မောင့်ခြေဖျားကအထက်တန်းစားဝိုင...

Από Amera_Khoon

427K 27.3K 573

Gong - ထက်ဦးခန့် ,စက္ကမင်းမြတ် Shou - နေခမင်းမြတ်, ဟန်လင်းညို Gong - ထက္ဦးခန္႔ ,စကၠမင္းျမတ္ Shou - ေနခမင္းျမတ... Περισσότερα

Part-1
Part-2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Final
Book Cover & Characters' arts

Part - 13

9.1K 703 13
Από Amera_Khoon

(Unicode)

အင်တာနက်ပေါ်၌ တက်လာသောသတင်းများအား ကြည့်နေရင်း နေခ၏လက်ဖျားတွေ တုန်လာသည်။ သည်ပုံက ဘယ်ကနေ၊ဘယ်လို လိုင်းပေါ်ရောက်သွားသလဲမသိ ။သူ့အနောက်ကို နောက်ယောင်ခံလိုက်နေသော media များ ရှိလိမ့်မည်ဟု မထင်ထားခဲ့။ ယခုလောက်ဆို သည်ပုံတွေနှင့် သည်သတင်းတွေကို မားက သိပြီး ပွဲကြမ်းနေလောက်ပြီ။

" မောင်ရေ ဘယ်လိုလုပ်ကြမတုံး"

ဖုန်းကို မောင့်အရှေ့ ထိုးပြလိုက်သည်။ မောင်က ဖုန်းကို လှမ်းယူပြီး အခြေအနေကို ခေတ္တခဏေကြည့်ပြီးနောက် ဖုန်းကို ပိတ်လိုက်သည်။

" မကြည့်နဲ့တော့"

" ဟင်...မောင်ကလည်း၊ သည်အခြေအနေကြီးကို ဘယ်လိုရှင်းမလဲလို့၊ ငါ အခု အိမ်ပြန်ရင် မားက..."

" မပြန်နဲ့"

" ဟင်"

မောင်တကယ်များ ပြောနေသည်လား။ မောင်မပြန်နှင့်ဆိုတော့ သူလည်း မပြန််ချင်တော့ပါ။ မား သူ့ပါသူ ဖြေရှင်းပါစေ။ မောင့်အနား၌ နေရမှာ ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ ထို့နောက် မောင့်အိပ်ရာပေါ် ဟိုလှိမ့်ဒီလှိမ့်လုပ်ရင်း သူ့ကို ကျောခိုင်းပြီးထိုင်နေသော မောင့်ခါးကို အနောက်မှ ဖက်လိုက်သည်။

" မောင်...ငါ ဖွင့်ပြောလိုက်ရမလား၊ ငါတို့ချစ်သူတွေ ဆိုတာကိုလေ"

" မပြောနဲ့"

" ဟင် ဘာလို့လဲ မောင်ရဲ့၊ တစ်ချိန်ကျရင် ​အားလုံးသိကုန်မှာပဲ မဟုတ်လား၊ အခုကတည်းက..."

" မပြောနဲ့!"

မောင် ဘာကို ခါးခါးသီးသီးဖြစ်နေရတာလဲ။ သူနှင့်ချစ်သူဖြစ်ရတာကို မောင်က ရှက်နေသည်လား။ သူ မေ့သွားတာပဲ။ မောင်က သူ့ကို ချစ်ပါတယ်လို့ ဖွင့်တောင် ပြောဖူးသေးတာမဟုတ်ပါ။

" ရပါတယ်၊ မောင် အကြောင်းပြချက်တွေလည်း မလိုတော့ဘူး၊ မောင် စိတ်ထဲ အရှိတိုင်းသာ လုပ်ပါ"

မောင့်ကို ဖက်တွယ်ထားမိသောသူ့လက်တွေကို ပြန်လွှတ်ချလိုက်ပြီး ကျောခိုင်းထားသည့်မောင့်ကို ပြန်ကျောခိုင်းပြီး အိပ်လိုက်သည်။

// အိပ်ပျော်နေရင်တော့ ငါ မနာကျင်တော့လောက်ဘူးမလား မောင်၊ ဒါပေမဲ့ မောင့်ကိုချစ်ရတာ ပင်ပန်းတယ်လို့တော့ တစ်ခါမှ မယူဆဖူးဘူး//

သို့ပေမဲ့ အိပ်ပျော်ခါနီးဆဲဆဲတွင် ခန္ဓာကိုယ်ပေါ်လွှမ်းခြုံလာသော စောင်ထူထူလေး၏အထိအတွေ့ကြောင့် ပြုံးလိုက်မိသေးသည်။

// မောင် ငါ့ကို တစ်ချိန်သေချာပေါက်ပြန်ချစ်လာမှာပါ၊ ငါကလည်း ချစ်အောင် လုပ်မှာမို့//

မောင်လွှမ်းခြုံပေးခဲ့သောအနွေးဓာတ်ကြောင့် အချိန်ကြာမြင့်စွာ အိပ်ပျော်သွားခဲ့သည်ထင်ပါရဲ့။ မောင့်လက်ဖျားလေးတွေနှင့် ထိတွေ့ခြင်းခံလိုက်ရပြီးမှ လူက နိုးလာသည်။

