ဆန်းဆန်းကြီးsystem [complete]

By xiaopaing105

86.9K 8.7K 258

Peter Plant Ton တို့ရဲ့ arcကနေဆက်ရေးမှာပါ အရင်accက ဖုန်းပျက်ရင်းပါသွားလို့ ဒီaccနဲ့ဆက်တင်ပေးမှာပါ 🐰Xiao Pain... More

Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 8.1
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Real life 1
Real life 2 End

Arc 8.2

2.3K 275 11
By xiaopaing105

Xiao Paingဆီက Data အားလုံးလက်ခံပြီးတဲ့ အချိန်မှာ
အခန်းထဲကို အလင်းရောင်တော်တော်လေး ရောက်နေခဲ့ပြီ
အခြားသူတွေ မနိုးသေးတာမို့
ရှောင်းကျန့်က ရေချိုးခန်းအရင်ဝင်လိုက်ပြီးနောက်
အခင်ဆုံး သူငယ်ချင်းဆိုသူအား
နိုးဖို့လုပ်ရသည်
သျှားရဲ့ မှတ်ဉာဏ်တွေအရဆိုရင် ဒီနေ့
သူတို့ သခင်လေး မင်းဆက်မဟာရဲ့ ကိုယ်ရံတော် အဖြစ် ပွဲတစ်ခုသို့ လိုက်ပေးရန်ရှိသည်
နောက်ကျ၍မဖြစ် သခင်လေးမင်းဆက်မဟာက စိတ်ကြီးသည့် လူစားမျိုး
အပြစ်ပေးရန် လက်မတွန့်သူ ဖြစ်သည်
ဒါကြောင့် သူငယ်ချင်းဖြစ်သူအား အလျင်အမြန်ပဲ နှိုးရတော့သည်

"သုတ... ဟေ့သုတ.....
ထ.. ထ အလုပ်ရှိတယ်လေ "

လက်မောင်းကကိုင်ကာ ခန္ဓာကိုယ်အား လှုပ်ခါနေတာတောင်
သင်းက အင်း..အဲ ပဲ ရှိသေးတာ
ဆောင့်ကန်ထည့်လိုက်ရ
ငါမှမကန်ရင် မင်းအဖေက လာကန်လိမ့်မယ်
ရှောင်းကျန့်လည်း စိတ်မရှည်တဲ့အဆုံး
လင်းသုတဆိုသူအား တစ်ယောက်အိပ်ကုတင်ပေါ်မှ ကန်ချလိုက်တော့သည်
ဘယ့်နှယ့် လုပ်တဲ့ အလုပ်က ကိုယ်ရံတော်
အိပ်နေတာက ကုလားသေကုလားမော

"မင်းကလဲ ဖြည်းဖြည်းနှိုးပါဟ "

ခုတင်ပေါ်က ကန်ချလိုက်တာတောင်
ကောင်းကောင်းနိုးပုံမပေါ်
မျက်လုံးတို့အား ပွတ်သပ်နေတုန်း
ဒါတောင် ဖြည်းဖြည်းနှိုးပါလုပ်သေး

"နောက်မှ ဖြေးဖြေးနေ မင်းအဘက ​ပြင်ဆင်လို့ပြီးတော့မယ်
နောက်ကျနေရင် သပ်သပ်အပြစ်ပေးနေအုံးမယ် "

ထိုအခါမှ အတင်းထကာ ပျာပျာယာယာပြင်ဆင်နေသည်
ပါးစပ်ကလဲ "ကျေးဇူး ငါ့ကောင်ရေ"ဆိုတဲ့အသံကို လျစ်ခနဲ ကြားလိုက်ရသေး
သူ့အဘတော့ တော်တော်ကြောက်

ရှောင်းကျန့်လည်း သျှားရဲ့တာဝန်တွေအရ
ကြည့်ကောင်းမယ့် ဝတ်စုံကို ရွေးနေရသည်
ယခုသွားမယ့်ပွဲက သိထားရသလောက်ဆို
သခင်လေးရဲ့ အဒေါ်အငယ်ဆုံး လက်ထပ်ပွဲဆိုပဲ

.........

