ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အ...

By KazunoMora

73.7K 8.5K 100

အပိုင်း ၃၉၅ မှ ၁၂၈၀ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း ဇာတ္လမ္းအက်ဥ္း
အပိုင်း_395_မင်းကိုဘာကြောင့်ရှင်းပြရမှာလဲ
အပိုင်း_396_တိုက်ပွဲမပြီးသေးဘူး
အပိုင်း_397_ဆေဘာနဲ့ဓါးစိတ်ဆန္ဒ
အပိုင်း_398_ရှည်ကြာသောတိုက်ပွဲ
အပိုင်း_399_ငရဲလောကမှထွက်ခွာနိုင်ပြီ
အပိုင်း_400_ကျွန်တော်လိုချင်တာက
အပိုင်း_401_ရွှေထျန်းသခင်လေး
အပိုင်း_402_ဗာဂျရာခန္ဓာကိုယ်
အပိုင်း_403_ကျုပ်မပြောင်းလဲနိုင်ဘူး
အပိုင်း_404_နတ်ဆိုးဗုဒ္ဓတိုက်ပွဲဝင်ခန္ဓာကိုယ်
အပိုင်း_405_နိုးထလာတဲ့နဂါးစွယ်မြက်
အပိုင်း_406_မင်းတို့‌မျက်လုံးတွေပြူးပြီးကြည့်လိုက်ကြစမ်း!
အပိုင်း_407_ထူးခြားသောနတ်ဆိုးလောက
အပိုင်း_408_ထူးခြားပြီးကြမ်းကြုတ်တဲ့အသွင်ပြင်
အပိုင်း_409_နတ်ဆိုးကီ
အပိုင်း_410_ချူးယွန်ငါထင်တာက
411 to 415
416 to 420
421 to 425
426 to 430
431 to 435
436 to 440
441 to 445
446 to 450
451 to 455
456 to 460
461 to 465
466 to 470
471 to 475
476 to 480
481 to 485
486 to 490
491 to 495
496 to 500
501 to 505
506 to 510
511 to 515
516 to 520
521 to 525
526 to 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601-605
606-610
611-615
616-620
621-625
626-630
631-635
636-640
641-645
646-650
651-655
656-660
661-665
666-670
671-675
676-680
681-685
686-690
691-695
696-700
701-705
706-710
711-715
716-720
721-725
726-730
731-735
736-740
741-745
746-750
751-755
756-760
761-765
766-770
771-775
776-780
781-785
786-790
791-795
796-800
801-805
806-810
811-815
816-820
821-825
826-830
831-835
836-840
841-845
846-850
851-855
856-860
အပိုင်း ( 861 ) ချန်းပိနင်းရဲ့ လျှို့ဝှက်ချက်
အပိုင်း ( 862 ) မင်းဘယ်သူ့ကိုလိမ်လာတာလဲ
အပိုင်း ( 863 ) ဖန်အိမ်တော်ကလူ
အပိုင်း ( 864 ) ဒါဆို ငါမပြန်ဘူး
အပိုင်း ( 865 ) ဟွာဖေးလုံရောက်လာခြင်း
အပိုင်း ( 866 ) မတူညီတဲ့ အတွေးအခေါ်တွေနဲ့ တိုက်ဆိုင်မှု
အပိုင်း ( 867 ) ဒါကြောင့်ပဲ ငါလာခဲ့တာ
အပိုင်း ( 868 ) ချူးယွန်ရဲ့ ကျင့်ကြံခြင်းနည်းလမ်း
အပိုင်း ( 869 ) မှန်ကန်တဲ့လမ်းစဉ်
အပိုင်း ( 870 ) ဟော်အိမ်တော်
876-880
881-885
886-890
891-895
896-900
901-905
906-910
911-915
916-920
921-925
926-930
931-935
936-940
941-945
946-950
951-955
956-960
961-965
966-970
971-975
976-980
981-985
986-990
991-995
996-1000
1001-1005
1006-1010
1011-1015
1016-1020
1021-1026
1027-1030
1031-1035
1036-1040
1041-1045
1046-1050
1051-1055
1056-1060
1061-1065
1066-1070
1071-1075
1076-1080
1081-1085
1086-1090
1091-1095
1096-1100
1101-1105
1106-1110
1111-1115
1116-1120
1121-1125
1126-1130
1131-1135
1136-1140
1141-1145
1146-1150
1151-1155
1156-1160
1161-1165
1166-1170
1171-1175
1176-1180
1181-1185
1186-1190
1191-1195
1196-1200
1201-1205
1206-1210
1211-1215
1216-1220
1221-1225
1226-1230
1231-1235
1236-1240
1241-1245
1246-1250
1251-1255
1256-1260
1261-1265
1266-1270
1271-1275
1276-1280

871-875

339 42 0
By KazunoMora

အပိုင်း ( 871 ) အခုကစပြီး သူက ငါ့ရဲ့ညီအကိုပဲ

တိုင်ဂန်နယ်နိမိတ်က ကြီးမားလွန်းတာကြောင့် သံနက်တိုက်ပွဲဝင်ခန္ဓာကိုယ်ရဲ့ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းကိုရှာဖို့က မလွယ်ကူပါဘူး။

သံနက်တိုက်ပွဲဝင်ခန္ဓာကိုယ်ရဲ့ ပြီးပြည့်စုံတဲ့အစိတ်ပိုင်းက တိုက်ခိုက်ရေးလက်နက်၊ ဒါမှမဟုတ် ထူးကဲလက်နက်တစ်ခုလိုဖြစ်နိုင်ပါတယ်။

ဒါက မပြည့်စုံသေးတဲ့အတွက် ဖြစ်နိုင်ချေတွေအများကြီးရှိနေလို့ပါ။

ချူးယွန်ရဲ့ ပြတ်သားတဲ့အမူအရာကိုမြင်ပြီးနောက် ဟော်ထျဲရှင်းက ဘာမှမပြောတော့ပါဘူး။ စာလိပ်ကို လက်ခံကာ ကြည့်ရှုပြီးနောက် သူချက်ချင်းပဲ မျက်မှောင်ကြုတ်လိုက်ပါပြီ။
" ချူးယွန်… ဒါက ထိပ်တန်းခန္ဓာကိုယ်သန့်စင်နည်းဆိုပေမယ့် အဆင့်နိမ့်ပဲ… ဒါရဲ့ ပြီးပြည့်စုံတဲ့ စာလိပ်ကို ရှာဖွေမယ့်အစား အခြားတိုက်ပွဲစွမ်းရည်တစ်ခုကိုပေးမယ်ဆိုရင်ရော… ဒါက အဆင့်တူတိုင်ပွဲစွမ်းရည်တစ်ခုဖြစ်ပြီး ထူးကဲတိုက်ပွဲစွမ်းရည်နဲ့တောင် ယှဉ်နိုင်စေလိမ့်မယ်… မင်းဘယ်လိုထင်လဲ"

ဟော်ထျဲရှင်းရဲ့ အမြင်မှာ ပြီးပြည့်စုံတဲ့ ထိပ်တန်းတိုက်ပွဲစွမ်းရည်အတွက် ဒီလောက်ဒုက္ခခံစရာမလိုပါဘူး။

ဒီအစား သူက ချူးယွန်ကို ပိုပြီးအစွမ်းထက်တဲ့ တိုက်ပွဲစွမ်းရည်ကို ပေးနိုင်ပါတယ်။

ထူးကဲအဆင့်တိုက်ပွဲစွမ်းရည်ဆိုရင်တောင် သူငြင်းပယ်မှာ မဟုတ်ပါဘူး။

ချူးယွန်က အလွန်စိတ်လှုပ်ရှားသွားပေမယ့် သူ့ခံစားချက်တွေကို အမြန်ဖိနှိပ်လိုက်ပါတယ်။

နောက်ပြီး သံနက်တိုက်ပွဲဝင်ခန္ဓာကိုယ်က သူနဲ့အတော်သင့်လျော်ပါတယ်။ ဒါကိုလေ့ကျင့်ဖို့ သူက အခြားတိုက်ပွဲစွမ်းရည်ကိုတောင် စွန့်ပစ်ခဲ့ရတာပါ။

အခြားခန္ဓာကိုယ်သန့်စင်ခြင်း တိုက်ပွဲစွမ်းရည်တွေက သူနဲ့ အခုလောက်လိုက်ဖက်ဖို့ မသေချာပါဘူး။

"ကျေးဇူးတင်ပါတယ် ဦးလေး… ဒါပေမယ့် ဒီတိုက်ပွဲစွမ်းရည်က ငါနဲ့အရမ်းသင့်တော်တာမို့ ပြီးပြည့်စုံတဲ့ပုံစံကိုပဲ လိုချင်ပါတယ်"
ချူးယွန်က ကူကယ်ရာမဲ့စွာနဲ့ လိမ်ညာပြောဆိုလိုက်ရပါတယ်။

ဟော်ထျဲရှင်း ခေါင်းညိတ်လိုက်ပါတယ်။ ချူးယွန်က စိတ်ပိုင်းဖြတ်ထားတာမို့ သူဆက်ပြီးမဆွဲဆောင်တော့ပါဘူး။

"အကိုချူး… မင်းရဲ့တောင်းဆိုမှုက မနိမ့်လွန်းဘူးလား… ဒီလိုတိုက်ပွဲစွမ်းရည်ကို ဘယ်နှယ့်လုပ်ပြီး တောင်းနိုင်ရတာလဲ… ဆေးလုံးတွေ၊ လျှို့ဝှက်ပညာရပ်တွေနဲ့ ဝိညာဉ်လက်နက်တွေ မင်းလိုချင်လား"
ဟော်ရွှင်းက မနေနိုင်တော့ဘဲ အမြန်ပြောလိုက်ပါတယ်။

ဒီတောင်းဆိုမှုက သူ့ကို မျက်နှာပျက်စေပါတယ်။ သူ့ရဲ့လိုအပ်ချက်က နည်းပါးလွန်းတယ်။

"မလိုတော့ပါဘူး"
ချူးယွန် ပြုံးလိုက်ပါတယ်။ သူက လောဘကြီးတက်ပေမယ့် သူ့သူငယ်ချင်းတွေအပေါ်မှာတော့ မဟုတ်ပါဘူး။

ဒါက သူ့ရဲ့အခြေခံကိုယ်ကျင့်တရားပါ။

သူက ဘာမှမပေးရသေးဘဲ အများကြီးယူလိုက်မိရင် အပြစ်ရှိသလို ခံစားနေရပါလိမ့်မယ်။

နောက်ပြီး ဟော်အိမ်တော်နဲ့ မိတ်ဆွေဖွဲ့ထားခြင်းက ရေရှည်မှာ အကျိုးပိုရှိစေမှာပါ။ ဟော်အိမ်တော်က သူ့အပေါ် ကျေးဇူးကြွေးတင်နေရင် ဒါက တကယ်‌ကောင်းပါတယ်။

"ငါရတာနဲ့ တစ်ယောက်ကို ချက်ချင်းလွှတ်လိုက်မယ်"
ဟော်ထျဲရှင်းက ခေါင်းညိတ်ပြီး ဟော်ရွှင်းကို ထူးခြားစွာကြည့်လိုက်ပါတယ်။

ဒီကောင်လေးက အလွန်မောက်မာပြီး အပေါင်းအသင်းတွေနဲ့ ပျော်ပါးရတာကို သဘောကျသူပါ။ သူက လေ့ကျင့်ဖို့လည်း စိတ်မဝင်စားပါဘူး။

သူ့ရဲ့ အနေအထားကြောင့်လည်း ဘယ်သူ့ကိုမှ လေးစားမှုမရှိခဲ့ပါ။

ဒါပေမယ့် ချူးယွန်အရှေ့မှာတော့ သူက နောက်လိုက်တစ်ယောက်လို လေးစားမှု အလွန်ရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ ဟော်ထျဲရှင်းအနေနဲ့ ချူးယွန်ကို အနည်းငယ်ပိုလေးစားသွားမိပါပြီ။

ဟော်ရွှင်းလိုလူကို နှလုံးသားထဲက လေးစားသွားစေဖို့ဆိုတာက မလွယ်ကူပါဘူး။

ချူးယွန်ရဲ့ စွမ်းရည်တွေက အံ့အားသင့်စရာကောင်းပြီး သူ့ရဲ့ကျွမ်းကျင်မှုက အခြားသူတွေကို ဖိနှိပ်နိုင်ပါတယ်။ သူ့ရဲ့စိတ်သဘောထားကလည်း မဆိုးတော့ ထိုကောင်လေးက ချူးယွန်ဆီကနေ သင်ယူနိုင်ဖို့ မျှော်လင့်ရပါတယ်။

ဒါကိုတွေးပြီးနောက် ဟော်ထျဲရှင်းရဲ့မျက်နှာက ပြုံးသွားခဲ့ပါပြီ။

……………

"မင်းအတွက် ကျင့်ကြံခြင်းလမ်းစဉ်ကို ငါဆုံးဖြတ်ပြီးပြီ"
ချူးယွန်က တည်ငြိမ်စွာနဲ့ ခြံဝင်းအလယ်မှာ ရပ်နေလို့ပါ။

ဟော်ကျားရဲ့ မျက်လုံးက တောက်ပတဲ့အလင်းတွေ ထွက်ပေါ်လာပြီး ပျော်ရွှင်စွာနဲ့ ပြောလိုက်ပါတယ်။
"ငါအဆင်သင့်ဖြစ်ပြီ"

"ခန္ဓာကိုယ်သန့်စင်ခြင်းအပြင် သိုင်းဝိညာဉ်လို အရာတစ်ခုကိုပါ ငါလွှဲပြောင်းပေးမယ်… ဒါက မင်းအတွက် အရမ်းအသုံးဝင်လိမ့်မယ်"
ချူးယွန်ရဲ့ စကားတွေက မိုးခြိမ်းသံလို ဟိန်းထွက်လာခဲ့ပါတယ်။

"သိုင်းဝိညာဉ်လား"
ဟော်ကျား တံတွေးတစ်ချက်မြိုချပြီး အတည်ပြုမေးကြည့်လိုက်ပါတယ်။

"အမှန်ပဲ"
ချူးယွန် ခေါင်းညိတ်လိုက်ပါတယ်။ ချူးယွန်က သူ့လက်ကိုဆန့်ကာ တိုတမ်အရင်းအမြစ်ကို ထုတ်ယူပြီး ကြီးမားတဲ့ အစိမ်းရောင်မီးလျှံတွေ တောက်လောင်နေတဲ့ ဓါးကြီးတစ်လက်ကို ဖြစ်ပေါ်စေလိုက်ပါပြီ။

ဒီဓါးကြီးက အလွန်ကြီးမားပြီးထူထဲပါတယ်။ ဓါးဖျားက ချွန်ထက်မှုမရှိပေမယ့် ဒါကလေထဲမှာ ရှိနေချိန် အစွမ်းထက်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေလို့ပါ။

"ဟွား… သန်မာလိုက်တာ"
ဟော်ရွှင်း မျက်လုံးပြူးသွားခဲ့ပါတယ်။
"ဒါက မင်းရဲ့သိုင်းဝိညာဉ်လား"

"ဟင့်အင်း… ဒါက သိုင်းဝိညာဉ်မဟုတ်တဲ့ သိုင်းဝိညာဉ်လိုအရာတစ်ခုပဲ… သူ့ရဲ့ အရင်းမြစ်စွမ်းအင်ကို လှုံ့ဆော်နိုင်သ၍ ဒါကို အသုံးပြုနိုင်လိမ့်မယ်"

ချူးယွန်က လက်ညိုးတစ်ချက်ညွှန်လိုက်ပြီး အစိမ်းရောင်မီးလျှံတွေနဲ့ ဓါးကြီးကို ဟော်ကျားရဲ့အရှေ့မှာ ဆင်းသက်စေလိုက်ပါတယ်။
"မင်းရဲ့ခန္ဓာကိုယ်ကို လေ့ကျင့်ရင်း ဒီဓါးကြီးနဲ့ပါ လေ့ကျင့်ရမယ်… ဒါက မင်းရဲ့သိုင်းဝိညာဉ်‌လို မဟုတ်ပေမယ့် မင်းရဲ့တိုက်ခိုက်နိုင်စွမ်းကိုတော့ တိုးတက်လာစေနိုင်တယ်"

ဟော်ကျားလည်း တုန်ရီစွာနဲ့ ဓါးကြီးကို ဆွဲကိုင်လိုက်ပါပြီ။ ဒီနောက် ချူးယွန်က အံ့အားသင့်စွာနဲ့ ပြန်ကြည့်လိုက်ပါတယ်။ သူချက်ချင်းခေါင်းညိတ်လိုက်ပါပြီ။
"ငါလုပ်ပါမယ်"

ဒီစကားကို သူခံစားချက်မျိုးစုံနဲ့ ပြောလိုက်တာပါ။

ချူးယွန်က ခေါင်းညိတ်ပြီး အစိမ်းရောင်မီးလျှံဓါးကို လက်လွှတ်လိုက်ပါတယ်။

ဒါက သူလူရိုင်းတွေဆီကရလာတဲ့ တိုတမ်အရင်းအမြစ်ပါ။

ဒါက တိုတမ်အရင်းအမြစ်ဖြစ်တာကြောင့် ချူးယွန်ဟာ သူအလိုရှိတဲ့သူကို ပေးကမ်းလို့ရခဲ့ပါတယ်။ ဟော်ကျားလို သိုင်းဝိညာဉ်ဆုံးရှုံးထားသူတွေအတွက်တော့ ဒါက အသင့်တော်ဆုံးပါပဲ။

"မင်းလေ့ကျင့်နိုင်ဖို့ နည်းလမ်းနဲ့ ရှေးဟောင်းတိုတမ်ကော်လံရဲ့ စွမ်းအားကိုတော့ ငါပေးနိုင်တယ်… ကျန်တာကတော့ မင်းအပေါ်ပဲ မူတည်တယ်"
ချူးယွန်က လက်ညိုးတစ်ချက်ညွှန်လိုက်တာနဲ့ တိုတမ်အရင်းအမြစ်က ဟော်ကျားရဲ့ မျက်ခုံးနှစ်ခုကြားကို တိုးဝင်သွားခဲ့ပါပြီ။

ဟော်ကျားလည်း အချက်အလက်များစွာကို လက်ခံနေရသလို သူ့မျက်လုံးတွေက ကြောင်အသွားခဲ့ပါတယ်။ တစ်နာရီခန့်ကြာပြီးမှ ပုံမှန်ပြန်ဖြစ်လာခဲ့ပါတော့တယ်။

"ဝုန်း"
ဟော်ကျားက သူ့လက်ဝါးကို ဖြန့်လိုက်တာနဲ့ အစိမ်းရောင်မီးလျှံတွေ ရုတ်တရက်ထွက်ပေါ်လာခဲ့ပါပြီ။ မီးလျှံတွေရဲ့ အလယ်မှာတော့ ကြီးမားတဲ့ဓါးကြီးတစ်လက်ရှိနေလို့ပါ။

"နောက်ဆုံးတော့ ငါ့စွမ်းအားတွေ ပြန်ရလာခဲ့ပြီ"
ဟော်ကျား အက်ကွဲနေတဲ့အသံနဲ့ ပြောပြီး မျက်ရည်တွေစီးကျလာခဲ့ပါတယ်။

ဒါပေမယ့် မကြာခင်မှာပဲ မျက်ရည်တွေကိုသုတ်ကာ စိတ်လှုပ်ရှားမှုအားလုံးကို လှုံ့ဆော်မှုအဖြစ် ပြောင်းပစ်လိုက်ပါပြီ။

"အစိမ်းရောင်မီးလျှံဓါး ရှေးဟောင်းတိုတမ်ကော်လံ"
ဟော်ကျား လက်သီးဆုပ်ပြီး ခပ်တိုးတိုးရေရွှတ်လိုက်ပါတယ်။

"စိတ်ငြိမ်ငြိမ်ထားပါ… ငါမင်းရဲ့ ခန္ဓာကိုယ်သန့်စင်နည်းလမ်းကိုသင်ပေးမယ်"
ချူးယွန် ဟော်ကျားကို တည်ငြိမ်စေလိုက်ပါတယ်။

"အင်း"
ဟော်ကျား ခေါင်းညိတ်လိုက်ပါတယ်။ ဒါပေမယ့် သူစိတ်လှုပ်ရှားနေမှုကို ထိန်းချုပ်လို့ မရသေးပါဘူး။

ချူးယွန်က လူရိုင်းတွေရဲ့ ခန္ဓာကိုယ်သန့်စင်နည်းကို လွှဲပြောင်းပေးလိုက်ပါတယ်။

ဒီခန္ဓာကိုယ်သန့်စင်နည်းနဲ့ သူက ကောင်းကင်ဘုံသို့တက်လှမ်းခြင်းနယ်ပယ်အထိ သွားနိုင်ပါလိမ့်မယ်။ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းနယ်ပယ်ကိုရောက်ရင်တော့ သူအလိုရှိတဲ့ တိုက်ပွဲစွမ်းရည်ကို လေ့ကျင့်လို့ရပါပြီ။

လူရိုင်းတွေရဲ့ ခန္ဓာကိုယ်သန့်စင်နည်းက အလွန်ရက်စက်ကြမ်းကြုတ်ပြီး တိုက်ရိုက်ဆန်ပါတယ်။ သာမန်သိုင်းသမားတွေ လေ့ကျင့်ရဲတာမျိုး မဟုတ်ပါဘူး။

ဒါပေမယ့် ဟော်ကျားအတွက်တော့ မတူတော့ပါပေ။ သူက ကျင့်ကြံခြင်းအခြေခံကို ပြန်ဖို့ အလွန်စိုင်းပြင်းနေခဲ့ပါပြီ။

အချိန်တွေ တဖြည်းဖြည်းကုန်လွန်သွားပြီးနောက် မကြာခင်မှာပဲ ခုနစ်ရက်တာ ကြာမြင့်သွားခဲ့ပါတယ်။

ဒီအတောအတွင်းမှာ ဟော်ထျဲရှင်းက မကြာခဏလာကြည့်ခဲ့ပါတယ်။ အချိန်တိုင်းမှာ ဟော်ကျားရဲ့ တိုးတက်မှုတွေကို မြင်လာခဲ့ရတာမို့ သူ့ရဲ့စိတ်အခြေအနေက ပိုမိုကောင်းမွန်လာခဲ့ပါတော့တယ်။

ခုနစ်ရက်ကြာပြီးနောက်မှာတော့ ချူးယွန်က ထွက်ခွာသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူတတ်နိုင်သမျှတော့ သင်ကြားပေးခဲ့ပါပြီ။

ခန္ဓာကိုယ်သန့်စင်သူအနေနဲ့ အောင်မြင်မှုရလာမယ်၊မလာဘူးကတော့ ဟော်ကျားအပေါ်မှာပဲ မူတည်ပါတယ်။

ချူးယွန်ထွက်ခွာသွားမယ်ဆိုတော့ ဟော်ထျဲရှင်းက အတင်းကြပ်တော့ မတားမြစ်ခဲ့ပါဘူး။ ဒီအစား သူက နှုတ်ဆက်ပွဲကြီး ကျင်းပပေးခဲ့ပါတယ်။

ထိုပွဲကို မျိုးဆက်သစ်က ကောင်းကင်ဂုဏ်ဆောင်ပါရမီရှင်တွေ လာရောက်ခဲ့ကြပြီး ဟော်ရွှင်းကလည်း ချူးယွန်ကို အင်အားစုကြီးတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

ချူးယွန်ရဲ့ အနေအထားကိုမြင်ပြီးနောက် ကောင်းကင်ဂုဏ်ဆောင်ပါရမီရှင်တွေရဲ့ မျက်လုံးတွေက တောက်ပလာခဲ့ပါတော့တယ်။

ယောက်ချီမြင့်မြတ်တိုင်းပြည်ရဲ့ သခင်လေးဟော်ရွှင်းကို လေးစားစေနိုင်သူက သာမန်လူတစ်ယောက် ဘယ်လိုဖြစ်နိုင်မှာလဲ။

ထိုစဉ်က ချူးယွန်ကို စိတ်အနှောင်အယှက်ပေးတဲ့ မေးခွန်းများစွာကို ဆက်တိုက်မေးမြန်းခဲ့တဲ့ အမျိုးသမီးတွေတောင် ရှ်ိ‌ခဲ့ပါသေးတယ်။

ကံကောင်းထောက်မစွာနဲ့ ချူးယွန်က အခြေအနေတွေကို ကိုင်တွယ်တဲ့နေရာမှာ ကျွမ်းကျင်ပြီးသားပါ။ သူက ကြွယ်ဝတဲ့ ဗဟုသုတတွေနဲ့ ဘယ်အခြေအနေမှာမဆို ကောင်းစွာပြောဆိုနိုင်ပါတယ်။

သူက ဟာသတွေကို ပြောဆိုရင် ထိုမိန်းကလေးတွေကိုတောင် ရယ်မောစေနိုင်ခဲ့ပါသေးတယ်။

အချိန်ကြာလာတာနဲ့ မိန်းကလေးတွေရဲ့ ချူးယွန်ကိုကြည့်တဲ့ မျက်လုံးထဲမှာ လေးစားမှုတွေ ပြည့်နှက်လာခဲ့ပါတော့တယ်။

"အကိုချူးယွန်ဆီက ငါသင်ယူရတော့မယ်"
ဟော်ရွှင်းကတော့ အရက်တွေအလွန်အကျွံသောက်ပြီး ချူးယွန်အနောက်ကနေ ကပ်လိုက်နေခဲ့ပါတယ်။

ချူးယွန်ရဲ့ နည်းလမ်းတွေကိုမြင်ပြီးမှ သူအရင် ကောင်မလေးတွေကိုဆွဲဆောင်တဲ့ နည်းလမ်းတွေက မဆင်မခြင်လုပ်ရာကျမှန်း သိလာခဲ့ပါတယ်။

"သင်မှုဆိုတာ နောက်ကျတယ်မရှိပါဘူးကွာ"
ချူးယွန်က သူ့ရဲ့အရက်ခွက်ကို အရက်ဖြည့်ရင်း ဟော်ရွှင်းရဲ့ပုခုံးကို အဓိပ္ပာယ်ရှိစွာ ပုတ်လိုက်ပါတယ်။

ဟော်ရွှင်းလည်း ချက်ချင်းရင်ဘက်ကိုပုတ်ကာ ပြောလိုက်ပါပြီ။
"အခုကစပြီး ချူးယွန်က ငါ့အကိုပဲ… သူ့ကိုဆန့်ကျင်ဘက်ပြုတာက ငါဟော်ရွှင်းကို ဆန့်ကျင်တာပဲ"

ဟော်ကျားကလည်း အနည်းငယ်မူးဝေနေလို့ပါ။ သူကလည်း ချုးယွန်လက်ကိုဆွဲကာ ပြောလိုက်တယ်။
"ငါကလည်း သူပြောတဲ့အတိုင်းပဲကွ"

ဟော်ထျဲရှင်းကတော့ သူတို့ကိုမတားဆီးဘဲ ပြုံးပြုံးကြီးနဲ့ ကြည့်နေခဲ့ပါတယ်။

ချူးယွန်လိုလူနဲ့ မိတ်ဆွေဖွဲ့နိုင်တာက သူ့သားနှစ်ယောက်အတွက် ကံကောင်းခြင်းပါ။

အဆင့်အတန်းမှာတော့ ချူးယွန်က သာမန်ပါ။ ဒါပေမယ့် စစ်မှန်တဲ့ မိတ်ဆွေတွေအတွက် အဆင့်တန်း၊အနိမ့်၊အမြင့်မရှိပါဘူး။

ဒါကိုမြင်ပြီးနောက် အထူးရွေးချယ်ခံတွေဟာ တုန်လှုပ်ကုန်ကြပါတယ်။ ချူးယွန်က ဟော်အိမ်တော်အတွက် ဒီလောက်ရေးပါမယ်လို့ ထင်မထားခဲ့ကြပါဘူး။

ဟုတ်ပါတယ်။ သူတို့က ဟော်ကျားပြန်လည်ကာ လေ့ကျင့်နိုင်ပြီဆိုတာကို မသိသေးပါ။

မဟုတ်ရင် ဒီလိုသံသယတွေရှိမှာ မဟုတ်ပါဘူး။

နှုတ်ဆက်ပွဲပြီးနောက် ဟော်ထျဲရှင်းက ချူးယွန်ကို အဆင့်မြင့်ဝိညာဉ်လက်နက်ကို ပေးကမ်းလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါက အဆင့်မြင့်ဝိညာဉ်လက်နက်တစ်ခုဖြစ်ပြီး ဖော်ပြဖို့တောင် မထိုက်တန်ပေမယ့် ချူးယွန်အတွက်တော့ အလွန်အရေးပါပါတယ်။

ဒါက လီဗာထဲရစ်လို့ခေါ်တဲ့ ခြေထောက်မှာ ချည်နှောင်ရတဲ့ ကြိုးတစ်စုံဖြစ်ပြီး ဒါကို ချည်နှောင်လိုက်တာနဲ့ အမြန်နှုန်းကို အများကြီး တိုးလာစေပါလိမ့်မယ်။

အပိုင်း ( 872 ) ခန်းမကိုသန့်ရှင်းခြင်း

ချူးယွန်ဟာ မူလက လီဗာထဲရစ်ကို ငြင်းဆန်ချင်ပေမယ့် ဟော်ရွှင်းက ချက်ချင်းထိုင်ချကာ သူ့ခြေထောက်မှာ ကိုယ်တိုင်ချည်နှောင်ပေးလိုက်ပါတယ်။

မူးမူးနဲ့ လုပ်ကိုင်နေတဲ့ ဟော်ရွှင်းကိုကြည့်ပြီး ချူးယွန်ဟာ ခါးသီးစွာ ရယ်မောလိုက်ပါပြီ။ သူ့အနေနဲ့ ဒါကိုငြင်းဆန်ချင်ရင်တောင် မရတော့ပါဘူး။

နောက်တစ်နေ့မနက် ဟော်အိမ်တော်ရဲ့ တံခါးဝမှာ…

ချူးယွန်က ဟော်ကျားရဲ့အရှေ့မှာရပ်ပြီး သူ့ရဲ့ကျင့်ကြံခြင်းနဲ့ ပတ်သတ်တာတွေကို ရှင်းပြပေးနေခဲ့ပါတယ်။

ဟော်ကျားရဲ့ မျက်နှာအမူရာကတော့ လေးနက်နေလို့ပါ။ ချူးယွန်ရှင်းပြတာတွေက သူ့ရဲ့အတွေ့အကြုံတွေကို အခြေခံထားတာကြောင့် ဟော်ကျားအတွက် အလွန်အသုံးဝင်ပါတယ်။

ဟော်ထျဲရှင်းက ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ ရှိနေလို့။
ကျားအာ ပြန်လည်တည်ငြိမ်လာတာကို မြင်ရ‌တာလောက် သူ့အတွက် အရေးကြီးတာမရှိတော့ပါဘူး။

သူ့သားနှစ်ယောက်လုံးက လူတွေကြားထဲက နဂါးတွေပါ။

ထိုနှစ်က ဟော််ကျားရဲ့ သိုင်းဝိညာဉ်ဟာ ဟွာဖေးလုံကြောင့် ပျက်ဆီးသွားခဲ့ပြီးနောက် သူ့စိတ်ထဲမှာ စိတ်နတ်ဆိုးကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ချူးယွန်ကတော့ အံ့အားသင့်စရာ ကောင်းလောက်အောင် စိတ်နတ်ဆိုးကို ပယ်သတ်ပြီး မီးပွားကို ပြန်လည်ဖြစ်ပေါ်စေနိုင်ခဲ့ပါတယ်။

"မင်းအကုန်မှတ်မိပြီလား"
တစ်နာရီခန့်ကြာပြီးနောက် ချူးယွန်မေးလိုက်ပါတယ်။

"ငါမှတ်မိပြီ အကိုယွန်"
ဟော်ကျားက ရိုးသားစွာ ပြောလိုက်ပါတယ်။ သူက ချူးယွန်ထက် အသက်ကြီးပေမယ်လည်း လေးစားစွာနဲ့ "အကိုယွန်"လို့ ခေါ်နေဆဲပါ။

ချူးယွန်ဟာ ခဏကြာ ဘာပြောရမှန်းမသိတော့ပါဘူး။

ဟော်ကျားရော ဟော်ရွှင်းပါ ဒဲ့ဒိုးဆန်တဲ့ လူတွေပါ။ သူ့ကို အလွန်လေးစားနေပြီမို့ "အကိုယွန်"လို့ခေါ်ဖို့ ဆန္ဒရှိခဲ့ကြပါတယ်။

"ကောင်းပြီ… ‌ငါတို့ နောက်မှပြန်တွေ့ကြတာပေါ့"
ချူးယွန် တောက်ပစွာပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။

"နေဦး… ငါလည်းမင်းနဲ့လိုက်မယ်"
ဟော်ရွှင်းက ချက်ချင်းပြောလိုက်ပါတယ်။

"ငါနဲ့ ဘာလိုက်လုပ်မှာလဲဟ… လှည့်ကင်းခန်းမရဲ့ ကျင့်ကြံရတဲ့နေရာတွေက ဒီမှာလောက်မကောင်းဘူးလေ"
ချူးယွန် ခါးသီးစွာရယ်မောလိုက်ပါတယ်။‌ ဟော်ရွှင်းကို အလွန်မူးနေတာမို့ နေ့လယ်အထိ အိပ်စက်နေဖို့ မျှော်လင့်ထားပေမယ့် ဒီလောက်အစောကြီးနိုးလာမယ်လို့ ထင်မထားခဲ့ပါဘူး။

"ငါဒီမှာနေရတာ ပျင်းလာပြီဟ"

"နောက်ပြီး အကိုယွန်ရဲ့ဘေးမှာ လေ့ကျင့်တာက ပိုထိရောက်နိုင်တယ်မဟုတ်လား"
ဟော်ရွှင်းက သိသိသာသာကို မြှောက်ပင့်ပြောဆိုလိုက်ပါတယ်။

ဒါကိုကြားပြီးနောက် ဟော်ထျဲရှင်းတောင် မျက်လုံးပြူးသွားခဲ့ပါတယ်။

ဒီလောက် နှစ်တွေအကြာကြီးမှာ ထိုကောင်စုတ်လေးက အလွန်မောက်မာခဲ့သူပါ။ အခုလို မျက်နှာတောင် တစ်ချက်မရဲဘဲ တည်ငြိမ်စွာပြောဆိုလာတာက တကယ်ထူးခြားပါတယ်။

"အေးပါကွာ… ဒါဆိုရင်လည်း လိုက်ခဲ့ပေါ့"
ချူးယွန် အနည်းငယ် ကူကယ်ရာမဲ့သွားခဲ့ပါတယ်။ ဟော်ရွှင်းက ဆုံးဖြတ်ချက်ချပြီးနေခဲ့ပါပြီ။ ဒါကြောင့် သူဘယ်လိုပြောပြော အသုံးဝင်မှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့ သူ့ကိုလိုက်ပါစေဖို့သာ တတ်နိုင်ပါတယ်။

နောက်ပြီး ဟော်ရွှင်းရဲ့ ဗဟုသုတ၊အသိပညာတွေက သူ့အတွက် အသုံးဝင်ပါတယ်။ ကောင်းကင်ဘုံခုံရုံးအပေါ်မှာ သူ့ရဲ့နားလည်နိုင်စွမ်းက နိမ့်ကျနေဆဲပါ။ ဟော်ရွှင်းကို အနားမှာခေါ်ထားနိုင်ရင် သူများစွာ သင်ယူနိုင်ပါလိမ့်မယ်။

နောက်ပြီး သူ့မှာ အန္တရာယ်တွေရှိလာရင်တောင် ဟော်ရွှင်းရဲ့အဆင့်အတန်းက အတားဆီးတစ်ခု ဖြစ်လာခဲ့မှာပါ။

