ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အ...

By KazunoMora

73.8K 8.5K 100

အပိုင်း ၃၉၅ မှ ၁၂၈၀ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထ... More

ရှင်းလင်းချက်
ဇာတ်လမ်းအကျဉ်း ဇာတ္လမ္းအက်ဥ္း
အပိုင်း_395_မင်းကိုဘာကြောင့်ရှင်းပြရမှာလဲ
အပိုင်း_396_တိုက်ပွဲမပြီးသေးဘူး
အပိုင်း_397_ဆေဘာနဲ့ဓါးစိတ်ဆန္ဒ
အပိုင်း_398_ရှည်ကြာသောတိုက်ပွဲ
အပိုင်း_399_ငရဲလောကမှထွက်ခွာနိုင်ပြီ
အပိုင်း_400_ကျွန်တော်လိုချင်တာက
အပိုင်း_401_ရွှေထျန်းသခင်လေး
အပိုင်း_402_ဗာဂျရာခန္ဓာကိုယ်
အပိုင်း_403_ကျုပ်မပြောင်းလဲနိုင်ဘူး
အပိုင်း_404_နတ်ဆိုးဗုဒ္ဓတိုက်ပွဲဝင်ခန္ဓာကိုယ်
အပိုင်း_405_နိုးထလာတဲ့နဂါးစွယ်မြက်
အပိုင်း_406_မင်းတို့‌မျက်လုံးတွေပြူးပြီးကြည့်လိုက်ကြစမ်း!
အပိုင်း_407_ထူးခြားသောနတ်ဆိုးလောက
အပိုင်း_408_ထူးခြားပြီးကြမ်းကြုတ်တဲ့အသွင်ပြင်
အပိုင်း_409_နတ်ဆိုးကီ
အပိုင်း_410_ချူးယွန်ငါထင်တာက
411 to 415
416 to 420
421 to 425
426 to 430
431 to 435
436 to 440
441 to 445
446 to 450
451 to 455
456 to 460
461 to 465
466 to 470
471 to 475
476 to 480
481 to 485
486 to 490
491 to 495
496 to 500
501 to 505
506 to 510
511 to 515
516 to 520
521 to 525
526 to 530
531 - 535
536 - 540
541 - 545
546 - 550
551 - 555
556 - 560
561 - 565
566 - 570
571 - 575
576 - 580
581 - 585
586 - 590
591 - 595
596 - 600
601-605
606-610
611-615
616-620
621-625
626-630
636-640
641-645
646-650
651-655
656-660
661-665
666-670
671-675
676-680
681-685
686-690
691-695
696-700
701-705
706-710
711-715
716-720
721-725
726-730
731-735
736-740
741-745
746-750
751-755
756-760
761-765
766-770
771-775
776-780
781-785
786-790
791-795
796-800
801-805
806-810
811-815
816-820
821-825
826-830
831-835
836-840
841-845
846-850
851-855
856-860
အပိုင်း ( 861 ) ချန်းပိနင်းရဲ့ လျှို့ဝှက်ချက်
အပိုင်း ( 862 ) မင်းဘယ်သူ့ကိုလိမ်လာတာလဲ
အပိုင်း ( 863 ) ဖန်အိမ်တော်ကလူ
အပိုင်း ( 864 ) ဒါဆို ငါမပြန်ဘူး
အပိုင်း ( 865 ) ဟွာဖေးလုံရောက်လာခြင်း
အပိုင်း ( 866 ) မတူညီတဲ့ အတွေးအခေါ်တွေနဲ့ တိုက်ဆိုင်မှု
အပိုင်း ( 867 ) ဒါကြောင့်ပဲ ငါလာခဲ့တာ
အပိုင်း ( 868 ) ချူးယွန်ရဲ့ ကျင့်ကြံခြင်းနည်းလမ်း
အပိုင်း ( 869 ) မှန်ကန်တဲ့လမ်းစဉ်
အပိုင်း ( 870 ) ဟော်အိမ်တော်
871-875
876-880
881-885
886-890
891-895
896-900
901-905
906-910
911-915
916-920
921-925
926-930
931-935
936-940
941-945
946-950
951-955
956-960
961-965
966-970
971-975
976-980
981-985
986-990
991-995
996-1000
1001-1005
1006-1010
1011-1015
1016-1020
1021-1026
1027-1030
1031-1035
1036-1040
1041-1045
1046-1050
1051-1055
1056-1060
1061-1065
1066-1070
1071-1075
1076-1080
1081-1085
1086-1090
1091-1095
1096-1100
1101-1105
1106-1110
1111-1115
1116-1120
1121-1125
1126-1130
1131-1135
1136-1140
1141-1145
1146-1150
1151-1155
1156-1160
1161-1165
1166-1170
1171-1175
1176-1180
1181-1185
1186-1190
1191-1195
1196-1200
1201-1205
1206-1210
1211-1215
1216-1220
1221-1225
1226-1230
1231-1235
1236-1240
1241-1245
1246-1250
1251-1255
1256-1260
1261-1265
1266-1270
1271-1275
1276-1280

631-635

407 49 3
By KazunoMora

အပိုင်း 631 "တိုက်ပွဲ" စာလုံးကို နားလည်ခြင်း

"ဒီပျက်ဆီးခြင်းပိုးကောင်လေးတွေ ပေါင်းစပ်နိုင်မယ်လို့ ငါတစ်ခါမှ တွေးမထားခဲ့ဖူးဘူး… သူတို့တွေ ပေါင်းစပ်လိုက်ရင် အင်အားတွေတောင် ပိုတိုးလာသေးတယ်… ဒါကတစ်ကယ့်ကိုသိမ်မွေ့တာပဲ"
ချူးယွန် တီးတိုးပြောလိုက်ပါတယ်။ ကောင်းကင်ခန်းမကိုလည်း သူပိုပိုပြီး စိတ်ဝင်စားလာခဲ့မိပြီလေ။

ဒီနေရာက အရိပ်တောင်တန်းက ဒေသကြီးရဲ့ ဧကရာဇ်တွေကို လေ့ကျင့်ပေးတဲ့ အဖိုးတန်နယ်မြေတစ်ခုဆိုတာ သိကြမှာပါ။

နောက်ပြီး ဒီနေရာမှာ သုံးလကြာလေ့ကျင့်ခွင့်ရှိတယ်မဟုပ်လား။ဒါက လူတစ်ယောက်ကို ဆက်တိုက်တိုးတက်သွားစေဖို့ လုံလောက်တာထက်တောင် ပိုနေခဲ့ပါပြီ။

သူ့အတွက် ပြဿနာက တစ်ခုပဲရှိနေခဲ့ပါတယ်။သူရောက်လာတာ တစ်ရက်နောက်ကျသွားတဲ့အတွက် မဟာပညာရှိ ၊ ရီလီလီနဲ့ အခြားသူတွေကို သူမတွေ့တော့ပါဘူး။

ကောင်းကင်ခန်းမက အလွန်ကြီးမားတယ်မဟုပ်လား။သူတို့တွေ ပြန်တွေ့နိုင်ပါမယ်လို့ ဘယ်သူပြောနိုင်မှာလဲ။

ချူးယွန် အတွေးစတွေကို ဘေးဖယ်ရင်း ‌ကောင်းကင်ခန်းမရဲ့ နက်ရှိုင်းတဲ့ နေရာကို ဆက်လျှောက်သွားလိုက်ပါပြီ။

အပေါ်ကိုမော့ကြည့်လိုက်ရင် အဆုံးမဲ့ကြယ်တာရာတွေနဲ့ ကောင်းကင်ကျယ်ကြီးကိုသာ မြင်တွေ့နေရလို့… ကြယ်တွေအားလုံးက တစ်လက်လက်တောက်ပနေပြီး အာကာသထဲမှာ ခရီးသွားနေသလို ခံစားချက်မျိုးကို ရရှိစေပါတယ်။

ငုံ့ကြည့်လိုက်ရင်တော့ ပျက်ဆီးနေတဲ့ ဖရိုဖရဲကုန်းမြေတိုက်ကြီး… ဒီလိုနေရာမှာ ဘာတွေနဲ့ တွေ့ကြုံရင်ဆိုင်ရမယ်ဆိုတာ ဘယ်သူမှ ပြောနိင်လိမ့်မယ်မဟုပ်ပါဘူး။

ဒီလိုပတ်ဝန်းကျင်အခြေနေက လူတစ်ယောက်ကို အလွန်မင်းစိတ်လှုပ်ရှားနေစေပါတယ်။ တိုက်ခိုက်ချင်စိတ်တွေနဲ့အတူ သူ့သွေးတွေက ပွက်ပွက်ဆူလာခဲ့ပါပြီ။

ချူးယွန် ပြုံးရင်း အရှေ့ကို စူးစမ်းလာခဲ့ပါတယ်။

အချိန်အတိုင်းအတာတစ်ခုအထိ လျှောက်လာခဲ့ပြီးနောက် ချူးယွန် အဝေးက ရှေးဟောင်းနန်းတော်တစ်ခုကို မြင်လိုက်ရပါပြီ။

"ဒီနေရာမှာ နန်းတော်ရှိနေတာလား?"
ချူးယွန် အံ့အားသင့်သွားခဲ့ပါတယ်။

ဒါက ဒေသကြီးရဲ့ ဧကရာဇ်နန်းတော်များလား?

ဒါကိုတွေးပြီးနောက် ချူးယွန် အရှ်ိန်တင်ပြီး ပြေးလွှားလိုက်ပါပြီ။

ဒီရှေးဟောင်းနန်းတော်က တည်ရှ်ိခဲ့တာ အလွန်ကြာမြင့်ခဲ့ပုံပါပဲ။ခမ်းနားထည်ဝါမှုနဲ့ တောက်ပမှုတွေ ပျောက်ဆုံးနေကာ အမှောင်နဲ့ အေးစက်မှုတွေသာ ရှိလို့နေခဲ့ပါတယ်။

နန်းတော်တွေရဲ့ အရှေ့မှာတော့ ကျောက်ပြားကြီးတစ်ခု ရှ်ိနေလို့။

ချူးယွန် ကျောက်ပြားကြီးကို ကြည့်လိုက်ပါတယ်။ဒါက ဘဲဥပုံရှိပြီး တစ်ယောက်က ကြီးမားတဲ့ခွန်အားကိုသုံးပြီး မြေပြင်မှာ ထိုးစိုက်သွားတဲ့ပုံပါပဲ။

မြေပြင်က အက်ကြောင်းများစွာ ရှ်ိနေခဲ့ပါတယ်။ဒါပေမယ့်လည်း ကျောက်ပြားကြီးတွေက မယိုင်မလဲ ငြိမ်သက်စွာ တည်ရှိနေလို့…

ကျောက်ပြားပေါ်မှာတော့ စာလုံးကြီးသုံးလုံးကို ရေးထွင်းထားခဲ့ပါတယ်။

ပထမစာလုံးကတော့ အချိန်ရေစီးကြောင်းရဲ့ တိုက်စားမှုကြောင့် ပျက်ဆီးသွားခဲ့ပြီး ဖတ်ရှုလို့မရ‌နိုင်တော့ပါဘူး။ဒါပေမယ့် နောက်စာလုံးနှစ်လုံးကိုတော့ ဖတ်ရှုလို့ရနေပါသေးတယ် - "ဝင်ပေါက်နန်းတော်"

"ဘာနန်းတော်ကြီး?"
ချူးယွန် စိတ်ရှုပ်ထွေးသွားခဲ့ပါတယ်။

‌ထိုကျောက်ပြားက ထူးခြားတဲ့အော်ရာတွေလည်း ထွက်ပေါ်နေလို့ပါ… ဒါက သိပ်မထင်ရှားပေမယ့် တောင်ကြီးတစ်လုံးလို ခံစားရစေတယ်လေ။

ခနကြာတွေးပြီးနောက် ချူးယွန် အရင်ဆုံး ဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

ကြည့်ရတာတော့ ဒီနန်းတော်ကို ဘယ်သူမှ ရောက်လာသေးပုံမရပါဘူး။ဒါပေမယ့်လည်း ကောင်းကင်ခန်းမက ကြီးမားလွန်းသလို ဝင်ရောက်လာတဲ့ ပါရမီရှင်ကလည်း တစ်ရာပဲရှ်ိနေခဲ့တာမဟုပ်လား။ဒါကြောင့်မို့ ဒီနန်းတော်ကို တွေ့တဲ့သူမရှ်ိသေးတာ သာမန်လို့ပြောနိုင်ပါတယ်။

ရှေးဟောင်းနန်းတော်ကြီးရဲ့ ဝင်ပေါက်တံခါးက တင်းကြပ်စွာပိတ်ထားလို့… ချူးယွန် အင်အားအတော်စိုက်ထုတ်ပြီး ဖွင့်လိုက်ရပါတယ်။

ချူးယွန် အထဲကို ဝင်သွားပြီးနောက် ပြိုကွဲပျက်ဆီးနေတဲ့ ပစ္စည်းတွေနဲ့ ထူထဲတဲ့ ဖုန်မှုန့်တွေကိုသာ မြင်လိုက်ရပါပြီ။

ချူးယွန် သေချာရှာလိုက်ပေမယ့် အသုံးဝင်တာ မတွေ့ခဲ့ရပါဘူး။

ရှေးဟောင်းနန်းတော်ထဲက ထွက်ခွာပြီးနောက် ချူးယွန် အနီးရှိ အခန်းတစ်ခုကို လျှောက်သွားလိုက်ပါပြီ။

အခန်းရဲ့ အတွင်းပိုင်း အပြင်အဆင်က အလွန်ကို ရိုးရှင်းခဲ့ပါတယ်။အိပ်ယာတစ်ခုနဲ့ အသုံးမပြုတာကြာပြီဖြစ်တဲ့ ရှေးဟောင်းမီးခွက်တွေပဲ ရှိနေခဲ့တာပါ။

အိပ်ယာရဲ့အရှေ့မှာတော့ စားပွဲလေးတစ်လုံးရှ်ိနေလို့… စားပွဲပေါ်မှာတော့ ဖုန်မှုန့်တွေက အနည်းဆုံး လက်တစ်လုံးခန့် ထူထပ်နေလို့ပါ။

ချူးယွန် ထွက်ခွာဝောာ့မယ့်အချိန်မှာပဲ စားပွဲပေါ်ရှိ ဖုန်မှုန့်တွေရဲ့အောက်မှာ စာလုံးအချို့ ရေးထွင်းထားတာကို မြင်လိုက်ရပါပြီ။

ဒါက အလွန်ရှေးကျတဲ့ စာလုံးဖြစ်ပြီး လက်ရှိခေတ်စာလုံးတွေနဲ့ မတူပါဘူး။ဒါပေမယ့် သူ ကြိုးစားဖတ်ပြီးနောက် နားလည်လိုက်နိုင်ပါတယ်။

ဒါက "တိုက်ပွဲ" ဆိုတဲ့ စကားလုံးပါ။

ဒါက ကြောက်မက်ဖွယ်အော်ရာတွေနဲ့ ပြည့်နှက်နေလို့… အရမ်းကို သိပ်သည်းလွန်းတာကြောင့်မို့လည်း ရှေးဟောင်းနန်းတော်ကိုဖြတ်သန်းပြီး ကောင်းကင်ထိတိုင် ထိုးတက်သွားတော့မယ့်အလား ထင်ရစေပါတယ်။

ချူးယွန်ရဲ့ အာရုံကို ထို "တိုက်ပွဲ" ဆိုတဲ့ စာလုံးက ဆွဲဆောင်သွားခဲ့ပြီလေ။သူ့ခေါင်းထဲမှာ မီးတွေတောက်လောင်နေသလို အသံမျိုးတွေတောင်ကြားနေခဲ့ရပါတယ်။

"ဟူး!"‌
လေတွေက ရုတ်တရက် တိုက်ခတ်လာခဲ့ပါပြီ။ သွေးအလင်းတွေလည်း ဖြာထွက်နေလို့…

ဒါက စာလုံးလေးတစ်လုံးဆိုပေမယ့် သူ့ရဲ့စိတ်ဝိညာဉ်ကို အဆုံးမဲ့ချောက်နက်ကြီးထဲ ဆွဲချသွားသလို ခံစားလိုက်ရပြီး ရုန်းထွက်ဖို့ မလွယ်ကူပါဘူး။

ဒီစာလုံးမှာ အလွန်မင်းပြင်းထန်တဲ့ သတ်ဖြတ်ချင်စိတ်တွေ ရောနှောပါဝင်နေလို့… ဒါက အလွန်မင်းအေးစက်ကာ ကြောက်မက်ဖွယ်ကောင်းလွန်းပါတယ်။

"ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ သတ်ဖြတ်ချင်စိတ်လဲ!"
ချူးယွန် တုန်ရီစွာနဲ့ ပြောလိုက်ပါတယ်။

လူတစ်ဦးကို လုံးဝတုန်လှုပ်ခြောက်ခြားသွားစေဖို့ စာလုံးတစ်လုံးနဲ့တင် လုံလောက်နေခဲ့ပါပြီ။နေရာတိုင်းမှာ ‌သွေးရောင်လွှမ်းနေပြီး ဒါက လူတစ်ယောက်ရဲ့ စိတ်ကိုတောင် အကျိုးသက်ရောက်မှု ရှိလာစေနိုင်ခဲ့တယ်လေ။

ဒီစာလုံးကို က အလွန်သန်မာတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးက ရေးသားခဲ့တယ်လို့ ပြောနိုင်ပါတယ်။

"တိုက်ပွဲ!"
ချူးယွန်ရဲ့ မျက်လုံးတွေက ပိုပြတ်သားလာခဲ့ပြီး ထိုစကားလုံးကို ရေရွှတ်လိုက်ပါတယ်။ဒီနောက် သူ့လက်ကို အလိုလိုဆန့်ထုတ်လိုက်ပါပြီ။

"ဟူး ဟူး ဟူး "
လေက ပိုမိုပြင်းထန်စွာ တိုက်ခတ်လာခဲ့ပြီလေ။ဒါက လေပွေတစ်ခုအသွင်နဲ့ သူ့ကို လှည့်ပတ်လာခဲ့ပါတယ်။

ချူးယွန်ကတော့ တစ်လက်မမှ မရွှေ့ပဲ သူ့မျက်လုံးတွေက "တိုက်ပွဲ"ဆိုတဲ့ စာလုံးကိုသာ စိုက်ကြည့်နေလို့။သူ့လက်တွေက လေထဲမှာ ထိုစာလုံးကို ရေးဆွဲနေခဲ့ပါတယ်။

ထိုစာလုံးကို လေထဲမှာ ပြီးပြည့်စုံအောင် ရေးဆွဲပြီးချိန်မှာတော့…
"ဖူး"
ချူးယွန် သွေးတစ်ပွက်အန်ရင်း ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပါပြီ။

ဒါပေမယ့် သူ့မျက်နှာပေါ်မှာ ပျော်ရွှင်မှုတွေပြည့်နှက်နေပြီး သူ့မျက်လုံးထဲမှာလည်း တောက်ပတဲ့အလင်းတွေ ဖြာထွက်နေခဲ့ပါတယ်။

"စာလုံးတစ်လုံးမှာတောင် စိတ်ခံစားချက်တွေအများကြီးပါဝင်နေတယ်… ဒီစာလုံးကို ရေးသားခဲ့သူရဲ့ စိတ်ခံစားချက်ကို လုံးဝနားမလည်ပေမယ့် အတန်အသင့်တော့ နားလည်နိုင်ခဲ့တယ်… ဒါက ငါ့ရဲ့ စိတ်အခြေအနေကို အများကြီး အကျိုးသက်ရောက်မှုရှ်ိခဲ့ဝာာပဲ"

ချူးယွန် သူ့လက်ဖဝါးကို ငုံ့ကြည့်လိုက်ပါတယ်။သူ့လက်ဝါးမှာတော့ ပြတ်ရှရာတွေနဲ့အတူ သွေးတွေလည်း စီးကျနေလို့။

"ဟင်း… ကောင်းကင်ခန်းမက အခွင့်အလမ်းတွေနဲ့ ပြည့်နေတာပဲ… မဆိုးဘူး"
ချူးယွန် သိပ်တော့မအံ့ဩခဲ့ပါဘူး။ကောင်းကင်ခန်းမက အရိပ်တောင်တန်းရဲ့ လျို့ဝှတ်နယ်မြေတစ်ခုပဲမဟုပ်လား။

ဒါက ရိုးရှင်းတဲ့ စာလုံးလေးတစ်လုံးပဲဆိုပေမယ့် နတ်ဘုရားစွမ်းရည်နယ်ပယ် ကျွမ်းကျင်သူတွေ လပေါင်းများစွာ ( ဒါမှမဟုပ်) နှစ်ပေါင်းများစွာဆင်‌ခြင်နေဖို့ လုံလောက်ခဲ့ပါတယ်။

သူ့ရဲ့ ဝာာအိုနားလည်ခြင်းစင်မြင့်ကလည်း လူတစ်ယောက်ရဲ့ စိတ်ကို အေးချမ်းတည်ငြိမ်စေနိုင်ခဲ့တယ်လေ။ဒါက နတ်ဘုရားစွမ်းရည်နယ်ပယ် တာအိုသခင်တစ်ပါးက တချို့သောအော်ရာအရှိန်အဝါတွေကို ထားရစ်ခဲ့လို့ပါ။

ဒီစာလုံးကဝောာ့ တာအိုနားလည်ခြင်းစင်မြင့်ထက် ပိုပြီး အဆင့်မြင့်ခဲ့ပါတယ်။

ဒါက အလွန်အစွမ်းထက်တဲ့ ကောင်းကင်ဘုံသို့တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦးက ရေးသားခဲ့ဝာာနေမှာပါ။

ဒီစာလုံးလေးမှာ သူ့ရဲ့စိတ်ခံစားချက်နဲ့ နားလည်မှုတွေ ပါဝင်နေခဲ့တယ်လေ။

ချူးယွန်အနေနဲ့ အခြေခံလောက်ပဲ နားလည်နိုင်ခဲ့ပေမယ့်လည်း သူ့ရဲ့ တိုးတက်မှုအတွက် အလွန်ကောင်းမွန်နေခဲ့ပါပြီ။

ချူးယွန် ဒီမှာဆက်နေပြီး လေ့လာချင်နေဆဲပါ။ဒါပေမယ့်လည်း သူ့ရဲ့အကန့်အသတ်ကို ရောက်နေခဲ့ပြီလေ။

သူဒီမှာဆက်နေရင် သူ့အတွက် အကျိုးမရှ်ိရုံသာမက "တိုက်ပွဲ"ဆိုတဲ့ စာလုံးမှာ ပါဝင်တဲ့ သတ်ဖြတ်ချင်စိတ်တွေက သူ့စိတ်ကို အကြီးအကျယ် အကျိုးသက်ရောက်မှုရှိလာတော့မှာပါ။

နန်းတော်ထဲက ပြန်ထွက်လာပြီးနောက် ထိုနန်းတော်ပိုင်ရှင်ကို ကျေးဇူးတင်ကြောင်း ဦးညွှတ် ဂါရဝပြုခဲ့ပါတယ်။

ဒီအချိန်မှာပဲ မျက်လုံးတစ်စုံက ချူးယွန်ရဲ့ လှုပ်ရှားမှုမှန်သမျှကို‌ စောင့်ကြည့်နေလို့ပါ။

ချူးယွန် နန်းတော်ထဲက ထွက်သွားပြီးနောက် အသံတစ်ချက် ထွက်ပေါ်လာခဲ့ပါတယ်။
"နံပါတ်နှစ်… ဒီကလေးက ဟိုးအရင်က မင်းထားခဲ့တဲ့ လက်ရေးမူကို နားလည်နိုင်နေပါလားဟ… အတော်ထူးခြားဝာာပဲ"

ချူးယွန်ကတော့ သူ့ကို စောင့်ကြည့်နေတဲ့ မျက်လုံးတစ်စုံကို မသိခဲ့ပါဘူး။သူက အေးချမ်းစွာပဲ ထွက်ခွာသွားခဲ့ပါပြီ။

ရှေးဟောင်းနန်းတော်က ထွက်လာပြီးနောက် ချူးယွန် ဘုရားကျောင်းလေးတစ်ခုကို တွေ့လိုက်ရပါတယ်။

ဘုရားကျောင်းက ကြီးကျယ်ခမ်းနားမှုမရှ်ိခဲ့ပါဘူး။ဒါက ရိုးရှင်းစွာနဲ့ တိတ်ဆိတ်စွာ တည်ရှ်ိနေခဲ့တာပါ။

ချူးယွန်ရဲ့ နှလုံးသားက လှုပ်ရှားသွားခဲ့ပါတယ်။‌ဒီလိုရိုးရှင်းတဲ့ နေရာမျိုးမှာ ရတနာတွေ ရှ်ိရှ်ိနေတတ်တယ်မဟုပ်လား။

ဘုရားကျောင်း တံခါးကိုတွန်းဖွင့်လို့ သူဝင်ရောက်သွားခဲ့ပါပြီ။ဘုရားကျောင်းအတွင်းပိုင်းက အလွန်ရိုးရှင်းနေခဲ့ပါတယ်။ဗုဒ္ဓရုပ်ပွားတော်တစ်ခုကလွဲပြီး ဘာမှမရှိခဲ့ဘူးလေ။

ဗုဒ္ဓရုပ်တုအနားမှာဝောာ့ မီတာဝက်ခန့်ရှ်ိတဲ့ကျည်ပွေ့တစ်ခုရှ်ိနေခဲ့ပါတယ်။ကြာမြင့်စွာ အသုံးပြုသူမရှ်ိကြောင်း သိသာစွာပဲ ဖုန်မှုန့်တွေ ဖုံးလွှမ်းနေလို့ပါ။

"ဒါက ဝိညာဉ်လက်နက်များလား"
ချူးယွန် ကျည်ပွေ့ကို ကောက်ယူလိုက်ပါတယ်။

သူ့လက်ထဲကို ရောက်လာခဲ့ဝာာနဲ့ ကျည်ပွေ့က ရွှေရောင်အလင်းတွေ ထွက်ပေါ်လာခဲ့ပြီလေ။

ချူးယွန် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ပါပြီ။သူတစ်ကယ့် ဝိညာဉ်လက်နက်တစ်ခုကို ရယူနိုင်ဝာာ ဖြစ်နိုင်တယ်မဟုပ်လား။

ဒါပေမယ့်။ သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေက ခနသာခံခဲ့ပါတယ်။ကျည်ပွေ့ရဲ့ ရွှေရောင်အလင်းတွေက မျက်စေ့တစ်မှိတ်အတွင်းမှာပဲ ပြန်လည် မှေးမှိန်သွားလို့ပါ။

အက်ကြောင်းများစွာကလည်း ကျည်ပွေ့ရဲ့ ကိုယ်ထည်ပေါ်မှာ ပေါ်လာခဲ့ပြီလေ။

ချူးယွန် တုန်ရီသွားခဲ့ပါတယ်။ကျည်ပွေ့ကို ကောက်ယူလိုက်ချိန် သူ့အနေနဲ့ ခွန်အားနည်းနည်းတောင် အသုံးမပြုခဲ့ဘူးမဟုပ်လား။

ကျည်ပွေ့ ကွဲကြေသွားတာနဲ့ ဗုဒ္ဓရုပ်ပွားတော်ကလည်း ပြင်းထန်စွာ တုန်ခါလာခဲ့ပြီလေ။ရွှေရောင်အလင်းတွေနဲ့အတူ ဗုဒ္ဓရုပ်ပွားတော်ပေါ်မှာ အက်ကြောင်းတွေ ပေါ်လာခဲ့ပါပြီ။

"ဗုဒ္ဓရုပ်ပွားတော်လည်း ပျက်ဆီးတော့မှာလားဟ"
ချူးယွန် အနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်ပြီး အံ့အားသင့်စွာနဲ့ ကြည့်လိုက်ပါတယ်။

"ခရတ် ခရတ်"
ဗုဒ္ဓရုပ်ပွားတော်ရဲ့ ပျက်ဆီးနေတဲ့နေရာတွေကနေ အနက်ရောင်အလင်း‌တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ထိုအလင်းတွေ ထွက်လာတာနဲ့ မကောင်းတဲ့ အငွေ့အသက်တွေက လေထဲမှာ ပြည့်နှက်သွားခဲ့ပါပြီ။ရုပ်ပွားတော်ကလည်း မြန်ဆန်စွာ ပြိုကျလာပြီး အတွင်းကနေ တစ်ခုခုက တိုးထွက်လာဖို့ ကြိုးစားနေတဲ့အလားပါပဲ။

ဒါကိုမြင်ပြီးနောက် ချူးယွန်နားလည်လိုက်ပါပြီ။ဗုဒ္ဓရုပ်ပွားတော်က အပေါ်ယံအရေခွံသဘောမျိုးဖြစ်နိုင်ပြီး အတွင်းက ပျက်ဆီးခြင်းသက်ရှ်ိရဲ့ ကြောက်မက်ဖွယ်အော်ရာမျိုး ထွက်ပေါ်နေခဲ့ဝာာပါ။

တစ်နည်းအားဖြင့် အစောပိုင်းက ပျက်ဆီးသွားတဲ့ ကျည်ပွေ့ဖြစ်စေ၊ ဗုဒ္ဓရုပ်ပွားတော်ဖြစ်စေ ထိုပျက်ဆီးခြင်းသက်ရှိကို ထိန်းချုပ်ဖို့ ပြုလုပ်ထားခဲ့တာပါ။

အခုတော့ ကျည်ပွေ့မရှိတော့ပြီမို့ ဗုဒ္ဓရုပ်ပွားတော်တစ်ခုထဲကနေ အတွင်းရှ်ိ ပျက်ဆီးခြင်းသက်ရှ်ိကို မထိန်းချုပ်နိုင်တော့ပါဘူး။

အပိုင်း 632 မင်းတောင်းဆိုတာ

ချူးယွန် တုန်လှုပ်သွားခဲ့ပါတယ်။မီတာတစ်ရာခန့်ကို သူချက်ချင်း ဆုတ်ခွာထွက်ပြေးလိုက်ပြီလေ။

ဆိုးရွားတဲ့ အော်ရာတွေကလည်း မျက်စေ့တစ်မှိတ်အတွင်းမှာပဲ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင့်ကို ရောက်ရှိလို့လာခဲ့ပါပြီ။ဝုန်းခနဲ အသံတစ်ချက်နဲ့အတူ ဘုရားကျောင်းပွင့်ထွက်သွားခဲ့ပါတယ်။အထဲကနေ ကင်းမြီးကောက်ကြီးတစ်ကောင် ထွက်ပေါ်လာခဲ့ပါပြီ။

ထို ဧရာမ ကင်းမြီးကောက်ကြီးကလည်း ပျက်ဆီးခြင်းသက်ရှ်ိတစ်ကောင်ပါပဲ။ဒါက မီတာတစ်ရာခန့် အမြင့်ရှ်ိကာ အင်အားကြီးမားမယ်ဆိုတာတော့ ပြောနေစရာတောင် မလိုပါဘူး။

သူ့ခြေထောက်တွေက ‌မြေပေါ်မှာ အခြေချမိတာနဲ့ ဘုရားကျောင်းကို ဒေါသတကြီး အမှုန့်ချေပစ်လိုက်ပါပြီ။

