အပိုင်း 676 ကောင်းကင်မျက်လုံးကားချပ်
လော့ရှောင် အသာပြုံးလိုက်ပါတယ်။သူက ကွမ်ယွမ်ကိုဖြတ်လျှောက်သွားရင်း လှောင်ပြောင်လိုက်တယ်။
"ရေရှည်ကို မြင်နိုင်စွမ်းမှာ မင်းတို့ခေါင်းဆောင်ထက် အများကြီးနိမ့်ကျတာပဲ… အလကားကောင်"
"မင်း!"
ကွမ်ယွမ် အလွန်ဒေါသထွက်သွားပါတယ်။သူ့ကိုယ်သူ အပြင်းအထန်ထိန်းချုပ်ထားရတာမို့ ခန္ဓာကိုယ်တွေတောင် တုန်ခါနေလို့ပါ။
လော့ရှောင် ရယ်မောရင်း ခေါင်းမော့လိုက်ပါတယ်။သူ့အနောက်ရှိနတ်ဆိုးကတော့ အပြောင်းလဲမရှ်ိတဲ့ မျက်နှာအမူရာနဲ့ လိုက်ပါသွားခဲ့ကြပါပြီ။
သူတို့ထွက်သွားပြီးနောက် ထရတ်လူငယ်လေးတွေလျှောက်လာကာ ပြောလိုက်ကြတယ်။
"မဟာအကြီးအကဲ အဲတာ နတ်ဆိုးမျိုးနွယ်လား"
"သူတို့ရဲ့အော်ရာတွေက အတော်ကြောက်ဖို့ကောင်းတယ်… ကျုပ်တော့ သူ့ကိုသဘောမကျဘူး"
"ကျူပ်ကြားတာတော့ နတ်ဆိုးမျိုးနွယ်က ဒို့ရဲ့ရန်သူတွေဆို"
"ဒါပေမယ့် ငါတို့ကို အနိုင်ကျင့်ခဲ့တာက နတ်ဆိုးမျိုးနွယ်မဟုပ်ဘူး… လူသားတွေပဲ"
"မဟာအကြီးအကဲ… ကျုပ်တို့က ဒီဒေသရဲ့ အုပ်ချုပ်သူတွေလား"
ထရတ်လူငယ်လေးတွေက နောက်ဆုံးစကားကို အလွန်သိချင်ကြပါတယ်။
ကွမ်ယွမ်လည်း ဘယ်လိုရှင်းပြရမှန်းမသိခဲ့ပါဘူး။နောက်ဆုံးမှာတော့ ခါးသီးစွာ ပြုံးလိုက်ပါတော့တယ်။
လီကျောက်လင်းက ကျောက်တုံးအိမ်ထဲကို လျှောက်သွားလိုက်ပါပဲ။
လော့ရှောင်က ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်ပြီး ပြုံးလိုက်တယ်။
"ဒီမှာက အတော်ရိုးရှင်းတာပဲ… မင်းတို့ ဒီပုံစံအတိုင်း ဘယ်လောက်တောင်ရွှေ့ပြောင်းပြီးပြီလဲ?"
"ငါးကြိမ်"
လီကျောက်လင်းက တည်ငြိမ်စွာပဲ ပြောလိုက်ပါတယ်။
လျော့ရှောင်က ကျောက်တုံးအိမ်ထဲကိုဝင်သွားပြီးနောက် ခုံတစ်လုံးမှာဝင်ထိုင်ရင်း ပြောလိုက်တယ်။
"ရိုးရိုးသားသားပြောရရင် မင်းတို့ရဲ့ လက်ရှိအခြေနေက မထိုက်တန်ဘူး… မင်းတို့က မြင့်မြတ်ပေမယ့် ဒီလိုမျိုး တိတဆိတ်ရှင်သန်နေကြရတယ်လေ"
လီကျောက်လင်းက မျက်မှောင်ကြုတ်လိုက်ပြီး
"သခင်လေးလီကျောက်… မင်းငါတို့ဆီကိုလာတာ အကြောင်းရှိတယ်မဟုပ်လား… ပြောစရာရှိတာကို ဒဲ့ပြောလိုက်ပါ… ငါတို့ကိုနှိမ့်ချတဲ့စကားတွေ လျှောက်ပြောနေစရာမလိုပါဘူး"
"ခေါင်းဆောင်… မင်းက တစ်ကယ်ဉာဏ်ကောင်းတာပဲ"
လော့ရှောင်က ချီးမွှန်းဟန်နဲ့ကြည့်ပြီး ပြောလိုက်တယ်။
"အခု ငါတို့ လူသားတွေနဲ့ စစ်ဖြစ်နေကြတယ်… စစ်မြေပြင်ကတော့ မြောက်ပိုင်းနယ်စပ်မှာပဲ… လူသားတွေက ခေါင်းမာမာနဲ့ တိုက်ခိုက်နေပေမယ့် ငါတို့ရဲ့တိုက်ခိုက်မှုတွေကို ရပ်တန့်နိုင်မှာမဟုပ်ဘူး… ငါတို့မြင့်မြတ်နယ်မြေသုံးခု ပူးပေါင်းပြီးရင် မြောက်ပိုင်းနယ်စပ်ရဲ့အနေအထားကိုပြောင်းလဲလိုက်ဖို့က အချိန်တစ်ခုပဲလိုမယ်"
"အခု ငါဒီကိုလာရတာက ခေါင်းဆောင်နဲ့ ဆွေးနွေးချင်လို့ပဲ"
"ငါတို့ထရတ်တွေက နှစ်ပေါင်းများစွာအကြာမှာ အရင်ကလောက် သန်မာမှုမရှိကြတော့ဘူးလေ… မင်းတို့က အနောက်ပိုင်း ကန္တာရကိုတောင် သိမ်းပိုက်နိုင်မှတော့ မင်းတို့က တစ်ကယ်အစွမ်းစရှိလို့ပဲပေါ့… ဘာလို့ ငါတို့ထရတ်တွေက နတ်ဆိုးမျိုးနွယ်နဲ့ ပူးပေါင်းရမှာလဲ?"
လီကျောက်လင်း ပြောလိုက်တယ်။
"ခေါင်းဆောင်သာ ငါတို့နဲ့ ပူးပေါင်းမယ်ဆိုရင် နတ်ဆိုးမျိုးနွယ်က မြောက်ပိုင်းနယ်စပ်တစ်ဝက်ကို မင်းတို့ကိုပေးနိုင်တယ်… မင်းတို့ကို လွတ်လွတ်လပ်လပ်နေထိုင်စေပြီး နောက်ထပ်ပုန်းကွယ်မနေစေရဘူး"
လော့ရှောင်ပြောလိုက်ပါတယ်။
"အတော်ရက်ရောတာပဲ… ဒါပေမယ့် ဘာကြောင့် ထရတ်တွေကိုရွေးရတာလဲ? ပြောရရင် ငါတို့ထရတ်တွေကို ဘာလုပ်ချင်နေတာလဲ?"
လီကျောက်လင်းရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး သူအနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ပါတယ်။
လော့ရှောင်ရဲ့စကားတွေက အလွန်ကိုဆွဲဆောင်နိုင်စွမ်းရှ်ိတယ်လေ။ရှင်းယွဲ့ဖုန်းက သူတို့ကို အမြဲပုန်းအောင်းနေထိုင်ရအောင် ဖိအားပေးထားခဲ့တယ်မဟုပ်လား။
"ရှင်းရှင်းပြောရရင် မင်းတို့ထရတ်က မြောက်ပိုင်းနယ်စပ်ရဲ့ အရှင်သခင်ပဲလေ… အခြားမျိုးနွယ်အားလုံးက မင်းတို့ရဲ့အမိန့်ကိုနားထောင်သင့်တယ်… မင်းတို့မှာလည်း ဂိုဏ်သိက္ခာ၊စွမ်းရည်နဲ့ ပြောဆိုပိုင်ခွင့်ရှ်ိတယ်"
လော့ရှောင်က ရက်ရောလွန်းဟန်နဲ့ ပြောလိုက်တယ်။
လီကျောက်လင်းရဲ့ မျက်လုံးထဲမှာတော့ ဂုဏ်ယူဝံ့ကြွားတဲ့အမူရာတွေ ထွက်ပေါ်လာပါတော့တယ်။
ထရတ်တွေဟာ အရင်တုန်းကလည်း မြောက်ပိုင်းနယ်စပ်ရဲ့ အုပ်ချုပ်သူတွေဖြစ်ပြီး အခုလည်း အတူတူပဲဖြစ်ပါလိမ့်မယ်။
ထရတ်ခေါင်းဆောင်ဖြစ်တဲ့ သူ့ရဲ့အမိန့်ကိုလည်း မျိုးနွယ်စုတိုင်းက နာခံရပါဦးမယ်။
ဒါက ထရတ်တွေအတွက် အကြီးမားဆုံးဂုဏ်သရေပဲလေ။
"ငါတို့ မြောက်ပိုင်းနယ်စပ်နဲ့တိုက်ခိုက်တဲ့အခါ မင်းတို့ပါ လိုက်ပါတိုက်ခိုက်ပါ… ဒါပြီးရင်တော့ မြောက်ပိုင်းနယ်စပ်တစ်ဝက်ကို မင်းတို့ရကြပါလိမ့်မယ်"
လော့ရှောင်က တစ်ဖက်လူရဲ့မျက်နှာကဲခတ်ရာမှာ အလွန်တော်သူပါ။သူက လီကျောက်လင်းရဲ့စိတ်ထဲမှာ ဘာတွေတွေးနေတယ်ဆိုတာ သိပြီးပြီလေ။
သူတို့တွေက ဒီလိုအခြေနေကို ကျဆင်းသွားပေမယ့်လည်း လီကျောက်လင်းရဲ့စိတ်ထဲက မာနထောင်လွှားမှုတွေ၊ ဂုဏ်ယူဝံ့ကြွားမှုတွေက လျှော့ကျမသွားပါဘူး။
လွန်ခဲ့တဲ့နှစ်တွေကဆိုရင် မြောက်ပိုင်းနယ်စပ်မှာထရတ်တွေက နံပါတ်တစ်မျိုးနွယ်ပါပဲ။သူတို့တွေက လူသားတွေနဲ့တောင် အဆင့်တူမှာရပ်တည်ခဲ့တာပါ။
နောက်တော့ မြောက်ပိုင်းဧကရာဇ်နဲ့ လူသားမျိုးနွယ်က မြန်ဆန်စွာတိုးတက်လာပြီး တိုက်ပွဲတွေစတင်လာခဲ့ပါတယ်။
တိုက်ပွဲမှာ ထရတ်တွေရှုံးနိမ့်ခဲ့ပေမယ့် စည်းမျဉ်းတစ်ခုထားခဲ့ပြီး ဘယ်သူမှမချိုးဖောက်နိုင်ခဲ့ပါဘူး။
အချိန်တွေကြာလာတာနဲ့အမျှ လူသားတွေက ပိုသန်မာလာခဲ့ကြတယ်လေ။မြောက်ပိုင်းနယ်စပ်မှာ တိုင်းပြည်သုံးခုနဲ့ ရှင်းယွဲ့ဖုန်းဆိုပြီး ထွက်ပေါ်လာခဲ့ကြပါတယ်။
ထရတ်တွေကတော့ တဖြည်းဖြည်းအားနည်းလာပြီး မြောက်ပိုင်းဧကရာဇ်ရဲ့ လျို့ဝှတ်စွာနှိပ်စက်မှုတွေကြောင့်လည်း တိုင်းပြည်သုံးခုနဲ့ အဆင့်တူတဲ့အထိ နိမ့်ကျသွားခဲ့ပါတော့တယ်။
လွန်ခဲ့တဲ့နှစ်တစ်ရာအတွင်းမှာ မြောက်ပိုင်းဧကရာဇ်ရဲ့ ထရတ်တွေအပေါ်တိုက်ခိုက်မှုက ပိုပြင်းထန်လာခဲ့တယ်လေ။
သူတို့တွေ ပြန်လည်တိုက်ခိုက်ချင်ခဲ့ကြပေမယ့် အချိန်က အရမ်းနောက်ကျနေခဲ့ပြီ။ဒါကြောင့်ပဲ ထရတ်တွေအနေနဲ့ ကိုယ့်ရဲ့မိသားစုကိုကာကွယ်ဖို့ တစ်နေရာကတစ်နေရာ ဆက်တိုက်ရွေ့လျားနေခဲ့ရတော့တယ်။
ထရတ်တစ်ယောက်အနေနဲ့ လူသားတွေကို မမုန်းဘူးလို့ပြောလာရင် ဒါက မုသားစကားပဲဖြစ်ပါလိမ့်မယ်။
သူက လူသားတွေကို တစ်ကယ်ဆန့်ကျင်တိုက်ခိုက်ချင်နေခဲ့ပါပြီ။ဒါပေမယ့်လည်း ကျိုးကြောင်းဆင်ခြင်မှုက နတ်ဆိုးတွေနဲ့ သဘောတူညီမှုမရနိုင်ကြောင်းပြောနေလို့ပါ။
ခနတွေးပြီးနောက် လီကျောက်လင်းက တည်ငြိမ်ဟန်ဆောင်ပြီးမေးလိုက်တယ်။
"မင်းဘာလိုချင်လို့လဲ?"
ဒါကိုကြားပြီးနောက် လော့ရှောင် အရာအားလုံးက သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေဟန်နဲ့ ရယ်မောလိုက်ပါတယ်။
လီကျောက်လင်းက ဒီလိုမေးလာတာဟာ သူ့ရဲ့စကားအောက်ကို ရောက်နေပြီဆိုတဲ့အဓိပ္ပာယ်ပဲလေ။
"ငါမှတ်မိတာမမှားရင် မင်းတို့ထရတ်တွေ နှစ်ပေါင်းများစွာထိန်းသိမ်းထားတဲ့ ရတနာတစ်ခုရှိတယ်မဟုပ်လား"
လော့ရှောင်ပြုံးရင်း သူ့ရည်ရွယ်ချက်ကို ထုတ်ပြောလိုက်တယ်။
"ကောင်းကင်မျက်လုံးကားချပ်လား? မဖြစ်နိုင်ဘူး… ဒါက ငါတို့ဘိုးဘေးတွေ ချန်ထားခဲ့တဲ့အရာပဲ… ငါမင်းကို မပေးနိုင်ဘူး"
လီကျောက်လင်းရဲ့ မျက်နှာအမူရာက ပြောင်းလဲသွားပါတယ်။
"မျိုးနွယ်တစ်ခုလုံး အဖျက်ဆီးခံပြီး ဒါကိုသိမ်းဆည်းထားမယ်ဆိုရင် ထိုက်တန်လား"
လော့ရှောင် အသာပြုံးပြီး
"မင်းတို့ရဲ့ လက်ရှိအခြေနေမှာ ငါနဲ့ညှိနှိုင်းဖို့အခွင့်ရေးမရှိဘူး… မင်းလက်ခံရင် ငါတို့နဲ့ ပျော်ပျော်ရွှင်ရွှင်ပူးပေါင်းရမယ်… ပြီးရင် မြောက်ပိုင်းနယ်စပ်တစ်ဝက်ကိုလည်း အုပ်ချုပ်ခွင့်ရဦးမယ်… မင်းသဘောမတူရင်တော့ ငါကိုယ်တိုင် မင်းတို့ထရတ်အားလုံးကိုသတ်ဖြတ်ပြီး ကောင်းကင်မျက်လုံးကားချပ်ကို ယူသွားမယ်"
လီကျောက်လင်းရဲ့ မျက်လုံးထဲမှာ ဒေါသတွေပြည့်နှက်သွားခဲ့ပြီလေ။သူထရပ်လိုက်မယ့်အချိန်မှာပဲ နတ်ဆိုးသခင်က ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းတွေနဲ့အတူ အရှေ့တိုးလာတာမြင်လိုက်ရပါတယ်။
လီကျောက်လင်းရဲ့မျက်နှာက ဖြူရော်သွားခဲ့ပါပြီ။တစ်ကယ်လို့ တိုက်ပွဲဖြစ်ရင် သူ့ရဲ့ခွန်အားအရ လွတ်အောင်ထွက်ပြေးဖို့ ယုံကြည်မှုရှိပြီးသားပါ။
ဒါပေမယ့် သူ့ရဲ့မျိုးနွယ်ကရော?
နတ်ဆိုးသခင်ရဲ့ ခွန်အားအရ သူတို့တွေ ဘာမှပြန်လုပ်နိုင်ကြမှာမဟုပ်ဘူးလေ။
"မင်းငါ့ကို စည်းရုံးချင်ရင်တောင် ဒီလိုစကားလုံးတွေနဲ့ မင်းမှာ လုပ်နိုင်စွမ်းမရှ်ိဘူး… တစ်ကယ်လို့ မြောက်ပိုင်းနယ်စပ်ကို သိမ်းပိုက်ပြီးမှ စကားတွေကိုပြန်ရုတ်သိမ်းရင် ဘယ်လိုလုပ်မလဲ?"
လီကျောက်လင်း အံကြိတ်ပြီးပြောလိုက်တယ်။
"မင်းဒီအတွက် စိုးရိမ်စရာမလိုဘူး… ငါ့အသက်နဲ့ကျိန်ဆိုနိုင်တယ်"
လော့ရှောင် ရယ်မောရင်း ဆက်ပြောလိုက်ပါတယ်။
"ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ ရည်ရွယ်ချက်က တိုင်ဂန်တိုက်ကြီးကို သိမ်းပိုက်ဖို့ပဲလေ… သက်ရှိတွေအားလုံးကို မျိုးဖြုတ်ပစ်ဖို့မှမဟုပ်တာ… တစ်ကယ်လို့ တိုင်ဂန်တိုက်ကြီးမှာ ငါတို့ နတ်ဆိုးမျိုးနွယ်ပဲကျန်ခဲ့ရင် အရမ်းပျင်းစရာကောင်းသွားမှာပေါ့!"
လီကျောက်လင်း တွန့်ဆုတ်နေပေမယ့် နတ်ဆိုးသခင်ရဲ့ မဖော်ရွေတဲ့အကြည့်ကိုမြင်ပြီးနောက် သူအသက်ပြင်းပြင်းရှုကာ ခေါင်းညိမ့်လိုက်ပါတော့တယ်။
"ကောင်းပြီ… ဒီလိုဆိုရင် သဘောမတူစရာအကြောင်းမရှိဘူး"
"ဟားဟားဟား… ခေါင်းဆောင်က လူတော်ပဲ"
ဒါကိုကြားပြီးနောက် လော့ရှောင် ကျေနပ်စွာရယ်မောလိုက်ပါပြီ။
"ကောင်းကင်မျက်လုံးကားချပ်ကိုယူလာပြီး မြောက်ပိုင်းနယ်စပ်က မျိုးနွယ်စုတွေကို စုရုံးလိုက်ပါ… ငါသူတို့ကို တွေ့ချင်တယ်"
လီကျောက်လင်းက တိတ်ဆိတ်စွာခေါင်းညိမ့်ပြီး ကွက်လပ်လက်စွပ်အတွင်းက စာလိပ်တစ်ခုကို လော့ရှောင်ဆီလွှဲပေးလိုက်ပါပြီ။
လော့ရှောင်ရဲ့ မျက်လုံးတွေတောက်ပသွားခဲ့ပါတယ်။စာလိပ်ကို ဖွင့်ကြည့်ပြီးနောက် သူအလွန်စိတ်လှုပ်ရှားသွားမိပြီလေ။
"ဒါတစ်ကယ်ပဲ ကောင်းကင်မျက်လုံးကားချပ်ဟ"
"သခင်လေး ဒီမှာ ရက်နည်းနည်းလောက် နားနေပါဦး… ငါအခြားသူတွေကိုသွားတွေ့လိုက်ဦးမယ်!"
လီကျောက်လင်း အသက်ပြင်းပြင်းရှုပြီးနောက် ထွက်သွားပါတော့တယ်။
"သခင်လေး… ဒါ ကောင်းကင်မျက်လုံးကားချပ်လား"
နတ်ဆိုးသခင် အရှေ့တိုးလာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်ပါတယ်။
လော့ရှောင် ခေါင်းညိမ့်ကာ ကြမ်းကြုတ်မှုတွေ သူ့မျက်နှာပေါ်မှာပေါ်ပြီး ပြောလိုက်တယ်။
"ကောင်းကင်မျက်လုံးကားချပ် ငါ့လက်ထဲမှာဆိုရင် ချူးယွန် ဒီတစ်ခေါက် သေချာက်ပေါက် သေရစေမယ်!"
အပိုင်း 677 လော့ရှောင်နဲ့ ထပ်မံဆုံတွေ့ခြင်း
မျက်စေ့တစ်မှိတ်အတွင်း နောက်တစ်လ ကုန်ဆုံးသွားခဲ့ပါတယ်။မြောက်ပိုင်းနယ်စပ်မှာ အခြေနေတွေက ရှုပ်ထွေးနေလို့။အင်အားစုအမျိုးမျိုးက ပူးပေါင်းလာကြပြီး နတ်ဆိုးမျိုးနွယ်နဲ့ ပိုမိုပြင်းထန်စွာ တိုက်ခိုက်နေခဲ့ကြပါပြီ။
ထိပ်တန်းကျွမ်းကျင်သူတွေ မပါသေးတာမို့ ဘယ်ဘက်ကမှ အလွန်မင်းအားသာသွားတာမျိုးတော့ မရှိသေးပါဘူး။ယေဘူယျအားဖြင့် အခြေနေက ငါးဆယ်၊ငါးဆယ်ပါပဲ။
ဒါပေမယ့် လက်ရှ်ိမှာတော့ မျိုးနွယ်စုဆယ်စုကျော်ခန့်စုဝေးနေခဲ့ပါတယ်။သူတို့ရဲ့ပစ်မှတ်ကတော့ နတ်ဆိုးမျိုးနွယ်မဟုပ်ပဲ မြောက်ပိုင်းနယ်စပ်ဖြစ်နေလို့ပါ။
ထိုအဖွဲ့ကိုတော့ ထရတ်တွေက ဦးဆောင်ထားခဲ့တာလေ။တောင်ပံမျိုးနွယ်နဲ့ ခေါင်းနှစ်လုံးမျိုးနွယ်က နှစ်စုကို တစ်ဒါဇင်ကျော်ခန့်ပါဝင်ခဲ့ပါတယ်။သူတို့အဖွဲ့က အင်အားကြီးမားပြီး တိုင်းပြည်သုံးခုကိုတောင် ကျော်လွန်နိုင်ခဲ့ပါပြီ။
သူတို့ရဲ့အင်အားက မြောက်ပိုင်းနယ်စပ်ရဲ့ အခြေနေကိုပြောင်းလဲပစ်ဖို့ မလုံလောက်ပေမယ့် အတော်တန်တော့ ဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ချူးယွန်တို့အဖွဲ့ကလည်း မြောက်ပိုင်းနယ်စပ်မှာ လှည့်လည်တိုက်ခိုက်နေလို့ပါ။
တိုက်ပွဲများစွာကို ရင်ဆိုင်တိုက်ခိုက်ရပြီးနောက် မဟာပညာရှိ၊ရီလီလီ၊ဘုန်းကြီးရီနဲ့ချူးယွန်… အားလုံးက အကျိုးမြတ်များစွာရရှိခဲ့ပြီး သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေကလည်း တိုးတက်လာခဲ့ကြပါပြီ။
"အော်မီသော်ဖု"
ပြင်းဖန်တဲ့စစ်မြေပြင်မှာ ဘုန်းကြီးတွေက ရွှေရောင်အလင်းတွေနဲ့အတူ ပြင်းထန်စွာတိုက်ခိုက်နေခဲ့ကြပါတယ်။ဗုဒ္ဓရုပ်တုကြီးတွေကလည်း သူတို့အနောက်မှာ မားမားမတ်မတ်တည်ရှိနေလို့ပါ။
ဗုဒ္ဓဂိုဏ်းကအပြင် အလယ်ပိုင်းဒေသရဲ့ မဟာကလန်ကြီးလေးခုလည်း ရှိနေပါသေးတယ်။
တန်းဇီရှန်း၊ တန်းဟွာရန်၊ တန်းဖုန်း၊ တန်းဝူတိ၊ ရဲရှန်းနန်၊ ရဲချန်ဂျန်နဲ့ ရဲကူရင်…
သူတို့အားလုံး ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းနယ်ပယ်ကို ရောက်နေခဲ့ကြပါပြီ။သူတို့က ပုခုံးခြင်းယှဉ်ပြီး နတ်ဆိုးတွေကို ပြင်းထန်စွာတိုက်ခိုက်နေခဲ့ကြပါတယ်။
တိုင်းပြည်သုံးခုရဲ့ စစ်သည်တွေကလည်း မြေပြင်ပေါ်မှာ လှိုင်းလုံးတွေအလား ကြမ်းတမ်းစွာတိုက်ခိုက်နေခဲ့ကြတယ်လေ။သူတို့ရဲ့ ဓါး၊လှံ လက်နက်တွေက သွေးတွေစွန်းထင်းပေကျံနေလို့။
တောင်ပိုင်းသမုဒ္ဓရာကလူတွေကလည်း ရွှပ်ရွှပ်ချွံချွံတိုက်ခိုက်နေကြပါတယ်။သူတို့အထဲမှာ အထင်ရှားဆုံးက မုရုံဇီဦးဆောင်တဲ့ ဇီယန်နန်းတော်ကအဖွဲ့ပါ။
ဇီယန်နန်းတော်က တောင်ပိုင်းသမုဒ္ဓရာမှာ အင်အားအကြီးဆုံးပဲလေ။
မုရုံဇီက နတ်ဆိုးသခင်တစ်ပါးကိုသတ်ဖြတ်လိုက်ပြီး အေးစက်စက်နဲ့ ပစ်မှတ်ရှာဖွေလိုက်ပါတယ်။
ဒီတစ်ခါတိုက်ပွဲက နတ်ဆိုးမျိုးနွယ်ကျူးကျော်လာစဉ်အတွင်းမှာ အကြီးဆုံးတိုက်ပွဲပါပဲ!
