(Unicode)
နောက်နေ့ကျတော့ ဟန်လင်းညိုလည်း စိတ်ပြေသွားသည်။ စက္ကကို ပြောလိုက်မိတာ လွန်သွားပြီလားဟု ပြန်တွေးမိပေမဲ့ သူလည်း ကိုယ့်သူငယ်ချင်းရှေ့၌ ကိုယ့်ကို ရိုင်းသွားတာပဲဟု ခပ်ချဥ်ချဥ် ပြန်တွေးလိုက်သေးသည်။ သို့ပေမဲ့လည်း သူက လူကြီးတစ်ယောက်မလား။ အစစအရာရာ သူပဲ လျော့ပေးလိုက်တာ ကောင်းပါသည်။ နောက်ရက် ဆေးခန်းနားသည့်ရက်မှ စက္ကဆီ သွားပြီး လူရှေ့သူရှေ့ စကားပြောမရိုင်းသင့်ကြောင်း ဆုံးမပေးရဦးမည်။
" ဟယ်လို သား"
" ဟုတ် အမေ ပြောလေ"
" သား ဆေးခန်းပိတ်တဲ့နေ့တစ်ရက်လောက် အမေ့ကို အကူအညီတစ်ခုလောက်ပေးလို့ ရလား"
" အာ...ရတာပေါ့ အမေရဲ့"
" ပဲခူးမြို့က ဘိုးဘွားရိပ်သာမှာလေ ကင်ဆာရောဂါနဲ့ဆိုင်တဲ့ ဟောပြောပွဲလေးလုပ်ကြမှာ အဲ့သည့်မှာ သားကို နွယ့်အမေက လာစေချင်နေတာ"
" ဪ...ဟုတ်ကဲ့၊ ရပါတယ်"
" အေးအေး အဲ့တာဆို ကျေးဇူးပါ သားရယ်၊ သားကိုလည်း နွယ့်အမေက ပိုပြီး လေးစားတန်ဖိုးထားသွားတာပေါ့"
" ဟုတ်ကဲ့၊ သားသွားပေးပါ့မယ်"
နွယ့်အမေက တောင်းသည့်အကူအညီဆိုတော့ သူ့မှာ ငြင်းလို့လည်း မကောင်း၍ လက်ခံရတော့မည်။ ပိတ်ရက်လေး စက္ကဆီ သွားမလို့ တွေးထားပြီးခါမှကွာ။ သူ အကြံတစ်ခုရသွားသည်။ စက္ကကို မနက်ဖြန်ညနေ ဝင်ပြောပြီး ပိတ်ရက်ကျ ပဲခူးကို သူနှင့်အတူ ခေါ်သွားလိုက်မည်။ ထို့အပြင် သူလည်း တစ်ယောက်တည်းကားမောင်းစရာ မလိုတော့ဟု တွေးမိသည်။
/~/
မောင့်အခန်းမှာ နေနေတာ ၄ရက် ကျော်သွားပြီမို့ နေခလည်း အပြင်ထွက်ချင်လာသည်။ မောင်နှင့်အတူ ရုပ်ရှင်သွားကြည့်ချင်သည်။ လျှောက်သွားချင်သည်။
" မောင်"
မောင့်ရင်ခွင်ထဲကနေ ချွဲကြည့်သည်။
" ငါတို့ ရုပ်ရှင်သွားကြည့်ရအောင်လေ"
မောင်က သူ့ကိုယ်လုံးကို ရင်ခွင်ထဲထည့်ထားပြီး ငြိမ်သက်နေ၏။
" မောင် သိလား၊ ငါ ပျင်းလာပြီ"
" အင်း"
" တကယ်နော်"
" အင်း"
" ဒါဆို အခုပဲ သွားကြမယ်၊ အဝတ်အစားလဲ"
အဝတ်အစားလဲပြီး နှစ်ယောက်အတူ ရုပ်ရှင်ရုံသို့ သွားကြသည်။ ပိတ်ရက်မဟုတ်တော့ လူလည်း နည်းသည်။ အတွဲခုံလက်မှတ်ကို ယူလိုက်ပြီး အထဲကို ဝင်လိုက်တော့ အေးခနဲ။ ထို့ကြောင့် နေခလည်း မောင့်လက်မောင်းကို ဖက်ထားလိုက်သည်။
သရဲကားယူလိုက်သည်က နေခ၏အကြံ ဖြစ်သည်။ တစ်ချိန်လုံး ကြောက်တယ်ဆိုပြီး မောင့်ရင်ခွင်ထဲ ဝင်နေရမည်။ ကိုယ့်အကြံနှင့်ကိုယ်ကတော့ ဟုတ်နေတာပဲ။ ရုပ်ရှင်စမပြခင် အချိန်ထိပေါ့။
" အား!!!"
