ဆန်းဆန်းကြီးsystem [complete]

By xiaopaing105

86.9K 8.7K 258

Peter Plant Ton တို့ရဲ့ arcကနေဆက်ရေးမှာပါ အရင်accက ဖုန်းပျက်ရင်းပါသွားလို့ ဒီaccနဲ့ဆက်တင်ပေးမှာပါ 🐰Xiao Pain... More

Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 8.1
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Real life 1
Real life 2 End

Arc 8.8

2.3K 281 2
By xiaopaing105

မင်းဆက်မဟာက သူ့ဦးလေးနဲ့အလုပ်ကိစ္စ
ရှိသေးတာမို့ ကိုတေဇနဲ့ထွက်သွားခဲ့တယ်
သူ့ကိုတော့ မင်းဆက်မဟာက
အိပ်ပြီးအနားယူနေဖို့ မှာထားခဲ့တယ်
သူ့ရဲ့အဆောင်ကိုပြန်ပြီး နားပါ့မယ်လို့ ပြောခဲ့ပေမယ့်လည်း
မင်းဆက်မဟာက လက်မခံခဲ့
သခင်လေးရဲ့ မျက်နှာတည်တည်ကြောင့် ရှောင်းကျန့်မှာ နှစ်ခါပင် မပြောရဲ
ထားခဲ့တဲ့ နေရာမှာပဲ ငြိမ်သက်လို့
သိပ်မကြာခင်မှာပဲ ရှောင်းကျန့်မှာ ပျင်းရိမှုကြောင့် အိပ်ပျော်သွားတော့သည်

....

မင်းဆက်မဟာက အိမ်တော်သို့ပြန်ရောက်ရောက်ချင်း သူ့အခန်းသူသွားဖို့လုပ်ခဲ့ပေမယ့်
အိမ်စေတစ်ယောက်ရဲ့ သခင်မကြီးက ခေါ်ထားကြောင်းအသိပေးလာတဲ့အတွက်
မာမီ့အခန်းဘက် အရင်သွားရတော့တယ်
မာမီက အကြောင်းကိစ္စမရှိဘဲ ခေါ်မယ့်သူမျိုးမဟုတ်

မာမီအခန်းရှေ့ရောက်တာနဲ့ အခန်းတံခါးအား နှစ်ချက်ဆင့်ခေါက်လိုက်တယ်
ပြီးနောက်

"မာမီ ကျွန်တော်ပါ မင်းဆက်မဟာ "

သူဖြစ်ကြောင်း အသိပေးလိုက်တော့

"ဝင်ခဲ့ "ဆိုတဲ့အတက်အကျမရှိတဲ့ အသံတစ်ခုက ထွက်ပေါ်လာတယ်

သူဝင်သွားလိုက်တော့ကုတင်ပေါ်မှာ လဲလျောင်းရင်းစာအုပ်တစ်အုပ်ကိုင်ထားတဲ့ မာမီ့ကို အိမ်စေမိန်းကလေးတစ်ယောက်က နှိပ်နယ်ပေးနေတယ်

သူလည်း မာမီ့ကုတင်ဘေးမှာရှိတဲ့ ခုံပုလေးကိုဆွဲယူထိုင်လိုက်တာနဲ့ မာမီက အိမ်စေမိန်းကလေးကို အပြင်ထွက်ဖို့ အမိန့်ပေးလိုက်တယ်

"မင်းအခန်းထဲကကောင်လေးအကြောင်း
ပြောရအောင် "

မင်းဆက်မဟာရဲ့ မျက်နှာက အနည်းငယ် တုန်လှုပ်သွားတယ်
ကောင်လေးကို မာမီထိခိုက်အောင် လုပ်မှာမျိုးကိုတော့ သူမလိုလားဘူး
မာမီစိတ်ကခန့်မှန်းရခက်တယ်
ကောင်ကိုသဘောကျပါ့မလား မသေချာဘူး
သဘောကျခဲ့ရင်လည်း သူ့ဘက်က ကောင်လေးအပေါ်ခံစားချက်တွေက မရေရာသေးဘူး
ဒါကြောင့် ဒီအခြေအနေမှာ ကောင်လေးအကြောင်းဆွေးနွေးဖို့က အချိန်မတန်သေးသလိုဘဲ

"အာရုံစိုက်မိတာမျိုးလောက်ပဲ မာမီ
အရမ်းမတွေးပါနဲ့အုံး "

