(Unicode)
စက္ကမင်းမြတ်သည် ရှော့ပင်းစင်တာထဲ၌ အရှေ့က သူဌေးသားနောက်ကိုလိုက်၍ အထုပ်ဆွဲပေးနေရပြီး ကြာတော့ လက်အံသေလာသည်။
" ခင်ဗျား ဝယ်လို့ မပြီးသေးဘူးလား၊ သည်မှာ အထုပ်တွေလည်း အများကြီး နည်းနည်းပါးပါး ကူသယ်ပေးပါဦး"
" ဒါတွေက မင်းအတွက် ဝယ်တာလေ၊ မင်း သယ်ရမှာပေါ့"
" ခင်ဗျားကို ကျွန်တော် ဝယ်ခိုင်းလား"
" စက္က လူမြင်ကွင်းကြီးမှာ မရိုင်းစမ်းနဲ့"
" ရပါတယ်၊ ခင်ဗျားက ပိုက်ဆံပေါလို့ ဝယ်ပေးတာဆိုတော့လည်း လက်ခံပေးရမှာပေါ့"
" မဝယ်ပေးပါဘူး၊ ဒါတွေ မင်း ပြန်ရှင်းရမှာ"
" ဘာ ခင်ဗျား!"
ဟန်လင်းညိုကို စက္ကမင်းမြတ်လည်း အတော်စိတ်ရှုပ်နေပြီ။ ဘုရားသခင်က သည်လူ့ကို သူ့ဆီ ဒုက္ခပေးဖို့များ စေလွှတ်လိုက်လေသလား။
" သည်လို hotel တစ်ခုလုံးကို ဦးစီးပြီး လမ်းသရဲပုံစံဝတ်နေလို့ မင်းကို ဘယ်သူက လေးစားမလဲ၊ ဝတ်ပုံစားပုံ သေသေသပ်သပ်ဝတ်စမ်းပါကွ၊ ငါ ဝယ်ပေးလိုက်တာတွေ ဝတ်နော်၊ သိမ်းမထားနဲ့၊ နောက်နေ့ ငါ လာရင် မင်းကို အဲ့အဝတ်အစားတွေနဲ့ မြင်ချင်တယ်"
" သည်မှာ ခင်ဗျား အရမ်းအားနေတာလား၊ ဘာလဲ၊ ဆေးမှားကုပြီး ဆရာဝန်လိုင်စင်ပြန်သိမ်းခံရလို့ ကျွန်တော့်ကို ဆရာကြီးလာလုပ်နေတာလား"
" ဟားဟား အေးပါ၊ မင်း ပြောချင်ရာသာပြော၊ မင်းက လူငယ်လေးမို့ ငါ ခွင့်လွှတ်တယ်"
ဟန်လင်းညိုက ပြုံးလျက်သာရှိနေသည်မို့ စက္ကမှာ ပိုခံပြင်းရသည်။ မျက်မှန်အောက်ရှိ မျက်လုံးတွေကလည်း ပြုံးလျက် ရှိ၏။
" ဟယ်...ကိုကိုပါလား"
" နွယ်"
သူတို့အနားရောက်လာသောမြန်မာဆန်ဆန်မိန်းကလေးက ဟန်လင်းညို၏လက်မောင်းကို ပြေးဖက်သည်။ သည်လူ့မှာ ချစ်သူရှိတာလားဟု စက္က အံ့သြရပြန်သည်။ အင်းပေါ့လေ။ အသက်ကဖြင့် ဖင်စောင့်နေပြီမို့ ချစ်သူတောင်မရှိဘူးဆိုလျှင် ရှက်စရာမလား။
" စက္က မိတ်ဆက်ပေးရဦးမယ်၊ သူက မိုးသားနွယ်တဲ့"
" အင်း သူက"
နာမည်သာ မိတ်ဆက်ပေးပြီး ပတ်သက်မှုကို ထပ်ဖြည့်မပြောပြတော့ စက္ကလည်း ထပ်မေးလိုက်သည်။
" ဟို သူက ငါနဲ့"
" နွယ်က ကိုကို့ရဲ့ဇနီးလောင်းပါ၊ တွေ့ရတာ ဝမ်းသာပါတယ် အစ်ကိုစက္က"
" ဟုတ်ကဲ့၊ မိုးသားနွယ်နဲ့ ဆုံရတာတော့ ဝမ်းသာပါတယ်၊ ဒါပေမဲ့ မင်းဘေးက လူနဲ့ ဆုံခွင့်ရတာတော့ ကျွန်တော် ဝမ်းမသာဘူး၊ ကျွန်တော့်ကို ခွင့်ပြုပါဦး"
" ဪ ဟုတ် ဟုတ်ကဲ့"
မိုးသားနွယ်ကို ပြုံးပြပြီး အရှေ့က လူအား မျက်စောင်းထိုး၍ ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။
" ကိုကို သူက တစ်မျိုးပဲနော်၊ ကိုကို့ကို အမြင်မကြည်တာလား၊ နွယ့်ကို အမြင်မကြည်တာလား မသိဘူး"
" သူက အဲ့သည့်လိုပဲ၊ အစ်ကို့ကို ဆိုးသွမ်းနေကျ၊ နွယ် စိတ်ထဲမထားနဲ့၊ နွယ်တစ်ယောက်တည်း လာတာလား"
" မဟုတ်ဘူး၊ ဟိုမှာ သူငယ်ချင်းတွေနဲ့"
" ဪ အဲ့တာဆို အစ်ကို သူနဲ့ ပြန်လိုက်တော့မယ်နော်"
" ဟုတ်ကဲ့ ကိုကို"
နွယ့်ကို ပြုံးပြနှုတ်ဆက်ပြီး စက္ကကို ပြန်လိုက်ရှာရပြန်သည်။
" ဟေ့ စက္က"
စက္ကက အတော်လှမ်းလှမ်း ရောက်နေရာကနေ သူ့အသံကြားတော့ ပြန်လှည့်ကြည့်သည်။ အနားကို လျှောက်သွားလိုက်တော့...