သရဲက ရုတ်တရက် ဘွားခနဲထွက်လာတော့ နေခသည် ထိတ်ခနဲလန့်သွားပေမဲ့ ဘေးက မောင့်အော်သံအကျယ်ကြီးကြောင့် ပိုတောင်လန့်သွားရသည်။ ကိုယ်တိုင်က ရုပ်ရှင်ရိုက်လာသည်မို့ ရုပ်ရှင်ကို ရုပ်ရှင်ဟုသာ မြင်သည်။ မကြောက်တတ်။ မောင့်ကို ကြည့်လိုက်တော့ စောနက အော်လိုက်တာ သူမဟုတ်သည့်အတိုင်း မျက်လုံးမှိတ်ထား၏။ အရှေ့မှလူတွေက မောင့်ကို လှည့်ကြည့်လာတော့ နေခ ရယ်လိုက်သည်။
" မောင် သရဲကြောက်တတ်တာလား"
နေခက မောင့်အနားသို့ ကပ်၍ တိုးတိုးလေးပြောလိုက်သောအခါ နေခဆီ မောင့်မျက်စောင်းက ဒိုင်းခနဲ ရောက်လာ၏။
" မကြောက်ဘူး"
" ဒါဆို ဘာလို့ မျက်လုံးကြီးမှိတ်ထားတာလဲ၊ ဖွင့်ကြည့်လေ"
နေခစကားကြောင့် မောင့်မျက်လုံးတွေ ဖွင့်လျက် ပြန်ကြည့်နေသည်။ နေခက ဘေးချင်းကပ်စိုက်ကြည့်နေတာ မြင်တော့ မောင်က ရုပ်ရှင်ကို ဆက်ကြည့်သည်။ သရဲပေါ်လာခါနီး တီးလုံးသံပေါ်လာတော့ မောင့်ကိုယ်လေးသည် မသိမသာတုန်လာတော့၏။
" အား!!"
" ဟားဟားဟား"
မောင်အော်တာကို ကြည့်ပြီး နေခရယ်လိုက်သည်။ မောင်ကတော့ အနည်းငယ်ရှက်သွားသည့်ပုံ ရသည်။
" လာပါ ထ၊ ပြန်ရအောင်၊ မကြည့်နဲ့တော့"
" မပြန်ဘူး"
" လာပါ မောင် မကြည့်ရဲဘဲနဲ့"
" ကြည့်ရဲတယ်"
" ဒါပေမဲ့ ငါ ကြောက်တယ်၊ မကြည့်ချင်တော့ဘူး၊ ပြန်ရအောင်"
မောင်က သူ့ကို မယုံသလိုပြန်ကြည့်လာပြီးမှ လက်ခံလိုက်သည်။ သူကတော့ တဟီးဟီးနှင့် မောင့်လက်ကို ဆုပ်ကိုင်ပြီး အပြင်သို့ ထွက်ခဲ့သည်။ မုန့်တွေ လှည့်ပတ်စားပြီးနောက် မိုးချုပ်မှ အခန်းကို အတူပြန်ခဲ့ကြသည်။
" မောင် ရေအတူချိုးရအောင် "
ရေပန်းအောက်မှာ မောင်က သူ့ခန္ဓာကိုယ်ကို အနောက်မှ ဖက်ထားသည်။ အဝတ်မရှိသည့် ခန္ဓာကိုယ်နှစ်ခု၏ပူးကပ်မှုကြောင့် နေခ၏ရင်တွေ တရစပ်ခုန်လှုပ်နေသည်။ဆပ်ပြာ၏မွှေးရနံ့နှင့်အတူ မောင့်အနမ်းများက နေခကျောပေါ်သို့ ပြန့်ကျဲလို့။ မောင်က နေခမရိပ်မိလေအောင် ခပ်ဖွဖွမြည်သော အနမ်းများကို ပေးသည်။ ထို့နောက် ခါးနားသို့ တစ်စုံတစ်ခု၏လာထောက်ခြင်းခံရသောအသိကြောင့် နေခ ပြုံးလိုက်သည်။
ထို့ကြောင့် မောင့်ရှေ့ကို လှည့်၍ ဒူးထောက်ထိုင်ချလိုက်ပြီး မောင့်ကို ငုံထွေး၍ ပြုစုမိသည်။
" အင်း..."
