ဆန်းဆန်းကြီးsystem [complete]

By xiaopaing105

86.9K 8.7K 258

Peter Plant Ton တို့ရဲ့ arcကနေဆက်ရေးမှာပါ အရင်accက ဖုန်းပျက်ရင်းပါသွားလို့ ဒီaccနဲ့ဆက်တင်ပေးမှာပါ 🐰Xiao Pain... More

Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 8.1
Arc 8.2
Arc 8.3
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Real life 1
Real life 2 End

Arc 8.4

2.3K 273 6
By xiaopaing105

စံအိမ်ပြန်ရောက်ချေပြီ
ဒဏ်ရာရလာသည့်အတွက် အရင်ဆုံးအနားပေးလိမ့်မယ်လို့ တွေးထားသော်လည်း
အထင်မှားခြင်းသက်သက်သာ
ဧည့်ခန်းက setteမှာ မိန့်မိန့်ကြီးထိုင်နေတဲ့
မင်းဆက်မဟာက တခြားသူတွေကို ပြန်လွှတ်လိုက်ပေမယ့်
သူ့အားနေခဲ့ခိုင်းသည်
ဒါကြောင့် သူ့မှာ တောင့်တောင့်ကလေး ရပ်နေရသည်
လှုပ်လိုက်ရင်အပြစ်ဖြစ်မှာစိုးလို့
ဒါပေမယ့် ရပ်နေတာက အချိန်အတိုင်းအတာတစ်ခုအထိရှိနေပြီ
စကားတစ်ခွန်းဟမလာသေး
အသံတိတ်အပြစ်ပေးနေသလိုပဲ
ဒဏ်ရာမကြီးပေမယ့် နာနေတယ်လေ
သည်းမခံနိုင်တဲ့ အဆုံး သတ္တိမွေးပြီး
သခင်လေးအား မေးလိုက်သည်

"သခင်လေးး.....ဟိုလေ..
ပြောစရာမရှိရင်လေ ...သွားလို့ရမလား "

အားတင်းကာပြောလိုက်သော်လည်း
မူလခန္ဓာပိုင်ရှင် သျှားက မင်းဆက်မဟာကို
ဘယ်လောက်ကြောက်ခဲ့လဲမသိ
စကားတောင် ဖြောင့်အောင်ထွက်မလာ
ရှောင်းကျန့်လိုသာဆို ဒီသခင်လေးလောက်တော့ ကြောက်မနေဘူး
စိတ်ထဲကသာ အော်ဟစ်ကြွေးကြော်နေတာ
လူက မင်းဆက်မဟာရဲ့ အကြည့်တစ်ချက်မှာတင် ခေါင်းအလိုလိုငုံ့ထားပြီးသား

"စကားများမိပါတယ် သခင်လေး "

အဲ့မှာကြောက်နေလိုက်
ရှောင်းကျန့် သူကိုယ်သူ အားမလိုအားမရ ဖြစ်နေရသည်
ပုံမှန်ဆို ရှောင်းကျန့်တို့က ဒီလောက်ထိသွေးမနည်းပါ
omega ဖြစ်နေလို့များလား

"နောက်တစ်ခါ ကိုယ်နဲ့မဆိုင်တဲ့နေရာ
ဝင်မပါနဲ့
ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်ထား"

တော်တော်ကြာကြာ တိတ်ဆိတ်နေပြီးမှ
ပြောလာခြင်းဟာ
အဆူခံရခြင်းဖြစ်နေသည်
သူ့မှာ မအံ့သြပဲ မနေနိုင်
သူ့က မင်းဆက်မဟာရဲ့ ဦးလေးအရင်းကို ကယ်ခဲ့တာလေ
ချီးကျူးမခံရရင်တောင် အဆူမခံရသင့်ဘူးလေ

"ဟုတ်ကဲ့ သခင်လေး မှတ်ထားပါ့မယ့် "

စိတ်ထဲမှာသာ ပြန်ပြောနေပေမယ့်
အပြင်မှာက ရှိန်နေတာကြောင့်
သူမှန်ကြောင်းမပြောရဲ

"ဒီတစ်ခေါက်တော့ ဒဏ်ရာရထားလို့ ထားလိုက်တော့
နောက်တစ်ခေါက်ဆို အပြစ်ပေးခံရမယ် "

"နားလည်ပါပြီ သခင်လေး "

"သွားတော့ "

ရှောင်းကျန့် အရိုအသေပေးကာ ပြန်လာခဲ့သည်
စိတ်ထဲမှာလည်း မင်းဆက်မဟာက နည်းနည်းလေးမှ အမှားမခံသူဖြစ်ကြောင်း သိရှိသွားခဲ့သည်
သူomegaမှန်းသာ သိရင် တန်းသတ်ခံရမယ်နဲ့တူတယ်
လူဆိုးကောင်​ကြောင့် နှလုံးသားလေး နာကျင်ရသည်
ဘာအကြောင်းကြောင့်ဖြစ်ဖြစ် ကိုယ့်ချစ်သူကို မေ့နေစရာလား

.........