"ချစ်တာမချစ်တာ ခနထား
ဒီတစ်ခေါက် မင်းရဲ့ Rutကာလအတွက်
အဲ့ကောင်လေးဆို အဆင်ပြေမယ် "

Rutကာလ ဟုတ်သားပဲ တစ်ပတ်လောက်ပဲလိုတော့တယ်
ခါတိုင်းလည်း ထိန်းချုပ်ဆေးတွေသောက်နေကျပဲမို့ သိပ်တောင် မတွေးဖြစ်ဘူး
မာမီကတော့ ထိန်းချုပ်ဆေးသောက်တာ မကြိုက်ဘူး
လူကို ထိခိုက်စေလို့
အဲ့လိုဆိုတိုင်းလည်း omegaတွေနဲ့တော့ မကုန်ဆုံးခိုင်းစေချင်ပြန်ဘူး
ဒါကြောင့်မားက ကောင်လေးကို မျက်စိကျသွားတာနေမယ်
ဒါပေမယ့်မဖြစ်ဘူး ေကာင်လေးက Betaတစ်ယောက် နောက်ပြီး ယောက်ျားလေး
တစ်ယောက်
သူသာ Rutကာလကို ကောင်လေးနဲ့ဖြတ်သန်းလိုက်ရင် သေချာတယ်
ကောင်လေး အသက်ပါပျောက်သွားလိမ့်မယ်

"မဖြစ်ဘူး မာမီ
ပုံမှန်အတိုင်း ထိန်းချုပ်ဆေးပဲသုံးပါ့မယ် "

"ခက်ခဲအောင်လုပ်မနေနဲ့
မင်းဆက်မဟာ
မင်းအတွက်ပြောတာ "

မာမီပြောတာ လုံးဝလက်မခံနိုင်ပါ
သူ့ကိုယ်ကျိုးအတွက်ကောင်လေးအား မထိခိုက်စေလို

"မာမီစိတ်ပူတာသိပါတယ်
alphaအမျိုးသမီးဖြစ်ဖြစ်
betaအမျိုးသမီးဖြစ်ဖြစ်ရှာထားလိုက်ပါ့ မယ်
ကောင်လေးကိုတော့ ထားလိုက်ပါ"

မာမီက သူ့ဆုံးဖြတ်ချက်အား သိပ်သဘောကျပုံမရ
မျက်နှာမှာ အလိုမကျတဲ့အရိပ်အယောင်တွေ ဖြတ်ပြေးနေသည်
သူသိနေသော်လည်း မသိချင်ယောင်ပင်ဆောင်ကာ

"သားကို ခွင့်ပြုပါအုံး မာမီ "ဟု နှုတ်ဆက်ကာ ထွက်လာခဲ့လိုက်သည်
သူ့ဘဝမှာ ပထမဆုံး မာမီသဘောကို သွေဖယ်ခဲ့ခြင်း

.....

မင်းဆက်မဟာ အခန်းထဲပြန်ရောက်တော့
ကောင်လေးက အိပ်ပျော်နေဆဲ
သူဘေးနားဝင်ထိုင်ကာ
ကောင်လေးမျက်နှာအား ငေးမောနေမိသည်
ဒီမျက်နှာလေးအား သူ့အောက်ဆွဲပို့ချင်ပေမယ့် သူလေးထိခိုက်မှာ သိနေပြန်တော့လည်း
မလုပ်ရက်နိုင်ပါ

သူထိုင်ကြည့်နေတာ ဘယ်လောက်ပင် ကြာသွားသည်မသိ ကောင်လေးမှာ လှုပ်ပ်လှုပ် လှုပ်လှုပ် ဖြစ်လာပြီး
မကြာလိုက် မျက်လုံးတို့အား ပွတ်သပ်လို့ နိုးလာခဲ့သည်
သူ့ကိုမြင်သည်နှင့် အလန့်တကြား ထထိုင်ပြီး

"တောင်းပန်ပါတယ် သခင်လေး
သခင်လေးအိပ်ယာကို ကျွန်တော်အကြာကြီးယူမိထားတယ်"

သူက ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါးပြုံးပြလိုက်ပေမယ့် ကောင်လေးမှာ
ဘယ်လိုအဓိပ္ပါယ်ကောက်သွားသည်မသိ
ကုတင်ပေါ်မှ မြန်မြန်ဆင်းပြီး
အပြင်ထွက်ဖို့ တံခါးနောက်ရောက်မှ ပြန်လှည့်လာကာ

"သွားခွင့်ပြုပါအုံး သခင်လေး "ဆိုပြီး
ဦးညွှတ်အရိုအသေပေးကာ ပြေးသွားလေရဲ့
ဘယ်လိုဟာလေးလဲ
အဲ့လောက်ချစ်ဖို့ကောင်းနေတာ

.........

