ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အ...

Per KazunoMora

73.7K 8.5K 100

အပိုင်း ၃၉၅ မှ ၁၂၈၀ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထ... Més

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း ဇာတ္လမ္းအက်ဥ္း
အပိုင်း_395_မင်းကိုဘာကြောင့်ရှင်းပြရမှာလဲ
အပိုင်း_396_တိုက်ပွဲမပြီးသေးဘူး
အပိုင်း_397_ဆေဘာနဲ့ဓါးစိတ်ဆန္ဒ
အပိုင်း_398_ရှည်ကြာသောတိုက်ပွဲ
အပိုင်း_399_ငရဲလောကမှထွက်ခွာနိုင်ပြီ
အပိုင်း_400_ကျွန်တော်လိုချင်တာက
အပိုင်း_401_ရွှေထျန်းသခင်လေး
အပိုင်း_402_ဗာဂျရာခန္ဓာကိုယ်
အပိုင်း_403_ကျုပ်မပြောင်းလဲနိုင်ဘူး
အပိုင်း_404_နတ်ဆိုးဗုဒ္ဓတိုက်ပွဲဝင်ခန္ဓာကိုယ်
အပိုင်း_405_နိုးထလာတဲ့နဂါးစွယ်မြက်
အပိုင်း_406_မင်းတို့‌မျက်လုံးတွေပြူးပြီးကြည့်လိုက်ကြစမ်း!
အပိုင်း_407_ထူးခြားသောနတ်ဆိုးလောက
အပိုင်း_408_ထူးခြားပြီးကြမ်းကြုတ်တဲ့အသွင်ပြင်
အပိုင်း_409_နတ်ဆိုးကီ
အပိုင်း_410_ချူးယွန်ငါထင်တာက
411 to 415
416 to 420
421 to 425
426 to 430
431 to 435
436 to 440
441 to 445
446 to 450
451 to 455
456 to 460
461 to 465
466 to 470
471 to 475
476 to 480
481 to 485
486 to 490
491 to 495
496 to 500
501 to 505
506 to 510
511 to 515
516 to 520
521 to 525
526 to 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601-605
606-610
611-615
616-620
621-625
626-630
631-635
636-640
641-645
646-650
651-655
656-660
661-665
666-670
671-675
676-680
681-685
686-690
691-695
696-700
701-705
706-710
711-715
716-720
721-725
726-730
731-735
736-740
741-745
746-750
751-755
756-760
761-765
766-770
771-775
776-780
781-785
786-790
791-795
796-800
801-805
806-810
811-815
816-820
821-825
826-830
831-835
836-840
841-845
846-850
851-855
856-860
အပိုင်း ( 861 ) ချန်းပိနင်းရဲ့ လျှို့ဝှက်ချက်
အပိုင်း ( 862 ) မင်းဘယ်သူ့ကိုလိမ်လာတာလဲ
အပိုင်း ( 863 ) ဖန်အိမ်တော်ကလူ
အပိုင်း ( 864 ) ဒါဆို ငါမပြန်ဘူး
အပိုင်း ( 865 ) ဟွာဖေးလုံရောက်လာခြင်း
အပိုင်း ( 866 ) မတူညီတဲ့ အတွေးအခေါ်တွေနဲ့ တိုက်ဆိုင်မှု
အပိုင်း ( 867 ) ဒါကြောင့်ပဲ ငါလာခဲ့တာ
အပိုင်း ( 868 ) ချူးယွန်ရဲ့ ကျင့်ကြံခြင်းနည်းလမ်း
အပိုင်း ( 869 ) မှန်ကန်တဲ့လမ်းစဉ်
အပိုင်း ( 870 ) ဟော်အိမ်တော်
871-875
876-880
881-885
886-890
891-895
896-900
901-905
911-915
916-920
921-925
926-930
931-935
936-940
941-945
946-950
951-955
956-960
961-965
966-970
971-975
976-980
981-985
986-990
991-995
996-1000
1001-1005
1006-1010
1011-1015
1016-1020
1021-1026
1027-1030
1031-1035
1036-1040
1041-1045
1046-1050
1051-1055
1056-1060
1061-1065
1066-1070
1071-1075
1076-1080
1081-1085
1086-1090
1091-1095
1096-1100
1101-1105
1106-1110
1111-1115
1116-1120
1121-1125
1126-1130
1131-1135
1136-1140
1141-1145
1146-1150
1151-1155
1156-1160
1161-1165
1166-1170
1171-1175
1176-1180
1181-1185
1186-1190
1191-1195
1196-1200
1201-1205
1206-1210
1211-1215
1216-1220
1221-1225
1226-1230
1231-1235
1236-1240
1241-1245
1246-1250
1251-1255
1256-1260
1261-1265
1266-1270
1271-1275
1276-1280

906-910

360 47 0
Per KazunoMora

အပိုင်း ( 906 ) တစ်ချက်တည်းနဲ့ ဟုန်ဟောင်ထျန်းကို သတ်ဖြတ်ခြင်း

မူလက ချူးယွန်ရဲ့ လက်သီးအရိပ်က ဟုန်ဟောင်ထျန်းရဲ့ လက်ဝါးအရိပ်ကို မနှိုင်းယှဉ်နိုင်ပါဘူး။

လက်ဝါးပုံရိပ်ကြောင့် ဖြစ်ပေါ်လာတဲ့ လေလှိုင်းတွေကိုတောင် သူမခံနိုင်တာ သေချာပါတယ်။

ဒါပေမယ့် တာ့လင်ရဲ့စွမ်းအားတွေ စီးဆင်းလာပြီးနောက်မှာတော့… သူ့ရဲ့အရှိန်အဝါတွေက ကြောက်မက်ဖွယ်ကောင်းလောင်အောင် မြင့်မားလာခဲ့ပါပြီ။

အချိန်တိုအတွင်းမှာဘဲ သူက ဟုန်ဟောင်ထျန်းနဲ့ ယှဉ်နိုင်လာခဲ့ပါတော့တယ်။

ဒီလက်သီးချက်က ချူးယွန်ရဲ့ခွန်အားနဲ့ တာ့လင်ရဲ့စွမ်းအားတွေကို ပေါင်းစည်းထားခဲ့တာပါ။

ချူးယွန်ရဲ့ လက်ရှိအဆင့်က ဟုန်ဟောင်ထျန်းအောက် မနိမ့်တော့ပါဘူး။

ဒါက အဆင့်တူကျွမ်းကျင်သူနှစ်ဦးရဲ့ တိုက်ပွဲဖြစ်သွားခဲ့ပါပြီ။

ဟုန်ဟောင်ထျန်း ရုတ်တရက်မို့ မျက်လုံးပြူးသွားခဲ့ပါတယ်။ သူ့ရဲ့လက်ဝါးရိုက်ချက်က တစ်ဖက်လူကို တစ်ခါတည်းသေသွားစေနိုင်မယ်လို့ ထင်ထားခဲ့တာပါ။

ဒါပေမယ့် အချိန်တိုအတွင်း ကြီးမားတဲ့ အပြောင်းအလဲတစ်ခုဖြစ်လာမယ်လို့ ဘယ်သူမှ ထင်မထားခဲ့ပါဘူး။

ချူးယွန်ရဲ့ အရှိန်အဝါတွေက ဘယ်လိုလုပ်ပြီး သူနဲ့တောင် နှိုင်းယှဉ်လာနိုင်တာလဲ။

သူက သူ့ရဲ့နယ်ပယ်ကို အမြဲဖုံးကွယ်ထားခဲ့တာလား။

သူ့စိတ်ထဲမှာ အတွေးမျိုးစုံ ဖြစ်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် ဟုန်ဟောင်ထျန်းဟာ အများကြီးတွေးနေဖို့ အချိန်မရှိပါဘူး။ သူ့ရဲ့လက်ဝါးရိုက်ချက်က ချူးယွန်ရဲ့လက်သီးနဲ့ တွေ့ဆုံသွားခဲ့ပါပြီ။

လက်သီးနဲ့ လက်ဝါးပုံရိပ်က တစ်ခုကိုတစ်ခု တွန်းလှန်ပြီး ဖိနှိပ်နိုင်ဖို့ ကြိုးစားနေလို့ပါ။

ပရိသတ်တွေရဲ့ မျက်လုံးထဲမှာ ဒါက နေလုံးကြီးနှစ်စင်းက အားချင်းပြိုင်နေခဲ့သလိုပါပဲ။ ဘယ်သူမှ နောက်မဆုတ်ချင်ပါ။ ဘယ်သူမှ အရှုံးမပေးချင်ပါဘူး။

ရုတ်တရက် ဟုန်ဟောင်ထျန်းရဲ့ ခန္ဓာကိုယ်က တုန်ရီသွားပြီး အနောက်ကို ဆုတ်သွားခဲ့ပါတယ်။

လက်သီးနဲ့ လက်ဝါး အားပြိုင်တဲ့နေရာမှာ သူက ချူးယွန်ရဲ့ တွန်းထုတ်ချင်းကို ခံနေခဲ့ရပါပြီ။

ဒါကဘယ်လိုဟာသမျိုးလဲ။

ငါသူ့ကို မယှဉ်နိုင်ဘူးလား။

ငါဒီကောင်လေးကိုမယှဉ်နိုင်ဘူးလား။

"ဝုန်း"
စွမ်းအားကြီးနှစ်ခုက ယှဉ်ပြိုင်တွန်းလှန်နေပြီးနောက် ဝုန်းကနဲ ပေါက်ကွဲသွားခဲ့ပါတယ်။

မျက်စေ့တစ်မှိတ်အတွင်းမှာဘဲ သာမန်မျက်စေ့နဲ့မြင်နိုင်တဲ့ အားလှိုင်းတွေက နေရာအနှံ့ကိုဖြာထွက်လာခဲ့ပါပြီ။

"အမြန်ရှောင်ဟ"
ရှောက်ယုံကျန်း တုန်လှုပ်သွားခဲ့ပါတယ်။ ဟုန်ကျူးရဲ့လက်ကိုဆွဲပြီး သူချက်ချင်းပဲ အဝေးကို ပျံသန်းသွားလိုက်ပါတော့တယ်။

"ချီ"
အားလှိုင်းတွေ ဖြတ်သန်းသွားခဲ့တာနဲ့ အားနည်းတဲ့ ပရိသတ်များစွာက မျက်စေ့တစ်မှိတ်အတွင်း သေဆုံးသွားခဲ့ကြပါပြီ။ သူတို့ဟာ အော်ဟစ်ဖို့တောင် အချိန်မရလိုက်ပါဘူး။

သူတို့က အပြစ်မရှိပေမယ့်လည်း တိုက်ပွဲရဲ့ ရိုက်ခတ်မှုက ငဲ့ညှာမှုမရှိခဲ့ပါ။

"သွားစမ်း"
နောက်ဆုံးမှာ ချန်းပိနင်းက ရွှေလလက်စွပ်ရဲ့ ချုပ်နှောင်မှုကို ချိုးဖြတ်ပြီး အားလှိုင်းတွေကို ဖြတ်တောက်ပစ်လိုက်ပါတယ်။

"ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအား"
ချန်းပိနင်းဟာ သက်ရောက်မှုကို ခံစားရပြီးနောက်  သူ့ရဲ့ လှပတဲ့မျက်လုံးတွေထဲမှာ ထိတ်လန့်မှုတွေ ပြည့်နှက်သွားခဲ့ပါတယ်။

ဟုန်ဟောင်ထျန်းမှာ ဒီလိုစွမ်းအားမျိုးရှိနေတဲ့အတွက် သူမအံ့ဩမိပါဘူး။ နောက်ဆုံးမှာတော့ သူက ကျော်ကြားတဲ့ လော့ဖူမြို့တော်သခင်တစ်ယောက်ပါ။

ဒါပေမယ့် ချူးယွန်က လှည့်ကင်းခန်းမမှာ ငါးနှစ်ခန့်သာ ရှိနေခဲ့ပြီး သူ့ရဲ့နယ်ပယ်ကလည်း အခြေတည် သူတော်စင်နယ်ပယ်မှာပဲ ရှိနေပါသေးတယ်။

သူက ဘယ်လိုလုပ်ပြီး အထွတ်အထိပ် သေခြင်းရှင်ခြင်းနယ်ပယ် ကျွမ်းကျင်သူနဲ့ ရင်ဆိုင်လာနိုင်တာလဲ။

သူ့အရှေ့က အဖြစ်အပျက်တွေက အလွန်တုန်လှုပ်စရာကောင်းလွန်းပါတယ်။ ချန်းပိနင်းဟာ သူ့ခံစားချက်တွေကို ဘယ်လိုထိန်းချုပ်ရမယ်မှန်း မသိတော့ပါဘူး။

"ခွေးမသားလေး… မင်းက ငါနဲ့တိုက်ခိုက်ချင်သေးတယ်ပေါ့"
ဟုန်ဟောင်ထျန်း ရူးသွပ်စွာ အော်ဟစ်လိုက်ပါတယ်။ သူ့ကို ဖိနှိပ်နေသလို ခံစားနေရပြီး အတွေးမျိုးစုံက သူ့စိတ်ထဲမှာ ဖြစ်ပေါ်လာခဲ့ပါပြီ။

အားချင်းယှဉ်တဲ့နေရာမှာ သူက အငယ်တစ်ဦးကိုတောင် မယှဉ်နိုင်ဘူးလား။

မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး။

ချူးယွန်ရဲ့ မျက်လုံးထဲမှာတော့ သန့်စင်ခြင်းလမ်းကိုးပါးစေတီရဲ့ ပုံရိပ်က တည်ငြိမ်စွာရှိနေဆဲပါ။

လက်ရှိမှာ သူက တာ့လင်ရဲ့စွမ်းအင်တွေကို အသုံးပြုထားတာကြောင့် သူ့ရဲ့နယ်ပယ်က သေခြင်းရှင်ခြင်းနယ်ပယ်ကို ရောက်ရှ်ိနေခဲ့ပါပြီ။

ဒါက သူ့ရဲ့ စစ်မှန်တဲ့နယ်ပယ်မဟုတ်ပေမယ့်လည်း ထိုစွမ်းအားတွေကို ကောင်းမွန်စွာ အသုံးပြုနိုင်ဆဲပါ။

ဟုန်ဟောင်ထျန်း အံကြိတ်လိုက်ပါတယ်။ သူ့ရဲ့စွမ်းအင်ဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပဲဖြစ်ဖြစ် ချူးယွန်ကို ဖိနှိပ်လို့မရပါဘူး။

သူက ချူးယွန်နဲ့မတူပါ။ ချူးယွန်က ခန္ဓာကိုယ် သန့်စင်သူဖြစ်ပြီး သန်မာတဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိပါတယ်။ သူကတော့ မဟုတ်ပါဘူး။

သူသာ အခုနေဆုတ်လျှော့မပေးဘဲ တင်းခံနေရင် သူ့လက်ကျိုးသွားနိုင်ပါတယ်။

"ခွေးမသားလေး… မင်းက သေချင်နေမှတော့ အခြားသူတွေကို အပြစ်မတင်နဲ့"
ဟုန်ဟောင်ထျန်းက နောက်ဆုံးမှာတော့ နောက်မဆုတ်တော့ဘဲ အော်ဟစ်လိုက်ပါတယ်။
"စုပ်ယူခြင်း"

ရုတ်တရက် သူ့လက်ဝါးက ပြင်းထန်တဲ့ စုပ်ယူအားတွေ ထွက်ပေါ်လာပြီး ချူးယွန်ရဲ့ လက်သီးကို ဆုပ်ကိုင်လိုက်ပါတယ်။

'မင်းအသားကို ထိုးဖောက်နိုင်သ၍ မင်းရဲ့စွမ်းအင်တွေကို ငါစုပ်ယူနိုင်မှာကွ'

ဒါက ဟုန်ဟောင်ထျန်းရဲ့ အဓိကအကွက်ပါ။ သူက ဒီနည်းလမ်းနဲ့ ပြိုင်ဘက်များစွာကို အနိုင်ယူခဲ့ဖူးပါတယ်။

ဒီနေ့မှာ ချူးယွန်လည်း ခြွင်းချက်မရှိနိုင်ပါဘူး။

"ဂျွတ်"
သူက ချူးယွန်ရဲ့လက်ကို ဖမ်းဆုပ်ပြီးတာနဲ့ သူ့လက်သည်းတွေနဲ့ သတ္တဝါတစ်ကောင်ရဲ့ပါးစပ်လို ကိုက်ခဲလိုက်ပါတယ်။ ဒါပေမယ့် ချူးယွန်ရဲ့ အရေပြားက ဘာမှမဖြစ်စေနိုင်ခဲ့ပါဘူး။

ဆန့်ကျင်ဘက်အနေနဲ့ သူ့လက်သည်းတွေကျိုးထွက်သွားခဲ့ပါပြီ။

"အား"
ဟုန်ဟောင်ထျန်း နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ့လက်က တုန်ခါသွားခဲ့ပါတယ်။

"မဖြစ်နိုင်ဘူး… မင်းရဲ့ခန္ဓာကိုယ်က ဘယ်လိုလုပ်ပြီး ဒီလောက်သန်မာရတာလဲ… မင်းကလူရိုင်းလား"
ဟုန်ဟောင်ထျန်းရဲ့ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပါတယ်။ သူ့ခန္ဓာကိုယ်က ဒီအတိုင်းဆိုရင် ကြာကြာတောင့်မခံနိုင်တော့ပါဘူး။

အခြားတစ်ဖက်မှာတော့ ချူးယွန်ရဲ့ မျက်နှာက အပြောင်းအလဲမရှိပါဘူး။ သူက သူ့ကို အပြင်းအထန်ဖိနှိပ်နေပြီး အပိုစကားတွေမပြောချင်ခဲ့သလိုပါပဲ။

တကယ်တော့ သူက မပြောချင်တာမဟုတ်ပါ။

တာ့လင်ရဲ့စွမ်းအင်တွေကို အသုံးပြုပြီး ဟုန်ဟောင်ထျန်းရဲ့ လက်ဝါးရိုက်ချက်ကိုတော့ သူဟန့်တားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အဆင့်ထက် များစွာပိုမြင့်တဲ့ စွမ်းအင်တွေကို လက်ခံထားရတာကြောင့် သူ့ရဲ့သွေးကြောတွေက နာကျင်နေခဲ့ပါပြီ။

ဒီဖြစ်စဉ်မှာ သူက ကြီးမားတဲ့ဖိအားကို ကြံ့ကြံ့ခံနေခဲ့ရတာပါ။ ဒါကြောင့် ဟုန်ဟောင်ထျန်းကို ဆဲဆိုမနေနိုင်ခဲ့ပါဘူး။

မဟုတ်ရင် သူ့ရဲ့စကားတွေနဲ့ ဟုန်ဟောင်ထျန်းကို စိတ်ဓါတ်ကျသွားတဲ့အထိ ပြောဆိုစော်ကားမိမှာ အမှန်ပါ။

"ဝုန်း"
နောက်ဆုံးမှာတော့ ဟုန်ဟောင်ထျန်းဟာ ချူးယွန်ရဲ့ ဖိအားတွေအောက်မှာ ပြင်းထန်စွာ ဒူးထောက်ကျသွားခဲ့ပါတော့တယ်။

သူဒူးထောက်ကျသွားတဲ့ နေရာကို ဗဟိုပြုပြီး မြေပြင်မှာ ဆယ်မီတာခန့်ရှိတဲ့ အက်ကြောင်းတွေက နေရာအနှံ့ကို ဖြာထွက်ဖြစ်ပေါ်လာခဲ့ပါပြီ။

သူအံကြိတ်ပြီး ရုန်းကန်ထကြွဖို့ ကြိုးစားလိုက်ပေမယ့် ချူးယွန်က သူ့ကို အခွင့်အရေး မပေးခဲ့ပါဘူး။

"ငါမယုံဘူးကွ"
ဟုန်ဟောင်ထျန်းရဲ့ မျက်လုံးတွေက နီရဲသွားခဲ့ပါတယ်။ ဒီလိုမျိုးတွေ ဖြစ်လာမယ်လို့ သူတစ်ခါမှ တွေးမထားခဲ့ဖူးပါဘူး။

သူဟာ ဒီအခြေအနေအထိ မျိုးဆက်သစ်လူငယ်တစ်ဦးရဲ့ ဖိနှိပ်ခြင်းကို ခံနေရလို့ပါ။

သူအိပ်မက်မက်နေတာလား။

"ဟုန်ဟောင်ထျန်း တကယ်ပဲ…"

"ငါအမြင်မှားနေတာလားဟ"

"မဟုတ်ဘူးဟ… ငါတို့မမှားဘူး… သူတကယ်ကြီး ချူးယွန်ဖိနှိပ်တာကို ခံနေရတာ"

"ဒါကြီးက ရူးလောက်စရာဘဲ"

ပရိသတ်က ပြောဆိုလိုက်ကြပါတယ်။ ဒါပေမယ့် သူတို့က ဘယ်သူမှ အနားကိုမကပ်ရဲကြတော့ပါဘူး။

"ဟား"
ချူးယွန်ရဲ့ခန္ဓာကိုယ်က ကြီးမားတဲ့စွမ်းအင်တွေရဲ့ ဖျစ်ညှစ်ချင်းကို ခံနေရလို့ပါ။ သူ ကျယ်လောင်စွာ အော်ဟစ်ပြီး စွမ်းအင်တွေကို ထပ်မံထိန်းချုပ်လိုက်ပါပြီ။

"ဝုန်း"
မိုးနဲ့မြေက အရောင်ပြောင်းလဲသွားပြီး စွမ်းအင်လှိုင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။

ဟုန်ဟောင်ထျန်းရဲ့ ခန္ဓာကိုယ်က တုန်ရီနေပြီး သူ့မျက်နှာက အစိမ်းရောင်ပြောင်းလာခဲ့ပါတယ်။

ဒီအချိန်မှာ သူ့စိတ်က ဖရိုဖရဲဖြစ်လာခဲ့ပါပြီ။

ဘာလုပ်ရမလဲ၊ ဘာဆက်လုပ်ရပါ့မလဲ။

ဖြေရှင်းဖို့ အခြားနည်းလမ်းမရှိရင် သူ့အသက်အန္တရာယ်ရှိလာပါတော့မယ်။

"ဂျွတ်"
တွေးနေချိန်မှာပဲ ဟုန်ဟောင်ထျန်းရဲ့လက်က ကြည်လင်တဲ့ အရိုးကျိုးသံ ထွက်ပေါ်လာခဲ့ပါတယ်။

"ချီးပဲ"
ဟုန်ဟောင်ထျန်း ဒေါသတကြီးဖြစ်သွားခဲ့ပေမယ့်  သူ့လက်တစ်ဖက်လုံးက နာကျင်မှုကြောင့် ထုံကျင်နေခဲ့ပါပြီ။

ချူးယွန်ရဲ့ လက်က ကြီးမားအင်အားတွေ ထွက်ပေါ်လာကာ ပိုမိုဖိနှိပ်လာခဲ့ပါတယ်။

ဟုန်ဟောင်ထျန်း မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ပါပြီ။ သူဟာ ချက်ချင်းပဲ ကောင်းကင်ကြီး ပြိုကျလာသလို ခံစားလိုက်ရပြီး ဒါက လူသားတွေတားဆီးနိုင်တဲ့အရာမဟုတ်ပါဘူး။

သူ ကြောက်လန့်တကြား အော်ဟစ်လိုက်ပါတယ်။
"ငါလက်မခံနိုင်ဘူးကွ"

"ဝုန်း"

နေရာတစ်ခုလုံးက ချက်ချင်းပဲ ပျက်စီးသွားခဲ့ပါတယ်။

ခန်းမထဲမှာ အက်ကြောင်းတွေ ပြည့်နှက်သွားပြီး ပွဲကြည့်ထိုင်ခုံတွေ၊ နံရံတွေကလည်း အက်ကြောင်းတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။

ဒါက ကမ္ဘာကြီးရဲ့အဆုံးသတ်နဲ့တူပြီး အရာအားလုံးက တစ်ခုပြီးတစ်ခုပြိုလဲပျက်ဆီးသွားခဲ့ပါတယ်။

စွမ်းအင်တွေ ပေါက်ကွဲမှုကြောင့် မြေပြင်ကလည်း မီတာများစွာနက်ရှိုင်းတဲ့ ကျဉ်းကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတော့တယ်။

ထို ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအင်တွေက  အချိန်အတော်ကြာ ထွက်ပေါ်နေခဲ့ပြီးမှ ဖြည်းဖြည်းချင်းပျောက်ကွယ်ခဲ့ပါတယ်။

ချူးယွန်ရဲ့ ခန္ဓာကိုယ်က သွေးတွေဖုံးလွှမ်းနေရင်း ကျင်းကြီးထဲမှာ လဲကျနေလို့။

ဒါက ဟုန်ဟောင်ထျန်းကြောင့်တော့ မဟုတ်ပါဘူး။ ဒါဟာ  တာ့လင်ရဲ့ ပြင်းထန်တဲ့ဝိညာဉ်စွမ်းအင်တွေက အကန့်အသတ်တစ်ခုအထိ မြင့်တက်သွားလို့ပါ။

ဒီလိုကြီးမားတဲ့စွမ်းအင်တွေကို ချူးယွန်ရဲ့ ခန္ဓာကိုယ်က မခံနိုင်ဘဲ နောက်ဆုံးမှာ ပြိုလဲသွားခဲ့ရပါတယ်။

သူ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေပြည့်နှက်နေပြီး အသားတွေကြေသွားကာ အရိုးတွေကျိုးပဲ့ကုန်ပါတယ်။

ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက မြင့်မားတာကြောင့် သိပ်စိုးရိမ်စရာတော့ မရှိပါချေ။

ချူးလောကထဲမှာလည်း တာ့လင်က အားနည်းနေတဲ့မျက်နှာနဲ့ တီးတိုးရေရွှတ်လိုက်ပါတယ်။
"ဒီတစ်ခါ နင့်ကိုကူညီပြီးရင် နောက်နှစ်နည်းနည်းကြာတဲ့အထိ ငါမကူညီနိုင်တော့ဘူး"

…………….

အဝေးဆုံးကို ထွက်ပြေးသွားကြတဲ့ ပရိသတ်ကလည်း အခုမှ တဖြည်းဖြည်းပြန်ချဉ်းကပ်လာခဲ့ကြပါတယ်။

"ချူးယွန် သေသွားပြီလား"

"မသေလောက်ပါဘူး"

"စောစောက ဟုန်ဟောင်ထျန်းရဲ့အော်သံကို ငါကြားလိုက်ရတယ်"

ပရိသတ်က တွန့်ဆုတ်နေပေမယ့် နောက်ဆုံးမှာ ရလဒ်ကိုကြည့်ရှုဖို့ရာ ပြန်သွားကြဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

တိုက်ပွဲနေရာမှာက ကိုယ့်ရဲ့ခွန်အားကို ယုံကြည်မှုရှိတဲ့ လူထောင်ဂဏန်းလောက်ပဲ ကျန်ခဲ့တာပါ။  သူတို့အားလုံးပဲ ကြောက်စရာကောင်းတဲ့ လက်သီးချက်ကို ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်ကြရပါတယ်။

ဟုန်ဟောင်ထျန်းတောင်မှ ထိုလက်သီးချက်ကို မခုခံနိုင်ခဲ့ပါဘူး။ သူ့ရဲ့ခန္ဓာကိုယ်က တစ်ခါတည်း ပေါက်ကွဲထွက်သွားခဲ့တာပါ။

ကြောက်မက်ဖွယ် ပေါက်ကွဲအားကြောင့် သူ့ရဲ့ ခန္ဓာကိုယ်က ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားပြီး ဘာတစ်ခုမှ မကျန်ရစ်ခဲ့ပါဘူး။

"ဟုန်ဟောင်ထျန်း ရှုံးသွားတာလား"

"ဒါက ... "

"ချူးယွန် နိုင်သွားတာလား"

"ဒါကြီးက ရူးလောက်စရာဘဲ"

"ငါဖြင့် ယုံတောင်မယုံနိုင်ဘူး"

လှည့်ကင်းတွေ အသက်ရှုကြပ်သလို ခံစားလိုက်ရပါတယ်။

သူတို့ရဲ့ ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး လက်ဖျားခြေဖျားတွေ အေးစက်လာခဲ့ပါပြီ။

ဒါက မယုံနိုင်စရာပါ။

"အကိုယွန်"
ဟော်ရွှင်းက ပထမဆုံးတုံ့ပြန်လာပြီး တွင်းထဲကို အမြန်ပြေးဆင်းသွားခဲ့ပါတယ်။

ချက်ချင်းပဲ မဟာပညာရှိ၊ မူတု၊ တန်းဟွာရန်၊ ဘုန်းကြီးရီ၊ ဝမ်ပိုကျန်း၊ တန်းဇီရှမ်းနဲ့ ရီလီလီ… သူတို့လည်း စိုးရိမ်စွာနဲ့ အမြန်ပြေးဆင်းသွားခဲ့ပါပြီ။

ချန်းပိနင်းလည်း သူ့နားတွေကို လက်နဲ့အုပ်ပြီး အိပ်မက်မက်နေသလို ခံစားနေခဲ့ရပါတယ်။

သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံကြောင့်လည်း အရာအားလုံးကို ပြတ်သားစွာ မြင်ခဲ့ရပြီး သေးငယ်တဲ့အချက်တစ်ခုကိုတောင် မလွတ်ခဲ့ပါဘူး။

ကြောက်မက်ဖွယ် စွမ်းအားကြီးရဲ့အောက်မှာ ဟုန်ဟောင်ထျန်းရဲ့ ခန္ဓာကိုယ်က တစ်စစီဖြစ်သွားခဲ့ပြီး ဘာမှ မကျန်ရစ်ခဲ့ပါဘူး။

သူရှုံးသွားခဲ့ပါပြီ။

ဒါပေမယ့် ဘယ်လိုဖြစ်ပြီး သူရှုံးနိမ့်သွားခဲ့တာလဲ။

ချူးယွန်က ဟုန်ဟောင်ထျန်းကို ဘယ်လိုတိုက်ခိုက်နိုင်တာလဲ။

သူက သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို အမြဲလျှို့ဝှက်ထားခဲ့တာလား။

အတွေးမျိုးစုံနဲ့ ချန်းပိနင်းဟာ စိတ်တွေရှုပ်ထွေးနေရင်း ကျင်းထဲကို ဆင်းသွားခဲ့ပါတယ်။

ဟုန်ဟောင်ထျန်း သေသွားပြီဆိုတော့ ချူးယွန်ရော ဘယ်လိုနေမလဲ။

ချူယန်ရဲ့ ခန္ဓာကိုယ်က ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်နေပြီး အလွန်သနားစရာကောင်းနေလို့ပါ။

ကံကောင်းထောက်မစွာနဲ့ အနီးကပ်ကြည့်လိုက်ပြီးနောက် အသက်ရှူသံသဲ့သဲ့ကို ကြားလိုက်ရပါတယ်။

ချန်းပိနင်းလည်း ဒီတော့မှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပါတော့တယ်။


အပိုင်း ( 907 ) တစ်ဖန်မြင့်မားလာတဲ့ ဂယက်လှိုင်း

"ခန်းမသခင်… ဘယ်လိုနေလဲ"
မိန်းမပျိုနှစ်ဦးက အလွန်မင်းစိုးရိမ်နေကြလို့ပါ။ ဒါပေမယ့် ဒီလိုစိုးရိမ်မှုတွေနဲ့ ချီတုံချတုံလည်း ဖြစ်နေကြပါတယ်။

ဘာကြောင့် ချန်းပိနင်းက သူတို့ထက်ပိုပြီး စိုးရိမ်နေတဲ့ပုံပေါက်နေတာလဲ။

သူက ရောက်လာတာနဲ့ ချူးယွန်ရဲ့ အသက်ရှုနှုန်းကို အမြန်စစ်ဆေးလိုက်ပါတယ်။ သူ့ကိုကြည့်ရတာ ကိုယ့်လင်သားကို ဂရုစိုက်နေတဲ့ ဇနီးသည်တစ်ယောက်နဲ့တောင် တူနေပါသေးတယ်။

ဒါက သူတို့လုပ်သင့်တာမဟုတ်လား။

မိန်းမပျိုနှစ်ဦးရဲ့ မေးခွန်းကိုကြားပြီးနောက် ချန်းပိနင်း ချက်ချင်းပဲ သတိပြန်ဝင်လာခဲ့ပါတယ်။

သူ့ရဲ့ လှပတဲ့မျက်နှာက ချက်ချင်းပဲ နီရဲသွားခဲ့ပါပြီ။

သူတို့မေးတာ ဖြစ်သင့်ပါတယ်။ သူက ချူးယွန်ကို ဘာဖြစ်လို့ အရမ်းဂရုစိုက်ရမှာလဲ။

သူက ဘယ်သူလဲ။

ဒါပေမယ့် ချန်းပိနင်းဟာ သူ့နှလုံးသားထဲမှာ ချက်ချင်းပဲ ဖြေရှင်းချက်တွေ ပေးလိုက်ပါတယ်။

ငါက သူ့ကိုစိတ်မပူပါဘူး… ဆေးလုံးတွေအတွက်ပဲ စိတ်ပူတာ။

ချူးယွန် သေသွားခဲ့ရင် ဘယ်သူက သူ့ကို ဆေးလုံးတွေပေးနေဦးမှာလဲ။

နောက်ပြီး သူက နဂါးဂိတ်ညီလာခံကို လှည့်ကင်းခန်းမကိုယ်စားပြု သွားရောက်မယ့်လူပါ။ သူသာ တစ်ခုခုဖြစ်သွားခဲ့ရင် သူ့ရဲ့အစီအစဉ်တွေအားလုံး ပျက်ဆီးသွားပါလိမ့်မယ်။

နောက်ပြီး ချူးယွန်သာ တကယ်သေသွားခဲ့ရင် ခန်းမသခင်တစ်ယောက်အနေနဲ့ တာဝန်များစွာက သူ့ပုခုံးပေါ်ကို ပိကျလာခဲ့တော့မှာပါ။

ဒီအခါကျရင် လှည့်ကင်းတွေရဲ့ နှလုံးသားတွေက အေးစက်ကုန်ကြပါလိမ့်မယ်။

လှည့်ကင်းခန်းမက အကြီးဆုံးအကိုကြီးလို ပါရမီရှင်ကိုတောင် မကာကွယ်နိုင်ရင် သူတို့ဆိုရင်ရော။

ဒီအတွေးတွေ ဝင်လာပြီးနောက် ချန်းပိနင်းဟာ အတော်တန်တည်ငြိမ်သွားပြီး ပြောလိုက်ပါတယ်။
"သူ့အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး… ဒါပေမယ့် သူ့ခန္ဓာကိုယ်တစ်ခုလုံးက သွေးကြောတွေ တော်တော်ထိခိုက်သွားတယ်… ဒါက အတော်ပြင်းထန်ပြီး အချိန်တစ်ခုကြာတဲ့အထိ ပြန်ကောင်းနိုင်ဖို့မလွယ်ဘူး"

"ဒီဒဏ်ရာတွေက အစောပိုင်း သူ့ဆီက‌ထွက်ပေါ်လာတဲ့စွမ်းအားတွေကြောင့်ပဲဖြစ်မယ်"
တန်းဇီရှမ်းက ချူးယွန်ရဲ့ဒဏ်ရာတွေကို လက်နဲ့အသာထိပြီး ပြောလိုက်ပါတယ်။
"အစောပိုင်းက တိုက်ပွဲအတွင်းမှာ ချူးယွန်ရဲ့ခန္ဓာကိုယ်က ကြီးမားတဲ့စွမ်းအားတွေ ထွက်ပေါ်လာပြီး ဒီစွမ်းအားတွေကြောင့်ပဲ ဟုန်ဟောင်ထျန်းကို ယှဉ်နိုင်လာခဲ့တာ… ဒါပေမယ့် ဒါက အစွန်းနှစ်ဖက်ရှိပြီး တစ်ဖက်မှာ အင်အားကြီးမားလာစေပေမယ့် အခြားတစ်ဖက်မှာတော့ ဒီလိုရလဒ်တွေကို ဖြစ်ပေါ်စေခဲ့တော့တာပဲ"

