(Unicode)
ညနေပိုင်းကျမှ မားဆီကို ပြန်မည်ဟု တွေးထား၍ မနက်ပိုင်း မောင်နှင့်အတူ Hotel ကို လိုက်လာခဲ့သည်။ Hotel ရောက်တော့ မောင့်သူငယ်ချင်းနှင့် တွေ့သည်။ ကိုကြီးစက္ကသည် အစကတည်းက သဘောကောင်းသူမို့ မောင့်ကို နားလည်လက်ခံပေးလိုက်ပြီ ထင်ပါရဲ့။ မောင့်လက်ကို ချိတ်ပြီး ဝင်လာသောသူ့ကို Hotel က လူတွေက ဝိုင်းကြည့်ကြသည်။ သို့ပေမဲ့ သည်လျှို့ဝှက်ချက်ကို အပြင်မပေါက်ကြားရလေအောင် ကိုကြီးစက္ကက ထိန်းပေးသည်။
မောင်က သီချင်းသွားဆိုလိုက်၊ နားလိုက်နှင့် နေခကတော့ မောင့်အနားမှာ မပြတ်ရှိနေသည်။
" မောင် သည်လောက် အသံကောင်းတာ၊ ဘာလို့ အဆိုတော်မလုပ်တာလဲ"
" သီချင်းပဲ ဆိုချင်တာ"
" အင်းလေ၊ အဲ့တာကြောင့် အဆိုတော်လုပ်လို့ ပြောတာပေါ့"
" အခုလည်း ဆိုနေတာပဲလေ"
" ဒါပေမဲ့ မောင့်မှာ သည်လောက် Fan များပြီး လူချစ်လူခင်ပေါနေတာ၊ အဆိုတော်လုပ်ရင် အောင်မြင်မှာ"
သူ့စကားကို မောင်က ဟက်ခနဲ ရယ်ချလိုက်သည်။
" ငါ မအောင်မြင်ချင်ဘူး"
" အွန်းပါ၊ ဒါဆိုလည်း သီချင်းမဆိုနဲ့တော့လေ၊ အခုဆိုနေတာတောင် လူသိများနေပြီ၊ ဒါမှမဟုတ် မောင် သည်လိုလုပ်"
မောင့်ဘက်ကို လှည့်လိုက်ပြီး မောင့်မျက်လုံးတွေကို သေချာကြည့်လိုက်သည်။ မောင်ကလည်း သူ ဘာပြောမလဲဆိုပြီး ပြန်စိုက်ကြည့်နေသည်။
" မောင်က သီချင်းဆိုချင်တာမလား၊ ရေချိုးခန်းထဲမှာဆို၊ မောင့်အသံရဲ့မူပိုင်ခွင့်ကို ငါ့ကို ရောင်းလိုက်၊ ငါ့ခွင့်ပြုချက်မရဘဲ public မှာ မောင် လုံးဝသီချင်းဆိုခွင့်မရှိဘူး"
သူ့အကြံကို လက်ခံလားဆိုသည့်သဘောနှင့် မောင့်ကို မျက်ခုံးပင့်ပြလိုက်တော့ သူ့မျက်လုံးများ စိုက်ကြည့်နေသော မောင့်နှုတ်ခမ်းတွေက ပြုံးချင်ချင်ဖြစ်သွား၏။ ထို့နောက် မောင်က သူ့ကို မျက်နှာလွှဲလိုက်သည်။ပြုံးချင်တာတောင် ချွေတာနေသောမောင်ပါလေ။
" ပေါက်ကရတွေ..."