နတ်ဆိုးတွေက အနည်းဆုံးရာထောင်ချီကာ ပါဝင်ခဲ့ကြတယ်လေ။အများစုကတော့ စစ်မှန်သော စွမ်းအားနယ်ပယ်နဲ့ ရွှမ်းဝူနယ်ပယ်တွေဖြစ်ပြီး နတ်ဆိုးသခင်က တစ် ရာခိုင်နှုန်းလောက်သာ ပါဝင်ခဲ့တာပါ။
တစ် ရာခိုင်နှုန်းဆိုရင်တောင်မှ ဒါက များပြားနေဆဲပါပဲ။
နတ်ဘုရားစွမ်းရည်နယ်ပယ်နဲ့ ကောင်းကင်ဘုံသို့တက်လှမ်းခြင်းနယ်ပယ်နတ်ဆိုးက တစ်ရာကျော်ခဲ့ပါတယ်။
လူသားတွေနဲ့ နတ်ဆိုးမျိုးနွယ်က သဘောတူညီမှုတစ်ခုရထားသလို ကျယ်ပြန့်တဲ့ လွင်ပြင်တစ်ခုမှာ တိုက်ခိုက်နေခဲ့ကြတာပါ။
ချူးယွန်ရဲ့ မျက်လုံးတွေက အေးစက်လို့။ရေလဆေဘာနဲ့ ကောင်းကင်ဓါးကိုထိန်းချုပ်ပြီးနောက် တိုက်ပွဲထဲကို ပြေးဝင်သွားခဲ့ပါပြီ။
ဒီတိုက်ပွဲက ကြီးမားခဲ့တာမို့ ချူးယွန်ဟာ ချူးလောကကိုဖွင့်ပြီး ဒရာဂွန်နဲ့ အခြားဂိုဏ်းချုပ်ကြီးတွေကို ဆင့်ခေါ်လိုက်ပါတော့တယ်။
ချူးယွန်ရဲ့ ဦးဆောင်မှုအောက်မှာ ဒါဇင်နဲ့ချီတဲ့ ဂိုဏ်းချုပ်ကြီးတွေက နတ်ဆိုးမျိုးနွယ်ကို ပြင်းထန်စွာ တိုက်ခိုက်သတ်ဖြတ်လိုက်ကြပါပြီ။
ဘယ်လောက်သန်မာတဲ့ နတ်ဆိုးသခင်ပဲဖြစ်ဖြစ် သူတို့အရှေ့မှာ သေခြင်းတစ်ခုသာ ရှိခဲ့ပါတယ်။
အထူးသဖြင့် ဒရာဂွန်ရဲ့တိုက်ခိုက်နိုင်စွမ်းက အလွန်မြင့်မားပြီး နတ်ဆိုးတွေကို အဆက်မပြတ် သတ်ဖြတ်နေခဲ့ပါပြီ။
"ချူးယွန်… မင်းက အရမ်းသန်မာတယ်လို့ ငါကြားတယ်… ငါနဲ့တိုက်ခိုက်ရအောင်"
လူသားစစ်သည်တွေနဲ့ သိုင်းပညာရှင်တွေကို သတ်ဖြတ်နေတဲ့ နတ်ဆိုးတစ်ကောင်က ရုတ်တရက်ပြောလိုက်ပါတယ်။
သူက နီရဲနေတဲ့ မျက်လုံးတွေနဲ့ ချူးယွန်ကိုကြည့်ပြီး ပြောလိုက်တယ်။
"ငါပ ဟောင်ရှောင်လုံပဲ… နတ်ဆိုးခုနှစ်ပါးထဲက တစ်ပါးပေါ့… မင်းက လော့ရှောင်ကိုတောင် ရိုက်ခဲ့ဖူးပြီး ထိပ်တန်းအဆင့်မှာ ရပ်တည်နေတဲ့ ကောင်းကင်ဂုဏ်ဆောင်ပါရမီရှင်လို့ ကြားတယ်"
ပြောပြီးနောက် ဟောင်ရှောင်လုံရဲ့ မျက်လုံးတွေက ပိုနီရဲလာခဲ့ပါတယ်။သူက သားကောင်ကိုကြည့်နေတဲ့ ဝံပုလွေတစ်ကောင်အသွင်နဲ့ ချူးယွန်ကိုကြည့်နေခဲ့တာပါ။
ချူးယွန်က ဟောင်ရှောင်လုံကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်တယ်။
"မင်းတို့နတ်ဆိုးခုနှစ်ပါးထဲက နှစ်ပါးကတော့ ငါ့လက်ထဲမှာ သေဆုံးသွားခဲ့ရပြီ… တစ်ကယ်တော့ ထင်သလောက်လည်းမဟုပ်ပါဘူး"
ဒါကိုကြားပြီးနောက် ဟောင်ရှောင်လုံ ဒေါသထွက်သွားခဲ့ပါတယ်။
"ငါက မင်းပြိုင်ဘက်ဖြစ်ဖြစ် အခုမြင်ရလိမ့်မယ်"
ပြောပြီးတာနဲ့ သူ့လက်ထဲက သွေးနီရောင်လှံရှည်ကို မျဉ်းကွေးသဏ္ဌန်ဝေ့ဝိုက်ပြီး ချူးယွန်ရဲ့ လည်မြိုကို ဦးတည်တိုက်ခိုက်လိုက်ပါပြီ။
ထိုတိုက်ခိုက်မှုက တိကျကာ ရက်စက်ပြီး တော်ရုံလူတွေရှောင်ဖို့ မလွယ်ကူပါဘူး။
ဟောင်ရှောင်လုံရဲ့ ကျင့်ကြံခြင်းအခြေခံကလည်း ကောင်းကင်ဘုံသို့တက်လှမ်းခြင်းနယ်ပယ် ဒုတိယအဆင့်ကို ရောက်နေခဲ့ပြီလေ။
တိုင်ဂန်တိုက်ကြီးရဲ့ အခြားကျွမ်းကျင်သူတစ်ဦးနဲ့ ရင်ဆိုင်ရရင် အခြေနေက တစ်မျိုးဖြစ်နိုင်ပေမယ့် ကံမကောင်းစွာပဲ သူရင်ဆိုင်ရတာက ချူးယွန်ဖြစ်နေခဲ့ပါတယ်။
သွေးကီတွေပြည့်နေတဲ့ လှံရှည်နဲ့ရင်ဆိုင်ရချိန် ချူးယွန်က အေးစက်စက်နဲ့ ရယ်မောလိုက်ပါတယ်။ပြီးနောက် လျှပ်စီးလက်သလိုအမြန်နှုန်းနဲ့ လှံကို ဖမ်းဆွဲလိုက်ပါပြီ။
"ဝုန်း"
အသံတစ်ချက်နဲ့အတူ လှံရှည်က ချူးယွန်လက်ထဲမှာ တုံ့ခနဲရပ်တန့်သွားခဲ့ပါတယ်။လှံကနေ သွေးကီတွေက ချူးယွန်ရဲ့လက်ကို ချက်ချင်းစီးဝင်သွားခဲ့ပါတော့တယ်။
"မင်းက အတော်မောက်မာတာပဲ… မင်းရဲ့ခန္ဓာကိုယ်နဲ့ ငါ့ရဲ့လှံကို ဖမ်းထားရတယ်ပေါ့"
ဟောင်ရှောင်လုံ ရယ်မောလိုက်ပါတယ်။ဒီနောက် သွေးကီတွေက သွေးနဂါးအဖြစ်ပြောင်းလဲသွားကာ ချူးယွန်ရဲ့လက်က ရုန်းထွက်ချင်တဲ့အလား ကိုက်ခဲလိုက်ပါပြီ။
ချူးယွန်ရဲ့ လက်မှာ သွေးနဂါးငယ်ရဲ့ကိုက်ခဲမှုကြောင့် ဒဏ်ရာလေးတွေ အများအပြားဖြစ်ပေါ်လို့လာပါတယ်။
ဒါပေမယ့်သူက လှံရှည်ကို ဆုပ်ကိုင်ထားဆဲပါ။ဟောင်ရှောင်လုံ ရူးသွပ်စွာနဲ့ ပြန်ဆွဲယူလိုက်ပေမယ့် အသုံးမဝင်ပါဘူး။
"မင်းသေချင်နေတာလား?"
ဟောင်ရှောင်လုံ ကျိုးကြောင်းဆီလျော်မှုမရှိသလို ခံစားလာရပါတယ်။ချူးယွန်က အလွန်မောက်မာပြီး သူ့လှံကို မလွတ်တမ်းကိုင်ဆွဲထားတယ်လေ။
ဘာကြောင့်လဲ?
ချူးယွန်ရဲ့ လက်ဖဝါးက သွေးတွေစီးကျနေပေမယ့် သူ့နှုတ်ခမ်းတွေက အေးစက်စက်ပြုံးနေဆဲပါ။
"မင်းရဲ့အကန့်အသတ်က ဒါပဲဆိုရင်တော့ အတော်စိတ်ပျက်ဖို့ကောင်းတာပဲ"
ချူးယွန် အေးစက်စက်ပြောလိုက်ပါတယ်။သူ့ကျောရိုးကနေ စွမ်းအင်တွေထွက်ပေါ်လာပြီး ဟောင်ရှောင်လုံရဲ့ရင်ဝကို ပေါက်ကွဲစွာရိုက်ထုတ်လိုက်ပါပြီ။
"ဝုန်း"
ကျယ်လောင်တဲ့ အသံတစ်ချက်နဲ့အတူ ဟောင်ရှောင်လုံရဲ့ခန္ဓာကိုယ်က ဥက္ကာခဲတစ်လုံးလို လွင့်စင်သွားခဲ့ပါတော့တယ်။
သူ့ခန္ဓာကိုယ်အတွင်းက ကိုယ်တွင်းအင်္ဂါတွေဟာ ပျက်ဆီး ကြေမွသွားခဲ့ပြီလေ။သူအသက်မရှင်နိုင်တော့ပါဘူး။
နတ်ဆိုးခုနှစ်ပါးထဲက ကျော်ကြားတဲ့ ဟောင်ရှောင်လုံဟာ ချူးယွန်လက်ထဲမှာ တစ်ချက်ထဲနဲ့ သေဆုံးသွားခဲ့ရပါပြီ။
ဟောင်ရှောင်လုံရဲ့လှံကတော့ ချူးယွန်ရဲ့လက်ထဲမှာ ကျန်ရစ်ခဲ့ပါတယ်။
ချူးယွန် ဟောင်ရှောင်လုံရဲ့ လှံရှည်ကိုကြည့်ပြီး ပြောလိုက်တယ်။
"လှံက မဆိုးပေမယ့် သခင်အရွေးမှားသွားတာဆိုးတယ်"
ပြောပြီးတာနဲ့ ချူးယွန်ရဲ့လဖဝါးက ကြောက်မက်ဖွယ်အင်အားတွေထွက်ပေါ်လာကာ လှံရှည်ကို ချိုးပစ်လိုက်ပါပြီ။
ထိုလှံက ထိပ်တန်းအဆင့်ဝိညာဉ်လက်နက်တစ်ခုပါ။ဒါက လူတစ်ယောက်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို ပိုမြင့်မားလာစေနိုင်တယ်လေ။
ဒါပေမယ့်လည်း ထိုလှံက သွေးတွေအလွန်သောက်သုံးခဲ့ပြီးပြီလေ။တော်ရုံလူတွေ ထိန်းချုပ်နိုင်မှာမဟုပ်ပဲ သတ်ဖြတ်လိုတဲ့နတ်ဆိုးတစ်ကောင်လို ဖြစ်လာပါလိမ့်မယ်။
ဒီလိုမှမဟုပ်ရင် ချူးယွန်အနေနဲ့ ဖျက်ဆီးပစ်မိမှာမဟုပ်ပါဘူး!
တိုက်ပွဲမြေပြင်ရှိ နတ်ဆိုးတွေ တုန်လှုပ်သွားခဲ့ပါတယ်။
နတ်ဆိုးမျိုးနွယ်မှာ ဟောင်ရှောင်လုံက အလွန်ကျော်ကြားသူပါ။
အချို့ဆိုရင် သူ့ကို နတ်ဆိုးသခင်လေးတွေနဲ့ နှိုင်းယှဉ်နေပြီး နောင်ကို နတ်ဆိုးသခင်လေးဖြစ်လာနိုင်သူလို့ သတ်မှတ်ထားခဲ့ကြတာပါ။
ဘာပဲဖြစ်ဖြစ် အခုချိန်မှာတော့ ဟောင်ရှောင်လုံသေသွားခဲ့ပြီလေ။
ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုတစ်ခုထဲနဲ့ သေသွားရခြင်းဖြစ်ပြီး သူ့ရဲ့ ဂုဏ်သိက္ခာအားလုံးပါ ပျက်ဆီးသွားခဲ့ပါတော့တယ်။
ချူးယွန်ရဲ့ မျက်နှာက အပြောင်းလဲမရှိပဲ သူက အနိုင်ရလို့ ပျော်ရွှင်မှုမျိုးလည်းမရှ်ိခဲ့ပါဘူး။
အကြောင်းကတော့ သူ့ကိုစိုက်ကြည့်နေတဲ့ အစွမ်းထက်အော်ရာတစ်ခုကို ခံစားနေမိလို့ပါ။
ဒီအော်ရာက အလွန်ကို ရင်းနှီးကျွမ်းဝင်ခဲ့တယ်လေ။
သူထင်တာမမှားရင် ထိုအော်ရာပိုင်ရှင်က သူ့ရဲ့ပြိုင်ဘက်ဟောင်း လော့ရှောင်ပဲဖြစ်ပါလိမ့်မယ်။
တိုက်ပွဲမြေပြင်အထက်လေထဲမှာ ပျံသန်းလာနေတဲ့ ပုံရိပ်တစ်ခုကို မြင်လိုက်ရပါတယ်။
သူ့အမူရာက တည်ငြိမ်လာခဲ့ပြီး အလယ်ပိုင်းဒေသမှာ မြင်ခဲ့ချိန်ကနဲ့ မတူတော့ပါဘူး။
လော့ရှောင်က တိုက်ပွဲမြေပြင်အလယ်မှာရပ်နေပြီး သူ့မျက်လုံးတွေက တောက်ပတဲ့အလင်းတွေထွက်ပေါ်နေလို့ပါ။သူက ချူးယွန်ကိုကြည့်ကာ ရယ်မောရင်း ပြောလိုက်တယ်။
"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲချူးယွန်… ငါတို့ ထပ်ဆုံတွေ့ကြပြန်ပြီ!"
အပိုင်း 678 တိုက်ပွဲမြေပြင်ရဲ့အလယ်
လော့ရှောင်ရဲ့ စကားကိုကြားပြီးနောက် ချူးယွန်ကလည်း တွန့်ဆုတ်မနေပဲ တည်ငြိမ်စွာ ပြောလိုက်တယ်။
"ငါ့ကို ရှုံးနိမ့်ထားတဲ့ ပြိုင်ဘက်ဟောင်းနဲ့ ပြန်တွေ့ရမယ်လို့ ထင်မထားခဲ့ဘူး… ရိုးရိုးသားသားပြောရရင် မင်းရဲ့ စိန်ခေါ်လာမှုက ဟောင်ရှောင်လုံလောက်တောင် စိတ်ဝင်စားဖို့ မကောင်းဘူး"
ဒီလှောင်ပြောင်တဲ့ စကားတွေကိုကြားပြီးနောက် လော့ရှောင်ရဲ့မျက်နှာပေါ်မှာ ဒေါသတွေပြည့်နှက်သွားခဲ့ပါတယ်။
သူ့ဆံပင်တွေက တလူလူလွင့်လာပြီး သူ့မျက်လုံးတွေက မီးဝင်းဝင်းတောက်လာခဲ့ပြီလေ။
ထိုစဉ်က ချူးယွန်ကို ရှုံးနိမ့်ခဲ့ပြီး သူ့ရဲ့ တိုက်ပွဲအော်သံအက္ခရာကို လုယူသွားခံရခြင်းက သူ့အတွက် အရိပ်မည်းကြီးတစ်ခုလို ဖြစ်သွားစေခဲ့ပါတယ်။
ချူးယွန်ကိုသာ မသတ်နိုင်ရင် ဒီအရိပ်မည်းကြီးကို ပယ်ဖျက်နိုင်မှာမဟုပ်ပါဘူး။
"မင်းပြောချင်တာပြောထား… မင်းရဲ့ မောက်မာမှုတွေ ကြာရှည်မခံတော့ပါဘူးကွာ"
လော့ရှောင် အသက်ပြင်းပြင်းရှုပြီး လှောင်ပြောင်လိုက်ပါတယ်။
ဒီတစ်ခေါက် သူက သေချာပြင်ဆင်လာခဲ့တာလေ။
သူ့မှာ ယုံကြည်မှုရှိနေခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ လျို့ဝှတ်ပုံစံအသစ်တွေ ရေးဆွဲခဲ့ပြီး သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းလည်း အလွန်တိုးတက်လာခဲ့ပါတယ်။နောက်ပြီး ကောင်းကင်မျက်လုံးကားချပ်လည်း ရှိနေသေးတယ်မဟုပ်လား။
"မင်းတိုက်ခိုက်ချင်ရင်လည်း တိုက်မယ်… အပိုတွေပြောမနေနဲ့"
ချူးယွန် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် အားလုံးက တိုက်ခိုက်မှုကို ရပ်တန့်နေတာ မြင်လိုက်ရပါတယ်။
နတ်ဆိုးမျိုးနွယ်ရော ဒေသလေးခုမဟာမိတ်တွေပါ တိုက်ပွဲကိုရပ်တန့်ပြီး သူတို့နှစ်ဦးကို ကြည့်နေကြလို့ပါ။
တိုက်ပွဲအတွင်းရှိ ရာထောင်ချီတဲ့အကြည့်တွေက သူတို့အပေါ်ကို ကျရောက်နေလို့ပါ။
ပုံမှန်ဆိုရင် တိုက်ပွဲလေးတစ်ခုက သူတို့ကို ဒီလောက်ဆွဲဆောင်နိုင်မှာမဟုပ်ပါဘူး။
ဒါပေမယ့် တစ်ဦးက နတ်ဆိုးတစ်ထောင်ဂိုဏ်းရဲ့သခင်လေးဖြစ်ပြီး အခြားတစ်ဦး ထိပ်တန်းကောင်းကင်ဂုဏ်ဆောင် ပါရမီရှင်တစ်ဦးလေ။ဒါကြောင့် လူတိုင်းက အာရုံစိုက်နေခဲ့ကြပါတယ်။
နောက်ပြီး ဒါက လူသားတွေနဲ့ နတ်ဆိုးတွေကြားက ပြင်းထန်တဲ့ တိုက်ပွဲကြီးဆိုတာပါပဲ။
"ဒီအချိန်ကို ငါစောင့်နေခဲ့တာကြာပြီ"
လော့ရှောင် အေးစက်စက်နဲ့ ပြောလိုက်ပါတယ်။သူ့မျက်လုံးတွေကလည်း အေးစက်နေလို့ပါ။
"ငါကတော့ ဒီတိုက်ပွဲကို စိတ်မဝင်စားဘူး… ဘာဖြစ်လို့လဲဆိုတော့ မင်းမှာ ငါ့ကိုအံ့ဩစေနိုင်စွမ်းမှ မရှိတာ"
ချူးယွန် လျစ်လျူရှုစွာပြုံးရင်း ပြောဆိုလိုက်တယ်။
"ဟုပ်လို့လားကွ?"
လော့ရှောင် ဟိန်းဟောက်လိုက်တာနဲ့ စွမ်းအင်လှိုင်းတွေက သူ့ကိုယ်ကနေ ဖြာထွက်လာခဲ့ပါပြီ။
သူ့ခန္ဓာကိုယ်က ကြမ်းတမ်းတဲ့အော်ရာတွေ ဖြာထွက်လာပြီး ပတ်ဝန်းကျင်ကို တုန်ခါသွားစေခဲ့ပါတယ်။
လော့ရှောင် အလွန်မြန်ဆန်တဲ့နှုန်းနဲ့ ချူးယွန်ဆီကို ပျံသန်းသွားခဲ့ပါပြီ။ပြီးနောက် သူ့ရဲ့ခန္ဓာကိုယ်ခွန်အားနဲ့ ချူးယွန်ကို ထိုးချလိုက်ပါတော့တယ်။
နတ်ဆိုးမျိုးနွယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက မြင့်မားတယ်လေ။လူတိုင်းရဲ့ အကြည့်အောက်မှာပဲ ချူးယွန်ကို ခန္ဓာကိုယ်ခွန်အားနဲ့ ဖိနှိမ်ဖို့ ကြိုးစားလိုက်တာပါ။
"ကောင်းတယ်!"
ချူးယွန်ရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့ပါတယ်။ခန္ဓာကိုယ်သန့်စင်ခြင်း နည်းလမ်းမျိုးစုံနဲ့ ကျင့်ကြံထားသူအနေနဲ့ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကလည်း နိမ့်ကျမနေဘူးလေ။
သူလက်သီးနဲ့ ပြန်လည်ထိုးနှက်လိုက်ပါတော့တယ်။
"ဝုန်း"
အရာအားလုံး တိတ်ဆိတ်သွားပြီး ခနကြာမှာတော့ ဟင်းလင်းပြင်က ဝုန်းကနဲ ပေါက်ကွဲထွက်သွားခဲ့ပါပြီ။
လက်သီးနှစ်လုံး တိုက်မိတဲ့နေရာမှာ ဟင်းလင်းပြင်အက်ကြောင်းများစွာ ဖြစ်ပေါ်လာစေခဲ့ပါတယ်။
ဒါက ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းတွေကလည်း ဖြာထွက်လာခဲ့ပြီလေ။
ဒါက မီတာတစ်ထောင်အတွင်း အားလုံးကို ရိုက်ခတ်သွားခဲ့ပြီး အဆင့်နိမ့်တဲ့သူတွေက သွေးတွေအန်ထွက်ကုန်ကြပါတယ်။
သူတို့နှစ်ယောက်လည်း အနောက်ကို ကိုယ်စီဆုတ်လိုက်ရပါပြီ။ချူးယွန်က ခြေနှစ်လှမ်းဆုတ်လိုက်ရပြီး လော့ရှောင်က ခြေသုံးလှမ်း ဆုတ်လိုက်ရပါတယ်။
လော့ရှောင်က အေးစက်စက်ရယ်မောလိုက်ပြီး
"ချူးယွန်… ဒီနှစ်တွေအတွင်းမှာ မင်းအတော်တိုးတက်လာတာပဲ… ဒါပေမယ့် ငါကမင်းထက် ပိုသန်မာလိမ့်မယ်"
ပြောရင်း လော့ရှောင်က နတ်ဆိုးစွမ်းအင်တွေနဲ့ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပါတယ်။
ထိုနတ်ဆိုးစွမ်းအင်က မြန်ဆန်စွာပဲ ထူးခြားတဲ့ အနက်ရောင်အခိုးငွေ့တွေနဲ့ သားရဲကြီးအသွင် ပြောင်းလဲသွားခဲ့ပြီလေ။သားရဲ သူ့ပါးစပ်ကိုဟကာ ချူးယွန်ဆီကို ပြေးဝင်သွားခဲ့ပါတော့တယ်။
"ကောင်းကင်ဖြိုခွင်းလက်သီး!"
ချူးယွန် ရယ်မောကာ လက်သီးတစ်ချက် ထုတ်ဖော်လိုက်ပါပြီ။
'မင်းမှာ ဘယ်လိုလှည့်ကွက်ပဲရှိပါစေ ငါ့လက်သီးနဲ့ ဖျက်ဆီးမယ်'
ဒါက သားရဲကို လွင့်စင်သွားစေခဲ့ပါတယ်။သားရဲရဲ့ခန္ဓာကိုယ်တစ်ဝက်က ပြိုလဲသွားခဲ့ပြီလေ။
ဒီနောက် နှစ်ဦးသား မတုံ့ဆိုင်းပဲ တိုက်ခိုက်လိုက်ကြပြန်ပါပြီ။
"ဝုန်း ဝုန်း ဝုန်း!"
သူတို့နှစ်ယောက်က အင်အားအပြည့်ဝထည့်ပြီး ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ကြတာပါ။
သူတို့ရဲ့ စိတ်တွေကိုလည်း အဆက်မပြတ် အလုပ်လုပ်စေပြီး ပြိုင်ဘက်က တိုက်ခိုက်မလာခင် ကြိုတင်တွက်ချက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
"အရမ်းမြန်တယ်"
"မြင်ကြလား… သူတို့တိုက်ခိုက်တဲ့အခါ အာကသက တုန်ခါနေရတယ်... အတော်ကြောက်ဖို့ကောင်းတာပဲ"
"ငါသွားပြီး တိုက်ခိုက်ရရင် သုံးကွက်တောင် ခံနိုင်မှာမဟုပ်ဘူး"
နတ်ဆိုးမျိုးနွယ်နဲ့ လူသားစစ်သည်တွေ တုန်လှုပ်စွာ ပြောဆိုလိုက်ကြပါတယ်။
ချူးယွန် လော့ရှောင်ရဲ့ လက်သီးကို သူ့လက်ဝါးနဲ့ ရိုက်ထုတ်လိုက်ပါတယ်။ပြီးနောက် လော့ရှောင်ရဲ့ ဘေးကနေ လက်ဝါးတစ်ချက်ရိုက်ထုတ်ပြီး အနောက်ကို ဆုတ်သွားစေလိုက်ပါပြီ။
လော့ရှောင် အနောက်ကိုဆုတ်သွားချိန် ချူးယွန်ရဲ့မျက်လုံးတွေက အေးစက်သွားခဲ့ပါတယ်။ပြီးနောက် ကြောက်မက်ဖွယ်စွမ်းအင်တွေနဲ့ ခြေကန်ချက်တစ်ခုကို ထုတ်ဖော်လိုက်ပြီလေ။ဒါက ထက်ရှတဲ့ဓါးတစ်လက်နဲ့တူပြီး လေထုကိုတောင် ထိုးခွဲသွားခဲ့ပါတယ်။
ဒီလိုတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရချိန် လော့ရှောင်လည်း ပေါ့ဆမနေဝံ့ပါဘူး။သူ့လက်နှစ်ဖက်နဲ့ ခြေကန်ချက်ကို ခုခံပေးလိုက်ပြီလေ။
"ချီ"
ဒါပေမယ့် ကီစွမ်းအင်လှိုင်းက ဓါးလှိုင်းတစ်ခုအသွင်နဲ့ လော့ရှောင်ရဲ့ရင်ဝကို လှီးဖြတ်သွားခဲ့ပါပြီ။
"ချူးယွန်… မင်းငါ့ကို ဒဏ်ရာရစေနိုင်တာပဲ"
လော့ရှောင် သူ့နှုတ်ခမ်းကို သျှာနဲ့တစ်ချက်သပ်လိုက်ပါတယ်။ ရှေးဟောင်းတိုတမ်ကော်လံရဲ့ စွမ်းအင်ကို အသုံးပြုလိုက်ပြီးနောက် သူ့အရှေ့မှာ ရွှေရောင်အလင်းတွေနဲ့ သုံးခွမှိန်းကြီးတစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။
ထိုမှိန်းကြီးက အဆုံးမဲ့စွမ်းအင်လှိုင်းတွေ ထွက်ပေါ်နေခဲ့တယ်လေ။
အထူးသဖြင့် မှိန်းရဲ့အစွယ်တွေက နှိုင်းယှဉ်မရနိုင်တဲ့အော်ရာတွေ ထွက်ပေါ်နေလို့ပါ။ဒါက သွေးငယ်တဲ့မြွေကလေးတွေလို လေဟာနယ်ကို ပျက်ယွင်းနေစေခဲ့ပါတယ်။
မှိန်းကို လက်ထဲမှာကိုင်ထားချိန် လော့ရှောင်ရဲ့ တိုက်ခိုက်နိုင်စွမ်းက မြင့်တက်လာခဲ့ပုံရပါတယ်။
မျက်စေ့တစ်မှိတ်အတွင်းမှာပဲ ကမ္ဘာကြီးတစ်ခုလုံးကို ပရမ်းပတာဖြစ်စေနိုင်တဲ့ အရှိန်ဝါတွေက စစ်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပါပြီ။
ထိုမှိန်းက ကမ္ဘာကြီးရဲ့ အုပ်ချုပ်သူအလား။မှိန်းကို ကိုင်ဆွဲလိုက်ချိန် လော့ရှောင်က စစ်မြေပြင်ကို လွှမ်းမိုးထားတဲ့ ဗိုလ်ချုပ်တစ်ယောက်လိုပါပဲ။သူက အေးစက်စက်နဲ့ ချူးယွန်ခေါင်းကို လှမ်းပြီး ထိုးစိုက်လိုက်ပြီလေ။
"ရွှီး"
မှိန်ကနေ အလင်းတန်းသုံးခု ထွက်ပေါ်လာပြီး ချူးယွန်ဆီပြေးဝင်လာခဲ့ပါပြီ။
ထိုတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရချိန် ချူးယွန် အနည်းငယ်မှ မကြောက်ရွံ့ခဲ့ပါဘူး။သူက အံ့မခန်းခွန်အားကို အသုံးပြုပြီး လက်သီးတစ်ချက် ပြန်လည်ထုတ်ဖော်လိုက်ပါတော့တယ်။
ဒီအခြေနေက လော့ရှောင်ရဲ့ခွန်အားကို စမ်းသပ်ကြည့်ဖို့ အကောင်းဆုံးပဲလေ။
လက်သီးပုံရိပ်ကြီးနဲ့ အလင်းတန်းသုံးခု တွေ့ဆုံသွားခဲ့ပါပြီ။ထိုအလင်းတန်းတွေက အလွန်သန်မာပြီး လက်သီးပုံရိပ်ကို ထွင်းဖောက်သွားခဲ့ပါတယ်။ချူးယွန်ရဲ့လက်သီးက သွေးတွေစီးကျလာခဲ့ပါပြီ။
သူ့ခန္ဓာကိုယ်ကလည်း မီတာအတော်များများထိ လွင့်စင်သွားပြီးမှ ပြန်ထိန်းလိုက်နိုင်ပါတယ်။
"မဆိုးဘူး… အရင်တုန်းကထက် မင်းအများကြီး ပိုသန်မာလာပြီ"
ချူးယွန် သူ့လက်ကို ငုံ့ကြည့်ရင်း ပြောလိုက်ပါတယ်။သူ့ရဲ့ လက်က အရိုးအချို့ ကျိုးသွားပြီး အရေပြားအောက်က တိုးထွက်နေလို့ပါ။
သူ့လက်သီးက နာကျင်မှုနဲ့အတူ လက်တစ်ဖက်လုံး ထုံကျဉ်နေလို့။
သူ့နှလုံးသားထဲမှာတော့ လှုပ်ရှားသွားခဲ့ပါတယ်။
အရင်တုန်းကနဲ့ယှဉ်ရင် လော့ရှောင်က အများကြီး ပိုသန်မာခဲ့ပြီလေ။
"မင်းငါ့ကို စမ်းသပ်ကြည့်နေတာလား?"
