ဆန်းဆန်းကြီးsystem [complete]

By xiaopaing105

88.9K 8.8K 258

Peter Plant Ton တို့ရဲ့ arcကနေဆက်ရေးမှာပါ အရင်accက ဖုန်းပျက်ရင်းပါသွားလို့ ဒီaccနဲ့ဆက်တင်ပေးမှာပါ 🐰Xiao Pain... More

Arc 6.14
Arc 6.15
Arc 6.16
Arc 6.17
Arc 7.1
Arc 7.2
Arc 7.3
Arc 7.4
Arc 7.5
Arc 7.6
Arc 7.7
Arc 7.8
Arc 7.9
Arc 7.10
Arc 7.11
Arc 8.2
Arc 8.3
Arc 8.4
Arc 8.5
Arc 8.6
Arc 8.7
Arc 8.8
Arc 8.9
Arc 8.10
Arc 8.11
Arc 8.12
Arc 8.13
Arc 8.14
Real life 1
Real life 2 End

Arc 8.1

3.2K 281 4
By xiaopaing105

*နောက်ဆုံး ကမ္ဘာကူးပြောင်းခြင်း စတင်ပါပြီ
host *

1%....................25%..................75%
..............100%

ကမ္ဘာကူးပြောင်းတာ ပြီးဆုံးတာနဲ့
ရှောင်းကျန့် မျက်လွှာဖွင့်လိုက်သည်
နောက်ဆုံး ကမ္ဘာဖြစ်တဲ့ အတွက် စိတ်လှုပ်ရှားမှုတို့က အပြည့်
ကမ္ဘာအသစ်ရဲ့ ပထမဆုံး မြင်ကွင်းကတော့ သိပ်ထူးခြားမှုမရှိ
အခန်းတစ်ခုအတွင်းက တစ်ယောက်အိပ်ကုတင်ပေါ်မှာသာ ဖြစ်ပြီး
အခန်းတွင်း သူနဲ့ အလားတူ နောက်ထပ် တစ်ယောက်အိပ် ကုတင်သုံးခုက အတန်းလိုက်စီတန်းကာ ရှိနေသေးတယ်
အဆောင်တစ်ခုဖြစ်ပုံရတယ်
တစ်ခန်းလေးယောက်မျှသုံးရတယ်ဆိုတော့

ခြေရင်းနံရံမှာ တိုင်ကပ်နာရီတစ်လုံး ရှိနေတယ်
နာရီအားဖြင့် 4:15
အလင်းရောင်ကောင်းကောင်းလည်း မမြင်ရသေးဘူးဆိုတော့
အိပ်ချိနပဲရှိသေးတာ
အချိန်ကောင်းမှာ ေရာက်လာတာပဲ
Xiao Paing နဲ့ အရင်ဆက်သွယ်လို့ရထားတော့
ဒီကမ္ဘာမှာ ကိုးရို့ကားယား မဖြစ်တော့ဘူးပေါ့

*Xiao Paing
ဒီကမ္ဘာရဲ့ Data တွေ ပို့ပေးတော့ *

*ဒီကမ္ဘာက သာမန်ထက်နည်းနည်း ထူးခြာပါတယ် host
ဒီကမ္ဘာက လူတွေကို Alpha
Beta Omegaရယ်လို့ ခွဲခြားကြတယ်
AOBကမ္ဘာအကြောင်းက hostနဲ့ သိပ်မစိမ်းသက်ပါဘူး
host ဖတ်ဖူးတဲ့
ficတွေထဲက အတိုင်းပဲ
Alphaတွေက အင်အားကြီးတယ် သန်မာကြမယ်
လွှမ်းမိုးနိုင်တယ်
Omegaတွေက နူးညံ့တယ် လှပတယ်
ဆွဲဆောင်နိုင်တယ်
Betaတွေကတော့ သိပ်မထူးခြားပါဘူး

hostကအခု သျှား ဆိုတဲ့ ကောင်လေးရဲ့
ခန္ဓာထဲရောက်နေတာပါ
သူက omegaတစ်ယောက်
ဒါပေမယ့် Betaဟန်ဆောင်ပြီး
မင်းမဟာစံအိမ်တော်မှာ ကိုယ်ရံတော်
ဝင်လုပ်နေတာ

