ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အ...

Door KazunoMora

73.2K 8.5K 100

အပိုင်း ၃၉၅ မှ ၁၂၈၀ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထ... Meer

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း ဇာတ္လမ္းအက်ဥ္း
အပိုင်း_395_မင်းကိုဘာကြောင့်ရှင်းပြရမှာလဲ
အပိုင်း_396_တိုက်ပွဲမပြီးသေးဘူး
အပိုင်း_397_ဆေဘာနဲ့ဓါးစိတ်ဆန္ဒ
အပိုင်း_398_ရှည်ကြာသောတိုက်ပွဲ
အပိုင်း_399_ငရဲလောကမှထွက်ခွာနိုင်ပြီ
အပိုင်း_400_ကျွန်တော်လိုချင်တာက
အပိုင်း_401_ရွှေထျန်းသခင်လေး
အပိုင်း_402_ဗာဂျရာခန္ဓာကိုယ်
အပိုင်း_403_ကျုပ်မပြောင်းလဲနိုင်ဘူး
အပိုင်း_404_နတ်ဆိုးဗုဒ္ဓတိုက်ပွဲဝင်ခန္ဓာကိုယ်
အပိုင်း_405_နိုးထလာတဲ့နဂါးစွယ်မြက်
အပိုင်း_406_မင်းတို့‌မျက်လုံးတွေပြူးပြီးကြည့်လိုက်ကြစမ်း!
အပိုင်း_407_ထူးခြားသောနတ်ဆိုးလောက
အပိုင်း_408_ထူးခြားပြီးကြမ်းကြုတ်တဲ့အသွင်ပြင်
အပိုင်း_409_နတ်ဆိုးကီ
အပိုင်း_410_ချူးယွန်ငါထင်တာက
411 to 415
416 to 420
421 to 425
426 to 430
431 to 435
436 to 440
441 to 445
446 to 450
451 to 455
456 to 460
461 to 465
466 to 470
471 to 475
476 to 480
481 to 485
486 to 490
491 to 495
496 to 500
501 to 505
506 to 510
511 to 515
516 to 520
521 to 525
526 to 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601-605
606-610
611-615
616-620
621-625
626-630
631-635
636-640
641-645
646-650
651-655
656-660
661-665
666-670
671-675
676-680
681-685
686-690
691-695
696-700
701-705
706-710
711-715
716-720
721-725
726-730
731-735
736-740
741-745
746-750
751-755
756-760
761-765
766-770
771-775
776-780
781-785
786-790
791-795
796-800
801-805
806-810
811-815
816-820
821-825
826-830
831-835
836-840
841-845
846-850
851-855
856-860
အပိုင်း ( 861 ) ချန်းပိနင်းရဲ့ လျှို့ဝှက်ချက်
အပိုင်း ( 862 ) မင်းဘယ်သူ့ကိုလိမ်လာတာလဲ
အပိုင်း ( 863 ) ဖန်အိမ်တော်ကလူ
အပိုင်း ( 864 ) ဒါဆို ငါမပြန်ဘူး
အပိုင်း ( 865 ) ဟွာဖေးလုံရောက်လာခြင်း
အပိုင်း ( 866 ) မတူညီတဲ့ အတွေးအခေါ်တွေနဲ့ တိုက်ဆိုင်မှု
အပိုင်း ( 868 ) ချူးယွန်ရဲ့ ကျင့်ကြံခြင်းနည်းလမ်း
အပိုင်း ( 869 ) မှန်ကန်တဲ့လမ်းစဉ်
အပိုင်း ( 870 ) ဟော်အိမ်တော်
871-875
876-880
881-885
886-890
891-895
896-900
901-905
906-910
911-915
916-920
921-925
926-930
931-935
936-940
941-945
946-950
951-955
956-960
961-965
966-970
971-975
976-980
981-985
986-990
991-995
996-1000
1001-1005
1006-1010
1011-1015
1016-1020
1021-1026
1027-1030
1031-1035
1036-1040
1041-1045
1046-1050
1051-1055
1056-1060
1061-1065
1066-1070
1071-1075
1076-1080
1081-1085
1086-1090
1091-1095
1096-1100
1101-1105
1106-1110
1111-1115
1116-1120
1121-1125
1126-1130
1131-1135
1136-1140
1141-1145
1146-1150
1151-1155
1156-1160
1161-1165
1166-1170
1171-1175
1176-1180
1181-1185
1186-1190
1191-1195
1196-1200
1201-1205
1206-1210
1211-1215
1216-1220
1221-1225
1226-1230
1231-1235
1236-1240
1241-1245
1246-1250
1251-1255
1256-1260
1261-1265
1266-1270
1271-1275
1276-1280

အပိုင်း ( 867 ) ဒါကြောင့်ပဲ ငါလာခဲ့တာ

267 43 0
Door KazunoMora

အပိုင်း ( 867 ) ဒါကြောင့်ပဲ ငါလာခဲ့တာ

"မင်းပြောချင်တာက ငါ့အကိုကြီးက လေ့ကျင့်လို့ရသေးတယ်ပေါ့"
ဟော်ရွှင်း ရုတ်တရက် အသက်ရှုနှုန်းတွေ မြန်လာခဲ့ပါတယ်။

ဒါက အသေးအဖွဲကိစ္စမဟုတ်ပါ။ လေ့ကျင့်နိုင်ခြင်းရှ်ိ၊မရှိက လူတစ်ယောက်ရဲ့ လုပ်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိပါတယ်။

နောက်ပြီး ဟော်ကျားက ဟော်အိမ်တော်ရဲ့ အကြီးဆုံးသခင်လေးပါ။ ဒါကြောင့် သူ့ရဲ့အဆင့်အတန်းက ဟွာဖေးလုံလိုပဲ အလွန်မြင့်မားပါတယ်။

ဒီအတွက်ကြောင့် သူသာ မလေ့ကျင့်နိုင်ဘူးဆိုရင် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ဟော်ကျားအနေနဲ့ သူ့အရှုံးကနေ ပြန်မနိုးထနိုင်သေးတာ အံ့ဩစရာတော့ မရှိတော့ပါဘူး။

"မင်းခန္ဓာကိုယ်က တစ်ခုခုဖြစ်‌မနေသ၍ လေ့ကျင့်နိုင်တယ်… ဒါက သိုင်းဝိညာဉ်နဲ့ ဘာမှ မဆိုင်ဘူး"
ချူးယွန်က ယုံကြည်မှုအပြည့်နဲ့ ခေါင်းညိတ်လိုက်ပါတယ်။

"မင်းသာ အကိုကြီးရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို ပြန်ထူထောင်ပေးနိုင်ရင် ငါတို့ဟော်အိမ်တော်က မင်းကို ကျေးဇူးတင်နေမှာပါ"
ဟော်ရွှင်း အလွန်စိတ်လှုပ်ရှားသွားကာ ချူးယွန်လက်ကို ဖမ်းဆွဲလိုက်ပါတယ်။ သူ့မျက်လုံးထဲမှာလည်း စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေလို့ပါ။

ချူးယွန်‌က ခေါင်းညိတ်ပြ‌လိုက်ပါတယ်။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ သံသယအချို့ ဖြစ်ပေါ်လာခဲ့ပါပြီ။

ဒါက တကယ်ထူးခြားပါတယ်။

ကောင်းကင်ဘုံခုံရုံးမှာ ခန္ဓာကိုယ်သန့်စင်သူတွေက အလွန်ရှားပါးပြီး ခန္ဓာကိုယ်သန့်စင်နည်းတွေ မရှိဘူးဆိုတာ ယုံနိုင်စရာတောင် မရှိပါဘူး။

သူတို့ကိုယ်သူတို့ ခန္ဓာကိုယ်သန့်စင်သူလို့ ပြောကြပေမယ့် လက်တွေ့မှာတော့ သူတို့က သာမန်ခန္ဓာကိုယ်သန့်စင်နည်းတွေကိုသာ လေ့ကျင့်နိုင်တာပါ။