ရီလီလီ ခေါင်းညိတ်လိုက်ပါပြီ။ ချူးယွန်မှာ ဒီလိုဝှက်ဖဲမျိုးရှိတယ်ဆိုတာ သူတို့အားလုံးသိပြီးသားပါ။

ဒါက သန့်စင်ခြင်းလမ်းကိုးပါးစေတီပဲဖြစ်ပါလိမ့်မယ်။

"ကောင်းပြီ… ငါပြောလိုက်မယ်… ဒီကောင်လေးက အရမ်းအသက်ပြင်းတယ်ကွဲ့… သူ့ကိုဘယ်သူမှ မသတ်နိုင်ဘူး"
မူတုက ရယ်မောပြီး စိတ်အေးလက်အေးနဲ့ ကြည့်လိုက်ပါတယ်။

သူ့ရဲ့ ရယ်မောသံက ဟော်ရွှင်းကို ဆွဲဆောင်သွားခဲ့ပြီး သူက ချက်ချင်းလှည့်ကြည့်လိုက်တယ်။
"အကိုယွန်က ဒီလောက်ဒဏ်ရာရထားတာတောင် မင်းက အရမ်းပျော်နေနိုင်သေးတယ်ပေါ့"

"မင်းဘာသိလို့လဲ… ဒီကောင်လေး ဒီလောက်ထိဒဏ်ရာမရတာကြာပြီကွ… ဒါမှကောင်းတာ"
မူတုက အေးစက်စက်နဲ့ နှာခေါင်းရှုံ့ပြီး ပြောလိုက်တယ်။
"အရာအားလုံးက အမြဲအဆင်ပြေနေရင် သူ့စိတ်ဓါတ်တွေ ပြောင်းလဲလာလိမ့်မယ်… သူဟာ ပြိုင်ဘက်ကို လျှော့မတွက်ရဘူး၊ ‌ခြင်္သေ့တစ်ကောင်တောင်မှ ယုန်တစ်ကောင်ကိုဖမ်းတဲ့နေရာမှာ အင်အားကုန်ထုတ်သုံးတတ်သလို အမြဲအင်အားအပြည့်နဲ့ တိုက်ခိုက်ရမယ်ဆိုတာကို သိထားရမယ်"

"ဒါက"
ဒီအခါမှာ လှည့်ကင်းအားလုံး အံ့အားသင့်စွာနဲ့ တုန်ရီသွားခဲ့ကြပါတယ်။

သူတို့က နားကြားမှားသွားတယ်လို့ထင်ပြီး သူတို့ရဲ့နားတွေကို ပွတ်သပ်လိုက်ကြပါပြီ။

ယုန်ကိုဖမ်းတဲ့ ‌ခြင်္သေ့လား။

ရန်သူကိုလျှော့တွက်တာလား။

သူတို့သာ အမှတ်မမှားရင် အကိုကြီးက အခြေတည်သူတော်စင်အဆင့်မှာပဲ ရှ်ိသေးတာပါ။ လော့ဖူမြို့တော်သခင် ဟုန်ဟောင်ထျန်းကတော့ အထွတ်အထိပ် သေခြင်းရှင်ခြင်းနယ်ပယ်ကို ရောက်နေခဲ့ပါပြီ။

ဒီလို အခြေအနေမှာ ခြင်္သေ့ကဘယ်သူလဲ… ယုန်ကရော ဘယ်သူလဲ။

နောက်ဆုံးမှာ ဘယ်သူက ရန်သူကိုလျှော့တွက်တာလဲ။

လှည့်ကင်း အတော်များများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပါတယ်။ ဒါပေမယ့် ချူးယွန်က တကယ်ကိုကြောက်စရာကောင်းတယ်ဆိုတာ ဝန်ခံရုံမှတပါး သူတို့မှာ အခြားရွေးချယ်စရာမရှိပါဘူး။

"ဘယ်လိုဖြစ်ပြီး ဒီလောက်ကြွယ်ဝတဲ့ စွမ်းအင်အတက်အကျတွေကို အချိန်တိုအတွင်းထုတ်ဖော်နိုင်ရတာလဲ"
ချန်းပိနင်း အလွန်စိတ်ရှုပ်ထွေးသွားခဲ့ပါတယ်။ သူ့အနေနဲ့ ဒီအခြေအနေကို ဖော်ပြဖို့နည်းလမ်းကို တွေးကြည့်လို့တောင် မရပါဘူး။

"ချူးယွန်မှာ စွမ်းအင်သိုလှောင်လို့ရတဲ့ ဝိညာဉ်လက်နက်တစ်ခုရှိတယ်… အဲတာက အရေးကြီးလာလို့ အသက်သွင်းလိုက်ရင် သန်မာတဲ့စွမ်းအင်တွေအဖြစ် ပေါက်ကွဲထွက်ပေါ်လာခဲ့မှာ"
တန်းဇီရှမ်းက ခပ်တည်တည်နဲ့ ရှင်းပြလိုက်ပါတယ်။ သူက ချန်းပိနင်းသံသယမဝင်စေနိုင်ဖို့ ဆင်ခြေတစ်ခုကို အမြန်ပေးလိုက်တာပါ။

နောက်ဆုံးမှာတော့ ဆန်းကျယ်တဲ့ဝိညာဉ်လက်နက်တွေလည်း ရှိနေခဲ့တာကြောင့် ဝိညာဉ်စွမ်းအင်သိုလှောင်နိုင်တဲ့ ဝိညာဉ်လက်နက်မျိုးရှိနေတာ မဆန်းပါဘူး။

ဒီနည်းနဲ့ အခြားသူတွေသံသယဝင်မှာကိုလည်း တားမြစ်နိုင်ပါလိမ့်မယ်။

ချူးယွန်ရဲ့ စစ်မှန်တဲ့အထောက်အထားကို ရှာတွေ့သွားခဲ့ရင် ပြဿနာတွေရှုပ်ကုန်တော့မှာပါ။

တန်းဇီရှမ်းက ရှင်းပြလိုက်ပေမယ့် ချန်းပိနင်းက နားမလည်သေးပါဘူး။

သူတကယ်မေးချင်နေမိပါတယ်။ ဘယ်လို ဝိညာဉ်လက်နက်မျိုးမို့ တစ်ယောက်ရဲ့ ကျင့်ကြံခြင်းအခြေခံကို ချက်ချင်းကြီး မြင့်မားသွားစေနိုင်တာလဲ။

ဒါပေမယ့် သေချာတွေးကြည့်ပြီးနောက်မှာတော့ သူမမေးဖို့ကို ဆုံးဖြတ်လိုက်ပါတော့တယ်။

နောက်ဆုံးမှာတော့ လူတိုင်းမှာ လျှို့ဝှက်ချက်တွေကိုယ်စီ ရှိခဲ့ကြတယ်မဟုတ်လား။

ချူးယွန်လို ထိပ်သီးပါရမီရှင်တွေအတွက်ဆိုရင် ဒီလိုဝှက်ဖဲမျိုးရှိနေတာက ပုံမှန်ပါပဲ။

သူ့မှာသာ ဝှက်ဖဲမရှိရင် ဟုန်ဟောင်ထျန်းကြောင့် သေဆုံးသွားရပါလိမ့်မယ်။

"အကိုကြီး"
အဝေးမှာ ဟုန်ကျူးက ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။

သူမြင်လိုက်ရတာကို သူမယုံကြည်နိုင်ပါဘူး။
သူ လုံးဝ မယုံကြည်နိုင်ပါ။

ဘာတွေဖြစ်နေတာလဲ?

ဘာတွေဖြစ်သွားတာလဲ?

ရှောက်ယုံကျန်းလည်း တုန်ယီသွားခဲ့ပါတယ်။ ဒါက သူ့နှလုံးသားကို လက်အေးကြီးတစ်ဖက်က ဆုပ်ကိုင်ဖျစ်ညှစ်လိုက်တဲ့အလား။

ဒီအခိုက်အတန့်မှာ သူ့အသက်ရှုတွေတောင် ရပ်မလိုဖြစ်သွားခဲ့ရပါတယ်။

သူက တံတွေးမျိုချလိုက်ချင်ပေမယ့် အာခေါင်တွေ ခြောက်ကပ်နေပြီး တံတွေးတောင် မျိုချလို့ မရနိုင်ခဲ့ပါဘူး။

ချူးယွန် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာကို သူမသိပေမယ့် ရှောက်ယုံကျန်းက အခြေအနေကို နားလည်နိုင်ဆဲပါ။

အခုဖြစ်ပျက်သွားတာနဲ့ ပတ်သတ်ပြီး သူ့မှာ ပြောစရာစကားမရှိတော့ပါချေ။

ဟုန်ဟောင်ထျန်းတောင်မှ သေသွားခဲ့ရပြီမို့ သူတို့ဘက်ကိုလှည့်မလာခင် ထွက်ပြေးကြတာအကောင်းဆုံးပါ။

"ဒီမှာရပ်မနေနဲ့တော့… သွားကြရအောင်"
ရှောက်ယုံကျန်းက အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ်။ ပြီးတာနဲ့ ရှောက်ယုံကျန်းက ဟုန်ကျူးကိုလက်ဆွဲပြီး အဝေးဆုံးကို ထွက်ပြေးသွားခဲ့ပါတော့တယ်။

ရှောက်ယုံကျန်းဟာ ရှောက်မိသားစုခေါင်းဆောင်တစ်ဦးဆိုဖြစ်လျက်နဲ့ ဒီအချိန်မှာ ထွက်ပြေးနေရဆဲပါ။

ဒါပေမယ့် ဒီအချိန်မှာတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ပါဘူး။

"သူမြန်မြန်သက်သာဖို့လိုတယ်"
တန်းဇီရှမ်းက စိုးရိမ်ပူပန်စွာနဲ့ ပြောပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပါတယ်။

"မရီး… နင်ဒါကိုလိုချင်တာလား"
ဟော်ရွှင်းက အတော်ပါးနပ်ပါတယ်။ တန်းဇီရှမ်းရဲ့အကြည့်ကိုမြင်ပြီးနောက် သူက ချက်ချင်းပဲ ဒဏ်ရာသက်သာဆေးကို ထုတ်ပေးလိုက်ပါပြီ။

"ကျေးဇူးပဲ"
တန်းဇီရှမ်း ခေါင်းညိတ်ပြီး ဆေးလုံးတစ်လုံးကို ချူးယွန်ပါးစပ်ထဲ ထည့်ပေးလိုက်ပါတယ်။

ဒါပေမယ့် ချက်ချင်းပဲ သူ့ရဲ့ပါးပြင်က နီရဲသွားခဲ့ပါပြီ။

ဟော်ရွှင်းက သူ့ကို တကယ်ကြီး မရီးလို့ ခေါ်ဆိုလိုက်ပါတယ်။

ဒါပေမယ့် သူတို့က လက်ထပ်ကြပါမယ်လို့ ဘယ်သူကပြောလို့လဲ။

ဒါပေမယ့်လည်း တန်းဇီရှမ်းရဲ့ နှလုံးသားက ချိုမြိန်သွားခဲ့ပါသေးတယ်။

အခြားတစ်ဖက်မှာတော့ ရီလီလီက စိတ်မသက်မသာဖြစ်သွားပြီး ဟော်ရွှင်းကို စိုက်ကြည့်လိုက်ပါပြီ။

ဟော်ရွှင်းကတော့ သူ့ဘာမှားမှန်းမသိဘဲ စိတ်ရှုပ်ထွေးသွားခဲ့ပါတယ်။

ဆေးလုံးကိုသောက်ပြီးနောက် ချူးယွန်ရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာများစွာက ဖြည်းဖြည်းချင်း သက်သာလာခဲ့ပါတယ်။ သူ့မျက်နှာကလည်း တဖြည်းဖြည်း နီရဲလာခဲ့ပါပြီ။

"ဟွား… ဒါက မယုံနိုင်စရာကောင်းလိုက်တာ"

"သူက မြို့တော်သခင်ကို တစ်ချက်တည်းနဲ့ သတ်လိုက်တယ်ဟ "

"ဖွီး… မြို့တော်သခင်ရဲ့တူက အရမ်းဆိုးရွားတာ မင်းမသိဘူးလား… ဒါက အကောင်းဆုံး လက်စားချေခြင်းပဲ"

"ကောင်းတယ်ဟေ့… သူသေသွားတာ ကောင်းတယ်"

ပရိသတ်က တဟားဟားနဲ့ ချက်ချင်းရယ်မောလိုက်ကြပါပြီ။

ပုံမှန်အားဖြင့် ဟုန်ဟောင်ထျန်းနဲ့ ရှောက်မိသားစုရဲ့ သတင်းတွေက အလွန်ဆိုးရွားပါတယ်။

ဟုန်ဟောင်ထျန်း အခုလိုအသတ်ခံရတာကို မြင်လိုက်ရချိန်မှာတော့ သူတို့တတွေဟာ အလွန်သက်တောင့်သက်သာရှိသလို ခံစားလိုက်ရပါတော့တယ်။

လူတွေကို ထိတ်လန့်တုန်လှုပ်စေတာကတော့ ဟုန်ဟောင်ထျန်းကို သတ်လိုက်တာက ချူးယွန်ဖြစ်နေခဲ့တာပါ။

"ဒီလက်သီးချက်က အရမ်းပြင်းထန်တော့ ငါ့နှလုံးသားလေးတောင် ခုန်ပေါက်သွားရပြီ"

လှပတဲ့ အမျိုးသမီးများစွာက ရှက်ရွံ့စွာပြုံးပြီး ခေါင်းငုံ့သွားခဲ့ကြပါတယ်။ သူတို့က ချူးယွန်ရဲ့ ကျေးဇူးတွေကို ခန္ဓာကိုယ်နဲ့ ပေးဆပ်ဖို့တောင် တွေးနေလို့ပါ။

ဒါက စိတ်ကူးသက်သက်မဟုတ်ပါဘူး။

လက်ရှ်ိမှာ တိုက်ပွဲဖြစ်ပွားသွားရာ နေရာရှိ အမျိုးသမီးရှစ်ဆယ်ရာခိုင်နှုန်းလောက်က ချူးယွန်ရဲ့ ဆွဲဆောင်မှုကို ခံလိုက်ကြရပါပြီ။

"ဟင်း… ချူးယွန်က နင့်ကို ဘယ်လိုဂရုစိုက်မှာလဲ"

သူ့ဘေးနားရှိ အခြားသူတွေရဲ့ နှုတ်ခမ်းတွေက တွန့်ကွေးသွားခဲ့ကြပါတယ်။

အတိုချုပ်ပြောရရင် ထိုတိုက်ပွဲရလဒ်က လော့ဖူမြို့ကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါပြီ။

သူတို့က သတင်းမပြန့်စေချင်ရင်တောင် ဒါက လွယ်ကူမှာမဟုတ်ပါဘူး။

ဒီလိုမြင်ကွင်းနဲ့ ကြောက်မက်ဖွယ်လှိုင်းတွေရဲ့ ရိုက်ခတ်မှုက လူအများရဲ့ နှလုံးသွေးတွေကို ဆူပွက်သွားစေနိုင်ခဲ့ပါတယ်။

တန်းဇီရှမ်းတို့က ချူးယွန်ကို သူ့အခန်းထဲပြန်လည်ခေါ်ဆောင်သွားကြပြီး သူတို့အနောက်မှာ လှည့်ကင်းတွေက လေးစားမှု၊ မျှော်လင့်မှုတွေ ပြည့်နှက်နေတဲ့မျက်လုံးနဲ့ လိုက်ပါလာခဲ့ကြပါတယ်။

မောက်အားမင်ကိုတော့ ဆေးကုသပေးဖို့ အစောကြီးကတည်းက ခေါ်ဆောင်သွားခဲ့ပါပြီ။

ဒီနေ့မှာတော့ သူနဲ့ချူးယွန်က သူရဲကောင်းတွေပါ။

ရှောက်တုံးက လူများစွာကို မကြာခဏ အနိုင်ကျင့်လေ့ရှိတာကြောင့် အားလုံးက ဒေါသအမြဲထွက်နေရပေမယ့် ဘာမှ မပြောဝံ့ကြပါဘူး။

အခုတော့ ဆိုးသွမ်းတဲ့တူဖြစ်သူနဲ့ မြှောက်ပင့်ပေးနေသူ ဟုန်ဟောင်ထျန်းတို့ သေဆုံးသွားခဲ့ရပါပြီ။

လူအများရဲ့ ချဲ့ကားပြောဆိုမှုတွေအောက်မှာ ချူးယွန်က နက်ရှိုင်းတဲ့ ခွန်အားကို ဖုံးကွယ်ထားသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူက လူအများအတွက် တရားမျှတမှုယူဆောင်ဖို့ ဟုန်ဟောင်ထျန်းကို တစ်ချက်တည်းနဲ့ သတ်လိုက်တာပါ။

ဒီလှိုင်းတွေက နေရာအနှံ့ကို ဖြာထွက်လာခဲ့ပါတယ်။

အနီးနားက မြို့တော်တွေ၊ နိုင်ငံတွေနဲ့ ဂိုဏ်းတွေအားလုံး ဒီအကြောင်းကို သိရှိသွားခဲ့ကြပါပြီ။

……………

"နာလိုက်တာ"
ချူးယွန် သတိပြန်ရလာပြီးနောက် သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသလို ခံစားခဲ့ရပြီး လှုပ်တောင် မလှုပ်နိုင်ပါဘူး။

မျက်လုံး ပြန်ဖွင့်ပြီးနောက် သူ့ဘေးနားမှာ မိန်းမလှလေးတစ်ဦးကို မြင်လိုက်ရပါပြီ။

"ဇီရှမ်းလား"
ချူးယွန် အနည်းငယ် အံ့အားသင့်သွားခဲ့ပါတယ်။ တန်းဇီရှမ်းက သူ့ဘေးနားမှာ ထိုင်စောင့်နေမယ်လို့ ထင်မထားခဲ့ပါဘူး။ သူ့ရဲ့ မျက်တွင်းလေးတွေတောင် အနည်းငယ်ချောင်ကျနေလို့ပါ။

ချူးယွန် နိုးလာတာကို မြင်ပြီးနောက် တန်းဇီရှမ်းရဲ့ လှပတဲ့မျက်လုံးလေးတွေက အရောင်တလက်လက်တောက်ပလာခဲ့ပါတယ်။ သူက ပျော်ရွှင်စွာနဲ့ ပြောလိုက်တယ်။
"နင်နိုးလာပြီလား"

"အင်း"
ချူးယွင်ရဲ့ မျက်လုံးတွေက နွေးထွေးမှုတွေနဲ့ ပုံရိပ်မျိုးစုံကို ပြန်သတိရလာခဲ့ပါတယ်။

သူက တာ့လင်ရဲ့စွမ်းအားကို ငှားယူပြီး ဟုန်ဟောင်ထျန်းကို သတ်ဖြတ်ခဲ့တာပါ။

သတိပြန်ရလာပြီးနောက် ချူးယွန် ခါးသီးစွာပြုံးလိုက်ပါတယ်။

ဒါက တကယ့်တိုက်ပွဲကြီးပါ။

အထွတ်အထိပ် သေခြင်းရှင်ခြင်းနယ်ပယ်ဖြစ်တာကြောင့် ဟုန်ဟောင်ထျန်းက ချူးယွန်ကိုသတ်ချင်ရင် လက်တစ်ချောင်းပဲလိုပါတယ်။

ဒါပေမယ့် သူက ရုတ်တရက်ပေါက်ကွဲပြီး သူ့ကို အနိုင်ယူလိုက်ပါတယ်။ တကယ်လို့ ဒီသတင်းသာပျံ့သွားခဲ့ရင် အင်အားစုကြီးတွေရဲ့ အာရုံစိုက်မှုကိုခံရ‌ဦးတော့မှာပါ။

ချူးယွန်ဟာ အင်အားစုကြီးတွေရဲ့ အရင်ဖိတ်ကြားချက်ကို ငြင်းပယ်ပြီး နှိမ့်ချကာ နေထိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက လှည့်ကင်းခန်းမက ထွက်ခွာမသွားချင်ပါဘူး။

နှစ်ပေါင်းအတော်ကြာ နှိမ့်ချနေခဲ့ပေမယ့် ဒီနေ့တိုက်ပွဲကြောင့် အားလုံးရဲ့ အာရုံစူးစိုက်မှုကို ခံလာရဦးမယ်လို့ သူမထင်ထားခဲ့တာ အမှန်ပါ။

"နင်က တကယ် အထင်ကြီးစရာကောင်းတာပဲ… ဟုန်ဟောင်ထျန်း‌ကိုတောင် တစ်ချက်တည်းနဲ့ သတ်နိုင်တယ်"
တန်းဇီရှမ်းက ခပ်တိုးတိုးပြောလိုက်တယ်။
"နင် တာ့လင်ရဲ့စွမ်းအားကို ငှားယူထားခဲ့တာ မဟုတ်လား… သူဘယ်မှာလဲ"

"အဲ"
ဒါကိုကြားပြီးနောက် ချူးယွန်ဟာ ချက်ချင်းပဲ သူ့စိတ်နဲ့ တာ့လင်ကိုဆက်သွယ်ကြည့်လိုက်ပါတယ်။ ဒါပေမယ့် ဘာတုံ့ပြန်မှုမှ မရခဲ့ပါဘူး။

"သခင်… တာ့လင် မေ့မျောနေတယ်… နောက်သုံး၊လေးနှစ်အတွင်း သူပြန်မကောင်းနိုင်လောက်ဘူး"
ဒရာဂွန်က ကြားဝင်ပြောဆိုလိုက်ပါတယ်။ သူ့ပုံစံက ထင်ပေါ်လွန်းတာကြောင့် ကောင်းကင်ဘုံခုံရုံးကိုရောက်တာနဲ့ အပြင်ကို မထွက်တော့ပါဘူး။ သူက ချူးလောကထဲမှာဘဲ တိတ်ဆိတ်စွာ လေ့ကျင့်နေခဲ့ပါတော့တယ်။

"ငါသူ့ကို အတော်ထိခိုက်စေခဲ့တာပဲ"
ချူယန်က ဘာပြောရမှန်းမသိဘဲ ခါးသက်သက်နဲ့ ရယ်မောလိုက်ပါတယ်။

"နင်ကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရခဲ့တာပဲလေ"
တန်းဇီရှမ်းက အနည်းငယ်လေးနက်တဲ့ မျက်နှာအမူအရာနဲ့ ပြောလိုက်ပါတယ်။
"ငါနင့်ရဲ့ခန္ဓာကိုယ်ကို စမ်းသပ်ကြည့်ပြီးပြီ… နင့်သွေးကြောတွေက အကြီးအကျယ်ထိခိုက်သွားလို့ အနည်းဆုံး တစ်နှစ်ခွဲလောက် အချိန်ယူရတော့မှာ"

"အဲလောက်တောင်လား"
ချူးယွန် တုန်လှုပ်သွားပြီး မယုံကြည်နိုင်ဟန်ပြောလိုက်တယ်။
"မဖြစ်နိုင်တာ… သွေးကြောလေးတင် ပျက်‌ဆီးတာကို မြန်မြန်ဆန်ဆန် ပြန်ကုသလို့ရတယ်မဟုတ်ဘူးလား"

"ငါက နောက်နေတယ်ထင်လို့လား"
တန်းဇီရှမ်းက ချူးယွန်ကို ခပ်တည်တည်နဲ့ကြည့်ပြီး ပြောလိုက်တယ်။
"နင်ခန္ဓာကိုယ်က အတော်အခြေအနေဆိုးသွားတာကို… သွေးကြောတွေတင်မကဘူး၊ အရိုးတွေကျိုးကုန်တယ်… အသားတွေလည်း ကွဲထွက်ကုန်တယ်… သိပြီလား"

သူက ဒေါသတကြီးနဲ့ ဆက်ပြောလိုက်ပါတယ်။
"နင်လုပ်နိုင်တာ ဘာရှိလို့လဲ… တာ့လင်သာမရှိရင် နင်‌သေသွားလောက်ပြီ"

တန်းဇီရှမ်းက သူ့ကိုစိတ်ပူနေတယ်ဆိုတာ သိတာကြောင့် အားတင်းကာပြုံးပြီး ပြောလိုက်တယ်။
" အေးပါ… ငါသိပါတယ်"


အပိုင်း ( 908 ) စိုးရိမ်ပူပန်နေကြရှာတဲ့ မိန်းမပျိုနှစ်ဦး

ဘာပဲဖြစ်ဖြစ် တစ်နှစ်ခွဲက ကြာမြင့်လွန်းပါတယ်။

ဒါပေမယ့်လည်း အခြားနည်းလမ်းလည်း မရှိတော့ပါ။ သူ့ဒဏ်ရာတွေက ပြင်းထန်လွန်းတာကြောင့် မဖြစ်မနေ အနားယူရပါတော့မယ်။

"ချူးယွန်… ငါ့ကိုမှန်မှန်ပြောစမ်း… နင်နဲ့ ခန်းမသခင်ကြားက ပတ်သတ်မှုက ဘာလဲ"
တန်းဇီရှမ်းဟာ ချူးယွန်က အခြားတစ်ခုခုကို တွေးနေတာကိုမြင်ပြီးနောက် ရုတ်တရက်မေးလိုက်ပါတယ်။

"အာ"
ချူးယွန် ရုတ်တရက် သတိပြန်ဝင်လာပြီး အံ့အားသင့်နေ‌တဲ့ မျက်နှာအမူအရာနဲ့ ပြောလိုက်တယ်။
"ဇီရှမ်း… နင်က ဘာကိုပြောချင်တာလဲ"

တစ်ချိန်တည်းမှာပဲ သူ့ရဲ့နှလုံးသားထဲမှာ တိတ်တဆိတ်ရယ်မောလိုက်ပါပြီ။ 
သူက သဝန်တိုနေတာလား။

ဒါပေမယ့် ချန်းပိနင်းနဲ့သူက ဘာမှမပတ်သတ်ပါဘူး။

"နင်သတိလစ်နေတာ သုံးရက်ပဲရှိသေးပေမယ့် ခန်းမသခင်ရောက်လာတာ ငါးကြိမ်ရှိသွားပြီ… သူလာတိုင်းမှာလည်း နင်သတိရပြီလား၊ နင့်ဒဏ်ရာဘယ်လိုနေလဲလို့ အမြဲမေးတယ်"
တန်းဇီရှမ်း ပြောလိုက်ပါတယ်။

"မဖြစ်နိုင်တာ"
ချူးယွန်တောင်မှ အံ့အားသင့်သွားခဲ့ပါပြီ။

ဘယ်အချိန်ကစပြီး ခန်းမသခင်က သူ့ကိုဂရုစိုက်လာတာလဲ။

ဒါပေမယ့် သူက ပြုံးပြီးရှင်းပြလိုက်ပါတယ်။
"ဇီရှမ်း… နင်နားလည်မှုလွဲနေပြီ… ခန်းမသခင်က လှည့်ကင်းခန်းမကို ဆက်လက်တည်တံ့နေစေချင်ပြီး နဂါးဂိတ်ညီလာခံအတွက် ငါက သူ့ရဲ့မျှော်လင့်ချက်ပဲလေ… ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ လှည့်ကင်းခန်းမ လည်ပတ်ဖို့က စိုးရိမ်နေရတုံးပဲ… အဲ့အတွက်လည်း ငါ့ကိုလိုတယ်… ဒီအပြင်တော့ အခြားဘာမှမရှိပါဘူး"

တန်းဇီရှမ်းက အနည်းငယ်သံသယရှိနေသေးကာ ထပ်မေးလိုက်ပါတယ်။
"တကယ်လား"

"တကယ်ပေါ့"
ချူးယွန် ခေါင်းညိတ်လိုက်ပါတယ်။ သူ့နှလုံးသားထဲမှာတော့ ရှုပ်ထွေးနေပေမယ့် ဒီအချိန်မှာ ရှင်းပြဖို့တစ်ခုသာ ရှိပါတယ်။

မိန်းမတွေ သဝန်တိုလာတဲ့အခါ တကယ်ကြောက်ဖို့ကောင်းတယ်။

ချူးယွန်ကိုယ်တိုင်တောင် ချန်းပိနင်းက ဒီလောက်ဂရုစိုက်လာမယ်လို့ ထင်မထားခဲ့ပါဘူး။

သုံးရက်အတွင်းမှာ ငါးကြိမ်ရောက်လာခြင်း။

ကံကောင်းထောက်မစွာနဲ့ တန်းဇီရှမ်းက ဒီလိုကိစ္စတွေမှာ သိပ်နားမလည်ဘဲ ချူးယွန်ရဲ့ တည်ကြည်တဲ့မျက်နှာကိုကြည့်ပြီး ယုံကြည်သွားခဲ့ပါတယ်။

သူဟာ ဒီကိစ္စကို စိတ်ပူနေခဲ့ရတာပါ။

ချန်းပိနင်းက သန်မာရုံသာမက လှည့်ကင်းခန်းမရဲ့ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်နေပါသေးတယ်။

သူကသာ ချူးယွန်အပေါ်မှာ ခံစားချက်ရှိနေပြီဆိုရင် ဒါက တကယ့်ကိုပြဿနာပါ။

"အား… တကယ်နာတာပဲ"
ချူးယွန်က အော်ဟစ်ပြီး ထထိုင်ဖို့ ကြိုးစားလိုက်ပါတယ်။

သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအရ ဒီလိုဒဏ်ရာရရတာက အလွန်ရှားပါတယ်။

သူ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းသွားခဲ့တဲ့ ကြောက်မက်ဖွယ်စွမ်းအင်တွေကို ပြန်တွေးကြည့်ပြီးနောက် သူတုန်လှုပ်သွားခဲ့မိပါပြီ။

"တာ့လင်ရဲ့စွမ်းအင်တွေက ဒီလောက်သန်မာမယ်လို့ ထင်မထားခဲ့ဘူး… သူ့စွမ်းအင်တွေကို ဆွဲယူလိုက်ပြီးတော့ ဟုန်ဟောင်ထျန်းကိုတောင် တစ်ချက်တည်းနဲ့ သတ်နိုင်လိုက်တယ်"
ချူးယွန် အသက်ပြင်းပြင်းရှုလိုက်ပါတယ်။

ထိုနေ့က သူထုတ်ဖော်ခဲ့တဲ့ လက်သီးပုံရိပ်ဟာ သူ့စိတ်ထဲမှာ စွဲနေပြီး မေ့ပျောက်ဖို့တောင် မလွယ်ကူပါဘူး။

အဲဒီအချိန်က သူ့ခွန်အားတွေဟာ အမြင့်‌ဆုံးကိုရောက်ရှိနေခဲ့တာပါ။

အနာဂါတ်မှာ သူက ပိုမြင့်မားတဲ့နယ်ပယ်တွေကို ရောက်ရှ်ိသွားနိုင်မှန်း သိပေမယ့် ထိုစွမ်းအားကြီးကို မမေ့နိုင်သေးပါဘူး။

သူဟာ လော့ဖူမြို့ခံ ပရိသတ်တွေနဲ့ လှည့်ကင်းတွေရဲ့ အကြည့်အောက်မှာ မြို့တော်သခင်ကို လက်သီးတစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့တာပါ။

ဘယ်လိုပဲတွေးနေပါစေ စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါဘူး။

‌ဒါပေမယ့် ပေးဆပ်ခဲ့ရတဲ့တန်ဖိုးကလည်း မသေးငယ်လှပါ‌ချေ။

'ဒီနည်းလမ်းက အတော်ကောင်းပေမယ့် ခဏခဏသုံးလို့တော့ မရဘူး… ဒီတစ်ခေါက်ခံနိုင်လိုက်တာတောင် အတော်ကံကောင်းနေပြီ'
ချူးယွန်ရဲ့ မျက်လုံးထဲမှာ ပျော်ရွှင်မှုတွေ ပျောက်ကွယ်သွားပြီး ထိတ်လန့်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

ကိုယ်ပိုင်မဟုတ်တဲ့ အင်အားတစ်ခုကို အတင်းကြပ်အသုံးပြုဖို့ ကြိုးစားရင်းနဲ့ သေသွားခဲ့ရင် လူကြားလို့တောင် မကောင်းပါဘူး။

ချူးယွန်ရဲ့ ထိတ်လန့်နေတဲ့ မျက်နှာအမူအရာကိုမြင်ပြီးနောက် တန်းဇီရှမ်းက သည်းမခံနိုင်ဖြစ်လာခဲ့ပါတယ်။

"နင်အရင်တုန်းက အရမ်းမာနကြီးနေတာမဟုတ်ဘူးလား… မိုးနဲ့မြေကြားမှာ မလုပ်နိုင်တဲ့အရာမရှိသလိုနဲ့… နင်ဒီလိုဖြစ်နေတာ ငါတစ်ခါမှ မမြင်ဖူးဘူး"
တန်းဇီရှမ်းက လှောင်ပြောင်လိုက်ပေမယ့် သူ့မျက်လုံးထဲမှာတော့ ဂရုစိုက်မှုအရိပ်ယောင်တွေ ဖြစ်ပေါ်နေလို့ပါ။

ချူးယွန်ဟာ သူ့နှလုံးသားထဲမှာ နွေးထွေးသွားသလို ခံစားလိုက်ရပါပြီ။

ဒါပေမယ့် တန်းဇီရှမ်းက အလွန်ရှက်တတ်တာကို သိတာကြောင့် သူဟာ အလျင်စလိုမလုပ်ဝံ့သေးပါဘူး။  သူက တစ်ဆင့်ပြီးတစ်ဆင့်ပဲ ကြိုးစားသွားရမှာပါ။

တန်းဇီရှမ်းရဲ့ ချောင်ကျနေတဲ့မျက်နှာလေးကို မြင်ရုံနဲ့ သူဟာ သူသတိလစ်နေတဲ့အချိန်အတွင်းမှာ မအိပ်မနေ ထိုင်စောင့်နေခဲ့တယ်ဆိုတာ သိသာပါတယ်။

ဒါက ချူးယွန်ရဲ့ နှလုံးသားထဲက ချစ်စိတ်တွေကို မြင့်မားလာစေပြီး တန်းဇီရှမ်းရဲ့ နူးညံ့တဲ့လက်ကလေးကို ဆုပ်ကိုင်လိုက်ပါပြီ။

တန်းဇီရှမ်းက ရုတ်တရက် သူ့လက်ကိုအကိုင်ခံလိုက်ရတာကြောင့် အံ့အားသင့်သွားခဲ့ပါတယ်။

သူလှည့်ကြည့်လိုက်တာအခါ ချူးယွန်ရဲ့ အပြုံးမျက်နှာကြီးကို မြင်ပြီးနောက် ထိတ်လန့်သွားခဲ့ပါတယ်။
"နင်က တကယ့်ကောင်ပဲ… ဒီလောက်ဒဏ်ရာအပြင်းအထန်ရထားတာတောင် အခြားကိစ္စတွေကို တွေးနိုင်သေးတယ်ပေါ့"

"ဇီရှမ်း… အခု ငါဘာတွေတွေးနေလဲဆိုတာ သိလား"
ချူးယွန်က စနောက်လိုက်ပါတယ်။

တန်းဇီရှမ်းရဲ့ လှပတဲ့မျက်နှာက နီရဲသွားပြီး သူ့လက်ကို အမြန်ပြန်ဆွဲရုတ်လိုက်ပါပြီ။

မမျှော်လင့်ဘဲ ချူးယွန်က သူ့လက်ကိုလွှတ်မပေးတဲ့အပြင် ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပါသေးတယ်။

တန်းဇီရှမ်းက ချူးယွန်ရဲ့အကြည့်ကို မခံနိုင်ဘဲ ချက်ချင်းခေါင်းငုံ့လိုက်ပါပြီ။ သူက အသံတိုးတိုးနဲ့ ပြောလိုက်တယ်။
"နင်ဒီလောက်ဒဏ်ရာရထားတာတောင် ငါ့ကို အခွင့်အရေးယူချင်နေသေးတာလား"

ငါက သူ့လက်ကိုဆွဲပြီး အခွင့်အရေးယူမလို့လား။

သူက မတရားစွပ်စွဲခံရသလို ခံစားလိုက်ရပေမယ့် သေချာတွေးကြည့်ပြီးနောက် သူစိတ်သက်သာရာ ရသွားခဲ့ပါတယ်။

