(Unicode)
ညနေစောင်းချိန်မို့ ထက်ဦးခန့်နေသည့် တိုက်ခန်းလေးထဲမှာ နေရောင်ခြည်ဆိုတာ ပျောက်လုပြီ။ သူ့ရှေ့က အမျိုးသမီးဟာလည်း သူ့ကို အားမလိုအားမရပုံစံဖြင့် ကြည့်နေသည်။ သူ သည်အခန်းထဲကို ရောက်နေတာ ၁နာရီကျော်ပြီ။ ယခုချိန်အထိ ထက်ဦးခန့်က သူ့ကို အရေးတယူမပြုသေး။
" ဆုံးရှုံးရမှာလည်း ကြောက်တယ်၊ အနားမှာလည်း ခေါ်ထားချင်တယ်၊ ဒဏ်ရာပေးမိမှာလည်း ကြောက်တယ်၊ မင်း သည်ပုံစံအတိုင်း ရှေ့ဆက်သွားလို့ မဖြစ်ဘူးနော်...ထက်ခန့်"
ထိုအခါမှ သူ့ကို အသက်မဲ့သောမျက်လုံးများဖြင့် မော့ကြည့်လာသည်။ ထို့ကြောင့် သူလည်း သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။
" မင်း ချစ်ရင် မင်း အပိုင်ယူရမှာပေါ့"
" ဒါပေမဲ့..."
" ဘာလဲ၊ သူ့အမေကြောင့်လား၊ သူ့အမေကို မုန်းတဲ့အမုန်းနဲ့ သူ့ကို ချစ်တ့အချစ်မှာ ဘယ်ဟာက မင်းကို အနိုင်ယူထားလဲ"
" သူ့ကို ချစ်တဲ့စိတ်တွေပေါ့"
" ဒါဆို ဘာလို့စွန့်လွှတ်လိုက်သေးလဲ"
" သူ့အတွက်ပါ၊ ကျွန်တော့်လိုလူက..."
( ဖုန်း...!)
" ဘာ! မင်းက ဘာဖြစ်နေလို့လဲ၊ မင်းက သည်လိုလူဖြစ်နေတာနဲ့ ဘာဆိုင်လဲ"
ဒေါ်ပိုးနီခမျာ စိတ်တိုလွန်း၍ လက်ထဲရှိခေါင်းအုံးဖြင့် အရှေ့က ထက်ဦးခန့်၏မျက်နှာကို ကောက်ပေါက်လိုက်မိသည်။ သည်ကောင်လေး၏အတွေးအမှားတွေကို သူ ပြင်ပေးမှ ရတော့မည်။
" မမ ကျွန်တော့်ကို အသေသာသတ်လိုက်တော့ဗျာ"
" ဟဲ့ နင့်လိုကောင်ကို အသေသတ်လိုက်ရင် ငါ ထောင်ကျရင်ကျ၊ မကျရင် နင့်အကောင်က ငါ့ကို လာသတ်မှာပေါ့ဟဲ့၊ ဟိုနေ့ကတောင် စားမတတ်ဝါးမတတ် ကြည့်သွားတာကို"
ပြီးနောက် ဒေါ်ပိုးနီသည် စိတ်ပျက်လက်ပျက်နှင့် အရှေ့က ထက်ဦးခန့်ကို ဆက်ကြည့်နေသည်။ အရင်က ပတ်သက်ခဲ့ဖူးသည့် သံယောဇဉ်လက်ကျန်လေးနှင့် သည်ကောင်လေးကို သူအဖော်လာပြုပေးနေတာ။ နှလုံးသားရေးရာနှင့် ပတ်သက်လျှင် တော်တော်အကြောမာသည့် ကောင်လေး။
" နင် အခုလိုလုပ်နေတာ နေခမင်းမြတ် သနားပါတယ်၊ သူ့ခမျာ နိုင်ငံကျော်မင်းသားတစ်ယောက်ရဲ့မာနလည်း မြောင်းထဲရောက်နေပြီ၊ နင် သည်လိုဆက်လုပ်နေရင် ထိခိုက်မှာက သူ့အမေမဟုတ်ဘူးနော်၊ နေခမင်းမြတ်ပဲ"
" ကျွန်တော် ဘာဆက်လုပ်ရမလဲ၊ ကျွန်တော်...သူ့ကို အထိခိုက်မခံနိုင်ဘူး၊ အဲ့တာကြောင့် သူ့ကို အနားခေါ်မထားတာပေါ့"
" နင် သူနဲ့ ဝေးနိုင်လား"
" ဟင့်အင်း...ဒါပေမဲ့...ကျွန်တော့်လို လူနဲ့ သူ ပတ်သက်ရင် ထိခိုက်မှာ"
" အဲ့တာဆို ဘာလို့ နင်အစက သူ့ကို လက်ခံခဲ့သေးလဲ"
ထိုအခါ ထက်ဦးခန့်သည် တိတ်ဆိတ်သွားပြီး အပြစ်ရှိသူတစ်ယောက်လို ဒေါ်ပိုးနီရှေ့၌ ခေါင်းတောင်မဖော်နိုင်တော့ချေ။
" သူ့ကို ထိခိုက်စေချင်လို့မလား၊ သူ့အမေကို စိတ်ဆင်းရဲစေချင်တယ်၊ သူ့သားက သည်လိုလူမျိုးဆိုပြီး သူ့အမေကို အရှက်ကွဲစေချင်တာမလား၊ ဟင်း..."