" ခင်ဗျား မိုးသားနွယ်နဲ့ လိုက်မသွားဘူးလား"
" ဟင့်အင်း၊ ဘာလို့ လိုက်ရမှာလဲ၊ ငါက မင်းနဲ့ လာတာလေ"
"ဪ အဲ့တာဆိုလည်း ပြန်ကြရအောင်"
" အင်း"
ကားပေါ်ရောက်တော့မှ သူ အမောပြေသည်။ တစ်လျှောက်လုံး အထုပ်တွေ ဆွဲထားရ၍ သူ့လက်မောင်းတွေလည်း ညောင်းနေ၏။ ကားမောင်းနေသော ထိုလူကတော့ ပြုံးပြုံးရွှင်ရွှင်။
" ခင်ဗျားမှာ ရည်းစားရှိလိမ့်မယ်လို့ မထင်ထားဘူး"
" ရည်းစားမဟုတ်ပါဘူး"
" ဟင်...ခင်ဗျားရဲ့ ဇနီးလောင်းဆို"
" ဇနီးလောင်းဆိုတာ ဟုတ်တယ်လေ၊ အမေတို့ စီစဥ်ပေးထားတာ၊ ရည်းစားဆိုတာမျိုးလည်း မဟုတ်ဘူး၊ ငါ ဘယ်လို ပြောရမလဲကွာ၊ မပြောတတ်ဘူး"
" ဪ...ကျွန်တော်နားလည်ပြီ၊ ခင်ဗျား သူ့ကို မချစ်ဘူးပေါ့"
စက္ကက မေးလိုက်တော့ ဟန်လင်းညိုသည် သူ့ကို ဘာမှပြန်မဖြေဘဲ ညိမ်နေလေ၏။ စက္ကပြောတာ မှန်နေသည့်သဘော။
" မချစ်ဘဲနဲ့များဗျာ၊ လက်ထပ်နေသေးတယ်၊ ကိုယ် ချစ်တဲ့သူကိုပဲ လက်ထပ်ပေါ့၊ တစ်ဖက်မိန်းကလေးလည်း နစ်နာမှာပေါ့"
" ငါက မငယ်တော့ဘူး စက္က၊ လက်ထပ်သင့်တယ်လို့ထင်တဲ့လူကို လက်ထပ်တာ"
" ခင်ဗျားက မိန်းမတစ်ယောက်ကို ယူတာ တွက်ချက်ကြီးနဲ့ဗျာ့၊ ခင်ဗျား တစ်ချိန်လက်ထပ်ချင်တဲ့လူ မပေါ်လာဘူးလို့ ခင်ဗျား အတပ်ပြောနိုင်လား"
" စက္က ငါက အဲ့သည့်လို လူမျိုးမဟုတ်ဘူး၊ အိမ်ထောင်တစ်ခုကို တည်ဆောက်ပြီးရင်တော့ အပျက်ခံမှာမဟုတ်ဘူး၊ ငါ့အိမ်ထောင်ဖက်အပေါ် ငါသစ္စာရှိမှာ၊ ငါက နှလုံးသားထက်ဦးနှောက်ကို ဦ်းစားပေးနိုင်တဲ့လူမျိုးမို့ ငါ မလုပ်သင့်တာကို ငါ မလုပ်ဘူး"
" ခင်ဗျားက ဘုရားဖြစ်မဲ့အုတ်နီခဲလား၊ နည်းနည်းလေးတောင် မခိုးစားတော့ဘူးပေါ့"
" စက္က ခင်ဗျား ခင်ဗျားနဲ့ အစ်ကိုလို့ ယဥ်ယဥ်ကျေးကျေးခေါ်စမ်း"
" ဟုတ်ပါပြီ အစ်ကို"
" သည်လိုမှပေါ့ကွ"
ပြုံးနေသည့်သူ့ကို ကြည့်ပြီး စက္က ဟက်ခနဲ ရယ်ချလိုက်သည်။ အစ်ကို သိပ်ဖြစ်ချင်နေသည့်ပုံပဲ။
// တစ်ချိန် ခင်ဗျားချစ်ရမဲ့လူ မပေါ်လာဘူးလို့ ခင်ဗျား မပြောနိုင်ပါဘူး၊ အဲ့သည့်အချိန်ကျမှ စက္ကရေ ကယ်ပါဦးလို့ ဆရာလာတင်ကြည့် ချေချပစ်ဦးမှာ//
စက္ကကို hotel ရှေ့အထိ လိုက်ပို့ပေးပြီး သူကတော့ သူ့နေရာသူ ပြန်သွားသည်။ ဆိုင်ရှေ့ရောက်တော့ လူစုလူဝေးတစ်ခုကြောင့် ထက်ဦးခန့်ဆီ ဖုန်းဆက်ရပြန်သည်။