လော့ရှောင် နီရဲနေတဲ့ မျက်လုံးတွေနဲ့ ချူးယွန်ကို လှမ်းကြည့်လိုက်ပါတယ်။
ကောင်းကင်ဂုဏ်ဆောင်ပါရမီရှင်တစ်ဦးအနေနဲ့ သူအမုန်းဆုံးက တိုက်ပွဲအတွင်းမှာ ပြိုင်ဘက်က ကိုယ့်ကို လျစ်လျူရှုထားခြင်းပါပဲ။
ဒါက သေရေးရှင်ရေးနဲ့ သက်ဆိုင်တဲ့တိုက်ပွဲလေ။ဒါပေမယ့် တစ်ဖက်လူက လျစ်လျူရှုထားခဲ့တယ်မဟုပ်လား။
ဒါက လော့ရှောင်ကို အရှက်ခွဲခံရသလို ခံစားရစေပါတယ်။
"မဟုပ်ပါဘူး… ဒါက စမ်းသပ်တယ်လို့ မပြောရဘူး"
ချူးယွန် ခေါင်းကိုခါယမ်းလိုက်ပါတယ်။တစ်ချိန်ထဲမှာပဲ သူ့လက်ရှ်ိ ဒဏ်ရာတွေက မယုံနိုင်စရာအမြန်နှုန်းနဲ့ ပြန်ကောင်းလာနေလို့ပါ။မကြာခင်မှာပဲ ပုံမှန်ပြန်ဖြစ်သွားခဲ့ပြီလေ။
"မင်းက ငါ့ကို အံ့အားသင့်စေနိုင်ဖို့ အရည်အချင်းရှိတယ်"
ချူးယွန်ရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့ပါတယ်။သူ့အနောက်မှာတော့ အမြင့်ဆုံးစစ်ဝိညာဉ်က တိုက်ပွဲမြေပြင်အလယ်မှာ စစ်နတ်ဘုရားတစ်ပါးလို ထွက်ပေါ်လာခဲ့ပါပြီ။
သိုင်းဝိညာဉ်ထွက်ပေါ်လာတာနဲ့ သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းကလည်း အဆင့်တစ်ခုထိ ထိုးတက်သွားခဲ့ပါတော့တယ်။
ရေလ ဆေဘာနဲ့ ကောင်းကင်ဓါးကလည်း သူ့အရှေ့မှာထွက်ပေါ်လာခဲ့ပြီလေ။တစ်ချိန်ထဲမှာပဲ နတ်ဘုရားချပ်ဝတ်ကိုပါ ဝတ်ဆင်လိုက်ပါတော့တယ်။
ချူးယွန် အလေးအနက်ထားလာခဲ့ပါပြီ။
အပိုင်း 679 စိတ်မကောင်းစရာပဲ… ငါစိတ်မဝင်စားဘူး
လော့ရှောင်အနေနဲ့ ချူးယွန်ဟာ အရင်ကနဲ့ အနည်းငယ်ကွာခြားလာသလို ခံစားလိုက်ရပါတယ်။
ဒါက သူ့ရဲ့အပြောင်းလဲကြောင့်ဖြစ်နိုင်ပြီး တိုက်ခိုက်နိုင်းစွမ်းတွေလည်း တိုးလာပုံပါပဲ။
ဒါပေမယ့် ဒါက လော့ရှောင်ရဲ့ ခန့်မှန်းချက်သက်သက်ပါ။ချူးယွန်သာ စွမ်းရည်နည်းနည်းပဲရှိရင် တိုက်ပွဲက အစောကြီးကတည်းကပြီးသွားမှာလေ။
"မိုးမြေဖြိုခွဲ!"
လော့ရှောင် မှိန်းကို လက်ကဆွဲပြီး ကြမ်းကြုတ်တဲ့ စွမ်းအင်လှိုင်းတွေနဲ့အတူ ချူးယွန်ဆီကို ပြေးဝင်သွားခဲ့ပါပြီ။
"ကလန်"
ချူးယွန်က နေရာမှာပဲရပ်နေသေးပြီး အနည်းငယ်မှမလှုပ်ရှားပါဘူး။
ဒါပေမယ့် ရေလဆေဘာနဲ့ ကောင်းကင်ဓါးက လေထဲမှာ ပျံဝဲကာ လော့ရှောင်ရဲ့ မှိန်းချက်ကို ခုခံလိုက်ပါပြီ။
ကီကိုအသုံးပြုကာ ဓါးကိုထိန်းချုပ်ခြင်း…
ကီကိုအသုံးပြုကာ ဆေဘာကို ထိန်းချုပ်ခြင်း…
ဒါက ချူးယွန်ကို အလွန်ကျော်ကြားစေခဲ့တဲ့ စွမ်းရည်တစ်ခုပါ။
သူက ဓါးနဲ့ဆေဘာကို လက်နဲ့ကိုင်တွယ်မထားပေမယ့် လူတစ်ယောက်က ကိုင်ဆွဲကာ တိုက်ခိုက်နေသလို စွမ်းအားတွေကို ထုတ်ဖော်နိုင်တယ်လေ။
ဒါက ချူးယွန်ရဲ့ စွမ်းအင်နဲ့ စေ့စပ်တဲ့ ထိန်းချုပ်နိုင်စွမ်းကြောင့်ပါ။
သူ့ရဲ့ မှိန်းက ပိတ်ဆို့ခံရတာမြင်ပြီးနောက် လော့ရှောင်ရဲ့မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ပါပြီ။သူ့လက်က ကြွက်သားတွေဖုထစ်ထွက်လာတဲ့အထိ အားစိုက်ကာ ရေဆေဘာနဲ့ ကောင်းကင်ဓါးကို ပြန်လှန်တွန်းထုတ်လိုက်ပြီလေ။
"ငါမှတ်မိတာမမှားရင် နောက်ဆုံးတစ်ခေါက်က မင်းသုံးခဲ့တဲ့တိုတမ်ကော်လံက ဒါမဟုပ်ပါဘူး… ဘာဖြစ်လို့ပြောင်းလိုက်တာလဲ?"
ချူးယွန် ပြုံးရင်းပြောလိုက်ပါတယ်။
"ဘယ်လိုရှေးဟောင်းတိုတမ်ကော်လံပဲဖြစ်ဖြစ် မင်းကိုသတ်နိုင်ရင်ရပြီမဟုပ်လား"
လော့ရှောင် လှောင်ပြောင်လိုက်ပါတယ်။ပြီးနောက် မှိန်းကိုငဲ့စောင်းကာ ချူးယွန်ကို လှမ်းထိုးလိုက်ပါပြီ။
ချူးယွန်က အကြီးအကျယ် မလှုပ်ရှားခဲ့ပါဘူး။ထိုတိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရချိန် သူ့ခေါင်းကိုအသာတိမ်းကာ ရှောင်ပေးလိုက်ပြီလေ။
"ချီ!"
မှိန်းက ချူးယွန်ရဲ့မျက်နှာအရှေ့ကနေ ဖြတ်သန်းသွားခဲ့ပါတယ်။
လော့ရှောင်ရဲ့ မျက်လုံးတွေက တောက်ပသွားပြီး မှိန်းကို ဘေးတိုက်ဆွဲယမ်းကာ ချူးယွန်ရဲ့လည်မြိုကို ဖြတ်တောက်ဖို့ ကြိုးစားလိုက်ပါပြီ။
ဒါပေမယ့် ချူးယွန်က အလွန်မြန်ဆန်နေလို့ပါ။သူက ခြေတစ်ချက်လှမ်းလိုက်တာနဲ့ လော့ရှောင်ရဲ့အနောက်ကို ရောက်သွားပါတော့တယ်။
လော့ရှောင်ရဲ့နောက်ကျောက ဝုန်းခနဲ ပေါက်ကွဲသံတစ်ချက်ထွက်ပေါ်လာပြီး သူမူးဝေမှုကို ခံစားလိုက်ရပါပြီ။
"မင်းသေသင့်ပြီ!"
လော့ရှောင်ရဲ့ မျက်လုံးက နီရဲသွားပါတယ်။တစ်ဖက်လူက သူ့ကို ကစားသလိုပြုမူနေတာလေ။
သူနောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်ပါပြီ။
ချူးယွန်က လက်ညိုးတစ်ချက်ညွှန်လိုက်တာနဲ့ စွမ်းအင်လှိုင်းတွေက သူ့မှိန်းကို ရိုက်ခတ်ဟန့်တားလိုက်ပြန်ပါတယ်။
လော့ရှောင်ရဲ့ ခန္ဓာကိုယ်က တုန်ခါသွားခဲ့ပေမယ့် ဒါက သူ့ရဲ့ လှုပ်ရှားမှုကို မထိခိုက်စေခဲ့ပါဘူး။သူ့မှိန်းကို တစ်ပတ်မွှေ့ကာ ရိုက်ချလိုက်ပြီး ချူးယွန်ကို အနောက်အနည်းငယ် ဆုတ်သွားစေလိုက်ပါပြီ။
"ရွှီး"
ရေလဆေဘာက အလင်းတစ်ခုအသွင်နဲ့ လော့ရှောင်ဆီကို ပြေးဝင်သွားခဲ့ပြီလေ။ကောင်းကင်ဓါးကလည်း နောက်ကျမနေပဲ ပျံသန်းသွားခဲ့ပါတယ်။
ဓါးနဲ့ဆေဘာကို ဓါးသမားတစ်ဦးရဲ့စွမ်းအားနဲ့ ထိန်းချုပ်ပြီး မဟာဖွံ့ဖြိုးခြင်းဓါးသိုင်းနဲ့လှုပ်ရှားလိုက်တာပါ။
လော့ရှောင်ရဲ့ မျက်လူံတွေ ကျဉ်းမြောင်းသွားပြီး ကြမ်းတမ်းတဲ့စွမ်းအားတွေနဲ့ ချူးယွန်ကို လှမ်းထိုးလိုက်ပါပြီ။ဒါက စွမ်းအင်လှိုင်းဂယက်တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒါက သန်မာတဲ့လှိုင်းတွေကိုဖြစ်ပေါ်စေပြီး ရေလဆေဘာနဲ့ ကောင်းကင်ဓါးကို ပိတ်ဆို့လိုက်ပြီလေ။ပြီးနောက် လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ပါပြီ။
ချူးယွန် အေးစက်စက်နဲ့ လက်ဝါးတစ်ချက် ပြန်ရိုက်ထုတ်လိုက်ပါတယ်။ဒါက ချူးယွန်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ပြသပြီး လော့ရှောင်လို နတ်ဆိုးမျိုးနွယ်သားနဲ့ ရင်ဆိုင်ရရင်တောင် ဖိနှိမ်နိုင်ဆဲပါ။
လော့ရှောင် အံကြိတ်လိုက်ပါတယ်။သူ့ရဲ့ လက်ရှိနည်းလမ်းတွေက အလုပ်သိပ်မဖြစ်ဘူးလေ။သူ့ပြိုင်ဘက်ရဲ့ခွန်အားက သူ့ထက်ပိုသန်မာတယ်မဟုပ်လား။
ဒါကိုမြန်မြန်အဆုံးသတ်နိုင်မယ့် နည်းလမ်းတစ်ခု စဉ်းစားရပါလိမ့်မယ်။
ဒီအတိုင်းဆိုရင် သူမကြာခင်ရှုံးနိမ့်ရတော့မှာပါ။
"ခရတ်"
လော့ရှောင် လက်သီးနှစ်လုံးကို ဆက်တိုက်ထုတ်ဖော်လိုက်ပြီး ချူးယွန်ရဲ့ လက်ဝါးရိုက်ချက်ကို ခုခံလိုက်ပါတယ်။
ပြီးနောက် သူ့မျက်လုံးတွေက အေးစက်လာပြီး သူ့ရင်ဝမှာ တံဆိပ်တော်တစ်ခု ဖန်တီးလိုက်ပါပြီ။
"ဒီအကွက်က မင်းအသက်ကိုယူမှာကွ"
ဟိန်းဟောက်ရင်း သူ့လက်တွေက မြန်ဆန်စွာ လှုပ်ရှားသွားခဲ့ပါတယ်။မြန်လွန်းလို့ သေချာတောင် မမြင်နိုင်ပါဘူး။
သူ့လက်ချောင်းထဲက နီရဲလာပြီး သွေးတွေစီးကျလာတော့မလိုတောင် ထင်ရစေပါတယ်။
"သွားစမ်း!"
လော့ရှောင် အလွန်မြန်ဆန်စွာနဲ့ ချူးယွန်ကို အနီရောင်လက်ညိုးနဲ့ ညွှန်ပြလိုက်ပါပြီ။
ဒါက အလွန်မြန်ဆန်တာမို့ ချူးယွန် အသင့်မဖြစ်ခဲ့ပါဘူး။သွေးအလင်းနှစ်ခုက သူ့ရင်ဝကို ထိမှန်သွားခဲ့ပြီလေ။
ဒါပေမယ့် ချူးယွန်က လှုပ်ရှားမသွားခဲ့ပါဘူး။သူ့ရင်ဘက်ကို ပြန်ငုံ့ကြည့်ကာ ပြုံးလိုက်ပါပြီ။
နတ်ဘုရားချပ်ဝတ်ကြောင့် ထိုတိုက်ခိုက်မှုက သူ့ကို ပြင်းပြင်းထန်ထန်ဒဏ်ရာ မရစေခဲ့ပါဘူး။
လော့ရှောင်တုန်လှုပ်သွားခဲ့ပါတယ်။
သူ့ရဲ့ သွေးအဆီနှစ်ကိုသုံးကာ တိုက်ခိုက်ခဲ့ပေမယ့် ချူးယွန်ကို ပြင်းပြင်းထန်ထန် မထိခိုက်စေခဲ့ဘူးလေ။ချူးယွန်ရဲ့ ခန္ဓာကိုယ်ပေါ်ရှ်ိချပ်ဝတ်က အစွမ်းထက် ကာကွယ်ရေးဝိညာဉ်လက်နက်တစ်ခုဖြစ်ပုံရပါတယ်။
ဒါကိုတွေးပြီးနောက် ချူးယွန်ရဲ့ မျက်နှာအမူရာက ပြောင်းလဲသွားခဲ့ပါတယ်။သူ့မှာ ကာကွယ်ရေးဝိညာဉ်လက်နက်ရှ်ိနေရင်တောင် ဘာဖြစ်သေးလဲ?
"ချူးယွန်… နောက်ဆုံးတစ်ခေါက်က မင်းငါ့ရဲ့ လျို့တှတ်ပုံစံကို လုသွားခဲ့တယ်… ငါပြန်လာပြီးတော့ အခု အသစ်တစ်ခုထပ်ဆွဲထားလိုက်ပြီ"
လော့ရှောင် သူ့ရင်ဘက်က အင်္ကျီကိုဟပြီး ထိပ်တန်းအဆင့်လျို့ဝှတ်ပုံစံကို ပြသလိုက်ပါတယ်။
ဒါက တိုက်ပွဲအော်သံအက္ခရာထက်ရှုပ်ထွေးပြီး ပိုအနုစိတ်လွန်းတယ်လေ။
ချူးယွန် ထိုထိပ်တန်းအဆင့်လျို့ဝှတ်ပုံစံကို ချက်ချင်းသိလိုက်ပါတယ်။
နွံ့တောတိုက်ပွဲအက္ခရာပါ။
ဒါက ထိပ်တန်းအဆင့် လျို့ဝှတ်ပုံစံဖြစ်ပြီး အသုံးပြုတဲ့အခါ ပြိုင်ဘက်ကို လုံးဝဖိအားပေးထားပြီး ရွှံ့နွံ့တောထဲမှာ နစ်မြုပ်နေသလို ခံစားရစေပါလိမ့်မယ်။
ဒါကလည်း တိုက်ခိုက်ရေးအတွက် အလွန်သင့်တော်တဲ့အရာပါ။
"နွံ့တောတိုက်ပွဲအက္ခရာ… ဒါဆိုရင်တော့ ပြဿနာပဲ"
လူသားတွေထဲက ဗဟုသုတကြွယ်ဝတဲ့ ဂိုဏ်းချုပ်ကြီးအချို့က ရှုပ်ထွေးတဲ့မျက်နှာအမူရာနဲ့ ပြောလိုက်ပါတယ်။
"ခင်ဗျားက အဲဒီအက္ခရာကို သိတာလားဗျ… ဘာလဲဆိုတာ ရှင်းပြစမ်းပါဦး!"
ထိုလျို့ဝှတ်ပုံစံကို နားမလည်တဲ့ လူတွေက အမြန်မေးလိုက်ကြပါတယ်။
"အဲတာက နွံတောတိုက်ပွဲအက္ခရာတဲ့… ဒါကိုအသုံးပြုလိုက်တာနဲ့ တိုက်ခိုက်မှုတိုင်းက နွံ့တောထဲမှာ နစ်မြုပ်နေသလို မင်းကို ဖိအားပေးထားလိမ့်မယ်… မင်းက အဆုံးမဲ့ နွံ့အိုင်ထဲမှာ ပိတ်မိနေသလို ကြီးမားတဲ့ဖိအားကြီးကို ခံစားနေရတော့မှာ"
ဂိုဏ်းချုပ်ကြီးတွေက သုန်မှုန်နေတဲ့မျက်နှာနဲ့ ရှင်းပြလိုက်ကြပါတယ်။သူတို့က ထိုနွံ့တောတိုက်ပွဲအက္ခရာကို အလွန်စိုးရိမ်ထိတ်လန့်နေတာ သိသာပါတယ်"
"တစ်ကယ်ပဲလား? ဒါဆိုရင် ချူးယွန်တော့ အန္တရယ်ရှ်ိနေပြီပေါ့"
ဂိုဏ်းချုပ်ကြီးတွေ တစ်ဦးကိုတစ်ဦး စိုးရိမ်စွာ ကြည့်လိုက်ကြပါတယ်။
"မင်း နှစ်ပေါင်းအတော်ကြာ တံခါးပိတ်ကျင့်ကြံပြီးတော့ ငါ့ကိုအံ့အားသင့်စေမှာက ဒီဟာလား?"
ချူးယွန်ရဲ့မျက်နှာက အပြောင်းလဲမရှိပါဘူး။
နွံ့တောတိုက်ပွဲအက္ခရာက ကောင်းမွန်ပေမယ့် သူ့မှာက သူတော်စင်အဆင့် တိုက်ပွဲအော်သံအက္ခရာရှိနေတယ်မဟုပ်လား။
"ဒီနွံ့တောတိုက်ပွဲအက္ခရာက တိုက်ပွဲအော်သံအက္ခရာထက်ပိုပြီး ကိုင်တွယ်ရခက်ခဲတယ်နော်… မင်းမှာ စွမ်းရည်ရှိရင် ငါ့ရဲ့ နွံ့တောတိုက်ပွဲအက္ခရာကို ရအောင်ယူစမ်း"
လော့ရှောင် ရယ်မောရင်း ချူးယွန်ဆီကို ဦးတည်ကာ ပြေးလွှားလိုက်တော့တယ်။
သူအော်ဟစ်လိုက်တာနဲ့ သူ့ခန္ဓာကိုယ်ပေါ်ရှ်ိ အက္ခရာတွေက တောက်ပတဲ့အလင်းတွေ ထွက်ပေါ်လို့လာခဲ့ပြီလေ။
"စိတ်မကောင်းစရာပဲ… ငါအဲတာကိုမကြိုက်ဘူး"
ချူးယွန် လှောင်ပြောင်လိုက်ပြီး တွန့်ဆုတ်ခြင်းမရှိပဲ တိုက်ပွဲအော်သံအက္ခရာကို အသက်သွင်းလိုက်ပါပြီ။
"ဝုန်း"
ကြောက်မက်ဖွယ်အော်ရာတွေက ချူးယွန်ရဲ့ခန္ဓာကိုယ်က ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခွင်ကို တုန်ခါသွားစေခဲ့ပါပြီ။
မြေပြင်က အက်ကွဲသွားပြီး ဖုန်တွေတထောင်းထောင်းထလာခဲ့ပါတယ်။
"အစွမ်းထက်လိုက်တာ!"
တိုက်ပွဲအတွင်း လူတိုင်းရဲ့အကြည့်တွေက ချူးယွန်အပေါ်ကို ကျဆင်းလာခဲ့ပါတော့တယ်။
လူတိုင်းက သူတို့မြင်တွေ့နေရတာကို မယုံကြည်နိုင်ခဲ့ကြပါဘူး။
ချူးယွန်ရဲ့ခန္ဓာကိုယ်ပေါ်မှာ တောက်ပတဲ့အလင်းတွေဖြာထွက်နေပြီး သူ့ရဲ့အော်ရာတွေက အရင်ကထက် နှစ်ဆခန့် ပိုမြင့်မားလာခဲ့တယ်လေ။
ဒါက ဘာလဲ! ဒီလိုလျို့ဝှတ်ပုံစံမျိုး ရှိနေသေးတာလား?
လူတစ်ယောက်ရဲ့စွမ်းအားကို နှစ်ဆပိုတိုးသွားစေတာလေ!
"ငါနဲ့ယှဉ်ပြိုင်ဖို့ ဘယ်သူက မင်းကိုသတ္တိတွေပေးခဲ့တာလဲ?"
ချူးယွန်ရဲ့ မျက်လုံးတွေက နီရဲလာခဲ့ပြီလေ။ဒါပ သူ့ရဲ့ဆင်ခြင်နိုင်စွမ်းကို မဆုံးရှုံးသွားစေပေမယ့် ပိုပြီး ကြမ်းတမ်းလာစေခဲ့ပါတယ်။
"ဝုန်း"
ချူးယွန် လော့ရှောင်ဆီကို လက်သီးတစ်ချက် ထုတ်ဖော်လိုက်ပါပြီ။
နွံ့တောတိုက်ပွဲအက္ခရာကြောင့် ဖြစ်ပေါ်လာတဲ့ဖိအားက ချူးယွန်ရဲ့လက်သီးချက်ကြောင့် ကြေမွသွားခဲ့ပါတော့တယ်။
နောက်ပြီး လော့ရှောင်ကိုပါ အနောက်ကို လွင့်စင်သွားစေခဲ့ပါတယ်။
လော့ရှောင် တုန်လှုပ်သွားခဲ့ပါပြီ။
'သူက ငါ့ရဲ့တိုက်ပွဲအော်သံအက္ခရာကိုပဲ အသုံးပြုထားပေမယ့် သူ့ခွန်အားရဲ့ နှစ်ဆအထိ ဘယ်လို မြင့်တင်ပေးနိုင်ခဲ့တာလဲ?'
လော့ရှောင် အခြေနေကို နားမလည်နိုင်ခင်မှာပဲ ချူးယွန်က သားရဲသုံးဆယ့်ခြောက်ကောင် ကောင်းကင်ဘုံကိုဖြတ်သန်းခြင်း လျို့ဝှတ်ပုံစံကို အသုံးပြုလိုက်ပြီလေ။သူက လော့ရှောင်ရဲ့ခေါင်းပေါ်မှာ တစ္ဆေတစ်ကောင်လို ပြန်ပေါ်လာခဲ့ပါပြီ။
လော့ရှောင် တုန်လှုပ်သွားပြီး သူ့လက်နှစ်ချောင်းကို ဓါးတစ်လက်အသွင်နဲ့ ချူးယွန်ရဲ့ရင်ဝကို ထိုးစိုက်လိုက်ပါတယ်။
"ကလန်!"
အသံတစ်ချက်နဲ့အတူ သူ့လက်က နာကျင်မှုကို ခံစားလိုက်ရပါတော့တယ်။သူ့လက်တွေက မာကျောတဲ့သံမဏိကိုထိုးလိုက်ရသလို ခံစားလိုက်ရတာပါ။
သူ ချူးယွန်ရဲ့ခန္ဓာကိုယ်ရှိ ချပ်ဝတ်ကို မကြည့်ပဲမနေနိုင်တော့ပါဘူး။
ချူးယွန်ရဲ့ ခုခံမှုကို အရင်ကထက် အများကြီစပိုသန်မာလာစေအောင် ဒါက ဘယ်လိုချပ်ဝတ်မျိုးလဲ?
"ဖြန်း!"
အသံတစ်ချက်နဲ့ ချူးယွန် လော့ရှောင်ရဲ့မျက်နှာကို ကြမ်းတမ်းစွာရိုက်နှက်လိုက်ပါပြီ။
လော့ရှောင်ရဲ့ခန္ဓာကိုယ်က ဥက္ကာခဲတစ်လုံးကြွေကျလာသလို မြေပေါ်ကို အရှိန်ပြင်းစွာ ပြုတ်ကျသွားပါတော့တယ်။
မြေကျင်းထဲက ပြန်ခုန်တက်လာပြီးနောက် ချူးယွန်ကို အံ့အားသင့်စွာကြည့်လိုက်ပါတယ်။
ဘယ်သူမှ သူ့မျက်နှာကို မရိုက်ဖူးခဲ့ပါဘူး။
ဒါပေမယ့် ချူးယွန်ကတော့ ရိုက်နှက်ခဲ့တယ်လေ။
လော့ရှောင်ရဲ့ မျက်လုံးထဲမှာ ရူးသွပ်မှုတွေ ပြည့်နှက်သွားခဲ့ပါတော့တယ်။
အပိုင်း 680 အခုချက်ချင်းလာစမ်း
လော့ရှောင်ရဲ့ မျက်လုံးတွေက ကြောက်မက်ဖွယ်အလင်းတွေ ပြည့်လို့။သူ့လက်တစ်ဖက်က မြေပြင်ကိုရိုက်ချကာ ကောင်းကင်ပေါ်ကို ခုန်တက်သွားဖို့ အားယူလိုက်ပါတယ်။ အခြားလက်တစ်ဖက်ကတော့ ပျန်းချီကားတစ်ချပ်ကို ထုတ်ယူလိုက်ပါပြီ။
လော့ရှောင်ရဲ့ လက်ထဲက ပန်းချီကားချပ်က ဆန်းကျယ်တဲ့အလင်းတွေထွက်ပေါ်နေလို့ပါ။ဒါက အလွန်ထူးခြားပြီး ဆန်းကျယ်တဲ့ဝိညာဉ်လက်နက်တစ်ခုလိုပါပဲ။
"ချူးယွန်… ငါ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက မင်းလောက်မကောင်းသလို ငါ့ရဲ့ဝှတ်ဖဲတွေက မင်းလောက်မကောင်းပေမယ့် မင်းငါ့ကို အနိုင်ယူနိုင်မယ်ဆိုတာ သေချာလား!?"
လော့ရှောင် အက်ရှရှအသံနဲ့ ရယ်မောလိုက်ပါတယ်။
ချူးယွန် မျက်ခုံးတစ်ချက်ပင့်လိုက်ပါပြီ။ထိုပန်းချီကားက သာမန်မဟုပ်တဲ့ ရတနာတစ်ခုများလား?
ကစားပွဲကိုပြောင်းလဲဖို့ ဒီအရာကိုမှီခိုချင်တာလား?