သို့ဖြစ်ရာ ဒေါ်ပိုးနီမှာ သူ့ဘာသာသူ ပြောပြီး သူဘာသာသူ သက်ပြင်းချမိသည်။ ထက်ဦးခန့်လို လူမျိုးက အချစ်နွံထဲရောက်သွားလိမ့်မည်ဟု သူ ယခုထက်တိုင် မယုံနိုင်သေးပေ။
" အခု သူလည်း နင့်ကြောင့် အတော်ထိခိုက်နေပြီ၊ နင့်အနားမှာ ဆက်မနေတော့ရော သူ အဆင်ပြေမယ်ထင်လား"
ဒေါ်ပိုးနီ၏စကားများကို ကြားလျှင်ကြားချင်း ထက်ဦးခန့်ဟာ ချက်ချင်းခေါင်းပြန်မော့လာပြီး သူ့အရှေ့မှ ဘီယာဘူးကို ကောက်ကိုင်၍ မော့ချလိုက်သည်။
" နင် အဲ့တာတွေ တစ်နေကုန်သောက်နေမှာလား"
" အင်း"
နောက်ဆုံးတော့ ထက်ဦးခန့်ကို ထိန်းနိုင်မဲ့တစ်ဦးတည်းသောလူကို သူ သတိရသွားပြီး ထက်ဦးခန့်ရှေ့မှ ရှောင်ထွက်လာ၍ ဖုန်းခိုးဆက်လိုက်သည်။
" ဟယ်လို ... နေခမင်းမြတ်လား"
" ......"
" တို့က ပိုးနီ ၊ ထက်ဦးခန့်ရဲ့အလုပ်ရှင်၊ မင်းရဲ့ထက်ဦးခန့်က အခုတို့နဲ့အတူရှိနေတယ်"
"......"
" မင်း အချိန်မီရောက်မလာရင် တို့ သူ့ကို တစ်ဘဝစာလုံးအတွက် အပိုင်ကြံလိုက်တော့မှာ"
တီ......
တစ်ဖက်က ကောင်လေးဟာ မည်မျှစိတ်ပူသွားသလဲမသိ။ ချက်ချင်းဖုန်းချလိုက်ပြီး သူ၏ချစ်သူထံ အပြေးလာနေလောက်ပြီ။ သို့ဖြစ်၍ ဒေါ်ပိုးနီဟာ အခန်းထဲသို့ ပြန်ဝင်လာပြီး ဘီယာရှိန်ကြောင့် မူးနေပြီဖြစ်သောထက်ဦးခန့်ကို တစ်ချက်ကြည့်လိုက်သည်။ ပြီးနောက် သူ၏ပိုက်ဆံအိတ်ကို ဆွဲယူ၍ ထက်ဦးခန့်ကို နှုတ်ဆက်လိုက်သည်။
" ထက်ခန့် မမယောကျ်ားဖုန်းဆက်ခေါ်နေပြီ"
ထိုအခါ ထက်ဦးခန့်ဟာ သူ့ထံ ရီဝေသောမျက်လုံးများဖြင့် ပြန်မော့ကြည့်လာလျက် ခေါင်းညိတ်ပြ၍ လက်ခါပြီး ထွက်သွားခိုင်းသည်။
" သွားပြီနော်၊ မင်း အဆင်ပြေပါစေ"
ဒေါ်ပိုးနီဟာ နှုတ်ဆက်ပြီး အခန်းထဲက ထွက်လာခဲ့သည်။ သူ ရေးသည့်ဖူးစာမှာ ထက်ဦးခန့်တို့နှစ်ယောက်အဆင်ပြေဖို့ပဲ သူ မျှော်လင့်သည်။
/~/
မားက ကားရပ်လိုက်တော့ နေခမင်းမြတ်ဟာ ကားထဲကနေ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ပြီးနောက် မားကို ပြန်ကြည့်တော့ မားက သူ့ကို မေ့ငေါ့ပြသည်။
" ဆင်းလေ၊ သား အဲ့တာ သားအဖေအိမ်ပဲ"
" သည်အိမ်လား"
နေခမင်းမြတ်ဟာ ကားပေါ်က ဆင်းလိုက်ပြီး ခြံရှေ့၌ သွားရပ်လိုက်သည်။ သူ မြင်နေရသောနှစ်ထပ်အိမ်လေးက သူတို့အိမ်၏တစ်ဝက်လောက်သာ ရှိမည်။ အဖေက ဘယ်လိုနေနေသလဲမသိ။
" ဖေဖေရေ..."
" ဟဲ့သား တိုးတိုးခေါ်စမ်း၊ ဘယ်လိုခေါ်နေတာလဲ၊ မင်းအဖေကို မင်းသိတဲ့အတိုင်းပဲ၊ သူများတွေ ဝိုင်းကြည့်လိမ့်မယ်"
" ဖေဖေ ဖေဖေ! ဖေဖေ့!"
သို့စေကာမူ နေခမင်းမြတ်ဟာ မား၏စကားကို လျစ်လျူရှုလိုက်ပြီး ဆက်တိုက် အော်ခေါ်နေတော့သည်။ ထိုအခါ အိမ်ထဲမှ ဦးလေးတစ်ဦးက အပြေးထွက်လာသည်။ ထိုဦးလေးက မျက်မှန်ကိုင်းအကြည်ကို တပ်ထားပြီး အသက်သိပ်မကြီးသေးသည့်ပုံ ရှိသည်။
" ဦးလေးက ကျွန်တော့်ဖေဖေလား"
" မေပါလား၊ သားကို ခေါ်ခဲ့တယ်ပေါ့၊ လာ အိမ်ထဲဝင်"
ထိုဦးလေးက သူ့ကိုအဖက်မလုပ်ဘဲ ခြံတံခါးကိုဖွင့်၍ သူ့မား၏လက်မောင်းကို ဆွဲခေါ်သည်။
" ဒီမှာဗျာ့!"
ဤအခြေအနေကြောင့် နေခမင်းမြတ်ဟာ စိတ်မကောင်းဖြစ်သွားရပြီး အော်လိုက်မိတော့ သူ့ဖေဖေက သူ့ကို ပြန်လှည့်ကြည့်လာပြီး ပြုံးသည်။ ထိုလူကြီး၏အပြုံးကို မြင်တော့ နေခမှာ ငိုချင်လာ၏။
" သား"
" ဖေဖေ့"
မျက်ရည်လေးဝဲတဲဝဲတဲဖြင့် နေခ မျက်နှာလွှဲလိုက်ပြီး နှုတ်မှ တိုးတိုးလေးခေါ်လိုက်သည်။ ထိုအခါ အဖေကလည်း သူ့ကို ချက်ချင်းဆွဲဖက်လိုက်သည်။
" အဖေက စတာပါ၊ သားလေး မငိုနဲ့တော့၊ သားကို အဖေက TV တွေ ဘာတွေထဲမှာပဲ မြင်ဖူးတာ၊ နောက်ပြီး သားအမေဗိုက်ထဲမှာပဲ မြင်ဖူးတာ၊ အခုအပြင်မှာတွေ့ရတော့ အဖေ့သားက ချောလိုက်တာ"
" ကျွန်တော့်မှာ တကယ်ကြီး ဖေဖေရှိတာပေါ့"
" အင်းပေါ့၊ သားမှာ ဖေဖေရှိတယ်"
" ဖေဖေလို့ ခေါ်လို့ရလား"
" ရတာပေါ့၊ ဖေဖေ့သားပဲကို"
" ဖေဖေ့! အီး...ဟီး...ဟီး..."
