မောင့်ခြေဖျားကအထက်တန်းစားဝိုင...

Amera_Khoon által

429K 27.3K 573

Gong - ထက်ဦးခန့် ,စက္ကမင်းမြတ် Shou - နေခမင်းမြတ်, ဟန်လင်းညို Gong - ထက္ဦးခန္႔ ,စကၠမင္းျမတ္ Shou - ေနခမင္းျမတ... Több

Part-1
Part-2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Final
Book Cover & Characters' arts

Part - 23

9.1K 657 12
Amera_Khoon által

(Unicode)

သည်နေ့က ပဲခူးကို သွားရမဲ့ရက်မို့ ဟန်လင်းညို စောစောပြင်ဆင်ရသည်။ သူ စက္ကကို သွားခေါ်ဖို့အလုပ် အမေ့ဆီက ဖုန်းဝင်လာသည်။

" ဟယ်လို အမေ ပြောလေ"

" သားရေ...နွယ်ကလေ သားနဲ့လိုက်ချင်လို့တဲ့၊ အဲ့တာ တစ်ခါတည်းဝင်ခေါ်ခဲ့လိုက်နော်"

" အမေတို့အိမ်နဲ့နီးတာကို အမေတို့ပဲ ခေါ်ခဲ့လိုက်လေ"

" မဟုတ်ဘူး သားရဲ့၊ အမေတို့က မနေ့ကတည်းက ပဲခူးရောက်နေတာ"

" ဪ ဟုတ်လား၊ ဒါဆိုလည်း သားဝင်ခေါ်ခဲ့ပါ့မယ်"

" အေးအေး"

စက္ကနှင့်နှစ်ယောက်အတူ အေးဆေးသွားချင်ပါသည်ဆိုမှ အမေတို့က သူ့ဆီ တာဝန်တစ်ခု လွှဲပေးလိုက်ပြန်ပြီ။ စက္က စောင့်နေရမည်စိုး၍ သူ စက္ကဆီ အရင်သွားလိုက်သည်။

" ဟျောင့် အလှူသွားမှာကို ငါ စီစဥ်ပေးသလို မဝတ်ဘူး"

" ဟာဗျာ...အစ်ကိုကလည်း စိတ်ကျဉ်းကျပ်တယ်"

" မရဘူး၊ မင်းရဲ့ဂျင်းဘောင်းဘီအမဲကိုလည်း ကြည့်ဦး၊ ဒူးနေရာမှာ အပြဲတွေနဲ့၊ တကယ့်လမ်းသရဲစတိုင်နဲ့၊ သွား အခုလဲ"

" မလဲချင်တော့ဘူးဗျာ"

" မရဘူး၊ ငါကိုယ်တိုင် လဲပေးမယ်၊ လာခဲ့"

ထို့နောက် သူကိုယ်တိုင် စက္ကကို ကုပ်ကနေဆွဲခေါ်လာပြီး အဝတ်အစား လဲခိုင်းရသည်။

" အဲ့ style pants ကို ဝတ်၊ ရော့ သည်အင်္ကျီ လာ ငါ့အနား"

အစ်ကိုက သူ့စပို့စ်ရှပ်၌ ပါသောကြယ်သီးနှစ်လုံးကို သူကိုယ်တိုင် တပ်ပေးသည်။ အစ်ကို့အရပ်က သူ့မေးဖျားလောက်သာရှိသည်မို့ အင်္ကျီကြယ်သီးတပ်ပေးနေသော အစ်ကို့ကို ကြည့်ရင်း စက္ကအသက်ရှူနှုန်းတွေ မြန်လာသည်။ တပ်လို့ပြီးသွားတော့ အစ်ကိုကလည်း သူ့ကို ပြန်မော့ကြည့်လာပြီး သူ စိုက်ကြည့်နေတာကို သိတော့  ချက်ချင်းဟိုဘက်လှည့်၍ ကျောခိုင်းလိုက်သည်။

" အခုမှပဲ လူရုပ်ပေါက်သွားတော့တယ်၊ သွားကြမယ်"

" ဟုတ်"

အစ်ကိုက သူကိုယ်တိုင် ကားမောင်းသည်။ သို့ပေမဲ့ အစ်ကိုမောင်းနေသည့်ဘက်က ပဲခူးနှင့်ဆန့်ကျင်ဘက်ဖြစ်နေတော့ စက္ကမနေနိုင်တော့ဘဲ မေးမိလိုက်၏။

" ဘယ်သွားနေတာလဲ အစ်ကို"

" နွယ့်ကို သွားခေါ်မလို့"

" ဟမ် ကျွန်တော်တို့ နှစ်ယောက်ပဲ သွားမှာ မဟုတ်ဘူးလား"

" အစကတော့ အဲ့လိုပဲ၊ သည်နေ့မနက်မှ နွယ်က လိုက်ချင်တယ်ပြောလို့"

" ဪ..."

စက္ကလည်း ဘာစကားမှ ဆက်ပြောချင်စိတ်မရှိတော့။ သူ့ဇနီးလောင်းကို သူ့ပါသူ ပွဲထုတ်နေတာပဲ သူ ပြောပိုင်ခွင့်မရှိပေ။

အစ်ကိုက ခြံတစ်ခြံရှေ့မှာ ကားရပ်လိုက်တော့ မိုးသားနွယ်ဆိုသည့်ကောင်မလေးက သူတို့ကားအနားကို ရောက်လာပြီး သူထိုင်သည့်ဘက်မှာ ရပ်လိုက်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် မြန်မာဆန်ဆန်လေးကို ခေတ်မီအောင် ဝတ်တတ်သောသူက အစ်ကို့ဇနီးလောင်း ဖြစ်ထိုက်ပါပေသည်။ ထိုအခါ စက္ကလည်း အစ်ကို့ဘေးမှာ ထိုင်နေရာကနေ ကားတံခါးဖွင့်၍ အနောက်ခန်းသို့ နေရာပြောင်းထိုင်ဖို့ ပြင်လိုက်သည်။