ထွက်ခွာသွားတဲ့ လူငယ်နှစ်ယောက်ကိုကြည့်ကာ ဟော်ကျားရဲ့ မျက်လုံးတွေက တောက်ပလာခဲ့ပါတယ်။
"အဖေ… ဒီလိုနေ့မျိုး ရှိလာမယ်လို့ တစ်ခါမှ တွေးမထားခဲ့မိဘူး"

"မင်းမှာ စိတ်နတ်ဆိုးရှိသေးလား"
ဟော်ထျဲရှင်းက စိုးရိမ်စွာနဲ့ မေးလိုက်ပါတယ်။

"အင်း… ဒါပေမယ့် တစ်ရက်တော့ ကျွန်တော်ကိုယ်တိုင် ဖျက်ဆီးမှာပါ"
ဟော်ကျားက လေးနက်စွာ ခေါင်းညိတ်လိုက်ပါတယ်။ သူ့မျက်လုံးထဲမှာတော့ တိုက်ခိုက်ချင်စိတ်တွေ ပြည့်နှက်နေလို့။

ဟွာဖေးလုံ… ငါပြန်လာနိုင်မယ်လို့ မင်းမထင်ထားဘူးမဟုတ်လား။

ဒီတစ်ခါ ငါပြန်လာတဲ့အချိန် အရင်ကထက်ပိုသန်မာလာလိမ့်မယ်။

ငါအရင်က ခံစားခဲ့ရတဲ့ အရှက်တရားတွေအတွက် သေချာပေါက် လက်စားချေမယ်။

မင်းခွေးကောင် ငါ့ကိုစောင့်နေပါ။

……………

သူတို့နှစ်ဦး လော့ဖူမြို့ကို ပြန်ရောက်လာခဲ့ပါပြီ။

လော့ဖူမြို့တော်က အရင်ထက်ပိုပြီး သက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။ မြို့ထဲက ပါရမီရှင်များစွာကလည်း လှည့်ကင်းခန်းမကို အပြေးအလွှားသွားရောက်ကုန်ပါတယ်။

ဒါက ချူးယွန်ရဲ့ တည်ရှိမှုကြောင့်ပါ။

ချူးယွန်က နဂါးဂိတ်ညီလာခံမှာ အခြေအနေကောင်းဖို့ ကောလဟာလတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ ဒီအခါကျရင် လှည့်ကင်းခန်းမကို နောက်ကွယ်က အင်အားစုတွေက ထောက်ပံ့ပေးတော့မှာပါ။

ဒါကိုကြားပြီးနောက် ချီတုံချတုံဖြစ်နေတဲ့ ပါရမီရှင်တွေဟာ လှည့်ကင်းခန်းမကို အလုအယက်သွားကြပါတော့တယ်။

ဝင်မယ်ဆိုရင် အစောကြီးကတည်းက ဝင်သင့်ပါတယ်။ လှည့်ကင်းခန်းမက ကောင်းကင်ကိုပျံတက်သွားပြီးမှ ဝင်ရောက်ချင်ရင် သိပ်ပြီးအာရုံစိုက်ခံရမှာ မဟုတ်တော့ပါဘူး။

ဟုတ်ပါတယ်။ ဒီအပြင် အခြားကောလဟာလတွေလည်း ရှိနေပါသေးတယ်။

ဒါကတော့ ချူးယွန်လှည့်ကင်းခန်းမကို ရောက်လာတာဟာ လှည့်ကင်းခန်းမမှာ လျှို့ဝှက်ရတနာတွေ ရှိနေလို့ပါ။

သူဒီမှာနေနေရတာက လှည့်ကင်းခန်းမရဲ့ ရတနာတွေကို လက်ဝါးကြီးအုပ်နိုင်ဖို့ လှည့်ကင်းခန်းမ ပြန်မြင့်တက်လာမယ့်အချိန်ကို စောင့်နေခဲ့တာပါ။

မဟုတ်ရင် ဒီလောက်များပြားတဲ့ အင်အားစုတွေရဲ့ ရက်ရောမှုတွေကို ဘယ်လိုငြင်းဆန်နိုင်မှာလဲ။

ဒါကိုကြည့်ရင် ပုံမှန်မဟုတ်တာ သိပါလိမ့်မယ်။

ဒီလိုနဲ့ ကောလဟာ‌လတွေကလည်း အမျိုးမျိုးထွက်ပေါ်နေပါတော့တယ်။

"အကို… မင်းလည်း လှည့်ကင်းခန်းမကို သွားမလို့လား"

"အေးလေကွ… မကြာသေးခင်ကမှ လှည့်ကင်းခန်းမရဲ့ စမ်းသပ်မှုတွေက ပိုခက်ခဲလာတယ်… သူတော်စင်နယ်ပယ်က ထူးချွန်တဲ့သူတွေတောင် ကျရှုံးခဲ့ကြတယ်"

ချူးယွန်နဲ့ ဟော်ရွှင်းက မြို့ထဲမှာ လမ်းလျှောက်နေရင်း စားသောက်ဆိုင်တွေမှာ ပြောဆိုနေတာကို ကြားနေခဲ့ရတာပါ။

"အင်း… ဒါက ပုံမှန်ပါပဲ… ငါကြားတာတော့ ချူးယွန်ကို အင်အားစုတွေအများကြီးက ဖိတ်ခေါ်လာပေမယ့် ငြင်းဆန်ခဲ့တယ်တဲ့… အဲတာက ဘာကြောင့်လို့ မင်းထင်လို့လဲ"

"ငတုံးမှမဟုတ်တာကွာ… ဘာလှည့်ကွက်မှ မရှိရင် ထူးခြားနေမှာပေါ့"

"အင်း… ငါလှည့်ကင်းခန်းမကို သွားချင်တာကလည်း အဲဒီသတင်းကို ကြားထားလို့ပဲ… အဲဒီရတနာတွေကို ငါလည်း မျှဝေခံစားချင်တယ်လေ"

"အင်း… လှည့်ကင်းခန်းမက နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းရှ်ိတာပဲလေ… သူတို့ကျဆင်းသွားရင်တောင် အပေါ်ယံလောက်ပဲ ရှိဦးမှာ"

"လျှို့ဝှက်ရတနာလား… ဘာလျှို့ဝှက်ရတနာလဲဟ… ပြောပါဦး"

ထိုသူတွေရဲ့ စကားက အခြားသူတွေကိုပါ ဆွဲဆောင်သွားခဲ့ပါတယ်။

လူတိုင်းက စိတ်ဝင်စားနေပြီး သူတို့ရဲ့ မျက်လုံးတွေက တောက်ပနေကြလို့ပါ။

လူတွေ လောဘအရမ်းကြီးလာတဲ့အခါ အရာအားလုံးကို လျစ်လျူရှုလာနိုင်ခဲ့ကြပါတယ်။

"အကိုယွန်… တကယ်ပဲလျှို့ဝှက်ရတနာရှိတာလား"
ဒါတွေကိုကြားပြီးနောက် ဟော်ရွှင်းက သိချင်စိတ်တွေနဲ့ မေးလိုက်ပါတယ်။

"မင်းက အဲဒီလူတွေကို ယုံတာလား"
ချူးယွန် ခေါင်းကိုခါယမ်းလိုက်ပါတယ်။
"ဒီမှာလျှို့ဝှက်ရတနာ ရှိပါ့မလား"

တစ်ချိန်တည်းမှာပဲ ချူးယွန်ဟာ ဒါကိုကန့်သတ်ဖို့ တွေးလိုက်ပါတယ်။

သူက လှည့်ကင်းခန်းမကိုလာတဲ့ ခွေး၊ကြောင်တွေကို လက်ခံထားလို့ မရပါဘူး။ ဒီလိုမကောင်းတဲ့ စိတ်အတွေးရှိသူတွေကို အစောကြီးကတည်းက ရှင်းထုတ်သင့်ပါတယ်။

နောက်ပြီး ထိုသူတွေက လှည့်ကင်းခန်းမကိုဝင်ပြီး ဘာမှလည်းမသုံးတတ်ပါဘူး။

ချူးယွန် ချက်ချင်းပဲ အပြောင်းလဲလုပ်ဖို့ အစီစဉ်တွေကို ချမှတ်လိုက်ပါပြီ။

အရင်တုန်းက လှည့်ကင်းခန်းမမှာ တိုင်ဂန်တိုက်ကြီးရှိတာကြောင့် အရင်းအမြစ်တွေကြွယ်ဝခဲ့ပါတယ်။ အဲဒီအချိန်က ထိုသူတွေဟာ လှည့်ကင်းခန်းမကို ဝင်ရောက်ပြီး အရင်းအမြစ်တွေက ပျော်ရွှင်စွာ ခံစားခဲ့ကြပါတယ်။

သူတို့က တကယ့်ကို ကပ်ပါးကောင်တွေလို့ ပြောနိုင်ပါတယ်။

သူတို့က ဘာမှမလုပ်ဘဲ မင်းရဲ့သွေးတွေကိုပဲ စုပ်ယူသွားကြမှာပါ။

မင်းက မြင့်မားတဲ့အခြေအနေမှာရှ်ိရင် မင်းနောက်ကို လိုက်ပါနေပါလိမ့်မယ်။

မင်းကျဆင်းလာရင်တော့ သူတို့က ဝေးရာကိုထွက်ပြေးကြမှာပါ။

ဒီအခြေအနေမှာ သူတို့က လှည့်ကင်းခန်းမကို လှည့်ကြည့်မှာတောင် မဟုတ်ပါဘူး။

ချူးယွန် တွေးလိုက်ပါတယ်။

လက်ရှိ လှည့်ကင်းခန်းမသခင်က ချန်းပိနင်းဆိုပေမယ့် သူက အားလုံးကို တွေးထားခဲ့ပြီးပါပြီ။

နောက်ဆုံးမှာတော့ လှည့်ကင်းခန်းမက အနှေးနဲ့အမြန်ဆိုသလို သူ့ကိုယ်ပိုင်အင်အားစု ဖြစ်လာတော့မှာပါ။

လှည့်ကင်းခန်းမကိုရောက်ပြီးနောက် ဝင်ခွင့် စစ်ဆေးရေးနေရာကို ဦးတည်လိုက်ပါတယ်။

ဒါက ကြီးမားတဲ့ရင်ပြင်ဖြစ်ပြီး သူတော်စင်တစ်ရာခန့် ရပ်နေကြလို့ပါ။ သူတို့ထဲမှာ အများစုက လော့ဖူမြို့တော်ကဖြစ်ပြီး ရှေးဟောင်းနိုင်ငံတွေကလည်း ပါဝင်ခဲ့ကြပါတယ်။

သူတို့ရဲ့ ရည်ရွယ်ချက်တွေကတော့ သန့်စင်ခြင်း မရှိကြပါဘူး။

ချူးယွန်က ထိုလူတွေကို ဂရုစိုက်မနေဘဲ နန်းတော်ကို ဦးတည်သွားလိုက်ပါတယ်။

လူအများစုဟာ ချူးယွန်နဲ့ ဟော်ရွှင်းတို့က ဒီအတိုင်းကျော်လျှောက်သွားတာကိုမြင်ပြီးနောက် မကျေမနပ်ဖြစ်ကုန်ပါတော့တယ်။
"ဟေ့အရူးကောင်… ငါတို့အားလုံး တန်းစီနေကြတာ မင်းမမြင်ဘူးလားကွ… မင်းဘာလုပ်တာလဲ… ကြားဖြတ်တာလား"

ဒါကိုကြားပြီးနောက် ချူးယွန်ရဲ့ မျက်နှာအမူအရာက အေးစက်သွားခဲ့ပါတယ်။ ထိုလူကို သူလှည့်ကြည့်လိုက်ပါပြီ။

ထိုသူတွေက ကြမ်းကြုတ်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေကြလို့ပါ။ ချူးယွန်က လှည့်ကြည့်လာတာမြင်ပြီးနောက် ရယ်မောကာ ပြောဆိုလိုက်ပါတယ်။
"မင်းနောက်တစ်ခါ လှည့်ကြည့်ရဲရင် ဒီဖေဖေက မင်းရဲ့မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်"

"ဟားဟားဟား"
ဒါကိုကြားပြီးနောက် အခြားသူတွေကလည်း ရယ်မောလိုက်ကြပါတယ်။

ထိုလူတွေက လူကောင်းတွေမဟုတ်တာ သိသာပါတယ်။ လှည့်ကင်းခန်းမကို ဝင်ရောက်ချင်ကြတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်တွေကလည်း သန့်စင်မှု မရှိကြပါဘူး။

"လှည့်ကင်းခန်းမကိုဝင်ဖို့ အရည်အချင်းမရှိကြဘူးပဲ"
ချူးယွန်က အေးစက်စက်ပြောလိုက်ပြီး သူ့မျက်လုံးထဲမှာ သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်သွားခဲ့ပါတယ်။

သူက ဒီနေရာမှာတင် တစ်ခါတည်းဖြေရှင်းတာ ပိုကောင်းတယ်။

"ချီးပဲ… မင်းဘာစကားပြောတာလဲ"
ခေါင်းဆောင်ဖြစ်ဟန်တူသူက အထင်မြင်သေးမှုတွေနဲ့ ပြောလိုက်တယ်။
"မင်းဖိုးဖိုးက ဆန်းကျယ်သွားများ သစ်တောထဲက အချိန်ဆက် အဖွဲ့ဝင်တစ်ယောက်နော်… မင်းဒီတစ်ခါ ပြန်ပြောရဥရင် မင်းမိသားစုတစ်ခုလုံး အသတ်ခံရမယ်ဆိုတာ ယုံလား"

"အချိန်ဆက် အဖွဲ့လား"
ချူးယွန် မျက်မှောင်ကြုတ်လိုက်ပါတယ်။ ဒီနာမည်ကို သူရင်းနှီးသလို ခံစားနေရလို့ပါ။

"အဲတာက ရှပိရောရဲ့အဖွဲ့ပဲ… သူတို့က ဆန်းကျယ်သွားများသစ်တောထဲမှာ နံပါတ်တစ်အဖွဲ့စည်းလို့ လူသ်ိများတယ်… တကယ့်အင်အားကြီး အဖွဲ့စည်းတစ်ခုပဲ"
ဟော်ရွှင်းက
ဟော်ရွှင်းက ချူးယွန်ကို ရှင်းပြလိုက်ပါတယ်။

သူဘာမှလုပ်စရာ မလိုပါဘူး။ ချူးယွန်ရဲ့ ခွန်အားနဲ့ဆိုရင် ဒီလူတွေကို အလွယ်တကူကိုင်တွယ်နိုင်မှာပါ။

"အိုး… ရှပိရောပေါ့"
ချူးယွန် နားလည်သွားခဲ့ပါတယ်။ ထိုလူကလည်း ဟွာဖေးလုံလို အိမ်တော်ခုနစ်ခုရဲ့ သခင်လေးတစ်ဦးဖြစ်ပြီး အလွန်သန်မာသူပါ။

"ခေါင်းဆောင်ရဲ့ နာမည်ကို ‌မင်းခေါ်ရဲတယ်လား"
လူကြီးဆီကနေ ပြင်းထန်တဲ့ သတ်ဖြတ်ချင်စိတ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

အခြားလူတွေကလည်း ချူးယွန်ကို စိုက်ကြည့်လိုက်ကြပါပြီ။ ထိုလူကြီးသာ အမိန့်ပေးလိုက်ရင် ချူးယွန်ကိုသတ်ဖို့ ချက်ချင်းပြေးထွက်လာကြမှာပါ။

သူတို့ပတ်ဝန်းကျင်က ပါရမီရှင်တွေကတော့ အနောက်ကို အနည်းငယ်ဆုတ်သွားခဲ့ကြပါတယ်။

အချိန်ဆက်အဖွဲ့က သူတို့ပစ်မှားသင့်တာမျိုး မဟုတ်ပါဘူး။

"မင်းက ရှပိရောဆိုရင်တော့ ဒီစကားလုံးတွေနဲ့ ခြိမ်းခြောက်မှုက ဆီလျော်မှုရှိလိမ့်မယ်"
ချူးယွန်ရဲ့ မျက်လုံးတွေက တောက်ပသွားပြီး ပြောလိုက်ပါတယ်။
"စိတ်မကောင်းစရာက မင်းမဟုတ်ဘူး"

"မင်းသေချင်နေတာပဲ"
လူကြီးက ဒေါသတကြီး‌နဲ့ အော်ဟစ်ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်ပါတယ်။
"အဲဒီကောင်စုတ်လေးကို သတ်ပြီး မျက်လုံးဖွင့်ပေးလိုက်ကြစမ်း"

"ဝှစ်"
ချူးယွန်က နဂါးကြီးတစ်ကောင်လို ထိုလူစုနဲ့ ရင်ဆိုင်တဲ့နေရာမှာ ဘယ်လိုနည်းစနစ်ကိုမှ အသုံးမပြုခဲ့ပါဘူး။

"ဝုန်း ဝုန်း ဝုန်း"
ချူးယွန်ရဲ့ ခန္ဓာကိုယ်ကို ထိမိတာနဲ့ သူတို့ရဲ့ခန္ဓာကိုယ်တွေဟာ ကြီးမားတဲ့ တူကြီးတစ်လက်နဲ့ ထုနှက်ခံလိုက်ရသလို လွင့်စင်သွားခဲ့ကြပါတယ်။

သူတို့ရဲ့ ခန္ဓာကိုယ်က လေထဲမှာတင် ပေါက်ကွဲထွက်ကုန်ကြပါပြီ။

အပိုင်း ( 873 ) ငါချမ်းသာပြီ

"ဟွား"
လူတိုင်းက ထိုမြင်ကွင်းကိုမြင်ပြီးနောက် တုန်လှုပ်စွာနဲ့ လေအေးကြီးကို ရှုလိုက်ကြပါတယ်။ သူတို့ရဲ့ မျက်လုံးထဲမှာတော့ ကြောက်ရွံ့မှုတွေပြည့်လို့။

ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတစ်ခုထဲနဲ့ သူတော်စင်တွေကို အသားပုံဖြစ်သွားစေနိုင်တာက သူတို့မျှော်လင့်ထားတာထက် ကျော်လွန်နေခဲ့ပါပြီ။

ဒီလိုလုပ်နိုင်ဖို့ ဘယ်လိုသာမန်မဟုတ်တဲ့ စွမ်းအားတွေကို လိုအပ်နိုင်မလဲ။

ဒါက အချိန်ဆက်အဖွဲ့ရဲ့ ခေါင်းဆောင်အတွက်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူ့တပည့်တွေ အသားပုံအဖြစ် ပြောင်းလဲသွားတာကိုကြည့်ရင်း အသက်ရှုဖို့တောင် မေ့လျော့နေလို့ပါ။

သူ့အဖွဲ့ဝင်အားလုံးက ဆန်းကျယ်သွားများသစ်တောထဲမှာ တစ်ချိန်လုံးလေ့ကျင့်နေခဲ့ရတဲ့ အထူးကျွမ်းကျင်သူတွေပါ။

ပုံမှန်အားဖြင့် အဆင့်တူရန်သူတွေဟာ သူတို့နဲ့ရင်ဆိုင်ရချိန် ပြန်လည်တိုက်ခိုက်ဖို့တောင် ခွန်အားရှိမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဒီနေ့မှာတော့ သူတို့အားလုံး တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ကို ထိမိတာနဲ့ အသားပုံအဖြစ် ပြောင်းလဲသွားခဲ့ရပါပြီ။

ဒီလိုရလဒ်မျိုးကို သူလက်မခံနိုင်ပါဘူး။

"ငါအခုမှတ်မိပြီဟေ့… သူက ချူးယွန်ပဲဖြစ်ရမယ်"

"ချူးယွန်… ကောင်းကင်အဆင့်ကိုးသိုင်းဝိညာဉ်နဲ့ ချူးယွန်လား"

"အေးလေ… သူပဲ"

"သူပဲ ဒီလောက်ကြောက်စရာကောင်းလိမ့်မယ်"

ချူးယွန်ရဲ့ အနေအထားကို သိသွားကြတဲ့ ပါရမီရှင်အချို့က ထိတ်လန့်တကြား အော်ဟစ်လိုက်ကြပါတယ်။

ထိုစကားတွေ ထွက်ပေါ်လာပြီးနောက် လူကြီးရဲ့မျက်နှာအမူအရာက တစ်ဖန်ပြောင်းလဲသွားခဲ့ပြန်ပါတယ်။

ဒီတစ်ခါတော့ သံမဏိနံရံကို သူကန်လိုက်မိပါပြီ။

လူကြီးက အသက်ပြင်းပြင်းရှုပြီး အနောက်ကို ခြေနှစ်လှမ်းဆုတ်သွားကာ ပြုံးပြလိုက်ပါတယ်။
"ဒါဆို ချူးယွန်ပေါ့… အကိုကြီးချူး… ငါအမြင်ကန်းနေလို့ မင်းကိုအပြစ်ပြုမိတာ စိတ်မရှိဖို့ မျှော်လင့်ပါတယ်"

သူက ပြောရင်းနဲ့ ဘယ်ညာကိုကြည့်ကာ ထွက်ပြေးဖို့ လမ်းရှာလိုက်ပါတယ်။

သူ့အနေနဲ့ တိုက်ခိုက်မယ်ဆိုရင် အနိုင်ရဖို့အခွင့်အရေးမရှိတာ သိပြီးသားပါ။

နယ်ပယ်ချင်း တူညီနေတယ်ဆိုရင်တောင် တစ်ဖက်လူမှာက ကောင်းကင်အဆင့်ကိုးသိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားခဲ့တယ်မဟုတ်လား။

တူညီတဲ့ နယ်ပယ်ဆိုရင်တောင် ဒါက လုံးဝကွဲပြားတဲ့ တည်ရှ်ိမှုတွေပါ။

"အခုမှ သိပ်နောက်ကျနေပြီ"
ချူးယွန်ရဲ့ မျက်နှာအမူအရာက အေးစက်နေဆဲ။ သူက လူကြီးကို သေလူတစ်ယောက်လို ကြည့်လိုက်ပါတယ်။

လူကြီးရဲ့ မျက်နှာအမူအရာက အကြည့်ရဆိုးသွားပြီး သူ့လေသံက ခက်ထန်သွားခဲ့ပါတယ်။
"ချူးယွန်… ငါမင်းကို ဆေးနည်းနည်းပေးတာနဲ့ ဆေးဆိုင်ကြီးဖွင့်ဖို့ မကြံနဲ့ကွ… ငါမင်းကို မရိုက်နိုင်ပေမယ့် ငါ့အနောက်မှာ သခင်လေး ရှပိရောရှ်ိတယ်နော်… အချိန်ဆက်အဖွဲ့အကြောင်းကို မင်းကြားဖူးမှာပါ… သူတို့သေသွားတာက ကိစ္စမရှိပေမယ့် ငါ့ကိုသတ်ရဲရင်တော့ အချိန်ဆက်အဖွဲ့က မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး"

"ဒါဆိုရင်လည်း မင်းသေပြီးမှ ဒီအကြောင်းကို ဆက်ပြောမယ်"
ချူးယွန်က အေးစက်စက်မျက်နှာအမူအရာနဲ့ ပြောလိုက်ပြီး လူကြီးဆီကို သူ့လက် ဆန့်ထုတ်လိုက်ပါတယ်။

လူကြီး ကြောက်လန့်တကြား အော်ဟစ်လိုက်ပါပြီ။ သူက ကြောက်မက်ဖွယ်အင်အားတစ်ခုကို ခံစားနေရပြီး သူ့ခန္ဓာကိုယ်က ရုန်းကန်ဖို့ မလွယ်ကူတော့ပါဘူး။

ဒါက တိမ်တွေကို မှောက်လှန်မယ့်လက်။
တိမ်တွေကိုမှောက်လှန်မယ့်လက်ကိုမှ သံသကရိုက်နဲ့ ပေါင်းစပ်ထားလို့ပါ။

ရွှေရောင်သင်္ကေ‌တတွေနဲ့ လက်ဝါးကြီးက လူကြီးကို ဖိချလိုက်ပါတယ်။

လူကြီးလည်း ထိတ်လန့်တကြားနဲ့ သူ့သိုင်းဝိညာဉ်ကို ဆင့်ခေါ်ကာ ခုခံလိုက်ပါပြီ။

ဒါပေမယ့် အဆုံးမှာတော့ လက်ဝါးတံဆိပ်တော်က သူ့ကို တိုက်ရိုက်ဖိချေကာ သတ်ဖြတ်လိုက်ပါတောတယ်။

ချူးယွန်က သူ့လက်ဝါးကို ပြန်ရုတ်ပြီး ပါရမီရှင်ဆိုသူတွေကို အေးစက်စက်နဲ့ ကြည့်လိုက်ပါတယ်။

ဒီလိုအကြည့်မျိုးအောက်မှာ… အထူးသဖြင့် သူက အချိန်ဆက်အဖွဲ့ဝင်တွေကို သတ်ဖြတ်လိုက်တာ မြင်ရပြီးနောက်မှာ ဘယ်သူမှ မျက်လုံးချင်းဆုံကာ မကြည့်ဝံ့တော့ပါဘူး။

"ဒီနေရာကို ဝင်ရောက်ပြီးမျှဝေဖို့ မင်းတို့မှာ အရည်အချင်းမရှိဘူး"
ချူးယွန် ပြောလိုက်ပါတယ်။ သူ့စကားသံက ငရဲကိုးဆင့်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေအေးကြီးလို အားလုံးပဲ တုန်ရီသွားခဲ့ကြပါပြီ။

ပြောပြီးတာနဲ့ ချူးယွန်က လှည့်ကင်းခန်းမထဲကို အပြောင်းအလဲမရှိတဲ့ မျက်နှာအမူအရာနဲ့ လျှောက်သွားလိုက်ပါတော့တယ်။

"ငါအမြင်မှားနေတာများလား… ဒါက အနောက်ဖက်ထျန်ဖူတောင်က လက်ဝါးသိုင်းနဲ့တူတယ်နော်"

"မင်းတင်မကဘူး… ငါလည်းအဲလိုပဲမြင်တယ်ဟ"

အခြားသူတွေလည်း ခေါင်းညိတ်လိုက်ကြပါတယ်။ ဗုဒ္ဓရဲ့ သင်္ကေတဖြစ်တဲ့ မြင့်မြတ်တဲ့ရွှေအလင်းက လူတိုင်းရဲ့ စိတ်ထဲမှာ စွဲနေဆဲပါ။

သူတို့က အတုန်းအရုံးသေနေတဲ့ အလောင်းနဲ့အသာပုံတွေကို တစ်ဖန်ပြန်ကြည့်ပြီးနောက် တုန်ရီသွားခဲ့ကြပါပြီ။

ကောလဟာလတွေအရ ချူးယွန်ကို အင်အားစုတွေအများကြီးက ဆွဲဆောင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

အခုကြည့်ရသလောက်တော့ ဒါက တကယ်ဖြစ်နေပုံပါပဲ။

အခု သူလှုပ်ရှားသွားတဲ့အခါ သယ်ဆောင်လာတဲ့ဖိအားက သေခြင်းရှင်ခြင်းနယ်ပယ်အောက် မနိမ့်ပါဘူး။

ပါရမီရှင်တွေရဲ့ မျက်နှာအမူအရာတွေက ပြောင်းလဲကုန်ကြပါတယ်။ ချူးယွန်က ဒီလောက်ထိ ရက်စက်ကြမ်းကြုတ်မယ်လို့ ထင်မထားခဲ့ကြပါဘူး။ သူက ‌အချိန်အဖွဲ့ကိုတောင် ဂရုမစိုက်နေပါပေ။ သူက ဘယ်သူ့အားကိုးနဲ့များ ဒီလိုတွေလုပ်သွားရတာလဲ။

နောက်ပြီး သူပြောသွားတာက  ဘယ်သူမှ မျှဝေဖို့ အရည်အချင်းမရှိပါဘူး။

ဒါက တိုက်ဆိုင်သွားတာမဟုတ်ဘူးမလား။ တကယ်ပဲ ရတနာရှိနေတာလား။

ရတာမရှိရင် ဘယ်လိုလုပ်ပြီး သူဒီလိုပြောမှာလဲ။

လူတွေရဲ့ စိတ်ကူးယဉ်နိုင်စွမ်းက တကယ့်ကို အကန့်အသတ်မဲ့ပါပဲ။ ချူးယွန်က ပုံမှန်ကျင့်ကြံခြင်းအရင်းအမြစ်တွေကို ရည်ညွှန်းပေမယ့်လည်း သူတို့ရဲ့နားထဲမှာတော့ မတူညီတဲ့ အရာတစ်ခု ဖြစ်သွားခဲ့ပါပြီ။

လူအများစုကတော့ သေရမှာကြောက်တာကြောင့် အနောက်တွန့်ကုန်ကြပါတယ်။ အချို့ကတော့ ပိုပြီးတော့ စိတ်အားထက်သန်လာခဲ့ကြပါတော့တယ်။

………….

"အကိုယွန်… မင်းက တကယ်လွှမ်းမိုးနိုင်လိုက်တာ… အချိန်ဆက်အဖွဲ့ဝင်တွေကိုတောင် သတ်ရဲတယ်"
ဟော်ရွှင်း ပြုံးလိုက်ပါတယ်။

အခုလေးတင် ချူးယွန်လှုပ်ရှားသွားပုံက သူ့စိတ်ထဲမှာ နက်ရှိုင်းတဲ့ခံစားမှုတစ်ခု ဖြစ်ပေါ်လာစေခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း ခန္ဓာကိုယ်သန့်စင်သူပါ။ ဒါကြောင့် ချူးယွန်ဆီကနေ တစ်ခုခုကို သင်ယူရဖို့ မျှော်လင့်ထားခဲ့ပါတယ်။

ဒီအတွက်ကြောင့်ပဲ ချူးယွန်အနောက်ကို သူလိုက်ချင်နေခဲ့တာပါ။

သူက သူ့အကိုကြီးကိုတောင် နည်းနည်းပါးပါးညွှန်ပြပြီး ကြီးမားတဲ့အပြောင်းလဲတစ်ခုကို ဖြစ်ပေါ်စေခဲ့ပါပြီ။ သူသာ ချူးယွန်အနားမှာ နေ့တိုင်းရှ်ိနေနိုင်ရင် သူ့ခွန်အားက အမြန်တိုးတက်လာမှာ သေချာပါတယ်။

ဒီအချိန်ကျရင် ဟွာဖေးလုံတောင် သူ့အရှေ့မှာ မောက်မာရဲမှာ မဟုတ်တော့ပါဘူး။

"အချိန်ဆက်အဖွဲ့မှာ ကြောက်စရာဘာမှမရှိပါဘူး… ရှပိရောအပါအဝင်ပေါ့"
ချူးယွန်က လျစ်လျူရှုစွာ ပြောဆိုလိုက်ပါတယ်။
"ဒီလူတွေ လှည့်ကင်းခန်းမကို ဝင်ရောက်ဖို့ ရောက်လာတာက ရှပိရောစီစဉ်ထားတာပဲ ဖြစ်လိမ့်မယ်… ငါတို့လှည့်ကင်းခန်းမက ဟိုးအရင်ကအင်အားစုအများကြီးကို စိုးရိမ်စေခဲ့တယ်… အနာဂါတ်မှာလည်း ဒီလိုအရာတွေက ရှိဦးမှာပဲ"

"ရှပိရောက မွေးကတည်းက မောက်မာတာ… သူက ငါ့ထက်တောင် ပိုမောက်မာတယ်"
ရှပိရောရဲ့အကြောင်းကို ပြောဆိုရာမှာ မိုးနဲ့မြေကိုတောင် မကြောက်တဲ့ ဟော်ရွှင်းရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေ ပေါ်လာခဲ့ပါတယ်။
" သူ့ခွန်အားက အတော်သန်မာပြီး ဟွာဖေးလုံနဲ့ အဆင့်တူလောက်မှာရှိတယ်… တကယ်တမ်းတော့ အိမ်တော်ခုနစ်ခုက သခင်လေးတွေရဲ့ ခွန်အားက သိပ်တော့ မကွာကြပါဘူး"

"ဘာပဲဖြစ်ဖြစ် သူတို့က ငါ့ကိုဆန့်ကျင်ဝံ့ရင် နတ်ဘုရားတွေဖြစ်နေရင်တောင် ငါဖယ်ရှားသွားမယ်"
ချူးယွန်က ယုံကြည်မှုတွေ ပြည့်နှက်နေတဲ့လေသံနဲ့‌ အေးစက်စက်ရယ်မောလိုက်ပါတယ်။

ငါကလည်းမင်းကို ရန်မစသလို ငါ့ကိုလည်း ရန်လာမစနဲ့။
ငါက စိတ်ရှည်တတ်တဲ့သူမဟုတ်ဘူး။

ထိုသူတွေရောက်လာတာဟာ လှည့်ကင်းခန်းမကို ကြောက်နေလို့မဟုတ်ပါဘူး။

လက်ရှိ လှည့်ကင်းခန်းမရဲ့အခြေအနေက စိုးရိမ်နေစရာဘာမှ မရှိပါ။

သူတို့တွေ တကယ်စိတ်ဝင်စားတာက နှစ်ထောင်ချီ သမိုင်းကြောင်းရှိခဲ့တဲ့ လှည့်ကင်းခန်းမရဲ့ ရတနာကို လိုချင်ကြလို့ပါပဲ။

ဒါပေမယ့် သူ‌တို့တွေမသိကြတာကတော့ လှည့်ကင်းခန်းမမှာ ဘာရတနာမှ မရှိတော့တာကိုပါ။

ဒီလိုမှမဟုတ်ရင် ခန်းမသခင်ချန်းပိနင်းအနေနဲ့ ဒီလောက်ဒုက္ခခံစရာလိုနေပါ့မလား။ သူ့ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းတောင် ကျဆင်းခဲ့ရရှာပါတယ်။

"ချူးယွန်… မင်းပြန်လာပြီပေါ့"
ချူးယွန်ကိုမြင်ပြီးနောက် မဟာပညာရှိရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့ပါတယ်။

ဒါပေမယ့် သူက ဟော်ရွှင်းဘက်ကို အကြည့်ပြောင်းပြီး ပြောလိုက်တယ်။
"ဟေး… ဟော်ကလန်က ကောင်စုတ်လေး… သူက ဘာလို့မင်းနဲ့ ပြန်ပါလာတာလဲ"

"အနာဂါတ်မှာ ငါက ‌လှည့်ကင်းခန်းမဝင်တစ်ဦးဖြစ်လာလိမ့်မယ်"
ဟော်ရွှင်းက ချူးယွန်ကို ညွှန်ပြပြီး မျက်ခုံးပင့်ကာ ကျေနပ်စွာနဲ့ ပြောဆိုလိုက်ပါတယ်။
"သူက ငါ့ရဲ့အကိုယွန်ပဲလေ"

"ဟားဟားဟား"
မဟာပညာရှ်ိ ချက်ချင်းပဲ ရယ်မောလိုက်ပါပြီ။ ဒါပေမယ့် သူက လူအသွင်ပြောင်းထားပေမယ့် မျောက်တစ်ကောင်ရဲ့ အသွင်ပြင်က မပျောက်သေးပါဘူး။

ဟော်ရွှင်းက မျက်မှောင်ကြုတ်သွားကာ ချူးယွန်ကို လှည့်ကြည့်လိုက်ပါတယ်။

ဒီမဟာပညာရှ်ိဆိုသူရဲ့ ရယ်မောပုံက တကယ်ထူးခြားတယ်။

ချူးယွန်လည်း မဟာပညာရှ်ိိကို တစ်ချက်ကြည့်လိုက်ပါပြီ။ ဒီတော့မှ သူက ရယ်မောနေတာကိုရပ်ကာ ချောင်းဟန့်ပြီး ပြောလိုက်ပါတယ်။
"ငါမင်းနဲ့ စကားပြောဖို့ အချိန်မရှိသေးဘူး ချူးယွန်… ခန်းမသခင်က နတ်ဆိုးသားရဲတွေအများကြီးကို ဖမ်းဆီးထားတယ်… သူကြာကြာမနေနိုင်တော့ဘူး"

