ့ချူးယွန်က ဘယ်တော့မှ ကလေးယူကြမှာလဲ"

ဒီအခါမှာတော့ တန်းဇီရှမ်းရဲ့ လူသတ်ငွေ့တွေနဲ့ အကြည့်က ချက်ချင်း ထွက်ပေါ်လာခဲ့ပါပြီ။ ဒါကြောင့် သူဟာ ချက်ချင်းပဲ စကားလမ်းကြောင်းပြောင်းလိုက်ပါတယ်။
"အေးပါ၊အေးပါ… ငါစကား‌ကောင်းပြောတော့မယ်… အခု တိုင်ဂန်တိုက်ကြီးက ကောင်းကောင်းဖွံ့ဖြိုးနေပြီ၊ ချူးယွန်ပေးတဲ့ အရင်းအမြစ်တွေအရလည်း ထိပ်တန်းကျွမ်းကျင်သူတွေက သေခြင်းရှင်ခြင်းနယ်ပယ်ကို ရောက်လာခဲ့ကြပြီ… အရင်းအမြစ်တွေကလည်း ပေါများတော့ သူတို့အတွက် ဆယ်စုနှစ်များစွာကြာတဲ့အထိ သုံးစွဲနိုင်ဖို့ လုံလောက်တယ်… ပြောရရင်တော့ တိုက်ကြီးက အကောင်းဆုံးတိုးတက်နေတယ်"

"နည်းနည်းနှေးနေသေးတယ်"
တန်းဇီရှမ်းကတော့ သက်ပြင်းချနေဆဲပါ။ ဒါပေမယ့်လည်း ဟိုးအောက်ဆုံးမှာပဲ ရှိနေခဲ့တဲ့ တိုင်ဂန်တိုက်ကြီးအတွက် ဒီလောက်တိုးတက်လာတာကတင် အတော်ကောင်းမွန်နေခဲ့ပါပြီ။

ချူးယွန်သာ အရင်းအမြစ်တွေ အများကြီးမပေးခဲ့ရင် သေခြင်းရှင်ခြင်းနယ်ပယ်က တစ်ဦးတောင် ရှိလာဖို့ မလွယ်ပါဘူး။

"ဒီတစ်ခေါက် ငါလူနည်းနည်း ထပ်ခါ်လာခဲ့သေးတယ်… ချူးယွန်ရဲ့အသိ နာထရွန်ဆိုတဲ့ လူရိုင်းလေးနဲ့ ချူးကလန်က ကောင်စုတ်လေး ချူးရွှီရန်နဲ့အခြားသူတွေလေ… ဒီကောင်စုတ်လေးရဲ့ အရည်အချင်းကတော့ သိပ်မဆိုးဘူး"
မူတုက ပြောလိုက်ပါတယ်။

"ကောင်းပြီလေ… ဒီတစ်ခါတော့ နင့်ရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်… နောက်တစ်ခါကျရင်တော့ ငါသွားမယ်"
တန်းဇီရှမ်းက ပြောလိုက်ပါတယ်။ တကယ်တော့ သူကိုယ်တိုင်လည်း အိမ်ကိုမပြန်ဖြစ်တာ အလွန်ကြာမြင့်ခဲ့ပြီ မဟုတ်လား။

"အကိုကြီးရဲ့ မိတ်ဆွေဆိုတဲ့ လူတစ်ယောက် အပြင်မှာ ရောက်နေပါတယ်… မင်းတို့နဲ့ တွေ့ချင်လို့တဲ့"
ဒီအချိန်မှာပဲ အထဲကို လူတစ်ယောက် ဝင်လာခဲ့ပါတယ်။

"ချူးယွန်ရဲ့ မိတ်ဆွေလား"
အားလုံးက မျက်ခုံးပင့်လိုက်ကြပါပြီ။ ဒါပေမယ့် အများကြီးတော့ စဉ်းစားကြတော့ပါဘူး။
"သွားသွား၊ သူ့ကို ဖိတ်ခေါ်လိုက်"

ခဏကြာပြီးနောက် လူတစ်ယောက်က အထဲကို ပြုံးကာ ဝင်ရောက်လာခဲ့ပါတယ်။

သူက တန်းဇီရှမ်းနဲ့ ရီလီလီကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးထဲမှာ အနည်းငယ်အံ့အားသင့်မှုတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။

ချူးယွန်က ဘုရင့်ကိုငြင်းဆန်ခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး။ ဒီလို မိန်းမလှနှစ်ယောက်နဲ့ဆိုရင် ဘယ်သူက အခြားကိုစိတ်ပါဦးတော့မှာလဲ"

"မင်းက ချူးယွန်ရဲ့အသိလား… ဘာကိစ္စရှိလို့လဲ"
ချူးယွန်က တစ်ဖက်လူဆီကနေ ပုံမှန်မဟုတ်တဲ့ အငွေ့အသက်တွေကို ခံစားမိတာကြောင့် မေးလိုက်ပါတယ်။

ထိုလူက ပြုံးလိုက်ပြီး
"ကောင်းလိုက်တာ… မင်းတို့အားလုံး ဒီမှာ ရှိနေကြတာလဲ"

"မင်းဘာပြောချင်တာလဲ"
မဟာပညာရှိရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ပါပြီ။

"မင်းတို့ရဲ့အသက်ကိုယူဖို့ ငါလာတာ"
ထိုလူက ထူးခြားစွာ ပြုံးလိုက်ပါတယ်။ သူက ချက်ချင်းပဲ မူတုကို ဓားတစ်လက်နဲ့ တိုက်ခိုက်လိုက်ပါပြီ။

"မကောင်းတော့ဘူး"
မူတု ထိတ်လန့်သွားခဲ့ပါတယ်။ သူက ချက်ချင်းပဲ ကောင်းကင်နတ်ဆိုးအလံကို ထုတ်ဖော်လိုက်ပါပြီ။

"ဝှစ်"
သူက ချက်ချင်း အခြားတစ်နေရာကိုရောက်သွားကာ ထိတ်လန့်တကြား ပြောလိုက်ပါတယ်။
"ပြန်လည်မွေးဖွားခြင်းနယ်ပယ်လား"

ထိုလူက တကယ်ကြီး ပြန်လည်မွေးဖွားခြင်းနယ်ပယ်ကို ရောက်နေခဲ့ပါပြီ။

ပြန်လည်မွေးဖွားခြင်းနယ်ပယ်ဆိုတာက လော့ဖူမြို့တော်မှာ တကယ့်ကို အကောင်ကြီးပါ။

အားလုံးရဲ့ မျက်နှာက ချက်ချင်းပဲ လေးနက်သွားခဲ့ကြပါတော့တယ်။

"မင်းတို့သေခြင်းကို ဘာလို့ဆန့်ကျင်နေတာလဲ… ငြိမ်ငြိမ်နေရင် မနာကျင်ပဲ သေရမယ်"
ထိုလူက သူတို့ကို ဂရုမစိုက်ဟန်နဲ့ အေးစက်စက် ရယ်မောလိုက်ပြီး
"ကောင်မလေးနှစ်ယောက်ကတော့ တကယ်လှတာပဲ… ငါနင်တို့ကိုတော့ နာကျင်အောင် မလုပ်ချင်ပါဘူး… နင်တို့ကို ညင်သာ…သာ"

ဒါပေမယ့် သူဘာမှ စကားမဆုံးခင်မှာပဲ သူ့မျက်နှာက အေးခဲသွားခဲ့ပါပြီ။

"ရွှစ်"
ထိုလူရဲ့ခေါင်းက ချက်ချင်းပဲ မြေပြင်ပေါ်ကို ပြတ်ကျသွားခဲ့ပါတော့တယ်။

သူ့မျက်လုံးထဲမှာတော့ ဒေါသတွေ ဖြစ်ပေါ်နေလို့။ သူသေသွားတဲ့အထိ ဘယ်သူ့လက်ချက်ဆိုတာတောင် မသိလိုက်ရပါဘူး။

အပိုင်း ( 1049 ) ဆရာ၊ ကျေးဇူးပြုပြီး ငါ့ကို သင်ပေးပါ

ခန်းမထဲကလူတိုင်းပဲ အံ့သြသွားခဲ့ကြပါတယ်။

ဒါတွေအားလုံးက ရုတ်တရက်ဖြစ်သွားတာမို့ အားလုံးက အချိန်အတော်ကြာတဲ့အထိ မတုံ့ပြန်နိုင်တော့ပါဘူး။

သူတို့ကိုသတ်ဖို့ ရောက်လာခဲ့တာက ပြန်လည်ဝင်စားခြင်းနယ်ပယ် ကျွမ်းကျင်သူပါ။

ဒါပေမယ့် မကြာခင်မှာပဲ သူ့ခေါင်းက ပြတ်ကျသွားခဲ့ရပါပြီ။

ခန်းမအပြင်မှာတော့ မိန်းမပျိုတစ်ယောက်ရပ်နေလို့။ သူ့အသားအရေက ဖြူစွတ်နေပြီး ချစ်စဖွယ်ပုံစံရှိပါတယ်။ သူ့လက်ထဲမှာတော့ ဓားမြှောင်တစ်ချောင်းကို ကိုင်ထားလို့ပါ။

အစောပိုင်းက တိုက်ခိုက်ခဲ့တာဟာ ထိုမိန်းကလေးပါပဲ။ ဒါပေမယ့် သူက အလွန်မြန်ဆန်တာကြောင့် ဘယ်သူမှတောင် မမြင်လိုက်ရပါဘူး။

အားလုံးရဲ့ အံ့ဩနေတဲ့ အကြည့်အောက်မှာ မိန်းကလေးက ပြုံးလိုက်ပြီး
"နင်တို့က ချူးယွန်ရဲ့အသိတွေပဲ နေမယ်… ငါ့ကို နင်တို့ကိုကာကွယ်ဖို့ အမိန့်ပေးခဲ့လို့ လာခဲ့တာပါ… ဒီအတောအတွင်းမှာ ကိစ္စတွေအများကြီး ဖြစ်သွားခဲ့တယ်လေ… ဒါပေမယ့် မစိုးရိမ်ပါနဲ့၊ အားလုံး အဆင်ပြေသွားကြမှာပါ"

"ငါတို့ကို ကာကွယ်ဖို့၊ ချူးယွန် ဘာလုပ်ခဲ့လို့လဲ"
တန်းဇီရှမ်းက သံသယစိတ်နဲ့ မေးလိုက်ပါတယ်။

ပြန်လည်ဝင်စားခြင်းနယ်ပယ်ကို စေလွှတ်နိုင်တဲ့ အင်အားစုက သာမန်တော့ မဖြစ်နိုင်ပါဘူး။

"နည်းနည်းတော့ ခေါင်းကိုက်စရာပဲ… ဘယ်လိုပြောရမလဲ၊ ချူးယွန်က ယောက်ချီမြင့်မြတ်တိုင်းပြည်ထဲမှာ အစွမ်းထက်ဆုံး လူနှစ်ယောက်ထဲက တစ်ယောက်ကို စော်ကားခဲ့တာပေါ့"
မိန်းကလေးက ပြောလိုက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ မျက်နှာအမူအရာကတော့ အပြောင်းအလဲ မရှိပါဘူး။

"တော်ဝင်အကြံပေးလား"
တန်းဇီရှမ်းက ဉာဏ်ထက်ကာ အခြေအနေကို ချက်ချင်း သဘောပေါက်သွားခဲ့ပါပြီ။

မဟပညာရှိက ခြောက်ကပ်ကပ်နဲ့ ချောင်းဟန့်လိုက်ပြီး
"ဒီကောင်စုတ်လေးကတော့ တကယ့်ပြဿနာပဲ"

မူတုလည်း အသက်ပြင်းပြင်းရှုလိုက်မိပါတယ်။ ‌တော်ဝင်အကြံပေးက ဖန်ဆင်းရှင်နယ်ပယ် ကျွမ်းကျင်သူပဲ မဟုတ်လား။

သူ့ကိုစော်ကားတာက ယောက်ချီမြင့်မြတ်တိုင်းပြည်ထဲမှာ အလွန်အနေရခက်စေတဲ့အရာကို ပြုလုပ်ခဲ့တာပါပဲ။

‌မိန်းကလေးက ခေါင်းညိတ်ကာ ပြုံးလိုက်ပြီး
"ဒါပေမယ့် အခုနင်တို့ဆီကို စေလွှတ်ခဲ့တာက  နန်းတွင်းရဲ့ သာမန်လူတစ်ယောက်သာသာပါပဲ"

ခဏရပ်ပြီးနောက် သူက ဆက်ပြောလိုက်ပါတယ်။
"အခုကတော့ တော်ဝင်အကြံပေးဘက်က ချမ်ရန်ချန်ပါ... ချူးယွန်က သူ့သားကိုသတ်ခဲ့ပေမယ့် သူ့ကိုတော့ တိုက်ရိုက်ရန်ရှာလို့ မရဘူးလေ… အဲတာကြောင့် နင်တို့ဆီကို လွှတ်လိုက်တာ"

အားလုံးက စိတ်ဝင်စားလာပါတယ်။

ယောက်ချီမြင့်မြတ်တိုင်းပြည်ထဲမှာ ကျော်ကြားတဲ့ ဆရာကြီးချမ်ကို ထိုမိန်းကလေးက သာမန်လိုပြောနေလို့ပါ။

သူက ဘယ်သူများလဲ။

"ငါ့နာမည်က မူရှင်းကျူးပါ"
မိန်းကလေးက ချိုသာစွာပြုံးလိုက်ပြီး
"ငါဒီမှာ ခဏလောက်တော့ နေချင်တယ်"

"ကိစ္စမရှိပါဘူး… ဒီမှာ အခန်းလွတ်တွေအများကြီးရှိတယ်"
မူတုက ခေါင်းညိတ်လိုက်ပါတယ်။ ပြန်လည်ဝင်စားခြင်းနယ်ပယ်ကို တစ်ချက်တည်းနဲ့ သတ်နိုင်တာကြောင့် သူက အလွန်ကြောက်စရာကောင်းမှာပါ။

ဒါကြောင့် သူသာဒီမှာနေပေးရင် အကောင်းဆုံးပါပဲ။

"သူက ကိုယ်တိုင်တော့ ပြန်မလာဘဲ ပြဿနာတွေသာ ပို့လိုက်‌တယ်ပေါ့၊ ခွေးကောင်လေး"
ရီလီလီက ဒေါသတကြီးနဲ့ လက်သီးဆုပ်လိုက်ပါတယ်။

မဟာပညာရှိက ရီလီလီကို တစ်ချက်ကြည့်လိုက်ပြီး
"ချူးယွန်က ဒီမှာမရှိတော့ နင်ပြောချင်တာ တဝပြောပေါ့"

ဒီအချိန်မှာပဲ ခန်းမထဲကို ချန်းပိနင်းတစ်ယောက် အပြေးရောက်လာခဲ့ပါပြီ။

သူက မြေပြင်က အလောင်းကိုမြင်ပြီးနောက် အံ့အားသင့်သွားခဲ့ပါတယ်။

"ဘာဖြစ်သွားတာလဲ"
ချန်းပိနင်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်တယ်။ အခုလေးတင် ထွက်ပေါ်လာတဲ့ အရှိန်အဝါတွေက ပြန်လည်ဝင်စားခြင်းနယ်ပယ်ကပါ။

ဒါပေမယ့် ပြန်လည်ဝင်စားခြင်းနယ်ပယ်က လှည့်ကင်းခန်းမကို ဘယ်လိုရောက်လာတာလဲ။

မူရှင်းကျူးက ပြုံးကာ သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး
"ကျေးဇူးပြုပြီး ရှင်းပြလိုက်ကြပါဦး…။ ငါသွားအိပ်တော့မယ်"

ချန်းပိနင်းဟာ မူရှင်းကျူးဆီကနေ ရုတ်တရက် အစွမ်းထက်အရှိန်အဝါတွေကို ခံစားလိုက်ရပါတယ်။

သူက အရမ်းသန်မာတယ်။

တန်းဇီရှမ်းက ချန်းပိနင်းကို အကြောင်းစုံရှင်းပြလိုက်ပါပြီ။ ဒီနောက် သူက ပြောလိုက်ပါတယ်။
"ချူးယွန်က ဒီလောက်ပြဿနာရှာနေမယ်လို့ ထင်မထားခဲ့ဘူး… ခန်းမသခင်ဆန္ဒမရှိရင် ငါတို့ လှည့်ကင်းခန်းမကနေ ထွက်သွားပါမယ်"

ချန်းပိနင်းက ခေါင်းကို ခါယမ်းလိုက်ပြီး
"ချူးယွန်က လှည့်ကင်းခန်းမရဲ့ အကိုကြီးပဲလေ၊ ပြီးတော့ အားလုံး တိုးတက်လာစေမယ့် မျှော်လင့်ချက်ပဲ…။ လှည့်ကင်းခန်းမရဲ့ လက်ရှိအခြေအနေတွေက သူ့ကြောင်းရခဲ့တာပါ...။ ဒါကြောင့် အခုလို သူပြဿနာဖြစ်နေချိန်မှာ ငါက ဘာလို့ရှောင်ဖယ်နေရမှာလဲ…။ နောက်ကို ဒီလိုမပြောကြပါနဲ့"

"ကျေးဇူးပါ ခန်းမသခင်"
အားလုံးပဲ ခေါင်းညိတ်လိုက်ကြပါပြီ။

…....

သုံးရက်ကြာပြီးနောက်။

ချူးယွန်က သူ့အရှေ့က လူခြောက်ယောက်ကို ပြုံးပြီး ကြည့်လိုက်ပါတယ်။

ဖန့်ကျစ်ရဲ့ ဒဏ်ရာတွေကတော့ လုံးဝပြန်ကောင်းကာ ပုံမှန်လို ပြန်ဖြစ်နေခဲ့ပါပြီ။

"မင်းတို့အားလုံးမှာ ကျိယွမ်မြင့်မြတ်တိုင်းပြည်ကို ရင်ဆိုင်ဖို့အတွက် လေ့ကျင့်ဖို့ အချိန်တစ်နှစ်ခွဲပဲရှိတယ်"

"သူတို့က အရမ်းကြောက်စရာကောင်းပြီး ထိုက်ယွမ်အကယ်ဒမီမှာ သူတို့ကို ရင်ဆိုင်ဝံ့သူ မရှိဘူးလို့တောင် ငါကြားတယ်…။ အဲတာ ဟုတ်သလား"
ချူးယွန်က မေးလိုက်တယ်။

"မဟုတ်ပါဘူး"
လူခြောက်ယောက်က သံပြိုင် အဖြေပေးလိုက်ပါပြီ။ ဒီအထဲမှာ ဖန့်ကျစ်က အသံအကျယ်ဆုံးပါ။

"အခြားသူတွေ မယှဉ်ဝံ့ပေမယ့် ငါတို့ကတော့ မကြောက်ဘူး"
ဟော်ယွမ်ရဲ့မျက်လုံးက တောက်ပနေလို့။

"ဒါကြောင့်ပဲ ငါတို့ဒီမှာရပ်နေခဲ့တာပါ"
ဖုန်းရန်ကျိန်းက ပုံမှန်အတိုင်း ပြောလိုက်ပါတယ်။ ဒါပေမယ့် သူ့မျက်လုံးထဲက တိုက်ခိုက်ချင်စိတ်တွေကို ဖုံးကွယ်မရပါဘူး။

"မင်းတို့ခြောက်ယောက်စလုံးမှာ မတူညီတဲ့ သိုင်းဝိညာဉ်နဲ့ နည်းလမ်းတွေရှိတာကြောင့် အားလုံးကို တစ်ပြိုင်နက်တည်းတော့ သင်မပေးနိုင်ဘူး"
ချူးယွန်က လူခြောက်ယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်ပါတယ်။ နောက်ဆုံးမှာ သူက ပိုင်ခုန်းကျောက်အပေါ်မှာ အကြည့်ရပ်လိုက်ပြီး
"ပိုင်ခုန်းကျောက်…။ နင့်ရဲ့ ဓားပညာက အရမ်းသန်မာတယ်လို့ ငါကြားတယ်…။ ဟုတ်လား"

ပိုင်ခုန်းကျောက်က အပြောင်းအလဲမရှိတဲ့ မျက်နှာအမူအရာနဲ့ ပြောလိုက်တယ်။
"ငါ့မှာ အတွေ့အကြုံကောင်းကောင်းရှိပါတယ်"

"ဒါဆို ဟွာဖေးလုံနဲ့ယှဉ်ရင် ဘယ်လိုနေမလဲ"
ချူးယွန် မျက်ခုံးပင့်လိုက်ပါတယ်။

ပိုင်ခုန်းကျောက် တိတ်ဆိတ်သွားခဲ့ပါပြီ။ သူ့ဓားပညာက သန်မာပါတယ်။ ဒါပေမယ့် ဟွာဖေးလုံနဲ့ယှဉ်ရင်တော့ အလွန်ဆုံးမှ သာတူညီမျှလောက်ပဲ ရှိမှာပါ။

ဟွာအိမ်တော်ရဲ့ သခင်လေးအနေနဲ့ ဟွာဖေးလုံရဲ့ နာမည်ကျော်ကြားမှုက လေသက်သက် မဟုတ်နိုင်ဘူး မဟုတ်လား။

ချူးယွန်ကို တိုက်ခိုက်ခဲ့တဲ့ နဂါးဟိန်းသံဓားကို ဘယ်သူမှ လျစ်လျူမရှုဝံ့ပါဘူး။

ဒါကြောင့် ပိုင်ခုန်းကျောက်ဟာ ဟွာဖေးလုံနဲ့ မတိုက်ခိုက်ဖူးပေမယ့် အနိုင်ရဖို့တော့ မပြောဝံ့ပေ။

"နင်သူ့ကို မနိုင်ဘူး မဟုတ်လား"
ချူးယွန်က ပိုင်ခုန်းကျောက်ကိုကြည့်ကာ ပြုံးလိုက်ပါတယ်။

"သူလည်းငါ့ကိုမနိုင်ပါဘူး"
ပိုင်ခုန်းကျောက်က ခေါင်းမာစွာ ပြောလိုက်ပါပြီ။

"ဒါက အဓိကအချက်မဟုတ်ဘူး"
ချူးယွန်က သူ့လက်ကို ဝေ့ယမ်းလိုက်ပြီး
"ဟွာဖေးလုံရဲ့ နည်းလမ်းတွေက ငါ့မျက်လုံးထဲမှာတော့ အမှိုက်၊ လုံးဝ တန်ဖိုးမရှိ‌တဲ့ အမှိုက်ပဲ"

ဒါကိုကြားပြီးနောက် ပိုင်ခုန်းကျောက်က ချက်ချင်း ငြင်းဆန်ဖို့ တွေးလိုက်ပါတယ်။ ဒါပေမယ့် ချူးယွန်က ဟွာဖေးလုံကို နှစ်ကြိမ်တောင် အနိုင်ရခဲ့တယ်ဆိုတာ သူပြန်သတိရလိုက်ပါပြီ။

ပထမတစ်ခါက ဓားနဲ့ဆေဘာစိတ်ဆန္ဒမှာပါ။ နောက်တစ်ခါကတော့ နဂါးဂိတ်ညီလာခံမှာပဲလေ။

ဒါကြောင့် သူ့အနေနဲ့ ဟွာဖေးလုံရဲ့ ဓားပညာကိုအမှိုက်လို့ပြောတ မမှားပါဘူး။

"ပထမခြောက်လမှာ ငါမင်းတို့ကို တစ်ယောက်တစ်လစီ သင်ပေးမယ်… ဒီတစ်လအတွင်းမှာပဲ မင်းတို့ မယုံနိုင်စရာကောင်းလောက်အောင် တိုးတက်လာလိမ့်မယ်"
ချူးယွန်က ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်ပါတယ်။

ဖန့်ကျစ်၊ ဖုန်းရန်ကျိန်းနဲ့ ဟော်ယွမ်တို့သုံးယောက်က ပိုပြီးတော့ စိတ်လှုပ်ရှားသွားခဲ့ကြပါပြီ။

ချူးယွန် ဘယ်လောက် အံ့ဩစရာကောင်းတယ်ဆိုတာ သူတို့ကိုယ်တိုင် ကြုံခဲ့ဖူးပြီ မဟုတ်လား။ ဒါကြောင့် သူ့စကားကို သံသယမရှိကြပါဘူး။

"ဆရာ… ငါတို့ခြောက်ယောက်ရဲ့ ကျွမ်းကျင်မှုတွေက တူတာမဟုတ်ဘူး…။ မင်းငါတို့အားလုံးကို သင်နိုင်တာလား"
စွန်းရဲ့ချီ မောက်မာပေမယ့် ချူးယွန်အရှေ့မှာတော့ အတော်နှိမ့်ချနေခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ချူးယွန်က ချမ်ရန်ကို တစ်ချက်တည်းနဲ့သတ်ထားတာ မဟုတ်လား။

စွန်းရဲ့ချီရဲ့ခွန်အားက ချမ်ရန်လောက် မသန်မာတာကြောင့် ပိုပြီး ရိုးသားခဲ့ရပါတယ်။

သူ့စကားက မေးခွန်းမဟုတ်တဲ့ မေးခွန်းပါ။ ဆိုရရင် သူက ချူးယွန်ကို အနည်းငယ် သံသယဝင်နေမိပါတယ်။ ဒါပေမယ့် ကြောက်လည်း ကြောက်နေတာကြောင့် ဒဲ့ဒိုင်းတော့ မမေးဝံ့ပါဘူး။