အခန်းထဲက အခြေအနေဟာ ရှေးတုန်းကလို အမျိုးသားနဲ့ အမျိုးသမီးကြားက လောကကျင့်ဝတ်တွေကို စောင့်ထိန်းနေခဲ့ကြသလိုပါပဲ။

သူက တစ်ဖက်လူရဲ့ လက်ကိုပဲဆွဲရသေးပေမယ့် အခွင့်အရေးသမားကြီး ဖြစ်သွားခဲ့ရပါပြီ။

ဒါပေမယ့် ဒီလိုအခွင့်အရေးကောင်းကို လက်လွှတ်ရအောင် သူက ငတုံးမဟုတ်ပါဘူး။

သူ့မျက်နှာက ရှုံ့မဲ့သွားပြီး လေသံပျော့ပျော့နဲ့ ပြောလိုက်ပါတယ်။
"ဇီရှမ်း… အရမ်းမလှုပ်ပါနဲ့ဟ… ငါ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်ဆိုတာ နင်လည်း အသိပဲကို… ဒါပေမယ့် နင့်လက်လေးကို ဆုပ်ကိုင်ထားချိန်မှာတော့ ငါနာကျင်မှုတွေ ပျောက်ကွယ်နေသလို ခံစားနေရတယ်"

ချူးယွန်ရဲ့ သနားစဖွယ်မျက်နှာကို မြင်လိုက်ရပြီးနောက် ချန်းပိနင်းဟာ သူ့ကိုယ်သူ အပြစ်တင်လိုက်မိပါတယ်။

ချူးယွန်က ဒဏ်ရာရထားတာကို သူက ဘယ်လိုဖြစ်ပြီး ဒီလိုကိစ္စလေးကိုတောင် ဂရုစိုက်နေရတာလဲ။

သူ့ရဲ့ဒဏ်ရာတွေက အလွန်ပြင်းထန်ပြီး သာမန်သိုင်းသမားတစ်ဦးသာဆိုရင် သေသွားလောက်ပါပြီ။

ဒါက လက်ကလေးကိုင်ရုံပဲမဟုတ်လား။ နောက်ပြီး တစ်ဖက်လူက ‌ဘာမှမလုပ်နိုင်တာကြောင့် သူ့ကို လိုက်လျောလိုက်သင့်ပါတယ်။

ဒါကိုတွေးပြီးနောက်မှာတော့ တန်းဇီရှမ်းဟာ ရုန်းကန်မနေတော့ဘဲ နူးညံ့သိမ်မွေ့တဲ့ ဇနီးသည်တစ်ယောက်လို အိပ်ရာဘေးမှာ ဝင်ထိုင်လိုက်ပါတော့တယ်။

ဒါပေမယ့် သူက ဒီခံစားချက်နဲ့ လိုက်လျောညီထွေ‌မနေနိုင်သေးပါပေ။ သူက ခေါင်းငုံ့နေပြီး ရှက်ရွံ့မှုကြောင့် နီရဲနေတဲ့ သူ့မျက်နှာကို မြင်ခွင့်မပေးပါဘူး။

ချူးယွန်ဟာ တန်းဇီရှမ်းရဲ့ ကျောက်စိမ်းလို၊ နှင်းပွင့်ဖက်ကလေးလို ကြည်လင်ဖြူနုတဲ့ လက်ကလေးကို အသာယာ ဖျစ်ညှစ်ဆုပ်ကိုင်လိုက်ပါတယ်။ ဒီအခါမှာတော့ သူ့နှလုံးသားအောက်ခြေမှ အံ့ဩဖွယ်ကောင်းတဲ့ ခံစားချက်မျိုးစုံကို ခံစားလိုက်ရပါပြီ။

ချန်းပိနင်းရဲ့ နှလုံးသားအောက်ခြေကနေ ထူးခြားတဲ့ခံစားချက်တစ်ခုဟာ တဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ပါတယ်။ ချူးယွန်က သူ့လက်ကိုသာ ဆုပ်ကိုင်ထားပေမယ့်လည်း သူ့တစ်ကိုယ်လုံး အားအင်အနည်းငယ်တောင် စုစည်းမရ ဖြစ်လာခဲ့ပါပြီ။

သူဒီလိုခံစားရတာက ဒါပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ချူးယွန်နဲ့ နှစ်ယောက်တည်း အတူရှိခဲ့ချိန်ကလည်း ခံစားရဖူးပါတယ်။

ထူးခြားပေမယ့် ဒါက အံ့ဩစရာကောင်းပါတယ်။

ဒါက သူ့ကို ခုခံချင်စိတ် ပျောက်ဆုံးစေပါတယ်။

"ချူးယွန်…နင်နိုးပြီလား"
ဒီအချိန်မှာပဲ ရီလီလီရဲ့ စကားသံက အပြင်ကနေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါကိုကြားပြီးနောက် တန်းဇီရှမ်းက ရှက်ရွံ့သွားပြီး သူ့လက်ကိုပြန်ဆွဲရုတ်လိုက်ပါပြီ။

ဒါပေမယ့် ချူးယွန်က ပြုံးနေပြီး လွှတ်မပေးပါဘူး။ သူက တိတ်တဆိတ် လက်ကိုဆွဲထားလိုက်ပါတယ်။

"လွှတ်ပါ… ငါသွားတော့မယ်… ရီလီလီလာနေပြီ"
တန်းဇီရှမ်းရဲ့ လှပတဲ့မျက်နှာက ပိုမိုနီရဲလာပြီး ချူးယွန်ကို မော့ကြည့်လိုက်ပါတယ်။

ရှက်သွေးဖြန်းက လှပနေတဲ့ တန်းဇီရှမ်းရဲ့ မျက်နှာကိုပြန်ကြည့်ရင်း ချူးယွန်ဟာ အသက်ရှူတွေတောင်
မှားသွားခဲ့ပါပြီ။

ဒါပေမယ့် သူက တန်းဇီရှမ်းရဲ့လက်ကိုပဲ ဆုပ်ကိုင်ထားခဲ့တာပါ။ တစ်ယောက်ယောက်က မြင်သွားခဲ့မယ်ဆိုရင်တောင် ဘာဖြစ်သေးလဲ။

"မလုပ်ပါနဲ့… ငါသူ့ကို ဒီလိုပုံစံနဲ့ မမြင်စေချင်ဘူး"
တန်းဇီရှမ်းက အသနားခံလိုက်ပါတယ်။

သူတို့ပထမဆုံး စတွေ့ခဲ့တဲ့အချိန်က မာနကြီးစွာပြုမူခဲ့တဲ့ တန်းဇီရှမ်းရဲ့ပုံရိပ်ကို ပြန်တွေးကြည့်ပြီးနောက် သူ့နှလုံးသားက ပူလောင်လာခဲ့ပါပြီ။

ရီလီလီက တံခါးကိုတွန်းဖွင့်လိုက်ပြီး အထဲကိုဝင်လိုက်တာနဲ့ ချူးယွန်ရဲ့ အိပ်ရာဘေးမှာထိုင်နေတဲ့ တန်းဇီရှမ်းကို ချက်ချင်းမြင်လိုက်ရပါတယ်။

သူ့ခန္ဓာကိုယ်လေးက အနည်းငယ်တုန်ခါသွားခဲ့ပါပြီ။

ရီလီလီက စိတ်ရှုပ်ထွေးစွာနဲ့ မေးလိုက်တယ်။
"ချူးယွန်ဘယ်လိုနေလဲ… သူနိုးနေပြီလား"

ချူးယွန်ရဲ့ အခြေအနေကိုမသိတာကြောင့် သူ့အသံက အနည်းငယ်တိုးလျနေလို့ပါ။

"လီလီ… လာလေ"
ချူးယွန်က ထိုင်နေရင်းကနေ လက်ဝှေ့ယမ်းပြလိုက်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ကျန်လက်တစ်ဖက်က တန်းဇီရှမ်းရဲ့လက်ကို ဆုပ်ကိုင်ထားဆဲပါ။

"တော်ပါတော့"
တန်းဇီရှမ်းက ခေါင်းမော့‌ပြီး အသနားခံဟန်နဲ့ ကြည့်လိုက်ပါတယ်။

တန်းဇီရှမ်းဟာ သူနဲ့ ချူးယွန်ရဲ့ နေထိုင်ပုံကို အခြားသူတွေမမြင်စေချင်ပါဘူး။

ရီလီလီက အပြင်လူမဟုတ်ပေမယ့် သူ့လိုပဲ ချူးယွန်ကို နှစ်သက်နေသူပါ။

ဒီလိုလူကို မြင်တွေ့ခွင့်ပေးလိုက်ရင် သူပိုပြီးရှက်ရပါလိမ့်မယ်။

ဒါကြောင့်ပဲ အသနားခံလိုက်တာပါ။ တကယ်တမ်း သူထွက်သွားချင်ရင် အချိန်မရွေးသွားနိုင်စွမ်းရှိပါတယ်။

အခုချိန်မှာ ချူးယွန်က ဒဏ်ရာအပြင်းအထန်ရနေတာကြောင့် အနည်းငယ်အားစိုက်လိုက်ရုံနဲ့ သူ့လက်ကနေ ရုန်းထွက်နိုင်မှာပါ။

"နင်နိုးနေပြီပေါ့"
ရီလီလီက ပျော်ရွှင်စွာနဲ့ လျှောက်လာခဲ့ပါတယ်။

တန်းဇီရှမ်းရဲ့ အသွင်ပြင်နဲ့ လျှောက်လာနေတဲ့ ရီလီလီကို မြင်ပြီးနောက် ချူးယွန်ဟာ ဆက်လက်ဆွဲကိုင်ထားဖို့မသင့်သလို ခံစားရတာကြောင့် ချက်ချင်းလွှတ်ပေးလိုက်ပါပြီ။

"ငါနင့်အတွက် ဆေးနည်းကြိုလိုက်ဦးမယ်"
တန်းဇီရှမ်းက ချက်ချင်းထရပ်ပြီး ခေါင်းငုံ့ကာ ထွက်ခွာသွားခဲ့ပါတော့တယ်။။

ရီလီလီက အိပ်ရာဘေးမှာ စိတ်လှုပ်ရှားစွာနဲ့ ဝင်ထိုင်ပြီး တန်းဇီရှမ်းရဲ့နေရာကို လွှဲပြောင်းယူလိုက်ပါတယ်။
"နင်ဘယ်အချိန်ကနိုးနေတာလဲ"

"အခုလေးတင်ပဲ"
ချူးယွန်က သူ့လက်ဝါးကို ပြန်နမ်းကြည့်ကာ ပြုံးလိုက်ပါပြီ။

တန်းဇီရှမ်းရဲ့ ကိုယ်သင်းနံ့ဟာ အမြဲလိုလိုမွှေးနေလို့ပါ။ ဒါက မိန်းမပျိုတစ်ဦးရဲ့ ကိုယ်သင်းနံ့ဖြစ်နိုင်ပြီး အခြားသူတွေကို အလွန်ဆွဲဆောင်နိုင်ပါတယ်။

သူက လက်ကိုပဲကိုင်လိုက်ရပေမယ့် အလွန်ကျေနပ်သွားခဲ့ပါတယ်။

ရီလီလီရဲ့ မျက်နှာအမူအရာက အနည်းငယ်ထူးခြားသွားပြီး မေးလိုက်တယ်။
"နင်… အခု သူနဲ့ဘာလုပ်နေတာလဲ"

"မလုပ်ပါဘူး… ငါအခုလေးတင်နိုးလာလို့ ဇီရှမ်းကို မေးခွန်းနည်းနည်းမေးနေတာ"
ချူးယွန်က အရေထူသူမို့ ခပ်တည်တည်ပဲ ပြောလိုက်ပါတယ်။

ရီလီလီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး တီးတိုးပြောလိုက်တယ်။
"ငါနင့်ကို သေလောက်အောင် စိတ်ပူသွားတာ"

ချူးယွန်ဟာ ထိုကောင်မလေးက စိတ်ရင်းမှန်နဲ့ပြောနေတယ်ဆိုတာ သိပါတယ်။ ဒီလိုအခြေအနေမှာ သူကမပျော်ဘူးလို့ပြောရင် ဒါက လိမ်ညာတာပဲဖြစ်မှာပါ။

"နင်က ကိုယ့်ထက် အများကြီးပိုသန်မာသူကို ရင်ဆိုင်ရလောက်အောင် အတော်သတ္တိကောင်းတယ်"
ရီလီလီက မကျေမနပ်နဲ့ ပြောလိုက်ပါတယ်။

"အေးပါ…အေးပါ၊ နောက်ကို ငါဒါမျိုးထပ်မလုပ်တော့ဘူး"
ချူးယွန် ကတိပေးရင်း ရလီလီကို သေချာကြည့်လိုက်မိပါတယ်။

သူကလည်း တကယ့်ကို ပြိုင်ဘက်ကင်းတဲ့အလှပိုင်ရှင်ပါ။

အရင်တုန်းက အသင်းလေးသင်းအစည်းဝေးမှာ တွေ့ဆုံကတည်းက ရီလီလီရဲ့ အသွင်ပြင်နဲ့ ပင်ကိုယ်ပါရမီက သူ့ကို အာရုံစိုက်စေခဲ့ပါတယ်။

ချူးယွန်ရဲ့ အကြည့်ကိုမြင်ပြီးနောက် ရီလီလီရဲ့ မျက်နှာက နီရဲသွားပြီး ချက်ချင်းကာကွယ်ပြောဆိုလိုက်ပါတယ်။
"နင့်ကိုယ်နင် အထင်ကြီးမနေနဲ့ဦး… ငါက ဒေါ်လေးဝမ်ကို နင့်ကိုဂရုစိုက်ဖို့ ကတိပေးထားလို့ပါနော်… သူက ငါ့ကို သမီးအရင်းတစ်ယောက်လို သဘောထားလို့… နောက်ပြီး နင့်ကိုလည်း သေစေနိုင်တဲ့ကိစ္စတွေ လျှောက်မလုပ်မိစေဖို့ စောင့်ကြပ် ပေးဖို့ပြောထားလို့… နောက်ပြီး ငါလည်း နင့်ကိုမသေစေချင်…"

စကားဆုံးခါနီးမှာ သူက အသံရုတ်တရက်ပျောက်သွားခဲ့ပါတယ်။ သူက ဆက်ပြောဖို့အတွက် ယုံကြည်မှုမရှိသေးပါဘူး။


အပိုင်း ( 909 ) အဲဒီအချိန်က စကားတွေကို ထည့်တွက်နေသေးလား

ချူးယွန်ဟာ ဒီလိုရှင်းပြချက်မျိုးတွေကို နားထောင်ရတာ ဘယ်နစ်ခါရှိပြီမှန်းတောင် မသိတော့ပါဘူး။

သူက အချစ်ရေးမှာ ကျွမ်းကျင်သူ မဟုတ်ပေမယ့်လည်း အရူးတစ်ယောက်မဟုတ်တော့ ‌မဟုတ်ပေ။

ဒီကောင်မလေးရီလီလီက သူ့ကိုစိတ်ဝင်စားနေတယ်ဆိုတာ အသိသာကြီးပါ။

ဒါပေမယ့် ချူးယွန်က မသိချင်ဟန်ဆောင်ပြီး မရယ်မပြုံးနဲ့ ပြောလိုက်တယ်။
"လီလီ… ငါနားလည်သွားပါပြီ… နင်ငါ့အနောက်ကို လိုက်နေတာက ငါ့အမေရဲ့ စကားတစ်ခွန်းအတွက်ကြောင့်ပဲဆိုတာ"

ဒါကိုကြားပြီးနောက် ရီလီလီဟာ စိတ်ထဲကနေ တုန်လှုပ်သွားခဲ့ပါတယ်။ သူက နားလည်မှုလွဲသွားပြီထင်တာကြောင့် ချက်ချင်းပြောလိုက်တယ်။
"အဲလို မဟုတ်ပါဘူး"

သူချူးယွန်ကို မော့ကြည့်လိုက်ပြီးနောက် အပြုံးကြီးပြုံးနေတဲ့ ချူးယွန်ရဲ့မျက်နှာကို မြင်လိုက်ရပါတယ်။ ဒီအခါမှာတော့ သူနားလည်သွားခဲ့ပါပြီ။

"နင်… နင်လူညစ်"
ရီလီလီဟာ ကျိန်ဆဲဖို့စကားလုံးလည်း ရှာမတွေ့ခဲ့ပါ။ ထိုစကားတွေကို ပြောပြီးတာနဲ့ သူ့မျက်နှာကို လက်နဲ့အုပ်ကာ ထွက်ပြေးသွားခဲ့ပါတော့တယ်။

ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်ပါလိမ့်။
ဒါက အရမ်းရှက်စရာကောင်းတယ်။

"ဟားဟားဟား"
ချူးယွန် သဘောကျစွာ ရယ်မောလိုက်ပါတယ်။ ဒါပေမယ့် သူ့ဒဏ်ရာတွေကို ထိခိုက်မိတာကြောင့် နာကျင်မှုကို ခံစားလိုက်ရပါပြီ။

သူက ဟန်ဆောင်နေတာ မဟုတ်ပါဘူး။

ဝိညာဉ်စွမ်းအင်က သူ့ရဲ့သွေးကြောအားလုံးကို ဒဏ်ရာအပြင်းအထန်ရစေခဲ့တာပါ။

"နင်က မိန်းကလေးတွေကို အနိုင်ကျင့်ရတာကြိုက်မယ်လို့ ငါထင်မထားခဲ့ဘူး"
ချန်းပိနင်းက ခပ်တည်တည်နဲ့ ဝင်လာခဲ့ပါတယ်။

သူက ချူးယွန်ဆီကိုလာခဲ့ပေမယ့် တံခါးအနားကို မရောက်ခင်မှာပဲ နီရဲနေတဲ့မျက်နှာနဲ့ ထွက်ပြေးလာတဲ့ ရီလီလီကို မြင်လိုက်ရတာပါ။

ချန်းပိနင်းဟာ အချစ်အကြောင်းကို မသိပေမယ့် အချို့ကိစ္စတွေကိုတော့ နားလည်ပါသေးတယ်။

ချူးယွန် အံ့အားသင့်သွားခဲ့ပြီး ရယ်မောလိုက်ပါတယ်။
"ခန်းမသခင်ရဲ့ အနိုင်ကျင့်တယ်ဆိုတဲ့စကားကြီးက ပြင်းထန်လိုက်တာ… ငါက ရိုးသားပါတယ်၊ ငါဘာမှမလုပ်ခဲ့ဘူး"

ချန်းပိနင်းရဲ့ မျက်နှာက နီရဲပြီး သွေးအန်လုနီးဖြစ်သွားခဲ့ပါတယ်။

ရီလီလီက အနိုင်ကျင့်ခံလိုက်ရသလို နီရဲနေတဲ့မျက်နှာနဲ့ ထွက်ပြေးသွားခဲ့တာပါ။ ဒါတောင်မှပဲ သူက ဘာမှမလုပ်မိသလို ဟန်ဆောင်နေတုန်းပါပဲ။

နင်သာ အပြစ်ကင်းစင်တယ်ဆိုရင် ဝက်တွေလည်း သစ်ပင်ပေါ်တက်ကုန်တော့မယ်။

ဟုတ်ပါတယ်။ ဒီစကားတွေက ချန်းပိနင်းရဲ့စိတ်အတွေးပဲဖြစ်ပြီး အပြင်ကို ထုတ်မပြောပါဘူး။

"ချူးယွန်… နင့်ဒဏ်ရာ…"

ချန်းပိနင်းက မေးဖို့ပြင်လိုက်ပေမယ့် ချူးယွန်က ခါးသီးစွာပြုံးပြီး လက်ပြကာ တားလိုက်ပါတယ်။

ချူးယွန်ရဲ့ ခါးသီးတဲ့အပြုံးကိုမြင်ပြီးနောက် ချန်းပိနင်း အံ့သြသွားခဲ့ပါပြီ။

အစောပိုင်းက ချူးယွန်ရဲ့ ဒဏ်ရာတွေကို စစ်ဆေးကြည့်ခဲ့ဖူးပါတယ်။ သူ့သွေးကြောတွေ ပျက်ဆီးသွားပြီး အရိုးတွေကျိုးသွားခဲ့တာပါ။

အခု သူ့ဒဏ်ရာက ပိုဆိုးလာလို့လား။

လှည့်ကင်းခန်းမအတွက် ချူးယွန်ရဲ့ အရေးပါပုံကို စဉ်းစားမိတဲ့အခါမှာတော့ ချန်းပိနင်း အနည်းငယ်စိုးရိမ်သလို ခံစားလိုက်ရပါပြီ။

သူဟာ ချက်ချင်းပဲ ချူးယွန်ရဲ့ လက်ကောက်ဝတ်ကို လက်နဲ့ဖိကပ်ကာ စွမ်းအင်ပို့လွှတ်ပြီး စမ်းသပ်ကြည့်လိုက်ပါတယ်။

သူ့လက်ကောက်ဝတ်က နူးညံ့တဲ့ထိတွေ့မှုကို ခံစားမိပြီးနောက် ချူးယွန် မနေနိုင်ဘဲ စိတ်ဓာတ်တက်ကြွသွားခဲ့ပါပြီ။

ပြောရရင် ခန်းမသခင်က တကယ်ကိုရှားပါးတဲ့ အလှပိုင်ရှင်ပါ။

ရုပ်ရည်အသွင်ပြင်မှာ သူက တန်းဇီရှမ်းနဲ့ ရီလီလီအောက် မနိမ့်ပါဘူး။ ပါရမီနေရာမှာဆိုရင်လည်း နဂါးဂိတ်ညီလာခံမှာ ပထမရခဲ့သူမို့ သံသယရှိစရာမလိုပေ။

သုံးရက်အတွင်းမှာ ချန်းပိနင်းက သူ့ဆီကို ငါးကြိမ်ရောက်လာခဲ့ပါတယ်။ ဒီတစ်ခါနဲ့ဆိုရင် ခြောက်ကြိမ်ရှိပါပြီ။

ခန်းမသခင်က သူ့ကို ဒီလောက်ဂရုစိုက်နေတာ… သူ့ကို စိတ်ဝင်စားသင့်လား။

ဟုတ်ပါတယ်။ ဒါက သူ့ရဲ့အတွေးသက်သက်ပါ။

သူ့ဘေးနားက‌ မိန်းကလေးနှစ်ယောက်ကိုတောင် သေချာနားမလည်နိုင်ဘဲ အခြားမိန်းကလေးတွေကို ပြဿနာရှာဖို့ သူ့မှာအင်အားမရှိပါဘူး။

"အဲ"
ချန်းပိနင်းက အနည်းငယ် အံ့အားသင့်သွားဟန်နဲ့ ပြောလိုက်ပါတယ်။
"ဒါ… ဒါက တကယ်ကြီး"

ချူးယွန်ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးကြောတွေ ပျက်ဆီးနေရုံသာမက ဖရိုဖရဲစွမ်းအင်တွေလည်း စီးဆင်းနေလို့ပါ။ ဒါပေမယ့် ဒီစွမ်းအင်စီးဆင်းမှုက သူ့ထက်ပိုမဆိုးလာနိုင်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

အခြားသူတော်စင်တွေဆိုရင် အရင်ကတည်းက သေသွားလောက်ပါပြီ။

သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကြောင့်သာ ဒီလောက်ထိ ခံနိုင်တာပါ။

"ဇီရှမ်းပြောပုံအရတော့ အနည်းဆုံး တစ်နှစ်ခွဲလောက်ကြာမှပဲ ငါပြန်ကောင်းလာလိမ့်မယ်"
ချူးယွန် သက်ပြင်းချပြီး ခေါင်းကိုခါယမ်းလိုက်ပါတယ်။

"ဒါက တစ်နှစ်ခွဲရယ်လို့မဟုတ်ဘူး… နင့်ရဲ့ ပြန်လည်ကောင်းမွန်မှုနှုန်းနဲ့ဆိုရင် သုံးလက လုံလောက်နေပြီ"
ချန်းပိနင်းက သူ့လက်ကို ပြန်ရုတ်ပြီး နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်တယ်။
"အဲဒီတုန်းက ဟုန်ဟောင်ထျန်းရဲ့ လှည့်စားမှုဆိုပေမယ့် ငါလည်း ပေါ့ဆခဲ့မိတယ်… ခန်းမသခင်တစ်ယောက်ဖြစ်ပြီး နင့်ကို မကာကွယ်နိုင်ခဲ့ဘူး… ဒါက ငါ့အမှားပါ"

ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတဲ့ ချန်းပိနင်းကို မြင်ပြီးနောက် ချူးယွန်က ရယ်မောလိုက်ပါတယ်။
"ခန်းမသခင်… ဘာဖြစ်ရတာလဲ… အရာအားလုံးက ရုတ်တရက်ဖြစ်သွားတာကို…  မင်းဘယ်သူ့ကိုမှအပြစ်တင်လို့မရဘူးလေ "

ချူးယွန်က ပြောလိုက်ပေမယ့် ချန်းပိနင်းကတော့ သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်သေးပါဘူး။

ချူးယွန်က သူ့ရဲ့ကိုယ်ပိုင်ဝှက်ဖဲနဲ့ ဟုန်ဟောင်ထျန်းကို အနိုင်ယူနိုင်ခဲ့တယ်ဆိုပေမယ့် ဘယ်လိုပဲကြည့်ကြည့် ဒါက သူ့ရဲ့အပြစ်တွေပါ။

"နင်ပြောချင်တာက ရှောက်တုံးက သူ့သားမို့လား"
ချန်းပိနင်း ဝမ်းနည်းသွားတာကို မြင်ပြီးနောက် ချူးယွန်က စကားလမ်းကြောင်း အမြန်ပြောင်းလိုက်ပါတယ်။

"ဖူး"
ချန်းပိနင်းရဲ့ နှလုံးသားက လေးလံနေပေမယ့် ဒါကိုကြားပြီးနောက်မှာတော့ မရယ်‌နိုင်တော့ပါဘူး။

"နင်ဘာတွေပြောနေတာလဲ… ဟုန်ကျူးက သူ့ရဲ့ညီမအရင်းကြီးကို"
ချန်းပိနင်းက ချူးယွန်ကို မျက်စောင်းထိုးလိုက်ပါတယ်။ ဒီချူးယွန်က တကယ်ကို ထိန်းချုပ်မှု မရှိပါဘူး။

"ဒါက မဖြစ်နိုင်တာ မဟုတ်ဘူးနော်… ရှောက်တုံး အရှက်တကွဲအကျိုးနည်းဖြစ်တော့ သူက ‌အဖေအရင်းဖြစ်တဲ့ ရှောက်ယုံကျန်းထက်တောင် ပိုပြီး ‌ဒေါသတကြီးနေသေးတယ်… အကိုတစ်ယောက်ဖြစ်ပါလျက်နဲ့ ဟုန်ကျူးက လက်ထပ်သွားတာတောင်မှပဲ နီးနီးကပ်ကပ်ရှိနေသေးတယ်မလား… ဒါက မသင့်ဘူးလေ"
ချူးယွန်ဟာ မူလက ပြီးစလွယ်သာပြောခဲ့ပေမယ့် သေချာတွေးလေ၊ ပိုပြီး စိတ်ဝင်စားဖို့ကောင်းသလို ခံစားလာရလေပါပဲ။

ရှောက်တုံးရဲ့ ရုပ်ရည်ကလည်း ရှောက်ယုံကျန်းနဲ့ မတူဘဲ ဟုန်ဟောင်ထျန်းနဲ့ ပိုတူနေလို့ပါ။

ချန်းပိနင်းက နှာခေါင်းရှုံ့လိုက်ပေမယ့် မိန်းမတို့သဘာဝအရ အတင်းအဖျင်းကို မပြောဘဲ မနေနိုင်တော့ပါဘူး။
"အရင်တုန်းကလည်း ဒီလိုကောလဟာ‌လတွေ ရှိခဲ့ဖူးတယ်… ဒါပေမယ့် ဟုန်ဟောင်ထျန်းမှာ သားသမီးမရှိလို့ ချစ်နေတာပဲဆိုပြီး ဒီသတင်းတွေကို အလေးအနက်မထားခဲ့ကြတာ"

ချန်းပိနင်းရဲ့ စိတ်အခြေအနေက ပိုကောင်းလာတာကို မြင်ပြီးနောက် ချူးယွန် သက်ပြင်းချလိုက်ပါတယ်။

"ချူးယွန်… ဒီကိစ္စက အတော်ကြီးကျယ်သွားတယ်… ဒီတိုက်ပွဲသတင်းကို လူအတော်များများက သိသွားခဲ့ကြပြီ… ရက်အနည်းငယ်အတွင်းမှာဘဲ နင့်ကိုဖိတ်ခေါ်ဖို့ ကျွမ်းကျင်သူတွေ အများကြီးရောက်လာမယ်လို့ ငါထင်တယ်"
ချန်းပိနင်း နှုတ်ခမ်းကို ကိုက်လိုက်ပါတယ်။ သူက ဒီကိစ္စကို စိတ်မပူဘူးလို့ပြောရင် ဒါက အတုပဲဖြစ်မှာပါ။

ချူးယွန်က လှည့်ကင်းခန်းမကနေ ထွက်မသွားဘူးလို့ ကတိပေးထားပေမယ့်လည်းပေါ့။

ချူးယွန်က ကတိပေးထားပေမယ့် အင်အားစုကြီးတွေက ကြီးမားစွာပေးဆပ်လာမယ်ဆိုရင် သူ့စိတ်ကို ထိန်းထားနိုင်ပါဦးမလား။

နောက်ပြီး သူဟာ ထိုနေ့က ဟုန်ဟောင်ထျန်းကို မတားဆီးနိုင်ခဲ့ပါဘူး။

ဒါက သူ့အပြစ်လို့ မပြောနိုင်ပေမဲ့ ရှောင်လွှဲလို့မရဘဲ သူ့မှာ တာဝန်ရှိပါတယ်။

ချန်းပိနင်းရဲ့ အတွေးတွေကိုမြင်ပြီးနောက် ချန်းပိနင်းက ရယ်မောကာ ပြောလိုက်တယ်။
"ခန်းမသခင် စိတ်အေးအေးထားပါ… ငါက ကျေးဇူးမကန်းတတ်ပါဘူး… လှည့်ကင်းခန်းမက ငါ့ကို အများကြီး အကူအညီပေးခဲ့မှတော့ ငါကလည်း ပြန်ပေးဆပ်မှာပါ"

ငါက အများကြီးပေးခဲ့တာလား။

နင်ကမှ လှည့်ကင်းခန်းမကို အများကြီးပေးခဲ့တဲ့သူပါ။

ချန်းပိနင်း သက်ပြင်းချလိုက်ပါတယ်။ ချူးယွန်က အခုလို ကတိပေးနေလေ သူ့နှလုံးသားထဲမှာ ပိုခံစားရလေပါပဲ။

ချူးယွန်ဟာ လှည့်ကင်းခန်းမကို ဝင်ရောက်လာချိန်ကစပြီး သူ့အတွက် ဘာအကျိုးအမြတ်မှ မပေးရသေးပါဘူး။

အခြားတစ်ဖက်မှာတော့ ချူးယွန်ဟာ လှည့်ကင်းခန်းမရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစွမ်းကုန်ကြိုးစားပေးခဲ့ပါတယ်။

သူ့ရဲ့ ပြုလုပ်ပေးမှုတွေက ချန်းပိနင်းကို ပိုပြီးနာကျင်စေပါတယ်။

ချူးယွန်က ဘာမှမဟုတ်တဲ့ လှည့်ကင်းခန်းမမှာ နေချင်ပါ့မလား။

အင်အားစုကြီးတွေနဲ့ယှဉ်ရင် ချူးယွန်က ဘာမှမဟုတ်ပါဘူး။

သူတို့ဟာ ဝေးလံခေါင်သီတဲ့ မြို့ရဲ့ထောင့်တစ်နေရာမှာပဲ နေထိုင်နိုင်ခဲ့ပြီး သူတို့ရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကလည်း မသေချာသေးပါဘူး။

ဒါပေမယ့် ချူယန်ပြောတဲ့ စကားဟာ သူ့နှလုံးသားအောက်ခြေက စစ်မှန်တဲ့စကားတွေပါ။

လှည့်ကင်းခန်းမက တကယ်ပဲ သူ့ကို အများကြီးပေးဆပ်ခဲ့ပါတယ်။ လှည့်ကင်းခန်းကြောင့်ပဲ တိုင်ဂန်တိုက်ကြီးကို ဖုံးကွယ်ထားနိုင်တာပါ။

နောက်ပြီး သူ့အနေနဲ့ တိုင်ဂန်တိုက်ကြီးကို ပြန်ချင်ရင်ပြန်လို့ရပြီး တိုက်ပွဲစွမ်းရည်နဲ့ လျှို့ဝှက်ပညာရပ်တွေကို သယ်ဆောင်သွားလို့တောင် ရပါသေးတယ်။

အခြားနေရာမှာဆိုရင် ဒီလောက် ကောင်းမွန်နိုင်ပါ့မလား။

လှည့်ကင်းခန်းမက ထွက်သွားမယ်ဆိုရင် ချူးယွန်ဟာ ဒီအကြောင်းကို တွေးလို့တောင် မရနိုင်ပါဘူး။

ဒီလောက်ကောင်းမွန်တဲ့ ဘဝမှာမနေဘဲ ဘာကြောင့် ထွက်ခွာသွားရမှာလဲ။

ဗြဟ္မာမိစ္ဆာဒယ်စောက်အိုးနဲ့ ဆေးလုံးတွေကိုလည်း လွယ်လင့်တကူ ရရှိနေနိုင်ပါသေးတယ်။

သူသာ နဂါးဂိတ်ညီလာခံမှာ ပထမရရင် အနေအထားက ပိုကောင်းလာဦးမှာပါ။

သူက ကောင်းကင်ဘုံခုံရုံးမှာ အင်အားစုတစ်ခုကို တိတ်တဆိတ်တည်ဆောက်နေရုံပါပဲ။

ချန်းပိနင်းက နှုတ်ခမ်းကိုကိုက်ပြီး စိတ်လျှော့လိုက်ပါတယ်။
အချိန်အတော်ကြာ စဉ်းစားနေပြီးမှ သူက ခေါင်းမော့ကာ ပြောလိုက်တယ်။
"ချူးယွန်… အဲဒီနေ့က ငါပြောခဲ့တဲ့စကားတွေကို နင်ထည့်တွက်နေတုန်းလား"

ဒါကိုပြောပြီးနောက် ချန်းပိနင်းရဲ့ လှပတဲ့မျက်နှာက ပန်းသီးတစ်လုံးလို နီရဲသွားခဲ့ပါတယ်။

"ဘယ်တစ်ခုလဲ"
ချူးယွန်က ဘာမှန်းမသိ ဖြစ်သွားခဲ့ရပါတယ်။

"နင်…"
ဒါကိုကြားပြီးနောက် ချန်းပိနင်းဟာ ပိုရှက်သွားသလို သူ့မျက်နှာက ပိုမိုနီရဲလာခဲ့ပါပြီ။

သူ့အနေနဲ့ ဒီလောက်ထိ ပြောဖို့တောင် သူ့သတ္တိအတော်မွေးထားခဲ့ရတာပါ။ ဒါပေမယ့် ချူးယွန်က မသိနားမလည်ဟန်နဲ့ ပြန်လည်မေးခွန်းထုတ်နေမယ်လို့ ထင်မထားခဲ့ပါဘူး။

ငါက ဒါမျိုးကို ထပ်ပြောရဦးမှာလား။

ဒါပေမယ့် ထိုစကားတွေက ရှက်စရာကောင်းလွန်းနေတာကို သူက ဘယ်လိုလုပ်ပြီး ထပ်ပြောနိုင်ဦးမှာလဲ။

"ငါ… ငါဘာဖြစ်လို့လဲ"
ချူးယွန် ပိုပြီးစိတ်ရှုပ်ထွေးသွားခဲ့ပါတယ်။ ချန်းပိနင်းရဲ့ စကားတွေကို သူလုံးဝ နားမလည်နိုင်သေးပါဘူး။