" စက္က ဘာလုပ်တာလဲ"

" သူ အစ်ကို့နားမှာ ထိုင်မှာမလား"

" နေပါ အဲ့အတိုင်း"

အစ်ကိုက စက္ကဘေးရှိ ကားမှန်ကို ချလိုက်ပြီး ဘေး၌ရပ်နေသောမိုးသားနွယ်ကို လှမ်းပြောလိုက်သည်။

" နွယ် အနောက်မှာပဲ ထိုင်လိုက်နော်"

ပြောပြီးတော့ အစ်ကိုက ကားမှန်ကို ချက်ချင်းပြန်တင်လိုက်သည်။ စက္ကဘေးနားရပ်နေသောသူက ရှက်သွားပုံရပြီးနောက် အနောက်မှာပဲ ဝင်ထိုင်လိုက်သည်။

" ကိုကို မနက်စာ စားခဲ့လား"

" ဪ ဟုတ်ကဲ့၊ အစ်ကို စားပြီးပြီ၊ ဒါနဲ့ စက္က မင်းမနက်က ဘာစားထားလဲ"

" ကျွန်တော်လည်း စားပြီးပါပြီ" 

" အေးအေး စားပြီးရင် ပြီးရော၊ ဟိုရောက်ရင် ငါ အလုပ်ရှုပ်ချင်ရှုပ်နေမှာမို့ မင်း အဆာခံနေရမှာစိုးလို့"

" ရပါတယ်"

မိုးသားနွယ်သည် အနောက်မှာထိုင်နေရင်း စိတ်အားငယ်လာရသည်။ ကိုကိုက သူ့ကို  အဆင်ပြေရဲ့လားဟု တစ်ချက်တောင်မမေးသည့်အပြင် ဘာမဟုတ်သည့်လူကိုကျတော့ ဂရုစိုက်တတ်လိုက်တာ။ သူ ဘယ်အချိန်မှ ကိုကို့အာရုံစိုက်မှုကို ရမှာလဲ။

" စက္က ဟိုရောက်ရင် လျှောက်မသွားနဲ့နော်၊ နောက်ပြီး နေခရဲ့အမေရှိနေမှာ သိတယ်မလား"

စက္က သဘောပေါက်လိုက်သည်။ အစ်ကိုက သူစိမ်းရှေ့မို့မှာ အထာနှင့်ပြောနေတာ။ မင့်အမေလို့မသုံးဘဲ နေခ၏အမေလို့ ပြောင်းသုံးပေးသည်။

" အန်တီမေခလည်း ရှိတာလား ကိုကို"

" ဟုတ်တယ် နွယ်၊ သူတို့သူငယ်ချင်းတွေ အကုန်ရှိတယ်"

" ဪ...အန်တီမေခဆိုမှ ကိုကို ကြားပြီးပြီလား၊ နေခမင်းမြတ်လေ ခြောက်နေတာတဲ့တော်၊ အမယ်လေး မထင်ရဘူး"

" နွယ်!"

မိုးသားနွယ်၏ စကားကြောင့် အစ်ကိုက သူ့ကို အားနာသွားပုံရသည်။ သူ့ကို အကြည့်ဖြင့် တောင်းပန်လာတော့ သူကလည်း ရပါတယ်ဆိုသည့်အကြောင်း ခေါင်းညိတ်ပြလိုက်သည်။

" ကိုကိုကလည်း နွယ်ဆို သူနဲ့ငယ်ငယ်ကတည်းက ဆော့နေကျပါ၊ မထင်ရဘူး တကယ်၊ အဲ့နေ့က လိုင်းပေါ်က ဗီဒီယိုမကြည့်လိုက်ရရင် နွယ်ဖြင့် ယုံမှာမဟုတ်ဘူး သိလား၊ သူ့အမေရော သူ့သားရော ကြီးကြီးကျယ်ကျယ်နဲ့၊ နွယ်တော့ ကြည့်မရဘူး"

" မိုးသားနွယ် ငါ မင်းကို တော်တော့လို့!"

စက္က၏လက်တွေ ဆုပ်ထားမှန်းသိတော့ ဟန်လင်းညိုလည်း ဒေါသထွက်ပြီး မိုးသားနွယ်ကို အော်ချလိုက်သည်။ မိုးသားနွယ်ကလည်း ကိုကိုက သူ့ကို အဲ့သည့်လိုမအော်စဖူးအော်လိုက်တော့ လန့်သွားမိသည်။

" ကိုကို မအော်ပါနဲ့၊ နွယ်က ကိုကို့ရဲ့ဇနီးလောင်းနော်၊ နွယ်က အဲ့လိုအခြောက်တွေကို မုန်းတာ နွယ့်အပြစ်လား"

" မင်း ပါးစပ်ကို ပိတ်ထားလိုက်တော့၊ ငါ ဒေါသမထွက်ချင်ဘူး"

သူစိမ်းတစ်ယောက်ရှေ့မှာ သည်လိုအပြောခံရတော့ မိုးသားနွယ်လည်း စိတ်မကောင်းဖြစ်မိသည်။ နောက်ပြီး ကိုကိုဘာလို့ သည်လောက်အထိ ဒေါသထွက်ရသလဲဆိုတာ မိုးသားနွယ် သိချင်သည်။ သို့ပေမဲ့ ဘာစကားမှ ဆက်မပြောတော့ဘဲ ငြိမ်နေလိုက်သည်။

/~/

" ကျောက်ကပ်ကင်ဆာ နှစ်မျိုးရှိတယ်ဗျာ့၊ ပထမတစ်ခုက Wilms´s Tumor လို့ခေါ်တဲ့အသက်လေးနှစ်ကတည်းက စဖြစ်တတ်တဲ့ကင်ဆာနဲ့ အသက်ကြီးမှ ဖြစ်တတ်တဲ့ကင်ဆာရယ်ပေါ့"