"ငါက အနန္တတန်ခိုးရှင်ပဲ"
ချူးယွန်က တစ်ဖက်လူရဲ့ သံသယကို တည်ငြိမ်စွာ ဖြေပေးလိုက်ပါတယ်။

ဒါက အကြွင်းမဲ့ယုံကြည်မှုကို ကိုယ်စားပြုတဲ့စကားပါ။

စွန်းရဲ့ချီ တိတ်ဆိတ်သွားခဲ့ပါပြီ။ ချူးယွန်က ဒီလိုပြောမှတော့ သူ့မှာ အကြောင်းပြချက်တစ်ခုတော့ ရှိမှာပါ။

"ပိုင်ခုန်းကျောက်... ငါတို့ နင်ကနေပဲ စကြတာပေါ့"

"အခြားသူတွေကတော့ ဖန့်ကျစ်နဲ့ အခြေခံတိုက်ခိုက်ရေးနည်းတွေကို သွားပြီး လေ့ကျင့်ထားကြ"

ချူးယွန်က ပြောလိုက်ပါတယ်။ ဒီနောက် သူက အပြောင်းအလဲမရှိတဲ့မျက်နှာနဲ့ ကောင်းကင်ဓားကို ဆုပ်ကိုင်ကာ ပြောလိုက်တယ်။
"နင့်ရဲ့ အစွမ်းထက်ဆုံးနည်းနဲ့ ငါ့ကို တိုက်ခိုက်ပါ"

ပိုင်ခုန်းကျောက်က ခေါင်းညိတ်ပြီး အသက်ပြင်းပြင်းရှုလိုက်ပါတယ်။ ချက်ချင်းပဲ သူ့လက်ထဲမှာ ဓားတစ်လက် ထွက်ပေါ်လာခဲ့ပါပြီ။

ကောင်းကင်အဆင့်ရှစ်၊ ညနက်ဓား။

သူ့သိုင်းဝိညာဉ် ထိုဓားက အနက်ရောင်ပါ။ ဒါပေမယ့် ကြည်လင်နေတာကြောင့် လေထဲမှာ အချိန်မရွေး ပျောက်ကွယ်သွားနိုင်ပါတယ်။

ဒါကပဲ သူ့သိုင်းဝိညာဉ်ရဲ့ ပုံစံပါပဲ။ ညအခါမှာဆိုရင် သူ့ဓားက လုံးဝပျောက်ကွယ်သလို ဖြစ်သွားတာကြောင့် ပိုတောင် အစွမ်းထက်ပါသေးတယ်။

"ဆရာ…၊ ဂရုစိုက်ပါ"
ပိုင်ခုန်းကျောက်က ရုတ်တရက် အရှေ့ကိုပြေးကာ အော်ဟစ်လိုက်ပါတယ်။
"ညလမ်းလျှောက်ခြင်း"

"ဝှစ်"
ရုတ်တရက် သူက လျှပ်စီးလက်သလို ချူးယွန်ဆီကို ပြေးဝင်သွားခဲ့ပါပြီ။

ချူးယွန်က သူ့ဓားကို သာမန်ပဲ ဝေ့ယမ်းလိုက်ပါတယ်။
'ရွပ်'ခနဲ အသံတစ်ချက်နဲ့အတူ ပိုင်ခုန်းကျောက်ဟာ အနောက်ကို ခြေဆယ်လှမ်းခန့် ဆုတ်ပေးလိုက်ရပါပြီ။

"ဒါ နင့်ရဲ့အားနည်းချက်ပဲ"
ချူးယွန်က ထူးမခြားနားဟန်နဲ့ ပြောလိုက်တယ်။
"တကယ့်တိုက်ပွဲအလယ်မှာဆိုရင် ငါနင့်ကို တစ်ချက်တည်းနဲ့ သတ်လိုက်နိုင်မှာ… ဒါက နင့်ရဲ့ စွမ်းရည်အမှန်ဆိုရင်တော့ တကယ်စိတ်ပျက်စရာပဲ"

"ညနက်ဓား၊ အရိုးတိုက်စားခြင်း"
ပိုင်ခုန်းကျောက်က မခံချင်စိတ်နဲ့ အံကြိတ်လိုက်ပါတယ်။ သူ့ရဲ့ ပထမဆုံးနေ့မှာ ဆရာဖြစ်သူရဲ့ ကဲ့ရဲ့တာကို မခံချင်ပါဘူး။

ပိုင်ခုန်းကျောက်ရဲ့ လက်ထဲမှာ ညနက်ဓားက နှလုံးသားကို ဝါးမြို၊ကိုက်စားသွားတော့မယ့် ပိုးကောင်လေးလို လှုပ်ရှားကခုန်လာခဲ့ပါပြီ။

"ဒီလှုပ်ရှားမှာလည်း အားနည်းချက်တွေ အများကြီးပဲ"
ချူးယွန်က တစ်ချက်ကြည့်ပြီး‌ ပြောလိုက်ပါတယ်။

"မဖြစ်နိုင်ဘူး…၊ ငါ့ရဲ့ ဒီလှုပ်ရှားမှုက ပြီးပြည့်စုံလုနီးပါးလို့ ဆရာကတောင် ပြောခဲ့တာ"
ပိုင်ခုန်း‌ကျောက်က ပြောဆိုလိုက်ပါတယ်။ ဒါက သူဂုဏ်ယူရတဲ့ နည်းလမ်းတွေဆိုပေမယ့် တစ်ဖက်လူက အားနည်းချက်တွေရှိတယ်လို့ ပြောလာမယ်လို့ ထင်မထားခဲ့ပါဘူး။

သူ့နှလုံးသားထဲမှာတောင် ဒေါသတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။

"အဲဒီမှာ ငါဖျက်ဆီးလို့ရတဲ့ အားနည်းချက်ငါးခုရှိတယ်…။ သေချာကြည့်ထား"
ချူးယွန်က ငြင်းခုန်မနေတော့ဘဲ သူ့ဓားကို မြှောက်လိုက်ပါတယ်။

"ချီ"
ကောင်းကင်ဓားက ပိုင်ခုန်းကျောက်ရဲ့ ခုခံမှုကို တို့ဟူးတုံးတစ်ခုကို ပိုင်းဖြတ်သလို ဖြတ်တောက်သွားခဲ့ပါပြီ။

သူ့ဓားသွားက ပိုင်ခုန်းကျောက်ရဲ့ ဖြူဖွေးတဲ့လည်တိုင်ကျော့ကျော့နားမှာ ရစ်ဝဲနေလို့။

"ဒါက ပထမ"

ချူးယွန်က ပြောပြီးတာနဲ့ ထပ်မံတိုက်ခိုက်ကာ အားနည်းချက်ကို ချက်ချင်းရှာတွေ့လိုက်ပြန်ပါတယ်။

ပိုင်ခုန်းကျောက် လုံးဝ မတားဆီးနိုင်ပါဘူး။

"ဒါက ဒုတိယ"

"..."

"ဒါက တတိယ"

"..."

"ဒါက စတုတ်တ"

"..."

"ဒါက ပဉ္စမ"

"..."

ချူးယွန်က လှုပ်ရှားမှုငါးခုကို ဆက်တိုက် ထုတ်ဖော်လိုက်ပါတယ်။

သူက လောကကြီးကို စက္ကူတစ်ရွက်လို သဘောထားကာ ဆန္ဒရှိသလို စုတ်ချက်ချနေနိုင်တဲ့ ပန်းချီဆရာတစ်ဦးအလား။

ပိုင်ခုန်းကျောက်သာမက အခြားငါးဦးပါ အံ့ဩသွားခဲ့ပါပြီ။

သူ့ရဲ့ဓားပညာက ဒီအဆင့်တောင် ရောက်နေပြီလား။

"ဝှစ်"
ချူးယွန်က ဓားကိုကျောမှာကပ်ပြီး လေထဲမှာ ရပ်လိုက်ပါတယ်။ သူ့ရဲ့ အဖြူရောင်ဝတ်စုံကတော့ လေထဲမှာ တဖျတ်ဖျတ်လူးလွန်း လှုပ်ရှားနေလို့။ သူက ဘာဖိအားမှ မရှိဘဲ အလွန်သက်တောင့်သက်သာ ရှိပုံရပါတယ်။

ပိုင်ခုန်းကျောက်ရဲ့ မျက်လုံးထဲမှာ ထိတ်လန့်၊ တုန်လှုပ်မှုတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။

အတော်တန်ကြာပြီးနောက်မှာတော့ သူပြောလိုက်ပါတော့တယ်။

"ဆရာ…၊ ကျေးဇူးပြုပြီး ငါ့ကို သင်ပေးပါ"

အပိုင်း ( 1050 ) လူပုတွေရဲ့အခက်အခဲ

"ဆရာ၊ သင်ပေးပါ ဆရာ"
ဒီစကား‌တွေကို ပြောပြီးနောက် ပိုင်ခုန်းကျောက်ဟာ  သူ့ခွန်အားတွေ ကုန်ခမ်းသွားသလို ခံစားလိုက်ရပါတယ်။

အခုချိန်မှာတော့ ချူးယွန်ကို သူ့ဆရာအဖြစ် လုံးဝယုံကြည် လက်ခံသွားခဲ့ပါပြီ။ သူ့အနေနဲ့ ဆရာဖြစ်သူဆီကနေ အစွမ်းကုန် ကြိုးစားသင်ယူရတော့မှာပါ။

ချူးယွန် ပြုံးလိုက်ပါတယ်။ ဒီအတွက်တော့ သူမအံ့ဩမိပါဘူး။

ငတုံးမဟုတ်သ၍ သူ့ရဲ့နည်းလမ်းတွေက ဘယ်လောက်ကောင်းမွန်မယ်ဆိုတာကို မြင်နိုင်ပါလိမ့်မယ်။

သူ့ရဲ့ မဟာဖွံ့ဖြိုးခြင်းဓားသိုင်းက ဓားပညာအားလံးကို ပေါင်းစပ်ထားတာပါ။ မူလကတော့ ချူးယွန်ဟာ မဟာဖွံ့ဖြိုးခြင်းဓားသိုင်းကို တိုင်ဂန်တိုက်ကြီးမှာပဲ အဆင့်မြင့်မယ်လို့ ထင်ထားခဲ့မိပါတယ်။ ကောင်းကင်ဘုံခုံရုံးမှာတော့ ဒီလိုမဖြစ်သင့်ပါဘူး။

ဒါပေမယ့် တကယ်တမ်းမှာတော့ ဒီလိုမဟုတ်ခဲ့ပါပေ။

ဒါက ဒီမှာလည်း အဆင့်ပိုမြင့်နေဆဲပါပဲ။

ကောင်းကင်ဘုံခုံရုံးက ပါရမီရှင်တွေဟာ တိုင်ဂန်တိုက်ကြီးက ပါရမီရှင်တွေထက်တော့ ဓားပညာကို ပိုပြီး နက်နက်နဲနဲ နားလည်ခဲ့ကြပါတယ်။

ဒါပေမယ့် သူတို့တွေက မဟာဖွံ့ဖြိုးခြင်းဓားသိုင်းနဲ့တော့ နှိုင်းယှဉ်မရသေးပါဘူး။ ပိုးစုန်းကြူးတွေ ဘယ်လောက်ပဲ တောက်ပနေပါစေ၊ လမင်းကြီးနဲ့တော့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်နိုင်မှာလဲ။

ဒါကြောင့်ပဲ ချူးယွန်က လှည့်ကွက်နည်းနည်းသုံးကာ ပိုင်ခုန်းကျောက်ကို ထိတ်လန့်စေခဲ့တာပါ။

ဒီအတွက် ပိုင်ခုန်းကျောက်ဟာ ကျော်ကြားတဲ့ မိသားစုက လာပေမယ့်လည်း ချူးယွန်ရဲ့ နည်းလမ်းတွေကြောင့် တုန်လှုပ်ခဲ့ရပါတော့တယ်။

"အရင်ဆုံး နင်လေ့ကျင့်နေတဲ့ ဓားပညာကို ငါ့ကစားပြ… အဲဒီအထဲက ချို့ယွင်းချက်တွေကိုရှာပြီး အပြောင်းအလဲတွေ ငါလုပ်ပေးမယ်"
ချူးယွန်က လေ့ကျင့်ဖို့ကို အလျင်စလိုခဲ့ပါဘူး။ သူက အရှိန်နည်းနည်းလျှော့ပြီး တစ်ဆင့်ချင်းပဲ သွားဖို့ တွေးခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ပိုင်ခုန်းကျောက်ဟာ ဓားပညာကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီး သူ့ကိုယ်ပိုင်ပုံစံကိုတောင် ပုံဖော်ခဲ့ပြီးပါပြီ။

ဒါကြောင့် သူက အလောတကြီးသင်ကြားလိုက်မယ်ဆိုရင် ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို ဖြစ်စေမှာပါ။

"ဆရာ… ငါ့ကို လမ်းညွှန်ပေးပါဦး"
ပိုင်ခုန်းကျောက်က စိတ်လှုပ်ရှားမှုကြောင့် နီရဲနေတဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ်။

သူက ညနက်ဓားကိုကိုင်ကာ အသက်ပြင်းပြင်းရှုလိုက်ပါပြီ။

ချူးယွန်က စောင့်ကြည့်နေမှာမို့ သူအကောင်းဆုံး ကြိုးစားတော့မှာပါ။

"ချီ"
ဓားစိတ်ဆန္ဒတွေက ပိုင်ခုန်းကျောက်ရဲ့ နံဘေးမှာ  စတင်သိပ်သည်းလာခဲ့ပါပြီ။

သူ့ရဲ့ဓားစွမ်းအင်တွေဟာ ညအမှောင်ထဲနဲ့ ပေါင်းစပ်သွားသလို ရန်သူရင်ဘက်ကို ထိုးသွင်းဟန် လှုပ်ရှားလိုက်ပါတယ်။

သူ့ရဲ့ပုံစံက တိုက်ရိုက် ထိုးနှက်တဲ့ပုံပါ။

ချူးယွန်ဟာ ထိုဓားကွက်ကို ကြည့်ရှုရင်းနဲ့ ရင်းနှီးလာခဲ့ပါပြီ။

သူ့ရဲ့ဓားသိုင်းကို ကစားပြပြီးနောက် ပိုင်ခုန်းကျောက်က သူ့ဓားကိုပြန်ဖယ်ကာ အသက်ပြင်းပြင်းရှုလိုက်ပါတယ်။

သူ့ရဲ့ လှပတဲ့ မျက်နှာပေါ်မှာတော့ ချွေးစလေးတွေ ခိုတွဲနေလို့။

"ဆရာ… ငါ့ရဲ့ဓားပညာက ဘယ်လိုလဲ"
ပိုင်ခုံးကျောက်က ယဉ်ကျေးစွာ မေးလိုက်ပါတယ်။

အရင်တုန်းကလိုဆိုရင်တော့ ပိုင်ခုန်းကျောက်ဟာ သူ့ဓားပညာကို အလွန်ယုံကြည်မှုရှိနေမှာ အသေချာပါ။

ဒါကတော့ သူ့ဓားပညာဟာ နီဗားနားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက ချီးမြှင့်ပေးခဲ့တာကြောင့်မို့ပါပဲ။

ဒါပေမယ့် အခုမှာတော့ ပိုင်ခုန်းကျောက်ဟာ ယုံကြည်မှု သိပ်မရှိဝံ့တော့ပေ။

ချူးယွန်က အလွန်မျက်လုံးစူးတာကြောင့် သူ့ဓားပညာက အားနည်းချက်တွေကို မြင်နေနိုင်တယ်မဟုတ်လား။

"အင်း"
ချူးယွန် ဘာပြောရမှန်း မသိတော့တာကြောင့် ခေါင်းကိုက်သွားမိပါတယ်။

ဒါက သူတွေးထားတာထက် အများကြီး ပိုဆိုးနေလို့ပါ။

"ဆရာ… ငါ့ဓားပညာက ဘာတွေချို့တဲ့နေတယ်ဆိုတာ ပြောနိုင်မလား"
ပိုင်ခုန်းကျောက်က တောက်ပနေတဲ့ မျက်လုံးနဲ့ မေးလိုက်ပါတယ်။

"ဒီဓားပညာမှာ ချို့ယွင်းချက်က သုံးဆယ့်တစ်ခုရှိတယ်… ဒီအထဲက ခုနစ်ခုက လူကို တိုက်ရိုက်သေစေနိုင်တယ်… နင့်ရဲ့ ဓားပညာကို ငါဖျက်ဆီးမယ်ဆိုရင် နည်းလမ်းပေါင်း ၄၆၇ ခုရှိတယ်"
ချူးယွန်က ခဏစဉ်းစားပြီးနောက် အမှန်အတိုင်း ပြောလိုက်ပါတယ်။

မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ ပိုင်ခုန်းကျောက်ရဲ့ မျက်နှာဟာ ချက်ချင်းပဲ ဝမ်းနည်းမှုတွေ ပြည့်နှက်သွားခဲ့ပါပြီ။

အဝေးမှာ လေ့ကျင့်နေကြသူတွေလည်း သွေးအန်လုနီးပါး ဖြစ်ကုန်ကြပါတယ်။

ပိုင်ခုန်းကျောက်က အလွန်သန်မာသူပါ။ ဒါပေမယ့် သူ့ဆီမှာတောင် အားနည်းချက်တွေ အများကြီးရှိနေမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ။

ပိုင်ခုန်းကျောက်တောင် ဒီလိုဆိုရင် သူတို့ဆိုရင်ရော ဘယ်လိုနေကြမလဲ။

"မပူပါနဲ့…၊ ဒါနဲ့ ပြင်ဆင်သွားလို့ရတယ်လေ"
ပိုင်ခုန်းကျောက် မျက်နှာညိုးသွားတာကိုမြင်ပြီးနောက် ချူးယွန်က ပြုံးကာ နှစ်သိမ့်လိုက်ပါတယ်။

"ဆရာ လမ်းညွှန်ပေးပါ"
ဒါကိုကြားပြီးနောက် ပိုင်ခုန်းကျောက်ရဲ့ မျက်လုံးတွေက တစ်ဖန်တောက်ပလာခဲ့ပါပြီ။

ဒီချို့ယွင်းချက်တွေကိုသာ ပြင်ဆင်နိုင်ရင် သူဘယ်လောက်ထိ တိုးတက်လာနိုင်မလဲ။

"သေချာကြည့်"
ချူးယွန်က ကောင်းကင်ဓားကို ‌ပြန်ဖျောက်လိုက်ပါတယ်။ သူက ကီစွမ်းအင်ကိုသုံးကာ ဓားတစ်လက်ကို ဖန်တီးလိုက်ပါပြီ။ ဒါက ညနက်ဓားနဲ့ အလွန်ဆင်တူနေလို့ပါ။

"ဒီဓားနဲ့ပဲ ငါကစားပြမယ်"
ပြောပြီးတာနဲ့ ချူးယွန်မျက်လုံးက စူးရှလာကာ လူသတ်ငွေ့တွေ ထွက်ပေါ်လာခဲ့ပါပြီ။

ဓားအလင်းက လေထုကို ထိုးဖောက်သွားခဲ့ပါတယ်။ ဓားအရှိန်အဝါတွေကလည်း လူအားလုံးကို တိုက်ခိုက်လိုက်ပါပြီ။ ပတ်ဝန်းကျင်တစ်ခွင်ကတော့ တိတ်ဆိတ်နေပြီး သတ်ဖြတ်ချင်စိတ်တွေသာ ကျန်ရှိပါတော့တယ်။

ပိုင်ခုန်းကျောက်ဟာ ချူးယွန်ရဲ့လှုပ်ရှားမှုတွေကို ရင်းနှီးသလို ခံစားနေရလို့ပါ။ ရုတ်တရက် သူအံ့ဩသွားခဲ့ပါပြီ။ ဒါက သူကစားပြခဲ့တဲ့ ဓားပညာမဟုတ်ဘူးလား။

သူက တစ်ကြိမ်ပဲ ကစားပြပေမယ့် ချူးယွန်ကတော့ မှတ်မိနေပြီး ပိုကောင်းအောင်တောင် ပြင်ဆင်လာခဲ့ပါပြီ။

သူက ဘယ်လောက်တောင် ဉာဏ်ကောင်းနေတာလဲ။

သူက အစပိုင်းမှာ ရင်းနှီးသလို ခံစားရပေမယ့် မမှတ်မိတာ အံ့ဩစရာတော့ မဟုတ်တော့ပါဘူး။

ချို့ယွင်းချက်ကို ပြင်လိုက်တာနဲ့ ဓားပညာကလည်း ပြောင်းလဲသွားရပါလိမ့်မယ်။

အခု ချူးယွန်ဟာ ပြန်ပြုပြင်ထားတာကို ကစားနေတာကြောင့် မူလပုံရိပ်ကိုတော့ မြင်နေရဆဲပါ။

ဓားပညာကို နှစ်ပေါင်းများစွာ လေ့လာခဲ့သူအနေနဲ့ သူ့ရဲ့နားလည်နိုင်စွမ်းက မနိမ့်ပါဘူး။

ဒါကြောင့် ချူးယွန်က အချိန်အတွင်းမှာ ပြုပြင်ခဲ့တဲ့ ထိုဓားသိုင်းက ဘယ်လောက်ထိ ကြောက်စရာကောင်းတယ်ဆိုတာ သိပါတယ်။

ပိုင်ခုန်းကျောက်ဟာ ချူးယွန်ရဲ့ လှုပ်ရှားမှုတွေထဲမှာ နစ်မျောသွားခဲ့ပါပြီ။

ချူးယွန်ရဲ့ လှုပ်ရှားမှု‌တစ်ခုစီက သူ့ကို ဉာဏ်အလင်းပွင့်ဖို့ ကူညီပေးနေသလို ခံစားနေရပါတော့တယ်။

........