ချူးယွန် ခေါင်းညိတ်လိုက်ပါတယ်။
"မင်းသူ့အတွက် နေရာလိုက်ပြလိုက်ဦး… သူက ငါတို့နဲ့ အချိန်အတော်ကြာ အတူနေလိမ့်မယ်"

"မင်းက ကောင်မလေးတွေကို ဆွဲဆောင်နိုင်တယ်လို့ ပြောပေမယ့် ယောင်္ကျားကြီးတစ်ယောက်ကို ခေါ်လာတာက ဘာလဲ"
မဟာပညာရှိက တစ်ချက်စောင်ကြည့်ပြီး ပြောလိုက်ပါတယ်။
"ကောင်စုတ်လေး… ငါနဲ့လိုက်ခဲ့ချေ"

"ငါ့ကို ကောင်စုတ်လေးလို့ မခေါ်နဲ့ကွ… ငါက အကိုယွန်ကို လက်ခံနိုင်ပေမယ့် မင်းကတော့ မရဘူး… မင်းထူးထူးခြားခြားခံစားချင်ရင် သိုင်းလေ့ကျင့်ကွင်းကို သွားမလား"
ဟော်ရွှင်း အနည်းငယ် ဒေါသဖြစ်သွားခဲ့ပါတယ်။ သူက ချူးယွန်ကို ရိုကျိုးပေမယ့် အခြားသူတွေကိုတော့ လက်မခံနိုင်ပါဘူး။

ယောက်ချီမြင့်မြတ်တိုင်းပြည်က အိမ်တော်တစ်ခုရဲ့ သခင်လေးဆိုတာက ဟာသမှမဟုတ်တာ။

"ဟာ ကောင်းတာပေါ့ဟ… ငါလည်း လေ့ကျင့်ချင်နေတာ ကြာပြီ"
ဒါကိုကြားပြီးနောက် မဟာပညာရှိကလည်း အားတက်သရောပြောလိုက်ပါတယ်။
"အရင်တုန်းက အဖိုးကြီးမူကို ငါတစ်ခါမှ အနိုင်မရခဲ့ဘူး… အခုတော့ မင်းလို ငတုံးကောင်စုတ်လေးကို တွေ့ရပြီပေါ့… မင်းကို ဖိုးဖိုးမဟာပညာရှိရဲ့ စွမ်းအားကို ပြရမယ်"

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ပြီး သိုင်းလေ့ကျင့်ရေးကွင်းကို ဦးတည်လိုက်ကြပါတော့တယ်။

ချူးယွန်ကတော့ မဟာခန်းမကို ဦးတည်လိုက်ပါတယ်။ သူရောက်သွားပြီးနောက် ခန်းမအရှေ့မှာ တင်ပျဉ်ခွေထိုင်ကာ လေ့ကျင့်နေတဲ့ ချန်းပိနင်းကို မြင်လိုက်ရပါပြီ။

သူက ဒီလိုမလုပ်ချင်ပါ။ ဒါပေမယ့် သူသာမရှိနေရင် ထိုသားရဲတွေကို ဘယ်သူမှ ဖိနှိပ်နိုင်မှာ မဟုတ်ပါဘူး။

ကူကယ်ရာမဲ့စွာနဲ့ ချန်းပိနင်းဟာ အဝကနေ ထိုင်စောင့်နေခဲ့ရပါတယ်။ ထိုသားရဲတွေက အသိစိတ်ပြန်ဝင်လာတာနဲ့ ချက်ချင်း တိုက်ခိုက်ကြပါတယ်။

နတ်ဆိုးသားရဲတွေရဲ့ ပြန်လည်ကောင်းမွန်နှုန်းက တကယ့်ကို သာမန်မဟုတ်ပါဘူး။

အစပိုင်းမှာ သူတို့က သုံးရက်တစ်ကြိမ်လောက် ရိုက်နှက်ရမယ့် နောက်ပိုင်းမှာ နေ့စဉ်ရက်ဆက် ရိုက်နှက်လာခဲ့ရပါတယ်။

ချန်းပိနင်းအတွက်ကတော့ အခက်အခဲမရှိတော့ပါဘူး။ ထိုစဉ်က သေခြင်းရှင်ခြင်းနယ်ပယ် သားရဲတွေနဲ့ယှဉ်ရင် ဒါက အများကြီးပိုလွယ်ကူခဲ့ပါတယ်။

"ခန်းမသခင်"
ချူးယွန် ပြုံးရွှင်စွာနဲ့ လျှောက်သွားလိုက်ပါတယ်။
"ငါနောက်ကျသွားတယ်"

ချန်းပိနင်းရဲ့ လှပတဲ့မျက်လုံးတွေက မှိတ်နေရာက ပွင့်လာပြီး ပြုံးကာ ပြောလိုက်ပါတယ်။
"အဆင်ပြေပါတယ်… အထဲမှာ နတ်ဆိုးသားရဲတွေအားလုံးရှိတယ်"

"ယား"

"သေစမ်း လူသားမိန်းမ… ငါ့ကိုလွှတ်ပေးစမ်း"

"နင်သေချင်နေတာပဲ… သေစမ်းပါကွာ"

နတ်ဆိုးသားရဲတွေက ဒေါသတကြီး အော်ဟစ်နေခဲ့ကြပါတယ်။

သူတို့က အင်အားနည်းနည်းလောက် ပြန်ရလာတာနဲ့ ဆူဆူပူပူလုပ်လာခဲ့ကြပါပြီ။

ချန်းပိနင်းရဲ့ လှပတဲ့မျက်နှာက အေးစက်သွားပြီး ပြောလိုက်တယ်။
"ခဏနေဦး"

ပြောပြီးတာနဲ့ သူက ခန်းမထဲကို ပြေးဝင်သွားခဲ့ပါတယ်။ သူက အလွန်မြန်ဆန်တာကြောင့် ခဏတွင်းမှာပဲ ပျောက်ကွယ်သွားခဲ့ပါပြီ။

"ဝုန်း"

"ဝုန်း ဒိုင်း"

"ဂျုန်း"

ပေါက်ကွဲသံမျိုးစုံက ခန်းမထဲက ထွက်ပေါ်လာခဲ့ပါပြီ။

တစ်ချိန်တည်းမှာပဲ နတ်ဆိုးသားရဲတွေရဲ့ နာကျင်စွာအော်ဟစ်သံတွေနဲ့ ချန်းပိနင်းကို ကျိန်ဆဲသံတွေ ထွက်ပေါ်လာခဲ့ပါတော့တယ်။

ခဏကြာပြီးနောက် ချန်းပိနင်းက အပြောင်းအလဲမရှိတဲ့ မျက်နှာအမူအရာနဲ့ ပြန်ထွက်လာခဲ့ပါတယ်။ သူ့အဝတ်အစားတွေကလည်း ပုံမှန်အတိုင်းရှိနေပြီး ဒီအတိုင်း လမ်းလျှောက်ကာ ပြန်ထွက်လာခဲ့သလိုပါပဲ။

"အခု နင်ဝင်လို့ရပြီ"
ချန်းပိနင်းက ပြောဆိုပြီး ‌တင်ပျဉ်ခွေထိုင်ကာ ပြန်လည်လေ့ကျင့်လိုက်ပါတယ်။

ဒါကိုမြင်ပြီးနောက် ချူးယွန် လျှာကိုက်လိုက်မိပါတယ်။ ထိုကောင်မလေးက ကြည့်ရတာ ဘာမှမဟုတ်ပေမယ့် အတော်ရက်စက်သူပါ။

ချူးယွန်လည်း အခန်းထဲကို ဝင်သွားလိုက်ပါပြီ။

ခန်းမက မီတာတစ်ရာကျော် မြင့်မားပြီး အထွတ်အထိပ်နတ်ဆိုးသားရဲ တစ်ရာကျော်ရှိနေလို့ပါ။  လက်ရှိမှာတော့ သူတို့အားလုံးဒဏ်ရာတွေနဲ့ လဲလျောင်းနေခဲ့ရပါတယ်။

သူတို့အနေနဲ့ အသက်တောင် ရှုရုံလေးသာ ရှုနိုင်ကြပါတော့တယ်။

ချူးယွန်လည်း တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ဗြဟ္မာမိစ္ဆာဒယ်‌စောက်အိုးကို ထုတ်ယူလိုက်ပါပြီ။

ဗြဟ္မာမိစ္ဆာဒယ်စောက်အိုး ထွက်ပေါ်လာပြီးနောက် အနက်ရောင်အလင်းတွေနဲ့အတူ ဘုန်းကြီးတွေရဲ့ ဓမ္မရွတ်ဆိုသံတွေ ထွက်ပေါ်လာခဲ့ပါတော့တယ်။

စိတ်လှုပ်ရှားစွာနဲ့ သူရေရွှတ်လိုက်ပါတယ်။
"ဒီတစ်ခါတော့ ငါချမ်းသာပြီ"

အပိုင်း ( 874 ) အပြောင်းအလဲတွေလုပ်ရမယ်

ချူးယွန် သူ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး သူ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာခဲ့ပါတယ်။

အထွတ်အထိပ်သူတော်စင် နတ်ဆိုးသားရဲ တစ်ရာကျော်က သူ့အရှေ့မှာ ရှ်ိနေပြီး အားလုံးက မျက်လုံးတောင် မဖွင့်နိုင်ကြတော့ပါဘူး။

ထိုနတ်ဆိုးသားရဲတစ်ကောင်စီက ထူးကဲဆေးလုံးတစ်လုံးကို ကိုယ်စားပြုပါတယ်။

ထူးကဲဆေးလုံးတွေက အလွန်အဖိုးတန်ပြီး သေခြင်းရှင်ခြင်းနယ်ပယ်တွေတောင် အသုံးပြုနေရဆဲပါ။

ဥပမာပြောရရင် ချန်းပိနင်းအနေနဲ့လည်း လစဉ် ထူးကဲဆေးလုံးအချို့ကိုရဖို့ ခက်ခဲပင်ပန်းစွာ ကြိုးစားခဲ့ရပါတယ်။

နောက်ပြီး သူကိုယ်တိုင်တောင် မလေ့ကျင့်နိုင်ဘဲ လှည့်ကင်းခန်းမကို ပြန်ဖြန့်ဝေပေးခဲ့ရစမြဲပါ။

လက်ရှိမှာတော့ ထူးကဲဆေးလုံးတစ်ရာကျော််က သူ့အရှေ့မှာ ရှိနေခဲ့ပါပြီ။ သေခြင်းရှင်ခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်တွေအတွက်တောင်မှ ဒါက ကံကောင်းမှုကြီးဖြစ်နေဆဲပါပဲ။

"မင်းတို့အားလုံး လာခဲ့ကြစမ်း"
ချူးယွန်က သူ့လက်ကို ဝှေ့ယမ်းလိုက်တာနဲ့ ကြောက်မက်ဖွယ်စွမ်းအားတွေ ပေါက်ကွဲထွက်ပေါ်လာကာ နတ်ဆိုးသားရဲများစွာကို ဗြဟ္မာမိစ္ဆာဒယ်စောက်အိုးထဲ ပစ်ထည့်လိုက်ပါပြီ။

ဗြဟ္မာမိစ္ဆာဒယ်စောက်အိုးက အထွတ်အထိပ်သူတော်စင် နတ်ဆိုးသားရဲ ဘယ်လောက်များများကို တစ်ချိန်တည်းမှာ သန့်စင်နိုင်မယ်ဆိုတာ သူသိချင်မိပါတယ်။

နတ်ဆိုးသားရဲများစွာ ဝင်ရောက်သွားပြီးနောက် ဗြဟ္မာမိစ္ဆာဒယ်စောက်အိုးက အနက်ရောင်အလင်းတွေဟာ ပိုမိုတောက်ပလာခဲ့ပါတော့တယ်။

နတ်ဆိုးသားရဲတစ်ကောင် ဝင်ရောက်သွားတိုင် အနက်ရောင်အလင်းက ပိုတောက်ပလာပြီး ဓမ္မရွတ်ဖတ်သံတွေက ပိုမိုကျယ်လောင်လာခဲ့ပါပြီ။

ခန်းမထဲမှာ နတ်ဆိုးစွမ်းအင်တွေက ပြည့်နှက်နေလို့ပါ။ ဒါက တဖြည်းဖြည်းနဲ့ အလွန်မြင့်မားတဲ့ အခြေအနေကို ရောက်လာပြီး ခန်းမအပြင်ကိုတောင် ထွက်လာခဲ့ပါတော့တယ်။

ချန်းပိနင်းက တင်ပျဉ်ခွေထိုင်နေရာကနေ ရုတ်တရက် မျက်လုံးဖွင့်ကာ အနက်ရောင်စွမ်းအင်တွေကို တုန်လှုပ်စွာနဲ့ ကြည့်လိုက်ပါတယ်။

"ဘယ်လောင်တောင် သိပ်သည်းလိုက်တဲ့ နတ်ဆိုးစွမ်းအင်လဲ"
ချန်းပိနင်း အံ့အားသင့်သွားပြီး ယုံတောင်မယုံနိုင်ခဲ့ပါဘူး။

ဒီနတ်ဆိုးစွမ်းအင်တွေက ခန်းမထဲက ထွက်ပေါ်လာတာဖြစ်ပြီး အထဲမှာကလည်း ချူးယွန်တစ်ဦးတည်းသာ ရှိနေခဲ့တာပါ။

"သူက ဒီလောက်သိပ်သည်းတဲ့ နတ်ဆိုးစွမ်းအင်တွေ ဘယ်လိုရှိနေတာပါလိမ့်… ထူးခြားလိုက်တာ"
ချန်းပိနင်းက နတ်ဆိုးတွေကို ဆန့်ကျင်ဖို့ စိတ်မဝင်စားပေမယ့် သတ်ဖြတ်ခြင်းကို နှစ်သက်တဲ့ နတ်ဆိုးတွေမှာသာ ဒီလောက်သိပ်သည်းတဲ့ နတ်ဆိုးစွမ်းအင်ရှိတာပါ။

ချူးယွန်ကိုကြည့်ရတာတော့ အန္တရာယ်ရှိပုံမရဘဲ ဖြောင့်မတ်ပါတယ်။ သူက တကယ်ပဲ မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်တဲ့လူများ ဖြစ်နေမလား။

ချန်းပိနင်း ခေါင်းကိုသာ ခါယမ်းလိုက်ပါတော့တယ်။   သူ့အနေနဲ့ ဒီလိုသာမန်ကိစ္စတွေကို စိုးရိမ်မနေနိုင်ပါဘူး။

ချူးယွန်က နတ်ဆိုးဖြစ်ဖြစ်၊ ဗုဒ္ဓဖြစ်ဖြစ် အခြားသူတွေရဲ့ ဖိတ်ခေါ်မှုကို ငြင်းဆန်ပြီး ဒီမှာပဲ နေထိုင်ဖို့ ပြတ်သားစွာ ဆုံးဖြတ်ခဲ့တာတော့ အမှန်ပါ။

ဒီလိုလူတစ်ယောက်က နတ်ဆိုးဖြစ်နေရင်တောင် ဘာဖြစ်သေးလဲ။

ချက်ချင်းပဲ ချန်းပိနင်းဟာ နတ်ဆိုးစွမ်းအင်တွေကို တားဆီးဖို့ မမြင်နိုင်တဲ့ အကာရံတစ်ခုကို ဖန်တီးလိုက်ပါပြီ။

သူက ဂရုမစိုက်ပေမယ့် အခြားလှည့်ကင်းတွေ မြင်သွားခဲ့ရင် ရုတ်ရုတ်သဲသဲဖြစ်သွားပါလိမ့်မယ်။

"ချီ ချီ ချီ"
ဗြဟ္မာမိစ္ဆာဒယ်စောက်အိုးရဲ့ အနက်ရောင်အလင်းတွေက အမြင့်ဆုံးကို ရောက်လာတာနဲ့ တုန်ခါသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီတုန်ခါမှုက အထွတ်အထိပ်သူတော်စင် နတ်ဆိုးသားရဲ နှစ်ဆယ်ကျော်ကို တစ်ပြိုင်နက်ထဲမှာ သန့်စင်မှာကြောင့် ဖြစ်ပေါ်လာခဲ့တာပါ။

ချူးယွန်အနေနဲ့ ဗြဟ္မာမိစ္ဆာဒယ်စောက်အိုးရဲ့ အကန့်အသတ်က ဒီလောက်မြင့်မားမယ်လို့ ထင်မထားခဲ့ပါဘူး။

"နှစ်ဆယ်ကျော်တောင်"
အရင်တုန်းက သူ့မှာ ကြိုးစားဖို့ အချိန်မရှိသလို အခွင့်အရေးလည်း မရခဲ့ပါဘူး။ ဒီလောက်များတဲ့ အထွတ်အထိပ်သူတော်စင် နတ်ဆိုးသားရဲတွေအတွက် သူအတော်ကြိုးစားရမှာပါ။ ဒါပေမယ့် အခုကတော့ မတူတော့ပါဘူး။

အထွတ်အထိပ်သူတော်စင် နတ်ဆိုးသားရဲတစ်ရာက သူ့အရှေ့မှာရှိနေပြီး အဆင်သင့်သန့်စင်လိုက်ရုံပါပဲ။

"ဝှစ်"
မြန်ဆန်စွာပဲ အနက်ရောင်အလင်းနဲ့အတူ ပထမအသုတ်က ထူးကဲဆေးလုံးတွေ ထွက်ပေါ်လာခဲ့ပါပြီ။

ဒီနောက်မှာတော့ ဒုတိယအသုတ်… တတိယအသုတ်…

"ဝှစ် ဝှစ် ဝှစ်"
ဆေးလုံးတွေဟာ ချူးယွန်လက်ထဲကို ဆက်တိုက်ရောက်လာခဲ့ကြပါတယ်။

"မိုက်သဟ… မိုက်တယ်ဟေ့"
ချူးယွန်ဟာ ဆေးလုံးတွေကိုကြည့်လိုက်ပြီးနောက် အရည်အသွေးပိုကောင်းလာတာကို မြင်လိုက်ရပါတယ်။

ဒီဆေးလုံးတွေ ပိုအရည်အသွေးကောင်းလာတာက နတ်ဆိုးသားရဲတွေကလည်း အစွမ်းထက်လာခဲ့လို့ပါ။

ချန်းပိနင်းအနေနဲ့ ချူးယွန်က ဘာဖြစ်လို့ နတ်ဆိုးသားရဲတွေ သူ့ကိုဖမ်းဆီးစေမှန်း မသိပါဘူး။ သူ့အမြင်မှာ ချူးယွန်က နတ်ဆိုးသားရဲတွေကို ဖမ်းဆီးဖို့ အင်အားမလုံလောက်တဲ့အတွက် သူ့ကို ဖမ်းဆီးစေခဲ့တာဖြစ်ပါလိမ့်မယ်။

ဒါကြောင့် သန့်စင်ရတဲ့ ဆေးလုံးတွေက အရည်အသွေးပိုမြင့်မားလာခဲ့ရပါတယ်။

"နောက်တစ်ခေါက်"
ချူးယွန်က သူ့လက်ကိုဝှေ့ယမ်းကာ နတ်ဆိုးသားရဲနှစ်ဆယ်ကျော်ကို ဗြဟ္မာမိစ္ဆာဒယ်စောက်အိုးထဲ ပစ်ထည့်လိုက်ပါတယ်။

"ချီ ချီ"
ဗြဟ္မာမိစ္ဆာဒယ်စောက်အိုးရဲ့ အနက်ရောင်အလင်းတွေက နတ်ဆိုးသားရဲတွေရဲ့ ခန္ဓာကိုယ်ကို အရည်ဖျော်ပြီး အဆီအနှစ်တွေကို သန့်စင်ရယူထားလိုက်ပါတယ်။

"ဝှစ် ဝှစ် ဝှစ်"
ခဏကြာပြီးနောက် ဆေးလုံးတွေအဖြစ် ပြန်လည်ထွက်ပေါ်လာခဲ့ပါပြီ။

ချူးယွန်လည်း ထူးကဲဆေးလုံးတွေကိုကြည့်ကာ ရယ်မောရင်း တူညီတဲ့အလုပ်ကို ထပ်မံပြုလုပ်လိုက်ပါတော့တယ်။

နတ်ဆိုးသားရဲတွေက ဆက်လက်ပျံသန်းလာနေသလို ဆေးလုံးတွေကိုလည်း ပိုမိုရရှိလာခဲ့ပါပြီ။

ချူးယွန်ဟာ အထွတ်အထိပ်သူတော်စင် နတ်ဆိုးသားရဲတစ်ရာကျော်ကို သန့်စင်ဖို့ အချိန်များစွာ ပေးလိုက်ရပါတယ်။

ဒီနောက်မှာတော့ ဗြဟ္မာမိစ္ဆာဒယ်စောက်အိုးကို သိမ်းဆည်းကာ တက်ကြွစွာနဲ့ ပြန်ထွက်လာခဲ့လိုက်ပါပြီ။

ချန်းပိနင်းက ချူးယွန်ကို သံသယဝင်စွာ လှမ်းကြည့်လိုက်ပါတယ်။ ချူးယွန်က တစ်နေကုန်အောင် အစွမ်းထက်နတ်ဆိုးစွမ်းအင်တွေနဲ့ အလုပ်‌လုပ်နေခဲ့ရတာပါ။

ဒါပေမယ့် သူပြန်ထွက်လာချိန်မှာတော့ ပင်ပန်းနေပုံမရဘဲ သူက စိတ်လှုပ်ရှား တက်ကြွနေခဲ့ပါသေးတယ်။

ဒါက ထူးခြားပါတယ်။

ချူးယွန်က အလွန်ခံစားချက်ကောင်းမွန်နေပြီး ထူးကဲဆေးလုံးဆယ်လုံးကို ထုတ်ယူကာ ချန်းပိနင်းကို ပေးလိုက်ပါတယ်။
"ခန်းမသခင်… ဒီအတောအတွင်းမှာ နင်အရမ်းပင်ပန်းနေခဲ့ရလိမ့်မယ်… ဒီဆေးလုံးတွေက နင့်အတွက်ဆုပေးတာ"

"ငါ့အတွက်လား"
ချန်းပိနင်း အံ့အားသင့်ပြီး မယုံကြည်နိုင်ဖြစ်သွားခဲ့ပါတယ်။

လစဉ် သဘောတူထားတာအပြင် အခြားအရာရှိသေးတာလား။

ဒါက ထူးကဲဆေးလုံးဆယ်လုံးတောင်မှလေ။

"ယူလိုက်ပါ… ဒါက လှည့်ကင်းခန်းမအတွက်မဟုတ်ဘူး… ခန်းမသခင်အတွက် တမင်ပေးတာ"
ချူးယွန် လေးနက်စွာ ပြောလိုက်ပါတယ်။

ချန်းပိနင်းရဲ့ ကျင့်ကြံခြင်းအခြေခံက ကျဆင်းနေပြီး လေ့ကျင့်ဖို့အချိန်ကောင်းကိုလည်း လွဲချော်ခဲ့ရပြီးပါပြီ။

နဂါးဂိတ်ညီလာခံမှာ နံပါတ်တစ်ဖြစ်ခဲ့တဲ့ ကောင်းကင်ဂုဏ်ဆောင် ပါရမီရှင်အနေနဲ့ လှည့်ကင်းခန်းမမှာ အလဟဿဖြစ်နေရတာက တကယ်သနားစရာကောင်းပါတယ်။

ဒါကြောင့် ချူးယွန်ဟာ သူ့ကိုကူညီသင့်သလို ခံစားခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ ဒီလှည့်ကင်းခန်းမက အနှေးနဲ့အမြန်ဆိုသလို သူ့ဩဇာသက်ရောက်မှုအောက်ကို ရောက်လာတော့မှာ မဟုတ်လား။

"ငါ…"
ချူးယွန်ရဲ့ စကားကိုကြားပြီးနောက် ချန်းပိနင်းက အနည်းငယ် ချီတုံချတုံသွားခဲ့ပါတယ်။

ဒီချူးယွန်ရဲ့ နောက်ခံက ဘာများပါလိမ့်။ သူက လစဉ်ထူးကဲဆေးလုံး ဆယ်လုံးအပြင် အပိုဆေးလုံးတွေကိုလည်း ပေးနိုင်တယ်ပေါ့။

သူက ချူးယွန်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေမဟုတ်သလို ဆွေမျိုးတွေလည်း မဟုတ်တာကြောင့် အပြစ်ရှိသလို ခံစားခဲ့ရပါတယ်။

"ဘာမှ တွေးနေစရာမလိုပါဘူး… ငါက ယူဖို့ပြောရင် ယူလိုက်ပါ"
ချူးယွန် အသာပြုံးလိုက်ပါတယ်။
" အထွတ်အထိပ်သူတော်စင် နတ်ဆိုးသားရဲတွေက သန်မာပေမယ့် နင့်အတွက်တော့ ဘာမှမဟုတ်ဘူးမလား… အခုဆိုရင် နဂါးဂိတ်ညီလာခံမှာ နင့်ကိုရှုံးနိမ့်ခဲ့တဲ့ ပြိုင်ဘက်တွေတောင် နင့်ထက်ပိုသန်မာနေကြရော့မယ်"

ချန်းပိနင်းက အနည်းငယ်ရှက်ရွံ့သွားပြီး အသံတိုးတိုးနဲ့ ပြောလိုက်ပါတယ်။
"အများစုက သေခြင်းရှင်ခြင်းနယ်ပယ် အထွတ်အထိပ်ကို ရောက်နေခဲ့ကြပါပြီ… အချို့ကလည်း ပြန်လည်ဝင်စားခြင်းနယ်ပယ်ကို ချိုးဖြတ်သွားကြပြီ"

"အဲတာပဲကြည့်"
ချူးယွန် ခေါင်းညိတ်ပြီး နက်ရှ်ိုင်းစွာကြည့်ကာ ပြောလိုက်ပါတယ်။
" နင့်ရဲ့ ပါရမီနဲ့ သူတို့အနောက်မှာ အမြဲရှိနေမှာကို လိုချင်လား… လှည့်ကင်းခန်းမက နင့်အတွက် အနှောင့်အယှက်လို ဖြစ်‌မနေသင့်ဘူး… အနည်းဆုံးတော့ ဒါက နင့်ရဲ့ ကျင့်ကြံခြင်းကို ထိခိုက်စေဖို့မသင့်ဘူး"

"ငါသိပါတယ်"
ချန်းပိနင်းက အားနည်းနေတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။ လှည့်ကင်းခန်းမသခင်ဖြစ်ပေမယ့်လည်း သူဟာ ချူးယွန်အရှေ့မှာ ဂုဏ်သိက္ခာမြင့်မားစွာ မနေနိုင်ခဲ့ပါဘူး။

ဒါ ဘယ်အချိန်ကစဖြစ်တာလဲ။

ကြည့်ရတာတော့ နောက်ဆုံးအကြိမ် သူ့ခံစားချက်တွေကို ရင်ဖွင့်ခဲ့တုံးက ဖြစ်ပုံရပါတယ်။

အဲဒီအချိန်က သူ့ခန္ဓာကိုယ်နဲ့တောင် ကတိပေးတဲ့စကားတွေကို ပြောခဲ့တာပါ။

ဒါကိုပြန်တွေးမိပြီးနောက် ချန်းပိနင်းရဲ့ မျက်နှာက ထူပူလာကာ နှုတ်ခမ်းကို ကိုက်လိုက်ပါပြီ။

"ခန်းမသခင်… နောက်ထပ်ကိစ္စတစ်ခုရှ်ိသေးတယ်… မကြာသေးခင်ကပဲ လှည့်ကင်းခန်းမကို ငါးတွေနဲ့နဂါးတွေရောပြီး လှည့်ကင်းခန်းမကိုဝင်ဖို့ လုပ်နေကြတယ်… ဒီအထဲမှာ အင်အားစုတွေကလည်း အများကြီးပါပြီး သူတို့ကို သေချာစစ်ဆေးသင့်တယ်"

ချူးယွန် လေးနက်စွာပြောလိုက်ပါတယ်။
"ငါ့အထင်တော့ လှည့်ကင်းခန်းမရဲ့ လက်ရှိစနစ်တွေက မကောင်းဘူး… လှည့်ကင်းတွေက ပုံမှန်လိုဆိုရင် ဘာမှလုပ်ရတာမဟုတ်ဘူး… သူတို့က ရောက်လာတာနဲ့ ကိုယ့်ရဲ့အရင်းအမြစ်တွေကို အသချောင်ဝါးမြိုသွားလိမ့်မယ်… ဒီအတိုင်းဆက်သွားနေရင် ငါတို့ ကြာရှည်ခံနိုင်မှာမဟုတ်ဘူး… အပြောင်းအလဲတွေ အများကြီးလုပ်သင့်ပြီ"

ဒီစကားတွေက ချန်းပိနင်းကို အလွန်တုန်လှုပ်သွားစေခဲ့ပါတယ်။

သူက‌ သေမျိုးတို့ရဲ့လောကထဲမှာ သိပ်ပြီး သွားလာမှုမရှိတာကြောင့် ချူးယွန်ပြောတာကို သိပ်နားမလည်ပါဘူး။

ဒါကြောင့် အချို့အရာတွေကို ချူးယွန်ရှင်းပြရမှာပါ။

"ဒါဆို နင်က ဘာလုပ်ချင်လို့လဲ"

"ပြောင်းလဲရမယ်… အရင်ဆုံး လှည့်ကင်းတွေထဲက အားနည်းပြီး အသုံးမဝင်တဲ့သူတွေကို ဖယ်ရှားပစ်ရမယ်… အရည်အတွက်က အရေးပါပေမယ့် အဓိကအချက်က အမှိုက်တွေဟာ ပါရမီရှင်တွေနဲ့ နှိုင်းယှဉ်လို့မရဘူး…  အရင်းအမြစ်တွေကို အမှိုက်တွေအတွက် ဖြုန်းတီးမယ့်အစား ပါရမီရှင်တွေကို ပိုပေးအပ်သင့်တယ်"

"နောက်ပြီး လှည့်ကင်းတစ်ဦးစီက လေ့ကျင့်ခြင်းနဲ့အတူ သက်ဆိုင်ရာအလုပ်တွေကို လုပ်ရမယ်… မဟုတ်ရင် ချက်ချင်း ထွက်သွားပဲ… အလုပ်ဆိုတဲ့‌နေရာမှာ နတ်ဆိုးသားရဲတွေကို သတ်ဖမ်းဆီးတာ၊ ဝိညာဉ်ဆေးပင်တွေ ရှာဖွေတာ… စသည်ဖြင့် လုပ်ကြရမယ်… ဆုပေး၊ဒဏ်ပေး စနစ်ကို ထားရှိမယ်… သန်မာတဲ့သူတွေက အရင်းအမြစ်တွေပိုရပြီး အားနည်းတဲ့သူတွေက အရင်းအမြစ်တွေကို လက်လွှတ်ရမယ်… ဒါက သူတို့ဘာသာ ရွေးချယ်စေပြီး သန်မာတဲ့သူတွေကိုသာ ရှင်သန်စေနိုင်တဲ့နည်းနဲ့ ဖွဲ့စည်းရမယ်"

ချူးယွန်က သူ့နှလုံးသားထဲမှာ ကြိုတွေးပြီးဖြစ်တဲ့ အစီအစဉ်ကို ပြောပြလိုက်ပါတယ်။

ချန်းပိနင်းလည်း ချူးယွန်ကို အလေးအနက်ကြည့်လိုက်မိပါပြီ။

သူက အရာအားလုံးကို ဘယ်လိုလုပ်ပြီး သိနေတာပါလိမ့်။

"ငါတို့တွေ ဆေးဝါးပညာရှင်၊ အော့ခမ်းနစ်ပညာရှင်နဲ့ ပန်းပဲပညာရှင်တွေကိုလည်း စုဆောင်းထားဖို့ လိုတယ်… ငါတို့လိုအပ်တဲ့ ပစ္စည်းတိုင်းကို လျှောက်ဝယ်နေလို့မရဘူး"

"နှစ်ပေါင်းထောင်ချီ စွဲမြဲနေတဲ့ သူတို့ရဲ့အလေ့အကျင့်တွေကို ပြောင်းလဲဖို့ ခက်ခဲပေမယ့်လည်း သူတို့ ရအောင်ပြောင်းရမယ်"

"လက်ရှိ ငါတို့လှည့်ကင်းခန်းမရဲ့ အခြေအနေက ပါရမီရှင်တွေကို ပျိုးထောင်နိုင်ဖို့ နည်းလမ်းမရှိဘူး… နောက်ပြီး တိုက်ကြီးမှာရှိတဲ့ အရင်းအမြစ်တွေကလည်း ကုန်ပြီ… ငါတို့မှာ အရင်းအမြစ်တွေရှိသေးရင်တောင် ဒါတွေကိုပဲ အားကိုးနေလို့ မရဘူး"

"ငါတို့သာ သန်မာလာပြီဆိုရင် အနာဂါတ်မှာ ပါရမီရှင်တွေအများကြီး ဝင်ရောက်လာမှာ အသေအချာပဲ… အခု လူတစ်ရာပဲ စုဆောင်းနိုင်ပေမယ့် အနာဂါတ်မှာ လူတစ်ထောင်လား… လူတစ်သောင်းလား… စုဆောင်းလာနိုင်လိမ့်မယ်"
ချူးယွန်က သူ့စိတ်ထဲမှာရှိသမျှကို ပြောပြလိုက်ပါတယ်။

ဒါက ချူးကလန်ကို တည်ထောင်ခဲ့ပုံအပေါ် မူတည်ထားခဲ့တာပါ။ နောက်ပြီး သူက တီအန်တာအိုဂိုဏ်းနဲ့ အတွေးပုံရိပ်ဂိုဏ်းက အချက်တွေကလည်း ထည့်သွင်းခဲ့ပါတယ်။

"ငါတို့လှည့်ကင်းခန်းမကလည်း စစ်မှန်တဲ့ဂိုဏ်းတစ်ခုလို ဖြစ်လာစေရမယ်… ငါတို့အနေနဲ့ စားလိုက်၊သောက်လိုက်နဲ့ သေဖို့ကိုထိုင်စောင့်နေသူတွေကို ဖယ်ရှားပြီး စစ်မှန်တဲ့ကျွမ်းကျင်သူတွေနဲ့ အစားထိုးမယ်"
ချူးယွန်ရဲ့ စကားတွေက ခိုင်မာပြတ်သားစွာ ထွက်ခေါ်လာခဲ့ပါတယ်။

ချန်းပိနင်းက ဒီအရာတွေကို သိပ်မသိပါဘူး။ ဒါပေမယ့် ချူးယွန်ရဲ့ အသေးစိတ်အစီစဉ်တွေကို ကြားပြီးနောက် သူ့စိတ်ထဲမှာ အတွေးအချို့ ဖြစ်ပေါ်လာခဲ့ပါပြီ။

တွေးရင်းနဲ့ပဲ ချူးယွန်ရဲ့ အစွမ်းထက်မှုအတွက် သက်ပြင်းချရပါတယ်။

သူက ပါရမီရှိသလို ကြောက်မက်ဖွယ်တိုက်ခိုက်ရေးစွမ်းအားရှိတယ်။ နောက်ပြီးတော့ ရက်ရောတတ်သလို အားလုံးကိုလည်း သိထားပါသေးတယ်။

သူ့ရဲ့ရုပ်ရည်ချောမောမှုကတော့ ပြောနေစရာတောင် မလိုပါဘူး။

သူပြောတဲ့ စကားတိုင်းကလည်း မှန်ကန်ပြီး တိကျပါတယ်။

ကြည့်ရတာ သူက ဒီအတွက် သေချာတွေးပေးထားတဲ့ပုံပါပဲ။

လမ်းလွဲနေတဲ့ လှည့်ကင်းခန်းမအတွက် သူက သေချာတွေးပေးထားခဲ့တာပါ။

"ခန်းမသခင်… ငါအခုပြောခဲ့တာတွေကို နင် သေချာစဥ်းစားထားသင့်တယ်… အသေးစိတ်ကို နောက်သုံးရက်ကြာရင် ငါတို့ဆွေးနွေးကြမယ်"
ပြောပြီးတာနဲ့ ချူးယွန်လှည့်ထွက်လိုက်ပါတယ်။