ဦးမင်းမြတ်လည်း မျက်ရည်တွေဝဲလို့ သား၏ကျောကို ပွတ်သပ်ပေးနေလျက် ဒေါ်မေခကတော့ သူတို့သားအဖနှစ်ယောက်ကို မျက်နှာလွှဲနေသည်။
" သားကလည်း လူပျိုကြီးဖြစ်နေပြီ၊ ကလေးလို မငိုစမ်းပါနဲ့ကွာ"
ဦးမင်းမြတ်က ချော့တာတောင် နေခမင်းမြတ်က ငိုလို့ကောင်းတုန်း။
" သား အိမ်ထဲဝင်ရအောင်၊ သားကိုကြီးလည်း ရှိတယ်"
" ဟင် သား ကိုကြီး"
" မေ သားကို စက္ကအကြောင်းတွေ မပြောထားဘူးလား"
နေခမင်းမြတ်ကတော့ အလယ်ကနေ ကြောင်ပြီး ရပ်နေသည်။
" ကျွန်မ မပြောမိတာ"
" မေ သားကြီးကို လက်မခံနိုင်သေးတာ ကိုယ် သိပါတယ်"
" ရှင် မဟုတ်တာမပြောနဲ့၊ ကျွန်မက လက်မခံနိုင်တာ မဟုတ်ဘူး၊ ကျွန်မက သည်အတိုင်း အသိပေးဖို့ မေ့နေရုံပဲ"
" ကဲပါ၊ ဖေဖေ အိမ်ထဲဝင်ရအောင်"
ဧည့်ခန်းထဲရောက်တော့ နေခမင်းမြတ်တစ်ယောက် လိုက်စပ်စုနေသည်။ သူ မွေးလာကတည်းက ဖေဖေ့ကိုရော၊ အိမ်ကြီးကိုပါ မမြင်ဖူးခဲ့တာမို့ အရာအားလုံးက သူ့အတွက် အသစ်အဆန်းဖြစ်နေ၏။
" သား စက္ကအတော်ပဲ၊ သည်မှာ သားရဲ့ညီလေး"
" ဟင်...ကိုကြီးစက္ကက တကယ်ပဲ၊ သားရဲ့အစ်ကိုလား"
ကိုကြီးကတော့ သူ့ကိုမြင်ပြီး လန့်သွားပေမဲ့ သိပ်အံ့သြသွားခြင်းမရှိ။ တကယ်ပဲ ကိုကြီးက သူ့အစ်ကိုလား။ ဖေဖေနာမည်ပြောပြတုန်းက နာမည်တူရုံဟု ထင်ထားခဲ့တာ။
" ကိုကြီး ကြိုသိနေတာလား"
" အင်း"
" ဒါဆို ဘာလို့ သားကို မပြောခဲ့တာလဲ"
" ဘာအကြောင်းမှ မရှိပါဘူး"
" ဟင်း...သားငယ်၊ အဲ့တာ သားရဲ့အစ်ကိုအရင်းပဲ စက္ကမင်းမြတ်လေ"
" ဪ...ဒါဆို ကိုကြီး သားနဲ့ မောင် မဟုတ် ထက်ဦးခန့်"
သို့ဖြစ်၍ မောင်နှင့် သူ၏ကြားထဲကဆက်ဆံရေးကို ကိုကြီးက သိနေလျက်နှင့်တောင် လက်ခံပေးခဲ့တာလား။
" ထက်ခန့်က ဘာဖြစ်လဲ ညီလေး"
" ကိုကြီး ထက်ဦးခန့်ကို ရှာပေးပါ၊ သားနဲ့ ထက်ဦးခန့်ကို မားက ခွဲထားတယ်"
" ဟင်...နေခမင်းမြတ် မင်း တော်တော့"
မားက ကြားထဲမှ ဝင်တားသည်။ ဖေဖေ့ရှေ့မှာ ဆိုပေမဲ့လည်း သူက မောင့်အကြောင်း နည်းနည်းလေးတော့ သိချင်သည်။ သူ့ဘက်က အရမ်းလွမ်းနေရတာမလား။
" သားငယ် ဖေဖေ့ကို ပြောစမ်း၊ သားကြီးသူငယ်ချင်းက ဘာဖြစ်လို့လဲ"
" ကိုကြီးသူငယ်ချင်းက သားချစ်သူလေ"
" ဟမ်..."
ဦးမင်းမြတ်က လန့်သွားပြီး ဒေါ်မေခကို အပြစ်တင်သလိုလှမ်းကြည့်တော့ ဒေါ်မေခက မျက်နှာလွှဲလိုက်သည်။ မေ သားငယ်ကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ခဲ့တာလဲဟု သူ ဒေါသထွက်မိသည်။ သားငယ်ကို ကြည့်လိုက်တော့လည်း ငိုမဲ့မဲ့နှင့်။
" သား"
" ဗျာ...ဖေဖေ"
" ဖေဖေ ခွင့်လွှတ်တယ်နော်၊ အားမငယ်နဲ့ ကလေး၊ အဖေ့ကြောင့်နဲ့၊ ငါ့သားတွေ ဟာကွာ တောက်! သည်မိန်းမကြောင့်"
" ရှင် ကျွန်မကို အပြစ်မပြောနဲ့!"