" ဟာ...မောင်ကလည်း၊ အခု မောင်နဲ့ ငါ လုပ်ငန်းသဘောဆွေးနွေးနေတာ၊ ငါက အလုပ်ရှင်၊ မောင်က အလုပ်သမားဖြစ်သွားပြီ၊ ကဲ မောင် လက်ခံလား"
" လက်မခံဘူး"
" တကယ်လား"
" အင်း"
" ဟုတ်ပြီလေ၊ မောင် ခဏစောင့်"
ထိုအခါ နေခသည် မောင့်ရှေ့မှ ထထွက်လာလိုက်ပြီး ကိုကြီးစက္ကကို သွားရှာလိုက်၏။
စက္ကသည် ဆိုင်အပြင်မှာ ထိုင်နေတုန်း ဟန်လင်းညို၏ကားဝင်လာတာကို လှမ်းတွေ့လိုက်ရသည်။
" အဟက်...မနေနိုင်ဘဲနဲ့များ"
စက္ကလည်း ဟန်လင်းညိုလာသည့်ဘက်ကို မျက်နှာလွှဲထားလိုက်သည်။ အနားကို လာရပ်သောခြေတစ်စုံကို သတိထားမိပေမဲ့ မသိချင်ယောင်ဆောင်ထားလိုက်သည်။
" စက္က"
ဟန်လင်းညိုသည် သူ့အရှေ့မှာ ဝင်ထိုင်သည်။ ထို့နောက် သူ့မျက်နှာကို စိုက်ကြည့်နေတာ စက္ကသိပေမဲ့ ဆက်လျစ်လျူရှုထားလျက်။
" စက္က ဟိုနေ့က ကိစ္စအတွက် မင်းကို ငါ တောင်းပန်ပါတယ်ကွာ...တကယ်တော့ မင်းလည်း မှားတာပဲမလား၊ မင့်စိတ်ထဲ သူက အဆင်မပြေနေရင်တောင် သူ့ရှေ့မှာတော့ မပြောသင့်ဘူးလေ၊ ငါလည်း မျက်နှာပျက်ခဲ့ရတာပဲ"
" မသိဘူး၊ အဲ့တာ ခင်ဗျားတို့ကိစ္စ၊ သူ့ကိုပဲ သွားတောင်းပန်လိုက်ပါ"
မသိစိတ်က အရွဲ့တိုက်ချင်နေသည်ကလည်း မထိန်းချုပ်နိုင်။
" ဟို...မင်းကလည်းကွာ"
" ကိုကြီးစက္က ဟင် ဒေါက်တာ"
" နေခပါလား"
" အမ်"
ဤအခြေအနေကြောင့် စက္ကလည်း အံ့သြသွားသည်။ ညီလေးနှင့် သည်လူက သိနေတာလား။
" ဒေါက်တာ ဘယ်လိုလုပ် သည်ကို"
" ဟို...သည်လိုပဲ စက္ကဆီ လာတာ"
" ဪ"
" နေခကရော"
" ကျွန်တော်လည်း သူငယ်ချင်းဆီ လာတာ"
" ညီလေးက သူနဲ့သိတာလား"
" ဟုတ် ကိုကြီး၊ ဒေါက်တာက ကျွန်တော်တို့မိသားစုဒေါက်တာလေ"
" သည်နေရာမှာ ဒေါက်တာလို့ မခေါ်ပါနဲ့ကွာ၊ အစ်ကိုလို့ခေါ်လည်း ရပါတယ်"
" ဟုတ်ကဲ့"
သည်လူက မိသားစုဒေါက်တာဆိုတော့ မေမေတို့၊ ညီလေးတို့အနားမှာ အနီးကပ်ပြုစုစောင့်ရှောက်ရတာပေါ့။
" ညီလေး ထက်ခန့်ရော"
" ဟို...သူက အထဲမှာ ကိုကြီးကို ကျွန်တော် ပြောစရာရှိလို့"
" ဪ ညီလေး ထိုင်လေ"
ထိုအခါ နေခက ဟန်လင်းညိုဘေးသို့ ဝင်ထိုင်လိုက်သည်။
" ကိုကြီးကို ပြောရမှာ အားနာပေမဲ့ထက်ဦးခန့်ကိုလေ သည်ဆိုင်မှာ သီချင်းမဆိုခိုင်းပါနဲ့တော့လား၊ ကျွန်တော်က ထက်ဦးခန့်ရဲ့အသံကို မူပိုင်ခွင့်ဝယ်ချင်လို့ပါ"
" ဟေ"
စက္ကသည် ညီဖြစ်သူ၏စကားကြောင့် အနည်းငယ်အံ့အားသင့်သွားပြီးမှ ချက်ချင်းထရယ်မိသည်။ သူ့ညီပီသပါပေသည်။ သိပ်အတ္တကြီးတတ်တာပဲ။
" ဟားဟားဟား ညီလေးရယ်၊ ညီလေးလိုချင်ရင် ကိုကြီး ထက်ဦးခန့်တင် မကဘူး၊ သည် hotel ရော၊ bar ရော အကုန်ပေးမယ်၊ ထက်ခန့်ကို အလုပ်ဖြုတ်စေချင်တာလား၊ ရတယ်လေ၊ ကိုကြီးလည်း ထက်ခန့်ကို သည်အလုပ်တွေ ဆက်မလုပ်စေချင်ပါဘူး၊ ဆိုတော့ ညီလေး ကြိုက်တာစီမံပါဗျာ"
" ဟာ...တကယ်လား ကိုကြီး၊ အဲ့တာကြောင့် ကိုကြီးကို ကျွန်တော် အမြဲအားကိုးနေရတာ၊ ကျေးဇူးတင်ပါတယ် ကိုကြီး"
" အင်းပါ၊ အဲ့တာတွေ မလိုပါဘူး၊ ငါ့ညီလေး ပျော်ရင် ပြီးတာပဲ"
ပြေးပေတော့ မောင်ရေ။ နေခမင်းမြတ်တစ်ယောက်အပျော်လုံးစို့ပြီး စက္ကတို့အနားမှ ထွက်သွားသည်။
" စက္က "
" ဟင် ဪ ခင်ဗျား"
" မင်းတို့က ညီအစ်ကိုအရင်းတွေလား"
" ဟမ် အဟွတ်! အဟွတ်!"