"နင်က တမင်မသိချင်ဟန်ဆောင်နေတာပဲ… ငါနင်နဲ့ စကားမပြောချင်တော့ဘူး"
ချန်းပိနင်းက ဒေါသတကြီးနဲ့ ခြေဆောင့်လိုက်ပါတယ်။ ပြီးနောက် နီရဲနေတဲ့ မျက်နှာနဲ့ ချက်ချင်းပဲ ထွက်ပြေးသွားခဲ့ပါတော့တယ်။

ချူးယွန်ကတော့ အံ့သြနေတဲ့ မျက်နှာအမူအရာနဲ့သာ အနောက်မှာ ကျန်ရစ်ခဲ့ပါတယ်။

'ခွေးစုတ်လေး… သူက ငါ့ကို ဒီစကားတွေ ထပ်ပြောစေချင်နေတာကိုး… ဒါပေမယ့် ဒါက ရှက်စရာကောင်းလွန်းတယ်… ငါဘယ်လိုပြန်ပြောပြနိုင်မှာလဲ'
အပြင်ကိုပြေးရင်းနဲ့ ချန်းပိနင်းက စိတ်တည်ငြိမ်မှုရစေဖို့ အသက်ပြင်းပြင်းရှုလိုက်ပါတယ်။

'ငါဒီကိစ္စကို ဘယ်တော့မှ ထပ်မပြောတော့ဘူး'
တွေးရင်း ချန်းပိနင်း လက်သီးဆုပ်လိုက်ပါတယ်။

ချန်းပိနင်း ဒီလောက်ဖိ ရှက်ရွံ့နေတာက မထူးဆန်းပေ။ သူက သူ့ရဲ့ ခံစားချက်တွေကို ပထမဆုံးအကြိမ် ထုတ်ဖော်ခဲ့ချိန်က ပြောခဲ့သောစကားတွေကို ရည်ညွှန်းတာပါ။

ချူးယွန်သာ လှည့်ကင်းခန်းမမှာ နေမယ်ဆိုရင် ခန်းမသခင်ရာထူးကို စွန့်လွှတ်ပြီး သူ့ကို လက်ထပ်ဖို့တောင် ဆန္ဒရှိပါတယ်။

သူက ဒီလောက် ရှင်းရှင်းလင်းလင်း ပြောထားတာတောင်မှ တစ်ဖက်လူက ရူးချင်ဟန်ဆောင်နေဆဲပါ။

ချန်းပိနင်းဟာ ရှက်ရွံ့စွာနဲ့ သူ့မျက်နှာကို လက်နဲ့အုပ်ပြီး ခေါင်းငုံ့လိုက်ပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာတော့ ချူးယွန်က သူဘာအကြောင်းကို ပြောသွားမှန်းတောင် မသိရရှာပါဘူး။

အပိုင်း ( 910 ) ပန်းကလေးနဲ့ အလှဆင်မယ်

'မိန်းမတွေက တကယ် နားလည်ရခက်တာပဲ'
ချူးယွန်က ပျင်းရိစွာနဲ့ အိပ်ရာပေါ်မှာ လဲလျောင်းရင်း တွေးလိုက်ပါတယ်။

သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအရ အမြင့်ဆုံးကိုပြန်ရောက်ဖို့ဆိုတာ သုံး‌လတောင်မလိုပါဘူး။ ဒါကို သူကိုယ်တိုင်လည်း ယုံကြည်ပါတယ်။

အခြား အင်အားစုကြီးတွေ ဆိုတာကတော့ သူတို့လာချင်ရင်လည်း လာပါစေ။

သူကတော့ တိုင်ဂန်တိုက်ကြီးအတွက် ဘယ်လိုပဲရက်ရောနေပါစေ လှုပ်ရှားမှာ မဟုတ်ပါဘူး။

ဧကရာဇ်တစ်ပါးအနေနဲ့ သူက တိုင်ဂန်တိုက်ကြီး တစ်ခုလုံးအတွက် စဉ်းစားရပါလိမ့်မယ်။

"ချူးယွန်…  ငါ နင့်အတွက် ကြက်စွပ်ပြုတ်လုပ်ခဲ့တယ်"
တန်းဇီရှမ်းရဲ့ အသံက အပြင်ဘက်က ထွက်ပေါ်လာခဲ့ပါတယ်။ သူ့လက်ထဲမှာ ဟင်းချိုပူပူတစ်ခွက်ကို ဂရုတစိုက်ကိုင်ထားလို့ပါ။

အစောပိုင်းက ရင်ခုန်စရာ မြင်ကွင်းကို ပြန်တွေးမိပြီးတော့ ချူးယွန်မျက်နှာက ပြုံးသွားခဲ့ပါပြီ။ သူက တန်းဇီရှမ်းကို ပြုံးရွှင်စွာနဲ့ ကြည့်လိုက်ပါတယ်။

"မြန်မြန်သောက်လေ"
ချူးယွန်ရဲ့ အကြည့်က တန်းဇီရှမ်းကို အနည်းငယ်ရှက်ရွံ့သွားစေပါတယ်။ သူက အနည်းငယ် ဒေါသထွက်ချင်ဟန်ဆောင်လိုက်ပြီး သူ့အသံကလည်း အနည်းငယ်အေးစက်သွားခဲ့ပါပြီ။

ဒီလိုမှသာ သူဟာ ဒီအဆင်မပြေတဲ့ အခြေအနေကနေ လွတ်မြောက်နိုင်ပါလိမ့်မယ်။

"ဇီရှမ်း… နင်ငါ့ကို အရမ်းဂရုစိုက်တာပဲ "
ချူးယွန်က တန်းဇီရှမ်းရှက်ရွံ့နေတာကြောင့် စနောက်မနေတော့ဘဲ စွပ်ပြုတ်ကို သောက်လိုက်ပါပြီ။

"အားပါး… ကောင်းလိုက်တဲ့အရသာ… ဒါကို နင်ချက်လာတာလား"
ချူးယွန် မျက်ခုံးပင့်လိုက်ပါတယ်။ တန်းဇီရှမ်းကရဲ့ လက်ရာက ဒီလောက်ကောင်းလိမ့်မယ်လို့ သူမျှော်လင့်မထားခဲ့ပါဘူး။

ဒီအထဲမှာ ဆေးပင်ဝါးပင်တွေလည်း ပါဝင်ပုံရပါတယ်။ ဒါကို သောက်လိုက်တဲ့အခါမှာ အားနည်းနေတဲ့ ခန္ဓာကိုယ်ကိုတောင် အားတက်လာစေခဲ့ပါပြီ။

"မဟုတ်ပါဘူး… ငါမီးဖိုခန်းထဲကယူလာတာ"
တန်းဇီရှမ်းက ပြောလိုက်ပါတယ်။

ချူးယွန် " … "

သူ ကြိုတင်ပြင်ဆင်ထားတဲ့ ချီးမွမ်းစကားတွေက အခုတော့ အသုံးမ၀င်တော့ပါပါဘူး။

"ဒါနဲ့ နင်က ဟုန်ဟောင်ထျန်းကို လက်သီးတစ်လုံးနဲ့ သတ်ခဲ့‌တာနော်… အဲတာကို အင်အားစုကြီးတွေက မေးလာခဲ့ရင် နင်ဘယ်လိုဖြေမလဲ"
တန်းဇီရှမ်းက စိတ်ရှုပ်ထွေးစွာနဲ့ ပြောလိုက်ပါတယ်။ ဒါက အလွန်အရေးကြီးတယ်။

တကယ်လို့ ဒါက အင်အားစုကြီးတွေရဲ့ အာရုံကို မတော်တဆဆွဲဆောင်နိုင်ခဲ့ရင် အလွန်ကြောက်စရာကောင်းမှာပါ။

သူတို့တွေသာ တင်းကျပ်စွာစုံစမ်းလာရင် ဖုံးကွယ်ထားဖို့ မလွယ်ပါဘူး။

" ငါ့မှာ တစ်ခါသုံးအမျိုးအစား ဝိညာဉ်လက်နက်တစ်ခုရှိတယ်… ဒါက စွမ်းအင်အများကြီးကို သိုလှောင်ထားနိုင်တယ်… ဒီစွမ်းအင်တွေကြောင့်ပဲ ငါ့ခွန်အားတွေ မြင့်တက်လာပြီး ဟုန်ဟောင်ထျန်းကို သတ်ဖြတ်နိုင်ခဲ့တာ… ဒါပေါ့… သုံးပြီးတာနဲ့ အဲဒီဝိညာဉ်လက်နက် ပျက်ဆီးသွားသလို ငါလည်း တန်ပြန်သက်ရောက်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရခဲ့ရတယ်"
ချူးယွန် ပြောလိုက်ပါတယ်။

အရာအားလုံးက မြန်ဆန်စွာ ဖြစ်ပျက်ခဲ့လို့ သူဟာ သန့်စင်ခြင်းလမ်းကိုးပါးစေတီကို အသုံးပြုခဲ့ရပေမယ့် ဆင်ခြေတစ်ခုရှာဖွေဖို့ကတော့ လွယ်ကူလွန်းပါတယ်။

"ဒါအဓိပ္ပာယ်ရှိတယ်"
တန်းဇီရှမ်း ခေါင်းညိတ်လိုက်ပါတယ်။ ဒီလိုဆိုရင် သူ့ကို ဘယ်သူမှ သံသယဝင်မှာ မဟုတ်တော့ပါဘူး။

"အစောပိုင်းက ခန်းမသခင်ရောက်လာတယ်လို့ ငါကြားတယ်"
တန်းဇီရှမ်းက ချူးယွန်ကို သံသယမျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။

ချူးယွန်က ရယ်မောလိုက်ပြီး
"နင်က အများကြီးတွေးနေတာပဲ… ငါက ခန်းမရဲ့ အကိုကြီးဆိုမှတော့ သူငါ့ဆီကို လာတွေ့သင့်တယ်လေ… ဒါက ငါတို့ရဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးနဲ့ ဘာမှမဆိုင်ပါဘူး… ဒီလိုမှမဟုတ်ရင် အခြားလှည့်ကင်းတွေက ဘယ်လိုစိတ်အေးချမ်းသာ နေနိုင်ပါတော့မလဲ"

"ဟုတ်လို့လား"
တန်းဇီရှမ်းက ဒါကိုနားလည်ပုံရပေမယ့် အခြားသူတွေရဲ့ စိတ်နှလုံးကို အနိုင်ယူတဲ့နည်းလမ်းကို နားမလည်သေးပါဘူး။

ဒါပေမယ့် ချူးယွန်ပြောတာကိုကြားပြီးနောက် အလိုလိုယုံကြည်သွားခဲ့ပါတယ်။

ဒါက ကျိုးကြောင်းဆီလျော်မှုရှိပုံရတယ်။

နန်းတော်သခင်တစ်ယောက်အနေနဲ့ ချန်းပိနင်းက လှုပ်ရှားမှုတော့ ပြုနေရဦးမှာပါ။

ဒါမှပဲ အခြားလှည့်ကင်းတွေက ယုံကြည်စိတ်ချမှုကို ခံစားရပါလိမ့်မယ်။

"ကောင်းတယ်… ငါက နင်နဲ့ခန်းမသခင်ကို အတူတူလို့ထင်နေတာ"
တန်းဇီရှမ်းက ဆက်ပြောချင်ပေမယ့် သူ့မျက်နှာက နီရဲလာပြီး ဆက်မပြောနိုင်တော့ပါဘူး။

"နင်ဘာတွေပြောနေတာလဲ… ငါ့ဘေးမှာ နင့်လိုမိန်းမလှလေးရှိနေမှတော့ အခြားသူတွေကို လိုနေဦးမယ်ထင်လို့လား"
ချူးယွန်က အသာပြုံးလိုက်ပါတယ်။ နောက်ဆုံးမှာတော့ သူက အရေထူသူမို့ ဘာကိုမှ ဂရုမစိုက်ပါဘူး။

"ဟမ့်… နင်က ဘယ်သူမို့လဲ"
တန်းဇီရှမ်းက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပါတယ်။ သူက ချူးယွန်ပြောတာကို သဘောမကျဟန်နဲ့ ပြောလိုက်ပေမယ့် သူ့နှလုံးသားထဲမှာတော့ နက်ရှိုင်းတဲ့ ချိုမြိန်မှုကို ခံစားလိုက်ရပါပြီ။

ဟုတ်ပါတယ်။ အေးစက်စက် သူ့ရဲ့မျက်နှာအမူအရာကြောင့် သူဘယ်လိုခံစားရတယ်ဆိုတာ‌ကို ပြောဖို့တော့ မလွယ်ပါဘူး။

"ချူးယွန်… ငါအလျင်စလိုထွက်သွားလို့ တစ်ခုခုကို မေ့သွားတယ်"
ချန်းပိနင်းရဲ့အသံက အပြင်ဘက်က ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။

"အဲ"
ချူးယွန် အေးခဲသွားခဲ့ပါပြီ။ သူက အခုလေးတင် ဘာမှမသက်ဆိုင်ကြောင်း ပြောနေပေမယ့် တစ်ဖက်လူက တကယ်ကြီး ပြန်ရောက်လာခဲ့ပြန်ပါပြီ။

"ခုနစ်"
တန်းဇီရှမ်းက အပြောင်းအလဲမရှိတဲ့ မျက်နှာအမူအရာနဲ့ ပြောလိုက်တယ်။

ဒါက ဒီရက်အတွင်း ချန်းပိနင်းရောက်လာတာ ခုနစ်ကြိမ်ရှိသွားပြီလို့ ပြောတာပါ။

"ဟီး"
ချူးယွန်က အဆင်မပြေစွာ ရယ်မောလိုက်ပြီး ဘာပြောရမှန်း မသိတော့ပါဘူး။

ချန်းပိနင်းက နီရဲနေတဲ့မျက်နှာနဲ့ လျှောက်လာခဲ့ပါတယ်။ သူ့ခြေလှမ်းတွေကတော့ မတည်မငြိမ်ဖြစ်နေလို့ပါ။

တန်းဇီရှမ်းရဲ့ အကြည့်စူးစူးက ဖျတ်ခနဲ ကျရောက်လာခဲ့ပါပြီ။

"ခန်းမသခင်"
ချူးယွန်က ခန်းမသခင်ကို တည်ငြိမ်စွာရှိဖို့ သတိပေးတဲ့အနေနဲ့ လှမ်းခေါ်လိုက်ပါတယ်။

နင်နဲ့ငါက ဘာမှမဟုတ်ပေမယ့် တန်းဇီရှမ်းက အထင်လွဲသွားရင် ငါတကယ် ဒုက္ခရောက်ရလိမ့်မယ်။

ချန်းပိနင်းဟာ ဒီတော့မှ သတိပြန်ဝင်လာပြီး တန်းဇီရှမ်းကို မြင်သွားပြီး အံ့အားသင့်သွားခဲ့ပါတယ်။
"မိန်းကလေးတန်းလည်း ရှိနေတာပဲ"

"ခန်းမသခင် ပြောစရာရှိရင် ပြောပါ"
တန်းဇီရှမ်းက ပြောလိုက်ပါတယ်။
"ငါရှိနေတာ အဆင်မပြေရင် ငါထွက်သွားပေးပါမယ်"

ချူးယွန်ရဲ့ ဇနီးလောင်းမျက်နှာအမူအရာကို မြင်ပြီးနောက် ချန်းပိနင်းက အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရပြီး အမြန်ပြောလိုက်တယ်။
"မဟုတ်ဘူး… အဆင်ပြေတယ်၊ အဆင်ပြေပါတယ်"

'အဆင်မပြေဘူးလားလား'
ချူးယွန်က ထူးခြားစွာ ပြုံးလိုက်ပါတယ်။ ဒီစကားလုံးနှစ်ခု ဆက်ဆပ်သွားတဲ့အခါ တကယ်ကို မင်္သကာစရာပါ။

ဒါပေမယ့် သူက တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်။
"ခန်းမသခင်… နင်ဘာပြောစရာရှိလို့လဲ"

"ဒါက ဟုန်ဟောင်ထျန်းရဲ့ ရွှေလက်စွပ်လေ… ဒါ အဆင့်မြင့် ဝိညာဉ်လက်နက်လို့ ပြောနိုင်တယ်… ဒါက နင့်အပိုင်ကစ္စည်းဖြစ်ရမှာ"
ချန်းပိနင်းက လက်ကောက်လေးလို ရွှေလက်စွပ်ကို ထုတ်ပေးလိုက်ပါတယ်။

"ငါဒါကို မေ့တော့မလို့"
ချူးယွန်က ခေါင်းညိတ်ကာ ပြောလိုက်တယ်။
"အဲဒီနေ့က နင့်ကိုထိန်းချုပ်ဖို့ ဒါကို အသုံးပြုခဲ့တယ်မဟုတ်လား"

"အမှန်ပဲ"
အရေးကြီးကိစ္စတွေကို ပြောရာမှာတော့ ချန်းပိနင်းက တည်ငြိမ်စွာနဲ့ ပြောလိုက်ပါတယ်။
"ဒါက အဆင့်မြင့် ဝိညာဉ်လက်နက်တွေကြားမှာ အတော်အစွမ်းထက်တဲ့ တည်ရှိမှုတစ်ခုပဲ… ဒါက အဆင့်တူ သိုင်းသမားတွေကိုတောင် ချုပ်နှောင်နိုင်ပြီး ခွန်အားကွာခြားချက်ပိုကြီးလေ၊ အချိန်ကန့်သတ်ချက်က ပိုကြာရှည်လေပဲ… ဟုန်ဟောင်ထျန်းက သူ့ရဲ့ ပြိုင်ဘက်အများစုကို အနိုင်ယူဖို့ ဒါကိုအသုံးပြုခဲ့တာ"

ပြောရင်းနဲ့ သူက ရွှေလလက်စွပ်ကို ကမ်းပေးလိုက်ပါတယ်။

ချူးယွန်က ဒါကိုလက်ခံယူလိုက်ချိန်မှာ ချန်းပိနင်းရဲ့လက်နဲ့ မတော်တဆ ထိမိသွားခဲ့ပါတယ်။

ချန်းပိနင်း ထိတ်လန့်တကြားနဲ့ သူ့လက်ကိုပြန်ရုတ်ကာ တန်းဇီရှမ်းကို ကြည့်လိုက်ပါပြီ။

ကံကောင်း‌ထောက်မစွာနဲ့ တန်းဇီရှမ်းက ရွှေလလက်စွပ်ကို အာရုံစိုက်နေပြီး အခြားအပြောင်းအလဲတွေကို သတိပြုမိပုံမရပါဘူး။

ချန်းပိနင်း စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်ပါပြီ။

"နင်က ဟုန်ဟောင်ထျန်းကို သတ်လိုက်တာကြောင့် ဒါကိုနင်ပဲရသင့်တယ်လေ… ငါ… ငါစောနကမေ့သွားလို့ ပြန်လာပေးတာ"
ပြောပြီးတာနဲ့ ချန်းပိနင်းက ဆက်မနေရဲတော့ဘဲ ချက်ချင်းလှည့်ထွက်သွားခဲ့ပါတော့တယ်။

"ခန်းမသခင်က နင့်ကိုတော်တော်ဂရုစိုက်တာဘဲ… ဒါကိုတောင် အလွယ်တကူထုတ်ပေးလိုက်တယ်"
တန်းဇီရှမ်းက ပြုံးလိုက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ လှပတဲ့မျက်လုံးတွေကတော့ အနည်းငယ်အေးစက်နေလို့ပါ။

ချူယွမ်က သူမနာလိုမှန်းသိပါတယ်။

ကံကောင်းထောက်မစွာနဲ့ သူက ပါးနပ်သူမို့ ရယ်မောကာ ရွှေလလက်စွပ်ကို တန်းဇီရှမ်းရဲ့လက်ထဲ ထည့်ပေးရင်း ပြောလိုက်တယ်။
"ငါ့ရဲ့ပန်းကလေးကို ငါ့ဇီရှမ်းလေးနဲ့မျှဝေရမှာပေါ့"

တန်းဇီရှမ်းက ငြင်းဆန်ဖို့ ပါးစပ်ဟလိုက်ပေမယ့် ချူးယွန်က မြန်ဆန်စွာပဲ သူ့လက်ကိုဆွဲကာ ဝတ်ပေးလိုက်ပါပြီ။

"နင်"
တန်းဇီရှမ်း စိတ်ရှုပ်ထွေးသွားခဲ့ပါတယ်။

အမျိုးသမီးတစ်ယောက်က နင့်ကိုပေးတဲ့အရာကို နင်က ငါ့ပြန်ပေးတယ်ပေါ့… နင်က အခြေခံအချက်တွေကို ရှောင်တိမ်းရမှန်း မသိဘူးလား။

"မဆိုးပါဘူး… အတော်ပဲ"
ရွှေလလက်စွပ်က ရွှေနက်ရောင်အလင်းတစ်ချက်လက်သွားခဲ့ပါပြီ။ ဒါက ဝတ်ဆင်သူရဲ့လက်နဲ့ ကိုက်ညီတဲ့အရွယ်စားကို ပြောင်းလဲနိုင်ပါတယ်။

အစပိုင်းမှာ တန်းဇီရှမ်းက ဒါကို မသင့်တော်သလိုထင်မိပေမယ့် တဖြည်းဖြည်း သူ့နှလုံးသားထဲမှာ ပျော်ရွှင်မှုကို ခံစားလိုက်ရပါပြီ။

ဒါကို ချန်းပိနင်းက ချူးယွန်အတွက် ပေးခဲ့ပေမယ့် ချူးယွန်က‌ တွန့်ဆုတ်မနေဘဲ သူ့ကိုပြန်ပေးခဲ့ပါတယ်။

ဒါပေမယ့် သူ့မျက်နှာက တင်းမာနေဆဲဖြစ်ပြီး ပြောဆိုလိုက်ပါတယ်။
"ဒါက နင့်အတွက်ပေးလက်ဆောင်ပဲလေ… ငါမလိုချင်ဘူး"

ချူးယွန်က ပြုံးလိုက်ပြီး
"သူက ငါ့ကိုပေးတာ ဘယ်လိုဖြစ်နိုင်မှာလဲ… နင်လည်းကြားမှာပဲကို… ငါက ဟုန်ဟောင်ထျန်းကို သတ်လိုက်တယ်ဆိုမှတော့ ဒါက ငါ့ဥစ္စာဖြစ်ကိုဖြစ်ရမှာ… အဲတော့ ငါ့အပိုင်ပစ္စည်းကို ငါပေးတာလေ… ဘာမှားနေလို့လဲ"

ဒါကိုကြားပြီးနောက် ချန်းပိနင်းရဲ့ နှလုံးသားထဲက ခံစားချက်တွေဟာ ပိုမိုချိုမြိန်သွားခဲ့ပါတယ်။

ဒါက အဆင့်မြင့်ဝိညာဉ်လက်နက်ဖြစ်နေလို့ သူပျော်ရွှင်ရတာ မဟုတ်ပါဘူး။

ဒါက ချူးယွန်ပေးတဲ့လက်ဆောင်ဖြစ်နေလို့ပဲ သူပျော်ရွှင်သွားရတာပါ။

ဒါက သာမန်လက်ကောက်တစ်ခုဆိုရင်တောင် သူပျော်ရဦးမှာပါပဲ။

သူတို့နှစ်ဦးဟာ စိုးရိမ်စရာ ကိစ္စအားလုံးကို ဘေးဖယ်ပြီး ပျော်ရွှင်စွာနဲ့ စကားပြောနေခဲ့ကြပါတယ်။ သူတို့တွေ ဒီလိုခံစားချက်မျိုးကို ခံစားခဲ့ရတာ ကြာမြင့်ခဲ့ပါပြီ။

"ချူးယွန်… မင်းဒဏ်ရာရထားတယ်လို့ကြားတယ်… ငါလာလည်တာပါ"

တံခါးအပြင်က အသံတစ်ချက် ထွက်ပေါ်လာပြီး ဒါကိုကြားပြီးနောက် ချူးယွန် အံ့အားသင့်သွားခဲ့ပါတယ်။

တကယ်ကြီးသူပဲ။

"ဘယ်သူလဲ"
တန်းဇီရှမ်းက အနည်းငယ်တုံ့ဆိုင်းသွားခဲ့ပါတယ်။
" ဒါက အခြားအင်အားစုတစ်ခုလား… သူတို့လာတာ  မြန်လိုက်တာ"

"ဇီရှမ်း… နင်အရင်သွားလိုက်တော့နော်"
ချူးယွန် ထထိုင်လိုက်ပါတယ်။ သူ့မှာ ထိုလူကိုမေးစရာစကားတွေ အများကြီးရှိနေလို့ပါ။

ထိုလူက မလာဘူးဆိုရင်တောင် သူက တစ်ခေါက်လောက်တော့ ရောက်အောင်သွားတွေ့ဖို့ တွေးထားခဲ့ပြီးပါပြီ။

တန်းဇီရှမ်းက တံခါးကို ဖွင့်လိုက်ပြီးနောက် လူလတ်ပိုင်းကြီးတစ်ယောက်ကို မြင်လိုက်ရပါတယ်။ သူက မုတ်ဆိတ်မွှေးတွေရှိပြီး တောက်ပတဲ့မျက်လုံးကို ပိုင်ဆိုင်ထားကာ အန္တရာယ်များပုံပါပဲ။

သူက လူကောင်းတစ်ယောက်မဟုတ်တာ သေချာတယ်။

တန်းဇီရှမ်းက စိတ်ထဲကနေ အကဲဖြတ်လိုက်ပါတယ်။

ဒါပေမယ့် သူက အများကြီးမပြောဘဲ အခန်းထဲကနေ ချက်ချင်းထွက်သွားခဲ့ပါတယ်။

"ယို့… မင်းက မိန်းမလှလေးနဲ့ အဖော်ပြုနေတာပဲ…‌ တောင်းပန်ပါတယ်ကွာ… ငါလာတာ အချိန်ကောင်းမဟုတ်တော့ဘူးပဲ"
လူလတ်ပိုင်းကြီးက ပြောလိုက်ပေမယ့် ယဉ်ကျေးမနေဘဲ ချက်ချင်း လျှောက်လာခဲ့ပါတယ်။

သူက ဖန်အိမ်တော်က ဖန်ဝမ်ပါ။

ချူးယွန်က ဟော်ရွှင်းကိုမေးထားခဲ့ဖူးတာကြောင့်  ဖန်ဝမ်ရဲ့အကြောင်းကို အတော်တန်သိနေခဲ့ပါပြီ။

ဖန်ဝမ်က ဖန်အိမ်တော်မှာ အလွန်ထူးခြားတဲ့ တည်ရှိမှုတစ်ခုပါ။

သူ့အဆင့်အတန်းက မြင့်မားပေမယ့် သူက အခြားသူတွေနဲ့မတူပါဘူး။

အင်အားက အဓိကဖြစ်တဲ့ ဒီလောကကြီးမှာ ဖန်ဝမ်ရဲ့အင်အားက သိပ်မကြီးမားပါချေ။ ဒါပေမယ့် သူ့ရဲ့မိတ်ဆွေကောင်းတွေက နေရာအနှံ့မှာရှိပြီး ကျယ်ပြန့်တဲ့အဆက်အသွယ် ကွန်ရက်ရှိပါတယ်။ ယောက်ချီမြင့်မြတ်တိုင်းပြည်ထဲမှာတောင် သူ့ကို တိုက်ရိုက်ရန်စဝံ့သူက မများပါဘူး။

သူက ရိုးသားဖြောင့်မတ်ပြီး အဆက်အသွယ်ကောင်းတွေရှိပေမယ့် လူတိုင်းကိုရန်စနေတတ်သူမဟုတ်ပြန်ပေ။

အတိုချုပ်ပြောရရင် ဟော်ရွှင်းလို မာနကြီးတဲ့လူတောင် သူ့ကို အတော်ချီးမွှမ်းခဲ့ရပါတယ်။

အပိုင္း ( 906 ) တစ္ခ်က္တည္းနဲ႔ ဟုန္ေဟာင္ထ်န္းကို သတ္ျဖတ္ျခင္း

မူလက ခ်ဴးယြန္ရဲ႕ လက္သီးအရိပ္က ဟုန္ေဟာင္ထ်န္းရဲ႕ လက္ဝါးအရိပ္ကို မႏိႈင္းယွဥ္ႏိုင္ပါဘူး။

လက္ဝါးပုံရိပ္ေၾကာင့္ ျဖစ္ေပၚလာတဲ့ ေလလိႈင္းေတြကိုေတာင္ သူမခံႏိုင္တာ ေသခ်ာပါတယ္။

ဒါေပမယ့္ တာ့လင္ရဲ႕စြမ္းအားေတြ စီးဆင္းလာၿပီးေနာက္မွာေတာ့… သူ႕ရဲ႕အ႐ွိန္အဝါေတြက ေၾကာက္မက္ဖြယ္ေကာင္းေလာင္ေအာင္ ျမင့္မားလာခဲ့ပါၿပီ။

အခ်ိန္တိုအတြင္းမွာဘဲ သူက ဟုန္ေဟာင္ထ်န္းနဲ႔ ယွဥ္ႏိုင္လာခဲ့ပါေတာ့တယ္။

ဒီလက္သီးခ်က္က ခ်ဴးယြန္ရဲ႕ခြန္အားနဲ႔ တာ့လင္ရဲ႕စြမ္းအားေတြကို ေပါင္းစည္းထားခဲ့တာပါ။

ခ်ဴးယြန္ရဲ႕ လက္႐ွိအဆင့္က ဟုန္ေဟာင္ထ်န္းေအာက္ မနိမ့္ေတာ့ပါဘူး။

ဒါက အဆင့္တူကြၽမ္းက်င္သူႏွစ္ဦးရဲ႕ တိုက္ပြဲျဖစ္သြားခဲ့ပါၿပီ။

ဟုန္ေဟာင္ထ်န္း ႐ုတ္တရက္မို႔ မ်က္လုံးျပဴးသြားခဲ့ပါတယ္။ သူ႕ရဲ႕လက္ဝါး႐ိုက္ခ်က္က တစ္ဖက္လူကို တစ္ခါတည္းေသသြားေစႏိုင္မယ္လို႔ ထင္ထားခဲ့တာပါ။

ဒါေပမယ့္ အခ်ိန္တိုအတြင္း ႀကီးမားတဲ့ အေျပာင္းအလဲတစ္ခုျဖစ္လာမယ္လို႔ ဘယ္သူမွ ထင္မထားခဲ့ပါဘူး။

ခ်ဴးယြန္ရဲ႕ အ႐ွိန္အဝါေတြက ဘယ္လိုလုပ္ၿပီး သူနဲ႔ေတာင္ ႏိႈင္းယွဥ္လာႏိုင္တာလဲ။

သူက သူ႕ရဲ႕နယ္ပယ္ကို အၿမဲဖုံးကြယ္ထားခဲ့တာလား။

သူ႕စိတ္ထဲမွာ အေတြးမ်ိဳးစုံ ျဖစ္ေပၚလာခဲ့ပါတယ္။

ဒါေပမယ့္ ဟုန္ေဟာင္ထ်န္းဟာ အမ်ားႀကီးေတြးေနဖို႔ အခ်ိန္မ႐ွိပါဘူး။ သူ႕ရဲ႕လက္ဝါး႐ိုက္ခ်က္က ခ်ဴးယြန္ရဲ႕လက္သီးနဲ႔ ေတြ႕ဆုံသြားခဲ့ပါၿပီ။

လက္သီးနဲ႔ လက္ဝါးပုံရိပ္က တစ္ခုကိုတစ္ခု တြန္းလွန္ၿပီး ဖိႏွိပ္ႏိုင္ဖို႔ ႀကိဳးစားေနလို႔ပါ။

ပရိသတ္ေတြရဲ႕ မ်က္လုံးထဲမွာ ဒါက ေနလုံးႀကီးႏွစ္စင္းက အားခ်င္းၿပိဳင္ေနခဲ့သလိုပါပဲ။ ဘယ္သူမွ ေနာက္မဆုတ္ခ်င္ပါ။ ဘယ္သူမွ အ႐ႈံးမေပးခ်င္ပါဘူး။

႐ုတ္တရက္ ဟုန္ေဟာင္ထ်န္းရဲ႕ ခႏၶာကိုယ္က တုန္ရီသြားၿပီး အေနာက္ကို ဆုတ္သြားခဲ့ပါတယ္။

လက္သီးနဲ႔ လက္ဝါး အားၿပိဳင္တဲ့ေနရာမွာ သူက ခ်ဴးယြန္ရဲ႕ တြန္းထုတ္ခ်င္းကို ခံေနခဲ့ရပါၿပီ။

ဒါကဘယ္လိုဟာသမ်ိဳးလဲ။

ငါသူ႕ကို မယွဥ္ႏိုင္ဘူးလား။

ငါဒီေကာင္ေလးကိုမယွဥ္ႏိုင္ဘူးလား။

"ဝုန္း"
စြမ္းအားႀကီးႏွစ္ခုက ယွဥ္ၿပိဳင္တြန္းလွန္ေနၿပီးေနာက္ ဝုန္းကနဲ ေပါက္ကြဲသြားခဲ့ပါတယ္။

မ်က္ေစ့တစ္မွိတ္အတြင္းမွာဘဲ သာမန္မ်က္ေစ့နဲ႔ျမင္ႏိုင္တဲ့ အားလိႈင္းေတြက ေနရာအႏွံ႔ကိုျဖာထြက္လာခဲ့ပါၿပီ။

"အျမန္ေ႐ွာင္ဟ"
ေ႐ွာက္ယုံက်န္း တုန္လႈပ္သြားခဲ့ပါတယ္။ ဟုန္က်ဴးရဲ႕လက္ကိုဆြဲၿပီး သူခ်က္ခ်င္းပဲ အေဝးကို ပ်ံသန္းသြားလိုက္ပါေတာ့တယ္။

"ခ်ီ"
အားလိႈင္းေတြ ျဖတ္သန္းသြားခဲ့တာနဲ႔ အားနည္းတဲ့ ပရိသတ္မ်ားစြာက မ်က္ေစ့တစ္မွိတ္အတြင္း ေသဆုံးသြားခဲ့ၾကပါၿပီ။ သူတို႔ဟာ ေအာ္ဟစ္ဖို႔ေတာင္ အခ်ိန္မရလိုက္ပါဘူး။

သူတို႔က အျပစ္မ႐ွိေပမယ့္လည္း တိုက္ပြဲရဲ႕ ႐ိုက္ခတ္မႈက ငဲ့ညႇာမႈမ႐ွိခဲ့ပါ။

"သြားစမ္း"
ေနာက္ဆုံးမွာ ခ်န္းပိနင္းက ေ႐ႊလလက္စြပ္ရဲ႕ ခ်ဳပ္ေႏွာင္မႈကို ခ်ိဳးျဖတ္ၿပီး အားလိႈင္းေတြကို ျဖတ္ေတာက္ပစ္လိုက္ပါတယ္။

"ေၾကာက္စရာေကာင္းလိုက္တဲ့ စြမ္းအား"
ခ်န္းပိနင္းဟာ သက္ေရာက္မႈကို ခံစားရၿပီးေနာက္  သူ႕ရဲ႕ လွပတဲ့မ်က္လုံးေတြထဲမွာ ထိတ္လန္႔မႈေတြ ျပည့္ႏွက္သြားခဲ့ပါတယ္။

ဟုန္ေဟာင္ထ်န္းမွာ ဒီလိုစြမ္းအားမ်ိဳး႐ွိေနတဲ့အတြက္ သူမအံ့ဩမိပါဘူး။ ေနာက္ဆုံးမွာေတာ့ သူက ေက်ာ္ၾကားတဲ့ ေလာ့ဖူၿမိဳ႕ေတာ္သခင္တစ္ေယာက္ပါ။

ဒါေပမယ့္ ခ်ဴးယြန္က လွည့္ကင္းခန္းမမွာ ငါးႏွစ္ခန္႔သာ ႐ွိေနခဲ့ၿပီး သူ႕ရဲ႕နယ္ပယ္ကလည္း အေျခတည္ သူေတာ္စင္နယ္ပယ္မွာပဲ ႐ွိေနပါေသးတယ္။