သုတပြင်ဆင်လို့ပြီးတဲ့အချိန်က
သခင်လေးပြောထားတဲ့ အချိန်ကိုက်လေးဆိုတော့
သူတို့ နေတဲ့အလုပ်သမားတန်းကနေ
စံအိမ်တော်ကြီးအထိ
၅မိနစ်လောက်လျှောက်ရတော့
သူတို့နှစ်ယောက်လုံး အနည်းငယ်လောက်နောက်ကျသွားသည်ဆိုရမလား
စံအိမ်ရှေ့တည့်တည့်တွင် အခြားသော ကိုယ်ရံတော်လေးယောက်နဲ့အတူ
မျက်နှာထားတည်တည်နဲ့ ရှေ့မှ ရပ်စောင့်နေသောသခင်လေးမင်းဆက်မဟာ

သူတို့ရောက်သွားတော့ အကြည့်တစ်ချက်သာ စွန့်ကြဲပြီး
ရှေ့ကားတစ်စီးပေါ် တက်သွားသူ
ရှောင်းကျန့်မှာ ရင်ထဲဆစ်ခနဲ
ဖြတ်သန်းလာတဲ့ ကမ္ဘာအားလုံးမှာ
သူ့ချစ်သူဟာ သူ့ကို အမြဲ သဲသဲလှုပ်ခဲ့သူ

ယခုသူ့ချစ်သူနဲ့ တစ်ထေရာတည်းတူတဲ့
ရုပ်ကြီးနဲ့
သခင်လေးမင်းဆက်မဟာကတော့
ကိုယ့်ကို ရှိမှန်းတောင် သတိထားမိရဲ့လားမသိ
လူဆိုးကောင် အဲ့လောက်ချေမိုးနေဖို့လိုလို့လား

.......

'မဟာ´ အမည်ရှိစံအိမ်ကြီးထဲ ပြုလုပ်နေသော မဂ်လာပွဲဟာ ခမ်းခမ်းနားနား
မင်းဆက်မဟာဆိုသူကတော့
မထူးခြားသော မျက်နှာသေနဲ့
ကိုယ့်အဒေါ် လက်ထပ်ပွဲလာတာပဲ နဲနဲပါးပါးပြုံးဦးမှပေါ့
မသိရင် အသုဘလာတာကျနေတာပဲ
ရုပ်သေကြီးနဲ့
ဒါတောင် လျှောက်လာတဲ့ လမ်းတစ်လျှောက်ငေးမောနေကြတဲ့ ယောက်ျားမိန်းမဟာ ဒုနဲ့ဒေး
Omegaတွေပဲနေမှာပေါ့
ရဲတင်းပြီး အနားသွားကပ်မိရင် အလကား သေနေဦးမယ်

ရှောင်းကျန့် အတွေးများနေတုန်း ဘေးက လက်လာဆွဲတာက လင်းသုတ
ဘာလဲဆိုပြီးမေးငေါ့ပြတော့
ရှေ့ကို မျက်စပစ်ပြတယ်

သခင်လေးရှေ့မှာ ခပ်ချောချောအကိုကြီးရပ်နေတာ တွေ့လိုက်ရတယ်
တော်သေးတာပေါ့
သူဆက်လှမ်းမိရင် ရှေ့ကကိုယ်ရံတော် တစ်သိုက်နဲ့ တိုက်မိနေမှာ

"အဲ့တာ သခင်လေးရဲ့ အငယ်ဆုံးဦးလေးလေ
သခင်လေးနဲ့ 5နှစ်ပဲကွာတယ်
ချောချက်ပဲနော် သခင်လေးတို့က generation ကောင်းပုံများ "

အနားနားတိုးကပ်ကာ ပြောလာသူအား
ရှောင်းကျန့်က အထူးအဆန်းလို ကြည့်ပေးလိုက်သည်

"သိသွားရပြန်ပြီလား "

"လေ့လာအားကောင်းတာကို"

"စပ်စုလွန်းတာပါ "

"မင်းနော်..."

ကြိတ်ကာ တွတ်ထိုးနေ၍ အရှေ့က နှစ်ယောက်ရဲ့ အခြေအနေကို သတိမထားမိလိုက်
ရုတ်တရက် လေထုထဲ Alpha pheromonesတွေ ပျံနှံ့လာတာမို့
ရှောင်းကျန့်မှာ မျက်နှာပျက်လာရချေပြီ
အခြားကိုယ်ရံတော်တွေအားလုံးက Betaတွေမို့ ဘာမှ မထူးခြား
ရှောင်းကျန့်တစ်ယောက်တည်းအပေါ်သာ သက်ရောက်နေတာ
သို့သော် ပွဲအတွင်းအခြားသော Omegaတွေလည်း ရှိနေတာမို့
တရားခံတွေဖြစ်တဲ့
ရှေ့မှ ပြိုင်ဆိုင်နေသူ နှစ်ယောက်ဟာ
ရပ်တန့်လိုက်ကြသည်
ရုပ်နဲ့မှမလိုက် ဘယ်လိုကလေးဆန်တဲ့လုပ်တွေလည်း
ရှောင်းကျန့်မှာ နေလို့ အဆင်မပြေတော့