ဝေချီက လော့ရှောင်ရဲ့လက်ထဲက ပန်းချီလိပ်ကို မြင်ပြီးနောက် မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။သူ့နဖူးရှိ တတိယမျက်လုံးကိုပွတ်ပြီး ရေရွှတ်လိုက်တယ်။
"ဒီပန်းချီလိပ်ကို ရင်းနှီးနေတယ်လို့ ဘာလို့ခံစားနေရတာလဲ… ဒါက ကောင်းကင်မျက်လုံးကားချပ်နဲ့တော့တူတယ်… ဒါပေမယ် ငါ့မျိုးနွယ်ရဲ့ ကောင်းကင်မျက်လုံးကားချပ်က ဘာလို့ လော့ရှောင်ရဲ့လက်ထဲမှာ ပြန်ပေါ်လာရမှာလဲ?"
ဝေချီဆိုတာက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျော်ကြားခဲ့တဲ့ ထရတ်တွေရဲ့ အသန်မာဆုံးစစ်သည်တော်… မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ပါ။
တစ်ကယ်လို့ မုရုံခန်းသာ သူ့ကိုအနိုင်ယူပြီး ချူးလောကကို ခေါ်မသွားခဲ့ရင် အခုချိန်ထိ သူက ထရတ်တွေရဲ့ ခေါင်းဆောင်ကြီးဖြစ်နေဦးမှာလေ။
ဒါကြောင့်ပဲ ကောင်းကင်မျက်လုံးကားချပ်ကို သူရင်းနှီးသလိုခံစားနေခဲ့ရတာပါ။
ဒါပေမယ့် လော့ရှောင်က နတ်ဆိုးတစ်ထောင်ဂိုဏ်းရဲ့သခင်လေးဖြစ်ပြီး ထရတ်တွေနဲ့ ဘာမှမသက်ဆိုင်ဘူးမဟုပ်လား။
ဝေချီ ဒါကို ရင်းနှီးနေတယ်လို့ ခံစားနေရပေမယ့် သူအခြားဘာမှတွေးလို့မရခဲ့ပါဘူး။
"ဒီပန်းချီကားနဲ့ဆိုရင် ငါမင်းကိုသတ်နိုင်တယ်ကွ"
လော့ရှောင် တောက်ပနေတဲ့မျက်လုံးတွေနဲ့ ကောင်းကင်မျက်လုံးကားချပ်ကို ဖွင့်လိုက်ပါတော့တယ်။
ပန်းချီကားထဲမှာတော့ အခြားဘာပုံမှမရေးဆွဲထားပဲ ကြောက်မက်ဖွယ် မျက်လုံးတွေသာ ပြည့်နှက်စွာရှိနေခဲ့တာပါ။
ထိုမျက်လုံးတွေက အသက်ဝင်လာပုံရပြီး ဆန်းကျယ်စွာနဲ့ ချူးယွန်ကိုစိုက်ကြည့်လာခဲ့ပါပြီ။
နတ်ဆိုးမျက်လုံးတွေလို အနက်ရောင်အခိုးငွေ့တွေထွက်ပေါ်နေပြီး သိပ်သည်းတဲ့သေခြင်းအငွေ့သက်တွေနဲ့ ပြည့်နှက်နေလို့ပါ။
ကောင်းကင်မျက်လုံးကားချပ်ကို ဖွင့်လိုက်တာနဲ့ အရာအားလုံးက တိတ်ဆိတ်သွားခဲ့ပါတော့တယ်။
ထိုမျက်လုံးတွေကို ကြည့်မိတာနဲ့ ချူးယွန်ရဲ့ မျက်လုံးတွေက အသက်မဲ့သလို ဖြစ်သွားခဲ့ပြီး သူ့ဝိညာဉ်ကို စုပ်ယူဆွဲထုတ်နေသလို ခံစားလိုက်ရပါပြီ။
တိုက်ပွဲမြေပြင်အတွင်းရှိ လူတိုင်းတုန်ရီသွားခဲ့ကြပြီး အော်ဟစ်လိုက်ကြပါတယ်။
"ဒါက ဘာပန်းချီလဲဟ? ဟင်းလင်းပြင်ကိုပါ ပိတ်ဆို့လိုက်ပြီ!"
အားလုံး တုန်လှုပ်သွားပြီး ဘယ်သူမှ ကောင်းကင်မျက်လုံးကားချပ်ကို မကြည့်ရဲကြပါဘူး။
အဆင့်ငါး၊ အဆင့်ခြောက်ဂိုဏ်းချုပ်တွေတောင် တုန်ရီသွားခဲ့ကြပါတယ်။
ထိုပန်းချီကားက အလွန်ထူးခြားပြီး အစွမ်းထက်နေတယ်လေ။ဒါက သာမန်ထိပ်တန်းအဆင့်ဝိညာဉ်လက်နက်မဖြစ်နိုင်တော့ပါဘူး။
ရေဝဲငယ်လေးတွေလည်းဖြစ်ပေါ်နေလို့။ဒါတွေအားလုံး စုဝေးသွားချိန်မှာတော့ ရေဝဲကြီးတစ်ခုဖြစ်ပေါ်လာပါတော့တယ်။အနက်ရောင်စွမ်းအင်က ဖြစ်ပေါ်လာတဲ့ထိုလေထုက ချူးယွန်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်ကို လုံးဝဖိအားပေးထားခဲ့ပြီလေ။
ချူးယွန်သာ ထိုအနက်ရောင်ရေဝဲကိုမြင်နေရတာပါ။
အခြားသူတွေရဲ့မျက်လုံးထဲမှာတော့ ချူးယွန်က လေထဲမှာ မလှုပ်မယှတ်ရပ်နေတာပဲ မြင်ခဲ့ရပါတယ်။
ထိုစွမ်းအားကြီးက ချူးယွန်ရဲ့စိတ်ဝိညာဉ်ကိုပဲ ပစ်မှတ်ထားခဲ့တာပါ။သူ့ရဲ့စိတ်ဝိညာဉ်ကို ကြီးမားတဲ့လက်ကြီးတစ်ဖက်က အတင်းကြပ်ဆုပ်ကိုင်ကာ ဆွဲထုတ်နေခဲ့သလိုပါပဲ။
"သေစမ်း… ငါ့ဝိညာဉ်ကိုဆွဲယူနေတာပဲ"
ထိုပန်းချီကားက ထွက်ပေါ်နေတဲ့စွမ်းအားတွေကြောင့် သူ့ခန္ဓာကိုယ်က ထိန်းချုပ်မရတော့ဘူးလေ။
အထူးသဖြင့် သူ့ရဲ့စိတ်ဝိညာဉ်ကို အတင်းအကြပ်ဆွဲထုတ်ခံနေရခြင်းပါ။ဒီနာကျင်မှုက သူ့ရဲ့ ရုပ်ခန္ဓာကဖြစ်ပေါ်လာတာထက် များစွာ သာလွန်နေခဲ့ပါပြီ။
လော့ရှောင်ကတော့ ချူးယွန်ကိုကြည့်ပြီး မောက်မာစွာ ရယ်မောလိုက်ပါတယ်။
ချူးယွန်က သူ့နှလုံးသားကိုကြီးစိုးထားတဲ့ နတ်ဆိုးတစ်ကောင်လိုပဲလေ။ချူးယွန်ကိုသာ ဒီတိုက်ပွဲမှာ သတ်လိုက်နိုင်ရင် တိုင်ဂန်တိုက်ကြီးရဲ့ စိတ်ဓါတ်တက်ကြွမှုကို ကျဆင်းသွားစေနိုင်တယ်မဟုပ်လား။
တိုင်ဂန်တိုက်ကြီးရဲ့ နံပါတ်တစ်ပါရမီရှင်က သူ့လက်ထဲမှာ ကျဆုံးရတော့မယ်လေ။ဒီထက်ပိုပြီး ဂုဏ်ယူစရာရှိပါဦးမလား?
နောက်ပြီး ဒီတိုက်ပွဲကို နှစ်ဖက်လုံးက စောင့်ကြည့်နေကြတာပါ။
သူ့ရဲ့အနိုင်အရှုံးက နတ်ဆိုးမျိုးနွယ်ရဲ့ မျက်နှာနဲ့ သက်ဆိုင်ပါလိမ့်မယ်။
ဒါကြောင့် သူနိုင်မှဖြစ်မှာပါ!
"ဒါက နာကျင်လွန်းတယ်… ငါ့စိတ်ဝိညာဉ်ကို လုံးဝထိန်းချုပ်လို့မရတော့ဘူး"
ချူးယွန် ရူးသွပ်စွာ ခုခံဖို့ကြိုးစားပါတယ်။ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် သူ့ရဲ့ထိန်းချုပ်မှုအောင်မှာ ရှိမနေတော့ဘူးလေ။
"ချူးယွန်… ဒီလိုနေ့မျိုးရှိလာမယ်လို့ မင်းတစ်ခါမှ ထင်မထားခဲ့ဘူးမဟုပ်လား?"
လော့ရှောင် စိတ်ဓါတ်တက်ကြွစွာနဲ့ ချူးယွန်ကိုကြည့်ပြီး ပြောလိုက်တယ်။
"တိုက်ပွဲအော်သံအက္ခရာကိုလား… ဟားဟားဟား… မပူပါနဲ့၊ မင်းသေသွားတဲ့အခါ သူတော်စင်အဆင့် တိုက်ပွဲအော်သံအက္ခရာကို ငါပြန်ယူလိုက်ပါမယ်… မင်းတို့ လူတွေလိုဆိုရင်တော့ ချေးထားတာကို ပြန်ပေးဆပ်တယ်ပေါ့ကွာ!"
"ငါတို့နိုင်မှာပါကွာ!"
"ကျော်ကြားတဲ့ ချူးယွန်တော့ သေချာပေါက် ရှုံးရတော့မယ်ဟေ့"
"အမှန်ပဲ"
နတ်ဆိုးတွေ အလွန်စိတ်ဓါတ်တက်ကြွလာခဲ့ကြပါတယ်။
သူတို့အမြင်မှာ လူသားတွေရဲ့ ကောင်းကင်ဂုဏ်ဆောင်ပါရမီရှင်ဆိုတာ သာမန်ပါပဲ။
"ချူးယွန်ဘာဖြစ်တာလဲ? သူဘာလို့မလှုပ်ရှားတော့တာလဲ?"
"သူလှည့်ကွက်တွေသုံးနေတာများလား?"
"နတ်ဆိုးမျိုးနွယ်ကို ဘာလို့အရှုံးပေးရမှာလဲ? ချူးယွန် မြန်မြန်နိုးထလိုက်စမ်းပါ!"
လူသားတွေဘက်ကလည်း စိုးရိမ်ကြောင့်ကြစွာနဲ့ အော်ဟစ်လာခဲ့ကြပါတယ်။
ချူးယွန်ရဲ့ မိတ်ဆွေကောင်းတွေဆိုရင် မနေနိုင်မထိုင်နိုင်ဖြစ်လာကြပါတယ်။
တန်းဇီရှန်းရဲ့ လှပတဲ့မျက်နှာပေါ်မှာလည်း စိုးရိမ်ပူပန်မှုတွေပြည့်လို့။သူမက ကြိမ်ဖန်များစွာ ပြေးဝင်တိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ်လေ။ တန်းဟွာရန်က တားဆီးထားခဲ့လို့သာ မတိုက်ခိုက်ဖြစ်ခဲ့တာပါ။
"အမ… ဒါက သူတို့ကြားကတိုက်ပွဲပဲလေ… နင်ဝင်စွတ်ဖက်လို့မရဘူး"
တန်းဟွာရန်လည်း အလွန်ဒေါသထွက်နေခဲ့ပါတယ်။
"ဒါပေမယ့်…"
တန်းဇီရှန်း လက်မခံနိုင်ပါဘူး။ဒါက သူတို့နှစ်ဦးကြားက တိုက်ပွဲဆိုရင်တောင် ချူးယွန်သေသွားမှာကိုတော့ ဒီအတိုင်းထိုင်ကြည့်မနေနိုင်ဘူးလေ။
"ချူးယွန်ကိုယုံပါ… သူဘာမှမဖြစ်ပါဘူး"
တန်းဟွာရန်လည်း စိုးရိမ်နေပေမယ့် သူ့စိတ်ထဲကတော့ ချူးယွန်ကို ယုံကြည်နေခဲ့ပါတယ်။
အခြားတစ်ဖက်မှာတော့ မူတုက ဆောက်တည်ရာမရဖြစ်နေလို့ပါ။
"မူတု… မင်းဘာတွေလှုပ်လှုပ်ရှားရှားဖြစ်နေတာလဲ"
မူတုက သူ့နှာခေါင်းကိုပွတ်ပြီး မဟာပညာရှိကို အလျင်စလိုမဖြစ်ဖို့ ပြောလိုက်ပါတယ်။
"လခွမ်း… ငါက ငြိမ်ငြိမ်နေလို့ရမလားကွ… ဒီဘုရင်က သူနဲ့ဝိညာဉ်စာချုပ်ချုပ်ထားတာ… သူသေရင် ဒီဘုရင်ပါသေလိမ့်မယ်!"
မူတု ပြေးဝင်တိုက်ခိုက်ချင်နေခဲ့ပါပြီ။ဒါပေမယ့် ဒီနေရာမှာ အစွမ်းထက်နတ်ဆိုးတွေရှိနေကြောင်း သူအာရုံရနေခဲ့တယ်လေ။ဒါကြောင့် သူတွန့်ဆုတ်နေခဲ့ပါတယ်။
"သူပြောတာမှန်ပြီး ဘာမှမဖြစ်ပါစေနဲ့"
ရီလီလီလည်း တီးတိုးရေရွှတ်လိုက်ပါတယ်။
ကျေးဇူးပြုပြီး မသေပါနဲ့!
တိုက်ပွဲအတွင်းမှာတော့ ချူးယွန်က မလှုပ်မယှတ်ရပ်နေဆဲပါ။သူ့မျက်လုံးတွေက အသက်မဲ့နေခဲ့သလိုပါပဲ။
သူ့ဝိညာဉ်တစ်ဝက်လောက်က ခန္ဓာကိုယ်အပြင်ကို ဆွဲထုတ်ခြင်းခံလိုက်ရပြီလေ။
သူ့ဝိညာဉ်က ကောင်းကင်မျက်လုံးကားချပ်ထဲကို မရောက်ဖို့ အသည်းအသန်ရုန်းကန်နေလို့။
ဝိညာဉ်သာ လုံးဝဆွဲထုတ်ခံလိုက်ရရင် သူ့ရဲ့ အသက်ဝိညာဉ်ကင်းမဲ့နေတဲ့ ခန္ဓာကိုယ်ကြီးပဲ ကျန်ရစ်ခဲ့တော့မှာပါ။သူ့ရဲ့စိတ်ဝိညာဉ်က ကောင်းကင်မျက်လုံးကားချပ်ထဲမှာ အကျဉ်းချခံလိုက်ရပါလိမ့်မယ်။
"နှုတ်ဆက်ပါတယ်ချူးယွန်!"
လော့ရှောင် ပြောဆိုလိုက်ပါတယ်။
"ကောင်းကင်မျက်လုံးကားချပ်က ဒီမှာပါလား"
ဒီအချိန်မှာပဲ အသံတစ်ချက် ထွက်ပေါ်လာခဲ့ပါပြီ။
ဝေချီ ဒေါသနဲ့ ရှက်ရွံ့မှုတွေပြည့်နှက်နေတဲ့မျက်နှာနဲ့ အော်ဟစ်လိုက်ပါတယ်။
"ငါနှစ်နည်းနည်းလေးမရှိလိုက်တာနဲ့ မင်းက နတ်ဆိုးမျိုးနွယ်ရဲ့ နောက်လိုက်ခွေးလုပ်ဝံ့နေပြီ… မင်းကိုဘယ်သူက သတ္တိတွေပေးနေတာလဲ"
မရေတွက်နိုင်တဲ့အကြည့်တွေက ဝေချီရဲ့အပေါ်ကို ချက်ချင်း ကျရောက်လာခဲ့ပါတယ်။
ဒီလူက ခေါင်းမကောင်းတော့တာလား?
နတ်ဆိုးမျိုးနွယ်သားတွေ ဝေချီကို အထင်မြင်သေးစွာကြည့်လိုက်ကြပါတယ်။
သူသားတွေက ဝက်လို ငတုံးတွေလား!
ဒီအချိန်ရောက်မှ ကစားပွဲကို ပြန်လှည့်ချင်တယ်ပေါ့!
ဒါပေမယ့် ဒီအချိန်မှာပဲ ကောင်းကင်မျက်လုံးကားချပ်က အမှားလုပ်မိတဲ့ကလေးတစ်ယောက်လို တုန်ခါသွားပါတယ်။ဒီနောက် သူ့မျက်လုံးတွေကိုပိတ်ပြီး အနက်ရောင်အလင်းတွေကို ချက်ချင်းရုတ်သိမ်းသွားခဲ့ပြီလေ။
"ဘာ… ဘာဖြစ်တယ်!"
လော့ရှောင် တုန်လှုပ်သွားပါတယ်။
ဒါက ဘယ်လိုဟာသလဲ! ဒါက သေခြင်းရှင်ခြင်းရဲ့အချိန်… ချူးယွန်ရဲ့ဝိညာဉ်ကို လုံးဝဆွဲထုတ်ပစ်နိုင်တော့မယ့်အချိန်လေ… ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ!
"ဝှစ်"
ကောင်းကင်မျက်လုံးကားချပ်က ရုတ်တရက် လော့ရှောင်ရဲ့လက်ထဲက ရုန်းထွက်ကာ သူ့ဘာသာ ဝေချီဆီကို ပျံသန်းသွားပါတော့တယ်။
ဝေချီ နှာခေါင်းတစ်ချက်ရှုံ့ကာ ကောင်းကင်မျက်လုံးကားချပ်ကိုဖမ်းပြီးနောက် ဆူပူမာန်မဲလိုက်ပါတယ်။
"မင်း ငါ့ကိုသတ်လုနီးပါး ဖြစ်သွားတာသိလား?! ငါ့သခင်သေရင် ချူးလောကထဲကို ငါပြန်သွားရလိမ့်မယ်ကွ… ငါ့ကို အိုမင်းပြီးသေစေချင်တာလား!"
ကောင်းကင်မျက်လုံးကားချပ်က ကြောက်ရွံ့ဟန်နဲ့ တုန်ရီနေလို့။
ချူးယွန်ရဲ့ မျက်လုံးထဲမှာ အသက်ဓါတ်ရဲ့ အရိပ်ယောင်တွေ ပြန်ထွက်ပေါ်လာခဲ့ပါတယ်။သူ့နဖူးပေါ်မှာတော့ ချွေးတွေစီးကျနေလို့ပါ။သူအလွန်ကြောက်ရွံ့သွားခဲ့တာလေ။
နည်းနည်းလေး… နည်းနည်းလေးပဲ သေဖို့!
ဒီကောင်းကင်မျက်လုံးကားချပ်က အလွန်ကြောက်ဖို့ကောင်းပါတယ်။ဒါက သူ့ရဲ့အသက်ကို သေလုနီးပါးပါပဲ။
ထူးခြားတဲ့အပြောင်းလဲသာ ရုတ်တရက်ဖြစ်မလာရင် သူလုံးဝသေသွားရပါလိမ့်မယ်။
သူ့ခန္ဓာကိုယ်ထဲမှာ ရှိနေသေးတဲ့ ကောင်းကင်ကြမ္မာမြင့်မြတ်သောဆေးလုံးက သူ့ကို ဒုတိယအသက်ကိုပေးစွမ်းနိုင်ပေမယ့် ဘယ်သူမှမသေချင်သေးပါဘူး။
"သခင်… ငါသူ့ကို သင်ခန်းစာပေးလိုက်ပါမယ်"
ဝေချီ ချူးယွန်က သူ့ကိုအပြစ်တင်မှာ စိုးရွံ့နေတဲ့အလား… ပြုံးရင်း လျှောက်သွားလိုက်ပါပြီ။
လော့ရှောင် အံ့ဩသွားပါတယ်။
နတ်ဆိုးမျိုးနွယ်အားလုံးပဲ အံ့ဩသွားခဲ့ကြတာပါ။
လူသားတွေလည်းပဲ တုန်ရီနေခဲ့ကြပြီလေ။
အားလုံးပဲ အံ့အားသင့်သွားခဲ့ကြပါပြီ။
အပိုင္း 676 ေကာင္းကင္မ်က္လုံးကားခ်ပ္
ေလာ့ေ႐ွာင္ အသာျပဳံးလိုက္ပါတယ္။သူက ကြမ္ယြမ္ကိုျဖတ္ေလွ်ာက္သြားရင္း ေလွာင္ေျပာင္လိုက္တယ္။
"ေရ႐ွည္ကို ျမင္ႏိုင္စြမ္းမွာ မင္းတို႔ေခါင္းေဆာင္ထက္ အမ်ားႀကီးနိမ့္က်တာပဲ… အလကားေကာင္"
"မင္း!"
ကြမ္ယြမ္ အလြန္ေဒါသထြက္သြားပါတယ္။သူ႕ကိုယ္သူ အျပင္းအထန္ထိန္းခ်ဳပ္ထားရတာမို႔ ခႏၶာကိုယ္ေတြေတာင္ တုန္ခါေနလို႔ပါ။
ေလာ့ေ႐ွာင္ ရယ္ေမာရင္း ေခါင္းေမာ့လိုက္ပါတယ္။သူ႕အေနာက္႐ွိနတ္ဆိုးကေတာ့ အေျပာင္းလဲမ႐ွ္ိတဲ့ မ်က္ႏွာအမူရာနဲ႔ လိုက္ပါသြားခဲ့ၾကပါၿပီ။
သူတို႔ထြက္သြားၿပီးေနာက္ ထရတ္လူငယ္ေလးေတြေလွ်ာက္လာကာ ေျပာလိုက္ၾကတယ္။
"မဟာအႀကီးအကဲ အဲတာ နတ္ဆိုးမ်ိဳးႏြယ္လား"
"သူတို႔ရဲ႕ေအာ္ရာေတြက အေတာ္ေၾကာက္ဖို႔ေကာင္းတယ္… က်ဳပ္ေတာ့ သူ႕ကိုသေဘာမက်ဘူး"
"က်ဴပ္ၾကားတာေတာ့ နတ္ဆိုးမ်ိဳးႏြယ္က ဒို႔ရဲ႕ရန္သူေတြဆို"
"ဒါေပမယ့္ ငါတို႔ကို အႏိုင္က်င့္ခဲ့တာက နတ္ဆိုးမ်ိဳးႏြယ္မဟုပ္ဘူး… လူသားေတြပဲ"
"မဟာအႀကီးအကဲ… က်ဳပ္တို႔က ဒီေဒသရဲ႕ အုပ္ခ်ဳပ္သူေတြလား"
ထရတ္လူငယ္ေလးေတြက ေနာက္ဆုံးစကားကို အလြန္သိခ်င္ၾကပါတယ္။
ကြမ္ယြမ္လည္း ဘယ္လို႐ွင္းျပရမွန္းမသိခဲ့ပါဘူး။ေနာက္ဆုံးမွာေတာ့ ခါးသီးစြာ ျပဳံးလိုက္ပါေတာ့တယ္။
လီေက်ာက္လင္းက ေက်ာက္တုံးအိမ္ထဲကို ေလွ်ာက္သြားလိုက္ပါပဲ။
ေလာ့ေ႐ွာင္က ပတ္ဝန္းက်င္ကိုတစ္ခ်က္ၾကည့္ၿပီး ျပဳံးလိုက္တယ္။
"ဒီမွာက အေတာ္႐ိုး႐ွင္းတာပဲ… မင္းတို႔ ဒီပုံစံအတိုင္း ဘယ္ေလာက္ေတာင္ေ႐ႊ႕ေျပာင္းၿပီးၿပီလဲ?"
"ငါးႀကိမ္"
လီေက်ာက္လင္းက တည္ၿငိမ္စြာပဲ ေျပာလိုက္ပါတယ္။
ေလ်ာ့ေ႐ွာင္က ေက်ာက္တုံးအိမ္ထဲကိုဝင္သြားၿပီးေနာက္ ခုံတစ္လုံးမွာဝင္ထိုင္ရင္း ေျပာလိုက္တယ္။
"႐ိုး႐ိုးသားသားေျပာရရင္ မင္းတို႔ရဲ႕ လက္႐ွိအေျခေနက မထိုက္တန္ဘူး… မင္းတို႔က ျမင့္ျမတ္ေပမယ့္ ဒီလိုမ်ိဳး တိတဆိတ္႐ွင္သန္ေနၾကရတယ္ေလ"
လီေက်ာက္လင္းက မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး
"သခင္ေလးလီေက်ာက္… မင္းငါတို႔ဆီကိုလာတာ အေၾကာင္း႐ွိတယ္မဟုပ္လား… ေျပာစရာ႐ွိတာကို ဒဲ့ေျပာလိုက္ပါ… ငါတို႔ကိုႏွိမ့္ခ်တဲ့စကားေတြ ေလွ်ာက္ေျပာေနစရာမလိုပါဘူး"
"ေခါင္းေဆာင္… မင္းက တစ္ကယ္ဉာဏ္ေကာင္းတာပဲ"
ေလာ့ေ႐ွာင္က ခ်ီးမႊန္းဟန္နဲ႔ၾကည့္ၿပီး ေျပာလိုက္တယ္။
"အခု ငါတို႔ လူသားေတြနဲ႔ စစ္ျဖစ္ေနၾကတယ္… စစ္ေျမျပင္ကေတာ့ ေျမာက္ပိုင္းနယ္စပ္မွာပဲ… လူသားေတြက ေခါင္းမာမာနဲ႔ တိုက္ခိုက္ေနေပမယ့္ ငါတို႔ရဲ႕တိုက္ခိုက္မႈေတြကို ရပ္တန္႔ႏိုင္မွာမဟုပ္ဘူး… ငါတို႔ျမင့္ျမတ္နယ္ေျမသုံးခု ပူးေပါင္းၿပီးရင္ ေျမာက္ပိုင္းနယ္စပ္ရဲ႕အေနအထားကိုေျပာင္းလဲလိုက္ဖို႔က အခ်ိန္တစ္ခုပဲလိုမယ္"
"အခု ငါဒီကိုလာရတာက ေခါင္းေဆာင္နဲ႔ ေဆြးေႏြးခ်င္လို႔ပဲ"
"ငါတို႔ထရတ္ေတြက ႏွစ္ေပါင္းမ်ားစြာအၾကာမွာ အရင္ကေလာက္ သန္မာမႈမ႐ွိၾကေတာ့ဘူးေလ… မင္းတို႔က အေနာက္ပိုင္း ကႏၲာရကိုေတာင္ သိမ္းပိုက္ႏိုင္မွေတာ့ မင္းတို႔က တစ္ကယ္အစြမ္းစ႐ွိလို႔ပဲေပါ့… ဘာလို႔ ငါတို႔ထရတ္ေတြက နတ္ဆိုးမ်ိဳးႏြယ္နဲ႔ ပူးေပါင္းရမွာလဲ?"
လီေက်ာက္လင္း ေျပာလိုက္တယ္။
"ေခါင္းေဆာင္သာ ငါတို႔နဲ႔ ပူးေပါင္းမယ္ဆိုရင္ နတ္ဆိုးမ်ိဳးႏြယ္က ေျမာက္ပိုင္းနယ္စပ္တစ္ဝက္ကို မင္းတို႔ကိုေပးႏိုင္တယ္… မင္းတို႔ကို လြတ္လြတ္လပ္လပ္ေနထိုင္ေစၿပီး ေနာက္ထပ္ပုန္းကြယ္မေနေစရဘူး"
ေလာ့ေ႐ွာင္ေျပာလိုက္ပါတယ္။
"အေတာ္ရက္ေရာတာပဲ… ဒါေပမယ့္ ဘာေၾကာင့္ ထရတ္ေတြကိုေ႐ြးရတာလဲ? ေျပာရရင္ ငါတို႔ထရတ္ေတြကို ဘာလုပ္ခ်င္ေနတာလဲ?"