" မေ မင်းကို ငါ သည်တစ်ခါတော့ စိတ်ပျက်မိတယ်"
နေခလည်း ဖေဖေ့ရှေ့မှာ ရှက်လွန်း၍ ငိုတော့သည်။ ကိုယ့်အပူနှင့်ကိုယ်ဖြစ်နေသောစက္ကလည်း စိတ်ပျက်နေရသည့်ကြားထဲ ညီလေးကို ပွေ့ဖက်ထားပြီး ချော့ရသည်။ အဖေကလည်း အမေ့ကို မျက်စောင်းထိုးပြီး အနားမှ ထထွက်သွားသည်။
" ကိုကြီး မောင် ဘယ်မှာလဲ၊ မောင့်ကို သွားခေါ်ပေးပါ"
" ဟဲ့ နေခမင်းမြတ် နင် ငါ့ကို နင့်အဖေရှေ့မှာ အရှက်ခွဲလိုက်တာလား၊ နင် တစ်ချိန်လုံး အဲ့ မောင် မောင် ဆိုပြီး တနေတာကြောင့် နင့်အဖေငါ့ကို ဘယ်လိုမျက်လုံးနဲ့ ကြည့်သွားလဲသိလား"
" အမေတော်တော့၊ ညီလေးအပြစ်မဟုတ်ဘူး"
" မင်းကပါ ငါ့ကို..."
ဒေါ်မေခသည် စက္ကကိုဆူဖို့ ပြင်လိုက်ပေမဲ့ သားငယ်ဆီမှ ဖုန်းမြည်လာသောကြောင့် ရပ်လိုက်သည်။ ထိုအခါ နေခလည်း ငိုနေသည့်ကြားမှ ဖုန်းကောက်ကိုင်လိုက်သည်။
" ....."
" ခင်ဗျားက ဘယ်သူလဲ"
"....."
" ခင်ဗျားမဟုတ်တာ မပြောနဲ့၊ ခင်ဗျားတော်တော်အရှက်မရှိပါလား"
" ......"
ဟိုဘက်က စကားအဆုံးမှာတော့ နေခမင်းမြတ်ဟာ ချက်ချင်းဖုန်းချလိုက်ပြီး မားကို ကြည့်လိုက်သည်။
" မား ကားသော့ဘယ်မှာလဲ"
" ကားသော့က ကားထဲမှာလေ၊ နေခ ဘယ်သွားမို့လဲ"
" သား မောင့်ကို သွားကယ်မှ ဖြစ်မယ်"
" နေခမဟုတ်တာ မလုပ်နဲ့၊ ပြန်လာခဲ့စမ်း"
သူ အော်ခေါ်နေပေမဲ့ သူ့သားကတော့ ပြေးထွက်သွားခဲ့ပြီ။ ထို့အပြင် မသွားခင် ကားမှန်ချ၍ လှမ်းအော်ခဲ့သေး၏။
" မား သား ကားယူသွားမယ်နော်၊ မား ကိုကြီးကို လိုက်ပို့ခိုင်းရင်ခိုင်း မဟုတ်ရင်လည်း အဖေနဲ့ပဲ အိပ်လိုက်တော့"
" ဘာ ! မင်း မင်း"
ဒေါ်မေခမှာ လှမ်းအော်ပြီး ရန်တွေ့မယ်လုပ်တော့ သားဖြစ်သူက မြင်ကွင်းထဲမှ မရှိတော့။
" အဟမ်း!"
ထိုအချိန် ချောင်းဟန့်သံကြောင့် သူ လှည့်ကြည့်လိုက်တော့ ဦးမင်းမြတ်က လှေကားနား၌ ရပ်၍ သူ့ကို ကြည့်နေသည်။ စက္ကကလည်း မလှမ်းမကမ်းမှာ ရပ်နေလေ၏။
" သားက မှာသွားတယ်နော်"
" ဘာလဲ!"
သူလည်း ဦးမင်းမြတ်ကို ပြန်အော်လိုက်မိသည်။
" မင်းကို ငါနဲ့အိပ်ဖို့"
" ရှင်! ရှင်!"
ဒေါ်မေခဟာ ဦးမင်းမြတ်ရော သားကိုပါ အတော်ဒေါသထွက်နေပြီ။ စက္ကကို လှမ်းကြည့်လိုက်တော့ စက္ကကလည်း ခေါင်းတခါခါဖြင့်။
" သား အမေ့ကို လိုက်မပို့ပေးနိုင်ဘူး"
" နင်လည်း သားဆိုးသားမိုက်ပဲ"
" ကဲပါ မေရယ်၊ သည်ညတော့ သည်မှာပဲနေလိုက်တော့၊ မင်းအိမ်ပြန်လည်း အိမ်မှာတစ်ယောက်တည်း အထီးမကျန်ဘူးလား"
" အဲ့တာ ရှင်နဲ့ဆိုင်လား"
ဒေါ်မေခလည်း နောက်ဆုံးလက်လျှော့လိုက်ရသည်။ နေခမင်းမြတ် ပြန်လာပါစေဦးတော့။
_________________
(Zawgyi)
ညေနေစာင္းခ်ိန္မို႔ ထက္ဦးခန႔္ေနသည့္ တိုက္ခန္းေလးထဲမွာ ေနေရာင္ျခည္ဆိုတာ ေပ်ာက္လုၿပီ။ သူ႔ေရွ႕က အမ်ိဳးသမီးဟာလည္း သူ႔ကို အားမလိုအားမရပုံစံျဖင့္ ၾကည့္ေနသည္။ သူ သည္အခန္းထဲကို ေရာက္ေနတာ ၁နာရီေက်ာ္ၿပီ။ ယခုခ်ိန္အထိ ထက္ဦးခန႔္က သူ႔ကို အေရးတယူမျပဳေသး။
" ဆုံးရႈံးရမွာလည္း ေၾကာက္တယ္၊ အနားမွာလည္း ေခၚထားခ်င္တယ္၊ ဒဏ္ရာေပးမိမွာလည္း ေၾကာက္တယ္၊ မင္း သည္ပုံစံအတိုင္း ေရွ႕ဆက္သြားလို႔ မျဖစ္ဘူးေနာ္...ထက္ခန႔္"
ထိုအခါမွ သူ႔ကို အသက္မဲ့ေသာမ်က္လုံးမ်ားျဖင့္ ေမာ့ၾကည့္လာသည္။ ထို႔ေၾကာင့္ သူလည္း သက္ျပင္းခ်လိုက္ၿပီး ဆက္ေျပာသည္။
" မင္း ခ်စ္ရင္ မင္း အပိုင္ယူရမွာေပါ့"
" ဒါေပမဲ့..."