" ဟယ်လို ထက်ခန့်"
" အေး"
" ဒီနေ့မလာနဲ့တော့လို့ ပြောမလို့၊ အခြေအနေတွေက မဟန်ဘူး၊ Bar ရှေ့မှာတောင် ယောက်ယက်ခတ်နေတာပဲ"
" ငါလည်း မလာတော့ဘူးလို့ မင်းကို ပြောမလို့ပဲ"
" အေး ကောင်းတယ်၊ တစ်ပတ်လောက် ပျောက်နေကွာ"
" အင်း ဒါပဲ"
ပုံတစ်ပုံ၏ဂယက်က အတော်ဆိုးသည်။ ဆိုင်အရှေ့ထိ လာပြီး သတင်းယူဖို့ ထိုင်စောင့်နေကြသည့် Media တွေတောင် ရှိသေးသည်။ စက္ကလည်း မျက်စောင်းတထိုးထိုးနှင့်သာ hotel ထဲသို့ ဝင်သွားလိုက်သည်။
/~/
ဖုန်းသုံးနေသော နေခရှေ့သို့ မောင်က အသုပ်ပန်းကန် လာချပေးသည်။ နေခ လှမ်းကြည့်လိုက်တော့ ပုစွန်ချဥ်တွေ။
" ဟယ် မောင် ဒါ ငါ ကြိုက်တယ်"
ထို့အပြင် အနားကို ဘီယာဘူးတွေရော၊အာလူးကြော်တွေပါ ထပ်လာချပေးသည်။
" သောက်ရအောင်"
" အင်း ကောင်းတာပေါ့ မောင်"
ဘီယာဘူးတွေ မြင်တော့ နေခလည်း အကြံတစ်ခု ရသွားသည်။
" မောင် ငါတို့ သည်အတိုင်း သောက်ရင် ပျင်းစရာကြီး၊ ဂိမ်းတစ်ခုလောက် ကစားရအောင်"
မောင်က ဘာမှပြန်မပြောဘဲ ငြိမ်နေသည်မို့ လက်ခံသည်ဟု ယူဆလိုက်သည်။
" တစ်ယောက်နဲ့တစ်ယောက် မေးခွန်းတစ်ခု မေးမယ်၊ မဖြေနိုင်ရင် တစ်ခွက်သောက်ရမယ်"
" အင်း"
" ကောင်းပြီ၊ မောင့်ကို ဦးစားပေးမယ်၊ မောင် အရင်မေး"
" ငါ့ကို သိလား"
" ဟမ်...ဟားဟား မောင်ရယ်၊ သိတာပေါ့၊ ငါ့ချစ်သူလေ၊ မောင်ကလည်း ဘယ်လို မေးခွန်းကြီးလဲ"
" အဲ့သည့်လို မဟုတ်ဘူး"
" တော်ပြီ မောင်၊ တစ်ခုပဲ၊ ငါ့အလှည့်၊ အင်း မောင် ငါ့ကို ချစ်လား"
အမေးချင်ဆုံးမေးခွန်းမို့ အရင်မေးလိုက်သည်။ သို့ပေမဲ့ မောင်သည် အရှေ့က ခွက်ကို ကောက်မော့ချလိုက်သည်မို့ နေခ စိတ်ညစ်သွားမိသည်။
" ရပါတယ် မောင် မဖြေချင်လည်း၊ မောင့်အလှည့် မောင် မေးတော့"
" ငါက မင်းကို ဘယ်အတိုင်းအတာအထိ ရိုက်ချနိုင်တဲ့လူလဲဆိုတာ သိလား"
" သိပါတယ်၊ မောင့်ရင်ခွင်ကိုပဲ ကမ္ဘာထင်ပြီး ရှင်သန်နေတဲ့လူမို့ မောင်ကသာ နေရာမပေးတော့ရင် ငါ ပြိုပျက်သွားမှာ"
အချစ်မခံရလည်း နေပါ။ ငါ့ကမ္ဘာလေးထဲမှာ ငါနေခွင့်ရရင် တော်ပါပြီလို့ မောင့်ကို မပြောတော့ပါ။
" ကဲ ငါ့အလှည့်၊ မောင် ဘာလို့ ငါ မသိအောင် ခိုးခိုးနမ်းတာလဲ"
" ဟော...သည်တစ်ခါလည်း မဖြေဘူး၊ သောက်ပြန်ပြီ၊ အင်းပါ၊ မောင် ငါ့ကို ရှက်တတ်တာ ငါ မေ့သွားတယ်"