လီေက်ာက္လင္းရဲ႕ မ်က္လုံးေတြက က်ဥ္းေျမာင္းသြားၿပီး သူအနည္းငယ္ စိတ္လႈပ္႐ွားသြားခဲ့ပါတယ္။
ေလာ့ေ႐ွာင္ရဲ႕စကားေတြက အလြန္ကိုဆြဲေဆာင္ႏိုင္စြမ္း႐ွ္ိတယ္ေလ။႐ွင္းယြဲ႕ဖုန္းက သူတို႔ကို အၿမဲပုန္းေအာင္းေနထိုင္ရေအာင္ ဖိအားေပးထားခဲ့တယ္မဟုပ္လား။
"႐ွင္း႐ွင္းေျပာရရင္ မင္းတို႔ထရတ္က ေျမာက္ပိုင္းနယ္စပ္ရဲ႕ အ႐ွင္သခင္ပဲေလ… အျခားမ်ိဳးႏြယ္အားလုံးက မင္းတို႔ရဲ႕အမိန္႔ကိုနားေထာင္သင့္တယ္… မင္းတို႔မွာလည္း ဂိုဏ္သိကၡာ၊စြမ္းရည္နဲ႔ ေျပာဆိုပိုင္ခြင့္႐ွ္ိတယ္"
ေလာ့ေ႐ွာင္က ရက္ေရာလြန္းဟန္နဲ႔ ေျပာလိုက္တယ္။
လီေက်ာက္လင္းရဲ႕ မ်က္လုံးထဲမွာေတာ့ ဂုဏ္ယူဝံ့ႂကြားတဲ့အမူရာေတြ ထြက္ေပၚလာပါေတာ့တယ္။
ထရတ္ေတြဟာ အရင္တုန္းကလည္း ေျမာက္ပိုင္းနယ္စပ္ရဲ႕ အုပ္ခ်ဳပ္သူေတြျဖစ္ၿပီး အခုလည္း အတူတူပဲျဖစ္ပါလိမ့္မယ္။
ထရတ္ေခါင္းေဆာင္ျဖစ္တဲ့ သူ႕ရဲ႕အမိန္႔ကိုလည္း မ်ိဳးႏြယ္စုတိုင္းက နာခံရပါဦးမယ္။
ဒါက ထရတ္ေတြအတြက္ အႀကီးမားဆုံးဂုဏ္သေရပဲေလ။
"ငါတို႔ ေျမာက္ပိုင္းနယ္စပ္နဲ႔တိုက္ခိုက္တဲ့အခါ မင္းတို႔ပါ လိုက္ပါတိုက္ခိုက္ပါ… ဒါၿပီးရင္ေတာ့ ေျမာက္ပိုင္းနယ္စပ္တစ္ဝက္ကို မင္းတို႔ရၾကပါလိမ့္မယ္"
ေလာ့ေ႐ွာင္က တစ္ဖက္လူရဲ႕မ်က္ႏွာကဲခတ္ရာမွာ အလြန္ေတာ္သူပါ။သူက လီေက်ာက္လင္းရဲ႕စိတ္ထဲမွာ ဘာေတြေတြးေနတယ္ဆိုတာ သိၿပီးၿပီေလ။
သူတို႔ေတြက ဒီလိုအေျခေနကို က်ဆင္းသြားေပမယ့္လည္း လီေက်ာက္လင္းရဲ႕စိတ္ထဲက မာနေထာင္လႊားမႈေတြ၊ ဂုဏ္ယူဝံ့ႂကြားမႈေတြက ေလွ်ာ့က်မသြားပါဘူး။
လြန္ခဲ့တဲ့ႏွစ္ေတြကဆိုရင္ ေျမာက္ပိုင္းနယ္စပ္မွာထရတ္ေတြက နံပါတ္တစ္မ်ိဳးႏြယ္ပါပဲ။သူတို႔ေတြက လူသားေတြနဲ႔ေတာင္ အဆင့္တူမွာရပ္တည္ခဲ့တာပါ။
ေနာက္ေတာ့ ေျမာက္ပိုင္းဧကရာဇ္နဲ႔ လူသားမ်ိဳးႏြယ္က ျမန္ဆန္စြာတိုးတက္လာၿပီး တိုက္ပြဲေတြစတင္လာခဲ့ပါတယ္။
တိုက္ပြဲမွာ ထရတ္ေတြ႐ႈံးနိမ့္ခဲ့ေပမယ့္ စည္းမ်ဥ္းတစ္ခုထားခဲ့ၿပီး ဘယ္သူမွမခ်ိဳးေဖာက္ႏိုင္ခဲ့ပါဘူး။
အခ်ိန္ေတြၾကာလာတာနဲ႔အမွ် လူသားေတြက ပိုသန္မာလာခဲ့ၾကတယ္ေလ။ေျမာက္ပိုင္းနယ္စပ္မွာ တိုင္းျပည္သုံးခုနဲ႔ ႐ွင္းယြဲ႕ဖုန္းဆိုၿပီး ထြက္ေပၚလာခဲ့ၾကပါတယ္။
ထရတ္ေတြကေတာ့ တျဖည္းျဖည္းအားနည္းလာၿပီး ေျမာက္ပိုင္းဧကရာဇ္ရဲ႕ လ်ိဳ႕ဝွတ္စြာႏွိပ္စက္မႈေတြေၾကာင့္လည္း တိုင္းျပည္သုံးခုနဲ႔ အဆင့္တူတဲ့အထိ နိမ့္က်သြားခဲ့ပါေတာ့တယ္။
လြန္ခဲ့တဲ့ႏွစ္တစ္ရာအတြင္းမွာ ေျမာက္ပိုင္းဧကရာဇ္ရဲ႕ ထရတ္ေတြအေပၚတိုက္ခိုက္မႈက ပိုျပင္းထန္လာခဲ့တယ္ေလ။
သူတို႔ေတြ ျပန္လည္တိုက္ခိုက္ခ်င္ခဲ့ၾကေပမယ့္ အခ်ိန္က အရမ္းေနာက္က်ေနခဲ့ၿပီ။ဒါေၾကာင့္ပဲ ထရတ္ေတြအေနနဲ႔ ကိုယ့္ရဲ႕မိသားစုကိုကာကြယ္ဖို႔ တစ္ေနရာကတစ္ေနရာ ဆက္တိုက္ေ႐ြ႕လ်ားေနခဲ့ရေတာ့တယ္။
ထရတ္တစ္ေယာက္အေနနဲ႔ လူသားေတြကို မမုန္းဘူးလို႔ေျပာလာရင္ ဒါက မုသားစကားပဲျဖစ္ပါလိမ့္မယ္။
သူက လူသားေတြကို တစ္ကယ္ဆန္႔က်င္တိုက္ခိုက္ခ်င္ေနခဲ့ပါၿပီ။ဒါေပမယ့္လည္း က်ိဳးေၾကာင္းဆင္ျခင္မႈက နတ္ဆိုးေတြနဲ႔ သေဘာတူညီမႈမရႏိုင္ေၾကာင္းေျပာေနလို႔ပါ။
ခနေတြးၿပီးေနာက္ လီေက်ာက္လင္းက တည္ၿငိမ္ဟန္ေဆာင္ၿပီးေမးလိုက္တယ္။
"မင္းဘာလိုခ်င္လို႔လဲ?"
ဒါကိုၾကားၿပီးေနာက္ ေလာ့ေ႐ွာင္ အရာအားလုံးက သူ႕ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာ ႐ွိေနဟန္နဲ႔ ရယ္ေမာလိုက္ပါတယ္။
လီေက်ာက္လင္းက ဒီလိုေမးလာတာဟာ သူ႕ရဲ႕စကားေအာက္ကို ေရာက္ေနၿပီဆိုတဲ့အဓိပၸာယ္ပဲေလ။
"ငါမွတ္မိတာမမွားရင္ မင္းတို႔ထရတ္ေတြ ႏွစ္ေပါင္းမ်ားစြာထိန္းသိမ္းထားတဲ့ ရတနာတစ္ခု႐ွိတယ္မဟုပ္လား"
ေလာ့ေ႐ွာင္ျပဳံးရင္း သူ႕ရည္႐ြယ္ခ်က္ကို ထုတ္ေျပာလိုက္တယ္။
"ေကာင္းကင္မ်က္လုံးကားခ်ပ္လား? မျဖစ္ႏိုင္ဘူး… ဒါက ငါတို႔ဘိုးေဘးေတြ ခ်န္ထားခဲ့တဲ့အရာပဲ… ငါမင္းကို မေပးႏိုင္ဘူး"
လီေက်ာက္လင္းရဲ႕ မ်က္ႏွာအမူရာက ေျပာင္းလဲသြားပါတယ္။
"မ်ိဳးႏြယ္တစ္ခုလုံး အဖ်က္ဆီးခံၿပီး ဒါကိုသိမ္းဆည္းထားမယ္ဆိုရင္ ထိုက္တန္လား"
ေလာ့ေ႐ွာင္ အသာျပဳံးၿပီး
"မင္းတို႔ရဲ႕ လက္႐ွိအေျခေနမွာ ငါနဲ႔ညႇိႏိႈင္းဖို႔အခြင့္ေရးမ႐ွိဘူး… မင္းလက္ခံရင္ ငါတို႔နဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ပူးေပါင္းရမယ္… ၿပီးရင္ ေျမာက္ပိုင္းနယ္စပ္တစ္ဝက္ကိုလည္း အုပ္ခ်ဳပ္ခြင့္ရဦးမယ္… မင္းသေဘာမတူရင္ေတာ့ ငါကိုယ္တိုင္ မင္းတို႔ထရတ္အားလုံးကိုသတ္ျဖတ္ၿပီး ေကာင္းကင္မ်က္လုံးကားခ်ပ္ကို ယူသြားမယ္"
လီေက်ာက္လင္းရဲ႕ မ်က္လုံးထဲမွာ ေဒါသေတြျပည့္ႏွက္သြားခဲ့ၿပီေလ။သူထရပ္လိုက္မယ့္အခ်ိန္မွာပဲ နတ္ဆိုးသခင္က ေၾကာက္မက္ဖြယ္စြမ္းအင္လိႈင္းေတြနဲ႔အတူ အေ႐ွ႕တိုးလာတာျမင္လိုက္ရပါတယ္။
လီေက်ာက္လင္းရဲ႕မ်က္ႏွာက ျဖဴေရာ္သြားခဲ့ပါၿပီ။တစ္ကယ္လို႔ တိုက္ပြဲျဖစ္ရင္ သူ႕ရဲ႕ခြန္အားအရ လြတ္ေအာင္ထြက္ေျပးဖို႔ ယုံၾကည္မႈ႐ွိၿပီးသားပါ။
ဒါေပမယ့္ သူ႕ရဲ႕မ်ိဳးႏြယ္ကေရာ?
နတ္ဆိုးသခင္ရဲ႕ ခြန္အားအရ သူတို႔ေတြ ဘာမွျပန္လုပ္ႏိုင္ၾကမွာမဟုပ္ဘူးေလ။
"မင္းငါ့ကို စည္း႐ုံးခ်င္ရင္ေတာင္ ဒီလိုစကားလုံးေတြနဲ႔ မင္းမွာ လုပ္ႏိုင္စြမ္းမ႐ွ္ိဘူး… တစ္ကယ္လို႔ ေျမာက္ပိုင္းနယ္စပ္ကို သိမ္းပိုက္ၿပီးမွ စကားေတြကိုျပန္႐ုတ္သိမ္းရင္ ဘယ္လိုလုပ္မလဲ?"
လီေက်ာက္လင္း အံႀကိတ္ၿပီးေျပာလိုက္တယ္။
"မင္းဒီအတြက္ စိုးရိမ္စရာမလိုဘူး… ငါ့အသက္နဲ႔က်ိန္ဆိုႏိုင္တယ္"
ေလာ့ေ႐ွာင္ ရယ္ေမာရင္း ဆက္ေျပာလိုက္ပါတယ္။
"ငါတို႔နတ္ဆိုးမ်ိဳးႏြယ္ရဲ႕ ရည္႐ြယ္ခ်က္က တိုင္ဂန္တိုက္ႀကီးကို သိမ္းပိုက္ဖို႔ပဲေလ… သက္႐ွိေတြအားလုံးကို မ်ိဳးျဖဳတ္ပစ္ဖို႔မွမဟုပ္တာ… တစ္ကယ္လို႔ တိုင္ဂန္တိုက္ႀကီးမွာ ငါတို႔ နတ္ဆိုးမ်ိဳးႏြယ္ပဲက်န္ခဲ့ရင္ အရမ္းပ်င္းစရာေကာင္းသြားမွာေပါ့!"
လီေက်ာက္လင္း တြန္႔ဆုတ္ေနေပမယ့္ နတ္ဆိုးသခင္ရဲ႕ မေဖာ္ေ႐ြတဲ့အၾကည့္ကိုျမင္ၿပီးေနာက္ သူအသက္ျပင္းျပင္း႐ႈကာ ေခါင္းညိမ့္လိုက္ပါေတာ့တယ္။
"ေကာင္းၿပီ… ဒီလိုဆိုရင္ သေဘာမတူစရာအေၾကာင္းမ႐ွိဘူး"
"ဟားဟားဟား… ေခါင္းေဆာင္က လူေတာ္ပဲ"
ဒါကိုၾကားၿပီးေနာက္ ေလာ့ေ႐ွာင္ ေက်နပ္စြာရယ္ေမာလိုက္ပါၿပီ။
"ေကာင္းကင္မ်က္လုံးကားခ်ပ္ကိုယူလာၿပီး ေျမာက္ပိုင္းနယ္စပ္က မ်ိဳးႏြယ္စုေတြကို စု႐ုံးလိုက္ပါ… ငါသူတို႔ကို ေတြ႕ခ်င္တယ္"
လီေက်ာက္လင္းက တိတ္ဆိတ္စြာေခါင္းညိမ့္ၿပီး ကြက္လပ္လက္စြပ္အတြင္းက စာလိပ္တစ္ခုကို ေလာ့ေ႐ွာင္ဆီလႊဲေပးလိုက္ပါၿပီ။
ေလာ့ေ႐ွာင္ရဲ႕ မ်က္လုံးေတြေတာက္ပသြားခဲ့ပါတယ္။စာလိပ္ကို ဖြင့္ၾကည့္ၿပီးေနာက္ သူအလြန္စိတ္လႈပ္႐ွားသြားမိၿပီေလ။
"ဒါတစ္ကယ္ပဲ ေကာင္းကင္မ်က္လုံးကားခ်ပ္ဟ"
"သခင္ေလး ဒီမွာ ရက္နည္းနည္းေလာက္ နားေနပါဦး… ငါအျခားသူေတြကိုသြားေတြ႕လိုက္ဦးမယ္!"
လီေက်ာက္လင္း အသက္ျပင္းျပင္း႐ႈၿပီးေနာက္ ထြက္သြားပါေတာ့တယ္။
"သခင္ေလး… ဒါ ေကာင္းကင္မ်က္လုံးကားခ်ပ္လား"
နတ္ဆိုးသခင္ အေ႐ွ႕တိုးလာၿပီး စိတ္လႈပ္႐ွားစြာ ေျပာလိုက္ပါတယ္။
ေလာ့ေ႐ွာင္ ေခါင္းညိမ့္ကာ ၾကမ္းၾကဳတ္မႈေတြ သူ႕မ်က္ႏွာေပၚမွာေပၚၿပီး ေျပာလိုက္တယ္။
"ေကာင္းကင္မ်က္လုံးကားခ်ပ္ ငါ့လက္ထဲမွာဆိုရင္ ခ်ဴးယြန္ ဒီတစ္ေခါက္ ေသခ်ာက္ေပါက္ ေသရေစမယ္!"
အပိုင္း 677 ေလာ့ေ႐ွာင္နဲ႔ ထပ္မံဆုံေတြ႕ျခင္း
မ်က္ေစ့တစ္မွိတ္အတြင္း ေနာက္တစ္လ ကုန္ဆုံးသြားခဲ့ပါတယ္။ေျမာက္ပိုင္းနယ္စပ္မွာ အေျခေနေတြက ႐ႈပ္ေထြးေနလို႔။အင္အားစုအမ်ိဳးမ်ိဳးက ပူးေပါင္းလာၾကၿပီး နတ္ဆိုးမ်ိဳးႏြယ္နဲ႔ ပိုမိုျပင္းထန္စြာ တိုက္ခိုက္ေနခဲ့ၾကပါၿပီ။
ထိပ္တန္းကြၽမ္းက်င္သူေတြ မပါေသးတာမို႔ ဘယ္ဘက္ကမွ အလြန္မင္းအားသာသြားတာမ်ိဳးေတာ့ မ႐ွိေသးပါဘူး။ေယဘူယ်အားျဖင့္ အေျခေနက ငါးဆယ္၊ငါးဆယ္ပါပဲ။
ဒါေပမယ့္ လက္႐ွ္ိမွာေတာ့ မ်ိဳးႏြယ္စုဆယ္စုေက်ာ္ခန္႔စုေဝးေနခဲ့ပါတယ္။သူတို႔ရဲ႕ပစ္မွတ္ကေတာ့ နတ္ဆိုးမ်ိဳးႏြယ္မဟုပ္ပဲ ေျမာက္ပိုင္းနယ္စပ္ျဖစ္ေနလို႔ပါ။
ထိုအဖြဲ႕ကိုေတာ့ ထရတ္ေတြက ဦးေဆာင္ထားခဲ့တာေလ။ေတာင္ပံမ်ိဳးႏြယ္နဲ႔ ေခါင္းႏွစ္လုံးမ်ိဳးႏြယ္က ႏွစ္စုကို တစ္ဒါဇင္ေက်ာ္ခန္႔ပါဝင္ခဲ့ပါတယ္။သူတို႔အဖြဲ႕က အင္အားႀကီးမားၿပီး တိုင္းျပည္သုံးခုကိုေတာင္ ေက်ာ္လြန္ႏိုင္ခဲ့ပါၿပီ။
သူတို႔ရဲ႕အင္အားက ေျမာက္ပိုင္းနယ္စပ္ရဲ႕ အေျခေနကိုေျပာင္းလဲပစ္ဖို႔ မလုံေလာက္ေပမယ့္ အေတာ္တန္ေတာ့ ဆုံး႐ႈံးမႈေတြကို ျဖစ္ေပၚေစခဲ့ပါတယ္။
ခ်ဴးယြန္တို႔အဖြဲ႕ကလည္း ေျမာက္ပိုင္းနယ္စပ္မွာ လွည့္လည္တိုက္ခိုက္ေနလို႔ပါ။
တိုက္ပြဲမ်ားစြာကို ရင္ဆိုင္တိုက္ခိုက္ရၿပီးေနာက္ မဟာပညာ႐ွိ၊ရီလီလီ၊ဘုန္းႀကီးရီနဲ႔ခ်ဴးယြန္… အားလုံးက အက်ိဳးျမတ္မ်ားစြာရ႐ွိခဲ့ၿပီး သူတို႔ရဲ႕ တိုက္ခိုက္ႏိုင္စြမ္းေတြကလည္း တိုးတက္လာခဲ့ၾကပါၿပီ။
"ေအာ္မီေသာ္ဖု"
ျပင္းဖန္တဲ့စစ္ေျမျပင္မွာ ဘုန္းႀကီးေတြက ေ႐ႊေရာင္အလင္းေတြနဲ႔အတူ ျပင္းထန္စြာတိုက္ခိုက္ေနခဲ့ၾကပါတယ္။ဗုဒၶ႐ုပ္တုႀကီးေတြကလည္း သူတို႔အေနာက္မွာ မားမားမတ္မတ္တည္႐ွိေနလို႔ပါ။
ဗုဒၶဂိုဏ္းကအျပင္ အလယ္ပိုင္းေဒသရဲ႕ မဟာကလန္ႀကီးေလးခုလည္း ႐ွိေနပါေသးတယ္။
တန္းဇီ႐ွန္း၊ တန္းဟြာရန္၊ တန္းဖုန္း၊ တန္းဝူတိ၊ ရဲ႐ွန္းနန္၊ ရဲခ်န္ဂ်န္နဲ႔ ရဲကူရင္…
သူတို႔အားလုံး ေကာင္းကင္ဘုံသို႔ တက္လွမ္းျခင္းနယ္ပယ္ကို ေရာက္ေနခဲ့ၾကပါၿပီ။သူတို႔က ပုခုံးျခင္းယွဥ္ၿပီး နတ္ဆိုးေတြကို ျပင္းထန္စြာတိုက္ခိုက္ေနခဲ့ၾကပါတယ္။
တိုင္းျပည္သုံးခုရဲ႕ စစ္သည္ေတြကလည္း ေျမျပင္ေပၚမွာ လိႈင္းလုံးေတြအလား ၾကမ္းတမ္းစြာတိုက္ခိုက္ေနခဲ့ၾကတယ္ေလ။သူတို႔ရဲ႕ ဓါး၊လွံ လက္နက္ေတြက ေသြးေတြစြန္းထင္းေပက်ံေနလို႔။
ေတာင္ပိုင္းသမုဒၶရာကလူေတြကလည္း ႐ႊပ္႐ႊပ္ခြၽံခြၽံတိုက္ခိုက္ေနၾကပါတယ္။သူတို႔အထဲမွာ အထင္႐ွားဆုံးက မု႐ုံဇီဦးေဆာင္တဲ့ ဇီယန္နန္းေတာ္ကအဖြဲ႕ပါ။
ဇီယန္နန္းေတာ္က ေတာင္ပိုင္းသမုဒၶရာမွာ အင္အားအႀကီးဆုံးပဲေလ။
မု႐ုံဇီက နတ္ဆိုးသခင္တစ္ပါးကိုသတ္ျဖတ္လိုက္ၿပီး ေအးစက္စက္နဲ႔ ပစ္မွတ္႐ွာေဖြလိုက္ပါတယ္။
ဒီတစ္ခါတိုက္ပြဲက နတ္ဆိုးမ်ိဳးႏြယ္က်ဴးေက်ာ္လာစဥ္အတြင္းမွာ အႀကီးဆုံးတိုက္ပြဲပါပဲ!
နတ္ဆိုးေတြက အနည္းဆုံးရာေထာင္ခ်ီကာ ပါဝင္ခဲ့ၾကတယ္ေလ။အမ်ားစုကေတာ့ စစ္မွန္ေသာ စြမ္းအားနယ္ပယ္နဲ႔ ႐ႊမ္းဝူနယ္ပယ္ေတြျဖစ္ၿပီး နတ္ဆိုးသခင္က တစ္ ရာခိုင္ႏႈန္းေလာက္သာ ပါဝင္ခဲ့တာပါ။
တစ္ ရာခိုင္ႏႈန္းဆိုရင္ေတာင္မွ ဒါက မ်ားျပားေနဆဲပါပဲ။
နတ္ဘုရားစြမ္းရည္နယ္ပယ္နဲ႔ ေကာင္းကင္ဘုံသို႔တက္လွမ္းျခင္းနယ္ပယ္နတ္ဆိုးက တစ္ရာေက်ာ္ခဲ့ပါတယ္။
လူသားေတြနဲ႔ နတ္ဆိုးမ်ိဳးႏြယ္က သေဘာတူညီမႈတစ္ခုရထားသလို က်ယ္ျပန္႔တဲ့ လြင္ျပင္တစ္ခုမွာ တိုက္ခိုက္ေနခဲ့ၾကတာပါ။
ခ်ဴးယြန္ရဲ႕ မ်က္လုံးေတြက ေအးစက္လို႔။ေရလေဆဘာနဲ႔ ေကာင္းကင္ဓါးကိုထိန္းခ်ဳပ္ၿပီးေနာက္ တိုက္ပြဲထဲကို ေျပးဝင္သြားခဲ့ပါၿပီ။
ဒီတိုက္ပြဲက ႀကီးမားခဲ့တာမို႔ ခ်ဴးယြန္ဟာ ခ်ဴးေလာကကိုဖြင့္ၿပီး ဒရာဂြန္နဲ႔ အျခားဂိုဏ္းခ်ဳပ္ႀကီးေတြကို ဆင့္ေခၚလိုက္ပါေတာ့တယ္။
ခ်ဴးယြန္ရဲ႕ ဦးေဆာင္မႈေအာက္မွာ ဒါဇင္နဲ႔ခ်ီတဲ့ ဂိုဏ္းခ်ဳပ္ႀကီးေတြက နတ္ဆိုးမ်ိဳးႏြယ္ကို ျပင္းထန္စြာ တိုက္ခိုက္သတ္ျဖတ္လိုက္ၾကပါၿပီ။
ဘယ္ေလာက္သန္မာတဲ့ နတ္ဆိုးသခင္ပဲျဖစ္ျဖစ္ သူတို႔အေ႐ွ႕မွာ ေသျခင္းတစ္ခုသာ ႐ွိခဲ့ပါတယ္။
အထူးသျဖင့္ ဒရာဂြန္ရဲ႕တိုက္ခိုက္ႏိုင္စြမ္းက အလြန္ျမင့္မားၿပီး နတ္ဆိုးေတြကို အဆက္မျပတ္ သတ္ျဖတ္ေနခဲ့ပါၿပီ။
"ခ်ဴးယြန္… မင္းက အရမ္းသန္မာတယ္လို႔ ငါၾကားတယ္… ငါနဲ႔တိုက္ခိုက္ရေအာင္"
လူသားစစ္သည္ေတြနဲ႔ သိုင္းပညာ႐ွင္ေတြကို သတ္ျဖတ္ေနတဲ့ နတ္ဆိုးတစ္ေကာင္က ႐ုတ္တရက္ေျပာလိုက္ပါတယ္။
သူက နီရဲေနတဲ့ မ်က္လုံးေတြနဲ႔ ခ်ဴးယြန္ကိုၾကည့္ၿပီး ေျပာလိုက္တယ္။
"ငါပ ေဟာင္ေ႐ွာင္လုံပဲ… နတ္ဆိုးခုႏွစ္ပါးထဲက တစ္ပါးေပါ့… မင္းက ေလာ့ေ႐ွာင္ကိုေတာင္ ႐ိုက္ခဲ့ဖူးၿပီး ထိပ္တန္းအဆင့္မွာ ရပ္တည္ေနတဲ့ ေကာင္းကင္ဂုဏ္ေဆာင္ပါရမီ႐ွင္လို႔ ၾကားတယ္"
ေျပာၿပီးေနာက္ ေဟာင္ေ႐ွာင္လုံရဲ႕ မ်က္လုံးေတြက ပိုနီရဲလာခဲ့ပါတယ္။သူက သားေကာင္ကိုၾကည့္ေနတဲ့ ဝံပုေလြတစ္ေကာင္အသြင္နဲ႔ ခ်ဴးယြန္ကိုၾကည့္ေနခဲ့တာပါ။
ခ်ဴးယြန္က ေဟာင္ေ႐ွာင္လုံကို တစ္ခ်က္ၾကည့္ၿပီး ျပဳံးလိုက္တယ္။
"မင္းတို႔နတ္ဆိုးခုႏွစ္ပါးထဲက ႏွစ္ပါးကေတာ့ ငါ့လက္ထဲမွာ ေသဆုံးသြားခဲ့ရၿပီ… တစ္ကယ္ေတာ့ ထင္သေလာက္လည္းမဟုပ္ပါဘူး"
ဒါကိုၾကားၿပီးေနာက္ ေဟာင္ေ႐ွာင္လုံ ေဒါသထြက္သြားခဲ့ပါတယ္။
"ငါက မင္းၿပိဳင္ဘက္ျဖစ္ျဖစ္ အခုျမင္ရလိမ့္မယ္"
ေျပာၿပီးတာနဲ႔ သူ႕လက္ထဲက ေသြးနီေရာင္လွံ႐ွည္ကို မ်ဥ္းေကြးသဏၭန္ေဝ့ဝိုက္ၿပီး ခ်ဴးယြန္ရဲ႕ လည္ၿမိဳကို ဦးတည္တိုက္ခိုက္လိုက္ပါၿပီ။
ထိုတိုက္ခိုက္မႈက တိက်ကာ ရက္စက္ၿပီး ေတာ္႐ုံလူေတြေ႐ွာင္ဖို႔ မလြယ္ကူပါဘူး။
ေဟာင္ေ႐ွာင္လုံရဲ႕ က်င့္ၾကံျခင္းအေျခခံကလည္း ေကာင္းကင္ဘုံသို႔တက္လွမ္းျခင္းနယ္ပယ္ ဒုတိယအဆင့္ကို ေရာက္ေနခဲ့ၿပီေလ။
တိုင္ဂန္တိုက္ႀကီးရဲ႕ အျခားကြၽမ္းက်င္သူတစ္ဦးနဲ႔ ရင္ဆိုင္ရရင္ အေျခေနက တစ္မ်ိဳးျဖစ္ႏိုင္ေပမယ့္ ကံမေကာင္းစြာပဲ သူရင္ဆိုင္ရတာက ခ်ဴးယြန္ျဖစ္ေနခဲ့ပါတယ္။
ေသြးကီေတြျပည့္ေနတဲ့ လွံ႐ွည္နဲ႔ရင္ဆိုင္ရခ်ိန္ ခ်ဴးယြန္က ေအးစက္စက္နဲ႔ ရယ္ေမာလိုက္ပါတယ္။ၿပီးေနာက္ လွ်ပ္စီးလက္သလိုအျမန္ႏႈန္းနဲ႔ လွံကို ဖမ္းဆြဲလိုက္ပါၿပီ။
"ဝုန္း"
အသံတစ္ခ်က္နဲ႔အတူ လွံ႐ွည္က ခ်ဴးယြန္လက္ထဲမွာ တုံ႔ခနဲရပ္တန္႔သြားခဲ့ပါတယ္။လွံကေန ေသြးကီေတြက ခ်ဴးယြန္ရဲ႕လက္ကို ခ်က္ခ်င္းစီးဝင္သြားခဲ့ပါေတာ့တယ္။
"မင္းက အေတာ္ေမာက္မာတာပဲ… မင္းရဲ႕ခႏၶာကိုယ္နဲ႔ ငါ့ရဲ႕လွံကို ဖမ္းထားရတယ္ေပါ့"
ေဟာင္ေ႐ွာင္လုံ ရယ္ေမာလိုက္ပါတယ္။ဒီေနာက္ ေသြးကီေတြက ေသြးနဂါးအျဖစ္ေျပာင္းလဲသြားကာ ခ်ဴးယြန္ရဲ႕လက္က ႐ုန္းထြက္ခ်င္တဲ့အလား ကိုက္ခဲလိုက္ပါၿပီ။
ခ်ဴးယြန္ရဲ႕ လက္မွာ ေသြးနဂါးငယ္ရဲ႕ကိုက္ခဲမႈေၾကာင့္ ဒဏ္ရာေလးေတြ အမ်ားအျပားျဖစ္ေပၚလို႔လာပါတယ္။
ဒါေပမယ့္သူက လွံ႐ွည္ကို ဆုပ္ကိုင္ထားဆဲပါ။ေဟာင္ေ႐ွာင္လုံ ႐ူးသြပ္စြာနဲ႔ ျပန္ဆြဲယူလိုက္ေပမယ့္ အသုံးမဝင္ပါဘူး။
"မင္းေသခ်င္ေနတာလား?"