"ဒါက ပုံမှန်ပါပဲ"
အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့တဲ့ တာ့လင်က ရှင်းပြလိုက်ပါတယ်။
"ကောင်းကင်ဘုံခုံရုံးက သယံဇာတ အရမ်းကြွယ်ဝပြီး ကံကောင်းခြင်းတွေပြည့်နှက်နေတာကြောင့် ကိုးဆယ်ရာခိုင်နှုန်းနီးပါးရှိတဲ့လူတွေက ကောင်းကင်အဆင့်သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားခဲ့ကြတယ်လေ… လူတစ်ယောက်က ချို့ယွင်းချက်တစ်ခုရှ်ိနေမှ အဲတာကို ဂရုစိုက်ပြီးလေ့လာတတ်ကြတယ်… ဒါပေမယ့် ကောင်းကင်ဘုံခုံရုံးမှာတော့ ကျင့်စဉ်တွေနဲ့ တိုက်ပွဲစွမ်းရည်တွေပဲ လိုအပ်ပြီး အရင်းအမြစ်ကြွယ်ဝတာကြောင့် အခြေခံကျတဲ့ ခန္ဓာကိုယ်သန့်စင်နည်းကို ဘယ်သူမှ မလေ့ကျင့်ကြတော့ဘူး"

"ဒီတော့ ဒီလိုရှိ‌တယ်ပေါ့"
ချူးယွန် ခေါင်းညိတ်လိုက်ပါတယ်။

လူတိုင်းမှာ သန်မာတဲ့သိုင်းဝိညာဉ်ရှိပြီး နေ့တိုင်း သိုင်းဝိညာဉ်နဲ့ပဲ လေ့ကျင့်နေမှတော့ ဘယ်သူက အခြေခံကို ဂရုစိုက်နေဦးတော့မှာလဲ။

တိုင်ဂန်တိုက်ကြီးမှာတော့ မတူပါဘူး။

တိုင်ဂန်တိုက်ကြီးမှာက ကောင်းကင်အဆင့်တစ် သိုင်းဝိညာဉ်ကို ပိုင်ဆိုင်ထားပြီဆိုရင်တောင် ပါရမီရှင်အဖြစ် သတ်မှတ်ခံရပါတယ်။

စစ်သည်တော်အများစုဆိုရင် အဝါရောင်နဲ့ အနက်ရောင်အဆင့်သိုင်းဝိညာဉ်ကိုပဲ ပိုင်ဆိုင်ထားကြတာပါ။

အချို့ဆိုရင် သိုင်းဝိညာဉ်နဲ့လေ့ကျင့်နိုင်ဖို့ မျှော်လင့်ချက်မရှိတဲ့အတွက် ခန္ဓာကိုယ်သန့်စင်နည်းတွေကို ရှာဖွေလေ့ကျင့်ခဲ့ရပါတယ်။ ဒါကြောင့် သူတို့ရဲ့ သိုင်းဝိညာဉ်ကို အားမကိုးရရင်တောင် ခန္ဓာကိုယ်သန့်စင်ခြင်းလမ်းစဉ်နဲ့ လျှောက်လှမ်းနိုင်ပါသေးတယ်။

ဒါက တိုင်ဂန်တိုက်ကြီးနဲ့ ကောင်းကင်ဘုံခုံရုံးရဲ့ ကွာဟမှုပါ။

ဟော်ရွှင်းရဲ့ စိတ်မရှည်တော့တဲ့ မျက်လုံးတွေကို မြင်ပြီးနောက် ချူးယွန်က ခါးသီးစွာ ရယ်မောလိုက်ပါတယ်။
"ငါ့ကို သုံးရက်လောက်တော့စောင့်ဦး… သုံးရက်ကြာပြီးရင် ငါမင်းနဲ့ ဟော်အိမ်တော်ကိုလိုက်ခဲ့မယ်… ဘယ်လိုလဲ"

"ကိစ္စမရှိဘူး"
ဟော်ရွှင်း ခေါင်းညိတ်လိုက်ပြီး မျက်ရည်တွေပါ ကျဆင်းလာခဲ့ပါတယ်။

သူ့အကိုကြီး ဟော်ကျားက သူငယ်ငယ်ကတည်းက အလွန်ဂရုစိုက်ခဲ့သူပါ။

နောက်တော့ ဟွာဖေးလုံက ဟော်ကျားရဲ့ သိုင်းဝိညာဉ်ကို ဖျက်ဆီးခဲ့ပြီး အိမ်တော်နှစ်ခုကြားမှာ  မပြေလည်နိုင်တဲ့ ရန်ငြိုးတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမယ့် ဒါက ပေါ်တင်မဟုတ်ဘဲ အမှောင်ရိပ်ထဲမှာ ဖြစ်ပေါ်နေခဲ့တာပါ။

သူ့အကိုကြီးက ဒီအရှက်တရားကို နှစ်ပေါင်းများစွာ ခံစားနေခဲ့ရပါတယ်။

ချူးယွန်ကသာ သူ့ရဲ့ကျင့်ကြံခြင်းလမ်းစဉ်ကို ပြန်ဖော်ဆောင်ပေးနိုင်ရင် အလွန်ကျေးဇူးတင်ကြမှာပါ။

နောက်သုံးရက်အတွင်းမှာ ချူးယွန်က ခန်းမကြီးထဲမှာနေပြီး အင်အားစုမျိုးစုံရဲ့ တမန်တော်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ယောက်ချီမြင့်မြတ်တိုင်းပြည်က အိမ်တော်ခုနစ်ခုအပြင် အမျိုးမျိုးသော အင်အားစုတွေက တမန်တော်တွေကို စေလွှတ်ခဲ့တာပါ။ ချူးယွန်ကို ဖိတ်ခေါ်ဖို့အတွက် သူတို့ပေးကမ်းတာတွေကလည်း ရက်ရောလွန်းပါတယ်။

ဒါပေမယ့် ချူးယွန်က တစ်ဦးကိုမှ လက်မခံခဲ့ပါဘူး။

သူလက်ခံတွေ့ဆုံတာက သတင်းအချက်အလက်တွေ လိုချင်လို့ပါ။

ချူးယွန်ဆီကို လာရောက်ကြတဲ့ တမန်တော်တိုင်းက မဆုံးနိုင်တဲ့ သတင်းသမားတွေလိုပါဘဲ။ သူတို့က နိုင်ငံမျိုးစုံက လာခဲ့တာမို့ လွယ်ကူစွာစကားပြောနိုင်ပြီး လျှို့ဝှက်ချက်တွေကို မေးမြန်းလို့ရခဲ့ပါတယ်။

သုံးရက်ကြာပြီးနောက်မှာတော့ ချူးယွန်ဟာ ဟော်ရွှင်းရဲ့ ဦးဆောင်မှုနဲ့ ယောက်ချီမြင့်မြတ်တိုင်းပြည်ကို ထွက်ခွာလာခဲ့ပါတော့တယ်။ 

ဟော်ချန်က ယောက်ချီမြင့်မြတ်တိုင်းပြည်က မြို့ကြီးတစ်မြို့ဖြစ်ပြီး ဟော်အိမ်တော်က အဲဒီမှာ တည်ရှိနေခဲ့တာပါ။

ဟော်ချန်ကိုရောက်ပြီးနောက် ချူးယွန်ဟာ လေထဲမှာ ပျံသန်းနေတဲ့ အစွမ်းထက်ကျင့်ကြံသူများစွာကို  မြင်တွေ့ခဲ့ရပါတယ်။

ဟော်ချန်ဂိတ်မှာတော့ အစောင့်တစ်ဦးမှ ရှိမနေခဲ့ကြပါဘူး။ ဂိတ်ရဲ့ဘေးနှစ်ဖက်မှာ ကြီးမားတဲ့ ကျောက်တုံးဆင်ကြီးနှစ်ကောင်ပဲ ရှိနေခဲ့ပါတယ်။ သူတို့ရဲ့မျက်လုံးတွေက ဝိုင်းစက်တောက်ပနေပြီး အရှေ့ကို စိုက်ကြည့်နေကြလို့ပါ။

ဟော်ချန်ကိုရောက်ပြီးနောက် ဟော်ရွှင်းက ချူးယွန်ကို အိမ်တော်ဆီကို ရိုက်ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါက အလွန်ကြီးကျယ်ခမ်းနားပြီး အိမ်တော် တံခါးဝမှာတော့ "ဟော်အိမ်တော်"ဆို‌တဲ့ စာလုံးကြီးတွေကို ရေးသားထားလို့ပါ။

"ဒုတိယသခင်လေး"
လမ်းတစ်လျှောက်မှာ အစေခံတွေက ဟော်ရွှင်းကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြပါတယ်။

