မောင့်ခြေဖျားကအထက်တန်းစားဝိုင...
By Amera_Khoon
429K 27.3K 573
Gong - ထက်ဦးခန့် ,စက္ကမင်းမြတ် Shou - နေခမင်းမြတ်, ဟန်လင်းညို Gong - ထက်ဦးခန့် ,စက္ကမင်းမြတ် Shou - နေခမင်းမြတ... More
Part-1
Part-2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Final
Book Cover & Characters' arts
Part - 12
9.6K 708 6
By Amera_Khoon
(Unicode)
စက္ကကို ပြန်ပို့ပေးပြီးတော့ ဟန်လင်းညိုသည် သူ့ကွန်ဒိုကို မပြန်သေးဘဲ မိဘများအား မတွေ့ရတာကြာ၍ အိမ်သို့ ပြန်မိသည်။ သူသည် ဆေးခန်းနှင့် အိမ်က အနည်းငယ်လှမ်း၍ မြို့ထဲမှာတင် ကွန်ဒိုတစ်ခုဝယ်ပြီး တစ်ယောက်တည်းနေထိုင်ခဲ့တာဖြစ် သည်။ အသက်၃၀ကျော်ယောကျာ်းတစ်ယောက်ဖြစ်နေပြီမို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီဆိုသောသဘောကို ဆောင်ချင်သည်။ အဖေက ကုမ္ပဏီတစ်ခုလုံးကို ဦးစီးလုပ်ကိုင်နေသည်မို့ မိဘတွေအတွက် ဘယ်သောအခါမှ စိတ်မပူရ။ အဖေနှင့် အမေရယ်၊ သူရယ်ပဲ ရှိတာမို့ မိသားစုဘဝက ခြောက်ကပ်ကပ်ဖြစ်နေသည်ကတော့အမှန်။ အိမ်ထောင်ပြုဖို့ကျတော့လည်း သူ့မှာ ချစ်သူရည်းစားဟူ၍ မရှိ။ မိဘများကတော့ သူ့ကို အိမ်ထောင်ပြုခိုင်းနေကြပြီ။
" အမေ"
" ဟယ်...သားပြန်လာတယ်"
အမေက သူ့ကို မြင်တော့ ပြေးဖက်ရှာသည်။
" ဟယ် ကိုကို"
" အတော်ပဲ နွယ်က အမေတို့အဖို့ မုန့်လာပို့ပေးတာ"
" ဪ နွယ်လည်း ရောက်နေတာပဲ"
နွယ်ဟု အတိုကောက်ခေါ်သောမိုးသားနွယ်ဆိုတာ သူနှင့်ဆွေမျိုးမတော်စပ်ပေမဲ့ မိဘချင်းရင်းနှီးကြတော့ အမေက သူ့ကို မျက်စိကျနေပြီး ဟန်လင်းညိုနှင့် သဘောတူနေတာ ဖြစ်သည်။ နွယ်က သူ့ထက်၈နှစ်လောက်ငယ်ပေမဲ့ နွယ်က မြန်မာမှုကို အလေးထားပြီး အိန္ဒြေကြီးသော မိန်းကလေးတစ်ယောက်ဖြစ်၏။ သူ အိမ်မှာ မရှိချိန်တိုင်း သူ့မိဘနှစ်ပါးကို အဖော်လာပြုပေးနေကျမို့ အမေက သူနှင့် ဟန်လင်းညိုကို အများကြီးနီးစပ်စေချင်သည်။ သူ့ဘက်ကတော့ နွယ့်ကို ကိုယ့်ညီမလေးအရင်းတစ်ယောက်လို တန်ဖိုးထားသည်။ သို့ရာတွင် နွယ်က သူ မငြင်းပယ်နိုင်လောက်အောင် အဘက်ဘက်က ပြည့်စုံသောမိန်းကလေးတစ်ယောက် ဖြစ်သည်။
" အဖေရော အမေ"
" သားအဖေက ပြန်မရောက်သေးဘူး၊ ခဏနေတော့ ပြန်ရောက်လိမ့်မယ်ထင်တယ်"
" ဪ..."