လှည့်ကင်းခန်းမကို ပိုသန်မာလာစေချင်ရင် သူ့ရဲ့ဖွဲ့စည်းပုံကို အရင်ပြောင်းလဲရမှာပါ။

ဒါပေမယ့် ဒါမျိုးက နေ့ချင်းညချင်းပြုလုပ်လို့ရတာမျိုး မဟုတ်ပါဘူး။

ဟုတ်ပါတယ်။ ဒီအပြောင်းအလဲကြောင့် ဖရိုဖရဲအခြေအနေတွေတော့ ဖြစ်လာပါလိမ့်မယ်။

အထူးသဖြင့် လှည့်ကင်းခန်းမမှာ အချောင်စား၊အချောင်နေတဲ့ လှည့်ကင်းတွေက ဒီကိစ္စကို ပထမဆုံး ဆန့်ကျင်လာကြပါလိမ့်မယ်။

ဒါပေမယ့် သူတို့လာရင်တောင် ဘာဖြစ်သေးလဲ။

သူက အဆင်သင့်ဖြစ်နေခဲ့ပါပြီ။

အပိုင်း ( 875 ) သွေးကြောင်ကြခြင်း

ဒီသုံးရက်အတွင်း ချူးယွန်က လေ့ကျင့်ခြင်းကိုပဲ အာရုံစိုက်နေခဲ့ပါတယ်။

ဒုတိယစိတ်ဝိညာဉ်နဲ့ သူက မဟာဖွံ့ဖြိုးခြင်းဓါးသိုင်းရဲ့ စတုတ္တအကွက်ကိုနားလည်ဖို့ အပြင်းအထန်ကြိုးစားနေခဲ့တာပါ။

တတိယအကွက်ပြီး နောက်အကွက်တွေက ကိုယ်ပိုင်နားလည်မှုကို လိုအပ်ခဲ့ပါတယ်။

ဒါက နားလည်ဖို့ မလွယ်ကူပဲ ကြိုးစားလေ၊ပိုခက်ခဲလေပါပဲ။

ဒီသုံးရက်အတွင်း ချူးယွန်ဟာ အကျိုးမြတ်မှမရတာကြောင့် အတော်စိတ်ပျက်ဖို့ကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။

အခြားတစ်ဖက်မှာတော့ ဟော်ရွှင်းနဲ့ မဟာပညာရှိက အပြင်းအထန်တိုက်ခိုက်ပြီးနောက် အပေါင်းသင်း၊ရောင်းရင်းတွေ ဖြစ်လာခဲ့ပါတယ်။

သူတို့နှစ်ဦး တိုက်ခိုက်ကြတာ ဘယ်သူအနိုင်ရလဲလို့ မေးရင်တော့ မဟာပညာရှ်ိရဲ့ ဝံ့ကြွားနေတဲ့ မျက်နှာအမူရာနဲ့ အဖြေစကားကိုပြန်ကြားရမှာပါ။

ဟော်ရွှင်းက ဟော်အိမ်တော်ရဲ့ ဒုတိယသခင်လေးဆိုပေမယ့် အရင်တုန်းက သူဟာ ကျင့်ကြံခြင်းကို အာရုံမစိုက်ခဲ့ပါဘူး။ ဒါကြောင့် သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းက ယောက်ချီမြင့်မြတ်တိုင်းပြည်ရဲ့ ကောင်းကင်ဂုဏ်ဆောင် ပါရမီရှင်တွေဖြစ်တဲ့ ဟွာဖေးလုံ၊ ရှပိရော… စသူတို့ထက် နိမ့်ကျခဲ့ပါတယ်။

ဒီအတွက်ကြောင့် သူဟာ ခန္ဓာကိုယ်သန့်စင်သူတစ်ဦး ဖြစ်ပေမယ့်လည်း မဟာပညာရှိရဲ့အရှေ့မှာတော့ ဆန့်ကျင်နိုင်ဖို့ အခွင့်အရေးမရှိပါပေ။

မဟာပညာရှ်ိက ဟော်ရွှင်းကိုကြီးမားတဲ့ အင်အားနဲ့ အနိုင်ယူခဲ့ပါတယ်။ ဟော်ရွှင်းက ဒါကို လက်မခံချင်ရင်တောင် လက်ခံခဲ့ရဆဲပါ။

သုံးရက်ကြာပြီးနောက် ချူးယွန်က ကျင့်ကြံရာကထွက်လာပြီး ချန်းပိနင်းဆီကို ဦးတည်လိုက်ပါတယ်။

"ခန်းမသခင်… လွန်ခဲ့တဲ့သုံးရက်က ငါပြောခဲ့တဲ့ ပြောင်းလဲရေးအစီစဉ်ကို ဘယ်လိုသဘောရလဲ"
ချူးယွန် မေးလိုက်ပါတယ်။

ချန်းပိနင်းရဲ့မျက်နှာကတော့ အနည်းငယ်ချောင်နေလို့ပါ။ သူက ဒီကိစ္စကို သေချာတွေးတောနေခဲ့ပုံပါပဲ။

ချူးယွန်စကားကိုကြားပြီးနောက် သူက ပြောလိုက်ပါတယ်။
"ငါနင့်အမြင်ကို သေချာစဉ်းစားပြီးပြီ… လက်ရှိ ငါတို့လှည့်ကင်းခန်းမက နာတာရှည်ရောဂါသည်လိုဖြစ်နေပြီး အပြောင်းအလဲမလုပ်ရင်တော့ နောက်ဆုံးရလဒ်က ပျက်ဆီးခြင်းပဲ ဖြစ်ရမှာပဲ… နင်မှန်တယ်"

ချန်းပိနင်းက သူ့အမြင်တစ်ခုခုကို ပြောချင်ပုံရပေမယ့် ဆက်မပြောဘဲ တွန့်ဆုတ်စွာနဲ့ ခဏရပ်သွားခဲ့ပါတယ်။

"ခန်းမသခင် ငါ့ကိုဖုံးကွယ်ထားစရာမလိုပါဘူး… ပြောစရာရှိရင် ပြောပါ"
ချူးယွန်က ချန်းပိနင်းရဲ့အမူရာကိုမြင်ပြီးနောက် ပြောလိုက်ပါတယ်။

ချန်းပိနင်း အသက်ပြင်းပြင်းရှုကာ ပြောလိုက်ပါပြီ။
" နင်ပြောသမျှအားလုံးမှန်ပြီး ငါတို့လှည့်ကင်းခန်းမရဲ့ အခြေအနေနဲ့လည်း ကိုက်ညီပါတယ်… ဒါပေမယ့်  ငါ့အနောက်ကို လိုက်နေတာကြာပြီဖြစ်တဲ့ လှည့်ကင်းသမားဟောင်းတွေ ရှိနေတယ်… သူတို့က ဒီထက်ပိုမတိုးတက်နိုင်ကြတော့ပေမယ့် လှည့်ကင်းခန်းမကို အရမ်းသစ္စာရှိကြတယ်လေ… သူတို့ကို ဖယ်ထုတ်ဖို့က…"

"ခန်းမသခင်… နင်က ဒါကို အကြင်နာမဲ့လွန်းတယ်လို့ ပြောချင်တာလား"
ချူးယွန် အသာပြုံးလိုက်ပါတယ်။ ဒီအတွက်တော့ သူမအံ့ဩမိပါဘူး။

ချန်းပိနင်းရဲ့ စိတ်နေသဘောထားကိုက ဒီလိုပါပဲ။ သူက ကြင်နာတတ်လွန်းပြီး ဆုံးဖြတ်ချက် မပြတ်သားပါဘူး။

"ခန်းမသခင်… သူတို့က နင့်ကိုအရမ်းသစ္စာရှိတယ်လို့ ထင်နေတာလား… သေချာစဉ်းစားပါဦး…  လှည့်ကင်းခန်းမ အခြေအနေမကောင်းဖြစ်နေခဲ့ချိန်မှာ သူတို့က ခန်းမအတွက် အကျိုးရှိတာ ဘာလုပ်ခဲ့ကြလဲ… နင်တစ်ယောက်တည်းပဲ ခန်းမအတွက် ရုန်းကန်ခဲ့ရတာပဲမဟုတ်လား…  အခြားအရာတွေ အသာထားဦး သူတို့သဘောဆန္ဒနဲ့ အရင်းအမြစ်တွေကို စွန့်လွှတ်ပေးခဲ့ကြလား… တစ်လလောက် လက်လွှတ်ခဲ့ရင်တောင် သူတို့ကို သစ္စာရှိတယ်လို့ ငါပြောပေးဦးမယ်"
ချူးယွန်ရဲ့ စကားတွေက ထက်ရှတဲ့ဓါးလို ချန်းပိနင်းရဲ့ နှလုံးသားကို ထိုးဖောက်သွားခဲ့ပါတယ်။

သူ့မျက်နှာ ချက်ချင်းပဲ ဖြူရော်သွားခဲ့ပါပြီ။

ပြန်စဉ်းစားကြည့်ရင် လှည့်ကင်းခန်း ကျပ်တည်းခဲ့ချိန်မှာ အရင်းအမြစ်တွေကို ဆန္ဒအလျောက်စွန့်လွှတ်ခဲ့သူက တစ်ဦးမှမရှိခဲ့ပါဘူး။

တစ်ဦးမှကို မရှိတာပါ။

ချန်းပိနင်းရဲ့ မျက်နှာအမူရာကို မြင်ပြီးနောက် ချူးယွန်ပြုံးလိုက်ပါတယ်။
"ခန်းမသခင်… နင်အခု ဘာလုပ်ရမယ်သိပြီလား"

"ငါမလုပ်နိုင်သေးဘူး"
ချန်းပိနင်းက ကူကယ်ရာမဲ့စွာ မျက်လုံးမှိတ်လိုက်ပြီး သူ့မျက်တောင်တွေက အနည်းငယ်လှုပ်ခတ်သွားပါတယ်။

"ခန်းမသခင်က မလုပ်နိုင်ရင် ငါလူဆိုးလုပ်ရလိမ့်မယ်… ပျက်ဆီးနေတဲ့ အင်အားစုတစ်ခုကို ပြောင်းလဲချင်ရင် ပိုကြီးမားတဲ့တန်ဖိုးနဲ့ နာကျင်မှုတွေကို ခံနိုင်ရည်ရှိရမယ်… ငါတို့ ဒါကိုကျော်ဖြတ်နိုင်ရင် အပြောင်းလဲလည်း အောင်မြင်မှာပဲ… ဒီလောက်လေးကိုတောင် မကျော်ဖြတ်နိုင်ရင်တော့ အရင်အခြေအနေကို ပြန်ရောက်သွားပြီး အဆုံးမှာ ပျက်ဆီးခြင်းကို ရောက်ရလိမ့်မယ်"
ချူးယွန် လေးနက်တဲ့ မျက်နှာနဲ့ ပြောလိုက်တယ်။

"ငါသိပါတယ်… ငါလုပ်မှာပါ"
ချန်းပိနင်း မျက်လုံးပြန်ဖွင့်လိုက်ပြီး သူ့မျက်လုံးထဲမှာ စိတ်အားထက်သန်မှုတွေ တောက်ပလာခဲ့ပါပြီ။

သူ့မှာ ရွေးချယ်စရာ မရှိပါဘူး။

"ချူးယွန်… ငါနင်နဲ့ ဆုံးဖြတ်ချက်ကို ကြေညာဖို့ အစည်းဝေးတစ်ခု ပြုလုပ်မယ်"
ချန်းပိနင်းက မျှော်လင့်ချက်တွေ ပြည့်နှက်နေတဲ့ မျက်ဝန်းနဲ့ ချူးယွန်ကိုကြည့်လိုက်ပါတယ်။

သူ့နှလုံးသားထဲမှာတော့ သံသယအချို့ရှိနေဆဲပါ။

အခုချိန်မှာ သူ့ရဲ့တာဝန်တွေကို အခြားသူနဲ့မျှဝေချင်နေခဲ့ပါတယ်။

သူအားကိုးရတဲ့သူက ဒီအတွက်ပစ်မှတ်တစ်ခုလို ဖြစ်လာခဲ့မှာပါ။

နောက်ပြီး ချူးယွန်က ဒီလိုလိုအပ်ချက်နဲ့ ကိုက်ညီသူပါ။

"‌ကောင်းပြီ"
ချူးယွန် ‌စဉ်းစားမနေဘဲ ခေါင်းညိတ်လိုက်ပါတယ်။

ချန်းပိနင်းလည်း အထွေထွေအစည်းအဝေးအတွက် လှည့်ကင်းသမားအားလုံးကို ခေါ်ယူလိုက်ပါပြီ။

သူအခုလုပ်တဲ့အရာက လှည့်ကင်းခန်းမရဲ့ အနာဂါတ်နဲ့ ပတ်သတ်နဲ့နေပြီး အလွန်အရေးကြီးပါတယ်။

ချန်းပိနင်းက ခန်းမထဲက အဓိကထိုင်ခုံမှာ ထိုင်နေလို့ပါ။ မူလက ချူးယွန်ကို သူ့ဘေးနားက ဒုတိယခုံမှာထိုင်စေခဲ့ပေမယ့် ချူးယွန်က ဘေးနားမှာရပ်နေဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

သူက ဒုခန်းမသခင်တစ်ဦးရဲ့ အဆောင်အယောင်တွေ ရှိပေမယ့်လည်း အဆုံးမှာတော့ လှည့်ကင်းတစ်ဦးဖြစ်နေဆဲပါ။

မကြာခင်မှာပဲ လှည့်ကင်းတွေ တစ်ဦးပြီးတစ်ဦး ရောက်လာခဲ့ကြပါပြီ။

လူရာချီပါဝင်တဲ့ လူအုပ်ကြီးက ခန်းမကြီးထဲမှာ ရပ်နေခဲ့ကြပါတယ်။

လှည့်ကင်းခန်းမရဲ့ ဒုခန်းမသခင်လေးဦးက ထိုင်ချင်ကြပေမယ့် ချူးယွန်ကရပ်နေတာကိုမြင်ပြီးနောက် သူတို့လည်း မထိုင်ကြတော့ပါဘူး။

ချန်းပိနင်းက လှည့်ကင်းခန်းမဝင်တွေကို လိုက်ကြည့်ပြီးနောက် သူ့မျက်လုံးထဲမှာ ရှုပ်ထွေးနေတဲ့ အမူရာတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။

ဒါက လူလတ်ပိုင်းတွေနဲ့ အသက်ရွယ်ကြီးရင့်သူတွေအတွက်ဆို ပိုမှန်ပါလိမ့်မယ်။ သူတို့က စကားစမြည်ပြောဆိုနေကြပြီး လက်ရှိအခြေအနေကို ဂရုစိုက်ကြပုံမရပါဘူး။

သူတို့ရဲ့အမြင်မှာတော့ သူတို့က လှည့်ကင်းခန်းမရဲ့ အစိတ်အပိုင်းတွေဖြစ်ကြပေမယ့် ခွန်အားကချို့တဲ့ကြတာကြောင့် ကိစ္စရပ်အများစုမှာ ဝင်ပါစရာမလိုတော့ပါ။

သူတို့က လှည့်ကင်းခန်းမမှာ ပုံမှန်အတိုင်း လွတ်လပ်စွာနေမယ်။ ပြီးရင် ကိုယ့်ရဲ့ လစဉ်အရင်းအမြစ်‌ကိုယူပြီး လေ့ကျင့်လိုက်မယ်လို့ စိတ်ကူးထားကြသူတွေပါ။

ဒီလိုဘဝမျိုးမှာ သူတို့က ဘာကိုမှ ဂရုစိုက်နေစရာမလိုပါဘူး။

နောက်ဆုံးမှာတော့လှာ့်ကင်းခန်းမက ဂိုဏ်းတော်တစ်ခုနဲ့ ကွာခြားပါတယ်။ ဒါက ဘာကန့်သတ်ချက်မှမရှိဘဲ အလိုလိုဖြစ်ပေါ်လာတဲ့ ဂိုဏ်းတစ်ခုလိုပါပဲ။ ပုံမှန်အားဖြင့် လှည့်ကင်းခန်းမရဲ့ ပုံမှန်အရာအချို့ကို လုပ်ဆောင်ဖို့ပဲ လိုအပ်ပါတယ်။

သူတို့က ငါးနှစ်တစ်ခါ ခရီးသွားရတာကလွဲရင် အခြားဘာမှလုပ်စရာမလိုပါဘူး။

အခြားဘာမှမလုပ်ရဲ့ လှည့်ကင်းခန်းမမှာနေရတာဟာ တကယ်အဆင်ပြေပါတယ်။

တစ်‌နေကုန် ဘာမှလုပ်စရာမလိုဘဲ အိပ်လိုက်၊စားလိုက်လုပ်နေရတာက အလွန်ပျော်ရွှင်စရာကောင်းလှတယ်မဟုတ်လား။

ချန်းပိနင်းကလည်း ဒါကိုသိပါတယ်။ ဒါပေမယ့် အရင်တုန်းက နက်နက်နဲနဲနားလည်မှု မရှိခဲ့သလို သေချာလည်း မစဉ်းစားခဲ့ပါဘူး။

ဒါပေမယ့် အခုတော့ သူ့မျက်လုံးထဲမှာ နာကျင်မှုတွေဖြစ်ပေါ်လာခဲ့ပါပြီ။

ချူးယွန်ကတော့ ဒါတွေအားလုံးကို မြင်နိုင်သလို နားလည်မှုလည်း ရှိခဲ့ပါတယ်။

ချူးယွန်လျစ်လျူရှုစွာပြုံးလိုက်ပါပြီ။ ဒီလူတွေက သေဖို့‌ထိုင်စောင့်နေကြတဲ့သူတွေပါ။

ဒီပိုးကောင်တွေကို မဖယ်ရှားရင် သူတို့နဲ့ရှိနေရတဲ့ ပတ်ဝန်းကျင်ကလည်း အလွန်ကြောက်စရာကောင်းနေပါလိမ့်မယ်။

ရည်မှန်းချက်ကြီးမားတဲ့ ပါရမီရှင်တွေ ရောက်လာရင်တောင် ဒီဇာတ်ထဲကို တဖြည်းဖြည်းဝင်သွားတော့မှာပါ။ ကြာရင် သူတို့က လေ့ကျင့်ရတာမကောင်းသလိုတောင် ခံစားလာခဲ့ရပါလိမ့်မယ်။

ဒါကြောင့် သူက ပြောင်းလဲချင်ရင် အရာအားလုံးကို အောက်ခြေကစရှင်းရပါလိမ့်မယ်။

ဒီနေ့က ဒီလိုလုပ်ဖို့ အခွင့်အရေးကောင်းတစ်ခုပါပဲ။

"ဒီနေ့ အားလုံးကို ငါခေါ်ရတာက အရေးကြီးကိစ္စတစ်ခုကို ကြေညာစရာရှိလို့ပါ… ဒါက လူတိုင်းအတွက် စိုးရိမ်စရာကိစ္စတစ်ခုပဲ"
ချန်းပိနင်းက ထူးခြားတဲ့ မျက်နှာအမူရာနဲ့ ပြောလိုက်ပါတယ်။

ဒီပြဿနာကိုဖြေရှင်းတဲ့နေရာမှာ လက်ခံနိုင်ဖို့ မလွယ်ကူသေးပါဘူး။

"ခန်းမသခင် ဘာဖြစ်လို့လဲ"
ပါရမီရှင်များစွာရဲ့ မျက်လုံးတွေက တောက်ပတဲ့အလင်းတွေ ထွက်ပေါ်လာခဲ့ကြပါပြီ။

ဟုတ်ပါတယ်။ ဒါက လူအနည်းစုပါ။ သေလုဆဲဆဲဖြစ်နေတဲ့ လှည့်ကင်းသမားတွေက ဂရုမစိုက်ကြဘဲ သမ်းဝေခြင်းတောင် ပြုနေခဲ့ကြပါသေးတယ်။

အတော်များများက စိတ်မရှည်ခဲ့ကြပါဘူး။ ချန်းပိနင်းရဲ့ ခွန်အားက သန်မာနေတာကြောင့်သာ မဟုတ်ရင် သူတို့က ချက်ချင်းထွက်ခွာသွားခဲ့ကြမှာပါ။

"ငါတို့လှည့်ကင်းခန်းမနဲ့ အင်အားစုကြီးတစ်ခုကြားမှ ပြဿနာတစ်ခုဖြစ်သွားခဲ့တယ်… ဒီပြဿနာက အရမ်းအရေးကြီးလို့ ငါနင်တို့ကို ရှင်းပြဖို့ အချိန်မရှိတော့ဘူး… တိုတိုပြောရရင် ငါတို့လှည့်ကင်းတွေမှာ ရန်သူတွေရှိလာပြီး လူတိုင်းပဲ တိုက်ခိုက်ဖို့ အဆင်သင့်ပြင်နေကြရမယ်"
ချန်းပိနင်းက တဖြည်းဖြည်းပြောလိုက်ပါတယ်။

သူ့စကားသံ ပျောက်ကွယ်သွားတာနဲ့ လှည့်ကင်းသမားတွေရဲ့ မျက်နှာပေါ်မှာ မယုံကြည်နိုင်တဲ့အမူရာတွေ ဖြစ်ပေါ်လာခဲ့ကြပါပြီ။

ဒုခန်းမသခင်ဟူဟောင်လည်း အံ့အားသင့်သွားပြီး အမြန်မေးလိုက်ပါတယ်။
"ခန်းမသခင်… ဒါဘယ်တုံးကဖြစ်သွားတာလဲ"

သူက အလွန်စိုးရိမ်သွားခဲ့တာပါ။

ဟုတ်ပါတယ်။ အချို့ သိချင်စိတ်တွေနဲ့ မစောင့်နိုင်တော့ဘဲ မျက်လုံးတွေအရောင်လက်လာခဲ့တဲ့ ပါရမီရှင်အချို့တော့ ရှိနေပါသေးတယ်။

"ငါလှည့်ကင်းခန်းမမှာပဲ နေ့တိုင်းလေ့ကျင့်နေရတာ… အခုတော့ ငါ့ကိုလေ့ကျင့်ပေးနေသူကို ထိခိုက်လာခဲ့ပြီ… ဒီလိုအချိန်မှာ ငါ့ကျွမ်းကျင်မှုတွေကို မထုတ်ဖော်ဘဲ သံချေးတက်မခံနိုင်ဘူး"

"အမှန်ပဲ… အဲဒီအင်အားစုက လုံလောက်အောင်သန်မာဖို့ မျှော်လင့်တယ်… မဟုတ်ရင် ပျင်းစရာကောင်းနေလိမ့်မယ်"

"တိုက်ခိုက်ကြတာပေါ့ကွာ… ငါအကွက်နည်းနည်းသင်ယူထားပေမယ့် လေ့ကျင့်စရာမရှိလို့ စိတ်ပူနေရတာ"

ခန်းမကိုဝင်လာတာမကြာသေးတဲ့ ပါရမီရှင်တွေရဲ့  စိတ်လှုပ်ရှားလာပြီး မျက်လုံးတွေကတောက်ပလာခဲ့ကြပါတယ်။

ချူးယွန်က အခြေအနေကို လိုက်ကြည့်ရင်း ဒါတွေကို မြင်နေရလို့ပါ။

ချူးယွန်ရဲ့ နှုတ်ခမ်းတွေက မသိမသာတွန့်ကွေးကာ ပြုံးသွားခဲ့ပါပြီ။

လှည့်ကင်းတွေထဲမှာ သုံးပုံတစ်ပုံလောက်သာ တိုက်ခိုက်ချင်စိတ်ရှိတော့တာပါ။

အများစုက ပြဿနာတွေကို ကြောက်ရွံ့နေခဲ့ကြပါပြီ။ သူတို့က ပြဿနာတွေ မဖြစ်ချင်တော့ဘဲ လှည့်ကင်းခန်းမမှာပဲ ကောင်းကောင်းစားသောက်ကာ ခပ်အေးအေးဘဲ နေချင်ကြပါတော့တယ်။

"ခန်းမသခင်… ဒါက မသင့်ဘူးမဟုတ်လား"
ဟူဟောင်က မျက်မှောင်ကြုတ်ပြီး အနည်းငယ်အဆင်မပြေဖြစ်နေတဲ့ မျက်နှာအမူရာနဲ့ ပြောလိုက်ပါတယ်။
"ငါတို့လှည့်ကင်းခန်းမက အမြဲတမ်း ငြိမ်းချမ်းရေးကို အလေးထားတယ်… အခြားအင်အားစုတွေ၊ ဂိုဏ်းတွေနဲ့ ဘယ်တုံးကမှ ပြဿနာမဖြစ်ခဲ့ဘူး…  ရုတ်တရက်ကြီး ဘယ်လိုဖြစ်ပြီး ပြဿနာဖြစ်သွားရတာလဲ… ဒါက သူတို့အမှားလား၊ ငါတို့အမှားလား… သူတို့အမှားဆိုရင်တောင် ငါတို့ ဆွေးနွေးလို့ရပါတယ်"

"ဟုတ်ပါတယ်… ဒီလောက် တောင့်‌တင်းနေဖို့ မလိုဘူးလေ… အဖြစ်ပျက်တွေကို ဘာလို့ရှင်းမပြရမှာလဲ"
ချူးယွန် ထောက်ခံပေးလိုက်တဲ့ ဒုခန်းမသခင်အမျိုးသမီးကလည်း ကြောက်လန့်တကြားပြောလိုက်ပါတယ်။

ဦးဆောင်လမ်းပြ ခေါင်းဆောင်နှစ်ဦးနောက်မှာ အခြားလှည့်ကင်းတွေကလည်း ကပျာကယာ သူတို့ရဲ့အမြင်တွေကို ပြောလိုက်ကြပါပြီ။

"ခန်းမသခင်ရေ… ဒါက ရုတ်တရက်ကြီးဖြစ်လွန်းနေပါတယ်"

"ငါတို့ အဆင်သင့်မဖြစ်သေးဘူး"

"ဟုတ်ပါတယ်… နင်ငါတို့ကို ရှင်းမပြရင် ဘာတွေဖြစ်တယ်ဆိုတာ ဘယ်သူသိမှာလဲ"

"ဟုတ်တယ် ခန်းမသခင်… ငါတို့လှည့်ကင်းခန်းမက တည်ငြိမ်စွာနဲ့ တိုးတက်နေရင် အခြားသူတွေနဲ့ ဘာဖြစ်လို့ ရန်ဖြစ်နေဦးမှာလဲ"

ထိုလှည့်ကင်းတွေဟာ ချန်းပိနင်းက တကယ်တိုက်ခိုက်မှာကိုကြောက်တာကြောင့် သူတို့ရဲ့အကြံတွေကို အမြန်ထုတ်ဖော်လိုက်ကြပါတယ်။

ချန်းပိနင်းရဲ့စိတ်က တဖြည်းဖြည်းနဲ့ ပိုအေးစက်လာခဲ့ပါပြီ။

သူက ဒီအခြေအနေကို ကြိုမျှော်လင့်ထားပေမယ့် သေမှာကြောက်တဲ့သူတွေ အများကြီးရှိနေမယ်လို့ ထင်မထားခဲ့ပါဘူး။

ဒါက များလွန်းတယ်။

ဒါက လှည့်ကင်းခန်းမထဲက လှည့်ကင်းတွေလား။

ဒီလှည့်ကင်းတွေအတွက် သူ့အရည်အချင်းကို စွန့်လွှတ်ပြီး ငွေရှာနေခဲ့မိတာလား။

ဒီလှည့်ကင်းတွေနဲ့ အရင်လှည့်ကင်းခန်းမရဲ့ ခွန်အားကို ပြန်ရလာစေမှာလား။

ဒီလိုလူတွေနဲ့ဆိုရင် လှည့်ကင်းခန်းမကို ပြန်နိုးထလာစေဖို့ အသာထား… လက်ရှိအခြေအနေကို ထိန်းထားဖို့တောင် ခက်ခဲပါလိမ့်မယ်။

အခြားအင်အားစုတွေနဲ့ ပြဿနာဖြစ်လာတဲ့အခါ သူတို့ပထမဆုံးတွေးမိတာက တိုက်ခိုက်ဖို့ထက် အရှက်မဲ့စွာနဲ့ ငြိမ်းချမ်းရေးအတွက် လက်စားချေဖို့ပါ။

ချန်းပိနင်းဟာ သူကြိုးစားအားထုတ်ခဲ့ရသမျှ အလကားဖြစ်သွားသလို ခံစားလိုက်ရပါပြီ။

အပိုင္း ( 871 ) အခုကစၿပီး သူက ငါ့ရဲ႕ညီအကိုပဲ

တိုင္ဂန္နယ္နိမိတ္က ႀကီးမားလြန္းတာေၾကာင့္ သံနက္တိုက္ပြဲဝင္ခႏၶာကိုယ္ရဲ႕ ေပ်ာက္ဆုံးေနတဲ့ အစိတ္အပိုင္းကို႐ွာဖို႔က မလြယ္ကူပါဘူး။

သံနက္တိုက္ပြဲဝင္ခႏၶာကိုယ္ရဲ႕ ၿပီးျပည့္စုံတဲ့အစိတ္ပိုင္းက တိုက္ခိုက္ေရးလက္နက္၊ ဒါမွမဟုတ္ ထူးကဲလက္နက္တစ္ခုလိုျဖစ္ႏိုင္ပါတယ္။

ဒါက မျပည့္စုံေသးတဲ့အတြက္ ျဖစ္ႏိုင္ေခ်ေတြအမ်ားႀကီး႐ွိေနလို႔ပါ။

ခ်ဴးယြန္ရဲ႕ ျပတ္သားတဲ့အမူအရာကိုျမင္ၿပီးေနာက္ ေဟာ္ထ်ဲ႐ွင္းက ဘာမွမေျပာေတာ့ပါဘူး။ စာလိပ္ကို လက္ခံကာ ၾကည့္႐ႈၿပီးေနာက္ သူခ်က္ခ်င္းပဲ မ်က္ေမွာင္ၾကဳတ္လိုက္ပါၿပီ။
" ခ်ဴးယြန္… ဒါက ထိပ္တန္းခႏၶာကိုယ္သန္႔စင္နည္းဆိုေပမယ့္ အဆင့္နိမ့္ပဲ… ဒါရဲ႕ ၿပီးျပည့္စုံတဲ့ စာလိပ္ကို ႐ွာေဖြမယ့္အစား အျခားတိုက္ပြဲစြမ္းရည္တစ္ခုကိုေပးမယ္ဆိုရင္ေရာ… ဒါက အဆင့္တူတိုင္ပြဲစြမ္းရည္တစ္ခုျဖစ္ၿပီး ထူးကဲတိုက္ပြဲစြမ္းရည္နဲ႔ေတာင္ ယွဥ္ႏိုင္ေစလိမ့္မယ္… မင္းဘယ္လိုထင္လဲ"

ေဟာ္ထ်ဲ႐ွင္းရဲ႕ အျမင္မွာ ၿပီးျပည့္စုံတဲ့ ထိပ္တန္းတိုက္ပြဲစြမ္းရည္အတြက္ ဒီေလာက္ဒုကၡခံစရာမလိုပါဘူး။

ဒီအစား သူက ခ်ဴးယြန္ကို ပိုၿပီးအစြမ္းထက္တဲ့ တိုက္ပြဲစြမ္းရည္ကို ေပးႏိုင္ပါတယ္။

ထူးကဲအဆင့္တိုက္ပြဲစြမ္းရည္ဆိုရင္ေတာင္ သူျငင္းပယ္မွာ မဟုတ္ပါဘူး။

ခ်ဴးယြန္က အလြန္စိတ္လႈပ္႐ွားသြားေပမယ့္ သူ႕ခံစားခ်က္ေတြကို အျမန္ဖိႏွိပ္လိုက္ပါတယ္။

ေနာက္ၿပီး သံနက္တိုက္ပြဲဝင္ခႏၶာကိုယ္က သူနဲ႔အေတာ္သင့္ေလ်ာ္ပါတယ္။ ဒါကိုေလ့က်င့္ဖို႔ သူက အျခားတိုက္ပြဲစြမ္းရည္ကိုေတာင္ စြန္႔ပစ္ခဲ့ရတာပါ။

အျခားခႏၶာကိုယ္သန္႔စင္ျခင္း တိုက္ပြဲစြမ္းရည္ေတြက သူနဲ႔ အခုေလာက္လိုက္ဖက္ဖို႔ မေသခ်ာပါဘူး။

"ေက်းဇူးတင္ပါတယ္ ဦးေလး… ဒါေပမယ့္ ဒီတိုက္ပြဲစြမ္းရည္က ငါနဲ႔အရမ္းသင့္ေတာ္တာမို႔ ၿပီးျပည့္စုံတဲ့ပုံစံကိုပဲ လိုခ်င္ပါတယ္"
ခ်ဴးယြန္က ကူကယ္ရာမဲ့စြာနဲ႔ လိမ္ညာေျပာဆိုလိုက္ရပါတယ္။

ေဟာ္ထ်ဲ႐ွင္း ေခါင္းညိတ္လိုက္ပါတယ္။ ခ်ဴးယြန္က စိတ္ပိုင္းျဖတ္ထားတာမို႔ သူဆက္ၿပီးမဆြဲေဆာင္ေတာ့ပါဘူး။

"အကိုခ်ဴး… မင္းရဲ႕ေတာင္းဆိုမႈက မနိမ့္လြန္းဘူးလား… ဒီလိုတိုက္ပြဲစြမ္းရည္ကို ဘယ္ႏွယ့္လုပ္ၿပီး ေတာင္းႏိုင္ရတာလဲ… ေဆးလုံးေတြ၊ လွ်ိဳ႕ဝွက္ပညာရပ္ေတြနဲ႔ ဝိညာဥ္လက္နက္ေတြ မင္းလိုခ်င္လား"
ေဟာ္႐ႊင္းက မေနႏိုင္ေတာ့ဘဲ အျမန္ေျပာလိုက္ပါတယ္။

ဒီေတာင္းဆိုမႈက သူ႕ကို မ်က္ႏွာပ်က္ေစပါတယ္။ သူ႕ရဲ႕လိုအပ္ခ်က္က နည္းပါးလြန္းတယ္။

"မလိုေတာ့ပါဘူး"
ခ်ဴးယြန္ ျပဳံးလိုက္ပါတယ္။ သူက ေလာဘႀကီးတက္ေပမယ့္ သူ႕သူငယ္ခ်င္းေတြအေပၚမွာေတာ့ မဟုတ္ပါဘူး။

ဒါက သူ႕ရဲ႕အေျခခံကိုယ္က်င့္တရားပါ။

သူက ဘာမွမေပးရေသးဘဲ အမ်ားႀကီးယူလိုက္မိရင္ အျပစ္႐ွိသလို ခံစားေနရပါလိမ့္မယ္။

ေနာက္ၿပီး ေဟာ္အိမ္ေတာ္နဲ႔ မိတ္ေဆြဖြဲ႕ထားျခင္းက ေရ႐ွည္မွာ အက်ိဳးပို႐ွိေစမွာပါ။ ေဟာ္အိမ္ေတာ္က သူ႕အေပၚ ေက်းဇူးေႂကြးတင္ေနရင္ ဒါက တကယ္‌ေကာင္းပါတယ္။

"ငါရတာနဲ႔ တစ္ေယာက္ကို ခ်က္ခ်င္းလႊတ္လိုက္မယ္"
ေဟာ္ထ်ဲ႐ွင္းက ေခါင္းညိတ္ၿပီး ေဟာ္႐ႊင္းကို ထူးျခားစြာၾကည့္လိုက္ပါတယ္။