သူတို့ကိုကြည့်ရတာတော့ အလွန်ကြောက်ရွံ့နေကြပုံပါပဲ။ ဟော်အိမ်တော်က ဟော်ရွှင်းရဲ့ မောက်မာမှုကို သိမြင်နိုင်တယ်။

ဟော်အိမ်တော်ကို ပြန်ရောက်ပြီးနောက် ဟော်ရွှင်းက သူ့ရဲ့အရှိန်အဝါတွေကို ထုတ်ဖော်လာခဲ့ပါတယ်။

အစေခံတွေက သခင်ဟာ သူ့ကိုတွေ့ချင်နေကြောင်း သတိပေးလာခဲ့ပေမယ့် ဟော်ရွှင်းက လျစ်လျူရှုထားပြီး ဟော်ကျားဆီ ချူးယွန်ကို ခေါ်သွားလိုက်ပါတယ်။

"သူတို့က"
ချူးယွန်ကတော့ ဟော်ရွှင်းရဲ့ အပြုအမူကိုကြည့်ပြီး ခါးသက်သက်နဲ့ မပြုံးဘဲ မနေနိုင်တော့ပါဘူး။

အစေခံအများစုက သူနဲ့တွေ့လိုက်တိုင်းမှာ
"ဒုတိယသခင်လေး… သခင်က မင်းကို တွေ့ချင်နေတယ်"လို့ ပြောကြပါတယ်။

ဒါပေမယ့် ဟော်ရွှင်းက သူ့လက်ကို အမြဲဝှေ့ယမ်းလွှတ်လိုက်စမြဲပါ။

ထိုသူတွေက ဒါကို လက်မခံချင်ကြပေမယ့် ဟော်ရွှင်းကိုလည်း မဆန့်ကျင်ရဲကြပြန်ပါဘူး။ သူတို့က သခင်လေးရဲ့ စိတ်ကို ပြောင်းနိုင်ဖို့ရည်ရွယ်ပြီး မနီးမဝေးကနေသာ လိုက်ပါနိုင်ကြပါတယ်။

"အဲတာက ဘာမှမဟုတ်ဘူး… အဖိုးကြီးက ငါ့ကို သတင်းပြန်ပို့စေချင်နေတာ"
ဟော်ရွှင်းက သူ့လက်ကို အနည်းငယ်ဝှေ့ယမ်းကာ ပြောလိုက်ပါတယ်။
"တကယ်တော့ ငါ့ကလန်ထဲမှာ ငါက အိပ်စားတစ်ယောက်ပဲ… ငါ့အရည်အချင်းက မဆိုးပေမယ့် ငါက လေ့ကျင့်ဖို့ သိပ်စိတ်မဝင်စားဘူး… ဒါပေမယ့် ဒီအတိုင်းနေဖို့လည်း ငါစိတ်မဝင်စားပါဘူး… တစ်ရက်မှာ ငါ့နာမည်ကကျော်ကြားလာစေဖို့ ကတိပြုထားတယ်"

"မဟုတ်မဟတ်ယုံကြည်မှုနဲ့ သေမယ့်အချိန်ကို စောင့်ဆိုင်းနေတာပေါ့"
ချူးယွန် ပြုံးလိုက်ပါတယ်။ ဟော်ရွှင်းရဲ့ အခြေအနေကို စကားတစ်ခွန်းထဲနဲ့ ဖော်ပြနိုင်တယ်။

ဟော်ရွှင်းက ခေါင်းကုတ်ပြီး ပြောလိုက်ပါတယ်။
"ဟုတ်ပါတယ်… မင်းပြောတာမှန်တယ်… အဲဒီအတိုင်းပဲ"

‌ဒီနောက် သူက ရှက်ရွံ့ဟန် ခြောက်ကပ်ကပ် ချောင်းဟန့်ကာ ပြောလိုက်ပါတယ်။
"မိသားစုထဲက လူတိုင်းက ငါ့ပုံစံကို လှောင်ပြောင်ချင်နေကြတာ… မကြာသေးခင်ကတော့ လှည့်ကင်းခန်းမမှာ ကောင်းကင်အဆင့်ကိုးသိုင်းဝိညာဉ်နဲ့ ပါရမီရှင်တစ်ဦးပေါ်လာတယ်လို့ ငါကြားခဲ့တယ်… အင်အားစုအများကြီးကလည်း သူ့ကိုဖိတ်ခေါ်ချင်နေကြတယ်တဲ့… အဲဒီမှာတင် အဖိုးကြီးကို ငါဒေါသတကြီးနဲ့ မင်းကိုလာခေါ်မယ်ဆိုပြီး ပြောလိုက်တယ်… မင်းကိုမခေါ်နိုင်ရင် ငါတကယ်ပြန်မှာမဟုတ်ဘူး"

"ဒီလိုလား"
ချူးယွန်က ပြုံးတုံ့တုံ့နဲ့ ပြောလိုက်ပါတယ်။ ဟော်ရွှင်းက လှည့်ကင်းခန်းမက မပြန်ချင်တာ မထူးခြားတော့ပါဘူး။

ဟော်ရွှင်းက အလွန်မောက်မာတဲ့သူပါ။ အိမ်တော်မှာ သူ့ကိုဘယ်သူကမှ မစဝံ့တာ အံ့ဩစရာတော့ မရှိပါဘူး။

"ဒီအကြောင်းကို ထပ်မပြောတော့ဘူး… အဖိုးကြီးက ငါ့ကိုခွင့်ပြုတယ်… ငါ့ဘာသာ အရူးထနေတာ"
ဟော်ရွှင်းက သူ့အရှေ့က အိမ်တော်ကိုကြည့်ပြီး အနည်းငယ်နောင်တရနေတဲ့ မျက်နှာအမူအရာနဲ့ ပြောလိုက်ပါတယ်။
"အကိုကြီးက သူ့ကိုယ်သူပိတ်လှောင်နေခဲ့တာ နှစ်အနည်းငယ်ကြာသွားခဲ့ပြီ… ငါတို့ကို သူတွေ့ချင်ရင်တောင် လွယ်တော့မလွယ်ဘူး"

ချူးယွန် ခေါင်းကိုအသာညိတ်လိုက်ပါတယ်။ ဒီခံစားချက်ကို သူနားလည်တယ်။

မူလက သန်မာတဲ့ ကောင်းကင်ဂုဏ်ဆောင်ပါရမီရှင်တစ်ယောက် ဖြစ်ပေမယ့်လည်း မင်းအားကိုးရတဲ့သိုင်းဝိညာဉ်က မင်းပြိုင်ဘက်ကြောင့် ပျက်ဆီးခဲ့ရတယ်။

နောက်ပြီး သူက သာမန်မဟုတ်ဘဲ အိမ်တော်ကြီးတစ်ခုရဲ့ သခင်လေးတစ်ယောက်။

ဒီအတွက် အရှက်ရမှု၊ ဒေါသ၊ နောင်တရမှုတွေကို ခံစားရင်း ဟော်ကျားရဲ့ စိတ်အခြေအနေကလည်း ပျက်ဆီးသွားခဲ့ရပါတယ်။

"ငါ့အကိုကြီးကို ဝင်တွေ့ကြရအောင်"
ဟော်ရွှင်းက လက်သီးဆုပ်ပြီး ချူးယွန်ကို မျှော်လင့်ချက်အချို့နဲ့ ကြည့်လိုက်ပါတယ်။
"မင်းတကယ်အောင်မြင်ရင် ငါဟော်ရွှင်းက မင်းရဲ့အစေခံတစ်ယောက်အဖြစ် နေနိုင်ပါတယ်"

"အဲလောက်မလိုပါဘူးဟ"
ချူးယွန် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပါတယ်။

သူဒီကိုလာခဲ့ရတာက သူ့အတွေးတွေဟာ အလုပ်ဖြစ်၊မဖြစ်ဆိုတာ သိချင်လို့ပါ။ နောက်ပြီး ဟော်အိမ်တော်ကိုလည်း ကျေးဇူးကြွေးတင်နိုင်ပါလိမ့်မယ်။

ဟော်အိမ်တော်က ယောက်ချီမြင့်မြတ်တိုင်းပြည်ရဲ့ ဘီလူးတစ်ကောင်ပါ။ သူတို့ဆီက ကျေးဇူးကြွေးတင်ရင် ဒါက အလွန်ကောင်းမြတ်ပါလိမ့်မယ်။