စစ်နိုင်ငံတော်၊ ရွှေတူမြို့။

"မအောင်မြင်ပြန်ဘူး"
ကျောက်တိုင်ချွေက သူ့လက်ထဲက တူကြီးကို ပြန်ချလိုက်ပါတယ်။ သူ့မျက်နှာပေါ်မှာတော့ ပင်ပန်းနွမ်းနယ်မှုတွေ ပြည့်လို့။

သူက မူလမိုးကြိုးတူနေရာမှာ ပုံတူပွားမိုးကြိုးတူကို အစားထိုးအသုံးပြုဖို့ ကြိုးစားနေတာ ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် ကံမကောင်းချင်တော့ သူဘယ်လောက်ပဲ ကြိုးစားနေပါစေ အသုံးမဝင်သေးပါဘူး။

အရင်တုန်းကဆိုရင် လူပုတွေဟာ ဒဏ္ဍာရီအဆင့် လက်နက်တွေကိုတောင် ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ စစ်လက်နက်တွေသာ ထုတ်လုပ်နိုင်ပါတော့တယ်။

ထူးကဲလက်နက်တွေဆိုရင်တောင် အိပ်မက်တစ်ခုလို ဖြစ်နေခဲ့ပါပြီ။

"သား"
အခန်းထဲကို လူတစ်ယောက်က မှုန့်မှိုင်းနေတဲ့မျက်နှာနဲ့ ဝင်လာခဲ့ပါတယ်။ သူက ဝတ်ရုံရှည်ကြီးကို ဝတ်ထားတာကြောင့် ထူးကဲတဲ့အရှိန်အဝါတွေတော့ ထွက်ပေါ်နေဆဲပါ။

"အဖေ"
ကျောက်တိုင်ချွေက ခါးသက်သက်နဲ့ လှည့်ကြည့်လိုက်ပြီး
"ငါကျရှုံးပြန်ပြီ"

"တိုင်ချွေ… မင်းက ငါတို့နိုင်ငံရဲ့ မျိုးဆက်သစ်လူငယ်တွေကြားမှာ အရည်အချင်းအရှိဆုံး ပန်းပဲဆရာပါ… ငါတို့သာ မိုးကြိုးတူကို မဆုံးရှုံးခဲ့ရရင် မင်းနဲ့ အလိုက်ဖက်ဆုံးဖြစ်လာမှာ အသေချာပဲ"
လူကြီးက ကျောက်တိုင်ချွေကို ပုခုံးပုတ်ပြီး ပြောလိုက်ပါတယ်။
"ဒီအတွက် ငါမင်းကို အပြစ်မတင်ပါဘူး"

"အဖေ… အခု ချူးယွန်က တော်ဝင်နန်းတော်ကို ရောက်နေပါပြီ… သူအခွင့်အရေးရမလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ"
ကျောက်တိုင်ချွေက အနည်းငယ် ခေါင်းမော့ပြီး ပြောလိုက်ပါတယ်။

"တိုင်ချွေ… မင်းက ငယ်သေးတယ်၊ မင်းက အပြင်လောကကြီးအကြောင်းကို သိပ်မသိပါဘူး"
လူပုကြီးက သက်ပြင်းချပြီး ပြောလိုက်တယ်။
"သူသာ မိုးကြိုးတူခန္ဓာကိုရခဲ့ရင် ငါတို့ဆီကို ဘာလို့လာပေးတော့မှာလဲ… ဧကရာဇ်ကိုသာ ဒီအကြောင်းတွေပြောလိုက်တာကမှ သူ့အတွက် အများကြီးပိုတောင်ကောင်းဦးမှာ...။ လူတွေရဲ့လောဘက အတိုင်းဆမဲ့ပါပဲ…။ သူတို့က မိုးကြိုးတူခန္ဓာကို အကြောင်းပြုပြီး ငါတို့ကို အကြပ်ကိုင်လာနိုင်တယ်"

"မင်းသူ့ကို ဒီလောက်လွယ်လွယ် မပြောလိုက်သင့်ဘူး"

ထိုလူပုကတော့ ကျောက်တိုင်ချွေရဲ့ဖခင်၊ စစ်နိုင်ငံရဲ့ ဘုရင်ဖြစ်တဲ့ ကျောက်တူကျိပါပဲ။

"အဖေ… ချူးယွန်က အခြားသူတွေနဲ့မတူဘူးဆိုတာ ငါယုံတယ်"
ကျောက်တိုင်ချွေက ပြောလိုက်ကါတယ်။

"ဟင်း"
ကျောက်တိုင်ချွေက ခေါင်းမာနေတာကိုမြင်ပြီးနောက် ကျောက်တူကျိ သက်ပြင်းချလိုက်ပါပြီ။

ချူးယွန်သာ ဒီအကြောင်းတွေ ဖန့်ဝူကျင်းကို ပြောပြလိုက်ရင် သူတို့ပေးနိုင်တာထက်ပိုတဲ့ အဆင့်အတန်းကို ရမှာပါ။

နောက်ပြီး ချူးယွန်မှာလည်း ဒီလိုမလုပ်စရာ အကြောင်းမှမရှိတာ။

နောက်ပြီး ချူးယွန်က ဖန့်ဝူကျင်းဘက်ကပဲ မဟုတ်လား။ သူက လူပုတွေကို ဘာကြောင့် တိတ်တဆိတ်ဆက်သွယ်နေရမှာလဲ။

ဒီသတင်းသာ ပေါက်ကြားသွားရင် ဖန့်ဝူကျင်းက သူတို့ကို ဘာတွေများလုပ်လာမလဲ။

စစ်နိုင်ငံက မပေးနိုင်တာကိုတောင် မြင့်မြတ်တိုင်းပြည်တစ်ခုက ပေးနိုင်ပါတယ်။

ဒါကြောင့် ကျောက်တူကျိဟာ ချူးယွန်က လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးထားမယ်လို့တော့ သိပ်မထင်ပါဘူး။

"တိုင်ချွေ… ငါတို့လူပုတွေ သိပ်မဝေးတော့ဘူးလို့ ခံစားနေရပြီ"
ကျောက်တူကျိက အသံနက်ကြီးနဲ့ ပြောလိုက်ပါတယ်။
"ငါတို့ အားလုံးကို မျက်နှာချင်းဆိုင်ရဖို့ မလိုတော့ဘူး"

"သခင်လေး၊ ဒီမှာ မင်းအတွက် စာလာပါတယ်"
ဒီအချိန်မှာပဲ အပြင်ကနေ လူပုတစ်ယောက် ဝင်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့အမူအရာက ယဉ်ကျေးမှုတော့ သိပ်မရှိပါဘူး။

ဒါပေမယ့် ဒါကလည်း သူတို့လူပုတွေက လွတ်လွတ်လပ်လပ်နေတတ်ကြလို့ပါ။

လူရိုင်းလေးက ကျောက်တူကျိကိုမြင်ပြီးနောက် ချက်ချင်းဦးညွှတ်ကာ ပြောလိုက်ပါတယ်။
"မင်းကြီး"

"ငါ့ကိုစာပေးစမ်း"
ကျောက်တိုင်ချွေက ပြောလိုက်ပါတယ်။

စာလာပို့တဲ့ လူပုလေးကတော့ ချက်ချင်း ထွက်ခွာသွားခဲ့ပါပြီ။

နဂါးဂိတ်ညီလာခံပြီးတာကြာပြီဖြစ်ပေမယ့် ချူးယွန်က သူ့ကို တစ်ခါမှ လာမတွေ့သေးပါဘူး။ ဒါကြောင့် ကျောက်တိုင်ချွေဟာ ဒီစာကို သိပ်တော့ စိတ်ထဲမထားတော့ပေ။

သူ့အမြင်အရ ဒါက အခြားအဖွဲ့စည်းတွေက ပေးလာတာပဲ ဖြစ်မှာပါ။

"သံတူလေး… ငါတို့စောင့်နေလို့မရတော့ဘူး... မိုးကြိုးတူကိုမှမရရင်တော့ ဒါက အဆုံးသတ်ရလဒ်ပဲ"
ကျောက်တူကျိက နာကျင်မှုတွေ ပြည့်နှက်နေတဲ့ မျက်လုံးနဲ့ လက်သီးဆုပ်လိုက်ပါတယ်။
"အဆင်မပြေရင်တော့ တူပြန်ရဖို့အတွက် ငါတို့ ဖန့်ဝူကျင်းနဲ့ပဲ စကားပြောရတော့မှာပဲ… သူက ငါတို့ကိုလူပုတွေကို ကျောက်ခဲအဆီတော့ မညှစ်လောက်ပါဘူး"

ကျောက်တိုင်ချွေကတော့ ပြန်မဖြေအားပါဘူး။ သူက စာကိုဖတ်ရင်း သူ့ခန္ဓာကိုယ်က တုန်ခါလာခဲ့ပါပြီ။

"အ… အဖေ"
သူက စိတ်လှုပ်ရှားမှုကြောင့် ထစ်ငေါ့စွာ ခေါ်လိုက်ပါတယ်။

"ဘာဖြစ်လို့လဲ"
ကျောက်တူကျိက  မျက်လုံးတွေက ကျဉ်းမြောင်းသွားကာ လှည့်ကြည့်လိုက်ပါတယ်။

"အိုး"
ဒီခဏမှာ ကျောက်တိုင်ချွေဟာ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပါဘူး။

သူက ရုတ်တရက် ကျောက်တိုင်ချွေရဲ့ လက်နှစ်ဖက်ကိုဆွဲကာ စိတ်လှုပ်ရှားစွာ ပြောလိုက်ပါပြီ။
"ချူးယွန်… သူ… သူတူရလာခဲ့ပြီ"

အပိုင္း ( 1046 ) ဒီလက္သီးက

သူတို႔ရဲ႕ စြပ္စြဲေျပာဆိုတာေတြက ေက်ာင္းေတာ္သားမ်ားစြာကို အာ႐ုံစိုက္လာေစပါတယ္။

မူလကေတာ့ သူတို႔အားလုံး ဘာျဖစ္ေနမွန္း မသိေသးပါဘူး။ ဒါေပမယ့္ အေျခအေနမွန္ကို သိလိုက္ရခ်ိန္မွာေတာ့ အားလုံးပဲ အံ့ဩသြားခဲ့ၾကပါၿပီ။

"ခ်မ္ရန္က ဒီေလာက္ေတာင္ ေကာက္က်စ္တာလား"

"မင္းသားဆယ့္႐ွစ္က အေတာ္ တုံးအ၊႐ိုးသားလြန္းတာပဲ… ဒီလိုေကာင္မ်ိဳးက အစကတည္းက မကယ္သင့္တာကို"

"အမွန္ပဲ… သူ႕ကို လႊတ္ထားလိုက္ရမွာ"

"သူ႕ကို ကယ္ရင္ေတာင္ ေကြၽးတဲ့လက္ကို ျပန္ကိုက္မွာပဲကို"

မူလက အျခားသူေတြဟာ ဘယ္ဘက္ကိုမွမပါဘဲ နားေထာင္ေနၾကတာပါ။ ဒါေပမယ့္ ထိုစကားေတြကို ၾကားၿပီးေနာက္မွာေတာ့ သူတို႔ရဲ႕ စိတ္ႏွလုံးေတြက အျခားတစ္ဖက္ကို တိမ္းေစာင္းလာခဲ့ၾကပါေတာ့တယ္။

အျဖစ္ပ်က္ေတြကို ၾကားၿပီးေနာက္မွာေတာ့ ခ်ဴးယြန္ရဲ႕မ်က္ႏွာက တျဖည္းျဖည္း မည္းေမွာင္လာခဲ့ပါၿပီ။

ဖန္႔က်စ္က ခ်မ္ရန္ကို ကယ္တင္ေပးခဲ့သူပါ။ ဒါေပမယ့္ ခ်မ္ရန္က ေက်းဇူးမတင္တဲ့အျပင္ သားရဲကိုေတာင္ အလစ္ေခ်ာင္းကာ သတ္ျဖတ္ခဲ့ပါေသးတယ္။ ဒါက ဘယ္လိုသေဘာတရားမ်ိဳးလဲ။

မင္းကို ကယ္တင္ေပးခဲ့သူကို ေနာက္ေက်ာကေန ဓားနဲ႔ထိုးေနရင္ လူလို႔ေရာ ေခၚႏိုင္ပါဦးမလား။

"ျပန္လည္ဝင္စားျခင္းနယ္ပယ္ သားရဲ၊ အမွတ္တစ္ေထာင္"
ခ်ဴးယြန္က သူ႕လက္ကိုေဝ့ယမ္းကာ အလင္းမ်က္ႏွာျပင္ကို ျပန္ေဖ်ာက္လိုက္ပါၿပီ။ သူက ဂ႐ုမစိုက္ဟန္နဲ႔ ေျပာလိုက္ပါတယ္။
"ဖန္႔က်စ္က ခ်မ္ရန္ကို အႏိုင္ရေနခဲ့ၿပီး ေနာက္ဆုံးအခ်ိန္မွ ႐ႈံးခဲ့ရတာ"

ဒါကိုၾကားၿပီးေနာက္ ပိုင္ထန္ေက်ာင္းေတာ္သားအားလုံး တိတ္ဆိတ္သြားခဲ့ၾကပါတယ္။

သူတို႔အားလုံး အသက္ျပင္းျပင္း႐ႈကာ မ်က္လုံးထဲမွာ ေဒါသေတြျဖစ္ေပၚလာခဲ့ပါၿပီ။

သူတို႔က တစ္ဖက္လူထက္ အမွတ္ကိုးရာေက်ာ္ေတာင္ သာေနၿပီးမွ ႐ႈံးခဲ့ရတာပါ။

တကယ္တမ္း ဒါက ျပန္လည္ဝင္စားျခင္းနယ္ပယ္ သားရဲေၾကာင့္ေပါ့။

သူ႕ရဲ႕ ေနာက္ဆုံး တိုက္ခိုက္မႈေၾကာင့္ေပါ့။

"ေတာက္"
ဖုန္းရန္က်ိန္း လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္ပါၿပီ။ သူက ခ်မ္ရမ္ကို ခ်က္ခ်င္း သတ္ျဖတ္ခ်င္စိတ္ေတာင္ ျဖစ္ေပၚေနပါေတာ့တယ္။

"ငါ့ရဲ႕ ပထမနာမည္ကို ဘယ္သူက ေမးခြန္းထုတ္ေနတာလဲ"
ခ်မ္ရန္က အမဲလိုက္ကြင္းထဲက ထြက္လာၿပီးေနာက္ ေအးစက္စက္နဲ႔ ျပဳံးကာ ေျပာလိုက္ပါတယ္။
"ငါက ျပန္လည္ဝင္စားျခင္းနယ္ပယ္ သားရဲကို သတ္ႏိုင္ခဲ့လို႔ ပထမျဖစ္လာခဲ့တာကြ… မင္းတို႔က ဘာကို လက္မခံႏိုင္ ျဖစ္ေနတာလဲ"

"ငါ လက္မခံဘူးကြ"
ေဟာ္ယြမ္က ေဒါသတႀကီးနဲ႔ အေ႐ွ႕ကို ထြက္လိုက္ပါတယ္။

"ဟမ့္… မင္းက လက္မခံရေအာင္ ဘာမို႔လဲ"
ခ်မ္ရန္က ခံစားခ်က္ေတြ ေကာင္းမြန္ေနလို႔ပါ။

ပထမေနရာကို ေနာက္ဆုံးမွ အမွတ္သာနဲ႔ ကပ္အႏိုင္ရခဲ့တဲ့အတြက္လည္း အလြန္ေကာင္းမြန္တဲ့ ခံစားခ်က္ကို ရလိုက္ပါၿပီ။

သူ႕အတြက္ ဇီး႐ိုးမိေက်ာင္းကို သတ္ျဖတ္ခဲ့တာက အလြန္မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ ခ်ႏိုင္ခဲ့သလိုလည္း ခံစားခဲ့ရပါတယ္။ တကယ္လို႔ ဖန္႔က်စ္သာ သားရဲကို သတ္ျဖတ္ခဲ့ၿပီး အမွတ္တစ္ေထာင္ေက်ာ္သာ ထက္သာသြားရင္ သူမ်က္ႏွာထားစရာေတာင္ မ႐ွိႏိုင္ေတာ့ပါဘူး။

ဒါေပမယ့္ အခုေတာ့ အမွတ္ေတြက လုံေလာက္တာထက္ေတာင္ ပိုေနခဲ့ပါၿပီ။ ဒီအရာက ဖန္႔က်စ္ရဲ႕ စိတ္ဓာတ္ကိုပါ ထိုးႏွက္ၿပီးသား ျဖစ္သြားခဲ့မွာပါ။

ဒီလိုနည္းနဲ႔ ၿပိဳင္ဘက္တစ္ေယာက္ ေလွ်ာ့သြားေစပါလိမ့္မယ္။

"မင္း"
ေဟာ္ယြမ္လည္း ေဒါသတႀကီးနဲ႔ ဖန္႔က်စ္ဆီကို ေျပးဝင္သြားခဲ့ပါၿပီ။

"ေနစမ္း"
ဖုန္းရန္က်ိန္းက ေဟာ္ယြမ္လက္ကို ဖမ္းဆြဲထားလိုက္ပါတယ္။

"အကိုဖုန္း ငါ့ကို မတားနဲ႔… ငါဒီေကာင့္မ်က္ခြက္ကို ႐ိုက္ခ်င္ေနၿပီ"
ေဟာ္ယြမ္ ေဒါသတႀကီးနဲ႔ ေအာ္ဟစ္လိုက္ပါတယ္။ ဒါေပမယ့္ ဖုန္းရန္က်ိန္းက သူ႕ကို လႊတ္မေပးပါဘူး။

"ဆရာ ငါတို႔ကို ကူညီေပးလိမ့္မယ္"
ဖုန္းရန္က်ိန္းက အသံတိုးတိုးနဲ႔ ေျပာလိုက္ပါတယ္။
"အလ်င္စလို ျပႆနာမ႐ွာနဲ႔ဦး"

ဖုန္းရန္က်ိန္းရဲ႕ စကားကိုၾကားၿပီးေနာက္ ေဟာ္ယြမ္လည္း အသက္ျပင္းျပင္း႐ႈကာ အေနာက္ျပန္ဆုတ္လိုက္ပါေတာ့တယ္။

"အမဲလိုက္ပြဲၿပီးၿပီ… ရလဒ္ေတြလည္း ထြက္ေပၚလာပါၿပီ"
စြန္းေဝက သူတို႔ကို ၿခိမ္းေျခာက္ဟန္နဲ႔ၾကည့္ကာ ေအးစက္စက္နဲ႔ ေျပာလိုက္ပါတယ္။ သူက ဒီအေျခအေနကို သူ႕အဆင့္အတန္းနဲ႔ ဖိႏွိပ္ထားလိုက္ခ်င္တာပါ။

"မဟာဆရာစြန္း… မင္းရဲ႕စကားကို မင္းကိုယ္တိုင္ေရာ ယုံၾကည္မႈ႐ွိလို႔လား"
ခ်ဴးယြန္က ေအးစက္စက္နဲ႔ ေဒါသကိုထိန္းကာ ေမးလိုက္ပါတယ္။

"ခ်ဴးယြန္… မင္းစကားကို ဆင္ျခင္စမ္း"
စြန္းေဝက ေအးစက္စက္နဲ႔ၾကည့္ကာ ၾကမ္းၾကဳတ္ဟန္နဲ႔ ေျပာလိုက္ပါတယ္။
"ငါက မဟာဆရာနဲ႔"

"ဒါဆိုဘာလဲ"
ခ်ဴးယြန္က ခ်မ္ရန္ကို လက္ညိဳးၫႊန္ကာ ေလွာင္ေျပာင္ ေျပာဆိုလိုက္ပါၿပီ။
"ေယာက္ခ်ီအဖြဲ႕ရဲ႕ ဆရာတစ္ေယာက္အေနနဲ႔ ငါ့ရဲ႕အဖြဲ႕ထဲမွာ ဒီလိုစုန္းျပဴးတစ္ေကာင္ကို လက္မခံဘူး"

သူ႕ရဲ႕စကားသံေတြက ပီျပင္ကာ ျပတ္သားပါတယ္။

ဒီအခါ လူအမ်ားက စိတ္ထဲကေန ေထာက္ခံလိုက္ၾကပါၿပီ။
'ေျပာသြားတာ ေကာင္းတယ္'

"မင္းဘယ္လိုေတာင္ လုပ္ဝံ့တာလဲ"
စြန္းေဝက ဘာမွေတာင္မေျပာခင္မွာပဲ ခ်မ္ရန္က ေဒါသတႀကီး ေအာ္ဟစ္လိုက္ပါၿပီ။
"ခ်ဴးယြန္… မင္းက ပထမအဆင့္ဓားကိုင္ကိုယ္ရံေတာ္ ျဖစ္႐ုံနဲ႔ ငါ့ကို ဒီလိုလုပ္ဝံ့တယ္ေပါ့… မင္းကိုသတ္ခ်င္ရင္ ငါ့အတြက္ အလြယ္ေလးပဲေနာ္… မင္းကိုယ္မင္း အေကာင္ႀကီးလို႔ ထင္မေနနဲ႔၊ ငါ့မ်က္လုံးထဲမွာေတာ့ မင္းက နည္းနည္းအေကာင္ပိုႀကီးတဲ့ ပု႐ြက္ဆိတ္တစ္ေကာင္ထက္ မပိုဘူး… မင္းနားလည္လား"

ခ်ဴးယြန္က ေဒါသတႀကီးနဲ႔ ရယ္ေမာလိုက္ၿပီး
"မင္းက ငါ့ကိုအဲေလာက္အထင္ေသးေနရင္ ငါ့တပည့္လုပ္ဖို႔ ဘာလို႔ အသည္းအသန္ႀကိဳးစားေနရတာလဲ"

"မင္း…"
ခ်မ္ရန္ တိတ္ဆိတ္သြားခဲ့ပါၿပီ။ ေယာက္ခ်ီအဖြဲ႕ကို သူဝင္ပါႏိုင္ဖို႔ ႀကိဳးစားရတာဟာ ခ်ဴးယြန္ရဲ႕တပည့္ျဖစ္ခ်င္တာေၾကာင့္ ဆိုတာကိုေတာ့ သူဝန္ခံရပါလိမ့္မယ္။

သူက ခ်ဴးယြန္ကို အထင္ေသးေပမယ့္လည္း တစ္ဖက္လူမွာ လွည့္ကြက္ေတြ အမ်ားႀကီး႐ွိေနတာကိုေတာ့ ျငင္းမရပါဘူး။

တစ္ဖက္လူရဲ႕ အသိပညာေတြက တကယ္ကို ျမင့္မားပါတယ္။ တစ္ဖက္လူရဲ႕ သာမန္လမ္းၫႊန္မႈကေတာင္ လူတစ္ေယာက္ကို ေကာင္းေကာင္းတိုးတက္ေစႏိုင္ခဲ့ပါၿပီ။

ဒါေၾကာင့္ပဲ ေယာက္ခ်ီအဖြဲ႕ကို သူပါဝင္ခ်င္ေနခဲ့တာပါ။ ေနာက္ဆုံးမွာေတာ့ ဘယ္ေနရာျဖစ္ျဖစ္ ကိုယ့္ခြန္အားကို ျမႇင့္တင္ႏိုင္ဖို႔က အေရးႀကီးဆုံးပဲ မဟုတ္လား။

"ခ်ဴးယြန္… မင္းက အမိန္႔ကို လြန္ဆန္ခ်င္တာလား"
စြန္းေဝရဲ႕မ်က္ႏွာက သုန္မႈန္သြားခဲ့ပါတယ္။ သူ႕ဆီကေန ‌နီဗားနားနယ္ပယ္ရဲ႕ အ႐ွ္ိန္အဝါေတြကလည္း ေပါက္ကြဲကာ ထြက္ေပၚလာခဲ့ပါၿပီ။

"မဟာဆရာ… မင္းက ခြန္အားသုံးၿပီး ငါ့ကို ဖိႏွ္ပ္ခ်င္ေနတာလား"
ခ်ဴးယြန္က မ်က္ခုံးပင့္ကာ ရယ္ေမာလိုက္ၿပီး
"စိတ္မေကာင္းစရာက ငါဂ႐ုမစိုက္ဘူး"

ခ်ဴးယြန္က‌ ေလ့က်င့္ေရးကြင္းထဲက ေက်ာင္းေတာ္သားေတြကို တစ္ခ်က္ေဝ့ၾကည့္ကာ အသံက်ယ္က်ယ္နဲ႔ ေျပာလိုက္ပါတယ္။
"အခု အားလုံးလူစုံေနၿပီမို႔ ေအာင္ႏိုင္သူစာရင္းေတြကို ငါေၾကညာေပးမယ္"

"တိတ္စမ္း"
စြန္းေဝ ေဒါသတႀကီးနဲ႔ ေအာ္ဟစ္လိုက္ပါၿပီ။

"ဖန္႔က်စ္… ပထမ"
ခ်ဴးယြန္က တည္ၿငိမ္စြာ ေျပာလိုက္ပါတယ္။

"ပါးစပ္ပိတ္ထား"
စြန္းေဝဆီကေန ေၾကာက္မက္ဖြယ္လိႈင္းေတြ ျဖာထြက္လာခဲ့ပါ‌ၿပီ။

ခ်ဴးယြန္က တကယ္ႀကီး ခ်မ္ရန္ကို ဖယ္ထုတ္ဝံ့ေနလို႔ပါ။

ဆရာႀကီးခ်မ္ျဖစ္ျဖစ္ ၊ စြန္းက်ိန္းပဲျဖစ္ျဖစ္ ခ်ဴးယြန္ကိုသတ္ခ်င္ရင္ ဘာမွခက္မွာ မဟုတ္ပါဘူး။

ဒီေကာင္ေလးက သူ႕ကိုယ္သူ ဘယ္သူမွဘာမွ မလုပ္ႏိုင္ေတာ့ဘူးလို႔ ထင္ေနတာလား။

"ပိုင္ခုန္းေက်ာက္၊ ဒုတိယ"
ခ်ဴးယြန္က စြန္းေဝကို ဂ႐ုမစိုက္ဘဲ ဆက္လက္ ေၾကညာလိုက္ပါတယ္။

"ပါးစပ္ပိတ္လို႔ ေျပာေနတယ္ေနာ္"
စြန္းေဝရဲ႕မ်က္ႏွာက နီျမန္းကာ ေသြးေၾကာေတြေတာင္ ေထာင္ထလာခဲ့ပါၿပီ။

"စြန္းရဲ႕ခ်ီ၊ တတိယ"
ခ်ဴးယြန္က လက္ႏွစ္ဖက္ကို ေနာက္ပစ္ၿပီး ဆက္ေျပာလိုက္တယ္။

"မင္းနားကန္းေနလား… မင္းကို ပါးစပ္ပိတ္လို႔ ေျပာေနတယ္"
စြန္းေဝ မ်က္လုံးေတြ နီရဲလာပါတယ္။ သူဆီကေန သတ္ျဖတ္ခ်င္စိတ္ခ်င္စိတ္ေတြ ထြက္ေပၚလာခဲ့ပါၿပီ။

"ဖုန္းရန္က်ိန္း၊ စတုတၱ"

"ဖန္ခ်င္း… ပၪၥမ"

"ေဟာ္ယြမ္၊ ဆ႒မ"

ခ်ဴးယြန္က နာမည္ေတြကို ဆက္တိုက္႐ြတ္သြားပါတယ္။

ၿပီးတာနဲ႔ သူက စြန္းေဝကို 'မင္းဘာလုပ္ႏိုင္လဲ'ဆိုတဲ့ အၾကည့္နဲ႔ လွည့္ၾကည့္လိုက္ပါၿပီ။

စြန္းေဝ အသားေတြ တဆတ္ဆတ္တုန္လာခဲ့ပါတယ္။ သူသာ အျခားေတြးစရာေတြ ႐ွိမေနရင္ လႈပ္႐ွားၿပီးေလာက္ပါၿပီ။

ခ်မ္ရန္ရဲ႕ တစ္ကိုယ္လုံး တုန္ခါလာခဲ့ပါတယ္။ သူအစြမ္းကုန္ ႀကိဳးစားထားရတာကို ခ်ဴးယြန္က စကားတစ္ခြန္းနဲ႔ ဖယ္႐ွားပစ္လိုက္မယ္လို႔ ထင္မထားခဲ့ပါဘူး။