" ငါ မေးတာဖြေ၊ မလိမ်နဲ့"
" ခင်ဗျား ဘာကြောင့် သည်လို တပ်အပ်ပြောတာလဲ"
" အန်တီမေခ စက္ကမင်းမြတ် နေခမင်းမြတ် နောက်တစ်ချက် မင်းတို့က တူတာရှိတယ်၊ မင်းရော သူရောက မင်းတို့အမေဆီက အတ္တတွေ အမွေရထားသလိုပဲ၊ တစ်ခုခုကို လိုချင်ရင် မရရအောင် ယူတတ်တယ်"
" ဟားဟား ခင်ဗျားစကားတွေက မှန်သင့်သလောက်မှန်ပေမဲ့ ဒါတူတာနဲ့တင် သားအမိဆိုပြီး တပ်အပ်မပြောနိုင်ဘူးလေ၊ နောက်ပြီး ကျွန်တော်တို့ အခြေအနေက သူတို့အနေအထားနဲ့ အဆင့်အတန်းအကွာကြီး"
" ဒါတင် မကသေးဘူး၊ မင်းအဖေနဲ့ ငါစကားပြောကြည့်ဖူးတယ်။ သူ့အိမ်ထောင်ရေးအကြောင်းကို ပြောပြဖူးတယ်၊ သူ့မိန်းမက ဆင်းရဲတဲ့ ဒဏ်ကို မခံနိုင်လို့ ဗိုက်တစ်လုံးနဲ့ ထွက်ပြေးခဲ့တယ်၊ မလိမ်နဲ့ စက္က၊ မင်း နေခနဲ့စကားပြောနေတဲ့အချိန် မင်းအသံတွေ အကြည့်တွေကလာတဲ့မေတ္တာဓာတ်ကို ဘေးက ငါတောင် ခံစားမိတယ်"
ဟန်လင်းညို၏စကားတွေက တိကျနေပြီမို့ သူ ဘာမှပြန်မပြောနိုင်အောင် တွေဝေမိ၏။ ညီလေးက သူ့လိုလူ၏ညီဆိုပြီး သူစိမ်းတွေရှေ့မှာ သိသာအောင် သူ နေခဲ့မိပြီလား။
" ဒေါ်မေခနဲ့ ငါ့အဖေနဲ့က သူငယ်ချင်းကွ၊ ငါ့အဖေပြောပြဖူးသလောက်ဆိုရင် ဒေါ်မေခက ယောကျ်ားနောက်ကို လိုက်ပြေးဖူးတယ်၊ မိဘတွေက အမွေဖြတ်လိုက်ရတဲ့အထိ၊ နောက်ပြီး အိမ်ပေါ် ကိုယ်ဝန်နဲ့ ပြန်တတ်လာခဲ့တယ်တဲ့၊ ငါ ဆရာဝန်ဖြစ်တော့ သူတို့မိသားစုရဲ့အနီးကပ်မိသားစုဒေါက်တာလုပ်ပေးရတယ်လေ၊ သူတို့အတွင်းရေးကို ငါ သိသင့်သလောက် သိတယ်"
" ကျွန်တော် တောင်းပန်ပါတယ် အစ်ကို၊ သည်ကိစ္စကို တခြားလူတွေဆီ အသိမပေးပါနဲ့၊ အမေနဲ့ ညီလေးကို တောင်မှပေါ့"
ဟန်လင်းညိုသည် စက္ကကို ကြည့်ပြီး သနားလာသည်။ သည်ကောင်လေးကို စစတွေ့ချင်းက ဂျစ်ကန်လေး၊အရွဲ့တိုက်တတ်သောကောင်လေးဟုသာ ထင်ခဲ့မိတာ။ ဘယ်သူထင်မလဲ။ စက္က၏အိမ်က မိသားစုသုံးယောက်ရိုက်ထားတဲ့ပုံကို သူ မြင်ခဲ့တာ။ စတွေ့တုန်းက ဒေါ်မေခနှင့် တူလိုက်တာဟု သူ တွေးမိခဲ့သည်။ စက္က၏အဖေကိုယ်တိုင် သူ့အိမ်ထောင်ရေးအကြောင်း ပြောပြတော့မှ သူ ဆက်စပ်မိခဲ့သည်။ အဖေ့ကို ပြန်မေးခဲ့ချိန် အဖေကလည်း ဒေါ်မေခ၏မိဘတွေအပေါ် လိမ်ခဲ့မှုကို ပြန်ပြောပြခဲ့သည်။
" စိတ်မပူနဲ့ စက္က၊ အန်တီက သူ့မိဘတွေအိမ်ပေါ်ပြန်တက်တော့ သူ့ယောကျ်ားက ဆုံးသွားပြီလို့ လိမ်ခဲ့တာ၊ နေခကိုလည်း တစ်ဦးတည်းသောသားပါလို့ လိမ်ခဲ့တာ"
" ဪ အမေ့ရဲ့မှတ်ဉာဏ်ထဲမှာ ကျွန်တော်တို့သားအဖက သေလူဖြစ်ခဲ့ပြီးပြီပေါ့၊ ညီလေးအတွက်ဆို ဘယ်တော့မှ မရှိခဲ့ဖူးတဲ့လူတွေလို့ သတ်မှတ်ခံရလေမလား"
" ငါ စိတ်မကောင်းပါဘူး စက္ကရာ..."