သူက ဘယ္လိုလုပ္ၿပီး အထြတ္အထိပ္ ေသျခင္း႐ွင္ျခင္းနယ္ပယ္ ကြၽမ္းက်င္သူနဲ႔ ရင္ဆိုင္လာႏိုင္တာလဲ။

သူ႕အေ႐ွ႕က အျဖစ္အပ်က္ေတြက အလြန္တုန္လႈပ္စရာေကာင္းလြန္းပါတယ္။ ခ်န္းပိနင္းဟာ သူ႕ခံစားခ်က္ေတြကို ဘယ္လိုထိန္းခ်ဳပ္ရမယ္မွန္း မသိေတာ့ပါဘူး။

"ေခြးမသားေလး… မင္းက ငါနဲ႔တိုက္ခိုက္ခ်င္ေသးတယ္ေပါ့"
ဟုန္ေဟာင္ထ်န္း ႐ူးသြပ္စြာ ေအာ္ဟစ္လိုက္ပါတယ္။ သူ႕ကို ဖိႏွိပ္ေနသလို ခံစားေနရၿပီး အေတြးမ်ိဳးစုံက သူ႕စိတ္ထဲမွာ ျဖစ္ေပၚလာခဲ့ပါၿပီ။

အားခ်င္းယွဥ္တဲ့ေနရာမွာ သူက အငယ္တစ္ဦးကိုေတာင္ မယွဥ္ႏိုင္ဘူးလား။

မျဖစ္ႏိုင္ဘူး၊ လုံးဝမျဖစ္ႏိုင္ဘူး။

ခ်ဴးယြန္ရဲ႕ မ်က္လုံးထဲမွာေတာ့ သန္႔စင္ျခင္းလမ္းကိုးပါးေစတီရဲ႕ ပုံရိပ္က တည္ၿငိမ္စြာ႐ွိေနဆဲပါ။

လက္႐ွိမွာ သူက တာ့လင္ရဲ႕စြမ္းအင္ေတြကို အသုံးျပဳထားတာေၾကာင့္ သူ႕ရဲ႕နယ္ပယ္က ေသျခင္း႐ွင္ျခင္းနယ္ပယ္ကို ေရာက္႐ွ္ိေနခဲ့ပါၿပီ။

ဒါက သူ႕ရဲ႕ စစ္မွန္တဲ့နယ္ပယ္မဟုတ္ေပမယ့္လည္း ထိုစြမ္းအားေတြကို ေကာင္းမြန္စြာ အသုံးျပဳႏိုင္ဆဲပါ။

ဟုန္ေဟာင္ထ်န္း အံႀကိတ္လိုက္ပါတယ္။ သူ႕ရဲ႕စြမ္းအင္ျဖစ္ျဖစ္၊ ႐ုပ္ပိုင္းဆိုင္ရာၾကံ့ခိုင္မႈပဲျဖစ္ျဖစ္ ခ်ဴးယြန္ကို ဖိႏွိပ္လို႔မရပါဘူး။

သူက ခ်ဴးယြန္နဲ႔မတူပါ။ ခ်ဴးယြန္က ခႏၶာကိုယ္ သန္႔စင္သူျဖစ္ၿပီး သန္မာတဲ့ ႐ုပ္ပိုင္းဆိုင္ရာ ၾကံ့ခိုင္မႈ႐ွိပါတယ္။ သူကေတာ့ မဟုတ္ပါဘူး။

သူသာ အခုေနဆုတ္ေလွ်ာ့မေပးဘဲ တင္းခံေနရင္ သူ႕လက္က်ိဳးသြားႏိုင္ပါတယ္။

"ေခြးမသားေလး… မင္းက ေသခ်င္ေနမွေတာ့ အျခားသူေတြကို အျပစ္မတင္နဲ႔"
ဟုန္ေဟာင္ထ်န္းက ေနာက္ဆုံးမွာေတာ့ ေနာက္မဆုတ္ေတာ့ဘဲ ေအာ္ဟစ္လိုက္ပါတယ္။
"စုပ္ယူျခင္း"

႐ုတ္တရက္ သူ႕လက္ဝါးက ျပင္းထန္တဲ့ စုပ္ယူအားေတြ ထြက္ေပၚလာၿပီး ခ်ဴးယြန္ရဲ႕ လက္သီးကို ဆုပ္ကိုင္လိုက္ပါတယ္။

'မင္းအသားကို ထိုးေဖာက္ႏိုင္သ၍ မင္းရဲ႕စြမ္းအင္ေတြကို ငါစုပ္ယူႏိုင္မွာကြ'

ဒါက ဟုန္ေဟာင္ထ်န္းရဲ႕ အဓိကအကြက္ပါ။ သူက ဒီနည္းလမ္းနဲ႔ ၿပိဳင္ဘက္မ်ားစြာကို အႏိုင္ယူခဲ့ဖူးပါတယ္။

ဒီေန႔မွာ ခ်ဴးယြန္လည္း ႁခြင္းခ်က္မ႐ွိႏိုင္ပါဘူး။

"ဂြၽတ္"
သူက ခ်ဴးယြန္ရဲ႕လက္ကို ဖမ္းဆုပ္ၿပီးတာနဲ႔ သူ႕လက္သည္းေတြနဲ႔ သတၱဝါတစ္ေကာင္ရဲ႕ပါးစပ္လို ကိုက္ခဲလိုက္ပါတယ္။ ဒါေပမယ့္ ခ်ဴးယြန္ရဲ႕ အေရျပားက ဘာမွမျဖစ္ေစႏိုင္ခဲ့ပါဘူး။

ဆန္႔က်င္ဘက္အေနနဲ႔ သူ႕လက္သည္းေတြက်ိဳးထြက္သြားခဲ့ပါၿပီ။

"အား"
ဟုန္ေဟာင္ထ်န္း နာက်င္စြာ ေအာ္ဟစ္လိုက္ၿပီး သူ႕လက္က တုန္ခါသြားခဲ့ပါတယ္။

"မျဖစ္ႏိုင္ဘူး… မင္းရဲ႕ခႏၶာကိုယ္က ဘယ္လိုလုပ္ၿပီး ဒီေလာက္သန္မာရတာလဲ… မင္းကလူ႐ိုင္းလား"
ဟုန္ေဟာင္ထ်န္းရဲ႕ မ်က္ႏွာအမူအရာက ေျပာင္းလဲသြားခဲ့ပါတယ္။ သူ႕ခႏၶာကိုယ္က ဒီအတိုင္းဆိုရင္ ၾကာၾကာေတာင့္မခံႏိုင္ေတာ့ပါဘူး။

အျခားတစ္ဖက္မွာေတာ့ ခ်ဴးယြန္ရဲ႕ မ်က္ႏွာက အေျပာင္းအလဲမ႐ွိပါဘူး။ သူက သူ႕ကို အျပင္းအထန္ဖိႏွိပ္ေနၿပီး အပိုစကားေတြမေျပာခ်င္ခဲ့သလိုပါပဲ။

တကယ္ေတာ့ သူက မေျပာခ်င္တာမဟုတ္ပါ။

တာ့လင္ရဲ႕စြမ္းအင္ေတြကို အသုံးျပဳၿပီး ဟုန္ေဟာင္ထ်န္းရဲ႕ လက္ဝါး႐ိုက္ခ်က္ကိုေတာ့ သူဟန္႔တားႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ သူ႕အဆင့္ထက္ မ်ားစြာပိုျမင့္တဲ့ စြမ္းအင္ေတြကို လက္ခံထားရတာေၾကာင့္ သူ႕ရဲ႕ေသြးေၾကာေတြက နာက်င္ေနခဲ့ပါၿပီ။

ဒီျဖစ္စဥ္မွာ သူက ႀကီးမားတဲ့ဖိအားကို ၾကံ့ၾကံ့ခံေနခဲ့ရတာပါ။ ဒါေၾကာင့္ ဟုန္ေဟာင္ထ်န္းကို ဆဲဆိုမေနႏိုင္ခဲ့ပါဘူး။

မဟုတ္ရင္ သူ႕ရဲ႕စကားေတြနဲ႔ ဟုန္ေဟာင္ထ်န္းကို စိတ္ဓါတ္က်သြားတဲ့အထိ ေျပာဆိုေစာ္ကားမိမွာ အမွန္ပါ။

"ဝုန္း"
ေနာက္ဆုံးမွာေတာ့ ဟုန္ေဟာင္ထ်န္းဟာ ခ်ဴးယြန္ရဲ႕ ဖိအားေတြေအာက္မွာ ျပင္းထန္စြာ ဒူးေထာက္က်သြားခဲ့ပါေတာ့တယ္။

သူဒူးေထာက္က်သြားတဲ့ ေနရာကို ဗဟိုျပဳၿပီး ေျမျပင္မွာ ဆယ္မီတာခန္႔႐ွိတဲ့ အက္ေၾကာင္းေတြက ေနရာအႏွံ႔ကို ျဖာထြက္ျဖစ္ေပၚလာခဲ့ပါၿပီ။

သူအံႀကိတ္ၿပီး ႐ုန္းကန္ထႂကြဖို႔ ႀကိဳးစားလိုက္ေပမယ့္ ခ်ဴးယြန္က သူ႕ကို အခြင့္အေရး မေပးခဲ့ပါဘူး။

"ငါမယုံဘူးကြ"
ဟုန္ေဟာင္ထ်န္းရဲ႕ မ်က္လုံးေတြက နီရဲသြားခဲ့ပါတယ္။ ဒီလိုမ်ိဳးေတြ ျဖစ္လာမယ္လို႔ သူတစ္ခါမွ ေတြးမထားခဲ့ဖူးပါဘူး။

သူဟာ ဒီအေျခအေနအထိ မ်ိဳးဆက္သစ္လူငယ္တစ္ဦးရဲ႕ ဖိႏွိပ္ျခင္းကို ခံေနရလို႔ပါ။

သူအိပ္မက္မက္ေနတာလား။

"ဟုန္ေဟာင္ထ်န္း တကယ္ပဲ…"

"ငါအျမင္မွားေနတာလားဟ"

"မဟုတ္ဘူးဟ… ငါတို႔မမွားဘူး… သူတကယ္ႀကီး ခ်ဴးယြန္ဖိႏွိပ္တာကို ခံေနရတာ"

"ဒါႀကီးက ႐ူးေလာက္စရာဘဲ"

ပရိသတ္က ေျပာဆိုလိုက္ၾကပါတယ္။ ဒါေပမယ့္ သူတို႔က ဘယ္သူမွ အနားကိုမကပ္ရဲၾကေတာ့ပါဘူး။

"ဟား"
ခ်ဴးယြန္ရဲ႕ခႏၶာကိုယ္က ႀကီးမားတဲ့စြမ္းအင္ေတြရဲ႕ ဖ်စ္ညႇစ္ခ်င္းကို ခံေနရလို႔ပါ။ သူ က်ယ္ေလာင္စြာ ေအာ္ဟစ္ၿပီး စြမ္းအင္ေတြကို ထပ္မံထိန္းခ်ဳပ္လိုက္ပါၿပီ။

"ဝုန္း"
မိုးနဲ႔ေျမက အေရာင္ေျပာင္းလဲသြားၿပီး စြမ္းအင္လိႈင္းေတြ ထြက္ေပၚလာခဲ့ျပန္ပါတယ္။

ဟုန္ေဟာင္ထ်န္းရဲ႕ ခႏၶာကိုယ္က တုန္ရီေနၿပီး သူ႕မ်က္ႏွာက အစိမ္းေရာင္ေျပာင္းလာခဲ့ပါတယ္။

ဒီအခ်ိန္မွာ သူ႕စိတ္က ဖ႐ိုဖရဲျဖစ္လာခဲ့ပါၿပီ။

ဘာလုပ္ရမလဲ၊ ဘာဆက္လုပ္ရပါ့မလဲ။

ေျဖ႐ွင္းဖို႔ အျခားနည္းလမ္းမ႐ွိရင္ သူ႕အသက္အႏၲရာယ္႐ွိလာပါေတာ့မယ္။

"ဂြၽတ္"
ေတြးေနခ်ိန္မွာပဲ ဟုန္ေဟာင္ထ်န္းရဲ႕လက္က ၾကည္လင္တဲ့ အ႐ိုးက်ိဳးသံ ထြက္ေပၚလာခဲ့ပါတယ္။

"ခ်ီးပဲ"
ဟုန္ေဟာင္ထ်န္း ေဒါသတႀကီးျဖစ္သြားခဲ့ေပမယ့္  သူ႕လက္တစ္ဖက္လုံးက နာက်င္မႈေၾကာင့္ ထုံက်င္ေနခဲ့ပါၿပီ။

ခ်ဴးယြန္ရဲ႕ လက္က ႀကီးမားအင္အားေတြ ထြက္ေပၚလာကာ ပိုမိုဖိႏွိပ္လာခဲ့ပါတယ္။

ဟုန္ေဟာင္ထ်န္း မ်က္လုံးေတြ က်ဥ္းေျမာင္းသြားခဲ့ပါၿပီ။ သူဟာ ခ်က္ခ်င္းပဲ ေကာင္းကင္ႀကီး ၿပိဳက်လာသလို ခံစားလိုက္ရၿပီး ဒါက လူသားေတြတားဆီးႏိုင္တဲ့အရာမဟုတ္ပါဘူး။

သူ ေၾကာက္လန္႔တၾကား ေအာ္ဟစ္လိုက္ပါတယ္။
"ငါလက္မခံႏိုင္ဘူးကြ"

"ဝုန္း"

ေနရာတစ္ခုလုံးက ခ်က္ခ်င္းပဲ ပ်က္စီးသြားခဲ့ပါတယ္။

ခန္းမထဲမွာ အက္ေၾကာင္းေတြ ျပည့္ႏွက္သြားၿပီး ပြဲၾကည့္ထိုင္ခုံေတြ၊ နံရံေတြကလည္း အက္ေၾကာင္းေတြ ျဖစ္ေပၚလာခဲ့ပါၿပီ။

ဒါက ကမ႓ာႀကီးရဲ႕အဆုံးသတ္နဲ႔တူၿပီး အရာအားလုံးက တစ္ခုၿပီးတစ္ခုၿပိဳလဲပ်က္ဆီးသြားခဲ့ပါတယ္။

စြမ္းအင္ေတြ ေပါက္ကြဲမႈေၾကာင့္ ေျမျပင္ကလည္း မီတာမ်ားစြာနက္႐ိႈင္းတဲ့ က်ဥ္းႀကီးတစ္ခု ျဖစ္ေပၚလာခဲ့ပါေတာ့တယ္။

ထို ေၾကာက္မက္ဖြယ္ေကာင္းတဲ့ စြမ္းအင္ေတြက  အခ်ိန္အေတာ္ၾကာ ထြက္ေပၚေနခဲ့ၿပီးမွ ျဖည္းျဖည္းခ်င္းေပ်ာက္ကြယ္ခဲ့ပါတယ္။

ခ်ဴးယြန္ရဲ႕ ခႏၶာကိုယ္က ေသြးေတြဖုံးလႊမ္းေနရင္း က်င္းႀကီးထဲမွာ လဲက်ေနလို႔။

ဒါက ဟုန္ေဟာင္ထ်န္းေၾကာင့္ေတာ့ မဟုတ္ပါဘူး။ ဒါဟာ  တာ့လင္ရဲ႕ ျပင္းထန္တဲ့ဝိညာဥ္စြမ္းအင္ေတြက အကန္႔အသတ္တစ္ခုအထိ ျမင့္တက္သြားလို႔ပါ။

ဒီလိုႀကီးမားတဲ့စြမ္းအင္ေတြကို ခ်ဴးယြန္ရဲ႕ ခႏၶာကိုယ္က မခံႏိုင္ဘဲ ေနာက္ဆုံးမွာ ၿပိဳလဲသြားခဲ့ရပါတယ္။

သူ႕ခႏၶာကိုယ္ေပၚမွာ ဒဏ္ရာေတြျပည့္ႏွက္ေနၿပီး အသားေတြေၾကသြားကာ အ႐ိုးေတြက်ိဳးပဲ့ကုန္ပါတယ္။

ကံေကာင္းေထာက္မစြာနဲ႔ သူ႕ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာ ၾကံ့ခိုင္မႈက ျမင့္မားတာေၾကာင့္ သိပ္စိုးရိမ္စရာေတာ့ မ႐ွိပါေခ်။

ခ်ဴးေလာကထဲမွာလည္း တာ့လင္က အားနည္းေနတဲ့မ်က္ႏွာနဲ႔ တီးတိုးေရ႐ႊတ္လိုက္ပါတယ္။
"ဒီတစ္ခါ နင့္ကိုကူညီၿပီးရင္ ေနာက္ႏွစ္နည္းနည္းၾကာတဲ့အထိ ငါမကူညီႏိုင္ေတာ့ဘူး"

…………….

အေဝးဆုံးကို ထြက္ေျပးသြားၾကတဲ့ ပရိသတ္ကလည္း အခုမွ တျဖည္းျဖည္းျပန္ခ်ဥ္းကပ္လာခဲ့ၾကပါတယ္။

"ခ်ဴးယြန္ ေသသြားၿပီလား"

"မေသေလာက္ပါဘူး"

"ေစာေစာက ဟုန္ေဟာင္ထ်န္းရဲ႕ေအာ္သံကို ငါၾကားလိုက္ရတယ္"

ပရိသတ္က တြန္႔ဆုတ္ေနေပမယ့္ ေနာက္ဆုံးမွာ ရလဒ္ကိုၾကည့္႐ႈဖို႔ရာ ျပန္သြားၾကဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။

တိုက္ပြဲေနရာမွာက ကိုယ့္ရဲ႕ခြန္အားကို ယုံၾကည္မႈ႐ွိတဲ့ လူေထာင္ဂဏန္းေလာက္ပဲ က်န္ခဲ့တာပါ။  သူတို႔အားလုံးပဲ ေၾကာက္စရာေကာင္းတဲ့ လက္သီးခ်က္ကို ကိုယ္တိုင္ကိုယ္က် ျမင္လိုက္ၾကရပါတယ္။

ဟုန္ေဟာင္ထ်န္းေတာင္မွ ထိုလက္သီးခ်က္ကို မခုခံႏိုင္ခဲ့ပါဘူး။ သူ႕ရဲ႕ခႏၶာကိုယ္က တစ္ခါတည္း ေပါက္ကြဲထြက္သြားခဲ့တာပါ။

ေၾကာက္မက္ဖြယ္ ေပါက္ကြဲအားေၾကာင့္ သူ႕ရဲ႕ ခႏၶာကိုယ္က ဖုန္မႈန္႔ေတြအျဖစ္ ေျပာင္းလဲသြားၿပီး ဘာတစ္ခုမွ မက်န္ရစ္ခဲ့ပါဘူး။

"ဟုန္ေဟာင္ထ်န္း ႐ႈံးသြားတာလား"

"ဒါက ... "

"ခ်ဴးယြန္ ႏိုင္သြားတာလား"

"ဒါႀကီးက ႐ူးေလာက္စရာဘဲ"

"ငါျဖင့္ ယုံေတာင္မယုံႏိုင္ဘူး"

လွည့္ကင္းေတြ အသက္႐ႈၾကပ္သလို ခံစားလိုက္ရပါတယ္။

သူတို႔ရဲ႕ ခႏၶာကိုယ္က တုန္လႈပ္သြားၿပီး လက္ဖ်ားေျခဖ်ားေတြ ေအးစက္လာခဲ့ပါၿပီ။

ဒါက မယုံႏိုင္စရာပါ။

"အကိုယြန္"
ေဟာ္႐ႊင္းက ပထမဆုံးတုံ႔ျပန္လာၿပီး တြင္းထဲကို အျမန္ေျပးဆင္းသြားခဲ့ပါတယ္။

ခ်က္ခ်င္းပဲ မဟာပညာ႐ွိ၊ မူတု၊ တန္းဟြာရန္၊ ဘုန္းႀကီးရီ၊ ဝမ္ပိုက်န္း၊ တန္းဇီ႐ွမ္းနဲ႔ ရီလီလီ… သူတို႔လည္း စိုးရိမ္စြာနဲ႔ အျမန္ေျပးဆင္းသြားခဲ့ပါၿပီ။

ခ်န္းပိနင္းလည္း သူ႕နားေတြကို လက္နဲ႔အုပ္ၿပီး အိပ္မက္မက္ေနသလို ခံစားေနခဲ့ရပါတယ္။

သူ႕ရဲ႕ က်င့္ၾကံျခင္းအေျခခံေၾကာင့္လည္း အရာအားလုံးကို ျပတ္သားစြာ ျမင္ခဲ့ရၿပီး ေသးငယ္တဲ့အခ်က္တစ္ခုကိုေတာင္ မလြတ္ခဲ့ပါဘူး။

ေၾကာက္မက္ဖြယ္ စြမ္းအားႀကီးရဲ႕ေအာက္မွာ ဟုန္ေဟာင္ထ်န္းရဲ႕ ခႏၶာကိုယ္က တစ္စစီျဖစ္သြားခဲ့ၿပီး ဘာမွ မက်န္ရစ္ခဲ့ပါဘူး။

သူ႐ႈံးသြားခဲ့ပါၿပီ။

ဒါေပမယ့္ ဘယ္လိုျဖစ္ၿပီး သူ႐ႈံးနိမ့္သြားခဲ့တာလဲ။

ခ်ဴးယြန္က ဟုန္ေဟာင္ထ်န္းကို ဘယ္လိုတိုက္ခိုက္ႏိုင္တာလဲ။

သူက သူ႕ရဲ႕က်င့္ၾကံျခင္းအဆင့္ကို အၿမဲလွ်ိဳ႕ဝွက္ထားခဲ့တာလား။

အေတြးမ်ိဳးစုံနဲ႔ ခ်န္းပိနင္းဟာ စိတ္ေတြ႐ႈပ္ေထြးေနရင္း က်င္းထဲကို ဆင္းသြားခဲ့ပါတယ္။

ဟုန္ေဟာင္ထ်န္း ေသသြားၿပီဆိုေတာ့ ခ်ဴးယြန္ေရာ ဘယ္လိုေနမလဲ။

ခ်ဴယန္ရဲ႕ ခႏၶာကိုယ္က ဒဏ္ရာဒဏ္ခ်က္ေတြ ျပည့္ႏွက္ေနၿပီး အလြန္သနားစရာေကာင္းေနလို႔ပါ။

ကံေကာင္းေထာက္မစြာနဲ႔ အနီးကပ္ၾကည့္လိုက္ၿပီးေနာက္ အသက္႐ွဴသံသဲ့သဲ့ကို ၾကားလိုက္ရပါတယ္။

ခ်န္းပိနင္းလည္း ဒီေတာ့မွ စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္ပါေတာ့တယ္။


အပိုင္း ( 907 ) တစ္ဖန္ျမင့္မားလာတဲ့ ဂယက္လိႈင္း

"ခန္းမသခင္… ဘယ္လိုေနလဲ"
မိန္းမပ်ိဳႏွစ္ဦးက အလြန္မင္းစိုးရိမ္ေနၾကလို႔ပါ။ ဒါေပမယ့္ ဒီလိုစိုးရိမ္မႈေတြနဲ႔ ခ်ီတုံခ်တုံလည္း ျဖစ္ေနၾကပါတယ္။

ဘာေၾကာင့္ ခ်န္းပိနင္းက သူတို႔ထက္ပိုၿပီး စိုးရိမ္ေနတဲ့ပုံေပါက္ေနတာလဲ။

သူက ေရာက္လာတာနဲ႔ ခ်ဴးယြန္ရဲ႕ အသက္႐ႈႏႈန္းကို အျမန္စစ္ေဆးလိုက္ပါတယ္။ သူ႕ကိုၾကည့္ရတာ ကိုယ့္လင္သားကို ဂ႐ုစိုက္ေနတဲ့ ဇနီးသည္တစ္ေယာက္နဲ႔ေတာင္ တူေနပါေသးတယ္။

ဒါက သူတို႔လုပ္သင့္တာမဟုတ္လား။

မိန္းမပ်ိဳႏွစ္ဦးရဲ႕ ေမးခြန္းကိုၾကားၿပီးေနာက္ ခ်န္းပိနင္း ခ်က္ခ်င္းပဲ သတိျပန္ဝင္လာခဲ့ပါတယ္။

သူ႕ရဲ႕ လွပတဲ့မ်က္ႏွာက ခ်က္ခ်င္းပဲ နီရဲသြားခဲ့ပါၿပီ။

သူတို႔ေမးတာ ျဖစ္သင့္ပါတယ္။ သူက ခ်ဴးယြန္ကို ဘာျဖစ္လို႔ အရမ္းဂ႐ုစိုက္ရမွာလဲ။

သူက ဘယ္သူလဲ။

ဒါေပမယ့္ ခ်န္းပိနင္းဟာ သူ႕ႏွလုံးသားထဲမွာ ခ်က္ခ်င္းပဲ ေျဖ႐ွင္းခ်က္ေတြ ေပးလိုက္ပါတယ္။

ငါက သူ႕ကိုစိတ္မပူပါဘူး… ေဆးလုံးေတြအတြက္ပဲ စိတ္ပူတာ။

ခ်ဴးယြန္ ေသသြားခဲ့ရင္ ဘယ္သူက သူ႕ကို ေဆးလုံးေတြေပးေနဦးမွာလဲ။

ေနာက္ၿပီး သူက နဂါးဂိတ္ညီလာခံကို လွည့္ကင္းခန္းမကိုယ္စားျပဳ သြားေရာက္မယ့္လူပါ။ သူသာ တစ္ခုခုျဖစ္သြားခဲ့ရင္ သူ႕ရဲ႕အစီအစဥ္ေတြအားလုံး ပ်က္ဆီးသြားပါလိမ့္မယ္။

ေနာက္ၿပီး ခ်ဴးယြန္သာ တကယ္ေသသြားခဲ့ရင္ ခန္းမသခင္တစ္ေယာက္အေနနဲ႔ တာဝန္မ်ားစြာက သူ႕ပုခုံးေပၚကို ပိက်လာခဲ့ေတာ့မွာပါ။

ဒီအခါက်ရင္ လွည့္ကင္းေတြရဲ႕ ႏွလုံးသားေတြက ေအးစက္ကုန္ၾကပါလိမ့္မယ္။

လွည့္ကင္းခန္းမက အႀကီးဆုံးအကိုႀကီးလို ပါရမီ႐ွင္ကိုေတာင္ မကာကြယ္ႏိုင္ရင္ သူတို႔ဆိုရင္ေရာ။

ဒီအေတြးေတြ ဝင္လာၿပီးေနာက္ ခ်န္းပိနင္းဟာ အေတာ္တန္တည္ၿငိမ္သြားၿပီး ေျပာလိုက္ပါတယ္။
"သူ႕အသက္အႏၲရာယ္ေတာ့ မစိုးရိမ္ရပါဘူး… ဒါေပမယ့္ သူ႕ခႏၶာကိုယ္တစ္ခုလုံးက ေသြးေၾကာေတြ ေတာ္ေတာ္ထိခိုက္သြားတယ္… ဒါက အေတာ္ျပင္းထန္ၿပီး အခ်ိန္တစ္ခုၾကာတဲ့အထိ ျပန္ေကာင္းႏိုင္ဖို႔မလြယ္ဘူး"

"ဒီဒဏ္ရာေတြက အေစာပိုင္း သူ႕ဆီက‌ထြက္ေပၚလာတဲ့စြမ္းအားေတြေၾကာင့္ပဲျဖစ္မယ္"
တန္းဇီ႐ွမ္းက ခ်ဴးယြန္ရဲ႕ဒဏ္ရာေတြကို လက္နဲ႔အသာထိၿပီး ေျပာလိုက္ပါတယ္။
"အေစာပိုင္းက တိုက္ပြဲအတြင္းမွာ ခ်ဴးယြန္ရဲ႕ခႏၶာကိုယ္က ႀကီးမားတဲ့စြမ္းအားေတြ ထြက္ေပၚလာၿပီး ဒီစြမ္းအားေတြေၾကာင့္ပဲ ဟုန္ေဟာင္ထ်န္းကို ယွဥ္ႏိုင္လာခဲ့တာ… ဒါေပမယ့္ ဒါက အစြန္းႏွစ္ဖက္႐ွိၿပီး တစ္ဖက္မွာ အင္အားႀကီးမားလာေစေပမယ့္ အျခားတစ္ဖက္မွာေတာ့ ဒီလိုရလဒ္ေတြကို ျဖစ္ေပၚေစခဲ့ေတာ့တာပဲ"

ရီလီလီ ေခါင္းညိတ္လိုက္ပါၿပီ။ ခ်ဴးယြန္မွာ ဒီလိုဝွက္ဖဲမ်ိဳး႐ွိတယ္ဆိုတာ သူတို႔အားလုံးသိၿပီးသားပါ။

ဒါက သန္႔စင္ျခင္းလမ္းကိုးပါးေစတီပဲျဖစ္ပါလိမ့္မယ္။

"ေကာင္းၿပီ… ငါေျပာလိုက္မယ္… ဒီေကာင္ေလးက အရမ္းအသက္ျပင္းတယ္ကြဲ႕… သူ႕ကိုဘယ္သူမွ မသတ္ႏိုင္ဘူး"
မူတုက ရယ္ေမာၿပီး စိတ္ေအးလက္ေအးနဲ႔ ၾကည့္လိုက္ပါတယ္။

သူ႕ရဲ႕ ရယ္ေမာသံက ေဟာ္႐ႊင္းကို ဆြဲေဆာင္သြားခဲ့ၿပီး သူက ခ်က္ခ်င္းလွည့္ၾကည့္လိုက္တယ္။
"အကိုယြန္က ဒီေလာက္ဒဏ္ရာရထားတာေတာင္ မင္းက အရမ္းေပ်ာ္ေနႏိုင္ေသးတယ္ေပါ့"

"မင္းဘာသိလို႔လဲ… ဒီေကာင္ေလး ဒီေလာက္ထိဒဏ္ရာမရတာၾကာၿပီကြ… ဒါမွေကာင္းတာ"
မူတုက ေအးစက္စက္နဲ႔ ႏွာေခါင္း႐ႈံ႕ၿပီး ေျပာလိုက္တယ္။
"အရာအားလုံးက အၿမဲအဆင္ေျပေနရင္ သူ႕စိတ္ဓါတ္ေတြ ေျပာင္းလဲလာလိမ့္မယ္… သူဟာ ၿပိဳင္ဘက္ကို ေလွ်ာ့မတြက္ရဘူး၊ ‌ျခေသၤ့တစ္ေကာင္ေတာင္မွ ယုန္တစ္ေကာင္ကိုဖမ္းတဲ့ေနရာမွာ အင္အားကုန္ထုတ္သုံးတတ္သလို အၿမဲအင္အားအျပည့္နဲ႔ တိုက္ခိုက္ရမယ္ဆိုတာကို သိထားရမယ္"

"ဒါက"
ဒီအခါမွာ လွည့္ကင္းအားလုံး အံ့အားသင့္စြာနဲ႔ တုန္ရီသြားခဲ့ၾကပါတယ္။

သူတို႔က နားၾကားမွားသြားတယ္လို႔ထင္ၿပီး သူတို႔ရဲ႕နားေတြကို ပြတ္သပ္လိုက္ၾကပါၿပီ။

ယုန္ကိုဖမ္းတဲ့ ‌ျခေသၤ့လား။

ရန္သူကိုေလွ်ာ့တြက္တာလား။

သူတို႔သာ အမွတ္မမွားရင္ အကိုႀကီးက အေျခတည္သူေတာ္စင္အဆင့္မွာပဲ ႐ွ္ိေသးတာပါ။ ေလာ့ဖူၿမိဳ႕ေတာ္သခင္ ဟုန္ေဟာင္ထ်န္းကေတာ့ အထြတ္အထိပ္ ေသျခင္း႐ွင္ျခင္းနယ္ပယ္ကို ေရာက္ေနခဲ့ပါၿပီ။

ဒီလို အေျခအေနမွာ ျခေသၤ့ကဘယ္သူလဲ… ယုန္ကေရာ ဘယ္သူလဲ။

ေနာက္ဆုံးမွာ ဘယ္သူက ရန္သူကိုေလွ်ာ့တြက္တာလဲ။

လွည့္ကင္း အေတာ္မ်ားမ်ားက တစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၾကပါတယ္။ ဒါေပမယ့္ ခ်ဴးယြန္က တကယ္ကိုေၾကာက္စရာေကာင္းတယ္ဆိုတာ ဝန္ခံ႐ုံမွတပါး သူတို႔မွာ အျခားေ႐ြးခ်ယ္စရာမ႐ွိပါဘူး။

"ဘယ္လိုျဖစ္ၿပီး ဒီေလာက္ႂကြယ္ဝတဲ့ စြမ္းအင္အတက္အက်ေတြကို အခ်ိန္တိုအတြင္းထုတ္ေဖာ္ႏိုင္ရတာလဲ"
ခ်န္းပိနင္း အလြန္စိတ္႐ႈပ္ေထြးသြားခဲ့ပါတယ္။ သူ႕အေနနဲ႔ ဒီအေျခအေနကို ေဖာ္ျပဖို႔နည္းလမ္းကို ေတြးၾကည့္လို႔ေတာင္ မရပါဘူး။

"ခ်ဴးယြန္မွာ စြမ္းအင္သိုေလွာင္လို႔ရတဲ့ ဝိညာဥ္လက္နက္တစ္ခု႐ွိတယ္… အဲတာက အေရးႀကီးလာလို႔ အသက္သြင္းလိုက္ရင္ သန္မာတဲ့စြမ္းအင္ေတြအျဖစ္ ေပါက္ကြဲထြက္ေပၚလာခဲ့မွာ"
တန္းဇီ႐ွမ္းက ခပ္တည္တည္နဲ႔ ႐ွင္းျပလိုက္ပါတယ္။ သူက ခ်န္းပိနင္းသံသယမဝင္ေစႏိုင္ဖို႔ ဆင္ေျခတစ္ခုကို အျမန္ေပးလိုက္တာပါ။

ေနာက္ဆုံးမွာေတာ့ ဆန္းက်ယ္တဲ့ဝိညာဥ္လက္နက္ေတြလည္း ႐ွိေနခဲ့တာေၾကာင့္ ဝိညာဥ္စြမ္းအင္သိုေလွာင္ႏိုင္တဲ့ ဝိညာဥ္လက္နက္မ်ိဳး႐ွိေနတာ မဆန္းပါဘူး။

ဒီနည္းနဲ႔ အျခားသူေတြသံသယဝင္မွာကိုလည္း တားျမစ္ႏိုင္ပါလိမ့္မယ္။

ခ်ဴးယြန္ရဲ႕ စစ္မွန္တဲ့အေထာက္အထားကို ႐ွာေတြ႕သြားခဲ့ရင္ ျပႆနာေတြ႐ႈပ္ကုန္ေတာ့မွာပါ။

တန္းဇီ႐ွမ္းက ႐ွင္းျပလိုက္ေပမယ့္ ခ်န္းပိနင္းက နားမလည္ေသးပါဘူး။

သူတကယ္ေမးခ်င္ေနမိပါတယ္။ ဘယ္လို ဝိညာဥ္လက္နက္မ်ိဳးမို႔ တစ္ေယာက္ရဲ႕ က်င့္ၾကံျခင္းအေျခခံကို ခ်က္ခ်င္းႀကီး ျမင့္မားသြားေစႏိုင္တာလဲ။

ဒါေပမယ့္ ေသခ်ာေတြးၾကည့္ၿပီးေနာက္မွာေတာ့ သူမေမးဖို႔ကို ဆုံးျဖတ္လိုက္ပါေတာ့တယ္။

ေနာက္ဆုံးမွာေတာ့ လူတိုင္းမွာ လွ်ိဳ႕ဝွက္ခ်က္ေတြကိုယ္စီ ႐ွိခဲ့ၾကတယ္မဟုတ္လား။

ခ်ဴးယြန္လို ထိပ္သီးပါရမီ႐ွင္ေတြအတြက္ဆိုရင္ ဒီလိုဝွက္ဖဲမ်ိဳး႐ွိေနတာက ပုံမွန္ပါပဲ။

သူ႕မွာသာ ဝွက္ဖဲမ႐ွိရင္ ဟုန္ေဟာင္ထ်န္းေၾကာင့္ ေသဆုံးသြားရပါလိမ့္မယ္။

"အကိုႀကီး"
အေဝးမွာ ဟုန္က်ဴးက ထိတ္လန္႔တုန္လႈပ္သြားခဲ့ပါတယ္။

သူျမင္လိုက္ရတာကို သူမယုံၾကည္ႏိုင္ပါဘူး။
သူ လုံးဝ မယုံၾကည္ႏိုင္ပါ။

ဘာေတြျဖစ္ေနတာလဲ?