"မဟုတ္ဘူး"
ခ်မ္ရန္က ေဒါသတႀကီးနဲ႔ ေအာ္ဟစ္လိုက္ပါတယ္။
"ခ်ဴးယြန္… မင္းငါ့ကို ဒီလိုလုပ္လို႔ မရဘူးကြ… မင္းက ငါနဲ႔ကစားဝံ့တယ္လား"

သူက ႐ူးသြပ္သြားသလို ေသြးဝံပုေလြခ်ပ္ဝတ္ကို ဝတ္ဆင္ကာ ခ်ဴးယြန္ဆီကို ေျပးဝင္သြားခဲ့ပါၿပီ။

သိုင္းၿပိဳင္ပြဲမွာ ဖန္႔က်စ္ကို ႐ႈံးခဲ့ခ်ိန္ကတည္းက သူ႕စိတ္ထဲမွာ အတြင္းႏွလုံးသားမိစၧာစတင္ ျဖစ္ေပၚလာခဲ့တာပါ။ အမဲလိုက္ကြင္းထဲမွာ ဖန္႔က်စ္နဲ႔ ယွဥ္ၿပိဳင္ခ်ိန္မွာလည္း တူညီတဲ့ နည္းလမ္းေၾကာင့္ ႐ႈံးနိမ့္ခဲ့ျပန္ပါတယ္။

ေနာက္ၿပီး သူ႕အတြက္ ပထမရဖို႔က မလြယ္ကူခဲ့ပါဘူး။

ဒါေပမယ့္ ခ်ဴးယြန္က အလြယ္တကူ ဖ်က္ဆီးပစ္လိုက္ပါၿပီ။

အခု သူ႕စိတ္ထဲမွာ တစ္ခုပဲ ႐ွိပါေတာ့တယ္။

ခ်ဴးယြန္ကို သတ္ရမယ္။

ခ်ဴးယြန္ေသရမယ္။

ဒါေတြအားလုံးက သူ႕ေၾကာင့္။

သူ႕ေၾကာင့္သာ မဟုတ္ရင္ ငါ့ကိုဖန္႔က်စ္က ဘယ္လိုလုပ္ ယွဥ္ႏိုင္မွာလဲ။

စြန္းေဝက ခ်မ္ရန္ကို အျမန္လွမ္းၾကည့္လိုက္ပါတယ္။ ခ်မ္ရန္ရဲ႕ မ်က္လုံးေတြက နီရဲေနလို႔။ သူ႕ခႏၶာကိုယ္ကိုလည္း အနက္ေရာင္အခိုးေငြ႕ေတြက စတင္ရစ္ပတ္လာခဲ့ပါၿပီ။

ဒါက သူ႕ရဲ႕ ႏွလုံးသားနတ္ဆိုး စတင္ထြက္ေပၚလာခဲ့တာပါ။ ဒီအေျခအေနမွာ သူ႕ေဒါသကို အျမန္ထုတ္ေဖာ္ခြင့္ေပးရပါလိမ့္မယ္။ မဟုတ္ရင္ ႏွလုံးသားနတ္ဆိုးက အေျခခိုင္သြားၿပီး သူ႕ရဲ႕ အားထုတ္မႈအားလုံး အလဟႆျဖစ္သြားခဲ့ရေတာ့မွာပါ။

ဒီလိုထိုးႏွက္မႈမ်ိဳးကို ဘယ္သူမွ မခံႏိုင္ပါဘူး။

"ခ်ဴးယြန္… မင္းၿငိမ္ၿငိမ္ေနၿပီး အ႐ိုက္ခံစမ္း"
စြန္းေဝက လက္ညိဳးတစ္ခ်က္ၫႊန္ကာ ခ်ဴးယြန္ကို လႈပ္မရေအာင္ ဖိအားေပးလိုက္ပါတယ္။

ခ်မ္ရန္ကို ႐ူးမသြားေစခ်င္ရင္ သူ႕ေဒါသကို ေျဖေဖ်ာက္ခြင့္ ေပးရပါလိမ့္မယ္။

ဘာပဲျဖစ္ျဖစ္ ခ်ဴးယြန္က အလြန္သန္မာတဲ့ ခႏၶာကိုယ္သန္႔စင္သူပါ။ ခ်မ္ရန္က သူ႕ကို အစြမ္းကုန္႐ိုက္ႏွက္ရင္ေတာင္ ဒဏ္ရာအျပင္းအထန္ပဲ ရပါလိမ့္မယ္။

တစ္ဖက္မွာေတာ့ ခ်မ္ရန္သာ ႏွလုံးသားနတ္ဆိုးေၾကာင့္ ဆိုး႐ြားတာေတြျဖစ္လာရင္… ဆရာႀကီးခ်မ္က အျပစ္တင္လာပါလိမ့္မယ္။ ဒီအခါ သူေခါင္းမခံႏိုင္ပါဘူး။

ေနာက္ၿပီး ဒီအရာအားလုံးက ခ်ဴးယြန္ေၾကာင့္ပါ။ သူကစတာေၾကာင့္ သူနဲ႔ပဲ အဆုံးသတ္သင့္ပါတယ္။

"စြန္းေဝ"
ခ်ဴးယြန္ ေဒါသတႀကီးနဲ႔ ဟိန္းေဟာက္လိုက္ပါၿပီ။

ခ်မ္ရန္ရဲ႕ ေဒါသကို ေျဖေဖ်ာက္ရေအာင္ သူက အ႐ိုက္ခံရမွာလား။

မင္းက ငါ့ကိုပစ္မွတ္ထားေနတာလား။

"စြန္းေဝ... တိရိစၧာန္ေကာင္"
ဒါကိုျမင္ၿပီးေနာက္ ဖုန္းရန္က်ိန္းနဲ႔ အျခားသူေတြက ခ်မ္ရန္ကို တားဆီးဖို႔ ဟန္ျပင္လိုက္ၾကပါတယ္။

"မင္း‌တို႔ ေသခ်င္တဲ့ေကာင္ ဝင္႐ႈပ္စမ္း"
စြန္းေဝက ေဒါသတႀကီးနဲ႔ သူ႕လက္ကို ေလထဲမွာ ဖမ္းဆုပ္လိုက္ပါတယ္။ ဒီအခါမွာေတာ့ ပိုင္ထန္အေပၚကို ဖိအားေတြ က်ဆင္းလာခဲ့ပါၿပီ။ သူတို႔ေတြ နည္းနည္းမွ မလႈပ္ႏိုင္ေတာ့ပါဘူး။

"စြန္းေဝ၊ မင္းေသခ်င္ေနတာလားကြ"

"မင္းက နီဗားနားနယ္ပယ္ျဖစ္ၿပီး သူေတာ္စင္နယ္ပယ္ ေက်ာင္းသားေတြကို လႈပ္႐ွားဝံ့တယ္… မင္းမ႐ွက္ဘူးလား"

"ဆရာ့‌ေခါင္းေပၚက ဆံပင္တစ္ေခ်ာင္းကို ထိခိုက္ေစတာနဲ႔ ငါမင္းကို သတ္မယ္ကြ"

ေက်ာင္းေတာ္သားေတြက လႈပ္႐ွားမရ‌တာေၾကာင့္ ေဒါသတႀကီးနဲ႔ ဟိန္းေဟာက္လိုက္ၾကပါတယ္။

သူတို႔က လုံေလာက္ေအာင္ မသန္မာၾကတဲ့ သူတို႔ကိုယ္သူ‌တို႔ေတာင္ မုန္းတီးလာခဲ့ၾကပါၿပီ။

"ခ်ဴးယြန္… အသာေနပါေလ"
ခ်ဴးယြန္က တိုက္ပြဲေအာ္သံအကၡရာကို အသက္သြင္းေတာ့မယ့္အခ်ိန္မွာပဲ တာ့လင္ရဲ႕အသံက ႐ုတ္တရက္ ထြက္ေပၚလာခဲ့ပါတယ္။
"ငါနင့္ရဲ႕ အခ်ဳပ္အေႏွာင္ကို ဖယ္႐ွားေပးမယ္... ဒါေပမယ့္ ခဏပဲေနာ္"

ခ်ဴးယြန္ အသက္ျပင္းျပင္း႐ႈလိုက္ပါတယ္။ သူက ခ်မ္ရန္ကို တစ္ခ်က္ျပဳံးကာ လွမ္းၾကည့္လိုက္ပါၿပီ။

ဒီအျပဳံးက အနည္းငယ္ေတာ့ ထူးျခားေနလို႔ပါ။

သူ႕အတြက္ေတာ့ အသက္တစ္႐ိႈက္စာက လုံေလာက္ေနခဲ့ပါၿပီ။

"ခ်ိဳးျဖတ္လိုက္စမ္း"
တာ့လင္က ေအာ္ဟစ္လိုက္ပါတယ္။ ခ်က္ခ်င္းပဲ ခ်ဴးယြန္အနားမွာ အနက္ေရာင္အလင္းမွာ ျဖာထြက္လာခဲ့ပါတယ္။ ဒါက စြန္းေဝရဲ႕ အနားအဆီးကို ေဖာက္ထြက္လာခဲ့ပါၿပီ။

"မေကာင္းေတာ့ဘူး"
စြန္းေဝက ခ်က္ခ်င္းပဲ ခ်ဴးယြန္ကို ထပ္မံဖိႏွိပ္ဖို႔ ႀကိဳးစားလိုက္ပါတယ္။

ဒါေပမယ့္ ခ်ဴးယြန္က ေလွာင္အိမ္ထဲကလြတ္လာတဲ့ သား႐ိုင္းတစ္ေကာင္လို ခ်ဳပ္ထိန္းလို႔ မရေတာ့ပါဘူး။

သူ႕ဆီကေန ေၾကာက္မက္ဖြယ္လိႈင္းေတြ ျဖာထြက္လာကာ ေလထုက တစ္လက္မျခင္း ကြဲအက္သြားခဲ့ပါတယ္။ သူက အိပ္ေပ်ာ္ေနတဲ့ နဂါးႀကီးတစ္ေကာင္ ႐ုတ္တရက္ မ်က္လုံးဖြင့္လာတဲ့အလား… လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္လိုက္ပါၿပီ။

သူ႕ရဲ႕လက္သီးခ်က္ေအာက္မွာ အရာအားလုံး တုန္ခါလာခဲ့ပါေတာ့တယ္။

"ဒီလက္သီးက…"

"ဖန္႔က်စ္အတြက္"

အပိုင္း ( 1047 ) အိမ္ေ႐ွ႕စံေနရာအတြက္ တိုက္ခိုက္ၾကျခင္း

ခ်ဴးယြန္ရဲ႕လက္သီးက ေလထုကို ကေမာက္ကမျဖစ္ေစပါတယ္။

ပတ္ဝန္းက်င္႐ွိ လူအားလုံး ေလေအးႀကီးကို ႐ႈလိုက္မိၾကပါၿပီ။ ဒီလက္သီးခ်က္က အထြတ္အထိပ္ ေသျခင္း႐ွင္ျခင္းနယ္ပယ္ဆိုရင္ေတာင္ သတိနဲ႔ ရင္ဆိုင္ရမွာပါ။

ဒါေပမယ့္ ခ်မ္ရန္က ႐ူးသြပ္ေနၿပီး ဘာကိုမွ ဂ႐ုမစိုက္ေတာ့ပါဘူး။

စြန္းေဝကလည္း သူ႕ကိုတားခ်င္ေပမယ့္ အလြန္ေနာက္က်သြားခဲ့ပါၿပီ။

"ဝုန္း"
အင္အားႀကီးမားတဲ့ လက္သီးခ်က္က ခ်မ္ရန္႔ကိုယ္ေပၚကို ဥကၠာခဲတစ္လုံး ေႂကြက်သလို က်ဆင္းလာခဲ့ပါၿပီ။ ဒီအခါမွာေတာ့ သူ႕ခႏၶာကိုယ္ဟာ ေလထဲမွာတင္ အသားတစ္ေတြအျဖစ္ ေပါက္ကြဲသြားခဲ့ပါေတာ့တယ္။

လက္သီးတစ္ခ်က္နဲ႔ ေသၿပီ။

မင္းက ငါကို႔ ဘာမွမလုပ္ဘဲ သူမ်ား႐ိုက္တာကို ၿငိမ္ခံေနေစခ်င္တာလား။

အိပ္မက္မက္ေနလိုက္။

ခ်ဴးယြန္က ခ်မ္ရန္႔အေလာင္းပုံကို ၾကည့္ၿပီး သူ႕ေဒါသက နည္းနည္းေလ်ာ့သြားသလို ခံစားလိုက္ရပါတယ္။

"ခ်ဴးယြန္… မင္း… မင္း"
စြန္းေဝ ေၾကာင္အစြာနဲ႔ ခ်ဴးယြန္ကို ၾကည့္လိုက္ပါၿပီ။

လက္႐ွိျမင္ကြင္းက သူ႕ရဲ႕ အေတြးအျမင္ေတြကို ေျပာင္းျပန္ျဖစ္သြားေစပါတယ္။

ခ်ဴးယြန္က က်ားအသည္းစားထားလို႔ ရဲတင္းေနတာလား။ သူက ခ်မ္ရန္ကို တကယ္ႀကီး သတ္ဝံ့တယ္။

ခ်မ္ရန္ရဲ႕ အဆင့္အတန္းက အလြန္ျမင့္ပါတယ္။ သူက မင္းသား၊မင္းသမီးေတြနဲ႔ေတာင္ သိပ္မကြာပါဘူး။

ခ်မ္ရန္ကို သတ္တာက ဆရာႀကီးခ်မ္ကို ေစာ္ကားလိုက္တာပါပဲ။ ေနာက္ၿပီး ဆရာႀကီးခ်မ္က ေတာ္ဝင္အၾကံေပးဘက္ကပါ။

ခ်ဴးယြန္က‌ ေတာ္ဝင္အၾကံေပးကိုေတာင္ တိုက္ခိုက္ေတာ့မွာလား။

စြန္းေဝသာမက ေလ့က်င့္ေရးကြင္းထဲက လူအားလုံး ႐ုပ္တုေတြခို ေတာင့္တင္းသြားခဲ့ၾကပါၿပီ။

ခ်ဴးယြန္က ခ်မ္ရန္ကို တကယ္ႀကီးသတ္လိုက္မယ္လို႔ ထင္မထားခဲ့ပါဘူး။

သူက မစဥ္းမစားဘဲ တစ္ခ်က္တည္းနဲ႔ သတ္လိုက္တာပါ။

ဒါက အိပ္မက္တစ္ခုလိုပါပဲ။

"မင္း႐ူးေနၿပီ"
ဝမ့္မူက်ိဳးက အထိတ္တလန္႔နဲ႔ ေျပာလိုက္ပါတယ္။ သူ႕ႏႈတ္ခမ္းေတြေတာင္ ျဖဴေရာ္ေနခဲ့ပါၿပီ။

"ငါမ႐ူးပါဘူး… သတ္ခ်င္လို႔ကိုသတ္တာ"
ခ်ဴးယြန္က ခ်မ္ရန္ကိုသတ္ၿပီးေနာက္ အနည္းငယ္ ခံစားခ်က္ေတြ ေကာင္းမြန္သြားခဲ့ပါတယ္။

"ခ်ဴးယြန္… ခ်မ္ရန္ကို သတ္ဝံ့မွေတာ့ မင္းလည္း ေသလိုက္ေတာ့"
စြန္းေဝက ေဒါသတႀကီးနဲ႔ ခ်ဴးယြန္ဆီကို ေျပးဝင္သြားခဲ့ပါၿပီ။

နီဗားနားနယ္ပယ္ရဲ႕ အ႐ွိန္အဝါေတြကလည္း မိုးထိေအာင္ ျဖာထြက္ေနလို႔။ သူစတင္လႈပ္႐ွားလိုက္တာနဲ႔ ေလထုက တုန္ခါလာခဲ့ပါေတာ့တယ္။

"ထြက္သြား"
ဒီအခ်ိန္မွာပဲ လူရိပ္တစ္ခုက ေအာ္ေငါက္ကာ ခ်ဴးယြန္အေ႐ွ႕မွာ ပိတ္ရပ္လိုက္ပါတယ္။ သူက လက္သီးခ်က္ထုတ္ေဖာ္ကာ စြန္းေဝကို အေနာက္ျပန္ဆုတ္သြားေစခဲ့ပါၿပီ။

စြန္းေဝ မ်က္လုံးေတြ က်ဥ္းေျမာင္းသြားခဲ့ပါတယ္။ ဒါေပမယ့္ ထိုလူကို ျမင္ၿပီးေနာက္မွာေတာ့ သူ႕ႏႈတ္ခမ္းေတြ တုန္ခါသြားခဲ့ပါၿပီ။
"ဦးရီးေတာ္ပါး…"

ဖန္႔ပါးက ဖန္႔ဝူက်င္းရဲ႕ ဦးေလးပါ။

ဖန္႔ပါးက လက္ႏွစ္ဖက္ကို‌ ေနာက္ပစ္ၿပီး ခ်ဴးယြန္အေ႐ွ႕မွာ ရပ္ေနလိုက္ပါတယ္။ သူ႕မ်က္လုံးေတြကေတာ့ စူး႐ွကာ တလက္လက္ေတာက္ပေနလို႔။ သူက ခံ့ညားစြာ ေျပာလိုက္ပါၿပီ။
"စြန္းေဝ… မင္း အတင့္ရဲလွေခ်လား၊ ခ်ဴးယြန္ကိုေတာင္ တိုက္ခိုက္ဝံ့တယ္"

ဧကရာဇ္ရဲ႕ ဦးရီးေတာ္ဆိုတဲ့အတိုင္း ေတာ္ဝင္မိသားစုထဲမွာ ဖန္႔ပါးရဲ႕ အဆင့္အတန္းက အလြန္ျမင့္မားပါတယ္။ သူက ႏွိမ့္ခ်ေနေပမယ့္လည္း ဘယ္သူမွ လ်စ္လ်ဴ႐ႈ မထားဝံ့ပါဘူး။

သူ႕လိုလူက ခ်ဴးယြန္ကို လာကာကြယ္ေနမယ္လို႔ ဘယ္သူက ထင္ထားခဲ့မွာလဲ။

"ဦးရီးေတာ္ပါး၊ ခ်ဴးယြန္က သူ႕ကို အရင္သတ္လိုက္တာပါ"
သူ႕အေနနဲ႔ ဒီကိစၥကို ေ႐ွာင္သြားလို႔မျဖစ္တာ သိသာပါတယ္။ မဟုတ္ရင္ ဆရာႀကီးခ်မ္ကို ႐ွင္းျပႏိုင္မွာ မဟုတ္ပါဘူး။

ဒါေၾကာင့္ နည္းနည္းပါးပါးေတာ့ သူႀကိဳးစားၾကည့္ရဦးမႈပါ။

"အဲဒီေခြးေလးကို သတ္ခ်င္လို႔ သတ္လိုက္တယ္ကြာ... မင္းဘာေျပာခ်င္ေသးလို႔လဲ"
ဖန္႔ပါးက ေအးစက္စက္နဲ႔ ေျပာလိုက္ပါတယ္။

စြန္းေဝရဲ႕နဖူးက ေအးစက္တဲ့ ေခြၽးေစး‌ေတြ စဖိးက်လာခဲ့ပါၿပီ။

ဖန္႔ပါးက ခ်ဴးယြန္ကို ကာကြယ္ဖို႔ စိတ္ပိုင္းျဖတ္ထားပုံပါပဲ။ ခ်မ္ရန္ကို 'ေခြးေလး'လို႔ ဆဲလိုက္တာက ဆရာႀကီးခ်မ္ကို ပါး႐ိုက္လိုက္တာပဲ မဟုတ္လား။

ခ်မ္ရန္က ေခြးေလးဆိုေတာ့ ဆရာႀကီးခ်မ္က ဘာျဖစ္သြားလဲ။

စြန္းေဝ ဒူးေတြတုန္လာၿပီး ဘာမွ မေျပာႏိုင္ေတာ့ပါဘူး။

"မဟာဆရာေနရာမွာ ထိုင္ေနရတာ အဆင္မေျပေတာ့ရင္လည္း မင္းဖ်င္ကို အျမန္ေ႐ႊ႕လိုက္စမ္းကြာ... အျခားသူေတြ ႐ွိတယ္"
ဖန္႔ပါးက စိတ္မ႐ွည္ဟန္နဲ႔ သူ႕လက္ကို ေဝွ႔ယမ္းလိုက္ပါတယ္။
  "ထြက္သြားစမ္း"

"ဟုတ္… ဟုတ္ကဲ့ပါ"
စြန္းေဝက သူ႕နဖူးက ေခြၽးေတြကို သုတ္လိုက္ပါတယ္။ ေၾကာက္လန္႔တၾကားနဲ႔ သူခ်က္ခ်င္းပဲ ထြက္ေျပးသြားခဲ့ပါၿပီ။

သူက ဆရာႀကီးသုံးပါးနဲ႔ေတာင္ မယွဥ္ႏိုင္တာပါ။ ဖန္႔ပါးကို သူဘယ္လိုလုပ္ၿပီး အျပစ္ျပဳဝံ့မွာလဲ။

"ေက်းဇူးတင္ပါတယ္၊ ဦးရီးေတာ္ပါး"
ခ်ဴးယြန္က လက္ႏွစ္ဖက္ဆုပ္ၿပီး ေျပာလိုက္ပါတယ္။

"ဟားဟားဟား… ငါ့ကို အဲဒီလိုမေခၚစမ္းပါနဲ႔ဟ… ဆရာႀကီးလို႔ေခၚရင္ ရၿပီ၊ ဒါက ပိုနားေထာင္ေကာင္းတယ္"
ဖန္႔ပါးက မ်က္လုံးေပါက္ေတာင္ ပိတ္တဲ့အထိ အားပါးတရ ရယ္ေမာလိုက္ပါတယ္။

"ဆရာႀကီး"
ခ်ဴးယြန္ ျပဳံးလိုက္ပါၿပီ။

"အေျခအေနေတြကို ငါနားလည္ပါတယ္… မင္းသူ႕ကိုသတ္လိုက္တာ ေကာင္းတယ္"
ဖန္႔ပါးက ေခါင္းညိတ္ၿပီး ေအးစက္စက္နဲ႔ ေျပာလိုက္ပါတယ္။
"အမဲလိုက္ကြင္းမွာ လွည့္ကြက္ေတြသုံးတာနဲ႔တင္ စိတ္ပ်က္စရာေကာင္းေနၿပီ… ဒါေပမယ့္ သူက ေက်းဇူး႐ွင္ကို ေနာက္ေက်ာကေန ဓားနဲ႔ထိုးတဲ့လုပ္ရပ္ကေတာ့ တရိစၧာန္ေတြထက္ ဆိုးလြန္းတယ္… ဒါေၾကာင့္ မင္းအခုလိုလုပ္ခဲ့တာ ငါေက်နပ္တယ္"

ဒီအခ်ိန္မွာပဲ ဖန္႔က်စ္က အနည္းငယ္ေခ်ာင္းဆိုးၿပီး မ်က္လုံးကို တျဖည္းျဖည္းဖြင့္လာခဲ့ပါတယ္။

"ဒုတိယဖိုးဖိုး"
ဖန္႔ပါးကိုျမင္ၿပီးေနာက္ သူက အံ့ဩသြားကာ ဂါရဝျပဳဖို႔ ဟန္ျပင္လိုက္ပါတယ္။

"ထုံးတမ္းေတြ လုပ္မေနပါနဲ႔… အခုမင္းလုပ္ခဲ့တာ အေတာ္ေကာင္းတယ္၊ မင္းအေဖေရာ ငါပါျမင္ပါတယ္"
ဖန္႔ပါးက ျပဳံးၿပီး ဆက္ေျပာလိုက္ပါတယ္။
"က်ိယြမ္တိုင္းျပည္နဲ႔ ယွဥ္ၿပိဳင္ရမွာနဲ႔စာရင္ ဒါက အေတြ႕အၾကဳံ႐ွာတာထက္ မပိုဘူး... အဲဒီအခါက်ရင္ မင္းကို လူအမ်ားႀကီးက ေစာင့္ၾကည့္ေနၾကေတာ့မွာ… မင္းေကာင္းေကာင္းလုပ္ႏိုင္ဖို႔ ငါေမွ်ာ္လင့္တယ္"

"ဟုတ္ကဲ့ပါ ဒုတိယဖိုးဖိုး"
ဖန္႔က်စ္က ဘာေတြျဖစ္ေနမွန္း မသိတာေၾကာင့္ စိတ္႐ႈပ္ေထြးစြာနဲ႔ ပတ္ဝန္းက်င္ကို ၾကည့္လိုက္ပါတယ္။

ဒီအခ်ိန္မွာပဲ ဖန္႔ယုရင္းက သူ႕နားအနားကိုတိုးကာ ခပ္တိုးတိုး႐ွင္းျပလိုက္ပါၿပီ။

ဒါအခါမွာေတာ့ ဖန္႔က်စ္ဟာ အလြန္စိတ္လႈပ္႐ွားသြားကာ ခ်ဴးယြန္ကို ၾကည့္လိုက္ပါေတာ့တယ္။
"ဆရာ… ေက်းဇူးတင္ပါတယ္"

ခ်ဴးယြန္က သူ႕ေခါင္းကိုခါယမ္းကာ ရယ္ေမာလိုက္ၿပီး
"ပထမေနရာက မင္းနဲ႔ထိုက္တန္တဲ့ အရာပဲေလ"