ဘိုးဘွားရိပ်သာ၏အဆောက်အအုံ အရှေ့ မြက်ခင်းပြင်တွင် ထိုင်ခုံလေးများချ၍ အဘိုး၊ အဘွားများက ထိုင်နေကြသည်။ စင်ပေါ်၌ ဆရာဝန်များ တစ်ယောက်ပြီးတစ်ယောက် ဆေးဘက်ဆိုင်ရာ အကြောင်းအရာများကို ဗဟုသုတအနေဖြင့် ဝေမျှနေကြသည်။ အခုပြောနေသည့်တစ်ယောက်က ဟန်လင်းညို ဖြစ်သည်။ စက္ကကတော့ ဟန်လင်းညိုနေရာချပေးထားသော လူအုပ်၏နောက်ဆုံးခုံလွတ်တွေရှိသည့်နေရာမှာ တစ်ယောက်တည်းအေးဆေးထိုင်နေသည်။

" ဘယ်လိုလက္ခဏာပြလဲဆိုရင် ယောကျ်ားတွေမှာ ပိုဖြစ်တတ်တဲ့ရောဂါတစ်ခုပါ၊ ဆီးထဲမှာ သွေးပါတစ်ချက် မပါတစ်ချက် ဖြစ်တတ်ပါတယ်၊ ဆီးပြွန်ကနေ တစ်ချက်တစ်ချက်နာတာ၊ ဝမ်းဗိုက်ဘေးဆွဲခံထားရသလို ဖြစ်တာ၊ ခြေထောက်သွေးပြန်ကြောဖောင်းကားတာတွေ ဖြစ်တတ်ပါတယ်"

" ကျောက်ကပ်ခွဲစိတ်တဲ့အခါမှာ ခါးဘက်ကနေ အောက်နဲ့ရှေ့ဘက်ကို တစောင်းအရာပေးပြီး ခွဲစိတ်တာရယ်၊ ဝမ်းဗိုက်ကနေ ခွဲစိတ်တာရယ်ဆိုပြီး ရှိပါတယ်။ တစ်ခါတစ်ရံ ကျောက်ကပ်တစ်ခုလုံးကို မထုတ်ဘဲ ရောဂါဖြစ်တဲ့ အပိုင်းကို ခွဲထုတ်တာလည်း ရှိပါတယ်"

အစ်ကိုမှ တည်တည်ငြိမ်ငြိမ်ရှင်းပြနေသောစကားများကို အဘိုး၊ အဘွားများနည်းတူ သူလည်း နားစိုက်ထောင်နေသည်။ အစ်ကိုက သူ့အနားရောက်လျှင်သာ ဘာမှမဟုတ်သလိုနေတာ စင်ပေါ်မှာတော့ အလွန်ကြည့်ကောင်းပြီး တောက်ပနေသည်။

" စက္က"

" ဟင်...အန်တီ"

အမေက အနားရောက်လာတော့ သူ ချက်ချင်းမတ်တတ်ထရပ်လိုက်သည်။

" ငါနဲ့ ခဏလိုက်ခဲ့"

" ဗျာ...ဟုတ်ကဲ့"

အမေခေါ်သွားသောနောက်ကို သူ လိုက်သွားလိုက်သည်။ အမေခေါ်သွားသောနေရာက ဟောပြောပွဲ၏တစ်ဖက်က ဧည့်သည်တွေလည်း မရှိသည့်နေရာ။

တစ်နေရာရောက်တော့ အမေက သူ့ကို ကျောခိုင်းပြီး ရပ်နေသည်။ အမေ ဘာများပြောချင်နေသလဲ မသိ။ သက်ပြင်းတွေလည်း ခဏခဏချလို့။ ထို့နောက် အမေက သူ့ဘက်သို့ ပြန်လှည့်လာသည်။

အမေ့မျက်လုံးတွေမှာ မျက်ရည်တွေဝဲလျက် သူ့ကို သေချာစိုက်ကြည့်နေသည်။ ထို့နောက် သူ့ပခုံးနှစ်ဖက်ကို ကိုင်လိုက်ပြီး ငိုချသည်။ စက္ကလည်း ရုတ်တရက် အမေငိုတာမြင်ရတော့ ပျာယာခတ်သွားသည်။

" အန်တီ ဘာလို့ ငိုတာလဲ"

" သား..."

" ဗျာ..."

အမေက သူ့ကို အမေ့သားဆိုတာ သိသွားတာလား။ သူ အံ့သြမိ၍ အနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်မိသည်။

" မင်းအဖေရဲ့နာမည်က ဦးမင်းမြတ်မလား"

" ဟို..."

" ဟုတ်ပါတယ်၊ မင်းက ငါ့သားပါ"

" မဟုတ်ဘူး၊ ကျွန်တော်က အန်တီ့သား မဟုတ်ဘူး၊ အန်တီ လူ မှားနေပြီ၊ ဟားဟား ကျွန်တော် သွားတော့မယ်"

စက္ကကိုယ်တိုင်လည်း မျက်ရည်စက်များ ကျလာတော့သည်။ သည်လို အခြေအနေကြီးနှင့် အမေ့သား မဖြစ်ချင်ပါ။ စက္က ကျောခိုင်းလိုက်ပြီး အမေ့အနားမှ အမြန်ထွက်သွားဖို့ ပြင်သည်။

" သားက အမေ့သားလေ၊ အမေ့ကို မမှတ်မိဘူးလား"

" မသိဘူး"

" သား အမေ့ကို စိတ်နာနေလို့မလား၊ အမေ မှားခဲ့တာတွေကို အမေ တောင်းပန်ပါတယ်"