ဘာေတြျဖစ္သြားတာလဲ?

ေ႐ွာက္ယုံက်န္းလည္း တုန္ယီသြားခဲ့ပါတယ္။ ဒါက သူ႕ႏွလုံးသားကို လက္ေအးႀကီးတစ္ဖက္က ဆုပ္ကိုင္ဖ်စ္ညႇစ္လိုက္တဲ့အလား။

ဒီအခိုက္အတန္႔မွာ သူ႕အသက္႐ႈေတြေတာင္ ရပ္မလိုျဖစ္သြားခဲ့ရပါတယ္။

သူက တံေတြးမ်ိဳခ်လိုက္ခ်င္ေပမယ့္ အာေခါင္ေတြ ေျခာက္ကပ္ေနၿပီး တံေတြးေတာင္ မ်ိဳခ်လို႔ မရႏိုင္ခဲ့ပါဘူး။

ခ်ဴးယြန္ ဘယ္လိုလုပ္ခဲ့တယ္ဆိုတာကို သူမသိေပမယ့္ ေ႐ွာက္ယုံက်န္းက အေျခအေနကို နားလည္ႏိုင္ဆဲပါ။

အခုျဖစ္ပ်က္သြားတာနဲ႔ ပတ္သတ္ၿပီး သူ႕မွာ ေျပာစရာစကားမ႐ွိေတာ့ပါေခ်။

ဟုန္ေဟာင္ထ်န္းေတာင္မွ ေသသြားခဲ့ရၿပီမို႔ သူတို႔ဘက္ကိုလွည့္မလာခင္ ထြက္ေျပးၾကတာအေကာင္းဆုံးပါ။

"ဒီမွာရပ္မေနနဲ႔ေတာ့… သြားၾကရေအာင္"
ေ႐ွာက္ယုံက်န္းက အသံတိုးတိုးနဲ႔ ေျပာလိုက္ပါတယ္။ ၿပီးတာနဲ႔ ေ႐ွာက္ယုံက်န္းက ဟုန္က်ဴးကိုလက္ဆြဲၿပီး အေဝးဆုံးကို ထြက္ေျပးသြားခဲ့ပါေတာ့တယ္။

ေ႐ွာက္ယုံက်န္းဟာ ေ႐ွာက္မိသားစုေခါင္းေဆာင္တစ္ဦးဆိုျဖစ္လ်က္နဲ႔ ဒီအခ်ိန္မွာ ထြက္ေျပးေနရဆဲပါ။

ဒါေပမယ့္ ဒီအခ်ိန္မွာေတာ့ ဘယ္သူ႕ကိုမွ ဂ႐ုမစိုက္ေတာ့ပါဘူး။

"သူျမန္ျမန္သက္သာဖို႔လိုတယ္"
တန္းဇီ႐ွမ္းက စိုးရိမ္ပူပန္စြာနဲ႔ ေျပာၿပီး ပတ္ဝန္းက်င္ကို လွည့္ပတ္ၾကည့္လိုက္ပါတယ္။

"မရီး… နင္ဒါကိုလိုခ်င္တာလား"
ေဟာ္႐ႊင္းက အေတာ္ပါးနပ္ပါတယ္။ တန္းဇီ႐ွမ္းရဲ႕အၾကည့္ကိုျမင္ၿပီးေနာက္ သူက ခ်က္ခ်င္းပဲ ဒဏ္ရာသက္သာေဆးကို ထုတ္ေပးလိုက္ပါၿပီ။

"ေက်းဇူးပဲ"
တန္းဇီ႐ွမ္း ေခါင္းညိတ္ၿပီး ေဆးလုံးတစ္လုံးကို ခ်ဴးယြန္ပါးစပ္ထဲ ထည့္ေပးလိုက္ပါတယ္။

ဒါေပမယ့္ ခ်က္ခ်င္းပဲ သူ႕ရဲ႕ပါးျပင္က နီရဲသြားခဲ့ပါၿပီ။

ေဟာ္႐ႊင္းက သူ႕ကို တကယ္ႀကီး မရီးလို႔ ေခၚဆိုလိုက္ပါတယ္။

ဒါေပမယ့္ သူတို႔က လက္ထပ္ၾကပါမယ္လို႔ ဘယ္သူကေျပာလို႔လဲ။

ဒါေပမယ့္လည္း တန္းဇီ႐ွမ္းရဲ႕ ႏွလုံးသားက ခ်ိဳၿမိန္သြားခဲ့ပါေသးတယ္။

အျခားတစ္ဖက္မွာေတာ့ ရီလီလီက စိတ္မသက္မသာျဖစ္သြားၿပီး ေဟာ္႐ႊင္းကို စိုက္ၾကည့္လိုက္ပါၿပီ။

ေဟာ္႐ႊင္းကေတာ့ သူ႕ဘာမွားမွန္းမသိဘဲ စိတ္႐ႈပ္ေထြးသြားခဲ့ပါတယ္။

ေဆးလုံးကိုေသာက္ၿပီးေနာက္ ခ်ဴးယြန္ရဲ႕ ခႏၶာကိုယ္ေပၚက ဒဏ္ရာမ်ားစြာက ျဖည္းျဖည္းခ်င္း သက္သာလာခဲ့ပါတယ္။ သူ႕မ်က္ႏွာကလည္း တျဖည္းျဖည္း နီရဲလာခဲ့ပါၿပီ။

"ဟြား… ဒါက မယုံႏိုင္စရာေကာင္းလိုက္တာ"

"သူက ၿမိဳ႕ေတာ္သခင္ကို တစ္ခ်က္တည္းနဲ႔ သတ္လိုက္တယ္ဟ "

"ဖြီး… ၿမိဳ႕ေတာ္သခင္ရဲ႕တူက အရမ္းဆိုး႐ြားတာ မင္းမသိဘူးလား… ဒါက အေကာင္းဆုံး လက္စားေခ်ျခင္းပဲ"

"ေကာင္းတယ္ေဟ့… သူေသသြားတာ ေကာင္းတယ္"

ပရိသတ္က တဟားဟားနဲ႔ ခ်က္ခ်င္းရယ္ေမာလိုက္ၾကပါၿပီ။

ပုံမွန္အားျဖင့္ ဟုန္ေဟာင္ထ်န္းနဲ႔ ေ႐ွာက္မိသားစုရဲ႕ သတင္းေတြက အလြန္ဆိုး႐ြားပါတယ္။

ဟုန္ေဟာင္ထ်န္း အခုလိုအသတ္ခံရတာကို ျမင္လိုက္ရခ်ိန္မွာေတာ့ သူတို႔တေတြဟာ အလြန္သက္ေတာင့္သက္သာ႐ွိသလို ခံစားလိုက္ရပါေတာ့တယ္။

လူေတြကို ထိတ္လန္႔တုန္လႈပ္ေစတာကေတာ့ ဟုန္ေဟာင္ထ်န္းကို သတ္လိုက္တာက ခ်ဴးယြန္ျဖစ္ေနခဲ့တာပါ။

"ဒီလက္သီးခ်က္က အရမ္းျပင္းထန္ေတာ့ ငါ့ႏွလုံးသားေလးေတာင္ ခုန္ေပါက္သြားရၿပီ"

လွပတဲ့ အမ်ိဳးသမီးမ်ားစြာက ႐ွက္႐ြံ႕စြာျပဳံးၿပီး ေခါင္းငုံ႔သြားခဲ့ၾကပါတယ္။ သူတို႔က ခ်ဴးယြန္ရဲ႕ ေက်းဇူးေတြကို ခႏၶာကိုယ္နဲ႔ ေပးဆပ္ဖို႔ေတာင္ ေတြးေနလို႔ပါ။

ဒါက စိတ္ကူးသက္သက္မဟုတ္ပါဘူး။

လက္႐ွ္ိမွာ တိုက္ပြဲျဖစ္ပြားသြားရာ ေနရာ႐ွိ အမ်ိဳးသမီး႐ွစ္ဆယ္ရာခိုင္ႏႈန္းေလာက္က ခ်ဴးယြန္ရဲ႕ ဆြဲေဆာင္မႈကို ခံလိုက္ၾကရပါၿပီ။

"ဟင္း… ခ်ဴးယြန္က နင့္ကို ဘယ္လိုဂ႐ုစိုက္မွာလဲ"

သူ႕ေဘးနား႐ွိ အျခားသူေတြရဲ႕ ႏႈတ္ခမ္းေတြက တြန္႔ေကြးသြားခဲ့ၾကပါတယ္။

အတိုခ်ဳပ္ေျပာရရင္ ထိုတိုက္ပြဲရလဒ္က ေလာ့ဖူၿမိဳ႕ကို လ်င္ျမန္စြာ ပ်ံ႕ႏွံ႔သြားခဲ့ပါၿပီ။

သူတို႔က သတင္းမျပန္႔ေစခ်င္ရင္ေတာင္ ဒါက လြယ္ကူမွာမဟုတ္ပါဘူး။

ဒီလိုျမင္ကြင္းနဲ႔ ေၾကာက္မက္ဖြယ္လိႈင္းေတြရဲ႕ ႐ိုက္ခတ္မႈက လူအမ်ားရဲ႕ ႏွလုံးေသြးေတြကို ဆူပြက္သြားေစႏိုင္ခဲ့ပါတယ္။

တန္းဇီ႐ွမ္းတို႔က ခ်ဴးယြန္ကို သူ႕အခန္းထဲျပန္လည္ေခၚေဆာင္သြားၾကၿပီး သူတို႔အေနာက္မွာ လွည့္ကင္းေတြက ေလးစားမႈ၊ ေမွ်ာ္လင့္မႈေတြ ျပည့္ႏွက္ေနတဲ့မ်က္လုံးနဲ႔ လိုက္ပါလာခဲ့ၾကပါတယ္။

ေမာက္အားမင္ကိုေတာ့ ေဆးကုသေပးဖို႔ အေစာႀကီးကတည္းက ေခၚေဆာင္သြားခဲ့ပါၿပီ။

ဒီေန႔မွာေတာ့ သူနဲ႔ခ်ဴးယြန္က သူရဲေကာင္းေတြပါ။

ေ႐ွာက္တုံးက လူမ်ားစြာကို မၾကာခဏ အႏိုင္က်င့္ေလ့႐ွိတာေၾကာင့္ အားလုံးက ေဒါသအၿမဲထြက္ေနရေပမယ့္ ဘာမွ မေျပာဝံ့ၾကပါဘူး။

အခုေတာ့ ဆိုးသြမ္းတဲ့တူျဖစ္သူနဲ႔ ေျမႇာက္ပင့္ေပးေနသူ ဟုန္ေဟာင္ထ်န္းတို႔ ေသဆုံးသြားခဲ့ရပါၿပီ။

လူအမ်ားရဲ႕ ခ်ဲ႕ကားေျပာဆိုမႈေတြေအာက္မွာ ခ်ဴးယြန္က နက္႐ိႈင္းတဲ့ ခြန္အားကို ဖုံးကြယ္ထားသူတစ္ေယာက္ ျဖစ္လာခဲ့ပါတယ္။ သူက လူအမ်ားအတြက္ တရားမွ်တမႈယူေဆာင္ဖို႔ ဟုန္ေဟာင္ထ်န္းကို တစ္ခ်က္တည္းနဲ႔ သတ္လိုက္တာပါ။

ဒီလိႈင္းေတြက ေနရာအႏွံ႔ကို ျဖာထြက္လာခဲ့ပါတယ္။

အနီးနားက ၿမိဳ႕ေတာ္ေတြ၊ ႏိုင္ငံေတြနဲ႔ ဂိုဏ္းေတြအားလုံး ဒီအေၾကာင္းကို သိ႐ွိသြားခဲ့ၾကပါၿပီ။

……………

"နာလိုက္တာ"
ခ်ဴးယြန္ သတိျပန္ရလာၿပီးေနာက္ သူ႕တစ္ကိုယ္လုံး နာက်င္ကိုက္ခဲေနသလို ခံစားခဲ့ရၿပီး လႈပ္ေတာင္ မလႈပ္ႏိုင္ပါဘူး။

မ်က္လုံး ျပန္ဖြင့္ၿပီးေနာက္ သူ႕ေဘးနားမွာ မိန္းမလွေလးတစ္ဦးကို ျမင္လိုက္ရပါၿပီ။

"ဇီ႐ွမ္းလား"
ခ်ဴးယြန္ အနည္းငယ္ အံ့အားသင့္သြားခဲ့ပါတယ္။ တန္းဇီ႐ွမ္းက သူ႕ေဘးနားမွာ ထိုင္ေစာင့္ေနမယ္လို႔ ထင္မထားခဲ့ပါဘူး။ သူ႕ရဲ႕ မ်က္တြင္းေလးေတြေတာင္ အနည္းငယ္ေခ်ာင္က်ေနလို႔ပါ။

ခ်ဴးယြန္ ႏိုးလာတာကို ျမင္ၿပီးေနာက္ တန္းဇီ႐ွမ္းရဲ႕ လွပတဲ့မ်က္လုံးေလးေတြက အေရာင္တလက္လက္ေတာက္ပလာခဲ့ပါတယ္။ သူက ေပ်ာ္႐ႊင္စြာနဲ႔ ေျပာလိုက္တယ္။
"နင္ႏိုးလာၿပီလား"

"အင္း"
ခ်ဴးယြင္ရဲ႕ မ်က္လုံးေတြက ေႏြးေထြးမႈေတြနဲ႔ ပုံရိပ္မ်ိဳးစုံကို ျပန္သတိရလာခဲ့ပါတယ္။

သူက တာ့လင္ရဲ႕စြမ္းအားကို ငွားယူၿပီး ဟုန္ေဟာင္ထ်န္းကို သတ္ျဖတ္ခဲ့တာပါ။

သတိျပန္ရလာၿပီးေနာက္ ခ်ဴးယြန္ ခါးသီးစြာျပဳံးလိုက္ပါတယ္။

ဒါက တကယ့္တိုက္ပြဲႀကီးပါ။

အထြတ္အထိပ္ ေသျခင္း႐ွင္ျခင္းနယ္ပယ္ျဖစ္တာေၾကာင့္ ဟုန္ေဟာင္ထ်န္းက ခ်ဴးယြန္ကိုသတ္ခ်င္ရင္ လက္တစ္ေခ်ာင္းပဲလိုပါတယ္။

ဒါေပမယ့္ သူက ႐ုတ္တရက္ေပါက္ကြဲၿပီး သူ႕ကို အႏိုင္ယူလိုက္ပါတယ္။ တကယ္လို႔ ဒီသတင္းသာပ်ံ႕သြားခဲ့ရင္ အင္အားစုႀကီးေတြရဲ႕ အာ႐ုံစိုက္မႈကိုခံရ‌ဦးေတာ့မွာပါ။

ခ်ဴးယြန္ဟာ အင္အားစုႀကီးေတြရဲ႕ အရင္ဖိတ္ၾကားခ်က္ကို ျငင္းပယ္ၿပီး ႏွိမ့္ခ်ကာ ေနထိုင္ခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက လွည့္ကင္းခန္းမက ထြက္ခြာမသြားခ်င္ပါဘူး။

ႏွစ္ေပါင္းအေတာ္ၾကာ ႏွိမ့္ခ်ေနခဲ့ေပမယ့္ ဒီေန႔တိုက္ပြဲေၾကာင့္ အားလုံးရဲ႕ အာ႐ုံစူးစိုက္မႈကို ခံလာရဦးမယ္လို႔ သူမထင္ထားခဲ့တာ အမွန္ပါ။

"နင္က တကယ္ အထင္ႀကီးစရာေကာင္းတာပဲ… ဟုန္ေဟာင္ထ်န္း‌ကိုေတာင္ တစ္ခ်က္တည္းနဲ႔ သတ္ႏိုင္တယ္"
တန္းဇီ႐ွမ္းက ခပ္တိုးတိုးေျပာလိုက္တယ္။
"နင္ တာ့လင္ရဲ႕စြမ္းအားကို ငွားယူထားခဲ့တာ မဟုတ္လား… သူဘယ္မွာလဲ"

"အဲ"
ဒါကိုၾကားၿပီးေနာက္ ခ်ဴးယြန္ဟာ ခ်က္ခ်င္းပဲ သူ႕စိတ္နဲ႔ တာ့လင္ကိုဆက္သြယ္ၾကည့္လိုက္ပါတယ္။ ဒါေပမယ့္ ဘာတုံ႔ျပန္မႈမွ မရခဲ့ပါဘူး။

"သခင္… တာ့လင္ ေမ့ေမ်ာေနတယ္… ေနာက္သုံး၊ေလးႏွစ္အတြင္း သူျပန္မေကာင္းႏိုင္ေလာက္ဘူး"
ဒရာဂြန္က ၾကားဝင္ေျပာဆိုလိုက္ပါတယ္။ သူ႕ပုံစံက ထင္ေပၚလြန္းတာေၾကာင့္ ေကာင္းကင္ဘုံခုံ႐ုံးကိုေရာက္တာနဲ႔ အျပင္ကို မထြက္ေတာ့ပါဘူး။ သူက ခ်ဴးေလာကထဲမွာဘဲ တိတ္ဆိတ္စြာ ေလ့က်င့္ေနခဲ့ပါေတာ့တယ္။

"ငါသူ႕ကို အေတာ္ထိခိုက္ေစခဲ့တာပဲ"
ခ်ဴယန္က ဘာေျပာရမွန္းမသိဘဲ ခါးသက္သက္နဲ႔ ရယ္ေမာလိုက္ပါတယ္။

"နင္ကိုယ္တိုင္လည္း ဒဏ္ရာအျပင္းအထန္ ရခဲ့တာပဲေလ"
တန္းဇီ႐ွမ္းက အနည္းငယ္ေလးနက္တဲ့ မ်က္ႏွာအမူအရာနဲ႔ ေျပာလိုက္ပါတယ္။
"ငါနင့္ရဲ႕ခႏၶာကိုယ္ကို စမ္းသပ္ၾကည့္ၿပီးၿပီ… နင့္ေသြးေၾကာေတြက အႀကီးအက်ယ္ထိခိုက္သြားလို႔ အနည္းဆုံး တစ္ႏွစ္ခြဲေလာက္ အခ်ိန္ယူရေတာ့မွာ"

"အဲေလာက္ေတာင္လား"
ခ်ဴးယြန္ တုန္လႈပ္သြားၿပီး မယုံၾကည္ႏိုင္ဟန္ေျပာလိုက္တယ္။
"မျဖစ္ႏိုင္တာ… ေသြးေၾကာေလးတင္ ပ်က္‌ဆီးတာကို ျမန္ျမန္ဆန္ဆန္ ျပန္ကုသလို႔ရတယ္မဟုတ္ဘူးလား"

"ငါက ေနာက္ေနတယ္ထင္လို႔လား"
တန္းဇီ႐ွမ္းက ခ်ဴးယြန္ကို ခပ္တည္တည္နဲ႔ၾကည့္ၿပီး ေျပာလိုက္တယ္။
"နင္ခႏၶာကိုယ္က အေတာ္အေျခအေနဆိုးသြားတာကို… ေသြးေၾကာေတြတင္မကဘူး၊ အ႐ိုးေတြက်ိဳးကုန္တယ္… အသားေတြလည္း ကြဲထြက္ကုန္တယ္… သိၿပီလား"

သူက ေဒါသတႀကီးနဲ႔ ဆက္ေျပာလိုက္ပါတယ္။
"နင္လုပ္ႏိုင္တာ ဘာ႐ွိလို႔လဲ… တာ့လင္သာမ႐ွိရင္ နင္‌ေသသြားေလာက္ၿပီ"

တန္းဇီ႐ွမ္းက သူ႕ကိုစိတ္ပူေနတယ္ဆိုတာ သိတာေၾကာင့္ အားတင္းကာျပဳံးၿပီး ေျပာလိုက္တယ္။
" ေအးပါ… ငါသိပါတယ္"


အပိုင္း ( 908 ) စိုးရိမ္ပူပန္ေနၾက႐ွာတဲ့ မိန္းမပ်ိဳႏွစ္ဦး

ဘာပဲျဖစ္ျဖစ္ တစ္ႏွစ္ခြဲက ၾကာျမင့္လြန္းပါတယ္။

ဒါေပမယ့္လည္း အျခားနည္းလမ္းလည္း မ႐ွိေတာ့ပါ။ သူ႕ဒဏ္ရာေတြက ျပင္းထန္လြန္းတာေၾကာင့္ မျဖစ္မေန အနားယူရပါေတာ့မယ္။

"ခ်ဴးယြန္… ငါ့ကိုမွန္မွန္ေျပာစမ္း… နင္နဲ႔ ခန္းမသခင္ၾကားက ပတ္သတ္မႈက ဘာလဲ"
တန္းဇီ႐ွမ္းဟာ ခ်ဴးယြန္က အျခားတစ္ခုခုကို ေတြးေနတာကိုျမင္ၿပီးေနာက္ ႐ုတ္တရက္ေမးလိုက္ပါတယ္။

"အာ"
ခ်ဴးယြန္ ႐ုတ္တရက္ သတိျပန္ဝင္လာၿပီး အံ့အားသင့္ေန‌တဲ့ မ်က္ႏွာအမူအရာနဲ႔ ေျပာလိုက္တယ္။
"ဇီ႐ွမ္း… နင္က ဘာကိုေျပာခ်င္တာလဲ"

တစ္ခ်ိန္တည္းမွာပဲ သူ႕ရဲ႕ႏွလုံးသားထဲမွာ တိတ္တဆိတ္ရယ္ေမာလိုက္ပါၿပီ။ 
သူက သဝန္တိုေနတာလား။

ဒါေပမယ့္ ခ်န္းပိနင္းနဲ႔သူက ဘာမွမပတ္သတ္ပါဘူး။

"နင္သတိလစ္ေနတာ သုံးရက္ပဲ႐ွိေသးေပမယ့္ ခန္းမသခင္ေရာက္လာတာ ငါးႀကိမ္႐ွိသြားၿပီ… သူလာတိုင္းမွာလည္း နင္သတိရၿပီလား၊ နင့္ဒဏ္ရာဘယ္လိုေနလဲလို႔ အၿမဲေမးတယ္"
တန္းဇီ႐ွမ္း ေျပာလိုက္ပါတယ္။

"မျဖစ္ႏိုင္တာ"
ခ်ဴးယြန္ေတာင္မွ အံ့အားသင့္သြားခဲ့ပါၿပီ။

ဘယ္အခ်ိန္ကစၿပီး ခန္းမသခင္က သူ႕ကိုဂ႐ုစိုက္လာတာလဲ။

ဒါေပမယ့္ သူက ျပဳံးၿပီး႐ွင္းျပလိုက္ပါတယ္။
"ဇီ႐ွမ္း… နင္နားလည္မႈလြဲေနၿပီ… ခန္းမသခင္က လွည့္ကင္းခန္းမကို ဆက္လက္တည္တံ့ေနေစခ်င္ၿပီး နဂါးဂိတ္ညီလာခံအတြက္ ငါက သူ႕ရဲ႕ေမွ်ာ္လင့္ခ်က္ပဲေလ… ဒါေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ လွည့္ကင္းခန္းမ လည္ပတ္ဖို႔က စိုးရိမ္ေနရတုံးပဲ… အဲ့အတြက္လည္း ငါ့ကိုလိုတယ္… ဒီအျပင္ေတာ့ အျခားဘာမွမ႐ွိပါဘူး"

တန္းဇီ႐ွမ္းက အနည္းငယ္သံသယ႐ွိေနေသးကာ ထပ္ေမးလိုက္ပါတယ္။
"တကယ္လား"

"တကယ္ေပါ့"
ခ်ဴးယြန္ ေခါင္းညိတ္လိုက္ပါတယ္။ သူ႕ႏွလုံးသားထဲမွာေတာ့ ႐ႈပ္ေထြးေနေပမယ့္ ဒီအခ်ိန္မွာ ႐ွင္းျပဖို႔တစ္ခုသာ ႐ွိပါတယ္။

မိန္းမေတြ သဝန္တိုလာတဲ့အခါ တကယ္ေၾကာက္ဖို႔ေကာင္းတယ္။

ခ်ဴးယြန္ကိုယ္တိုင္ေတာင္ ခ်န္းပိနင္းက ဒီေလာက္ဂ႐ုစိုက္လာမယ္လို႔ ထင္မထားခဲ့ပါဘူး။

သုံးရက္အတြင္းမွာ ငါးႀကိမ္ေရာက္လာျခင္း။

ကံေကာင္းေထာက္မစြာနဲ႔ တန္းဇီ႐ွမ္းက ဒီလိုကိစၥေတြမွာ သိပ္နားမလည္ဘဲ ခ်ဴးယြန္ရဲ႕ တည္ၾကည္တဲ့မ်က္ႏွာကိုၾကည့္ၿပီး ယုံၾကည္သြားခဲ့ပါတယ္။

သူဟာ ဒီကိစၥကို စိတ္ပူေနခဲ့ရတာပါ။

ခ်န္းပိနင္းက သန္မာ႐ုံသာမက လွည့္ကင္းခန္းမရဲ႕ေခါင္းေဆာင္တစ္ေယာက္လည္း ျဖစ္ေနပါေသးတယ္။

သူကသာ ခ်ဴးယြန္အေပၚမွာ ခံစားခ်က္႐ွိေနၿပီဆိုရင္ ဒါက တကယ့္ကိုျပႆနာပါ။

"အား… တကယ္နာတာပဲ"
ခ်ဴးယြန္က ေအာ္ဟစ္ၿပီး ထထိုင္ဖို႔ ႀကိဳးစားလိုက္ပါတယ္။

သူ႕ရဲ႕႐ုပ္ပိုင္းဆိုင္ရာ ၾကံ့ခိုင္မႈအရ ဒီလိုဒဏ္ရာရရတာက အလြန္႐ွားပါတယ္။

သူ႕ခႏၶာကိုယ္ထဲမွာ စီးဆင္းသြားခဲ့တဲ့ ေၾကာက္မက္ဖြယ္စြမ္းအင္ေတြကို ျပန္ေတြးၾကည့္ၿပီးေနာက္ သူတုန္လႈပ္သြားခဲ့မိပါၿပီ။

"တာ့လင္ရဲ႕စြမ္းအင္ေတြက ဒီေလာက္သန္မာမယ္လို႔ ထင္မထားခဲ့ဘူး… သူ႕စြမ္းအင္ေတြကို ဆြဲယူလိုက္ၿပီးေတာ့ ဟုန္ေဟာင္ထ်န္းကိုေတာင္ တစ္ခ်က္တည္းနဲ႔ သတ္ႏိုင္လိုက္တယ္"
ခ်ဴးယြန္ အသက္ျပင္းျပင္း႐ႈလိုက္ပါတယ္။

ထိုေန႔က သူထုတ္ေဖာ္ခဲ့တဲ့ လက္သီးပုံရိပ္ဟာ သူ႕စိတ္ထဲမွာ စြဲေနၿပီး ေမ့ေပ်ာက္ဖို႔ေတာင္ မလြယ္ကူပါဘူး။

အဲဒီအခ်ိန္က သူ႕ခြန္အားေတြဟာ အျမင့္‌ဆုံးကိုေရာက္႐ွိေနခဲ့တာပါ။

အနာဂါတ္မွာ သူက ပိုျမင့္မားတဲ့နယ္ပယ္ေတြကို ေရာက္႐ွ္ိသြားႏိုင္မွန္း သိေပမယ့္ ထိုစြမ္းအားႀကီးကို မေမ့ႏိုင္ေသးပါဘူး။

သူဟာ ေလာ့ဖူၿမိဳ႕ခံ ပရိသတ္ေတြနဲ႔ လွည့္ကင္းေတြရဲ႕ အၾကည့္ေအာက္မွာ ၿမိဳ႕ေတာ္သခင္ကို လက္သီးတစ္ခ်က္တည္းနဲ႔ သတ္ျဖတ္ခဲ့တာပါ။

ဘယ္လိုပဲေတြးေနပါေစ စိတ္မလႈပ္႐ွားဘဲ မေနႏိုင္ပါဘူး။

‌ဒါေပမယ့္ ေပးဆပ္ခဲ့ရတဲ့တန္ဖိုးကလည္း မေသးငယ္လွပါ‌ေခ်။

'ဒီနည္းလမ္းက အေတာ္ေကာင္းေပမယ့္ ခဏခဏသုံးလို႔ေတာ့ မရဘူး… ဒီတစ္ေခါက္ခံႏိုင္လိုက္တာေတာင္ အေတာ္ကံေကာင္းေနၿပီ'
ခ်ဴးယြန္ရဲ႕ မ်က္လုံးထဲမွာ ေပ်ာ္႐ႊင္မႈေတြ ေပ်ာက္ကြယ္သြားၿပီး ထိတ္လန္႔မႈေတြ ျဖစ္ေပၚလာခဲ့ပါတယ္။

ကိုယ္ပိုင္မဟုတ္တဲ့ အင္အားတစ္ခုကို အတင္းၾကပ္အသုံးျပဳဖို႔ ႀကိဳးစားရင္းနဲ႔ ေသသြားခဲ့ရင္ လူၾကားလို႔ေတာင္ မေကာင္းပါဘူး။

ခ်ဴးယြန္ရဲ႕ ထိတ္လန္႔ေနတဲ့ မ်က္ႏွာအမူအရာကိုျမင္ၿပီးေနာက္ တန္းဇီ႐ွမ္းက သည္းမခံႏိုင္ျဖစ္လာခဲ့ပါတယ္။

"နင္အရင္တုန္းက အရမ္းမာနႀကီးေနတာမဟုတ္ဘူးလား… မိုးနဲ႔ေျမၾကားမွာ မလုပ္ႏိုင္တဲ့အရာမ႐ွိသလိုနဲ႔… နင္ဒီလိုျဖစ္ေနတာ ငါတစ္ခါမွ မျမင္ဖူးဘူး"
တန္းဇီ႐ွမ္းက ေလွာင္ေျပာင္လိုက္ေပမယ့္ သူ႕မ်က္လုံးထဲမွာေတာ့ ဂ႐ုစိုက္မႈအရိပ္ေယာင္ေတြ ျဖစ္ေပၚေနလို႔ပါ။

ခ်ဴးယြန္ဟာ သူ႕ႏွလုံးသားထဲမွာ ေႏြးေထြးသြားသလို ခံစားလိုက္ရပါၿပီ။

ဒါေပမယ့္ တန္းဇီ႐ွမ္းက အလြန္႐ွက္တတ္တာကို သိတာေၾကာင့္ သူဟာ အလ်င္စလိုမလုပ္ဝံ့ေသးပါဘူး။  သူက တစ္ဆင့္ၿပီးတစ္ဆင့္ပဲ ႀကိဳးစားသြားရမွာပါ။

တန္းဇီ႐ွမ္းရဲ႕ ေခ်ာင္က်ေနတဲ့မ်က္ႏွာေလးကို ျမင္႐ုံနဲ႔ သူဟာ သူသတိလစ္ေနတဲ့အခ်ိန္အတြင္းမွာ မအိပ္မေန ထိုင္ေစာင့္ေနခဲ့တယ္ဆိုတာ သိသာပါတယ္။

ဒါက ခ်ဴးယြန္ရဲ႕ ႏွလုံးသားထဲက ခ်စ္စိတ္ေတြကို ျမင့္မားလာေစၿပီး တန္းဇီ႐ွမ္းရဲ႕ ႏူးညံ့တဲ့လက္ကေလးကို ဆုပ္ကိုင္လိုက္ပါၿပီ။

တန္းဇီ႐ွမ္းက ႐ုတ္တရက္ သူ႕လက္ကိုအကိုင္ခံလိုက္ရတာေၾကာင့္ အံ့အားသင့္သြားခဲ့ပါတယ္။

သူလွည့္ၾကည့္လိုက္တာအခါ ခ်ဴးယြန္ရဲ႕ အျပဳံးမ်က္ႏွာႀကီးကို ျမင္ၿပီးေနာက္ ထိတ္လန္႔သြားခဲ့ပါတယ္။
"နင္က တကယ့္ေကာင္ပဲ… ဒီေလာက္ဒဏ္ရာအျပင္းအထန္ရထားတာေတာင္ အျခားကိစၥေတြကို ေတြးႏိုင္ေသးတယ္ေပါ့"

"ဇီ႐ွမ္း… အခု ငါဘာေတြေတြးေနလဲဆိုတာ သိလား"
ခ်ဴးယြန္က စေနာက္လိုက္ပါတယ္။

တန္းဇီ႐ွမ္းရဲ႕ လွပတဲ့မ်က္ႏွာက နီရဲသြားၿပီး သူ႕လက္ကို အျမန္ျပန္ဆြဲ႐ုတ္လိုက္ပါၿပီ။

မေမွ်ာ္လင့္ဘဲ ခ်ဴးယြန္က သူ႕လက္ကိုလႊတ္မေပးတဲ့အျပင္ ပိုမိုတင္းၾကပ္စြာ ဆုပ္ကိုင္လိုက္ပါေသးတယ္။

တန္းဇီ႐ွမ္းက ခ်ဴးယြန္ရဲ႕အၾကည့္ကို မခံႏိုင္ဘဲ ခ်က္ခ်င္းေခါင္းငုံ႔လိုက္ပါၿပီ။ သူက အသံတိုးတိုးနဲ႔ ေျပာလိုက္တယ္။
"နင္ဒီေလာက္ဒဏ္ရာရထားတာေတာင္ ငါ့ကို အခြင့္အေရးယူခ်င္ေနေသးတာလား"

ငါက သူ႕လက္ကိုဆြဲၿပီး အခြင့္အေရးယူမလို႔လား။

သူက မတရားစြပ္စြဲခံရသလို ခံစားလိုက္ရေပမယ့္ ေသခ်ာေတြးၾကည့္ၿပီးေနာက္ သူစိတ္သက္သာရာ ရသြားခဲ့ပါတယ္။

အခန္းထဲက အေျခအေနဟာ ေ႐ွးတုန္းကလို အမ်ိဳးသားနဲ႔ အမ်ိဳးသမီးၾကားက ေလာကက်င့္ဝတ္ေတြကို ေစာင့္ထိန္းေနခဲ့ၾကသလိုပါပဲ။

သူက တစ္ဖက္လူရဲ႕ လက္ကိုပဲဆြဲရေသးေပမယ့္ အခြင့္အေရးသမားႀကီး ျဖစ္သြားခဲ့ရပါၿပီ။

ဒါေပမယ့္ ဒီလိုအခြင့္အေရးေကာင္းကို လက္လႊတ္ရေအာင္ သူက ငတုံးမဟုတ္ပါဘူး။

သူ႕မ်က္ႏွာက ႐ႈံ႕မဲ့သြားၿပီး ေလသံေပ်ာ့ေပ်ာ့နဲ႔ ေျပာလိုက္ပါတယ္။
"ဇီ႐ွမ္း… အရမ္းမလႈပ္ပါနဲ႔ဟ… ငါ့ခႏၶာကိုယ္ေပၚက ဒဏ္ရာေတြက အရမ္းျပင္းထန္တယ္ဆိုတာ နင္လည္း အသိပဲကို… ဒါေပမယ့္ နင့္လက္ေလးကို ဆုပ္ကိုင္ထားခ်ိန္မွာေတာ့ ငါနာက်င္မႈေတြ ေပ်ာက္ကြယ္ေနသလို ခံစားေနရတယ္"

ခ်ဴးယြန္ရဲ႕ သနားစဖြယ္မ်က္ႏွာကို ျမင္လိုက္ရၿပီးေနာက္ ခ်န္းပိနင္းဟာ သူ႕ကိုယ္သူ အျပစ္တင္လိုက္မိပါတယ္။

ခ်ဴးယြန္က ဒဏ္ရာရထားတာကို သူက ဘယ္လိုျဖစ္ၿပီး ဒီလိုကိစၥေလးကိုေတာင္ ဂ႐ုစိုက္ေနရတာလဲ။