ဖန္႔က်စ္က သူ႕ရဲ႕ျပတ္ေနတဲ့လက္ကို ေခါင္းငဲ့ၾကည့္ကာ ခါးသက္သက္နဲ႔ ရယ္ေမာလိုက္ပါတယ္။
"စိတ္မေကာင္းစရာက အခ်ိန္တစ္ခုထိေတာ့ ေလ့က်င့္လို႔ မရေတာ့ဘူး"

"ဒီအဘိုးႀကီးမွာ လိမ္းေဆးတစ္ပုလင္းေတာ့႐ွိတယ္… ဒါနဲ႔ဆိုရင္ မင္းရဲ႕ ျပတ္သြားတဲ့ ေျခလက္ေတြက သုံးရက္အတြင္းမွာ ျပန္ေပါက္လာၿပီး ေလ့က်င့္ႏိုင္လိမ့္မယ္၊ ေရာ့…ယူလိုက္"
ဖန္႔ပါးက ပုလင္းေလးတစ္လုံးကို ဖန္႔က်စ္လက္ထဲ ထည့္ေပးလိုက္ပါတယ္။

ၿပီးေနာက္ သူက စေနာက္ဟန္နဲ႔ ေျပာလိုက္ပါၿပီ။
"ဒါနဲ႔ဆိုရင္ ‌ေနာင္အခါ မင္းရဲ႕ေျခလက္ေတြ ထပ္ျပတ္သြားရင္ေတာင္ စိုးရိမ္စရာမ႐ွိေတာ့ဘူးေပါ့"

ဖန္႔က်စ္က ႐ွက္႐ြံ႕သြားကာ ေျခာက္ကပ္ကပ္နဲ႔ ရယ္ေမာလိုက္ၿပီး
"ဒုတိယဖိုးဖိုးကေတာ့ ေနာက္ၿပီ"

"ထားပါ… မင္းတို႔ေတြ အခုသြားၾကေတာ့… ဒီအဘိုးႀကီးက ခ်ဴးယြန္နဲ႔ ေျပာစရာ႐ွိတယ္"
ဖန္႔ပါးက သူ႕လက္ကိုေဝ့ယမ္းၿပီး ေျပာလိုက္ပါတယ္။

ခဏတြင္းမွာပဲ ေနရာမွာ ခ်ဴးယြန္နဲ႔ ဖန္႔ပါးသာ က်န္ရစ္ခဲ့ပါၿပီ။

"ဆရာႀကီး… မင္းငါ့ကိုလာ႐ွာတာက ဘာအတြက္လဲ"
ခ်ဴးယြန္က အနည္းငယ္ စိတ္႐ႈပ္ေထြးစြာ ေမးလိုက္ပါတယ္။

"လူသတ္သမားရဲ႕ သဲလြန္စ"
ဖန္႔ပါးက ခပ္တိုးတိုး ေျပာလိုက္ပါတယ္။

"သဲလြန္စလား၊ အဲတာ ဘယ္သူလဲ"
ခ်ဴးယြန္ မ်က္ခုံးပင့္လိုက္ပါၿပီ။

ေနာက္ဆုံးမွာေတာ့ အေစာင့္ၾကပ္ထူေျပာတဲ့ နန္းေတာ္ထဲကို ခိုးဝင္လုပ္ၾကံဖို႔က မလြယ္ကူဘူးမဟုတ္လား။

လူတိုင္းမွာ ဒီလိုအရည္အခ်င္းမ်ိဳး မ႐ွိပါဘူး။

ေနာက္ၿပီး လုပ္ၾကံသူက ေသျခင္း႐ွင္ျခင္းနယ္ပယ္မွာပဲ ႐ွိေသးတာပါ။ ထိုအဆင့္နဲ႔ နန္းေတာ္ထဲကို ဘယ္လိုလုပ္ၿပီး ခိုးဝင္ႏိုင္မွာလဲ။

ျဖစ္ႏိုင္ေျခက ႏွစ္ခုပဲ ႐ွိပါတယ္။

တစ္ခုက သူကိုယ္တိုင္က နန္းေတာ္ထဲက လူတစ္ေယာက္ပါ။

ေနာက္တစ္မ်ိဳးကေတာ့ အတြင္းမွာ သူလွ်ိဳေတြ ႐ွိေနလို႔ပါပဲ။

"ငါက သဲလြန္စတခ်ိဳ႕ ႐ွာေတြ႕ခဲ့တယ္… ဒါေပမယ့္ လူသတ္သမားကို ဖမ္းလို႔မရေသးဘူး"
ဖန္႔ပါးက ေခါင္းကို ခါယမ္းလိုက္ၿပီး
"ေနာက္ၿပီး မင္းေျပာခဲ့တာ၊ ရန္သူရဲ႕ သိုင္းဝိညာဥ္က ပုစဥ္းေတာင္ပံဓားမဟုတ္လား"

"အမွန္ပဲ"
ခ်ဴးယြန္ ေခါင္းညိတ္လိုက္ပါတယ္။ သူက လုပ္ၾကံသူနဲ႔ တိုက္ကြက္မ်ားစြာ ရင္ဆိုင္ခဲ့ရတာေၾကာင့္ ဒါက မွားစရာမ႐ွိပါဘူး။

"မင္းေသခ်ာလား"
ခဏတိတ္ဆိတ္ေနၿပီးေနာက္ ဖန္႔ပါးက ထပ္ေမးလိုက္ပါတယ္။

နဝမမင္းသမီးက သာမန္လူျဖစ္တာေၾကာင့္ အားလုံးကို ေသခ်ာမျမင္ႏိုင္ပါဘူး။ ဒါေၾကာင့္ ခ်ဴးယြန္ကိုပဲ အားကိုးရမွာပါ။

"ငါက်ိန္ရဲတယ္… အဲဒီလူသတ္သမားရဲ႕ သိုင္းဝိညာဥ္က ပုစဥ္းေတာင္ပံဓားပဲ"
ခ်ဴးယြန္က ေလးနက္စြာ ေျပာလိုက္ပါတယ္။

"ဟင္း…"
ဖန္႔ပါးက မတတ္သာျဖစ္ေနဟန္နဲ႔ ေခါင္းကို သက္ျပင္းခ်လိုက္ပါၿပီ။

"ဆရာႀကီး၊ ဘာျဖစ္လို႔လဲ"
ခ်ဴးယြန္ အနည္းငယ္ စိတ္လႈပ္႐ွားသြားခဲ့ပါတယ္။

"ေယာက္ခ်ီ ျမင့္ျမတ္တိုင္းျပည္ တစ္ခုလုံးမွာ ပုစဥ္းေတာင္ပံဓား သိုင္းဝိညာဥ္႐ွိသူက ႏွစ္ေယာက္ပဲ ႐ွိတယ္"
ဖန္႔ပါးက ‌တစ္လုံးခ်င္း ေျပာလိုက္ပါတယ္။

"ဘယ္ႏွစ္ေယာက္လဲ"
ခ်ဴးယြန္ စိတ္မေအးႏိုင္ ျဖစ္သြားခဲ့ပါၿပီ။

တစ္ဖက္လူက ပစ္မွားလို႔မရတဲ့သူ ျဖစ္ေနတာလား။

ဖန္႔ပါးက ခဏတိတ္ဆိတ္ေနၿပီးမွ သက္ျပင္းခ်ကာ ခပ္တိုးတိုးေျပာလိုက္ပါတယ္။
"ဖန္ခ်န္နဲ႔ ဖန္ဝမ္"

"ဘာ"
ခ်ဴးယြန္ရဲ႕ မ်က္ႏွာအမူအရာက ႐ုတ္တရက္ ေျပာင္းလဲသြားခဲ့ပါၿပီ။

ဖန္ခ်န္က ဘယ္သူဆိုတာ သူမသိပါဘူး။

ဒါေပမယ့္ ဖန္ဝမ္ကေတာ့ သူနဲ႔အလြန္ရင္းႏွီးပါတယ္။

"ဆရာႀကီးေျပာသလိုဆိုရင္ သူတို႔က လူသတ္သမား ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္… ဒါေပမယ့္ ဘာေၾကာင့္လဲ"
ခ်ဴးယြန္ စိတ္႐ႈပ္ေထြးသြားခဲ့ပါတယ္။

ဖန္ဝမ္က ဖန္အိမ္ေတာ္ကပါ။ ဒါေပမယ့္ သူက ပုံမွန္ဆိုရင္ အိမ္ေတာ္ကကိစၥေတြကို ဝင္မပါတတ္ပါဘူး။ ေနာက္ၿပီး ေပါင္းသင္းဆက္ဆံေရးေကာင္းကာ မိတ္ေဆြေပၚပါတယ္။

"ဖန္ဝမ္ရဲ႕ ခြန္အားက မင္းေျပာတဲ့ လူသတ္သမားနဲ႔ မႏိႈင္းယွဥ္ႏိုင္ပါဘူး… ဒါေပမယ့္ ဖန္ခ်န္ကေတာ့ အရမ္းနီးစပ္တယ္"
ဖန္႔ပါးက ဆက္ေျပာလိုက္ပါတယ္။
"ဖန္ခ်န္က ဖန္ဝမ္ရဲ႕သား၊ ဖန္က်င္းလန္နဲ႔ ဆိုရင္ဝမ္းကြဲညီအကိုေတာ္တယ္"

ခ်ဴးယြန္ရဲ႕ မ်က္ႏွာအမူအရာက အေျပာင္းအလဲမ႐ွိေပမယ့္ သူ႕စိတ္ထဲမွာေတာ့ အလြန္ေနာက္က်ိေနလို႔ပါ။

ဒီအထဲမွာ ဖန္မိသားစုက ဘယ္လိုပတ္သက္ေနတာလဲ။

"မင္းနားမလည္ႏိုင္ျဖစ္ေနတာ ငါသိပါတယ္… ဒါေပမယ့္ ငါ႐ွင္းျပတာ နားေထာင္ၿပီးရင္ေတာ့ မင္းနားလည္လာမွာပါ"
ဖန္႔ပါးက စားပြဲကို လက္နဲ႔ တစ္ခ်က္ပုတ္ၿပီး ဆက္ေျပာလိုက္ပါတယ္။
"ဖန္ခ်န္က အထြတ္အထိပ္ ေသျခင္း႐ွင္ျခင္းနယ္ပယ္ကို ေရာက္ေနၿပီ... ေနာက္ၿပီး သူက ဒုတိယမင္းသားရဲ႕ ကိုယ္ရံေတာ္တစ္ေယာက္ပဲ"

"ဒုတိယမင္းသား ဖန္႔ခ်ံဳလား"
ခ်ဴးယြန္ အံ့ဩသြားပါတယ္။ ကိစၥေတြက သူထင္သေလာက္ မ႐ိုး႐ွင္းႏိုင္ေတာ့ပါဘူး။

သူက ဖန္႔ခ်ံဳကို မသိေပမယ့္ သူ႕အေၾကာင္းကိုေတာ့ နည္းနည္းပါးပါး ၾကားဖူးပါတယ္။

ဖန္႔ခ်ံဳက ဖန္႔ေလာ့လိုပဲ အိမ္ေ႐ွ႕စံရာထူးအတြက္ ယွဥ္ၿပိဳင္ေနတဲ့သူပါ။

ဒါေပမယ့္ ဒါက နဝမမင္းသမီးနဲ႔ ဘယ္လိုပတ္သတ္ေနမွန္း သူမသိေသးပါဘူး။

"ေ႐ြးခ်ယ္မႈေပါ့"
ဖန္႔ပါးက ခ်ဴးယြန္ရဲ႕ သံသယေတြကိုျမင္တာေၾကာင့္ လ်စ္လ်ဴ႐ႈစြာ ေျပာလိုက္ပါတယ္။

ခ်ဴးယြန္ရဲ႕ မ်က္ႏွာအမူအရာက ေျပာင္းလဲသြားခဲ့ပါၿပီ။

သူက ဘာကိုေ႐ြးခ်ယ္ခဲ့လို႔လဲ။

ဒါက မူလ်ိဳ႕ေဟာ္ကိုလား။

နဝမမင္းသမီးက ဖန္႔ဝူက်င္းအားကိုးရတဲ့ ဉာဏ္ႀကီး႐ွင္မေလးပါ။ သူ႕ကိုသာ သတ္လိုက္ရင္ ဖန္႔ဝူက်င္းက လက္တစ္ဖက္ျပဳတ္သြားပါလိမ့္မယ္။

နဝမမင္းသမီးေရးဆြဲထားတဲ့ ဥပေဒေတြလည္း ပ်က္ဆီးသြားေတာ့မွာပါ။ ဒါက ေတယ္ဝင္မိသားစုအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္တစ္ခုပါပဲ။

မူလ်ိဴ႕ေဟာ္ကို ယွဥ္ႏိုင္သူက ေတာ္ဝင္မိသားစုမွာ မ႐ွိႏိုင္ေတာ့ပါဘူး။

ဒီအတြက္ ဖန္႔ခ်ံဳက ဘာျပန္ရမွာလဲ။

သူ႕ကိုေတာ့ မူလ်ိဳ႕ေဟာ္က ျပန္လည္ေထာက္ခံေပးၿပီး အိမ္ေ႐ွ႕မင္းသားျဖစ္လာႏိုင္ပါလိမ့္မယ္။

ဒီနည္းနဲ႔ အနာဂါတ္မွာ သူက ပလႅင္ေပၚကို တက္ႏိုင္စြမ္း႐ွိလာခဲ့မွာပါ။

"ဒါေပမယ့္ အဲဒီလူက ငါ့ရဲ႕အေျခခံတိုက္ခိုက္ေရးနည္းလမ္းေတြကို သိတယ္... သူက ငါ့ကိုေတာင္ သိေနပုံရေသးတယ္"
ခ်ဴးယြန္ မ်က္ေမွာင္ၾကဳတ္လိုက္ပါတယ္။

"ဗိုလ္ခ်ဳပ္ဖုန္းက မင္းရဲ႕တိုက္ခိုက္ေရးနည္းလမ္းေတြကို ယူလာၿပီး ေနာက္တစ္ေန႔မွာပဲ ဖန္႔ခ်ံဳက လူလႊတ္ၿပီး လက္ေရးမူကို ကူးယူခြင့္ေပးဖို႔ ေစခိုင္းခဲ့တယ္ေလ"
ဖန္႔ပါးက အဓိပၸာယ္႐ွိတဲ့ မ်က္လုံးနဲ႔ၾကည့္ကာ ေျပာလိုက္ပါတယ္။


အပိုင္း ( 1048 ) လွည့္ကင္းခန္းမမွာ သတ္ျဖတ္ျခင္း

သူဟာ အေျခခံတိုက္ခိုက္ေရးနည္းလမ္းေတြကို လူတိုင္းသင္ေပးမေပးရေသးပါဘူး။

ပထမအေနနဲ႔ေတာ့ ပိုင္ထန္ကလူေတြကို သံသယစာရင္းက ဖယ္႐ွားႏိုင္ပါတယ္။

ဒုတိယအေနနဲ႔ ပိုင္ထန္ကလြဲရင္ ဗိုလ္ခ်ဳပ္ႀကီးဖုန္းခ်န္ကိုပဲ ထိုအေျခခံတိုက္ခိုက္ေရးနည္းလမ္းေတြ ေပးရေသးတာပါ။

ဒါေပမယ့္ ဖုန္းခ်န္က အေျခခံတိုက္ခိုက္ေရးနည္းလမ္းေတြ ရသြားတာနဲ႔ ဖန္႔ခ်ံဳက မိတၱဴလာကူးသြားခဲ့ပါတယ္။

ပါရမီပိုင္းမွာဆိုရင္ သူ႕ကိုယ္ရံေတာ္ဖန္ခ်န္သာ ဒီပညာကို အခ်ိန္တိုအတြင္း ေလ့က်င့္ႏိုင္ပါလိမ့္မယ္။

ဒါေၾကာင့္ ကြင္းဆက္အားလုံးကို ျပန္လိုက္ၾကည့္ရင္ ဖန္႔ခ်ံဳကိုပဲ ေတြ႕ရေတာ့မွာပါ။

"ဒီကိစၥက အလ်င္စလိုလုပ္လို႔ေတာ့ မျဖစ္ဘူး"
ခ်ဴးယြန္က တိတ္ဆိတ္ေနလို႔ပါ။ ဒီကိစၥမွာ သူသတိမထားမိရင္ ေတာ္ဝင္မိသားစုရဲ႕ အတြင္းေရးထဲမွာ ဝင္႐ႈပ္မိပါလိမ့္မယ္။

"က်ာ့အာလည္း ဒီလိုပဲ ေျပာလိုက္ပါတယ္"
ဖန္႔ပါးက ခ်ဴးယြန္ပုခုံးကိုပုတ္ကာ ရယ္ေမာလိုက္ၿပီး
"မင္းကိုယ္မင္း ဖိအားေတြလည္း မေပးပါနဲ႔ဦး… ဒါက ခန္႔မွန္းထား႐ုံသက္သက္ပဲ"

ခ်ဴးယြန္လည္း သက္ျပင္းခ်လိုက္ပါေတာ့တယ္။ ေတာ္ဝင္မိသားစုရဲ႕အေရးမွာ ဝင္စြတ္ဖက္မိရင္ သူ႕ဆီကို အလကားသက္သက္ျပႆနာေတြ ေရာက္လာေတာ့မွာပါ။

"အဘိုးႀကီးခ်မ္ရီခ်န္က ခ်မ္ရန္အသတ္ခံရတဲ့အတြက္ မင္းကိုျပႆနာ႐ွာလာမွာကိုေတာ့ မပူပါနဲ႔… ထိုက္ယြမ္အကယ္ဒမီမွာ ႐ွိေနသ၍ မင္းကိုကာကြယ္ဖို႔ တစ္ေယာက္ေယာက္ကို ဒီအဘိုးႀကီးက ေစလႊတ္ထားေပးမယ္"
ဖန္႔ပါးက ရယ္ေမာလိုက္သည္။

"ဒါေပမယ့္ ငါ့မွာ ကိစၥေလးတစ္ခု႐ွိလို႔ အျပင္ကို ထြက္ရဦးမယ္"
ခ်ဴးယြန္က မတတ္သာဟန္နဲ႔ ေျပာလိုက္ပါတယ္။ ဒီအခ်ိန္မွာ သူမသြားရင္ အခ်ိန္ေတြ ပိုကုန္ရေတာ့မွာပါ။

သူ႕အေနနဲ႔ မိုးႀကိဳးတူကို ေက်ာက္တိုင္ေခြၽဆီ ျပန္ေပးရဦးမယ္ မဟုတ္လား။

"ဒါေပမယ့္ မင္းအျပင္မထြက္တာ ပိုေကာင္းမယ္"
ဖန္႔ပါးက ရယ္ေမာလိုက္ၿပီး
"အဲဒီအဘိုးႀကီး ခ်မ္ရီခ်န္က အၿငိဳးႀကီးတာေၾကာင့္ ေက်ာ္ၾကားတယ္ေလ… မင္းက ခ်မ္ရန္ကိုသတ္လိုက္ေတာ့ မဟုတ္ရင္… သူက မင္းကိုေသခ်ာေပါက္ အလြတ္ေပးမွာမဟုတ္ဘူး…

"ဘာမဟုတ္ရင္လည္း… ဆရာႀကီး ငါ့ကို နည္းလမ္း႐ွိရင္ ေျပာျပပါဦး"
ခ်ဴးယြန္ စိတ္လႈပ္႐ွားစြာ ေမးလိုက္ပါတယ္။

"မင္းက မင္းသမီးတစ္ပါးကို လက္ထပ္ၿပီး မင္းသား‌ျဖစ္ေအာင္ လုပ္လိုက္ေပါ့... ဒါဆိုရင္ မင္းကို ေပါ့ေပါ့တန္တန္မထိဝံ့ေတာ့ဘူး"
ဖန္႔ပါးက ထူးျခားစြာျပဳံးရင္း ေျပာလိုက္တယ္။
"ေ႐ွာင္က်ာ့ေလးက နည္းနည္းကေလးဆန္ေပမယ့္ မဆိုးပါဘူး၊ သူက လွပသလို ႏူးညံ့သိမ္ေမြ႕တယ္… သေဘာထားႀကီးၿပီး ဘာအျပစ္အနာအဆာမွကို မ႐ွိတာ"

ခ်ဴးယြန္က ခ်က္ခ်င္းသူ႕လက္ကို ေဝ့ယမ္းကာ ေျပာလိုက္တယ္။
"ဆရာႀကီး လာေနာက္မေနပါနဲ႔… လက္ထပ္ဆိုတာက ကေလးကစားတာမဟုတ္ဘူး၊ ဘဝတစ္္ခုလုံးနဲ႔ သက္ဆိုင္တဲ့အရာပါ… ေနာက္ၿပီး ဒီလိုကိစၥမ်ိဳးကို အလ်င္စလိုလည္း မလုပ္ႏိုင္ဘူး… ေနာက္ၿပီး ငါက အႏၲရာယ္ေတြကိုေၾကာက္လို႔ သူ႕ကို အကာကြယ္ယူတဲ့အေနနဲ႔ လက္ထပ္ခဲ့တာမွန္း နဝမမင္းသမီးသိရင္ ငါ့ကို အထင္ေသးေနေတာ့မွာ"

သူ႕စကားေတြက အလြန္လွပၿပီး ဖန္႔ပါးေတာင္ တိတ္တဆိတ္ ေခါင္းညိတ္လိုက္မိပါတယ္။

"မင္းဒီမွာ မင္းခြန္အားတိုးတက္ဖို႔သာ ေကာင္းေကာင္းေလ့က်င့္ေနပါ… ေလာ့ဖူၿမိဳ႕က မင္းသူငယ္ခ်င္းေတြကို ကာကြယ္ဖို႔ ဒီအဘိုးႀကီးက လူလႊတ္ထားေပးမယ္"
ဖန္႔ပါးက ခ်ဴးယြန္ကို ႏႈတ္ဆက္ၿပီး ထြက္ခြာသြားခဲ့ပါေတာ့တယ္။

"ဝႉး"
ခ်ဴးယြန္ စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္ပါၿပီ။ ဖန္႔ပါးက သူ႕ရဲ႕စိုးရိမ္စရာေတြကိုပါ ေတြးထားေပးလို႔ပါ။

သူက ေလာ့ဖူၿမိဳ႕ကို မျပန္ႏိုင္တာေၾကာင့္ အျခားသူေတြရဲ႕ လုံျခဳံမႈကို အာမမခံႏိုင္ပါဘူး။

အခုေတာ့ ဖန္႔ပါးရဲ႕စကားေၾကာင့္ သူစိတ္ေအးသြားခဲ့ရပါၿပီ။

ဒါေပမယ့္ သူကိုယ္တိုင္ထြက္ခြာခ်င္ရင္ေတာ့ မလြယ္ကူေသးပါဘူး။ ဒီအတြက္ လုံေလာက္ေအာင္သန္မာတဲ့ အေစာင့္ေ႐ွာက္ကို ႐ွာရဦးမွာပါ။

ဒါေပမယ့္ သူဆႏၵေတာ့ မေစာေပ။ အရာအားလုံးကို တစ္ဆင့္ခ်င္းသြားတာက ပိုေကာင္းပါတယ္။

ခ်ဴးယြန္က ထိုက္ယြမ္အကယ္ဒမီကိုျပန္လာေပမယ့္ ထိပ္တန္းေျခာက္ေယာက္ကို ခ်က္ခ်င္း မေခၚေသးပါဘူး။

ဖန္႔က်စ္က ဒဏ္ရာအျပင္းအထန္ရထားတာေၾကာင့္ ရက္နည္းနည္းေတာ့ နားေနရဦးမွာပါ။

က်န္တဲ့သူေတြကေတာ့ အေျခအေနပိုေကာင္းပါတယ္။ ဒါေပမယ့္ ျပင္းျပင္းထန္ထန္ႀကိဳးစားထားရတာေၾကာင့္ ခ်က္ခ်င္းစတင္တာက မေကာင္းပါဘူး။

ခ်ဴးယြန္လည္း အခန္းထဲမွာထိုင္ကာ စစ္ႏိုင္ငံကို ဘယ္လိုပစၥည္းပို႔ရမယ္ဆိုတာကို စတင္စဥ္းစားလိုက္ပါၿပီ။

ခဏခ်င္းေတာ့ သူအေျဖမရခဲ့ပါဘူး။

႐ုတ္တရက္ သူ႕မ်က္လုံးေတြ ေတာက္ပလာခဲ့ပါၿပီ။

သူက အျပင္ကို မသြားႏိုင္ေပမယ့္ အျပင္လူကေတာ့ လာလို႔ရတယ္မဟုတ္လား။

ဒါေၾကာင့္ ေက်ာက္တိုင္ေခြၽကို ေတာ္ဝင္ၿမိဳ႕ေတာ္ဆီ အျမန္လာဖို႔ စာေရးလိုက္ပါတယ္။ သူတို႔လာတဲ့အခါမွ မိုးႀကိဳးတူခႏၶာကိုေပးလိုက္ရင္ ၿပီးပါၿပီ။