မင်းမဟာ စံအိမ်က omega အဝင်မခံဘူး
စံအိမ်သခင်မကြီးရော
သခင်လေးကရော omega ဆို သိပ်မုန်းကြတာ
ဒါကြောင့် သျှားက အလုပ်ဝင်ဖို့
Betaဟန်ဆောင်ခဲ့တာ *

*ဇာတ်ဆောင်က စံအိမ်သခင်လေးလား
Xiao Paing *

*ဟုတ်ပါတယ် host
သခင်လေးနာမည်က မင်းဆက်မဟာ
Alphaတစ်ယောက်
Omegaဆို အနားကို အကပ်မခံတာ
အတင်းလာရောတဲ့ omega ဆိုရင်
နောက်နေ့မှာ အသက်ပျောက်ပြီပဲ
Omegaဆို ရွံမုန်းနေတာမျိုး
အိမ်ထောင်ဖက်ကိုတောင် အမျိုးသမီး alphaကိုပဲ လက်ဆက်မယ်လို့ ကြွေးကြော်ထားတဲ့သူတစ်ယောက်ပါ *

*အဲ့လောက်တောင်လား
အကြောင်းပြချက်တော့ ရှိမှာပေါ့ *

*Omegaအမျိုးသားတစ်ယောက်က
သူ့ဖခင်ကို အတင်းသွေးဆောင်ပြီး
အရယူသွားတာ
ဒါကြောင့်သူ့မိဘတွေရဲ့ အိမ်ထောင်ပြိုကွဲခဲ့ရတယ်
အဲ့အချိန်သူက အထက်တန်းကျောင်းသားဆိုတော့ ကိစ္စတိုင်းကို ကောင်းကောင်း နားလည်နိုင်တဲ့ အရွယ်
အဲ့ကိစ္စဖြစ်ပြီး သခင်လေးကရော
သခင်မကြီးကပါ Omegaဆိုတဲ့ စကားလုံးတောင်မကြားချင်တော့တာမျိုး *

*ကလေးဆန်လိုက်တာ တစ်ဥိးတစ်ယောက်ကြောင့် တစ်မျိုးနွယ်လုံးကို မုန်းတယ်ဆိုတော့
ထားပါ ကိုယ့်ကိစ္စမဟုတ်ဘူး
ဒါနဲ့ သျှားကရော ဘာလို့ ဒီလိုအိမ်မျိုးမှာ ဟန်ဆောင်ပြီး အလုပ်ဝင်တာလဲ မိရင်သေမှာပေါ့ ​*

*သျှားက အိမ်ပြေးလေ
သူ့မိဘတွေနဲ့ စကားများပြီး အိမ်ကထွက်လာတာ
ပြီးတော့ သူ့ကို Omegaရယ်လို့ မထင်ကြတာ သူရဲ့အားသာချက်ပေါ့
သျှားက omega ဆိုပေမယ့် နည်းနည်းတော့မာတယ်
ကျောင်းတုန်းကဆိုလည်း ဇိုး
ရန်ဖြစ်လိုက်ရင်လည်း ထိပ်ဆုံးက
သူ့သူငယ်ချင်းတွေဆို သူ့ကို Alphaလို့ပဲ ထင်ကြေးပေးကြတာ
အသက်ပြည့်လို့ စစ်ကြည့်မှ Omega ဖြစ်နေခဲ့တာ
ကံကောင်းတာက သူOmegaဆိုတာ
သူ့သူငယ်ချင်းတွေ တစ်ယောက်မှ မသိဘူး
ခုလည်း သူ့သူငယ်ချင်းတွေနဲ့ပဲ
မင်းမဟာစံအိမ်မှာ bodyguard ဝင်လုပ်ကြတာ
အိမ်ပြေးတစ်ယောက်အတွက်
နေစရာရော စားစရာရော
လစာပါရတဲ့ သူ့အတွက် ဒီအလုပ်က အဆင်ပြေတယ်လေ *