ဒီေကာင္ေလးက အလြန္ေမာက္မာၿပီး အေပါင္းအသင္းေတြနဲ႔ ေပ်ာ္ပါးရတာကို သေဘာက်သူပါ။ သူက ေလ့က်င့္ဖို႔လည္း စိတ္မဝင္စားပါဘူး။

သူ႕ရဲ႕ အေနအထားေၾကာင့္လည္း ဘယ္သူ႕ကိုမွ ေလးစားမႈမ႐ွိခဲ့ပါ။

ဒါေပမယ့္ ခ်ဴးယြန္အေ႐ွ႕မွာေတာ့ သူက ေနာက္လိုက္တစ္ေယာက္လို ေလးစားမႈ အလြန္႐ွိခဲ့ပါတယ္။

ဒါေၾကာင့္ပဲ ေဟာ္ထ်ဲ႐ွင္းအေနနဲ႔ ခ်ဴးယြန္ကို အနည္းငယ္ပိုေလးစားသြားမိပါၿပီ။

ေဟာ္႐ႊင္းလိုလူကို ႏွလုံးသားထဲက ေလးစားသြားေစဖို႔ဆိုတာက မလြယ္ကူပါဘူး။

ခ်ဴးယြန္ရဲ႕ စြမ္းရည္ေတြက အံ့အားသင့္စရာေကာင္းၿပီး သူ႕ရဲ႕ကြၽမ္းက်င္မႈက အျခားသူေတြကို ဖိႏွိပ္ႏိုင္ပါတယ္။ သူ႕ရဲ႕စိတ္သေဘာထားကလည္း မဆိုးေတာ့ ထိုေကာင္ေလးက ခ်ဴးယြန္ဆီကေန သင္ယူႏိုင္ဖို႔ ေမွ်ာ္လင့္ရပါတယ္။

ဒါကိုေတြးၿပီးေနာက္ ေဟာ္ထ်ဲ႐ွင္းရဲ႕မ်က္ႏွာက ျပဳံးသြားခဲ့ပါၿပီ။

……………

"မင္းအတြက္ က်င့္ၾကံျခင္းလမ္းစဥ္ကို ငါဆုံးျဖတ္ၿပီးၿပီ"
ခ်ဴးယြန္က တည္ၿငိမ္စြာနဲ႔ ျခံဝင္းအလယ္မွာ ရပ္ေနလို႔ပါ။

ေဟာ္က်ားရဲ႕ မ်က္လုံးက ေတာက္ပတဲ့အလင္းေတြ ထြက္ေပၚလာၿပီး ေပ်ာ္႐ႊင္စြာနဲ႔ ေျပာလိုက္ပါတယ္။
"ငါအဆင္သင့္ျဖစ္ၿပီ"

"ခႏၶာကိုယ္သန္႔စင္ျခင္းအျပင္ သိုင္းဝိညာဥ္လို အရာတစ္ခုကိုပါ ငါလႊဲေျပာင္းေပးမယ္… ဒါက မင္းအတြက္ အရမ္းအသုံးဝင္လိမ့္မယ္"
ခ်ဴးယြန္ရဲ႕ စကားေတြက မိုးၿခိမ္းသံလို ဟိန္းထြက္လာခဲ့ပါတယ္။

"သိုင္းဝိညာဥ္လား"
ေဟာ္က်ား တံေတြးတစ္ခ်က္ၿမိဳခ်ၿပီး အတည္ျပဳေမးၾကည့္လိုက္ပါတယ္။

"အမွန္ပဲ"
ခ်ဴးယြန္ ေခါင္းညိတ္လိုက္ပါတယ္။ ခ်ဴးယြန္က သူ႕လက္ကိုဆန္႔ကာ တိုတမ္အရင္းအျမစ္ကို ထုတ္ယူၿပီး ႀကီးမားတဲ့ အစိမ္းေရာင္မီးလွ်ံေတြ ေတာက္ေလာင္ေနတဲ့ ဓါးႀကီးတစ္လက္ကို ျဖစ္ေပၚေစလိုက္ပါၿပီ။

ဒီဓါးႀကီးက အလြန္ႀကီးမားၿပီးထူထဲပါတယ္။ ဓါးဖ်ားက ခြၽန္ထက္မႈမ႐ွိေပမယ့္ ဒါကေလထဲမွာ ႐ွိေနခ်ိန္ အစြမ္းထက္တဲ့ အ႐ွိန္အဝါေတြ ထြက္ေပၚေနလို႔ပါ။

"ဟြား… သန္မာလိုက္တာ"
ေဟာ္႐ႊင္း မ်က္လုံးျပဴးသြားခဲ့ပါတယ္။
"ဒါက မင္းရဲ႕သိုင္းဝိညာဥ္လား"

"ဟင့္အင္း… ဒါက သိုင္းဝိညာဥ္မဟုတ္တဲ့ သိုင္းဝိညာဥ္လိုအရာတစ္ခုပဲ… သူ႕ရဲ႕ အရင္းျမစ္စြမ္းအင္ကို လႈံ႕ေဆာ္ႏိုင္သ၍ ဒါကို အသုံးျပဳႏိုင္လိမ့္မယ္"

ခ်ဴးယြန္က လက္ညိဳးတစ္ခ်က္ၫႊန္လိုက္ၿပီး အစိမ္းေရာင္မီးလွ်ံေတြနဲ႔ ဓါးႀကီးကို ေဟာ္က်ားရဲ႕အေ႐ွ႕မွာ ဆင္းသက္ေစလိုက္ပါတယ္။
"မင္းရဲ႕ခႏၶာကိုယ္ကို ေလ့က်င့္ရင္း ဒီဓါးႀကီးနဲ႔ပါ ေလ့က်င့္ရမယ္… ဒါက မင္းရဲ႕သိုင္းဝိညာဥ္‌လို မဟုတ္ေပမယ့္ မင္းရဲ႕တိုက္ခိုက္ႏိုင္စြမ္းကိုေတာ့ တိုးတက္လာေစႏိုင္တယ္"

ေဟာ္က်ားလည္း တုန္ရီစြာနဲ႔ ဓါးႀကီးကို ဆြဲကိုင္လိုက္ပါၿပီ။ ဒီေနာက္ ခ်ဴးယြန္က အံ့အားသင့္စြာနဲ႔ ျပန္ၾကည့္လိုက္ပါတယ္။ သူခ်က္ခ်င္းေခါင္းညိတ္လိုက္ပါၿပီ။
"ငါလုပ္ပါမယ္"

ဒီစကားကို သူခံစားခ်က္မ်ိဳးစုံနဲ႔ ေျပာလိုက္တာပါ။

ခ်ဴးယြန္က ေခါင္းညိတ္ၿပီး အစိမ္းေရာင္မီးလွ်ံဓါးကို လက္လႊတ္လိုက္ပါတယ္။

ဒါက သူလူ႐ိုင္းေတြဆီကရလာတဲ့ တိုတမ္အရင္းအျမစ္ပါ။

ဒါက တိုတမ္အရင္းအျမစ္ျဖစ္တာေၾကာင့္ ခ်ဴးယြန္ဟာ သူအလို႐ွိတဲ့သူကို ေပးကမ္းလို႔ရခဲ့ပါတယ္။ ေဟာ္က်ားလို သိုင္းဝိညာဥ္ဆုံး႐ႈံးထားသူေတြအတြက္ေတာ့ ဒါက အသင့္ေတာ္ဆုံးပါပဲ။

"မင္းေလ့က်င့္ႏိုင္ဖို႔ နည္းလမ္းနဲ႔ ေ႐ွးေဟာင္းတိုတမ္ေကာ္လံရဲ႕ စြမ္းအားကိုေတာ့ ငါေပးႏိုင္တယ္… က်န္တာကေတာ့ မင္းအေပၚပဲ မူတည္တယ္"
ခ်ဴးယြန္က လက္ညိဳးတစ္ခ်က္ၫႊန္လိုက္တာနဲ႔ တိုတမ္အရင္းအျမစ္က ေဟာ္က်ားရဲ႕ မ်က္ခုံးႏွစ္ခုၾကားကို တိုးဝင္သြားခဲ့ပါၿပီ။

ေဟာ္က်ားလည္း အခ်က္အလက္မ်ားစြာကို လက္ခံေနရသလို သူ႕မ်က္လုံးေတြက ေၾကာင္အသြားခဲ့ပါတယ္။ တစ္နာရီခန္႔ၾကာၿပီးမွ ပုံမွန္ျပန္ျဖစ္လာခဲ့ပါေတာ့တယ္။

"ဝုန္း"
ေဟာ္က်ားက သူ႕လက္ဝါးကို ျဖန္႔လိုက္တာနဲ႔ အစိမ္းေရာင္မီးလွ်ံေတြ ႐ုတ္တရက္ထြက္ေပၚလာခဲ့ပါၿပီ။ မီးလွ်ံေတြရဲ႕ အလယ္မွာေတာ့ ႀကီးမားတဲ့ဓါးႀကီးတစ္လက္႐ွိေနလို႔ပါ။

"ေနာက္ဆုံးေတာ့ ငါ့စြမ္းအားေတြ ျပန္ရလာခဲ့ၿပီ"
ေဟာ္က်ား အက္ကြဲေနတဲ့အသံနဲ႔ ေျပာၿပီး မ်က္ရည္ေတြစီးက်လာခဲ့ပါတယ္။

ဒါေပမယ့္ မၾကာခင္မွာပဲ မ်က္ရည္ေတြကိုသုတ္ကာ စိတ္လႈပ္႐ွားမႈအားလုံးကို လႈံ႕ေဆာ္မႈအျဖစ္ ေျပာင္းပစ္လိုက္ပါၿပီ။

"အစိမ္းေရာင္မီးလွ်ံဓါး ေ႐ွးေဟာင္းတိုတမ္ေကာ္လံ"
ေဟာ္က်ား လက္သီးဆုပ္ၿပီး ခပ္တိုးတိုးေရ႐ႊတ္လိုက္ပါတယ္။

"စိတ္ၿငိမ္ၿငိမ္ထားပါ… ငါမင္းရဲ႕ ခႏၶာကိုယ္သန္႔စင္နည္းလမ္းကိုသင္ေပးမယ္"
ခ်ဴးယြန္ ေဟာ္က်ားကို တည္ၿငိမ္ေစလိုက္ပါတယ္။

"အင္း"
ေဟာ္က်ား ေခါင္းညိတ္လိုက္ပါတယ္။ ဒါေပမယ့္ သူစိတ္လႈပ္႐ွားေနမႈကို ထိန္းခ်ဳပ္လို႔ မရေသးပါဘူး။

ခ်ဴးယြန္က လူ႐ိုင္းေတြရဲ႕ ခႏၶာကိုယ္သန္႔စင္နည္းကို လႊဲေျပာင္းေပးလိုက္ပါတယ္။

ဒီခႏၶာကိုယ္သန္႔စင္နည္းနဲ႔ သူက ေကာင္းကင္ဘုံသို႔တက္လွမ္းျခင္းနယ္ပယ္အထိ သြားႏိုင္ပါလိမ့္မယ္။ ေကာင္းကင္ဘုံသို႔ တက္လွမ္းျခင္းနယ္ပယ္ကိုေရာက္ရင္ေတာ့ သူအလို႐ွိတဲ့ တိုက္ပြဲစြမ္းရည္ကို ေလ့က်င့္လို႔ရပါၿပီ။

လူ႐ိုင္းေတြရဲ႕ ခႏၶာကိုယ္သန္႔စင္နည္းက အလြန္ရက္စက္ၾကမ္းၾကဳတ္ၿပီး တိုက္႐ိုက္ဆန္ပါတယ္။ သာမန္သိုင္းသမားေတြ ေလ့က်င့္ရဲတာမ်ိဳး မဟုတ္ပါဘူး။

ဒါေပမယ့္ ေဟာ္က်ားအတြက္ေတာ့ မတူေတာ့ပါေပ။ သူက က်င့္ၾကံျခင္းအေျခခံကို ျပန္ဖို႔ အလြန္စိုင္းျပင္းေနခဲ့ပါၿပီ။

အခ်ိန္ေတြ တျဖည္းျဖည္းကုန္လြန္သြားၿပီးေနာက္ မၾကာခင္မွာပဲ ခုနစ္ရက္တာ ၾကာျမင့္သြားခဲ့ပါတယ္။

ဒီအေတာအတြင္းမွာ ေဟာ္ထ်ဲ႐ွင္းက မၾကာခဏလာၾကည့္ခဲ့ပါတယ္။ အခ်ိန္တိုင္းမွာ ေဟာ္က်ားရဲ႕ တိုးတက္မႈေတြကို ျမင္လာခဲ့ရတာမို႔ သူ႕ရဲ႕စိတ္အေျခအေနက ပိုမိုေကာင္းမြန္လာခဲ့ပါေတာ့တယ္။

ခုနစ္ရက္ၾကာၿပီးေနာက္မွာေတာ့ ခ်ဴးယြန္က ထြက္ခြာသြားဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

သူတတ္ႏိုင္သမွ်ေတာ့ သင္ၾကားေပးခဲ့ပါၿပီ။

ခႏၶာကိုယ္သန္႔စင္သူအေနနဲ႔ ေအာင္ျမင္မႈရလာမယ္၊မလာဘူးကေတာ့ ေဟာ္က်ားအေပၚမွာပဲ မူတည္ပါတယ္။

ခ်ဴးယြန္ထြက္ခြာသြားမယ္ဆိုေတာ့ ေဟာ္ထ်ဲ႐ွင္းက အတင္းၾကပ္ေတာ့ မတားျမစ္ခဲ့ပါဘူး။ ဒီအစား သူက ႏႈတ္ဆက္ပြဲႀကီး က်င္းပေပးခဲ့ပါတယ္။

ထိုပြဲကို မ်ိဳးဆက္သစ္က ေကာင္းကင္ဂုဏ္ေဆာင္ပါရမီ႐ွင္ေတြ လာေရာက္ခဲ့ၾကၿပီး ေဟာ္႐ႊင္းကလည္း ခ်ဴးယြန္ကို အင္အားစုႀကီးေတြနဲ႔ မိတ္ဆက္ေပးခဲ့ပါတယ္။

ခ်ဴးယြန္ရဲ႕ အေနအထားကိုျမင္ၿပီးေနာက္ ေကာင္းကင္ဂုဏ္ေဆာင္ပါရမီ႐ွင္ေတြရဲ႕ မ်က္လုံးေတြက ေတာက္ပလာခဲ့ပါေတာ့တယ္။

ေယာက္ခ်ီျမင့္ျမတ္တိုင္းျပည္ရဲ႕ သခင္ေလးေဟာ္႐ႊင္းကို ေလးစားေစႏိုင္သူက သာမန္လူတစ္ေယာက္ ဘယ္လိုျဖစ္ႏိုင္မွာလဲ။

ထိုစဥ္က ခ်ဴးယြန္ကို စိတ္အေႏွာင္အယွက္ေပးတဲ့ ေမးခြန္းမ်ားစြာကို ဆက္တိုက္ေမးျမန္းခဲ့တဲ့ အမ်ိဳးသမီးေတြေတာင္ ႐ွ္ိ‌ခဲ့ပါေသးတယ္။

ကံေကာင္းေထာက္မစြာနဲ႔ ခ်ဴးယြန္က အေျခအေနေတြကို ကိုင္တြယ္တဲ့ေနရာမွာ ကြၽမ္းက်င္ၿပီးသားပါ။ သူက ႂကြယ္ဝတဲ့ ဗဟုသုတေတြနဲ႔ ဘယ္အေျခအေနမွာမဆို ေကာင္းစြာေျပာဆိုႏိုင္ပါတယ္။

သူက ဟာသေတြကို ေျပာဆိုရင္ ထိုမိန္းကေလးေတြကိုေတာင္ ရယ္ေမာေစႏိုင္ခဲ့ပါေသးတယ္။

အခ်ိန္ၾကာလာတာနဲ႔ မိန္းကေလးေတြရဲ႕ ခ်ဴးယြန္ကိုၾကည့္တဲ့ မ်က္လုံးထဲမွာ ေလးစားမႈေတြ ျပည့္ႏွက္လာခဲ့ပါေတာ့တယ္။

"အကိုခ်ဴးယြန္ဆီက ငါသင္ယူရေတာ့မယ္"
ေဟာ္႐ႊင္းကေတာ့ အရက္ေတြအလြန္အကြၽံေသာက္ၿပီး ခ်ဴးယြန္အေနာက္ကေန ကပ္လိုက္ေနခဲ့ပါတယ္။

ခ်ဴးယြန္ရဲ႕ နည္းလမ္းေတြကိုျမင္ၿပီးမွ သူအရင္ ေကာင္မေလးေတြကိုဆြဲေဆာင္တဲ့ နည္းလမ္းေတြက မဆင္မျခင္လုပ္ရာက်မွန္း သိလာခဲ့ပါတယ္။

"သင္မႈဆိုတာ ေနာက္က်တယ္မ႐ွိပါဘူးကြာ"
ခ်ဴးယြန္က သူ႕ရဲ႕အရက္ခြက္ကို အရက္ျဖည့္ရင္း ေဟာ္႐ႊင္းရဲ႕ပုခုံးကို အဓိပၸာယ္႐ွိစြာ ပုတ္လိုက္ပါတယ္။

ေဟာ္႐ႊင္းလည္း ခ်က္ခ်င္းရင္ဘက္ကိုပုတ္ကာ ေျပာလိုက္ပါၿပီ။
"အခုကစၿပီး ခ်ဴးယြန္က ငါ့အကိုပဲ… သူ႕ကိုဆန္႔က်င္ဘက္ျပဳတာက ငါေဟာ္႐ႊင္းကို ဆန္႔က်င္တာပဲ"

ေဟာ္က်ားကလည္း အနည္းငယ္မူးေဝေနလို႔ပါ။ သူကလည္း ခ်ဳးယြန္လက္ကိုဆြဲကာ ေျပာလိုက္တယ္။
"ငါကလည္း သူေျပာတဲ့အတိုင္းပဲကြ"

ေဟာ္ထ်ဲ႐ွင္းကေတာ့ သူတို႔ကိုမတားဆီးဘဲ ျပဳံးျပဳံးႀကီးနဲ႔ ၾကည့္ေနခဲ့ပါတယ္။

ခ်ဴးယြန္လိုလူနဲ႔ မိတ္ေဆြဖြဲ႕ႏိုင္တာက သူ႕သားႏွစ္ေယာက္အတြက္ ကံေကာင္းျခင္းပါ။

အဆင့္အတန္းမွာေတာ့ ခ်ဴးယြန္က သာမန္ပါ။ ဒါေပမယ့္ စစ္မွန္တဲ့ မိတ္ေဆြေတြအတြက္ အဆင့္တန္း၊အနိမ့္၊အျမင့္မ႐ွိပါဘူး။

ဒါကိုျမင္ၿပီးေနာက္ အထူးေ႐ြးခ်ယ္ခံေတြဟာ တုန္လႈပ္ကုန္ၾကပါတယ္။ ခ်ဴးယြန္က ေဟာ္အိမ္ေတာ္အတြက္ ဒီေလာက္ေရးပါမယ္လို႔ ထင္မထားခဲ့ၾကပါဘူး။

ဟုတ္ပါတယ္။ သူတို႔က ေဟာ္က်ားျပန္လည္ကာ ေလ့က်င့္ႏိုင္ၿပီဆိုတာကို မသိေသးပါ။

မဟုတ္ရင္ ဒီလိုသံသယေတြ႐ွိမွာ မဟုတ္ပါဘူး။

ႏႈတ္ဆက္ပြဲၿပီးေနာက္ ေဟာ္ထ်ဲ႐ွင္းက ခ်ဴးယြန္ကို အဆင့္ျမင့္ဝိညာဥ္လက္နက္ကို ေပးကမ္းလိုက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။

ဒါက အဆင့္ျမင့္ဝိညာဥ္လက္နက္တစ္ခုျဖစ္ၿပီး ေဖာ္ျပဖို႔ေတာင္ မထိုက္တန္ေပမယ့္ ခ်ဴးယြန္အတြက္ေတာ့ အလြန္အေရးပါပါတယ္။

ဒါက လီဗာထဲရစ္လို႔ေခၚတဲ့ ေျခေထာက္မွာ ခ်ည္ေႏွာင္ရတဲ့ ႀကိဳးတစ္စုံျဖစ္ၿပီး ဒါကို ခ်ည္ေႏွာင္လိုက္တာနဲ႔ အျမန္ႏႈန္းကို အမ်ားႀကီး တိုးလာေစပါလိမ့္မယ္။

အပိုင္း ( 872 ) ခန္းမကိုသန္႔႐ွင္းျခင္း

ခ်ဴးယြန္ဟာ မူလက လီဗာထဲရစ္ကို ျငင္းဆန္ခ်င္ေပမယ့္ ေဟာ္႐ႊင္းက ခ်က္ခ်င္းထိုင္ခ်ကာ သူ႕ေျခေထာက္မွာ ကိုယ္တိုင္ခ်ည္ေႏွာင္ေပးလိုက္ပါတယ္။

မူးမူးနဲ႔ လုပ္ကိုင္ေနတဲ့ ေဟာ္႐ႊင္းကိုၾကည့္ၿပီး ခ်ဴးယြန္ဟာ ခါးသီးစြာ ရယ္ေမာလိုက္ပါၿပီ။ သူ႕အေနနဲ႔ ဒါကိုျငင္းဆန္ခ်င္ရင္ေတာင္ မရေတာ့ပါဘူး။

ေနာက္တစ္ေန႔မနက္ ေဟာ္အိမ္ေတာ္ရဲ႕ တံခါးဝမွာ…

ခ်ဴးယြန္က ေဟာ္က်ားရဲ႕အေ႐ွ႕မွာရပ္ၿပီး သူ႕ရဲ႕က်င့္ၾကံျခင္းနဲ႔ ပတ္သတ္တာေတြကို ႐ွင္းျပေပးေနခဲ့ပါတယ္။

ေဟာ္က်ားရဲ႕ မ်က္ႏွာအမူရာကေတာ့ ေလးနက္ေနလို႔ပါ။ ခ်ဴးယြန္႐ွင္းျပတာေတြက သူ႕ရဲ႕အေတြ႕အၾကဳံေတြကို အေျခခံထားတာေၾကာင့္ ေဟာ္က်ားအတြက္ အလြန္အသုံးဝင္ပါတယ္။

ေဟာ္ထ်ဲ႐ွင္းက ျပဳံး႐ႊင္ေနတဲ့ မ်က္ႏွာနဲ႔ ႐ွိေနလို႔။
က်ားအာ ျပန္လည္တည္ၿငိမ္လာတာကို ျမင္ရ‌တာေလာက္ သူ႕အတြက္ အေရးႀကီးတာမ႐ွိေတာ့ပါဘူး။

သူ႕သားႏွစ္ေယာက္လုံးက လူေတြၾကားထဲက နဂါးေတြပါ။

ထိုႏွစ္က ေဟာ္္က်ားရဲ႕ သိုင္းဝိညာဥ္ဟာ ဟြာေဖးလုံေၾကာင့္ ပ်က္ဆီးသြားခဲ့ၿပီးေနာက္ သူ႕စိတ္ထဲမွာ စိတ္နတ္ဆိုးကို ျဖစ္ေပၚေစခဲ့ပါတယ္။

ခ်ဴးယြန္ကေတာ့ အံ့အားသင့္စရာ ေကာင္းေလာက္ေအာင္ စိတ္နတ္ဆိုးကို ပယ္သတ္ၿပီး မီးပြားကို ျပန္လည္ျဖစ္ေပၚေစႏိုင္ခဲ့ပါတယ္။

"မင္းအကုန္မွတ္မိၿပီလား"
တစ္နာရီခန္႔ၾကာၿပီးေနာက္ ခ်ဴးယြန္ေမးလိုက္ပါတယ္။

"ငါမွတ္မိၿပီ အကိုယြန္"
ေဟာ္က်ားက ႐ိုးသားစြာ ေျပာလိုက္ပါတယ္။ သူက ခ်ဴးယြန္ထက္ အသက္ႀကီးေပမယ္လည္း ေလးစားစြာနဲ႔ "အကိုယြန္"လို႔ ေခၚေနဆဲပါ။

ခ်ဴးယြန္ဟာ ခဏၾကာ ဘာေျပာရမွန္းမသိေတာ့ပါဘူး။

ေဟာ္က်ားေရာ ေဟာ္႐ႊင္းပါ ဒဲ့ဒိုးဆန္တဲ့ လူေတြပါ။ သူ႕ကို အလြန္ေလးစားေနၿပီမို႔ "အကိုယြန္"လို႔ေခၚဖို႔ ဆႏၵ႐ွိခဲ့ၾကပါတယ္။

"ေကာင္းၿပီ… ‌ငါတို႔ ေနာက္မွျပန္ေတြ႕ၾကတာေပါ့"
ခ်ဴးယြန္ ေတာက္ပစြာျပဳံးၿပီး ေခါင္းညိတ္လိုက္ပါတယ္။

"ေနဦး… ငါလည္းမင္းနဲ႔လိုက္မယ္"
ေဟာ္႐ႊင္းက ခ်က္ခ်င္းေျပာလိုက္ပါတယ္။

"ငါနဲ႔ ဘာလိုက္လုပ္မွာလဲဟ… လွည့္ကင္းခန္းမရဲ႕ က်င့္ၾကံရတဲ့ေနရာေတြက ဒီမွာေလာက္မေကာင္းဘူးေလ"
ခ်ဴးယြန္ ခါးသီးစြာရယ္ေမာလိုက္ပါတယ္။‌ ေဟာ္႐ႊင္းကို အလြန္မူးေနတာမို႔ ေန႔လယ္အထိ အိပ္စက္ေနဖို႔ ေမွ်ာ္လင့္ထားေပမယ့္ ဒီေလာက္အေစာႀကီးႏိုးလာမယ္လို႔ ထင္မထားခဲ့ပါဘူး။

"ငါဒီမွာေနရတာ ပ်င္းလာၿပီဟ"

"ေနာက္ၿပီး အကိုယြန္ရဲ႕ေဘးမွာ ေလ့က်င့္တာက ပိုထိေရာက္ႏိုင္တယ္မဟုတ္လား"
ေဟာ္႐ႊင္းက သိသိသာသာကို ေျမႇာက္ပင့္ေျပာဆိုလိုက္ပါတယ္။

ဒါကိုၾကားၿပီးေနာက္ ေဟာ္ထ်ဲ႐ွင္းေတာင္ မ်က္လုံးျပဴးသြားခဲ့ပါတယ္။

ဒီေလာက္ ႏွစ္ေတြအၾကာႀကီးမွာ ထိုေကာင္စုတ္ေလးက အလြန္ေမာက္မာခဲ့သူပါ။ အခုလို မ်က္ႏွာေတာင္ တစ္ခ်က္မရဲဘဲ တည္ၿငိမ္စြာေျပာဆိုလာတာက တကယ္ထူးျခားပါတယ္။

"ေအးပါကြာ… ဒါဆိုရင္လည္း လိုက္ခဲ့ေပါ့"
ခ်ဴးယြန္ အနည္းငယ္ ကူကယ္ရာမဲ့သြားခဲ့ပါတယ္။ ေဟာ္႐ႊင္းက ဆုံးျဖတ္ခ်က္ခ်ၿပီးေနခဲ့ပါၿပီ။ ဒါေၾကာင့္ သူဘယ္လိုေျပာေျပာ အသုံးဝင္မွာ မဟုတ္ပါဘူး။

ဒါေၾကာင့္မို႔ သူ႕ကိုလိုက္ပါေစဖို႔သာ တတ္ႏိုင္ပါတယ္။

ေနာက္ၿပီး ေဟာ္႐ႊင္းရဲ႕ ဗဟုသုတ၊အသိပညာေတြက သူ႕အတြက္ အသုံးဝင္ပါတယ္။ ေကာင္းကင္ဘုံခုံ႐ုံးအေပၚမွာ သူ႕ရဲ႕နားလည္ႏိုင္စြမ္းက နိမ့္က်ေနဆဲပါ။ ေဟာ္႐ႊင္းကို အနားမွာေခၚထားႏိုင္ရင္ သူမ်ားစြာ သင္ယူႏိုင္ပါလိမ့္မယ္။

ေနာက္ၿပီး သူ႕မွာ အႏၲရာယ္ေတြ႐ွိလာရင္ေတာင္ ေဟာ္႐ႊင္းရဲ႕အဆင့္အတန္းက အတားဆီးတစ္ခု ျဖစ္လာခဲ့မွာပါ။

ထြက္ခြာသြားတဲ့ လူငယ္ႏွစ္ေယာက္ကိုၾကည့္ကာ ေဟာ္က်ားရဲ႕ မ်က္လုံးေတြက ေတာက္ပလာခဲ့ပါတယ္။
"အေဖ… ဒီလိုေန႔မ်ိဳး ႐ွိလာမယ္လို႔ တစ္ခါမွ ေတြးမထားခဲ့မိဘူး"

"မင္းမွာ စိတ္နတ္ဆိုး႐ွိေသးလား"
ေဟာ္ထ်ဲ႐ွင္းက စိုးရိမ္စြာနဲ႔ ေမးလိုက္ပါတယ္။

"အင္း… ဒါေပမယ့္ တစ္ရက္ေတာ့ ကြၽန္ေတာ္ကိုယ္တိုင္ ဖ်က္ဆီးမွာပါ"
ေဟာ္က်ားက ေလးနက္စြာ ေခါင္းညိတ္လိုက္ပါတယ္။ သူ႕မ်က္လုံးထဲမွာေတာ့ တိုက္ခိုက္ခ်င္စိတ္ေတြ ျပည့္ႏွက္ေနလို႔။

ဟြာေဖးလုံ… ငါျပန္လာႏိုင္မယ္လို႔ မင္းမထင္ထားဘူးမဟုတ္လား။

ဒီတစ္ခါ ငါျပန္လာတဲ့အခ်ိန္ အရင္ကထက္ပိုသန္မာလာလိမ့္မယ္။

ငါအရင္က ခံစားခဲ့ရတဲ့ အ႐ွက္တရားေတြအတြက္ ေသခ်ာေပါက္ လက္စားေခ်မယ္။

မင္းေခြးေကာင္ ငါ့ကိုေစာင့္ေနပါ။

……………

သူတို႔ႏွစ္ဦး ေလာ့ဖူၿမိဳ႕ကို ျပန္ေရာက္လာခဲ့ပါၿပီ။

ေလာ့ဖူၿမိဳ႕ေတာ္က အရင္ထက္ပိုၿပီး သက္ဝင္လႈပ္႐ွားလာခဲ့ပါတယ္။ ၿမိဳ႕ထဲက ပါရမီ႐ွင္မ်ားစြာကလည္း လွည့္ကင္းခန္းမကို အေျပးအလႊားသြားေရာက္ကုန္ပါတယ္။

ဒါက ခ်ဴးယြန္ရဲ႕ တည္႐ွိမႈေၾကာင့္ပါ။

ခ်ဴးယြန္က နဂါးဂိတ္ညီလာခံမွာ အေျခအေနေကာင္းဖို႔ ေကာလဟာလေတြလည္း ထြက္ေပၚေနခဲ့ပါတယ္။ ဒီအခါက်ရင္ လွည့္ကင္းခန္းမကို ေနာက္ကြယ္က အင္အားစုေတြက ေထာက္ပံ့ေပးေတာ့မွာပါ။

ဒါကိုၾကားၿပီးေနာက္ ခ်ီတုံခ်တုံျဖစ္ေနတဲ့ ပါရမီ႐ွင္ေတြဟာ လွည့္ကင္းခန္းမကို အလုအယက္သြားၾကပါေတာ့တယ္။

ဝင္မယ္ဆိုရင္ အေစာႀကီးကတည္းက ဝင္သင့္ပါတယ္။ လွည့္ကင္းခန္းမက ေကာင္းကင္ကိုပ်ံတက္သြားၿပီးမွ ဝင္ေရာက္ခ်င္ရင္ သိပ္ၿပီးအာ႐ုံစိုက္ခံရမွာ မဟုတ္ေတာ့ပါဘူး။

ဟုတ္ပါတယ္။ ဒီအျပင္ အျခားေကာလဟာလေတြလည္း ႐ွိေနပါေသးတယ္။

ဒါကေတာ့ ခ်ဴးယြန္လွည့္ကင္းခန္းမကို ေရာက္လာတာဟာ လွည့္ကင္းခန္းမမွာ လွ်ိဳ႕ဝွက္ရတနာေတြ ႐ွိေနလို႔ပါ။

သူဒီမွာေနေနရတာက လွည့္ကင္းခန္းမရဲ႕ ရတနာေတြကို လက္ဝါးႀကီးအုပ္ႏိုင္ဖို႔ လွည့္ကင္းခန္းမ ျပန္ျမင့္တက္လာမယ့္အခ်ိန္ကို ေစာင့္ေနခဲ့တာပါ။

မဟုတ္ရင္ ဒီေလာက္မ်ားျပားတဲ့ အင္အားစုေတြရဲ႕ ရက္ေရာမႈေတြကို ဘယ္လိုျငင္းဆန္ႏိုင္မွာလဲ။

ဒါကိုၾကည့္ရင္ ပုံမွန္မဟုတ္တာ သိပါလိမ့္မယ္။

ဒီလိုနဲ႔ ေကာလဟာ‌လေတြကလည္း အမ်ိဳးမ်ိဳးထြက္ေပၚေနပါေတာ့တယ္။

"အကို… မင္းလည္း လွည့္ကင္းခန္းမကို သြားမလို႔လား"

"ေအးေလကြ… မၾကာေသးခင္ကမွ လွည့္ကင္းခန္းမရဲ႕ စမ္းသပ္မႈေတြက ပိုခက္ခဲလာတယ္… သူေတာ္စင္နယ္ပယ္က ထူးခြၽန္တဲ့သူေတြေတာင္ က်႐ႈံးခဲ့ၾကတယ္"

ခ်ဴးယြန္နဲ႔ ေဟာ္႐ႊင္းက ၿမိဳ႕ထဲမွာ လမ္းေလွ်ာက္ေနရင္း စားေသာက္ဆိုင္ေတြမွာ ေျပာဆိုေနတာကို ၾကားေနခဲ့ရတာပါ။

"အင္း… ဒါက ပုံမွန္ပါပဲ… ငါၾကားတာေတာ့ ခ်ဴးယြန္ကို အင္အားစုေတြအမ်ားႀကီးက ဖိတ္ေခၚလာေပမယ့္ ျငင္းဆန္ခဲ့တယ္တဲ့… အဲတာက ဘာေၾကာင့္လို႔ မင္းထင္လို႔လဲ"

"ငတုံးမွမဟုတ္တာကြာ… ဘာလွည့္ကြက္မွ မ႐ွိရင္ ထူးျခားေနမွာေပါ့"

"အင္း… ငါလွည့္ကင္းခန္းမကို သြားခ်င္တာကလည္း အဲဒီသတင္းကို ၾကားထားလို႔ပဲ… အဲဒီရတနာေတြကို ငါလည္း မွ်ေဝခံစားခ်င္တယ္ေလ"

"အင္း… လွည့္ကင္းခန္းမက ႏွစ္ေပါင္းေထာင္ခ်ီ သမိုင္းေၾကာင္း႐ွ္ိတာပဲေလ… သူတို႔က်ဆင္းသြားရင္ေတာင္ အေပၚယံေလာက္ပဲ ႐ွိဦးမွာ"

"လွ်ိဳ႕ဝွက္ရတနာလား… ဘာလွ်ိဳ႕ဝွက္ရတနာလဲဟ… ေျပာပါဦး"