ဒါကိုေတြးၿပီးေနာက္ ခ်ဴးယြန္ဟာ အလြန္ခံစားခ်က္ ေကာင္းမြန္သြားခဲ့ပါေတာ့တယ္။

………

"ခ်ဴးယြန္… ငါမင္းကို ဘယ္ေတာ့မွ အလြတ္မေပး‌ဘူးကြ"
နန္းေတာ္တစ္ခုထဲမွာ ေဒါသတႀကီး ေအာ္ဟစ္လိုက္သံ ထြက္ေပၚလာခဲ့ပါတယ္။ သူက အသံကို အုပ္အုပ္ဆိုင္းဆိုင္းထားေပမယ့္ ေဒါသျဖစ္ေနတာမို႔ က်ယ္ေလာင္ေနဆဲပါ။

သူ႕အေ႐ွ႕က လူေတြကေတာ့ တိတ္ဆိတ္ေနလို႔။

သူတို႔ရဲ႕ သခင္ေလးခ်မ္ဟာ ခ်ဴးယြန္ေၾကာင့္ ေသဆုံးသြားခဲ့ၿပီး အေလာင္းေတာင္ အေကာင္းအတိုင္း မက်န္ခဲ့ပါဘူး။

ဒါေၾကာင့္ သခင္ႀကီး ေဒါသေပါက္ကြဲေနတာ အံ့ဩစရာေတာ့ မဟုတ္ေပ။

ခ်မ္ရန္ဟာ အလြန္ေဒါသျဖစ္ေနၿပီး မ်က္လုံးေတြေတာင္ နီရဲေနခဲ့ပါတယ္။

"သခင္ႀကီး၊ ေဒါသကို ထိန္းပါဦး… ေတာ္ဝင္အၾကံေပးက ခ်ဴးယြန္ကို လိုခ်င္ေနတယ္လို႔ၾကားတယ္"
တစ္ေယာက္က မဝံ့မရဲနဲ႔ ေျပာလိုက္ပါတယ္။

"ခ်ီး၊ ခ်ီးပဲ"
ခ်မ္ရီခ်န္က ခ်ဴးယြန္ကို တစ္စစီဆုပ္ၿဖဲခ်င္ေနဟန္နဲ႔ ေျပာလိုက္ပါတယ္။
"အဒီခ်ဴးယြန္က ဘာေကာင္းလို႔လဲ… ေတာ္ဝင္အၾကံေပးက သူ႕ကို ဘာမို႔ လိုခ်င္ေနရတာလဲ"

ခ်မ္ရီခ်န္က မဟာဆရာႀကီး သုံးဦးထဲက တစ္ဦးျဖစ္ပါ။ ဒါေပမယ့္ သူ႕အဆင့္အတန္းက ေတာ္ဝင္အၾကံေပးထက္ေတာ့ အမ်ားႀကီးနိမ့္က်ပါတယ္။

ေနာက္ၿပီး သူက လက္႐ွိမွာ ေတာ္ဝင္အၾကံေပးရဲ႕ ဘက္မွာ႐ွိေနတာေၾကာင့္ အမိန္႔တိုင္းကို နာခံရပါလိမ့္မယ္။

မၾကာေသးခင္ကပဲ ခ်ဴးယြန္ကို ဘာမွမလုပ္ေသးဖို႔ ေတာ္ဝင္အၾကံေပးက ေျပာထားပါေသးတယ္။

ဒါေၾကာင့္ ခ်မ္ရီခ်န္ဟာ သူ႕ေဒါသေတြကို ျပန္ၿမိဳသိပ္ထား႐ုံအျပင္ ဘာမွ မတတ္သာပါဘူး။

ခ်မ္ရီခ်န္ရဲ႕ မ်က္ႏွာက ႐ုတ္တရက္ ေအးစက္သြားခဲ့ပါၿပီ။

႐ုတ္တရက္ သူက မ်က္ခုံးပင့္ကာ ေျပာလိုက္ပါတယ္။
"ဒါနဲ႔ လွည့္ကင္းခန္းမမွာ ခ်ဴးယြန္ရဲ႕ ေကာင္မေလးႏွစ္ေယာက္႐ွိေနတယ္လို႔ ငါၾကားတယ္"

"ဟုတ္တယ္… ဟုတ္တယ္၊ ခ်ဴးယြန္က လွည့္ကင္းခန္းမက လာခဲ့တာေလ… အဲဒီမွာ သူ႕ညီအကိုေတြလည္း အမ်ားႀကီး႐ွိတယ္"
သူ႕အေ႐ွ႕မွလူက ခ်မ္ရီခ်န္ရဲ႕ အေတြးကို ခ်က္ခ်င္း နားလည္လိုက္ႏိုင္ပါတယ္။

"ခ်ဴးယြန္ရဲ႕ ေကာင္မေလးႏွစ္ေယာက္က အရမ္းလွတယ္ဆို… ခ်ဴးယြန္က သူတို႔ေၾကာင့္ ဘုရင့္သမီးေတာ္နဲ႔ လက္ထပ္ရမယ့္ အခြင့္အေရးကိုေတာင္ လက္လႊတ္ခဲ့တယ္ဆိုေတာ့"
ခ်မ္ရန္က မ်က္လုံးေတြ က်ဥ္းေျမာင္းသြားတဲ့အထိ ျပဳံးလိုက္ၿပီး
"ရန္အာအတြက္ လက္စားေခ်မယ္… သူတို႔ဆီကိုသြားလိုက္"

"ေကာင္းပါၿပီ"
တစ္ေယာက္က ခ်က္ခ်င္း ထြက္ခြာသြားခဲ့ပါေတာ့တယ္။

"မင္းက ဒီမိန္းကေလးႏွစ္ေယာက္အတြက္ ဘုရင့္သားမက္ျဖစ္မယ့္အေရးကိုေတာင္ ျငင္းခဲ့တယ္ဆိုမွေတာ့ သူတို႔ကို အရမ္းအေရးထားတဲ့ အဓိပၸာယ္ပဲ"

"ဒါေပမယ့္ မင္းက ငါ့သားကိုသတ္ဝံ့မွေတာ့ ငါက မင္းဘဝ တစ္ေလွ်ာက္လုံး ေနာင္တရသြားရေအာင္ လုပ္ျပမယ္"
ရက္စက္ၾကမ္းၾကဳတ္မႈေတြက ခ်မ္ရီခ်န္ရဲ႕ မ်က္လူံထဲမွာ ျဖစ္ေပၚလာခဲ့ပါတယ္။

ေတာ္ဝင္အၾကံေပးေၾကာင့္ ငါက မင္းကိုသတ္လို႔ မရေသးေပမယ့္ မင္းေဘးကလူေတြကိုေတာ့ ကိုင္တြယ္ႏိုင္တယ္ကြ။

ငါကိုယ္တိုင္ မလႈပ္႐ွားရင္ေတာင္ ငါ့မွာ နည္းလမ္းေတြအမ်ားႀကီး ႐ွိေသးတယ္။

…………

ေလာ့ဖူၿမိဳ႕၊ လွည့္ကင္းခန္းမ။

"ဒီ‌ေကာင္စုတ္ခ်ဴးယြန္က ေတာ္ေတာ္ မသိတတ္ဘူး… သူနန္း‌တြင္းကို ေရာက္သြားတာ ၾကာၿပီ၊ အခုထိ လွည့္ကင္းခန္းမကို တစ္ခါမွ ျပန္မလာေသးဘူး"
ရီလီလီက ေဒါသသံနဲ႔ ေျပာလိုက္ပါတယ္။

"ခ်ဴးယြန္က ေကာင္မေလးေတြဘယ္ညာထားၿပီး ေပ်ာ္ေနတာ ေနမွာေပါ့… ဟန္က်လိုက္ေလ"
မူတုက စေနာက္ ေျပာဆိုလိုက္တယ္။

"နင္အ႐ိုက္ခံခ်င္ေနတာလား"
ရီလီလီရဲ႕မ်က္ႏွာက ေအးစက္သြားကာ ေျပာလိုက္ပါတယ္။

"ဟီးဟီး၊ အဘိုးႀကီးမူကို နင္ကိုယ္တိုင္လုပ္စရာလိုတယ္ ထင္လို႔လား… ငါ ကိုင္တြယ္ေပးႏိုင္တယ္"
မဟာပညာ႐ွိက ရယ္ေမာကာ မူတုကို ပုခုံးဖက္လိုက္ပါၿပီ။ သူတို႔ႏွစ္ေယာက္က ထပ္မံတိုက္ခိုက္ၾကေတာ့မွာပါ။

"ေတာ္ၿပီ၊ စကားေကာင္း ေျပာၾကရေအာင္"
တန္းဇီ႐ွမ္းက စားပြဲကိုပုတ္ၿပီး ေျပာလိုက္ပါတယ္။

ဒီအခါမွာေတာ့ မဟာပညာ႐ွိနဲ႔ မူတုဟာ ခ်က္ခ်င္းပဲ စားပြဲမွာ ျပန္ထိုင္လိုက္ၾကပါၿပီ။

"မူတု... နင္တစ္လနီးပါး တိုင္ဂန္တိုက္ႀကီးမွာ ဘာေတြလုပ္ေနတာလဲ"
တန္းဇီ႐ွမ္းက မ်က္ခုံးပင့္ၿပီး ေမးလိုက္ပါတယ္။

မူတုက ပုခုံးတြန္႔ျပလိုက္ၿပီး
"ငါက ဘာလုပ္ရမွာလဲ… ငါက က်င့္ၾကံျခင္းအရင္းအျမစ္ေတြ အမ်ားႀကီးကို သယ္သြားရတာေလ… ‌ေနာက္ၿပီးေတာ့ ဖုန္းယင္နဲ႔ ငါ့ကေလးကို ေတြ႕ရတာေပါ့… ဒါနဲ႔ စကားမစပ္၊ နင္နဲ႔ခ်ဴးယြန္က ဘယ္ေတာ့မွ ကေလးယူၾကမွာလဲ"

ဒီအခါမွာေတာ့ တန္းဇီ႐ွမ္းရဲ႕ လူသတ္ေငြ႕ေတြနဲ႔ အၾကည့္က ခ်က္ခ်င္း ထြက္ေပၚလာခဲ့ပါၿပီ။ ဒါေၾကာင့္ သူဟာ ခ်က္ခ်င္းပဲ စကားလမ္းေၾကာင္းေျပာင္းလိုက္ပါတယ္။
"ေအးပါ၊ေအးပါ… ငါစကား‌ေကာင္းေျပာေတာ့မယ္… အခု တိုင္ဂန္တိုက္ႀကီးက ေကာင္းေကာင္းဖြံ႕ၿဖိဳးေနၿပီ၊ ခ်ဴးယြန္ေပးတဲ့ အရင္းအျမစ္ေတြအရလည္း ထိပ္တန္းကြၽမ္းက်င္သူေတြက ေသျခင္း႐ွင္ျခင္းနယ္ပယ္ကို ေရာက္လာခဲ့ၾကၿပီ… အရင္းအျမစ္ေတြကလည္း ေပါမ်ားေတာ့ သူတို႔အတြက္ ဆယ္စုႏွစ္မ်ားစြာၾကာတဲ့အထိ သုံးစြဲႏိုင္ဖို႔ လုံေလာက္တယ္… ေျပာရရင္ေတာ့ တိုက္ႀကီးက အေကာင္းဆုံးတိုးတက္ေနတယ္"

"နည္းနည္းေႏွးေနေသးတယ္"
တန္းဇီ႐ွမ္းကေတာ့ သက္ျပင္းခ်ေနဆဲပါ။ ဒါေပမယ့္လည္း ဟိုးေအာက္ဆုံးမွာပဲ ႐ွိေနခဲ့တဲ့ တိုင္ဂန္တိုက္ႀကီးအတြက္ ဒီေလာက္တိုးတက္လာတာကတင္ အေတာ္ေကာင္းမြန္ေနခဲ့ပါၿပီ။

ခ်ဴးယြန္သာ အရင္းအျမစ္ေတြ အမ်ားႀကီးမေပးခဲ့ရင္ ေသျခင္း႐ွင္ျခင္းနယ္ပယ္က တစ္ဦးေတာင္ ႐ွိလာဖို႔ မလြယ္ပါဘူး။

"ဒီတစ္ေခါက္ ငါလူနည္းနည္း ထပ္ခၚလာခဲ့ေသးတယ္… ခ်ဴးယြန္ရဲ႕အသိ နာထ႐ြန္ဆိုတဲ့ လူ႐ိုင္းေလးနဲ႔ ခ်ဴးကလန္က ေကာင္စုတ္ေလး ခ်ဴး႐ႊီရန္နဲ႔အျခားသူေတြေလ… ဒီေကာင္စုတ္ေလးရဲ႕ အရည္အခ်င္းကေတာ့ သိပ္မဆိုးဘူး"
မူတုက ေျပာလိုက္ပါတယ္။

"ေကာင္းၿပီေလ… ဒီတစ္ခါေတာ့ နင့္ရဲ႕ႀကိဳးစားမႈအတြက္ ေက်းဇူးတင္ပါတယ္… ေနာက္တစ္ခါက်ရင္ေတာ့ ငါသြားမယ္"
တန္းဇီ႐ွမ္းက ေျပာလိုက္ပါတယ္။ တကယ္ေတာ့ သူကိုယ္တိုင္လည္း အိမ္ကိုမျပန္ျဖစ္တာ အလြန္ၾကာျမင့္ခဲ့ၿပီ မဟုတ္လား။

"အကိုႀကီးရဲ႕ မိတ္ေဆြဆိုတဲ့ လူတစ္ေယာက္ အျပင္မွာ ေရာက္ေနပါတယ္… မင္းတို႔နဲ႔ ေတြ႕ခ်င္လို႔တဲ့"
ဒီအခ်ိန္မွာပဲ အထဲကို လူတစ္ေယာက္ ဝင္လာခဲ့ပါတယ္။

"ခ်ဴးယြန္ရဲ႕ မိတ္ေဆြလား"
အားလုံးက မ်က္ခုံးပင့္လိုက္ၾကပါၿပီ။ ဒါေပမယ့္ အမ်ားႀကီးေတာ့ စဥ္းစားၾကေတာ့ပါဘူး။
"သြားသြား၊ သူ႕ကို ဖိတ္ေခၚလိုက္"

ခဏၾကာၿပီးေနာက္ လူတစ္ေယာက္က အထဲကို ျပဳံးကာ ဝင္ေရာက္လာခဲ့ပါတယ္။

သူက တန္းဇီ႐ွမ္းနဲ႔ ရီလီလီကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ သူ႕မ်က္လုံးထဲမွာ အနည္းငယ္အံ့အားသင့္မႈေတြ ျဖစ္ေပၚလာခဲ့ပါၿပီ။

ခ်ဴးယြန္က ဘုရင့္ကိုျငင္းဆန္ခဲ့တာ အံ့ဩစရာ မ႐ွိေတာ့ပါဘူး။ ဒီလို မိန္းမလွႏွစ္ေယာက္နဲ႔ဆိုရင္ ဘယ္သူက အျခားကိုစိတ္ပါဦးေတာ့မွာလဲ"

"မင္းက ခ်ဴးယြန္ရဲ႕အသိလား… ဘာကိစၥ႐ွိလို႔လဲ"
ခ်ဴးယြန္က တစ္ဖက္လူဆီကေန ပုံမွန္မဟုတ္တဲ့ အေငြ႕အသက္ေတြကို ခံစားမိတာေၾကာင့္ ေမးလိုက္ပါတယ္။

ထိုလူက ျပဳံးလိုက္ၿပီး
"ေကာင္းလိုက္တာ… မင္းတို႔အားလုံး ဒီမွာ ႐ွိေနၾကတာလဲ"

"မင္းဘာေျပာခ်င္တာလဲ"
မဟာပညာ႐ွိရဲ႕ မ်က္လုံးေတြက က်ဥ္းေျမာင္းသြားခဲ့ပါၿပီ။

"မင္းတို႔ရဲ႕အသက္ကိုယူဖို႔ ငါလာတာ"
ထိုလူက ထူးျခားစြာ ျပဳံးလိုက္ပါတယ္။ သူက ခ်က္ခ်င္းပဲ မူတုကို ဓားတစ္လက္နဲ႔ တိုက္ခိုက္လိုက္ပါၿပီ။

"မေကာင္းေတာ့ဘူး"
မူတု ထိတ္လန္႔သြားခဲ့ပါတယ္။ သူက ခ်က္ခ်င္းပဲ ေကာင္းကင္နတ္ဆိုးအလံကို ထုတ္ေဖာ္လိုက္ပါၿပီ။

"ဝွစ္"
သူက ခ်က္ခ်င္း အျခားတစ္ေနရာကိုေရာက္သြားကာ ထိတ္လန္႔တၾကား ေျပာလိုက္ပါတယ္။
"ျပန္လည္ေမြးဖြားျခင္းနယ္ပယ္လား"

ထိုလူက တကယ္ႀကီး ျပန္လည္ေမြးဖြားျခင္းနယ္ပယ္ကို ေရာက္ေနခဲ့ပါၿပီ။

ျပန္လည္ေမြးဖြားျခင္းနယ္ပယ္ဆိုတာက ေလာ့ဖူၿမိဳ႕ေတာ္မွာ တကယ့္ကို အေကာင္ႀကီးပါ။

အားလုံးရဲ႕ မ်က္ႏွာက ခ်က္ခ်င္းပဲ ေလးနက္သြားခဲ့ၾကပါေတာ့တယ္။

"မင္းတို႔ေသျခင္းကို ဘာလို႔ဆန္႔က်င္ေနတာလဲ… ၿငိမ္ၿငိမ္ေနရင္ မနာက်င္ပဲ ေသရမယ္"
ထိုလူက သူတို႔ကို ဂ႐ုမစိုက္ဟန္နဲ႔ ေအးစက္စက္ ရယ္ေမာလိုက္ၿပီး
"ေကာင္မေလးႏွစ္ေယာက္ကေတာ့ တကယ္လွတာပဲ… ငါနင္တို႔ကိုေတာ့ နာက်င္ေအာင္ မလုပ္ခ်င္ပါဘူး… နင္တို႔ကို ညင္သာ…သာ"

ဒါေပမယ့္ သူဘာမွ စကားမဆုံးခင္မွာပဲ သူ႕မ်က္ႏွာက ေအးခဲသြားခဲ့ပါၿပီ။

"႐ႊစ္"
ထိုလူရဲ႕ေခါင္းက ခ်က္ခ်င္းပဲ ေျမျပင္ေပၚကို ျပတ္က်သြားခဲ့ပါေတာ့တယ္။

သူ႕မ်က္လုံးထဲမွာေတာ့ ေဒါသေတြ ျဖစ္ေပၚေနလို႔။ သူေသသြားတဲ့အထိ ဘယ္သူ႕လက္ခ်က္ဆိုတာေတာင္ မသိလိုက္ရပါဘူး။

အပိုင္း ( 1049 ) ဆရာ၊ ေက်းဇူးျပဳၿပီး ငါ့ကို သင္ေပးပါ

ခန္းမထဲကလူတိုင္းပဲ အံ့ၾသသြားခဲ့ၾကပါတယ္။

ဒါေတြအားလုံးက ႐ုတ္တရက္ျဖစ္သြားတာမို႔ အားလုံးက အခ်ိန္အေတာ္ၾကာတဲ့အထိ မတုံ႔ျပန္ႏိုင္ေတာ့ပါဘူး။

သူတို႔ကိုသတ္ဖို႔ ေရာက္လာခဲ့တာက ျပန္လည္ဝင္စားျခင္းနယ္ပယ္ ကြၽမ္းက်င္သူပါ။

ဒါေပမယ့္ မၾကာခင္မွာပဲ သူ႕ေခါင္းက ျပတ္က်သြားခဲ့ရပါၿပီ။

ခန္းမအျပင္မွာေတာ့ မိန္းမပ်ိဳတစ္ေယာက္ရပ္ေနလို႔။ သူ႕အသားအေရက ျဖဴစြတ္ေနၿပီး ခ်စ္စဖြယ္ပုံစံ႐ွိပါတယ္။ သူ႕လက္ထဲမွာေတာ့ ဓားေျမႇာင္တစ္ေခ်ာင္းကို ကိုင္ထားလို႔ပါ။

အေစာပိုင္းက တိုက္ခိုက္ခဲ့တာဟာ ထိုမိန္းကေလးပါပဲ။ ဒါေပမယ့္ သူက အလြန္ျမန္ဆန္တာေၾကာင့္ ဘယ္သူမွေတာင္ မျမင္လိုက္ရပါဘူး။

အားလုံးရဲ႕ အံ့ဩေနတဲ့ အၾကည့္ေအာက္မွာ မိန္းကေလးက ျပဳံးလိုက္ၿပီး
"နင္တို႔က ခ်ဴးယြန္ရဲ႕အသိေတြပဲ ေနမယ္… ငါ့ကို နင္တို႔ကိုကာကြယ္ဖို႔ အမိန္႔ေပးခဲ့လို႔ လာခဲ့တာပါ… ဒီအေတာအတြင္းမွာ ကိစၥေတြအမ်ားႀကီး ျဖစ္သြားခဲ့တယ္ေလ… ဒါေပမယ့္ မစိုးရိမ္ပါနဲ႔၊ အားလုံး အဆင္ေျပသြားၾကမွာပါ"

"ငါတို႔ကို ကာကြယ္ဖို႔၊ ခ်ဴးယြန္ ဘာလုပ္ခဲ့လို႔လဲ"
တန္းဇီ႐ွမ္းက သံသယစိတ္နဲ႔ ေမးလိုက္ပါတယ္။

ျပန္လည္ဝင္စားျခင္းနယ္ပယ္ကို ေစလႊတ္ႏိုင္တဲ့ အင္အားစုက သာမန္ေတာ့ မျဖစ္ႏိုင္ပါဘူး။

"နည္းနည္းေတာ့ ေခါင္းကိုက္စရာပဲ… ဘယ္လိုေျပာရမလဲ၊ ခ်ဴးယြန္က ေယာက္ခ်ီျမင့္ျမတ္တိုင္းျပည္ထဲမွာ အစြမ္းထက္ဆုံး လူႏွစ္ေယာက္ထဲက တစ္ေယာက္ကို ေစာ္ကားခဲ့တာေပါ့"
မိန္းကေလးက ေျပာလိုက္ပါတယ္။ ဒါေပမယ့္ သူ႕ရဲ႕ မ်က္ႏွာအမူအရာကေတာ့ အေျပာင္းအလဲ မ႐ွိပါဘူး။

"ေတာ္ဝင္အၾကံေပးလား"
တန္းဇီ႐ွမ္းက ဉာဏ္ထက္ကာ အေျခအေနကို ခ်က္ခ်င္း သေဘာေပါက္သြားခဲ့ပါၿပီ။

မဟပညာ႐ွိက ေျခာက္ကပ္ကပ္နဲ႔ ေခ်ာင္းဟန္႔လိုက္ၿပီး
"ဒီေကာင္စုတ္ေလးကေတာ့ တကယ့္ျပႆနာပဲ"

မူတုလည္း အသက္ျပင္းျပင္း႐ႈလိုက္မိပါတယ္။ ‌ေတာ္ဝင္အၾကံေပးက ဖန္ဆင္း႐ွင္နယ္ပယ္ ကြၽမ္းက်င္သူပဲ မဟုတ္လား။

သူ႕ကိုေစာ္ကားတာက ေယာက္ခ်ီျမင့္ျမတ္တိုင္းျပည္ထဲမွာ အလြန္အေနရခက္ေစတဲ့အရာကို ျပဳလုပ္ခဲ့တာပါပဲ။

‌မိန္းကေလးက ေခါင္းညိတ္ကာ ျပဳံးလိုက္ၿပီး
"ဒါေပမယ့္ အခုနင္တို႔ဆီကို ေစလႊတ္ခဲ့တာက  နန္းတြင္းရဲ႕ သာမန္လူတစ္ေယာက္သာသာပါပဲ"

ခဏရပ္ၿပီးေနာက္ သူက ဆက္ေျပာလိုက္ပါတယ္။
"အခုကေတာ့ ေတာ္ဝင္အၾကံေပးဘက္က ခ်မ္ရန္ခ်န္ပါ... ခ်ဴးယြန္က သူ႕သားကိုသတ္ခဲ့ေပမယ့္ သူ႕ကိုေတာ့ တိုက္႐ိုက္ရန္႐ွာလို႔ မရဘူးေလ… အဲတာေၾကာင့္ နင္တို႔ဆီကို လႊတ္လိုက္တာ"

အားလုံးက စိတ္ဝင္စားလာပါတယ္။

ေယာက္ခ်ီျမင့္ျမတ္တိုင္းျပည္ထဲမွာ ေက်ာ္ၾကားတဲ့ ဆရာႀကီးခ်မ္ကို ထိုမိန္းကေလးက သာမန္လိုေျပာေနလို႔ပါ။

သူက ဘယ္သူမ်ားလဲ။

"ငါ့နာမည္က မူ႐ွင္းက်ဴးပါ"
မိန္းကေလးက ခ်ိဳသာစြာျပဳံးလိုက္ၿပီး
"ငါဒီမွာ ခဏေလာက္ေတာ့ ေနခ်င္တယ္"