" ဘာလဲ၊ သူ႔အေမေၾကာင့္လား၊ သူ႔အေမကို မုန္းတဲ့အမုန္းနဲ႔ သူ႔ကို ခ်စ္တ့အခ်စ္မွာ ဘယ္ဟာက မင္းကို အႏိုင္ယူထားလဲ"
" သူ႔ကို ခ်စ္တဲ့စိတ္ေတြေပါ့"
" ဒါဆို ဘာလို႔စြန႔္လႊတ္လိုက္ေသးလဲ"
" သူ႔အတြက္ပါ၊ ကြၽန္ေတာ့္လိုလူက..."
( ဖုန္း...!)
" ဘာ! မင္းက ဘာျဖစ္ေနလို႔လဲ၊ မင္းက သည္လိုလူျဖစ္ေနတာနဲ႔ ဘာဆိုင္လဲ"
ေဒၚပိုးနီခမ်ာ စိတ္တိုလြန္း၍ လက္ထဲရွိေခါင္းအုံးျဖင့္ အေရွ႕က ထက္ဦးခန႔္၏မ်က္ႏွာကို ေကာက္ေပါက္လိုက္မိသည္။ သည္ေကာင္ေလး၏အေတြးအမွားေတြကို သူ ျပင္ေပးမွ ရေတာ့မည္။
" မမ ကြၽန္ေတာ့္ကို အေသသာသတ္လိုက္ေတာ့ဗ်ာ"
" ဟဲ့ နင့္လိုေကာင္ကို အေသသတ္လိုက္ရင္ ငါ ေထာင္က်ရင္က်၊ မက်ရင္ နင့္အေကာင္က ငါ့ကို လာသတ္မွာေပါ့ဟဲ့၊ ဟိုေန႔ကေတာင္ စားမတတ္ဝါးမတတ္ ၾကည့္သြားတာကို"
ၿပီးေနာက္ ေဒၚပိုးနီသည္ စိတ္ပ်က္လက္ပ်က္ႏွင့္ အေရွ႕က ထက္ဦးခန႔္ကို ဆက္ၾကည့္ေနသည္။ အရင္က ပတ္သက္ခဲ့ဖူးသည့္ သံေယာဇဥ္လက္က်န္ေလးႏွင့္ သည္ေကာင္ေလးကို သူအေဖာ္လာျပဳေပးေနတာ။ ႏွလုံးသားေရးရာႏွင့္ ပတ္သက္လွ်င္ ေတာ္ေတာ္အေၾကာမာသည့္ ေကာင္ေလး။
" နင္ အခုလိုလုပ္ေနတာ ေနခမင္းျမတ္ သနားပါတယ္၊ သူ႔ခမ်ာ ႏိုင္ငံေက်ာ္မင္းသားတစ္ေယာက္ရဲ႕မာနလည္း ေျမာင္းထဲေရာက္ေနၿပီ၊ နင္ သည္လိုဆက္လုပ္ေနရင္ ထိခိုက္မွာက သူ႔အေမမဟုတ္ဘူးေနာ္၊ ေနခမင္းျမတ္ပဲ"
" ကြၽန္ေတာ္ ဘာဆက္လုပ္ရမလဲ၊ ကြၽန္ေတာ္...သူ႔ကို အထိခိုက္မခံႏိုင္ဘူး၊ အဲ့တာေၾကာင့္ သူ႔ကို အနားေခၚမထားတာေပါ့"
" နင္ သူနဲ႔ ေဝးႏိုင္လား"
" ဟင့္အင္း...ဒါေပမဲ့...ကြၽန္ေတာ့္လို လူနဲ႔ သူ ပတ္သက္ရင္ ထိခိုက္မွာ"
" အဲ့တာဆို ဘာလို႔ နင္အစက သူ႔ကို လက္ခံခဲ့ေသးလဲ"
ထိုအခါ ထက္ဦးခန႔္သည္ တိတ္ဆိတ္သြားၿပီး အျပစ္ရွိသူတစ္ေယာက္လို ေဒၚပိုးနီေရွ႕၌ ေခါင္းေတာင္မေဖာ္ႏိုင္ေတာ့ေခ်။
" သူ႔ကို ထိခိုက္ေစခ်င္လို႔မလား၊ သူ႔အေမကို စိတ္ဆင္းရဲေစခ်င္တယ္၊ သူ႔သားက သည္လိုလူမ်ိဳးဆိုၿပီး သူ႔အေမကို အရွက္ကြဲေစခ်င္တာမလား၊ ဟင္း..."
သို႔ျဖစ္ရာ ေဒၚပိုးနီမွာ သူ႔ဘာသာသူ ေျပာၿပီး သူဘာသာသူ သက္ျပင္းခ်မိသည္။ ထက္ဦးခန႔္လို လူမ်ိဳးက အခ်စ္ႏြံထဲေရာက္သြားလိမ့္မည္ဟု သူ ယခုထက္တိုင္ မယုံႏိုင္ေသးေပ။
" အခု သူလည္း နင့္ေၾကာင့္ အေတာ္ထိခိုက္ေနၿပီ၊ နင့္အနားမွာ ဆက္မေနေတာ့ေရာ သူ အဆင္ေျပမယ္ထင္လား"
ေဒၚပိုးနီ၏စကားမ်ားကို ၾကားလွ်င္ၾကားခ်င္း ထက္ဦးခန႔္ဟာ ခ်က္ခ်င္းေခါင္းျပန္ေမာ့လာၿပီး သူ႔အေရွ႕မွ ဘီယာဘူးကို ေကာက္ကိုင္၍ ေမာ့ခ်လိုက္သည္။
" နင္ အဲ့တာေတြ တစ္ေနကုန္ေသာက္ေနမွာလား"
" အင္း"
ေနာက္ဆုံးေတာ့ ထက္ဦးခန႔္ကို ထိန္းႏိုင္မဲ့တစ္ဦးတည္းေသာလူကို သူ သတိရသြားၿပီး ထက္ဦးခန႔္ေရွ႕မွ ေရွာင္ထြက္လာ၍ ဖုန္းခိုးဆက္လိုက္သည္။
" ဟယ္လို ... ေနခမင္းျမတ္လား"
" ......"