ဒီနောက် ကင်းမြီးကောက်ကြီးက ချူးယွန်ကို သတ်ဖြတ်ချင်စိတ်အပြည့်နဲ့ လှည့်ကြည့်လာခဲ့ပြီလေ။

"မင်းကို ကယ်လိုက်တဲ့သူကို ဒီလိုဆက်ဆံရသလားဟ"
ချူးယွန် ရယ်မောလိုက်ပါတယ်။ဒါပေမယ့်လည်း သူ့မျက်နှာကတော့ လေးနက်နေလို့…

ထိုကင်းမြီးကောက်ကြီးက အလွန်အစွမ်းထက်တဲ့ပုံပါ။ နှစ်ပေါင်းများစွာ ဖိနှိမ်ခံခဲ့ရပေမယ့်လည်း အနည်းဆုံး နတ်ဘုရားစွမ်းရည်နယ်ပယ် အဆင့်ခုနှစ်၊ အဆင့်ရှစ်မှာ ရှိနေနိုင်ပါသေးတယ်။

သူသာ ဒီနယ်မြေရဲ့ ဖိနှိမ်ခြင်းကို မခံရဘူးဆိုရင် ထိုကင်းမြီးကောက်ကြီးကို အလွယ်ပဲ ကိုင်တွယ်နိုင်မှာပါ။ဒါပေမယ့် အခုကတော့ မလွယ်တော့ဘူးလေ။

ချူးယွန် စိတ်ထဲက ညည်းညူလိုက်မိပါပြီ။သူက နည်းနည်းလောက် စပ်စုခဲ့ပေမယ့် ဒီလိုအရာမျိုးကို ဖြစ်တည်လာစေခဲ့တယ်မဟုပ်လား။

"ဂရား!"
ဧရာမ ကင်းမြီးကောက်ကြီးက သူ့ရဲ့ အရာအားလုံးကို ဖြတ်ဆီးနိုင်ပုံရတဲ့ ခြေသည်းကြီးတွေနဲ့ ကုပ်ခြစ်တိုက်ခိုက်လာခဲ့ပါပြီ။

ထိုကုပ်ချက်သာ ထိမှန်သွားခဲ့ရင် သူသေဆုံးသွားနိုင်တယ်ဆိုတာ သံသရှိစရာတောင်မလိုပါဘူး။

"ဝှစ်"
ချူးယွန် ခြေသည်းကုပ်ချက်ကို အမြန်ခုန်လွှား ရှောင်တိမ်းလိုက်ပါပြီ။

ကင်းမြီးကောက်ကြီးရဲ့ ခြေသည်းတွေက ချူးယွန်ရပ်နေခဲ့တဲ့နေရာကို ကျဆင်းသွားခဲ့ပြီလေ။ထိုနေရာမှာ ကြီးမားတဲ့ ချိုင့်ခွက်ကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဖုန်မှုန့်တွေကလည်း လေထဲမှာပြည့်လို့ပါ။

ချူးယွန် ရှောင်တိမ်းသွားတာမြင်ပြီးနောက် ကင်းမြီးကောက်ကြီးက ချာခနဲလှည့်လိုက်ပါတယ်။ပြီးနောက် သူ့ရဲ့ အမြီးကြီးနဲ့ ထိုးစိုက်ချလာခဲ့ပါပြီ။

ချူးယွန် တုန်ရီသွားခဲ့ပြီး ကောင်းကင်ဘုံသို့ဖြတ်သန်းခြင်း ပညာရပ်ကို အသုံးပြုကာ ကောင်းကင်ပေါ်ကို ပျံသန်းသွားလိုက်ပါတယ်။ကင်းမြီးကောက်ကြီးရဲ့ အမြီးက သူ့ကို မထိခိုက်ခဲ့ပါဘူး။

"ထင်သလောက်မခက်ဘူးပဲ"
ချူးယွန်ရဲ့ မျက်လုံးတွေက ကြည်လင်နေလို့… ထိုပျက်ဆီးခြင်းသက်ရှိက အင်အားကြီးမားပေမယ့် တိုက်ခိုက်မှုတွေက သာမန်ပါပဲ။

"ဝုန်း ဝုန်း ဝုန်း "
ကျယ်လောင်တဲ့ အသံတွေက အဝေးက ထွက်ပေါ်လာခဲ့ပါတယ်။သူလှမ်းကြည့်လိုက်တဲ့အခါမှာတော့ ပျက်ဆီးခြင်းသက်ရှိများစွာကို မြင်လိုက်ရပါပြီ။

ဒါက အလွန်တုန်လှုပ်ဖွယ်ကောင်းပြီး သူတို့ရဲ့ ပြေးလွှားလာနေတာကြောင့် တဝုန်းဝုန်း မည်သံတွေတောင် ထွက်ပေါ်နေခဲ့ပါတယ်။

"ငါဒါကို အမြန်အပြတ်ဖြတ်မှရမယ်… မဟုပ်လို့ ဒီအကောင်တွေရောက်လာပြီးဝိုင်လိုက်ရင် ငါတော့နာပြီပဲ"
ချူးယွန် ပြောလိုက်ပါတယ်။

"ကြောက်စရာကောင်းလိုက်တဲ့ အော်ရာတွေပါလား"
ချူးယွန်နဲ့ အဝေးမှာရှ်ိနေတဲ့ ကောင်းကင်ဂုဏ်ဆောင်ပါရမီရှင်တွေလည်း ထိုအော်ရာတွေကို ခံစားလိုက်ကြရပါတယ်။သူတို့ရဲ့မျက်နှာတွေလည်း လေးနက်သွားခဲ့ကြပါပြီ။

အခြားတစ်ဖက်မှာတော့ ဘုန်း‌ကြီးအချို့ရှိနေလို့… သူတို့တွေကတော့ ဗုဒ္ဓဂိုဏ်းက ဆင်းသက်လာခဲ့ကြသူတွေပါ။

ခေါင်းဆောင်ဖြစ်ဟန်တူတဲ့ ဘုန်းကြီးက ပြောလိုက်ပါတယ်။
"အတော်ကြောက်စရာကောင်းဝာာပဲ… သွားစုံစမ်းကြည့်ကြရအောင်"

"ကောင်းပါပြီ အကိုကြီး"
အခြားဘုန်းကြီးတွေလည်း ခေါင်းညိမ့်လိုက်ကြပါပြီ။

အခြားတစ်ဖက်မှာတော့ ငွေရောင်ဓါးတစ်လက်ကိုကိုင်ထားတဲ့ လှပလွန်းတဲ့ မိန်းမပျိုတစ်ဦးရှိနေလို့… ခနစဉ်းစားပြီးနောက် သူမလည်း ထိုနေရာကို ပြေးလွှားလိုက်ပါပြီ။

နောက်ဆုံး အဖွဲ့တစ်ခုကတော့ နေရစ်ခဲ့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ကောင်းကင်ခန်းမက အန္တရာယ်တွေအပြည့်ရှိနေတာမဟုပ်လား… သူတို့က မလိုအပ်ပဲ အန္တရာယ်နဲ့ ရင်မဆိုင်ချင်ကြပါဘူး။

ဒီအချိန်မှာပဲ ချူးယွန်က ကင်းမြီးကောက်ကြီးနဲ့ ပြင်းထန်စွာ တိုက်ခိုက်နေလို့…

"ရွှစ်"
ကင်းမြီးကောက်ကြီးရဲ့ ခြေသည်းကုပ်ချက်တွေက ချူးယွန်ကို ထိုးဖောက်သွားခဲ့ပါပြီ။ဒါပေမယ့်လည်း ချူးယွန်ရဲ့ ဒါက နောက်ကျန်ပုံရိပ်တစ်ခုပါ။

ချူးယွန်က အလွန်ကို မြန်ဆန်နေခဲ့တယ်လေ။သူက အလွန်ကို မြန်ဆန်နေတာကြောင့်လည်း အနောက်မှာ ပုံရိပ်ယောင်တွေ ကျန်ရစ်ခဲ့တာပါ။

ကင်းမြီးကောက် မတုံ့ပြန်နိုင်ခင်မှာပဲ သူ့အနောက်ကို ပြင်းထန်စွာ တိုက်ခိုက်ခံလိုက်ရပါပြီ။

"တရိစ္ဆာန်လေး… ဒါမှမဟုပ် သားရဲလေးပေါ့"
ချူးယွန် အေးစက်စက် ရယ်မောလိုက်ပါတယ်။ ဒီကင်းမြီးကောက်ရဲ့ ခန္ဓာကိုယ်က အရင်သူတွေ့ခဲ့တဲ့ ပျက်ဆီးခြင်းသက်ရှိတွေရဲ့ ခန္ဓာကိုယ်ထက်တော့ ပိုမာကျော‌ခဲ့ပါတယ်။

ဒါပေမယ့်လည်း သူက ညဏ်ရည်သိပ်မမြင့်မားခဲ့ဘူးလေ။

နတ်ဆိုးသားရဲတွေဆိုရင် နတ်ဘုရားစွမ်းရည်နယ်ပယ်ကိုရောက်တာနဲ့ လူသားဘာသာစကားကို ပြောဆိုနိုင်ခဲ့ကြတယ်မဟုပ်လား။သူတို့ရဲ့ညဏ်ရည်ကလည်း မနိမ့်ပါးခဲ့ကြပါဘူး။

အခြားတစ်ဖက်မှာတော့ ဒီပျက်ဆီးခြင်းသက်ရှ်ိတွေအနေနဲ့ ကောင်းကင်ဘုံသို့တက်လှမ်းခြင်းနယ်ပယ်ကိုရောက်နေပြီဆိုရင်တောင် တုံးအနေဦးမှာပါပဲ။

"ဝှီး"
ကင်းမြီးကောက်ကြီးရဲ့ အဆိပ်ရှိ အမြီးကြီးက ချူးယွန်ကို ထိုးစိုက်ချလာခဲ့ပြန်ပါပြီ။

ဒါပေမယ့် ချူးယွန် မကြောက်ခဲ့ပါဘူး။သူ့ခန္ဓာကိုယ်က နတ်ဆိုးဆန်တဲ့ အငွေ့အသက်တွေ ထွက်ပေါ်နေကာ လက်သီးတစ်ချက် ထုတ်ဖော်လိုက်ပါပြီ။

ဒီလက်သီးချက်မှာ ဗုဒ္ဓသံသကရိုက်ရဲ့ စွမ်းအင်တွေ ပါဝင်နေလို့ပါ။

ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအင်နဲ့ သန့်စင်တဲ့ ဗုဒ္ဓသံသကရိုက်က ပေါင်းစည်းကာ ကောင်းကင်တမန်နဲ့ နတ်ဆိုးသခင် ပူးပေါင်းကာ တိုက်ခိုက်လိုက်တဲ့အလားပါပဲ။

"ဝုန်း"
ကင်းမြီးကောက်အမြီးကြီး ပြန်လွင့်သွားခဲ့ပါပြီ။

ချူးယွန်ကတော့ အနောက်ကို ခြေနှစ်လှမ်းခန့် ဆုတ်ပေးလိုက်ရပါတယ်။ပြီးနောက် သူ့လက်နှစ်ချောင်းကို ဓါးအသွင်နဲ့ ကင်းမြီးကောက်အမြီးကို ထိုးစိုက်လိုက်ပါပြီ။

"ဖောက်!"
ဒါက ကင်းမြီးကောက်အမြီးကို အပေါက်ကြီးတစ်ပေါက်ဖြစ်သွားစေခဲ့ပါတယ်။

ကင်းမြီးကောက်ကြီး အလွန်ကို ဒေါသထွက်လာခဲ့ပြီလေ။

ဒီအချိန်မှာပဲ ပြေးလွှားလာနေတဲ့ ဘုန်းကြီးတွေရဲ့ မျက်နှာအမူရာက ပြောင်းလဲသွားခဲ့ပါတယ်။သူတို့ ချက်ချင်း‌အော်ဟစ်လိုက်ကြပါပြီ။
"ဒါ နတ်ဆိုးစွမ်းအင်မဟုပ်လား! သစ္စာဖောက်ကွ!"

"တစ်ကယ့်ကို သစ္စာဖောက်ပဲ… ဒါက ဗုဒ္ဓ ရီကလက်ဖြစ်နေမလားပဲ"
ဘုန်းကြီးတွေရဲ့ မျက်နှာက သုန်မှုန်ပြီး မျက်မှောင်ကြုတ်ကုန်ကြပါတယ်။

"သစ္စာဖောက်က တစ်ဦးထဲမှမဟုပ်တာ… အခြားသူလည်း ဖြစ်နိုင်ပါတယ်"

ဘုန်းကြီးခေါင်းဆောင်က ပြောလိုက်ပါတယ်။
"သွားကြမယ်… တစ်ကယ်သာ သစ္စဖောက်ဆိုရင် တစ်ခါထဲသုတ်သင်ပစ်မယ်!"

"ဒါပေမယ့် ဗုဒ္ဓရီကလက်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ?"
အခြားဘုန်းကြီးတွေက တွန့်ဆုတ်နေဆဲပါ။

"ဘုန်းကြီးရီဆိုရင်တောင် ဘာဖြစ်သေးလဲ… သူက အရင်က မြင့်မားတဲ့ အဆင့်အတန်းရှိပြီး ခွန်အားကြီးမားရင်တောင် အခုတော့ ရွံ့စရာကောင်းတဲ့ကောင်ဖြစ်နေပြီ… ငါတို့အားလုံးပေါင်းရင် သူ့ကိုမနိုင်ဘူးဆိုတာ မယုံဘူး"
ခေါင်းဆောင်ဘုန်းကြီးက ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်ပါတယ်။

ဒါပေမယ့် ချက်ချင်းပဲ သူ့မျက်နှာက ပြောင်းလဲသွားခဲ့ပါပြီ။
"ဗုဒ္ဓသံသကရိုက်!"

သူ အနောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်မိပါတယ်။သူ့ရဲ့ မျက်လုံးထဲမှာတော့ မယုံကြည်နိုင်မှုတွေပြည့်လို့…

ဗုဒ္ဓသံသကရိုက်က ဗုဒ္ဓသခင်တွေသာ တတ်မြောက်နိုင်တာပါ။သံသကရိုက်က လူတစ်ယောက်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို များစွာ အကျိုးသက်ရောက်မှုရှိစေတယ်လေ။

ဗုဒ္ဓဝါဒီတွေရဲ့ လူငယ်မျိုးဆက်မှာ ဒါကို နားလည်နိုင်သူမရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ သစ္စာဖောက်တစ်ဦးက နားလည်နိုင်ခဲ့ပြီလေ။ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

သစ္စာဖောက်တွေရဲ့ သွန်သင်မှုတွေက မကောင်းမှုဘက်ကိုပဲ ရောက်နေမှာပါ။သူတို့ရဲ့ တည်ရှိမှုကိုက ဗုဒ္ဓကိုစော်ကားနေသလိုပါပဲ။ဗုဒ္ဓသံသကရိုက်ကို သူတို့က ဘယ်လို နားလည်နိုင်ရတာလဲ? ဘာကြောင့်များလဲ?

အခြားဘုန်းကြီးတွေရဲ့ မျက်နှာအမူရာတွေ ပြောင်းလဲကုန်ကြပါတယ်။ခနကြာပြီးနောက် တစ်ဦးက ပြောလိုက်တယ်။
"အကိုကြီး… ငါတို့ သွားမှာလား?"

"သွားမယ်"
ဘုန်းကြီးက ပြင်းထန်စွာ ပြောလိုက်ပါတယ်။

မနာလိုတဲ့ အရိပ်ယောင်တွေတောင် သူ့မျက်လုံးထဲမှာ ထွက်ပေါ်နေလို့ပါ။

'ငါတောင်မှ နားမလည်နိုင်သေးဝာာကို… မင်းလို သစ္စာဖောက်က ဘယ်လိုနားလည်နိုင်ရမှာလဲ? မင်းဘာသာမင်း ဘယ်သူပဲဖြစ်ဖြစ် ငါမင်းကိုသတ်မယ်!'

အခြားတစ်ဖက်မှာတော့…

ငွေရောင် ဓါးတစ်လက်ကိုကိုင်ဆွဲထားတဲ့ မိန်းမပျိုရဲ့ မျက်နှာအမူရာက ပြောင်းလဲသွားခဲ့ပါတယ်။
"အစွမ်းထက်လိုက်တဲ့ ဓါးစိတ်ဆန္ဒပါလား!"

ဒီဓါးစိတ်ဆန္ဒက သူမနဲ့ အလွန်မင်းနီးစပ်ပြီး ကီလိုမီတာအနည်းငယ်သာ ဝေးကွာခဲ့တာပါ။

ဓါးသမားက ကြောက်မက်ဖွယ်အော်ရာတစ်ခုကို ဆန့်ကျင်တိုက်ခိုက်နေပုံပါပဲ။

တစ်ကယ်တမ်း သူမကလည်း သာမန်မဟုပ်ပါဘူး။တောင်ပင်လယ်မှာ နံပါတ်တစ်ဓါးသမားလို့ နံမယ်ကြီးနေခဲ့သူပဲလေ။

ဒါပေမယ့်လည်း သူမရဲ့ ဓါးစိတ်ဆန္ဒက ထိုလူကို မကျော်လွှားနိုင်ကြောင်း ခံစားနေခဲ့ရပါတယ်။

သူက ဘယ်သူလဲ? သူက အခြား ဓါးသမားတစ်ဦးလား?

သူမတွေးနေချိန်မှာပဲ စိတ်ဆန္ဒတွေက ပြောင်းလဲသွားခဲ့ပြန်ပါပြီ။

ပြင်းထန်တဲ့ ဆေဘာစိတ်ဆန္ဒတွေ ထွက်ပေါ်လာခဲ့တာပါ။

မိန်းမပျိုရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ပြီး
"ဒါက ဆေဘာစိတ်ဆန္ဓပဲ! ဒါကလည်း ဆေဘာစိတ်ဆန္ဒအောက်မလျော့ဘူးဟ"

သူ့မှာ တစ်မျိုးရှ်ိရင် လုံလောက်နေပြီကို ဆေဘာနဲ့ ဓါးစိတ်ဆန္ဒတွေက ဘယ်လိုလုပ်ထုတ်ဖော်နိုင်ရတာလဲ? ဖြစ်နိုင်ဝာာက…

သူမ တွေးတောနေချိန်မှာပဲ ဆေဘာစိတ်ဆန္ဒနဲ့ ဓါးစိတ်ဆန္ဒက ပေါင်းစပ်သွားခဲ့ပြီး ‌ကြောက်မက်ဖွယ်စွမ်းအင်တွေကို ဖြစ်ပေါ်လာစေခဲ့ပါပြီ။

သူမအနေနဲ့ သန်မာတဲ့ ဓါးသမားများစွာကို မြင်ဖူးခဲ့ပါတယ်။သူမကိုယ်တိုင်ကလည်း တောင်ပင်လယ်မှာ နံပါတ်တစ်ဓါးသမားပဲမဟုပ်လား။

သူမကိုယ်တိုင်လည်း ထိုအစွမ်းထက်တဲ့ ဓါးသမားတွေကို ရိုက်နှက်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ဒီအော်ရာ… ဒီဓါးနဲ့ ဆေဘာစိတ်ဆန္ဒက အတူတကွပေါင်းစပ်နေခဲ့ကြပါပြီ။

"ချူးယွန်!"
မိန်းမပျိုက တီးတိုးရေရွှတ်လိုက်ပါတယ်။

တိုင်ဂန်တိုက်ကြီးတစ်ခုလုံးမှာ ဓါးနဲ့ဆေဘာစိတ်ဆန္ဒကို ပေါင်းစပ်နိုင်တာဆိုလို့ ချူးယွန်တစ်ဦးသာ ရှိနေခဲ့တာပါ။

သူမအနေနဲ့ အရိပ်တောင်တန်းကိုလာရတဲ့အထဲမှာ ချူးယွန်နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ချင်တာလည်းပါပါတယ်။

"ချူးယွန်… ဒါချူးယွန်ပဲဖြစ်ရမယ်!"

မိန်းမပျိုရဲ့ မျက်နှာက ‌ဝင်းပသွားခဲ့ပြီး အရှိန်မြှင့်ကာ ပြေးလွှားလိုက်ပါပြီ။

ချူးယွန်နဲ့ ဆုံတွေ့ရတာက ကောင်းတဲ့ကိစ္စပဲလေ။သူနဲ့ရင်ဆိုင်တိုက်ခိုက်လို့ရပါပြီ။

သူမအနေနဲ့ ကောင်းကင်ခန်းမထဲရောက်လို့ နှစ်ရက်မြောက်နေ့မှာပဲ ချူးယွန်နဲ့ ဆုံရလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

တိုက်ပွဲနေရာမှာဝောာ့ ချူးယွန်ရဲ့ မျက်နှာက လေးနက်နေလို့… သူ့အနေနဲ့ ပြင်းထန်စွာ တိုက်ခိုက်နေပေမယ့် ကင်းမြီးကောက်ကို မသတ်ဖြတ်နိုင်သေးပါဘူး။ဒဏ်ရာတွေသာ ဖြစ်ပေါ်စေနိုင်ခဲ့တာပါ။

ဒါပေမယ့်လည်း ဒဏ်ရာရပြီးနောက် ကင်းမြီးကောက်က ပိုပြီး ကြမ်းရမ်းလာခဲ့ပါပြီ။

"ငါသာ ဖိနှိမ်ခံမထားရရင် မင်းကို အလွယ်ကိုင်တွယ်နိုင်တယ်ကွ"

ချူးယွန် သူ့နှုတ်ခမ်းထောင့်က သွေးကိုသုတ်ပြီး ဟိန်းဟောက်လိုက်ပါတယ်။
"ဒီလိုဖြစ်လာမှတော့ မင်းကိုပြရသေးတာပေါ့"

ချူးယွန် စတင်လှုပ်ရှားလိုက်ပါပြီ။

မဟာဖွံ့ဖြိုးခြင်းဓါးသိုင်းရဲ့ ဒုတိယအကွက် - တောင်တန်းနဲ့မြစ်ပြင် အသွင်ပြောင်းလဲခြင်း။

အပိုင်း 633 ဘယ်သူမှ ငါတို့ကို မမြင်လို့သာပေါ့

ချူးယွန်လက်ထဲမှာ ကောင်းကင်ဓါးနဲ့ ရေလဆေဘာက လျင်မြန်စွာ လှည့်ပတ်လှုပ်ရှားနေပြီး အရိပ်တွေအလားပါပဲ။ဓါးကီတွေကလည်း လေထဲမှာ ပြည့်နှက်ကာ ပေါင်းစပ်လို့လာခဲ့ပါပြီ။

ချူးယွန်ရဲ့ ထိန်းချုပ်မှုအောက်မှာ ဓါးကီတွေက တစ်ဖြည်းဖြည်းနဲ့ ကျယ်ပြန့်တဲ့ တောင်တန်းကြီးတွေ၊ မြစ်ပြင်ကျယ်ကြီးတွေအသွင် ပုံရိပ်တွေ ဖြစ်ပေါ်လာခဲ့ပြီလေ။

လက်ရှိအချိန်မှာတော့ ချူးယွန်က လေထဲမှာရပ်နေရင်း သူ့ဝတ်စုံက တစ်ဖျတ်ဖျတ် လူးလွန့်နေလို့…

မဟာဖွံ့ဖြိုးခြင်းဓါးသိုင်းရဲ့ ဒုတိယမြောက် ဓါးကွက်- တောင်တန်းနဲ့မြစ်ပြင် အသွင်ပြောင်းလဲခြင်း…

ချူးယွန် ဒီဓါးကွက်ကို အောင်မြင်ပြီးချိန်ကစလို့ တာ့လင်တစ်ဦးတည်းနဲ့သာ တိုက်ခိုက် အသုံးပြုခဲ့ဖူးတာပါ။

သူ့‌အရှေ့ရှိ ပျက်ဆီးခြင်းသက်ရှိ ကင်းမြီးကောက်ကြီးက ပျက်ဆီးခြင်းသက်ရှိတွေထဲမှာတောင် အတော်သန်မာတယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမယ့်လည်း သူ့ရဲ့ အင်အားကြီးမားမှုကြောင့်သာ ချူးယွန်ကို အခုချိန်ထိဝောာင့်ခံနိုင်တာပါ။သူ့ရဲ့ အသိညဏ်က သိပ်မမြင့်မားပါဘူး။ဒါကြောင့် ချူးယွန်ရဲ့ လှုပ်ရှားမှုကိုမြင်ပေမယ့် သူက မကြောက်မရွံ့ အရှေ့ကို တိုးတက်လာခဲ့ပါပြီ။

အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် ကောင်းကင်ဓါးက ငြိမ်သက်လာခဲ့ပါတယ်။

သူက အရာအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေတဲ့ အပြင်လူတစ်ယောက်အလား…

သူ့အရှေ့မှာ တောင်တန်းနဲ့ မြစ်ပြင်က ခမ်းနားစွာ ထွက်ပေါ်လာခဲ့ပါပြီ။

ပင်လယ်ရေပြာက ကြေးမုံပြင်အလား တောင်တန်းကြီးရဲ့အသွင်ကို ထင်ဟပ်နေလို့… မြင်လိုက်တာနဲ့ လူတစ်ယောက်ရဲ့စိတ်ကို ကြည်သာချမ်းမြေ့စေနိုင်တဲ့ မြင်ကွင်းမျိုးပါ။

ဒါက အလွန်အေးချမ်းပုံရပေမယ့် တစ်ကယ်တမ်း အဆုံးမဲ့စွမ်းအင်တွေပါဝင်နေခဲ့ပါတယ်။

ထို အေးချမ်း တည်ငြိမ်တဲ့ ပင်လယ်ရေအောက်မှာ ကောင်းကင်ကိုတောင် ဆုတ်ဖြဲပစ်နိုင်တဲ့ ကြောက်မက်ဖွယ်အင်အားကြီးတစ်ခုက ပုန်းအောင်းနေတဲ့အလားပါပဲ။

ငွေရောင်ဓါးနဲ့ မိန်းမပျိုက အဝေးကနေ ချူးယွန်ကို လှမ်းကြည့်နေခဲ့လို့ပါ။

"ဒီဓါးသိုင်းက… "
ထိုဓါးသိုင်းကို မြင်လိုက်ရတာနဲ့ မိန်းမပျိုရဲ့ မျက်လုံးတွေက အံ့ဩစိတ်နဲ့အတူ ပြူးကျယ်လို့သွားခဲ့ပါပြီ။

ဒီလိုဓါးသိုင်းမျိုးက သူမနားလည်နိုင်တာထက် ကျော်လွန်နေခဲ့ပြီလေ။သူမဘယ်လောက်ပဲ ကြိုးစားနေပါစေ နားလည်နိုင်မှာမဟုပ်ပါဘူး။

သူတို့က လုံးဝကို မတူညီတဲ့ကမ္ဘာက လူတွေလိုပါပဲ။

"သူ့ရဲ့ ဓါးပညာအပေါ် နားလည်နိုင်စွမ်းက ငါမြင်ဖူးသမျှလူတွေထက် သာလွန်နေခဲ့ပြီပဲ… ငါ့အနေနဲ့ နှစ်ပေါင်းများစွာ ကျင့်ကြံပြီးရင်တောင် လိုက်မှီနိုင်ဦးမှာမဟုပ်ဘူး!"
ငွေရောင်ဓါးပိုင်ရှင် မိန်းမပျို အံ့အားသင့်စွာ ပြောလိုက်ပါတယ်။

သူမမျက်လုံးနဲ့ တပ်အပ်မမြင်ရသေးပဲ ကောလဟာလတွေပဲ ကြားနေရတယ်ဆိုရင် ယုံနိုင်မှာမဟုပ်ပါဘူး။

ဒါပေမယ့် အခုလိုမြင်လိုက်ရပြီးချိန်မှာဝောာ့ သူမမှာ ရင်ဆိုင်ယှဉ်ပြိုင်ချင်စိတ်မရှိတော့ပါဘူး။

ပိုးစုန်းကြူးတစ်ကောင်က လမင်းကြီးကို ဘယ်လိုယှဉ်နိုင်မှာလဲ?

ငွေရောင်ဓါးပိုင်ရှင် အမျိုးသမီးရဲ့ စိတ်ထဲမှာ အနည်းငယ် စိတ်ပျက်အားလျော့မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။သူမကိုယ်သူမလည်း စိတ်ပျက်နေလို့ပါ။ဒီလို ကြီးမားတဲ့ ကွာဟမှုကို မြင်ရပြီးနောက် သူမရဲ့ စိတ်အခြေအနေက ပြောင်းလဲသွားခဲ့ရပါတယ်။

ဟုပ်ပါတယ်… သူမ စိတ်ဓါတ်ကျသွားခဲ့ပေမယ့် မျှော်လင့်ချက်အချို့တော့ ရှိနေဆဲပါ။

သူမရဲ့ ဓါးပညာကျွမ်းကျင်မှုကလည်း ကန့်သတ်ချက်တစ်ခုကို ရောက်နေခဲ့ပြီလေ။

သူမသာ နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းလိုက်နိုင်ရင် သူမရဲ့ ဓါးပညာကျွမ်းကျင်မှုကလည်း အဆင့်သစ်တစ်ခုကို ရောက်သွားတော့မှာပါ။

ဒါက အလွန်ခက်ခဲမှာဆိုပေမယ့် မျှော်လင့်ချက်အလင်းရောင် အချို့ကိုတော့ သူမမြင်လာခဲ့ရပြီလေ။

ဒါက အကန့်အသတ််မဲ့လမ်းစဉ်တစ်ခုပါ… သူမအနေနဲ့ လမ်းဆုံးကိုရောက်ဖို့ အဝေးကြီးလိုနေပါသေးတယ်။

အခြားတစ်ဖက်မှာလည်း ဘုန်းကြီးတွေပါ ရောက်လာခဲ့ကြပါပြီ။

"အားလုံးပဲ ရပ်လိုက်ကြစမ်း"
တုန်ရီစွာနဲ့ ဘုန်းကြီးခေါင်းဆောင်က သူ့အနောက်ရှိ ဘုန်းကြီး‌တွေကို လက်ပြကာ ဟန့်တားလိုက်ပါတယ်။သူ့ရဲ့မျက်နှာပေါ်မှာတော့ ကြောက်ရွံ့တဲ့ အရိပ်ယောင်တွေ ထွက်ပေါ်နေလို့။

"အကိုကြီး ဘာဖြစ်လို့လဲ?"
အခြားဘုန်းကြီးတွေက စိတ်ရှုပ်ထွေးနေတဲ့ မျက်နှာတွေနဲ့ ပြောလိုက်ကြတယ်။

အကြီးဆုံး ဘုန်းကြီးက လက်ညိုးတစ်ချက်ညွှန်ပြပြီး ပြောလိုက်တယ်။
"အဲဒီဓါးသိုင်းကို ကြည့်လိုက်ကြစမ်းပါ!"