" မင်းအမေနဲ့ ငါ့ကိုဆို ဘယ်သူ့ကို ရွေးမလဲ"
" မောင်ချည်းပဲ သောက်နေရတာ မတရားဘူး၊ ငါလည်း သည်တစ်ခါ သောက်မယ်၊ ဒါပေမဲ့ ငါ သည်ဘီယာ မသောက်ချင်ဘူး၊ ငါ့ကို သည်ဘီယာထက် ပိုမူးရစ်စေမဲ့အရာက မောင့်အပြင် တခြားအရာမရှိနိုင်တာမို့ ငါ မဖြေတဲ့အဖြေအတွက် မောင့်ကို နမ်းမယ်"
မောင့်အရှေ့ကို တိုးကပ်လိုက်ပြီး မောင့်မျက်နှာကို လက်နှစ်ဖက်နှင့် ဖမ်းကိုင်၍ မောင့်နှုတ်ခမ်းသားတွေကို စုပ်ယူနမ်းရှိုက်လိုက်သည်။ မောင့်နှုတ်ခမ်းသားတွေနှင့် ဘီယာအရသာပေါင်းလိုက်တော့ ခါးသက်သက်မဆန်ဘဲ နေခအတွက်တော့ ချိုမြိန်၏။
" ဟုတ်ပြီ၊ ငါ့အလှည့်၊ ငါ အခုနမ်းလိုက်တာ မောင့်ကို ရင်ခုန်စေသလားဟင်"
ထိုအခါလည်း မောင်က နောက်တစ်ခွက်မော့သောက်လိုက်ပြန်ပြီမို့ နေခ စိတ်ဓာတ်ကျသွားသည်။
" ပရိသတ်နဲ့ ငါနဲ့ ဆိုရင်ရော"
" သေချာပေါက် မောင်လေ၊ ငါ့မှာ ဘာမှ မရှိရင်တောင် မောင် မရှိလို့ မရဘူး၊ ငါ့နှုတ်ခမ်းသားတွေက ချိုလား"
" သောက်လိုက်ဦး တစ်ခွက်၊ မဖြေဘူးမလား"
" ချိုတယ်"
" ဟောတော်၊ မောင်က သည်တစ်ခါ ပြန်ဖြေတယ်"
" ဘာလို့ ငါ့မိသားစုအကြောင်း နည်းနည်းမှ မမေးတာလဲ"
" စိတ်မဝင်စားလို့၊ မောင်က လွဲပြီး ငါဘာမှစိတ်မဝင်စားဘူး၊ မောင့်ထက် ဘယ်အရာကမှ ငါ့နေရာမှာ ဘောင်မဝင်ခဲ့ဘူး၊ မောင်က ငါ မငြီးငွေ့နိုင်တဲ့သင်ခန်းစာပဲ"
" အင်း "
အမေးအဖြေပြိုင်ပွဲလေးမှာ နေခက တစ်ခွက်မှ မသောက်လိုက်ရပေမဲ့ မောင်ကတော့ မူးပြီး မှောက်သွားသည်။ သည်လို အခွင့်အရေးကို စောင့်နေသည်မို့ နေခ ပြုံးလိုက်သည်။
// မရိုးသားနိုင်တဲ့လူက ရှုံးရတာပဲမောင်//
____________
(Zawgyi)
စကၠမင္းျမတ္သည္ ေရွာ့ပင္းစင္တာထဲ၌ အေရွ႕က သူေဌးသားေနာက္ကိုလိုက္၍ အထုပ္ဆြဲေပးေနရၿပီး ၾကာေတာ့ လက္အံေသလာသည္။
" ခင္ဗ်ား ဝယ္လို႔ မၿပီးေသးဘူးလား၊ သည္မွာ အထုပ္ေတြလည္း အမ်ားႀကီး နည္းနည္းပါးပါး ကူသယ္ေပးပါဦး"
" ဒါေတြက မင္းအတြက္ ဝယ္တာေလ၊ မင္း သယ္ရမွာေပါ့"
" ခင္ဗ်ားကို ကြၽန္ေတာ္ ဝယ္ခိုင္းလား"
" စကၠ လူျမင္ကြင္းႀကီးမွာ မ႐ိုင္းစမ္းနဲ႔"
" ရပါတယ္၊ ခင္ဗ်ားက ပိုက္ဆံေပါလို႔ ဝယ္ေပးတာဆိုေတာ့လည္း လက္ခံေပးရမွာေပါ့"
" မဝယ္ေပးပါဘူး၊ ဒါေတြ မင္း ျပန္ရွင္းရမွာ"
" ဘာ ခင္ဗ်ား!"