" ဟင် မောင်"

" ထတော့၊ ညစာစားရအောင်"

" အွန်း"

ခေါက်ခုံလေးတစ်ခုပေါ်၌ တင်ထားသော အသီးအရွက်ကြော်တွေ၊ ဆီပြန်ဟင်းတွေက မောင် ဘယ်က သွားဝယ်လာတာပါလိမ့်။ ပုံမှန်ဆို သည်လိုဆိုင်တွေက မစားတတ်သည့်သူက မောင် ဝယ်ပေးထားတာဆိုတော့လည်း သဘောကျသည်။

မောင်က ထမင်းပူပူတွေကို သူ့ပန်းကန်ထဲသို့ ခပ်ထည့်ပေးသည်။ ဆိုင်က ဝယ်လာတာပေမဲ့ ဟင်းတွေကသူ့ပါးစပ်ထဲ ခံတွင်းတွေ့လှသည်။

" မောင် ဒါတွေ ဘယ်က ဝယ်လာတာလဲ"

" ချက်ထားတာ"

" ဟင် မောင်"

အသားတုံးကို ဖဲ့ရင်း မောင့်ကို အံ့သြမှုအစုံနှင့် ပြန်မော့ကြည့်မိပြန်သည်။ သည်ဟင်းတွေက မောင်ကိုယ်တိုင် ချက်ထားတာတဲ့လား။ မောင့်လက်နှင့် ကိုယ်တိုင်ဖန်တီးထားခြင်းခံရသောဟင်းတွေကတောင် သူ့အတွက် အလွန်အရသာရှိလှသည်။

" ဟင်း...နေခမင်းမြတ်တို့ကတော့ တကယ်ကံကောင်းတာပဲ၊ သည်လို ချက်တတ်၊ ပြုတ်တတ်၊ အချုပ်အလုပ်တော်တဲ့ မိန်းမမျိုးရထားတာလေ၊ ခွီး..."

အားရပါးရရယ်နေသောသူ့ကို မောင်က မျက်မှောင်ကုတ်ပြီး စိုက်ကြည့်နေတာမြင်မှ သူ မျက်နှာပိုးသတ်လိုက်သည်။

" အဟမ်း!"

ချောင်းဟန့်လိုက်ပြီး ထမင်းဆက်စားနေတော့ မောင့်ဆီက အသံထွက်လာသည်။

" ဘယ်သူက မိန်းမလဲ"

စားနေရင်း ဇွန်းလေးကို အသာချ။ ရေခွက်ကို ကောက်သောက်လိုက်ပြီး လည်ချောင်း အရင်ရှင်းလိုက်ပြီးနောက်...

" ထက်ဦးခန့်က နေခမင်းမြတ်ရဲ့မိန်းမလေ"

မောင့်မျက်နှာက အတော်စိတ်ဆိုးနေပြီမှန်း နေခ ခန့်မှန်းမိသည်။ သို့ပေမဲ့ မောင် သည်လို ဖြစ်နေသည့်ပုံစံက တည်ငြိမ်ပြီး ခံစားချက်မဲ့နေသည့်ပုံထက် ကြည့်ကောင်းတာမို့ သူ ဆက်စဖို့ရန် ကြံဆမိသည်။

" ကိုယ့်ယောကျ်ားအတွက် ထမင်းဟင်းတွေ ချက်ပေးတာတို့၊ သိုးမွှေးထိုးတာတို့က မိန်းမတွေပဲ လုပ်တာမလား၊ အဲ့တာကြောင့် မောင်က ငါ့မိန်းမလို့ ပြောတာပေါ့"

မောင့်မျက်နှာက ပို၍နီလာမှန်းသိလျက်နှင့် ရေတစ်ငုံထပ်ငုံလိုက်ရာ...

" ဒါပေမဲ့ မင်း ဟိုနေ့က ငါဆီမှာ နေပြီးသွားပြီ!"

" အဟွတ်! အဟွတ်! အဟွတ်!"

ငုံထားသောရေတွေ ပြန်ထွက်လာပြီး ရင်ဘတ်တောင် စိုသွားသည်။

" အား...မောင် ဘယ်လိုကြီးပြောချလိုက်တာလဲ"

မောင့်မျက်လုံးတွေက သူ့ကို စူးစိုက်ကြည့်နေရင်း ပြောထွက်လာသည့်စကား တစ်လုံးတည်းနှင့်ပင် သူ့ကို အနိုင်ပိုင်းသွားသည်။

" အား ရှက်လိုက်တာ၊ တော်ပြီ၊ ပန်းကန်တွေ မောင်ပဲ ဆေးတော့၊ ငါ ပြန်အိပ်တော့မယ်"