သူ့အသံပျောက်ကွယ်သွားတော့မှ အခြားဘုန်းကြီးတွေက သေချာကြည့်လိုက်ပါတယ်။

"တောင်တန်းနဲ့ မြစ်ပြင်ကားချပ်ပါလား"

ဘုန်းကြီးတွေရဲ့ မျက်လုံးထဲမှာ အံ့အားသင့်တဲ့ အရိပ်ယောင်တွေ ထွက်ပေါ်လာခဲ့ကြပါပြီ။

"ဒီတောင်တန်းနဲ့ မြစ်ပြင် ကားချပ်က သန့်စင်တဲ့ ဓါးစွမ်းအင်လှိုင်းတွေက ဖြစ်ပေါ်လာခဲ့တာပေါ့"
ဘုန်းကြီးရဲ့ မျက်လုံးတွေ ပြူးကျယ်နေလို့။လူတစ်ဦးက ဓါးစွမ်းအင်နဲ့ ဒီလိုမြင်ကွင်းမျိုးကို ဖြစ်ပေါ်စေနိုင်မယ်လို့ သူစိတ်ကူးထဲတောင် မရှိခဲဖူးပါဘူး။

ဒီလိုမြင်ကွင်းမျိုးဖြစ်ပေါ်စေနိုင်ဖို့ တစ်ယောက်ရဲ့ ထိန်းချုပ်နိုင်စွမ်းက ဘယ်လောက်ထိ မြင့်မားနေရမယ်ဆိုတာ တွေးဖို့တောင်မလွယ်တော့ဘူးလေ။

တောင်တန်းနဲ့ မြစ်ပြင် ကားချပ်ကို မြင်ပေမယ့် ကင်းမြီးကောက်ကြီးက ဂရုမစိုက်ခဲ့ပါဘူး။သူက မြေပြင်က ခုန်ထွက်ပြီး သူ့ရဲ့ခြေသည်းတွေနဲ့ ချူးယွန်ကို ကုပ်ခြစ်တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်ပါပြီ။

"မလှုပ်နဲ့နော်… မင်းတစ်လက်မလလောက်ရွှေ့ရင် ငါ့ဓါးကီတွေက ခုတ်ထစ်လိုက်လိမ့်မယ်"
ချူးယွန် သနားဟန်နဲ့ ရယ်မောလိုက်ပါတယ်။

ဒါပေမယ့်လည်း ကင်းမြီးကောက်က သူပြောတာကို နားမလည်နိုင်တာ ရှင်းနေတာပဲလေ။သူ့ရဲ့ ခြေသည်းတွေက လေထုကို ဖြတ်သန်းရင်း ချူးယွန်ဆီကိုပြေးဝင်လာခဲ့ပါပြီ။

"ရွှစ်"
အသံတစ်ချက်နဲ့အတူ တောင်တန်းနဲ့မြစ်ပြင်ကားချပ်က လှုပ်ခတ်ကာ ပုံပျက်သွားခဲ့ပါတယ်။ဒီအခါမှာတော့ တောင်တန်းနဲ့မြစ်ပြင်က မြန်ဆန်စွာပဲ ပြိုလဲ ပျက်ဆီးလာခဲ့ပြီလေ။

ပြိုလဲပြီးချိန်မှာဝောာ့ အရူးအမူးသတ်ဖြတ်ချင်စိတ်တွေက ကားချပ်နေရာမှာ အစားထိုးဝင်ရောက်လာခဲ့ပါပြီ။ဒါက ပြင်းထန်တဲ့ လေပြင်းမုန်တိုင်းအလား… အရာအားလုံးကို ပိုင်းဖြတ်နိုင်ပုံရတဲ့ ဓါးကီတွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။

ပန်းချီကားအလယ်ရှိ ‌ကင်းမြီးကောက်ကို ထောင်နဲ့ချီတဲ့ ဓါးအလင်းတွေက ပိုင်းဖြတ်ပစ်လိုက်ကြပါပြီ။

ဒါက အလွန်ကို မြန်ဆန်နေခဲ့ပါတယ်။

အသက်ရှုချိန်အနည်းငယ်အတွင်းမှာပဲ ကင်းမြီးကောက်ရဲ့ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက အမှုန့်ဖြစ်လို့သွားခဲ့ပါပြီ။

တစ်ချိန်ထဲမှာပဲ တောင်တန်းနဲ့မြစ်ပြင်ကားချပ်ကလည်း ပျောက်ကွယ်သွားခဲ့ပြီလေ။ကျန်ရစ်ခဲ့ဝာာက ပျက်ဆီးခြင်းသက်ရှိရဲ့ အငွေ့အသက်တွေနဲ့ မတည်မငြိမ်ဖြစ်နေတဲ့ သဘာဝစွမ်းအင်တွေပါ။

တိတ်ဆိတ်မှု… တိတ်ဆိတ်မှုကသာ အရာအားလုံးကို ကြီးစိုးထားလို့…

ငွေရောင်ဓါးပိုင်ရှင် မိန်းမပျိုဟာလည်း အလွန်ကို တုန်လှုပ်နေခဲ့ပါတယ်။

တောင်ပိုင်း သမုဒ္ဒရာမှာ နံပါတ်တစ်ဓါးသမားအဖြစ် ကျော်ကြားခဲ့တဲ့သူမဟာ… လက်ရှိချူးယွန်နဲ့ နှိုင်းယှဉ်ရင်တော့ သူတို့ကြား ကွာဟချက်က မိုးနဲ့မြေလိုပါပဲ။

မိန်းမပျိုလေး အသက်ပြင်းပြင်းရှုပြီး အချိန်အတော်ကြာမှ တုန်လှုပ်နေရာက ပြန်သတိဝင်လာခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ ခေါင်းဆောင်ဘုန်းကြီးက ခြောက်ခြားစွာ ခြောင်းဆိုးပြီးနောက် လှည့်ထွက်လိုက်ပါပြီ။

"အကိုကြီး… ခင်ဗျားဘာလုပ်တာလဲ"

"ချူးယွန်ကို မဖမ်းတော့ဘူးလား"

ဒါကိုမြင်ပြီးနောက် အခြားဘုန်းကြီးတွေ စိတ်ရှုပ်ထွေးစွာ ပြောလိုက်ပါတယ်။

"မင်းအဖိုးလေ… မင်းတို့ မသွားသေးဘူးပေါ့! ဘာကိုစောင့်နေတာတုံး… မင်းတို့ရဲ့ သေမင်းကို စောင့်နေတာလား"
ခေါင်းဆောင်ဘုန်းကြီး ဒေါသတကြီးနဲ့‌ ပြောလိုက်ပါတယ်။

ဒီအခါမှာဝောာ့ အခြားဘုန်းကြီးတွေလည်း တစ်ခုခုကို တွေးမိသွားပုံပါပဲ… မတော်တဆ ဖြတ်သွားရင်း ကြုံကြိုက်တဲ့ပုံနဲ့ ခေါင်းဆောင်ဘုန်းကြီးရဲ့ အနောက်ကို လိုက်သွားခဲ့ကြပါပြီ။

အတော်ဝေးဝေးကိုရောက်မှ ဘုန်းကြီးတွေ သက်ပြင်းချလိုက်ကြပါတယ်။
"အော်မီသော်ဖု… မင်းမမြင်လိုက်ဘူး… ဘယ်သူမှ ငါတို့ကို မမြင်လိုက်ပါဘူး"

အမြန်ထွက်ပြေးသွားတဲ့ဘုန်းကြီးတွေကိုကြည့်ရင်း ချူးယွန် ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ပါတယ်။သူ့ကိုလာမစသရွေ့တော့ သူကလည်း ဂရုမစိုက်ပါဘူး။

အခြားတစ်ဖက်မှာဝောာ့ ငွေရောင်ဓါးနဲ့မိန်းမပျိုက ချူးယွန်ရဲ့ မျက်လုံးတွေကို လင်းလက်သွားစေခဲ့ပါတယ်။

သူမက အလွန်လှပပြီး မြင့်မြတ်တဲ့ အော်ရာတွေလည်း ထွက်ပေါ်နေလို့ပါ။သူမရဲ့ အဆင့်တန်းကလည်း မနိမ့်ကျနိုင်ပဲ အလိုလိုက်ခြင်းခံထားရတဲ့ မင်းသမီးတစ်ပါးလိုပါပဲ။တစ်ချက်ကြည့်ပြီးနောက် ချူးယွန် လှည့်ထွက်လိုက်ပါပြီ။

သူမကို လှမ်းကြည့်လိုက်တဲ့ ချူးယွန်ရဲ့ အသွင်ကိုကြည့်ရင်း မိန်းမပျိုရဲ့နှလုံးသားက လှုပ်ခတ်သွားခဲ့ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်သွားရတယ်ဆိုတာတော့ သူမကိုယ်တိုင်တောင် မသိခဲ့ပါဘူး။ချူးယွန်နဲ့ အကြည့်ချင်းဆုံချိန် သူမရင်ထဲက လှုပ်ခတ်သွားမှုကို ချေဖျက်ဖို့လည်း ခက်ခဲနေလို့ပါ။

ချူးယွန်ရဲ့ ဓါးနဲ့ဆေဘာအပေါ်နားလည်မှုနဲ့ စွမ်းရည်တွေကြောင့် သူမကိုယ်တိုင်မသိလိုက်ပဲ နေရာတစ်ခုပေးလိုက်မိတာမျိုး ဖြစ်နိုင်ပါတယ်။

"ချူးယွန်… ငါ…"
မိန်းမပျို အသက်ပြင်းပြင်းရှုပြီးနောက် ချူးယွန်ကို စကားပြောဖို့ အစပြုလိုက်ပါတယ်။

ရုတ်တရက် ထူးခြားတဲ့ခံစားချက်တစ်ခုကိုလည်း သူမ ခံစားလိုက်ရပါပြီ။

အရင်ကဆို အခြားပါရမီရှင်တွေကသာ သူမကို စကားပြောဖို့ အစပြုခဲ့ဝာာပါ။ဒါပေမယ့် သူမက အဖက်မလုပ်ခဲ့ပါဘူး။ဒါပေမယ့် အခုချိန်မှာဝောာ့ သူမက စကားစတင်ပြောဆိုလိုက်တာပါ။ဒါက သူမကို တစ်မျိုးတစ်မည်ခံစားရစေပါတယ်။

ချူးယွန် လှည့်ထွက်သွားဖို့ ဟန်ပြင်လိုက်တာကိုမြင်ပြီးနောက် မိန်းမပျိုက တီးတိုးရေရွှတ်လိုက်တယ်။
"ဘယ်သူကမှ ငါ့ရဲ့တည်ရှိမှုကို လျစ်လျူရှုမထားခဲ့ဖူးဘူး… နင်က ပထမဆုံးသောလူပဲ"

ပြောပြီးနောက် သူမရဲ့မျက်လုံးထဲမှာ အနည်းငယ်တွန့်ဆုတ်မှုတွေ ပေါ်လာခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် သူမအနေနဲ့ ချူးယွန်ဆီက လမ်းညွှန်မှုအချို့ လိုချင်နေမိလို့ပါ။ချူးယွန်ရဲ့ ဓါးပညာအပေါ် နားလည်နိုင်စွမ်းက အခြားဓါးသမားတွေအတွက် ရတနာသိုက်တစ်ခုလိုပဲမဟုပ်လား။

သူမသာ အနည်းငယ်လောက် သင်ယူနိုင်ခဲ့ရင် သူမရဲ့ တိုက်ခိုက်နိုင်စွမ်းက များစွာ တိုးတက်သွားနိုင်တယ်လေ။

ဒါကိုတွေးပြီးနောက် ချူးယွန်အနောက်ကို ချက်ခြင်းပြေးလိုက်သွားခဲ့ပါပြီ။

"ချူးယွန်!"
မိန်းမပျိုက ချူးယွန်အရှေ့မှာ ပိတ်ရပ်လိုက်ပါတယ်။

ချူးယွန် အံ့အားသင့်သွားခဲ့ပါတယ်။သူက မျက်ခုံးပင့်ကြည့်ပြီး တွေးလိုက်တယ်။
'ဒီမိန်းကလေး ဘာလို့ငါ့လမ်းကိုလာပိတ်တာပါလိမ့်"

သူမရဲ့ အပြုအမူက ချူးယွန်ကို အံ့အားသင့်စေခဲ့ပါတယ်။ဒါပေမယ့်လည်း ကြည့်ရသလောက်တော့ ထိုမိန်းကလေးက အဆင်ပြေနေတဲ့ပုံပါ။

ဒါပေမယ့် မိန်းမပျိုက စိတ်မပျက်ပဲ ပြောလိုက်တယ်။
"ချူးယွန် ငါမုရုံဇီကလည်း တောင်ပိုင်းသမုဒ္ဒရာ ဇီယန်နန်းဝောာ်က ဓါးသမားတစ်ယောက်ပဲ"

ချူးယွန်ရဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ပါတယ်။တောင်ပိုင်းသမုဒ္ဒရာမှာ ဇီယန်နန်းတော်က အလွန်အစွမ်းထက်တဲ့ အင်အားစုတစ်ခုပဲလေ။

တောင်ပိုင်းသမုဒ္ဒရာမှာ ကုန်းမြေတိုက်ကြီး မရှိပဲ ကျွန်းတွေပဲ တည်ရှိနေခဲ့ဝာာပါ။ဇီယန်နန်းတော်က တောင်ပိုင်းသမုဒ္ဒရာမှာ ဩဇာကြီးမားပြီး အကောင်းဆုံးကျွန်းကြီးတစ်ကျွန်းမှာ အခြေစိုက်ပါတယ်။

မုရုံဇီက ဇီယန်နန်းဝောာ်က လာခဲ့သူဆိုမှတော့ သူ့ရဲ့ အဆင့်အတန်းကလည်း နိမ့်ကျပုံမရပါဘူး။

သူမရဲ့ အနေအထားကိုပြောပြီးနောက် ချူးယွန်က အနည်းငယ်လှုပ်ရှားရင်လှုပ်ရှား၊ ဒါမှမဟုတ် အသိအမှတ်ပြုလိမ့်မယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမယ့်လည်း ချူးယွန်က အရင်အတိုင်းပဲရှိနေ‌ဆဲပါပဲ။ သူက ထူးခြားမှုနည်းနည်းတောင် မရှိခဲ့ပါဘူး။


အပိုင်း 634 သူငါ့ကို သေချာပေါက် သင်ပေးရမယ်

ချူးယွန်က မတုန်မလှုပ်ရှိနေတာမြင်တော့ မုရုံဇီ တွန့်ဆုတ်စွာနဲ့ ဆက်ပြောလိုက်ပါတယ်။
"ငါနင့်အကြောင်းတွေ ကြားဖူးဝာာကြာပြီ… ပြောစကားတွေအရ နင်က ဓါးစိတ်ဆန္ဒနဲ့ ဆေဘာစိတ်ဆန္ဒကို ပေါင်းစပ်ပြီး တိုက်ခိုက်နိုင်တဲ့ ပါရမီရှင်တဲ့… ငါကလည်း ပါရမီရှင်တစ်ယောက်ပဲလေ… ငါက နင့်ပြိုင်ဘက်မဖြစ်နိုင်ပေမယ့်လည်း ငါနင်နဲ့ ယှဉ်ပြိုင်ချင်တယ်… နင် အချိန်ရရင် ငါ့ကို နည်းနည်းလောက်လည်း လမ်းညွှန်ပေးစေချင်တယ်"

ချူးယွန် ခေါင်းကိုခါယမ်းရင်း ရယ်မောလိုက်ပါတယ်။
"သခင်မလေးမုရုံ… ဒါက ကောင်းကင်ခန်းမပါဗျာ… ငါတို့က လေ့ကျင့်ဖို့လာခဲ့တာကို နင့်ကိုလမ်းညွှန်ဖို့ ဘယ်လိုလုပ်အချိန်ရှ်ိမှာလဲ"

ပြောပြီးနောက် ချူးယွန် ချက်ချင်းလှည့်ထွက်လိုက်ပါတယ်။

"တိုက်ပွဲ"ဆိုတဲ့ စာလုံးကို ရှာတွေ့ပြီးကတည်းက ချူးယွန်အနေနဲ့ ကောင်းကင်ခန်းမဟာ အခွင့်အလမ်းတွေနဲ့ပြည့်နေတယ်ဆိုတာ သိသွားခဲ့တာပါ။

ဒီနေရာက လူတစ်ယောက်ကို မတူညီတဲ့အဆင့်တစ်ခုထိ  တက်ရောက်သွားစေနိုင်တယ် မဟုတ်လား။

သူပိုပြီးလုံ့လစိုက်ရှာဖွေလေ၊ သူရိတ်သိမ်းရတာက ပိုကြီးမားလာလေပါပဲ။

ရလဒ်အနေနဲ့ ချူးယွန်ဟာ မုရုံဇီနဲ့ အချိန်ဖြုန်းမနေနိုင်တော့ပါဘူး။

"ငါ…"
ချူးယွန်က ငြင်းပယ်လိုက်ကြောင့် မုရုံဇီ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့ရပါတယ်။

ခနကြာတွေဝေနေ‌ပြီးနောက် သူမ ပြောလိုက်တယ်။
"ငါအချိန်အများကြီးမလိုပါဘူး… ငါ့ကို တစ်ရက်၊နှစ်ရက်လောက်ပဲ အချိန်ပေးပါ… ဒါမှမဟုတ်ရင် နေ့တစ်ဝက်ပဲဆိုရင်ရော!"

"နေ့တစ်ဝက်ကို ငါက စိတ်မဝင်စားပါဘူး… ဒါပေမယ့် တစ်ရက်တော့ ငါလုပ်နိုင်တယ်"
ချူးယွန် မုရုံဇီကိုကြည့်ပြီး ပြုံးသွားကာ အသံတိုးတိုးနဲ့ ပြောလိုက်တယ်။

"နင်ဘာပြောတာလဲ?"
မုရုံဇီ ချူးယွန်ပြောတာကို နားမလည်ပါဘူး။သူမ အူကြောင်ကြောင် ဖြစ်သွားခဲ့တယ်။

"ဘာမှမဟုပ်ပါဘူး… ငါ့မှာအချိန်မရှိဘူးလို့ပြောတာ… နင်ငါ့ကိုတွေ့ချင်ရင် ကောင်းကင်ခန်းမက ပြန်ထွက်လာတဲ့နေ့ထိစောင့်တာ အကောင်းဆုံးပဲ"
ချူးယွန် ရယ်မောလိုက်ပါတယ်။

မုရုံဇီ ဒေါသတကြီးဖြစ်သွားပြီး ပြောလိုက်တယ်။
"ချူးယွန်… နင်ငါ့ကို လမ်းညွှန်မှုပေးနော်… မဟုပ်ရင် ငါနင့်အနောက်က လျှောက်လိုက်နေမှာ!"

ချူးယွန် ကူကယ်ရာမဲ့စွာနဲ့ ခေါင်းကိုခါယမ်းလိုက်ပြီး
"ဒါကတော့ မင်းသဘောပဲ"

ပြောပြီးတာနဲ့ ချူးယွန် ကောင်းကင်ဘုံကိုဖြတ်သန်းခြင်းပညာရပ်ကိုအသုံးပြုပြီး ပြေးလွှားလိုက်ပါပြီ။

မုရုံဇီ တုန်လှုပ်သွားခဲ့ပါတယ်။သူမ ချက်ချင်းပဲ ချူးယွန်အနောက်ကို ပြေးလိုက်သွားခဲ့ပြီလေ။

သူမရဲ့ လှုပ်ရှားမှုပညာရပ်တွေက အားမနည်းပေမယ့် ချူးယွန်ကို မှီအောင်မလိုက်နိုင်ခဲ့ပါဘူး။သူတို့ကြားမှာ ကြီးမားတဲ့ အကွာအဝေး ကန့်သတ်ချက်တစ်ခုရှိနေဆဲပါ။

ချူးယွန် ပြေးရင်းနဲ့ ‌အသာခေါင်းငဲ့ကြည့်လိုက်ပါတယ်။မုရုံဇီက အတော်လေး ဆုံးဖြတ်ချက်ပြတ်သားပြီး သူ့အနောက်က တစ်ကယ်ကိုပြေးလိုက်လာခဲ့ဝာာပါ။

"အလှလေးရေ… ပုံမှန်ဆိုရင်တော့ ‌ငါသေချာဆွေးနွေးပေးမှာပါ… ဒါပေမယ့် အခုကတော့ ငါ့မှာ အချိန်မရှိဘူး"
ချူးယွန် ရေရွှတ်လိုက်ပါတယ်။ပြီးနောက် မလျှော့သောအရှိန်နဲ့ ဆက်ပြေးသွားလိုက်ပါပြီ။

ခနကြာပြီးနောက် မုရုံဇီ ချူးယွန်ကို အမှီမလိုက်နိုင်ကြောင်း သူမ သဘောပေါက်လာခဲ့ပါတယ်။ပြိုင်ဘက်က အလွန်ကို လျင်မြန်လွန်းနေတယ်မဟုပ်လား။

"ငါမှီအောင်လိုက်ပြမယ်!"
မုရုံဇီ ခေါင်းမာစွာ ရေရွှတ်လိုက်ပါတယ်။ပြီးနောက် လျှပ်စီးလက်သလို ဆက်လက်ပြေးလွှားလိုက်ပြီလေ။

ထိုဖြစ်စဉ်က နေ့တစ်ဝက်ခန့် ကြာသွားခဲ့ပါပြီ။

မုရုံဇီ အစွမ်းကုန်သုံးပြီး ပြေးလွှားနေလို့… ဒါပေမယ့်လည်း ချူးယွန်က အကွာအဝေးတစ်ခုကို ထားထားနိုင်‌ဆဲပါ။

"မြန်လိုက်တာ"
မုရုံဇီ အသက်ပြင်းပြင်းရှုလိုက်ပါတယ်။နေ့တစ်ဝက်ကျော်ပြေးလွှားပြီးနောက်မှာတော့ သူမရဲ့ စိုးရိမ်ပူပန်မှုတွေက အေးဆေးတည်ငြိမ်လာခဲ့ပါပြီ။

သူမရဲ့ လက်ရှိအခြေအနေက လေ့ကျင့်နေသလိုဖြစ်နေကြောင်းလည်း သူမ သဘောပေါက်လာခဲ့ပြီလေ။

သူမအနေနဲ့ ချူးယွန်အနားကို မကပ်နိုင်ပေမယ့်လည်း ဒီလို အချိန်ကာလရှည်ကြာစွာ ပြေးလွှားနေရမှုကနေ သူမကို သက်တောင့်သက်သာ ရှိလာစေခဲ့ပါတယ်။

နောက်ပြီး ချူးယွန်က မြန်ဆန်တယ်ဆိုပေမယ့် သူမအရှေ့ကနေ တိကျတဲ့ အကွာအဝေးတစ်ခုမှာပဲ အမြဲရှိနေခဲ့ဝာာပါ။

သူမဘယ်လောက်ပဲ ကြိုးစားနေပါစေ သူတို့ကြားအကွာအဝေးက မထူးခြားလာပါဘူး။သူမက မြန်ရင် သူကလည်းမြန်လာပြီး သူမနှေးသွားချိန်မှာတော့ သူကလည်း နှေးသွားခဲ့ပါတယ်။ဒါက အလွန်ရိုးရှင်းစွာ ကောင်းမွန်လှတဲ့ ထိန်းချုပ်မှုတစ်ခုပါပဲ။

မုရုံဇီကလည်း ငတုံးမဟုပ်ပါဘူး။ဆန့်ကျင်ဘက်အနေနဲ့ သူမကလည်း ထိပ်သီးကောင်းကင်ဂုဏ်ဆောင်ပါရမီရှင်တစ်ယောက်ပဲမဟုပ်လား။

တစ်ကယ်တမ်း ဒါက သူမအတွက် လေ့ကျင့်ခန်းတစ်မျိုးလိုပါပဲ။ဒါက အလွန်နက်ရှိုင်းမှုမရှိပေမယ့် သူမအတွက် အကျိုးရှိခဲ့ပါတယ်။

သူမအနေနဲ့ ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှု နေ့တစ်ဝက်‌ခန့် ဆက်တိုက်ပြေးလွှားခဲ့ရတယ်မဟုပ်လား။

ပုံမှန်ဆိုရင် သူမရဲ့ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ဒီလိုလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ဒါပေမယ့် အခုအချိန်မှာတော့ သူမရဲ့ ကန့်သတ်ချက်တွေကို ချိုးဖြတ်ပစ်လိုက်နိုင်ပါပြီ။

သေချာတွေးတောပြီးနောက် သူမ စိတ်လှုပ်ရှားလာခဲ့ပြီလေ။ချူးယွန်က သူမရဲ့စွမ်းရည်ကို မြှင့်တင်ဖို့  အခွင့်အရေးပေးနေတယ်ဆိုတာ သဘောပေါက်လာခဲ့ပါတယ်။သူက သူမကို မကူညီနိုင်လို့ပြောခဲ့ပေမယ့် သူမကတော့ စိတ်လှုပ်‌ရှားနေခဲ့ပါပြီ။

တွေးရင်း…တွေးရင်း မုရုံဇီ ပြုံးလိုက်မိပြီလေ။

တစ်ကယ်တမ်းတော့ သူမ အတွေးလွန်နေခဲ့တာပါ။

ချူးယွန်အနေနဲ့ အမြန်နှုန်းကိုထိန်းသိမ်းပြီးသွားနေရတာက အကြောင်းရှိနေခဲ့ပါတယ်။ပြေးလွှားရင်း သူ့ရဲ့အာရုံကို ရှေးဟောင်းနေရာတွေရှာဖွေဖို့ ဖြန့်ကျက်နေခဲ့တာလေ။

အနည်းငယ်ပိုမြန်ဖို့က သူ့အတွက် ပြဿနာမရှိပေမယ့် ပတ်ဝန်းကျင်ကို အာရုံစိုက်နိုင်စွမ်းကတော့ ကျဆင်းသွားရမှာပါ။ဒါဆိုရင် ရှေးဟောင်းဆိုင်ရာ ပစ္စည်းတွေ၊အရာဝထ္ထုတွေနဲ့ သူဝေးရပါလိမ့်မယ်။

ဒါကြောင့်မို့သာ ချူးယွန်အနေနဲ့ အမြန်နှုန်းကို ထိန်းသိမ်းထားခဲ့ရဝာာလေ။

"ဝုန်း ဝုန်း ဝုန်း!"
ဒီအချိန်မှာပဲ ကောင်းကင်က အမှောင်ဖုံးသွားပြီး မိုးပျံ ပျက်ဆီးခြင်းသားရဲအုပ်ကြီးကို မြင်လိုက်ရပါပြီ။သူတို့အားလုံးက ဦးတည်ချက်တစ်ခုထဲကိုသာ ပျံသန်းနေခဲ့ကြတာပါ။

ချူးယွန် ရုပ်တရက် မျက်မှောင်ကြုတ်ပြီး ရပ်တန့်လိုက်ပါပြီ။

ထိုပျက်ဆီးခြင်းသက်ရှိတွေ ကောင်းကင်မှာ ပျံသန်းနေပုံက ကောင်းကင်က ဆင်းသက်လာတဲ့ နဂါးငွေ့တန်းကြီးအလား… သူတို့ပျံသန်းသွားရာလမ်းက အမှောင်ဖုံးသွားခဲ့ကြပါတယ်။

ချူးယွန် ထိုပျက်ဆီးခြင်းသက်ရှိတွေနဲ့ အကွာအဝေးကို တွက်ချက်ကြည့်ပြီး ငြိမ်နေလိုက်ပါတယ်။သူသာ ထူးထူးခြားခြားလုပ်မနေရင် ထိုအကောင်တွေကလည်း သူ့ကို ဘာမှလုပ်မယ်မဟုပ်ပါဘူး။

သူထင်ထားတဲ့အတိုင်းပါပဲ… ထိုပျက်ဆီးခြင်းသက်ရှိတွေက သူကို ဂရုစိုက်မနေခဲ့ကြပါဘူး။သူတို့လမ်းကြောင်းအတိုင်းသာ ဆက်ပြီး ပျံသန်းသွားခဲ့ကြတာပါ။

ဒီအချိန်မှာပဲ စွမ်းအင်တွေပြည့်နှက်နေတဲ့ ပုံရိပ်တစ်ခုက သူ့ဆီကို ပြေးလွှားလို့လာခဲ့ပါပြီ။ထိုပုံရိပ်ကတော့ မုရုံဇီပဲလေ။

သူမက ပင်ပန်းလွန်းလို့ အသက်ကို ပြင်းပြင်းရှုနေရပေမယ့် အလွန်ဂုဏ်ယူနေတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။
"ငါနင့်ရဲ့စမ်းသပ်မှုကို အောင်မြင်ပြီလို့ထင်တယ်… အခုငါ့ကို ဓါးပညာသင်ပေးတော့မလား"

ချူးယွန်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ပြီလေ။
'ဘာလို့ငါ့အနောက်ကို တစ်ချိန်လုံး လိုက်နေရတာလဲဟ'

ချူးယွန်အနေနဲ့ ရှေးဟောင်းနန်းတော်လို အကြွင်းအကျန်တွေကိုရှာဖွေဖို့ အာရုံစိုက်နေရတာမို့ မုရုံဇီကို သတိတောင်မထားမိခဲ့ပါဘူး။သူမကို သူနှင်ထုတ်လိုက်နိုင်ပြီလို့ ထင်ထားခဲ့တာပါ။

မမျှော်လင့်ပဲ မုရုံဇီက သူ့အနောက်မှာ ရှိမြဲ ရှိနေဆဲပါပဲ။

ချူးယွန်ရဲ့ တုန်လှုပ်နေတဲ့မျက်နှာကိုမြင်ပြီးနောက် မုရုံဇီအသာပြုံးလိုက်ပါတယ်။
"နင် ထိတ်လန့်နေစရာမလိုပါဘူး… ငါ့ရဲ့တိုးတက်မှုက နည်းနည်းမြန်သွားတယ်ဆိုတာတော့ ငါဝန်ခံရလိမ့်မယ်… ဘာပဲဖြစ်ဖြစ် နေ့တစ်ဝက်အတွင်း ကန့်သတ်ချက်တွေကို အကြိမ်ကြိမ်ချိုးဖြတ်ဖို့က သာမန်‌ကောင်းကင်ဂုဏ်ဆောင်ပါရမီရှင်တွေ လုပ်နနိုင်တာမျိုးမှမဟုပ်ဘူးလေ"

"တော်တော့… တော်လိုက်စမ်းပါ!"
ချူးယွန် သူ့လက်ကိုချက်ချင်းပဲ ဝေ့ယမ်းလိုက်ပါတယ်။

"ဘာဖြစ်လို့လဲဟ"
မုရုံဇီ ဒေါသတကြီးနဲ့ အော်ဟစ်လိုက်ပြီး သူမအသံတောင် ကျယ်သွားခဲ့ပါတယ်။

သူမအနေနဲ့ အခုလိုလိုက်မှီဖို့တောင် အတော်ကြိုးစားခဲ့ရတာပါ။ဒါကိုတောင် သူက…

"အမလေး… ငြိမ်ငြိမ်မနေနိုင်ဘူးလားဗျာ"
ချူးယွန် အဝေးက ပျက်ဆီးခြင်းသားရဲတွေကို လက်ညိုးထိုးပြလိုက်ပါတယ်။

မုရုံဇီ အံ့အားသင့်စွာနဲ့ လှည့်ကြည့်လိုက်ပါပြီ။

ကောင်းကင်ကို ဖုံးအုပ်မတတ် ပျက်ဆီးခြင်းသားရဲများစွာကိုမြင်ပြီးနောက် သူမ တုန်လှုပ်သွားခဲ့ပြီလေ။

ဒါပေမယ့် ပျက်ဆီးခြင်းသားရဲတွေက သူတို့ဆီကို အာရုံစိုက်မိသွားခဲ့ကြပြီလေ။သူတို့ဘက်ကို ခေါင်းလှည့် ဦးတည်လာခဲ့ကြပါပြီ။

"သေစမ်း"
ချူးယွန် ခေါင်းကိုက်သွားခဲ့ပါတယ်။ပထမတော့ သူက ပျက်ဆီးခြင်းသားရဲတွေနဲ့ ပြဿနာမဖြစ်ပဲ အေးဆေးပဲ နေချင်ခဲ့တာပါ။အခုတော့ ဒီလိုဖြစ်နိုင်ပုံ မရတော့ပါဘူး။

"ဝုန်း ဝုန်း"
ပျက်ဆီးခြင်းသားရဲတွေက သားကောင်တွေ့သွားသလို ဝမ်းမြောက်စွာနဲ့ ပျံသန်းလာခဲ့ကြပါပြီ။

"ပျက်ဆီးခြင်းသက်ရှ်ိတွေ အများကြီးပါလား… သတ်ပစ်လိုက်ကြတာပေါ့"
မုရုံဇီ သူမရဲ့ ငွေရောင်ဓါးကို လက်ထဲမှာကိုင်ရင်း ပြောလိုက်ပါတယ်။

ချူးယွန် သက်ပြင်းချလိုက်ပြီး
"ငါ့အချိန်တွေ… ငါ့အတွက် အချိန်က ဘယ်လောက်အဖိုးတန်တယ်ဆိုတာ နင်သိလား… အချိန်ဖြုန်းရပြန်ပြီကွာ"

ချူးယွန် ညည်းတွားပြီး မုရုံဇီကိုကြည့်ကာ ပြောလိုက်ပါတယ်။
"နင်က ငါ့ရဲ့ဓါးပညာကို သင်ချင်နေတာမဟုပ်လား… ငါနင့်ကို အချိန်ပေးပြီး လမ်းညွှန်တော့မပြနိုင်ဘူး… ဒါပေမယ့် နင်ဘေးက ကြည့်ထားနိုင်တယ်… မှတ်ထားဦးနော်… ငါ့မှာ အချိန်က အကန့်အသတ်ရှ်ိတယ်… နင်ဘယ်လောက် သင်ယူနိုင်မယ်ဆိုတာက နင့်အပေါ်မှာပဲမူတည်တယ်!"