" တို႔က ပိုးနီ ၊ ထက္ဦးခန႔္ရဲ႕အလုပ္ရွင္၊ မင္းရဲ႕ထက္ဦးခန႔္က အခုတို႔နဲ႔အတူရွိေနတယ္"
"......"
" မင္း အခ်ိန္မီေရာက္မလာရင္ တို႔ သူ႔ကို တစ္ဘဝစာလုံးအတြက္ အပိုင္ႀကံလိုက္ေတာ့မွာ"
တီ......
တစ္ဖက္က ေကာင္ေလးဟာ မည္မွ်စိတ္ပူသြားသလဲမသိ။ ခ်က္ခ်င္းဖုန္းခ်လိုက္ၿပီး သူ၏ခ်စ္သူထံ အေျပးလာေနေလာက္ၿပီ။ သို႔ျဖစ္၍ ေဒၚပိုးနီဟာ အခန္းထဲသို႔ ျပန္ဝင္လာၿပီး ဘီယာရွိန္ေၾကာင့္ မူးေနၿပီျဖစ္ေသာထက္ဦးခန႔္ကို တစ္ခ်က္ၾကည့္လိုက္သည္။ ၿပီးေနာက္ သူ၏ပိုက္ဆံအိတ္ကို ဆြဲယူ၍ ထက္ဦးခန႔္ကို ႏႈတ္ဆက္လိုက္သည္။
" ထက္ခန႔္ မမေယာက်္ားဖုန္းဆက္ေခၚေနၿပီ"
ထိုအခါ ထက္ဦးခန႔္ဟာ သူ႔ထံ ရီေဝေသာမ်က္လုံးမ်ားျဖင့္ ျပန္ေမာ့ၾကည့္လာလ်က္ ေခါင္းညိတ္ျပ၍ လက္ခါၿပီး ထြက္သြားခိုင္းသည္။
" သြားၿပီေနာ္၊ မင္း အဆင္ေျပပါေစ"
ေဒၚပိုးနီဟာ ႏႈတ္ဆက္ၿပီး အခန္းထဲက ထြက္လာခဲ့သည္။ သူ ေရးသည့္ဖူးစာမွာ ထက္ဦးခန္႔တို႔ႏွစ္ေယာက္အဆင္ေျပဖို႔ပဲ သူ ေမွ်ာ္လင့္သည္။
/~/
မားက ကားရပ္လိုက္ေတာ့ ေနခမင္းျမတ္ဟာ ကားထဲကေန ပတ္ဝန္းက်င္ကို အကဲခတ္လိုက္သည္။ ၿပီးေနာက္ မားကို ျပန္ၾကည့္ေတာ့ မားက သူ႔ကို ေမ့ေငါ့ျပသည္။
" ဆင္းေလ၊ သား အဲ့တာ သားအေဖအိမ္ပဲ"
" သည္အိမ္လား"
ေနခမင္းျမတ္ဟာ ကားေပၚက ဆင္းလိုက္ၿပီး ၿခံေရွ႕၌ သြားရပ္လိုက္သည္။ သူ ျမင္ေနရေသာႏွစ္ထပ္အိမ္ေလးက သူတို႔အိမ္၏တစ္ဝက္ေလာက္သာ ရွိမည္။ အေဖက ဘယ္လိုေနေနသလဲမသိ။
" ေဖေဖေရ..."
" ဟဲ့သား တိုးတိုးေခၚစမ္း၊ ဘယ္လိုေခၚေနတာလဲ၊ မင္းအေဖကို မင္းသိတဲ့အတိုင္းပဲ၊ သူမ်ားေတြ ဝိုင္းၾကည့္လိမ့္မယ္"
" ေဖေဖ ေဖေဖ! ေဖေဖ့!"
သို႔ေစကာမူ ေနခမင္းျမတ္ဟာ မား၏စကားကို လ်စ္လ်ဴရႈလိုက္ၿပီး ဆက္တိုက္ ေအာ္ေခၚေနေတာ့သည္။ ထိုအခါ အိမ္ထဲမွ ဦးေလးတစ္ဦးက အေျပးထြက္လာသည္။ ထိုဦးေလးက မ်က္မွန္ကိုင္းအၾကည္ကို တပ္ထားၿပီး အသက္သိပ္မႀကီးေသးသည့္ပုံ ရွိသည္။
" ဦးေလးက ကြၽန္ေတာ့္ေဖေဖလား"
" ေမပါလား၊ သားကို ေခၚခဲ့တယ္ေပါ့၊ လာ အိမ္ထဲဝင္"
ထိုဦးေလးက သူ႔ကိုအဖက္မလုပ္ဘဲ ၿခံတံခါးကိုဖြင့္၍ သူ႔မား၏လက္ေမာင္းကို ဆြဲေခၚသည္။
" ဒီမွာဗ်ာ့!"