"သျှားလာ...ဒီကို
အဆူခံရသေးလား......."

အခန်းထဲ ပြန်ရောက်ရောက်ချင်း
သုတက သူ့ကုတင်ကနေ လက်ယက်ခေါ်နေသည်
လက်ထဲမှာလည်း ဆေးသေတ္တာကို ကိုင်ထားသေးသည်

"နားမလည်နိုင်ဘူး သုတရာ
ငါဘာမှားလို့လဲ "

သုတရဲ့ တစ်ယောက်အိပ်ကုတင်ပေါ် ဝင်ထိုင်ရင်း မျက်နှာလေးမဲ့က ပြောလိုက်တော့
သုတက ခပ်ဟဟ ရယ်သည်

"သခင်လေး အကြောင်းလဲ သိသားနဲ့
အကျီလှန်လိုက် ဆေးလိမ်းပေးမယ်"

ဒဏ်ရာက အပေါ်ယံဆိုသော်လည်း ဆေးတော့လိမ်းမှဖြစ်မှာမို့
အခန်းအခြေအနေအားကြည့်ကာ
အကျီကိို အနည်းငယ်လှန်ပေးလိုက်သည်
တစ်ခန်းထဲ အတူနေတဲ့ အခြားအခန်းဖော်နှစ်ယောက်က beta တွေ ဆိုသော်ငြား
သူသတိထားနေရမယ်
သူက လျှို့ဝှက်ချက်နဲ့ မလား

"ဒဏ်ရာ က အရမ်းမများပေမယ့်
ဂရုတော့စိုက်အုံးနော်
ဒါနဲ့ သျှား မင်း အသားအရေက ပိုပိုနူးညံ့လာသလိုပဲနော် "

ပတ်တီးစည်းပေးရင်း ပြောလာတဲ့သုတကြောင့်
သူနည်းနည်းတွန့်သွားသည်
မရိပ်မိလောက်ပါဘူးနော်

"ရလောက်ပြီသုတ ထားလိုက်တော့"

ေရှာင်းကျန့်လှန်ထားတဲ့ အကျီအားချလိုက်ကာ သုတအားသွားဖြီးပြလိုက်သည်
နောက်တစ်ခါဆို ကိုယ့်ဘာသာ​ဆေး လိမ်းမှ သေးသေးလေးက ဂရုစိုက်ရင်စိုက်
မိသွားရင်တော့ အသေပဲနေမှာ

"ဇေယျာတို့က ညနေကျရင်
သခင်လေးနောက်လိုက်ရမှာမို့ ညနေကျမဝိုင်းနိုင်တော့ဘူးတဲ့ စာပို့ထားတယ် "

သုတအပြောကို ရှောင်းကျန့် ခေါင်းညိတ်ပြလိုက်သည်
ဇေယျာဆိုတာကလည်းသူတို့သူငယ်ချင်းပဲ
ဇေယျာ Alphaဆိုတော့ Alphaဆောင်မှာ နေရတယ်
ပြီးတော့ သူတို့က အန္တရာယ်ပိုများတဲ့ အလုပ်ဆို လိုက်ရတာ
ဒီည လက်နက်ပို့ဖို့ရှိတယ်လို့လည်းကြားထားတယ် အဲ့တာနေမှာပေါ့

"နောက်တစ်ခေါက်မှပေါ့ သုတရာ
ငါလည်း သောက်ချင်စိတ်မရှိဘူး "

"အင်းပါ ဒါဆိုလည်း နားတော့လေ
ငါကတော့ ဂိမ်းဆော့လိုက်အုံးမယ်"

"အင်း....အင်းးး "


.......