တစ်ကယ်လို့ သူသာ သင်မပေးရင် မုရုံဇီက သူ့ကိုအလွတ်ပေးမှာမဟုပ်တာ သူသိထားတယ်လေ။ဒါကြောင့် သူမကို ဘေးကနေ ကြည့်နေခိုင်းပြီး နောင်လာမနှောင့်ယှတ်ရအောင် လုပ်နေရတာပါ။

မုရုံဇီ အမြန်ခေါင်းညိမ့်လိုက်တယ်။
"ကောင်းပြီလေ"

ချူးယွန် ရေလဓါးကိုကိုင်ပြီး ပျက်ဆီးခြင်းသက်ရှိတွေကိုကြည့်ရင်း ရေရွှတ်လိုက်ပါတယ်။
"ငါ့ရဲ့ အခြေခံဓါးကွက် လှုပ်ရှားမှုလေးတွေနဲ့ မင်းတို့ကို အနောက်ဘက်ပို့ပေးပါမယ်"

ပြောပြီးတာနဲ့ ရေလဓါးက အပြာရောင်အလင်းတွေ ဖြာထွက်သွားခဲ့ပါပြီ။

ဓါးကီသိပ်သည်းခြင်း!

အဆက်မပြတ်ဓါးစွမ်းအင်!

ထိုးဖောက်နိုင်အားပြင်းသောဓါး!

ကီဓါးပျံ!

တောင်ပတဲ့ အပြာရောင်အလင်းတွေနဲ့ ဓါးချက်တွေက ပျက်ဆီးခြင်းသားရဲတွေဆီ တိုးဝင်သွားခဲ့ပါပြီ။


အပိုင်း 635 နင်လေ့လာပြီးပြီလား

ချူးယွန် စွမ်းအင်တွေကို ရေလဓါးထဲ သွန်းလောင်းလိုက်ပါတယ်။

ရေလဓါးကို တစ်ချက်လွှဲယမ်းလိုက်ဝာာနဲ့ တောက်ပတဲ့ အပြာရောင်အလင်းတွေ ထွက်ပေါ်လာခဲ့ပါပြီ။

ကမူးရှုးထိုးနဲ့ ‌အရှေ့ကိုပြေးတက်လာတဲ့ ပျက်ဆီးခြင်းသက်ရှ်ိတွေ ဓါးကီတွေရဲ့ ခုတ်ထစ်မှုအောက်မှာ အသက်ပျောက်သွားခဲ့ရပြီလေ။

တစ်ချိန်ထဲမှာ ပုံရိပ်တစ်ခုက မယုံနိုင်စရာအမြန်နှုန်းနဲ့ ပျက်ဆီးခြင်းသက်ရှ်ိတွေကြားထဲကို ပြေးဝင်သွားခဲ့ပါတယ်။သူက ရေလဓါးကို လက်မှာဆွဲရင်း တစ္ဆေတစ်ကောင်လို ပျက်ဆီးခြင်းသားရဲတွေကြားမှာ လှုပ်ရှားနေလို့ပါ။

ဓါးသမားပဲဖြစ်ဖြစ် အခြားကျင့်ကြံသူ သိုင်းသမားပဲဖြစ်ဖြစ် လှုပ်ရှားမှုပညာရပ်က မရှိမဖြစ်လိုအပ်ပါတယ်။

တစ်ကယ်လို့ အဆင့်မြင့်တဲ့ လှုပ်ရှားမှုပညာရပ်ကို တတ်မြောက်ထားမယ်ဆိုရင် သတ်ဖြတ်ခြင်းပညာရပ်တွေနဲ့ ပေါင်းစပ်ပြီး ပြီးပြည့်စုံတဲ့ တိုက်ခိုက်မှုတွေကို ထုတ်ဖော်နိုင်မှာပါ။

လိုက်လျောညီထွေမှု မြင့်မားလေလေ၊ တိုက်ခိုက်နိုင်စွမ်းက ပိုသန်မာလာလေပဲလေ။

ပျက်ဆီးခြင်းသက်ရှိတွေ မယုံနိုင်စရာအမြန်နှုန်းနဲ့ သေကြေလာခဲ့ပါပြီ။ကောင်းကင်မှာတော့ သူတို့ရဲ့သေဆုံးမှုက ဖြစ်ပေါ်လာတဲ့ အမှုန့်အမွှားတွေပြည့်လို့…

ချူးယွန်ရဲ့ အရှေ့မှာ ထိုပျက်ဆီးခြင်းသက်ရှိတွေအနေနဲ့ တစ်စုံတစ်ရာတုံ့ပြန်မှုတောင် မပြုလုပ်နိုင်ခဲ့ကြပါဘူး။သူတို့က အသတ်ခံရဖို့ စောင့်ဆိုင်းနေကြရတဲ့ သိုးငယ်လေးတွေအလား…

ချူးယွန်ရဲ့ မျက်လုံးထဲမှာ စူးရှထက်မြိတဲ့ အလင်းတွေထွက်ပေါ်လာခဲ့ပါတယ်။သူက ဘယ်နေရာမှာ တိုက်ခိုက်နေပါစေ ရေလဓါးနဲ့ သေသပ်စွာ တိုက်ခိုက်ခဲ့ပါတယ်။

ပျက်ဆီးခြင်းသက်ရှိတွေက ကြမ်းရမ်းကြပေမယ့် ချူးယွန်ရဲ့ အဝတ်စကိုတောင် ထိအောင်လို့ မတိုက်ခိုက်နိုင်ခဲ့ကြပါဘူး။

မုရုံဇီကတော့ နေရာမှာပဲ ရပ်နေလို့… သူမက နည်းနည်းမှတောင် မလှုပ်ရှားပဲ ကျောက်ရုပ်တစ်ရုပ်လို ရှိနေခဲ့တာပါ။

ကောင်းကင်ခန်းမ၊ အတွေ့အကြုံလေ့လာခြင်း၊ ပျက်ဆီးခြင်းသက်ရှိတွေ ဘယ်တစ်ခုမှ အရေးမပါတော့ပါဘူး။

လက်ရှ်ိ သူမရဲ့မျက်လုံးထဲမှာ ချူးယွန်ပဲရှိပါတော့တယ်။

မုရုံဇီ ချူးယွန်ရဲ့ လှုပ်ရှားမှု၊ခြေလှမ်းတိုင်းကို သေချာကြည့်ရှုလေ့လာနေလို့…

သူမမမြင်နိုင်၊ နားမလည်နိုင်တဲ့ အပိုင်းတွေရှိပေမယ့် သူမရဲ့ နားလည်နိုင်စွမ်းနဲ့ ကောက်ချက်တစ်ချို့ ချနိုင်ခဲ့ပါတယ်။

"သေချာကြည့်ထားနော်… အချိန်က အကန့်အသတ်ရှိတယ်… နင်ဘယ်လောက် သင်ယူနိုင်မယ်ဆိုတာက နင့်အပေါ်မှာပဲမူတည်တယ်"

မုရုံဇီ ချူးယွန်ပြောခဲ့တာကို ပြန်ကြားယောင်သွားပါတယ်။ဒါက အလွန်ရှားပါးတဲ့ အခွင့်အရေးဆိုတာ သူမကိုယ်တိုင်လည်း သိပြီးသားပါ။ဒီခနမှာဝောာ့ သူမစိတ်ထဲမှာ အတွေးတစ်ခုပဲကျန်ပါတော့တယ်။သူမအနေနဲ့ တတ်နိုင်သမျှ ကြိုးစားသင်ယူဖို့ပါ။

ဒါကြောင့် သူမရဲ့ အာရုံကို ဘယ်မှ မပျံ့လွင့်စေတော့ပဲ ချူးယွန်ရဲ့ လှုပ်ရှားမှုတွေကို နှလုံးသားနဲ့ ခံစားလိုက်ပါပြီ။

မဟာဖွံ့ဖြိုးခြင်းဓါးသိုင်းရဲ့ အခြေခံလှုပ်ရှားမှုတွေမှာတောင် ကမ္ဘာပေါ်က အစွမ်းထက်ဓါးသိုင်းတွေရဲ့ ဟန်တွေ ပါဝင်နေလို့…

မဟာဖွံ့ဖြိုးခြင်းဓါးသိုင်းရဲ့ အဓိကဓါးကွက်တွေမဟုပ်ရင်တောင် လူတစ်ယောက်ကိုပျော်ရွှင်စေဖို့ ဒီလောက်နဲ့တင် လုံလောက်နေခဲ့ပါပြီ။

"ရွှစ်"
ချူးယွန် လေပြေညင်းသဖွယ်ဓါးကီတွေကို ထုတ်ဖော်လိုက်ပြီး ဒါက ပျက်ဆီးခြင်းသားရဲတွေကို သတ်ဖြတ်လိုက်ပါတယ်။

ဒါက အလွန်ကို သန့်စင်နေလို့!

သူက သတ်ဖြတ်ရေးစက်တစ်ခုအလား ဆက်တိုက်ဆိုသလို သတ်ဖြတ်နေခဲ့တာပါ။

နောက်ဆုံးတစ်ကောင်ကိုသတ်ပြီးချိန်မှာတော့ တစ်နာရီခန့် ကြာမြင့်သွားခဲ့ပါပြီ။

ချူးယွန် ဓါးကို နောက်ကျောမှာကပ်ပြီး မုရုံဇီကိုလှမ်းကြည့်ကာ ရယ်မောလိုက်ပါတယ်။
"သရုပ်ပြတာတော့ပြီးပြီ… နင့်အခြေ‌အနေ ဘယ်လိုလဲ?"

မုရုံဇီ တီးတိုးပြောလိုက်ပါတယ်။
"ဒီလိုပဲပေါ့!"

ပြီးနောက် မုရုံဇီ တစ်ခုခုကို ဖမ်းဆုပ်မိသွားဟန်နဲ့ စိတ်လှုပ်ရှားစွာလှမ်းအော်လိုက်ပါပြီ။
"ချူးယွန်… နင် ငါ့ကို တစ်ခေါက်လောက် ထပ်ပြန်ုင်မလား… တစ်ခေါက်ပဲ… ငါခံစားလို့ရနေပြီ… အဓိကအချက်ကို ငါဆုပ်ကိုင်နိုင်တော့မှာ"

ချူးယွန် အံ့အားသင့်သွားခဲ့ပါတယ်။သူ့ရဲ့လှုပ်ရှားမှုက အလွန်ကိုမြန်ဆန်ပြီး မုရုံဇီအနေနဲ့ များစွာ သင်ယူလိုက်နိုင်ဖို့ မျှော်လင့်မထားခဲ့ပါဘူး။

ဒါပေမယ့် အခုကြည့်ရသလောက်တော့ မုရုံဇီက သူထင်ထားတာထက် အများကြီး ပိုနေတဲ့ပုံပါပဲ။

"ငါတစ်ကြိမ်ပဲ သင်ပေးဖို့ ပြောခဲ့တာလေ… အခု ပြီးသွားပြီဆိုတော့ နင်ငါ့အနောက်ကို ဆက်လိုက်စရာမလိုတော့ဘူးမဟုပ်လား"
ချူးယွန် ရေလဓါးကိုသိမ်းပြီး မျက်ခုံးပင့်လိုက်ပါတယ်။

မုရုံဇီ တစ်ခုခုပြောဖို့ ပါးစပ်ဟလိုက်ပါပြီ။ဒါပေမယ့် နောက်ဆုံးမှာတော့ ဘာစကားမှထွက်မလာခဲ့ပါဘူး။

တစ်ဖက်လူပြောတာ အမှန်ပါ။သူက သူမကို များစွာ သင်ပေးခဲ့ပြီးပြီမဟုပ်လား။သူမက ဆက်ပြီးနှောင့်ယှက်နေဖို့ မသင့်တော့ပါဘူး။

မုရုံဇီ ခေါင်းညိမ့်ပြီး ပြောလိုက်ပါတယ်။
"ချူးယွန်… ငါဒီနေ့ အတော်သင်ယူခဲ့ရတယ်… နင်အနာဂါတ်မှာ အချိန်ရရင် ဇီယန်နန်းတော်မှာ ငါနဲ့လာပြီးယှဉ်ပြိုင်ဖို့ ‌ဖိတ်ခေါ်ပါတယ်"

ချူးယွန် ခေါင်းညိမ့်ပြလိုက်ပါတယ်။ပြီးတာနဲ့ သူ လှည့်ထွက်လိုက်ပါပြီ။

ဒီတစ်ခေါက်တော့ မုရုံဇီအနေနဲ့ သူ့အနောက်ကို လိုက်မလာတော့ပါဘူး။သူမက မျက်မှောင်ကြုတ်ပြီး ချူးယွန်ရဲ့ လှုပ်ရှားမှုတွေကို ‌ပြန်တွေးကာ သုံးသပ်ကြည့်နေလိုက်ပြီလေ။

ချူးယွန် ရှေ့ဆက်ထွက်လာခဲ့ပါတယ်။ကောင်းကင်ခန်းမက အလွန်ကြီးမားတာမို့ လမ်းတစ်လျှောက်မှာ အခြားသူတွေနဲ့ သူမဆုံခဲ့မိပါဘူး။

ကောင်းကင်ခန်းမရဲ့ ကြီးမားမှုနဲ့ လူတစ်ရာပဲဝင်လာတဲ့အပေါ်မှာ တစ်ဦးနဲ့တစ်ဉီး ဆုံနိုင်ချေက နည်းပါးခဲ့တယ်လေ။

ဒါပေမယ့်လည်း ချူးယွန်က အခြားသူတွေနဲ့ဆုံရဖို့ကို စိတ်မဝင်စားခဲ့ပါဘူး။သူက ရှေးဟောင်းအကြွင်းအကျန်တွေကိုရှာဖွေပြီး သူ့ကိုယ်သူ ပိုမိုသန်မာလာအောင်လုပ်ဖို့ပဲ စိတ်ဝင်စားခဲ့တာပါ။

ကောင်းကင်ခန်းမထဲမှာ ရှေးဟောင်းအကြွင်းအကျန်တွေ အများကြီးရှိနေနိုင်တယ်မဟုပ်လား။

တွေးရင်းနဲ့ ချူးယွန် ထူးခြားတဲ့ နေရာတစ်ခုကိုရောက်လာခဲ့ပါပြီ။ချူးယွန်ရဲ့မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ပြီလေ။

သူ့အရှေ့မှာတော့ ကောင်းကင်ကိုထိုးထွက်နေတဲ့ကျောက်တုံးတောအုပ်လေးတစ်ခု…
ကျောက်တုံးတွေက ထင်းရှုးပင်ကြီးတွေအလား တည်ရှိနေခဲ့ကြဝာာပါ။အကန့်အသတ်မဲ့ အော်ရာတွေကလည်း ထွက်ပေါ်နေလို့…

ထိုကျောက်စရာအော်ရာတွေက သာမန်အရာတွေကနေ ထွက်ပေါ်လာနိုင်တာမျိုး မဟုပ်ပါဘူး။

ဒါကိုမြင်ပြီးနောက် ချူးယွန်ရဲ့မျက်လုံးတွေ တောက်ပသွားခဲ့ပါတယ်။

ဒီတောအုပ်မှာ ရတနာတစ်ခုခု ရှိနေနိုင်တယ်မဟုပ်လား။

ဒါကိုတွေးပြီးနောက် ချူးယွန် စိတ်ဓါတ်ပိုတက်ကြွလာကာ ကျောက်တုံးတောအုပ်ဆီ အရှိန်မြှင့်တင်လိုက်ပါပြီ။

အနားရောက်ပြီးချိန်မှာတော့ ထိုကျောက်တုံးကြီး‌တွေက အလွန်မြင့်မားတာ သိလိုက်ရပါတယ်။တစ်ခုချင်းစီက မီတာတစ်ရာခန့်မြင့်မားပြီး တောင်ငယ်လေးတစ်လုံးလို ရှိနေခဲ့ကြတာပါ။

"ဂျွတ်"
ရုတ်တရက် တစ်နေရာက အက်ကွဲသံတစ်ချက်ကို ကြားလိုက်ရပါတယ်။တစ်စုံတစ်ခုက တိုးထွက်လာဖို့ ကြိုးစားနေပုံပါပဲ။

ချူးယွန် မျက်နှာညိုသွားပြီး ချက်ချင်း ထိုအသံဘက်ကိုလှည့်လိုက်ပါပြီ။အသံထွက်ပေါ်လာရာမှာ ဖုန်မှုန့်တွေ လွင့်ပျံနေလို့ပါ။

ချူးယွန် တုန်လှုပ်သွားခဲ့ပါပြီ။ဒါက ဗုဒ္ဓရုပ်တုထဲက ထွက်လာတဲ့ ကင်းမြီးကောက်လို ပျက်ဆီးခြင်းသားရဲဖြစ်နေနိုင်တယ်မဟုပ်လား?

ဒီနေရာမှာက ကျောက်တုံးတွေအများကြီးပဲရှိနေခဲ့တာပါ။ပျက်ဆီးခြင်းသက်ရှ်ိတွေအများကြီးသာ တစ်ကယ်တမ်းထွက်လာခဲ့ရင် သူ့အနေနဲ့ ရှောင်ထွက်ဖို့ကလွဲပြီး ရွေးချယ်စရာရှိမှာမဟုပ်ပါဘူး။

"ခရတ်"
တစ်ခုခုက အတွင်းပိုင်းကနေရုန်းကန်နေသလို ကျောက်တုံးကြီးက ပိုလို့ တုန်ခါလာခဲ့ပြီလေ။

ချူးယွန်လည်း ကြာကြာမနေချင်တော့ပါဘူး။တန်ဖိုးရှိတဲ့အရာရှိလို့ရှိငြား ရှာဖွေရင်း သူ့အမြန်နှုန်းကိုမြှင့်လိုက်ပါပြီ။

ဒါပေမယ့် ဘာတစ်ခုမှ ရှာမတွေ့ခဲ့ပဲ ကျောက်တုံးလေးတွေကိုပဲ မြင်ခဲ့ရပါတယ်။

"ဝုန်း"
ရုတ်တရက် ကျောက်တုံးကြီးတစ်တုံးက ပေါက်ကွဲထွက်သွားခဲ့ပါပြီ။

ချူးယွန်လည်း အချိန်ဆွဲမနေတော့ပဲ အမြန်ပြေးထွက်လိုက်ပြီလေ။

ချူးယွန်ထွက်သွားပြီး မကြာခင်မှာပဲ ကျောက်တုံးတွေတစ်တုံးပြီးတစ်တုံးပေါက်ကွဲကာ ပျက်ဆီးခြင်းသားရဲကြီးတွေထွက်လာခဲ့ကြပါတယ်။

တစ်ကယ်လို့ ချူးယွန်သာရှိနေသေးရင် သေချာပေါက် ဝန်းရံတိုက်ခိုက်ခြင်းခံရတော့မှာပါ။

အချိန်တွေက မြန်ဆန်စွာပဲ ကုန်ဆုံးသွားခဲ့ပါတယ်။မျက်စေ့တစ်မှိတ်အတွင်းမှာပဲ တစ်လခန့် ကြာမြင့်သွားခဲ့ပါပြီ။

ဒီလအတွင်းမှာ ချူးယွန်အနေနဲ့ ရှေးဟောင်းအကြွင်းအကျန်တွေကို ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ရပါဘူး။

အခြားတစ်ဖက်မှာတော့ ပျက်ဆီးခြင်းသားရဲတွေနဲ့ ‌နေ့တိုင်းတွေ့နေရပြီး တိုက်ပွဲများရင်ဆိုင်ခဲ့ရပါတယ်။အလားတူပဲ သူကိုယ်တိုင်လည်း တိုးတက်လာခဲ့တယ်လေ။

အခုဆိုရင် သူ့ရဲ့ကျင့်ကြံခြင်းက နတ်ဘုရားစွမ်းရည်နယ်ပယ်အဆင့်ကိုးကို ရောက်သွားခဲ့ပါပြီ။

အမြင့်ဆုံးစစ်ဝိညာဉ်ကတော့ အဆင့်မတက်နိုင်ပဲရှ်ိနေဆဲပါ။

ဒီအတိုင်းဆိုရင်တော့ ချူးယွန်ရဲ့ခန့်မှန်းချက်အရ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းနယ်ပယ်ကိုရောက်မှ အမြင့်ဆုံးစစ်ဝိညာဉ်အနေနဲ့ ကမ္ဘာမြေအဆင့်တစ်ဆယ်ကိုရောက်နိုင်ပါလိမ့်မယ်။

အရင်တုန်းကတော့ အမြင့်ဆုံးစစ်ဝိညာဉ် အဆင့်တစ်ဆယ်ကိုရောက်သွားတိုင်းမှာ သင့်တော်တဲ့အရာတစ်ခုရလာစမြဲပါ။

အဝါရောင်အဆင့်တစ်ဆယ်ကို ရောက်ခဲ့ချိန်က ကောင်းကင်ဓါးကို သူရခဲ့ပါတယ်။

အနက်ရောင်အဆင့်တစ်ဆယ်ကို ရောက်သွားချိန်မှာတော့ ရေလဓါးကိုရလာခဲ့တယ်လေ။

တစ်ကယ်လို့ ကမ္ဘာမြေအဆင့်တစ်ဆယ်ကိုရောက်သွားခဲ့ရင်ရော?

ကောင်းကင်ဓါးလား၊ရေလဓါးလား၊ ဒါမှမဟုပ် ဒီနှစ်ခုလုံးရဲ့အစွမ်းတွေ တိုးတက်လာမှာများလား?

ဒါကိုတွေးပြီးနောက် ချူးယွန်အလွန်စိတ်လှုပ်ရှားသွားပြီး ကောင်းကင်ဘုံသို့တက်လှမ်းခြင်းနယ်ပယ်ကို အမြန်ဆုံးရောက်သွားဖို့တောင် မျှော်လင့်နေမိပါတော့တယ်။

ဒီလအတွင်းမှာ ချူးယွန်အနေနဲ့ ကောင်းကင်ဂုဏ်ဆောင်ပါရမီရှင်အချို့နဲ့ ဆုံခဲ့ရပါသေးတယ်။အများစုက တောင်ပိုင်းသမုဒ္ဒရာနဲ့ မြောက်ပိုင်းနယ်စပ်က လာခဲ့ကြတာဖြစ်ပြီး သူနဲ့ရင်းနှီးသူတွေမဟုပ်ခဲ့ပါဘူး။

အခြားတစ်ဖက်မှာတော့ ထိုပါရမီရှင်တွေနဲ့ ချူးယွန်ဘယ်သူဆိုတာသိတာမို့ သူနဲ့အတူသွားလာဖို့ ပြောခဲ့ကြပါတယ်။ဒါပေမယ့်လည်း ချူးယွန်က လက်မခံခဲ့ပါဘူး။

ပထမအချက်အနေနဲ့ သူက တစ်ဦးတည်းသွားလာရတာကို သဘောကျပါတယ်။ဒုတိယအချက်အနေနဲ့ ထိုသူတွေက သူနဲ့ရင်းနှီးသူတွေမဟုပ်ဘူးလေ။
ဒါကြောင့်မို့ မတော်တဆ ထူးခြားတာတစ်ခုခုသာဖြစ်မလာရင် သူက အခြားသူတွေနဲ့ ခရီးသွားမှာမဟုတ်ပါဘူး။

အပိုင္း 631 "တိုက္ပြဲ" စာလုံးကို နားလည္ျခင္း

"ဒီပ်က္ဆီးျခင္းပိုးေကာင္ေလးေတြ ေပါင္းစပ္ႏိုင္မယ္လို႔ ငါတစ္ခါမွ ေတြးမထားခဲ့ဖူးဘူး… သူတို႔ေတြ ေပါင္းစပ္လိုက္ရင္ အင္အားေတြေတာင္ ပိုတိုးလာေသးတယ္… ဒါကတစ္ကယ့္ကိုသိမ္ေမြ႕တာပဲ"
ခ်ဴးယြန္ တီးတိုးေျပာလိုက္ပါတယ္။ ေကာင္းကင္ခန္းမကိုလည္း သူပိုပိုၿပီး စိတ္ဝင္စားလာခဲ့မိၿပီေလ။

ဒီေနရာက အရိပ္ေတာင္တန္းက ေဒသႀကီးရဲ႕ ဧကရာဇ္ေတြကို ေလ့က်င့္ေပးတဲ့ အဖိုးတန္နယ္ေျမတစ္ခုဆိုတာ သိၾကမွာပါ။

ေနာက္ၿပီး ဒီေနရာမွာ သုံးလၾကာေလ့က်င့္ခြင့္႐ွိတယ္မဟုပ္လား။ဒါက လူတစ္ေယာက္ကို ဆက္တိုက္တိုးတက္သြားေစဖို႔ လုံေလာက္တာထက္ေတာင္ ပိုေနခဲ့ပါၿပီ။

သူ႕အတြက္ ျပႆနာက တစ္ခုပဲ႐ွိေနခဲ့ပါတယ္။သူေရာက္လာတာ တစ္ရက္ေနာက္က်သြားတဲ့အတြက္ မဟာပညာ႐ွိ ၊ ရီလီလီနဲ႔ အျခားသူေတြကို သူမေတြ႕ေတာ့ပါဘူး။

ေကာင္းကင္ခန္းမက အလြန္ႀကီးမားတယ္မဟုပ္လား။သူတို႔ေတြ ျပန္ေတြ႕ႏိုင္ပါမယ္လို႔ ဘယ္သူေျပာႏိုင္မွာလဲ။

ခ်ဴးယြန္ အေတြးစေတြကို ေဘးဖယ္ရင္း ‌ေကာင္းကင္ခန္းမရဲ႕ နက္႐ိႈင္းတဲ့ ေနရာကို ဆက္ေလွ်ာက္သြားလိုက္ပါၿပီ။

အေပၚကိုေမာ့ၾကည့္လိုက္ရင္ အဆုံးမဲ့ၾကယ္တာရာေတြနဲ႔ ေကာင္းကင္က်ယ္ႀကီးကိုသာ ျမင္ေတြ႕ေနရလို႔… ၾကယ္ေတြအားလုံးက တစ္လက္လက္ေတာက္ပေနၿပီး အာကာသထဲမွာ ခရီးသြားေနသလို ခံစားခ်က္မ်ိဳးကို ရ႐ွိေစပါတယ္။

ငုံ႔ၾကည့္လိုက္ရင္ေတာ့ ပ်က္ဆီးေနတဲ့ ဖ႐ိုဖရဲကုန္းေျမတိုက္ႀကီး… ဒီလိုေနရာမွာ ဘာေတြနဲ႔ ေတြ႕ၾကဳံရင္ဆိုင္ရမယ္ဆိုတာ ဘယ္သူမွ ေျပာနိင္လိမ့္မယ္မဟုပ္ပါဘူး။

ဒီလိုပတ္ဝန္းက်င္အေျခေနက လူတစ္ေယာက္ကို အလြန္မင္းစိတ္လႈပ္႐ွားေနေစပါတယ္။ တိုက္ခိုက္ခ်င္စိတ္ေတြနဲ႔အတူ သူ႕ေသြးေတြက ပြက္ပြက္ဆူလာခဲ့ပါၿပီ။

ခ်ဴးယြန္ ျပဳံးရင္း အေ႐ွ႕ကို စူးစမ္းလာခဲ့ပါတယ္။

အခ်ိန္အတိုင္းအတာတစ္ခုအထိ ေလွ်ာက္လာခဲ့ၿပီးေနာက္ ခ်ဴးယြန္ အေဝးက ေ႐ွးေဟာင္းနန္းေတာ္တစ္ခုကို ျမင္လိုက္ရပါၿပီ။

"ဒီေနရာမွာ နန္းေတာ္႐ွိေနတာလား?"
ခ်ဴးယြန္ အံ့အားသင့္သြားခဲ့ပါတယ္။

ဒါက ေဒသႀကီးရဲ႕ ဧကရာဇ္နန္းေတာ္မ်ားလား?