"သျှား ဘာဖြစ်တာလဲ
မင်းရုပ်ကြီးက "

သတိထားမိသူ သုတက မေးလာတော့
သူ့မှာ မတတ်သာ မုသားလုံးလိုက်ရလေသည်

"အိမ်သာတက်ချင်လို့ "

"လာ.... လာ ငါလိုက်ပို့မယ်
မနေ့ညက ဒီစံအိမ်အကြောင်းသေချာလေ့လာထားလို့ တော်သေးတာပေါ့ "

ရှောင်းကျန့်မှာ သုတနောက်လိုက်ရင်း
Xiao Paing ဆီမှ အကူအညီယူရတော့သည်

*နောက်ခါလူကြားထဲသွားရင်
သျှားဆောင်နေကြ ထိန်းချုပ်ဆေးရှိတယ်လေ မေ့လို့မရဘူးနော်
ပြသနာတတ်သွားနိုင်တာ သိတယ်ဟုတ်
ခုတောင် hostဘေးကလူက betaမို့
မဟုတ်ရင်မိပြီပဲ *

*နောက်မှ တရားချ ခုမြန်မြန်ဖြေရှင်းပေ
နေရခက်လို့သေတော့မယ် *

ချွေးပြန်တဲ့ကြားမှ အားတင်းကာပြောနေရသည့်အဖြစ်
အိမ်သာသို့မရောက်ခင်မှာပဲ သူ့ခန္ဓာက အဆင်ပြေသွားခဲ့သည်မို့ ဟန်ပြသာ ဝင်ရင်းပြန်ထွက်လာခဲ့သည်

"အဆင်ပြေသွားပြီလား "

"အွန်းးးးးး "

"ဒါနဲ့ သခင်လေးနဲ့ သူ့ဦးလေးက ဆက်ဆံရေးကောင်းလား "

သိချင်ဇောနဲ့ မေးလိုက်သည်
မဟုတ်ရင် လူကြားထဲမှာ အပြိုင်အဆိုင်ဖိအားပေးနေကြမှာမဟုတ်

"ပြိုင်ဘက်တွေလေ
နှစ်ယောက်လုံးက ဆက်ခံသူနေရာ လျာထားခံရတာလေ
သခင်လေးရဲ့အဘိုး
သခင်ကြီးမဟာက သူတို့နှစ်ယောက်လုံးကို
တော်တော်လေးသဘောကျတယ်
မကြာခင် သခင်လေးတို့နှစ်ယောက်ထဲက တစ်ယောက်ကို သူ့နေရာ လွှဲတော့မှာ "

သုတပြောသမျှကို ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ နားထောင်ရင်း
သခင်လေးအနားပြန်ရောက်လေတော့ အကြည့်စိမ်းစိမ်းတို့ဖြင့်
စူးစိုက်ကြည့်ခြင်းခံလိုက်ရသည်

🐰Xiao Paing🐰

🐇Zawgyi🐇

Xiao Paingဆီက Data အားလုံးလက္ခံၿပီးတဲ့ အခ်ိန္မွာ
အခန္းထဲကို အလင္းေရာင္ေတာ္ေတာ္ေလး ေရာက္ေနခဲ့ၿပီ
အျခားသူေတြ မနိုးေသးတာမို႔
ေရွာင္းက်န့္က ေရခ်ိဳးခန္းအရင္ဝင္လိုက္ၿပီးေနာက္
အခင္ဆုံး သူငယ္ခ်င္းဆိုသူအား
နိုးဖို႔လုပ္ရသည္
သွ်ားရဲ႕ မွတ္ဉာဏ္ေတြအရဆိုရင္ ဒီေန႕
သူတို႔ သခင္ေလး မင္းဆက္မဟာရဲ႕ ကိုယ္ရံေတာ္ အျဖစ္ ပြဲတစ္ခုသို႔ လိုက္ေပးရန္ရွိသည္
ေနာက္က်၍မျဖစ္ သခင္ေလးမင္းဆက္မဟာက စိတ္ႀကီးသည့္ လူစားမ်ိဳး
အျပစ္ေပးရန္ လက္မတြန့္သူ ျဖစ္သည္
ဒါေၾကာင့္ သူငယ္ခ်င္းျဖစ္သူအား အလ်င္အျမန္ပဲ ႏွိုးရေတာ့သည္