*အကြောင်းပြချက်မဆိုးပါဘူး
ဒီကမ္ဘာအတွက် mission ပြောတော့
Xiao Paing*

*ဒီကမ္ဘာအတွက် mission မရှိပါဘူး
ဒီတတိယအဆင့်အတွက်
အိမ်ထောင်ဖက်ကို ထိန်းသိမ်းဖို့ပဲလိုတာ
ဒီအဆင့်အောင်ရင် real lifeမှာ အသက်ရှင်ဖို့
40%ရမယ်
နည်းနည်းတော့ အခက်အခဲရှိမယ် host
တစ်ဆင့်ထဲနဲ့အများကြီးရမှာ ဆိုတော့လေ
အထက်က စီစဥ်ထားမှုအရ
hostရဲ့ အိမ်ထောင်ဖက်က hostကို ချစ်လာဖို့ တော်တော်လေး ခက်ခဲမှာပါ
hostက သည်းခံပြီး ကြိုးစားမှာလား
အိမ်ထောင်ဖက်ကို လက်လျှော့လိုက်မှာလားဆိုတာတော့
hostရဲ့ ရွေးချယ်မှုပေါ့ *


*မဟုတ်မှ ငါ့ရဲ့ အိမ်ထောင်ဖက်က
မင်းဆက်မဟာဆိုတဲ့ စံအိမ်သခင်လေးများလား
Omega သိပ်မုန်းတဲ့တစ်ယောက်လေ *

*ဟုတ်တယ်လေ ခန့်မှန်းတော်လိုက်တာ
hostက *

ရှောင်းကျန့်တစ်ယောက်မျက်နှာလေးရှုံမဲ့သွားခဲ့ပြီ
omegaတစ်ယောက်အနေနဲ့ ခုကိစ္စက ဖြစ်နိုင်ပါ့မလား

*ကြိုးစားပါ host
လက်မလျှော့လိုက်ပါနဲ့
ဒီကမ္ဘာမှာသာ အောင်မြင်ရင်
real lifeမှာ hostရာနှုန်းပြည့် ​ရှင်သန်နိုင်မှာပါ
ပြီးတော့ စံအိမ်သခင်လေးက omegaဘယ်လောက်မုန်းနေနေ
ရှေ့ကမ္ဘာအားလုံးမှာ hostကို သိပ်ချစ်ခဲ့တဲ့ ချစ်သူပဲလေ
hostတို့ ချစ်သူနှစ်ယောက် ဒီအဆင့်ကို
ကျော်ဖြတ်နိုင်မှာပါ
Fighting host *

Xiao Paing မှာ အားပေးစကားသာပြောနေရတာ လူကမျက်ရည်နဲ့မျက်ခွက်ဆိုတဲ့ အခြေအနေမျိုး
hostအချောလေးနဲ့ ခွဲရတော့မယ့်အရေး
နီးကပ်လာလေ ဝမ်းနည်းလာလေ
အဆင်ငမ်းချိန်ကုန်ဆုံးတော့မယ် ထင်ပါရဲ့
ဘာပဲဖြစ်ဖြစ် host အချောလေး အဆင်ပြေဖို့သာ အဓိကပါ
ဒါက နှာဘူးလေးတွေရဲ့ သမိုင်းပေးတာဝန်ပဲဟာ
ကိုယ်ဝမ်းနည်းလည်း အချောလေးတွေပျော်ရင်ကျေနပ်ပါတယ်