" ကိုကိုရော့ နွယ်ကိုယ်တိုင်လုပ်ထားတဲ့မုန့်လေး စားကြည့်"
" အင်း"
ဟန်လင်းညိုလည်း ကမ်းပေးလာသည့်ပန်းကန်ကို လှမ်းယူလိုက်ပြီး မုန့်ချိုကို အနည်းငယ်စားကြည့်၍ အရသာရှိကြောင်း ခေါင်းညိတ်ပြလိုက်သည်။
" သား သည်ည သည်မှာပဲ အိပ်သွားမယ်မလား"
" ဟုတ်ကဲ့ အမေ၊ ၇နာရီတောင်ထိုးပြီဆိုတော့ သည်မှာပဲ အိပ်တော့မယ်"
" ဪ ဒါဆို နွယ့်ကို အိပ်ပြန်လိုက်ပို့ပေးလိုက်ပါလား သား၊ မှောင်နေပြီမို့"
" ဟုတ်ကဲ့ အမေ၊ သား လိုက်ပို့ပေးလိုက်ပါ့မယ်၊ လာ နွယ်"
" ဟုတ်ကဲ့ ကိုကို"
ထို့နောက် နွယ်က သူတို့၏တစ်လမ်းကျော်မှာ နေတာမို့ လမ်းလျှောက်ပြီးသာ လိုက်ပို့ဖြစ်သည်။
" ကိုကို သည်မှာပဲ ပြန်လာနေပါလား"
" အင်း အစ်ကိုလည်း နေချင်ပါတယ်၊ ဒါပေမဲ့ သွားရလာရတာ အဆင်မပြေဘူးလေ"
" အင်းပေါ့"
လမ်းလျှောက်နေရင်း နှစ်ယောက်ကြားက လေထုသည် ပြန်တိတ်ဆိတ်သွားပြန်သည်။
" ရောက်ပြီ ကိုကို၊ လိုက်ပို့ပေးတာ ကျေးဇူးပဲနော်၊ ဂရုစိုက်ပြန်"
" အင်း ဘိုင့်ဘိုင်"
နှုတ်ဆက်ပြီး ပြန်လှည့်အထွက် နွယ်က သူ့ကို ရုတ်တရက် လှမ်းခေါ်လာပြန်သည်။
" ကိုကို"
" ဟင်"
" ကိုကို နွယ့်ကို အဆက်အသွယ်မဖြတ်ထားပါနဲ့လား၊ နွယ်တို့က တစ်ချိန် လက်ထပ်ရမဲ့လူတွေလေ၊ တစ်ယောက်နဲ့တစ်ယောက် သည့်ထက်ပိုပြီး ရင်းရင်းနှီးနှီးတိုင်တိုင်ပင်ပင် ရှိသင့်တယ် မဟုတ်ဘူးလား"
" အင်းပါ၊ နွယ် ပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ အစ်ကိုက မအားတာများတယ်လေ၊ စိတ်ချပါ၊ အစ်ကိုတို့က တစ်ချိန်လက်ထပ်ရမှာပဲ၊ သည်လိုနှစ်ယောက်ကြားကိစ္စတွေက မလိုလောက်ဘူးလို့ အစ်ကို ထင်တယ်"
ပြုံးပြရင်း ကျောခိုင်းလှည့်ထွက်လာခဲ့သည်။ တကယ်ဆို သူ့ဘဝကြီးက အထီးကျန်ဆန်လွန်းသည်။ သူ့အသက်က လူပျိုကြီးစာရင်းပင် ဝင်လုပြီ။ သည်လိုမျိုးလူငယ်တွေနှင့်အတူ အပျော်အပါးအချိန်ပေးဖို့ သူ့စိတ်အစဥ်ဟာ မဆောင်တော့ပါ။ ကိုယ်လက်ထပ်ရမဲ့မိန်းကလေးကို အားနာပေမဲ့လည်း မတတ်နိုင်ချေ။
/~/
/ omo~omo ဒါ နေခမင်းမြတ်ကြီးမလား /
/ ငါ့အထင်မဟုတ်လောက်ဘူး ထင်တယ်နော်/