ေဟာင္ေ႐ွာင္လုံ က်ိဳးေၾကာင္းဆီေလ်ာ္မႈမ႐ွိသလို ခံစားလာရပါတယ္။ခ်ဴးယြန္က အလြန္ေမာက္မာၿပီး သူ႕လွံကို မလြတ္တမ္းကိုင္ဆြဲထားတယ္ေလ။
ဘာေၾကာင့္လဲ?
ခ်ဴးယြန္ရဲ႕ လက္ဖဝါးက ေသြးေတြစီးက်ေနေပမယ့္ သူ႕ႏႈတ္ခမ္းေတြက ေအးစက္စက္ျပဳံးေနဆဲပါ။
"မင္းရဲ႕အကန္႔အသတ္က ဒါပဲဆိုရင္ေတာ့ အေတာ္စိတ္ပ်က္ဖို႔ေကာင္းတာပဲ"
ခ်ဴးယြန္ ေအးစက္စက္ေျပာလိုက္ပါတယ္။သူ႕ေက်ာ႐ိုးကေန စြမ္းအင္ေတြထြက္ေပၚလာၿပီး ေဟာင္ေ႐ွာင္လုံရဲ႕ရင္ဝကို ေပါက္ကြဲစြာ႐ိုက္ထုတ္လိုက္ပါၿပီ။
"ဝုန္း"
က်ယ္ေလာင္တဲ့ အသံတစ္ခ်က္နဲ႔အတူ ေဟာင္ေ႐ွာင္လုံရဲ႕ခႏၶာကိုယ္က ဥကၠာခဲတစ္လုံးလို လြင့္စင္သြားခဲ့ပါေတာ့တယ္။
သူ႕ခႏၶာကိုယ္အတြင္းက ကိုယ္တြင္းအဂၤါေတြဟာ ပ်က္ဆီး ေၾကမြသြားခဲ့ၿပီေလ။သူအသက္မ႐ွင္ႏိုင္ေတာ့ပါဘူး။
နတ္ဆိုးခုႏွစ္ပါးထဲက ေက်ာ္ၾကားတဲ့ ေဟာင္ေ႐ွာင္လုံဟာ ခ်ဴးယြန္လက္ထဲမွာ တစ္ခ်က္ထဲနဲ႔ ေသဆုံးသြားခဲ့ရပါၿပီ။
ေဟာင္ေ႐ွာင္လုံရဲ႕လွံကေတာ့ ခ်ဴးယြန္ရဲ႕လက္ထဲမွာ က်န္ရစ္ခဲ့ပါတယ္။
ခ်ဴးယြန္ ေဟာင္ေ႐ွာင္လုံရဲ႕ လွံ႐ွည္ကိုၾကည့္ၿပီး ေျပာလိုက္တယ္။
"လွံက မဆိုးေပမယ့္ သခင္အေ႐ြးမွားသြားတာဆိုးတယ္"
ေျပာၿပီးတာနဲ႔ ခ်ဴးယြန္ရဲ႕လဖဝါးက ေၾကာက္မက္ဖြယ္အင္အားေတြထြက္ေပၚလာကာ လွံ႐ွည္ကို ခ်ိဳးပစ္လိုက္ပါၿပီ။
ထိုလွံက ထိပ္တန္းအဆင့္ဝိညာဥ္လက္နက္တစ္ခုပါ။ဒါက လူတစ္ေယာက္ရဲ႕ တိုက္ခိုက္ႏိုင္စြမ္းကို ပိုျမင့္မားလာေစႏိုင္တယ္ေလ။
ဒါေပမယ့္လည္း ထိုလွံက ေသြးေတြအလြန္ေသာက္သုံးခဲ့ၿပီးၿပီေလ။ေတာ္႐ုံလူေတြ ထိန္းခ်ဳပ္ႏိုင္မွာမဟုပ္ပဲ သတ္ျဖတ္လိုတဲ့နတ္ဆိုးတစ္ေကာင္လို ျဖစ္လာပါလိမ့္မယ္။
ဒီလိုမွမဟုပ္ရင္ ခ်ဴးယြန္အေနနဲ႔ ဖ်က္ဆီးပစ္မိမွာမဟုပ္ပါဘူး!
တိုက္ပြဲေျမျပင္႐ွိ နတ္ဆိုးေတြ တုန္လႈပ္သြားခဲ့ပါတယ္။
နတ္ဆိုးမ်ိဳးႏြယ္မွာ ေဟာင္ေ႐ွာင္လုံက အလြန္ေက်ာ္ၾကားသူပါ။
အခ်ိဳ႕ဆိုရင္ သူ႕ကို နတ္ဆိုးသခင္ေလးေတြနဲ႔ ႏိႈင္းယွဥ္ေနၿပီး ေနာင္ကို နတ္ဆိုးသခင္ေလးျဖစ္လာႏိုင္သူလို႔ သတ္မွတ္ထားခဲ့ၾကတာပါ။
ဘာပဲျဖစ္ျဖစ္ အခုခ်ိန္မွာေတာ့ ေဟာင္ေ႐ွာင္လုံေသသြားခဲ့ၿပီေလ။
ၿပိဳင္ဘက္ရဲ႕ တိုက္ခိုက္မႈတစ္ခုထဲနဲ႔ ေသသြားရျခင္းျဖစ္ၿပီး သူ႕ရဲ႕ ဂုဏ္သိကၡာအားလုံးပါ ပ်က္ဆီးသြားခဲ့ပါေတာ့တယ္။
ခ်ဴးယြန္ရဲ႕ မ်က္ႏွာက အေျပာင္းလဲမ႐ွိပဲ သူက အႏိုင္ရလို႔ ေပ်ာ္႐ႊင္မႈမ်ိဳးလည္းမ႐ွ္ိခဲ့ပါဘူး။
အေၾကာင္းကေတာ့ သူ႕ကိုစိုက္ၾကည့္ေနတဲ့ အစြမ္းထက္ေအာ္ရာတစ္ခုကို ခံစားေနမိလို႔ပါ။
ဒီေအာ္ရာက အလြန္ကို ရင္းႏွီးကြၽမ္းဝင္ခဲ့တယ္ေလ။
သူထင္တာမမွားရင္ ထိုေအာ္ရာပိုင္႐ွင္က သူ႕ရဲ႕ၿပိဳင္ဘက္ေဟာင္း ေလာ့ေ႐ွာင္ပဲျဖစ္ပါလိမ့္မယ္။
တိုက္ပြဲေျမျပင္အထက္ေလထဲမွာ ပ်ံသန္းလာေနတဲ့ ပုံရိပ္တစ္ခုကို ျမင္လိုက္ရပါတယ္။
သူ႕အမူရာက တည္ၿငိမ္လာခဲ့ၿပီး အလယ္ပိုင္းေဒသမွာ ျမင္ခဲ့ခ်ိန္ကနဲ႔ မတူေတာ့ပါဘူး။
ေလာ့ေ႐ွာင္က တိုက္ပြဲေျမျပင္အလယ္မွာရပ္ေနၿပီး သူ႕မ်က္လုံးေတြက ေတာက္ပတဲ့အလင္းေတြထြက္ေပၚေနလို႔ပါ။သူက ခ်ဴးယြန္ကိုၾကည့္ကာ ရယ္ေမာရင္း ေျပာလိုက္တယ္။
"ဘယ္ေလာက္ေတာင္ တိုက္ဆိုင္လိုက္လဲခ်ဴးယြန္… ငါတို႔ ထပ္ဆုံေတြ႕ၾကျပန္ၿပီ!"
အပိုင္း 678 တိုက္ပြဲေျမျပင္ရဲ႕အလယ္
ေလာ့ေ႐ွာင္ရဲ႕ စကားကိုၾကားၿပီးေနာက္ ခ်ဴးယြန္ကလည္း တြန္႔ဆုတ္မေနပဲ တည္ၿငိမ္စြာ ေျပာလိုက္တယ္။
"ငါ့ကို ႐ႈံးနိမ့္ထားတဲ့ ၿပိဳင္ဘက္ေဟာင္းနဲ႔ ျပန္ေတြ႕ရမယ္လို႔ ထင္မထားခဲ့ဘူး… ႐ိုး႐ိုးသားသားေျပာရရင္ မင္းရဲ႕ စိန္ေခၚလာမႈက ေဟာင္ေ႐ွာင္လုံေလာက္ေတာင္ စိတ္ဝင္စားဖို႔ မေကာင္းဘူး"
ဒီေလွာင္ေျပာင္တဲ့ စကားေတြကိုၾကားၿပီးေနာက္ ေလာ့ေ႐ွာင္ရဲ႕မ်က္ႏွာေပၚမွာ ေဒါသေတြျပည့္ႏွက္သြားခဲ့ပါတယ္။
သူ႕ဆံပင္ေတြက တလူလူလြင့္လာၿပီး သူ႕မ်က္လုံးေတြက မီးဝင္းဝင္းေတာက္လာခဲ့ၿပီေလ။
ထိုစဥ္က ခ်ဴးယြန္ကို ႐ႈံးနိမ့္ခဲ့ၿပီး သူ႕ရဲ႕ တိုက္ပြဲေအာ္သံအကၡရာကို လုယူသြားခံရျခင္းက သူ႕အတြက္ အရိပ္မည္းႀကီးတစ္ခုလို ျဖစ္သြားေစခဲ့ပါတယ္။
ခ်ဴးယြန္ကိုသာ မသတ္ႏိုင္ရင္ ဒီအရိပ္မည္းႀကီးကို ပယ္ဖ်က္ႏိုင္မွာမဟုပ္ပါဘူး။
"မင္းေျပာခ်င္တာေျပာထား… မင္းရဲ႕ ေမာက္မာမႈေတြ ၾကာ႐ွည္မခံေတာ့ပါဘူးကြာ"
ေလာ့ေ႐ွာင္ အသက္ျပင္းျပင္း႐ႈၿပီး ေလွာင္ေျပာင္လိုက္ပါတယ္။
ဒီတစ္ေခါက္ သူက ေသခ်ာျပင္ဆင္လာခဲ့တာေလ။
သူ႕မွာ ယုံၾကည္မႈ႐ွိေနခဲ့ပါတယ္။လြန္ခဲ့တဲ့ႏွစ္ေတြအတြင္းမွာ လ်ိဳ႕ဝွတ္ပုံစံအသစ္ေတြ ေရးဆြဲခဲ့ၿပီး သူ႕ရဲ႕တိုက္ခိုက္ႏိုင္စြမ္းလည္း အလြန္တိုးတက္လာခဲ့ပါတယ္။ေနာက္ၿပီး ေကာင္းကင္မ်က္လုံးကားခ်ပ္လည္း ႐ွိေနေသးတယ္မဟုပ္လား။
"မင္းတိုက္ခိုက္ခ်င္ရင္လည္း တိုက္မယ္… အပိုေတြေျပာမေနနဲ႔"
ခ်ဴးယြန္ ပတ္ဝန္းက်င္ကို တစ္ခ်က္ေဝ့ၾကည့္ၿပီးေနာက္ အားလုံးက တိုက္ခိုက္မႈကို ရပ္တန္႔ေနတာ ျမင္လိုက္ရပါတယ္။
နတ္ဆိုးမ်ိဳးႏြယ္ေရာ ေဒသေလးခုမဟာမိတ္ေတြပါ တိုက္ပြဲကိုရပ္တန္႔ၿပီး သူတို႔ႏွစ္ဦးကို ၾကည့္ေနၾကလို႔ပါ။
တိုက္ပြဲအတြင္း႐ွိ ရာေထာင္ခ်ီတဲ့အၾကည့္ေတြက သူတို႔အေပၚကို က်ေရာက္ေနလို႔ပါ။
ပုံမွန္ဆိုရင္ တိုက္ပြဲေလးတစ္ခုက သူတို႔ကို ဒီေလာက္ဆြဲေဆာင္ႏိုင္မွာမဟုပ္ပါဘူး။
ဒါေပမယ့္ တစ္ဦးက နတ္ဆိုးတစ္ေထာင္ဂိုဏ္းရဲ႕သခင္ေလးျဖစ္ၿပီး အျခားတစ္ဦး ထိပ္တန္းေကာင္းကင္ဂုဏ္ေဆာင္ ပါရမီ႐ွင္တစ္ဦးေလ။ဒါေၾကာင့္ လူတိုင္းက အာ႐ုံစိုက္ေနခဲ့ၾကပါတယ္။
ေနာက္ၿပီး ဒါက လူသားေတြနဲ႔ နတ္ဆိုးေတြၾကားက ျပင္းထန္တဲ့ တိုက္ပြဲႀကီးဆိုတာပါပဲ။
"ဒီအခ်ိန္ကို ငါေစာင့္ေနခဲ့တာၾကာၿပီ"
ေလာ့ေ႐ွာင္ ေအးစက္စက္နဲ႔ ေျပာလိုက္ပါတယ္။သူ႕မ်က္လုံးေတြကလည္း ေအးစက္ေနလို႔ပါ။
"ငါကေတာ့ ဒီတိုက္ပြဲကို စိတ္မဝင္စားဘူး… ဘာျဖစ္လို႔လဲဆိုေတာ့ မင္းမွာ ငါ့ကိုအံ့ဩေစႏိုင္စြမ္းမွ မ႐ွိတာ"
ခ်ဴးယြန္ လ်စ္လ်ဴ႐ႈစြာျပဳံးရင္း ေျပာဆိုလိုက္တယ္။
"ဟုပ္လို႔လားကြ?"
ေလာ့ေ႐ွာင္ ဟိန္းေဟာက္လိုက္တာနဲ႔ စြမ္းအင္လိႈင္းေတြက သူ႕ကိုယ္ကေန ျဖာထြက္လာခဲ့ပါၿပီ။
သူ႕ခႏၶာကိုယ္က ၾကမ္းတမ္းတဲ့ေအာ္ရာေတြ ျဖာထြက္လာၿပီး ပတ္ဝန္းက်င္ကို တုန္ခါသြားေစခဲ့ပါတယ္။
ေလာ့ေ႐ွာင္ အလြန္ျမန္ဆန္တဲ့ႏႈန္းနဲ႔ ခ်ဴးယြန္ဆီကို ပ်ံသန္းသြားခဲ့ပါၿပီ။ၿပီးေနာက္ သူ႕ရဲ႕ခႏၶာကိုယ္ခြန္အားနဲ႔ ခ်ဴးယြန္ကို ထိုးခ်လိုက္ပါေတာ့တယ္။
နတ္ဆိုးမ်ိဳးႏြယ္ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာၾကံ့ခိုင္မႈက ျမင့္မားတယ္ေလ။လူတိုင္းရဲ႕ အၾကည့္ေအာက္မွာပဲ ခ်ဴးယြန္ကို ခႏၶာကိုယ္ခြန္အားနဲ႔ ဖိႏွိမ္ဖို႔ ႀကိဳးစားလိုက္တာပါ။
"ေကာင္းတယ္!"
ခ်ဴးယြန္ရဲ႕ မ်က္လုံးေတြက ေတာက္ပသြားခဲ့ပါတယ္။ခႏၶာကိုယ္သန္႔စင္ျခင္း နည္းလမ္းမ်ိဳးစုံနဲ႔ က်င့္ၾကံထားသူအေနနဲ႔ သူ႕ရဲ႕႐ုပ္ပိုင္းဆိုင္ရာၾကံ့ခိုင္မႈကလည္း နိမ့္က်မေနဘူးေလ။
သူလက္သီးနဲ႔ ျပန္လည္ထိုးႏွက္လိုက္ပါေတာ့တယ္။
"ဝုန္း"
အရာအားလုံး တိတ္ဆိတ္သြားၿပီး ခနၾကာမွာေတာ့ ဟင္းလင္းျပင္က ဝုန္းကနဲ ေပါက္ကြဲထြက္သြားခဲ့ပါၿပီ။
လက္သီးႏွစ္လုံး တိုက္မိတဲ့ေနရာမွာ ဟင္းလင္းျပင္အက္ေၾကာင္းမ်ားစြာ ျဖစ္ေပၚလာေစခဲ့ပါတယ္။
ဒါက ေၾကာက္မက္ဖြယ္စြမ္းအင္လိႈင္းေတြကလည္း ျဖာထြက္လာခဲ့ၿပီေလ။
ဒါက မီတာတစ္ေထာင္အတြင္း အားလုံးကို ႐ိုက္ခတ္သြားခဲ့ၿပီး အဆင့္နိမ့္တဲ့သူေတြက ေသြးေတြအန္ထြက္ကုန္ၾကပါတယ္။
သူတို႔ႏွစ္ေယာက္လည္း အေနာက္ကို ကိုယ္စီဆုတ္လိုက္ရပါၿပီ။ခ်ဴးယြန္က ေျခႏွစ္လွမ္းဆုတ္လိုက္ရၿပီး ေလာ့ေ႐ွာင္က ေျခသုံးလွမ္း ဆုတ္လိုက္ရပါတယ္။
ေလာ့ေ႐ွာင္က ေအးစက္စက္ရယ္ေမာလိုက္ၿပီး
"ခ်ဴးယြန္… ဒီႏွစ္ေတြအတြင္းမွာ မင္းအေတာ္တိုးတက္လာတာပဲ… ဒါေပမယ့္ ငါကမင္းထက္ ပိုသန္မာလိမ့္မယ္"
ေျပာရင္း ေလာ့ေ႐ွာင္က နတ္ဆိုးစြမ္းအင္ေတြနဲ႔ လက္ဝါးတစ္ခ်က္ ႐ိုက္ထုတ္လိုက္ပါတယ္။
ထိုနတ္ဆိုးစြမ္းအင္က ျမန္ဆန္စြာပဲ ထူးျခားတဲ့ အနက္ေရာင္အခိုးေငြ႕ေတြနဲ႔ သားရဲႀကီးအသြင္ ေျပာင္းလဲသြားခဲ့ၿပီေလ။သားရဲ သူ႕ပါးစပ္ကိုဟကာ ခ်ဴးယြန္ဆီကို ေျပးဝင္သြားခဲ့ပါေတာ့တယ္။
"ေကာင္းကင္ၿဖိဳခြင္းလက္သီး!"
ခ်ဴးယြန္ ရယ္ေမာကာ လက္သီးတစ္ခ်က္ ထုတ္ေဖာ္လိုက္ပါၿပီ။
'မင္းမွာ ဘယ္လိုလွည့္ကြက္ပဲ႐ွိပါေစ ငါ့လက္သီးနဲ႔ ဖ်က္ဆီးမယ္'
ဒါက သားရဲကို လြင့္စင္သြားေစခဲ့ပါတယ္။သားရဲရဲ႕ခႏၶာကိုယ္တစ္ဝက္က ၿပိဳလဲသြားခဲ့ၿပီေလ။
ဒီေနာက္ ႏွစ္ဦးသား မတုံ႔ဆိုင္းပဲ တိုက္ခိုက္လိုက္ၾကျပန္ပါၿပီ။
"ဝုန္း ဝုန္း ဝုန္း!"
သူတို႔ႏွစ္ေယာက္က အင္အားအျပည့္ဝထည့္ၿပီး ျပင္းထန္စြာ တိုက္ခိုက္ေနခဲ့ၾကတာပါ။
သူတို႔ရဲ႕ စိတ္ေတြကိုလည္း အဆက္မျပတ္ အလုပ္လုပ္ေစၿပီး ၿပိဳင္ဘက္က တိုက္ခိုက္မလာခင္ ႀကိဳတင္တြက္ခ်က္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။
"အရမ္းျမန္တယ္"
"ျမင္ၾကလား… သူတို႔တိုက္ခိုက္တဲ့အခါ အာကသက တုန္ခါေနရတယ္... အေတာ္ေၾကာက္ဖို႔ေကာင္းတာပဲ"
"ငါသြားၿပီး တိုက္ခိုက္ရရင္ သုံးကြက္ေတာင္ ခံႏိုင္မွာမဟုပ္ဘူး"
နတ္ဆိုးမ်ိဳးႏြယ္နဲ႔ လူသားစစ္သည္ေတြ တုန္လႈပ္စြာ ေျပာဆိုလိုက္ၾကပါတယ္။
ခ်ဴးယြန္ ေလာ့ေ႐ွာင္ရဲ႕ လက္သီးကို သူ႕လက္ဝါးနဲ႔ ႐ိုက္ထုတ္လိုက္ပါတယ္။ၿပီးေနာက္ ေလာ့ေ႐ွာင္ရဲ႕ ေဘးကေန လက္ဝါးတစ္ခ်က္႐ိုက္ထုတ္ၿပီး အေနာက္ကို ဆုတ္သြားေစလိုက္ပါၿပီ။
ေလာ့ေ႐ွာင္ အေနာက္ကိုဆုတ္သြားခ်ိန္ ခ်ဴးယြန္ရဲ႕မ်က္လုံးေတြက ေအးစက္သြားခဲ့ပါတယ္။ၿပီးေနာက္ ေၾကာက္မက္ဖြယ္စြမ္းအင္ေတြနဲ႔ ေျခကန္ခ်က္တစ္ခုကို ထုတ္ေဖာ္လိုက္ၿပီေလ။ဒါက ထက္႐ွတဲ့ဓါးတစ္လက္နဲ႔တူၿပီး ေလထုကိုေတာင္ ထိုးခြဲသြားခဲ့ပါတယ္။
ဒီလိုတိုက္ခိုက္မႈနဲ႔ ရင္ဆိုင္ရခ်ိန္ ေလာ့ေ႐ွာင္လည္း ေပါ့ဆမေနဝံ့ပါဘူး။သူ႕လက္ႏွစ္ဖက္နဲ႔ ေျခကန္ခ်က္ကို ခုခံေပးလိုက္ၿပီေလ။
"ခ်ီ"
ဒါေပမယ့္ ကီစြမ္းအင္လိႈင္းက ဓါးလိႈင္းတစ္ခုအသြင္နဲ႔ ေလာ့ေ႐ွာင္ရဲ႕ရင္ဝကို လွီးျဖတ္သြားခဲ့ပါၿပီ။
"ခ်ဴးယြန္… မင္းငါ့ကို ဒဏ္ရာရေစႏိုင္တာပဲ"
ေလာ့ေ႐ွာင္ သူ႕ႏႈတ္ခမ္းကို သွ်ာနဲ႔တစ္ခ်က္သပ္လိုက္ပါတယ္။ ေ႐ွးေဟာင္းတိုတမ္ေကာ္လံရဲ႕ စြမ္းအင္ကို အသုံးျပဳလိုက္ၿပီးေနာက္ သူ႕အေ႐ွ႕မွာ ေ႐ႊေရာင္အလင္းေတြနဲ႔ သုံးခြမွိန္းႀကီးတစ္ခု ထြက္ေပၚလာခဲ့ပါၿပီ။
ထိုမွိန္းႀကီးက အဆုံးမဲ့စြမ္းအင္လိႈင္းေတြ ထြက္ေပၚေနခဲ့တယ္ေလ။
အထူးသျဖင့္ မွိန္းရဲ႕အစြယ္ေတြက ႏိႈင္းယွဥ္မရႏိုင္တဲ့ေအာ္ရာေတြ ထြက္ေပၚေနလို႔ပါ။ဒါက ေသြးငယ္တဲ့ေႁမြကေလးေတြလို ေလဟာနယ္ကို ပ်က္ယြင္းေနေစခဲ့ပါတယ္။
မွိန္းကို လက္ထဲမွာကိုင္ထားခ်ိန္ ေလာ့ေ႐ွာင္ရဲ႕ တိုက္ခိုက္ႏိုင္စြမ္းက ျမင့္တက္လာခဲ့ပုံရပါတယ္။
မ်က္ေစ့တစ္မွိတ္အတြင္းမွာပဲ ကမ႓ာႀကီးတစ္ခုလုံးကို ပရမ္းပတာျဖစ္ေစႏိုင္တဲ့ အ႐ွိန္ဝါေတြက စစ္ေျမျပင္တစ္ခုလုံးကို ဖုံးလႊမ္းသြားခဲ့ပါၿပီ။
ထိုမွိန္းက ကမ႓ာႀကီးရဲ႕ အုပ္ခ်ဳပ္သူအလား။မွိန္းကို ကိုင္ဆြဲလိုက္ခ်ိန္ ေလာ့ေ႐ွာင္က စစ္ေျမျပင္ကို လႊမ္းမိုးထားတဲ့ ဗိုလ္ခ်ဳပ္တစ္ေယာက္လိုပါပဲ။သူက ေအးစက္စက္နဲ႔ ခ်ဴးယြန္ေခါင္းကို လွမ္းၿပီး ထိုးစိုက္လိုက္ၿပီေလ။
"႐ႊီး"
မွိန္ကေန အလင္းတန္းသုံးခု ထြက္ေပၚလာၿပီး ခ်ဴးယြန္ဆီေျပးဝင္လာခဲ့ပါၿပီ။
ထိုတိုက္ခိုက္မႈနဲ႔ ရင္ဆိုင္ရခ်ိန္ ခ်ဴးယြန္ အနည္းငယ္မွ မေၾကာက္႐ြံ႕ခဲ့ပါဘူး။သူက အံ့မခန္းခြန္အားကို အသုံးျပဳၿပီး လက္သီးတစ္ခ်က္ ျပန္လည္ထုတ္ေဖာ္လိုက္ပါေတာ့တယ္။
ဒီအေျခေနက ေလာ့ေ႐ွာင္ရဲ႕ခြန္အားကို စမ္းသပ္ၾကည့္ဖို႔ အေကာင္းဆုံးပဲေလ။
လက္သီးပုံရိပ္ႀကီးနဲ႔ အလင္းတန္းသုံးခု ေတြ႕ဆုံသြားခဲ့ပါၿပီ။ထိုအလင္းတန္းေတြက အလြန္သန္မာၿပီး လက္သီးပုံရိပ္ကို ထြင္းေဖာက္သြားခဲ့ပါတယ္။ခ်ဴးယြန္ရဲ႕လက္သီးက ေသြးေတြစီးက်လာခဲ့ပါၿပီ။
သူ႕ခႏၶာကိုယ္ကလည္း မီတာအေတာ္မ်ားမ်ားထိ လြင့္စင္သြားၿပီးမွ ျပန္ထိန္းလိုက္ႏိုင္ပါတယ္။
"မဆိုးဘူး… အရင္တုန္းကထက္ မင္းအမ်ားႀကီး ပိုသန္မာလာၿပီ"
ခ်ဴးယြန္ သူ႕လက္ကို ငုံ႔ၾကည့္ရင္း ေျပာလိုက္ပါတယ္။သူ႕ရဲ႕ လက္က အ႐ိုးအခ်ိဳ႕ က်ိဳးသြားၿပီး အေရျပားေအာက္က တိုးထြက္ေနလို႔ပါ။
သူ႕လက္သီးက နာက်င္မႈနဲ႔အတူ လက္တစ္ဖက္လုံး ထုံက်ဥ္ေနလို႔။
သူ႕ႏွလုံးသားထဲမွာေတာ့ လႈပ္႐ွားသြားခဲ့ပါတယ္။
အရင္တုန္းကနဲ႔ယွဥ္ရင္ ေလာ့ေ႐ွာင္က အမ်ားႀကီး ပိုသန္မာခဲ့ၿပီေလ။
"မင္းငါ့ကို စမ္းသပ္ၾကည့္ေနတာလား?"