"ကိစၥမ႐ွိပါဘူး… ဒီမွာ အခန္းလြတ္ေတြအမ်ားႀကီး႐ွိတယ္"
မူတုက ေခါင္းညိတ္လိုက္ပါတယ္။ ျပန္လည္ဝင္စားျခင္းနယ္ပယ္ကို တစ္ခ်က္တည္းနဲ႔ သတ္ႏိုင္တာေၾကာင့္ သူက အလြန္ေၾကာက္စရာေကာင္းမွာပါ။

ဒါေၾကာင့္ သူသာဒီမွာေနေပးရင္ အေကာင္းဆုံးပါပဲ။

"သူက ကိုယ္တိုင္ေတာ့ ျပန္မလာဘဲ ျပႆနာေတြသာ ပို႔လိုက္‌တယ္ေပါ့၊ ေခြးေကာင္ေလး"
ရီလီလီက ေဒါသတႀကီးနဲ႔ လက္သီးဆုပ္လိုက္ပါတယ္။

မဟာပညာ႐ွိက ရီလီလီကို တစ္ခ်က္ၾကည့္လိုက္ၿပီး
"ခ်ဴးယြန္က ဒီမွာမ႐ွိေတာ့ နင္ေျပာခ်င္တာ တဝေျပာေပါ့"

ဒီအခ်ိန္မွာပဲ ခန္းမထဲကို ခ်န္းပိနင္းတစ္ေယာက္ အေျပးေရာက္လာခဲ့ပါၿပီ။

သူက ေျမျပင္က အေလာင္းကိုျမင္ၿပီးေနာက္ အံ့အားသင့္သြားခဲ့ပါတယ္။

"ဘာျဖစ္သြားတာလဲ"
ခ်န္းပိနင္းက စိတ္႐ႈပ္ေထြးစြာ ေမးလိုက္တယ္။ အခုေလးတင္ ထြက္ေပၚလာတဲ့ အ႐ွိန္အဝါေတြက ျပန္လည္ဝင္စားျခင္းနယ္ပယ္ကပါ။

ဒါေပမယ့္ ျပန္လည္ဝင္စားျခင္းနယ္ပယ္က လွည့္ကင္းခန္းမကို ဘယ္လိုေရာက္လာတာလဲ။

မူ႐ွင္းက်ဴးက ျပဳံးကာ သူ႕လက္ကို ေဝ့ယမ္းလိုက္ၿပီး
"ေက်းဇူးျပဳၿပီး ႐ွင္းျပလိုက္ၾကပါဦး…။ ငါသြားအိပ္ေတာ့မယ္"

ခ်န္းပိနင္းဟာ မူ႐ွင္းက်ဴးဆီကေန ႐ုတ္တရက္ အစြမ္းထက္အ႐ွိန္အဝါေတြကို ခံစားလိုက္ရပါတယ္။

သူက အရမ္းသန္မာတယ္။

တန္းဇီ႐ွမ္းက ခ်န္းပိနင္းကို အေၾကာင္းစုံ႐ွင္းျပလိုက္ပါၿပီ။ ဒီေနာက္ သူက ေျပာလိုက္ပါတယ္။
"ခ်ဴးယြန္က ဒီေလာက္ျပႆနာ႐ွာေနမယ္လို႔ ထင္မထားခဲ့ဘူး… ခန္းမသခင္ဆႏၵမ႐ွိရင္ ငါတို႔ လွည့္ကင္းခန္းမကေန ထြက္သြားပါမယ္"

ခ်န္းပိနင္းက ေခါင္းကို ခါယမ္းလိုက္ၿပီး
"ခ်ဴးယြန္က လွည့္ကင္းခန္းမရဲ႕ အကိုႀကီးပဲေလ၊ ၿပီးေတာ့ အားလုံး တိုးတက္လာေစမယ့္ ေမွ်ာ္လင့္ခ်က္ပဲ…။ လွည့္ကင္းခန္းမရဲ႕ လက္႐ွိအေျခအေနေတြက သူ႕ေၾကာင္းရခဲ့တာပါ...။ ဒါေၾကာင့္ အခုလို သူျပႆနာျဖစ္ေနခ်ိန္မွာ ငါက ဘာလို႔ေ႐ွာင္ဖယ္ေနရမွာလဲ…။ ေနာက္ကို ဒီလိုမေျပာၾကပါနဲ႔"

"ေက်းဇူးပါ ခန္းမသခင္"
အားလုံးပဲ ေခါင္းညိတ္လိုက္ၾကပါၿပီ။

…....

သုံးရက္ၾကာၿပီးေနာက္။

ခ်ဴးယြန္က သူ႕အေ႐ွ႕က လူေျခာက္ေယာက္ကို ျပဳံးၿပီး ၾကည့္လိုက္ပါတယ္။

ဖန္႔က်စ္ရဲ႕ ဒဏ္ရာေတြကေတာ့ လုံးဝျပန္ေကာင္းကာ ပုံမွန္လို ျပန္ျဖစ္ေနခဲ့ပါၿပီ။

"မင္းတို႔အားလုံးမွာ က်ိယြမ္ျမင့္ျမတ္တိုင္းျပည္ကို ရင္ဆိုင္ဖို႔အတြက္ ေလ့က်င့္ဖို႔ အခ်ိန္တစ္ႏွစ္ခြဲပဲ႐ွိတယ္"

"သူတို႔က အရမ္းေၾကာက္စရာေကာင္းၿပီး ထိုက္ယြမ္အကယ္ဒမီမွာ သူတို႔ကို ရင္ဆိုင္ဝံ့သူ မ႐ွိဘူးလို႔ေတာင္ ငါၾကားတယ္…။ အဲတာ ဟုတ္သလား"
ခ်ဴးယြန္က ေမးလိုက္တယ္။

"မဟုတ္ပါဘူး"
လူေျခာက္ေယာက္က သံၿပိဳင္ အေျဖေပးလိုက္ပါၿပီ။ ဒီအထဲမွာ ဖန္႔က်စ္က အသံအက်ယ္ဆုံးပါ။

"အျခားသူေတြ မယွဥ္ဝံ့ေပမယ့္ ငါတို႔ကေတာ့ မေၾကာက္ဘူး"
ေဟာ္ယြမ္ရဲ႕မ်က္လုံးက ေတာက္ပေနလို႔။

"ဒါေၾကာင့္ပဲ ငါတို႔ဒီမွာရပ္ေနခဲ့တာပါ"
ဖုန္းရန္က်ိန္းက ပုံမွန္အတိုင္း ေျပာလိုက္ပါတယ္။ ဒါေပမယ့္ သူ႕မ်က္လုံးထဲက တိုက္ခိုက္ခ်င္စိတ္ေတြကို ဖုံးကြယ္မရပါဘူး။

"မင္းတို႔ေျခာက္ေယာက္စလုံးမွာ မတူညီတဲ့ သိုင္းဝိညာဥ္နဲ႔ နည္းလမ္းေတြ႐ွိတာေၾကာင့္ အားလုံးကို တစ္ၿပိဳင္နက္တည္းေတာ့ သင္မေပးႏိုင္ဘူး"
ခ်ဴးယြန္က လူေျခာက္ေယာက္ကို တစ္ခ်က္ေဝ့ၾကည့္လိုက္ပါတယ္။ ေနာက္ဆုံးမွာ သူက ပိုင္ခုန္းေက်ာက္အေပၚမွာ အၾကည့္ရပ္လိုက္ၿပီး
"ပိုင္ခုန္းေက်ာက္…။ နင့္ရဲ႕ ဓားပညာက အရမ္းသန္မာတယ္လို႔ ငါၾကားတယ္…။ ဟုတ္လား"

ပိုင္ခုန္းေက်ာက္က အေျပာင္းအလဲမ႐ွိတဲ့ မ်က္ႏွာအမူအရာနဲ႔ ေျပာလိုက္တယ္။
"ငါ့မွာ အေတြ႕အၾကဳံေကာင္းေကာင္း႐ွိပါတယ္"

"ဒါဆို ဟြာေဖးလုံနဲ႔ယွဥ္ရင္ ဘယ္လိုေနမလဲ"
ခ်ဴးယြန္ မ်က္ခုံးပင့္လိုက္ပါတယ္။

ပိုင္ခုန္းေက်ာက္ တိတ္ဆိတ္သြားခဲ့ပါၿပီ။ သူ႕ဓားပညာက သန္မာပါတယ္။ ဒါေပမယ့္ ဟြာေဖးလုံနဲ႔ယွဥ္ရင္ေတာ့ အလြန္ဆုံးမွ သာတူညီမွ်ေလာက္ပဲ ႐ွိမွာပါ။

ဟြာအိမ္ေတာ္ရဲ႕ သခင္ေလးအေနနဲ႔ ဟြာေဖးလုံရဲ႕ နာမည္ေက်ာ္ၾကားမႈက ေလသက္သက္ မဟုတ္ႏိုင္ဘူး မဟုတ္လား။

ခ်ဴးယြန္ကို တိုက္ခိုက္ခဲ့တဲ့ နဂါးဟိန္းသံဓားကို ဘယ္သူမွ လ်စ္လ်ဴမ႐ႈဝံ့ပါဘူး။

ဒါေၾကာင့္ ပိုင္ခုန္းေက်ာက္ဟာ ဟြာေဖးလုံနဲ႔ မတိုက္ခိုက္ဖူးေပမယ့္ အႏိုင္ရဖို႔ေတာ့ မေျပာဝံ့ေပ။

"နင္သူ႕ကို မႏိုင္ဘူး မဟုတ္လား"
ခ်ဴးယြန္က ပိုင္ခုန္းေက်ာက္ကိုၾကည့္ကာ ျပဳံးလိုက္ပါတယ္။

"သူလည္းငါ့ကိုမႏိုင္ပါဘူး"
ပိုင္ခုန္းေက်ာက္က ေခါင္းမာစြာ ေျပာလိုက္ပါၿပီ။

"ဒါက အဓိကအခ်က္မဟုတ္ဘူး"
ခ်ဴးယြန္က သူ႕လက္ကို ေဝ့ယမ္းလိုက္ၿပီး
"ဟြာေဖးလုံရဲ႕ နည္းလမ္းေတြက ငါ့မ်က္လုံးထဲမွာေတာ့ အမိႈက္၊ လုံးဝ တန္ဖိုးမ႐ွိ‌တဲ့ အမိႈက္ပဲ"

ဒါကိုၾကားၿပီးေနာက္ ပိုင္ခုန္းေက်ာက္က ခ်က္ခ်င္း ျငင္းဆန္ဖို႔ ေတြးလိုက္ပါတယ္။ ဒါေပမယ့္ ခ်ဴးယြန္က ဟြာေဖးလုံကို ႏွစ္ႀကိမ္ေတာင္ အႏိုင္ရခဲ့တယ္ဆိုတာ သူျပန္သတိရလိုက္ပါၿပီ။

ပထမတစ္ခါက ဓားနဲ႔ေဆဘာစိတ္ဆႏၵမွာပါ။ ေနာက္တစ္ခါကေတာ့ နဂါးဂိတ္ညီလာခံမွာပဲေလ။

ဒါေၾကာင့္ သူ႕အေနနဲ႔ ဟြာေဖးလုံရဲ႕ ဓားပညာကိုအမိႈက္လို႔ေျပာတ မမွားပါဘူး။

"ပထမေျခာက္လမွာ ငါမင္းတို႔ကို တစ္ေယာက္တစ္လစီ သင္ေပးမယ္… ဒီတစ္လအတြင္းမွာပဲ မင္းတို႔ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ တိုးတက္လာလိမ့္မယ္"
ခ်ဴးယြန္က ယုံၾကည္မႈအျပည့္နဲ႔ ေျပာလိုက္ပါတယ္။

ဖန္႔က်စ္၊ ဖုန္းရန္က်ိန္းနဲ႔ ေဟာ္ယြမ္တို႔သုံးေယာက္က ပိုၿပီးေတာ့ စိတ္လႈပ္႐ွားသြားခဲ့ၾကပါၿပီ။

ခ်ဴးယြန္ ဘယ္ေလာက္ အံ့ဩစရာေကာင္းတယ္ဆိုတာ သူတို႔ကိုယ္တိုင္ ၾကဳံခဲ့ဖူးၿပီ မဟုတ္လား။ ဒါေၾကာင့္ သူ႕စကားကို သံသယမ႐ွိၾကပါဘူး။

"ဆရာ… ငါတို႔ေျခာက္ေယာက္ရဲ႕ ကြၽမ္းက်င္မႈေတြက တူတာမဟုတ္ဘူး…။ မင္းငါတို႔အားလုံးကို သင္ႏိုင္တာလား"
စြန္းရဲ႕ခ်ီ ေမာက္မာေပမယ့္ ခ်ဴးယြန္အေ႐ွ႕မွာေတာ့ အေတာ္ႏွိမ့္ခ်ေနခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ ခ်ဴးယြန္က ခ်မ္ရန္ကို တစ္ခ်က္တည္းနဲ႔သတ္ထားတာ မဟုတ္လား။

စြန္းရဲ႕ခ်ီရဲ႕ခြန္အားက ခ်မ္ရန္ေလာက္ မသန္မာတာေၾကာင့္ ပိုၿပီး ႐ိုးသားခဲ့ရပါတယ္။

သူ႕စကားက ေမးခြန္းမဟုတ္တဲ့ ေမးခြန္းပါ။ ဆိုရရင္ သူက ခ်ဴးယြန္ကို အနည္းငယ္ သံသယဝင္ေနမိပါတယ္။ ဒါေပမယ့္ ေၾကာက္လည္း ေၾကာက္ေနတာေၾကာင့္ ဒဲ့ဒိုင္းေတာ့ မေမးဝံ့ပါဘူး။

"ငါက အနႏၲတန္ခိုး႐ွင္ပဲ"
ခ်ဴးယြန္က တစ္ဖက္လူရဲ႕ သံသယကို တည္ၿငိမ္စြာ ေျဖေပးလိုက္ပါတယ္။

ဒါက အႂကြင္းမဲ့ယုံၾကည္မႈကို ကိုယ္စားျပဳတဲ့စကားပါ။

စြန္းရဲ႕ခ်ီ တိတ္ဆိတ္သြားခဲ့ပါၿပီ။ ခ်ဴးယြန္က ဒီလိုေျပာမွေတာ့ သူ႕မွာ အေၾကာင္းျပခ်က္တစ္ခုေတာ့ ႐ွိမွာပါ။

"ပိုင္ခုန္းေက်ာက္... ငါတို႔ နင္ကေနပဲ စၾကတာေပါ့"

"အျခားသူေတြကေတာ့ ဖန္႔က်စ္နဲ႔ အေျခခံတိုက္ခိုက္ေရးနည္းေတြကို သြားၿပီး ေလ့က်င့္ထားၾက"

ခ်ဴးယြန္က ေျပာလိုက္ပါတယ္။ ဒီေနာက္ သူက အေျပာင္းအလဲမ႐ွိတဲ့မ်က္ႏွာနဲ႔ ေကာင္းကင္ဓားကို ဆုပ္ကိုင္ကာ ေျပာလိုက္တယ္။
"နင့္ရဲ႕ အစြမ္းထက္ဆုံးနည္းနဲ႔ ငါ့ကို တိုက္ခိုက္ပါ"

ပိုင္ခုန္းေက်ာက္က ေခါင္းညိတ္ၿပီး အသက္ျပင္းျပင္း႐ႈလိုက္ပါတယ္။ ခ်က္ခ်င္းပဲ သူ႕လက္ထဲမွာ ဓားတစ္လက္ ထြက္ေပၚလာခဲ့ပါၿပီ။

ေကာင္းကင္အဆင့္႐ွစ္၊ ညနက္ဓား။

သူ႕သိုင္းဝိညာဥ္ ထိုဓားက အနက္ေရာင္ပါ။ ဒါေပမယ့္ ၾကည္လင္ေနတာေၾကာင့္ ေလထဲမွာ အခ်ိန္မေ႐ြး ေပ်ာက္ကြယ္သြားႏိုင္ပါတယ္။

ဒါကပဲ သူ႕သိုင္းဝိညာဥ္ရဲ႕ ပုံစံပါပဲ။ ညအခါမွာဆိုရင္ သူ႕ဓားက လုံးဝေပ်ာက္ကြယ္သလို ျဖစ္သြားတာေၾကာင့္ ပိုေတာင္ အစြမ္းထက္ပါေသးတယ္။

"ဆရာ…၊ ဂ႐ုစိုက္ပါ"
ပိုင္ခုန္းေက်ာက္က ႐ုတ္တရက္ အေ႐ွ႕ကိုေျပးကာ ေအာ္ဟစ္လိုက္ပါတယ္။
"ညလမ္းေလွ်ာက္ျခင္း"

"ဝွစ္"
႐ုတ္တရက္ သူက လွ်ပ္စီးလက္သလို ခ်ဴးယြန္ဆီကို ေျပးဝင္သြားခဲ့ပါၿပီ။

ခ်ဴးယြန္က သူ႕ဓားကို သာမန္ပဲ ေဝ့ယမ္းလိုက္ပါတယ္။
'႐ြပ္'ခနဲ အသံတစ္ခ်က္နဲ႔အတူ ပိုင္ခုန္းေက်ာက္ဟာ အေနာက္ကို ေျခဆယ္လွမ္းခန္႔ ဆုတ္ေပးလိုက္ရပါၿပီ။

"ဒါ နင့္ရဲ႕အားနည္းခ်က္ပဲ"
ခ်ဴးယြန္က ထူးမျခားနားဟန္နဲ႔ ေျပာလိုက္တယ္။
"တကယ့္တိုက္ပြဲအလယ္မွာဆိုရင္ ငါနင့္ကို တစ္ခ်က္တည္းနဲ႔ သတ္လိုက္ႏိုင္မွာ… ဒါက နင့္ရဲ႕ စြမ္းရည္အမွန္ဆိုရင္ေတာ့ တကယ္စိတ္ပ်က္စရာပဲ"

"ညနက္ဓား၊ အ႐ိုးတိုက္စားျခင္း"
ပိုင္ခုန္းေက်ာက္က မခံခ်င္စိတ္နဲ႔ အံႀကိတ္လိုက္ပါတယ္။ သူ႕ရဲ႕ ပထမဆုံးေန႔မွာ ဆရာျဖစ္သူရဲ႕ ကဲ့ရဲ႕တာကို မခံခ်င္ပါဘူး။

ပိုင္ခုန္းေက်ာက္ရဲ႕ လက္ထဲမွာ ညနက္ဓားက ႏွလုံးသားကို ဝါးၿမိဳ၊ကိုက္စားသြားေတာ့မယ့္ ပိုးေကာင္ေလးလို လႈပ္႐ွားကခုန္လာခဲ့ပါၿပီ။

"ဒီလႈပ္႐ွားမွာလည္း အားနည္းခ်က္ေတြ အမ်ားႀကီးပဲ"
ခ်ဴးယြန္က တစ္ခ်က္ၾကည့္ၿပီး‌ ေျပာလိုက္ပါတယ္။

"မျဖစ္ႏိုင္ဘူး…၊ ငါ့ရဲ႕ ဒီလႈပ္႐ွားမႈက ၿပီးျပည့္စုံလုနီးပါးလို႔ ဆရာကေတာင္ ေျပာခဲ့တာ"
ပိုင္ခုန္း‌ေက်ာက္က ေျပာဆိုလိုက္ပါတယ္။ ဒါက သူဂုဏ္ယူရတဲ့ နည္းလမ္းေတြဆိုေပမယ့္ တစ္ဖက္လူက အားနည္းခ်က္ေတြ႐ွိတယ္လို႔ ေျပာလာမယ္လို႔ ထင္မထားခဲ့ပါဘူး။

သူ႕ႏွလုံးသားထဲမွာေတာင္ ေဒါသေတြ ျဖစ္ေပၚလာခဲ့ပါၿပီ။

"အဲဒီမွာ ငါဖ်က္ဆီးလို႔ရတဲ့ အားနည္းခ်က္ငါးခု႐ွိတယ္…။ ေသခ်ာၾကည့္ထား"
ခ်ဴးယြန္က ျငင္းခုန္မေနေတာ့ဘဲ သူ႕ဓားကို ေျမႇာက္လိုက္ပါတယ္။

"ခ်ီ"
ေကာင္းကင္ဓားက ပိုင္ခုန္းေက်ာက္ရဲ႕ ခုခံမႈကို တို႔ဟူးတုံးတစ္ခုကို ပိုင္းျဖတ္သလို ျဖတ္ေတာက္သြားခဲ့ပါၿပီ။

သူ႕ဓားသြားက ပိုင္ခုန္းေက်ာက္ရဲ႕ ျဖဴေဖြးတဲ့လည္တိုင္ေက်ာ့ေက်ာ့နားမွာ ရစ္ဝဲေနလို႔။

"ဒါက ပထမ"

ခ်ဴးယြန္က ေျပာၿပီးတာနဲ႔ ထပ္မံတိုက္ခိုက္ကာ အားနည္းခ်က္ကို ခ်က္ခ်င္း႐ွာေတြ႕လိုက္ျပန္ပါတယ္။

ပိုင္ခုန္းေက်ာက္ လုံးဝ မတားဆီးႏိုင္ပါဘူး။

"ဒါက ဒုတိယ"

"..."

"ဒါက တတိယ"

"..."

"ဒါက စတုတ္တ"

"..."

"ဒါက ပၪၥမ"

"..."

ခ်ဴးယြန္က လႈပ္႐ွားမႈငါးခုကို ဆက္တိုက္ ထုတ္ေဖာ္လိုက္ပါတယ္။

သူက ေလာကႀကီးကို စကၠဴတစ္႐ြက္လို သေဘာထားကာ ဆႏၵ႐ွိသလို စုတ္ခ်က္ခ်ေနႏိုင္တဲ့ ပန္းခ်ီဆရာတစ္ဦးအလား။

ပိုင္ခုန္းေက်ာက္သာမက အျခားငါးဦးပါ အံ့ဩသြားခဲ့ပါၿပီ။

သူ႕ရဲ႕ဓားပညာက ဒီအဆင့္ေတာင္ ေရာက္ေနၿပီလား။

"ဝွစ္"
ခ်ဴးယြန္က ဓားကိုေက်ာမွာကပ္ၿပီး ေလထဲမွာ ရပ္လိုက္ပါတယ္။ သူ႕ရဲ႕ အျဖဴေရာင္ဝတ္စုံကေတာ့ ေလထဲမွာ တဖ်တ္ဖ်တ္လူးလြန္း လႈပ္႐ွားေနလို႔။ သူက ဘာဖိအားမွ မ႐ွိဘဲ အလြန္သက္ေတာင့္သက္သာ ႐ွိပုံရပါတယ္။

ပိုင္ခုန္းေက်ာက္ရဲ႕ မ်က္လုံးထဲမွာ ထိတ္လန္႔၊ တုန္လႈပ္မႈေတြ ျဖစ္ေပၚလာခဲ့ပါၿပီ။

အေတာ္တန္ၾကာၿပီးေနာက္မွာေတာ့ သူေျပာလိုက္ပါေတာ့တယ္။

"ဆရာ…၊ ေက်းဇူးျပဳၿပီး ငါ့ကို သင္ေပးပါ"

အပိုင္း ( 1050 ) လူပုေတြရဲ႕အခက္အခဲ

"ဆရာ၊ သင္ေပးပါ ဆရာ"
ဒီစကား‌ေတြကို ေျပာၿပီးေနာက္ ပိုင္ခုန္းေက်ာက္ဟာ  သူ႕ခြန္အားေတြ ကုန္ခမ္းသြားသလို ခံစားလိုက္ရပါတယ္။

အခုခ်ိန္မွာေတာ့ ခ်ဴးယြန္ကို သူ႕ဆရာအျဖစ္ လုံးဝယုံၾကည္ လက္ခံသြားခဲ့ပါၿပီ။ သူ႕အေနနဲ႔ ဆရာျဖစ္သူဆီကေန အစြမ္းကုန္ ႀကိဳးစားသင္ယူရေတာ့မွာပါ။

ခ်ဴးယြန္ ျပဳံးလိုက္ပါတယ္။ ဒီအတြက္ေတာ့ သူမအံ့ဩမိပါဘူး။

ငတုံးမဟုတ္သ၍ သူ႕ရဲ႕နည္းလမ္းေတြက ဘယ္ေလာက္ေကာင္းမြန္မယ္ဆိုတာကို ျမင္ႏိုင္ပါလိမ့္မယ္။

သူ႕ရဲ႕ မဟာဖြံ႕ၿဖိဳးျခင္းဓားသိုင္းက ဓားပညာအားလံးကို ေပါင္းစပ္ထားတာပါ။ မူလကေတာ့ ခ်ဴးယြန္ဟာ မဟာဖြံ႕ၿဖိဳးျခင္းဓားသိုင္းကို တိုင္ဂန္တိုက္ႀကီးမွာပဲ အဆင့္ျမင့္မယ္လို႔ ထင္ထားခဲ့မိပါတယ္။ ေကာင္းကင္ဘုံခုံ႐ုံးမွာေတာ့ ဒီလိုမျဖစ္သင့္ပါဘူး။

ဒါေပမယ့္ တကယ္တမ္းမွာေတာ့ ဒီလိုမဟုတ္ခဲ့ပါေပ။

ဒါက ဒီမွာလည္း အဆင့္ပိုျမင့္ေနဆဲပါပဲ။

ေကာင္းကင္ဘုံခုံ႐ုံးက ပါရမီ႐ွင္ေတြဟာ တိုင္ဂန္တိုက္ႀကီးက ပါရမီ႐ွင္ေတြထက္ေတာ့ ဓားပညာကို ပိုၿပီး နက္နက္နဲနဲ နားလည္ခဲ့ၾကပါတယ္။