/ ပထမအလွှာက အမျိုးသမီး စကားကို ဆင်ခြင်ပြော၊ ငါတို့နေခက မာနမင်းသားနော်၊ ကြမ်းကြမ်းရမ်းရမ်း အဟင်း.../
/ သည်မှာ အလွှာတွေ ထည့်ပြောမနေနဲ့၊ နင်တို့ရဲ့မာနမင်းသားကြီးက ဟိုက ကောင်လေးရင်ခွင်ထဲမှာ မြုပ်နေတာ မမြင်ဘူးလား/
/ အမလေး သေပါပြီ၊ ဒါဘယ်လိုတောင်ဖက်ထားတာလဲ၊ သူ ဆိုတာ သေချာနေပြီကို၊ ငါ့ရဲ့ဝါရင့်နှလုံးသားကြီးက သည်အခြေအနေကို ကောင်းကောင်းကြီးခံစားမိနေတယ်/
/ သေရင် သွားသေလိုက်ပါ အစ်မ၊ shipper ဆိုပြီး အာချောင်တော့မယ်၊ သူ့ကို အားမနာရင်တောင် သူနဲ့ တွဲရိုက်ခဲ့တဲ့ ကျွန်မတို့ရဲ့မင်းသမီးကို အားနာသင့်တယ်မလား/
/ သူ့ကိုတော့ လုံးဝမကွေးနိုင်မဲ့အဖြောင့်ကြီးလို့ ထင်ထားခဲ့တာလေဟာ T T/
/ နင်တို့ သည်လိုလောင်နေချိန် ငါကတော့ သူ့ Seme ကြီးကိုပဲ သိချင်တယ်/
/ နေခမင်းမြတ်လို ဗလတောင့်တဲ့အချေမင်းသားကိုတောင် အောက်ပို့တယ်ဆိုတော့ သည့်ဘဲကြီးက အထက်တကာ့အထက်ပုဂ္ဂိုလ်ကြီးပဲ ဖြစ်ရမယ်/
/ ကိုနေခရေ မနေ့ကမှ ရိုက်တင်ခဲ့တဲ့ဆစ်ပက်ကြီးကို အားနာပါဦးဟ၊ ဂေးရင်တောင် အထက်ပုဂ္ဂိုလ်လောက်တော့ ဖြစ်သင့်တယ်မလား/
Cele စုံထောက်က တင်လိုက်သည့်ပုံက ၅မိနစ်အတွင်း Share နှင့် Comment များ ထောင်ချည်ကုန်သည်။
/ ဒါ ဟို bar က အစ်ကိုမလား၊ @may su ရေ လာကြည့်ပါဦး၊ ညည်း ဦးခန့်လို့ အော်အော်နေတဲ့ တစ်ယောက်လားလို့/
/ ဟမ် ဘာကြီးလားဟ၊ မဖြစ်နိုင်ဘူးလေ၊ အမလေး သေပါပြီ ငါ့ oppa/
ပုံက လူကြီး၊လူငယ်မရွေး ပျော်ပါးသောက်စားလို့ရသည့် fantasy hotel & bar ရှေ့မှာ ရိုက်ထားသည့်ပုံ။  နေခမင်းမြတ်ကို ထက်ဦးခန့်က ဆွဲသိမ်းပြီး တားနေသည့်ပုံ ဖြစ်သည်။ အရှေ့က အမျိုးသမီးတစ်ယောက်ကလည်း ပါသေးသည်။ သို့ပေမဲ့ နေခမင်းမြတ်က ရုပ်ဖျက်ထား၍ သူပါဟု အတပ်ပြော၍မရ ဖြစ်နေကြ၏။
fantasy ၏ နာမည်ကြီးသည့် အဓိကအချက်က စက္ကမင်းမြတ်နှင့်ထက်ဦးခန့်ကြောင့် ဖြစ်သည်။ အရွယ်သုံးပါးအမျိုးသမီးများ၏အကြိုက်နှင့် ထပ်တူကျနေသောသူတို့နှစ်ယောက်ကြောင့် Fantasy က တခြား hotel တွေ၊ bar တွေထက် အောင်မြင်မှုနှုန်း ပိုမြန်သည်။ ထို့အပြင် သူတို့နှစ်ယောက်၏ fan page တွေတောင် ရှိသေးသည်။ သူတို့ သီချင်းဆိုပုံတွေ၊ လှုပ်ရှားပုံတွေကို ဆိုင်သို့ တကူးတကလာပြီး ရိုက်ယူထားကြတာဖြစ်သည်။