ေလာ့ေ႐ွာင္ နီရဲေနတဲ့ မ်က္လုံးေတြနဲ႔ ခ်ဴးယြန္ကို လွမ္းၾကည့္လိုက္ပါတယ္။
ေကာင္းကင္ဂုဏ္ေဆာင္ပါရမီ႐ွင္တစ္ဦးအေနနဲ႔ သူအမုန္းဆုံးက တိုက္ပြဲအတြင္းမွာ ၿပိဳင္ဘက္က ကိုယ့္ကို လ်စ္လ်ဴ႐ႈထားျခင္းပါပဲ။
ဒါက ေသေရး႐ွင္ေရးနဲ႔ သက္ဆိုင္တဲ့တိုက္ပြဲေလ။ဒါေပမယ့္ တစ္ဖက္လူက လ်စ္လ်ဴ႐ႈထားခဲ့တယ္မဟုပ္လား။
ဒါက ေလာ့ေ႐ွာင္ကို အ႐ွက္ခြဲခံရသလို ခံစားရေစပါတယ္။
"မဟုပ္ပါဘူး… ဒါက စမ္းသပ္တယ္လို႔ မေျပာရဘူး"
ခ်ဴးယြန္ ေခါင္းကိုခါယမ္းလိုက္ပါတယ္။တစ္ခ်ိန္ထဲမွာပဲ သူ႕လက္႐ွ္ိ ဒဏ္ရာေတြက မယုံႏိုင္စရာအျမန္ႏႈန္းနဲ႔ ျပန္ေကာင္းလာေနလို႔ပါ။မၾကာခင္မွာပဲ ပုံမွန္ျပန္ျဖစ္သြားခဲ့ၿပီေလ။
"မင္းက ငါ့ကို အံ့အားသင့္ေစႏိုင္ဖို႔ အရည္အခ်င္း႐ွိတယ္"
ခ်ဴးယြန္ရဲ႕ မ်က္လုံးေတြက ေတာက္ပသြားခဲ့ပါတယ္။သူ႕အေနာက္မွာေတာ့ အျမင့္ဆုံးစစ္ဝိညာဥ္က တိုက္ပြဲေျမျပင္အလယ္မွာ စစ္နတ္ဘုရားတစ္ပါးလို ထြက္ေပၚလာခဲ့ပါၿပီ။
သိုင္းဝိညာဥ္ထြက္ေပၚလာတာနဲ႔ သူ႕ရဲ႕တိုက္ခိုက္ႏိုင္စြမ္းကလည္း အဆင့္တစ္ခုထိ ထိုးတက္သြားခဲ့ပါေတာ့တယ္။
ေရလ ေဆဘာနဲ႔ ေကာင္းကင္ဓါးကလည္း သူ႕အေ႐ွ႕မွာထြက္ေပၚလာခဲ့ၿပီေလ။တစ္ခ်ိန္ထဲမွာပဲ နတ္ဘုရားခ်ပ္ဝတ္ကိုပါ ဝတ္ဆင္လိုက္ပါေတာ့တယ္။
ခ်ဴးယြန္ အေလးအနက္ထားလာခဲ့ပါၿပီ။
အပိုင္း 679 စိတ္မေကာင္းစရာပဲ… ငါစိတ္မဝင္စားဘူး
ေလာ့ေ႐ွာင္အေနနဲ႔ ခ်ဴးယြန္ဟာ အရင္ကနဲ႔ အနည္းငယ္ကြာျခားလာသလို ခံစားလိုက္ရပါတယ္။
ဒါက သူ႕ရဲ႕အေျပာင္းလဲေၾကာင့္ျဖစ္ႏိုင္ၿပီး တိုက္ခိုက္ႏိုင္းစြမ္းေတြလည္း တိုးလာပုံပါပဲ။
ဒါေပမယ့္ ဒါက ေလာ့ေ႐ွာင္ရဲ႕ ခန္႔မွန္းခ်က္သက္သက္ပါ။ခ်ဴးယြန္သာ စြမ္းရည္နည္းနည္းပဲ႐ွိရင္ တိုက္ပြဲက အေစာႀကီးကတည္းကၿပီးသြားမွာေလ။
"မိုးေျမၿဖိဳခြဲ!"
ေလာ့ေ႐ွာင္ မွိန္းကို လက္ကဆြဲၿပီး ၾကမ္းၾကဳတ္တဲ့ စြမ္းအင္လိႈင္းေတြနဲ႔အတူ ခ်ဴးယြန္ဆီကို ေျပးဝင္သြားခဲ့ပါၿပီ။
"ကလန္"
ခ်ဴးယြန္က ေနရာမွာပဲရပ္ေနေသးၿပီး အနည္းငယ္မွမလႈပ္႐ွားပါဘူး။
ဒါေပမယ့္ ေရလေဆဘာနဲ႔ ေကာင္းကင္ဓါးက ေလထဲမွာ ပ်ံဝဲကာ ေလာ့ေ႐ွာင္ရဲ႕ မွိန္းခ်က္ကို ခုခံလိုက္ပါၿပီ။
ကီကိုအသုံးျပဳကာ ဓါးကိုထိန္းခ်ဳပ္ျခင္း…
ကီကိုအသုံးျပဳကာ ေဆဘာကို ထိန္းခ်ဳပ္ျခင္း…
ဒါက ခ်ဴးယြန္ကို အလြန္ေက်ာ္ၾကားေစခဲ့တဲ့ စြမ္းရည္တစ္ခုပါ။
သူက ဓါးနဲ႔ေဆဘာကို လက္နဲ႔ကိုင္တြယ္မထားေပမယ့္ လူတစ္ေယာက္က ကိုင္ဆြဲကာ တိုက္ခိုက္ေနသလို စြမ္းအားေတြကို ထုတ္ေဖာ္ႏိုင္တယ္ေလ။
ဒါက ခ်ဴးယြန္ရဲ႕ စြမ္းအင္နဲ႔ ေစ့စပ္တဲ့ ထိန္းခ်ဳပ္ႏိုင္စြမ္းေၾကာင့္ပါ။
သူ႕ရဲ႕ မွိန္းက ပိတ္ဆို႔ခံရတာျမင္ၿပီးေနာက္ ေလာ့ေ႐ွာင္ရဲ႕မ်က္လုံးေတြ က်ဥ္းေျမာင္းသြားခဲ့ပါၿပီ။သူ႕လက္က ႂကြက္သားေတြဖုထစ္ထြက္လာတဲ့အထိ အားစိုက္ကာ ေရေဆဘာနဲ႔ ေကာင္းကင္ဓါးကို ျပန္လွန္တြန္းထုတ္လိုက္ၿပီေလ။
"ငါမွတ္မိတာမမွားရင္ ေနာက္ဆုံးတစ္ေခါက္က မင္းသုံးခဲ့တဲ့တိုတမ္ေကာ္လံက ဒါမဟုပ္ပါဘူး… ဘာျဖစ္လို႔ေျပာင္းလိုက္တာလဲ?"
ခ်ဴးယြန္ ျပဳံးရင္းေျပာလိုက္ပါတယ္။
"ဘယ္လိုေ႐ွးေဟာင္းတိုတမ္ေကာ္လံပဲျဖစ္ျဖစ္ မင္းကိုသတ္ႏိုင္ရင္ရၿပီမဟုပ္လား"
ေလာ့ေ႐ွာင္ ေလွာင္ေျပာင္လိုက္ပါတယ္။ၿပီးေနာက္ မွိန္းကိုငဲ့ေစာင္းကာ ခ်ဴးယြန္ကို လွမ္းထိုးလိုက္ပါၿပီ။
ခ်ဴးယြန္က အႀကီးအက်ယ္ မလႈပ္႐ွားခဲ့ပါဘူး။ထိုတိုက္ခိုက္မႈနဲ႔ ရင္ဆိုင္ရခ်ိန္ သူ႕ေခါင္းကိုအသာတိမ္းကာ ေ႐ွာင္ေပးလိုက္ၿပီေလ။
"ခ်ီ!"
မွိန္းက ခ်ဴးယြန္ရဲ႕မ်က္ႏွာအေ႐ွ႕ကေန ျဖတ္သန္းသြားခဲ့ပါတယ္။
ေလာ့ေ႐ွာင္ရဲ႕ မ်က္လုံးေတြက ေတာက္ပသြားၿပီး မွိန္းကို ေဘးတိုက္ဆြဲယမ္းကာ ခ်ဴးယြန္ရဲ႕လည္ၿမိဳကို ျဖတ္ေတာက္ဖို႔ ႀကိဳးစားလိုက္ပါၿပီ။
ဒါေပမယ့္ ခ်ဴးယြန္က အလြန္ျမန္ဆန္ေနလို႔ပါ။သူက ေျခတစ္ခ်က္လွမ္းလိုက္တာနဲ႔ ေလာ့ေ႐ွာင္ရဲ႕အေနာက္ကို ေရာက္သြားပါေတာ့တယ္။
ေလာ့ေ႐ွာင္ရဲ႕ေနာက္ေက်ာက ဝုန္းခနဲ ေပါက္ကြဲသံတစ္ခ်က္ထြက္ေပၚလာၿပီး သူမူးေဝမႈကို ခံစားလိုက္ရပါၿပီ။
"မင္းေသသင့္ၿပီ!"
ေလာ့ေ႐ွာင္ရဲ႕ မ်က္လုံးက နီရဲသြားပါတယ္။တစ္ဖက္လူက သူ႕ကို ကစားသလိုျပဳမူေနတာေလ။
သူေနာက္တစ္ႀကိမ္ ထပ္မံတိုက္ခိုက္လိုက္ပါၿပီ။
ခ်ဴးယြန္က လက္ညိဳးတစ္ခ်က္ၫႊန္လိုက္တာနဲ႔ စြမ္းအင္လိႈင္းေတြက သူ႕မွိန္းကို ႐ိုက္ခတ္ဟန္႔တားလိုက္ျပန္ပါတယ္။
ေလာ့ေ႐ွာင္ရဲ႕ ခႏၶာကိုယ္က တုန္ခါသြားခဲ့ေပမယ့္ ဒါက သူ႕ရဲ႕ လႈပ္႐ွားမႈကို မထိခိုက္ေစခဲ့ပါဘူး။သူ႕မွိန္းကို တစ္ပတ္ေမႊ႕ကာ ႐ိုက္ခ်လိုက္ၿပီး ခ်ဴးယြန္ကို အေနာက္အနည္းငယ္ ဆုတ္သြားေစလိုက္ပါၿပီ။
"႐ႊီး"
ေရလေဆဘာက အလင္းတစ္ခုအသြင္နဲ႔ ေလာ့ေ႐ွာင္ဆီကို ေျပးဝင္သြားခဲ့ၿပီေလ။ေကာင္းကင္ဓါးကလည္း ေနာက္က်မေနပဲ ပ်ံသန္းသြားခဲ့ပါတယ္။
ဓါးနဲ႔ေဆဘာကို ဓါးသမားတစ္ဦးရဲ႕စြမ္းအားနဲ႔ ထိန္းခ်ဳပ္ၿပီး မဟာဖြံ႕ၿဖိဳးျခင္းဓါးသိုင္းနဲ႔လႈပ္႐ွားလိုက္တာပါ။
ေလာ့ေ႐ွာင္ရဲ႕ မ်က္လူံေတြ က်ဥ္းေျမာင္းသြားၿပီး ၾကမ္းတမ္းတဲ့စြမ္းအားေတြနဲ႔ ခ်ဴးယြန္ကို လွမ္းထိုးလိုက္ပါၿပီ။ဒါက စြမ္းအင္လိႈင္းဂယက္ေတြကို ျဖစ္ေပၚေစခဲ့ပါတယ္။
ဒါက သန္မာတဲ့လိႈင္းေတြကိုျဖစ္ေပၚေစၿပီး ေရလေဆဘာနဲ႔ ေကာင္းကင္ဓါးကို ပိတ္ဆို႔လိုက္ၿပီေလ။ၿပီးေနာက္ လက္ဝါးတစ္ခ်က္႐ိုက္ထုတ္လိုက္ပါၿပီ။
ခ်ဴးယြန္ ေအးစက္စက္နဲ႔ လက္ဝါးတစ္ခ်က္ ျပန္႐ိုက္ထုတ္လိုက္ပါတယ္။ဒါက ခ်ဴးယြန္ရဲ႕ ခႏၶာကိုယ္ၾကံ့ခိုင္မႈကို ျပသၿပီး ေလာ့ေ႐ွာင္လို နတ္ဆိုးမ်ိဳးႏြယ္သားနဲ႔ ရင္ဆိုင္ရရင္ေတာင္ ဖိႏွိမ္ႏိုင္ဆဲပါ။
ေလာ့ေ႐ွာင္ အံႀကိတ္လိုက္ပါတယ္။သူ႕ရဲ႕ လက္႐ွိနည္းလမ္းေတြက အလုပ္သိပ္မျဖစ္ဘူးေလ။သူ႕ၿပိဳင္ဘက္ရဲ႕ခြန္အားက သူ႕ထက္ပိုသန္မာတယ္မဟုပ္လား။
ဒါကိုျမန္ျမန္အဆုံးသတ္ႏိုင္မယ့္ နည္းလမ္းတစ္ခု စဥ္းစားရပါလိမ့္မယ္။
ဒီအတိုင္းဆိုရင္ သူမၾကာခင္႐ႈံးနိမ့္ရေတာ့မွာပါ။
"ခရတ္"
ေလာ့ေ႐ွာင္ လက္သီးႏွစ္လုံးကို ဆက္တိုက္ထုတ္ေဖာ္လိုက္ၿပီး ခ်ဴးယြန္ရဲ႕ လက္ဝါး႐ိုက္ခ်က္ကို ခုခံလိုက္ပါတယ္။
ၿပီးေနာက္ သူ႕မ်က္လုံးေတြက ေအးစက္လာၿပီး သူ႕ရင္ဝမွာ တံဆိပ္ေတာ္တစ္ခု ဖန္တီးလိုက္ပါၿပီ။
"ဒီအကြက္က မင္းအသက္ကိုယူမွာကြ"
ဟိန္းေဟာက္ရင္း သူ႕လက္ေတြက ျမန္ဆန္စြာ လႈပ္႐ွားသြားခဲ့ပါတယ္။ျမန္လြန္းလို႔ ေသခ်ာေတာင္ မျမင္ႏိုင္ပါဘူး။
သူ႕လက္ေခ်ာင္းထဲက နီရဲလာၿပီး ေသြးေတြစီးက်လာေတာ့မလိုေတာင္ ထင္ရေစပါတယ္။
"သြားစမ္း!"
ေလာ့ေ႐ွာင္ အလြန္ျမန္ဆန္စြာနဲ႔ ခ်ဴးယြန္ကို အနီေရာင္လက္ညိဳးနဲ႔ ၫႊန္ျပလိုက္ပါၿပီ။
ဒါက အလြန္ျမန္ဆန္တာမို႔ ခ်ဴးယြန္ အသင့္မျဖစ္ခဲ့ပါဘူး။ေသြးအလင္းႏွစ္ခုက သူ႕ရင္ဝကို ထိမွန္သြားခဲ့ၿပီေလ။
ဒါေပမယ့္ ခ်ဴးယြန္က လႈပ္႐ွားမသြားခဲ့ပါဘူး။သူ႕ရင္ဘက္ကို ျပန္ငုံ႔ၾကည့္ကာ ျပဳံးလိုက္ပါၿပီ။
နတ္ဘုရားခ်ပ္ဝတ္ေၾကာင့္ ထိုတိုက္ခိုက္မႈက သူ႕ကို ျပင္းျပင္းထန္ထန္ဒဏ္ရာ မရေစခဲ့ပါဘူး။
ေလာ့ေ႐ွာင္တုန္လႈပ္သြားခဲ့ပါတယ္။
သူ႕ရဲ႕ ေသြးအဆီႏွစ္ကိုသုံးကာ တိုက္ခိုက္ခဲ့ေပမယ့္ ခ်ဴးယြန္ကို ျပင္းျပင္းထန္ထန္ မထိခိုက္ေစခဲ့ဘူးေလ။ခ်ဴးယြန္ရဲ႕ ခႏၶာကိုယ္ေပၚ႐ွ္ိခ်ပ္ဝတ္က အစြမ္းထက္ ကာကြယ္ေရးဝိညာဥ္လက္နက္တစ္ခုျဖစ္ပုံရပါတယ္။
ဒါကိုေတြးၿပီးေနာက္ ခ်ဴးယြန္ရဲ႕ မ်က္ႏွာအမူရာက ေျပာင္းလဲသြားခဲ့ပါတယ္။သူ႕မွာ ကာကြယ္ေရးဝိညာဥ္လက္နက္႐ွ္ိေနရင္ေတာင္ ဘာျဖစ္ေသးလဲ?
"ခ်ဴးယြန္… ေနာက္ဆုံးတစ္ေခါက္က မင္းငါ့ရဲ႕ လ်ိဳ႕တွတ္ပုံစံကို လုသြားခဲ့တယ္… ငါျပန္လာၿပီးေတာ့ အခု အသစ္တစ္ခုထပ္ဆြဲထားလိုက္ၿပီ"
ေလာ့ေ႐ွာင္ သူ႕ရင္ဘက္က အက်ႌကိုဟၿပီး ထိပ္တန္းအဆင့္လ်ိဳ႕ဝွတ္ပုံစံကို ျပသလိုက္ပါတယ္။
ဒါက တိုက္ပြဲေအာ္သံအကၡရာထက္႐ႈပ္ေထြးၿပီး ပိုအႏုစိတ္လြန္းတယ္ေလ။
ခ်ဴးယြန္ ထိုထိပ္တန္းအဆင့္လ်ိဳ႕ဝွတ္ပုံစံကို ခ်က္ခ်င္းသိလိုက္ပါတယ္။
ႏြံ႕ေတာတိုက္ပြဲအကၡရာပါ။
ဒါက ထိပ္တန္းအဆင့္ လ်ိဳ႕ဝွတ္ပုံစံျဖစ္ၿပီး အသုံးျပဳတဲ့အခါ ၿပိဳင္ဘက္ကို လုံးဝဖိအားေပးထားၿပီး ႐ႊံ႕ႏြံ႕ေတာထဲမွာ နစ္ျမဳပ္ေနသလို ခံစားရေစပါလိမ့္မယ္။
ဒါကလည္း တိုက္ခိုက္ေရးအတြက္ အလြန္သင့္ေတာ္တဲ့အရာပါ။
"ႏြံ႕ေတာတိုက္ပြဲအကၡရာ… ဒါဆိုရင္ေတာ့ ျပႆနာပဲ"
လူသားေတြထဲက ဗဟုသုတႂကြယ္ဝတဲ့ ဂိုဏ္းခ်ဳပ္ႀကီးအခ်ိဳ႕က ႐ႈပ္ေထြးတဲ့မ်က္ႏွာအမူရာနဲ႔ ေျပာလိုက္ပါတယ္။
"ခင္ဗ်ားက အဲဒီအကၡရာကို သိတာလားဗ်… ဘာလဲဆိုတာ ႐ွင္းျပစမ္းပါဦး!"
ထိုလ်ိဳ႕ဝွတ္ပုံစံကို နားမလည္တဲ့ လူေတြက အျမန္ေမးလိုက္ၾကပါတယ္။
"အဲတာက ႏြံေတာတိုက္ပြဲအကၡရာတဲ့… ဒါကိုအသုံးျပဳလိုက္တာနဲ႔ တိုက္ခိုက္မႈတိုင္းက ႏြံ႕ေတာထဲမွာ နစ္ျမဳပ္ေနသလို မင္းကို ဖိအားေပးထားလိမ့္မယ္… မင္းက အဆုံးမဲ့ ႏြံ႕အိုင္ထဲမွာ ပိတ္မိေနသလို ႀကီးမားတဲ့ဖိအားႀကီးကို ခံစားေနရေတာ့မွာ"
ဂိုဏ္းခ်ဳပ္ႀကီးေတြက သုန္မႈန္ေနတဲ့မ်က္ႏွာနဲ႔ ႐ွင္းျပလိုက္ၾကပါတယ္။သူတို႔က ထိုႏြံ႕ေတာတိုက္ပြဲအကၡရာကို အလြန္စိုးရိမ္ထိတ္လန္႔ေနတာ သိသာပါတယ္"
"တစ္ကယ္ပဲလား? ဒါဆိုရင္ ခ်ဴးယြန္ေတာ့ အႏၲရယ္႐ွ္ိေနၿပီေပါ့"
ဂိုဏ္းခ်ဳပ္ႀကီးေတြ တစ္ဦးကိုတစ္ဦး စိုးရိမ္စြာ ၾကည့္လိုက္ၾကပါတယ္။
"မင္း ႏွစ္ေပါင္းအေတာ္ၾကာ တံခါးပိတ္က်င့္ၾကံၿပီးေတာ့ ငါ့ကိုအံ့အားသင့္ေစမွာက ဒီဟာလား?"
ခ်ဴးယြန္ရဲ႕မ်က္ႏွာက အေျပာင္းလဲမ႐ွိပါဘူး။
ႏြံ႕ေတာတိုက္ပြဲအကၡရာက ေကာင္းမြန္ေပမယ့္ သူ႕မွာက သူေတာ္စင္အဆင့္ တိုက္ပြဲေအာ္သံအကၡရာ႐ွိေနတယ္မဟုပ္လား။
"ဒီႏြံ႕ေတာတိုက္ပြဲအကၡရာက တိုက္ပြဲေအာ္သံအကၡရာထက္ပိုၿပီး ကိုင္တြယ္ရခက္ခဲတယ္ေနာ္… မင္းမွာ စြမ္းရည္႐ွိရင္ ငါ့ရဲ႕ ႏြံ႕ေတာတိုက္ပြဲအကၡရာကို ရေအာင္ယူစမ္း"
ေလာ့ေ႐ွာင္ ရယ္ေမာရင္း ခ်ဴးယြန္ဆီကို ဦးတည္ကာ ေျပးလႊားလိုက္ေတာ့တယ္။
သူေအာ္ဟစ္လိုက္တာနဲ႔ သူ႕ခႏၶာကိုယ္ေပၚ႐ွ္ိ အကၡရာေတြက ေတာက္ပတဲ့အလင္းေတြ ထြက္ေပၚလို႔လာခဲ့ၿပီေလ။
"စိတ္မေကာင္းစရာပဲ… ငါအဲတာကိုမႀကိဳက္ဘူး"
ခ်ဴးယြန္ ေလွာင္ေျပာင္လိုက္ၿပီး တြန္႔ဆုတ္ျခင္းမ႐ွိပဲ တိုက္ပြဲေအာ္သံအကၡရာကို အသက္သြင္းလိုက္ပါၿပီ။
"ဝုန္း"
ေၾကာက္မက္ဖြယ္ေအာ္ရာေတြက ခ်ဴးယြန္ရဲ႕ခႏၶာကိုယ္က ထြက္ေပၚလာၿပီး ပတ္ဝန္းက်င္တစ္ခြင္ကို တုန္ခါသြားေစခဲ့ပါၿပီ။
ေျမျပင္က အက္ကြဲသြားၿပီး ဖုန္ေတြတေထာင္းေထာင္းထလာခဲ့ပါတယ္။
"အစြမ္းထက္လိုက္တာ!"
တိုက္ပြဲအတြင္း လူတိုင္းရဲ႕အၾကည့္ေတြက ခ်ဴးယြန္အေပၚကို က်ဆင္းလာခဲ့ပါေတာ့တယ္။
လူတိုင္းက သူတို႔ျမင္ေတြ႕ေနရတာကို မယုံၾကည္ႏိုင္ခဲ့ၾကပါဘူး။
ခ်ဴးယြန္ရဲ႕ခႏၶာကိုယ္ေပၚမွာ ေတာက္ပတဲ့အလင္းေတြျဖာထြက္ေနၿပီး သူ႕ရဲ႕ေအာ္ရာေတြက အရင္ကထက္ ႏွစ္ဆခန္႔ ပိုျမင့္မားလာခဲ့တယ္ေလ။
ဒါက ဘာလဲ! ဒီလိုလ်ိဳ႕ဝွတ္ပုံစံမ်ိဳး ႐ွိေနေသးတာလား?
လူတစ္ေယာက္ရဲ႕စြမ္းအားကို ႏွစ္ဆပိုတိုးသြားေစတာေလ!
"ငါနဲ႔ယွဥ္ၿပိဳင္ဖို႔ ဘယ္သူက မင္းကိုသတၱိေတြေပးခဲ့တာလဲ?"
ခ်ဴးယြန္ရဲ႕ မ်က္လုံးေတြက နီရဲလာခဲ့ၿပီေလ။ဒါပ သူ႕ရဲ႕ဆင္ျခင္ႏိုင္စြမ္းကို မဆုံး႐ႈံးသြားေစေပမယ့္ ပိုၿပီး ၾကမ္းတမ္းလာေစခဲ့ပါတယ္။
"ဝုန္း"
ခ်ဴးယြန္ ေလာ့ေ႐ွာင္ဆီကို လက္သီးတစ္ခ်က္ ထုတ္ေဖာ္လိုက္ပါၿပီ။
ႏြံ႕ေတာတိုက္ပြဲအကၡရာေၾကာင့္ ျဖစ္ေပၚလာတဲ့ဖိအားက ခ်ဴးယြန္ရဲ႕လက္သီးခ်က္ေၾကာင့္ ေၾကမြသြားခဲ့ပါေတာ့တယ္။
ေနာက္ၿပီး ေလာ့ေ႐ွာင္ကိုပါ အေနာက္ကို လြင့္စင္သြားေစခဲ့ပါတယ္။
ေလာ့ေ႐ွာင္ တုန္လႈပ္သြားခဲ့ပါၿပီ။
'သူက ငါ့ရဲ႕တိုက္ပြဲေအာ္သံအကၡရာကိုပဲ အသုံးျပဳထားေပမယ့္ သူ႕ခြန္အားရဲ႕ ႏွစ္ဆအထိ ဘယ္လို ျမင့္တင္ေပးႏိုင္ခဲ့တာလဲ?'