"သုတ... ေဟ့သုတ.....
ထ.. ထ အလုပ္ရွိတယ္ေလ "

လက္ေမာင္းကကိုင္ကာ ခႏၶာကိုယ္အား လႈပ္ခါေနတာေတာင္
သင္းက အင္း..အဲ ပဲ ရွိေသးတာ
ေဆာင့္ကန္ထည့္လိုက္ရ
ငါမွမကန္ရင္ မင္းအေဖက လာကန္လိမ့္မယ္
ေရွာင္းက်န့္လည္း စိတ္မရွည္တဲ့အဆုံး
လင္းသုတဆိုသူအား တစ္ေယာက္အိပ္ကုတင္ေပၚမွ ကန္ခ်လိဳက္ေတာ့သည္
ဘယ့္ႏွယ့္ လုပ္တဲ့ အလုပ္က ကိုယ္ရံေတာ္
အိပ္ေနတာက ကုလားေသကုလားေမာ

"မင္းကလဲ ျဖည္းျဖည္းႏွိုးပါဟ "

ခုတင္ေပၚက ကန္ခ်လိဳက္တာေတာင္
ေကာင္းေကာင္းနိုးပုံမေပၚ
မ်က္လုံးတို႔အား ပြတ္သပ္ေနတုန္း
ဒါေတာင္ ျဖည္းျဖည္းႏွိုးပါလုပ္ေသး

"ေနာက္မွ ေျဖးေျဖးေန မင္းအဘက ​ျပင္ဆင္လို႔ၿပီးေတာ့မယ္
ေနာက္က်ေနရင္ သပ္သပ္အျပစ္ေပးေနအုံးမယ္ "

ထိုအခါမွ အတင္းထကာ ပ်ာပ်ာယာယာျပင္ဆင္ေနသည္
ပါးစပ္ကလဲ "ေက်းဇူး ငါ့ေကာင္ေရ"ဆိုတဲ့အသံကို လ်စ္ခနဲ ၾကားလိုက္ရေသး
သူ႕အဘေတာ့ ေတာ္ေတာ္ေၾကာက္

ေရွာင္းက်န့္လည္း သွ်ားရဲ႕တာဝန္ေတြအရ
ၾကည့္ေကာင္းမယ့္ ဝတ္စုံကို ေ႐ြးေနရသည္
ယခုသြားမယ့္ပြဲက သိထားရသေလာက္ဆို
သခင္ေလးရဲ႕ အေဒၚအငယ္ဆုံး လက္ထပ္ပြဲဆိုပဲ

.........

သုတျပင္ဆင္လို႔ၿပီးတဲ့အခ်ိန္က
သခင္ေလးေျပာထားတဲ့ အခ်ိန္ကိုက္ေလးဆိုေတာ့
သူတို႔ ေနတဲ့အလုပ္သမားတန္းကေန
စံအိမ္ေတာ္ႀကီးအထိ
၅မိနစ္ေလာက္ေလွ်ာက္ရေတာ့
သူတို႔ႏွစ္ေယာက္လုံး အနည္းငယ္ေလာက္ေနာက္က်သြားသည္ဆိုရမလား
စံအိမ္ေရွ႕တည့္တည့္တြင္ အျခားေသာ ကိုယ္ရံေတာ္ေလးေယာက္နဲ႕အတူ
မ်က္ႏွာထားတည္တည္နဲ႕ ေရွ႕မွ ရပ္ေစာင့္ေနေသာသခင္ေလးမင္းဆက္မဟာ

သူတို႔ေရာက္သြားေတာ့ အၾကည့္တစ္ခ်က္သာ စြန့္ႀကဲၿပီး
ေရွ႕ကားတစ္စီးေပၚ တက္သြားသူ
ေရွာင္းက်န့္မွာ ရင္ထဲဆစ္ခနဲ
ျဖတ္သန္းလာတဲ့ ကမၻာအားလုံးမွာ
သူ႕ခ်စ္သူဟာ သူ႕ကို အၿမဲ သဲသဲလႈပ္ခဲ့သူ

ယခုသူ႕ခ်စ္သူနဲ႕ တစ္ေထရာတည္းတူတဲ့
႐ုပ္ႀကီးနဲ႕
သခင္ေလးမင္းဆက္မဟာကေတာ့
ကိုယ့္ကို ရွိမွန္းေတာင္ သတိထားမိရဲ႕လားမသိ
လူဆိုးေကာင္ အဲ့ေလာက္ေခ်မိဳးေနဖို႔လိုလို႔လား

.......