ထိုသူေတြရဲ႕ စကားက အျခားသူေတြကိုပါ ဆြဲေဆာင္သြားခဲ့ပါတယ္။

လူတိုင္းက စိတ္ဝင္စားေနၿပီး သူတို႔ရဲ႕ မ်က္လုံးေတြက ေတာက္ပေနၾကလို႔ပါ။

လူေတြ ေလာဘအရမ္းႀကီးလာတဲ့အခါ အရာအားလုံးကို လ်စ္လ်ဴ႐ႈလာႏိုင္ခဲ့ၾကပါတယ္။

"အကိုယြန္… တကယ္ပဲလွ်ိဳ႕ဝွက္ရတနာ႐ွိတာလား"
ဒါေတြကိုၾကားၿပီးေနာက္ ေဟာ္႐ႊင္းက သိခ်င္စိတ္ေတြနဲ႔ ေမးလိုက္ပါတယ္။

"မင္းက အဲဒီလူေတြကို ယုံတာလား"
ခ်ဴးယြန္ ေခါင္းကိုခါယမ္းလိုက္ပါတယ္။
"ဒီမွာလွ်ိဳ႕ဝွက္ရတနာ ႐ွိပါ့မလား"

တစ္ခ်ိန္တည္းမွာပဲ ခ်ဴးယြန္ဟာ ဒါကိုကန္႔သတ္ဖို႔ ေတြးလိုက္ပါတယ္။

သူက လွည့္ကင္းခန္းမကိုလာတဲ့ ေခြး၊ေၾကာင္ေတြကို လက္ခံထားလို႔ မရပါဘူး။ ဒီလိုမေကာင္းတဲ့ စိတ္အေတြး႐ွိသူေတြကို အေစာႀကီးကတည္းက ႐ွင္းထုတ္သင့္ပါတယ္။

ေနာက္ၿပီး ထိုသူေတြက လွည့္ကင္းခန္းမကိုဝင္ၿပီး ဘာမွလည္းမသုံးတတ္ပါဘူး။

ခ်ဴးယြန္ ခ်က္ခ်င္းပဲ အေျပာင္းလဲလုပ္ဖို႔ အစီစဥ္ေတြကို ခ်မွတ္လိုက္ပါၿပီ။

အရင္တုန္းက လွည့္ကင္းခန္းမမွာ တိုင္ဂန္တိုက္ႀကီး႐ွိတာေၾကာင့္ အရင္းအျမစ္ေတြႂကြယ္ဝခဲ့ပါတယ္။ အဲဒီအခ်ိန္က ထိုသူေတြဟာ လွည့္ကင္းခန္းမကို ဝင္ေရာက္ၿပီး အရင္းအျမစ္ေတြက ေပ်ာ္႐ႊင္စြာ ခံစားခဲ့ၾကပါတယ္။

သူတို႔က တကယ့္ကို ကပ္ပါးေကာင္ေတြလို႔ ေျပာႏိုင္ပါတယ္။

သူတို႔က ဘာမွမလုပ္ဘဲ မင္းရဲ႕ေသြးေတြကိုပဲ စုပ္ယူသြားၾကမွာပါ။

မင္းက ျမင့္မားတဲ့အေျခအေနမွာ႐ွ္ိရင္ မင္းေနာက္ကို လိုက္ပါေနပါလိမ့္မယ္။

မင္းက်ဆင္းလာရင္ေတာ့ သူတို႔က ေဝးရာကိုထြက္ေျပးၾကမွာပါ။

ဒီအေျခအေနမွာ သူတို႔က လွည့္ကင္းခန္းမကို လွည့္ၾကည့္မွာေတာင္ မဟုတ္ပါဘူး။

ခ်ဴးယြန္ ေတြးလိုက္ပါတယ္။

လက္႐ွိ လွည့္ကင္းခန္းမသခင္က ခ်န္းပိနင္းဆိုေပမယ့္ သူက အားလုံးကို ေတြးထားခဲ့ၿပီးပါၿပီ။

ေနာက္ဆုံးမွာေတာ့ လွည့္ကင္းခန္းမက အေႏွးနဲ႔အျမန္ဆိုသလို သူ႕ကိုယ္ပိုင္အင္အားစု ျဖစ္လာေတာ့မွာပါ။

လွည့္ကင္းခန္းမကိုေရာက္ၿပီးေနာက္ ဝင္ခြင့္ စစ္ေဆးေရးေနရာကို ဦးတည္လိုက္ပါတယ္။

ဒါက ႀကီးမားတဲ့ရင္ျပင္ျဖစ္ၿပီး သူေတာ္စင္တစ္ရာခန္႔ ရပ္ေနၾကလို႔ပါ။ သူတို႔ထဲမွာ အမ်ားစုက ေလာ့ဖူၿမိဳ႕ေတာ္ကျဖစ္ၿပီး ေ႐ွးေဟာင္းႏိုင္ငံေတြကလည္း ပါဝင္ခဲ့ၾကပါတယ္။

သူတို႔ရဲ႕ ရည္႐ြယ္ခ်က္ေတြကေတာ့ သန္႔စင္ျခင္း မ႐ွိၾကပါဘူး။

ခ်ဴးယြန္က ထိုလူေတြကို ဂ႐ုစိုက္မေနဘဲ နန္းေတာ္ကို ဦးတည္သြားလိုက္ပါတယ္။

လူအမ်ားစုဟာ ခ်ဴးယြန္နဲ႔ ေဟာ္႐ႊင္းတို႔က ဒီအတိုင္းေက်ာ္ေလွ်ာက္သြားတာကိုျမင္ၿပီးေနာက္ မေက်မနပ္ျဖစ္ကုန္ပါေတာ့တယ္။
"ေဟ့အ႐ူးေကာင္… ငါတို႔အားလုံး တန္းစီေနၾကတာ မင္းမျမင္ဘူးလားကြ… မင္းဘာလုပ္တာလဲ… ၾကားျဖတ္တာလား"

ဒါကိုၾကားၿပီးေနာက္ ခ်ဴးယြန္ရဲ႕ မ်က္ႏွာအမူအရာက ေအးစက္သြားခဲ့ပါတယ္။ ထိုလူကို သူလွည့္ၾကည့္လိုက္ပါၿပီ။

ထိုသူေတြက ၾကမ္းၾကဳတ္တဲ့ အ႐ွိန္အဝါေတြ ထြက္ေပၚေနၾကလို႔ပါ။ ခ်ဴးယြန္က လွည့္ၾကည့္လာတာျမင္ၿပီးေနာက္ ရယ္ေမာကာ ေျပာဆိုလိုက္ပါတယ္။
"မင္းေနာက္တစ္ခါ လွည့္ၾကည့္ရဲရင္ ဒီေဖေဖက မင္းရဲ႕မ်က္လုံးေတြကို ေဖာက္ထုတ္ပစ္မယ္"

"ဟားဟားဟား"
ဒါကိုၾကားၿပီးေနာက္ အျခားသူေတြကလည္း ရယ္ေမာလိုက္ၾကပါတယ္။

ထိုလူေတြက လူေကာင္းေတြမဟုတ္တာ သိသာပါတယ္။ လွည့္ကင္းခန္းမကို ဝင္ေရာက္ခ်င္ၾကတဲ့ သူတို႔ရဲ႕ ရည္႐ြယ္ခ်က္ေတြကလည္း သန္႔စင္မႈ မ႐ွိၾကပါဘူး။

"လွည့္ကင္းခန္းမကိုဝင္ဖို႔ အရည္အခ်င္းမ႐ွိၾကဘူးပဲ"
ခ်ဴးယြန္က ေအးစက္စက္ေျပာလိုက္ၿပီး သူ႕မ်က္လုံးထဲမွာ သတ္ျဖတ္ခ်င္စိတ္ေတြ ျပည့္ႏွက္သြားခဲ့ပါတယ္။

သူက ဒီေနရာမွာတင္ တစ္ခါတည္းေျဖ႐ွင္းတာ ပိုေကာင္းတယ္။

"ခ်ီးပဲ… မင္းဘာစကားေျပာတာလဲ"
ေခါင္းေဆာင္ျဖစ္ဟန္တူသူက အထင္ျမင္ေသးမႈေတြနဲ႔ ေျပာလိုက္တယ္။
"မင္းဖိုးဖိုးက ဆန္းက်ယ္သြားမ်ား သစ္ေတာထဲက အခ်ိန္ဆက္ အဖြဲ႕ဝင္တစ္ေယာက္ေနာ္… မင္းဒီတစ္ခါ ျပန္ေျပာရဥရင္ မင္းမိသားစုတစ္ခုလုံး အသတ္ခံရမယ္ဆိုတာ ယုံလား"

"အခ်ိန္ဆက္ အဖြဲ႕လား"
ခ်ဴးယြန္ မ်က္ေမွာင္ၾကဳတ္လိုက္ပါတယ္။ ဒီနာမည္ကို သူရင္းႏွီးသလို ခံစားေနရလို႔ပါ။

"အဲတာက ႐ွပိေရာရဲ႕အဖြဲ႕ပဲ… သူတို႔က ဆန္းက်ယ္သြားမ်ားသစ္ေတာထဲမွာ နံပါတ္တစ္အဖြဲ႕စည္းလို႔ လူသ္ိမ်ားတယ္… တကယ့္အင္အားႀကီး အဖြဲ႕စည္းတစ္ခုပဲ"
ေဟာ္႐ႊင္းက
ေဟာ္႐ႊင္းက ခ်ဴးယြန္ကို ႐ွင္းျပလိုက္ပါတယ္။

သူဘာမွလုပ္စရာ မလိုပါဘူး။ ခ်ဴးယြန္ရဲ႕ ခြန္အားနဲ႔ဆိုရင္ ဒီလူေတြကို အလြယ္တကူကိုင္တြယ္ႏိုင္မွာပါ။

"အိုး… ႐ွပိေရာေပါ့"
ခ်ဴးယြန္ နားလည္သြားခဲ့ပါတယ္။ ထိုလူကလည္း ဟြာေဖးလုံလို အိမ္ေတာ္ခုနစ္ခုရဲ႕ သခင္ေလးတစ္ဦးျဖစ္ၿပီး အလြန္သန္မာသူပါ။

"ေခါင္းေဆာင္ရဲ႕ နာမည္ကို ‌မင္းေခၚရဲတယ္လား"
လူႀကီးဆီကေန ျပင္းထန္တဲ့ သတ္ျဖတ္ခ်င္စိတ္ေတြ ထြက္ေပၚလာခဲ့ပါတယ္။

အျခားလူေတြကလည္း ခ်ဴးယြန္ကို စိုက္ၾကည့္လိုက္ၾကပါၿပီ။ ထိုလူႀကီးသာ အမိန္႔ေပးလိုက္ရင္ ခ်ဴးယြန္ကိုသတ္ဖို႔ ခ်က္ခ်င္းေျပးထြက္လာၾကမွာပါ။

သူတို႔ပတ္ဝန္းက်င္က ပါရမီ႐ွင္ေတြကေတာ့ အေနာက္ကို အနည္းငယ္ဆုတ္သြားခဲ့ၾကပါတယ္။

အခ်ိန္ဆက္အဖြဲ႕က သူတို႔ပစ္မွားသင့္တာမ်ိဳး မဟုတ္ပါဘူး။

"မင္းက ႐ွပိေရာဆိုရင္ေတာ့ ဒီစကားလုံးေတြနဲ႔ ၿခိမ္းေျခာက္မႈက ဆီေလ်ာ္မႈ႐ွိလိမ့္မယ္"
ခ်ဴးယြန္ရဲ႕ မ်က္လုံးေတြက ေတာက္ပသြားၿပီး ေျပာလိုက္ပါတယ္။
"စိတ္မေကာင္းစရာက မင္းမဟုတ္ဘူး"

"မင္းေသခ်င္ေနတာပဲ"
လူႀကီးက ေဒါသတႀကီး‌နဲ႔ ေအာ္ဟစ္ကာ သူ႕လက္ကို ေဝွ႔ယမ္းလိုက္ပါတယ္။
"အဲဒီေကာင္စုတ္ေလးကို သတ္ၿပီး မ်က္လုံးဖြင့္ေပးလိုက္ၾကစမ္း"

"ဝွစ္"
ခ်ဴးယြန္က နဂါးႀကီးတစ္ေကာင္လို ထိုလူစုနဲ႔ ရင္ဆိုင္တဲ့ေနရာမွာ ဘယ္လိုနည္းစနစ္ကိုမွ အသုံးမျပဳခဲ့ပါဘူး။

"ဝုန္း ဝုန္း ဝုန္း"
ခ်ဴးယြန္ရဲ႕ ခႏၶာကိုယ္ကို ထိမိတာနဲ႔ သူတို႔ရဲ႕ခႏၶာကိုယ္ေတြဟာ ႀကီးမားတဲ့ တူႀကီးတစ္လက္နဲ႔ ထုႏွက္ခံလိုက္ရသလို လြင့္စင္သြားခဲ့ၾကပါတယ္။

သူတို႔ရဲ႕ ခႏၶာကိုယ္က ေလထဲမွာတင္ ေပါက္ကြဲထြက္ကုန္ၾကပါၿပီ။

အပိုင္း ( 873 ) ငါခ်မ္းသာၿပီ

"ဟြား"
လူတိုင္းက ထိုျမင္ကြင္းကိုျမင္ၿပီးေနာက္ တုန္လႈပ္စြာနဲ႔ ေလေအးႀကီးကို ႐ႈလိုက္ၾကပါတယ္။ သူတို႔ရဲ႕ မ်က္လုံးထဲမွာေတာ့ ေၾကာက္႐ြံ႕မႈေတြျပည့္လို႔။

႐ုပ္ပိုင္းဆိုင္ရာ ၾကံ့ခိုင္မႈတစ္ခုထဲနဲ႔ သူေတာ္စင္ေတြကို အသားပုံျဖစ္သြားေစႏိုင္တာက သူတို႔ေမွ်ာ္လင့္ထားတာထက္ ေက်ာ္လြန္ေနခဲ့ပါၿပီ။

ဒီလိုလုပ္ႏိုင္ဖို႔ ဘယ္လိုသာမန္မဟုတ္တဲ့ စြမ္းအားေတြကို လိုအပ္ႏိုင္မလဲ။

ဒါက အခ်ိန္ဆက္အဖြဲ႕ရဲ႕ ေခါင္းေဆာင္အတြက္ဆိုရင္ ပိုမွန္ပါလိမ့္မယ္။ သူ႕တပည့္ေတြ အသားပုံအျဖစ္ ေျပာင္းလဲသြားတာကိုၾကည့္ရင္း အသက္႐ႈဖို႔ေတာင္ ေမ့ေလ်ာ့ေနလို႔ပါ။

သူ႕အဖြဲ႕ဝင္အားလုံးက ဆန္းက်ယ္သြားမ်ားသစ္ေတာထဲမွာ တစ္ခ်ိန္လုံးေလ့က်င့္ေနခဲ့ရတဲ့ အထူးကြၽမ္းက်င္သူေတြပါ။

ပုံမွန္အားျဖင့္ အဆင့္တူရန္သူေတြဟာ သူတို႔နဲ႔ရင္ဆိုင္ရခ်ိန္ ျပန္လည္တိုက္ခိုက္ဖို႔ေတာင္ ခြန္အား႐ွိမွာ မဟုတ္ပါဘူး။

ဒါေပမယ့္ ဒီေန႔မွာေတာ့ သူတို႔အားလုံး တစ္ဖက္လူရဲ႕ ခႏၶာကိုယ္ကို ထိမိတာနဲ႔ အသားပုံအျဖစ္ ေျပာင္းလဲသြားခဲ့ရပါၿပီ။

ဒီလိုရလဒ္မ်ိဳးကို သူလက္မခံႏိုင္ပါဘူး။

"ငါအခုမွတ္မိၿပီေဟ့… သူက ခ်ဴးယြန္ပဲျဖစ္ရမယ္"

"ခ်ဴးယြန္… ေကာင္းကင္အဆင့္ကိုးသိုင္းဝိညာဥ္နဲ႔ ခ်ဴးယြန္လား"

"ေအးေလ… သူပဲ"

"သူပဲ ဒီေလာက္ေၾကာက္စရာေကာင္းလိမ့္မယ္"

ခ်ဴးယြန္ရဲ႕ အေနအထားကို သိသြားၾကတဲ့ ပါရမီ႐ွင္အခ်ိဳ႕က ထိတ္လန္႔တၾကား ေအာ္ဟစ္လိုက္ၾကပါတယ္။

ထိုစကားေတြ ထြက္ေပၚလာၿပီးေနာက္ လူႀကီးရဲ႕မ်က္ႏွာအမူအရာက တစ္ဖန္ေျပာင္းလဲသြားခဲ့ျပန္ပါတယ္။

ဒီတစ္ခါေတာ့ သံမဏိနံရံကို သူကန္လိုက္မိပါၿပီ။

လူႀကီးက အသက္ျပင္းျပင္း႐ႈၿပီး အေနာက္ကို ေျခႏွစ္လွမ္းဆုတ္သြားကာ ျပဳံးျပလိုက္ပါတယ္။
"ဒါဆို ခ်ဴးယြန္ေပါ့… အကိုႀကီးခ်ဴး… ငါအျမင္ကန္းေနလို႔ မင္းကိုအျပစ္ျပဳမိတာ စိတ္မ႐ွိဖို႔ ေမွ်ာ္လင့္ပါတယ္"

သူက ေျပာရင္းနဲ႔ ဘယ္ညာကိုၾကည့္ကာ ထြက္ေျပးဖို႔ လမ္း႐ွာလိုက္ပါတယ္။

သူ႕အေနနဲ႔ တိုက္ခိုက္မယ္ဆိုရင္ အႏိုင္ရဖို႔အခြင့္အေရးမ႐ွိတာ သိၿပီးသားပါ။

နယ္ပယ္ခ်င္း တူညီေနတယ္ဆိုရင္ေတာင္ တစ္ဖက္လူမွာက ေကာင္းကင္အဆင့္ကိုးသိုင္းဝိညာဥ္ကို ပိုင္ဆိုင္ထားခဲ့တယ္မဟုတ္လား။

တူညီတဲ့ နယ္ပယ္ဆိုရင္ေတာင္ ဒါက လုံးဝကြဲျပားတဲ့ တည္႐ွ္ိမႈေတြပါ။

"အခုမွ သိပ္ေနာက္က်ေနၿပီ"
ခ်ဴးယြန္ရဲ႕ မ်က္ႏွာအမူအရာက ေအးစက္ေနဆဲ။ သူက လူႀကီးကို ေသလူတစ္ေယာက္လို ၾကည့္လိုက္ပါတယ္။

လူႀကီးရဲ႕ မ်က္ႏွာအမူအရာက အၾကည့္ရဆိုးသြားၿပီး သူ႕ေလသံက ခက္ထန္သြားခဲ့ပါတယ္။
"ခ်ဴးယြန္… ငါမင္းကို ေဆးနည္းနည္းေပးတာနဲ႔ ေဆးဆိုင္ႀကီးဖြင့္ဖို႔ မၾကံနဲ႔ကြ… ငါမင္းကို မ႐ိုက္ႏိုင္ေပမယ့္ ငါ့အေနာက္မွာ သခင္ေလး ႐ွပိေရာ႐ွ္ိတယ္ေနာ္… အခ်ိန္ဆက္အဖြဲ႕အေၾကာင္းကို မင္းၾကားဖူးမွာပါ… သူတို႔ေသသြားတာက ကိစၥမ႐ွိေပမယ့္ ငါ့ကိုသတ္ရဲရင္ေတာ့ အခ်ိန္ဆက္အဖြဲ႕က မင္းကို ခြင့္လႊတ္မွာ မဟုတ္ဘူး"

"ဒါဆိုရင္လည္း မင္းေသၿပီးမွ ဒီအေၾကာင္းကို ဆက္ေျပာမယ္"
ခ်ဴးယြန္က ေအးစက္စက္မ်က္ႏွာအမူအရာနဲ႔ ေျပာလိုက္ၿပီး လူႀကီးဆီကို သူ႕လက္ ဆန္႔ထုတ္လိုက္ပါတယ္။

လူႀကီး ေၾကာက္လန္႔တၾကား ေအာ္ဟစ္လိုက္ပါၿပီ။ သူက ေၾကာက္မက္ဖြယ္အင္အားတစ္ခုကို ခံစားေနရၿပီး သူ႕ခႏၶာကိုယ္က ႐ုန္းကန္ဖို႔ မလြယ္ကူေတာ့ပါဘူး။

ဒါက တိမ္ေတြကို ေမွာက္လွန္မယ့္လက္။
တိမ္ေတြကိုေမွာက္လွန္မယ့္လက္ကိုမွ သံသက႐ိုက္နဲ႔ ေပါင္းစပ္ထားလို႔ပါ။

ေ႐ႊေရာင္သေကၤ‌တေတြနဲ႔ လက္ဝါးႀကီးက လူႀကီးကို ဖိခ်လိုက္ပါတယ္။

လူႀကီးလည္း ထိတ္လန္႔တၾကားနဲ႔ သူ႕သိုင္းဝိညာဥ္ကို ဆင့္ေခၚကာ ခုခံလိုက္ပါၿပီ။

ဒါေပမယ့္ အဆုံးမွာေတာ့ လက္ဝါးတံဆိပ္ေတာ္က သူ႕ကို တိုက္႐ိုက္ဖိေခ်ကာ သတ္ျဖတ္လိုက္ပါေတာတယ္။

ခ်ဴးယြန္က သူ႕လက္ဝါးကို ျပန္႐ုတ္ၿပီး ပါရမီ႐ွင္ဆိုသူေတြကို ေအးစက္စက္နဲ႔ ၾကည့္လိုက္ပါတယ္။

ဒီလိုအၾကည့္မ်ိဳးေအာက္မွာ… အထူးသျဖင့္ သူက အခ်ိန္ဆက္အဖြဲ႕ဝင္ေတြကို သတ္ျဖတ္လိုက္တာ ျမင္ရၿပီးေနာက္မွာ ဘယ္သူမွ မ်က္လုံးခ်င္းဆုံကာ မၾကည့္ဝံ့ေတာ့ပါဘူး။

"ဒီေနရာကို ဝင္ေရာက္ၿပီးမွ်ေဝဖို႔ မင္းတို႔မွာ အရည္အခ်င္းမ႐ွိဘူး"
ခ်ဴးယြန္ ေျပာလိုက္ပါတယ္။ သူ႕စကားသံက ငရဲကိုးဆင့္ကို ျဖတ္သန္းတိုက္ခတ္လာတဲ့ ေလေအးႀကီးလို အားလုံးပဲ တုန္ရီသြားခဲ့ၾကပါၿပီ။

ေျပာၿပီးတာနဲ႔ ခ်ဴးယြန္က လွည့္ကင္းခန္းမထဲကို အေျပာင္းအလဲမ႐ွိတဲ့ မ်က္ႏွာအမူအရာနဲ႔ ေလွ်ာက္သြားလိုက္ပါေတာ့တယ္။

"ငါအျမင္မွားေနတာမ်ားလား… ဒါက အေနာက္ဖက္ထ်န္ဖူေတာင္က လက္ဝါးသိုင္းနဲ႔တူတယ္ေနာ္"

"မင္းတင္မကဘူး… ငါလည္းအဲလိုပဲျမင္တယ္ဟ"

အျခားသူေတြလည္း ေခါင္းညိတ္လိုက္ၾကပါတယ္။ ဗုဒၶရဲ႕ သေကၤတျဖစ္တဲ့ ျမင့္ျမတ္တဲ့ေ႐ႊအလင္းက လူတိုင္းရဲ႕ စိတ္ထဲမွာ စြဲေနဆဲပါ။

သူတို႔က အတုန္းအ႐ုံးေသေနတဲ့ အေလာင္းနဲ႔အသာပုံေတြကို တစ္ဖန္ျပန္ၾကည့္ၿပီးေနာက္ တုန္ရီသြားခဲ့ၾကပါၿပီ။

ေကာလဟာလေတြအရ ခ်ဴးယြန္ကို အင္အားစုေတြအမ်ားႀကီးက ဆြဲေဆာင္ဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။

အခုၾကည့္ရသေလာက္ေတာ့ ဒါက တကယ္ျဖစ္ေနပုံပါပဲ။

အခု သူလႈပ္႐ွားသြားတဲ့အခါ သယ္ေဆာင္လာတဲ့ဖိအားက ေသျခင္း႐ွင္ျခင္းနယ္ပယ္ေအာက္ မနိမ့္ပါဘူး။

ပါရမီ႐ွင္ေတြရဲ႕ မ်က္ႏွာအမူအရာေတြက ေျပာင္းလဲကုန္ၾကပါတယ္။ ခ်ဴးယြန္က ဒီေလာက္ထိ ရက္စက္ၾကမ္းၾကဳတ္မယ္လို႔ ထင္မထားခဲ့ၾကပါဘူး။ သူက ‌အခ်ိန္အဖြဲ႕ကိုေတာင္ ဂ႐ုမစိုက္ေနပါေပ။ သူက ဘယ္သူ႕အားကိုးနဲ႔မ်ား ဒီလိုေတြလုပ္သြားရတာလဲ။

ေနာက္ၿပီး သူေျပာသြားတာက  ဘယ္သူမွ မွ်ေဝဖို႔ အရည္အခ်င္းမ႐ွိပါဘူး။

ဒါက တိုက္ဆိုင္သြားတာမဟုတ္ဘူးမလား။ တကယ္ပဲ ရတနာ႐ွိေနတာလား။

ရတာမ႐ွိရင္ ဘယ္လိုလုပ္ၿပီး သူဒီလိုေျပာမွာလဲ။

လူေတြရဲ႕ စိတ္ကူးယဥ္ႏိုင္စြမ္းက တကယ့္ကို အကန္႔အသတ္မဲ့ပါပဲ။ ခ်ဴးယြန္က ပုံမွန္က်င့္ၾကံျခင္းအရင္းအျမစ္ေတြကို ရည္ၫႊန္းေပမယ့္လည္း သူတို႔ရဲ႕နားထဲမွာေတာ့ မတူညီတဲ့ အရာတစ္ခု ျဖစ္သြားခဲ့ပါၿပီ။

လူအမ်ားစုကေတာ့ ေသရမွာေၾကာက္တာေၾကာင့္ အေနာက္တြန္႔ကုန္ၾကပါတယ္။ အခ်ိဳ႕ကေတာ့ ပိုၿပီးေတာ့ စိတ္အားထက္သန္လာခဲ့ၾကပါေတာ့တယ္။

………….

"အကိုယြန္… မင္းက တကယ္လႊမ္းမိုးႏိုင္လိုက္တာ… အခ်ိန္ဆက္အဖြဲ႕ဝင္ေတြကိုေတာင္ သတ္ရဲတယ္"
ေဟာ္႐ႊင္း ျပဳံးလိုက္ပါတယ္။

အခုေလးတင္ ခ်ဴးယြန္လႈပ္႐ွားသြားပုံက သူ႕စိတ္ထဲမွာ နက္႐ိႈင္းတဲ့ခံစားမႈတစ္ခု ျဖစ္ေပၚလာေစခဲ့ပါတယ္။ သူကိုယ္တိုင္ကလည္း ခႏၶာကိုယ္သန္႔စင္သူပါ။ ဒါေၾကာင့္ ခ်ဴးယြန္ဆီကေန တစ္ခုခုကို သင္ယူရဖို႔ ေမွ်ာ္လင့္ထားခဲ့ပါတယ္။

ဒီအတြက္ေၾကာင့္ပဲ ခ်ဴးယြန္အေနာက္ကို သူလိုက္ခ်င္ေနခဲ့တာပါ။

သူက သူ႕အကိုႀကီးကိုေတာင္ နည္းနည္းပါးပါးၫႊန္ျပၿပီး ႀကီးမားတဲ့အေျပာင္းလဲတစ္ခုကို ျဖစ္ေပၚေစခဲ့ပါၿပီ။ သူသာ ခ်ဴးယြန္အနားမွာ ေန႔တိုင္း႐ွ္ိေနႏိုင္ရင္ သူ႕ခြန္အားက အျမန္တိုးတက္လာမွာ ေသခ်ာပါတယ္။

ဒီအခ်ိန္က်ရင္ ဟြာေဖးလုံေတာင္ သူ႕အေ႐ွ႕မွာ ေမာက္မာရဲမွာ မဟုတ္ေတာ့ပါဘူး။

"အခ်ိန္ဆက္အဖြဲ႕မွာ ေၾကာက္စရာဘာမွမ႐ွိပါဘူး… ႐ွပိေရာအပါအဝင္ေပါ့"
ခ်ဴးယြန္က လ်စ္လ်ဴ႐ႈစြာ ေျပာဆိုလိုက္ပါတယ္။
"ဒီလူေတြ လွည့္ကင္းခန္းမကို ဝင္ေရာက္ဖို႔ ေရာက္လာတာက ႐ွပိေရာစီစဥ္ထားတာပဲ ျဖစ္လိမ့္မယ္… ငါတို႔လွည့္ကင္းခန္းမက ဟိုးအရင္ကအင္အားစုအမ်ားႀကီးကို စိုးရိမ္ေစခဲ့တယ္… အနာဂါတ္မွာလည္း ဒီလိုအရာေတြက ႐ွိဦးမွာပဲ"

"႐ွပိေရာက ေမြးကတည္းက ေမာက္မာတာ… သူက ငါ့ထက္ေတာင္ ပိုေမာက္မာတယ္"
႐ွပိေရာရဲ႕အေၾကာင္းကို ေျပာဆိုရာမွာ မိုးနဲ႔ေျမကိုေတာင္ မေၾကာက္တဲ့ ေဟာ္႐ႊင္းရဲ႕ မ်က္လုံးထဲမွာ ေၾကာက္႐ြံ႕မႈေတြ ေပၚလာခဲ့ပါတယ္။
" သူ႕ခြန္အားက အေတာ္သန္မာၿပီး ဟြာေဖးလုံနဲ႔ အဆင့္တူေလာက္မွာ႐ွိတယ္… တကယ္တမ္းေတာ့ အိမ္ေတာ္ခုနစ္ခုက သခင္ေလးေတြရဲ႕ ခြန္အားက သိပ္ေတာ့ မကြာၾကပါဘူး"

"ဘာပဲျဖစ္ျဖစ္ သူတို႔က ငါ့ကိုဆန္႔က်င္ဝံ့ရင္ နတ္ဘုရားေတြျဖစ္ေနရင္ေတာင္ ငါဖယ္႐ွားသြားမယ္"
ခ်ဴးယြန္က ယုံၾကည္မႈေတြ ျပည့္ႏွက္ေနတဲ့ေလသံနဲ႔‌ ေအးစက္စက္ရယ္ေမာလိုက္ပါတယ္။

ငါကလည္းမင္းကို ရန္မစသလို ငါ့ကိုလည္း ရန္လာမစနဲ႔။
ငါက စိတ္႐ွည္တတ္တဲ့သူမဟုတ္ဘူး။

ထိုသူေတြေရာက္လာတာဟာ လွည့္ကင္းခန္းမကို ေၾကာက္ေနလို႔မဟုတ္ပါဘူး။

လက္႐ွိ လွည့္ကင္းခန္းမရဲ႕အေျခအေနက စိုးရိမ္ေနစရာဘာမွ မ႐ွိပါ။

သူတို႔ေတြ တကယ္စိတ္ဝင္စားတာက ႏွစ္ေထာင္ခ်ီ သမိုင္းေၾကာင္း႐ွိခဲ့တဲ့ လွည့္ကင္းခန္းမရဲ႕ ရတနာကို လိုခ်င္ၾကလို႔ပါပဲ။

ဒါေပမယ့္ သူ‌တို႔ေတြမသိၾကတာကေတာ့ လွည့္ကင္းခန္းမမွာ ဘာရတနာမွ မ႐ွိေတာ့တာကိုပါ။

ဒီလိုမွမဟုတ္ရင္ ခန္းမသခင္ခ်န္းပိနင္းအေနနဲ႔ ဒီေလာက္ဒုကၡခံစရာလိုေနပါ့မလား။ သူ႕ရဲ႕ ကိုယ္ပိုင္က်င့္ၾကံျခင္းေတာင္ က်ဆင္းခဲ့ရ႐ွာပါတယ္။

"ခ်ဴးယြန္… မင္းျပန္လာၿပီေပါ့"
ခ်ဴးယြန္ကိုျမင္ၿပီးေနာက္ မဟာပညာ႐ွိရဲ႕ မ်က္လုံးေတြက ေတာက္ပသြားခဲ့ပါတယ္။

ဒါေပမယ့္ သူက ေဟာ္႐ႊင္းဘက္ကို အၾကည့္ေျပာင္းၿပီး ေျပာလိုက္တယ္။
"ေဟး… ေဟာ္ကလန္က ေကာင္စုတ္ေလး… သူက ဘာလို႔မင္းနဲ႔ ျပန္ပါလာတာလဲ"

"အနာဂါတ္မွာ ငါက ‌လွည့္ကင္းခန္းမဝင္တစ္ဦးျဖစ္လာလိမ့္မယ္"
ေဟာ္႐ႊင္းက ခ်ဴးယြန္ကို ၫႊန္ျပၿပီး မ်က္ခုံးပင့္ကာ ေက်နပ္စြာနဲ႔ ေျပာဆိုလိုက္ပါတယ္။
"သူက ငါ့ရဲ႕အကိုယြန္ပဲေလ"

"ဟားဟားဟား"
မဟာပညာ႐ွ္ိ ခ်က္ခ်င္းပဲ ရယ္ေမာလိုက္ပါၿပီ။ ဒါေပမယ့္ သူက လူအသြင္ေျပာင္းထားေပမယ့္ ေမ်ာက္တစ္ေကာင္ရဲ႕ အသြင္ျပင္က မေပ်ာက္ေသးပါဘူး။

ေဟာ္႐ႊင္းက မ်က္ေမွာင္ၾကဳတ္သြားကာ ခ်ဴးယြန္ကို လွည့္ၾကည့္လိုက္ပါတယ္။

ဒီမဟာပညာ႐ွ္ိဆိုသူရဲ႕ ရယ္ေမာပုံက တကယ္ထူးျခားတယ္။

ခ်ဴးယြန္လည္း မဟာပညာ႐ွ္ိိကို တစ္ခ်က္ၾကည့္လိုက္ပါၿပီ။ ဒီေတာ့မွ သူက ရယ္ေမာေနတာကိုရပ္ကာ ေခ်ာင္းဟန္႔ၿပီး ေျပာလိုက္ပါတယ္။
"ငါမင္းနဲ႔ စကားေျပာဖို႔ အခ်ိန္မ႐ွိေသးဘူး ခ်ဴးယြန္… ခန္းမသခင္က နတ္ဆိုးသားရဲေတြအမ်ားႀကီးကို ဖမ္းဆီးထားတယ္… သူၾကာၾကာမေနႏိုင္ေတာ့ဘူး"

ခ်ဴးယြန္ ေခါင္းညိတ္လိုက္ပါတယ္။
"မင္းသူ႕အတြက္ ေနရာလိုက္ျပလိုက္ဦး… သူက ငါတို႔နဲ႔ အခ်ိန္အေတာ္ၾကာ အတူေနလိမ့္မယ္"

"မင္းက ေကာင္မေလးေတြကို ဆြဲေဆာင္ႏိုင္တယ္လို႔ ေျပာေပမယ့္ ေယာက်ၤားႀကီးတစ္ေယာက္ကို ေခၚလာတာက ဘာလဲ"
မဟာပညာ႐ွိက တစ္ခ်က္ေစာင္ၾကည့္ၿပီး ေျပာလိုက္ပါတယ္။
"ေကာင္စုတ္ေလး… ငါနဲ႔လိုက္ခဲ့ေခ်"

"ငါ့ကို ေကာင္စုတ္ေလးလို႔ မေခၚနဲ႔ကြ… ငါက အကိုယြန္ကို လက္ခံႏိုင္ေပမယ့္ မင္းကေတာ့ မရဘူး… မင္းထူးထူးျခားျခားခံစားခ်င္ရင္ သိုင္းေလ့က်င့္ကြင္းကို သြားမလား"
ေဟာ္႐ႊင္း အနည္းငယ္ ေဒါသျဖစ္သြားခဲ့ပါတယ္။ သူက ခ်ဴးယြန္ကို ႐ိုက်ိဳးေပမယ့္ အျခားသူေတြကိုေတာ့ လက္မခံႏိုင္ပါဘူး။