ဒါကိုေတြးၿပီးေနာက္ ခ်ဴးယြန္ အ႐ွ္ိန္တင္ၿပီး ေျပးလႊားလိုက္ပါၿပီ။

ဒီေ႐ွးေဟာင္းနန္းေတာ္က တည္႐ွ္ိခဲ့တာ အလြန္ၾကာျမင့္ခဲ့ပုံပါပဲ။ခမ္းနားထည္ဝါမႈနဲ႔ ေတာက္ပမႈေတြ ေပ်ာက္ဆုံးေနကာ အေမွာင္နဲ႔ ေအးစက္မႈေတြသာ ႐ွိလို႔ေနခဲ့ပါတယ္။

နန္းေတာ္ေတြရဲ႕ အေ႐ွ႕မွာေတာ့ ေက်ာက္ျပားႀကီးတစ္ခု ႐ွ္ိေနလို႔။

ခ်ဴးယြန္ ေက်ာက္ျပားႀကီးကို ၾကည့္လိုက္ပါတယ္။ဒါက ဘဲဥပုံ႐ွိၿပီး တစ္ေယာက္က ႀကီးမားတဲ့ခြန္အားကိုသုံးၿပီး ေျမျပင္မွာ ထိုးစိုက္သြားတဲ့ပုံပါပဲ။

ေျမျပင္က အက္ေၾကာင္းမ်ားစြာ ႐ွ္ိေနခဲ့ပါတယ္။ဒါေပမယ့္လည္း ေက်ာက္ျပားႀကီးေတြက မယိုင္မလဲ ၿငိမ္သက္စြာ တည္႐ွိေနလို႔…

ေက်ာက္ျပားေပၚမွာေတာ့ စာလုံးႀကီးသုံးလုံးကို ေရးထြင္းထားခဲ့ပါတယ္။

ပထမစာလုံးကေတာ့ အခ်ိန္ေရစီးေၾကာင္းရဲ႕ တိုက္စားမႈေၾကာင့္ ပ်က္ဆီးသြားခဲ့ၿပီး ဖတ္႐ႈလို႔မရ‌ႏိုင္ေတာ့ပါဘူး။ဒါေပမယ့္ ေနာက္စာလုံးႏွစ္လုံးကိုေတာ့ ဖတ္႐ႈလို႔ရေနပါေသးတယ္ - "ဝင္ေပါက္နန္းေတာ္"

"ဘာနန္းေတာ္ႀကီး?"
ခ်ဴးယြန္ စိတ္႐ႈပ္ေထြးသြားခဲ့ပါတယ္။

‌ထိုေက်ာက္ျပားက ထူးျခားတဲ့ေအာ္ရာေတြလည္း ထြက္ေပၚေနလို႔ပါ… ဒါက သိပ္မထင္႐ွားေပမယ့္ ေတာင္ႀကီးတစ္လုံးလို ခံစားရေစတယ္ေလ။

ခနၾကာေတြးၿပီးေနာက္ ခ်ဴးယြန္ အရင္ဆုံး ဝင္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါၿပီ။

ၾကည့္ရတာေတာ့ ဒီနန္းေတာ္ကို ဘယ္သူမွ ေရာက္လာေသးပုံမရပါဘူး။ဒါေပမယ့္လည္း ေကာင္းကင္ခန္းမက ႀကီးမားလြန္းသလို ဝင္ေရာက္လာတဲ့ ပါရမီ႐ွင္ကလည္း တစ္ရာပဲ႐ွ္ိေနခဲ့တာမဟုပ္လား။ဒါေၾကာင့္မို႔ ဒီနန္းေတာ္ကို ေတြ႕တဲ့သူမ႐ွ္ိေသးတာ သာမန္လို႔ေျပာႏိုင္ပါတယ္။

ေ႐ွးေဟာင္းနန္းေတာ္ႀကီးရဲ႕ ဝင္ေပါက္တံခါးက တင္းၾကပ္စြာပိတ္ထားလို႔… ခ်ဴးယြန္ အင္အားအေတာ္စိုက္ထုတ္ၿပီး ဖြင့္လိုက္ရပါတယ္။

ခ်ဴးယြန္ အထဲကို ဝင္သြားၿပီးေနာက္ ၿပိဳကြဲပ်က္ဆီးေနတဲ့ ပစၥည္းေတြနဲ႔ ထူထဲတဲ့ ဖုန္မႈန္႔ေတြကိုသာ ျမင္လိုက္ရပါၿပီ။

ခ်ဴးယြန္ ေသခ်ာ႐ွာလိုက္ေပမယ့္ အသုံးဝင္တာ မေတြ႕ခဲ့ရပါဘူး။

ေ႐ွးေဟာင္းနန္းေတာ္ထဲက ထြက္ခြာၿပီးေနာက္ ခ်ဴးယြန္ အနီး႐ွိ အခန္းတစ္ခုကို ေလွ်ာက္သြားလိုက္ပါၿပီ။

အခန္းရဲ႕ အတြင္းပိုင္း အျပင္အဆင္က အလြန္ကို ႐ိုး႐ွင္းခဲ့ပါတယ္။အိပ္ယာတစ္ခုနဲ႔ အသုံးမျပဳတာၾကာၿပီျဖစ္တဲ့ ေ႐ွးေဟာင္းမီးခြက္ေတြပဲ ႐ွိေနခဲ့တာပါ။

အိပ္ယာရဲ႕အေ႐ွ႕မွာေတာ့ စားပြဲေလးတစ္လုံး႐ွ္ိေနလို႔… စားပြဲေပၚမွာေတာ့ ဖုန္မႈန္႔ေတြက အနည္းဆုံး လက္တစ္လုံးခန္႔ ထူထပ္ေနလို႔ပါ။

ခ်ဴးယြန္ ထြက္ခြာေဝာာ့မယ့္အခ်ိန္မွာပဲ စားပြဲေပၚ႐ွိ ဖုန္မႈန္႔ေတြရဲ႕ေအာက္မွာ စာလုံးအခ်ိဳ႕ ေရးထြင္းထားတာကို ျမင္လိုက္ရပါၿပီ။

ဒါက အလြန္ေ႐ွးက်တဲ့ စာလုံးျဖစ္ၿပီး လက္႐ွိေခတ္စာလုံးေတြနဲ႔ မတူပါဘူး။ဒါေပမယ့္ သူ ႀကိဳးစားဖတ္ၿပီးေနာက္ နားလည္လိုက္ႏိုင္ပါတယ္။

ဒါက "တိုက္ပြဲ" ဆိုတဲ့ စကားလုံးပါ။

ဒါက ေၾကာက္မက္ဖြယ္ေအာ္ရာေတြနဲ႔ ျပည့္ႏွက္ေနလို႔… အရမ္းကို သိပ္သည္းလြန္းတာေၾကာင့္မို႔လည္း ေ႐ွးေဟာင္းနန္းေတာ္ကိုျဖတ္သန္းၿပီး ေကာင္းကင္ထိတိုင္ ထိုးတက္သြားေတာ့မယ့္အလား ထင္ရေစပါတယ္။

ခ်ဴးယြန္ရဲ႕ အာ႐ုံကို ထို "တိုက္ပြဲ" ဆိုတဲ့ စာလုံးက ဆြဲေဆာင္သြားခဲ့ၿပီေလ။သူ႕ေခါင္းထဲမွာ မီးေတြေတာက္ေလာင္ေနသလို အသံမ်ိဳးေတြေတာင္ၾကားေနခဲ့ရပါတယ္။

"ဟူး!"‌
ေလေတြက ႐ုတ္တရက္ တိုက္ခတ္လာခဲ့ပါၿပီ။ ေသြးအလင္းေတြလည္း ျဖာထြက္ေနလို႔…

ဒါက စာလုံးေလးတစ္လုံးဆိုေပမယ့္ သူ႕ရဲ႕စိတ္ဝိညာဥ္ကို အဆုံးမဲ့ေခ်ာက္နက္ႀကီးထဲ ဆြဲခ်သြားသလို ခံစားလိုက္ရၿပီး ႐ုန္းထြက္ဖို႔ မလြယ္ကူပါဘူး။

ဒီစာလုံးမွာ အလြန္မင္းျပင္းထန္တဲ့ သတ္ျဖတ္ခ်င္စိတ္ေတြ ေရာေႏွာပါဝင္ေနလို႔… ဒါက အလြန္မင္းေအးစက္ကာ ေၾကာက္မက္ဖြယ္ေကာင္းလြန္းပါတယ္။

"ဘယ္ေလာက္ေတာင္ အစြမ္းထက္လိုက္တဲ့ သတ္ျဖတ္ခ်င္စိတ္လဲ!"
ခ်ဴးယြန္ တုန္ရီစြာနဲ႔ ေျပာလိုက္ပါတယ္။

လူတစ္ဦးကို လုံးဝတုန္လႈပ္ေျခာက္ျခားသြားေစဖို႔ စာလုံးတစ္လုံးနဲ႔တင္ လုံေလာက္ေနခဲ့ပါၿပီ။ေနရာတိုင္းမွာ ‌ေသြးေရာင္လႊမ္းေနၿပီး ဒါက လူတစ္ေယာက္ရဲ႕ စိတ္ကိုေတာင္ အက်ိဳးသက္ေရာက္မႈ ႐ွိလာေစႏိုင္ခဲ့တယ္ေလ။

ဒီစာလုံးကို က အလြန္သန္မာတဲ့ ပုဂၢိဳလ္ႀကီးတစ္ဦးက ေရးသားခဲ့တယ္လို႔ ေျပာႏိုင္ပါတယ္။

"တိုက္ပြဲ!"
ခ်ဴးယြန္ရဲ႕ မ်က္လုံးေတြက ပိုျပတ္သားလာခဲ့ၿပီး ထိုစကားလုံးကို ေရ႐ႊတ္လိုက္ပါတယ္။ဒီေနာက္ သူ႕လက္ကို အလိုလိုဆန္႔ထုတ္လိုက္ပါၿပီ။

"ဟူး ဟူး ဟူး "
ေလက ပိုမိုျပင္းထန္စြာ တိုက္ခတ္လာခဲ့ၿပီေလ။ဒါက ေလေပြတစ္ခုအသြင္နဲ႔ သူ႕ကို လွည့္ပတ္လာခဲ့ပါတယ္။

ခ်ဴးယြန္ကေတာ့ တစ္လက္မမွ မေ႐ႊ႕ပဲ သူ႕မ်က္လုံးေတြက "တိုက္ပြဲ"ဆိုတဲ့ စာလုံးကိုသာ စိုက္ၾကည့္ေနလို႔။သူ႕လက္ေတြက ေလထဲမွာ ထိုစာလုံးကို ေရးဆြဲေနခဲ့ပါတယ္။

ထိုစာလုံးကို ေလထဲမွာ ၿပီးျပည့္စုံေအာင္ ေရးဆြဲၿပီးခ်ိန္မွာေတာ့…
"ဖူး"
ခ်ဴးယြန္ ေသြးတစ္ပြက္အန္ရင္း ေျခလွမ္းအနည္းငယ္ ဆုတ္လိုက္ရပါၿပီ။

ဒါေပမယ့္ သူ႕မ်က္ႏွာေပၚမွာ ေပ်ာ္႐ႊင္မႈေတြျပည့္ႏွက္ေနၿပီး သူ႕မ်က္လုံးထဲမွာလည္း ေတာက္ပတဲ့အလင္းေတြ ျဖာထြက္ေနခဲ့ပါတယ္။

"စာလုံးတစ္လုံးမွာေတာင္ စိတ္ခံစားခ်က္ေတြအမ်ားႀကီးပါဝင္ေနတယ္… ဒီစာလုံးကို ေရးသားခဲ့သူရဲ႕ စိတ္ခံစားခ်က္ကို လုံးဝနားမလည္ေပမယ့္ အတန္အသင့္ေတာ့ နားလည္ႏိုင္ခဲ့တယ္… ဒါက ငါ့ရဲ႕ စိတ္အေျခအေနကို အမ်ားႀကီး အက်ိဳးသက္ေရာက္မႈ႐ွ္ိခဲ့ဝာာပဲ"

ခ်ဴးယြန္ သူ႕လက္ဖဝါးကို ငုံ႔ၾကည့္လိုက္ပါတယ္။သူ႕လက္ဝါးမွာေတာ့ ျပတ္႐ွရာေတြနဲ႔အတူ ေသြးေတြလည္း စီးက်ေနလို႔။

"ဟင္း… ေကာင္းကင္ခန္းမက အခြင့္အလမ္းေတြနဲ႔ ျပည့္ေနတာပဲ… မဆိုးဘူး"
ခ်ဴးယြန္ သိပ္ေတာ့မအံ့ဩခဲ့ပါဘူး။ေကာင္းကင္ခန္းမက အရိပ္ေတာင္တန္းရဲ႕ လ်ိဳ႕ဝွတ္နယ္ေျမတစ္ခုပဲမဟုပ္လား။

ဒါက ႐ိုး႐ွင္းတဲ့ စာလုံးေလးတစ္လုံးပဲဆိုေပမယ့္ နတ္ဘုရားစြမ္းရည္နယ္ပယ္ ကြၽမ္းက်င္သူေတြ လေပါင္းမ်ားစြာ ( ဒါမွမဟုပ္) ႏွစ္ေပါင္းမ်ားစြာဆင္‌ျခင္ေနဖို႔ လုံေလာက္ခဲ့ပါတယ္။

သူ႕ရဲ႕ ဝာာအိုနားလည္ျခင္းစင္ျမင့္ကလည္း လူတစ္ေယာက္ရဲ႕ စိတ္ကို ေအးခ်မ္းတည္ၿငိမ္ေစႏိုင္ခဲ့တယ္ေလ။ဒါက နတ္ဘုရားစြမ္းရည္နယ္ပယ္ တာအိုသခင္တစ္ပါးက တခ်ိဳ႕ေသာေအာ္ရာအ႐ွိန္အဝါေတြကို ထားရစ္ခဲ့လို႔ပါ။

ဒီစာလုံးကေဝာာ့ တာအိုနားလည္ျခင္းစင္ျမင့္ထက္ ပိုၿပီး အဆင့္ျမင့္ခဲ့ပါတယ္။

ဒါက အလြန္အစြမ္းထက္တဲ့ ေကာင္းကင္ဘုံသို႔တက္လွမ္းျခင္းနယ္ပယ္ ကြၽမ္းက်င္သူတစ္ဦးက ေရးသားခဲ့ဝာာေနမွာပါ။

ဒီစာလုံးေလးမွာ သူ႕ရဲ႕စိတ္ခံစားခ်က္နဲ႔ နားလည္မႈေတြ ပါဝင္ေနခဲ့တယ္ေလ။

ခ်ဴးယြန္အေနနဲ႔ အေျခခံေလာက္ပဲ နားလည္ႏိုင္ခဲ့ေပမယ့္လည္း သူ႕ရဲ႕ တိုးတက္မႈအတြက္ အလြန္ေကာင္းမြန္ေနခဲ့ပါၿပီ။

ခ်ဴးယြန္ ဒီမွာဆက္ေနၿပီး ေလ့လာခ်င္ေနဆဲပါ။ဒါေပမယ့္လည္း သူ႕ရဲ႕အကန္႔အသတ္ကို ေရာက္ေနခဲ့ၿပီေလ။

သူဒီမွာဆက္ေနရင္ သူ႕အတြက္ အက်ိဳးမ႐ွ္ိ႐ုံသာမက "တိုက္ပြဲ"ဆိုတဲ့ စာလုံးမွာ ပါဝင္တဲ့ သတ္ျဖတ္ခ်င္စိတ္ေတြက သူ႕စိတ္ကို အႀကီးအက်ယ္ အက်ိဳးသက္ေရာက္မႈ႐ွိလာေတာ့မွာပါ။

နန္းေတာ္ထဲက ျပန္ထြက္လာၿပီးေနာက္ ထိုနန္းေတာ္ပိုင္႐ွင္ကို ေက်းဇူးတင္ေၾကာင္း ဦးၫႊတ္ ဂါရဝျပဳခဲ့ပါတယ္။

ဒီအခ်ိန္မွာပဲ မ်က္လုံးတစ္စုံက ခ်ဴးယြန္ရဲ႕ လႈပ္႐ွားမႈမွန္သမွ်ကို‌ ေစာင့္ၾကည့္ေနလို႔ပါ။

ခ်ဴးယြန္ နန္းေတာ္ထဲက ထြက္သြားၿပီးေနာက္ အသံတစ္ခ်က္ ထြက္ေပၚလာခဲ့ပါတယ္။
"နံပါတ္ႏွစ္… ဒီကေလးက ဟိုးအရင္က မင္းထားခဲ့တဲ့ လက္ေရးမူကို နားလည္ႏိုင္ေနပါလားဟ… အေတာ္ထူးျခားဝာာပဲ"

ခ်ဴးယြန္ကေတာ့ သူ႕ကို ေစာင့္ၾကည့္ေနတဲ့ မ်က္လုံးတစ္စုံကို မသိခဲ့ပါဘူး။သူက ေအးခ်မ္းစြာပဲ ထြက္ခြာသြားခဲ့ပါၿပီ။

ေ႐ွးေဟာင္းနန္းေတာ္က ထြက္လာၿပီးေနာက္ ခ်ဴးယြန္ ဘုရားေက်ာင္းေလးတစ္ခုကို ေတြ႕လိုက္ရပါတယ္။

ဘုရားေက်ာင္းက ႀကီးက်ယ္ခမ္းနားမႈမ႐ွ္ိခဲ့ပါဘူး။ဒါက ႐ိုး႐ွင္းစြာနဲ႔ တိတ္ဆိတ္စြာ တည္႐ွ္ိေနခဲ့တာပါ။

ခ်ဴးယြန္ရဲ႕ ႏွလုံးသားက လႈပ္႐ွားသြားခဲ့ပါတယ္။‌ဒီလို႐ိုး႐ွင္းတဲ့ ေနရာမ်ိဳးမွာ ရတနာေတြ ႐ွ္ိ႐ွ္ိေနတတ္တယ္မဟုပ္လား။

ဘုရားေက်ာင္း တံခါးကိုတြန္းဖြင့္လို႔ သူဝင္ေရာက္သြားခဲ့ပါၿပီ။ဘုရားေက်ာင္းအတြင္းပိုင္းက အလြန္႐ိုး႐ွင္းေနခဲ့ပါတယ္။ဗုဒၶ႐ုပ္ပြားေတာ္တစ္ခုကလြဲၿပီး ဘာမွမ႐ွိခဲ့ဘူးေလ။

ဗုဒၶ႐ုပ္တုအနားမွာေဝာာ့ မီတာဝက္ခန္႔႐ွ္ိတဲ့က်ည္ေပြ႕တစ္ခု႐ွ္ိေနခဲ့ပါတယ္။ၾကာျမင့္စြာ အသုံးျပဳသူမ႐ွ္ိေၾကာင္း သိသာစြာပဲ ဖုန္မႈန္႔ေတြ ဖုံးလႊမ္းေနလို႔ပါ။

"ဒါက ဝိညာဥ္လက္နက္မ်ားလား"
ခ်ဴးယြန္ က်ည္ေပြ႕ကို ေကာက္ယူလိုက္ပါတယ္။

သူ႕လက္ထဲကို ေရာက္လာခဲ့ဝာာနဲ႔ က်ည္ေပြ႕က ေ႐ႊေရာင္အလင္းေတြ ထြက္ေပၚလာခဲ့ၿပီေလ။

ခ်ဴးယြန္ အလြန္အမင္း စိတ္လႈပ္႐ွားသြားခဲ့ပါၿပီ။သူတစ္ကယ့္ ဝိညာဥ္လက္နက္တစ္ခုကို ရယူႏိုင္ဝာာ ျဖစ္ႏိုင္တယ္မဟုပ္လား။

ဒါေပမယ့္။ သူ႕ရဲ႕ စိတ္လႈပ္႐ွားမႈေတြက ခနသာခံခဲ့ပါတယ္။က်ည္ေပြ႕ရဲ႕ ေ႐ႊေရာင္အလင္းေတြက မ်က္ေစ့တစ္မွိတ္အတြင္းမွာပဲ ျပန္လည္ ေမွးမွိန္သြားလို႔ပါ။

အက္ေၾကာင္းမ်ားစြာကလည္း က်ည္ေပြ႕ရဲ႕ ကိုယ္ထည္ေပၚမွာ ေပၚလာခဲ့ၿပီေလ။

ခ်ဴးယြန္ တုန္ရီသြားခဲ့ပါတယ္။က်ည္ေပြ႕ကို ေကာက္ယူလိုက္ခ်ိန္ သူ႕အေနနဲ႔ ခြန္အားနည္းနည္းေတာင္ အသုံးမျပဳခဲ့ဘူးမဟုပ္လား။

က်ည္ေပြ႕ ကြဲေၾကသြားတာနဲ႔ ဗုဒၶ႐ုပ္ပြားေတာ္ကလည္း ျပင္းထန္စြာ တုန္ခါလာခဲ့ၿပီေလ။ေ႐ႊေရာင္အလင္းေတြနဲ႔အတူ ဗုဒၶ႐ုပ္ပြားေတာ္ေပၚမွာ အက္ေၾကာင္းေတြ ေပၚလာခဲ့ပါၿပီ။

"ဗုဒၶ႐ုပ္ပြားေတာ္လည္း ပ်က္ဆီးေတာ့မွာလားဟ"
ခ်ဴးယြန္ အေနာက္ကို ေျခလွမ္းအနည္းငယ္ဆုတ္ၿပီး အံ့အားသင့္စြာနဲ႔ ၾကည့္လိုက္ပါတယ္။

"ခရတ္ ခရတ္"
ဗုဒၶ႐ုပ္ပြားေတာ္ရဲ႕ ပ်က္ဆီးေနတဲ့ေနရာေတြကေန အနက္ေရာင္အလင္း‌ေတြ ထြက္ေပၚလာခဲ့ပါတယ္။

ထိုအလင္းေတြ ထြက္လာတာနဲ႔ မေကာင္းတဲ့ အေငြ႕အသက္ေတြက ေလထဲမွာ ျပည့္ႏွက္သြားခဲ့ပါၿပီ။႐ုပ္ပြားေတာ္ကလည္း ျမန္ဆန္စြာ ၿပိဳက်လာၿပီး အတြင္းကေန တစ္ခုခုက တိုးထြက္လာဖို႔ ႀကိဳးစားေနတဲ့အလားပါပဲ။

ဒါကိုျမင္ၿပီးေနာက္ ခ်ဴးယြန္နားလည္လိုက္ပါၿပီ။ဗုဒၶ႐ုပ္ပြားေတာ္က အေပၚယံအေရခြံသေဘာမ်ိဳးျဖစ္ႏိုင္ၿပီး အတြင္းက ပ်က္ဆီးျခင္းသက္႐ွ္ိရဲ႕ ေၾကာက္မက္ဖြယ္ေအာ္ရာမ်ိဳး ထြက္ေပၚေနခဲ့ဝာာပါ။

တစ္နည္းအားျဖင့္ အေစာပိုင္းက ပ်က္ဆီးသြားတဲ့ က်ည္ေပြ႕ျဖစ္ေစ၊ ဗုဒၶ႐ုပ္ပြားေတာ္ျဖစ္ေစ ထိုပ်က္ဆီးျခင္းသက္႐ွိကို ထိန္းခ်ဳပ္ဖို႔ ျပဳလုပ္ထားခဲ့တာပါ။

အခုေတာ့ က်ည္ေပြ႕မ႐ွိေတာ့ၿပီမို႔ ဗုဒၶ႐ုပ္ပြားေတာ္တစ္ခုထဲကေန အတြင္း႐ွ္ိ ပ်က္ဆီးျခင္းသက္႐ွ္ိကို မထိန္းခ်ဳပ္ႏိုင္ေတာ့ပါဘူး။

အပိုင္း 632 မင္းေတာင္းဆိုတာ

ခ်ဴးယြန္ တုန္လႈပ္သြားခဲ့ပါတယ္။မီတာတစ္ရာခန္႔ကို သူခ်က္ခ်င္း ဆုတ္ခြာထြက္ေျပးလိုက္ၿပီေလ။

ဆိုး႐ြားတဲ့ ေအာ္ရာေတြကလည္း မ်က္ေစ့တစ္မွိတ္အတြင္းမွာပဲ အလြန္ေၾကာက္မက္ဖြယ္ေကာင္းတဲ့ အဆင့္ကို ေရာက္႐ွိလို႔လာခဲ့ပါၿပီ။ဝုန္းခနဲ အသံတစ္ခ်က္နဲ႔အတူ ဘုရားေက်ာင္းပြင့္ထြက္သြားခဲ့ပါတယ္။အထဲကေန ကင္းၿမီးေကာက္ႀကီးတစ္ေကာင္ ထြက္ေပၚလာခဲ့ပါၿပီ။

ထို ဧရာမ ကင္းၿမီးေကာက္ႀကီးကလည္း ပ်က္ဆီးျခင္းသက္႐ွ္ိတစ္ေကာင္ပါပဲ။ဒါက မီတာတစ္ရာခန္႔ အျမင့္႐ွ္ိကာ အင္အားႀကီးမားမယ္ဆိုတာေတာ့ ေျပာေနစရာေတာင္ မလိုပါဘူး။

သူ႕ေျခေထာက္ေတြက ‌ေျမေပၚမွာ အေျခခ်မိတာနဲ႔ ဘုရားေက်ာင္းကို ေဒါသတႀကီး အမႈန္႔ေခ်ပစ္လိုက္ပါၿပီ။

ဒီေနာက္ ကင္းၿမီးေကာက္ႀကီးက ခ်ဴးယြန္ကို သတ္ျဖတ္ခ်င္စိတ္အျပည့္နဲ႔ လွည့္ၾကည့္လာခဲ့ၿပီေလ။

"မင္းကို ကယ္လိုက္တဲ့သူကို ဒီလိုဆက္ဆံရသလားဟ"
ခ်ဴးယြန္ ရယ္ေမာလိုက္ပါတယ္။ဒါေပမယ့္လည္း သူ႕မ်က္ႏွာကေတာ့ ေလးနက္ေနလို႔…

ထိုကင္းၿမီးေကာက္ႀကီးက အလြန္အစြမ္းထက္တဲ့ပုံပါ။ ႏွစ္ေပါင္းမ်ားစြာ ဖိႏွိမ္ခံခဲ့ရေပမယ့္လည္း အနည္းဆုံး နတ္ဘုရားစြမ္းရည္နယ္ပယ္ အဆင့္ခုႏွစ္၊ အဆင့္႐ွစ္မွာ ႐ွိေနႏိုင္ပါေသးတယ္။

သူသာ ဒီနယ္ေျမရဲ႕ ဖိႏွိမ္ျခင္းကို မခံရဘူးဆိုရင္ ထိုကင္းၿမီးေကာက္ႀကီးကို အလြယ္ပဲ ကိုင္တြယ္ႏိုင္မွာပါ။ဒါေပမယ့္ အခုကေတာ့ မလြယ္ေတာ့ဘူးေလ။

ခ်ဴးယြန္ စိတ္ထဲက ညည္းညဴလိုက္မိပါၿပီ။သူက နည္းနည္းေလာက္ စပ္စုခဲ့ေပမယ့္ ဒီလိုအရာမ်ိဳးကို ျဖစ္တည္လာေစခဲ့တယ္မဟုပ္လား။

"ဂရား!"
ဧရာမ ကင္းၿမီးေကာက္ႀကီးက သူ႕ရဲ႕ အရာအားလုံးကို ျဖတ္ဆီးႏိုင္ပုံရတဲ့ ေျခသည္းႀကီးေတြနဲ႔ ကုပ္ျခစ္တိုက္ခိုက္လာခဲ့ပါၿပီ။

ထိုကုပ္ခ်က္သာ ထိမွန္သြားခဲ့ရင္ သူေသဆုံးသြားႏိုင္တယ္ဆိုတာ သံသ႐ွိစရာေတာင္မလိုပါဘူး။

"ဝွစ္"
ခ်ဴးယြန္ ေျခသည္းကုပ္ခ်က္ကို အျမန္ခုန္လႊား ေ႐ွာင္တိမ္းလိုက္ပါၿပီ။

ကင္းၿမီးေကာက္ႀကီးရဲ႕ ေျခသည္းေတြက ခ်ဴးယြန္ရပ္ေနခဲ့တဲ့ေနရာကို က်ဆင္းသြားခဲ့ၿပီေလ။ထိုေနရာမွာ ႀကီးမားတဲ့ ခ်ိဳင့္ခြက္ႀကီးတစ္ခုျဖစ္ေပၚလာခဲ့ပါတယ္။ဖုန္မႈန္႔ေတြကလည္း ေလထဲမွာျပည့္လို႔ပါ။

ခ်ဴးယြန္ ေ႐ွာင္တိမ္းသြားတာျမင္ၿပီးေနာက္ ကင္းၿမီးေကာက္ႀကီးက ခ်ာခနဲလွည့္လိုက္ပါတယ္။ၿပီးေနာက္ သူ႕ရဲ႕ အၿမီးႀကီးနဲ႔ ထိုးစိုက္ခ်လာခဲ့ပါၿပီ။

ခ်ဴးယြန္ တုန္ရီသြားခဲ့ၿပီး ေကာင္းကင္ဘုံသို႔ျဖတ္သန္းျခင္း ပညာရပ္ကို အသုံးျပဳကာ ေကာင္းကင္ေပၚကို ပ်ံသန္းသြားလိုက္ပါတယ္။ကင္းၿမီးေကာက္ႀကီးရဲ႕ အၿမီးက သူ႕ကို မထိခိုက္ခဲ့ပါဘူး။

"ထင္သေလာက္မခက္ဘူးပဲ"
ခ်ဴးယြန္ရဲ႕ မ်က္လုံးေတြက ၾကည္လင္ေနလို႔… ထိုပ်က္ဆီးျခင္းသက္႐ွိက အင္အားႀကီးမားေပမယ့္ တိုက္ခိုက္မႈေတြက သာမန္ပါပဲ။

"ဝုန္း ဝုန္း ဝုန္း "
က်ယ္ေလာင္တဲ့ အသံေတြက အေဝးက ထြက္ေပၚလာခဲ့ပါတယ္။သူလွမ္းၾကည့္လိုက္တဲ့အခါမွာေတာ့ ပ်က္ဆီးျခင္းသက္႐ွိမ်ားစြာကို ျမင္လိုက္ရပါၿပီ။

ဒါက အလြန္တုန္လႈပ္ဖြယ္ေကာင္းၿပီး သူတို႔ရဲ႕ ေျပးလႊားလာေနတာေၾကာင့္ တဝုန္းဝုန္း မည္သံေတြေတာင္ ထြက္ေပၚေနခဲ့ပါတယ္။

"ငါဒါကို အျမန္အျပတ္ျဖတ္မွရမယ္… မဟုပ္လို႔ ဒီအေကာင္ေတြေရာက္လာၿပီးဝိုင္လိုက္ရင္ ငါေတာ့နာၿပီပဲ"
ခ်ဴးယြန္ ေျပာလိုက္ပါတယ္။

"ေၾကာက္စရာေကာင္းလိုက္တဲ့ ေအာ္ရာေတြပါလား"
ခ်ဴးယြန္နဲ႔ အေဝးမွာ႐ွ္ိေနတဲ့ ေကာင္းကင္ဂုဏ္ေဆာင္ပါရမီ႐ွင္ေတြလည္း ထိုေအာ္ရာေတြကို ခံစားလိုက္ၾကရပါတယ္။သူတို႔ရဲ႕မ်က္ႏွာေတြလည္း ေလးနက္သြားခဲ့ၾကပါၿပီ။

အျခားတစ္ဖက္မွာေတာ့ ဘုန္း‌ႀကီးအခ်ိဳ႕႐ွိေနလို႔… သူတို႔ေတြကေတာ့ ဗုဒၶဂိုဏ္းက ဆင္းသက္လာခဲ့ၾကသူေတြပါ။

ေခါင္းေဆာင္ျဖစ္ဟန္တူတဲ့ ဘုန္းႀကီးက ေျပာလိုက္ပါတယ္။
"အေတာ္ေၾကာက္စရာေကာင္းဝာာပဲ… သြားစုံစမ္းၾကည့္ၾကရေအာင္"