'မဟာ´ အမည္ရွိစံအိမ္ႀကီးထဲ ျပဳလုပ္ေနေသာ မဂ္လာပြဲဟာ ခမ္းခမ္းနားနား
မင္းဆက္မဟာဆိုသူကေတာ့
မထူးျခားေသာ မ်က္ႏွာေသနဲ႕
ကိုယ့္အေဒၚ လက္ထပ္ပြဲလာတာပဲ နဲနဲပါးပါးၿပဳံးဦးမွေပါ့
မသိရင္ အသုဘလာတာက်ေနတာပဲ
႐ုပ္ေသႀကီးနဲ႕
ဒါေတာင္ ေလွ်ာက္လာတဲ့ လမ္းတစ္ေလွ်ာက္ေငးေမာေနၾကတဲ့ ေယာက္်ားမိန္းမဟာ ဒုနဲ႕ေဒး
Omegaေတြပဲေနမွာေပါ့
ရဲတင္းၿပီး အနားသြားကပ္မိရင္ အလကား ေသေနဦးမယ္

ေရွာင္းက်န့္ အေတြးမ်ားေနတုန္း ေဘးက လက္လာဆြဲတာက လင္းသုတ
ဘာလဲဆိုၿပီးေမးေငါ့ျပေတာ့
ေရွ႕ကို မ်က္စပစ္ျပတယ္

သခင္ေလးေရွ႕မွာ ခပ္ေခ်ာေခ်ာအကိုႀကီးရပ္ေနတာ ေတြ႕လိုက္ရတယ္
ေတာ္ေသးတာေပါ့
သူဆက္လွမ္းမိရင္ ေရွ႕ကကိုယ္ရံေတာ္ တစ္သိုက္နဲ႕ တိုက္မိေနမွာ

"အဲ့တာ သခင္ေလးရဲ႕ အငယ္ဆုံးဦးေလးေလ
သခင္ေလးနဲ႕ 5ႏွစ္ပဲကြာတယ္
ေခ်ာခ်က္ပဲေနာ္ သခင္ေလးတို႔က generation ေကာင္းပုံမ်ား "

အနားနားတိုးကပ္ကာ ေျပာလာသူအား
ေရွာင္းက်န့္က အထူးအဆန္းလို ၾကည့္ေပးလိုက္သည္

"သိသြားရျပန္ၿပီလား "

"ေလ့လာအားေကာင္းတာကို"

"စပ္စုလြန္းတာပါ "

"မင္းေနာ္..."

ႀကိတ္ကာ တြတ္ထိုးေန၍ အေရွ႕က ႏွစ္ေယာက္ရဲ႕ အေျခအေနကို သတိမထားမိလိုက္
႐ုတ္တရက္ ေလထုထဲ Alpha pheromonesေတြ ပ်ံႏွံ႕လာတာမို႔
ေရွာင္းက်န့္မွာ မ်က္ႏွာပ်က္လာရေခ်ၿပီ
အျခားကိုယ္ရံေတာ္ေတြအားလုံးက Betaေတြမို႔ ဘာမွ မထူးျခား
ေရွာင္းက်န့္တစ္ေယာက္တည္းအေပၚသာ သက္ေရာက္ေနတာ
သို႔ေသာ္ ပြဲအတြင္းအျခားေသာ Omegaေတြလည္း ရွိေနတာမို႔
တရားခံေတြျဖစ္တဲ့
ေရွ႕မွ ၿပိဳင္ဆိုင္ေနသူ ႏွစ္ေယာက္ဟာ
ရပ္တန့္လိုက္ၾကသည္
႐ုပ္နဲ႕မွမလိုက္ ဘယ္လိုကေလးဆန္တဲ့လုပ္ေတြလည္း
ေရွာင္းက်န့္မွာ ေနလို႔ အဆင္မေျပေတာ့

"သွ်ား ဘာျဖစ္တာလဲ
မင္း႐ုပ္ႀကီးက "