" ကျွန်တော် စိတ်မနာခဲ့ပါဘူး၊ ဒါပေမဲ့ အမေပြောခဲ့သလို ကျွန်တော်က ရွံစရာကောင်းတဲ့ကောင်ပါ၊ ကျွန်တော့်အသွေးအသားတွေက မသန့်စင်ဘူး၊ ကျွန်တော့်ကို သားလို့ မသတ်မှတ်ပါနဲ့တော့၊ အမေတန်ဖိုးထားတဲ့ဂုဏ်သိက္ခာကို ကျွန်တော့်လိုလူက ဖျက်ဆီးပစ်မဲ့လူပါ၊ အမေ သတ်မှတ်ထားသလို ကျွန်တော်ရော အဖေရောက သေသွားပြီလို့ သည်ကမ္ဘာပေါ်မှာ မရှိခဲ့တာလို့ပဲ ဆက်ပြီးသတ်မှတ်ထားလိုက်ပါ၊ အမေ့ဂုဏ်သိက္ခာနဲ့ အရှက်တရားအတွက် ပြောတာပါ၊ ကျွန်တော် စိတ်နာလို့ မဟုတ်ဘူး"

" ဟင့်အင်း ဟင့်အင်း မဖြစ်နိုင်ဘူး၊ သားရယ် အမေ့ဆီ ပြန်လာပါ၊ မဖြစ်နိုင်ဘူး၊ ဘာလို့ အမေ့သားက သေရမှာလဲ၊ အမေ သားကို သေသွားပြီလို့ မသတ်မှတ်ထားပါဘူး"

စက္ကသည် အမေ့အနားမှ အမြန်ဆုံး ထွက်သွားလိုက်သည်။ အမေကတော့ နေရာမှာတင် ငိုယိုပြီး ကျန်ခဲ့၏။

ဟောပြောပွဲအနား ပြန်ရောက်တော့ အစ်ကိုကလည်း သူ့အနားကို ပြေးလာသည်။

" ဟျောင့် စက္က မင်း ဘယ်တွေလျှောက်သွားနေတာလဲ၊ ငါ ပြီးလို့ မင်းကို လိုက်ရှာနေတာ၊ ဟင် မင်း ငိုနေတာလား"

" ဟင့်အင်း"

" မျက်လုံးတွေ ရဲနေလို့ သည်မှာ လူရှုပ်တယ်၊ လာ ကားထဲ သွားရအောင်"

ကားထဲရောက်တော့လည်း မှိုင်တွေနေသည့်စက္ကကို သူ နားမလည်နိုင်သလို ကြည့်နေမိသည်။

" အစ်ကို"

" ပြော ဘာတွေ ဖြစ်လာလဲ"

" အမေ သိသွားပြီ"

" ဟမ် ဘာကိုလဲ၊ မင်းတို့သားအမိဆိုတာကိုလား"

" အင်း"

" မင့်အဖေကို သွားတွေ့ပြီး မေးလိုက်တာ ထင်တယ်"

" မသိဘူး၊ မနေ့က အလုပ်သမားစာရင်းတွေ တောင်းတာ အဲ့တာ သိချင်လို့ထင်တယ်"

" သိတော့လည်း သိပေါ့၊ ကိုယ့်သားကိုယ် အမြင်စောင်းနေတာ၊ နောက်ဆုံးတော့ သိသွားတာပဲမလား"

စက္ကက ပျော်ရမည့်ကိစ္စကို ဝမ်းနည်းနေသည်ဆိုတော့ ဟန်လင်းညိုလည်း စက္ကကို နားမလည်နိုင် ဖြစ်ရပြန်သည်။

" မင်းက ဘာဖြစ်နေတာလဲ"

" ပတ်ဝန်းကျင်အမြင်မှာ ကျွန်တော်က အမေ့သားဆိုပြီး အမေချပြလို့ ကောင်းတဲ့ကောင် မဟုတ်ဘူး"

" စိတ်အားမငယ်ပါနဲ့ စက္ကရာ၊ မင်းဘေးမှာ ငါ ရှိပါတယ်ကွ"

" အစ်ကိုကလည်း အချိန်တန်ရင် ထားသွားမှာလေ"

သည်ကောင်လေးက ဘာတွေ လျှောက်တွေးနေသည် မသိ။ ဟိုဘက်ခုံကနေ ဟန်လင်းညို၏ခါးကို ကုန်းပြီး လှမ်းဖက်လာသည်။ သူလည်း သည်ကောင်ဆိုးလေးကြောင့် ပျော်ရ၊ ဝမ်းနည်းရနှင့် စိတ်ခံစားမှုပေါင်းစုံ အမြဲခံစားနေရသည်။

/~/

Note -  ကျောက်ကပ်ကင်ဆာကို အေးကမ္ဘာဒေါက်တာချစ်၏ဆီးနှင့်ကျောက်ကပ်ရောဂါများနှင့် အခြားဆေးဆောင်းပါးများစာအုပ်မှ ကောက်နုတ်ထားပါသည်။ ထို့ကြောင့် ဒေါက်တာဇွဲကောင်းချစ်ကို လေးစားစွာဖြင့် Credit ပေးပါသည်။

______________

(Zawgyi)


သည္ေန႔က ပဲခူးကို သြားရမဲ့ရက္မို႔ ဟန္လင္းညိဳ ေစာေစာျပင္ဆင္ရသည္။ သူ စကၠကို သြားေခၚဖို႔အလုပ္ အေမ့ဆီက ဖုန္းဝင္လာသည္။

" ဟယ္လို အေမ ေျပာေလ"

" သားေရ...ႏြယ္ကေလ သားနဲ႔လိုက္ခ်င္လို႔တဲ့၊ အဲ့တာ တစ္ခါတည္းဝင္ေခၚခဲ့လိုက္ေနာ္"

" အေမတို႔အိမ္နဲ႔နီးတာကို အေမတို႔ပဲ ေခၚခဲ့လိုက္ေလ"

" မဟုတ္ဘူး သားရဲ႕၊ အေမတို႔က မေန႔ကတည္းက ပဲခူးေရာက္ေနတာ"

" ဪ ဟုတ္လား၊ ဒါဆိုလည္း သားဝင္ေခၚခဲ့ပါ့မယ္"

" ေအးေအး"