ဒါေပမယ့္ သူတို႔ေတြက မဟာဖြံ႕ၿဖိဳးျခင္းဓားသိုင္းနဲ႔ေတာ့ ႏိႈင္းယွဥ္မရေသးပါဘူး။ ပိုးစုန္းၾကဴးေတြ ဘယ္ေလာက္ပဲ ေတာက္ပေနပါေစ၊ လမင္းႀကီးနဲ႔ေတာ့ ဘယ္လိုလုပ္ၿပီး ႏိႈင္းယွဥ္ႏိုင္မွာလဲ။

ဒါေၾကာင့္ပဲ ခ်ဴးယြန္က လွည့္ကြက္နည္းနည္းသုံးကာ ပိုင္ခုန္းေက်ာက္ကို ထိတ္လန္႔ေစခဲ့တာပါ။

ဒီအတြက္ ပိုင္ခုန္းေက်ာက္ဟာ ေက်ာ္ၾကားတဲ့ မိသားစုက လာေပမယ့္လည္း ခ်ဴးယြန္ရဲ႕ နည္းလမ္းေတြေၾကာင့္ တုန္လႈပ္ခဲ့ရပါေတာ့တယ္။

"အရင္ဆုံး နင္ေလ့က်င့္ေနတဲ့ ဓားပညာကို ငါ့ကစားျပ… အဲဒီအထဲက ခ်ိဳ႕ယြင္းခ်က္ေတြကို႐ွာၿပီး အေျပာင္းအလဲေတြ ငါလုပ္ေပးမယ္"
ခ်ဴးယြန္က ေလ့က်င့္ဖို႔ကို အလ်င္စလိုခဲ့ပါဘူး။ သူက အ႐ွိန္နည္းနည္းေလွ်ာ့ၿပီး တစ္ဆင့္ခ်င္းပဲ သြားဖို႔ ေတြးခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ ပိုင္ခုန္းေက်ာက္ဟာ ဓားပညာကို ႏွစ္ေပါင္းမ်ားစြာ ေလ့က်င့္ခဲ့ၿပီး သူ႕ကိုယ္ပိုင္ပုံစံကိုေတာင္ ပုံေဖာ္ခဲ့ၿပီးပါၿပီ။

ဒါေၾကာင့္ သူက အေလာတႀကီးသင္ၾကားလိုက္မယ္ဆိုရင္ ဆန္႔က်င္ဘက္ အက်ိဳးသက္ေရာက္မႈကို ျဖစ္ေစမွာပါ။

"ဆရာ… ငါ့ကို လမ္းၫႊန္ေပးပါဦး"
ပိုင္ခုန္းေက်ာက္က စိတ္လႈပ္႐ွားမႈေၾကာင့္ နီရဲေနတဲ့မ်က္ႏွာနဲ႔ ေျပာလိုက္ပါတယ္။

သူက ညနက္ဓားကိုကိုင္ကာ အသက္ျပင္းျပင္း႐ႈလိုက္ပါၿပီ။

ခ်ဴးယြန္က ေစာင့္ၾကည့္ေနမွာမို႔ သူအေကာင္းဆုံး ႀကိဳးစားေတာ့မွာပါ။

"ခ်ီ"
ဓားစိတ္ဆႏၵေတြက ပိုင္ခုန္းေက်ာက္ရဲ႕ နံေဘးမွာ  စတင္သိပ္သည္းလာခဲ့ပါၿပီ။

သူ႕ရဲ႕ဓားစြမ္းအင္ေတြဟာ ညအေမွာင္ထဲနဲ႔ ေပါင္းစပ္သြားသလို ရန္သူရင္ဘက္ကို ထိုးသြင္းဟန္ လႈပ္႐ွားလိုက္ပါတယ္။

သူ႕ရဲ႕ပုံစံက တိုက္႐ိုက္ ထိုးႏွက္တဲ့ပုံပါ။

ခ်ဴးယြန္ဟာ ထိုဓားကြက္ကို ၾကည့္႐ႈရင္းနဲ႔ ရင္းႏွီးလာခဲ့ပါၿပီ။

သူ႕ရဲ႕ဓားသိုင္းကို ကစားျပၿပီးေနာက္ ပိုင္ခုန္းေက်ာက္က သူ႕ဓားကိုျပန္ဖယ္ကာ အသက္ျပင္းျပင္း႐ႈလိုက္ပါတယ္။

သူ႕ရဲ႕ လွပတဲ့ မ်က္ႏွာေပၚမွာေတာ့ ေခြၽးစေလးေတြ ခိုတြဲေနလို႔။

"ဆရာ… ငါ့ရဲ႕ဓားပညာက ဘယ္လိုလဲ"
ပိုင္ခုံးေက်ာက္က ယဥ္ေက်းစြာ ေမးလိုက္ပါတယ္။

အရင္တုန္းကလိုဆိုရင္ေတာ့ ပိုင္ခုန္းေက်ာက္ဟာ သူ႕ဓားပညာကို အလြန္ယုံၾကည္မႈ႐ွိေနမွာ အေသခ်ာပါ။

ဒါကေတာ့ သူ႕ဓားပညာဟာ နီဗားနားနယ္ပယ္ ကြၽမ္းက်င္သူတစ္ဦးက ခ်ီးျမႇင့္ေပးခဲ့တာေၾကာင့္မို႔ပါပဲ။

ဒါေပမယ့္ အခုမွာေတာ့ ပိုင္ခုန္းေက်ာက္ဟာ ယုံၾကည္မႈ သိပ္မ႐ွိဝံ့ေတာ့ေပ။

ခ်ဴးယြန္က အလြန္မ်က္လုံးစူးတာေၾကာင့္ သူ႕ဓားပညာက အားနည္းခ်က္ေတြကို ျမင္ေနႏိုင္တယ္မဟုတ္လား။

"အင္း"
ခ်ဴးယြန္ ဘာေျပာရမွန္း မသိေတာ့တာေၾကာင့္ ေခါင္းကိုက္သြားမိပါတယ္။

ဒါက သူေတြးထားတာထက္ အမ်ားႀကီး ပိုဆိုးေနလို႔ပါ။

"ဆရာ… ငါ့ဓားပညာက ဘာေတြခ်ိဳ႕တဲ့ေနတယ္ဆိုတာ ေျပာႏိုင္မလား"
ပိုင္ခုန္းေက်ာက္က ေတာက္ပေနတဲ့ မ်က္လုံးနဲ႔ ေမးလိုက္ပါတယ္။

"ဒီဓားပညာမွာ ခ်ိဳ႕ယြင္းခ်က္က သုံးဆယ့္တစ္ခု႐ွိတယ္… ဒီအထဲက ခုနစ္ခုက လူကို တိုက္႐ိုက္ေသေစႏိုင္တယ္… နင့္ရဲ႕ ဓားပညာကို ငါဖ်က္ဆီးမယ္ဆိုရင္ နည္းလမ္းေပါင္း ၄၆၇ ခု႐ွိတယ္"
ခ်ဴးယြန္က ခဏစဥ္းစားၿပီးေနာက္ အမွန္အတိုင္း ေျပာလိုက္ပါတယ္။

ေမွ်ာ္လင့္ခ်က္ေတြ ျပည့္ႏွက္ေနတဲ့ ပိုင္ခုန္းေက်ာက္ရဲ႕ မ်က္ႏွာဟာ ခ်က္ခ်င္းပဲ ဝမ္းနည္းမႈေတြ ျပည့္ႏွက္သြားခဲ့ပါၿပီ။

အေဝးမွာ ေလ့က်င့္ေနၾကသူေတြလည္း ေသြးအန္လုနီးပါး ျဖစ္ကုန္ၾကပါတယ္။

ပိုင္ခုန္းေက်ာက္က အလြန္သန္မာသူပါ။ ဒါေပမယ့္ သူ႕ဆီမွာေတာင္ အားနည္းခ်က္ေတြ အမ်ားႀကီး႐ွိေနမယ္လို႔ ဘယ္သူက ထင္ထားခဲ့မွာလဲ။

ပိုင္ခုန္းေက်ာက္ေတာင္ ဒီလိုဆိုရင္ သူတို႔ဆိုရင္ေရာ ဘယ္လိုေနၾကမလဲ။

"မပူပါနဲ႔…၊ ဒါနဲ႔ ျပင္ဆင္သြားလို႔ရတယ္ေလ"
ပိုင္ခုန္းေက်ာက္ မ်က္ႏွာညိဳးသြားတာကိုျမင္ၿပီးေနာက္ ခ်ဴးယြန္က ျပဳံးကာ ႏွစ္သိမ့္လိုက္ပါတယ္။

"ဆရာ လမ္းၫႊန္ေပးပါ"
ဒါကိုၾကားၿပီးေနာက္ ပိုင္ခုန္းေက်ာက္ရဲ႕ မ်က္လုံးေတြက တစ္ဖန္ေတာက္ပလာခဲ့ပါၿပီ။

ဒီခ်ိဳ႕ယြင္းခ်က္ေတြကိုသာ ျပင္ဆင္ႏိုင္ရင္ သူဘယ္ေလာက္ထိ တိုးတက္လာႏိုင္မလဲ။

"ေသခ်ာၾကည့္"
ခ်ဴးယြန္က ေကာင္းကင္ဓားကို ‌ျပန္ေဖ်ာက္လိုက္ပါတယ္။ သူက ကီစြမ္းအင္ကိုသုံးကာ ဓားတစ္လက္ကို ဖန္တီးလိုက္ပါၿပီ။ ဒါက ညနက္ဓားနဲ႔ အလြန္ဆင္တူေနလို႔ပါ။

"ဒီဓားနဲ႔ပဲ ငါကစားျပမယ္"
ေျပာၿပီးတာနဲ႔ ခ်ဴးယြန္မ်က္လုံးက စူး႐ွလာကာ လူသတ္ေငြ႕ေတြ ထြက္ေပၚလာခဲ့ပါၿပီ။

ဓားအလင္းက ေလထုကို ထိုးေဖာက္သြားခဲ့ပါတယ္။ ဓားအ႐ွိန္အဝါေတြကလည္း လူအားလုံးကို တိုက္ခိုက္လိုက္ပါၿပီ။ ပတ္ဝန္းက်င္တစ္ခြင္ကေတာ့ တိတ္ဆိတ္ေနၿပီး သတ္ျဖတ္ခ်င္စိတ္ေတြသာ က်န္႐ွိပါေတာ့တယ္။

ပိုင္ခုန္းေက်ာက္ဟာ ခ်ဴးယြန္ရဲ႕လႈပ္႐ွားမႈေတြကို ရင္းႏွီးသလို ခံစားေနရလို႔ပါ။ ႐ုတ္တရက္ သူအံ့ဩသြားခဲ့ပါၿပီ။ ဒါက သူကစားျပခဲ့တဲ့ ဓားပညာမဟုတ္ဘူးလား။

သူက တစ္ႀကိမ္ပဲ ကစားျပေပမယ့္ ခ်ဴးယြန္ကေတာ့ မွတ္မိေနၿပီး ပိုေကာင္းေအာင္ေတာင္ ျပင္ဆင္လာခဲ့ပါၿပီ။

သူက ဘယ္ေလာက္ေတာင္ ဉာဏ္ေကာင္းေနတာလဲ။

သူက အစပိုင္းမွာ ရင္းႏွီးသလို ခံစားရေပမယ့္ မမွတ္မိတာ အံ့ဩစရာေတာ့ မဟုတ္ေတာ့ပါဘူး။

ခ်ိဳ႕ယြင္းခ်က္ကို ျပင္လိုက္တာနဲ႔ ဓားပညာကလည္း ေျပာင္းလဲသြားရပါလိမ့္မယ္။

အခု ခ်ဴးယြန္ဟာ ျပန္ျပဳျပင္ထားတာကို ကစားေနတာေၾကာင့္ မူလပုံရိပ္ကိုေတာ့ ျမင္ေနရဆဲပါ။

ဓားပညာကို ႏွစ္ေပါင္းမ်ားစြာ ေလ့လာခဲ့သူအေနနဲ႔ သူ႕ရဲ႕နားလည္ႏိုင္စြမ္းက မနိမ့္ပါဘူး။

ဒါေၾကာင့္ ခ်ဴးယြန္က အခ်ိန္အတြင္းမွာ ျပဳျပင္ခဲ့တဲ့ ထိုဓားသိုင္းက ဘယ္ေလာက္ထိ ေၾကာက္စရာေကာင္းတယ္ဆိုတာ သိပါတယ္။

ပိုင္ခုန္းေက်ာက္ဟာ ခ်ဴးယြန္ရဲ႕ လႈပ္႐ွားမႈေတြထဲမွာ နစ္ေမ်ာသြားခဲ့ပါၿပီ။

ခ်ဴးယြန္ရဲ႕ လႈပ္႐ွားမႈ‌တစ္ခုစီက သူ႕ကို ဉာဏ္အလင္းပြင့္ဖို႔ ကူညီေပးေနသလို ခံစားေနရပါေတာ့တယ္။

........

စစ္ႏိုင္ငံေတာ္၊ ေ႐ႊတူၿမိဳ႕။

"မေအာင္ျမင္ျပန္ဘူး"
ေက်ာက္တိုင္ေခြၽက သူ႕လက္ထဲက တူႀကီးကို ျပန္ခ်လိုက္ပါတယ္။ သူ႕မ်က္ႏွာေပၚမွာေတာ့ ပင္ပန္းႏြမ္းနယ္မႈေတြ ျပည့္လို႔။

သူက မူလမိုးႀကိဳးတူေနရာမွာ ပုံတူပြားမိုးႀကိဳးတူကို အစားထိုးအသုံးျပဳဖို႔ ႀကိဳးစားေနတာ ၾကာျမင့္ခဲ့ပါၿပီ။ ဒါေပမယ့္ ကံမေကာင္းခ်င္ေတာ့ သူဘယ္ေလာက္ပဲ ႀကိဳးစားေနပါေစ အသုံးမဝင္ေသးပါဘူး။

အရင္တုန္းကဆိုရင္ လူပုေတြဟာ ဒ႑ာရီအဆင့္ လက္နက္ေတြကိုေတာင္ ဖန္တီးႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ အခုေတာ့ စစ္လက္နက္ေတြသာ ထုတ္လုပ္ႏိုင္ပါေတာ့တယ္။

ထူးကဲလက္နက္ေတြဆိုရင္ေတာင္ အိပ္မက္တစ္ခုလို ျဖစ္ေနခဲ့ပါၿပီ။

"သား"
အခန္းထဲကို လူတစ္ေယာက္က မႈန္႔မိႈင္းေနတဲ့မ်က္ႏွာနဲ႔ ဝင္လာခဲ့ပါတယ္။ သူက ဝတ္႐ုံ႐ွည္ႀကီးကို ဝတ္ထားတာေၾကာင့္ ထူးကဲတဲ့အ႐ွိန္အဝါေတြေတာ့ ထြက္ေပၚေနဆဲပါ။

"အေဖ"
ေက်ာက္တိုင္ေခြၽက ခါးသက္သက္နဲ႔ လွည့္ၾကည့္လိုက္ၿပီး
"ငါက်႐ႈံးျပန္ၿပီ"

"တိုင္ေခြၽ… မင္းက ငါတို႔ႏိုင္ငံရဲ႕ မ်ိဳးဆက္သစ္လူငယ္ေတြၾကားမွာ အရည္အခ်င္းအ႐ွိဆုံး ပန္းပဲဆရာပါ… ငါတို႔သာ မိုးႀကိဳးတူကို မဆုံး႐ႈံးခဲ့ရရင္ မင္းနဲ႔ အလိုက္ဖက္ဆုံးျဖစ္လာမွာ အေသခ်ာပဲ"
လူႀကီးက ေက်ာက္တိုင္ေခြၽကို ပုခုံးပုတ္ၿပီး ေျပာလိုက္ပါတယ္။
"ဒီအတြက္ ငါမင္းကို အျပစ္မတင္ပါဘူး"

"အေဖ… အခု ခ်ဴးယြန္က ေတာ္ဝင္နန္းေတာ္ကို ေရာက္ေနပါၿပီ… သူအခြင့္အေရးရမလာဘူးလို႔ ဘယ္သူေျပာႏိုင္မွာလဲ"
ေက်ာက္တိုင္ေခြၽက အနည္းငယ္ ေခါင္းေမာ့ၿပီး ေျပာလိုက္ပါတယ္။

"တိုင္ေခြၽ… မင္းက ငယ္ေသးတယ္၊ မင္းက အျပင္ေလာကႀကီးအေၾကာင္းကို သိပ္မသိပါဘူး"
လူပုႀကီးက သက္ျပင္းခ်ၿပီး ေျပာလိုက္တယ္။
"သူသာ မိုးႀကိဳးတူခႏၶာကိုရခဲ့ရင္ ငါတို႔ဆီကို ဘာလို႔လာေပးေတာ့မွာလဲ… ဧကရာဇ္ကိုသာ ဒီအေၾကာင္းေတြေျပာလိုက္တာကမွ သူ႕အတြက္ အမ်ားႀကီးပိုေတာင္ေကာင္းဦးမွာ...။ လူေတြရဲ႕ေလာဘက အတိုင္းဆမဲ့ပါပဲ…။ သူတို႔က မိုးႀကိဳးတူခႏၶာကို အေၾကာင္းျပဳၿပီး ငါတို႔ကို အၾကပ္ကိုင္လာႏိုင္တယ္"

"မင္းသူ႕ကို ဒီေလာက္လြယ္လြယ္ မေျပာလိုက္သင့္ဘူး"

ထိုလူပုကေတာ့ ေက်ာက္တိုင္ေခြၽရဲ႕ဖခင္၊ စစ္ႏိုင္ငံရဲ႕ ဘုရင္ျဖစ္တဲ့ ေက်ာက္တူက်ိပါပဲ။

"အေဖ… ခ်ဴးယြန္က အျခားသူေတြနဲ႔မတူဘူးဆိုတာ ငါယုံတယ္"
ေက်ာက္တိုင္ေခြၽက ေျပာလိုက္ကါတယ္။

"ဟင္း"
ေက်ာက္တိုင္ေခြၽက ေခါင္းမာေနတာကိုျမင္ၿပီးေနာက္ ေက်ာက္တူက်ိ သက္ျပင္းခ်လိုက္ပါၿပီ။

ခ်ဴးယြန္သာ ဒီအေၾကာင္းေတြ ဖန္႔ဝူက်င္းကို ေျပာျပလိုက္ရင္ သူတို႔ေပးႏိုင္တာထက္ပိုတဲ့ အဆင့္အတန္းကို ရမွာပါ။

ေနာက္ၿပီး ခ်ဴးယြန္မွာလည္း ဒီလိုမလုပ္စရာ အေၾကာင္းမွမ႐ွိတာ။

ေနာက္ၿပီး ခ်ဴးယြန္က ဖန္႔ဝူက်င္းဘက္ကပဲ မဟုတ္လား။ သူက လူပုေတြကို ဘာေၾကာင့္ တိတ္တဆိတ္ဆက္သြယ္ေနရမွာလဲ။

ဒီသတင္းသာ ေပါက္ၾကားသြားရင္ ဖန္႔ဝူက်င္းက သူတို႔ကို ဘာေတြမ်ားလုပ္လာမလဲ။

စစ္ႏိုင္ငံက မေပးႏိုင္တာကိုေတာင္ ျမင့္ျမတ္တိုင္းျပည္တစ္ခုက ေပးႏိုင္ပါတယ္။

ဒါေၾကာင့္ ေက်ာက္တူက်ိဟာ ခ်ဴးယြန္က လွ်ိဳ႕ဝွက္ခ်က္ကို ထိန္းသိမ္းေပးထားမယ္လို႔ေတာ့ သိပ္မထင္ပါဘူး။

"တိုင္ေခြၽ… ငါတို႔လူပုေတြ သိပ္မေဝးေတာ့ဘူးလို႔ ခံစားေနရၿပီ"
ေက်ာက္တူက်ိက အသံနက္ႀကီးနဲ႔ ေျပာလိုက္ပါတယ္။
"ငါတို႔ အားလုံးကို မ်က္ႏွာခ်င္းဆိုင္ရဖို႔ မလိုေတာ့ဘူး"

"သခင္ေလး၊ ဒီမွာ မင္းအတြက္ စာလာပါတယ္"
ဒီအခ်ိန္မွာပဲ အျပင္ကေန လူပုတစ္ေယာက္ ဝင္လာခဲ့ပါတယ္။ ဒါေပမယ့္ သူ႕အမူအရာက ယဥ္ေက်းမႈေတာ့ သိပ္မ႐ွိပါဘူး။

ဒါေပမယ့္ ဒါကလည္း သူတို႔လူပုေတြက လြတ္လြတ္လပ္လပ္ေနတတ္ၾကလို႔ပါ။

လူ႐ိုင္းေလးက ေက်ာက္တူက်ိကိုျမင္ၿပီးေနာက္ ခ်က္ခ်င္းဦးၫႊတ္ကာ ေျပာလိုက္ပါတယ္။
"မင္းႀကီး"

"ငါ့ကိုစာေပးစမ္း"
ေက်ာက္တိုင္ေခြၽက ေျပာလိုက္ပါတယ္။

စာလာပို႔တဲ့ လူပုေလးကေတာ့ ခ်က္ခ်င္း ထြက္ခြာသြားခဲ့ပါၿပီ။

နဂါးဂိတ္ညီလာခံၿပီးတာၾကာၿပီျဖစ္ေပမယ့္ ခ်ဴးယြန္က သူ႕ကို တစ္ခါမွ လာမေတြ႕ေသးပါဘူး။ ဒါေၾကာင့္ ေက်ာက္တိုင္ေခြၽဟာ ဒီစာကို သိပ္ေတာ့ စိတ္ထဲမထားေတာ့ေပ။

သူ႕အျမင္အရ ဒါက အျခားအဖြဲ႕စည္းေတြက ေပးလာတာပဲ ျဖစ္မွာပါ။

"သံတူေလး… ငါတို႔ေစာင့္ေနလို႔မရေတာ့ဘူး... မိုးႀကိဳးတူကိုမွမရရင္ေတာ့ ဒါက အဆုံးသတ္ရလဒ္ပဲ"
ေက်ာက္တူက်ိက နာက်င္မႈေတြ ျပည့္ႏွက္ေနတဲ့ မ်က္လုံးနဲ႔ လက္သီးဆုပ္လိုက္ပါတယ္။
"အဆင္မေျပရင္ေတာ့ တူျပန္ရဖို႔အတြက္ ငါတို႔ ဖန္႔ဝူက်င္းနဲ႔ပဲ စကားေျပာရေတာ့မွာပဲ… သူက ငါတို႔ကိုလူပုေတြကို ေက်ာက္ခဲအဆီေတာ့ မညႇစ္ေလာက္ပါဘူး"

ေက်ာက္တိုင္ေခြၽကေတာ့ ျပန္မေျဖအားပါဘူး။ သူက စာကိုဖတ္ရင္း သူ႕ခႏၶာကိုယ္က တုန္ခါလာခဲ့ပါၿပီ။

"အ… အေဖ"
သူက စိတ္လႈပ္႐ွားမႈေၾကာင့္ ထစ္ေငါ့စြာ ေခၚလိုက္ပါတယ္။

"ဘာျဖစ္လို႔လဲ"
ေက်ာက္တူက်ိက  မ်က္လုံးေတြက က်ဥ္းေျမာင္းသြားကာ လွည့္ၾကည့္လိုက္ပါတယ္။

"အိုး"
ဒီခဏမွာ ေက်ာက္တိုင္ေခြၽဟာ ဘာကိုမွ ဂ႐ုမစိုက္ႏိုင္ေတာ့ပါဘူး။

သူက ႐ုတ္တရက္ ေက်ာက္တိုင္ေခြၽရဲ႕ လက္ႏွစ္ဖက္ကိုဆြဲကာ စိတ္လႈပ္႐ွားစြာ ေျပာလိုက္ပါၿပီ။
"ခ်ဴးယြန္… သူ… သူတူရလာခဲ့ၿပီ"

Continue Reading

You'll Also Like

271K 23K 84
គេមាន​សំណាង​ ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក​ ព្រីនស៊ីសគ្រីសស្តាល់​ / គីម​ ថេហ្យុង មីន យ៉ុនហ្គីXផាក ជី...
162K 15.8K 48
គីម ថេយ៉ុងជាកម្មសិទ្ធរបស់ខ្ញុំ ចាំទុក! ប្រភេទ : ABO(Omegavers) Writer : Ara
578K 15K 77
၍ficတွင် 🔞🔞များနှင့် ရိုင်းစိုင်းတဲ့စကားလုံးများပါပါသည်။ မကြိုက်နှစ်သက်ပါက မဖတ်ပါနဲ့။ ပြီးမှ လာ မwarပါနဲ့ ၍ficတြင္ 🔞🔞မ်ားႏွင့္ ရိုင္းစိုင္းတဲ့...
123K 5.7K 174
Bota e Mafies është një botë e errët ku jo të gjithë zgjedhin të jenë pjesë e saj. Ajo nuk kishte zgjedhur të ishte pjesë e asaj bote...ishte fati q...