‌ထိုအိမ်တော်ထဲကို ဝင်သွားပြီးနောက် ခြံဝင်းထဲမှာ ရှည်လျားတဲ့မြက်ပင်တွေကို အရင်ဖြတ်သန်းသွားခဲ့ရပါတယ်။ မြက်ပင်၊ပေါင်းပင်တွေက ရှည်လျားလွန်းတာကြောင့် သူတို့ခါးလယ်ကိုတောင် ရောက်လုနီးနေခဲ့ပါပြီ။

ဟော်ရွှင်းက ခါးသီးစွာရယ်မောရင်း ပြောပြလိုက်ပါတယ်။
"အစားစာ လာပို့ချိန်ကလွဲရင် သူ့အိမ်ထဲကို ဘယ်အစေခံကိုမှ ဝင်ခွင့်မပြုဘူးလေ… အဲတာကြောင့် ခြံဝင်းကို သန့်ရှင်းရေးလည်း မလုပ်နိုင်တော့ဘူး"

"ဒေါက် ဒေါက် ဒေါက်"
ဟော်ရွှင်းက တံခါးကိုခေါက်ပြီး ခပ်တိုးတိုးပြောလိုက်ပါတယ်။
"အကိုကြီး… ငါမင်းဆီကိုလာတာပါ"

"ဒုတိယညီလေး"
အထဲကနေ အက်ရှရှအသံတစ်ချက် ထွက်ပေါ်လာခဲ့ပါတယ်။ ထိုအသံက သေခြင်းအငွေ့အသက်တွေ ပြည့်နှက်နေပြီး မျှော်လင့်ချက်တွေ ကင်းမဲ့နေတဲ့ လူတစ်ယောက်လိုပါပဲ။

ဒီအသံကို ကြားရပြီးနောက် ဟော်ရွှင်းရဲ့မျက်လုံးထဲမှာ နာကျင်မှုတွေက ပိုပြင်းထန်လာခဲ့ပါတယ်။ ဒါပေမယ့် သူက သည်းခံပြီး ပြောလိုက်တယ်။
"အကိုကြီး… တံခါးဖွင့်ပါဦး"

"ကျွီ"
အခန်းတံခါးဖွင့်လိုက်ပြီးနောက် အတွင်းမှာ ရပ်နေတဲ့ ပိန်ပိန်ပါးပါးလူငယ်တစ်ယောက်ကို မြင်လိုက်ရပါတယ်။

ထိုသူက ဟော်ကျားပါ။

သူ့ဆီက ပထမဆုံးခံစားလိုက်ရတာက စိတ်ပျက်အားလျော့နေမှုပါ။ စည်းနှောင်မထားတဲ့ ဆံပင်ရှည်တွေက ပုခုံးပေါ်ကို ပြန့်ကျနေခဲ့ပါတယ်။ မုတ်ဆိတ်မွှေးတွေကလည်း မရိတ်သင်တာကြာပြီမို့ အတော်ရှည်နေခဲ့ပါပြီ။

သူ့ပုံစံက အုံ့မှိုင်းနေပေမယ့်လည်း သူ့ပတ်ဝန်းကျင်ရှိ လေထုကတော့ မြင့်မြတ်တဲ့အသွင်ကို ဆောင်ခဲ့ပါတယ်။

သူ့တစ်ကိုယ်လုံးမှာ အဖမ်းစားနိုင်ဆုံးကတော့ သူ့ရဲ့မျက်လုံးအစုံပါပဲ။

ဟော်ကျားရဲ့ မျက်လုံးတွေက ပင်လယ်ရေလို နက်ရှ်ိုင်းပြီး တိမ်လွှာတစ်ခုလို ဖြစ်တည်နေခဲ့ပါတယ်။ သူ့မျက်နှာပေါ်မှာ မောက်မာမှုတွေ မရှိတော့ပေမယ့် အရိုးထဲထိ စွဲနေတဲ့ မာန်မာနတွေကိုတော့ ဖယ်ရှားဖို့ လွယ်ကူပါဘူး။

ဟော်ကျားက ဟော်ရွှင်းကို တစ်ချက်ကြည့်ပြီး ချူးယွန်ကို အကဲခတ်လိုက်ပါတယ်။

သူ့အတွက် ဒုတိယညီလေးက လူတွေမကြာမခဏခေါ်လာတဲ့အတွက် သူမအံ့ဩတော့ပါဘူး။ ဒါပေမယ့် သူက ဘာမှမပြောပဲ ချူးယွန်ကို ကြည့်ရုံသာ ကြည့်လိုက်ပါတယ်။

သူက ကြိုဆိုတာ၊ မကြိုဆိုတာလည်း မရှိပါဘူး။ ဘာစကားမှကို မပြောတာပါ။

ဟော်ရွှင်းကလည်း ‌ဘေးနားမှာ အဆင်မပြောစွာနဲ့ ရပ်နေခဲ့ပါတယ်။ ဒီလို ထူးခြား‌တဲ့အခြေအနေမှာ သူက ဘာပြောရမှန်း မသိပါဘူး။

ဟော်ကျားကလည်း မျက်ခုံးပင့်လိုက်ပေမယ့် ဘာမှမပြောသေးပါ။

အိမ်ရှင်တစ်ဦး‌အနေနဲ့ ဒါက အလွန်ရိုင်းပြတဲ့အပြုအမူဆိုပေမယ့် သူက သူ့သဘောဆန္ဒအတိုင်းဘဲ နေထိုင်ခဲ့ပါတယ်။

သူက အခု ဒုက္ခိတတစ်ဦးဖြစ်နေပြီး သူ့ကံကြမ္မာကိုလည်း လက်မြှောက်ထားပေမယ့် ဟော်ကျားရဲ့စိတ်သဘောထားက အရင်ကအတိုင်း ရှ်ိနေသေးပြီး အလွယ်တကူ ဦးမညွှတ်တတ်ပါဘူး။

ဒါပေမယ့် လူတစ်ယောက်ရဲ့ သဘောထားက ဒီလိုပဲရှိနေရင် သူတို့အတွက် ကျရှုံးဖို့ ပိုလွယ်ကူပါတယ်။

ချူးယွန်ကလည်း ဒီလိုလူမျိုးကို သဘောကျပါတယ်။

ဟော်ကျားက စကားစပြောဖို့ အစီစဉ်မရှိတာကြောင့် သူကပဲ စကားစလိုက်ပါတယ်။
"ဟော်ကျား… ငါက ဟော်ရွှင်းရဲ့မိတ်ဆွေပါ… ငါမင်းအကြောင်းကို ကြားပြီးပြီ"

ဟော်ကျားရဲ့ မျက်နှာအမူအရာက အပြောင်းအလဲမရှိပေမယ့် ဟော်ရွှင်းကို အနည်းငယ်အပြစ်တင်ဟန်နဲ့ လှမ်းကြည့်လိုက်ပါပြီ။

ဒီလူက ဆေးကုပေးမယ့်သူမဟုတ်ဘဲ အပြင်လူကို ဘာကြောင့် ပြောပြရတာလဲ။

ဟော်ရွှင်းကတော့ သူ့လက်ကိုဝှေ့ယမ်းပြီး ဆက်လက်နားထောင်နေဖို့ အချက်ပြလိုက်ပါတယ်။

ဟော်ကျားရဲ့ အခြေအနေကိုသိတာကြောင့် ချူးယွန်ကလည်း ဝေ့ဝိုက်မနေတော့ပါဘူး။ အဓိကကိစ္စကိုပဲ သူဦးတည်လိုက်ပါတော့တယ်။
"ငါက ခန္ဓာကိုယ်သန့်စင်သူပါ… ခန္ဓာကိုယ်သန့်စင်ခြင်းနည်းလမ်းအများကြီးကို ငါသိတယ်… ငါ့မှာ သိုင်းဝိညာဉ်မရှိရင်တောင် ငါ့ဘာသာ လေ့ကျင့်နိုင်တုန်းပဲ… ဟော်ရွှင်းက မင်းရဲ့ကျင့်ကြံခြင်းလမ်းစဉ်ကို ပြန်တည်ဆောက်ပေးဖို့ အကူအညီတောင်းလို့ ငါလာခဲ့တာ"




