🐰Xiao Paing🐰

🐇Zawgyi🐇

*ေနာက္ဆုံး ကမၻာကူးေျပာင္းျခင္း စတင္ပါၿပီ
host *

1%....................25%..................75%
..............100%

ကမၻာကူးေျပာင္းတာ ၿပီးဆုံးတာနဲ႕
ေရွာင္းက်န့္ မ်က္လႊာဖြင့္လိုက္သည္
ေနာက္ဆုံး ကမၻာျဖစ္တဲ့ အတြက္ စိတ္လႈပ္ရွားမႈတို႔က အျပည့္
ကမၻာအသစ္ရဲ႕ ပထမဆုံး ျမင္ကြင္းကေတာ့ သိပ္ထူးျခားမႈမရွိ
အခန္းတစ္ခုအတြင္းက တစ္ေယာက္အိပ္ကုတင္ေပၚမွာသာ ျဖစ္ၿပီး
အခန္းတြင္း သူနဲ႕ အလားတူ ေနာက္ထပ္ တစ္ေယာက္အိပ္ ကုတင္သုံးခုက အတန္းလိုက္စီတန္းကာ ရွိေနေသးတယ္
အေဆာင္တစ္ခုျဖစ္ပုံရတယ္
တစ္ခန္းေလးေယာက္မွ်သုံးရတယ္ဆိုေတာ့

ေျခရင္းနံရံမွာ တိုင္ကပ္နာရီတစ္လုံး ရွိေနတယ္
နာရီအားျဖင့္ 4:15
အလင္းေရာင္ေကာင္းေကာင္းလည္း မျမင္ရေသးဘူးဆိုေတာ့
အိပ္ခ်ိနပဲရွိေသးတာ
အခ်ိန္ေကာင္းမွာ ေရာက္လာတာပဲ
Xiao Paing နဲ႕ အရင္ဆက္သြယ္လို႔ရထားေတာ့
ဒီကမၻာမွာ ကိုးရို႔ကားယား မျဖစ္ေတာ့ဘူးေပါ့

*Xiao Paing
ဒီကမၻာရဲ႕ Data ေတြ ပို႔ေပးေတာ့ *

*ဒီကမၻာက သာမန္ထက္နည္းနည္း ထူးျခာပါတယ္ host
ဒီကမၻာက လူေတြကို Alpha
Beta Omegaရယ္လို႔ ခြဲျခားၾကတယ္
AOBကမၻာအေၾကာင္းက hostနဲ႕ သိပ္မစိမ္းသက္ပါဘူး
host ဖတ္ဖူးတဲ့
ficေတြထဲက အတိုင္းပဲ
Alphaေတြက အင္အားႀကီးတယ္ သန္မာၾကမယ္
လႊမ္းမိုးနိုင္တယ္
Omegaေတြက ႏူးညံ့တယ္ လွပတယ္
ဆြဲေဆာင္နိုင္တယ္
Betaေတြကေတာ့ သိပ္မထူးျခားပါဘူး

hostကအခု သွ်ား ဆိုတဲ့ ေကာင္ေလးရဲ႕
ခႏၶာထဲေရာက္ေနတာပါ
သူက omegaတစ္ေယာက္
ဒါေပမယ့္ Betaဟန္ေဆာင္ၿပီး
မင္းမဟာစံအိမ္ေတာ္မွာ ကိုယ္ရံေတာ္
ဝင္လုပ္ေနတာ

မင္းမဟာ စံအိမ္က omega အဝင္မခံဘူး
စံအိမ္သခင္မႀကီးေရာ
သခင္ေလးကေရာ omega ဆို သိပ္မုန္းၾကတာ
ဒါေၾကာင့္ သွ်ားက အလုပ္ဝင္ဖို႔
Betaဟန္ေဆာင္ခဲ့တာ *