စကၠႏွင့္ႏွစ္ေယာက္အတူ ေအးေဆးသြားခ်င္ပါသည္ဆိုမွ အေမတို႔က သူ႔ဆီ တာဝန္တစ္ခု လႊဲေပးလိုက္ျပန္ၿပီ။ စကၠ ေစာင့္ေနရမည္စိုး၍ သူ စကၠဆီ အရင္သြားလိုက္သည္။

" ေဟ်ာင့္ အလႉသြားမွာကို ငါ စီစဥ္ေပးသလို မဝတ္ဘူး"

" ဟာဗ်ာ...အစ္ကိုကလည္း စိတ္က်ဥ္းက်ပ္တယ္"

" မရဘူး၊ မင္းရဲ႕ဂ်င္းေဘာင္းဘီအမဲကိုလည္း ၾကည့္ဦး၊ ဒူးေနရာမွာ အၿပဲေတြနဲ႔၊ တကယ့္လမ္းသရဲစတိုင္နဲ႔၊ သြား အခုလဲ"

" မလဲခ်င္ေတာ့ဘူးဗ်ာ"

" မရဘူး၊ ငါကိုယ္တိုင္ လဲေပးမယ္၊ လာခဲ့"

ထို႔ေနာက္ သူကိုယ္တိုင္ စကၠကို ကုပ္ကေနဆြဲေခၚလာၿပီး အဝတ္အစား လဲခိုင္းရသည္။

" အဲ့ style pants ကို ဝတ္၊ ေရာ့ သည္အက်ႌ လာ ငါ့အနား"

အစ္ကိုက သူ႔စပို႔စ္ရွပ္၌ ပါေသာၾကယ္သီးႏွစ္လုံးကို သူကိုယ္တိုင္ တပ္ေပးသည္။ အစ္ကို႔အရပ္က သူ႔ေမးဖ်ားေလာက္သာရွိသည္မို႔ အက်ႌၾကယ္သီးတပ္ေပးေနေသာ အစ္ကို႔ကို ၾကည့္ရင္း စကၠအသက္ရႉႏႈန္းေတြ ျမန္လာသည္။ တပ္လို႔ၿပီးသြားေတာ့ အစ္ကိုကလည္း သူ႔ကို ျပန္ေမာ့ၾကည့္လာၿပီး သူ စိုက္ၾကည့္ေနတာကို သိေတာ့  ခ်က္ခ်င္းဟိုဘက္လွည့္၍ ေက်ာခိုင္းလိုက္သည္။

" အခုမွပဲ လူ႐ုပ္ေပါက္သြားေတာ့တယ္၊ သြားၾကမယ္"

" ဟုတ္"

အစ္ကိုက သူကိုယ္တိုင္ ကားေမာင္းသည္။ သို႔ေပမဲ့ အစ္ကိုေမာင္းေနသည့္ဘက္က ပဲခူးႏွင့္ဆန္႔က်င္ဘက္ျဖစ္ေနေတာ့ စကၠမေနႏိုင္ေတာ့ဘဲ ေမးမိလိုက္၏။

" ဘယ္သြားေနတာလဲ အစ္ကို"

" ႏြယ့္ကို သြားေခၚမလို႔"

" ဟမ္ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ပဲ သြားမွာ မဟုတ္ဘူးလား"

" အစကေတာ့ အဲ့လိုပဲ၊ သည္ေန႔မနက္မွ ႏြယ္က လိုက္ခ်င္တယ္ေျပာလို႔"

" ဪ..."

စကၠလည္း ဘာစကားမွ ဆက္ေျပာခ်င္စိတ္မရွိေတာ့။ သူ႔ဇနီးေလာင္းကို သူ႔ပါသူ ပြဲထုတ္ေနတာပဲ သူ ေျပာပိုင္ခြင့္မရွိေပ။

အစ္ကိုက ၿခံတစ္ၿခံေရွ႕မွာ ကားရပ္လိုက္ေတာ့ မိုးသားႏြယ္ဆိုသည့္ေကာင္မေလးက သူတို႔ကားအနားကို ေရာက္လာၿပီး သူထိုင္သည့္ဘက္မွာ ရပ္လိုက္သည္။ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ ျမန္မာဆန္ဆန္ေလးကို ေခတ္မီေအာင္ ဝတ္တတ္ေသာသူက အစ္ကို႔ဇနီးေလာင္း ျဖစ္ထိုက္ပါေပသည္။ ထိုအခါ စကၠလည္း အစ္ကို႔ေဘးမွာ ထိုင္ေနရာကေန ကားတံခါးဖြင့္၍ အေနာက္ခန္းသို႔ ေနရာေျပာင္းထိုင္ဖို႔ ျပင္လိုက္သည္။

" စကၠ ဘာလုပ္တာလဲ"

" သူ အစ္ကို႔နားမွာ ထိုင္မွာမလား"

" ေနပါ အဲ့အတိုင္း"

အစ္ကိုက စကၠေဘးရွိ ကားမွန္ကို ခ်လိုက္ၿပီး ေဘး၌ရပ္ေနေသာမိုးသားႏြယ္ကို လွမ္းေျပာလိုက္သည္။

" ႏြယ္ အေနာက္မွာပဲ ထိုင္လိုက္ေနာ္"

ေျပာၿပီးေတာ့ အစ္ကိုက ကားမွန္ကို ခ်က္ခ်င္းျပန္တင္လိုက္သည္။ စကၠေဘးနားရပ္ေနေသာသူက ရွက္သြားပုံရၿပီးေနာက္ အေနာက္မွာပဲ ဝင္ထိုင္လိုက္သည္။

" ကိုကို မနက္စာ စားခဲ့လား"

" ဪ ဟုတ္ကဲ့၊ အစ္ကို စားၿပီးၿပီ၊ ဒါနဲ႔ စကၠ မင္းမနက္က ဘာစားထားလဲ"

" ကြၽန္ေတာ္လည္း စားၿပီးပါၿပီ" 

" ေအးေအး စားၿပီးရင္ ၿပီးေရာ၊ ဟိုေရာက္ရင္ ငါ အလုပ္ရႈပ္ခ်င္ရႈပ္ေနမွာမို႔ မင္း အဆာခံေနရမွာစိုးလို႔"