သူ႕ရဲ႕ဒဏ္ရာေတြက အလြန္ျပင္းထန္ၿပီး သာမန္သိုင္းသမားတစ္ဦးသာဆိုရင္ ေသသြားေလာက္ပါၿပီ။

ဒါက လက္ကေလးကိုင္႐ုံပဲမဟုတ္လား။ ေနာက္ၿပီး တစ္ဖက္လူက ‌ဘာမွမလုပ္ႏိုင္တာေၾကာင့္ သူ႕ကို လိုက္ေလ်ာလိုက္သင့္ပါတယ္။

ဒါကိုေတြးၿပီးေနာက္မွာေတာ့ တန္းဇီ႐ွမ္းဟာ ႐ုန္းကန္မေနေတာ့ဘဲ ႏူးညံ့သိမ္ေမြ႕တဲ့ ဇနီးသည္တစ္ေယာက္လို အိပ္ရာေဘးမွာ ဝင္ထိုင္လိုက္ပါေတာ့တယ္။

ဒါေပမယ့္ သူက ဒီခံစားခ်က္နဲ႔ လိုက္ေလ်ာညီေထြ‌မေနႏိုင္ေသးပါေပ။ သူက ေခါင္းငုံ႔ေနၿပီး ႐ွက္႐ြံ႕မႈေၾကာင့္ နီရဲေနတဲ့ သူ႕မ်က္ႏွာကို ျမင္ခြင့္မေပးပါဘူး။

ခ်ဴးယြန္ဟာ တန္းဇီ႐ွမ္းရဲ႕ ေက်ာက္စိမ္းလို၊ ႏွင္းပြင့္ဖက္ကေလးလို ၾကည္လင္ျဖဴႏုတဲ့ လက္ကေလးကို အသာယာ ဖ်စ္ညႇစ္ဆုပ္ကိုင္လိုက္ပါတယ္။ ဒီအခါမွာေတာ့ သူ႕ႏွလုံးသားေအာက္ေျခမွ အံ့ဩဖြယ္ေကာင္းတဲ့ ခံစားခ်က္မ်ိဳးစုံကို ခံစားလိုက္ရပါၿပီ။

ခ်န္းပိနင္းရဲ႕ ႏွလုံးသားေအာက္ေျခကေန ထူးျခားတဲ့ခံစားခ်က္တစ္ခုဟာ တျဖည္းျဖည္းနဲ႔ ျမင့္တက္လာခဲ့ပါတယ္။ ခ်ဴးယြန္က သူ႕လက္ကိုသာ ဆုပ္ကိုင္ထားေပမယ့္လည္း သူ႕တစ္ကိုယ္လုံး အားအင္အနည္းငယ္ေတာင္ စုစည္းမရ ျဖစ္လာခဲ့ပါၿပီ။

သူဒီလိုခံစားရတာက ဒါပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ ခ်ဴးယြန္နဲ႔ ႏွစ္ေယာက္တည္း အတူ႐ွိခဲ့ခ်ိန္ကလည္း ခံစားရဖူးပါတယ္။

ထူးျခားေပမယ့္ ဒါက အံ့ဩစရာေကာင္းပါတယ္။

ဒါက သူ႕ကို ခုခံခ်င္စိတ္ ေပ်ာက္ဆုံးေစပါတယ္။

"ခ်ဴးယြန္…နင္ႏိုးၿပီလား"
ဒီအခ်ိန္မွာပဲ ရီလီလီရဲ႕ စကားသံက အျပင္ကေန ထြက္ေပၚလာခဲ့ပါတယ္။

ဒါကိုၾကားၿပီးေနာက္ တန္းဇီ႐ွမ္းက ႐ွက္႐ြံ႕သြားၿပီး သူ႕လက္ကိုျပန္ဆြဲ႐ုတ္လိုက္ပါၿပီ။

ဒါေပမယ့္ ခ်ဴးယြန္က ျပဳံးေနၿပီး လႊတ္မေပးပါဘူး။ သူက တိတ္တဆိတ္ လက္ကိုဆြဲထားလိုက္ပါတယ္။

"လႊတ္ပါ… ငါသြားေတာ့မယ္… ရီလီလီလာေနၿပီ"
တန္းဇီ႐ွမ္းရဲ႕ လွပတဲ့မ်က္ႏွာက ပိုမိုနီရဲလာၿပီး ခ်ဴးယြန္ကို ေမာ့ၾကည့္လိုက္ပါတယ္။

႐ွက္ေသြးျဖန္းက လွပေနတဲ့ တန္းဇီ႐ွမ္းရဲ႕ မ်က္ႏွာကိုျပန္ၾကည့္ရင္း ခ်ဴးယြန္ဟာ အသက္႐ွဴေတြေတာင္
မွားသြားခဲ့ပါၿပီ။

ဒါေပမယ့္ သူက တန္းဇီ႐ွမ္းရဲ႕လက္ကိုပဲ ဆုပ္ကိုင္ထားခဲ့တာပါ။ တစ္ေယာက္ေယာက္က ျမင္သြားခဲ့မယ္ဆိုရင္ေတာင္ ဘာျဖစ္ေသးလဲ။

"မလုပ္ပါနဲ႔… ငါသူ႕ကို ဒီလိုပုံစံနဲ႔ မျမင္ေစခ်င္ဘူး"
တန္းဇီ႐ွမ္းက အသနားခံလိုက္ပါတယ္။

သူတို႔ပထမဆုံး စေတြ႕ခဲ့တဲ့အခ်ိန္က မာနႀကီးစြာျပဳမူခဲ့တဲ့ တန္းဇီ႐ွမ္းရဲ႕ပုံရိပ္ကို ျပန္ေတြးၾကည့္ၿပီးေနာက္ သူ႕ႏွလုံးသားက ပူေလာင္လာခဲ့ပါၿပီ။

ရီလီလီက တံခါးကိုတြန္းဖြင့္လိုက္ၿပီး အထဲကိုဝင္လိုက္တာနဲ႔ ခ်ဴးယြန္ရဲ႕ အိပ္ရာေဘးမွာထိုင္ေနတဲ့ တန္းဇီ႐ွမ္းကို ခ်က္ခ်င္းျမင္လိုက္ရပါတယ္။

သူ႕ခႏၶာကိုယ္ေလးက အနည္းငယ္တုန္ခါသြားခဲ့ပါၿပီ။

ရီလီလီက စိတ္႐ႈပ္ေထြးစြာနဲ႔ ေမးလိုက္တယ္။
"ခ်ဴးယြန္ဘယ္လိုေနလဲ… သူႏိုးေနၿပီလား"

ခ်ဴးယြန္ရဲ႕ အေျခအေနကိုမသိတာေၾကာင့္ သူ႕အသံက အနည္းငယ္တိုးလ်ေနလို႔ပါ။

"လီလီ… လာေလ"
ခ်ဴးယြန္က ထိုင္ေနရင္းကေန လက္ေဝွ႔ယမ္းျပလိုက္ပါတယ္။

ဒါေပမယ့္ သူ႕ရဲ႕ က်န္လက္တစ္ဖက္က တန္းဇီ႐ွမ္းရဲ႕လက္ကို ဆုပ္ကိုင္ထားဆဲပါ။

"ေတာ္ပါေတာ့"
တန္းဇီ႐ွမ္းက ေခါင္းေမာ့‌ၿပီး အသနားခံဟန္နဲ႔ ၾကည့္လိုက္ပါတယ္။

တန္းဇီ႐ွမ္းဟာ သူနဲ႔ ခ်ဴးယြန္ရဲ႕ ေနထိုင္ပုံကို အျခားသူေတြမျမင္ေစခ်င္ပါဘူး။

ရီလီလီက အျပင္လူမဟုတ္ေပမယ့္ သူ႕လိုပဲ ခ်ဴးယြန္ကို ႏွစ္သက္ေနသူပါ။

ဒီလိုလူကို ျမင္ေတြ႕ခြင့္ေပးလိုက္ရင္ သူပိုၿပီး႐ွက္ရပါလိမ့္မယ္။

ဒါေၾကာင့္ပဲ အသနားခံလိုက္တာပါ။ တကယ္တမ္း သူထြက္သြားခ်င္ရင္ အခ်ိန္မေ႐ြးသြားႏိုင္စြမ္း႐ွိပါတယ္။

အခုခ်ိန္မွာ ခ်ဴးယြန္က ဒဏ္ရာအျပင္းအထန္ရေနတာေၾကာင့္ အနည္းငယ္အားစိုက္လိုက္႐ုံနဲ႔ သူ႕လက္ကေန ႐ုန္းထြက္ႏိုင္မွာပါ။

"နင္ႏိုးေနၿပီေပါ့"
ရီလီလီက ေပ်ာ္႐ႊင္စြာနဲ႔ ေလွ်ာက္လာခဲ့ပါတယ္။

တန္းဇီ႐ွမ္းရဲ႕ အသြင္ျပင္နဲ႔ ေလွ်ာက္လာေနတဲ့ ရီလီလီကို ျမင္ၿပီးေနာက္ ခ်ဴးယြန္ဟာ ဆက္လက္ဆြဲကိုင္ထားဖို႔မသင့္သလို ခံစားရတာေၾကာင့္ ခ်က္ခ်င္းလႊတ္ေပးလိုက္ပါၿပီ။

"ငါနင့္အတြက္ ေဆးနည္းႀကိဳလိုက္ဦးမယ္"
တန္းဇီ႐ွမ္းက ခ်က္ခ်င္းထရပ္ၿပီး ေခါင္းငုံ႔ကာ ထြက္ခြာသြားခဲ့ပါေတာ့တယ္။။

ရီလီလီက အိပ္ရာေဘးမွာ စိတ္လႈပ္႐ွားစြာနဲ႔ ဝင္ထိုင္ၿပီး တန္းဇီ႐ွမ္းရဲ႕ေနရာကို လႊဲေျပာင္းယူလိုက္ပါတယ္။
"နင္ဘယ္အခ်ိန္ကႏိုးေနတာလဲ"

"အခုေလးတင္ပဲ"
ခ်ဴးယြန္က သူ႕လက္ဝါးကို ျပန္နမ္းၾကည့္ကာ ျပဳံးလိုက္ပါၿပီ။

တန္းဇီ႐ွမ္းရဲ႕ ကိုယ္သင္းနံ႔ဟာ အၿမဲလိုလိုေမႊးေနလို႔ပါ။ ဒါက မိန္းမပ်ိဳတစ္ဦးရဲ႕ ကိုယ္သင္းနံ႔ျဖစ္ႏိုင္ၿပီး အျခားသူေတြကို အလြန္ဆြဲေဆာင္ႏိုင္ပါတယ္။

သူက လက္ကိုပဲကိုင္လိုက္ရေပမယ့္ အလြန္ေက်နပ္သြားခဲ့ပါတယ္။

ရီလီလီရဲ႕ မ်က္ႏွာအမူအရာက အနည္းငယ္ထူးျခားသြားၿပီး ေမးလိုက္တယ္။
"နင္… အခု သူနဲ႔ဘာလုပ္ေနတာလဲ"

"မလုပ္ပါဘူး… ငါအခုေလးတင္ႏိုးလာလို႔ ဇီ႐ွမ္းကို ေမးခြန္းနည္းနည္းေမးေနတာ"
ခ်ဴးယြန္က အေရထူသူမို႔ ခပ္တည္တည္ပဲ ေျပာလိုက္ပါတယ္။

ရီလီလီက စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္ၿပီး တီးတိုးေျပာလိုက္တယ္။
"ငါနင့္ကို ေသေလာက္ေအာင္ စိတ္ပူသြားတာ"

ခ်ဴးယြန္ဟာ ထိုေကာင္မေလးက စိတ္ရင္းမွန္နဲ႔ေျပာေနတယ္ဆိုတာ သိပါတယ္။ ဒီလိုအေျခအေနမွာ သူကမေပ်ာ္ဘူးလို႔ေျပာရင္ ဒါက လိမ္ညာတာပဲျဖစ္မွာပါ။

"နင္က ကိုယ့္ထက္ အမ်ားႀကီးပိုသန္မာသူကို ရင္ဆိုင္ရေလာက္ေအာင္ အေတာ္သတၱိေကာင္းတယ္"
ရီလီလီက မေက်မနပ္နဲ႔ ေျပာလိုက္ပါတယ္။

"ေအးပါ…ေအးပါ၊ ေနာက္ကို ငါဒါမ်ိဳးထပ္မလုပ္ေတာ့ဘူး"
ခ်ဴးယြန္ ကတိေပးရင္း ရလီလီကို ေသခ်ာၾကည့္လိုက္မိပါတယ္။

သူကလည္း တကယ့္ကို ၿပိဳင္ဘက္ကင္းတဲ့အလွပိုင္႐ွင္ပါ။

အရင္တုန္းက အသင္းေလးသင္းအစည္းေဝးမွာ ေတြ႕ဆုံကတည္းက ရီလီလီရဲ႕ အသြင္ျပင္နဲ႔ ပင္ကိုယ္ပါရမီက သူ႕ကို အာ႐ုံစိုက္ေစခဲ့ပါတယ္။

ခ်ဴးယြန္ရဲ႕ အၾကည့္ကိုျမင္ၿပီးေနာက္ ရီလီလီရဲ႕ မ်က္ႏွာက နီရဲသြားၿပီး ခ်က္ခ်င္းကာကြယ္ေျပာဆိုလိုက္ပါတယ္။
"နင့္ကိုယ္နင္ အထင္ႀကီးမေနနဲ႔ဦး… ငါက ေဒၚေလးဝမ္ကို နင့္ကိုဂ႐ုစိုက္ဖို႔ ကတိေပးထားလို႔ပါေနာ္… သူက ငါ့ကို သမီးအရင္းတစ္ေယာက္လို သေဘာထားလို႔… ေနာက္ၿပီး နင့္ကိုလည္း ေသေစႏိုင္တဲ့ကိစၥေတြ ေလွ်ာက္မလုပ္မိေစဖို႔ ေစာင့္ၾကပ္ ေပးဖို႔ေျပာထားလို႔… ေနာက္ၿပီး ငါလည္း နင့္ကိုမေသေစခ်င္…"

စကားဆုံးခါနီးမွာ သူက အသံ႐ုတ္တရက္ေပ်ာက္သြားခဲ့ပါတယ္။ သူက ဆက္ေျပာဖို႔အတြက္ ယုံၾကည္မႈမ႐ွိေသးပါဘူး။


အပိုင္း ( 909 ) အဲဒီအခ်ိန္က စကားေတြကို ထည့္တြက္ေနေသးလား

ခ်ဴးယြန္ဟာ ဒီလို႐ွင္းျပခ်က္မ်ိဳးေတြကို နားေထာင္ရတာ ဘယ္နစ္ခါ႐ွိၿပီမွန္းေတာင္ မသိေတာ့ပါဘူး။

သူက အခ်စ္ေရးမွာ ကြၽမ္းက်င္သူ မဟုတ္ေပမယ့္လည္း အ႐ူးတစ္ေယာက္မဟုတ္ေတာ့ ‌မဟုတ္ေပ။

ဒီေကာင္မေလးရီလီလီက သူ႕ကိုစိတ္ဝင္စားေနတယ္ဆိုတာ အသိသာႀကီးပါ။

ဒါေပမယ့္ ခ်ဴးယြန္က မသိခ်င္ဟန္ေဆာင္ၿပီး မရယ္မျပဳံးနဲ႔ ေျပာလိုက္တယ္။
"လီလီ… ငါနားလည္သြားပါၿပီ… နင္ငါ့အေနာက္ကို လိုက္ေနတာက ငါ့အေမရဲ႕ စကားတစ္ခြန္းအတြက္ေၾကာင့္ပဲဆိုတာ"

ဒါကိုၾကားၿပီးေနာက္ ရီလီလီဟာ စိတ္ထဲကေန တုန္လႈပ္သြားခဲ့ပါတယ္။ သူက နားလည္မႈလြဲသြားၿပီထင္တာေၾကာင့္ ခ်က္ခ်င္းေျပာလိုက္တယ္။
"အဲလို မဟုတ္ပါဘူး"

သူခ်ဴးယြန္ကို ေမာ့ၾကည့္လိုက္ၿပီးေနာက္ အျပဳံးႀကီးျပဳံးေနတဲ့ ခ်ဴးယြန္ရဲ႕မ်က္ႏွာကို ျမင္လိုက္ရပါတယ္။ ဒီအခါမွာေတာ့ သူနားလည္သြားခဲ့ပါၿပီ။

"နင္… နင္လူညစ္"
ရီလီလီဟာ က်ိန္ဆဲဖို႔စကားလုံးလည္း ႐ွာမေတြ႕ခဲ့ပါ။ ထိုစကားေတြကို ေျပာၿပီးတာနဲ႔ သူ႕မ်က္ႏွာကို လက္နဲ႔အုပ္ကာ ထြက္ေျပးသြားခဲ့ပါေတာ့တယ္။

ဘယ္ေလာက္ေတာင္ ႐ွက္စရာေကာင္းလိုက္ပါလိမ့္။
ဒါက အရမ္း႐ွက္စရာေကာင္းတယ္။

"ဟားဟားဟား"
ခ်ဴးယြန္ သေဘာက်စြာ ရယ္ေမာလိုက္ပါတယ္။ ဒါေပမယ့္ သူ႕ဒဏ္ရာေတြကို ထိခိုက္မိတာေၾကာင့္ နာက်င္မႈကို ခံစားလိုက္ရပါၿပီ။

သူက ဟန္ေဆာင္ေနတာ မဟုတ္ပါဘူး။

ဝိညာဥ္စြမ္းအင္က သူ႕ရဲ႕ေသြးေၾကာအားလုံးကို ဒဏ္ရာအျပင္းအထန္ရေစခဲ့တာပါ။

"နင္က မိန္းကေလးေတြကို အႏိုင္က်င့္ရတာႀကိဳက္မယ္လို႔ ငါထင္မထားခဲ့ဘူး"
ခ်န္းပိနင္းက ခပ္တည္တည္နဲ႔ ဝင္လာခဲ့ပါတယ္။

သူက ခ်ဴးယြန္ဆီကိုလာခဲ့ေပမယ့္ တံခါးအနားကို မေရာက္ခင္မွာပဲ နီရဲေနတဲ့မ်က္ႏွာနဲ႔ ထြက္ေျပးလာတဲ့ ရီလီလီကို ျမင္လိုက္ရတာပါ။

ခ်န္းပိနင္းဟာ အခ်စ္အေၾကာင္းကို မသိေပမယ့္ အခ်ိဳ႕ကိစၥေတြကိုေတာ့ နားလည္ပါေသးတယ္။

ခ်ဴးယြန္ အံ့အားသင့္သြားခဲ့ၿပီး ရယ္ေမာလိုက္ပါတယ္။
"ခန္းမသခင္ရဲ႕ အႏိုင္က်င့္တယ္ဆိုတဲ့စကားႀကီးက ျပင္းထန္လိုက္တာ… ငါက ႐ိုးသားပါတယ္၊ ငါဘာမွမလုပ္ခဲ့ဘူး"

ခ်န္းပိနင္းရဲ႕ မ်က္ႏွာက နီရဲၿပီး ေသြးအန္လုနီးျဖစ္သြားခဲ့ပါတယ္။

ရီလီလီက အႏိုင္က်င့္ခံလိုက္ရသလို နီရဲေနတဲ့မ်က္ႏွာနဲ႔ ထြက္ေျပးသြားခဲ့တာပါ။ ဒါေတာင္မွပဲ သူက ဘာမွမလုပ္မိသလို ဟန္ေဆာင္ေနတုန္းပါပဲ။

နင္သာ အျပစ္ကင္းစင္တယ္ဆိုရင္ ဝက္ေတြလည္း သစ္ပင္ေပၚတက္ကုန္ေတာ့မယ္။

ဟုတ္ပါတယ္။ ဒီစကားေတြက ခ်န္းပိနင္းရဲ႕စိတ္အေတြးပဲျဖစ္ၿပီး အျပင္ကို ထုတ္မေျပာပါဘူး။

"ခ်ဴးယြန္… နင့္ဒဏ္ရာ…"

ခ်န္းပိနင္းက ေမးဖို႔ျပင္လိုက္ေပမယ့္ ခ်ဴးယြန္က ခါးသီးစြာျပဳံးၿပီး လက္ျပကာ တားလိုက္ပါတယ္။

ခ်ဴးယြန္ရဲ႕ ခါးသီးတဲ့အျပဳံးကိုျမင္ၿပီးေနာက္ ခ်န္းပိနင္း အံ့ၾသသြားခဲ့ပါၿပီ။

အေစာပိုင္းက ခ်ဴးယြန္ရဲ႕ ဒဏ္ရာေတြကို စစ္ေဆးၾကည့္ခဲ့ဖူးပါတယ္။ သူ႕ေသြးေၾကာေတြ ပ်က္ဆီးသြားၿပီး အ႐ိုးေတြက်ိဳးသြားခဲ့တာပါ။

အခု သူ႕ဒဏ္ရာက ပိုဆိုးလာလို႔လား။

လွည့္ကင္းခန္းမအတြက္ ခ်ဴးယြန္ရဲ႕ အေရးပါပုံကို စဥ္းစားမိတဲ့အခါမွာေတာ့ ခ်န္းပိနင္း အနည္းငယ္စိုးရိမ္သလို ခံစားလိုက္ရပါၿပီ။

သူဟာ ခ်က္ခ်င္းပဲ ခ်ဴးယြန္ရဲ႕ လက္ေကာက္ဝတ္ကို လက္နဲ႔ဖိကပ္ကာ စြမ္းအင္ပို႔လႊတ္ၿပီး စမ္းသပ္ၾကည့္လိုက္ပါတယ္။

သူ႕လက္ေကာက္ဝတ္က ႏူးညံ့တဲ့ထိေတြ႕မႈကို ခံစားမိၿပီးေနာက္ ခ်ဴးယြန္ မေနႏိုင္ဘဲ စိတ္ဓာတ္တက္ႂကြသြားခဲ့ပါၿပီ။

ေျပာရရင္ ခန္းမသခင္က တကယ္ကို႐ွားပါးတဲ့ အလွပိုင္႐ွင္ပါ။

႐ုပ္ရည္အသြင္ျပင္မွာ သူက တန္းဇီ႐ွမ္းနဲ႔ ရီလီလီေအာက္ မနိမ့္ပါဘူး။ ပါရမီေနရာမွာဆိုရင္လည္း နဂါးဂိတ္ညီလာခံမွာ ပထမရခဲ့သူမို႔ သံသယ႐ွိစရာမလိုေပ။

သုံးရက္အတြင္းမွာ ခ်န္းပိနင္းက သူ႕ဆီကို ငါးႀကိမ္ေရာက္လာခဲ့ပါတယ္။ ဒီတစ္ခါနဲ႔ဆိုရင္ ေျခာက္ႀကိမ္႐ွိပါၿပီ။

ခန္းမသခင္က သူ႕ကို ဒီေလာက္ဂ႐ုစိုက္ေနတာ… သူ႕ကို စိတ္ဝင္စားသင့္လား။

ဟုတ္ပါတယ္။ ဒါက သူ႕ရဲ႕အေတြးသက္သက္ပါ။

သူ႕ေဘးနားက‌ မိန္းကေလးႏွစ္ေယာက္ကိုေတာင္ ေသခ်ာနားမလည္ႏိုင္ဘဲ အျခားမိန္းကေလးေတြကို ျပႆနာ႐ွာဖို႔ သူ႕မွာအင္အားမ႐ွိပါဘူး။

"အဲ"
ခ်န္းပိနင္းက အနည္းငယ္ အံ့အားသင့္သြားဟန္နဲ႔ ေျပာလိုက္ပါတယ္။
"ဒါ… ဒါက တကယ္ႀကီး"

ခ်ဴးယြန္ရဲ႕ ခႏၶာကိုယ္ထဲမွာ ေသြးေၾကာေတြ ပ်က္ဆီးေန႐ုံသာမက ဖ႐ိုဖရဲစြမ္းအင္ေတြလည္း စီးဆင္းေနလို႔ပါ။ ဒါေပမယ့္ ဒီစြမ္းအင္စီးဆင္းမႈက သူ႕ထက္ပိုမဆိုးလာႏိုင္ေတာ့ဘူးဆိုတဲ့ အဓိပၸာယ္ပါပဲ။

အျခားသူေတာ္စင္ေတြဆိုရင္ အရင္ကတည္းက ေသသြားေလာက္ပါၿပီ။

သူ႕ရဲ႕ ခႏၶာကိုယ္ၾကံ့ခိုင္မႈေၾကာင့္သာ ဒီေလာက္ထိ ခံႏိုင္တာပါ။

"ဇီ႐ွမ္းေျပာပုံအရေတာ့ အနည္းဆုံး တစ္ႏွစ္ခြဲေလာက္ၾကာမွပဲ ငါျပန္ေကာင္းလာလိမ့္မယ္"
ခ်ဴးယြန္ သက္ျပင္းခ်ၿပီး ေခါင္းကိုခါယမ္းလိုက္ပါတယ္။

"ဒါက တစ္ႏွစ္ခြဲရယ္လို႔မဟုတ္ဘူး… နင့္ရဲ႕ ျပန္လည္ေကာင္းမြန္မႈႏႈန္းနဲ႔ဆိုရင္ သုံးလက လုံေလာက္ေနၿပီ"
ခ်န္းပိနင္းက သူ႕လက္ကို ျပန္႐ုတ္ၿပီး ႏႈတ္ခမ္းကိုကိုက္ကာ ေျပာလိုက္တယ္။
"အဲဒီတုန္းက ဟုန္ေဟာင္ထ်န္းရဲ႕ လွည့္စားမႈဆိုေပမယ့္ ငါလည္း ေပါ့ဆခဲ့မိတယ္… ခန္းမသခင္တစ္ေယာက္ျဖစ္ၿပီး နင့္ကို မကာကြယ္ႏိုင္ခဲ့ဘူး… ဒါက ငါ့အမွားပါ"

ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္ေနတဲ့ ခ်န္းပိနင္းကို ျမင္ၿပီးေနာက္ ခ်ဴးယြန္က ရယ္ေမာလိုက္ပါတယ္။
"ခန္းမသခင္… ဘာျဖစ္ရတာလဲ… အရာအားလုံးက ႐ုတ္တရက္ျဖစ္သြားတာကို…  မင္းဘယ္သူ႕ကိုမွအျပစ္တင္လို႔မရဘူးေလ "

ခ်ဴးယြန္က ေျပာလိုက္ေပမယ့္ ခ်န္းပိနင္းကေတာ့ သူ႕ကိုယ္သူ ခြင့္မလႊတ္ႏိုင္ေသးပါဘူး။

ခ်ဴးယြန္က သူ႕ရဲ႕ကိုယ္ပိုင္ဝွက္ဖဲနဲ႔ ဟုန္ေဟာင္ထ်န္းကို အႏိုင္ယူႏိုင္ခဲ့တယ္ဆိုေပမယ့္ ဘယ္လိုပဲၾကည့္ၾကည့္ ဒါက သူ႕ရဲ႕အျပစ္ေတြပါ။

"နင္ေျပာခ်င္တာက ေ႐ွာက္တုံးက သူ႕သားမို႔လား"
ခ်န္းပိနင္း ဝမ္းနည္းသြားတာကို ျမင္ၿပီးေနာက္ ခ်ဴးယြန္က စကားလမ္းေၾကာင္း အျမန္ေျပာင္းလိုက္ပါတယ္။

"ဖူး"
ခ်န္းပိနင္းရဲ႕ ႏွလုံးသားက ေလးလံေနေပမယ့္ ဒါကိုၾကားၿပီးေနာက္မွာေတာ့ မရယ္‌ႏိုင္ေတာ့ပါဘူး။

"နင္ဘာေတြေျပာေနတာလဲ… ဟုန္က်ဴးက သူ႕ရဲ႕ညီမအရင္းႀကီးကို"
ခ်န္းပိနင္းက ခ်ဴးယြန္ကို မ်က္ေစာင္းထိုးလိုက္ပါတယ္။ ဒီခ်ဴးယြန္က တကယ္ကို ထိန္းခ်ဳပ္မႈ မ႐ွိပါဘူး။

"ဒါက မျဖစ္ႏိုင္တာ မဟုတ္ဘူးေနာ္… ေ႐ွာက္တုံး အ႐ွက္တကြဲအက်ိဳးနည္းျဖစ္ေတာ့ သူက ‌အေဖအရင္းျဖစ္တဲ့ ေ႐ွာက္ယုံက်န္းထက္ေတာင္ ပိုၿပီး ‌ေဒါသတႀကီးေနေသးတယ္… အကိုတစ္ေယာက္ျဖစ္ပါလ်က္နဲ႔ ဟုန္က်ဴးက လက္ထပ္သြားတာေတာင္မွပဲ နီးနီးကပ္ကပ္႐ွိေနေသးတယ္မလား… ဒါက မသင့္ဘူးေလ"
ခ်ဴးယြန္ဟာ မူလက ၿပီးစလြယ္သာေျပာခဲ့ေပမယ့္ ေသခ်ာေတြးေလ၊ ပိုၿပီး စိတ္ဝင္စားဖို႔ေကာင္းသလို ခံစားလာရေလပါပဲ။

ေ႐ွာက္တုံးရဲ႕ ႐ုပ္ရည္ကလည္း ေ႐ွာက္ယုံက်န္းနဲ႔ မတူဘဲ ဟုန္ေဟာင္ထ်န္းနဲ႔ ပိုတူေနလို႔ပါ။

ခ်န္းပိနင္းက ႏွာေခါင္း႐ႈံ႕လိုက္ေပမယ့္ မိန္းမတို႔သဘာဝအရ အတင္းအဖ်င္းကို မေျပာဘဲ မေနႏိုင္ေတာ့ပါဘူး။
"အရင္တုန္းကလည္း ဒီလိုေကာလဟာ‌လေတြ ႐ွိခဲ့ဖူးတယ္… ဒါေပမယ့္ ဟုန္ေဟာင္ထ်န္းမွာ သားသမီးမ႐ွိလို႔ ခ်စ္ေနတာပဲဆိုၿပီး ဒီသတင္းေတြကို အေလးအနက္မထားခဲ့ၾကတာ"

ခ်န္းပိနင္းရဲ႕ စိတ္အေျခအေနက ပိုေကာင္းလာတာကို ျမင္ၿပီးေနာက္ ခ်ဴးယြန္ သက္ျပင္းခ်လိုက္ပါတယ္။

"ခ်ဴးယြန္… ဒီကိစၥက အေတာ္ႀကီးက်ယ္သြားတယ္… ဒီတိုက္ပြဲသတင္းကို လူအေတာ္မ်ားမ်ားက သိသြားခဲ့ၾကၿပီ… ရက္အနည္းငယ္အတြင္းမွာဘဲ နင့္ကိုဖိတ္ေခၚဖို႔ ကြၽမ္းက်င္သူေတြ အမ်ားႀကီးေရာက္လာမယ္လို႔ ငါထင္တယ္"
ခ်န္းပိနင္း ႏႈတ္ခမ္းကို ကိုက္လိုက္ပါတယ္။ သူက ဒီကိစၥကို စိတ္မပူဘူးလို႔ေျပာရင္ ဒါက အတုပဲျဖစ္မွာပါ။

ခ်ဴးယြန္က လွည့္ကင္းခန္းမကေန ထြက္မသြားဘူးလို႔ ကတိေပးထားေပမယ့္လည္းေပါ့။

ခ်ဴးယြန္က ကတိေပးထားေပမယ့္ အင္အားစုႀကီးေတြက ႀကီးမားစြာေပးဆပ္လာမယ္ဆိုရင္ သူ႕စိတ္ကို ထိန္းထားႏိုင္ပါဦးမလား။

ေနာက္ၿပီး သူဟာ ထိုေန႔က ဟုန္ေဟာင္ထ်န္းကို မတားဆီးႏိုင္ခဲ့ပါဘူး။

ဒါက သူ႕အျပစ္လို႔ မေျပာႏိုင္ေပမဲ့ ေ႐ွာင္လႊဲလို႔မရဘဲ သူ႕မွာ တာဝန္႐ွိပါတယ္။

ခ်န္းပိနင္းရဲ႕ အေတြးေတြကိုျမင္ၿပီးေနာက္ ခ်န္းပိနင္းက ရယ္ေမာကာ ေျပာလိုက္တယ္။
"ခန္းမသခင္ စိတ္ေအးေအးထားပါ… ငါက ေက်းဇူးမကန္းတတ္ပါဘူး… လွည့္ကင္းခန္းမက ငါ့ကို အမ်ားႀကီး အကူအညီေပးခဲ့မွေတာ့ ငါကလည္း ျပန္ေပးဆပ္မွာပါ"

ငါက အမ်ားႀကီးေပးခဲ့တာလား။

နင္ကမွ လွည့္ကင္းခန္းမကို အမ်ားႀကီးေပးခဲ့တဲ့သူပါ။

ခ်န္းပိနင္း သက္ျပင္းခ်လိုက္ပါတယ္။ ခ်ဴးယြန္က အခုလို ကတိေပးေနေလ သူ႕ႏွလုံးသားထဲမွာ ပိုခံစားရေလပါပဲ။

ခ်ဴးယြန္ဟာ လွည့္ကင္းခန္းမကို ဝင္ေရာက္လာခ်ိန္ကစၿပီး သူ႕အတြက္ ဘာအက်ိဳးအျမတ္မွ မေပးရေသးပါဘူး။

အျခားတစ္ဖက္မွာေတာ့ ခ်ဴးယြန္ဟာ လွည့္ကင္းခန္းမရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အစြမ္းကုန္ႀကိဳးစားေပးခဲ့ပါတယ္။

သူ႕ရဲ႕ ျပဳလုပ္ေပးမႈေတြက ခ်န္းပိနင္းကို ပိုၿပီးနာက်င္ေစပါတယ္။

ခ်ဴးယြန္က ဘာမွမဟုတ္တဲ့ လွည့္ကင္းခန္းမမွာ ေနခ်င္ပါ့မလား။

အင္အားစုႀကီးေတြနဲ႔ယွဥ္ရင္ ခ်ဴးယြန္က ဘာမွမဟုတ္ပါဘူး။

သူတို႔ဟာ ေဝးလံေခါင္သီတဲ့ ၿမိဳ႕ရဲ႕ေထာင့္တစ္ေနရာမွာပဲ ေနထိုင္ႏိုင္ခဲ့ၿပီး သူတို႔ရဲ႕ အနာဂတ္ဖြံ႕ၿဖိဳးတိုးတက္မႈကလည္း မေသခ်ာေသးပါဘူး။

ဒါေပမယ့္ ခ်ဴယန္ေျပာတဲ့ စကားဟာ သူ႕ႏွလုံးသားေအာက္ေျခက စစ္မွန္တဲ့စကားေတြပါ။

လွည့္ကင္းခန္းမက တကယ္ပဲ သူ႕ကို အမ်ားႀကီးေပးဆပ္ခဲ့ပါတယ္။ လွည့္ကင္းခန္းေၾကာင့္ပဲ တိုင္ဂန္တိုက္ႀကီးကို ဖုံးကြယ္ထားႏိုင္တာပါ။

ေနာက္ၿပီး သူ႕အေနနဲ႔ တိုင္ဂန္တိုက္ႀကီးကို ျပန္ခ်င္ရင္ျပန္လို႔ရၿပီး တိုက္ပြဲစြမ္းရည္နဲ႔ လွ်ိဳ႕ဝွက္ပညာရပ္ေတြကို သယ္ေဆာင္သြားလို႔ေတာင္ ရပါေသးတယ္။

အျခားေနရာမွာဆိုရင္ ဒီေလာက္ ေကာင္းမြန္ႏိုင္ပါ့မလား။

လွည့္ကင္းခန္းမက ထြက္သြားမယ္ဆိုရင္ ခ်ဴးယြန္ဟာ ဒီအေၾကာင္းကို ေတြးလို႔ေတာင္ မရႏိုင္ပါဘူး။