အရင်ရက်က မဖြစ်မြောက်လိုက်တဲ့
ဝိုင်းလေးဟာ
ဒီနေ့ သူတို့အခန်းမှာဆုံဖို့ ဖြစ်လာသည်
သုတက အားတက်သရော ပြင်ဆင်နေပေမယ့် ရှောင်းကျန့်မှာ မတက်ကြွနိုင်
Alphaဆောင်က ဇေယျာနဲ့အတူ နောက်နှစ်ယောက်လည်း ပါလာမယ်တဲ့
အရင်ဆို သူတို့ သုံးယောက်ပဲ ဝိုင်းဖြစ်တာမဟုတ်ဘူးလား လက်ခံမိတာ ခပ်မှားမှားရယ်

"သျှားရေ မင်းကုတင်အောက်က ဘီယာတစ်ကတ်ရောက် ဆွဲခဲ့ပါအုံး
ဟိုကောင်တွေ လာနေပီတဲ့"

ဝိုင်းက ကုတင်ခြေရင်းက ကြမ်းပြင်မှာပြင်ဆင်နေတာဖြစ်တဲ့အတွက်
သုတပြောတဲ့အတိုင်း ဘီယာတစ်ကတ်ဆွဲကာ စိတ်မပါတပါနဲ့ ဝင်ထိုင်လိုက်သည်

ခနနေတော့ ဇေယျာတို့ရောက်လာသည်

"မျက်နှာမကောင်းပါလား ငါ့ကောင်ရ "

သုတက ဇေယျအားလာလာချင်းမေးတော့သည် မေးလည်းမေးချင်စရာ
အခန်းထဲဝင်လာကတည်းက ပုပ်သိုးနေတာ

"ညစ်နေတာ သုတရေ မနေ့က
အလုပ်မှာ သခင်လေးနည်းနည်းထိသွားတယ်လေ
အဲ့တာ သခင်မကြီးက အပြစ်ပေးတာခံရတယ်လေ "

ရှောင်းကျန့်မှာ သခင်လေး ထိခိုက်သွားသည် ဆိုတာနဲ့ အလိုလိုမတ်တပ်ထရပ်မိပြီးသား
သူငယ်ချင်းများအားလည်း ဂရုမစိုက်နိုင်တော့

"သျှား ဘာဖြစ်တာလဲ "

"ပြန်လာခဲ့မယ်သုတ
ခေါင်းနောက်နေလို့ အပြင်မှာ လမ်းခနလျှောက််လိုက်အုံးမယ် "

ရှောင်းကျန့်မှာ သုတတုန့်ပြန်တာကိုပင်မစောင့်နိုင် အိမ်တော်ကြီး ဘက်သို့ထွက်လာခဲ့သည် အခုချိန်မှာ မင်းဆက်မဟာကို အရမ်းစိတ်ပူနေတာပဲသိသည်

🐰Xiao Paing 🐰

🐇Zawgyi🐇

အိမ်ပြန်ရောက်ချေပြီ
စကားတစ်ခွန်းဟမလာသေး

"သခင်လေးး.....ဟိုလေ..



အဲ့မှာကြောက်နေလိုက်

ဝင်မပါနဲ့

ပြောလာခြင်းဟာ




"နားလည်ပါပြီ သခင်လေး "

"သွားတော့ "


.........

"သျှားလာ...ဒီကို
အဆူခံရသေးလား......."


ငါဘာမှားလို့လဲ "

သုတက ခပ်ဟဟ ရယ်သည်


အကျီကို အနည်းငယ်လှန်ပေးလိုက်သည်
သူသတိထားနေရမယ်




ရှောင်းကျန့်လှန်ထားတဲ့ အကျီအားချလိုက်ကာ သုတအားသွားဖြီးပြလိုက်သည်

"ဇေယျာတို့က ညနေကျရင်




"အင်း....အင်းးး "


.......

ဝိုင်းလေးဟာ






"ညစ်နေတာ သုတရေ မနေ့က


"သျှား ဘာဖြစ်တာလဲ "

"ပြန်လာခဲ့မယ်သုတ
ခေါင်းနောက်နေလို့ အပြင်မှာ လမ်းခနလျှောက်လိုက်အုံးမယ် "


🐰Xiao Paing 🐰

Continue Reading

You'll Also Like

92.4K 5.7K 44
တကယ်တော့ အချစ်ဆိုတာ စကားလုံးတွေနဲ့ လှပအောင် ပုံဖော်ထားတဲ့ အဆိပ်မီးတောက်လေး တစ်ခုပါဘဲ 🔥
323K 75.8K 106
මේ ලෝකෙ කැතයි කියලා පාටක් නෑ... හැම පාටම ලස්සනයි.... ඔයා සුදු පාටට ආසයි... මම කලුපාටට ආසයි... සරලයි ... ඔයා ආස දේ මම ආස දේ නොවෙන්න පුලුවන් ... ඒත් මම...
63.5K 8.8K 33
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
235K 42.6K 54
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)