ေယာက္ခ်ီျမင့္ျမတ္တိုင္းျပည္က အိမ္ေတာ္တစ္ခုရဲ႕ သခင္ေလးဆိုတာက ဟာသမွမဟုတ္တာ။

"ဟာ ေကာင္းတာေပါ့ဟ… ငါလည္း ေလ့က်င့္ခ်င္ေနတာ ၾကာၿပီ"
ဒါကိုၾကားၿပီးေနာက္ မဟာပညာ႐ွိကလည္း အားတက္သေရာေျပာလိုက္ပါတယ္။
"အရင္တုန္းက အဖိုးႀကီးမူကို ငါတစ္ခါမွ အႏိုင္မရခဲ့ဘူး… အခုေတာ့ မင္းလို ငတုံးေကာင္စုတ္ေလးကို ေတြ႕ရၿပီေပါ့… မင္းကို ဖိုးဖိုးမဟာပညာ႐ွိရဲ႕ စြမ္းအားကို ျပရမယ္"

သူတို႔ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ စိုက္ၾကည့္ၿပီး သိုင္းေလ့က်င့္ေရးကြင္းကို ဦးတည္လိုက္ၾကပါေတာ့တယ္။

ခ်ဴးယြန္ကေတာ့ မဟာခန္းမကို ဦးတည္လိုက္ပါတယ္။ သူေရာက္သြားၿပီးေနာက္ ခန္းမအေ႐ွ႕မွာ တင္ပ်ဥ္ေခြထိုင္ကာ ေလ့က်င့္ေနတဲ့ ခ်န္းပိနင္းကို ျမင္လိုက္ရပါၿပီ။

သူက ဒီလိုမလုပ္ခ်င္ပါ။ ဒါေပမယ့္ သူသာမ႐ွိေနရင္ ထိုသားရဲေတြကို ဘယ္သူမွ ဖိႏွိပ္ႏိုင္မွာ မဟုတ္ပါဘူး။

ကူကယ္ရာမဲ့စြာနဲ႔ ခ်န္းပိနင္းဟာ အဝကေန ထိုင္ေစာင့္ေနခဲ့ရပါတယ္။ ထိုသားရဲေတြက အသိစိတ္ျပန္ဝင္လာတာနဲ႔ ခ်က္ခ်င္း တိုက္ခိုက္ၾကပါတယ္။

နတ္ဆိုးသားရဲေတြရဲ႕ ျပန္လည္ေကာင္းမြန္ႏႈန္းက တကယ့္ကို သာမန္မဟုတ္ပါဘူး။

အစပိုင္းမွာ သူတို႔က သုံးရက္တစ္ႀကိမ္ေလာက္ ႐ိုက္ႏွက္ရမယ့္ ေနာက္ပိုင္းမွာ ေန႔စဥ္ရက္ဆက္ ႐ိုက္ႏွက္လာခဲ့ရပါတယ္။

ခ်န္းပိနင္းအတြက္ကေတာ့ အခက္အခဲမ႐ွိေတာ့ပါဘူး။ ထိုစဥ္က ေသျခင္း႐ွင္ျခင္းနယ္ပယ္ သားရဲေတြနဲ႔ယွဥ္ရင္ ဒါက အမ်ားႀကီးပိုလြယ္ကူခဲ့ပါတယ္။

"ခန္းမသခင္"
ခ်ဴးယြန္ ျပဳံး႐ႊင္စြာနဲ႔ ေလွ်ာက္သြားလိုက္ပါတယ္။
"ငါေနာက္က်သြားတယ္"

ခ်န္းပိနင္းရဲ႕ လွပတဲ့မ်က္လုံးေတြက မွိတ္ေနရာက ပြင့္လာၿပီး ျပဳံးကာ ေျပာလိုက္ပါတယ္။
"အဆင္ေျပပါတယ္… အထဲမွာ နတ္ဆိုးသားရဲေတြအားလုံး႐ွိတယ္"

"ယား"

"ေသစမ္း လူသားမိန္းမ… ငါ့ကိုလႊတ္ေပးစမ္း"

"နင္ေသခ်င္ေနတာပဲ… ေသစမ္းပါကြာ"

နတ္ဆိုးသားရဲေတြက ေဒါသတႀကီး ေအာ္ဟစ္ေနခဲ့ၾကပါတယ္။

သူတို႔က အင္အားနည္းနည္းေလာက္ ျပန္ရလာတာနဲ႔ ဆူဆူပူပူလုပ္လာခဲ့ၾကပါၿပီ။

ခ်န္းပိနင္းရဲ႕ လွပတဲ့မ်က္ႏွာက ေအးစက္သြားၿပီး ေျပာလိုက္တယ္။
"ခဏေနဦး"

ေျပာၿပီးတာနဲ႔ သူက ခန္းမထဲကို ေျပးဝင္သြားခဲ့ပါတယ္။ သူက အလြန္ျမန္ဆန္တာေၾကာင့္ ခဏတြင္းမွာပဲ ေပ်ာက္ကြယ္သြားခဲ့ပါၿပီ။

"ဝုန္း"

"ဝုန္း ဒိုင္း"

"ဂ်ဳန္း"

ေပါက္ကြဲသံမ်ိဳးစုံက ခန္းမထဲက ထြက္ေပၚလာခဲ့ပါၿပီ။

တစ္ခ်ိန္တည္းမွာပဲ နတ္ဆိုးသားရဲေတြရဲ႕ နာက်င္စြာေအာ္ဟစ္သံေတြနဲ႔ ခ်န္းပိနင္းကို က်ိန္ဆဲသံေတြ ထြက္ေပၚလာခဲ့ပါေတာ့တယ္။

ခဏၾကာၿပီးေနာက္ ခ်န္းပိနင္းက အေျပာင္းအလဲမ႐ွိတဲ့ မ်က္ႏွာအမူအရာနဲ႔ ျပန္ထြက္လာခဲ့ပါတယ္။ သူ႕အဝတ္အစားေတြကလည္း ပုံမွန္အတိုင္း႐ွိေနၿပီး ဒီအတိုင္း လမ္းေလွ်ာက္ကာ ျပန္ထြက္လာခဲ့သလိုပါပဲ။

"အခု နင္ဝင္လို႔ရၿပီ"
ခ်န္းပိနင္းက ေျပာဆိုၿပီး ‌တင္ပ်ဥ္ေခြထိုင္ကာ ျပန္လည္ေလ့က်င့္လိုက္ပါတယ္။

ဒါကိုျမင္ၿပီးေနာက္ ခ်ဴးယြန္ လွ်ာကိုက္လိုက္မိပါတယ္။ ထိုေကာင္မေလးက ၾကည့္ရတာ ဘာမွမဟုတ္ေပမယ့္ အေတာ္ရက္စက္သူပါ။

ခ်ဴးယြန္လည္း အခန္းထဲကို ဝင္သြားလိုက္ပါၿပီ။

ခန္းမက မီတာတစ္ရာေက်ာ္ ျမင့္မားၿပီး အထြတ္အထိပ္နတ္ဆိုးသားရဲ တစ္ရာေက်ာ္႐ွိေနလို႔ပါ။  လက္႐ွိမွာေတာ့ သူတို႔အားလုံးဒဏ္ရာေတြနဲ႔ လဲေလ်ာင္းေနခဲ့ရပါတယ္။

သူတို႔အေနနဲ႔ အသက္ေတာင္ ႐ႈ႐ုံေလးသာ ႐ႈႏိုင္ၾကပါေတာ့တယ္။

ခ်ဴးယြန္လည္း ေတာက္ပေနတဲ့ မ်က္လုံးေတြနဲ႔ ျဗဟၼာမိစၧာဒယ္‌ေစာက္အိုးကို ထုတ္ယူလိုက္ပါၿပီ။

ျဗဟၼာမိစၧာဒယ္ေစာက္အိုး ထြက္ေပၚလာၿပီးေနာက္ အနက္ေရာင္အလင္းေတြနဲ႔အတူ ဘုန္းႀကီးေတြရဲ႕ ဓမၼ႐ြတ္ဆိုသံေတြ ထြက္ေပၚလာခဲ့ပါေတာ့တယ္။

စိတ္လႈပ္႐ွားစြာနဲ႔ သူေရ႐ႊတ္လိုက္ပါတယ္။
"ဒီတစ္ခါေတာ့ ငါခ်မ္းသာၿပီ"

အပိုင္း ( 874 ) အေျပာင္းအလဲေတြလုပ္ရမယ္

ခ်ဴးယြန္ သူ႕လက္ႏွစ္ဖက္ကို ပြတ္သပ္လိုက္ၿပီး သူ႕မ်က္လုံးေတြက စိတ္လႈပ္႐ွားမႈေၾကာင့္ ေတာက္ပလာခဲ့ပါတယ္။

အထြတ္အထိပ္သူေတာ္စင္ နတ္ဆိုးသားရဲ တစ္ရာေက်ာ္က သူ႕အေ႐ွ႕မွာ ႐ွ္ိေနၿပီး အားလုံးက မ်က္လုံးေတာင္ မဖြင့္ႏိုင္ၾကေတာ့ပါဘူး။

ထိုနတ္ဆိုးသားရဲတစ္ေကာင္စီက ထူးကဲေဆးလုံးတစ္လုံးကို ကိုယ္စားျပဳပါတယ္။

ထူးကဲေဆးလုံးေတြက အလြန္အဖိုးတန္ၿပီး ေသျခင္း႐ွင္ျခင္းနယ္ပယ္ေတြေတာင္ အသုံးျပဳေနရဆဲပါ။

ဥပမာေျပာရရင္ ခ်န္းပိနင္းအေနနဲ႔လည္း လစဥ္ ထူးကဲေဆးလုံးအခ်ိဳ႕ကိုရဖို႔ ခက္ခဲပင္ပန္းစြာ ႀကိဳးစားခဲ့ရပါတယ္။

ေနာက္ၿပီး သူကိုယ္တိုင္ေတာင္ မေလ့က်င့္ႏိုင္ဘဲ လွည့္ကင္းခန္းမကို ျပန္ျဖန္႔ေဝေပးခဲ့ရစၿမဲပါ။

လက္႐ွိမွာေတာ့ ထူးကဲေဆးလုံးတစ္ရာေက်ာ္္က သူ႕အေ႐ွ႕မွာ ႐ွိေနခဲ့ပါၿပီ။ ေသျခင္း႐ွင္ျခင္းနယ္ပယ္ အထြတ္အထိပ္အဆင့္ေတြအတြက္ေတာင္မွ ဒါက ကံေကာင္းမႈႀကီးျဖစ္ေနဆဲပါပဲ။

"မင္းတို႔အားလုံး လာခဲ့ၾကစမ္း"
ခ်ဴးယြန္က သူ႕လက္ကို ေဝွ႔ယမ္းလိုက္တာနဲ႔ ေၾကာက္မက္ဖြယ္စြမ္းအားေတြ ေပါက္ကြဲထြက္ေပၚလာကာ နတ္ဆိုးသားရဲမ်ားစြာကို ျဗဟၼာမိစၧာဒယ္ေစာက္အိုးထဲ ပစ္ထည့္လိုက္ပါၿပီ။

ျဗဟၼာမိစၧာဒယ္ေစာက္အိုးက အထြတ္အထိပ္သူေတာ္စင္ နတ္ဆိုးသားရဲ ဘယ္ေလာက္မ်ားမ်ားကို တစ္ခ်ိန္တည္းမွာ သန္႔စင္ႏိုင္မယ္ဆိုတာ သူသိခ်င္မိပါတယ္။

နတ္ဆိုးသားရဲမ်ားစြာ ဝင္ေရာက္သြားၿပီးေနာက္ ျဗဟၼာမိစၧာဒယ္ေစာက္အိုးက အနက္ေရာင္အလင္းေတြဟာ ပိုမိုေတာက္ပလာခဲ့ပါေတာ့တယ္။

နတ္ဆိုးသားရဲတစ္ေကာင္ ဝင္ေရာက္သြားတိုင္ အနက္ေရာင္အလင္းက ပိုေတာက္ပလာၿပီး ဓမၼ႐ြတ္ဖတ္သံေတြက ပိုမိုက်ယ္ေလာင္လာခဲ့ပါၿပီ။

ခန္းမထဲမွာ နတ္ဆိုးစြမ္းအင္ေတြက ျပည့္ႏွက္ေနလို႔ပါ။ ဒါက တျဖည္းျဖည္းနဲ႔ အလြန္ျမင့္မားတဲ့ အေျခအေနကို ေရာက္လာၿပီး ခန္းမအျပင္ကိုေတာင္ ထြက္လာခဲ့ပါေတာ့တယ္။

ခ်န္းပိနင္းက တင္ပ်ဥ္ေခြထိုင္ေနရာကေန ႐ုတ္တရက္ မ်က္လုံးဖြင့္ကာ အနက္ေရာင္စြမ္းအင္ေတြကို တုန္လႈပ္စြာနဲ႔ ၾကည့္လိုက္ပါတယ္။

"ဘယ္ေလာင္ေတာင္ သိပ္သည္းလိုက္တဲ့ နတ္ဆိုးစြမ္းအင္လဲ"
ခ်န္းပိနင္း အံ့အားသင့္သြားၿပီး ယုံေတာင္မယုံႏိုင္ခဲ့ပါဘူး။

ဒီနတ္ဆိုးစြမ္းအင္ေတြက ခန္းမထဲက ထြက္ေပၚလာတာျဖစ္ၿပီး အထဲမွာကလည္း ခ်ဴးယြန္တစ္ဦးတည္းသာ ႐ွိေနခဲ့တာပါ။

"သူက ဒီေလာက္သိပ္သည္းတဲ့ နတ္ဆိုးစြမ္းအင္ေတြ ဘယ္လို႐ွိေနတာပါလိမ့္… ထူးျခားလိုက္တာ"
ခ်န္းပိနင္းက နတ္ဆိုးေတြကို ဆန္႔က်င္ဖို႔ စိတ္မဝင္စားေပမယ့္ သတ္ျဖတ္ျခင္းကို ႏွစ္သက္တဲ့ နတ္ဆိုးေတြမွာသာ ဒီေလာက္သိပ္သည္းတဲ့ နတ္ဆိုးစြမ္းအင္႐ွိတာပါ။

ခ်ဴးယြန္ကိုၾကည့္ရတာေတာ့ အႏၲရာယ္႐ွိပုံမရဘဲ ေျဖာင့္မတ္ပါတယ္။ သူက တကယ္ပဲ မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ လူသတ္တဲ့လူမ်ား ျဖစ္ေနမလား။

ခ်န္းပိနင္း ေခါင္းကိုသာ ခါယမ္းလိုက္ပါေတာ့တယ္။   သူ႕အေနနဲ႔ ဒီလိုသာမန္ကိစၥေတြကို စိုးရိမ္မေနႏိုင္ပါဘူး။

ခ်ဴးယြန္က နတ္ဆိုးျဖစ္ျဖစ္၊ ဗုဒၶျဖစ္ျဖစ္ အျခားသူေတြရဲ႕ ဖိတ္ေခၚမႈကို ျငင္းဆန္ၿပီး ဒီမွာပဲ ေနထိုင္ဖို႔ ျပတ္သားစြာ ဆုံးျဖတ္ခဲ့တာေတာ့ အမွန္ပါ။

ဒီလိုလူတစ္ေယာက္က နတ္ဆိုးျဖစ္ေနရင္ေတာင္ ဘာျဖစ္ေသးလဲ။

ခ်က္ခ်င္းပဲ ခ်န္းပိနင္းဟာ နတ္ဆိုးစြမ္းအင္ေတြကို တားဆီးဖို႔ မျမင္ႏိုင္တဲ့ အကာရံတစ္ခုကို ဖန္တီးလိုက္ပါၿပီ။

သူက ဂ႐ုမစိုက္ေပမယ့္ အျခားလွည့္ကင္းေတြ ျမင္သြားခဲ့ရင္ ႐ုတ္႐ုတ္သဲသဲျဖစ္သြားပါလိမ့္မယ္။

"ခ်ီ ခ်ီ ခ်ီ"
ျဗဟၼာမိစၧာဒယ္ေစာက္အိုးရဲ႕ အနက္ေရာင္အလင္းေတြက အျမင့္ဆုံးကို ေရာက္လာတာနဲ႔ တုန္ခါသံေတြ ထြက္ေပၚလာခဲ့ပါတယ္။

ဒီတုန္ခါမႈက အထြတ္အထိပ္သူေတာ္စင္ နတ္ဆိုးသားရဲ ႏွစ္ဆယ္ေက်ာ္ကို တစ္ၿပိဳင္နက္ထဲမွာ သန္႔စင္မွာေၾကာင့္ ျဖစ္ေပၚလာခဲ့တာပါ။

ခ်ဴးယြန္အေနနဲ႔ ျဗဟၼာမိစၧာဒယ္ေစာက္အိုးရဲ႕ အကန္႔အသတ္က ဒီေလာက္ျမင့္မားမယ္လို႔ ထင္မထားခဲ့ပါဘူး။

"ႏွစ္ဆယ္ေက်ာ္ေတာင္"
အရင္တုန္းက သူ႕မွာ ႀကိဳးစားဖို႔ အခ်ိန္မ႐ွိသလို အခြင့္အေရးလည္း မရခဲ့ပါဘူး။ ဒီေလာက္မ်ားတဲ့ အထြတ္အထိပ္သူေတာ္စင္ နတ္ဆိုးသားရဲေတြအတြက္ သူအေတာ္ႀကိဳးစားရမွာပါ။ ဒါေပမယ့္ အခုကေတာ့ မတူေတာ့ပါဘူး။

အထြတ္အထိပ္သူေတာ္စင္ နတ္ဆိုးသားရဲတစ္ရာက သူ႕အေ႐ွ႕မွာ႐ွိေနၿပီး အဆင္သင့္သန္႔စင္လိုက္႐ုံပါပဲ။

"ဝွစ္"
ျမန္ဆန္စြာပဲ အနက္ေရာင္အလင္းနဲ႔အတူ ပထမအသုတ္က ထူးကဲေဆးလုံးေတြ ထြက္ေပၚလာခဲ့ပါၿပီ။

ဒီေနာက္မွာေတာ့ ဒုတိယအသုတ္… တတိယအသုတ္…

"ဝွစ္ ဝွစ္ ဝွစ္"
ေဆးလုံးေတြဟာ ခ်ဴးယြန္လက္ထဲကို ဆက္တိုက္ေရာက္လာခဲ့ၾကပါတယ္။

"မိုက္သဟ… မိုက္တယ္ေဟ့"
ခ်ဴးယြန္ဟာ ေဆးလုံးေတြကိုၾကည့္လိုက္ၿပီးေနာက္ အရည္အေသြးပိုေကာင္းလာတာကို ျမင္လိုက္ရပါတယ္။

ဒီေဆးလုံးေတြ ပိုအရည္အေသြးေကာင္းလာတာက နတ္ဆိုးသားရဲေတြကလည္း အစြမ္းထက္လာခဲ့လို႔ပါ။

ခ်န္းပိနင္းအေနနဲ႔ ခ်ဴးယြန္က ဘာျဖစ္လို႔ နတ္ဆိုးသားရဲေတြ သူ႕ကိုဖမ္းဆီးေစမွန္း မသိပါဘူး။ သူ႕အျမင္မွာ ခ်ဴးယြန္က နတ္ဆိုးသားရဲေတြကို ဖမ္းဆီးဖို႔ အင္အားမလုံေလာက္တဲ့အတြက္ သူ႕ကို ဖမ္းဆီးေစခဲ့တာျဖစ္ပါလိမ့္မယ္။

ဒါေၾကာင့္ သန္႔စင္ရတဲ့ ေဆးလုံးေတြက အရည္အေသြးပိုျမင့္မားလာခဲ့ရပါတယ္။

"ေနာက္တစ္ေခါက္"
ခ်ဴးယြန္က သူ႕လက္ကိုေဝွ႔ယမ္းကာ နတ္ဆိုးသားရဲႏွစ္ဆယ္ေက်ာ္ကို ျဗဟၼာမိစၧာဒယ္ေစာက္အိုးထဲ ပစ္ထည့္လိုက္ပါတယ္။

"ခ်ီ ခ်ီ"
ျဗဟၼာမိစၧာဒယ္ေစာက္အိုးရဲ႕ အနက္ေရာင္အလင္းေတြက နတ္ဆိုးသားရဲေတြရဲ႕ ခႏၶာကိုယ္ကို အရည္ေဖ်ာ္ၿပီး အဆီအႏွစ္ေတြကို သန္႔စင္ရယူထားလိုက္ပါတယ္။

"ဝွစ္ ဝွစ္ ဝွစ္"
ခဏၾကာၿပီးေနာက္ ေဆးလုံးေတြအျဖစ္ ျပန္လည္ထြက္ေပၚလာခဲ့ပါၿပီ။

ခ်ဴးယြန္လည္း ထူးကဲေဆးလုံးေတြကိုၾကည့္ကာ ရယ္ေမာရင္း တူညီတဲ့အလုပ္ကို ထပ္မံျပဳလုပ္လိုက္ပါေတာ့တယ္။

နတ္ဆိုးသားရဲေတြက ဆက္လက္ပ်ံသန္းလာေနသလို ေဆးလုံးေတြကိုလည္း ပိုမိုရ႐ွိလာခဲ့ပါၿပီ။

ခ်ဴးယြန္ဟာ အထြတ္အထိပ္သူေတာ္စင္ နတ္ဆိုးသားရဲတစ္ရာေက်ာ္ကို သန္႔စင္ဖို႔ အခ်ိန္မ်ားစြာ ေပးလိုက္ရပါတယ္။

ဒီေနာက္မွာေတာ့ ျဗဟၼာမိစၧာဒယ္ေစာက္အိုးကို သိမ္းဆည္းကာ တက္ႂကြစြာနဲ႔ ျပန္ထြက္လာခဲ့လိုက္ပါၿပီ။

ခ်န္းပိနင္းက ခ်ဴးယြန္ကို သံသယဝင္စြာ လွမ္းၾကည့္လိုက္ပါတယ္။ ခ်ဴးယြန္က တစ္ေနကုန္ေအာင္ အစြမ္းထက္နတ္ဆိုးစြမ္းအင္ေတြနဲ႔ အလုပ္‌လုပ္ေနခဲ့ရတာပါ။

ဒါေပမယ့္ သူျပန္ထြက္လာခ်ိန္မွာေတာ့ ပင္ပန္းေနပုံမရဘဲ သူက စိတ္လႈပ္႐ွား တက္ႂကြေနခဲ့ပါေသးတယ္။

ဒါက ထူးျခားပါတယ္။

ခ်ဴးယြန္က အလြန္ခံစားခ်က္ေကာင္းမြန္ေနၿပီး ထူးကဲေဆးလုံးဆယ္လုံးကို ထုတ္ယူကာ ခ်န္းပိနင္းကို ေပးလိုက္ပါတယ္။
"ခန္းမသခင္… ဒီအေတာအတြင္းမွာ နင္အရမ္းပင္ပန္းေနခဲ့ရလိမ့္မယ္… ဒီေဆးလုံးေတြက နင့္အတြက္ဆုေပးတာ"

"ငါ့အတြက္လား"
ခ်န္းပိနင္း အံ့အားသင့္ၿပီး မယုံၾကည္ႏိုင္ျဖစ္သြားခဲ့ပါတယ္။

လစဥ္ သေဘာတူထားတာအျပင္ အျခားအရာ႐ွိေသးတာလား။

ဒါက ထူးကဲေဆးလုံးဆယ္လုံးေတာင္မွေလ။

"ယူလိုက္ပါ… ဒါက လွည့္ကင္းခန္းမအတြက္မဟုတ္ဘူး… ခန္းမသခင္အတြက္ တမင္ေပးတာ"
ခ်ဴးယြန္ ေလးနက္စြာ ေျပာလိုက္ပါတယ္။

ခ်န္းပိနင္းရဲ႕ က်င့္ၾကံျခင္းအေျခခံက က်ဆင္းေနၿပီး ေလ့က်င့္ဖို႔အခ်ိန္ေကာင္းကိုလည္း လြဲေခ်ာ္ခဲ့ရၿပီးပါၿပီ။

နဂါးဂိတ္ညီလာခံမွာ နံပါတ္တစ္ျဖစ္ခဲ့တဲ့ ေကာင္းကင္ဂုဏ္ေဆာင္ ပါရမီ႐ွင္အေနနဲ႔ လွည့္ကင္းခန္းမမွာ အလဟႆျဖစ္ေနရတာက တကယ္သနားစရာေကာင္းပါတယ္။

ဒါေၾကာင့္ ခ်ဴးယြန္ဟာ သူ႕ကိုကူညီသင့္သလို ခံစားခဲ့ရပါတယ္။

ေနာက္ဆုံးမွာေတာ့ ဒီလွည့္ကင္းခန္းမက အေႏွးနဲ႔အျမန္ဆိုသလို သူ႕ဩဇာသက္ေရာက္မႈေအာက္ကို ေရာက္လာေတာ့မွာ မဟုတ္လား။

"ငါ…"
ခ်ဴးယြန္ရဲ႕ စကားကိုၾကားၿပီးေနာက္ ခ်န္းပိနင္းက အနည္းငယ္ ခ်ီတုံခ်တုံသြားခဲ့ပါတယ္။

ဒီခ်ဴးယြန္ရဲ႕ ေနာက္ခံက ဘာမ်ားပါလိမ့္။ သူက လစဥ္ထူးကဲေဆးလုံး ဆယ္လုံးအျပင္ အပိုေဆးလုံးေတြကိုလည္း ေပးႏိုင္တယ္ေပါ့။

သူက ခ်ဴးယြန္နဲ႔ ရင္းႏွီးတဲ့ မိတ္ေဆြေတြမဟုတ္သလို ေဆြမ်ိဳးေတြလည္း မဟုတ္တာေၾကာင့္ အျပစ္႐ွိသလို ခံစားခဲ့ရပါတယ္။

"ဘာမွ ေတြးေနစရာမလိုပါဘူး… ငါက ယူဖို႔ေျပာရင္ ယူလိုက္ပါ"
ခ်ဴးယြန္ အသာျပဳံးလိုက္ပါတယ္။
" အထြတ္အထိပ္သူေတာ္စင္ နတ္ဆိုးသားရဲေတြက သန္မာေပမယ့္ နင့္အတြက္ေတာ့ ဘာမွမဟုတ္ဘူးမလား… အခုဆိုရင္ နဂါးဂိတ္ညီလာခံမွာ နင့္ကို႐ႈံးနိမ့္ခဲ့တဲ့ ၿပိဳင္ဘက္ေတြေတာင္ နင့္ထက္ပိုသန္မာေနၾကေရာ့မယ္"

ခ်န္းပိနင္းက အနည္းငယ္႐ွက္႐ြံ႕သြားၿပီး အသံတိုးတိုးနဲ႔ ေျပာလိုက္ပါတယ္။
"အမ်ားစုက ေသျခင္း႐ွင္ျခင္းနယ္ပယ္ အထြတ္အထိပ္ကို ေရာက္ေနခဲ့ၾကပါၿပီ… အခ်ိဳ႕ကလည္း ျပန္လည္ဝင္စားျခင္းနယ္ပယ္ကို ခ်ိဳးျဖတ္သြားၾကၿပီ"

"အဲတာပဲၾကည့္"
ခ်ဴးယြန္ ေခါင္းညိတ္ၿပီး နက္႐ွ္ိဳင္းစြာၾကည့္ကာ ေျပာလိုက္ပါတယ္။
" နင့္ရဲ႕ ပါရမီနဲ႔ သူတို႔အေနာက္မွာ အၿမဲ႐ွိေနမွာကို လိုခ်င္လား… လွည့္ကင္းခန္းမက နင့္အတြက္ အေႏွာင့္အယွက္လို ျဖစ္‌မေနသင့္ဘူး… အနည္းဆုံးေတာ့ ဒါက နင့္ရဲ႕ က်င့္ၾကံျခင္းကို ထိခိုက္ေစဖို႔မသင့္ဘူး"

"ငါသိပါတယ္"
ခ်န္းပိနင္းက အားနည္းေနတဲ့ေလသံနဲ႔ ေျပာလိုက္ပါတယ္။ လွည့္ကင္းခန္းမသခင္ျဖစ္ေပမယ့္လည္း သူဟာ ခ်ဴးယြန္အေ႐ွ႕မွာ ဂုဏ္သိကၡာျမင့္မားစြာ မေနႏိုင္ခဲ့ပါဘူး။

ဒါ ဘယ္အခ်ိန္ကစျဖစ္တာလဲ။

ၾကည့္ရတာေတာ့ ေနာက္ဆုံးအႀကိမ္ သူ႕ခံစားခ်က္ေတြကို ရင္ဖြင့္ခဲ့တုံးက ျဖစ္ပုံရပါတယ္။

အဲဒီအခ်ိန္က သူ႕ခႏၶာကိုယ္နဲ႔ေတာင္ ကတိေပးတဲ့စကားေတြကို ေျပာခဲ့တာပါ။

ဒါကိုျပန္ေတြးမိၿပီးေနာက္ ခ်န္းပိနင္းရဲ႕ မ်က္ႏွာက ထူပူလာကာ ႏႈတ္ခမ္းကို ကိုက္လိုက္ပါၿပီ။

"ခန္းမသခင္… ေနာက္ထပ္ကိစၥတစ္ခု႐ွ္ိေသးတယ္… မၾကာေသးခင္ကပဲ လွည့္ကင္းခန္းမကို ငါးေတြနဲ႔နဂါးေတြေရာၿပီး လွည့္ကင္းခန္းမကိုဝင္ဖို႔ လုပ္ေနၾကတယ္… ဒီအထဲမွာ အင္အားစုေတြကလည္း အမ်ားႀကီးပါၿပီး သူတို႔ကို ေသခ်ာစစ္ေဆးသင့္တယ္"

ခ်ဴးယြန္ ေလးနက္စြာေျပာလိုက္ပါတယ္။
"ငါ့အထင္ေတာ့ လွည့္ကင္းခန္းမရဲ႕ လက္႐ွိစနစ္ေတြက မေကာင္းဘူး… လွည့္ကင္းေတြက ပုံမွန္လိုဆိုရင္ ဘာမွလုပ္ရတာမဟုတ္ဘူး… သူတို႔က ေရာက္လာတာနဲ႔ ကိုယ့္ရဲ႕အရင္းအျမစ္ေတြကို အသေခ်ာင္ဝါးၿမိဳသြားလိမ့္မယ္… ဒီအတိုင္းဆက္သြားေနရင္ ငါတို႔ ၾကာ႐ွည္ခံႏိုင္မွာမဟုတ္ဘူး… အေျပာင္းအလဲေတြ အမ်ားႀကီးလုပ္သင့္ၿပီ"

ဒီစကားေတြက ခ်န္းပိနင္းကို အလြန္တုန္လႈပ္သြားေစခဲ့ပါတယ္။

သူက‌ ေသမ်ိဳးတို႔ရဲ႕ေလာကထဲမွာ သိပ္ၿပီး သြားလာမႈမ႐ွိတာေၾကာင့္ ခ်ဴးယြန္ေျပာတာကို သိပ္နားမလည္ပါဘူး။

ဒါေၾကာင့္ အခ်ိဳ႕အရာေတြကို ခ်ဴးယြန္႐ွင္းျပရမွာပါ။

"ဒါဆို နင္က ဘာလုပ္ခ်င္လို႔လဲ"

"ေျပာင္းလဲရမယ္… အရင္ဆုံး လွည့္ကင္းေတြထဲက အားနည္းၿပီး အသုံးမဝင္တဲ့သူေတြကို ဖယ္႐ွားပစ္ရမယ္… အရည္အတြက္က အေရးပါေပမယ့္ အဓိကအခ်က္က အမိႈက္ေတြဟာ ပါရမီ႐ွင္ေတြနဲ႔ ႏိႈင္းယွဥ္လို႔မရဘူး…  အရင္းအျမစ္ေတြကို အမိႈက္ေတြအတြက္ ျဖဳန္းတီးမယ့္အစား ပါရမီ႐ွင္ေတြကို ပိုေပးအပ္သင့္တယ္"

"ေနာက္ၿပီး လွည့္ကင္းတစ္ဦးစီက ေလ့က်င့္ျခင္းနဲ႔အတူ သက္ဆိုင္ရာအလုပ္ေတြကို လုပ္ရမယ္… မဟုတ္ရင္ ခ်က္ခ်င္း ထြက္သြားပဲ… အလုပ္ဆိုတဲ့‌ေနရာမွာ နတ္ဆိုးသားရဲေတြကို သတ္ဖမ္းဆီးတာ၊ ဝိညာဥ္ေဆးပင္ေတြ ႐ွာေဖြတာ… စသည္ျဖင့္ လုပ္ၾကရမယ္… ဆုေပး၊ဒဏ္ေပး စနစ္ကို ထား႐ွိမယ္… သန္မာတဲ့သူေတြက အရင္းအျမစ္ေတြပိုရၿပီး အားနည္းတဲ့သူေတြက အရင္းအျမစ္ေတြကို လက္လႊတ္ရမယ္… ဒါက သူတို႔ဘာသာ ေ႐ြးခ်ယ္ေစၿပီး သန္မာတဲ့သူေတြကိုသာ ႐ွင္သန္ေစႏိုင္တဲ့နည္းနဲ႔ ဖြဲ႕စည္းရမယ္"

ခ်ဴးယြန္က သူ႕ႏွလုံးသားထဲမွာ ႀကိဳေတြးၿပီးျဖစ္တဲ့ အစီအစဥ္ကို ေျပာျပလိုက္ပါတယ္။

ခ်န္းပိနင္းလည္း ခ်ဴးယြန္ကို အေလးအနက္ၾကည့္လိုက္မိပါၿပီ။

သူက အရာအားလုံးကို ဘယ္လိုလုပ္ၿပီး သိေနတာပါလိမ့္။

"ငါတို႔ေတြ ေဆးဝါးပညာ႐ွင္၊ ေအာ့ခမ္းနစ္ပညာ႐ွင္နဲ႔ ပန္းပဲပညာ႐ွင္ေတြကိုလည္း စုေဆာင္းထားဖို႔ လိုတယ္… ငါတို႔လိုအပ္တဲ့ ပစၥည္းတိုင္းကို ေလွ်ာက္ဝယ္ေနလို႔မရဘူး"

"ႏွစ္ေပါင္းေထာင္ခ်ီ စြဲၿမဲေနတဲ့ သူတို႔ရဲ႕အေလ့အက်င့္ေတြကို ေျပာင္းလဲဖို႔ ခက္ခဲေပမယ့္လည္း သူတို႔ ရေအာင္ေျပာင္းရမယ္"

"လက္႐ွိ ငါတို႔လွည့္ကင္းခန္းမရဲ႕ အေျခအေနက ပါရမီ႐ွင္ေတြကို ပ်ိဳးေထာင္ႏိုင္ဖို႔ နည္းလမ္းမ႐ွိဘူး… ေနာက္ၿပီး တိုက္ႀကီးမွာ႐ွိတဲ့ အရင္းအျမစ္ေတြကလည္း ကုန္ၿပီ… ငါတို႔မွာ အရင္းအျမစ္ေတြ႐ွိေသးရင္ေတာင္ ဒါေတြကိုပဲ အားကိုးေနလို႔ မရဘူး"

"ငါတို႔သာ သန္မာလာၿပီဆိုရင္ အနာဂါတ္မွာ ပါရမီ႐ွင္ေတြအမ်ားႀကီး ဝင္ေရာက္လာမွာ အေသအခ်ာပဲ… အခု လူတစ္ရာပဲ စုေဆာင္းႏိုင္ေပမယ့္ အနာဂါတ္မွာ လူတစ္ေထာင္လား… လူတစ္ေသာင္းလား… စုေဆာင္းလာႏိုင္လိမ့္မယ္"
ခ်ဴးယြန္က သူ႕စိတ္ထဲမွာ႐ွိသမွ်ကို ေျပာျပလိုက္ပါတယ္။