သွေးသစ်မဟာရောက်နေတယ်လို့ တေဇက သတင်းပေးလာတာကြောင့်
မင်းဆက်မဟာ ခြံထဲဆင်းလာခဲ့တယ်
သို့သော် အရိပ်အယောင်ပင်မတွေ့
စဥ်းစားကြည့်တော့ သူနဲ့ ချိန်ဆိုထားတာလဲ မရှိ
မာမီခေါ်ထားလို့များလား

"တေဇ ...ဘယ်မှာလဲ
ဦးသွေးသစ်က ဧည့်သည်ကို ဂရုမစိုက်ထားဘူးလား "

စောင့်မကြည့်ထားဘူးလားလို့ အပြစ်တင်နေခြင်း
အခြေအနေမဟန်တာမို့ အိမ်ဝမှာရပ်နေတဲ့ ကိုယ်ရံတော်နှစ်ယောက်အား ခေါ်မေးလိုက်တော့
Betaဆောင်က သျှားဆီသွားတာတဲ့
အဲ့မှာမိုးကြိုးပစ်တာဘဲ
မင်းဆက်မဟာကို ဘယ်လိုပြောရပါ့

"ဘာတဲ့လဲ "

အသံနေအသံထားအရ စိတ်ရှည်တော့ပုံမပေါ်
ပြောရင်လည်း စိတ်တို
မပြောရင်လည်း ဒေါသထွက်တော့မှာ
ကိုယ့်ဘက်မလှည့်လာဖို့ ရွေးချယ်ရတာက

"Betaဆောင်ကို သွားတာပါတဲ့ သခင်လေး
သျှားကို သွားရှာလို့ပြောပါတယ် "

မျက်နှာကြီးမဲကာ လျှောက်သွားသည်ကလည်းBetaဆောင်ဘက်သို့ဘဲ 
Betaဆောင်က ဆွဲဆောင်အားကောင်ပုံများ

🐰Xiao Paing🐰

🐇Zawgyi🐇


....


ပြီးနောက်






ပြောရအောင် "


အရမ်းမတွေးပါနဲ့အုံး "

"ချစ်တာမချစ်တာ ခနထား

လူကို ထိခိုက်စေလို့
ဒါပေမယ့်မဖြစ်ဘူး ကောင်လေးက Betaတစ်ယောက် နောက်ပြီး ယောက်ျားလေး
တစ်ယောက်

"မဖြစ်ဘူး မာမီ

မင်းဆက်မဟာ
မင်းအတွက်ပြောတာ "


"မာမီစိတ်ပူတာသိပါတယ်



.....

သူဘေးနားဝင်ထိုင်ကာ
မလုပ်ရက်နိုင်ပါ




ဘယ်လိုဟာလေးလဲ

.........


"တေဇ ...ဘယ်မှာလဲ


"ဘာတဲ့လဲ "

ပြောရင်လည်း စိတ်တို



🐰Xiao Paing🐰

Continue Reading

You'll Also Like

8.6K 2.1K 38
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
8.4K 1.7K 22
එන්නෙ කවදද බලමින් පෙර මග දෑඟිළි ගැන්නත් බොහෝ කලක් හිත මිය යනකං නෑවිත් ඉඳියේ ආදරෙ නැතුවද බිඳුවක්වත් සුදු අප්පො දරාගන්න බැරි හැඟීම...
98.4K 4.8K 25
ជាប្រលោមលោកខ្នាតខ្លី កំសត់ សើចសប្បាយ 18+
4.2K 561 11
"ခင်ဗျားကြိုက်တဲ့ကော်ဖီကိုကျွန်တော်ကိုယ်တိုင်ဖျော်ပေးချင်သေးတယ်။ ခင်ဗျားကိုစက်ဘီးပေါ်မှာတင်ပြီး တမြို့လုံးကိုလျှောက်ပတ်သွားချင်သေးတယ်။ ခင်ဗျားပုခုံးက...