*ဇာတ္ေဆာင္က စံအိမ္သခင္ေလးလား
Xiao Paing *

*ဟုတ္ပါတယ္ host
သခင္ေလးနာမည္က မင္းဆက္မဟာ
Alphaတစ္ေယာက္
Omegaဆို အနားကို အကပ္မခံတာ
အတင္းလာေရာတဲ့ omega ဆိုရင္
ေနာက္ေန႕မွာ အသက္ေပ်ာက္ၿပီပဲ
Omegaဆို ႐ြံမုန္းေနတာမ်ိဳး
အိမ္ေထာင္ဖက္ကိုေတာင္ အမ်ိဳးသမီး alphaကိုပဲ လက္ဆက္မယ္လို႔ ေႂကြးေၾကာ္ထားတဲ့သူတစ္ေယာက္ပါ *

*အဲ့ေလာက္ေတာင္လား
အေၾကာင္းျပခ်က္ေတာ့ ရွိမွာေပါ့ *

*Omegaအမ်ိဳးသားတစ္ေယာက္က
သူ႕ဖခင္ကို အတင္းေသြးေဆာင္ၿပီး
အရယူသြားတာ
ဒါေၾကာင့္သူ႕မိဘေတြရဲ႕ အိမ္ေထာင္ၿပိဳကြဲခဲ့ရတယ္
အဲ့အခ်ိန္သူက အထက္တန္းေက်ာင္းသားဆိုေတာ့ ကိစၥတိုင္းကို ေကာင္းေကာင္း နားလည္နိုင္တဲ့ အ႐ြယ္
အဲ့ကိစၥျဖစ္ၿပီး သခင္ေလးကေရာ
သခင္မႀကီးကပါ Omegaဆိုတဲ့ စကားလုံးေတာင္မၾကားခ်င္ေတာ့တာမ်ိဳး *

*ကေလးဆန္လိုက္တာ တစ္ဥိးတစ္ေယာက္ေၾကာင့္ တစ္မ်ိဳးႏြယ္လုံးကို မုန္းတယ္ဆိုေတာ့
ထားပါ ကိုယ့္ကိစၥမဟုတ္ဘူး
ဒါနဲ႕ သွ်ားကေရာ ဘာလို႔ ဒီလိုအိမ္မ်ိဳးမွာ ဟန္ေဆာင္ၿပီး အလုပ္ဝင္တာလဲ မိရင္ေသမွာေပါ့ ​*

*သွ်ားက အိမ္ေျပးေလ
သူ႕မိဘေတြနဲ႕ စကားမ်ားၿပီး အိမ္ကထြက္လာတာ
ၿပီးေတာ့ သူ႕ကို Omegaရယ္လို႔ မထင္ၾကတာ သူရဲ႕အားသာခ်က္ေပါ့
သွ်ားက omega ဆိုေပမယ့္ နည္းနည္းေတာ့မာတယ္
ေက်ာင္းတုန္းကဆိုလည္း ဇိုး
ရန္ျဖစ္လိုက္ရင္လည္း ထိပ္ဆုံးက
သူ႕သူငယ္ခ်င္းေတြဆို သူ႕ကို Alphaလို႔ပဲ ထင္ေၾကးေပးၾကတာ
အသက္ျပည့္လို႔ စစ္ၾကည့္မွ Omega ျဖစ္ေနခဲ့တာ
ကံေကာင္းတာက သူOmegaဆိုတာ
သူ႕သူငယ္ခ်င္းေတြ တစ္ေယာက္မွ မသိဘူး
ခုလည္း သူ႕သူငယ္ခ်င္းေတြနဲ႕ပဲ
မင္းမဟာစံအိမ္မွာ bodyguard ဝင္လုပ္ၾကတာ
အိမ္ေျပးတစ္ေယာက္အတြက္
ေနစရာေရာ စားစရာေရာ
လစာပါရတဲ့ သူ႕အတြက္ ဒီအလုပ္က အဆင္ေျပတယ္ေလ *