မောင့်ကို စပြီး အရှက်သဲရသည်က သူပါပဲ။ မောင် အခန်းထဲပြန်ဝင်လာတော့ စောင်ခေါင်းမြီးခြုံပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်။ မောင် သူ့ဘေး၌ ဝင်လှဲလိုက်သည်ကို သူ သိသည်။ တစ်ကိုယ်လုံး စောင်အပြည့်ပတ်ထားသောကြောင့် မောင့်အမြင်မှာ သူက ပိုးတုံးလုံးနှင့်ပင် တူနေလိမ့်မည်။ ခဏကြာတော့ စောင်ထဲမှာနေရင်း သူ မွန်းကျပ်လာသည်။ ပူလာသည်။ မောင့်မျက်နှာကို ကြည့်ချင်လာ၏။ ဘေး၌ လှဲနေသောမောင်က ငြိမ်နေတော့ ခေါင်းမြီးခြုံထားသောစောင်ကို ခါးအောက် လျော့ချလိုက်သည်။

" ဟူး...အခုမှပဲ အသက်ရှူဝတော့တယ်"

မောင်က သူ့ဘက်သို့ ခန္ဓာကိုယ်ကို စောင်းအိပ်နေလျက် ငြိမ်သက်နေသည်။ မောင့်မျက်တောင်လေးတွေကို လက်နှင့် ထိချင်လာ၍ မောင့်ပါးလေးသို့ လက်လှမ်းလိုက်သည်။ သို့ပေမဲ့ မောင်က ရုတ်တရက်မျက်လုံးဖွင့်လာလေသည်။

" မောင် အိပ်မပျော်သေးဘူးလား"

မောင်က စောင်ကို ဆွဲယူလိုက်ပြီး နှစ်ယောက်လုံး၏ပခုံးအထိ ခြုံလိုက်သည်။ ထို့နောက် နေခအနောက်က အခန်းမီးကို လှမ်းပိတ်လိုက်သည်မို့ အခန်းက မှောင်မဲသွားသည်။

" ဟင် မောင်"

မောင့်အနားတိုးကပ်၍ မောင့်ကို ဖက်ထားလိုက်သည်။ အတော်ကြာသည်အထိ နေခအိပ်မပျော်။ တစ်ညနေလုံးအိပ်ထား၍ ပိုဆိုးသည်။ ဘေးနားမှာ မောင်က ရှိနေ၍ အပျော်လွန်ပြီး အိပ်မပျော်နိုင်တာလည်း ပါသည်။

" မောင်...မောင်...မောင်!"

မောင်က သူ ခေါ်နေသည်ကို မထူးလေတော့ အိပ်ပျော်သွားပြီလား မသိပါ။ မောင်အိပ်နေတာ မှန်၊ မမှန် စမ်းသပ်ရအောင် လက်ကို မောင့်ခါးနားသို့ တဖြည်းဖြည်း အောက်လျှောလာလိုက်သည်။ မောင့်ဘောင်းဘီဇစ်ကို ဆွဲချဖို့ လုပ်တော့ မောင်က သူ့လက်ကို ဖမ်းကိုင်လိုက်သည်။

" အိပ်တော့ နေခ"

" ဟွန်း!"

သူ့လက်နှစ်ဖက်လုံးကို ပူးပြီး သူ့ခန္ဓာကိုယ်ကို မောင်က အဆော့မက်နေသည့် ကလေးလေးတစ်ယောက်ကို သိပ်သလိုမျိုး ချုပ်ပြီး ဖက်ထားလိုက်သည်။ သူ့မှာတော့ မောင်ချုပ်ထားသည်ကို အသက်ရှူမကျပ်သည့်အပြင် ရင်တွေ တထိတ်ထိတ်ခုန်နေတော့သည်။

/~/

အဆက်အသွယ်မရဘဲ တစ်ညလုံးပျောက်နေသော သားဖြစ်သူကြောင့် ဒေါ်မေခ အလွန်စိတ်ပူနေသည်။ Media တချို့က သူ့ကုမ္ပဏီအောက်မှာ စုပြုံပြီး ရောက်နေကြပြီ။

" နေခမင်းမြတ်ရယ် ဖုန်းလေးတော့ ကိုင်ပါလား၊ အခုတော့ ငါ ဘယ်လို ညှိရမလဲ"

ပြဿနာက သူတစ်ယောက်တည်း ဖြေရှင်းလို့ ရသည်မျိုးမဟုတ်။ Interview ကို လက်ခံဖြေလိုက်ပြီးမှ သားဖြစ်သူက ပေါ်လာလျှင် ကချော်ကချွတ် ဖြစ်သွားရုံသာ ရှိလိမ့်မည်။

စိတ်အေးအေးထားလိုက်ပြီးနောက် လက်ခံတွေ့ဆုံဖို့သာ ပြင်ရတော့သည်။ သူ ကုမ္ပဏီအောက်သို့ ဆင်းလာတာ မြင်သည်နှင့် သတင်းထောက်များက ဝိုင်းလာကြပြီး ဘေးက လုံခြုံရေးတွေပင် မနိုင်လောက်အောင် ဖြစ်နေသည်။

" ဒေါ်မေခ ခဏလေးပါ၊ အခု နေခမင်းမြတ်ရဲ့ဓာတ်ပုံနဲ့ပတ်သက်ပြီး တစ်ခုခုပြောပေးပါဦး"