ပထမက တွန်းထုတ်ပေမဲ့ နောက်ကျတော့ ညည်းသံလေးတွေထွက်လာပြီး မောင်သည် နေခ၏အာခံတွင်းထဲသို့ ပို၍တိုးဝှေ့လာပါ၏။ အဆုံးသတ်၌ မောင့်အချစ်တွေက သူ့နှုတ်ခမ်းဝမှ ရင်ဘတ်ဆီသို့ စီးကျသွားပြီး ရေပန်းက ရေစက်လေးများဖြင့် သန့်ရှင်းပေးသည်။
" ချစ်တယ် မောင်"
မောင် အရင် ရေချိုးခန်းထဲမှ ထွက်သွားတော့ သူ့စိတ်တွေကိုလည်း သူဖြေလျော့မိသည်။ ရေချိုးပြီး ထွက်လာတော့ ပေါင်လောက်ရှိသောမောင့်အင်္ကျီအပွကြီးကို ယူဝတ်လိုက်ပြီးနောက် ခုတင်ပေါ်က မောင့်အနားကို သွားထိုင်လိုက်သည်။
" ဆံပင်တွေ ရေခြောက်အောင်သုတ်လေ"
" မောင် သုတ်ပေးပါ"
မောင်က တဘတ်ကို ယူလိုက်ပြီး နေခ၏ဆံပင်တွေကို သုတ်ပေးသည်။
" ဆံပင်ရှည်ထားရတာ ကြိုက်လို့လား"
" ဟင်"
မောင်ပြောလိုက်တော့ ကုပ်အထိ ဝဲကျနေသောသူ့ဆံပင်တွေကို သူ ပြန်ကိုင်ကြည့်လိုက်ပြီး။
" အင်း ကြိုက်တယ်၊ ငါ တန်ဖိုးထားရတဲ့သူ ကိုယ်တိုင်ထိန်းသိမ်းပြီး ပုံသွင်းပေးထားတာမို့ သည်ပုံလေးအတိုင်းပဲ ထားမိတာ၊ သူကလည်း ငါ့ကို သည်ဆံပင်နဲ့ လိုက်တယ်တဲ့"
" ဘယ်သူလဲ"
" ဪ...ငါ့အရင်က Stylist လေ၊ ဆုံးသွားတာတော့ ၅နှစ်ကျော်ပြီ၊ သူ ဆုံးပြီးကတည်းက ငါ့အနားမှာ ဘယ်သူ့ကိုမှ အလုပ်မလုပ်ခိုင်းတော့ဘူး"
" နွေဦးခန့်မလား၊ မင်း stylist က"
" ဟင် မောင် သိနေတယ်၊ ဟုတ်တယ် ဟုတ်တယ် သူပဲ၊ ငါ့ကိုဆို အရမ်းချစ်ပြီး အလိုလိုက်တာ"
" ဪ..."
နေခ၏ဆံပင်တွေကို ထိတွေ့နေသောမောင့်လက်တွေက ပိုကြမ်းလာတာကို နေခ သတိထားမိသည်။
" အာ့ မောင် ငါ့ဆံပင်တွေကို ဆွဲနှုတ်နေတာလား၊ နာလိုက်တာ"
" ဟမ် အင်း ဆောရီး"
" ရပါတယ်"
" အေးနေတာကို ဘာလို့ ပေါင်တိုလေးဝတ်ထားတာလဲ"
" မောင် ဖက်ထားရင် ငါ နွေးသွားမှာမို့"
မောင့်ရင်ခွင်ထဲတိုးဝှေ့တော့ မောင်က တင်းတင်းကျပ်ကျပ် ဖက်လိုက်ပြီး မလုံမလဲဖြစ်နေသောအောက်ပိုင်းကို သူ့ခြေထောက်အောက် ဆွဲသိမ်းလျက် နွေးထွေးစေသည်။ မောင်သည် ခြေထောက်တွေကိုပါ ဆွဲဖက်ထားတယ်လို့ ဆိုရမလား။
" မောင် ငါ မနက်ဖြန်တော့ ပြန်မှ ရမယ်နဲ့တူတယ်"
" ဟမ်..."