ဟန္လင္းညိဳကို စကၠမင္းျမတ္လည္း အေတာ္စိတ္ရႈပ္ေနၿပီ။ ဘုရားသခင္က သည္လူ႔ကို သူ႔ဆီ ဒုကၡေပးဖို႔မ်ား ေစလႊတ္လိုက္ေလသလား။
" သည္လို hotel တစ္ခုလုံးကို ဦးစီးၿပီး လမ္းသရဲပုံစံဝတ္ေနလို႔ မင္းကို ဘယ္သူက ေလးစားမလဲ၊ ဝတ္ပုံစားပုံ ေသေသသပ္သပ္ဝတ္စမ္းပါကြ၊ ငါ ဝယ္ေပးလိုက္တာေတြ ဝတ္ေနာ္၊ သိမ္းမထားနဲ႔၊ ေနာက္ေန႔ ငါ လာရင္ မင္းကို အဲ့အဝတ္အစားေတြနဲ႔ ျမင္ခ်င္တယ္"
" သည္မွာ ခင္ဗ်ား အရမ္းအားေနတာလား၊ ဘာလဲ၊ ေဆးမွားကုၿပီး ဆရာဝန္လိုင္စင္ျပန္သိမ္းခံရလို႔ ကြၽန္ေတာ့္ကို ဆရာႀကီးလာလုပ္ေနတာလား"
" ဟားဟား ေအးပါ၊ မင္း ေျပာခ်င္ရာသာေျပာ၊ မင္းက လူငယ္ေလးမို႔ ငါ ခြင့္လႊတ္တယ္"
ဟန္လင္းညိဳက ၿပဳံးလ်က္သာရွိေနသည္မို႔ စကၠမွာ ပိုခံျပင္းရသည္။ မ်က္မွန္ေအာက္ရွိ မ်က္လုံးေတြကလည္း ၿပဳံးလ်က္ ရွိ၏။
" ဟယ္...ကိုကိုပါလား"
" ႏြယ္"
သူတို႔အနားေရာက္လာေသာျမန္မာဆန္ဆန္မိန္းကေလးက ဟန္လင္းညိဳ၏လက္ေမာင္းကို ေျပးဖက္သည္။ သည္လူ႔မွာ ခ်စ္သူရွိတာလားဟု စကၠ အံ့ၾသရျပန္သည္။ အင္းေပါ့ေလ။ အသက္ကျဖင့္ ဖင္ေစာင့္ေနၿပီမို႔ ခ်စ္သူေတာင္မရွိဘူးဆိုလွ်င္ ရွက္စရာမလား။
" စကၠ မိတ္ဆက္ေပးရဦးမယ္၊ သူက မိုးသားႏြယ္တဲ့"
" အင္း သူက"
နာမည္သာ မိတ္ဆက္ေပးၿပီး ပတ္သက္မႈကို ထပ္ျဖည့္မေျပာျပေတာ့ စကၠလည္း ထပ္ေမးလိုက္သည္။
" ဟို သူက ငါနဲ႔"
" ႏြယ္က ကိုကို႔ရဲ႕ဇနီးေလာင္းပါ၊ ေတြ႕ရတာ ဝမ္းသာပါတယ္ အစ္ကိုစကၠ"
" ဟုတ္ကဲ့၊ မိုးသားႏြယ္နဲ႔ ဆုံရတာေတာ့ ဝမ္းသာပါတယ္၊ ဒါေပမဲ့ မင္းေဘးက လူနဲ႔ ဆုံခြင့္ရတာေတာ့ ကြၽန္ေတာ္ ဝမ္းမသာဘူး၊ ကြၽန္ေတာ့္ကို ခြင့္ျပဳပါဦး"
" ဪ ဟုတ္ ဟုတ္ကဲ့"
မိုးသားႏြယ္ကို ၿပဳံးျပၿပီး အေရွ႕က လူအား မ်က္ေစာင္းထိုး၍ ထိုေနရာမွ လွည့္ထြက္လာခဲ့သည္။
" ကိုကို သူက တစ္မ်ိဳးပဲေနာ္၊ ကိုကို႔ကို အျမင္မၾကည္တာလား၊ ႏြယ့္ကို အျမင္မၾကည္တာလား မသိဘူး"
" သူက အဲ့သည့္လိုပဲ၊ အစ္ကို႔ကို ဆိုးသြမ္းေနက်၊ ႏြယ္ စိတ္ထဲမထားနဲ႔၊ ႏြယ္တစ္ေယာက္တည္း လာတာလား"
" မဟုတ္ဘူး၊ ဟိုမွာ သူငယ္ခ်င္းေတြနဲ႔"
" ဪ အဲ့တာဆို အစ္ကို သူနဲ႔ ျပန္လိုက္ေတာ့မယ္ေနာ္"
" ဟုတ္ကဲ့ ကိုကို"
ႏြယ့္ကို ၿပဳံးျပႏႈတ္ဆက္ၿပီး စကၠကို ျပန္လိုက္ရွာရျပန္သည္။
" ေဟ့ စကၠ"
စကၠက အေတာ္လွမ္းလွမ္း ေရာက္ေနရာကေန သူ႔အသံၾကားေတာ့ ျပန္လွည့္ၾကည့္သည္။ အနားကို ေလွ်ာက္သြားလိုက္ေတာ့...