" ကျွန်တော့်ဘဝနဲ့ ကျွန်တော့်ကံပဲလေ"
အရှေ့မှာ ထိုင်နေရာကနေ စက္ကဘေးသို့ ဝင်ထိုင်လိုက်ပြီး ပခုံးကို ပုတ်ပေးလျက် အားပေးစကားဆိုလိုက်သည်။ သည်ကောင်လေးက ငယ်ငယ်ရွယ်ရွယ်နှင့် မိသားစု၏ရိုက်ခတ်ဒဏ်ကို အတော်ခံစားခဲ့ရပါလား။ ထို့ကြောင့် သည်ကောင်လေး လိုအပ်နေသောမေတ္တာတရားကို ပေးအပ်ပြီး စောင့်ရှောက်ပေးနိုင်အောင် သူ ကြိုးစားရမည်။
" ဒါနဲ့ မနက်ဖြန် ငါနဲ့ပဲခူးကို စိတ်ပြေလက်ပျောက် လိုက်ခဲ့ပါလား"
" အင်း"
" လိမ္မာတယ်၊ အဲ့သည့်လို လိမ္မာပါကွ၊ မလိမ္မာတဲ့ကလေးတွေဆို ငါက မချစ်ဘူး"
" ခင်ဗျားက ကျွန်တော့်ကို ကလေးတစ်ယောက်လို မြင်နေတာလား၊ ကျွန်တော်နည်းနည်းလေး အားနည်းပြလိုက်တာနဲ့ ခင်ဗျား ဆရာကြီးလုပ်တော့တာပဲ"
" ဟားဟား မင်းကလည်း နည်းနည်းလေးတောင် သနားဖို့ မကောင်းပါဘူးကွာ"
" အမှန်အတိုင်းပြောရရင် ကျွန်တော့်ရဲ့သည်လိုပုံစံကို ခင်ဗျားတစ်ယောက်တည်း မြင်ဖူးတာ၊ ထက်ခန့်တောင် မမြင်ဖူးဘူး၊ ထက်ခန့်ရဲ့အမြင်မှာ ကျွန်တော်က အရမ်းသန်မာပြခဲ့တာ၊ အားလုံးရဲ့ရှေ့မှာရော ထက်ခန့်ကို ကာကွယ်ပေးရင်း နှစ်သိမ့်ရင်းနဲ့ အချိန်တွေ ကုန်ခဲ့တာ၊ အဟက်...ရယ်ရတယ်"
ဘယ်လောက်တောင် မျိုသိပ်ပြီး နာကျင်နေခဲ့ရမလဲ။ သည်နာကျင်နေသည့်အဆိုးလေးက သူငယ်ချင်းကိုတောင် နှစ်သိမ့်ပေးခဲ့သည်တဲ့လား။ ကိုယ့်ကို ယုံကြည်ပြီး ကိုယ့်ရှေ့မှာ ခံစားချက်တွေ ဖွင့်ပြခဲ့သည်မို့ သူကလည်း စက္ကကို ပြန်နှစ်သိမ့်ပေးရလိမ့်မည်။
သို့ပေမဲ့ သူ မသိခဲ့တာက တချို့လူတွေဟာ မေတ္တာငတ်နေသည် မှန်သော်လည်း တစ်ဘဝစာလုံးအတွက်မဟုတ်လျှင် မပေးအပ်ခဲ့သင့်။
______________
(Zawgyi)
ညေနပိုင္းက်မွ မားဆီကို ျပန္မည္ဟု ေတြးထား၍ မနက္ပိုင္း ေမာင္ႏွင့္အတူ Hotel ကို လိုက္လာခဲ့သည္။ Hotel ေရာက္ေတာ့ ေမာင့္သူငယ္ခ်င္းႏွင့္ ေတြ႕သည္။ ကိုႀကီးစကၠသည္ အစကတည္းက သေဘာေကာင္းသူမို႔ ေမာင့္ကို နားလည္လက္ခံေပးလိုက္ၿပီ ထင္ပါရဲ႕။ ေမာင့္လက္ကို ခ်ိတ္ၿပီး ဝင္လာေသာသူ႔ကို Hotel က လူေတြက ဝိုင္းၾကည့္ၾကသည္။ သို႔ေပမဲ့ သည္လွ်ိဳ႕ဝွက္ခ်က္ကို အျပင္မေပါက္ၾကားရေလေအာင္ ကိုႀကီးစကၠက ထိန္းေပးသည္။
ေမာင္က သီခ်င္းသြားဆိုလိုက္၊ နားလိုက္ႏွင့္ ေနခကေတာ့ ေမာင့္အနားမွာ မျပတ္ရွိေနသည္။