ဤအေျခအေနေၾကာင့္ ေနခမင္းျမတ္ဟာ စိတ္မေကာင္းျဖစ္သြားရၿပီး ေအာ္လိုက္မိေတာ့ သူ႔ေဖေဖက သူ႔ကို ျပန္လွည့္ၾကည့္လာၿပီး ၿပဳံးသည္။ ထိုလူႀကီး၏အၿပဳံးကို ျမင္ေတာ့ ေနခမွာ ငိုခ်င္လာ၏။
" သား"
" ေဖေဖ့"
မ်က္ရည္ေလးဝဲတဲဝဲတဲျဖင့္ ေနခ မ်က္ႏွာလႊဲလိုက္ၿပီး ႏႈတ္မွ တိုးတိုးေလးေခၚလိုက္သည္။ ထိုအခါ အေဖကလည္း သူ႔ကို ခ်က္ခ်င္းဆြဲဖက္လိုက္သည္။
" အေဖက စတာပါ၊ သားေလး မငိုနဲ႔ေတာ့၊ သားကို အေဖက TV ေတြ ဘာေတြထဲမွာပဲ ျမင္ဖူးတာ၊ ေနာက္ၿပီး သားအေမဗိုက္ထဲမွာပဲ ျမင္ဖူးတာ၊ အခုအျပင္မွာေတြ႕ရေတာ့ အေဖ့သားက ေခ်ာလိုက္တာ"
" ကြၽန္ေတာ့္မွာ တကယ္ႀကီး ေဖေဖရွိတာေပါ့"
" အင္းေပါ့၊ သားမွာ ေဖေဖရွိတယ္"
" ေဖေဖလို႔ ေခၚလို႔ရလား"
" ရတာေပါ့၊ ေဖေဖ့သားပဲကို"
" ေဖေဖ့! အီး...ဟီး...ဟီး..."
ဦးမင္းျမတ္လည္း မ်က္ရည္ေတြဝဲလို႔ သား၏ေက်ာကို ပြတ္သပ္ေပးေနလ်က္ ေဒၚေမခကေတာ့ သူတို႔သားအဖႏွစ္ေယာက္ကို မ်က္ႏွာလႊဲေနသည္။
" သားကလည္း လူပ်ိဳႀကီးျဖစ္ေနၿပီ၊ ကေလးလို မငိုစမ္းပါနဲ႔ကြာ"
ဦးမင္းျမတ္က ေခ်ာ့တာေတာင္ ေနခမင္းျမတ္က ငိုလို႔ေကာင္းတုန္း။
" သား အိမ္ထဲဝင္ရေအာင္၊ သားကိုႀကီးလည္း ရွိတယ္"
" ဟင္ သား ကိုႀကီး"
" ေမ သားကို စကၠအေၾကာင္းေတြ မေျပာထားဘူးလား"
ေနခမင္းျမတ္ကေတာ့ အလယ္ကေန ေၾကာင္ၿပီး ရပ္ေနသည္။
" ကြၽန္မ မေျပာမိတာ"
" ေမ သားႀကီးကို လက္မခံႏိုင္ေသးတာ ကိုယ္ သိပါတယ္"
" ရွင္ မဟုတ္တာမေျပာနဲ႔၊ ကြၽန္မက လက္မခံႏိုင္တာ မဟုတ္ဘူး၊ ကြၽန္မက သည္အတိုင္း အသိေပးဖို႔ ေမ့ေန႐ုံပဲ"
" ကဲပါ၊ ေဖေဖ အိမ္ထဲဝင္ရေအာင္"
ဧည့္ခန္းထဲေရာက္ေတာ့ ေနခမင္းျမတ္တစ္ေယာက္ လိုက္စပ္စုေနသည္။ သူ ေမြးလာကတည္းက ေဖေဖ့ကိုေရာ၊ အိမ္ႀကီးကိုပါ မျမင္ဖူးခဲ့တာမို႔ အရာအားလုံးက သူ႔အတြက္ အသစ္အဆန္းျဖစ္ေန၏။
" သား စကၠအေတာ္ပဲ၊ သည္မွာ သားရဲ႕ညီေလး"
" ဟင္...ကိုႀကီးစကၠက တကယ္ပဲ၊ သားရဲ႕အစ္ကိုလား"
ကိုႀကီးကေတာ့ သူ႔ကိုျမင္ၿပီး လန႔္သြားေပမဲ့ သိပ္အံ့ၾသသြားျခင္းမရွိ။ တကယ္ပဲ ကိုႀကီးက သူ႔အစ္ကိုလား။ ေဖေဖနာမည္ေျပာျပတုန္းက နာမည္တူ႐ုံဟု ထင္ထားခဲ့တာ။
" ကိုႀကီး ႀကိဳသိေနတာလား"
" အင္း"
" ဒါဆို ဘာလို႔ သားကို မေျပာခဲ့တာလဲ"
" ဘာအေၾကာင္းမွ မရွိပါဘူး"
" ဟင္း...သားငယ္၊ အဲ့တာ သားရဲ႕အစ္ကိုအရင္းပဲ စကၠမင္းျမတ္ေလ"
" ဪ...ဒါဆို ကိုႀကီး သားနဲ႔ ေမာင္ မဟုတ္ ထက္ဦးခန႔္"
သို႔ျဖစ္၍ ေမာင္ႏွင့္ သူ၏ၾကားထဲကဆက္ဆံေရးကို ကိုႀကီးက သိေနလ်က္ႏွင့္ေတာင္ လက္ခံေပးခဲ့တာလား။
" ထက္ခန႔္က ဘာျဖစ္လဲ ညီေလး"
" ကိုႀကီး ထက္ဦးခန႔္ကို ရွာေပးပါ၊ သားနဲ႔ ထက္ဦးခန႔္ကို မားက ခြဲထားတယ္"
" ဟင္...ေနခမင္းျမတ္ မင္း ေတာ္ေတာ့"
မားက ၾကားထဲမွ ဝင္တားသည္။ ေဖေဖ့ေရွ႕မွာ ဆိုေပမဲ့လည္း သူက ေမာင့္အေၾကာင္း နည္းနည္းေလးေတာ့ သိခ်င္သည္။ သူ႔ဘက္က အရမ္းလြမ္းေနရတာမလား။
" သားငယ္ ေဖေဖ့ကို ေျပာစမ္း၊ သားႀကီးသူငယ္ခ်င္းက ဘာျဖစ္လို႔လဲ"
" ကိုႀကီးသူငယ္ခ်င္းက သားခ်စ္သူေလ"
" ဟမ္..."