" ဟုတ်ပါတယ်၊ တကယ်ပဲ သူက ယောကျ်ားချင်းတွဲနေတာလဲ၊ နောက်ပြီး Fantasy bar က ကောင်လေးနဲ့က ဘယ်အခြေအနေတွေထိ ရောက်နေကြတာလဲ၊ ဖြေပေးပါ"

မိုက်တွေနှင့် အတင်းတိုးဝှေ့ပြီး ထိုးမေးနေကြတော့ ဒေါ်မေ ခအတော်စိတ်ပျက်လာသည်။ သူတို့ သတင်းရရေးအတွက်ပဲ ရှေးရှုနေကြသည်။ နည်းနည်းပါးပါး လူလိုလေး နားလည်ပေးကြပါဦးလား။ တစ်ဖက်လူ၏ကိုယ်ရေးကိုယ်တာကို အဲ့သည့်လောက်တောင် စိတ်ဝင်စားနေရသလား။

" ခဏ ခဏ နေကြပါဦး၊ သည်သတင်းတွေက ဘယ်ကရလာကြတာလဲ၊ သည်မတိကျတဲ့ မှုန်ဝါးဝါးပုံလေးတစ်ပုံအတွက်နဲ့ ကျွန်မသားကို ဘယ်လိုတောင် ဆွဲတွေးရက်နိုင်ကြတာလဲ"

" Fantasy က အဆိုတော် ကောင်လေးနဲ့ကရော ဘယ်လို ပတ်သက်ကြတာလဲခင်ဗျာ"

" သည်မှာ နေခမင်းမြတ်က နိုင်ငံကျော်မင်းသားနော်၊ သည်လိုအဆင့်အတန်းမရှိတဲ့နေရာကို သွားစရာ အကြောင်းမရှိဘူး၊ နောက်ပြီး အဲ့သည့်ပုံ မတက်လာခင်ကတည်းက သားက ရှူတင်ပြီးပြီးချင်း ညတွင်းချင်းဘန်ကောက်ကို သူ့မန်နေဂျာနဲ့ ထွက်သွားခဲ့တာ၊ သည်လို မတိကျဘဲ စွပ်စွဲတဲ့သဘောပြောနေမယ််ဆိုရင် ရှင်တို့ကို တရားစွဲရလိမ့်မယ်နော်"

လေသံခပ်မာမာနှင့် ပြောခဲ့လိုက်ပြီး ကားပေါ်သို့ ဟန်မပျက်တက်လာခဲ့လိုက်သည်။ သည်သတင်းတွေက မဟုတ်မမှန်လို့ သူတို့ဘက်က တုန်လှုပ်ခြင်း မလျဥ်းမရှိဆိုတာမျိုး ပြုမူခဲ့သည်။ အရေးကြီးတာက ပျောက်နေသည့်နေခမင်းမြတ်ကို မီဒီယာတွေ မတွေ့သွားဖို့ ဖြစ်သည်။ဘန်ကောက်ရောက်နေတယ်ဟု လိမ်ထားတာမို့ သည်မြေမှာ နေခကို သူတို့ရှာတွေ့သွားလို့ မဖြစ်ပါ။ သားကို အမြန်ဆက်သွယ်ပြီး ရှောင်နေဖို့ ပြောထားရဦးမည်။

______________

(Zawgyi)


အင္တာနက္ေပၚ၌ တက္လာေသာသတင္းမ်ားအား ၾကည့္ေနရင္း ေနခ၏လက္ဖ်ားေတြ တုန္လာသည္။ သည္ပုံက ဘယ္ကေန၊ဘယ္လို လိုင္းေပၚေရာက္သြားသလဲမသိ ။သူ႔အေနာက္ကို ေနာက္ေယာင္ခံလိုက္ေနေသာ media မ်ား ရွိလိမ့္မည္ဟု မထင္ထားခဲ့။ ယခုေလာက္ဆို သည္ပုံေတြႏွင့္ သည္သတင္းေတြကို မားက သိၿပီး ပြဲၾကမ္းေနေလာက္ၿပီ။

" ေမာင္ေရ ဘယ္လိုလုပ္ၾကမတုံး"

ဖုန္းကို ေမာင့္အေရွ႕ ထိုးျပလိုက္သည္။ ေမာင္က ဖုန္းကို လွမ္းယူၿပီး အေျခအေနကို ေခတၱခေဏၾကည့္ၿပီးေနာက္ ဖုန္းကို ပိတ္လိုက္သည္။

" မၾကည့္နဲ႔ေတာ့"

" ဟင္...ေမာင္ကလည္း၊ သည္အေျခအေနႀကီးကို ဘယ္လိုရွင္းမလဲလို႔၊ ငါ အခု အိမ္ျပန္ရင္ မားက..."