ဒါက ခ်ဴးကလန္ကို တည္ေထာင္ခဲ့ပုံအေပၚ မူတည္ထားခဲ့တာပါ။ ေနာက္ၿပီး သူက တီအန္တာအိုဂိုဏ္းနဲ႔ အေတြးပုံရိပ္ဂိုဏ္းက အခ်က္ေတြကလည္း ထည့္သြင္းခဲ့ပါတယ္။

"ငါတို႔လွည့္ကင္းခန္းမကလည္း စစ္မွန္တဲ့ဂိုဏ္းတစ္ခုလို ျဖစ္လာေစရမယ္… ငါတို႔အေနနဲ႔ စားလိုက္၊ေသာက္လိုက္နဲ႔ ေသဖို႔ကိုထိုင္ေစာင့္ေနသူေတြကို ဖယ္႐ွားၿပီး စစ္မွန္တဲ့ကြၽမ္းက်င္သူေတြနဲ႔ အစားထိုးမယ္"
ခ်ဴးယြန္ရဲ႕ စကားေတြက ခိုင္မာျပတ္သားစြာ ထြက္ေခၚလာခဲ့ပါတယ္။

ခ်န္းပိနင္းက ဒီအရာေတြကို သိပ္မသိပါဘူး။ ဒါေပမယ့္ ခ်ဴးယြန္ရဲ႕ အေသးစိတ္အစီစဥ္ေတြကို ၾကားၿပီးေနာက္ သူ႕စိတ္ထဲမွာ အေတြးအခ်ိဳ႕ ျဖစ္ေပၚလာခဲ့ပါၿပီ။

ေတြးရင္းနဲ႔ပဲ ခ်ဴးယြန္ရဲ႕ အစြမ္းထက္မႈအတြက္ သက္ျပင္းခ်ရပါတယ္။

သူက ပါရမီ႐ွိသလို ေၾကာက္မက္ဖြယ္တိုက္ခိုက္ေရးစြမ္းအား႐ွိတယ္။ ေနာက္ၿပီးေတာ့ ရက္ေရာတတ္သလို အားလုံးကိုလည္း သိထားပါေသးတယ္။

သူ႕ရဲ႕႐ုပ္ရည္ေခ်ာေမာမႈကေတာ့ ေျပာေနစရာေတာင္ မလိုပါဘူး။

သူေျပာတဲ့ စကားတိုင္းကလည္း မွန္ကန္ၿပီး တိက်ပါတယ္။

ၾကည့္ရတာ သူက ဒီအတြက္ ေသခ်ာေတြးေပးထားတဲ့ပုံပါပဲ။

လမ္းလြဲေနတဲ့ လွည့္ကင္းခန္းမအတြက္ သူက ေသခ်ာေတြးေပးထားခဲ့တာပါ။

"ခန္းမသခင္… ငါအခုေျပာခဲ့တာေတြကို နင္ ေသခ်ာစဥ္းစားထားသင့္တယ္… အေသးစိတ္ကို ေနာက္သုံးရက္ၾကာရင္ ငါတို႔ေဆြးေႏြးၾကမယ္"
ေျပာၿပီးတာနဲ႔ ခ်ဴးယြန္လွည့္ထြက္လိုက္ပါတယ္။

လွည့္ကင္းခန္းမကို ပိုသန္မာလာေစခ်င္ရင္ သူ႕ရဲ႕ဖြဲ႕စည္းပုံကို အရင္ေျပာင္းလဲရမွာပါ။

ဒါေပမယ့္ ဒါမ်ိဳးက ေန႔ခ်င္းညခ်င္းျပဳလုပ္လို႔ရတာမ်ိဳး မဟုတ္ပါဘူး။

ဟုတ္ပါတယ္။ ဒီအေျပာင္းအလဲေၾကာင့္ ဖ႐ိုဖရဲအေျခအေနေတြေတာ့ ျဖစ္လာပါလိမ့္မယ္။

အထူးသျဖင့္ လွည့္ကင္းခန္းမမွာ အေခ်ာင္စား၊အေခ်ာင္ေနတဲ့ လွည့္ကင္းေတြက ဒီကိစၥကို ပထမဆုံး ဆန္႔က်င္လာၾကပါလိမ့္မယ္။

ဒါေပမယ့္ သူတို႔လာရင္ေတာင္ ဘာျဖစ္ေသးလဲ။

သူက အဆင္သင့္ျဖစ္ေနခဲ့ပါၿပီ။

အပိုင္း ( 875 ) ေသြးေၾကာင္ၾကျခင္း

ဒီသုံးရက္အတြင္း ခ်ဴးယြန္က ေလ့က်င့္ျခင္းကိုပဲ အာ႐ုံစိုက္ေနခဲ့ပါတယ္။

ဒုတိယစိတ္ဝိညာဥ္နဲ႔ သူက မဟာဖြံ႕ၿဖိဳးျခင္းဓါးသိုင္းရဲ႕ စတုတၱအကြက္ကိုနားလည္ဖို႔ အျပင္းအထန္ႀကိဳးစားေနခဲ့တာပါ။

တတိယအကြက္ၿပီး ေနာက္အကြက္ေတြက ကိုယ္ပိုင္နားလည္မႈကို လိုအပ္ခဲ့ပါတယ္။

ဒါက နားလည္ဖို႔ မလြယ္ကူပဲ ႀကိဳးစားေလ၊ပိုခက္ခဲေလပါပဲ။

ဒီသုံးရက္အတြင္း ခ်ဴးယြန္ဟာ အက်ိဳးျမတ္မွမရတာေၾကာင့္ အေတာ္စိတ္ပ်က္ဖို႔ေကာင္းတယ္လို႔ ဆိုရပါလိမ့္မယ္။

အျခားတစ္ဖက္မွာေတာ့ ေဟာ္႐ႊင္းနဲ႔ မဟာပညာ႐ွိက အျပင္းအထန္တိုက္ခိုက္ၿပီးေနာက္ အေပါင္းသင္း၊ေရာင္းရင္းေတြ ျဖစ္လာခဲ့ပါတယ္။

သူတို႔ႏွစ္ဦး တိုက္ခိုက္ၾကတာ ဘယ္သူအႏိုင္ရလဲလို႔ ေမးရင္ေတာ့ မဟာပညာ႐ွ္ိရဲ႕ ဝံ့ႂကြားေနတဲ့ မ်က္ႏွာအမူရာနဲ႔ အေျဖစကားကိုျပန္ၾကားရမွာပါ။

ေဟာ္႐ႊင္းက ေဟာ္အိမ္ေတာ္ရဲ႕ ဒုတိယသခင္ေလးဆိုေပမယ့္ အရင္တုန္းက သူဟာ က်င့္ၾကံျခင္းကို အာ႐ုံမစိုက္ခဲ့ပါဘူး။ ဒါေၾကာင့္ သူ႕ရဲ႕တိုက္ခိုက္ႏိုင္စြမ္းက ေယာက္ခ်ီျမင့္ျမတ္တိုင္းျပည္ရဲ႕ ေကာင္းကင္ဂုဏ္ေဆာင္ ပါရမီ႐ွင္ေတြျဖစ္တဲ့ ဟြာေဖးလုံ၊ ႐ွပိေရာ… စသူတို႔ထက္ နိမ့္က်ခဲ့ပါတယ္။

ဒီအတြက္ေၾကာင့္ သူဟာ ခႏၶာကိုယ္သန္႔စင္သူတစ္ဦး ျဖစ္ေပမယ့္လည္း မဟာပညာ႐ွိရဲ႕အေ႐ွ႕မွာေတာ့ ဆန္႔က်င္ႏိုင္ဖို႔ အခြင့္အေရးမ႐ွိပါေပ။

မဟာပညာ႐ွ္ိက ေဟာ္႐ႊင္းကိုႀကီးမားတဲ့ အင္အားနဲ႔ အႏိုင္ယူခဲ့ပါတယ္။ ေဟာ္႐ႊင္းက ဒါကို လက္မခံခ်င္ရင္ေတာင္ လက္ခံခဲ့ရဆဲပါ။

သုံးရက္ၾကာၿပီးေနာက္ ခ်ဴးယြန္က က်င့္ၾကံရာကထြက္လာၿပီး ခ်န္းပိနင္းဆီကို ဦးတည္လိုက္ပါတယ္။

"ခန္းမသခင္… လြန္ခဲ့တဲ့သုံးရက္က ငါေျပာခဲ့တဲ့ ေျပာင္းလဲေရးအစီစဥ္ကို ဘယ္လိုသေဘာရလဲ"
ခ်ဴးယြန္ ေမးလိုက္ပါတယ္။

ခ်န္းပိနင္းရဲ႕မ်က္ႏွာကေတာ့ အနည္းငယ္ေခ်ာင္ေနလို႔ပါ။ သူက ဒီကိစၥကို ေသခ်ာေတြးေတာေနခဲ့ပုံပါပဲ။

ခ်ဴးယြန္စကားကိုၾကားၿပီးေနာက္ သူက ေျပာလိုက္ပါတယ္။
"ငါနင့္အျမင္ကို ေသခ်ာစဥ္းစားၿပီးၿပီ… လက္႐ွိ ငါတို႔လွည့္ကင္းခန္းမက နာတာ႐ွည္ေရာဂါသည္လိုျဖစ္ေနၿပီး အေျပာင္းအလဲမလုပ္ရင္ေတာ့ ေနာက္ဆုံးရလဒ္က ပ်က္ဆီးျခင္းပဲ ျဖစ္ရမွာပဲ… နင္မွန္တယ္"

ခ်န္းပိနင္းက သူ႕အျမင္တစ္ခုခုကို ေျပာခ်င္ပုံရေပမယ့္ ဆက္မေျပာဘဲ တြန္႔ဆုတ္စြာနဲ႔ ခဏရပ္သြားခဲ့ပါတယ္။

"ခန္းမသခင္ ငါ့ကိုဖုံးကြယ္ထားစရာမလိုပါဘူး… ေျပာစရာ႐ွိရင္ ေျပာပါ"
ခ်ဴးယြန္က ခ်န္းပိနင္းရဲ႕အမူရာကိုျမင္ၿပီးေနာက္ ေျပာလိုက္ပါတယ္။

ခ်န္းပိနင္း အသက္ျပင္းျပင္း႐ႈကာ ေျပာလိုက္ပါၿပီ။
" နင္ေျပာသမွ်အားလုံးမွန္ၿပီး ငါတို႔လွည့္ကင္းခန္းမရဲ႕ အေျခအေနနဲ႔လည္း ကိုက္ညီပါတယ္… ဒါေပမယ့္  ငါ့အေနာက္ကို လိုက္ေနတာၾကာၿပီျဖစ္တဲ့ လွည့္ကင္းသမားေဟာင္းေတြ ႐ွိေနတယ္… သူတို႔က ဒီထက္ပိုမတိုးတက္ႏိုင္ၾကေတာ့ေပမယ့္ လွည့္ကင္းခန္းမကို အရမ္းသစၥာ႐ွိၾကတယ္ေလ… သူတို႔ကို ဖယ္ထုတ္ဖို႔က…"

"ခန္းမသခင္… နင္က ဒါကို အၾကင္နာမဲ့လြန္းတယ္လို႔ ေျပာခ်င္တာလား"
ခ်ဴးယြန္ အသာျပဳံးလိုက္ပါတယ္။ ဒီအတြက္ေတာ့ သူမအံ့ဩမိပါဘူး။

ခ်န္းပိနင္းရဲ႕ စိတ္ေနသေဘာထားကိုက ဒီလိုပါပဲ။ သူက ၾကင္နာတတ္လြန္းၿပီး ဆုံးျဖတ္ခ်က္ မျပတ္သားပါဘူး။

"ခန္းမသခင္… သူတို႔က နင့္ကိုအရမ္းသစၥာ႐ွိတယ္လို႔ ထင္ေနတာလား… ေသခ်ာစဥ္းစားပါဦး…  လွည့္ကင္းခန္းမ အေျခအေနမေကာင္းျဖစ္ေနခဲ့ခ်ိန္မွာ သူတို႔က ခန္းမအတြက္ အက်ိဳး႐ွိတာ ဘာလုပ္ခဲ့ၾကလဲ… နင္တစ္ေယာက္တည္းပဲ ခန္းမအတြက္ ႐ုန္းကန္ခဲ့ရတာပဲမဟုတ္လား…  အျခားအရာေတြ အသာထားဦး သူတို႔သေဘာဆႏၵနဲ႔ အရင္းအျမစ္ေတြကို စြန္႔လႊတ္ေပးခဲ့ၾကလား… တစ္လေလာက္ လက္လႊတ္ခဲ့ရင္ေတာင္ သူတို႔ကို သစၥာ႐ွိတယ္လို႔ ငါေျပာေပးဦးမယ္"
ခ်ဴးယြန္ရဲ႕ စကားေတြက ထက္႐ွတဲ့ဓါးလို ခ်န္းပိနင္းရဲ႕ ႏွလုံးသားကို ထိုးေဖာက္သြားခဲ့ပါတယ္။

သူ႕မ်က္ႏွာ ခ်က္ခ်င္းပဲ ျဖဴေရာ္သြားခဲ့ပါၿပီ။

ျပန္စဥ္းစားၾကည့္ရင္ လွည့္ကင္းခန္း က်ပ္တည္းခဲ့ခ်ိန္မွာ အရင္းအျမစ္ေတြကို ဆႏၵအေလ်ာက္စြန္႔လႊတ္ခဲ့သူက တစ္ဦးမွမ႐ွိခဲ့ပါဘူး။

တစ္ဦးမွကို မ႐ွိတာပါ။

ခ်န္းပိနင္းရဲ႕ မ်က္ႏွာအမူရာကို ျမင္ၿပီးေနာက္ ခ်ဴးယြန္ျပဳံးလိုက္ပါတယ္။
"ခန္းမသခင္… နင္အခု ဘာလုပ္ရမယ္သိၿပီလား"

"ငါမလုပ္ႏိုင္ေသးဘူး"
ခ်န္းပိနင္းက ကူကယ္ရာမဲ့စြာ မ်က္လုံးမွိတ္လိုက္ၿပီး သူ႕မ်က္ေတာင္ေတြက အနည္းငယ္လႈပ္ခတ္သြားပါတယ္။

"ခန္းမသခင္က မလုပ္ႏိုင္ရင္ ငါလူဆိုးလုပ္ရလိမ့္မယ္… ပ်က္ဆီးေနတဲ့ အင္အားစုတစ္ခုကို ေျပာင္းလဲခ်င္ရင္ ပိုႀကီးမားတဲ့တန္ဖိုးနဲ႔ နာက်င္မႈေတြကို ခံႏိုင္ရည္႐ွိရမယ္… ငါတို႔ ဒါကိုေက်ာ္ျဖတ္ႏိုင္ရင္ အေျပာင္းလဲလည္း ေအာင္ျမင္မွာပဲ… ဒီေလာက္ေလးကိုေတာင္ မေက်ာ္ျဖတ္ႏိုင္ရင္ေတာ့ အရင္အေျခအေနကို ျပန္ေရာက္သြားၿပီး အဆုံးမွာ ပ်က္ဆီးျခင္းကို ေရာက္ရလိမ့္မယ္"
ခ်ဴးယြန္ ေလးနက္တဲ့ မ်က္ႏွာနဲ႔ ေျပာလိုက္တယ္။

"ငါသိပါတယ္… ငါလုပ္မွာပါ"
ခ်န္းပိနင္း မ်က္လုံးျပန္ဖြင့္လိုက္ၿပီး သူ႕မ်က္လုံးထဲမွာ စိတ္အားထက္သန္မႈေတြ ေတာက္ပလာခဲ့ပါၿပီ။

သူ႕မွာ ေ႐ြးခ်ယ္စရာ မ႐ွိပါဘူး။

"ခ်ဴးယြန္… ငါနင္နဲ႔ ဆုံးျဖတ္ခ်က္ကို ေၾကညာဖို႔ အစည္းေဝးတစ္ခု ျပဳလုပ္မယ္"
ခ်န္းပိနင္းက ေမွ်ာ္လင့္ခ်က္ေတြ ျပည့္ႏွက္ေနတဲ့ မ်က္ဝန္းနဲ႔ ခ်ဴးယြန္ကိုၾကည့္လိုက္ပါတယ္။

သူ႕ႏွလုံးသားထဲမွာေတာ့ သံသယအခ်ိဳ႕႐ွိေနဆဲပါ။

အခုခ်ိန္မွာ သူ႕ရဲ႕တာဝန္ေတြကို အျခားသူနဲ႔မွ်ေဝခ်င္ေနခဲ့ပါတယ္။

သူအားကိုးရတဲ့သူက ဒီအတြက္ပစ္မွတ္တစ္ခုလို ျဖစ္လာခဲ့မွာပါ။

ေနာက္ၿပီး ခ်ဴးယြန္က ဒီလိုလိုအပ္ခ်က္နဲ႔ ကိုက္ညီသူပါ။

"‌ေကာင္းၿပီ"
ခ်ဴးယြန္ ‌စဥ္းစားမေနဘဲ ေခါင္းညိတ္လိုက္ပါတယ္။

ခ်န္းပိနင္းလည္း အေထြေထြအစည္းအေဝးအတြက္ လွည့္ကင္းသမားအားလုံးကို ေခၚယူလိုက္ပါၿပီ။

သူအခုလုပ္တဲ့အရာက လွည့္ကင္းခန္းမရဲ႕ အနာဂါတ္နဲ႔ ပတ္သတ္နဲ႔ေနၿပီး အလြန္အေရးႀကီးပါတယ္။

ခ်န္းပိနင္းက ခန္းမထဲက အဓိကထိုင္ခုံမွာ ထိုင္ေနလို႔ပါ။ မူလက ခ်ဴးယြန္ကို သူ႕ေဘးနားက ဒုတိယခုံမွာထိုင္ေစခဲ့ေပမယ့္ ခ်ဴးယြန္က ေဘးနားမွာရပ္ေနဖို႔ကိုပဲ ေ႐ြးခ်ယ္ခဲ့ပါတယ္။

သူက ဒုခန္းမသခင္တစ္ဦးရဲ႕ အေဆာင္အေယာင္ေတြ ႐ွိေပမယ့္လည္း အဆုံးမွာေတာ့ လွည့္ကင္းတစ္ဦးျဖစ္ေနဆဲပါ။

မၾကာခင္မွာပဲ လွည့္ကင္းေတြ တစ္ဦးၿပီးတစ္ဦး ေရာက္လာခဲ့ၾကပါၿပီ။

လူရာခ်ီပါဝင္တဲ့ လူအုပ္ႀကီးက ခန္းမႀကီးထဲမွာ ရပ္ေနခဲ့ၾကပါတယ္။

လွည့္ကင္းခန္းမရဲ႕ ဒုခန္းမသခင္ေလးဦးက ထိုင္ခ်င္ၾကေပမယ့္ ခ်ဴးယြန္ကရပ္ေနတာကိုျမင္ၿပီးေနာက္ သူတို႔လည္း မထိုင္ၾကေတာ့ပါဘူး။

ခ်န္းပိနင္းက လွည့္ကင္းခန္းမဝင္ေတြကို လိုက္ၾကည့္ၿပီးေနာက္ သူ႕မ်က္လုံးထဲမွာ ႐ႈပ္ေထြးေနတဲ့ အမူရာေတြ ျဖစ္ေပၚလာခဲ့ပါၿပီ။

ဒါက လူလတ္ပိုင္းေတြနဲ႔ အသက္႐ြယ္ႀကီးရင့္သူေတြအတြက္ဆို ပိုမွန္ပါလိမ့္မယ္။ သူတို႔က စကားစျမည္ေျပာဆိုေနၾကၿပီး လက္႐ွိအေျခအေနကို ဂ႐ုစိုက္ၾကပုံမရပါဘူး။

သူတို႔ရဲ႕အျမင္မွာေတာ့ သူတို႔က လွည့္ကင္းခန္းမရဲ႕ အစိတ္အပိုင္းေတြျဖစ္ၾကေပမယ့္ ခြန္အားကခ်ိဳ႕တဲ့ၾကတာေၾကာင့္ ကိစၥရပ္အမ်ားစုမွာ ဝင္ပါစရာမလိုေတာ့ပါ။

သူတို႔က လွည့္ကင္းခန္းမမွာ ပုံမွန္အတိုင္း လြတ္လပ္စြာေနမယ္။ ၿပီးရင္ ကိုယ့္ရဲ႕ လစဥ္အရင္းအျမစ္‌ကိုယူၿပီး ေလ့က်င့္လိုက္မယ္လို႔ စိတ္ကူးထားၾကသူေတြပါ။

ဒီလိုဘဝမ်ိဳးမွာ သူတို႔က ဘာကိုမွ ဂ႐ုစိုက္ေနစရာမလိုပါဘူး။

ေနာက္ဆုံးမွာေတာ့လွာ့္ကင္းခန္းမက ဂိုဏ္းေတာ္တစ္ခုနဲ႔ ကြာျခားပါတယ္။ ဒါက ဘာကန္႔သတ္ခ်က္မွမ႐ွိဘဲ အလိုလိုျဖစ္ေပၚလာတဲ့ ဂိုဏ္းတစ္ခုလိုပါပဲ။ ပုံမွန္အားျဖင့္ လွည့္ကင္းခန္းမရဲ႕ ပုံမွန္အရာအခ်ိဳ႕ကို လုပ္ေဆာင္ဖို႔ပဲ လိုအပ္ပါတယ္။

သူတို႔က ငါးႏွစ္တစ္ခါ ခရီးသြားရတာကလြဲရင္ အျခားဘာမွလုပ္စရာမလိုပါဘူး။

အျခားဘာမွမလုပ္ရဲ႕ လွည့္ကင္းခန္းမမွာေနရတာဟာ တကယ္အဆင္ေျပပါတယ္။

တစ္‌ေနကုန္ ဘာမွလုပ္စရာမလိုဘဲ အိပ္လိုက္၊စားလိုက္လုပ္ေနရတာက အလြန္ေပ်ာ္႐ႊင္စရာေကာင္းလွတယ္မဟုတ္လား။

ခ်န္းပိနင္းကလည္း ဒါကိုသိပါတယ္။ ဒါေပမယ့္ အရင္တုန္းက နက္နက္နဲနဲနားလည္မႈ မ႐ွိခဲ့သလို ေသခ်ာလည္း မစဥ္းစားခဲ့ပါဘူး။

ဒါေပမယ့္ အခုေတာ့ သူ႕မ်က္လုံးထဲမွာ နာက်င္မႈေတြျဖစ္ေပၚလာခဲ့ပါၿပီ။

ခ်ဴးယြန္ကေတာ့ ဒါေတြအားလုံးကို ျမင္ႏိုင္သလို နားလည္မႈလည္း ႐ွိခဲ့ပါတယ္။

ခ်ဴးယြန္လ်စ္လ်ဴ႐ႈစြာျပဳံးလိုက္ပါၿပီ။ ဒီလူေတြက ေသဖို႔‌ထိုင္ေစာင့္ေနၾကတဲ့သူေတြပါ။

ဒီပိုးေကာင္ေတြကို မဖယ္႐ွားရင္ သူတို႔နဲ႔႐ွိေနရတဲ့ ပတ္ဝန္းက်င္ကလည္း အလြန္ေၾကာက္စရာေကာင္းေနပါလိမ့္မယ္။

ရည္မွန္းခ်က္ႀကီးမားတဲ့ ပါရမီ႐ွင္ေတြ ေရာက္လာရင္ေတာင္ ဒီဇာတ္ထဲကို တျဖည္းျဖည္းဝင္သြားေတာ့မွာပါ။ ၾကာရင္ သူတို႔က ေလ့က်င့္ရတာမေကာင္းသလိုေတာင္ ခံစားလာခဲ့ရပါလိမ့္မယ္။

ဒါေၾကာင့္ သူက ေျပာင္းလဲခ်င္ရင္ အရာအားလုံးကို ေအာက္ေျခကစ႐ွင္းရပါလိမ့္မယ္။

ဒီေန႔က ဒီလိုလုပ္ဖို႔ အခြင့္အေရးေကာင္းတစ္ခုပါပဲ။

"ဒီေန႔ အားလုံးကို ငါေခၚရတာက အေရးႀကီးကိစၥတစ္ခုကို ေၾကညာစရာ႐ွိလို႔ပါ… ဒါက လူတိုင္းအတြက္ စိုးရိမ္စရာကိစၥတစ္ခုပဲ"
ခ်န္းပိနင္းက ထူးျခားတဲ့ မ်က္ႏွာအမူရာနဲ႔ ေျပာလိုက္ပါတယ္။

ဒီျပႆနာကိုေျဖ႐ွင္းတဲ့ေနရာမွာ လက္ခံႏိုင္ဖို႔ မလြယ္ကူေသးပါဘူး။

"ခန္းမသခင္ ဘာျဖစ္လို႔လဲ"
ပါရမီ႐ွင္မ်ားစြာရဲ႕ မ်က္လုံးေတြက ေတာက္ပတဲ့အလင္းေတြ ထြက္ေပၚလာခဲ့ၾကပါၿပီ။

ဟုတ္ပါတယ္။ ဒါက လူအနည္းစုပါ။ ေသလုဆဲဆဲျဖစ္ေနတဲ့ လွည့္ကင္းသမားေတြက ဂ႐ုမစိုက္ၾကဘဲ သမ္းေဝျခင္းေတာင္ ျပဳေနခဲ့ၾကပါေသးတယ္။

အေတာ္မ်ားမ်ားက စိတ္မ႐ွည္ခဲ့ၾကပါဘူး။ ခ်န္းပိနင္းရဲ႕ ခြန္အားက သန္မာေနတာေၾကာင့္သာ မဟုတ္ရင္ သူတို႔က ခ်က္ခ်င္းထြက္ခြာသြားခဲ့ၾကမွာပါ။

"ငါတို႔လွည့္ကင္းခန္းမနဲ႔ အင္အားစုႀကီးတစ္ခုၾကားမွ ျပႆနာတစ္ခုျဖစ္သြားခဲ့တယ္… ဒီျပႆနာက အရမ္းအေရးႀကီးလို႔ ငါနင္တို႔ကို ႐ွင္းျပဖို႔ အခ်ိန္မ႐ွိေတာ့ဘူး… တိုတိုေျပာရရင္ ငါတို႔လွည့္ကင္းေတြမွာ ရန္သူေတြ႐ွိလာၿပီး လူတိုင္းပဲ တိုက္ခိုက္ဖို႔ အဆင္သင့္ျပင္ေနၾကရမယ္"
ခ်န္းပိနင္းက တျဖည္းျဖည္းေျပာလိုက္ပါတယ္။

သူ႕စကားသံ ေပ်ာက္ကြယ္သြားတာနဲ႔ လွည့္ကင္းသမားေတြရဲ႕ မ်က္ႏွာေပၚမွာ မယုံၾကည္ႏိုင္တဲ့အမူရာေတြ ျဖစ္ေပၚလာခဲ့ၾကပါၿပီ။

ဒုခန္းမသခင္ဟူေဟာင္လည္း အံ့အားသင့္သြားၿပီး အျမန္ေမးလိုက္ပါတယ္။
"ခန္းမသခင္… ဒါဘယ္တုံးကျဖစ္သြားတာလဲ"

သူက အလြန္စိုးရိမ္သြားခဲ့တာပါ။

ဟုတ္ပါတယ္။ အခ်ိဳ႕ သိခ်င္စိတ္ေတြနဲ႔ မေစာင့္ႏိုင္ေတာ့ဘဲ မ်က္လုံးေတြအေရာင္လက္လာခဲ့တဲ့ ပါရမီ႐ွင္အခ်ိဳ႕ေတာ့ ႐ွိေနပါေသးတယ္။

"ငါလွည့္ကင္းခန္းမမွာပဲ ေန႔တိုင္းေလ့က်င့္ေနရတာ… အခုေတာ့ ငါ့ကိုေလ့က်င့္ေပးေနသူကို ထိခိုက္လာခဲ့ၿပီ… ဒီလိုအခ်ိန္မွာ ငါ့ကြၽမ္းက်င္မႈေတြကို မထုတ္ေဖာ္ဘဲ သံေခ်းတက္မခံႏိုင္ဘူး"

"အမွန္ပဲ… အဲဒီအင္အားစုက လုံေလာက္ေအာင္သန္မာဖို႔ ေမွ်ာ္လင့္တယ္… မဟုတ္ရင္ ပ်င္းစရာေကာင္းေနလိမ့္မယ္"

"တိုက္ခိုက္ၾကတာေပါ့ကြာ… ငါအကြက္နည္းနည္းသင္ယူထားေပမယ့္ ေလ့က်င့္စရာမ႐ွိလို႔ စိတ္ပူေနရတာ"

ခန္းမကိုဝင္လာတာမၾကာေသးတဲ့ ပါရမီ႐ွင္ေတြရဲ႕  စိတ္လႈပ္႐ွားလာၿပီး မ်က္လုံးေတြကေတာက္ပလာခဲ့ၾကပါတယ္။

ခ်ဴးယြန္က အေျခအေနကို လိုက္ၾကည့္ရင္း ဒါေတြကို ျမင္ေနရလို႔ပါ။

ခ်ဴးယြန္ရဲ႕ ႏႈတ္ခမ္းေတြက မသိမသာတြန္႔ေကြးကာ ျပဳံးသြားခဲ့ပါၿပီ။

လွည့္ကင္းေတြထဲမွာ သုံးပုံတစ္ပုံေလာက္သာ တိုက္ခိုက္ခ်င္စိတ္႐ွိေတာ့တာပါ။

အမ်ားစုက ျပႆနာေတြကို ေၾကာက္႐ြံ႕ေနခဲ့ၾကပါၿပီ။ သူတို႔က ျပႆနာေတြ မျဖစ္ခ်င္ေတာ့ဘဲ လွည့္ကင္းခန္းမမွာပဲ ေကာင္းေကာင္းစားေသာက္ကာ ခပ္ေအးေအးဘဲ ေနခ်င္ၾကပါေတာ့တယ္။

"ခန္းမသခင္… ဒါက မသင့္ဘူးမဟုတ္လား"
ဟူေဟာင္က မ်က္ေမွာင္ၾကဳတ္ၿပီး အနည္းငယ္အဆင္မေျပျဖစ္ေနတဲ့ မ်က္ႏွာအမူရာနဲ႔ ေျပာလိုက္ပါတယ္။
"ငါတို႔လွည့္ကင္းခန္းမက အၿမဲတမ္း ၿငိမ္းခ်မ္းေရးကို အေလးထားတယ္… အျခားအင္အားစုေတြ၊ ဂိုဏ္းေတြနဲ႔ ဘယ္တုံးကမွ ျပႆနာမျဖစ္ခဲ့ဘူး…  ႐ုတ္တရက္ႀကီး ဘယ္လိုျဖစ္ၿပီး ျပႆနာျဖစ္သြားရတာလဲ… ဒါက သူတို႔အမွားလား၊ ငါတို႔အမွားလား… သူတို႔အမွားဆိုရင္ေတာင္ ငါတို႔ ေဆြးေႏြးလို႔ရပါတယ္"

"ဟုတ္ပါတယ္… ဒီေလာက္ ေတာင့္‌တင္းေနဖို႔ မလိုဘူးေလ… အျဖစ္ပ်က္ေတြကို ဘာလို႔႐ွင္းမျပရမွာလဲ"
ခ်ဴးယြန္ ေထာက္ခံေပးလိုက္တဲ့ ဒုခန္းမသခင္အမ်ိဳးသမီးကလည္း ေၾကာက္လန္႔တၾကားေျပာလိုက္ပါတယ္။

ဦးေဆာင္လမ္းျပ ေခါင္းေဆာင္ႏွစ္ဦးေနာက္မွာ အျခားလွည့္ကင္းေတြကလည္း ကပ်ာကယာ သူတို႔ရဲ႕အျမင္ေတြကို ေျပာလိုက္ၾကပါၿပီ။

"ခန္းမသခင္ေရ… ဒါက ႐ုတ္တရက္ႀကီးျဖစ္လြန္းေနပါတယ္"

"ငါတို႔ အဆင္သင့္မျဖစ္ေသးဘူး"

"ဟုတ္ပါတယ္… နင္ငါတို႔ကို ႐ွင္းမျပရင္ ဘာေတြျဖစ္တယ္ဆိုတာ ဘယ္သူသိမွာလဲ"

"ဟုတ္တယ္ ခန္းမသခင္… ငါတို႔လွည့္ကင္းခန္းမက တည္ၿငိမ္စြာနဲ႔ တိုးတက္ေနရင္ အျခားသူေတြနဲ႔ ဘာျဖစ္လို႔ ရန္ျဖစ္ေနဦးမွာလဲ"

ထိုလွည့္ကင္းေတြဟာ ခ်န္းပိနင္းက တကယ္တိုက္ခိုက္မွာကိုေၾကာက္တာေၾကာင့္ သူတို႔ရဲ႕အၾကံေတြကို အျမန္ထုတ္ေဖာ္လိုက္ၾကပါတယ္။

ခ်န္းပိနင္းရဲ႕စိတ္က တျဖည္းျဖည္းနဲ႔ ပိုေအးစက္လာခဲ့ပါၿပီ။

သူက ဒီအေျခအေနကို ႀကိဳေမွ်ာ္လင့္ထားေပမယ့္ ေသမွာေၾကာက္တဲ့သူေတြ အမ်ားႀကီး႐ွိေနမယ္လို႔ ထင္မထားခဲ့ပါဘူး။

ဒါက မ်ားလြန္းတယ္။

ဒါက လွည့္ကင္းခန္းမထဲက လွည့္ကင္းေတြလား။

ဒီလွည့္ကင္းေတြအတြက္ သူ႕အရည္အခ်င္းကို စြန္႔လႊတ္ၿပီး ေငြ႐ွာေနခဲ့မိတာလား။

ဒီလွည့္ကင္းေတြနဲ႔ အရင္လွည့္ကင္းခန္းမရဲ႕ ခြန္အားကို ျပန္ရလာေစမွာလား။

ဒီလိုလူေတြနဲ႔ဆိုရင္ လွည့္ကင္းခန္းမကို ျပန္ႏိုးထလာေစဖို႔ အသာထား… လက္႐ွိအေျခအေနကို ထိန္းထားဖို႔ေတာင္ ခက္ခဲပါလိမ့္မယ္။

အျခားအင္အားစုေတြနဲ႔ ျပႆနာျဖစ္လာတဲ့အခါ သူတို႔ပထမဆုံးေတြးမိတာက တိုက္ခိုက္ဖို႔ထက္ အ႐ွက္မဲ့စြာနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ လက္စားေခ်ဖို႔ပါ။

ခ်န္းပိနင္းဟာ သူႀကိဳးစားအားထုတ္ခဲ့ရသမွ် အလကားျဖစ္သြားသလို ခံစားလိုက္ရပါၿပီ။

Continue Reading

You'll Also Like

271K 23.1K 84
គេមាន​សំណាង​ ដែលបានអាល់ហ្វាកំណាចប្រៀបដូចសាតាន ថ្នមស្នេហ៍ថែថួនដូចជាកែវភ្នែកទាំងគូ ។ ជុងហ្គុក​ ព្រីនស៊ីសគ្រីសស្តាល់​ / គីម​ ថេហ្យុង មីន យ៉ុនហ្គីXផាក ជី...
162K 15.8K 48
គីម ថេយ៉ុងជាកម្មសិទ្ធរបស់ខ្ញុំ ចាំទុក! ប្រភេទ : ABO(Omegavers) Writer : Ara
384K 29.4K 35
Kim - ချစ်~~ချစ်တယ်~~~မောင် Jeon - မောင်သိတယ် Cv_ Pinterest