" ဟုတ်တယ် မောင်ရဲ့၊ မားက စိတ်ပူနေလိမ့်မယ်"
" သေချာလား"
" အွန်း"
" မင်း ပြန်သွားရင် မင်းအမေက ပြန်လွှတ်တော့မှာ မဟုတ်ဘူး"
" ဟင်...မောင် မားအကြောင်း ဘယ်လိုလုပ်သိ
မား၏စိတ်ဓာတ်ကို နေခအပြင် သိသည့်လူဦး တိုးလာပြီပဲ။
" စိတ်မပူနဲ့ မောင်၊ ငါ့စိတ်ကို ဘယ်သူမှ တားလို့ မရဘူး၊ မား အတင်းတားရင် ငါ သတ်သေပြလိုက်မှာ"
ထိုအခါ မောင့်မျက်လုံးတွေက ဝိုင်းစက်သွားပြီး သူ့ကို စိုးရိမ်တကြီး စိုက်ကြည့်လာသည်။ သူပြန်ကြည့်လိုက်တော့ မောင်က ကြည့်နေတုန်း။
" ဟားဟားဟား မောင်ရယ်၊ တုံးလိုက်တာ၊ တကယ် သတ်သေမလားလို့၊ မောင်နဲ့တောင် မပေါင်းရသေးဘူး၊ ငါက မင်းသားလေ၊ ဟဲဟဲ သရုပ်ဆောင်မှာပေါ့"
နေခရှင်းပြလိုက်မှ မောင်က စိတ်အေးသွားပုံရ၍ မျက်နှာလွှဲသွားသည်။
" ဒါပေမဲ့"
နေခပြောမဲ့စကားကို မောင် စိတ်ဝင်စားရဲ့လားဟု မောင့်ကို ပြန်ကြည့်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
" မောင်က မချစ်ဘူးဆိုရင်တော့ ငါ ပြန်မလာတော့ပါဘူး၊ မောင်နဲ့ဝေးဝေးမှာပဲ နေမှာပေါ့၊ အဲ့သည့်တော့ မောင်က ချစ်လားဟင်"
" ဉာဏ်မဆင်နဲ့"
မျက်နှာရိပ်မျက်နှာကဲနှင့် ပြောလိုက်သော နေခ၏စကားကို မောင်က တစ်ခွန်းတည်းပြန်တုံ့ပြန်လာသောကြောင့် နေခ၏မျက်နှာဟာ ရှုံ့မဲ့သွားတော့၏။ မောင်ဆိုသည့်လူသားသည် နေခ သူ့အနားက နည်းနည်းမှ မဝေးနိုင်သည်ကို နားလည်ထားပုံ ရသည်။ မောင် သူ့ကို ကြည့်မနေမှန်းသိပေမဲ့ နေခမျက်နှာကို စူပုတ်ထားမိတော့။
" ဟင် မောင် ရယ်လိုက်တာလား"
မောင်က သူ့မျက်နှာအမူအရာကို မျက်လုံးထောင့်က မြင်ပြီး ရယ်လိုက်တာကို သူ သေချာမြင်လိုက်သည်မို့။ နောက်ပြီး ခနဲ့ခြင်းကင်းသောရယ်ခြင်း။ တစ်စုံတစ်ခုကို သဘောကျ၍ ရယ်ခြင်းမျိုး။
" အိပ်တော့ နေခ"
" ဟွန့် မောင် ဝန်မခံရင် မအိပ်ဘူး"
ထိုင်ပြီး စူပုတ်နေသာသူ့ကို မောင်က သူ့အားကြီးနှင့် ဆွဲလှဲ၍ အိပ်စေသည်။
//သိလား မောင်။ မောင့်ကို ငါဘယ်တော့မှ ကျောခိုင်းပြီး မနေနိုင်ဘူး။ မောင့်ဘက်ကို လှည့်ပြီး မောင်နဲ့မျက်နှာချင်းဆိုင် နှစ်ယောက်အတူတူ အရာအားလုံးကို ကျောခိုင်းထားကြမယ်။ ငါလေ မောင် ထင်တာထက် မောင့်ကို အများကြီးပိုချစ်တယ်။//
_____________
(Zawgyi)