" ေမာင္ သည္ေလာက္ အသံေကာင္းတာ၊ ဘာလို႔ အဆိုေတာ္မလုပ္တာလဲ"
" သီခ်င္းပဲ ဆိုခ်င္တာ"
" အင္းေလ၊ အဲ့တာေၾကာင့္ အဆိုေတာ္လုပ္လို႔ ေျပာတာေပါ့"
" အခုလည္း ဆိုေနတာပဲေလ"
" ဒါေပမဲ့ ေမာင့္မွာ သည္ေလာက္ Fan မ်ားၿပီး လူခ်စ္လူခင္ေပါေနတာ၊ အဆိုေတာ္လုပ္ရင္ ေအာင္ျမင္မွာ"
သူ႔စကားကို ေမာင္က ဟက္ခနဲ ရယ္ခ်လိုက္သည္။
" ငါ မေအာင္ျမင္ခ်င္ဘူး"
" အြန္းပါ၊ ဒါဆိုလည္း သီခ်င္းမဆိုနဲ႔ေတာ့ေလ၊ အခုဆိုေနတာေတာင္ လူသိမ်ားေနၿပီ၊ ဒါမွမဟုတ္ ေမာင္ သည္လိုလုပ္"
ေမာင့္ဘက္ကို လွည့္လိုက္ၿပီး ေမာင့္မ်က္လုံးေတြကို ေသခ်ာၾကည့္လိုက္သည္။ ေမာင္ကလည္း သူ ဘာေျပာမလဲဆိုၿပီး ျပန္စိုက္ၾကည့္ေနသည္။
" ေမာင္က သီခ်င္းဆိုခ်င္တာမလား၊ ေရခ်ိဳးခန္းထဲမွာဆို၊ ေမာင့္အသံရဲ႕မူပိုင္ခြင့္ကို ငါ့ကို ေရာင္းလိုက္၊ ငါ့ခြင့္ျပဳခ်က္မရဘဲ public မွာ ေမာင္ လုံးဝသီခ်င္းဆိုခြင့္မရွိဘူး"
သူ႔အႀကံကို လက္ခံလားဆိုသည့္သေဘာႏွင့္ ေမာင့္ကို မ်က္ခုံးပင့္ျပလိုက္ေတာ့ သူ႔မ်က္လုံးမ်ား စိုက္ၾကည့္ေနေသာ ေမာင့္ႏႈတ္ခမ္းေတြက ၿပဳံးခ်င္ခ်င္ျဖစ္သြား၏။ ထို႔ေနာက္ ေမာင္က သူ႔ကို မ်က္ႏွာလႊဲလိုက္သည္။ၿပဳံးခ်င္တာေတာင္ ေခြၽတာေနေသာေမာင္ပါေလ။
" ေပါက္ကရေတြ..."
" ဟာ...ေမာင္ကလည္း၊ အခု ေမာင္နဲ႔ ငါ လုပ္ငန္းသေဘာေဆြးေႏြးေနတာ၊ ငါက အလုပ္ရွင္၊ ေမာင္က အလုပ္သမားျဖစ္သြားၿပီ၊ ကဲ ေမာင္ လက္ခံလား"
" လက္မခံဘူး"
" တကယ္လား"
" အင္း"
" ဟုတ္ၿပီေလ၊ ေမာင္ ခဏေစာင့္"
ထိုအခါ ေနခသည္ ေမာင့္ေရွ႕မွ ထထြက္လာလိုက္ၿပီး ကိုႀကီးစကၠကို သြားရွာလိုက္၏။
စကၠသည္ ဆိုင္အျပင္မွာ ထိုင္ေနတုန္း ဟန္လင္းညိဳ၏ကားဝင္လာတာကို လွမ္းေတြ႕လိုက္ရသည္။
" အဟက္...မေနႏိုင္ဘဲနဲ႔မ်ား"
စကၠလည္း ဟန္လင္းညိဳလာသည့္ဘက္ကို မ်က္ႏွာလႊဲထားလိုက္သည္။ အနားကို လာရပ္ေသာေျခတစ္စုံကို သတိထားမိေပမဲ့ မသိခ်င္ေယာင္ေဆာင္ထားလိုက္သည္။
" စကၠ"
ဟန္လင္းညိဳသည္ သူ႔အေရွ႕မွာ ဝင္ထိုင္သည္။ ထို႔ေနာက္ သူ႔မ်က္ႏွာကို စိုက္ၾကည့္ေနတာ စကၠသိေပမဲ့ ဆက္လ်စ္လ်ဴရႈထားလ်က္။