" မျပန္နဲ႔"

" ဟင္"

ေမာင္တကယ္မ်ား ေျပာေနသည္လား။ ေမာင္မျပန္ႏွင့္ဆိုေတာ့ သူလည္း မျပန္္ခ်င္ေတာ့ပါ။ မား သူ႔ပါသူ ေျဖရွင္းပါေစ။ ေမာင့္အနား၌ ေနရမွာ ဘယ္ေလာက္ေပ်ာ္စရာေကာင္းလိုက္သလဲ။ ထို႔ေနာက္ ေမာင့္အိပ္ရာေပၚ ဟိုလွိမ့္ဒီလွိမ့္လုပ္ရင္း သူ႔ကို ေက်ာခိုင္းၿပီးထိုင္ေနေသာ ေမာင့္ခါးကို အေနာက္မွ ဖက္လိုက္သည္။

" ေမာင္...ငါ ဖြင့္ေျပာလိုက္ရမလား၊ ငါတို႔ခ်စ္သူေတြ ဆိုတာကိုေလ"

" မေျပာနဲ႔"

" ဟင္ ဘာလို႔လဲ ေမာင္ရဲ႕၊ တစ္ခ်ိန္က်ရင္ ​အားလုံးသိကုန္မွာပဲ မဟုတ္လား၊ အခုကတည္းက..."

" မေျပာနဲ႔!"

ေမာင္ ဘာကို ခါးခါးသီးသီးျဖစ္ေနရတာလဲ။ သူႏွင့္ခ်စ္သူျဖစ္ရတာကို ေမာင္က ရွက္ေနသည္လား။ သူ ေမ့သြားတာပဲ။ ေမာင္က သူ႔ကို ခ်စ္ပါတယ္လို႔ ဖြင့္ေတာင္ ေျပာဖူးေသးတာမဟုတ္ပါ။

" ရပါတယ္၊ ေမာင္ အေၾကာင္းျပခ်က္ေတြလည္း မလိုေတာ့ဘူး၊ ေမာင္ စိတ္ထဲ အရွိတိုင္းသာ လုပ္ပါ"

ေမာင့္ကို ဖက္တြယ္ထားမိေသာသူ႔လက္ေတြကို ျပန္လႊတ္ခ်လိုက္ၿပီး ေက်ာခိုင္းထားသည့္ေမာင့္ကို ျပန္ေက်ာခိုင္းၿပီး အိပ္လိုက္သည္။

// အိပ္ေပ်ာ္ေနရင္ေတာ့ ငါ မနာက်င္ေတာ့ေလာက္ဘူးမလား ေမာင္၊ ဒါေပမဲ့ ေမာင့္ကိုခ်စ္ရတာ ပင္ပန္းတယ္လို႔ေတာ့ တစ္ခါမွ မယူဆဖူးဘူး//

သို႔ေပမဲ့ အိပ္ေပ်ာ္ခါနီးဆဲဆဲတြင္ ခႏၶာကိုယ္ေပၚလႊမ္းၿခဳံလာေသာ ေစာင္ထူထူေလး၏အထိအေတြ႕ေၾကာင့္ ၿပဳံးလိုက္မိေသးသည္။

// ေမာင္ ငါ့ကို တစ္ခ်ိန္ေသခ်ာေပါက္ျပန္ခ်စ္လာမွာပါ၊ ငါကလည္း ခ်စ္ေအာင္ လုပ္မွာမို႔//

ေမာင္လႊမ္းၿခဳံေပးခဲ့ေသာအေႏြးဓာတ္ေၾကာင့္ အခ်ိန္ၾကာျမင့္စြာ အိပ္ေပ်ာ္သြားခဲ့သည္ထင္ပါရဲ႕။ ေမာင့္လက္ဖ်ားေလးေတြႏွင့္ ထိေတြ႕ျခင္းခံလိုက္ရၿပီးမွ လူက ႏိုးလာသည္။

" ဟင္ ေမာင္"

" ထေတာ့၊ ညစာစားရေအာင္"

" အြန္း"

ေခါက္ခုံေလးတစ္ခုေပၚ၌ တင္ထားေသာ အသီးအ႐ြက္ေၾကာ္ေတြ၊ ဆီျပန္ဟင္းေတြက ေမာင္ ဘယ္က သြားဝယ္လာတာပါလိမ့္။ ပုံမွန္ဆို သည္လိုဆိုင္ေတြက မစားတတ္သည့္သူက ေမာင္ ဝယ္ေပးထားတာဆိုေတာ့လည္း သေဘာက်သည္။

ေမာင္က ထမင္းပူပူေတြကို သူ႔ပန္းကန္ထဲသို႔ ခပ္ထည့္ေပးသည္။ ဆိုင္က ဝယ္လာတာေပမဲ့ ဟင္းေတြကသူ႔ပါးစပ္ထဲ ခံတြင္းေတြ႕လွသည္။

" ေမာင္ ဒါေတြ ဘယ္က ဝယ္လာတာလဲ"

" ခ်က္ထားတာ"

" ဟင္ ေမာင္"

အသားတုံးကို ဖဲ့ရင္း ေမာင့္ကို အံ့ၾသမႈအစုံႏွင့္ ျပန္ေမာ့ၾကည့္မိျပန္သည္။ သည္ဟင္းေတြက ေမာင္ကိုယ္တိုင္ ခ်က္ထားတာတဲ့လား။ ေမာင့္လက္ႏွင့္ ကိုယ္တိုင္ဖန္တီးထားျခင္းခံရေသာဟင္းေတြကေတာင္ သူ႔အတြက္ အလြန္အရသာရွိလွသည္။

" ဟင္း...ေနခမင္းျမတ္တို႔ကေတာ့ တကယ္ကံေကာင္းတာပဲ၊ သည္လို ခ်က္တတ္၊ ျပဳတ္တတ္၊ အခ်ဳပ္အလုပ္ေတာ္တဲ့ မိန္းမမ်ိဳးရထားတာေလ၊ ခြီး..."