အပိုင္း ( 867 ) ဒါေၾကာင့္ပဲ ငါလာခဲ့တာ

"မင္းေျပာခ်င္တာက ငါ့အကိုႀကီးက ေလ့က်င့္လို႔ရေသးတယ္ေပါ့"
ေဟာ္႐ႊင္း ႐ုတ္တရက္ အသက္႐ႈႏႈန္းေတြ ျမန္လာခဲ့ပါတယ္။

ဒါက အေသးအဖြဲကိစၥမဟုတ္ပါ။ ေလ့က်င့္ႏိုင္ျခင္း႐ွ္ိ၊မ႐ွိက လူတစ္ေယာက္ရဲ႕ လုပ္ႏိုင္စြမ္းအေပၚ သက္ေရာက္မႈ႐ွိပါတယ္။

ေနာက္ၿပီး ေဟာ္က်ားက ေဟာ္အိမ္ေတာ္ရဲ႕ အႀကီးဆုံးသခင္ေလးပါ။ ဒါေၾကာင့္ သူ႕ရဲ႕အဆင့္အတန္းက ဟြာေဖးလုံလိုပဲ အလြန္ျမင့္မားပါတယ္။

ဒီအတြက္ေၾကာင့္ သူသာ မေလ့က်င့္ႏိုင္ဘူးဆိုရင္ ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ခု ျဖစ္လာပါလိမ့္မယ္။ ေဟာ္က်ားအေနနဲ႔ သူ႕အ႐ႈံးကေန ျပန္မႏိုးထႏိုင္ေသးတာ အံ့ဩစရာေတာ့ မ႐ွိေတာ့ပါဘူး။

"မင္းခႏၶာကိုယ္က တစ္ခုခုျဖစ္‌မေနသ၍ ေလ့က်င့္ႏိုင္တယ္… ဒါက သိုင္းဝိညာဥ္နဲ႔ ဘာမွ မဆိုင္ဘူး"
ခ်ဴးယြန္က ယုံၾကည္မႈအျပည့္နဲ႔ ေခါင္းညိတ္လိုက္ပါတယ္။

"မင္းသာ အကိုႀကီးရဲ႕ က်င့္ၾကံျခင္းလမ္းစဥ္ကို ျပန္ထူေထာင္ေပးႏိုင္ရင္ ငါတို႔ေဟာ္အိမ္ေတာ္က မင္းကို ေက်းဇူးတင္ေနမွာပါ"
ေဟာ္႐ႊင္း အလြန္စိတ္လႈပ္႐ွားသြားကာ ခ်ဴးယြန္လက္ကို ဖမ္းဆြဲလိုက္ပါတယ္။ သူ႕မ်က္လုံးထဲမွာလည္း စိတ္လႈပ္႐ွားမႈေတြ ျပည့္ႏွက္ေနလို႔ပါ။

ခ်ဴးယြန္‌က ေခါင္းညိတ္ျပ‌လိုက္ပါတယ္။ ဒါေပမယ့္ သူ႕စိတ္ထဲမွာေတာ့ သံသယအခ်ိဳ႕ ျဖစ္ေပၚလာခဲ့ပါၿပီ။

ဒါက တကယ္ထူးျခားပါတယ္။

ေကာင္းကင္ဘုံခုံ႐ုံးမွာ ခႏၶာကိုယ္သန္႔စင္သူေတြက အလြန္႐ွားပါးၿပီး ခႏၶာကိုယ္သန္႔စင္နည္းေတြ မ႐ွိဘူးဆိုတာ ယုံႏိုင္စရာေတာင္ မ႐ွိပါဘူး။

သူတို႔ကိုယ္သူတို႔ ခႏၶာကိုယ္သန္႔စင္သူလို႔ ေျပာၾကေပမယ့္ လက္ေတြ႕မွာေတာ့ သူတို႔က သာမန္ခႏၶာကိုယ္သန္႔စင္နည္းေတြကိုသာ ေလ့က်င့္ႏိုင္တာပါ။

"ဒါက ပုံမွန္ပါပဲ"
အခ်ိန္အေတာ္ၾကာ တိတ္ဆိတ္ေနခဲ့တဲ့ တာ့လင္က ႐ွင္းျပလိုက္ပါတယ္။
"ေကာင္းကင္ဘုံခုံ႐ုံးက သယံဇာတ အရမ္းႂကြယ္ဝၿပီး ကံေကာင္းျခင္းေတြျပည့္ႏွက္ေနတာေၾကာင့္ ကိုးဆယ္ရာခိုင္ႏႈန္းနီးပါး႐ွိတဲ့လူေတြက ေကာင္းကင္အဆင့္သိုင္းဝိညာဥ္ကို ပိုင္ဆိုင္ထားခဲ့ၾကတယ္ေလ… လူတစ္ေယာက္က ခ်ိဳ႕ယြင္းခ်က္တစ္ခု႐ွ္ိေနမွ အဲတာကို ဂ႐ုစိုက္ၿပီးေလ့လာတတ္ၾကတယ္… ဒါေပမယ့္ ေကာင္းကင္ဘုံခုံ႐ုံးမွာေတာ့ က်င့္စဥ္ေတြနဲ႔ တိုက္ပြဲစြမ္းရည္ေတြပဲ လိုအပ္ၿပီး အရင္းအျမစ္ႂကြယ္ဝတာေၾကာင့္ အေျခခံက်တဲ့ ခႏၶာကိုယ္သန္႔စင္နည္းကို ဘယ္သူမွ မေလ့က်င့္ၾကေတာ့ဘူး"

"ဒီေတာ့ ဒီလို႐ွိ‌တယ္ေပါ့"
ခ်ဴးယြန္ ေခါင္းညိတ္လိုက္ပါတယ္။

လူတိုင္းမွာ သန္မာတဲ့သိုင္းဝိညာဥ္႐ွိၿပီး ေန႔တိုင္း သိုင္းဝိညာဥ္နဲ႔ပဲ ေလ့က်င့္ေနမွေတာ့ ဘယ္သူက အေျခခံကို ဂ႐ုစိုက္ေနဦးေတာ့မွာလဲ။

တိုင္ဂန္တိုက္ႀကီးမွာေတာ့ မတူပါဘူး။

တိုင္ဂန္တိုက္ႀကီးမွာက ေကာင္းကင္အဆင့္တစ္ သိုင္းဝိညာဥ္ကို ပိုင္ဆိုင္ထားၿပီဆိုရင္ေတာင္ ပါရမီ႐ွင္အျဖစ္ သတ္မွတ္ခံရပါတယ္။

စစ္သည္ေတာ္အမ်ားစုဆိုရင္ အဝါေရာင္နဲ႔ အနက္ေရာင္အဆင့္သိုင္းဝိညာဥ္ကိုပဲ ပိုင္ဆိုင္ထားၾကတာပါ။

အခ်ိဳ႕ဆိုရင္ သိုင္းဝိညာဥ္နဲ႔ေလ့က်င့္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္မ႐ွိတဲ့အတြက္ ခႏၶာကိုယ္သန္႔စင္နည္းေတြကို ႐ွာေဖြေလ့က်င့္ခဲ့ရပါတယ္။ ဒါေၾကာင့္ သူတို႔ရဲ႕ သိုင္းဝိညာဥ္ကို အားမကိုးရရင္ေတာင္ ခႏၶာကိုယ္သန္႔စင္ျခင္းလမ္းစဥ္နဲ႔ ေလွ်ာက္လွမ္းႏိုင္ပါေသးတယ္။

ဒါက တိုင္ဂန္တိုက္ႀကီးနဲ႔ ေကာင္းကင္ဘုံခုံ႐ုံးရဲ႕ ကြာဟမႈပါ။

ေဟာ္႐ႊင္းရဲ႕ စိတ္မ႐ွည္ေတာ့တဲ့ မ်က္လုံးေတြကို ျမင္ၿပီးေနာက္ ခ်ဴးယြန္က ခါးသီးစြာ ရယ္ေမာလိုက္ပါတယ္။
"ငါ့ကို သုံးရက္ေလာက္ေတာ့ေစာင့္ဦး… သုံးရက္ၾကာၿပီးရင္ ငါမင္းနဲ႔ ေဟာ္အိမ္ေတာ္ကိုလိုက္ခဲ့မယ္… ဘယ္လိုလဲ"