ဒီေလာက္ေကာင္းမြန္တဲ့ ဘဝမွာမေနဘဲ ဘာေၾကာင့္ ထြက္ခြာသြားရမွာလဲ။

ျဗဟၼာမိစၧာဒယ္ေစာက္အိုးနဲ႔ ေဆးလုံးေတြကိုလည္း လြယ္လင့္တကူ ရ႐ွိေနႏိုင္ပါေသးတယ္။

သူသာ နဂါးဂိတ္ညီလာခံမွာ ပထမရရင္ အေနအထားက ပိုေကာင္းလာဦးမွာပါ။

သူက ေကာင္းကင္ဘုံခုံ႐ုံးမွာ အင္အားစုတစ္ခုကို တိတ္တဆိတ္တည္ေဆာက္ေန႐ုံပါပဲ။

ခ်န္းပိနင္းက ႏႈတ္ခမ္းကိုကိုက္ၿပီး စိတ္ေလွ်ာ့လိုက္ပါတယ္။
အခ်ိန္အေတာ္ၾကာ စဥ္းစားေနၿပီးမွ သူက ေခါင္းေမာ့ကာ ေျပာလိုက္တယ္။
"ခ်ဴးယြန္… အဲဒီေန႔က ငါေျပာခဲ့တဲ့စကားေတြကို နင္ထည့္တြက္ေနတုန္းလား"

ဒါကိုေျပာၿပီးေနာက္ ခ်န္းပိနင္းရဲ႕ လွပတဲ့မ်က္ႏွာက ပန္းသီးတစ္လုံးလို နီရဲသြားခဲ့ပါတယ္။

"ဘယ္တစ္ခုလဲ"
ခ်ဴးယြန္က ဘာမွန္းမသိ ျဖစ္သြားခဲ့ရပါတယ္။

"နင္…"
ဒါကိုၾကားၿပီးေနာက္ ခ်န္းပိနင္းဟာ ပို႐ွက္သြားသလို သူ႕မ်က္ႏွာက ပိုမိုနီရဲလာခဲ့ပါၿပီ။

သူ႕အေနနဲ႔ ဒီေလာက္ထိ ေျပာဖို႔ေတာင္ သူ႕သတၱိအေတာ္ေမြးထားခဲ့ရတာပါ။ ဒါေပမယ့္ ခ်ဴးယြန္က မသိနားမလည္ဟန္နဲ႔ ျပန္လည္ေမးခြန္းထုတ္ေနမယ္လို႔ ထင္မထားခဲ့ပါဘူး။

ငါက ဒါမ်ိဳးကို ထပ္ေျပာရဦးမွာလား။

ဒါေပမယ့္ ထိုစကားေတြက ႐ွက္စရာေကာင္းလြန္းေနတာကို သူက ဘယ္လိုလုပ္ၿပီး ထပ္ေျပာႏိုင္ဦးမွာလဲ။

"ငါ… ငါဘာျဖစ္လို႔လဲ"
ခ်ဴးယြန္ ပိုၿပီးစိတ္႐ႈပ္ေထြးသြားခဲ့ပါတယ္။ ခ်န္းပိနင္းရဲ႕ စကားေတြကို သူလုံးဝ နားမလည္ႏိုင္ေသးပါဘူး။

"နင္က တမင္မသိခ်င္ဟန္ေဆာင္ေနတာပဲ… ငါနင္နဲ႔ စကားမေျပာခ်င္ေတာ့ဘူး"
ခ်န္းပိနင္းက ေဒါသတႀကီးနဲ႔ ေျခေဆာင့္လိုက္ပါတယ္။ ၿပီးေနာက္ နီရဲေနတဲ့ မ်က္ႏွာနဲ႔ ခ်က္ခ်င္းပဲ ထြက္ေျပးသြားခဲ့ပါေတာ့တယ္။

ခ်ဴးယြန္ကေတာ့ အံ့ၾသေနတဲ့ မ်က္ႏွာအမူအရာနဲ႔သာ အေနာက္မွာ က်န္ရစ္ခဲ့ပါတယ္။

'ေခြးစုတ္ေလး… သူက ငါ့ကို ဒီစကားေတြ ထပ္ေျပာေစခ်င္ေနတာကိုး… ဒါေပမယ့္ ဒါက ႐ွက္စရာေကာင္းလြန္းတယ္… ငါဘယ္လိုျပန္ေျပာျပႏိုင္မွာလဲ'
အျပင္ကိုေျပးရင္းနဲ႔ ခ်န္းပိနင္းက စိတ္တည္ၿငိမ္မႈရေစဖို႔ အသက္ျပင္းျပင္း႐ႈလိုက္ပါတယ္။

'ငါဒီကိစၥကို ဘယ္ေတာ့မွ ထပ္မေျပာေတာ့ဘူး'
ေတြးရင္း ခ်န္းပိနင္း လက္သီးဆုပ္လိုက္ပါတယ္။

ခ်န္းပိနင္း ဒီေလာက္ဖိ ႐ွက္႐ြံ႕ေနတာက မထူးဆန္းေပ။ သူက သူ႕ရဲ႕ ခံစားခ်က္ေတြကို ပထမဆုံးအႀကိမ္ ထုတ္ေဖာ္ခဲ့ခ်ိန္က ေျပာခဲ့ေသာစကားေတြကို ရည္ၫႊန္းတာပါ။

ခ်ဴးယြန္သာ လွည့္ကင္းခန္းမမွာ ေနမယ္ဆိုရင္ ခန္းမသခင္ရာထူးကို စြန္႔လႊတ္ၿပီး သူ႕ကို လက္ထပ္ဖို႔ေတာင္ ဆႏၵ႐ွိပါတယ္။

သူက ဒီေလာက္ ႐ွင္း႐ွင္းလင္းလင္း ေျပာထားတာေတာင္မွ တစ္ဖက္လူက ႐ူးခ်င္ဟန္ေဆာင္ေနဆဲပါ။

ခ်န္းပိနင္းဟာ ႐ွက္႐ြံ႕စြာနဲ႔ သူ႕မ်က္ႏွာကို လက္နဲ႔အုပ္ၿပီး ေခါင္းငုံ႔လိုက္ပါတယ္။

ဒါေပမယ့္ တကယ္တမ္းမွာေတာ့ ခ်ဴးယြန္က သူဘာအေၾကာင္းကို ေျပာသြားမွန္းေတာင္ မသိရ႐ွာပါဘူး။

အပိုင္း ( 910 ) ပန္းကေလးနဲ႔ အလွဆင္မယ္

'မိန္းမေတြက တကယ္ နားလည္ရခက္တာပဲ'
ခ်ဴးယြန္က ပ်င္းရိစြာနဲ႔ အိပ္ရာေပၚမွာ လဲေလ်ာင္းရင္း ေတြးလိုက္ပါတယ္။

သူ႕ရဲ႕႐ုပ္ပိုင္းဆိုင္ရာၾကံ့ခိုင္မႈအရ အျမင့္ဆုံးကိုျပန္ေရာက္ဖို႔ဆိုတာ သုံး‌လေတာင္မလိုပါဘူး။ ဒါကို သူကိုယ္တိုင္လည္း ယုံၾကည္ပါတယ္။

အျခား အင္အားစုႀကီးေတြ ဆိုတာကေတာ့ သူတို႔လာခ်င္ရင္လည္း လာပါေစ။

သူကေတာ့ တိုင္ဂန္တိုက္ႀကီးအတြက္ ဘယ္လိုပဲရက္ေရာေနပါေစ လႈပ္႐ွားမွာ မဟုတ္ပါဘူး။

ဧကရာဇ္တစ္ပါးအေနနဲ႔ သူက တိုင္ဂန္တိုက္ႀကီး တစ္ခုလုံးအတြက္ စဥ္းစားရပါလိမ့္မယ္။

"ခ်ဴးယြန္…  ငါ နင့္အတြက္ ၾကက္စြပ္ျပဳတ္လုပ္ခဲ့တယ္"
တန္းဇီ႐ွမ္းရဲ႕ အသံက အျပင္ဘက္က ထြက္ေပၚလာခဲ့ပါတယ္။ သူ႕လက္ထဲမွာ ဟင္းခ်ိဳပူပူတစ္ခြက္ကို ဂ႐ုတစိုက္ကိုင္ထားလို႔ပါ။

အေစာပိုင္းက ရင္ခုန္စရာ ျမင္ကြင္းကို ျပန္ေတြးမိၿပီးေတာ့ ခ်ဴးယြန္မ်က္ႏွာက ျပဳံးသြားခဲ့ပါၿပီ။ သူက တန္းဇီ႐ွမ္းကို ျပဳံး႐ႊင္စြာနဲ႔ ၾကည့္လိုက္ပါတယ္။

"ျမန္ျမန္ေသာက္ေလ"
ခ်ဴးယြန္ရဲ႕ အၾကည့္က တန္းဇီ႐ွမ္းကို အနည္းငယ္႐ွက္႐ြံ႕သြားေစပါတယ္။ သူက အနည္းငယ္ ေဒါသထြက္ခ်င္ဟန္ေဆာင္လိုက္ၿပီး သူ႕အသံကလည္း အနည္းငယ္ေအးစက္သြားခဲ့ပါၿပီ။

ဒီလိုမွသာ သူဟာ ဒီအဆင္မေျပတဲ့ အေျခအေနကေန လြတ္ေျမာက္ႏိုင္ပါလိမ့္မယ္။

"ဇီ႐ွမ္း… နင္ငါ့ကို အရမ္းဂ႐ုစိုက္တာပဲ "
ခ်ဴးယြန္က တန္းဇီ႐ွမ္း႐ွက္႐ြံ႕ေနတာေၾကာင့္ စေနာက္မေနေတာ့ဘဲ စြပ္ျပဳတ္ကို ေသာက္လိုက္ပါၿပီ။

"အားပါး… ေကာင္းလိုက္တဲ့အရသာ… ဒါကို နင္ခ်က္လာတာလား"
ခ်ဴးယြန္ မ်က္ခုံးပင့္လိုက္ပါတယ္။ တန္းဇီ႐ွမ္းကရဲ႕ လက္ရာက ဒီေလာက္ေကာင္းလိမ့္မယ္လို႔ သူေမွ်ာ္လင့္မထားခဲ့ပါဘူး။

ဒီအထဲမွာ ေဆးပင္ဝါးပင္ေတြလည္း ပါဝင္ပုံရပါတယ္။ ဒါကို ေသာက္လိုက္တဲ့အခါမွာ အားနည္းေနတဲ့ ခႏၶာကိုယ္ကိုေတာင္ အားတက္လာေစခဲ့ပါၿပီ။

"မဟုတ္ပါဘူး… ငါမီးဖိုခန္းထဲကယူလာတာ"
တန္းဇီ႐ွမ္းက ေျပာလိုက္ပါတယ္။

ခ်ဴးယြန္ " … "

သူ ႀကိဳတင္ျပင္ဆင္ထားတဲ့ ခ်ီးမြမ္းစကားေတြက အခုေတာ့ အသုံးမ၀င္ေတာ့ပါပါဘူး။

"ဒါနဲ႔ နင္က ဟုန္ေဟာင္ထ်န္းကို လက္သီးတစ္လုံးနဲ႔ သတ္ခဲ့‌တာေနာ္… အဲတာကို အင္အားစုႀကီးေတြက ေမးလာခဲ့ရင္ နင္ဘယ္လိုေျဖမလဲ"
တန္းဇီ႐ွမ္းက စိတ္႐ႈပ္ေထြးစြာနဲ႔ ေျပာလိုက္ပါတယ္။ ဒါက အလြန္အေရးႀကီးတယ္။

တကယ္လို႔ ဒါက အင္အားစုႀကီးေတြရဲ႕ အာ႐ုံကို မေတာ္တဆဆြဲေဆာင္ႏိုင္ခဲ့ရင္ အလြန္ေၾကာက္စရာေကာင္းမွာပါ။

သူတို႔ေတြသာ တင္းက်ပ္စြာစုံစမ္းလာရင္ ဖုံးကြယ္ထားဖို႔ မလြယ္ပါဘူး။

" ငါ့မွာ တစ္ခါသုံးအမ်ိဳးအစား ဝိညာဥ္လက္နက္တစ္ခု႐ွိတယ္… ဒါက စြမ္းအင္အမ်ားႀကီးကို သိုေလွာင္ထားႏိုင္တယ္… ဒီစြမ္းအင္ေတြေၾကာင့္ပဲ ငါ့ခြန္အားေတြ ျမင့္တက္လာၿပီး ဟုန္ေဟာင္ထ်န္းကို သတ္ျဖတ္ႏိုင္ခဲ့တာ… ဒါေပါ့… သုံးၿပီးတာနဲ႔ အဲဒီဝိညာဥ္လက္နက္ ပ်က္ဆီးသြားသလို ငါလည္း တန္ျပန္သက္ေရာက္မႈေၾကာင့္ ဒဏ္ရာ အျပင္းအထန္ ရခဲ့ရတယ္"
ခ်ဴးယြန္ ေျပာလိုက္ပါတယ္။

အရာအားလုံးက ျမန္ဆန္စြာ ျဖစ္ပ်က္ခဲ့လို႔ သူဟာ သန္႔စင္ျခင္းလမ္းကိုးပါးေစတီကို အသုံးျပဳခဲ့ရေပမယ့္ ဆင္ေျခတစ္ခု႐ွာေဖြဖို႔ကေတာ့ လြယ္ကူလြန္းပါတယ္။

"ဒါအဓိပၸာယ္႐ွိတယ္"
တန္းဇီ႐ွမ္း ေခါင္းညိတ္လိုက္ပါတယ္။ ဒီလိုဆိုရင္ သူ႕ကို ဘယ္သူမွ သံသယဝင္မွာ မဟုတ္ေတာ့ပါဘူး။

"အေစာပိုင္းက ခန္းမသခင္ေရာက္လာတယ္လို႔ ငါၾကားတယ္"
တန္းဇီ႐ွမ္းက ခ်ဴးယြန္ကို သံသယမ်က္လုံးေတြနဲ႔ ၾကည့္လိုက္ပါတယ္။

ခ်ဴးယြန္က ရယ္ေမာလိုက္ၿပီး
"နင္က အမ်ားႀကီးေတြးေနတာပဲ… ငါက ခန္းမရဲ႕ အကိုႀကီးဆိုမွေတာ့ သူငါ့ဆီကို လာေတြ႕သင့္တယ္ေလ… ဒါက ငါတို႔ရဲ႕ ပုဂၢိဳလ္ေရးအရ ဆက္ဆံေရးနဲ႔ ဘာမွမဆိုင္ပါဘူး… ဒီလိုမွမဟုတ္ရင္ အျခားလွည့္ကင္းေတြက ဘယ္လိုစိတ္ေအးခ်မ္းသာ ေနႏိုင္ပါေတာ့မလဲ"

"ဟုတ္လို႔လား"
တန္းဇီ႐ွမ္းက ဒါကိုနားလည္ပုံရေပမယ့္ အျခားသူေတြရဲ႕ စိတ္ႏွလုံးကို အႏိုင္ယူတဲ့နည္းလမ္းကို နားမလည္ေသးပါဘူး။

ဒါေပမယ့္ ခ်ဴးယြန္ေျပာတာကိုၾကားၿပီးေနာက္ အလိုလိုယုံၾကည္သြားခဲ့ပါတယ္။

ဒါက က်ိဳးေၾကာင္းဆီေလ်ာ္မႈ႐ွိပုံရတယ္။

နန္းေတာ္သခင္တစ္ေယာက္အေနနဲ႔ ခ်န္းပိနင္းက လႈပ္႐ွားမႈေတာ့ ျပဳေနရဦးမွာပါ။

ဒါမွပဲ အျခားလွည့္ကင္းေတြက ယုံၾကည္စိတ္ခ်မႈကို ခံစားရပါလိမ့္မယ္။

"ေကာင္းတယ္… ငါက နင္နဲ႔ခန္းမသခင္ကို အတူတူလို႔ထင္ေနတာ"
တန္းဇီ႐ွမ္းက ဆက္ေျပာခ်င္ေပမယ့္ သူ႕မ်က္ႏွာက နီရဲလာၿပီး ဆက္မေျပာႏိုင္ေတာ့ပါဘူး။

"နင္ဘာေတြေျပာေနတာလဲ… ငါ့ေဘးမွာ နင့္လိုမိန္းမလွေလး႐ွိေနမွေတာ့ အျခားသူေတြကို လိုေနဦးမယ္ထင္လို႔လား"
ခ်ဴးယြန္က အသာျပဳံးလိုက္ပါတယ္။ ေနာက္ဆုံးမွာေတာ့ သူက အေရထူသူမို႔ ဘာကိုမွ ဂ႐ုမစိုက္ပါဘူး။

"ဟမ့္… နင္က ဘယ္သူမို႔လဲ"
တန္းဇီ႐ွမ္းက ႏွာေခါင္းတစ္ခ်က္႐ႈံ႕လိုက္ပါတယ္။ သူက ခ်ဴးယြန္ေျပာတာကို သေဘာမက်ဟန္နဲ႔ ေျပာလိုက္ေပမယ့္ သူ႕ႏွလုံးသားထဲမွာေတာ့ နက္႐ိႈင္းတဲ့ ခ်ိဳၿမိန္မႈကို ခံစားလိုက္ရပါၿပီ။

ဟုတ္ပါတယ္။ ေအးစက္စက္ သူ႕ရဲ႕မ်က္ႏွာအမူအရာေၾကာင့္ သူဘယ္လိုခံစားရတယ္ဆိုတာ‌ကို ေျပာဖို႔ေတာ့ မလြယ္ပါဘူး။

"ခ်ဴးယြန္… ငါအလ်င္စလိုထြက္သြားလို႔ တစ္ခုခုကို ေမ့သြားတယ္"
ခ်န္းပိနင္းရဲ႕အသံက အျပင္ဘက္က ထပ္မံထြက္ေပၚလာခဲ့ပါတယ္။

"အဲ"
ခ်ဴးယြန္ ေအးခဲသြားခဲ့ပါၿပီ။ သူက အခုေလးတင္ ဘာမွမသက္ဆိုင္ေၾကာင္း ေျပာေနေပမယ့္ တစ္ဖက္လူက တကယ္ႀကီး ျပန္ေရာက္လာခဲ့ျပန္ပါၿပီ။

"ခုနစ္"
တန္းဇီ႐ွမ္းက အေျပာင္းအလဲမ႐ွိတဲ့ မ်က္ႏွာအမူအရာနဲ႔ ေျပာလိုက္တယ္။

ဒါက ဒီရက္အတြင္း ခ်န္းပိနင္းေရာက္လာတာ ခုနစ္ႀကိမ္႐ွိသြားၿပီလို႔ ေျပာတာပါ။

"ဟီး"
ခ်ဴးယြန္က အဆင္မေျပစြာ ရယ္ေမာလိုက္ၿပီး ဘာေျပာရမွန္း မသိေတာ့ပါဘူး။

ခ်န္းပိနင္းက နီရဲေနတဲ့မ်က္ႏွာနဲ႔ ေလွ်ာက္လာခဲ့ပါတယ္။ သူ႕ေျခလွမ္းေတြကေတာ့ မတည္မၿငိမ္ျဖစ္ေနလို႔ပါ။

တန္းဇီ႐ွမ္းရဲ႕ အၾကည့္စူးစူးက ဖ်တ္ခနဲ က်ေရာက္လာခဲ့ပါၿပီ။

"ခန္းမသခင္"
ခ်ဴးယြန္က ခန္းမသခင္ကို တည္ၿငိမ္စြာ႐ွိဖို႔ သတိေပးတဲ့အေနနဲ႔ လွမ္းေခၚလိုက္ပါတယ္။

နင္နဲ႔ငါက ဘာမွမဟုတ္ေပမယ့္ တန္းဇီ႐ွမ္းက အထင္လြဲသြားရင္ ငါတကယ္ ဒုကၡေရာက္ရလိမ့္မယ္။

ခ်န္းပိနင္းဟာ ဒီေတာ့မွ သတိျပန္ဝင္လာၿပီး တန္းဇီ႐ွမ္းကို ျမင္သြားၿပီး အံ့အားသင့္သြားခဲ့ပါတယ္။
"မိန္းကေလးတန္းလည္း ႐ွိေနတာပဲ"

"ခန္းမသခင္ ေျပာစရာ႐ွိရင္ ေျပာပါ"
တန္းဇီ႐ွမ္းက ေျပာလိုက္ပါတယ္။
"ငါ႐ွိေနတာ အဆင္မေျပရင္ ငါထြက္သြားေပးပါမယ္"

ခ်ဴးယြန္ရဲ႕ ဇနီးေလာင္းမ်က္ႏွာအမူအရာကို ျမင္ၿပီးေနာက္ ခ်န္းပိနင္းက အနည္းငယ္အျပစ္႐ွိသလို ခံစားလိုက္ရၿပီး အျမန္ေျပာလိုက္တယ္။
"မဟုတ္ဘူး… အဆင္ေျပတယ္၊ အဆင္ေျပပါတယ္"

'အဆင္မေျပဘူးလားလား'
ခ်ဴးယြန္က ထူးျခားစြာ ျပဳံးလိုက္ပါတယ္။ ဒီစကားလုံးႏွစ္ခု ဆက္ဆပ္သြားတဲ့အခါ တကယ္ကို မသၤကာစရာပါ။

ဒါေပမယ့္ သူက တည္ၿငိမ္စြာနဲ႔ ေျပာလိုက္တယ္။
"ခန္းမသခင္… နင္ဘာေျပာစရာ႐ွိလို႔လဲ"

"ဒါက ဟုန္ေဟာင္ထ်န္းရဲ႕ ေ႐ႊလက္စြပ္ေလ… ဒါ အဆင့္ျမင့္ ဝိညာဥ္လက္နက္လို႔ ေျပာႏိုင္တယ္… ဒါက နင့္အပိုင္ကစၥည္းျဖစ္ရမွာ"
ခ်န္းပိနင္းက လက္ေကာက္ေလးလို ေ႐ႊလက္စြပ္ကို ထုတ္ေပးလိုက္ပါတယ္။

"ငါဒါကို ေမ့ေတာ့မလို႔"
ခ်ဴးယြန္က ေခါင္းညိတ္ကာ ေျပာလိုက္တယ္။
"အဲဒီေန႔က နင့္ကိုထိန္းခ်ဳပ္ဖို႔ ဒါကို အသုံးျပဳခဲ့တယ္မဟုတ္လား"

"အမွန္ပဲ"
အေရးႀကီးကိစၥေတြကို ေျပာရာမွာေတာ့ ခ်န္းပိနင္းက တည္ၿငိမ္စြာနဲ႔ ေျပာလိုက္ပါတယ္။
"ဒါက အဆင့္ျမင့္ ဝိညာဥ္လက္နက္ေတြၾကားမွာ အေတာ္အစြမ္းထက္တဲ့ တည္႐ွိမႈတစ္ခုပဲ… ဒါက အဆင့္တူ သိုင္းသမားေတြကိုေတာင္ ခ်ဳပ္ေႏွာင္ႏိုင္ၿပီး ခြန္အားကြာျခားခ်က္ပိုႀကီးေလ၊ အခ်ိန္ကန္႔သတ္ခ်က္က ပိုၾကာ႐ွည္ေလပဲ… ဟုန္ေဟာင္ထ်န္းက သူ႕ရဲ႕ ၿပိဳင္ဘက္အမ်ားစုကို အႏိုင္ယူဖို႔ ဒါကိုအသုံးျပဳခဲ့တာ"

ေျပာရင္းနဲ႔ သူက ေ႐ႊလလက္စြပ္ကို ကမ္းေပးလိုက္ပါတယ္။

ခ်ဴးယြန္က ဒါကိုလက္ခံယူလိုက္ခ်ိန္မွာ ခ်န္းပိနင္းရဲ႕လက္နဲ႔ မေတာ္တဆ ထိမိသြားခဲ့ပါတယ္။

ခ်န္းပိနင္း ထိတ္လန္႔တၾကားနဲ႔ သူ႕လက္ကိုျပန္႐ုတ္ကာ တန္းဇီ႐ွမ္းကို ၾကည့္လိုက္ပါၿပီ။

ကံေကာင္း‌ေထာက္မစြာနဲ႔ တန္းဇီ႐ွမ္းက ေ႐ႊလလက္စြပ္ကို အာ႐ုံစိုက္ေနၿပီး အျခားအေျပာင္းအလဲေတြကို သတိျပဳမိပုံမရပါဘူး။

ခ်န္းပိနင္း စိတ္သက္သာရာရစြာနဲ႔ သက္ျပင္းခ်လိုက္ပါၿပီ။

"နင္က ဟုန္ေဟာင္ထ်န္းကို သတ္လိုက္တာေၾကာင့္ ဒါကိုနင္ပဲရသင့္တယ္ေလ… ငါ… ငါေစာနကေမ့သြားလို႔ ျပန္လာေပးတာ"
ေျပာၿပီးတာနဲ႔ ခ်န္းပိနင္းက ဆက္မေနရဲေတာ့ဘဲ ခ်က္ခ်င္းလွည့္ထြက္သြားခဲ့ပါေတာ့တယ္။

"ခန္းမသခင္က နင့္ကိုေတာ္ေတာ္ဂ႐ုစိုက္တာဘဲ… ဒါကိုေတာင္ အလြယ္တကူထုတ္ေပးလိုက္တယ္"
တန္းဇီ႐ွမ္းက ျပဳံးလိုက္ပါတယ္။ ဒါေပမယ့္ သူ႕ရဲ႕ လွပတဲ့မ်က္လုံးေတြကေတာ့ အနည္းငယ္ေအးစက္ေနလို႔ပါ။

ခ်ဴယြမ္က သူမနာလိုမွန္းသိပါတယ္။

ကံေကာင္းေထာက္မစြာနဲ႔ သူက ပါးနပ္သူမို႔ ရယ္ေမာကာ ေ႐ႊလလက္စြပ္ကို တန္းဇီ႐ွမ္းရဲ႕လက္ထဲ ထည့္ေပးရင္း ေျပာလိုက္တယ္။
"ငါ့ရဲ႕ပန္းကေလးကို ငါ့ဇီ႐ွမ္းေလးနဲ႔မွ်ေဝရမွာေပါ့"

တန္းဇီ႐ွမ္းက ျငင္းဆန္ဖို႔ ပါးစပ္ဟလိုက္ေပမယ့္ ခ်ဴးယြန္က ျမန္ဆန္စြာပဲ သူ႕လက္ကိုဆြဲကာ ဝတ္ေပးလိုက္ပါၿပီ။

"နင္"
တန္းဇီ႐ွမ္း စိတ္႐ႈပ္ေထြးသြားခဲ့ပါတယ္။

အမ်ိဳးသမီးတစ္ေယာက္က နင့္ကိုေပးတဲ့အရာကို နင္က ငါ့ျပန္ေပးတယ္ေပါ့… နင္က အေျခခံအခ်က္ေတြကို ေ႐ွာင္တိမ္းရမွန္း မသိဘူးလား။

"မဆိုးပါဘူး… အေတာ္ပဲ"
ေ႐ႊလလက္စြပ္က ေ႐ႊနက္ေရာင္အလင္းတစ္ခ်က္လက္သြားခဲ့ပါၿပီ။ ဒါက ဝတ္ဆင္သူရဲ႕လက္နဲ႔ ကိုက္ညီတဲ့အ႐ြယ္စားကို ေျပာင္းလဲႏိုင္ပါတယ္။

အစပိုင္းမွာ တန္းဇီ႐ွမ္းက ဒါကို မသင့္ေတာ္သလိုထင္မိေပမယ့္ တျဖည္းျဖည္း သူ႕ႏွလုံးသားထဲမွာ ေပ်ာ္႐ႊင္မႈကို ခံစားလိုက္ရပါၿပီ။

ဒါကို ခ်န္းပိနင္းက ခ်ဴးယြန္အတြက္ ေပးခဲ့ေပမယ့္ ခ်ဴးယြန္က‌ တြန္႔ဆုတ္မေနဘဲ သူ႕ကိုျပန္ေပးခဲ့ပါတယ္။

ဒါေပမယ့္ သူ႕မ်က္ႏွာက တင္းမာေနဆဲျဖစ္ၿပီး ေျပာဆိုလိုက္ပါတယ္။
"ဒါက နင့္အတြက္ေပးလက္ေဆာင္ပဲေလ… ငါမလိုခ်င္ဘူး"

ခ်ဴးယြန္က ျပဳံးလိုက္ၿပီး
"သူက ငါ့ကိုေပးတာ ဘယ္လိုျဖစ္ႏိုင္မွာလဲ… နင္လည္းၾကားမွာပဲကို… ငါက ဟုန္ေဟာင္ထ်န္းကို သတ္လိုက္တယ္ဆိုမွေတာ့ ဒါက ငါ့ဥစၥာျဖစ္ကိုျဖစ္ရမွာ… အဲေတာ့ ငါ့အပိုင္ပစၥည္းကို ငါေပးတာေလ… ဘာမွားေနလို႔လဲ"

ဒါကိုၾကားၿပီးေနာက္ ခ်န္းပိနင္းရဲ႕ ႏွလုံးသားထဲက ခံစားခ်က္ေတြဟာ ပိုမိုခ်ိဳၿမိန္သြားခဲ့ပါတယ္။

ဒါက အဆင့္ျမင့္ဝိညာဥ္လက္နက္ျဖစ္ေနလို႔ သူေပ်ာ္႐ႊင္ရတာ မဟုတ္ပါဘူး။

ဒါက ခ်ဴးယြန္ေပးတဲ့လက္ေဆာင္ျဖစ္ေနလို႔ပဲ သူေပ်ာ္႐ႊင္သြားရတာပါ။

ဒါက သာမန္လက္ေကာက္တစ္ခုဆိုရင္ေတာင္ သူေပ်ာ္ရဦးမွာပါပဲ။

သူတို႔ႏွစ္ဦးဟာ စိုးရိမ္စရာ ကိစၥအားလုံးကို ေဘးဖယ္ၿပီး ေပ်ာ္႐ႊင္စြာနဲ႔ စကားေျပာေနခဲ့ၾကပါတယ္။ သူတို႔ေတြ ဒီလိုခံစားခ်က္မ်ိဳးကို ခံစားခဲ့ရတာ ၾကာျမင့္ခဲ့ပါၿပီ။

"ခ်ဴးယြန္… မင္းဒဏ္ရာရထားတယ္လို႔ၾကားတယ္… ငါလာလည္တာပါ"

တံခါးအျပင္က အသံတစ္ခ်က္ ထြက္ေပၚလာၿပီး ဒါကိုၾကားၿပီးေနာက္ ခ်ဴးယြန္ အံ့အားသင့္သြားခဲ့ပါတယ္။

တကယ္ႀကီးသူပဲ။

"ဘယ္သူလဲ"
တန္းဇီ႐ွမ္းက အနည္းငယ္တုံ႔ဆိုင္းသြားခဲ့ပါတယ္။
" ဒါက အျခားအင္အားစုတစ္ခုလား… သူတို႔လာတာ  ျမန္လိုက္တာ"

"ဇီ႐ွမ္း… နင္အရင္သြားလိုက္ေတာ့ေနာ္"
ခ်ဴးယြန္ ထထိုင္လိုက္ပါတယ္။ သူ႕မွာ ထိုလူကိုေမးစရာစကားေတြ အမ်ားႀကီး႐ွိေနလို႔ပါ။

ထိုလူက မလာဘူးဆိုရင္ေတာင္ သူက တစ္ေခါက္ေလာက္ေတာ့ ေရာက္ေအာင္သြားေတြ႕ဖို႔ ေတြးထားခဲ့ၿပီးပါၿပီ။

တန္းဇီ႐ွမ္းက တံခါးကို ဖြင့္လိုက္ၿပီးေနာက္ လူလတ္ပိုင္းႀကီးတစ္ေယာက္ကို ျမင္လိုက္ရပါတယ္။ သူက မုတ္ဆိတ္ေမႊးေတြ႐ွိၿပီး ေတာက္ပတဲ့မ်က္လုံးကို ပိုင္ဆိုင္ထားကာ အႏၲရာယ္မ်ားပုံပါပဲ။

သူက လူေကာင္းတစ္ေယာက္မဟုတ္တာ ေသခ်ာတယ္။

တန္းဇီ႐ွမ္းက စိတ္ထဲကေန အကဲျဖတ္လိုက္ပါတယ္။

ဒါေပမယ့္ သူက အမ်ားႀကီးမေျပာဘဲ အခန္းထဲကေန ခ်က္ခ်င္းထြက္သြားခဲ့ပါတယ္။

"ယို႔… မင္းက မိန္းမလွေလးနဲ႔ အေဖာ္ျပဳေနတာပဲ…‌ ေတာင္းပန္ပါတယ္ကြာ… ငါလာတာ အခ်ိန္ေကာင္းမဟုတ္ေတာ့ဘူးပဲ"
လူလတ္ပိုင္းႀကီးက ေျပာလိုက္ေပမယ့္ ယဥ္ေက်းမေနဘဲ ခ်က္ခ်င္း ေလွ်ာက္လာခဲ့ပါတယ္။

သူက ဖန္အိမ္ေတာ္က ဖန္ဝမ္ပါ။

ခ်ဴးယြန္က ေဟာ္႐ႊင္းကိုေမးထားခဲ့ဖူးတာေၾကာင့္  ဖန္ဝမ္ရဲ႕အေၾကာင္းကို အေတာ္တန္သိေနခဲ့ပါၿပီ။

ဖန္ဝမ္က ဖန္အိမ္ေတာ္မွာ အလြန္ထူးျခားတဲ့ တည္႐ွိမႈတစ္ခုပါ။

သူ႕အဆင့္အတန္းက ျမင့္မားေပမယ့္ သူက အျခားသူေတြနဲ႔မတူပါဘူး။

အင္အားက အဓိကျဖစ္တဲ့ ဒီေလာကႀကီးမွာ ဖန္ဝမ္ရဲ႕အင္အားက သိပ္မႀကီးမားပါေခ်။ ဒါေပမယ့္ သူ႕ရဲ႕မိတ္ေဆြေကာင္းေတြက ေနရာအႏွံ႔မွာ႐ွိၿပီး က်ယ္ျပန္႔တဲ့အဆက္အသြယ္ ကြန္ရက္႐ွိပါတယ္။ ေယာက္ခ်ီျမင့္ျမတ္တိုင္းျပည္ထဲမွာေတာင္ သူ႕ကို တိုက္႐ိုက္ရန္စဝံ့သူက မမ်ားပါဘူး။

သူက ႐ိုးသားေျဖာင့္မတ္ၿပီး အဆက္အသြယ္ေကာင္းေတြ႐ွိေပမယ့္ လူတိုင္းကိုရန္စေနတတ္သူမဟုတ္ျပန္ေပ။

အတိုခ်ဳပ္ေျပာရရင္ ေဟာ္႐ႊင္းလို မာနႀကီးတဲ့လူေတာင္ သူ႕ကို အေတာ္ခ်ီးမႊမ္းခဲ့ရပါတယ္။

Continua llegint

You'll Also Like

162K 15.8K 48
គីម ថេយ៉ុងជាកម្មសិទ្ធរបស់ខ្ញុំ ចាំទុក! ប្រភេទ : ABO(Omegavers) Writer : Ara
579K 15K 77
၍ficတွင် 🔞🔞များနှင့် ရိုင်းစိုင်းတဲ့စကားလုံးများပါပါသည်။ မကြိုက်နှစ်သက်ပါက မဖတ်ပါနဲ့။ ပြီးမှ လာ မwarပါနဲ့ ၍ficတြင္ 🔞🔞မ်ားႏွင့္ ရိုင္းစိုင္းတဲ့...
1.6M 91.5K 49
ဘယ်သူကိုမှစောက်ဂရုမစိုက်လို့ မင်းလို မောက်မာပြီးမာနခေါက်ခိုက်နေတဲ့ကောင်ကို ရအောင်ခိုးပြေးလာတာရှင်းလား ဘယ္သူကိုမွေစာက္ဂ႐ုမစိုက္လို႔ မင္းလို ေမာက္မာၿပီ...
1.1K 227 7
+រឿងបន្តពី អ្នកបម្រើម្ចាស់តូច ខ្ញុំស្រឡាញ់គាត់..ហើយគាត់ក៏ស្រឡាញ់ខ្ញុំ ខុសធ្ងន់ត្រង់គាត់មានគូរហើយ.. > We love each other, but we can't be togethe...