"ေကာင္းပါၿပီ အကိုႀကီး"
အျခားဘုန္းႀကီးေတြလည္း ေခါင္းညိမ့္လိုက္ၾကပါၿပီ။

အျခားတစ္ဖက္မွာေတာ့ ေငြေရာင္ဓါးတစ္လက္ကိုကိုင္ထားတဲ့ လွပလြန္းတဲ့ မိန္းမပ်ိဳတစ္ဦး႐ွိေနလို႔… ခနစဥ္းစားၿပီးေနာက္ သူမလည္း ထိုေနရာကို ေျပးလႊားလိုက္ပါၿပီ။

ေနာက္ဆုံး အဖြဲ႕တစ္ခုကေတာ့ ေနရစ္ခဲ့ဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။ေကာင္းကင္ခန္းမက အႏၲရာယ္ေတြအျပည့္႐ွိေနတာမဟုပ္လား… သူတို႔က မလိုအပ္ပဲ အႏၲရာယ္နဲ႔ ရင္မဆိုင္ခ်င္ၾကပါဘူး။

ဒီအခ်ိန္မွာပဲ ခ်ဴးယြန္က ကင္းၿမီးေကာက္ႀကီးနဲ႔ ျပင္းထန္စြာ တိုက္ခိုက္ေနလို႔…

"႐ႊစ္"
ကင္းၿမီးေကာက္ႀကီးရဲ႕ ေျခသည္းကုပ္ခ်က္ေတြက ခ်ဴးယြန္ကို ထိုးေဖာက္သြားခဲ့ပါၿပီ။ဒါေပမယ့္လည္း ခ်ဴးယြန္ရဲ႕ ဒါက ေနာက္က်န္ပုံရိပ္တစ္ခုပါ။

ခ်ဴးယြန္က အလြန္ကို ျမန္ဆန္ေနခဲ့တယ္ေလ။သူက အလြန္ကို ျမန္ဆန္ေနတာေၾကာင့္လည္း အေနာက္မွာ ပုံရိပ္ေယာင္ေတြ က်န္ရစ္ခဲ့တာပါ။

ကင္းၿမီးေကာက္ မတုံ႔ျပန္ႏိုင္ခင္မွာပဲ သူ႕အေနာက္ကို ျပင္းထန္စြာ တိုက္ခိုက္ခံလိုက္ရပါၿပီ။

"တရိစၧာန္ေလး… ဒါမွမဟုပ္ သားရဲေလးေပါ့"
ခ်ဴးယြန္ ေအးစက္စက္ ရယ္ေမာလိုက္ပါတယ္။ ဒီကင္းၿမီးေကာက္ရဲ႕ ခႏၶာကိုယ္က အရင္သူေတြ႕ခဲ့တဲ့ ပ်က္ဆီးျခင္းသက္႐ွိေတြရဲ႕ ခႏၶာကိုယ္ထက္ေတာ့ ပိုမာေက်ာ‌ခဲ့ပါတယ္။

ဒါေပမယ့္လည္း သူက ညဏ္ရည္သိပ္မျမင့္မားခဲ့ဘူးေလ။

နတ္ဆိုးသားရဲေတြဆိုရင္ နတ္ဘုရားစြမ္းရည္နယ္ပယ္ကိုေရာက္တာနဲ႔ လူသားဘာသာစကားကို ေျပာဆိုႏိုင္ခဲ့ၾကတယ္မဟုပ္လား။သူတို႔ရဲ႕ညဏ္ရည္ကလည္း မနိမ့္ပါးခဲ့ၾကပါဘူး။

အျခားတစ္ဖက္မွာေတာ့ ဒီပ်က္ဆီးျခင္းသက္႐ွ္ိေတြအေနနဲ႔ ေကာင္းကင္ဘုံသို႔တက္လွမ္းျခင္းနယ္ပယ္ကိုေရာက္ေနၿပီဆိုရင္ေတာင္ တုံးအေနဦးမွာပါပဲ။

"ဝွီး"
ကင္းၿမီးေကာက္ႀကီးရဲ႕ အဆိပ္႐ွိ အၿမီးႀကီးက ခ်ဴးယြန္ကို ထိုးစိုက္ခ်လာခဲ့ျပန္ပါၿပီ။

ဒါေပမယ့္ ခ်ဴးယြန္ မေၾကာက္ခဲ့ပါဘူး။သူ႕ခႏၶာကိုယ္က နတ္ဆိုးဆန္တဲ့ အေငြ႕အသက္ေတြ ထြက္ေပၚေနကာ လက္သီးတစ္ခ်က္ ထုတ္ေဖာ္လိုက္ပါၿပီ။

ဒီလက္သီးခ်က္မွာ ဗုဒၶသံသက႐ိုက္ရဲ႕ စြမ္းအင္ေတြ ပါဝင္ေနလို႔ပါ။

ေၾကာက္မက္ဖြယ္ နတ္ဆိုးစြမ္းအင္နဲ႔ သန္႔စင္တဲ့ ဗုဒၶသံသက႐ိုက္က ေပါင္းစည္းကာ ေကာင္းကင္တမန္နဲ႔ နတ္ဆိုးသခင္ ပူးေပါင္းကာ တိုက္ခိုက္လိုက္တဲ့အလားပါပဲ။

"ဝုန္း"
ကင္းၿမီးေကာက္အၿမီးႀကီး ျပန္လြင့္သြားခဲ့ပါၿပီ။

ခ်ဴးယြန္ကေတာ့ အေနာက္ကို ေျခႏွစ္လွမ္းခန္႔ ဆုတ္ေပးလိုက္ရပါတယ္။ၿပီးေနာက္ သူ႕လက္ႏွစ္ေခ်ာင္းကို ဓါးအသြင္နဲ႔ ကင္းၿမီးေကာက္အၿမီးကို ထိုးစိုက္လိုက္ပါၿပီ။

"ေဖာက္!"
ဒါက ကင္းၿမီးေကာက္အၿမီးကို အေပါက္ႀကီးတစ္ေပါက္ျဖစ္သြားေစခဲ့ပါတယ္။

ကင္းၿမီးေကာက္ႀကီး အလြန္ကို ေဒါသထြက္လာခဲ့ၿပီေလ။

ဒီအခ်ိန္မွာပဲ ေျပးလႊားလာေနတဲ့ ဘုန္းႀကီးေတြရဲ႕ မ်က္ႏွာအမူရာက ေျပာင္းလဲသြားခဲ့ပါတယ္။သူတို႔ ခ်က္ခ်င္း‌ေအာ္ဟစ္လိုက္ၾကပါၿပီ။
"ဒါ နတ္ဆိုးစြမ္းအင္မဟုပ္လား! သစၥာေဖာက္ကြ!"

"တစ္ကယ့္ကို သစၥာေဖာက္ပဲ… ဒါက ဗုဒၶ ရီကလက္ျဖစ္ေနမလားပဲ"
ဘုန္းႀကီးေတြရဲ႕ မ်က္ႏွာက သုန္မႈန္ၿပီး မ်က္ေမွာင္ၾကဳတ္ကုန္ၾကပါတယ္။

"သစၥာေဖာက္က တစ္ဦးထဲမွမဟုပ္တာ… အျခားသူလည္း ျဖစ္ႏိုင္ပါတယ္"

ဘုန္းႀကီးေခါင္းေဆာင္က ေျပာလိုက္ပါတယ္။
"သြားၾကမယ္… တစ္ကယ္သာ သစၥေဖာက္ဆိုရင္ တစ္ခါထဲသုတ္သင္ပစ္မယ္!"

"ဒါေပမယ့္ ဗုဒၶရီကလက္ျဖစ္ေနရင္ ဘယ္လိုလုပ္မလဲ?"
အျခားဘုန္းႀကီးေတြက တြန္႔ဆုတ္ေနဆဲပါ။

"ဘုန္းႀကီးရီဆိုရင္ေတာင္ ဘာျဖစ္ေသးလဲ… သူက အရင္က ျမင့္မားတဲ့ အဆင့္အတန္း႐ွိၿပီး ခြန္အားႀကီးမားရင္ေတာင္ အခုေတာ့ ႐ြံ႕စရာေကာင္းတဲ့ေကာင္ျဖစ္ေနၿပီ… ငါတို႔အားလုံးေပါင္းရင္ သူ႕ကိုမႏိုင္ဘူးဆိုတာ မယုံဘူး"
ေခါင္းေဆာင္ဘုန္းႀကီးက ယုံၾကည္မႈအျပည့္နဲ႔ ေျပာလိုက္ပါတယ္။

ဒါေပမယ့္ ခ်က္ခ်င္းပဲ သူ႕မ်က္ႏွာက ေျပာင္းလဲသြားခဲ့ပါၿပီ။
"ဗုဒၶသံသက႐ိုက္!"

သူ အေနာက္ကို ေျခလွမ္းအနည္းငယ္ဆုတ္လိုက္မိပါတယ္။သူ႕ရဲ႕ မ်က္လုံးထဲမွာေတာ့ မယုံၾကည္ႏိုင္မႈေတြျပည့္လို႔…

ဗုဒၶသံသက႐ိုက္က ဗုဒၶသခင္ေတြသာ တတ္ေျမာက္ႏိုင္တာပါ။သံသက႐ိုက္က လူတစ္ေယာက္ရဲ႕ တိုက္ခိုက္ႏိုင္စြမ္းကို မ်ားစြာ အက်ိဳးသက္ေရာက္မႈ႐ွိေစတယ္ေလ။

ဗုဒၶဝါဒီေတြရဲ႕ လူငယ္မ်ိဳးဆက္မွာ ဒါကို နားလည္ႏိုင္သူမ႐ွိခဲ့ပါဘူး။

ဒါေပမယ့္လည္း လက္႐ွိအခ်ိန္မွာေတာ့ သစၥာေဖာက္တစ္ဦးက နားလည္ႏိုင္ခဲ့ၿပီေလ။ဒါဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?

သစၥာေဖာက္ေတြရဲ႕ သြန္သင္မႈေတြက မေကာင္းမႈဘက္ကိုပဲ ေရာက္ေနမွာပါ။သူတို႔ရဲ႕ တည္႐ွိမႈကိုက ဗုဒၶကိုေစာ္ကားေနသလိုပါပဲ။ဗုဒၶသံသက႐ိုက္ကို သူတို႔က ဘယ္လို နားလည္ႏိုင္ရတာလဲ? ဘာေၾကာင့္မ်ားလဲ?

အျခားဘုန္းႀကီးေတြရဲ႕ မ်က္ႏွာအမူရာေတြ ေျပာင္းလဲကုန္ၾကပါတယ္။ခနၾကာၿပီးေနာက္ တစ္ဦးက ေျပာလိုက္တယ္။
"အကိုႀကီး… ငါတို႔ သြားမွာလား?"

"သြားမယ္"
ဘုန္းႀကီးက ျပင္းထန္စြာ ေျပာလိုက္ပါတယ္။

မနာလိုတဲ့ အရိပ္ေယာင္ေတြေတာင္ သူ႕မ်က္လုံးထဲမွာ ထြက္ေပၚေနလို႔ပါ။

'ငါေတာင္မွ နားမလည္ႏိုင္ေသးဝာာကို… မင္းလို သစၥာေဖာက္က ဘယ္လိုနားလည္ႏိုင္ရမွာလဲ? မင္းဘာသာမင္း ဘယ္သူပဲျဖစ္ျဖစ္ ငါမင္းကိုသတ္မယ္!'

အျခားတစ္ဖက္မွာေတာ့…

ေငြေရာင္ ဓါးတစ္လက္ကိုကိုင္ဆြဲထားတဲ့ မိန္းမပ်ိဳရဲ႕ မ်က္ႏွာအမူရာက ေျပာင္းလဲသြားခဲ့ပါတယ္။
"အစြမ္းထက္လိုက္တဲ့ ဓါးစိတ္ဆႏၵပါလား!"

ဒီဓါးစိတ္ဆႏၵက သူမနဲ႔ အလြန္မင္းနီးစပ္ၿပီး ကီလိုမီတာအနည္းငယ္သာ ေဝးကြာခဲ့တာပါ။

ဓါးသမားက ေၾကာက္မက္ဖြယ္ေအာ္ရာတစ္ခုကို ဆန္႔က်င္တိုက္ခိုက္ေနပုံပါပဲ။

တစ္ကယ္တမ္း သူမကလည္း သာမန္မဟုပ္ပါဘူး။ေတာင္ပင္လယ္မွာ နံပါတ္တစ္ဓါးသမားလို႔ နံမယ္ႀကီးေနခဲ့သူပဲေလ။

ဒါေပမယ့္လည္း သူမရဲ႕ ဓါးစိတ္ဆႏၵက ထိုလူကို မေက်ာ္လႊားႏိုင္ေၾကာင္း ခံစားေနခဲ့ရပါတယ္။

သူက ဘယ္သူလဲ? သူက အျခား ဓါးသမားတစ္ဦးလား?

သူမေတြးေနခ်ိန္မွာပဲ စိတ္ဆႏၵေတြက ေျပာင္းလဲသြားခဲ့ျပန္ပါၿပီ။

ျပင္းထန္တဲ့ ေဆဘာစိတ္ဆႏၵေတြ ထြက္ေပၚလာခဲ့တာပါ။

မိန္းမပ်ိဳရဲ႕ မ်က္လုံးေတြ က်ဥ္းေျမာင္းသြားခဲ့ၿပီး
"ဒါက ေဆဘာစိတ္ဆႏၶပဲ! ဒါကလည္း ေဆဘာစိတ္ဆႏၵေအာက္မေလ်ာ့ဘူးဟ"

သူ႕မွာ တစ္မ်ိဳး႐ွ္ိရင္ လုံေလာက္ေနၿပီကို ေဆဘာနဲ႔ ဓါးစိတ္ဆႏၵေတြက ဘယ္လိုလုပ္ထုတ္ေဖာ္ႏိုင္ရတာလဲ? ျဖစ္ႏိုင္ဝာာက…

သူမ ေတြးေတာေနခ်ိန္မွာပဲ ေဆဘာစိတ္ဆႏၵနဲ႔ ဓါးစိတ္ဆႏၵက ေပါင္းစပ္သြားခဲ့ၿပီး ‌ေၾကာက္မက္ဖြယ္စြမ္းအင္ေတြကို ျဖစ္ေပၚလာေစခဲ့ပါၿပီ။

သူမအေနနဲ႔ သန္မာတဲ့ ဓါးသမားမ်ားစြာကို ျမင္ဖူးခဲ့ပါတယ္။သူမကိုယ္တိုင္ကလည္း ေတာင္ပင္လယ္မွာ နံပါတ္တစ္ဓါးသမားပဲမဟုပ္လား။

သူမကိုယ္တိုင္လည္း ထိုအစြမ္းထက္တဲ့ ဓါးသမားေတြကို ႐ိုက္ႏွက္ခဲ့ဖူးပါတယ္။

ဒါေပမယ့္ ဒီေအာ္ရာ… ဒီဓါးနဲ႔ ေဆဘာစိတ္ဆႏၵက အတူတကြေပါင္းစပ္ေနခဲ့ၾကပါၿပီ။

"ခ်ဴးယြန္!"
မိန္းမပ်ိဳက တီးတိုးေရ႐ႊတ္လိုက္ပါတယ္။

တိုင္ဂန္တိုက္ႀကီးတစ္ခုလုံးမွာ ဓါးနဲ႔ေဆဘာစိတ္ဆႏၵကို ေပါင္းစပ္ႏိုင္တာဆိုလို႔ ခ်ဴးယြန္တစ္ဦးသာ ႐ွိေနခဲ့တာပါ။

သူမအေနနဲ႔ အရိပ္ေတာင္တန္းကိုလာရတဲ့အထဲမွာ ခ်ဴးယြန္နဲ႔ ယွဥ္ၿပိဳင္တိုက္ခိုက္ခ်င္တာလည္းပါပါတယ္။

"ခ်ဴးယြန္… ဒါခ်ဴးယြန္ပဲျဖစ္ရမယ္!"

မိန္းမပ်ိဳရဲ႕ မ်က္ႏွာက ‌ဝင္းပသြားခဲ့ၿပီး အ႐ွိန္ျမႇင့္ကာ ေျပးလႊားလိုက္ပါၿပီ။

ခ်ဴးယြန္နဲ႔ ဆုံေတြ႕ရတာက ေကာင္းတဲ့ကိစၥပဲေလ။သူနဲ႔ရင္ဆိုင္တိုက္ခိုက္လို႔ရပါၿပီ။

သူမအေနနဲ႔ ေကာင္းကင္ခန္းမထဲေရာက္လို႔ ႏွစ္ရက္ေျမာက္ေန႔မွာပဲ ခ်ဴးယြန္နဲ႔ ဆုံရလိမ့္မယ္လို႔ ထင္မထားခဲ့ပါဘူး။

တိုက္ပြဲေနရာမွာေဝာာ့ ခ်ဴးယြန္ရဲ႕ မ်က္ႏွာက ေလးနက္ေနလို႔… သူ႕အေနနဲ႔ ျပင္းထန္စြာ တိုက္ခိုက္ေနေပမယ့္ ကင္းၿမီးေကာက္ကို မသတ္ျဖတ္ႏိုင္ေသးပါဘူး။ဒဏ္ရာေတြသာ ျဖစ္ေပၚေစႏိုင္ခဲ့တာပါ။

ဒါေပမယ့္လည္း ဒဏ္ရာရၿပီးေနာက္ ကင္းၿမီးေကာက္က ပိုၿပီး ၾကမ္းရမ္းလာခဲ့ပါၿပီ။

"ငါသာ ဖိႏွိမ္ခံမထားရရင္ မင္းကို အလြယ္ကိုင္တြယ္ႏိုင္တယ္ကြ"

ခ်ဴးယြန္ သူ႕ႏႈတ္ခမ္းေထာင့္က ေသြးကိုသုတ္ၿပီး ဟိန္းေဟာက္လိုက္ပါတယ္။
"ဒီလိုျဖစ္လာမွေတာ့ မင္းကိုျပရေသးတာေပါ့"

ခ်ဴးယြန္ စတင္လႈပ္႐ွားလိုက္ပါၿပီ။

မဟာဖြံ႕ၿဖိဳးျခင္းဓါးသိုင္းရဲ႕ ဒုတိယအကြက္ - ေတာင္တန္းနဲ႔ျမစ္ျပင္ အသြင္ေျပာင္းလဲျခင္း။

အပိုင္း 633 ဘယ္သူမွ ငါတို႔ကို မျမင္လို႔သာေပါ့

ခ်ဴးယြန္လက္ထဲမွာ ေကာင္းကင္ဓါးနဲ႔ ေရလေဆဘာက လ်င္ျမန္စြာ လွည့္ပတ္လႈပ္႐ွားေနၿပီး အရိပ္ေတြအလားပါပဲ။ဓါးကီေတြကလည္း ေလထဲမွာ ျပည့္ႏွက္ကာ ေပါင္းစပ္လို႔လာခဲ့ပါၿပီ။

ခ်ဴးယြန္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာ ဓါးကီေတြက တစ္ျဖည္းျဖည္းနဲ႔ က်ယ္ျပန္႔တဲ့ ေတာင္တန္းႀကီးေတြ၊ ျမစ္ျပင္က်ယ္ႀကီးေတြအသြင္ ပုံရိပ္ေတြ ျဖစ္ေပၚလာခဲ့ၿပီေလ။

လက္႐ွိအခ်ိန္မွာေတာ့ ခ်ဴးယြန္က ေလထဲမွာရပ္ေနရင္း သူ႕ဝတ္စုံက တစ္ဖ်တ္ဖ်တ္ လူးလြန္႔ေနလို႔…

မဟာဖြံ႕ၿဖိဳးျခင္းဓါးသိုင္းရဲ႕ ဒုတိယေျမာက္ ဓါးကြက္- ေတာင္တန္းနဲ႔ျမစ္ျပင္ အသြင္ေျပာင္းလဲျခင္း…

ခ်ဴးယြန္ ဒီဓါးကြက္ကို ေအာင္ျမင္ၿပီးခ်ိန္ကစလို႔ တာ့လင္တစ္ဦးတည္းနဲ႔သာ တိုက္ခိုက္ အသုံးျပဳခဲ့ဖူးတာပါ။

သူ႕‌အေ႐ွ႕႐ွိ ပ်က္ဆီးျခင္းသက္႐ွိ ကင္းၿမီးေကာက္ႀကီးက ပ်က္ဆီးျခင္းသက္႐ွိေတြထဲမွာေတာင္ အေတာ္သန္မာတယ္လို႔ ေျပာႏိုင္ပါတယ္။

ဒါေပမယ့္လည္း သူ႕ရဲ႕ အင္အားႀကီးမားမႈေၾကာင့္သာ ခ်ဴးယြန္ကို အခုခ်ိန္ထိေဝာာင့္ခံႏိုင္တာပါ။သူ႕ရဲ႕ အသိညဏ္က သိပ္မျမင့္မားပါဘူး။ဒါေၾကာင့္ ခ်ဴးယြန္ရဲ႕ လႈပ္႐ွားမႈကိုျမင္ေပမယ့္ သူက မေၾကာက္မ႐ြံ႕ အေ႐ွ႕ကို တိုးတက္လာခဲ့ပါၿပီ။

အသက္႐ႈခ်ိန္အနည္းငယ္ၾကာၿပီးေနာက္ ေကာင္းကင္ဓါးက ၿငိမ္သက္လာခဲ့ပါတယ္။

သူက အရာအားလုံးကို တိတ္ဆိတ္စြာ ေစာင့္ၾကည့္ေနတဲ့ အျပင္လူတစ္ေယာက္အလား…

သူ႕အေ႐ွ႕မွာ ေတာင္တန္းနဲ႔ ျမစ္ျပင္က ခမ္းနားစြာ ထြက္ေပၚလာခဲ့ပါၿပီ။

ပင္လယ္ေရျပာက ေၾကးမုံျပင္အလား ေတာင္တန္းႀကီးရဲ႕အသြင္ကို ထင္ဟပ္ေနလို႔… ျမင္လိုက္တာနဲ႔ လူတစ္ေယာက္ရဲ႕စိတ္ကို ၾကည္သာခ်မ္းေျမ့ေစႏိုင္တဲ့ ျမင္ကြင္းမ်ိဳးပါ။

ဒါက အလြန္ေအးခ်မ္းပုံရေပမယ့္ တစ္ကယ္တမ္း အဆုံးမဲ့စြမ္းအင္ေတြပါဝင္ေနခဲ့ပါတယ္။

ထို ေအးခ်မ္း တည္ၿငိမ္တဲ့ ပင္လယ္ေရေအာက္မွာ ေကာင္းကင္ကိုေတာင္ ဆုတ္ၿဖဲပစ္ႏိုင္တဲ့ ေၾကာက္မက္ဖြယ္အင္အားႀကီးတစ္ခုက ပုန္းေအာင္းေနတဲ့အလားပါပဲ။

ေငြေရာင္ဓါးနဲ႔ မိန္းမပ်ိဳက အေဝးကေန ခ်ဴးယြန္ကို လွမ္းၾကည့္ေနခဲ့လို႔ပါ။

"ဒီဓါးသိုင္းက… "
ထိုဓါးသိုင္းကို ျမင္လိုက္ရတာနဲ႔ မိန္းမပ်ိဳရဲ႕ မ်က္လုံးေတြက အံ့ဩစိတ္နဲ႔အတူ ျပဴးက်ယ္လို႔သြားခဲ့ပါၿပီ။

ဒီလိုဓါးသိုင္းမ်ိဳးက သူမနားလည္ႏိုင္တာထက္ ေက်ာ္လြန္ေနခဲ့ၿပီေလ။သူမဘယ္ေလာက္ပဲ ႀကိဳးစားေနပါေစ နားလည္ႏိုင္မွာမဟုပ္ပါဘူး။

သူတို႔က လုံးဝကို မတူညီတဲ့ကမ႓ာက လူေတြလိုပါပဲ။

"သူ႕ရဲ႕ ဓါးပညာအေပၚ နားလည္ႏိုင္စြမ္းက ငါျမင္ဖူးသမွ်လူေတြထက္ သာလြန္ေနခဲ့ၿပီပဲ… ငါ့အေနနဲ႔ ႏွစ္ေပါင္းမ်ားစြာ က်င့္ၾကံၿပီးရင္ေတာင္ လိုက္မွီႏိုင္ဦးမွာမဟုပ္ဘူး!"
ေငြေရာင္ဓါးပိုင္႐ွင္ မိန္းမပ်ိဳ အံ့အားသင့္စြာ ေျပာလိုက္ပါတယ္။

သူမမ်က္လုံးနဲ႔ တပ္အပ္မျမင္ရေသးပဲ ေကာလဟာလေတြပဲ ၾကားေနရတယ္ဆိုရင္ ယုံႏိုင္မွာမဟုပ္ပါဘူး။

ဒါေပမယ့္ အခုလိုျမင္လိုက္ရၿပီးခ်ိန္မွာေဝာာ့ သူမမွာ ရင္ဆိုင္ယွဥ္ၿပိဳင္ခ်င္စိတ္မ႐ွိေတာ့ပါဘူး။

ပိုးစုန္းၾကဴးတစ္ေကာင္က လမင္းႀကီးကို ဘယ္လိုယွဥ္ႏိုင္မွာလဲ?

ေငြေရာင္ဓါးပိုင္႐ွင္ အမ်ိဳးသမီးရဲ႕ စိတ္ထဲမွာ အနည္းငယ္ စိတ္ပ်က္အားေလ်ာ့မႈေတြ ျဖစ္ေပၚလာခဲ့ပါတယ္။သူမကိုယ္သူမလည္း စိတ္ပ်က္ေနလို႔ပါ။ဒီလို ႀကီးမားတဲ့ ကြာဟမႈကို ျမင္ရၿပီးေနာက္ သူမရဲ႕ စိတ္အေျခအေနက ေျပာင္းလဲသြားခဲ့ရပါတယ္။

ဟုပ္ပါတယ္… သူမ စိတ္ဓါတ္က်သြားခဲ့ေပမယ့္ ေမွ်ာ္လင့္ခ်က္အခ်ိဳ႕ေတာ့ ႐ွိေနဆဲပါ။

သူမရဲ႕ ဓါးပညာကြၽမ္းက်င္မႈကလည္း ကန္႔သတ္ခ်က္တစ္ခုကို ေရာက္ေနခဲ့ၿပီေလ။

သူမသာ ေနာက္ထပ္ ေျခတစ္လွမ္း ထပ္လွမ္းလိုက္ႏိုင္ရင္ သူမရဲ႕ ဓါးပညာကြၽမ္းက်င္မႈကလည္း အဆင့္သစ္တစ္ခုကို ေရာက္သြားေတာ့မွာပါ။

ဒါက အလြန္ခက္ခဲမွာဆိုေပမယ့္ ေမွ်ာ္လင့္ခ်က္အလင္းေရာင္ အခ်ိဳ႕ကိုေတာ့ သူမျမင္လာခဲ့ရၿပီေလ။

ဒါက အကန္႔အသတ္္မဲ့လမ္းစဥ္တစ္ခုပါ… သူမအေနနဲ႔ လမ္းဆုံးကိုေရာက္ဖို႔ အေဝးႀကီးလိုေနပါေသးတယ္။

အျခားတစ္ဖက္မွာလည္း ဘုန္းႀကီးေတြပါ ေရာက္လာခဲ့ၾကပါၿပီ။

"အားလုံးပဲ ရပ္လိုက္ၾကစမ္း"
တုန္ရီစြာနဲ႔ ဘုန္းႀကီးေခါင္းေဆာင္က သူ႕အေနာက္႐ွိ ဘုန္းႀကီး‌ေတြကို လက္ျပကာ ဟန္႔တားလိုက္ပါတယ္။သူ႕ရဲ႕မ်က္ႏွာေပၚမွာေတာ့ ေၾကာက္႐ြံ႕တဲ့ အရိပ္ေယာင္ေတြ ထြက္ေပၚေနလို႔။

"အကိုႀကီး ဘာျဖစ္လို႔လဲ?"
အျခားဘုန္းႀကီးေတြက စိတ္႐ႈပ္ေထြးေနတဲ့ မ်က္ႏွာေတြနဲ႔ ေျပာလိုက္ၾကတယ္။

အႀကီးဆုံး ဘုန္းႀကီးက လက္ညိဳးတစ္ခ်က္ၫႊန္ျပၿပီး ေျပာလိုက္တယ္။
"အဲဒီဓါးသိုင္းကို ၾကည့္လိုက္ၾကစမ္းပါ!"