" ရပါတယ္"

မိုးသားႏြယ္သည္ အေနာက္မွာထိုင္ေနရင္း စိတ္အားငယ္လာရသည္။ ကိုကိုက သူ႔ကို  အဆင္ေျပရဲ႕လားဟု တစ္ခ်က္ေတာင္မေမးသည့္အျပင္ ဘာမဟုတ္သည့္လူကိုက်ေတာ့ ဂ႐ုစိုက္တတ္လိုက္တာ။ သူ ဘယ္အခ်ိန္မွ ကိုကို႔အာ႐ုံစိုက္မႈကို ရမွာလဲ။

" စကၠ ဟိုေရာက္ရင္ ေလွ်ာက္မသြားနဲ႔ေနာ္၊ ေနာက္ၿပီး ေနခရဲ႕အေမရွိေနမွာ သိတယ္မလား"

စကၠ သေဘာေပါက္လိုက္သည္။ အစ္ကိုက သူစိမ္းေရွ႕မို႔မွာ အထာႏွင့္ေျပာေနတာ။ မင့္အေမလို႔မသုံးဘဲ ေနခ၏အေမလို႔ ေျပာင္းသုံးေပးသည္။

" အန္တီေမခလည္း ရွိတာလား ကိုကို"

" ဟုတ္တယ္ ႏြယ္၊ သူတို႔သူငယ္ခ်င္းေတြ အကုန္ရွိတယ္"

" ဪ...အန္တီေမခဆိုမွ ကိုကို ၾကားၿပီးၿပီလား၊ ေနခမင္းျမတ္ေလ ေျခာက္ေနတာတဲ့ေတာ္၊ အမယ္ေလး မထင္ရဘူး"

" ႏြယ္!"

မိုးသားႏြယ္၏ စကားေၾကာင့္ အစ္ကိုက သူ႔ကို အားနာသြားပုံရသည္။ သူ႔ကို အၾကည့္ျဖင့္ ေတာင္းပန္လာေတာ့ သူကလည္း ရပါတယ္ဆိုသည့္အေၾကာင္း ေခါင္းညိတ္ျပလိုက္သည္။

" ကိုကိုကလည္း ႏြယ္ဆို သူနဲ႔ငယ္ငယ္ကတည္းက ေဆာ့ေနက်ပါ၊ မထင္ရဘူး တကယ္၊ အဲ့ေန႔က လိုင္းေပၚက ဗီဒီယိုမၾကည့္လိုက္ရရင္ ႏြယ္ျဖင့္ ယုံမွာမဟုတ္ဘူး သိလား၊ သူ႔အေမေရာ သူ႔သားေရာ ႀကီးႀကီးက်ယ္က်ယ္နဲ႔၊ ႏြယ္ေတာ့ ၾကည့္မရဘူး"

" မိုးသားႏြယ္ ငါ မင္းကို ေတာ္ေတာ့လို႔!"

စကၠ၏လက္ေတြ ဆုပ္ထားမွန္းသိေတာ့ ဟန္လင္းညိဳလည္း ေဒါသထြက္ၿပီး မိုးသားႏြယ္ကို ေအာ္ခ်လိုက္သည္။ မိုးသားႏြယ္ကလည္း ကိုကိုက သူ႔ကို အဲ့သည့္လိုမေအာ္စဖူးေအာ္လိုက္ေတာ့ လန္႔သြားမိသည္။

" ကိုကို မေအာ္ပါနဲ႔၊ ႏြယ္က ကိုကို႔ရဲ႕ဇနီးေလာင္းေနာ္၊ ႏြယ္က အဲ့လိုအေျခာက္ေတြကို မုန္းတာ ႏြယ့္အျပစ္လား"

" မင္း ပါးစပ္ကို ပိတ္ထားလိုက္ေတာ့၊ ငါ ေဒါသမထြက္ခ်င္ဘူး"

သူစိမ္းတစ္ေယာက္ေရွ႕မွာ သည္လိုအေျပာခံရေတာ့ မိုးသားႏြယ္လည္း စိတ္မေကာင္းျဖစ္မိသည္။ ေနာက္ၿပီး ကိုကိုဘာလို႔ သည္ေလာက္အထိ ေဒါသထြက္ရသလဲဆိုတာ မိုးသားႏြယ္ သိခ်င္သည္။ သို႔ေပမဲ့ ဘာစကားမွ ဆက္မေျပာေတာ့ဘဲ ၿငိမ္ေနလိုက္သည္။

/~/

" ေက်ာက္ကပ္ကင္ဆာ ႏွစ္မ်ိဳးရွိတယ္ဗ်ာ့၊ ပထမတစ္ခုက Wilms´s Tumor လို႔ေခၚတဲ့အသက္ေလးႏွစ္ကတည္းက စျဖစ္တတ္တဲ့ကင္ဆာနဲ႔ အသက္ႀကီးမွ ျဖစ္တတ္တဲ့ကင္ဆာရယ္ေပါ့"

ဘိုးဘြားရိပ္သာ၏အေဆာက္အအုံ အေရွ႕ ျမက္ခင္းျပင္တြင္ ထိုင္ခုံေလးမ်ားခ်၍ အဘိုး၊ အဘြားမ်ားက ထိုင္ေနၾကသည္။ စင္ေပၚ၌ ဆရာဝန္မ်ား တစ္ေယာက္ၿပီးတစ္ေယာက္ ေဆးဘက္ဆိုင္ရာ အေၾကာင္းအရာမ်ားကို ဗဟုသုတအေနျဖင့္ ေဝမွ်ေနၾကသည္။ အခုေျပာေနသည့္တစ္ေယာက္က ဟန္လင္းညိဳ ျဖစ္သည္။ စကၠကေတာ့ ဟန္လင္းညိဳေနရာခ်ေပးထားေသာ လူအုပ္၏ေနာက္ဆုံးခုံလြတ္ေတြရွိသည့္ေနရာမွာ တစ္ေယာက္တည္းေအးေဆးထိုင္ေနသည္။