အားရပါးရရယ္ေနေသာသူ႔ကို ေမာင္က မ်က္ေမွာင္ကုတ္ၿပီး စိုက္ၾကည့္ေနတာျမင္မွ သူ မ်က္ႏွာပိုးသတ္လိုက္သည္။

" အဟမ္း!"

ေခ်ာင္းဟန္႔လိုက္ၿပီး ထမင္းဆက္စားေနေတာ့ ေမာင့္ဆီက အသံထြက္လာသည္။

" ဘယ္သူက မိန္းမလဲ"

စားေနရင္း ဇြန္းေလးကို အသာခ်။ ေရခြက္ကို ေကာက္ေသာက္လိုက္ၿပီး လည္ေခ်ာင္း အရင္ရွင္းလိုက္ၿပီးေနာက္...

" ထက္ဦးခန္႔က ေနခမင္းျမတ္ရဲ႕မိန္းမေလ"

ေမာင့္မ်က္ႏွာက အေတာ္စိတ္ဆိုးေနၿပီမွန္း ေနခ ခန္႔မွန္းမိသည္။ သို႔ေပမဲ့ ေမာင္ သည္လို ျဖစ္ေနသည့္ပုံစံက တည္ၿငိမ္ၿပီး ခံစားခ်က္မဲ့ေနသည့္ပုံထက္ ၾကည့္ေကာင္းတာမို႔ သူ ဆက္စဖို႔ရန္ ႀကံဆမိသည္။

" ကိုယ့္ေယာက်္ားအတြက္ ထမင္းဟင္းေတြ ခ်က္ေပးတာတို႔၊ သိုးေမႊးထိုးတာတို႔က မိန္းမေတြပဲ လုပ္တာမလား၊ အဲ့တာေၾကာင့္ ေမာင္က ငါ့မိန္းမလို႔ ေျပာတာေပါ့"

ေမာင့္မ်က္ႏွာက ပို၍နီလာမွန္းသိလ်က္ႏွင့္ ေရတစ္ငုံထပ္ငုံလိုက္ရာ...

" ဒါေပမဲ့ မင္း ဟိုေန႔က ငါဆီမွာ ေနၿပီးသြားၿပီ!"

" အဟြတ္! အဟြတ္! အဟြတ္!"

ငုံထားေသာေရေတြ ျပန္ထြက္လာၿပီး ရင္ဘတ္ေတာင္ စိုသြားသည္။

" အား...ေမာင္ ဘယ္လိုႀကီးေျပာခ်လိုက္တာလဲ"

ေမာင့္မ်က္လုံးေတြက သူ႔ကို စူးစိုက္ၾကည့္ေနရင္း ေျပာထြက္လာသည့္စကား တစ္လုံးတည္းႏွင့္ပင္ သူ႔ကို အႏိုင္ပိုင္းသြားသည္။

" အား ရွက္လိုက္တာ၊ ေတာ္ၿပီ၊ ပန္းကန္ေတြ ေမာင္ပဲ ေဆးေတာ့၊ ငါ ျပန္အိပ္ေတာ့မယ္"

ေမာင့္ကို စၿပီး အရွက္သဲရသည္က သူပါပဲ။ ေမာင္ အခန္းထဲျပန္ဝင္လာေတာ့ ေစာင္ေခါင္းၿမီးၿခဳံၿပီး အိပ္ခ်င္ေယာင္ေဆာင္လိုက္သည္။ ေမာင္ သူ႔ေဘး၌ ဝင္လွဲလိုက္သည္ကို သူ သိသည္။ တစ္ကိုယ္လုံး ေစာင္အျပည့္ပတ္ထားေသာေၾကာင့္ ေမာင့္အျမင္မွာ သူက ပိုးတုံးလုံးႏွင့္ပင္ တူေနလိမ့္မည္။ ခဏၾကာေတာ့ ေစာင္ထဲမွာေနရင္း သူ မြန္းက်ပ္လာသည္။ ပူလာသည္။ ေမာင့္မ်က္ႏွာကို ၾကည့္ခ်င္လာ၏။ ေဘး၌ လွဲေနေသာေမာင္က ၿငိမ္ေနေတာ့ ေခါင္းၿမီးၿခဳံထားေသာေစာင္ကို ခါးေအာက္ ေလ်ာ့ခ်လိုက္သည္။

" ဟူး...အခုမွပဲ အသက္ရႉဝေတာ့တယ္"