ေနာက္ေန႔က်ေတာ့ ဟန္လင္းညိဳလည္း စိတ္ေျပသြားသည္။ စကၠကို ေျပာလိုက္မိတာ လြန္သြားၿပီလားဟု ျပန္ေတြးမိေပမဲ့ သူလည္း ကိုယ့္သူငယ္ခ်င္းေရွ႕၌ ကိုယ့္ကို ႐ိုင္းသြားတာပဲဟု ခပ္ခ်ဥ္ခ်ဥ္ ျပန္ေတြးလိုက္ေသးသည္။ သို႔ေပမဲ့လည္း သူက လူႀကီးတစ္ေယာက္မလား။ အစစအရာရာ သူပဲ ေလ်ာ့ေပးလိုက္တာ ေကာင္းပါသည္။ ေနာက္ရက္ ေဆးခန္းနားသည့္ရက္မွ စကၠဆီ သြားၿပီး လူေရွ႕သူေရွ႕ စကားေျပာမ႐ိုင္းသင့္ေၾကာင္း ဆုံးမေပးရဦးမည္။
" ဟယ္လို သား"
" ဟုတ္ အေမ ေျပာေလ"
" သား ေဆးခန္းပိတ္တဲ့ေန႔တစ္ရက္ေလာက္ အေမ့ကို အကူအညီတစ္ခုေလာက္ေပးလို႔ ရလား"
" အာ...ရတာေပါ့ အေမရဲ႕"
" ပဲခူးၿမိဳ႕က ဘိုးဘြားရိပ္သာမွာေလ ကင္ဆာေရာဂါနဲ႔ဆိုင္တဲ့ ေဟာေျပာပြဲေလးလုပ္ၾကမွာ အဲ့သည့္မွာ သားကို ႏြယ့္အေမက လာေစခ်င္ေနတာ"
" ဪ...ဟုတ္ကဲ့၊ ရပါတယ္"
" ေအးေအး အဲ့တာဆို ေက်းဇူးပါ သားရယ္၊ သားကိုလည္း ႏြယ့္အေမက ပိုၿပီး ေလးစားတန္ဖိုးထားသြားတာေပါ့"
" ဟုတ္ကဲ့၊ သားသြားေပးပါ့မယ္"
ႏြယ့္အေမက ေတာင္းသည့္အကူအညီဆိုေတာ့ သူ႔မွာ ျငင္းလို႔လည္း မေကာင္း၍ လက္ခံရေတာ့မည္။ ပိတ္ရက္ေလး စကၠဆီ သြားမလို႔ ေတြးထားၿပီးခါမွကြာ။ သူ အႀကံတစ္ခုရသြားသည္။ စကၠကို မနက္ျဖန္ညေန ဝင္ေျပာၿပီး ပိတ္ရက္က် ပဲခူးကို သူႏွင့္အတူ ေခၚသြားလိုက္မည္။ ထို႔အျပင္ သူလည္း တစ္ေယာက္တည္းကားေမာင္းစရာ မလိုေတာ့ဟု ေတြးမိသည္။
/~/
ေမာင့္အခန္းမွာ ေနေနတာ ၄ရက္ ေက်ာ္သြားၿပီမို႔ ေနခလည္း အျပင္ထြက္ခ်င္လာသည္။ ေမာင္ႏွင့္အတူ ႐ုပ္ရွင္သြားၾကည့္ခ်င္သည္။ ေလွ်ာက္သြားခ်င္သည္။
" ေမာင္"
ေမာင့္ရင္ခြင္ထဲကေန ခြၽဲၾကည့္သည္။
" ငါတို႔ ႐ုပ္ရွင္သြားၾကည့္ရေအာင္ေလ"
ေမာင္က သူ႔ကိုယ္လုံးကို ရင္ခြင္ထဲထည့္ထားၿပီး ၿငိမ္သက္ေန၏။
" ေမာင္ သိလား၊ ငါ ပ်င္းလာၿပီ"
" အင္း"
" တကယ္ေနာ္"
" အင္း"
" ဒါဆို အခုပဲ သြားၾကမယ္၊ အဝတ္အစားလဲ"
အဝတ္အစားလဲၿပီး ႏွစ္ေယာက္အတူ ႐ုပ္ရွင္႐ုံသို႔ သြားၾကသည္။ ပိတ္ရက္မဟုတ္ေတာ့ လူလည္း နည္းသည္။ အတြဲခုံလက္မွတ္ကို ယူလိုက္ၿပီး အထဲကို ဝင္လိုက္ေတာ့ ေအးခနဲ။ ထို႔ေၾကာင့္ ေနခလည္း ေမာင့္လက္ေမာင္းကို ဖက္ထားလိုက္သည္။
သရဲကားယူလိုက္သည္က ေနခ၏အႀကံ ျဖစ္သည္။ တစ္ခ်ိန္လုံး ေၾကာက္တယ္ဆိုၿပီး ေမာင့္ရင္ခြင္ထဲ ဝင္ေနရမည္။ ကိုယ့္အႀကံႏွင့္ကိုယ္ကေတာ့ ဟုတ္ေနတာပဲ။ ႐ုပ္ရွင္စမျပခင္ အခ်ိန္ထိေပါ့။
" အား!!!"