ဦးမင္းျမတ္က လန႔္သြားၿပီး ေဒၚေမခကို အျပစ္တင္သလိုလွမ္းၾကည့္ေတာ့ ေဒၚေမခက မ်က္ႏွာလႊဲလိုက္သည္။ ေမ သားငယ္ကို ဘယ္လိုထိန္းသိမ္းေစာင့္ေရွာက္ခဲ့တာလဲဟု သူ ေဒါသထြက္မိသည္။ သားငယ္ကို ၾကည့္လိုက္ေတာ့လည္း ငိုမဲ့မဲ့ႏွင့္။
" သား"
" ဗ်ာ...ေဖေဖ"
" ေဖေဖ ခြင့္လႊတ္တယ္ေနာ္၊ အားမငယ္နဲ႔ ကေလး၊ အေဖ့ေၾကာင့္နဲ႔၊ ငါ့သားေတြ ဟာကြာ ေတာက္! သည္မိန္းမေၾကာင့္"
" ရွင္ ကြၽန္မကို အျပစ္မေျပာနဲ႔!"
" ေမ မင္းကို ငါ သည္တစ္ခါေတာ့ စိတ္ပ်က္မိတယ္"
ေနခလည္း ေဖေဖ့ေရွ႕မွာ ရွက္လြန္း၍ ငိုေတာ့သည္။ ကိုယ့္အပူႏွင့္ကိုယ္ျဖစ္ေနေသာစကၠလည္း စိတ္ပ်က္ေနရသည့္ၾကားထဲ ညီေလးကို ေပြ႕ဖက္ထားၿပီး ေခ်ာ့ရသည္။ အေဖကလည္း အေမ့ကို မ်က္ေစာင္းထိုးၿပီး အနားမွ ထထြက္သြားသည္။
" ကိုႀကီး ေမာင္ ဘယ္မွာလဲ၊ ေမာင့္ကို သြားေခၚေပးပါ"
" ဟဲ့ ေနခမင္းျမတ္ နင္ ငါ့ကို နင့္အေဖေရွ႕မွာ အရွက္ခြဲလိုက္တာလား၊ နင္ တစ္ခ်ိန္လုံး အဲ့ ေမာင္ ေမာင္ ဆိုၿပီး တေနတာေၾကာင့္ နင့္အေဖငါ့ကို ဘယ္လိုမ်က္လုံးနဲ႔ ၾကည့္သြားလဲသိလား"
" အေမေတာ္ေတာ့၊ ညီေလးအျပစ္မဟုတ္ဘူး"
" မင္းကပါ ငါ့ကို..."
ေဒၚေမခသည္ စကၠကိုဆူဖို႔ ျပင္လိုက္ေပမဲ့ သားငယ္ဆီမွ ဖုန္းျမည္လာေသာေၾကာင့္ ရပ္လိုက္သည္။ ထိုအခါ ေနခလည္း ငိုေနသည့္ၾကားမွ ဖုန္းေကာက္ကိုင္လိုက္သည္။
" ....."
" ခင္ဗ်ားက ဘယ္သူလဲ"
"....."
" ခင္ဗ်ားမဟုတ္တာ မေျပာနဲ႔၊ ခင္ဗ်ားေတာ္ေတာ္အရွက္မရွိပါလား"
" ......"
ဟိုဘက္က စကားအဆုံးမွာေတာ့ ေနခမင္းျမတ္ဟာ ခ်က္ခ်င္းဖုန္းခ်လိုက္ၿပီး မားကို ၾကည့္လိုက္သည္။
" မား ကားေသာ့ဘယ္မွာလဲ"
" ကားေသာ့က ကားထဲမွာေလ၊ ေနခ ဘယ္သြားမို႔လဲ"
" သား ေမာင့္ကို သြားကယ္မွ ျဖစ္မယ္"
" ေနခမဟုတ္တာ မလုပ္နဲ႔၊ ျပန္လာခဲ့စမ္း"
သူ ေအာ္ေခၚေနေပမဲ့ သူ႔သားကေတာ့ ေျပးထြက္သြားခဲ့ၿပီ။ ထို႔အျပင္ မသြားခင္ ကားမွန္ခ်၍ လွမ္းေအာ္ခဲ့ေသး၏။
" မား သား ကားယူသြားမယ္ေနာ္၊ မား ကိုႀကီးကို လိုက္ပို႔ခိုင္းရင္ခိုင္း မဟုတ္ရင္လည္း အေဖနဲ႔ပဲ အိပ္လိုက္ေတာ့"
" ဘာ ! မင္း မင္း"
ေဒၚေမခမွာ လွမ္းေအာ္ၿပီး ရန္ေတြ႕မယ္လုပ္ေတာ့ သားျဖစ္သူက ျမင္ကြင္းထဲမွ မရွိေတာ့။
" အဟမ္း!"
ထိုအခ်ိန္ ေခ်ာင္းဟန႔္သံေၾကာင့္ သူ လွည့္ၾကည့္လိုက္ေတာ့ ဦးမင္းျမတ္က ေလွကားနား၌ ရပ္၍ သူ႔ကို ၾကည့္ေနသည္။ စကၠကလည္း မလွမ္းမကမ္းမွာ ရပ္ေနေလ၏။
" သားက မွာသြားတယ္ေနာ္"
" ဘာလဲ!"
သူလည္း ဦးမင္းျမတ္ကို ျပန္ေအာ္လိုက္မိသည္။
" မင္းကို ငါနဲ႔အိပ္ဖို႔"
" ရွင္! ရွင္!"
ေဒၚေမခဟာ ဦးမင္းျမတ္ေရာ သားကိုပါ အေတာ္ေဒါသထြက္ေနၿပီ။ စကၠကို လွမ္းၾကည့္လိုက္ေတာ့ စကၠကလည္း ေခါင္းတခါခါျဖင့္။
" သား အေမ့ကို လိုက္မပို႔ေပးႏိုင္ဘူး"
" နင္လည္း သားဆိုးသားမိုက္ပဲ"
" ကဲပါ ေမရယ္၊ သည္ညေတာ့ သည္မွာပဲေနလိုက္ေတာ့၊ မင္းအိမ္ျပန္လည္း အိမ္မွာတစ္ေယာက္တည္း အထီးမက်န္ဘူးလား"
" အဲ့တာ ရွင္နဲ႔ဆိုင္လား"
ေဒၚေမခလည္း ေနာက္ဆုံးလက္ေလွ်ာ့လိုက္ရသည္။ ေနခမင္းျမတ္ ျပန္လာပါေစဦးေတာ့။
_________________