" ခင္ဗ်ား မိုးသားႏြယ္နဲ႔ လိုက္မသြားဘူးလား"
" ဟင့္အင္း၊ ဘာလို႔ လိုက္ရမွာလဲ၊ ငါက မင္းနဲ႔ လာတာေလ"
"ဪ အဲ့တာဆိုလည္း ျပန္ၾကရေအာင္"
" အင္း"
ကားေပၚေရာက္ေတာ့မွ သူ အေမာေျပသည္။ တစ္ေလွ်ာက္လုံး အထုပ္ေတြ ဆြဲထားရ၍ သူ႔လက္ေမာင္းေတြလည္း ေညာင္းေန၏။ ကားေမာင္းေနေသာ ထိုလူကေတာ့ ၿပဳံးၿပဳံး႐ႊင္႐ႊင္။
" ခင္ဗ်ားမွာ ရည္းစားရွိလိမ့္မယ္လို႔ မထင္ထားဘူး"
" ရည္းစားမဟုတ္ပါဘူး"
" ဟင္...ခင္ဗ်ားရဲ႕ ဇနီးေလာင္းဆို"
" ဇနီးေလာင္းဆိုတာ ဟုတ္တယ္ေလ၊ အေမတို႔ စီစဥ္ေပးထားတာ၊ ရည္းစားဆိုတာမ်ိဳးလည္း မဟုတ္ဘူး၊ ငါ ဘယ္လို ေျပာရမလဲကြာ၊ မေျပာတတ္ဘူး"
" ဪ...ကြၽန္ေတာ္နားလည္ၿပီ၊ ခင္ဗ်ား သူ႔ကို မခ်စ္ဘူးေပါ့"
စကၠက ေမးလိုက္ေတာ့ ဟန္လင္းညိဳသည္ သူ႔ကို ဘာမွျပန္မေျဖဘဲ ညိမ္ေနေလ၏။ စကၠေျပာတာ မွန္ေနသည့္သေဘာ။
" မခ်စ္ဘဲနဲ႔မ်ားဗ်ာ၊ လက္ထပ္ေနေသးတယ္၊ ကိုယ္ ခ်စ္တဲ့သူကိုပဲ လက္ထပ္ေပါ့၊ တစ္ဖက္မိန္းကေလးလည္း နစ္နာမွာေပါ့"
" ငါက မငယ္ေတာ့ဘူး စကၠ၊ လက္ထပ္သင့္တယ္လို႔ထင္တဲ့လူကို လက္ထပ္တာ"
" ခင္ဗ်ားက မိန္းမတစ္ေယာက္ကို ယူတာ တြက္ခ်က္ႀကီးနဲ႔ဗ်ာ့၊ ခင္ဗ်ား တစ္ခ်ိန္လက္ထပ္ခ်င္တဲ့လူ မေပၚလာဘူးလို႔ ခင္ဗ်ား အတပ္ေျပာႏိုင္လား"
" စကၠ ငါက အဲ့သည့္လို လူမ်ိဳးမဟုတ္ဘူး၊ အိမ္ေထာင္တစ္ခုကို တည္ေဆာက္ၿပီးရင္ေတာ့ အပ်က္ခံမွာမဟုတ္ဘူး၊ ငါ့အိမ္ေထာင္ဖက္အေပၚ ငါသစၥာရွိမွာ၊ ငါက ႏွလုံးသားထက္ဦးေႏွာက္ကို ဦ္းစားေပးႏိုင္တဲ့လူမ်ိဳးမို႔ ငါ မလုပ္သင့္တာကို ငါ မလုပ္ဘူး"
" ခင္ဗ်ားက ဘုရားျဖစ္မဲ့အုတ္နီခဲလား၊ နည္းနည္းေလးေတာင္ မခိုးစားေတာ့ဘူးေပါ့"
" စကၠ ခင္ဗ်ား ခင္ဗ်ားနဲ႔ အစ္ကိုလို႔ ယဥ္ယဥ္ေက်းေက်းေခၚစမ္း"
" ဟုတ္ပါၿပီ အစ္ကို"
" သည္လိုမွေပါ့ကြ"
ၿပဳံးေနသည့္သူ႔ကို ၾကည့္ၿပီး စကၠ ဟက္ခနဲ ရယ္ခ်လိုက္သည္။ အစ္ကို သိပ္ျဖစ္ခ်င္ေနသည့္ပုံပဲ။
// တစ္ခ်ိန္ ခင္ဗ်ားခ်စ္ရမဲ့လူ မေပၚလာဘူးလို႔ ခင္ဗ်ား မေျပာႏိုင္ပါဘူး၊ အဲ့သည့္အခ်ိန္က်မွ စကၠေရ ကယ္ပါဦးလို႔ ဆရာလာတင္ၾကည့္ ေခ်ခ်ပစ္ဦးမွာ//