သရဲက ႐ုတ္တရက္ ဘြားခနဲထြက္လာေတာ့ ေနခသည္ ထိတ္ခနဲလန္႔သြားေပမဲ့ ေဘးက ေမာင့္ေအာ္သံအက်ယ္ႀကီးေၾကာင့္ ပိုေတာင္လန္႔သြားရသည္။ ကိုယ္တိုင္က ႐ုပ္ရွင္႐ိုက္လာသည္မို႔ ႐ုပ္ရွင္ကို ႐ုပ္ရွင္ဟုသာ ျမင္သည္။ မေၾကာက္တတ္။ ေမာင့္ကို ၾကည့္လိုက္ေတာ့ ေစာနက ေအာ္လိုက္တာ သူမဟုတ္သည့္အတိုင္း မ်က္လုံးမွိတ္ထား၏။ အေရွ႕မွလူေတြက ေမာင့္ကို လွည့္ၾကည့္လာေတာ့ ေနခ ရယ္လိုက္သည္။
" ေမာင္ သရဲေၾကာက္တတ္တာလား"
ေနခက ေမာင့္အနားသို႔ ကပ္၍ တိုးတိုးေလးေျပာလိုက္ေသာအခါ ေနခဆီ ေမာင့္မ်က္ေစာင္းက ဒိုင္းခနဲ ေရာက္လာ၏။
" မေၾကာက္ဘူး"
" ဒါဆို ဘာလို႔ မ်က္လုံးႀကီးမွိတ္ထားတာလဲ၊ ဖြင့္ၾကည့္ေလ"
ေနခစကားေၾကာင့္ ေမာင့္မ်က္လုံးေတြ ဖြင့္လ်က္ ျပန္ၾကည့္ေနသည္။ ေနခက ေဘးခ်င္းကပ္စိုက္ၾကည့္ေနတာ ျမင္ေတာ့ ေမာင္က ႐ုပ္ရွင္ကို ဆက္ၾကည့္သည္။ သရဲေပၚလာခါနီး တီးလုံးသံေပၚလာေတာ့ ေမာင့္ကိုယ္ေလးသည္ မသိမသာတုန္လာေတာ့၏။
" အား!!"
" ဟားဟားဟား"
ေမာင္ေအာ္တာကို ၾကည့္ၿပီး ေနခရယ္လိုက္သည္။ ေမာင္ကေတာ့ အနည္းငယ္ရွက္သြားသည့္ပုံ ရသည္။
" လာပါ ထ၊ ျပန္ရေအာင္၊ မၾကည့္နဲ႔ေတာ့"
" မျပန္ဘူး"
" လာပါ ေမာင္ မၾကည့္ရဲဘဲနဲ႔"
" ၾကည့္ရဲတယ္"
" ဒါေပမဲ့ ငါ ေၾကာက္တယ္၊ မၾကည့္ခ်င္ေတာ့ဘူး၊ ျပန္ရေအာင္"
ေမာင္က သူ႔ကို မယုံသလိုျပန္ၾကည့္လာၿပီးမွ လက္ခံလိုက္သည္။ သူကေတာ့ တဟီးဟီးႏွင့္ ေမာင့္လက္ကို ဆုပ္ကိုင္ၿပီး အျပင္သို႔ ထြက္ခဲ့သည္။ မုန္႔ေတြ လွည့္ပတ္စားၿပီးေနာက္ မိုးခ်ဳပ္မွ အခန္းကို အတူျပန္ခဲ့ၾကသည္။
" ေမာင္ ေရအတူခ်ိဳးရေအာင္ "
ေရပန္းေအာက္မွာ ေမာင္က သူ႔ခႏၶာကိုယ္ကို အေနာက္မွ ဖက္ထားသည္။ အဝတ္မရွိသည့္ ခႏၶာကိုယ္ႏွစ္ခု၏ပူးကပ္မႈေၾကာင့္ ေနခ၏ရင္ေတြ တရစပ္ခုန္လႈပ္ေနသည္။ဆပ္ျပာ၏ေမႊးရနံ႔ႏွင့္အတူ ေမာင့္အနမ္းမ်ားက ေနခေက်ာေပၚသို႔ ျပန္႔က်ဲလို႔။ ေမာင္က ေနခမရိပ္မိေလေအာင္ ခပ္ဖြဖြျမည္ေသာ အနမ္းမ်ားကို ေပးသည္။ ထို႔ေနာက္ ခါးနားသို႔ တစ္စုံတစ္ခု၏လာေထာက္ျခင္းခံရေသာအသိေၾကာင့္ ေနခ ၿပဳံးလိုက္သည္။
ထို႔ေၾကာင့္ ေမာင့္ေရွ႕ကို လွည့္၍ ဒူးေထာက္ထိုင္ခ်လိုက္ၿပီး ေမာင့္ကို ငုံေထြး၍ ျပဳစုမိသည္။
" အင္း..."