သူ႕အသံေပ်ာက္ကြယ္သြားေတာ့မွ အျခားဘုန္းႀကီးေတြက ေသခ်ာၾကည့္လိုက္ပါတယ္။

"ေတာင္တန္းနဲ႔ ျမစ္ျပင္ကားခ်ပ္ပါလား"

ဘုန္းႀကီးေတြရဲ႕ မ်က္လုံးထဲမွာ အံ့အားသင့္တဲ့ အရိပ္ေယာင္ေတြ ထြက္ေပၚလာခဲ့ၾကပါၿပီ။

"ဒီေတာင္တန္းနဲ႔ ျမစ္ျပင္ ကားခ်ပ္က သန္႔စင္တဲ့ ဓါးစြမ္းအင္လိႈင္းေတြက ျဖစ္ေပၚလာခဲ့တာေပါ့"
ဘုန္းႀကီးရဲ႕ မ်က္လုံးေတြ ျပဴးက်ယ္ေနလို႔။လူတစ္ဦးက ဓါးစြမ္းအင္နဲ႔ ဒီလိုျမင္ကြင္းမ်ိဳးကို ျဖစ္ေပၚေစႏိုင္မယ္လို႔ သူစိတ္ကူးထဲေတာင္ မ႐ွိခဲဖူးပါဘူး။

ဒီလိုျမင္ကြင္းမ်ိဳးျဖစ္ေပၚေစႏိုင္ဖို႔ တစ္ေယာက္ရဲ႕ ထိန္းခ်ဳပ္ႏိုင္စြမ္းက ဘယ္ေလာက္ထိ ျမင့္မားေနရမယ္ဆိုတာ ေတြးဖို႔ေတာင္မလြယ္ေတာ့ဘူးေလ။

ေတာင္တန္းနဲ႔ ျမစ္ျပင္ ကားခ်ပ္ကို ျမင္ေပမယ့္ ကင္းၿမီးေကာက္ႀကီးက ဂ႐ုမစိုက္ခဲ့ပါဘူး။သူက ေျမျပင္က ခုန္ထြက္ၿပီး သူ႕ရဲ႕ေျခသည္းေတြနဲ႔ ခ်ဴးယြန္ကို ကုပ္ျခစ္တိုက္ခိုက္ဖို႔ ဟန္ျပင္လိုက္ပါၿပီ။

"မလႈပ္နဲ႔ေနာ္… မင္းတစ္လက္မလေလာက္ေ႐ႊ႕ရင္ ငါ့ဓါးကီေတြက ခုတ္ထစ္လိုက္လိမ့္မယ္"
ခ်ဴးယြန္ သနားဟန္နဲ႔ ရယ္ေမာလိုက္ပါတယ္။

ဒါေပမယ့္လည္း ကင္းၿမီးေကာက္က သူေျပာတာကို နားမလည္ႏိုင္တာ ႐ွင္းေနတာပဲေလ။သူ႕ရဲ႕ ေျခသည္းေတြက ေလထုကို ျဖတ္သန္းရင္း ခ်ဴးယြန္ဆီကိုေျပးဝင္လာခဲ့ပါၿပီ။

"႐ႊစ္"
အသံတစ္ခ်က္နဲ႔အတူ ေတာင္တန္းနဲ႔ျမစ္ျပင္ကားခ်ပ္က လႈပ္ခတ္ကာ ပုံပ်က္သြားခဲ့ပါတယ္။ဒီအခါမွာေတာ့ ေတာင္တန္းနဲ႔ျမစ္ျပင္က ျမန္ဆန္စြာပဲ ၿပိဳလဲ ပ်က္ဆီးလာခဲ့ၿပီေလ။

ၿပိဳလဲၿပီးခ်ိန္မွာေဝာာ့ အ႐ူးအမူးသတ္ျဖတ္ခ်င္စိတ္ေတြက ကားခ်ပ္ေနရာမွာ အစားထိုးဝင္ေရာက္လာခဲ့ပါၿပီ။ဒါက ျပင္းထန္တဲ့ ေလျပင္းမုန္တိုင္းအလား… အရာအားလုံးကို ပိုင္းျဖတ္ႏိုင္ပုံရတဲ့ ဓါးကီေတြနဲ႔ ျပည့္ႏွက္သြားခဲ့ပါတယ္။

ပန္းခ်ီကားအလယ္႐ွိ ‌ကင္းၿမီးေကာက္ကို ေထာင္နဲ႔ခ်ီတဲ့ ဓါးအလင္းေတြက ပိုင္းျဖတ္ပစ္လိုက္ၾကပါၿပီ။

ဒါက အလြန္ကို ျမန္ဆန္ေနခဲ့ပါတယ္။

အသက္႐ႈခ်ိန္အနည္းငယ္အတြင္းမွာပဲ ကင္းၿမီးေကာက္ရဲ႕ ႀကီးမားတဲ့ခႏၶာကိုယ္ႀကီးက အမႈန္႔ျဖစ္လို႔သြားခဲ့ပါၿပီ။

တစ္ခ်ိန္ထဲမွာပဲ ေတာင္တန္းနဲ႔ျမစ္ျပင္ကားခ်ပ္ကလည္း ေပ်ာက္ကြယ္သြားခဲ့ၿပီေလ။က်န္ရစ္ခဲ့ဝာာက ပ်က္ဆီးျခင္းသက္႐ွိရဲ႕ အေငြ႕အသက္ေတြနဲ႔ မတည္မၿငိမ္ျဖစ္ေနတဲ့ သဘာဝစြမ္းအင္ေတြပါ။

တိတ္ဆိတ္မႈ… တိတ္ဆိတ္မႈကသာ အရာအားလုံးကို ႀကီးစိုးထားလို႔…

ေငြေရာင္ဓါးပိုင္႐ွင္ မိန္းမပ်ိဳဟာလည္း အလြန္ကို တုန္လႈပ္ေနခဲ့ပါတယ္။

ေတာင္ပိုင္း သမုဒၵရာမွာ နံပါတ္တစ္ဓါးသမားအျဖစ္ ေက်ာ္ၾကားခဲ့တဲ့သူမဟာ… လက္႐ွိခ်ဴးယြန္နဲ႔ ႏိႈင္းယွဥ္ရင္ေတာ့ သူတို႔ၾကား ကြာဟခ်က္က မိုးနဲ႔ေျမလိုပါပဲ။

မိန္းမပ်ိဳေလး အသက္ျပင္းျပင္း႐ႈၿပီး အခ်ိန္အေတာ္ၾကာမွ တုန္လႈပ္ေနရာက ျပန္သတိဝင္လာခဲ့ပါတယ္။

အျခားတစ္ဖက္မွာေတာ့ ေခါင္းေဆာင္ဘုန္းႀကီးက ေျခာက္ျခားစြာ ေျခာင္းဆိုးၿပီးေနာက္ လွည့္ထြက္လိုက္ပါၿပီ။

"အကိုႀကီး… ခင္ဗ်ားဘာလုပ္တာလဲ"

"ခ်ဴးယြန္ကို မဖမ္းေတာ့ဘူးလား"

ဒါကိုျမင္ၿပီးေနာက္ အျခားဘုန္းႀကီးေတြ စိတ္႐ႈပ္ေထြးစြာ ေျပာလိုက္ပါတယ္။

"မင္းအဖိုးေလ… မင္းတို႔ မသြားေသးဘူးေပါ့! ဘာကိုေစာင့္ေနတာတုံး… မင္းတို႔ရဲ႕ ေသမင္းကို ေစာင့္ေနတာလား"
ေခါင္းေဆာင္ဘုန္းႀကီး ေဒါသတႀကီးနဲ႔‌ ေျပာလိုက္ပါတယ္။

ဒီအခါမွာေဝာာ့ အျခားဘုန္းႀကီးေတြလည္း တစ္ခုခုကို ေတြးမိသြားပုံပါပဲ… မေတာ္တဆ ျဖတ္သြားရင္း ၾကဳံႀကိဳက္တဲ့ပုံနဲ႔ ေခါင္းေဆာင္ဘုန္းႀကီးရဲ႕ အေနာက္ကို လိုက္သြားခဲ့ၾကပါၿပီ။

အေတာ္ေဝးေဝးကိုေရာက္မွ ဘုန္းႀကီးေတြ သက္ျပင္းခ်လိုက္ၾကပါတယ္။
"ေအာ္မီေသာ္ဖု… မင္းမျမင္လိုက္ဘူး… ဘယ္သူမွ ငါတို႔ကို မျမင္လိုက္ပါဘူး"

အျမန္ထြက္ေျပးသြားတဲ့ဘုန္းႀကီးေတြကိုၾကည့္ရင္း ခ်ဴးယြန္ ကူကယ္ရာမဲ့စြာ ရယ္ေမာလိုက္ပါတယ္။သူ႕ကိုလာမစသေ႐ြ႕ေတာ့ သူကလည္း ဂ႐ုမစိုက္ပါဘူး။

အျခားတစ္ဖက္မွာေဝာာ့ ေငြေရာင္ဓါးနဲ႔မိန္းမပ်ိဳက ခ်ဴးယြန္ရဲ႕ မ်က္လုံးေတြကို လင္းလက္သြားေစခဲ့ပါတယ္။

သူမက အလြန္လွပၿပီး ျမင့္ျမတ္တဲ့ ေအာ္ရာေတြလည္း ထြက္ေပၚေနလို႔ပါ။သူမရဲ႕ အဆင့္တန္းကလည္း မနိမ့္က်ႏိုင္ပဲ အလိုလိုက္ျခင္းခံထားရတဲ့ မင္းသမီးတစ္ပါးလိုပါပဲ။တစ္ခ်က္ၾကည့္ၿပီးေနာက္ ခ်ဴးယြန္ လွည့္ထြက္လိုက္ပါၿပီ။

သူမကို လွမ္းၾကည့္လိုက္တဲ့ ခ်ဴးယြန္ရဲ႕ အသြင္ကိုၾကည့္ရင္း မိန္းမပ်ိဳရဲ႕ႏွလုံးသားက လႈပ္ခတ္သြားခဲ့ပါတယ္။

ဘာေၾကာင့္ ဒီလိုျဖစ္သြားရတယ္ဆိုတာေတာ့ သူမကိုယ္တိုင္ေတာင္ မသိခဲ့ပါဘူး။ခ်ဴးယြန္နဲ႔ အၾကည့္ခ်င္းဆုံခ်ိန္ သူမရင္ထဲက လႈပ္ခတ္သြားမႈကို ေခ်ဖ်က္ဖို႔လည္း ခက္ခဲေနလို႔ပါ။

ခ်ဴးယြန္ရဲ႕ ဓါးနဲ႔ေဆဘာအေပၚနားလည္မႈနဲ႔ စြမ္းရည္ေတြေၾကာင့္ သူမကိုယ္တိုင္မသိလိုက္ပဲ ေနရာတစ္ခုေပးလိုက္မိတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

"ခ်ဴးယြန္… ငါ…"
မိန္းမပ်ိဳ အသက္ျပင္းျပင္း႐ႈၿပီးေနာက္ ခ်ဴးယြန္ကို စကားေျပာဖို႔ အစျပဳလိုက္ပါတယ္။

႐ုတ္တရက္ ထူးျခားတဲ့ခံစားခ်က္တစ္ခုကိုလည္း သူမ ခံစားလိုက္ရပါၿပီ။

အရင္ကဆို အျခားပါရမီ႐ွင္ေတြကသာ သူမကို စကားေျပာဖို႔ အစျပဳခဲ့ဝာာပါ။ဒါေပမယ့္ သူမက အဖက္မလုပ္ခဲ့ပါဘူး။ဒါေပမယ့္ အခုခ်ိန္မွာေဝာာ့ သူမက စကားစတင္ေျပာဆိုလိုက္တာပါ။ဒါက သူမကို တစ္မ်ိဳးတစ္မည္ခံစားရေစပါတယ္။

ခ်ဴးယြန္ လွည့္ထြက္သြားဖို႔ ဟန္ျပင္လိုက္တာကိုျမင္ၿပီးေနာက္ မိန္းမပ်ိဳက တီးတိုးေရ႐ႊတ္လိုက္တယ္။
"ဘယ္သူကမွ ငါ့ရဲ႕တည္႐ွိမႈကို လ်စ္လ်ဴ႐ႈမထားခဲ့ဖူးဘူး… နင္က ပထမဆုံးေသာလူပဲ"

ေျပာၿပီးေနာက္ သူမရဲ႕မ်က္လုံးထဲမွာ အနည္းငယ္တြန္႔ဆုတ္မႈေတြ ေပၚလာခဲ့ပါတယ္။

ဘာပဲျဖစ္ျဖစ္ သူမအေနနဲ႔ ခ်ဴးယြန္ဆီက လမ္းၫႊန္မႈအခ်ိဳ႕ လိုခ်င္ေနမိလို႔ပါ။ခ်ဴးယြန္ရဲ႕ ဓါးပညာအေပၚ နားလည္ႏိုင္စြမ္းက အျခားဓါးသမားေတြအတြက္ ရတနာသိုက္တစ္ခုလိုပဲမဟုပ္လား။

သူမသာ အနည္းငယ္ေလာက္ သင္ယူႏိုင္ခဲ့ရင္ သူမရဲ႕ တိုက္ခိုက္ႏိုင္စြမ္းက မ်ားစြာ တိုးတက္သြားႏိုင္တယ္ေလ။

ဒါကိုေတြးၿပီးေနာက္ ခ်ဴးယြန္အေနာက္ကို ခ်က္ျခင္းေျပးလိုက္သြားခဲ့ပါၿပီ။

"ခ်ဴးယြန္!"
မိန္းမပ်ိဳက ခ်ဴးယြန္အေ႐ွ႕မွာ ပိတ္ရပ္လိုက္ပါတယ္။

ခ်ဴးယြန္ အံ့အားသင့္သြားခဲ့ပါတယ္။သူက မ်က္ခုံးပင့္ၾကည့္ၿပီး ေတြးလိုက္တယ္။
'ဒီမိန္းကေလး ဘာလို႔ငါ့လမ္းကိုလာပိတ္တာပါလိမ့္"

သူမရဲ႕ အျပဳအမူက ခ်ဴးယြန္ကို အံ့အားသင့္ေစခဲ့ပါတယ္။ဒါေပမယ့္လည္း ၾကည့္ရသေလာက္ေတာ့ ထိုမိန္းကေလးက အဆင္ေျပေနတဲ့ပုံပါ။

ဒါေပမယ့္ မိန္းမပ်ိဳက စိတ္မပ်က္ပဲ ေျပာလိုက္တယ္။
"ခ်ဴးယြန္ ငါမု႐ုံဇီကလည္း ေတာင္ပိုင္းသမုဒၵရာ ဇီယန္နန္းေဝာာ္က ဓါးသမားတစ္ေယာက္ပဲ"

ခ်ဴးယြန္ရဲ႕ မ်က္လုံးေတြက က်ဥ္းေျမာင္းသြားခဲ့ပါတယ္။ေတာင္ပိုင္းသမုဒၵရာမွာ ဇီယန္နန္းေတာ္က အလြန္အစြမ္းထက္တဲ့ အင္အားစုတစ္ခုပဲေလ။

ေတာင္ပိုင္းသမုဒၵရာမွာ ကုန္းေျမတိုက္ႀကီး မ႐ွိပဲ ကြၽန္းေတြပဲ တည္႐ွိေနခဲ့ဝာာပါ။ဇီယန္နန္းေတာ္က ေတာင္ပိုင္းသမုဒၵရာမွာ ဩဇာႀကီးမားၿပီး အေကာင္းဆုံးကြၽန္းႀကီးတစ္ကြၽန္းမွာ အေျခစိုက္ပါတယ္။

မု႐ုံဇီက ဇီယန္နန္းေဝာာ္က လာခဲ့သူဆိုမွေတာ့ သူ႕ရဲ႕ အဆင့္အတန္းကလည္း နိမ့္က်ပုံမရပါဘူး။

သူမရဲ႕ အေနအထားကိုေျပာၿပီးေနာက္ ခ်ဴးယြန္က အနည္းငယ္လႈပ္႐ွားရင္လႈပ္႐ွား၊ ဒါမွမဟုတ္ အသိအမွတ္ျပဳလိမ့္မယ္လို႔ ထင္ထားခဲ့တာပါ။ ဒါေပမယ့္လည္း ခ်ဴးယြန္က အရင္အတိုင္းပဲ႐ွိေန‌ဆဲပါပဲ။ သူက ထူးျခားမႈနည္းနည္းေတာင္ မ႐ွိခဲ့ပါဘူး။


အပိုင္း 634 သူငါ့ကို ေသခ်ာေပါက္ သင္ေပးရမယ္

ခ်ဴးယြန္က မတုန္မလႈပ္႐ွိေနတာျမင္ေတာ့ မု႐ုံဇီ တြန္႔ဆုတ္စြာနဲ႔ ဆက္ေျပာလိုက္ပါတယ္။
"ငါနင့္အေၾကာင္းေတြ ၾကားဖူးဝာာၾကာၿပီ… ေျပာစကားေတြအရ နင္က ဓါးစိတ္ဆႏၵနဲ႔ ေဆဘာစိတ္ဆႏၵကို ေပါင္းစပ္ၿပီး တိုက္ခိုက္ႏိုင္တဲ့ ပါရမီ႐ွင္တဲ့… ငါကလည္း ပါရမီ႐ွင္တစ္ေယာက္ပဲေလ… ငါက နင့္ၿပိဳင္ဘက္မျဖစ္ႏိုင္ေပမယ့္လည္း ငါနင္နဲ႔ ယွဥ္ၿပိဳင္ခ်င္တယ္… နင္ အခ်ိန္ရရင္ ငါ့ကို နည္းနည္းေလာက္လည္း လမ္းၫႊန္ေပးေစခ်င္တယ္"

ခ်ဴးယြန္ ေခါင္းကိုခါယမ္းရင္း ရယ္ေမာလိုက္ပါတယ္။
"သခင္မေလးမု႐ုံ… ဒါက ေကာင္းကင္ခန္းမပါဗ်ာ… ငါတို႔က ေလ့က်င့္ဖို႔လာခဲ့တာကို နင့္ကိုလမ္းၫႊန္ဖို႔ ဘယ္လိုလုပ္အခ်ိန္႐ွ္ိမွာလဲ"

ေျပာၿပီးေနာက္ ခ်ဴးယြန္ ခ်က္ခ်င္းလွည့္ထြက္လိုက္ပါတယ္။

"တိုက္ပြဲ"ဆိုတဲ့ စာလုံးကို ႐ွာေတြ႕ၿပီးကတည္းက ခ်ဴးယြန္အေနနဲ႔ ေကာင္းကင္ခန္းမဟာ အခြင့္အလမ္းေတြနဲ႔ျပည့္ေနတယ္ဆိုတာ သိသြားခဲ့တာပါ။

ဒီေနရာက လူတစ္ေယာက္ကို မတူညီတဲ့အဆင့္တစ္ခုထိ  တက္ေရာက္သြားေစႏိုင္တယ္ မဟုတ္လား။

သူပိုၿပီးလုံ႔လစိုက္႐ွာေဖြေလ၊ သူရိတ္သိမ္းရတာက ပိုႀကီးမားလာေလပါပဲ။

ရလဒ္အေနနဲ႔ ခ်ဴးယြန္ဟာ မု႐ုံဇီနဲ႔ အခ်ိန္ျဖဳန္းမေနႏိုင္ေတာ့ပါဘူး။

"ငါ…"
ခ်ဴးယြန္က ျငင္းပယ္လိုက္ေၾကာင့္ မု႐ုံဇီ ဘာေျပာရမွန္းမသိ ျဖစ္သြားခဲ့ရပါတယ္။

ခနၾကာေတြေဝေန‌ၿပီးေနာက္ သူမ ေျပာလိုက္တယ္။
"ငါအခ်ိန္အမ်ားႀကီးမလိုပါဘူး… ငါ့ကို တစ္ရက္၊ႏွစ္ရက္ေလာက္ပဲ အခ်ိန္ေပးပါ… ဒါမွမဟုတ္ရင္ ေန႔တစ္ဝက္ပဲဆိုရင္ေရာ!"

"ေန႔တစ္ဝက္ကို ငါက စိတ္မဝင္စားပါဘူး… ဒါေပမယ့္ တစ္ရက္ေတာ့ ငါလုပ္ႏိုင္တယ္"
ခ်ဴးယြန္ မု႐ုံဇီကိုၾကည့္ၿပီး ျပဳံးသြားကာ အသံတိုးတိုးနဲ႔ ေျပာလိုက္တယ္။

"နင္ဘာေျပာတာလဲ?"
မု႐ုံဇီ ခ်ဴးယြန္ေျပာတာကို နားမလည္ပါဘူး။သူမ အူေၾကာင္ေၾကာင္ ျဖစ္သြားခဲ့တယ္။

"ဘာမွမဟုပ္ပါဘူး… ငါ့မွာအခ်ိန္မ႐ွိဘူးလို႔ေျပာတာ… နင္ငါ့ကိုေတြ႕ခ်င္ရင္ ေကာင္းကင္ခန္းမက ျပန္ထြက္လာတဲ့ေန႔ထိေစာင့္တာ အေကာင္းဆုံးပဲ"
ခ်ဴးယြန္ ရယ္ေမာလိုက္ပါတယ္။

မု႐ုံဇီ ေဒါသတႀကီးျဖစ္သြားၿပီး ေျပာလိုက္တယ္။
"ခ်ဴးယြန္… နင္ငါ့ကို လမ္းၫႊန္မႈေပးေနာ္… မဟုပ္ရင္ ငါနင့္အေနာက္က ေလွ်ာက္လိုက္ေနမွာ!"

ခ်ဴးယြန္ ကူကယ္ရာမဲ့စြာနဲ႔ ေခါင္းကိုခါယမ္းလိုက္ၿပီး
"ဒါကေတာ့ မင္းသေဘာပဲ"

ေျပာၿပီးတာနဲ႔ ခ်ဴးယြန္ ေကာင္းကင္ဘုံကိုျဖတ္သန္းျခင္းပညာရပ္ကိုအသုံးျပဳၿပီး ေျပးလႊားလိုက္ပါၿပီ။

မု႐ုံဇီ တုန္လႈပ္သြားခဲ့ပါတယ္။သူမ ခ်က္ခ်င္းပဲ ခ်ဴးယြန္အေနာက္ကို ေျပးလိုက္သြားခဲ့ၿပီေလ။

သူမရဲ႕ လႈပ္႐ွားမႈပညာရပ္ေတြက အားမနည္းေပမယ့္ ခ်ဴးယြန္ကို မွီေအာင္မလိုက္ႏိုင္ခဲ့ပါဘူး။သူတို႔ၾကားမွာ ႀကီးမားတဲ့ အကြာအေဝး ကန္႔သတ္ခ်က္တစ္ခု႐ွိေနဆဲပါ။

ခ်ဴးယြန္ ေျပးရင္းနဲ႔ ‌အသာေခါင္းငဲ့ၾကည့္လိုက္ပါတယ္။မု႐ုံဇီက အေတာ္ေလး ဆုံးျဖတ္ခ်က္ျပတ္သားၿပီး သူ႕အေနာက္က တစ္ကယ္ကိုေျပးလိုက္လာခဲ့ဝာာပါ။

"အလွေလးေရ… ပုံမွန္ဆိုရင္ေတာ့ ‌ငါေသခ်ာေဆြးေႏြးေပးမွာပါ… ဒါေပမယ့္ အခုကေတာ့ ငါ့မွာ အခ်ိန္မ႐ွိဘူး"
ခ်ဴးယြန္ ေရ႐ႊတ္လိုက္ပါတယ္။ၿပီးေနာက္ မေလွ်ာ့ေသာအ႐ွိန္နဲ႔ ဆက္ေျပးသြားလိုက္ပါၿပီ။

ခနၾကာၿပီးေနာက္ မု႐ုံဇီ ခ်ဴးယြန္ကို အမွီမလိုက္ႏိုင္ေၾကာင္း သူမ သေဘာေပါက္လာခဲ့ပါတယ္။ၿပိဳင္ဘက္က အလြန္ကို လ်င္ျမန္လြန္းေနတယ္မဟုပ္လား။

"ငါမွီေအာင္လိုက္ျပမယ္!"
မု႐ုံဇီ ေခါင္းမာစြာ ေရ႐ႊတ္လိုက္ပါတယ္။ၿပီးေနာက္ လွ်ပ္စီးလက္သလို ဆက္လက္ေျပးလႊားလိုက္ၿပီေလ။

ထိုျဖစ္စဥ္က ေန႔တစ္ဝက္ခန္႔ ၾကာသြားခဲ့ပါၿပီ။

မု႐ုံဇီ အစြမ္းကုန္သုံးၿပီး ေျပးလႊားေနလို႔… ဒါေပမယ့္လည္း ခ်ဴးယြန္က အကြာအေဝးတစ္ခုကို ထားထားႏိုင္‌ဆဲပါ။

"ျမန္လိုက္တာ"
မု႐ုံဇီ အသက္ျပင္းျပင္း႐ႈလိုက္ပါတယ္။ေန႔တစ္ဝက္ေက်ာ္ေျပးလႊားၿပီးေနာက္မွာေတာ့ သူမရဲ႕ စိုးရိမ္ပူပန္မႈေတြက ေအးေဆးတည္ၿငိမ္လာခဲ့ပါၿပီ။

သူမရဲ႕ လက္႐ွိအေျခအေနက ေလ့က်င့္ေနသလိုျဖစ္ေနေၾကာင္းလည္း သူမ သေဘာေပါက္လာခဲ့ၿပီေလ။

သူမအေနနဲ႔ ခ်ဴးယြန္အနားကို မကပ္ႏိုင္ေပမယ့္လည္း ဒီလို အခ်ိန္ကာလ႐ွည္ၾကာစြာ ေျပးလႊားေနရမႈကေန သူမကို သက္ေတာင့္သက္သာ ႐ွိလာေစခဲ့ပါတယ္။

ေနာက္ၿပီး ခ်ဴးယြန္က ျမန္ဆန္တယ္ဆိုေပမယ့္ သူမအေ႐ွ႕ကေန တိက်တဲ့ အကြာအေဝးတစ္ခုမွာပဲ အၿမဲ႐ွိေနခဲ့ဝာာပါ။

သူမဘယ္ေလာက္ပဲ ႀကိဳးစားေနပါေစ သူတို႔ၾကားအကြာအေဝးက မထူးျခားလာပါဘူး။သူမက ျမန္ရင္ သူကလည္းျမန္လာၿပီး သူမေႏွးသြားခ်ိန္မွာေတာ့ သူကလည္း ေႏွးသြားခဲ့ပါတယ္။ဒါက အလြန္႐ိုး႐ွင္းစြာ ေကာင္းမြန္လွတဲ့ ထိန္းခ်ဳပ္မႈတစ္ခုပါပဲ။

မု႐ုံဇီကလည္း ငတုံးမဟုပ္ပါဘူး။ဆန္႔က်င္ဘက္အေနနဲ႔ သူမကလည္း ထိပ္သီးေကာင္းကင္ဂုဏ္ေဆာင္ပါရမီ႐ွင္တစ္ေယာက္ပဲမဟုပ္လား။

တစ္ကယ္တမ္း ဒါက သူမအတြက္ ေလ့က်င့္ခန္းတစ္မ်ိဳးလိုပါပဲ။ဒါက အလြန္နက္႐ိႈင္းမႈမ႐ွိေပမယ့္ သူမအတြက္ အက်ိဳး႐ွိခဲ့ပါတယ္။

သူမအေနနဲ႔ ၾကမ္းတမ္းတဲ့ပတ္ဝန္းက်င္မႈ ေန႔တစ္ဝက္‌ခန္႔ ဆက္တိုက္ေျပးလႊားခဲ့ရတယ္မဟုပ္လား။

ပုံမွန္ဆိုရင္ သူမရဲ႕ခႏၶာကိုယ္ၾကံ့ခိုင္မႈနဲ႔ ဒီလိုလုပ္ဖို႔ မျဖစ္ႏိုင္ပါဘူး။ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ သူမရဲ႕ ကန္႔သတ္ခ်က္ေတြကို ခ်ိဳးျဖတ္ပစ္လိုက္ႏိုင္ပါၿပီ။

ေသခ်ာေတြးေတာၿပီးေနာက္ သူမ စိတ္လႈပ္႐ွားလာခဲ့ၿပီေလ။ခ်ဴးယြန္က သူမရဲ႕စြမ္းရည္ကို ျမႇင့္တင္ဖို႔  အခြင့္အေရးေပးေနတယ္ဆိုတာ သေဘာေပါက္လာခဲ့ပါတယ္။သူက သူမကို မကူညီႏိုင္လို႔ေျပာခဲ့ေပမယ့္ သူမကေတာ့ စိတ္လႈပ္‌႐ွားေနခဲ့ပါၿပီ။

ေတြးရင္း…ေတြးရင္း မု႐ုံဇီ ျပဳံးလိုက္မိၿပီေလ။

တစ္ကယ္တမ္းေတာ့ သူမ အေတြးလြန္ေနခဲ့တာပါ။

ခ်ဴးယြန္အေနနဲ႔ အျမန္ႏႈန္းကိုထိန္းသိမ္းၿပီးသြားေနရတာက အေၾကာင္း႐ွိေနခဲ့ပါတယ္။ေျပးလႊားရင္း သူ႕ရဲ႕အာ႐ုံကို ေ႐ွးေဟာင္းေနရာေတြ႐ွာေဖြဖို႔ ျဖန္႔က်က္ေနခဲ့တာေလ။

အနည္းငယ္ပိုျမန္ဖို႔က သူ႕အတြက္ ျပႆနာမ႐ွိေပမယ့္ ပတ္ဝန္းက်င္ကို အာ႐ုံစိုက္ႏိုင္စြမ္းကေတာ့ က်ဆင္းသြားရမွာပါ။ဒါဆိုရင္ ေ႐ွးေဟာင္းဆိုင္ရာ ပစၥည္းေတြ၊အရာဝထၳဳေတြနဲ႔ သူေဝးရပါလိမ့္မယ္။

ဒါေၾကာင့္မို႔သာ ခ်ဴးယြန္အေနနဲ႔ အျမန္ႏႈန္းကို ထိန္းသိမ္းထားခဲ့ရဝာာေလ။

"ဝုန္း ဝုန္း ဝုန္း!"
ဒီအခ်ိန္မွာပဲ ေကာင္းကင္က အေမွာင္ဖုံးသြားၿပီး မိုးပ်ံ ပ်က္ဆီးျခင္းသားရဲအုပ္ႀကီးကို ျမင္လိုက္ရပါၿပီ။သူတို႔အားလုံးက ဦးတည္ခ်က္တစ္ခုထဲကိုသာ ပ်ံသန္းေနခဲ့ၾကတာပါ။

ခ်ဴးယြန္ ႐ုပ္တရက္ မ်က္ေမွာင္ၾကဳတ္ၿပီး ရပ္တန္႔လိုက္ပါၿပီ။

ထိုပ်က္ဆီးျခင္းသက္႐ွိေတြ ေကာင္းကင္မွာ ပ်ံသန္းေနပုံက ေကာင္းကင္က ဆင္းသက္လာတဲ့ နဂါးေငြ႕တန္းႀကီးအလား… သူတို႔ပ်ံသန္းသြားရာလမ္းက အေမွာင္ဖုံးသြားခဲ့ၾကပါတယ္။

ခ်ဴးယြန္ ထိုပ်က္ဆီးျခင္းသက္႐ွိေတြနဲ႔ အကြာအေဝးကို တြက္ခ်က္ၾကည့္ၿပီး ၿငိမ္ေနလိုက္ပါတယ္။သူသာ ထူးထူးျခားျခားလုပ္မေနရင္ ထိုအေကာင္ေတြကလည္း သူ႕ကို ဘာမွလုပ္မယ္မဟုပ္ပါဘူး။

သူထင္ထားတဲ့အတိုင္းပါပဲ… ထိုပ်က္ဆီးျခင္းသက္႐ွိေတြက သူကို ဂ႐ုစိုက္မေနခဲ့ၾကပါဘူး။သူတို႔လမ္းေၾကာင္းအတိုင္းသာ ဆက္ၿပီး ပ်ံသန္းသြားခဲ့ၾကတာပါ။

ဒီအခ်ိန္မွာပဲ စြမ္းအင္ေတြျပည့္ႏွက္ေနတဲ့ ပုံရိပ္တစ္ခုက သူ႕ဆီကို ေျပးလႊားလို႔လာခဲ့ပါၿပီ။ထိုပုံရိပ္ကေတာ့ မု႐ုံဇီပဲေလ။

သူမက ပင္ပန္းလြန္းလို႔ အသက္ကို ျပင္းျပင္း႐ႈေနရေပမယ့္ အလြန္ဂုဏ္ယူေနတဲ့ေလသံနဲ႔ ေျပာလိုက္ပါတယ္။
"ငါနင့္ရဲ႕စမ္းသပ္မႈကို ေအာင္ျမင္ၿပီလို႔ထင္တယ္… အခုငါ့ကို ဓါးပညာသင္ေပးေတာ့မလား"

ခ်ဴးယြန္ရဲ႕ မ်က္လုံးေတြ ျပဴးက်ယ္သြားခဲ့ၿပီေလ။
'ဘာလို႔ငါ့အေနာက္ကို တစ္ခ်ိန္လုံး လိုက္ေနရတာလဲဟ'

ခ်ဴးယြန္အေနနဲ႔ ေ႐ွးေဟာင္းနန္းေတာ္လို အႂကြင္းအက်န္ေတြကို႐ွာေဖြဖို႔ အာ႐ုံစိုက္ေနရတာမို႔ မု႐ုံဇီကို သတိေတာင္မထားမိခဲ့ပါဘူး။သူမကို သူႏွင္ထုတ္လိုက္ႏိုင္ၿပီလို႔ ထင္ထားခဲ့တာပါ။