" စကၠ ဟိုေန႔က ကိစၥအတြက္ မင္းကို ငါ ေတာင္းပန္ပါတယ္ကြာ...တကယ္ေတာ့ မင္းလည္း မွားတာပဲမလား၊ မင့္စိတ္ထဲ သူက အဆင္မေျပေနရင္ေတာင္ သူ႔ေရွ႕မွာေတာ့ မေျပာသင့္ဘူးေလ၊ ငါလည္း မ်က္ႏွာပ်က္ခဲ့ရတာပဲ"
" မသိဘူး၊ အဲ့တာ ခင္ဗ်ားတို႔ကိစၥ၊ သူ႔ကိုပဲ သြားေတာင္းပန္လိုက္ပါ"
မသိစိတ္က အ႐ြဲ႕တိုက္ခ်င္ေနသည္ကလည္း မထိန္းခ်ဳပ္ႏိုင္။
" ဟို...မင္းကလည္းကြာ"
" ကိုႀကီးစကၠ ဟင္ ေဒါက္တာ"
" ေနခပါလား"
" အမ္"
ဤအေျခအေနေၾကာင့္ စကၠလည္း အံ့ၾသသြားသည္။ ညီေလးႏွင့္ သည္လူက သိေနတာလား။
" ေဒါက္တာ ဘယ္လိုလုပ္ သည္ကို"
" ဟို...သည္လိုပဲ စကၠဆီ လာတာ"
" ဪ"
" ေနခကေရာ"
" ကြၽန္ေတာ္လည္း သူငယ္ခ်င္းဆီ လာတာ"
" ညီေလးက သူနဲ႔သိတာလား"
" ဟုတ္ ကိုႀကီး၊ ေဒါက္တာက ကြၽန္ေတာ္တို႔မိသားစုေဒါက္တာေလ"
" သည္ေနရာမွာ ေဒါက္တာလို႔ မေခၚပါနဲ႔ကြာ၊ အစ္ကိုလို႔ေခၚလည္း ရပါတယ္"
" ဟုတ္ကဲ့"
သည္လူက မိသားစုေဒါက္တာဆိုေတာ့ ေမေမတို႔၊ ညီေလးတို႔အနားမွာ အနီးကပ္ျပဳစုေစာင့္ေရွာက္ရတာေပါ့။
" ညီေလး ထက္ခန္႔ေရာ"
" ဟို...သူက အထဲမွာ ကိုႀကီးကို ကြၽန္ေတာ္ ေျပာစရာရွိလို႔"
" ဪ ညီေလး ထိုင္ေလ"
ထိုအခါ ေနခက ဟန္လင္းညိဳေဘးသို႔ ဝင္ထိုင္လိုက္သည္။
" ကိုႀကီးကို ေျပာရမွာ အားနာေပမဲ့ထက္ဦးခန္႔ကိုေလ သည္ဆိုင္မွာ သီခ်င္းမဆိုခိုင္းပါနဲ႔ေတာ့လား၊ ကြၽန္ေတာ္က ထက္ဦးခန္႔ရဲ႕အသံကို မူပိုင္ခြင့္ဝယ္ခ်င္လို႔ပါ"
" ေဟ"
စကၠသည္ ညီျဖစ္သူ၏စကားေၾကာင့္ အနည္းငယ္အံ့အားသင့္သြားၿပီးမွ ခ်က္ခ်င္းထရယ္မိသည္။ သူ႔ညီပီသပါေပသည္။ သိပ္အတၱႀကီးတတ္တာပဲ။
" ဟားဟားဟား ညီေလးရယ္၊ ညီေလးလိုခ်င္ရင္ ကိုႀကီး ထက္ဦးခန္႔တင္ မကဘူး၊ သည္ hotel ေရာ၊ bar ေရာ အကုန္ေပးမယ္၊ ထက္ခန္႔ကို အလုပ္ျဖဳတ္ေစခ်င္တာလား၊ ရတယ္ေလ၊ ကိုႀကီးလည္း ထက္ခန္႔ကို သည္အလုပ္ေတြ ဆက္မလုပ္ေစခ်င္ပါဘူး၊ ဆိုေတာ့ ညီေလး ႀကိဳက္တာစီမံပါဗ်ာ"
" ဟာ...တကယ္လား ကိုႀကီး၊ အဲ့တာေၾကာင့္ ကိုႀကီးကို ကြၽန္ေတာ္ အၿမဲအားကိုးေနရတာ၊ ေက်းဇူးတင္ပါတယ္ ကိုႀကီး"
" အင္းပါ၊ အဲ့တာေတြ မလိုပါဘူး၊ ငါ့ညီေလး ေပ်ာ္ရင္ ၿပီးတာပဲ"
ေျပးေပေတာ့ ေမာင္ေရ။ ေနခမင္းျမတ္တစ္ေယာက္အေပ်ာ္လုံးစို႔ၿပီး စကၠတို႔အနားမွ ထြက္သြားသည္။
" စကၠ "
" ဟင္ ဪ ခင္ဗ်ား"
" မင္းတို႔က ညီအစ္ကိုအရင္းေတြလား"
" ဟမ္ အဟြတ္! အဟြတ္!"