ပထမက တြန္းထုတ္ေပမဲ့ ေနာက္က်ေတာ့ ညည္းသံေလးေတြထြက္လာၿပီး ေမာင္သည္ ေနခ၏အာခံတြင္းထဲသို႔ ပို၍တိုးေဝွ႔လာပါ၏။ အဆုံးသတ္၌ ေမာင့္အခ်စ္ေတြက သူ႔ႏႈတ္ခမ္းဝမွ ရင္ဘတ္ဆီသို႔ စီးက်သြားၿပီး ေရပန္းက ေရစက္ေလးမ်ားျဖင့္ သန္႔ရွင္းေပးသည္။
" ခ်စ္တယ္ ေမာင္"
ေမာင္ အရင္ ေရခ်ိဳးခန္းထဲမွ ထြက္သြားေတာ့ သူ႔စိတ္ေတြကိုလည္း သူေျဖေလ်ာ့မိသည္။ ေရခ်ိဳးၿပီး ထြက္လာေတာ့ ေပါင္ေလာက္ရွိေသာေမာင့္အက်ႌအပြႀကီးကို ယူဝတ္လိုက္ၿပီးေနာက္ ခုတင္ေပၚက ေမာင့္အနားကို သြားထိုင္လိုက္သည္။
" ဆံပင္ေတြ ေရေျခာက္ေအာင္သုတ္ေလ"
" ေမာင္ သုတ္ေပးပါ"
ေမာင္က တဘတ္ကို ယူလိုက္ၿပီး ေနခ၏ဆံပင္ေတြကို သုတ္ေပးသည္။
" ဆံပင္ရွည္ထားရတာ ႀကိဳက္လို႔လား"
" ဟင္"
ေမာင္ေျပာလိုက္ေတာ့ ကုပ္အထိ ဝဲက်ေနေသာသူ႔ဆံပင္ေတြကို သူ ျပန္ကိုင္ၾကည့္လိုက္ၿပီး။
" အင္း ႀကိဳက္တယ္၊ ငါ တန္ဖိုးထားရတဲ့သူ ကိုယ္တိုင္ထိန္းသိမ္းၿပီး ပုံသြင္းေပးထားတာမို႔ သည္ပုံေလးအတိုင္းပဲ ထားမိတာ၊ သူကလည္း ငါ့ကို သည္ဆံပင္နဲ႔ လိုက္တယ္တဲ့"
" ဘယ္သူလဲ"
" ဪ...ငါ့အရင္က Stylist ေလ၊ ဆုံးသြားတာေတာ့ ၅ႏွစ္ေက်ာ္ၿပီ၊ သူ ဆုံးၿပီးကတည္းက ငါ့အနားမွာ ဘယ္သူ႔ကိုမွ အလုပ္မလုပ္ခိုင္းေတာ့ဘူး"
" ေႏြဦးခန္႔မလား၊ မင္း stylist က"
" ဟင္ ေမာင္ သိေနတယ္၊ ဟုတ္တယ္ ဟုတ္တယ္ သူပဲ၊ ငါ့ကိုဆို အရမ္းခ်စ္ၿပီး အလိုလိုက္တာ"
" ဪ..."
ေနခ၏ဆံပင္ေတြကို ထိေတြ႕ေနေသာ ေမာင့္လက္ေတြက ပိုၾကမ္းလာတာကို ေနခ သတိထားမိသည္။
" အာ့ ေမာင္ ငါ့ဆံပင္ေတြကို ဆြဲႏႈတ္ေနတာလား၊ နာလိုက္တာ"
" ဟမ္ အင္း ေဆာရီး"
" ရပါတယ္"
" ေအးေနတာကို ဘာလို႔ ေပါင္တိုေလးဝတ္ထားတာလဲ"
" ေမာင္ ဖက္ထားရင္ ငါ ေႏြးသြားမွာမို႔"
ေမာင့္ရင္ခြင္ထဲတိုးေဝွ႔ေတာ့ ေမာင္က တင္းတင္းက်ပ္က်ပ္ ဖက္လိုက္ၿပီး မလုံမလဲျဖစ္ေနေသာေအာက္ပိုင္းကို သူ႔ေျခေထာက္ေအာက္ ဆြဲသိမ္းလ်က္ ေႏြးေထြးေစသည္။ ေမာင္သည္ ေျခေထာက္ေတြကိုပါ ဆြဲဖက္ထားတယ္လို႔ ဆိုရမလား။
" ေမာင္ ငါ မနက္ျဖန္ေတာ့ ျပန္မွ ရမယ္နဲ႔တူတယ္"
" ဟမ္..."