"ကိစၥမ႐ွိဘူး"
ေဟာ္႐ႊင္း ေခါင္းညိတ္လိုက္ၿပီး မ်က္ရည္ေတြပါ က်ဆင္းလာခဲ့ပါတယ္။

သူ႕အကိုႀကီး ေဟာ္က်ားက သူငယ္ငယ္ကတည္းက အလြန္ဂ႐ုစိုက္ခဲ့သူပါ။

ေနာက္ေတာ့ ဟြာေဖးလုံက ေဟာ္က်ားရဲ႕ သိုင္းဝိညာဥ္ကို ဖ်က္ဆီးခဲ့ၿပီး အိမ္ေတာ္ႏွစ္ခုၾကားမွာ  မေျပလည္ႏိုင္တဲ့ ရန္ၿငိဳးေတြကို ျဖစ္ေပၚေစခဲ့ပါတယ္။ ဒါေပမယ့္ ဒါက ေပၚတင္မဟုတ္ဘဲ အေမွာင္ရိပ္ထဲမွာ ျဖစ္ေပၚေနခဲ့တာပါ။

သူ႕အကိုႀကီးက ဒီအ႐ွက္တရားကို ႏွစ္ေပါင္းမ်ားစြာ ခံစားေနခဲ့ရပါတယ္။

ခ်ဴးယြန္ကသာ သူ႕ရဲ႕က်င့္ၾကံျခင္းလမ္းစဥ္ကို ျပန္ေဖာ္ေဆာင္ေပးႏိုင္ရင္ အလြန္ေက်းဇူးတင္ၾကမွာပါ။

ေနာက္သုံးရက္အတြင္းမွာ ခ်ဴးယြန္က ခန္းမႀကီးထဲမွာေနၿပီး အင္အားစုမ်ိဳးစုံရဲ႕ တမန္ေတာ္ေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

ေယာက္ခ်ီျမင့္ျမတ္တိုင္းျပည္က အိမ္ေတာ္ခုနစ္ခုအျပင္ အမ်ိဳးမ်ိဳးေသာ အင္အားစုေတြက တမန္ေတာ္ေတြကို ေစလႊတ္ခဲ့တာပါ။ ခ်ဴးယြန္ကို ဖိတ္ေခၚဖို႔အတြက္ သူတို႔ေပးကမ္းတာေတြကလည္း ရက္ေရာလြန္းပါတယ္။

ဒါေပမယ့္ ခ်ဴးယြန္က တစ္ဦးကိုမွ လက္မခံခဲ့ပါဘူး။

သူလက္ခံေတြ႕ဆုံတာက သတင္းအခ်က္အလက္ေတြ လိုခ်င္လို႔ပါ။

ခ်ဴးယြန္ဆီကို လာေရာက္ၾကတဲ့ တမန္ေတာ္တိုင္းက မဆုံးႏိုင္တဲ့ သတင္းသမားေတြလိုပါဘဲ။ သူတို႔က ႏိုင္ငံမ်ိဳးစုံက လာခဲ့တာမို႔ လြယ္ကူစြာစကားေျပာႏိုင္ၿပီး လွ်ိဳ႕ဝွက္ခ်က္ေတြကို ေမးျမန္းလို႔ရခဲ့ပါတယ္။

သုံးရက္ၾကာၿပီးေနာက္မွာေတာ့ ခ်ဴးယြန္ဟာ ေဟာ္႐ႊင္းရဲ႕ ဦးေဆာင္မႈနဲ႔ ေယာက္ခ်ီျမင့္ျမတ္တိုင္းျပည္ကို ထြက္ခြာလာခဲ့ပါေတာ့တယ္။ 

ေဟာ္ခ်န္က ေယာက္ခ်ီျမင့္ျမတ္တိုင္းျပည္က ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္ၿပီး ေဟာ္အိမ္ေတာ္က အဲဒီမွာ တည္႐ွိေနခဲ့တာပါ။

ေဟာ္ခ်န္ကိုေရာက္ၿပီးေနာက္ ခ်ဴးယြန္ဟာ ေလထဲမွာ ပ်ံသန္းေနတဲ့ အစြမ္းထက္က်င့္ၾကံသူမ်ားစြာကို  ျမင္ေတြ႕ခဲ့ရပါတယ္။

ေဟာ္ခ်န္ဂိတ္မွာေတာ့ အေစာင့္တစ္ဦးမွ ႐ွိမေနခဲ့ၾကပါဘူး။ ဂိတ္ရဲ႕ေဘးႏွစ္ဖက္မွာ ႀကီးမားတဲ့ ေက်ာက္တုံးဆင္ႀကီးႏွစ္ေကာင္ပဲ ႐ွိေနခဲ့ပါတယ္။ သူတို႔ရဲ႕မ်က္လုံးေတြက ဝိုင္းစက္ေတာက္ပေနၿပီး အေ႐ွ႕ကို စိုက္ၾကည့္ေနၾကလို႔ပါ။

ေဟာ္ခ်န္ကိုေရာက္ၿပီးေနာက္ ေဟာ္႐ႊင္းက ခ်ဴးယြန္ကို အိမ္ေတာ္ဆီကို ႐ိုက္ေခၚေဆာင္သြားခဲ့ပါတယ္။ ဒါက အလြန္ႀကီးက်ယ္ခမ္းနားၿပီး အိမ္ေတာ္ တံခါးဝမွာေတာ့ "ေဟာ္အိမ္ေတာ္"ဆို‌တဲ့ စာလုံးႀကီးေတြကို ေရးသားထားလို႔ပါ။

"ဒုတိယသခင္ေလး"
လမ္းတစ္ေလွ်ာက္မွာ အေစခံေတြက ေဟာ္႐ႊင္းကို ဦးၫႊတ္ကာ ႏႈတ္ဆက္လိုက္ၾကပါတယ္။

သူတို႔ကိုၾကည့္ရတာေတာ့ အလြန္ေၾကာက္႐ြံ႕ေနၾကပုံပါပဲ။ ေဟာ္အိမ္ေတာ္က ေဟာ္႐ႊင္းရဲ႕ ေမာက္မာမႈကို သိျမင္ႏိုင္တယ္။

ေဟာ္အိမ္ေတာ္ကို ျပန္ေရာက္ၿပီးေနာက္ ေဟာ္႐ႊင္းက သူ႕ရဲ႕အ႐ွိန္အဝါေတြကို ထုတ္ေဖာ္လာခဲ့ပါတယ္။

အေစခံေတြက သခင္ဟာ သူ႕ကိုေတြ႕ခ်င္ေနေၾကာင္း သတိေပးလာခဲ့ေပမယ့္ ေဟာ္႐ႊင္းက လ်စ္လ်ဴ႐ႈထားၿပီး ေဟာ္က်ားဆီ ခ်ဴးယြန္ကို ေခၚသြားလိုက္ပါတယ္။

"သူတို႔က"
ခ်ဴးယြန္ကေတာ့ ေဟာ္႐ႊင္းရဲ႕ အျပဳအမူကိုၾကည့္ၿပီး ခါးသက္သက္နဲ႔ မျပဳံးဘဲ မေနႏိုင္ေတာ့ပါဘူး။

အေစခံအမ်ားစုက သူနဲ႔ေတြ႕လိုက္တိုင္းမွာ
"ဒုတိယသခင္ေလး… သခင္က မင္းကို ေတြ႕ခ်င္ေနတယ္"လို႔ ေျပာၾကပါတယ္။

ဒါေပမယ့္ ေဟာ္႐ႊင္းက သူ႕လက္ကို အၿမဲေဝွ႔ယမ္းလႊတ္လိုက္စၿမဲပါ။

ထိုသူေတြက ဒါကို လက္မခံခ်င္ၾကေပမယ့္ ေဟာ္႐ႊင္းကိုလည္း မဆန္႔က်င္ရဲၾကျပန္ပါဘူး။ သူတို႔က သခင္ေလးရဲ႕ စိတ္ကို ေျပာင္းႏိုင္ဖို႔ရည္႐ြယ္ၿပီး မနီးမေဝးကေနသာ လိုက္ပါႏိုင္ၾကပါတယ္။