*အေၾကာင္းျပခ်က္မဆိုးပါဘူး
ဒီကမၻာအတြက္ mission ေျပာေတာ့
Xiao Paing*

*ဒီကမၻာအတြက္ mission မရွိပါဘူး
ဒီတတိယအဆင့္အတြက္
အိမ္ေထာင္ဖက္ကို ထိန္းသိမ္းဖို႔ပဲလိုတာ
ဒီအဆင့္ေအာင္ရင္ real lifeမွာ အသက္ရွင္ဖို႔
40%ရမယ္
နည္းနည္းေတာ့ အခက္အခဲရွိမယ္ host
တစ္ဆင့္ထဲနဲ႕အမ်ားႀကီးရမွာ ဆိုေတာ့ေလ
အထက္က စီစဥ္ထားမႈအရ
hostရဲ႕ အိမ္ေထာင္ဖက္က hostကို ခ်စ္လာဖို႔ ေတာ္ေတာ္ေလး ခက္ခဲမွာပါ
hostက သည္းခံၿပီး ႀကိဳးစားမွာလား
အိမ္ေထာင္ဖက္ကို လက္ေလွ်ာ့လိုက္မွာလားဆိုတာေတာ့
hostရဲ႕ ေ႐ြးခ်ယ္မႈေပါ့ *


*မဟုတ္မွ ငါ့ရဲ႕ အိမ္ေထာင္ဖက္က
မင္းဆက္မဟာဆိုတဲ့ စံအိမ္သခင္ေလးမ်ားလား
Omega သိပ္မုန္းတဲ့တစ္ေယာက္ေလ *

*ဟုတ္တယ္ေလ ခန့္မွန္းေတာ္လိုက္တာ
hostက *

ေရွာင္းက်န့္တစ္ေယာက္မ်က္ႏွာေလးရႈံမဲ့သြားခဲ့ၿပီ
omegaတစ္ေယာက္အေနနဲ႕ ခုကိစၥက ျဖစ္နိုင္ပါ့မလား

*ႀကိဳးစားပါ host
လက္မေလွ်ာ့လိုက္ပါနဲ႕
ဒီကမၻာမွာသာ ေအာင္ျမင္ရင္
real lifeမွာ hostရာႏႈန္းျပည့္ ​ရွင္သန္နိုင္မွာပါ
ၿပီးေတာ့ စံအိမ္သခင္ေလးက omegaဘယ္ေလာက္မုန္းေနေန
ေရွ႕ကမၻာအားလုံးမွာ hostကို သိပ္ခ်စ္ခဲ့တဲ့ ခ်စ္သူပဲေလ
hostတို႔ ခ်စ္သူႏွစ္ေယာက္ ဒီအဆင့္ကို
ေက်ာ္ျဖတ္နိုင္မွာပါ
Fighting host *

Xiao Paing မွာ အားေပးစကားသာေျပာေနရတာ လူကမ်က္ရည္နဲ႕မ်က္ခြက္ဆိုတဲ့ အေျခအေနမ်ိဳး
hostအေခ်ာေလးနဲ႕ ခြဲရေတာ့မယ့္အေရး
နီးကပ္လာေလ ဝမ္းနည္းလာေလ
အဆင္ငမ္းခ်ိန္ကုန္ဆုံးေတာ့မယ္ ထင္ပါရဲ႕
ဘာပဲျဖစ္ျဖစ္ host အေခ်ာေလး အဆင္ေျပဖို႔သာ အဓိကပါ
ဒါက ႏွာဘူးေလးေတြရဲ႕ သမိုင္းေပးတာဝန္ပဲဟာ
ကိုယ္ဝမ္းနည္းလည္း အေခ်ာေလးေတြေပ်ာ္ရင္ေက်နပ္ပါတယ္

🐰Xiao Paing🐰


Continue Reading

You'll Also Like

83.2K 11.3K 52
کچ زوتر بە ڕێگا ئەڕوات ، زوتر بە قسـە دێت زوتر گـەورە ئەبێ.. ئەسـڵەن ئەڵێی هەر لە سـەرەتاوە پەلـەیەتی! ئەڵێی هیـچ کات کاتی بـۆ خۆی نییە..هەتـا یاریەک...
572K 35.3K 70
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...
13.9K 3K 46
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
71.5K 18.3K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