မေမွ်ာ္လင့္ပဲ မု႐ုံဇီက သူ႕အေနာက္မွာ ႐ွိၿမဲ ႐ွိေနဆဲပါပဲ။

ခ်ဴးယြန္ရဲ႕ တုန္လႈပ္ေနတဲ့မ်က္ႏွာကိုျမင္ၿပီးေနာက္ မု႐ုံဇီအသာျပဳံးလိုက္ပါတယ္။
"နင္ ထိတ္လန္႔ေနစရာမလိုပါဘူး… ငါ့ရဲ႕တိုးတက္မႈက နည္းနည္းျမန္သြားတယ္ဆိုတာေတာ့ ငါဝန္ခံရလိမ့္မယ္… ဘာပဲျဖစ္ျဖစ္ ေန႔တစ္ဝက္အတြင္း ကန္႔သတ္ခ်က္ေတြကို အႀကိမ္ႀကိမ္ခ်ိဳးျဖတ္ဖို႔က သာမန္‌ေကာင္းကင္ဂုဏ္ေဆာင္ပါရမီ႐ွင္ေတြ လုပ္နႏိုင္တာမ်ိဳးမွမဟုပ္ဘူးေလ"

"ေတာ္ေတာ့… ေတာ္လိုက္စမ္းပါ!"
ခ်ဴးယြန္ သူ႕လက္ကိုခ်က္ခ်င္းပဲ ေဝ့ယမ္းလိုက္ပါတယ္။

"ဘာျဖစ္လို႔လဲဟ"
မု႐ုံဇီ ေဒါသတႀကီးနဲ႔ ေအာ္ဟစ္လိုက္ၿပီး သူမအသံေတာင္ က်ယ္သြားခဲ့ပါတယ္။

သူမအေနနဲ႔ အခုလိုလိုက္မွီဖို႔ေတာင္ အေတာ္ႀကိဳးစားခဲ့ရတာပါ။ဒါကိုေတာင္ သူက…

"အမေလး… ၿငိမ္ၿငိမ္မေနႏိုင္ဘူးလားဗ်ာ"
ခ်ဴးယြန္ အေဝးက ပ်က္ဆီးျခင္းသားရဲေတြကို လက္ညိဳးထိုးျပလိုက္ပါတယ္။

မု႐ုံဇီ အံ့အားသင့္စြာနဲ႔ လွည့္ၾကည့္လိုက္ပါၿပီ။

ေကာင္းကင္ကို ဖုံးအုပ္မတတ္ ပ်က္ဆီးျခင္းသားရဲမ်ားစြာကိုျမင္ၿပီးေနာက္ သူမ တုန္လႈပ္သြားခဲ့ၿပီေလ။

ဒါေပမယ့္ ပ်က္ဆီးျခင္းသားရဲေတြက သူတို႔ဆီကို အာ႐ုံစိုက္မိသြားခဲ့ၾကၿပီေလ။သူတို႔ဘက္ကို ေခါင္းလွည့္ ဦးတည္လာခဲ့ၾကပါၿပီ။

"ေသစမ္း"
ခ်ဴးယြန္ ေခါင္းကိုက္သြားခဲ့ပါတယ္။ပထမေတာ့ သူက ပ်က္ဆီးျခင္းသားရဲေတြနဲ႔ ျပႆနာမျဖစ္ပဲ ေအးေဆးပဲ ေနခ်င္ခဲ့တာပါ။အခုေတာ့ ဒီလိုျဖစ္ႏိုင္ပုံ မရေတာ့ပါဘူး။

"ဝုန္း ဝုန္း"
ပ်က္ဆီးျခင္းသားရဲေတြက သားေကာင္ေတြ႕သြားသလို ဝမ္းေျမာက္စြာနဲ႔ ပ်ံသန္းလာခဲ့ၾကပါၿပီ။

"ပ်က္ဆီးျခင္းသက္႐ွ္ိေတြ အမ်ားႀကီးပါလား… သတ္ပစ္လိုက္ၾကတာေပါ့"
မု႐ုံဇီ သူမရဲ႕ ေငြေရာင္ဓါးကို လက္ထဲမွာကိုင္ရင္း ေျပာလိုက္ပါတယ္။

ခ်ဴးယြန္ သက္ျပင္းခ်လိုက္ၿပီး
"ငါ့အခ်ိန္ေတြ… ငါ့အတြက္ အခ်ိန္က ဘယ္ေလာက္အဖိုးတန္တယ္ဆိုတာ နင္သိလား… အခ်ိန္ျဖဳန္းရျပန္ၿပီကြာ"

ခ်ဴးယြန္ ညည္းတြားၿပီး မု႐ုံဇီကိုၾကည့္ကာ ေျပာလိုက္ပါတယ္။
"နင္က ငါ့ရဲ႕ဓါးပညာကို သင္ခ်င္ေနတာမဟုပ္လား… ငါနင့္ကို အခ်ိန္ေပးၿပီး လမ္းၫႊန္ေတာ့မျပႏိုင္ဘူး… ဒါေပမယ့္ နင္ေဘးက ၾကည့္ထားႏိုင္တယ္… မွတ္ထားဦးေနာ္… ငါ့မွာ အခ်ိန္က အကန္႔အသတ္႐ွ္ိတယ္… နင္ဘယ္ေလာက္ သင္ယူႏိုင္မယ္ဆိုတာက နင့္အေပၚမွာပဲမူတည္တယ္!"

တစ္ကယ္လို႔ သူသာ သင္မေပးရင္ မု႐ုံဇီက သူ႕ကိုအလြတ္ေပးမွာမဟုပ္တာ သူသိထားတယ္ေလ။ဒါေၾကာင့္ သူမကို ေဘးကေန ၾကည့္ေနခိုင္းၿပီး ေနာင္လာမေႏွာင့္ယွတ္ရေအာင္ လုပ္ေနရတာပါ။

မု႐ုံဇီ အျမန္ေခါင္းညိမ့္လိုက္တယ္။
"ေကာင္းၿပီေလ"

ခ်ဴးယြန္ ေရလဓါးကိုကိုင္ၿပီး ပ်က္ဆီးျခင္းသက္႐ွိေတြကိုၾကည့္ရင္း ေရ႐ႊတ္လိုက္ပါတယ္။
"ငါ့ရဲ႕ အေျခခံဓါးကြက္ လႈပ္႐ွားမႈေလးေတြနဲ႔ မင္းတို႔ကို အေနာက္ဘက္ပို႔ေပးပါမယ္"

ေျပာၿပီးတာနဲ႔ ေရလဓါးက အျပာေရာင္အလင္းေတြ ျဖာထြက္သြားခဲ့ပါၿပီ။

ဓါးကီသိပ္သည္းျခင္း!

အဆက္မျပတ္ဓါးစြမ္းအင္!

ထိုးေဖာက္ႏိုင္အားျပင္းေသာဓါး!

ကီဓါးပ်ံ!

ေတာင္ပတဲ့ အျပာေရာင္အလင္းေတြနဲ႔ ဓါးခ်က္ေတြက ပ်က္ဆီးျခင္းသားရဲေတြဆီ တိုးဝင္သြားခဲ့ပါၿပီ။


အပိုင္း 635 နင္ေလ့လာၿပီးၿပီလား

ခ်ဴးယြန္ စြမ္းအင္ေတြကို ေရလဓါးထဲ သြန္းေလာင္းလိုက္ပါတယ္။

ေရလဓါးကို တစ္ခ်က္လႊဲယမ္းလိုက္ဝာာနဲ႔ ေတာက္ပတဲ့ အျပာေရာင္အလင္းေတြ ထြက္ေပၚလာခဲ့ပါၿပီ။

ကမူး႐ႈးထိုးနဲ႔ ‌အေ႐ွ႕ကိုေျပးတက္လာတဲ့ ပ်က္ဆီးျခင္းသက္႐ွ္ိေတြ ဓါးကီေတြရဲ႕ ခုတ္ထစ္မႈေအာက္မွာ အသက္ေပ်ာက္သြားခဲ့ရၿပီေလ။

တစ္ခ်ိန္ထဲမွာ ပုံရိပ္တစ္ခုက မယုံႏိုင္စရာအျမန္ႏႈန္းနဲ႔ ပ်က္ဆီးျခင္းသက္႐ွ္ိေတြၾကားထဲကို ေျပးဝင္သြားခဲ့ပါတယ္။သူက ေရလဓါးကို လက္မွာဆြဲရင္း တေစၧတစ္ေကာင္လို ပ်က္ဆီးျခင္းသားရဲေတြၾကားမွာ လႈပ္႐ွားေနလို႔ပါ။

ဓါးသမားပဲျဖစ္ျဖစ္ အျခားက်င့္ၾကံသူ သိုင္းသမားပဲျဖစ္ျဖစ္ လႈပ္႐ွားမႈပညာရပ္က မ႐ွိမျဖစ္လိုအပ္ပါတယ္။

တစ္ကယ္လို႔ အဆင့္ျမင့္တဲ့ လႈပ္႐ွားမႈပညာရပ္ကို တတ္ေျမာက္ထားမယ္ဆိုရင္ သတ္ျဖတ္ျခင္းပညာရပ္ေတြနဲ႔ ေပါင္းစပ္ၿပီး ၿပီးျပည့္စုံတဲ့ တိုက္ခိုက္မႈေတြကို ထုတ္ေဖာ္ႏိုင္မွာပါ။

လိုက္ေလ်ာညီေထြမႈ ျမင့္မားေလေလ၊ တိုက္ခိုက္ႏိုင္စြမ္းက ပိုသန္မာလာေလပဲေလ။

ပ်က္ဆီးျခင္းသက္႐ွိေတြ မယုံႏိုင္စရာအျမန္ႏႈန္းနဲ႔ ေသေၾကလာခဲ့ပါၿပီ။ေကာင္းကင္မွာေတာ့ သူတို႔ရဲ႕ေသဆုံးမႈက ျဖစ္ေပၚလာတဲ့ အမႈန္႔အမႊားေတြျပည့္လို႔…

ခ်ဴးယြန္ရဲ႕ အေ႐ွ႕မွာ ထိုပ်က္ဆီးျခင္းသက္႐ွိေတြအေနနဲ႔ တစ္စုံတစ္ရာတုံ႔ျပန္မႈေတာင္ မျပဳလုပ္ႏိုင္ခဲ့ၾကပါဘူး။သူတို႔က အသတ္ခံရဖို႔ ေစာင့္ဆိုင္းေနၾကရတဲ့ သိုးငယ္ေလးေတြအလား…

ခ်ဴးယြန္ရဲ႕ မ်က္လုံးထဲမွာ စူး႐ွထက္ၿမိတဲ့ အလင္းေတြထြက္ေပၚလာခဲ့ပါတယ္။သူက ဘယ္ေနရာမွာ တိုက္ခိုက္ေနပါေစ ေရလဓါးနဲ႔ ေသသပ္စြာ တိုက္ခိုက္ခဲ့ပါတယ္။

ပ်က္ဆီးျခင္းသက္႐ွိေတြက ၾကမ္းရမ္းၾကေပမယ့္ ခ်ဴးယြန္ရဲ႕ အဝတ္စကိုေတာင္ ထိေအာင္လို႔ မတိုက္ခိုက္ႏိုင္ခဲ့ၾကပါဘူး။

မု႐ုံဇီကေတာ့ ေနရာမွာပဲ ရပ္ေနလို႔… သူမက နည္းနည္းမွေတာင္ မလႈပ္႐ွားပဲ ေက်ာက္႐ုပ္တစ္႐ုပ္လို ႐ွိေနခဲ့တာပါ။

ေကာင္းကင္ခန္းမ၊ အေတြ႕အၾကဳံေလ့လာျခင္း၊ ပ်က္ဆီးျခင္းသက္႐ွိေတြ ဘယ္တစ္ခုမွ အေရးမပါေတာ့ပါဘူး။

လက္႐ွ္ိ သူမရဲ႕မ်က္လုံးထဲမွာ ခ်ဴးယြန္ပဲ႐ွိပါေတာ့တယ္။

မု႐ုံဇီ ခ်ဴးယြန္ရဲ႕ လႈပ္႐ွားမႈ၊ေျခလွမ္းတိုင္းကို ေသခ်ာၾကည့္႐ႈေလ့လာေနလို႔…

သူမမျမင္ႏိုင္၊ နားမလည္ႏိုင္တဲ့ အပိုင္းေတြ႐ွိေပမယ့္ သူမရဲ႕ နားလည္ႏိုင္စြမ္းနဲ႔ ေကာက္ခ်က္တစ္ခ်ိဳ႕ ခ်ႏိုင္ခဲ့ပါတယ္။

"ေသခ်ာၾကည့္ထားေနာ္… အခ်ိန္က အကန္႔အသတ္႐ွိတယ္… နင္ဘယ္ေလာက္ သင္ယူႏိုင္မယ္ဆိုတာက နင့္အေပၚမွာပဲမူတည္တယ္"

မု႐ုံဇီ ခ်ဴးယြန္ေျပာခဲ့တာကို ျပန္ၾကားေယာင္သြားပါတယ္။ဒါက အလြန္႐ွားပါးတဲ့ အခြင့္အေရးဆိုတာ သူမကိုယ္တိုင္လည္း သိၿပီးသားပါ။ဒီခနမွာေဝာာ့ သူမစိတ္ထဲမွာ အေတြးတစ္ခုပဲက်န္ပါေတာ့တယ္။သူမအေနနဲ႔ တတ္ႏိုင္သမွ် ႀကိဳးစားသင္ယူဖို႔ပါ။

ဒါေၾကာင့္ သူမရဲ႕ အာ႐ုံကို ဘယ္မွ မပ်ံ႕လြင့္ေစေတာ့ပဲ ခ်ဴးယြန္ရဲ႕ လႈပ္႐ွားမႈေတြကို ႏွလုံးသားနဲ႔ ခံစားလိုက္ပါၿပီ။

မဟာဖြံ႕ၿဖိဳးျခင္းဓါးသိုင္းရဲ႕ အေျခခံလႈပ္႐ွားမႈေတြမွာေတာင္ ကမ႓ာေပၚက အစြမ္းထက္ဓါးသိုင္းေတြရဲ႕ ဟန္ေတြ ပါဝင္ေနလို႔…

မဟာဖြံ႕ၿဖိဳးျခင္းဓါးသိုင္းရဲ႕ အဓိကဓါးကြက္ေတြမဟုပ္ရင္ေတာင္ လူတစ္ေယာက္ကိုေပ်ာ္႐ႊင္ေစဖို႔ ဒီေလာက္နဲ႔တင္ လုံေလာက္ေနခဲ့ပါၿပီ။

"႐ႊစ္"
ခ်ဴးယြန္ ေလေျပညင္းသဖြယ္ဓါးကီေတြကို ထုတ္ေဖာ္လိုက္ၿပီး ဒါက ပ်က္ဆီးျခင္းသားရဲေတြကို သတ္ျဖတ္လိုက္ပါတယ္။

ဒါက အလြန္ကို သန္႔စင္ေနလို႔!

သူက သတ္ျဖတ္ေရးစက္တစ္ခုအလား ဆက္တိုက္ဆိုသလို သတ္ျဖတ္ေနခဲ့တာပါ။

ေနာက္ဆုံးတစ္ေကာင္ကိုသတ္ၿပီးခ်ိန္မွာေတာ့ တစ္နာရီခန္႔ ၾကာျမင့္သြားခဲ့ပါၿပီ။

ခ်ဴးယြန္ ဓါးကို ေနာက္ေက်ာမွာကပ္ၿပီး မု႐ုံဇီကိုလွမ္းၾကည့္ကာ ရယ္ေမာလိုက္ပါတယ္။
"သ႐ုပ္ျပတာေတာ့ၿပီးၿပီ… နင့္အေျခ‌အေန ဘယ္လိုလဲ?"

မု႐ုံဇီ တီးတိုးေျပာလိုက္ပါတယ္။
"ဒီလိုပဲေပါ့!"

ၿပီးေနာက္ မု႐ုံဇီ တစ္ခုခုကို ဖမ္းဆုပ္မိသြားဟန္နဲ႔ စိတ္လႈပ္႐ွားစြာလွမ္းေအာ္လိုက္ပါၿပီ။
"ခ်ဴးယြန္… နင္ ငါ့ကို တစ္ေခါက္ေလာက္ ထပ္ျပႏ္ုင္မလား… တစ္ေခါက္ပဲ… ငါခံစားလို႔ရေနၿပီ… အဓိကအခ်က္ကို ငါဆုပ္ကိုင္ႏိုင္ေတာ့မွာ"

ခ်ဴးယြန္ အံ့အားသင့္သြားခဲ့ပါတယ္။သူ႕ရဲ႕လႈပ္႐ွားမႈက အလြန္ကိုျမန္ဆန္ၿပီး မု႐ုံဇီအေနနဲ႔ မ်ားစြာ သင္ယူလိုက္ႏိုင္ဖို႔ ေမွ်ာ္လင့္မထားခဲ့ပါဘူး။

ဒါေပမယ့္ အခုၾကည့္ရသေလာက္ေတာ့ မု႐ုံဇီက သူထင္ထားတာထက္ အမ်ားႀကီး ပိုေနတဲ့ပုံပါပဲ။

"ငါတစ္ႀကိမ္ပဲ သင္ေပးဖို႔ ေျပာခဲ့တာေလ… အခု ၿပီးသြားၿပီဆိုေတာ့ နင္ငါ့အေနာက္ကို ဆက္လိုက္စရာမလိုေတာ့ဘူးမဟုပ္လား"
ခ်ဴးယြန္ ေရလဓါးကိုသိမ္းၿပီး မ်က္ခုံးပင့္လိုက္ပါတယ္။

မု႐ုံဇီ တစ္ခုခုေျပာဖို႔ ပါးစပ္ဟလိုက္ပါၿပီ။ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ ဘာစကားမွထြက္မလာခဲ့ပါဘူး။

တစ္ဖက္လူေျပာတာ အမွန္ပါ။သူက သူမကို မ်ားစြာ သင္ေပးခဲ့ၿပီးၿပီမဟုပ္လား။သူမက ဆက္ၿပီးေႏွာင့္ယွက္ေနဖို႔ မသင့္ေတာ့ပါဘူး။

မု႐ုံဇီ ေခါင္းညိမ့္ၿပီး ေျပာလိုက္ပါတယ္။
"ခ်ဴးယြန္… ငါဒီေန႔ အေတာ္သင္ယူခဲ့ရတယ္… နင္အနာဂါတ္မွာ အခ်ိန္ရရင္ ဇီယန္နန္းေတာ္မွာ ငါနဲ႔လာၿပီးယွဥ္ၿပိဳင္ဖို႔ ‌ဖိတ္ေခၚပါတယ္"

ခ်ဴးယြန္ ေခါင္းညိမ့္ျပလိုက္ပါတယ္။ၿပီးတာနဲ႔ သူ လွည့္ထြက္လိုက္ပါၿပီ။

ဒီတစ္ေခါက္ေတာ့ မု႐ုံဇီအေနနဲ႔ သူ႕အေနာက္ကို လိုက္မလာေတာ့ပါဘူး။သူမက မ်က္ေမွာင္ၾကဳတ္ၿပီး ခ်ဴးယြန္ရဲ႕ လႈပ္႐ွားမႈေတြကို ‌ျပန္ေတြးကာ သုံးသပ္ၾကည့္ေနလိုက္ၿပီေလ။

ခ်ဴးယြန္ ေ႐ွ႕ဆက္ထြက္လာခဲ့ပါတယ္။ေကာင္းကင္ခန္းမက အလြန္ႀကီးမားတာမို႔ လမ္းတစ္ေလွ်ာက္မွာ အျခားသူေတြနဲ႔ သူမဆုံခဲ့မိပါဘူး။

ေကာင္းကင္ခန္းမရဲ႕ ႀကီးမားမႈနဲ႔ လူတစ္ရာပဲဝင္လာတဲ့အေပၚမွာ တစ္ဦးနဲ႔တစ္ဉီး ဆုံႏိုင္ေခ်က နည္းပါးခဲ့တယ္ေလ။

ဒါေပမယ့္လည္း ခ်ဴးယြန္က အျခားသူေတြနဲ႔ဆုံရဖို႔ကို စိတ္မဝင္စားခဲ့ပါဘူး။သူက ေ႐ွးေဟာင္းအႂကြင္းအက်န္ေတြကို႐ွာေဖြၿပီး သူ႕ကိုယ္သူ ပိုမိုသန္မာလာေအာင္လုပ္ဖို႔ပဲ စိတ္ဝင္စားခဲ့တာပါ။

ေကာင္းကင္ခန္းမထဲမွာ ေ႐ွးေဟာင္းအႂကြင္းအက်န္ေတြ အမ်ားႀကီး႐ွိေနႏိုင္တယ္မဟုပ္လား။

ေတြးရင္းနဲ႔ ခ်ဴးယြန္ ထူးျခားတဲ့ ေနရာတစ္ခုကိုေရာက္လာခဲ့ပါၿပီ။ခ်ဴးယြန္ရဲ႕မ်က္လုံးေတြ က်ဥ္းေျမာင္းသြားခဲ့ၿပီေလ။

သူ႕အေ႐ွ႕မွာေတာ့ ေကာင္းကင္ကိုထိုးထြက္ေနတဲ့ေက်ာက္တုံးေတာအုပ္ေလးတစ္ခု…
ေက်ာက္တုံးေတြက ထင္း႐ႈးပင္ႀကီးေတြအလား တည္႐ွိေနခဲ့ၾကဝာာပါ။အကန္႔အသတ္မဲ့ ေအာ္ရာေတြကလည္း ထြက္ေပၚေနလို႔…

ထိုေက်ာက္စရာေအာ္ရာေတြက သာမန္အရာေတြကေန ထြက္ေပၚလာႏိုင္တာမ်ိဳး မဟုပ္ပါဘူး။

ဒါကိုျမင္ၿပီးေနာက္ ခ်ဴးယြန္ရဲ႕မ်က္လုံးေတြ ေတာက္ပသြားခဲ့ပါတယ္။

ဒီေတာအုပ္မွာ ရတနာတစ္ခုခု ႐ွိေနႏိုင္တယ္မဟုပ္လား။

ဒါကိုေတြးၿပီးေနာက္ ခ်ဴးယြန္ စိတ္ဓါတ္ပိုတက္ႂကြလာကာ ေက်ာက္တုံးေတာအုပ္ဆီ အ႐ွိန္ျမႇင့္တင္လိုက္ပါၿပီ။

အနားေရာက္ၿပီးခ်ိန္မွာေတာ့ ထိုေက်ာက္တုံးႀကီး‌ေတြက အလြန္ျမင့္မားတာ သိလိုက္ရပါတယ္။တစ္ခုခ်င္းစီက မီတာတစ္ရာခန္႔ျမင့္မားၿပီး ေတာင္ငယ္ေလးတစ္လုံးလို ႐ွိေနခဲ့ၾကတာပါ။

"ဂြၽတ္"
႐ုတ္တရက္ တစ္ေနရာက အက္ကြဲသံတစ္ခ်က္ကို ၾကားလိုက္ရပါတယ္။တစ္စုံတစ္ခုက တိုးထြက္လာဖို႔ ႀကိဳးစားေနပုံပါပဲ။

ခ်ဴးယြန္ မ်က္ႏွာညိဳသြားၿပီး ခ်က္ခ်င္း ထိုအသံဘက္ကိုလွည့္လိုက္ပါၿပီ။အသံထြက္ေပၚလာရာမွာ ဖုန္မႈန္႔ေတြ လြင့္ပ်ံေနလို႔ပါ။

ခ်ဴးယြန္ တုန္လႈပ္သြားခဲ့ပါၿပီ။ဒါက ဗုဒၶ႐ုပ္တုထဲက ထြက္လာတဲ့ ကင္းၿမီးေကာက္လို ပ်က္ဆီးျခင္းသားရဲျဖစ္ေနႏိုင္တယ္မဟုပ္လား?

ဒီေနရာမွာက ေက်ာက္တုံးေတြအမ်ားႀကီးပဲ႐ွိေနခဲ့တာပါ။ပ်က္ဆီးျခင္းသက္႐ွ္ိေတြအမ်ားႀကီးသာ တစ္ကယ္တမ္းထြက္လာခဲ့ရင္ သူ႕အေနနဲ႔ ေ႐ွာင္ထြက္ဖို႔ကလြဲၿပီး ေ႐ြးခ်ယ္စရာ႐ွိမွာမဟုပ္ပါဘူး။

"ခရတ္"
တစ္ခုခုက အတြင္းပိုင္းကေန႐ုန္းကန္ေနသလို ေက်ာက္တုံးႀကီးက ပိုလို႔ တုန္ခါလာခဲ့ၿပီေလ။

ခ်ဴးယြန္လည္း ၾကာၾကာမေနခ်င္ေတာ့ပါဘူး။တန္ဖိုး႐ွိတဲ့အရာ႐ွိလို႔႐ွိျငား ႐ွာေဖြရင္း သူ႕အျမန္ႏႈန္းကိုျမႇင့္လိုက္ပါၿပီ။

ဒါေပမယ့္ ဘာတစ္ခုမွ ႐ွာမေတြ႕ခဲ့ပဲ ေက်ာက္တုံးေလးေတြကိုပဲ ျမင္ခဲ့ရပါတယ္။

"ဝုန္း"
႐ုတ္တရက္ ေက်ာက္တုံးႀကီးတစ္တုံးက ေပါက္ကြဲထြက္သြားခဲ့ပါၿပီ။

ခ်ဴးယြန္လည္း အခ်ိန္ဆြဲမေနေတာ့ပဲ အျမန္ေျပးထြက္လိုက္ၿပီေလ။

ခ်ဴးယြန္ထြက္သြားၿပီး မၾကာခင္မွာပဲ ေက်ာက္တုံးေတြတစ္တုံးၿပီးတစ္တုံးေပါက္ကြဲကာ ပ်က္ဆီးျခင္းသားရဲႀကီးေတြထြက္လာခဲ့ၾကပါတယ္။

တစ္ကယ္လို႔ ခ်ဴးယြန္သာ႐ွိေနေသးရင္ ေသခ်ာေပါက္ ဝန္းရံတိုက္ခိုက္ျခင္းခံရေတာ့မွာပါ။

အခ်ိန္ေတြက ျမန္ဆန္စြာပဲ ကုန္ဆုံးသြားခဲ့ပါတယ္။မ်က္ေစ့တစ္မွိတ္အတြင္းမွာပဲ တစ္လခန္႔ ၾကာျမင့္သြားခဲ့ပါၿပီ။

ဒီလအတြင္းမွာ ခ်ဴးယြန္အေနနဲ႔ ေ႐ွးေဟာင္းအႂကြင္းအက်န္ေတြကို ႐ွာေဖြခဲ့ေပမယ့္ မေတြ႕ခဲ့ရပါဘူး။

အျခားတစ္ဖက္မွာေတာ့ ပ်က္ဆီးျခင္းသားရဲေတြနဲ႔ ‌ေန႔တိုင္းေတြ႕ေနရၿပီး တိုက္ပြဲမ်ားရင္ဆိုင္ခဲ့ရပါတယ္။အလားတူပဲ သူကိုယ္တိုင္လည္း တိုးတက္လာခဲ့တယ္ေလ။

အခုဆိုရင္ သူ႕ရဲ႕က်င့္ၾကံျခင္းက နတ္ဘုရားစြမ္းရည္နယ္ပယ္အဆင့္ကိုးကို ေရာက္သြားခဲ့ပါၿပီ။

အျမင့္ဆုံးစစ္ဝိညာဥ္ကေတာ့ အဆင့္မတက္ႏိုင္ပဲ႐ွ္ိေနဆဲပါ။

ဒီအတိုင္းဆိုရင္ေတာ့ ခ်ဴးယြန္ရဲ႕ခန္႔မွန္းခ်က္အရ ေကာင္းကင္ဘုံသို႔ တက္လွမ္းျခင္းနယ္ပယ္ကိုေရာက္မွ အျမင့္ဆုံးစစ္ဝိညာဥ္အေနနဲ႔ ကမ႓ာေျမအဆင့္တစ္ဆယ္ကိုေရာက္ႏိုင္ပါလိမ့္မယ္။

အရင္တုန္းကေတာ့ အျမင့္ဆုံးစစ္ဝိညာဥ္ အဆင့္တစ္ဆယ္ကိုေရာက္သြားတိုင္းမွာ သင့္ေတာ္တဲ့အရာတစ္ခုရလာစၿမဲပါ။

အဝါေရာင္အဆင့္တစ္ဆယ္ကို ေရာက္ခဲ့ခ်ိန္က ေကာင္းကင္ဓါးကို သူရခဲ့ပါတယ္။

အနက္ေရာင္အဆင့္တစ္ဆယ္ကို ေရာက္သြားခ်ိန္မွာေတာ့ ေရလဓါးကိုရလာခဲ့တယ္ေလ။

တစ္ကယ္လို႔ ကမ႓ာေျမအဆင့္တစ္ဆယ္ကိုေရာက္သြားခဲ့ရင္ေရာ?

ေကာင္းကင္ဓါးလား၊ေရလဓါးလား၊ ဒါမွမဟုပ္ ဒီႏွစ္ခုလုံးရဲ႕အစြမ္းေတြ တိုးတက္လာမွာမ်ားလား?

ဒါကိုေတြးၿပီးေနာက္ ခ်ဴးယြန္အလြန္စိတ္လႈပ္႐ွားသြားၿပီး ေကာင္းကင္ဘုံသို႔တက္လွမ္းျခင္းနယ္ပယ္ကို အျမန္ဆုံးေရာက္သြားဖို႔ေတာင္ ေမွ်ာ္လင့္ေနမိပါေတာ့တယ္။

ဒီလအတြင္းမွာ ခ်ဴးယြန္အေနနဲ႔ ေကာင္းကင္ဂုဏ္ေဆာင္ပါရမီ႐ွင္အခ်ိဳ႕နဲ႔ ဆုံခဲ့ရပါေသးတယ္။အမ်ားစုက ေတာင္ပိုင္းသမုဒၵရာနဲ႔ ေျမာက္ပိုင္းနယ္စပ္က လာခဲ့ၾကတာျဖစ္ၿပီး သူနဲ႔ရင္းႏွီးသူေတြမဟုပ္ခဲ့ပါဘူး။

အျခားတစ္ဖက္မွာေတာ့ ထိုပါရမီ႐ွင္ေတြနဲ႔ ခ်ဴးယြန္ဘယ္သူဆိုတာသိတာမို႔ သူနဲ႔အတူသြားလာဖို႔ ေျပာခဲ့ၾကပါတယ္။ဒါေပမယ့္လည္း ခ်ဴးယြန္က လက္မခံခဲ့ပါဘူး။

ပထမအခ်က္အေနနဲ႔ သူက တစ္ဦးတည္းသြားလာရတာကို သေဘာက်ပါတယ္။ဒုတိယအခ်က္အေနနဲ႔ ထိုသူေတြက သူနဲ႔ရင္းႏွီးသူေတြမဟုပ္ဘူးေလ။
ဒါေၾကာင့္မို႔ မေတာ္တဆ ထူးျခားတာတစ္ခုခုသာျဖစ္မလာရင္ သူက အျခားသူေတြနဲ႔ ခရီးသြားမွာမဟုတ္ပါဘူး။

Continue Reading

You'll Also Like

546K 63.6K 200
This story is not my own. All credit to original author and english translator. Original novel: The reincarnated goddess is fierce Original author: Q...
153K 12K 54
បងស្រលាញ់អូនមិនថាអូនជាអ្នកណា មកពីណាក៏បងនៅតែស្រលាញ់អូនដែល អូនជាកម្មសិទ្ធិបង Kim Taehyung Date: 24/02/21 - 02/02/22 Author: ចន រ៉ាហ្វា
714K 40.9K 26
Jk - Possessive type #Warning Cv_ Pinterest