ေမာင္က သူ႔ဘက္သို႔ ခႏၶာကိုယ္ကို ေစာင္းအိပ္ေနလ်က္ ၿငိမ္သက္ေနသည္။ ေမာင့္မ်က္ေတာင္ေလးေတြကို လက္ႏွင့္ ထိခ်င္လာ၍ ေမာင့္ပါးေလးသို႔ လက္လွမ္းလိုက္သည္။ သို႔ေပမဲ့ ေမာင္က ႐ုတ္တရက္မ်က္လုံးဖြင့္လာေလသည္။

" ေမာင္ အိပ္မေပ်ာ္ေသးဘူးလား"

ေမာင္က ေစာင္ကို ဆြဲယူလိုက္ၿပီး ႏွစ္ေယာက္လုံး၏ပခုံးအထိ ၿခဳံလိုက္သည္။ ထို႔ေနာက္ ေနခအေနာက္က အခန္းမီးကို လွမ္းပိတ္လိုက္သည္မို႔ အခန္းက ေမွာင္မဲသြားသည္။

" ဟင္ ေမာင္"

ေမာင့္အနားတိုးကပ္၍ ေမာင့္ကို ဖက္ထားလိုက္သည္။ အေတာ္ၾကာသည္အထိ ေနခအိပ္မေပ်ာ္။ တစ္ညေနလုံးအိပ္ထား၍ ပိုဆိုးသည္။ ေဘးနားမွာ ေမာင္က ရွိေန၍ အေပ်ာ္လြန္ၿပီး အိပ္မေပ်ာ္ႏိုင္တာလည္း ပါသည္။

" ေမာင္...ေမာင္...ေမာင္!"

ေမာင္က သူ ေခၚေနသည္ကို မထူးေလေတာ့ အိပ္ေပ်ာ္သြားၿပီလား မသိပါ။ ေမာင္အိပ္ေနတာ မွန္၊ မမွန္ စမ္းသပ္ရေအာင္ လက္ကို ေမာင့္ခါးနားသို႔ တျဖည္းျဖည္း ေအာက္ေလွ်ာလာလိုက္သည္။ ေမာင့္ေဘာင္းဘီဇစ္ကို ဆြဲခ်ဖို႔ လုပ္ေတာ့ ေမာင္က သူ႔လက္ကို ဖမ္းကိုင္လိုက္သည္။

" အိပ္ေတာ့ ေနခ"

" ဟြန္း!"

သူ႔လက္ႏွစ္ဖက္လုံးကို ပူးၿပီး သူ႔ခႏၶာကိုယ္ကို ေမာင္က အေဆာ့မက္ေနသည့္ ကေလးေလးတစ္ေယာက္ကို သိပ္သလိုမ်ိဳး ခ်ဳပ္ၿပီး ဖက္ထားလိုက္သည္။ သူ႔မွာေတာ့ ေမာင္ခ်ဳပ္ထားသည္ကို အသက္ရႉမက်ပ္သည့္အျပင္ ရင္ေတြ တထိတ္ထိတ္ခုန္ေနေတာ့သည္။

/~/

အဆက္အသြယ္မရဘဲ တစ္ညလုံးေပ်ာက္ေနေသာ သားျဖစ္သူေၾကာင့္ ေဒၚေမခ အလြန္စိတ္ပူေနသည္။ Media တခ်ိဳ႕က သူ႔ကုမၸဏီေအာက္မွာ စုၿပဳံၿပီး ေရာက္ေနၾကၿပီ။

" ေနခမင္းျမတ္ရယ္ ဖုန္းေလးေတာ့ ကိုင္ပါလား၊ အခုေတာ့ ငါ ဘယ္လို ညႇိရမလဲ"

ျပႆနာက သူတစ္ေယာက္တည္း ေျဖရွင္းလို႔ ရသည္မ်ိဳးမဟုတ္။ Interview ကို လက္ခံေျဖလိုက္ၿပီးမွ သားျဖစ္သူက ေပၚလာလွ်င္ ကေခ်ာ္ကခြၽတ္ ျဖစ္သြား႐ုံသာ ရွိလိမ့္မည္။

စိတ္ေအးေအးထားလိုက္ၿပီးေနာက္ လက္ခံေတြ႕ဆုံဖို႔သာ ျပင္ရေတာ့သည္။ သူ ကုမၸဏီေအာက္သို႔ ဆင္းလာတာ ျမင္သည္ႏွင့္ သတင္းေထာက္မ်ားက ဝိုင္းလာၾကၿပီး ေဘးက လုံၿခဳံေရးေတြပင္ မႏိုင္ေလာက္ေအာင္ ျဖစ္ေနသည္။

" ေဒၚေမခ ခဏေလးပါ၊ အခု ေနခမင္းျမတ္ရဲ႕ဓာတ္ပုံနဲ႔ပတ္သက္ၿပီး တစ္ခုခုေျပာေပးပါဦး"

" ဟုတ္ပါတယ္၊ တကယ္ပဲ သူက ေယာက်္ားခ်င္းတြဲေနတာလဲ၊ ေနာက္ၿပီး Fantasy bar က ေကာင္ေလးနဲ႔က ဘယ္အေျခအေနေတြထိ ေရာက္ေနၾကတာလဲ၊ ေျဖေပးပါ"