" ဘယ္လိုလကၡဏာျပလဲဆိုရင္ ေယာက်္ားေတြမွာ ပိုျဖစ္တတ္တဲ့ေရာဂါတစ္ခုပါ၊ ဆီးထဲမွာ ေသြးပါတစ္ခ်က္ မပါတစ္ခ်က္ ျဖစ္တတ္ပါတယ္၊ ဆီးႁပြန္ကေန တစ္ခ်က္တစ္ခ်က္နာတာ၊ ဝမ္းဗိုက္ေဘးဆြဲခံထားရသလို ျဖစ္တာ၊ ေျခေထာက္ေသြးျပန္ေၾကာေဖာင္းကားတာေတြ ျဖစ္တတ္ပါတယ္"

" ေက်ာက္ကပ္ခြဲစိတ္တဲ့အခါမွာ ခါးဘက္ကေန ေအာက္နဲ႔ေရွ႕ဘက္ကို တေစာင္းအရာေပးၿပီး ခြဲစိတ္တာရယ္၊ ဝမ္းဗိုက္ကေန ခြဲစိတ္တာရယ္ဆိုၿပီး ရွိပါတယ္။ တစ္ခါတစ္ရံ ေက်ာက္ကပ္တစ္ခုလုံးကို မထုတ္ဘဲ ေရာဂါျဖစ္တဲ့ အပိုင္းကို ခြဲထုတ္တာလည္း ရွိပါတယ္"

အစ္ကိုမွ တည္တည္ၿငိမ္ၿငိမ္ရွင္းျပေနေသာစကားမ်ားကို အဘိုး၊ အဘြားမ်ားနည္းတူ သူလည္း နားစိုက္ေထာင္ေနသည္။ အစ္ကိုက သူ႔အနားေရာက္လွ်င္သာ ဘာမွမဟုတ္သလိုေနတာ စင္ေပၚမွာေတာ့ အလြန္ၾကည့္ေကာင္းၿပီး ေတာက္ပေနသည္။

" စကၠ"

" ဟင္...အန္တီ"

အေမက အနားေရာက္လာေတာ့ သူ ခ်က္ခ်င္းမတ္တတ္ထရပ္လိုက္သည္။

" ငါနဲ႔ ခဏလိုက္ခဲ့"

" ဗ်ာ...ဟုတ္ကဲ့"

အေမေခၚသြားေသာေနာက္ကို သူ လိုက္သြားလိုက္သည္။ အေမေခၚသြားေသာေနရာက ေဟာေျပာပြဲ၏တစ္ဖက္က ဧည့္သည္ေတြလည္း မရွိသည့္ေနရာ။

တစ္ေနရာေရာက္ေတာ့ အေမက သူ႔ကို ေက်ာခိုင္းၿပီး ရပ္ေနသည္။ အေမ ဘာမ်ားေျပာခ်င္ေနသလဲ မသိ။ သက္ျပင္းေတြလည္း ခဏခဏခ်လို႔။ ထို႔ေနာက္ အေမက သူ႔ဘက္သို႔ ျပန္လွည့္လာသည္။

အေမ့မ်က္လုံးေတြမွာ မ်က္ရည္ေတြဝဲလ်က္ သူ႔ကို ေသခ်ာစိုက္ၾကည့္ေနသည္။ ထို႔ေနာက္ သူ႔ပခုံးႏွစ္ဖက္ကို ကိုင္လိုက္ၿပီး ငိုခ်သည္။ စကၠလည္း ႐ုတ္တရက္ အေမငိုတာျမင္ရေတာ့ ပ်ာယာခတ္သြားသည္။

" အန္တီ ဘာလို႔ ငိုတာလဲ"

" သား..."

" ဗ်ာ..."

အေမက သူ႔ကို အေမ့သားဆိုတာ သိသြားတာလား။ သူ အံ့ၾသမိ၍ အေနာက္ကို ေျခတစ္လွမ္းဆုတ္လိုက္မိသည္။

" မင္းအေဖရဲ႕နာမည္က ဦးမင္းျမတ္မလား"

" ဟို..."

" ဟုတ္ပါတယ္၊ မင္းက ငါ့သားပါ"

" မဟုတ္ဘူး၊ ကြၽန္ေတာ္က အန္တီ့သား မဟုတ္ဘူး၊ အန္တီ လူ မွားေနၿပီ၊ ဟားဟား ကြၽန္ေတာ္ သြားေတာ့မယ္"

စကၠကိုယ္တိုင္လည္း မ်က္ရည္စက္မ်ား က်လာေတာ့သည္။ သည္လို အေျခအေနႀကီးႏွင့္ အေမ့သား မျဖစ္ခ်င္ပါ။ စကၠ ေက်ာခိုင္းလိုက္ၿပီး အေမ့အနားမွ အျမန္ထြက္သြားဖို႔ ျပင္သည္။

" သားက အေမ့သားေလ၊ အေမ့ကို မမွတ္မိဘူးလား"

" မသိဘူး"

" သား အေမ့ကို စိတ္နာေနလို႔မလား၊ အေမ မွားခဲ့တာေတြကို အေမ ေတာင္းပန္ပါတယ္"

" ကြၽန္ေတာ္ စိတ္မနာခဲ့ပါဘူး၊ ဒါေပမဲ့ အေမေျပာခဲ့သလို ကြၽန္ေတာ္က ႐ြံစရာေကာင္းတဲ့ေကာင္ပါ၊ ကြၽန္ေတာ့္အေသြးအသားေတြက မသန္႔စင္ဘူး၊ ကြၽန္ေတာ့္ကို သားလို႔ မသတ္မွတ္ပါနဲ႔ေတာ့၊ အေမတန္ဖိုးထားတဲ့ဂုဏ္သိကၡာကို ကြၽန္ေတာ့္လိုလူက ဖ်က္ဆီးပစ္မဲ့လူပါ၊ အေမ သတ္မွတ္ထားသလို ကြၽန္ေတာ္ေရာ အေဖေရာက ေသသြားၿပီလို႔ သည္ကမာၻေပၚမွာ မရွိခဲ့တာလို႔ပဲ ဆက္ၿပီးသတ္မွတ္ထားလိုက္ပါ၊ အေမ့ဂုဏ္သိကၡာနဲ႔ အရွက္တရားအတြက္ ေျပာတာပါ၊ ကြၽန္ေတာ္ စိတ္နာလို႔ မဟုတ္ဘူး"