"အဲတာက ဘာမွမဟုတ္ဘူး… အဖိုးႀကီးက ငါ့ကို သတင္းျပန္ပို႔ေစခ်င္ေနတာ"
ေဟာ္႐ႊင္းက သူ႕လက္ကို အနည္းငယ္ေဝွ႔ယမ္းကာ ေျပာလိုက္ပါတယ္။
"တကယ္ေတာ့ ငါ့ကလန္ထဲမွာ ငါက အိပ္စားတစ္ေယာက္ပဲ… ငါ့အရည္အခ်င္းက မဆိုးေပမယ့္ ငါက ေလ့က်င့္ဖို႔ သိပ္စိတ္မဝင္စားဘူး… ဒါေပမယ့္ ဒီအတိုင္းေနဖို႔လည္း ငါစိတ္မဝင္စားပါဘူး… တစ္ရက္မွာ ငါ့နာမည္ကေက်ာ္ၾကားလာေစဖို႔ ကတိျပဳထားတယ္"

"မဟုတ္မဟတ္ယုံၾကည္မႈနဲ႔ ေသမယ့္အခ်ိန္ကို ေစာင့္ဆိုင္းေနတာေပါ့"
ခ်ဴးယြန္ ျပဳံးလိုက္ပါတယ္။ ေဟာ္႐ႊင္းရဲ႕ အေျခအေနကို စကားတစ္ခြန္းထဲနဲ႔ ေဖာ္ျပႏိုင္တယ္။

ေဟာ္႐ႊင္းက ေခါင္းကုတ္ၿပီး ေျပာလိုက္ပါတယ္။
"ဟုတ္ပါတယ္… မင္းေျပာတာမွန္တယ္… အဲဒီအတိုင္းပဲ"

‌ဒီေနာက္ သူက ႐ွက္႐ြံ႕ဟန္ ေျခာက္ကပ္ကပ္ ေခ်ာင္းဟန္႔ကာ ေျပာလိုက္ပါတယ္။
"မိသားစုထဲက လူတိုင္းက ငါ့ပုံစံကို ေလွာင္ေျပာင္ခ်င္ေနၾကတာ… မၾကာေသးခင္ကေတာ့ လွည့္ကင္းခန္းမမွာ ေကာင္းကင္အဆင့္ကိုးသိုင္းဝိညာဥ္နဲ႔ ပါရမီ႐ွင္တစ္ဦးေပၚလာတယ္လို႔ ငါၾကားခဲ့တယ္… အင္အားစုအမ်ားႀကီးကလည္း သူ႕ကိုဖိတ္ေခၚခ်င္ေနၾကတယ္တဲ့… အဲဒီမွာတင္ အဖိုးႀကီးကို ငါေဒါသတႀကီးနဲ႔ မင္းကိုလာေခၚမယ္ဆိုၿပီး ေျပာလိုက္တယ္… မင္းကိုမေခၚႏိုင္ရင္ ငါတကယ္ျပန္မွာမဟုတ္ဘူး"

"ဒီလိုလား"
ခ်ဴးယြန္က ျပဳံးတုံ႔တုံ႔နဲ႔ ေျပာလိုက္ပါတယ္။ ေဟာ္႐ႊင္းက လွည့္ကင္းခန္းမက မျပန္ခ်င္တာ မထူးျခားေတာ့ပါဘူး။

ေဟာ္႐ႊင္းက အလြန္ေမာက္မာတဲ့သူပါ။ အိမ္ေတာ္မွာ သူ႕ကိုဘယ္သူကမွ မစဝံ့တာ အံ့ဩစရာေတာ့ မ႐ွိပါဘူး။

"ဒီအေၾကာင္းကို ထပ္မေျပာေတာ့ဘူး… အဖိုးႀကီးက ငါ့ကိုခြင့္ျပဳတယ္… ငါ့ဘာသာ အ႐ူးထေနတာ"
ေဟာ္႐ႊင္းက သူ႕အေ႐ွ႕က အိမ္ေတာ္ကိုၾကည့္ၿပီး အနည္းငယ္ေနာင္တရေနတဲ့ မ်က္ႏွာအမူအရာနဲ႔ ေျပာလိုက္ပါတယ္။
"အကိုႀကီးက သူ႕ကိုယ္သူပိတ္ေလွာင္ေနခဲ့တာ ႏွစ္အနည္းငယ္ၾကာသြားခဲ့ၿပီ… ငါတို႔ကို သူေတြ႕ခ်င္ရင္ေတာင္ လြယ္ေတာ့မလြယ္ဘူး"

ခ်ဴးယြန္ ေခါင္းကိုအသာညိတ္လိုက္ပါတယ္။ ဒီခံစားခ်က္ကို သူနားလည္တယ္။

မူလက သန္မာတဲ့ ေကာင္းကင္ဂုဏ္ေဆာင္ပါရမီ႐ွင္တစ္ေယာက္ ျဖစ္ေပမယ့္လည္း မင္းအားကိုးရတဲ့သိုင္းဝိညာဥ္က မင္းၿပိဳင္ဘက္ေၾကာင့္ ပ်က္ဆီးခဲ့ရတယ္။

ေနာက္ၿပီး သူက သာမန္မဟုတ္ဘဲ အိမ္ေတာ္ႀကီးတစ္ခုရဲ႕ သခင္ေလးတစ္ေယာက္။

ဒီအတြက္ အ႐ွက္ရမႈ၊ ေဒါသ၊ ေနာင္တရမႈေတြကို ခံစားရင္း ေဟာ္က်ားရဲ႕ စိတ္အေျခအေနကလည္း ပ်က္ဆီးသြားခဲ့ရပါတယ္။

"ငါ့အကိုႀကီးကို ဝင္ေတြ႕ၾကရေအာင္"
ေဟာ္႐ႊင္းက လက္သီးဆုပ္ၿပီး ခ်ဴးယြန္ကို ေမွ်ာ္လင့္ခ်က္အခ်ိဳ႕နဲ႔ ၾကည့္လိုက္ပါတယ္။
"မင္းတကယ္ေအာင္ျမင္ရင္ ငါေဟာ္႐ႊင္းက မင္းရဲ႕အေစခံတစ္ေယာက္အျဖစ္ ေနႏိုင္ပါတယ္"

"အဲေလာက္မလိုပါဘူးဟ"
ခ်ဴးယြန္ သူ႕လက္ကို အျမန္ေဝွ႔ယမ္းလိုက္ပါတယ္။

သူဒီကိုလာခဲ့ရတာက သူ႕အေတြးေတြဟာ အလုပ္ျဖစ္၊မျဖစ္ဆိုတာ သိခ်င္လို႔ပါ။ ေနာက္ၿပီး ေဟာ္အိမ္ေတာ္ကိုလည္း ေက်းဇူးေႂကြးတင္ႏိုင္ပါလိမ့္မယ္။

ေဟာ္အိမ္ေတာ္က ေယာက္ခ်ီျမင့္ျမတ္တိုင္းျပည္ရဲ႕ ဘီလူးတစ္ေကာင္ပါ။ သူတို႔ဆီက ေက်းဇူးေႂကြးတင္ရင္ ဒါက အလြန္ေကာင္းျမတ္ပါလိမ့္မယ္။

‌ထိုအိမ္ေတာ္ထဲကို ဝင္သြားၿပီးေနာက္ ျခံဝင္းထဲမွာ ႐ွည္လ်ားတဲ့ျမက္ပင္ေတြကို အရင္ျဖတ္သန္းသြားခဲ့ရပါတယ္။ ျမက္ပင္၊ေပါင္းပင္ေတြက ႐ွည္လ်ားလြန္းတာေၾကာင့္ သူတို႔ခါးလယ္ကိုေတာင္ ေရာက္လုနီးေနခဲ့ပါၿပီ။

ေဟာ္႐ႊင္းက ခါးသီးစြာရယ္ေမာရင္း ေျပာျပလိုက္ပါတယ္။
"အစားစာ လာပို႔ခ်ိန္ကလြဲရင္ သူ႕အိမ္ထဲကို ဘယ္အေစခံကိုမွ ဝင္ခြင့္မျပဳဘူးေလ… အဲတာေၾကာင့္ ျခံဝင္းကို သန္႔႐ွင္းေရးလည္း မလုပ္ႏိုင္ေတာ့ဘူး"

"ေဒါက္ ေဒါက္ ေဒါက္"
ေဟာ္႐ႊင္းက တံခါးကိုေခါက္ၿပီး ခပ္တိုးတိုးေျပာလိုက္ပါတယ္။
"အကိုႀကီး… ငါမင္းဆီကိုလာတာပါ"