စကၠကို hotel ေရွ႕အထိ လိုက္ပို႔ေပးၿပီး သူကေတာ့ သူ႔ေနရာသူ ျပန္သြားသည္။ ဆိုင္ေရွ႕ေရာက္ေတာ့ လူစုလူေဝးတစ္ခုေၾကာင့္ ထက္ဦးခန႔္ဆီ ဖုန္းဆက္ရျပန္သည္။
" ဟယ္လို ထက္ခန႔္"
" ေအး"
" ဒီေန႔မလာနဲ႔ေတာ့လို႔ ေျပာမလို႔၊ အေျခအေနေတြက မဟန္ဘူး၊ Bar ေရွ႕မွာေတာင္ ေယာက္ယက္ခတ္ေနတာပဲ"
" ငါလည္း မလာေတာ့ဘူးလို႔ မင္းကို ေျပာမလို႔ပဲ"
" ေအး ေကာင္းတယ္၊ တစ္ပတ္ေလာက္ ေပ်ာက္ေနကြာ"
" အင္း ဒါပဲ"
ပုံတစ္ပုံ၏ဂယက္က အေတာ္ဆိုးသည္။ ဆိုင္အေရွ႕ထိ လာၿပီး သတင္းယူဖို႔ ထိုင္ေစာင့္ေနၾကသည့္ Media ေတြေတာင္ ရွိေသးသည္။ စကၠလည္း မ်က္ေစာင္းတထိုးထိုးႏွင့္သာ hotel ထဲသို႔ ဝင္သြားလိုက္သည္။
/~/
ဖုန္းသုံးေနေသာ ေနခေရွ႕သို႔ ေမာင္က အသုပ္ပန္းကန္ လာခ်ေပးသည္။ ေနခ လွမ္းၾကည့္လိုက္ေတာ့ ပုစြန္ခ်ဥ္ေတြ။
" ဟယ္ ေမာင္ ဒါ ငါ ႀကိဳက္တယ္"
ထို႔အျပင္ အနားကို ဘီယာဘူးေတြေရာ၊အာလူးေၾကာ္ေတြပါ ထပ္လာခ်ေပးသည္။
" ေသာက္ရေအာင္"
" အင္း ေကာင္းတာေပါ့ ေမာင္"
ဘီယာဘူးေတြ ျမင္ေတာ့ ေနခလည္း အႀကံတစ္ခု ရသြားသည္။
" ေမာင္ ငါတို႔ သည္အတိုင္း ေသာက္ရင္ ပ်င္းစရာႀကီး၊ ဂိမ္းတစ္ခုေလာက္ ကစားရေအာင္"
ေမာင္က ဘာမွျပန္မေျပာဘဲ ၿငိမ္ေနသည္မို႔ လက္ခံသည္ဟု ယူဆလိုက္သည္။
" တစ္ေယာက္နဲ႔တစ္ေယာက္ ေမးခြန္းတစ္ခု ေမးမယ္၊ မေျဖႏိုင္ရင္ တစ္ခြက္ေသာက္ရမယ္"
" အင္း"
" ေကာင္းၿပီ၊ ေမာင့္ကို ဦးစားေပးမယ္၊ ေမာင္ အရင္ေမး"
" ငါ့ကို သိလား"
" ဟမ္...ဟားဟား ေမာင္ရယ္၊ သိတာေပါ့၊ ငါ့ခ်စ္သူေလ၊ ေမာင္ကလည္း ဘယ္လို ေမးခြန္းႀကီးလဲ"
" အဲ့သည့္လို မဟုတ္ဘူး"
" ေတာ္ၿပီ ေမာင္၊ တစ္ခုပဲ၊ ငါ့အလွည့္၊ အင္း ေမာင္ ငါ့ကို ခ်စ္လား"
အေမးခ်င္ဆုံးေမးခြန္းမို႔ အရင္ေမးလိုက္သည္။ သို႔ေပမဲ့ ေမာင္သည္ အေရွ႕က ခြက္ကို ေကာက္ေမာ့ခ်လိုက္သည္မို႔ ေနခ စိတ္ညစ္သြားမိသည္။
" ရပါတယ္ ေမာင္ မေျဖခ်င္လည္း၊ ေမာင့္အလွည့္ ေမာင္ ေမးေတာ့"
" ငါက မင္းကို ဘယ္အတိုင္းအတာအထိ ႐ိုက္ခ်ႏိုင္တဲ့လူလဲဆိုတာ သိလား"