သတိထားမိသူ သုတက ေမးလာေတာ့
သူ႕မွာ မတတ္သာ မုသားလုံးလိုက္ရေလသည္

"အိမ္သာတက္ခ်င္လို႔ "

"လာ.... လာ ငါလိုက္ပို႔မယ္
မေန႕ညက ဒီစံအိမ္အေၾကာင္းေသခ်ာေလ့လာထားလို႔ ေတာ္ေသးတာေပါ့ "

ေရွာင္းက်န့္မွာ သုတေနာက္လိုက္ရင္း
Xiao Paing ဆီမွ အကူအညီယူရေတာ့သည္

*ေနာက္ခါလူၾကားထဲသြားရင္
သွ်ားေဆာင္ေနၾက ထိန္းခ်ဳပ္ေဆးရွိတယ္ေလ ေမ့လို႔မရဘူးေနာ္
ျပသနာတတ္သြားနိုင္တာ သိတယ္ဟုတ္
ခုေတာင္ hostေဘးကလူက betaမို႔
မဟုတ္ရင္မိၿပီပဲ *

*ေနာက္မွ တရားခ် ခုျမန္ျမန္ေျဖရွင္းေပ
ေနရခက္လို႔ေသေတာ့မယ္ *

ေခြၽးျပန္တဲ့ၾကားမွ အားတင္းကာေျပာေနရသည့္အျဖစ္
အိမ္သာသို႔မေရာက္ခင္မွာပဲ သူ႕ခႏၶာက အဆင္ေျပသြားခဲ့သည္မို႔ ဟန္ျပသာ ဝင္ရင္းျပန္ထြက္လာခဲ့သည္

"အဆင္ေျပသြားၿပီလား "

"အြန္းးးးးး "

"ဒါနဲ႕ သခင္ေလးနဲ႕ သူ႕ဦးေလးက ဆက္ဆံေရးေကာင္းလား "

သိခ်င္ေဇာနဲ႕ ေမးလိုက္သည္
မဟုတ္ရင္ လူၾကားထဲမွာ အၿပိဳင္အဆိုင္ဖိအားေပးေနၾကမွာမဟုတ္

"ၿပိဳင္ဘက္ေတြေလ
ႏွစ္ေယာက္လုံးက ဆက္ခံသူေနရာ လ်ာထားခံရတာေလ
သခင္ေလးရဲ႕အဘိုး
သခင္ႀကီးမဟာက သူတို႔ႏွစ္ေယာက္လုံးကို
ေတာ္ေတာ္ေလးသေဘာက်တယ္
မၾကာခင္ သခင္ေလးတို႔ႏွစ္ေယာက္ထဲက တစ္ေယာက္ကို သူ႕ေနရာ လႊဲေတာ့မွာ "

သုတေျပာသမွ်ကို ေခါင္းတစ္ၿငိမ့္ၿငိမ့္နဲ႕ နားေထာင္ရင္း
သခင္ေလးအနားျပန္ေရာက္ေလေတာ့ အၾကည့္စိမ္းစိမ္းတို႔ျဖင့္
စူးစိုက္ၾကည့္ျခင္းခံလိုက္ရသည္

🐰Xiao Paing🐰

Continue Reading

You'll Also Like

546K 107K 119
කවුරුත් නැතිව උඹම උඹේ හිත සනස ගත් දවසට ඒහිත ඒ හේතුවටම කිසිදින නැවත නොවැටෙනු ඇත.........!!
275K 56.6K 76
නිරූ .....සදාකාලික ආදරයක් තියන හාදුවකින් පුලුවන්ලු.....මැරුනත් ආපහු පන පොවන්න.....!!
98.9K 4.6K 44
တစ္ခ်ိန္ က ကြၽန္ေတာ္ကိုယ္တိုင္ ေစာင့္ေရွာက္ခဲ့ တယ့္ကေလးက....ဆယ္ႏွစ္အၾကာမွာ ကြၽန္ေတာ့္ကို အပိုင္လိုခ်င္တယ္တယ့္...... တစ်ချိန် က ကျွန်တော်ကိုယ်တိုင် စေ...
411K 83.1K 91
අග්නි.... නමට අග්නි...ඒ උනාට... මට දැනෙනවා වෙලාවකට මේ පපුවෙ සීතල.... අග්නි..... හිතුවෙ පිච්චෙන ගින්දර.... ඒත් ඇතුලෙ තිබුනෙම... උතුරන ආලය.... අග්නි...