"ဒုတိယညီေလး"
အထဲကေန အက္႐ွ႐ွအသံတစ္ခ်က္ ထြက္ေပၚလာခဲ့ပါတယ္။ ထိုအသံက ေသျခင္းအေငြ႕အသက္ေတြ ျပည့္ႏွက္ေနၿပီး ေမွ်ာ္လင့္ခ်က္ေတြ ကင္းမဲ့ေနတဲ့ လူတစ္ေယာက္လိုပါပဲ။

ဒီအသံကို ၾကားရၿပီးေနာက္ ေဟာ္႐ႊင္းရဲ႕မ်က္လုံးထဲမွာ နာက်င္မႈေတြက ပိုျပင္းထန္လာခဲ့ပါတယ္။ ဒါေပမယ့္ သူက သည္းခံၿပီး ေျပာလိုက္တယ္။
"အကိုႀကီး… တံခါးဖြင့္ပါဦး"

"ကြၽီ"
အခန္းတံခါးဖြင့္လိုက္ၿပီးေနာက္ အတြင္းမွာ ရပ္ေနတဲ့ ပိန္ပိန္ပါးပါးလူငယ္တစ္ေယာက္ကို ျမင္လိုက္ရပါတယ္။

ထိုသူက ေဟာ္က်ားပါ။

သူ႕ဆီက ပထမဆုံးခံစားလိုက္ရတာက စိတ္ပ်က္အားေလ်ာ့ေနမႈပါ။ စည္းေႏွာင္မထားတဲ့ ဆံပင္႐ွည္ေတြက ပုခုံးေပၚကို ျပန္႔က်ေနခဲ့ပါတယ္။ မုတ္ဆိတ္ေမႊးေတြကလည္း မရိတ္သင္တာၾကာၿပီမို႔ အေတာ္႐ွည္ေနခဲ့ပါၿပီ။

သူ႕ပုံစံက အုံ႔မိႈင္းေနေပမယ့္လည္း သူ႕ပတ္ဝန္းက်င္႐ွိ ေလထုကေတာ့ ျမင့္ျမတ္တဲ့အသြင္ကို ေဆာင္ခဲ့ပါတယ္။

သူ႕တစ္ကိုယ္လုံးမွာ အဖမ္းစားႏိုင္ဆုံးကေတာ့ သူ႕ရဲ႕မ်က္လုံးအစုံပါပဲ။

ေဟာ္က်ားရဲ႕ မ်က္လုံးေတြက ပင္လယ္ေရလို နက္႐ွ္ိဳင္းၿပီး တိမ္လႊာတစ္ခုလို ျဖစ္တည္ေနခဲ့ပါတယ္။ သူ႕မ်က္ႏွာေပၚမွာ ေမာက္မာမႈေတြ မ႐ွိေတာ့ေပမယ့္ အ႐ိုးထဲထိ စြဲေနတဲ့ မာန္မာနေတြကိုေတာ့ ဖယ္႐ွားဖို႔ လြယ္ကူပါဘူး။

ေဟာ္က်ားက ေဟာ္႐ႊင္းကို တစ္ခ်က္ၾကည့္ၿပီး ခ်ဴးယြန္ကို အကဲခတ္လိုက္ပါတယ္။

သူ႕အတြက္ ဒုတိယညီေလးက လူေတြမၾကာမခဏေခၚလာတဲ့အတြက္ သူမအံ့ဩေတာ့ပါဘူး။ ဒါေပမယ့္ သူက ဘာမွမေျပာပဲ ခ်ဴးယြန္ကို ၾကည့္႐ုံသာ ၾကည့္လိုက္ပါတယ္။

သူက ႀကိဳဆိုတာ၊ မႀကိဳဆိုတာလည္း မ႐ွိပါဘူး။ ဘာစကားမွကို မေျပာတာပါ။

ေဟာ္႐ႊင္းကလည္း ‌ေဘးနားမွာ အဆင္မေျပာစြာနဲ႔ ရပ္ေနခဲ့ပါတယ္။ ဒီလို ထူးျခား‌တဲ့အေျခအေနမွာ သူက ဘာေျပာရမွန္း မသိပါဘူး။

ေဟာ္က်ားကလည္း မ်က္ခုံးပင့္လိုက္ေပမယ့္ ဘာမွမေျပာေသးပါ။

အိမ္႐ွင္တစ္ဦး‌အေနနဲ႔ ဒါက အလြန္႐ိုင္းျပတဲ့အျပဳအမူဆိုေပမယ့္ သူက သူ႕သေဘာဆႏၵအတိုင္းဘဲ ေနထိုင္ခဲ့ပါတယ္။

သူက အခု ဒုကၡိတတစ္ဦးျဖစ္ေနၿပီး သူ႕ကံၾကမၼာကိုလည္း လက္ေျမႇာက္ထားေပမယ့္ ေဟာ္က်ားရဲ႕စိတ္သေဘာထားက အရင္ကအတိုင္း ႐ွ္ိေနေသးၿပီး အလြယ္တကူ ဦးမၫႊတ္တတ္ပါဘူး။

ဒါေပမယ့္ လူတစ္ေယာက္ရဲ႕ သေဘာထားက ဒီလိုပဲ႐ွိေနရင္ သူတို႔အတြက္ က်႐ႈံးဖို႔ ပိုလြယ္ကူပါတယ္။

ခ်ဴးယြန္ကလည္း ဒီလိုလူမ်ိဳးကို သေဘာက်ပါတယ္။

ေဟာ္က်ားက စကားစေျပာဖို႔ အစီစဥ္မ႐ွိတာေၾကာင့္ သူကပဲ စကားစလိုက္ပါတယ္။
"ေဟာ္က်ား… ငါက ေဟာ္႐ႊင္းရဲ႕မိတ္ေဆြပါ… ငါမင္းအေၾကာင္းကို ၾကားၿပီးၿပီ"

ေဟာ္က်ားရဲ႕ မ်က္ႏွာအမူအရာက အေျပာင္းအလဲမ႐ွိေပမယ့္ ေဟာ္႐ႊင္းကို အနည္းငယ္အျပစ္တင္ဟန္နဲ႔ လွမ္းၾကည့္လိုက္ပါၿပီ။

ဒီလူက ေဆးကုေပးမယ့္သူမဟုတ္ဘဲ အျပင္လူကို ဘာေၾကာင့္ ေျပာျပရတာလဲ။

ေဟာ္႐ႊင္းကေတာ့ သူ႕လက္ကိုေဝွ႔ယမ္းၿပီး ဆက္လက္နားေထာင္ေနဖို႔ အခ်က္ျပလိုက္ပါတယ္။

ေဟာ္က်ားရဲ႕ အေျခအေနကိုသိတာေၾကာင့္ ခ်ဴးယြန္ကလည္း ေဝ့ဝိုက္မေနေတာ့ပါဘူး။ အဓိကကိစၥကိုပဲ သူဦးတည္လိုက္ပါေတာ့တယ္။
"ငါက ခႏၶာကိုယ္သန္႔စင္သူပါ… ခႏၶာကိုယ္သန္႔စင္ျခင္းနည္းလမ္းအမ်ားႀကီးကို ငါသိတယ္… ငါ့မွာ သိုင္းဝိညာဥ္မ႐ွိရင္ေတာင္ ငါ့ဘာသာ ေလ့က်င့္ႏိုင္တုန္းပဲ… ေဟာ္႐ႊင္းက မင္းရဲ႕က်င့္ၾကံျခင္းလမ္းစဥ္ကို ျပန္တည္ေဆာက္ေပးဖို႔ အကူအညီေတာင္းလို႔ ငါလာခဲ့တာ"

Ga verder met lezen

Dit interesseert je vast

714K 28.4K 38
🚫⛔ရိုင်းစိုင်းသောအသုံးနှုန်းများပါလာနိုင်ပါသဖြင့် (သတိပေးအပ်ပါသည်)⛔⛔ ကိုယ်ရံတော်နဲ့အမှတ်မထင် အလုပ်စဝင်တဲ့နေ့တွင် မိမိနှင့် အခတ်မသင့် sexa ဆက်စံမိသွ...
245K 24.2K 187
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...
361K 24.7K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"