" ဟုတ္တယ္ ေမာင္ရဲ႕၊ မားက စိတ္ပူေနလိမ့္မယ္"
" ေသခ်ာလား"
" အြန္း"
" မင္း ျပန္သြားရင္ မင္းအေမက ျပန္လႊတ္ေတာ့မွာ မဟုတ္ဘူး"
" ဟင္...ေမာင္ မားအေၾကာင္း ဘယ္လိုလုပ္သိ
မား၏စိတ္ဓာတ္ကို ေနခအျပင္ သိသည့္လူဦး တိုးလာၿပီပဲ။
" စိတ္မပူနဲ႔ ေမာင္၊ ငါ့စိတ္ကို ဘယ္သူမွ တားလို႔ မရဘူး၊ မား အတင္းတားရင္ ငါ သတ္ေသျပလိုက္မွာ"
ထိုအခါ ေမာင့္မ်က္လုံးေတြက ဝိုင္းစက္သြားၿပီး သူ႔ကို စိုးရိမ္တႀကီး စိုက္ၾကည့္လာသည္။ သူျပန္ၾကည့္လိုက္ေတာ့ ေမာင္က ၾကည့္ေနတုန္း။
" ဟားဟားဟား ေမာင္ရယ္၊ တုံးလိုက္တာ၊ တကယ္ သတ္ေသမလားလို႔၊ ေမာင္နဲ႔ေတာင္ မေပါင္းရေသးဘူး၊ ငါက မင္းသားေလ၊ ဟဲဟဲ သ႐ုပ္ေဆာင္မွာေပါ့"
ေနခရွင္းျပလိုက္မွ ေမာင္က စိတ္ေအးသြားပုံရ၍ မ်က္ႏွာလႊဲသြားသည္။
" ဒါေပမဲ့"
ေနခေျပာမဲ့စကားကို ေမာင္ စိတ္ဝင္စားရဲ႕လားဟု ေမာင့္ကို ျပန္ၾကည့္လိုက္ၿပီးမွ ဆက္ေျပာလိုက္သည္။
" ေမာင္က မခ်စ္ဘူးဆိုရင္ေတာ့ ငါ ျပန္မလာေတာ့ပါဘူး၊ ေမာင္နဲ႔ေဝးေဝးမွာပဲ ေနမွာေပါ့၊ အဲ့သည့္ေတာ့ ေမာင္က ခ်စ္လားဟင္"
" ဉာဏ္မဆင္နဲ႔"
မ်က္ႏွာရိပ္မ်က္ႏွာကဲႏွင့္ ေျပာလိုက္ေသာ ေနခ၏စကားကို ေမာင္က တစ္ခြန္းတည္းျပန္တုံ႔ျပန္လာေသာေၾကာင့္ ေနခ၏မ်က္ႏွာဟာ ရႈံ႕မဲ့သြားေတာ့၏။ ေမာင္ဆိုသည့္လူသားသည္ ေနခ သူ႔အနားက နည္းနည္းမွ မေဝးႏိုင္သည္ကို နားလည္ထားပုံ ရသည္။ ေမာင္ သူ႔ကို ၾကည့္မေနမွန္းသိေပမဲ့ ေနခမ်က္ႏွာကို စူပုတ္ထားမိေတာ့။
" ဟင္ ေမာင္ ရယ္လိုက္တာလား"
ေမာင္က သူ႔မ်က္ႏွာအမူအရာကို မ်က္လုံးေထာင့္က ျမင္ၿပီး ရယ္လိုက္တာကို သူ ေသခ်ာျမင္လိုက္သည္မို႔။ ေနာက္ၿပီး ခနဲ႔ျခင္းကင္းေသာရယ္ျခင္း။ တစ္စုံတစ္ခုကို သေဘာက်၍ ရယ္ျခင္းမ်ိဳး။
" အိပ္ေတာ့ ေနခ"
" ဟြန္႔ ေမာင္ ဝန္မခံရင္ မအိပ္ဘူး"
ထိုင္ၿပီး စူပုတ္ေနသာသူ႔ကို ေမာင္က သူ႔အားႀကီးႏွင့္ ဆြဲလွဲ၍ အိပ္ေစသည္။
//သိလား ေမာင္။ ေမာင့္ကို ငါဘယ္ေတာ့မွ ေက်ာခိုင္းၿပီး မေနႏိုင္ဘူး။ ေမာင့္ဘက္ကို လွည့္ၿပီး ေမာင္နဲ႔မ်က္ႏွာခ်င္းဆိုင္ ႏွစ္ေယာက္အတူတူ အရာအားလုံးကို ေက်ာခိုင္းထားၾကမယ္။ ငါေလ ေမာင္ ထင္တာထက္ ေမာင့္ကို အမ်ားႀကီးပိုခ်စ္တယ္။//
_____________