" ငါ ေမးတာေျဖ၊ မလိမ္နဲ႔"
" ခင္ဗ်ား ဘာေၾကာင့္ သည္လို တပ္အပ္ေျပာတာလဲ"
" အန္တီေမခ စကၠမင္းျမတ္ ေနခမင္းျမတ္ ေနာက္တစ္ခ်က္ မင္းတို႔က တူတာရွိတယ္၊ မင္းေရာ သူေရာက မင္းတို႔အေမဆီက အတၱေတြ အေမြရထားသလိုပဲ၊ တစ္ခုခုကို လိုခ်င္ရင္ မရရေအာင္ ယူတတ္တယ္"
" ဟားဟား ခင္ဗ်ားစကားေတြက မွန္သင့္သေလာက္မွန္ေပမဲ့ ဒါတူတာနဲ႔တင္ သားအမိဆိုၿပီး တပ္အပ္မေျပာႏိုင္ဘူးေလ၊ ေနာက္ၿပီး ကြၽန္ေတာ္တို႔ အေျခအေနက သူတို႔အေနအထားနဲ႔ အဆင့္အတန္းအကြာႀကီး"
" ဒါတင္ မကေသးဘူး၊ မင္းအေဖနဲ႔ ငါစကားေျပာၾကည့္ဖူးတယ္။ သူ႔အိမ္ေထာင္ေရးအေၾကာင္းကို ေျပာျပဖူးတယ္၊ သူ႔မိန္းမက ဆင္းရဲတဲ့ ဒဏ္ကို မခံႏိုင္လို႔ ဗိုက္တစ္လုံးနဲ႔ ထြက္ေျပးခဲ့တယ္၊ မလိမ္နဲ႔ စကၠ၊ မင္း ေနခနဲ႔စကားေျပာေနတဲ့အခ်ိန္ မင္းအသံေတြ အၾကည့္ေတြကလာတဲ့ေမတၱာဓာတ္ကို ေဘးက ငါေတာင္ ခံစားမိတယ္"
ဟန္လင္းညိဳ၏စကားေတြက တိက်ေနၿပီမို႔ သူ ဘာမွျပန္မေျပာႏိုင္ေအာင္ ေတြေဝမိ၏။ ညီေလးက သူ႔လိုလူ၏ညီဆိုၿပီး သူစိမ္းေတြေရွ႕မွာ သိသာေအာင္ သူ ေနခဲ့မိၿပီလား။
" ေဒၚေမခနဲ႔ ငါ့အေဖနဲ႔က သူငယ္ခ်င္းကြ၊ ငါ့အေဖေျပာျပဖူးသေလာက္ဆိုရင္ ေဒၚေမခက ေယာက်္ားေနာက္ကို လိုက္ေျပးဖူးတယ္၊ မိဘေတြက အေမြျဖတ္လိုက္ရတဲ့အထိ၊ ေနာက္ၿပီး အိမ္ေပၚ ကိုယ္ဝန္နဲ႔ ျပန္တတ္လာခဲ့တယ္တဲ့၊ ငါ ဆရာဝန္ျဖစ္ေတာ့ သူတို႔မိသားစုရဲ႕အနီးကပ္မိသားစုေဒါက္တာလုပ္ေပးရတယ္ေလ၊ သူတို႔အတြင္းေရးကို ငါ သိသင့္သေလာက္ သိတယ္"
" ကြၽန္ေတာ္ ေတာင္းပန္ပါတယ္ အစ္ကို၊ သည္ကိစၥကို တျခားလူေတြဆီ အသိမေပးပါနဲ႔၊ အေမနဲ႔ ညီေလးကို ေတာင္မွေပါ့"
ဟန္လင္းညိဳသည္ စကၠကို ၾကည့္ၿပီး သနားလာသည္။ သည္ေကာင္ေလးကို စစေတြ႕ခ်င္းက ဂ်စ္ကန္ေလး၊အ႐ြဲ႕တိုက္တတ္ေသာေကာင္ေလးဟုသာ ထင္ခဲ့မိတာ။ ဘယ္သူထင္မလဲ။ စကၠ၏အိမ္က မိသားစုသုံးေယာက္႐ိုက္ထားတဲ့ပုံကို သူ ျမင္ခဲ့တာ။ စေတြ႕တုန္းက ေဒၚေမခႏွင့္ တူလိုက္တာဟု သူ ေတြးမိခဲ့သည္။ စကၠ၏အေဖကိုယ္တိုင္ သူ႔အိမ္ေထာင္ေရးအေၾကာင္း ေျပာျပေတာ့မွ သူ ဆက္စပ္မိခဲ့သည္။ အေဖ့ကို ျပန္ေမးခဲ့ခ်ိန္ အေဖကလည္း ေဒၚေမခ၏မိဘေတြအေပၚ လိမ္ခဲ့မႈကို ျပန္ေျပာျပခဲ့သည္။
" စိတ္မပူနဲ႔ စကၠ၊ အန္တီက သူ႔မိဘေတြအိမ္ေပၚျပန္တက္ေတာ့ သူ႔ေယာက်္ားက ဆုံးသြားၿပီလို႔ လိမ္ခဲ့တာ၊ ေနခကိုလည္း တစ္ဦးတည္းေသာသားပါလို႔ လိမ္ခဲ့တာ"
" ဪ အေမ့ရဲ႕မွတ္ဉာဏ္ထဲမွာ ကြၽန္ေတာ္တို႔သားအဖက ေသလူျဖစ္ခဲ့ၿပီးၿပီေပါ့၊ ညီေလးအတြက္ဆို ဘယ္ေတာ့မွ မရွိခဲ့ဖူးတဲ့လူေတြလို႔ သတ္မွတ္ခံရေလမလား"
" ငါ စိတ္မေကာင္းပါဘူး စကၠရာ..."