" သိပါတယ္၊ ေမာင့္ရင္ခြင္ကိုပဲ ကမာၻထင္ၿပီး ရွင္သန္ေနတဲ့လူမို႔ ေမာင္ကသာ ေနရာမေပးေတာ့ရင္ ငါ ၿပိဳပ်က္သြားမွာ"
အခ်စ္မခံရလည္း ေနပါ။ ငါ့ကမာၻေလးထဲမွာ ငါေနခြင့္ရရင္ ေတာ္ပါၿပီလို႔ ေမာင့္ကို မေျပာေတာ့ပါ။
" ကဲ ငါ့အလွည့္၊ ေမာင္ ဘာလို႔ ငါ မသိေအာင္ ခိုးခိုးနမ္းတာလဲ"
" ေဟာ...သည္တစ္ခါလည္း မေျဖဘူး၊ ေသာက္ျပန္ၿပီ၊ အင္းပါ၊ ေမာင္ ငါ့ကို ရွက္တတ္တာ ငါ ေမ့သြားတယ္"
" မင္းအေမနဲ႔ ငါ့ကိုဆို ဘယ္သူ႔ကို ေ႐ြးမလဲ"
" ေမာင္ခ်ည္းပဲ ေသာက္ေနရတာ မတရားဘူး၊ ငါလည္း သည္တစ္ခါ ေသာက္မယ္၊ ဒါေပမဲ့ ငါ သည္ဘီယာ မေသာက္ခ်င္ဘူး၊ ငါ့ကို သည္ဘီယာထက္ ပိုမူးရစ္ေစမဲ့အရာက ေမာင့္အျပင္ တျခားအရာမရွိႏိုင္တာမို႔ ငါ မေျဖတဲ့အေျဖအတြက္ ေမာင့္ကို နမ္းမယ္"
ေမာင့္အေရွ႕ကို တိုးကပ္လိုက္ၿပီး ေမာင့္မ်က္ႏွာကို လက္ႏွစ္ဖက္ႏွင့္ ဖမ္းကိုင္၍ ေမာင့္ႏႈတ္ခမ္းသားေတြကို စုပ္ယူနမ္းရႈိက္လိုက္သည္။ ေမာင့္ႏႈတ္ခမ္းသားေတြႏွင့္ ဘီယာအရသာေပါင္းလိုက္ေတာ့ ခါးသက္သက္မဆန္ဘဲ ေနခအတြက္ေတာ့ ခ်ိဳၿမိန္၏။
" ဟုတ္ၿပီ၊ ငါ့အလွည့္၊ ငါ အခုနမ္းလိုက္တာ ေမာင့္ကို ရင္ခုန္ေစသလားဟင္"
ထိုအခါလည္း ေမာင္က ေနာက္တစ္ခြက္ေမာ့ေသာက္လိုက္ျပန္ၿပီမို႔ ေနခ စိတ္ဓာတ္က်သြားသည္။
" ပရိသတ္နဲ႔ ငါနဲ႔ ဆိုရင္ေရာ"
" ေသခ်ာေပါက္ ေမာင္ေလ၊ ငါ့မွာ ဘာမွ မရွိရင္ေတာင္ ေမာင္ မရွိလို႔ မရဘူး၊ ငါ့ႏႈတ္ခမ္းသားေတြက ခ်ိဳလား"
" ေသာက္လိုက္ဦး တစ္ခြက္၊ မေျဖဘူးမလား"
" ခ်ိဳတယ္"
" ေဟာေတာ္၊ ေမာင္က သည္တစ္ခါ ျပန္ေျဖတယ္"
" ဘာလို႔ ငါ့မိသားစုအေၾကာင္း နည္းနည္းမွ မေမးတာလဲ"
" စိတ္မဝင္စားလို႔၊ ေမာင္က လြဲၿပီး ငါဘာမွစိတ္မဝင္စားဘူး၊ ေမာင့္ထက္ ဘယ္အရာကမွ ငါ့ေနရာမွာ ေဘာင္မဝင္ခဲ့ဘူး၊ ေမာင္က ငါ မၿငီးေငြ႕ႏိုင္တဲ့သင္ခန္းစာပဲ"
" အင္း "
အေမးအေျဖၿပိဳင္ပြဲေလးမွာ ေနခက တစ္ခြက္မွ မေသာက္လိုက္ရေပမဲ့ ေမာင္ကေတာ့ မူးၿပီး ေမွာက္သြားသည္။ သည္လို အခြင့္အေရးကို ေစာင့္ေနသည္မို႔ ေနခ ၿပဳံးလိုက္သည္။
// မ႐ိုးသားႏိုင္တဲ့လူက ရႈံးရတာပဲေမာင္//
____________