မိုက္ေတြႏွင့္ အတင္းတိုးေဝွ႔ၿပီး ထိုးေမးေနၾကေတာ့ ေဒၚေမ ခအေတာ္စိတ္ပ်က္လာသည္။ သူတို႔ သတင္းရေရးအတြက္ပဲ ေရွးရႈေနၾကသည္။ နည္းနည္းပါးပါး လူလိုေလး နားလည္ေပးၾကပါဦးလား။ တစ္ဖက္လူ၏ကိုယ္ေရးကိုယ္တာကို အဲ့သည့္ေလာက္ေတာင္ စိတ္ဝင္စားေနရသလား။

" ခဏ ခဏ ေနၾကပါဦး၊ သည္သတင္းေတြက ဘယ္ကရလာၾကတာလဲ၊ သည္မတိက်တဲ့ မႈန္ဝါးဝါးပုံေလးတစ္ပုံအတြက္နဲ႔ ကြၽန္မသားကို ဘယ္လိုေတာင္ ဆြဲေတြးရက္ႏိုင္ၾကတာလဲ"

" Fantasy က အဆိုေတာ္ ေကာင္ေလးနဲ႔ကေရာ ဘယ္လို ပတ္သက္ၾကတာလဲခင္ဗ်ာ"

" သည္မွာ ေနခမင္းျမတ္က ႏိုင္ငံေက်ာ္မင္းသားေနာ္၊ သည္လိုအဆင့္အတန္းမရွိတဲ့ေနရာကို သြားစရာ အေၾကာင္းမရွိဘူး၊ ေနာက္ၿပီး အဲ့သည့္ပုံ မတက္လာခင္ကတည္းက သားက ရႉတင္ၿပီးၿပီးခ်င္း ညတြင္းခ်င္းဘန္ေကာက္ကို သူ႔မန္ေနဂ်ာနဲ႔ ထြက္သြားခဲ့တာ၊ သည္လို မတိက်ဘဲ စြပ္စြဲတဲ့သေဘာေျပာေနမယ္္ဆိုရင္ ရွင္တို႔ကို တရားစြဲရလိမ့္မယ္ေနာ္"

ေလသံခပ္မာမာႏွင့္ ေျပာခဲ့လိုက္ၿပီး ကားေပၚသို႔ ဟန္မပ်က္တက္လာခဲ့လိုက္သည္။ သည္သတင္းေတြက မဟုတ္မမွန္လို႔ သူတို႔ဘက္က တုန္လႈပ္ျခင္း မလ်ဥ္းမရွိဆိုတာမ်ိဳး ျပဳမူခဲ့သည္။ အေရးႀကီးတာက ေပ်ာက္ေနသည့္ေနခမင္းျမတ္ကို မီဒီယာေတြ မေတြ႕သြားဖို႔ ျဖစ္သည္။ဘန္ေကာက္ေရာက္ေနတယ္ဟု လိမ္ထားတာမို႔ သည္ေျမမွာ ေနခကို သူတို႔ရွာေတြ႕သြားလို႔ မျဖစ္ပါ။ သားကို အျမန္ဆက္သြယ္ၿပီး ေရွာင္ေနဖို႔ ေျပာထားရဦးမည္။

______________

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

671K 41.5K 46
ေကာင္ေလးႏွစ္ေယာက္ၾကားမွာ ငယ္ငယ္ေလးကတည္းက အႏိုင္ယူလာမႈေတြက တစ္ေန႔ သဝန္တိုျခင္းေတြနဲ႔အတူ အခ်စ္အျဖစ္သို႔ေျပာင္းလဲသြားေသာအခါ သုတေက်ာ္ဆိုတဲ့ ခပ္ဆိုးဆိုးေက...
53.5K 2.1K 52
Trupin ja fala per here te pare nje trafikanti,aty kur se prisja dhe nga ai qe se prisja! "𝑸𝒊𝒓𝒊𝒏𝒋𝒆̈ 𝒕𝒆̈ 𝒏𝒅𝒆𝒛𝒖𝒓 𝒏𝒆̈𝒏 𝒉𝒊𝒋𝒆𝒏 𝒆 �...
493K 30.1K 55
ဤဇာတ်လမ်းပါ အကြောင်းအရာများသည် သာသာ့၏ စိတ်ကူးယဉ် ဇာတ်လမ်းသဘောဖြစ်တာကြောင့် မဖြစ်နိုင်သည့် အရာများ ပါဝင်နိုင်ပါသည်.... သို့ပါ၍ ထိုသိူ့သော အကြောင်းအရာမ...
1M 60.2K 39
ခ်စ္​တယ္​ဆိုတဲ့ စကားလုံး​ေလး၂လုံးနဲ႔တင္​ လိမ္​ညာခဲ့သမ်ွမ်က္​လုံးမွိတ္​ယုံခ်စ္​တဲ့​ေကာင္​​ေလးနဲ႔ အမုန္​းကိုသာ​ေ႐ွ႕တန္​းတင္​ခဲ့တဲ့​ေကာင္​​ေလး၂​ေယာက္​ရဲ...