ေလာ့ေ႐ွာင္ အေျခေနကို နားမလည္ႏိုင္ခင္မွာပဲ ခ်ဴးယြန္က သားရဲသုံးဆယ့္ေျခာက္ေကာင္ ေကာင္းကင္ဘုံကိုျဖတ္သန္းျခင္း လ်ိဳ႕ဝွတ္ပုံစံကို အသုံးျပဳလိုက္ၿပီေလ။သူက ေလာ့ေ႐ွာင္ရဲ႕ေခါင္းေပၚမွာ တေစၧတစ္ေကာင္လို ျပန္ေပၚလာခဲ့ပါၿပီ။
ေလာ့ေ႐ွာင္ တုန္လႈပ္သြားၿပီး သူ႕လက္ႏွစ္ေခ်ာင္းကို ဓါးတစ္လက္အသြင္နဲ႔ ခ်ဴးယြန္ရဲ႕ရင္ဝကို ထိုးစိုက္လိုက္ပါတယ္။
"ကလန္!"
အသံတစ္ခ်က္နဲ႔အတူ သူ႕လက္က နာက်င္မႈကို ခံစားလိုက္ရပါေတာ့တယ္။သူ႕လက္ေတြက မာေက်ာတဲ့သံမဏိကိုထိုးလိုက္ရသလို ခံစားလိုက္ရတာပါ။
သူ ခ်ဴးယြန္ရဲ႕ခႏၶာကိုယ္႐ွိ ခ်ပ္ဝတ္ကို မၾကည့္ပဲမေနႏိုင္ေတာ့ပါဘူး။
ခ်ဴးယြန္ရဲ႕ ခုခံမႈကို အရင္ကထက္ အမ်ားႀကီစပိုသန္မာလာေစေအာင္ ဒါက ဘယ္လိုခ်ပ္ဝတ္မ်ိဳးလဲ?
"ျဖန္း!"
အသံတစ္ခ်က္နဲ႔ ခ်ဴးယြန္ ေလာ့ေ႐ွာင္ရဲ႕မ်က္ႏွာကို ၾကမ္းတမ္းစြာ႐ိုက္ႏွက္လိုက္ပါၿပီ။
ေလာ့ေ႐ွာင္ရဲ႕ခႏၶာကိုယ္က ဥကၠာခဲတစ္လုံးေႂကြက်လာသလို ေျမေပၚကို အ႐ွိန္ျပင္းစြာ ျပဳတ္က်သြားပါေတာ့တယ္။
ေျမက်င္းထဲက ျပန္ခုန္တက္လာၿပီးေနာက္ ခ်ဴးယြန္ကို အံ့အားသင့္စြာၾကည့္လိုက္ပါတယ္။
ဘယ္သူမွ သူ႕မ်က္ႏွာကို မ႐ိုက္ဖူးခဲ့ပါဘူး။
ဒါေပမယ့္ ခ်ဴးယြန္ကေတာ့ ႐ိုက္ႏွက္ခဲ့တယ္ေလ။
ေလာ့ေ႐ွာင္ရဲ႕ မ်က္လုံးထဲမွာ ႐ူးသြပ္မႈေတြ ျပည့္ႏွက္သြားခဲ့ပါေတာ့တယ္။
အပိုင္း 680 အခုခ်က္ခ်င္းလာစမ္း
ေလာ့ေ႐ွာင္ရဲ႕ မ်က္လုံးေတြက ေၾကာက္မက္ဖြယ္အလင္းေတြ ျပည့္လို႔။သူ႕လက္တစ္ဖက္က ေျမျပင္ကို႐ိုက္ခ်ကာ ေကာင္းကင္ေပၚကို ခုန္တက္သြားဖို႔ အားယူလိုက္ပါတယ္။ အျခားလက္တစ္ဖက္ကေတာ့ ပ်န္းခ်ီကားတစ္ခ်ပ္ကို ထုတ္ယူလိုက္ပါၿပီ။
ေလာ့ေ႐ွာင္ရဲ႕ လက္ထဲက ပန္းခ်ီကားခ်ပ္က ဆန္းက်ယ္တဲ့အလင္းေတြထြက္ေပၚေနလို႔ပါ။ဒါက အလြန္ထူးျခားၿပီး ဆန္းက်ယ္တဲ့ဝိညာဥ္လက္နက္တစ္ခုလိုပါပဲ။
"ခ်ဴးယြန္… ငါ့ရဲ႕ တိုက္ခိုက္ႏိုင္စြမ္းက မင္းေလာက္မေကာင္းသလို ငါ့ရဲ႕ဝွတ္ဖဲေတြက မင္းေလာက္မေကာင္းေပမယ့္ မင္းငါ့ကို အႏိုင္ယူႏိုင္မယ္ဆိုတာ ေသခ်ာလား!?"
ေလာ့ေ႐ွာင္ အက္႐ွ႐ွအသံနဲ႔ ရယ္ေမာလိုက္ပါတယ္။
ခ်ဴးယြန္ မ်က္ခုံးတစ္ခ်က္ပင့္လိုက္ပါၿပီ။ထိုပန္းခ်ီကားက သာမန္မဟုပ္တဲ့ ရတနာတစ္ခုမ်ားလား?
ကစားပြဲကိုေျပာင္းလဲဖို႔ ဒီအရာကိုမွီခိုခ်င္တာလား?
ေဝခ်ီက ေလာ့ေ႐ွာင္ရဲ႕လက္ထဲက ပန္းခ်ီလိပ္ကို ျမင္ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္သြားခဲ့ပါတယ္။သူ႕နဖူး႐ွိ တတိယမ်က္လုံးကိုပြတ္ၿပီး ေရ႐ႊတ္လိုက္တယ္။
"ဒီပန္းခ်ီလိပ္ကို ရင္းႏွီးေနတယ္လို႔ ဘာလို႔ခံစားေနရတာလဲ… ဒါက ေကာင္းကင္မ်က္လုံးကားခ်ပ္နဲ႔ေတာ့တူတယ္… ဒါေပမယ္ ငါ့မ်ိဳးႏြယ္ရဲ႕ ေကာင္းကင္မ်က္လုံးကားခ်ပ္က ဘာလို႔ ေလာ့ေ႐ွာင္ရဲ႕လက္ထဲမွာ ျပန္ေပၚလာရမွာလဲ?"
ေဝခ်ီဆိုတာက လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာက ေက်ာ္ၾကားခဲ့တဲ့ ထရတ္ေတြရဲ႕ အသန္မာဆုံးစစ္သည္ေတာ္… မ်ိဳးႏြယ္စုေခါင္းေဆာင္တစ္ေယာက္ပါ။
တစ္ကယ္လို႔ မု႐ုံခန္းသာ သူ႕ကိုအႏိုင္ယူၿပီး ခ်ဴးေလာကကို ေခၚမသြားခဲ့ရင္ အခုခ်ိန္ထိ သူက ထရတ္ေတြရဲ႕ ေခါင္းေဆာင္ႀကီးျဖစ္ေနဦးမွာေလ။
ဒါေၾကာင့္ပဲ ေကာင္းကင္မ်က္လုံးကားခ်ပ္ကို သူရင္းႏွီးသလိုခံစားေနခဲ့ရတာပါ။
ဒါေပမယ့္ ေလာ့ေ႐ွာင္က နတ္ဆိုးတစ္ေထာင္ဂိုဏ္းရဲ႕သခင္ေလးျဖစ္ၿပီး ထရတ္ေတြနဲ႔ ဘာမွမသက္ဆိုင္ဘူးမဟုပ္လား။
ေဝခ်ီ ဒါကို ရင္းႏွီးေနတယ္လို႔ ခံစားေနရေပမယ့္ သူအျခားဘာမွေတြးလို႔မရခဲ့ပါဘူး။
"ဒီပန္းခ်ီကားနဲ႔ဆိုရင္ ငါမင္းကိုသတ္ႏိုင္တယ္ကြ"
ေလာ့ေ႐ွာင္ ေတာက္ပေနတဲ့မ်က္လုံးေတြနဲ႔ ေကာင္းကင္မ်က္လုံးကားခ်ပ္ကို ဖြင့္လိုက္ပါေတာ့တယ္။
ပန္းခ်ီကားထဲမွာေတာ့ အျခားဘာပုံမွမေရးဆြဲထားပဲ ေၾကာက္မက္ဖြယ္ မ်က္လုံးေတြသာ ျပည့္ႏွက္စြာ႐ွိေနခဲ့တာပါ။
ထိုမ်က္လုံးေတြက အသက္ဝင္လာပုံရၿပီး ဆန္းက်ယ္စြာနဲ႔ ခ်ဴးယြန္ကိုစိုက္ၾကည့္လာခဲ့ပါၿပီ။
နတ္ဆိုးမ်က္လုံးေတြလို အနက္ေရာင္အခိုးေငြ႕ေတြထြက္ေပၚေနၿပီး သိပ္သည္းတဲ့ေသျခင္းအေငြ႕သက္ေတြနဲ႔ ျပည့္ႏွက္ေနလို႔ပါ။
ေကာင္းကင္မ်က္လုံးကားခ်ပ္ကို ဖြင့္လိုက္တာနဲ႔ အရာအားလုံးက တိတ္ဆိတ္သြားခဲ့ပါေတာ့တယ္။
ထိုမ်က္လုံးေတြကို ၾကည့္မိတာနဲ႔ ခ်ဴးယြန္ရဲ႕ မ်က္လုံးေတြက အသက္မဲ့သလို ျဖစ္သြားခဲ့ၿပီး သူ႕ဝိညာဥ္ကို စုပ္ယူဆြဲထုတ္ေနသလို ခံစားလိုက္ရပါၿပီ။
တိုက္ပြဲေျမျပင္အတြင္း႐ွိ လူတိုင္းတုန္ရီသြားခဲ့ၾကၿပီး ေအာ္ဟစ္လိုက္ၾကပါတယ္။
"ဒါက ဘာပန္းခ်ီလဲဟ? ဟင္းလင္းျပင္ကိုပါ ပိတ္ဆို႔လိုက္ၿပီ!"
အားလုံး တုန္လႈပ္သြားၿပီး ဘယ္သူမွ ေကာင္းကင္မ်က္လုံးကားခ်ပ္ကို မၾကည့္ရဲၾကပါဘူး။
အဆင့္ငါး၊ အဆင့္ေျခာက္ဂိုဏ္းခ်ဳပ္ေတြေတာင္ တုန္ရီသြားခဲ့ၾကပါတယ္။
ထိုပန္းခ်ီကားက အလြန္ထူးျခားၿပီး အစြမ္းထက္ေနတယ္ေလ။ဒါက သာမန္ထိပ္တန္းအဆင့္ဝိညာဥ္လက္နက္မျဖစ္ႏိုင္ေတာ့ပါဘူး။
ေရဝဲငယ္ေလးေတြလည္းျဖစ္ေပၚေနလို႔။ဒါေတြအားလုံး စုေဝးသြားခ်ိန္မွာေတာ့ ေရဝဲႀကီးတစ္ခုျဖစ္ေပၚလာပါေတာ့တယ္။အနက္ေရာင္စြမ္းအင္က ျဖစ္ေပၚလာတဲ့ထိုေလထုက ခ်ဴးယြန္ရဲ႕ခႏၶာကိုယ္နဲ႔စိတ္ဝိညာဥ္ကို လုံးဝဖိအားေပးထားခဲ့ၿပီေလ။
ခ်ဴးယြန္သာ ထိုအနက္ေရာင္ေရဝဲကိုျမင္ေနရတာပါ။
အျခားသူေတြရဲ႕မ်က္လုံးထဲမွာေတာ့ ခ်ဴးယြန္က ေလထဲမွာ မလႈပ္မယွတ္ရပ္ေနတာပဲ ျမင္ခဲ့ရပါတယ္။
ထိုစြမ္းအားႀကီးက ခ်ဴးယြန္ရဲ႕စိတ္ဝိညာဥ္ကိုပဲ ပစ္မွတ္ထားခဲ့တာပါ။သူ႕ရဲ႕စိတ္ဝိညာဥ္ကို ႀကီးမားတဲ့လက္ႀကီးတစ္ဖက္က အတင္းၾကပ္ဆုပ္ကိုင္ကာ ဆြဲထုတ္ေနခဲ့သလိုပါပဲ။
"ေသစမ္း… ငါ့ဝိညာဥ္ကိုဆြဲယူေနတာပဲ"
ထိုပန္းခ်ီကားက ထြက္ေပၚေနတဲ့စြမ္းအားေတြေၾကာင့္ သူ႕ခႏၶာကိုယ္က ထိန္းခ်ဳပ္မရေတာ့ဘူးေလ။
အထူးသျဖင့္ သူ႕ရဲ႕စိတ္ဝိညာဥ္ကို အတင္းအၾကပ္ဆြဲထုတ္ခံေနရျခင္းပါ။ဒီနာက်င္မႈက သူ႕ရဲ႕ ႐ုပ္ခႏၶာကျဖစ္ေပၚလာတာထက္ မ်ားစြာ သာလြန္ေနခဲ့ပါၿပီ။
ေလာ့ေ႐ွာင္ကေတာ့ ခ်ဴးယြန္ကိုၾကည့္ၿပီး ေမာက္မာစြာ ရယ္ေမာလိုက္ပါတယ္။
ခ်ဴးယြန္က သူ႕ႏွလုံးသားကိုႀကီးစိုးထားတဲ့ နတ္ဆိုးတစ္ေကာင္လိုပဲေလ။ခ်ဴးယြန္ကိုသာ ဒီတိုက္ပြဲမွာ သတ္လိုက္ႏိုင္ရင္ တိုင္ဂန္တိုက္ႀကီးရဲ႕ စိတ္ဓါတ္တက္ႂကြမႈကို က်ဆင္းသြားေစႏိုင္တယ္မဟုပ္လား။
တိုင္ဂန္တိုက္ႀကီးရဲ႕ နံပါတ္တစ္ပါရမီ႐ွင္က သူ႕လက္ထဲမွာ က်ဆုံးရေတာ့မယ္ေလ။ဒီထက္ပိုၿပီး ဂုဏ္ယူစရာ႐ွိပါဦးမလား?
ေနာက္ၿပီး ဒီတိုက္ပြဲကို ႏွစ္ဖက္လုံးက ေစာင့္ၾကည့္ေနၾကတာပါ။
သူ႕ရဲ႕အႏိုင္အ႐ႈံးက နတ္ဆိုးမ်ိဳးႏြယ္ရဲ႕ မ်က္ႏွာနဲ႔ သက္ဆိုင္ပါလိမ့္မယ္။
ဒါေၾကာင့္ သူႏိုင္မွျဖစ္မွာပါ!
"ဒါက နာက်င္လြန္းတယ္… ငါ့စိတ္ဝိညာဥ္ကို လုံးဝထိန္းခ်ဳပ္လို႔မရေတာ့ဘူး"
ခ်ဴးယြန္ ႐ူးသြပ္စြာ ခုခံဖို႔ႀကိဳးစားပါတယ္။ဒါေပမယ့္ သူ႕ရဲ႕ခႏၶာကိုယ္နဲ႔ စိတ္ဝိညာဥ္ သူ႕ရဲ႕ထိန္းခ်ဳပ္မႈေအာင္မွာ ႐ွိမေနေတာ့ဘူးေလ။
"ခ်ဴးယြန္… ဒီလိုေန႔မ်ိဳး႐ွိလာမယ္လို႔ မင္းတစ္ခါမွ ထင္မထားခဲ့ဘူးမဟုပ္လား?"
ေလာ့ေ႐ွာင္ စိတ္ဓါတ္တက္ႂကြစြာနဲ႔ ခ်ဴးယြန္ကိုၾကည့္ၿပီး ေျပာလိုက္တယ္။
"တိုက္ပြဲေအာ္သံအကၡရာကိုလား… ဟားဟားဟား… မပူပါနဲ႔၊ မင္းေသသြားတဲ့အခါ သူေတာ္စင္အဆင့္ တိုက္ပြဲေအာ္သံအကၡရာကို ငါျပန္ယူလိုက္ပါမယ္… မင္းတို႔ လူေတြလိုဆိုရင္ေတာ့ ေခ်းထားတာကို ျပန္ေပးဆပ္တယ္ေပါ့ကြာ!"
"ငါတို႔ႏိုင္မွာပါကြာ!"
"ေက်ာ္ၾကားတဲ့ ခ်ဴးယြန္ေတာ့ ေသခ်ာေပါက္ ႐ႈံးရေတာ့မယ္ေဟ့"
"အမွန္ပဲ"
နတ္ဆိုးေတြ အလြန္စိတ္ဓါတ္တက္ႂကြလာခဲ့ၾကပါတယ္။
သူတို႔အျမင္မွာ လူသားေတြရဲ႕ ေကာင္းကင္ဂုဏ္ေဆာင္ပါရမီ႐ွင္ဆိုတာ သာမန္ပါပဲ။
"ခ်ဴးယြန္ဘာျဖစ္တာလဲ? သူဘာလို႔မလႈပ္႐ွားေတာ့တာလဲ?"
"သူလွည့္ကြက္ေတြသုံးေနတာမ်ားလား?"
"နတ္ဆိုးမ်ိဳးႏြယ္ကို ဘာလို႔အ႐ႈံးေပးရမွာလဲ? ခ်ဴးယြန္ ျမန္ျမန္ႏိုးထလိုက္စမ္းပါ!"
လူသားေတြဘက္ကလည္း စိုးရိမ္ေၾကာင့္ၾကစြာနဲ႔ ေအာ္ဟစ္လာခဲ့ၾကပါတယ္။
ခ်ဴးယြန္ရဲ႕ မိတ္ေဆြေကာင္းေတြဆိုရင္ မေနႏိုင္မထိုင္ႏိုင္ျဖစ္လာၾကပါတယ္။
တန္းဇီ႐ွန္းရဲ႕ လွပတဲ့မ်က္ႏွာေပၚမွာလည္း စိုးရိမ္ပူပန္မႈေတြျပည့္လို႔။သူမက ႀကိမ္ဖန္မ်ားစြာ ေျပးဝင္တိုက္ခိုက္ဖို႔ ႀကိဳးစားခဲ့တယ္ေလ။ တန္းဟြာရန္က တားဆီးထားခဲ့လို႔သာ မတိုက္ခိုက္ျဖစ္ခဲ့တာပါ။
"အမ… ဒါက သူတို႔ၾကားကတိုက္ပြဲပဲေလ… နင္ဝင္စြတ္ဖက္လို႔မရဘူး"
တန္းဟြာရန္လည္း အလြန္ေဒါသထြက္ေနခဲ့ပါတယ္။
"ဒါေပမယ့္…"
တန္းဇီ႐ွန္း လက္မခံႏိုင္ပါဘူး။ဒါက သူတို႔ႏွစ္ဦးၾကားက တိုက္ပြဲဆိုရင္ေတာင္ ခ်ဴးယြန္ေသသြားမွာကိုေတာ့ ဒီအတိုင္းထိုင္ၾကည့္မေနႏိုင္ဘူးေလ။
"ခ်ဴးယြန္ကိုယုံပါ… သူဘာမွမျဖစ္ပါဘူး"
တန္းဟြာရန္လည္း စိုးရိမ္ေနေပမယ့္ သူ႕စိတ္ထဲကေတာ့ ခ်ဴးယြန္ကို ယုံၾကည္ေနခဲ့ပါတယ္။
အျခားတစ္ဖက္မွာေတာ့ မူတုက ေဆာက္တည္ရာမရျဖစ္ေနလို႔ပါ။
"မူတု… မင္းဘာေတြလႈပ္လႈပ္႐ွား႐ွားျဖစ္ေနတာလဲ"
မူတုက သူ႕ႏွာေခါင္းကိုပြတ္ၿပီး မဟာပညာ႐ွိကို အလ်င္စလိုမျဖစ္ဖို႔ ေျပာလိုက္ပါတယ္။
"လခြမ္း… ငါက ၿငိမ္ၿငိမ္ေနလို႔ရမလားကြ… ဒီဘုရင္က သူနဲ႔ဝိညာဥ္စာခ်ဳပ္ခ်ဳပ္ထားတာ… သူေသရင္ ဒီဘုရင္ပါေသလိမ့္မယ္!"
မူတု ေျပးဝင္တိုက္ခိုက္ခ်င္ေနခဲ့ပါၿပီ။ဒါေပမယ့္ ဒီေနရာမွာ အစြမ္းထက္နတ္ဆိုးေတြ႐ွိေနေၾကာင္း သူအာ႐ုံရေနခဲ့တယ္ေလ။ဒါေၾကာင့္ သူတြန္႔ဆုတ္ေနခဲ့ပါတယ္။
"သူေျပာတာမွန္ၿပီး ဘာမွမျဖစ္ပါေစနဲ႔"
ရီလီလီလည္း တီးတိုးေရ႐ႊတ္လိုက္ပါတယ္။
ေက်းဇူးျပဳၿပီး မေသပါနဲ႔!
တိုက္ပြဲအတြင္းမွာေတာ့ ခ်ဴးယြန္က မလႈပ္မယွတ္ရပ္ေနဆဲပါ။သူ႕မ်က္လုံးေတြက အသက္မဲ့ေနခဲ့သလိုပါပဲ။
သူ႕ဝိညာဥ္တစ္ဝက္ေလာက္က ခႏၶာကိုယ္အျပင္ကို ဆြဲထုတ္ျခင္းခံလိုက္ရၿပီေလ။
သူ႕ဝိညာဥ္က ေကာင္းကင္မ်က္လုံးကားခ်ပ္ထဲကို မေရာက္ဖို႔ အသည္းအသန္႐ုန္းကန္ေနလို႔။
ဝိညာဥ္သာ လုံးဝဆြဲထုတ္ခံလိုက္ရရင္ သူ႕ရဲ႕ အသက္ဝိညာဥ္ကင္းမဲ့ေနတဲ့ ခႏၶာကိုယ္ႀကီးပဲ က်န္ရစ္ခဲ့ေတာ့မွာပါ။သူ႕ရဲ႕စိတ္ဝိညာဥ္က ေကာင္းကင္မ်က္လုံးကားခ်ပ္ထဲမွာ အက်ဥ္းခ်ခံလိုက္ရပါလိမ့္မယ္။
"ႏႈတ္ဆက္ပါတယ္ခ်ဴးယြန္!"
ေလာ့ေ႐ွာင္ ေျပာဆိုလိုက္ပါတယ္။
"ေကာင္းကင္မ်က္လုံးကားခ်ပ္က ဒီမွာပါလား"
ဒီအခ်ိန္မွာပဲ အသံတစ္ခ်က္ ထြက္ေပၚလာခဲ့ပါၿပီ။
ေဝခ်ီ ေဒါသနဲ႔ ႐ွက္႐ြံ႕မႈေတြျပည့္ႏွက္ေနတဲ့မ်က္ႏွာနဲ႔ ေအာ္ဟစ္လိုက္ပါတယ္။
"ငါႏွစ္နည္းနည္းေလးမ႐ွိလိုက္တာနဲ႔ မင္းက နတ္ဆိုးမ်ိဳးႏြယ္ရဲ႕ ေနာက္လိုက္ေခြးလုပ္ဝံ့ေနၿပီ… မင္းကိုဘယ္သူက သတၱိေတြေပးေနတာလဲ"
မေရတြက္ႏိုင္တဲ့အၾကည့္ေတြက ေဝခ်ီရဲ႕အေပၚကို ခ်က္ခ်င္း က်ေရာက္လာခဲ့ပါတယ္။
ဒီလူက ေခါင္းမေကာင္းေတာ့တာလား?
နတ္ဆိုးမ်ိဳးႏြယ္သားေတြ ေဝခ်ီကို အထင္ျမင္ေသးစြာၾကည့္လိုက္ၾကပါတယ္။
သူသားေတြက ဝက္လို ငတုံးေတြလား!
ဒီအခ်ိန္ေရာက္မွ ကစားပြဲကို ျပန္လွည့္ခ်င္တယ္ေပါ့!
ဒါေပမယ့္ ဒီအခ်ိန္မွာပဲ ေကာင္းကင္မ်က္လုံးကားခ်ပ္က အမွားလုပ္မိတဲ့ကေလးတစ္ေယာက္လို တုန္ခါသြားပါတယ္။ဒီေနာက္ သူ႕မ်က္လုံးေတြကိုပိတ္ၿပီး အနက္ေရာင္အလင္းေတြကို ခ်က္ခ်င္း႐ုတ္သိမ္းသြားခဲ့ၿပီေလ။
"ဘာ… ဘာျဖစ္တယ္!"
ေလာ့ေ႐ွာင္ တုန္လႈပ္သြားပါတယ္။
ဒါက ဘယ္လိုဟာသလဲ! ဒါက ေသျခင္း႐ွင္ျခင္းရဲ႕အခ်ိန္… ခ်ဴးယြန္ရဲ႕ဝိညာဥ္ကို လုံးဝဆြဲထုတ္ပစ္ႏိုင္ေတာ့မယ့္အခ်ိန္ေလ… ႐ုတ္တရက္ႀကီး ဘာထျဖစ္တာလဲ!
"ဝွစ္"
ေကာင္းကင္မ်က္လုံးကားခ်ပ္က ႐ုတ္တရက္ ေလာ့ေ႐ွာင္ရဲ႕လက္ထဲက ႐ုန္းထြက္ကာ သူ႕ဘာသာ ေဝခ်ီဆီကို ပ်ံသန္းသြားပါေတာ့တယ္။
ေဝခ်ီ ႏွာေခါင္းတစ္ခ်က္႐ႈံ႕ကာ ေကာင္းကင္မ်က္လုံးကားခ်ပ္ကိုဖမ္းၿပီးေနာက္ ဆူပူမာန္မဲလိုက္ပါတယ္။
"မင္း ငါ့ကိုသတ္လုနီးပါး ျဖစ္သြားတာသိလား?! ငါ့သခင္ေသရင္ ခ်ဴးေလာကထဲကို ငါျပန္သြားရလိမ့္မယ္ကြ… ငါ့ကို အိုမင္းၿပီးေသေစခ်င္တာလား!"
ေကာင္းကင္မ်က္လုံးကားခ်ပ္က ေၾကာက္႐ြံ႕ဟန္နဲ႔ တုန္ရီေနလို႔။
ခ်ဴးယြန္ရဲ႕ မ်က္လုံးထဲမွာ အသက္ဓါတ္ရဲ႕ အရိပ္ေယာင္ေတြ ျပန္ထြက္ေပၚလာခဲ့ပါတယ္။သူ႕နဖူးေပၚမွာေတာ့ ေခြၽးေတြစီးက်ေနလို႔ပါ။သူအလြန္ေၾကာက္႐ြံ႕သြားခဲ့တာေလ။
နည္းနည္းေလး… နည္းနည္းေလးပဲ ေသဖို႔!
ဒီေကာင္းကင္မ်က္လုံးကားခ်ပ္က အလြန္ေၾကာက္ဖို႔ေကာင္းပါတယ္။ဒါက သူ႕ရဲ႕အသက္ကို ေသလုနီးပါးပါပဲ။
ထူးျခားတဲ့အေျပာင္းလဲသာ ႐ုတ္တရက္ျဖစ္မလာရင္ သူလုံးဝေသသြားရပါလိမ့္မယ္။
သူ႕ခႏၶာကိုယ္ထဲမွာ ႐ွိေနေသးတဲ့ ေကာင္းကင္ၾကမၼာျမင့္ျမတ္ေသာေဆးလုံးက သူ႕ကို ဒုတိယအသက္ကိုေပးစြမ္းႏိုင္ေပမယ့္ ဘယ္သူမွမေသခ်င္ေသးပါဘူး။
"သခင္… ငါသူ႕ကို သင္ခန္းစာေပးလိုက္ပါမယ္"
ေဝခ်ီ ခ်ဴးယြန္က သူ႕ကိုအျပစ္တင္မွာ စိုး႐ြံ႕ေနတဲ့အလား… ျပဳံးရင္း ေလွ်ာက္သြားလိုက္ပါၿပီ။
ေလာ့ေ႐ွာင္ အံ့ဩသြားပါတယ္။
နတ္ဆိုးမ်ိဳးႏြယ္အားလုံးပဲ အံ့ဩသြားခဲ့ၾကတာပါ။
လူသားေတြလည္းပဲ တုန္ရီေနခဲ့ၾကၿပီေလ။
အားလုံးပဲ အံ့အားသင့္သြားခဲ့ၾကပါၿပီ။