" ကြၽန္ေတာ့္ဘဝနဲ႔ ကြၽန္ေတာ့္ကံပဲေလ"
အေရွ႕မွာ ထိုင္ေနရာကေန စကၠေဘးသို႔ ဝင္ထိုင္လိုက္ၿပီး ပခုံးကို ပုတ္ေပးလ်က္ အားေပးစကားဆိုလိုက္သည္။ သည္ေကာင္ေလးက ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ မိသားစု၏႐ိုက္ခတ္ဒဏ္ကို အေတာ္ခံစားခဲ့ရပါလား။ ထို႔ေၾကာင့္ သည္ေကာင္ေလး လိုအပ္ေနေသာေမတၱာတရားကို ေပးအပ္ၿပီး ေစာင့္ေရွာက္ေပးႏိုင္ေအာင္ သူ ႀကိဳးစားရမည္။
" ဒါနဲ႔ မနက္ျဖန္ ငါနဲ႔ပဲခူးကို စိတ္ေျပလက္ေပ်ာက္ လိုက္ခဲ့ပါလား"
" အင္း"
" လိမၼာတယ္၊ အဲ့သည့္လို လိမၼာပါကြ၊ မလိမၼာတဲ့ကေလးေတြဆို ငါက မခ်စ္ဘူး"
" ခင္ဗ်ားက ကြၽန္ေတာ့္ကို ကေလးတစ္ေယာက္လို ျမင္ေနတာလား၊ ကြၽန္ေတာ္နည္းနည္းေလး အားနည္းျပလိုက္တာနဲ႔ ခင္ဗ်ား ဆရာႀကီးလုပ္ေတာ့တာပဲ"
" ဟားဟား မင္းကလည္း နည္းနည္းေလးေတာင္ သနားဖို႔ မေကာင္းပါဘူးကြာ"
" အမွန္အတိုင္းေျပာရရင္ ကြၽန္ေတာ့္ရဲ႕သည္လိုပုံစံကို ခင္ဗ်ားတစ္ေယာက္တည္း ျမင္ဖူးတာ၊ ထက္ခန္႔ေတာင္ မျမင္ဖူးဘူး၊ ထက္ခန္႔ရဲ႕အျမင္မွာ ကြၽန္ေတာ္က အရမ္းသန္မာျပခဲ့တာ၊ အားလုံးရဲ႕ေရွ႕မွာေရာ ထက္ခန္႔ကို ကာကြယ္ေပးရင္း ႏွစ္သိမ့္ရင္းနဲ႔ အခ်ိန္ေတြ ကုန္ခဲ့တာ၊ အဟက္...ရယ္ရတယ္"
ဘယ္ေလာက္ေတာင္ မ်ိဳသိပ္ၿပီး နာက်င္ေနခဲ့ရမလဲ။ သည္နာက်င္ေနသည့္အဆိုးေလးက သူငယ္ခ်င္းကိုေတာင္ ႏွစ္သိမ့္ေပးခဲ့သည္တဲ့လား။ ကိုယ့္ကို ယုံၾကည္ၿပီး ကိုယ့္ေရွ႕မွာ ခံစားခ်က္ေတြ ဖြင့္ျပခဲ့သည္မို႔ သူကလည္း စကၠကို ျပန္ႏွစ္သိမ့္ေပးရလိမ့္မည္။
သို႔ေပမဲ့ သူ မသိခဲ့တာက တခ်ိဳ႕လူေတြဟာ ေမတၱာငတ္ေနသည္ မွန္ေသာ္လည္း တစ္ဘဝစာလုံးအတြက္မဟုတ္လွ်င္ မေပးအပ္ခဲ့သင့္။
______________