" ဟင့္အင္း ဟင့္အင္း မျဖစ္ႏိုင္ဘူး၊ သားရယ္ အေမ့ဆီ ျပန္လာပါ၊ မျဖစ္ႏိုင္ဘူး၊ ဘာလို႔ အေမ့သားက ေသရမွာလဲ၊ အေမ သားကို ေသသြားၿပီလို႔ မသတ္မွတ္ထားပါဘူး"

စကၠသည္ အေမ့အနားမွ အျမန္ဆုံး ထြက္သြားလိုက္သည္။ အေမကေတာ့ ေနရာမွာတင္ ငိုယိုၿပီး က်န္ခဲ့၏။

ေဟာေျပာပြဲအနား ျပန္ေရာက္ေတာ့ အစ္ကိုကလည္း သူ႔အနားကို ေျပးလာသည္။

" ေဟ်ာင့္ စကၠ မင္း ဘယ္ေတြေလွ်ာက္သြားေနတာလဲ၊ ငါ ၿပီးလို႔ မင္းကို လိုက္ရွာေနတာ၊ ဟင္ မင္း ငိုေနတာလား"

" ဟင့္အင္း"

" မ်က္လုံးေတြ ရဲေနလို႔ သည္မွာ လူရႈပ္တယ္၊ လာ ကားထဲ သြားရေအာင္"

ကားထဲေရာက္ေတာ့လည္း မႈိင္ေတြေနသည့္စကၠကို သူ နားမလည္ႏိုင္သလို ၾကည့္ေနမိသည္။

" အစ္ကို"

" ေျပာ ဘာေတြ ျဖစ္လာလဲ"

" အေမ သိသြားၿပီ"

" ဟမ္ ဘာကိုလဲ၊ မင္းတို႔သားအမိဆိုတာကိုလား"

" အင္း"

" မင့္အေဖကို သြားေတြ႕ၿပီး ေမးလိုက္တာ ထင္တယ္"

" မသိဘူး၊ မေန႔က အလုပ္သမားစာရင္းေတြ ေတာင္းတာ အဲ့တာ သိခ်င္လို႔ထင္တယ္"

" သိေတာ့လည္း သိေပါ့၊ ကိုယ့္သားကိုယ္ အျမင္ေစာင္းေနတာ၊ ေနာက္ဆုံးေတာ့ သိသြားတာပဲမလား"

စကၠက ေပ်ာ္ရမည့္ကိစၥကို ဝမ္းနည္းေနသည္ဆိုေတာ့ ဟန္လင္းညိဳလည္း စကၠကို နားမလည္ႏိုင္ ျဖစ္ရျပန္သည္။

" မင္းက ဘာျဖစ္ေနတာလဲ"

" ပတ္ဝန္းက်င္အျမင္မွာ ကြၽန္ေတာ္က အေမ့သားဆိုၿပီး အေမခ်ျပလို႔ ေကာင္းတဲ့ေကာင္ မဟုတ္ဘူး"

" စိတ္အားမငယ္ပါနဲ႔ စကၠရာ၊ မင္းေဘးမွာ ငါ ရွိပါတယ္ကြ"

" အစ္ကိုကလည္း အခ်ိန္တန္ရင္ ထားသြားမွာေလ"

သည္ေကာင္ေလးက ဘာေတြ ေလွ်ာက္ေတြးေနသည္ မသိ။ ဟိုဘက္ခုံကေန ဟန္လင္းညိဳ၏ခါးကို ကုန္းၿပီး လွမ္းဖက္လာသည္။ သူလည္း သည္ေကာင္ဆိုးေလးေၾကာင့္ ေပ်ာ္ရ၊ ဝမ္းနည္းရႏွင့္ စိတ္ခံစားမႈေပါင္းစုံ အၿမဲခံစားေနရသည္။

/~/

Note -  ေက်ာက္ကပ္ကင္ဆာကို ေအးကမာၻေဒါက္တာခ်စ္၏ဆီးႏွင့္ေက်ာက္ကပ္ေရာဂါမ်ားႏွင့္ အျခားေဆးေဆာင္းပါးမ်ားစာအုပ္မွ ေကာက္ႏုတ္ထားပါသည္။ ထို႔ေၾကာင့္ ေဒါက္တာဇြဲေကာင္းခ်စ္ကို ေလးစားစြာျဖင့္ Credit ေပးပါသည္။

______________

Olvasás folytatása

You'll Also Like

1.3M 130K 65
သင့်နှလုံးသားကို တမြေ့မြေ့ ခြွေယူသွားမယ့် ခြွေ.........။ သင့္ႏွလုံးသားကို တေျမ့ေျမ့ ေႁခြယူသြားမယ့္ ေႁခြ.........။
1M 60.2K 39
ခ်စ္​တယ္​ဆိုတဲ့ စကားလုံး​ေလး၂လုံးနဲ႔တင္​ လိမ္​ညာခဲ့သမ်ွမ်က္​လုံးမွိတ္​ယုံခ်စ္​တဲ့​ေကာင္​​ေလးနဲ႔ အမုန္​းကိုသာ​ေ႐ွ႕တန္​းတင္​ခဲ့တဲ့​ေကာင္​​ေလး၂​ေယာက္​ရဲ...
444K 33K 42
[Mini-story] Love has no pride!
385K 29K 25
You can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သွ်ားခြန္းသ & တံခြန္သစ္ From 8. 10. 2019 To 20. 4. 2020