ထိုအခြေအနေကြောင့် ဒေါ်မေခ comment တွေကို ဖတ်ရင်း မူးမေ့လဲချင်တော့သည်။ Cele စုံထောက်က တခြား media တွေလို ပိုက်ဆံပေးပြီး လွယ်လွယ်သတင်းဖျက်ခိုင်းလို့ ရသည့် media တစ်ခုမဟုတ်။ သည်လိုအခြေအနေအထိ သားဖြစ်သူကို လွှတ်ထားမိလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကိုယ်သာ ဒေါသထွက်ရပြန်သည်။
သားဖြစ်သူ၏အခန်းကို တံခါးသွားခေါက်တော့လည်း သားက အခန်းထဲမှာမရှိ။ သည်နေ့ ရှူတင်မရှိသည့်နေ့ကို ဒီကောင်လေးဘယ်တွေ လည်ပတ်နေသည်မသိပါ။ ခက်ဇော်ကို ဖုန်းဆက်ပြီး သားကို အမြန်လိုက်ရှာခိုင်းလိုက်သည်။
တီ...တီ...
" ဟယ်လို ခက်ဇော် သားဘယ်မှာလဲ၊ သားကို တွေ့ပြီလား"
" အန်တီစိတ်ကို အေးအေးထား၊ နေခကို အဲ့ဆိုင်မှာ မတွေ့တော့ဘူး၊ သူ အဲ့ကောင်နဲ့ ဘယ်ကိုပါသွားလဲ မသိဘူး"
" ငါ သေသာ သေလိုက်ချင်တော့တာပဲ၊ နေခမင်းမြတ်...နေခမင်းမြတ်...အခု သူအဲ့ Bar ကို သွားပြီး အပျော်အပါးလိုက်စားနေတယ်လို့ သူ့ပရိသတ်တွေက ထင်ကုန်ကြပြီ"
" ဟို ဟုတ်လို့လား အန်တီရဲ့၊ ကျွန်တော် comment တွေကို ဖတ်ကြည့်သလောက်တော့ သူ့ကို ဟိုကောင်လေးနဲ့..."
ဆက်ပြောသင့်၊ မပြောသင့်စဥ်းစားပြီးနောက် ခက်ဇော် နှုတ်ပိတ်လိုက်သည်။ အခုခေတ် လူကြီးတွေက ဘာမှ နားလည်တာမဟုတ်ဘူး။ သည်လို လွယ်လွယ်နှင့် အခြေအနေကို ပြောပြလိုက်လျှင် သွေးတက်သွားလိမ့်မည်။
//နေခမင်းမြတ်ရေ..ရွှေသွေး ....မအေဘေး မွှေတယ်ဟ!//
" စိတ်မပူနဲ့ အန်တီ၊ သူ ပြန်လာမှာပါ၊ သည်အခြေအနေကို သူ မသိသေးလို့ နေမှာပါ"
" သူ အခု သည်လိုလျှောက်သွားနေလို့ မရဘူးလေ၊ media တွေက သူ့နောက်လိုက်နေမှာ"
" ဟုတ် ဒါပေမဲ့ အခုလို ရှောင်နေလိုက်တာလည်း ကောင်းတယ် မဟုတ်ဘူးလား"
" သားခက်ဇော်ရယ် အန်တီ အားကိုးပါတယ်၊ သားသူငယ်ချင်းကို ရအောင်ရှာပေးပါ။"
" စိတ်ချအန်တီ"
ခက်ဇော်နှင့် ဖုန်းပြောပြီးတာတောင် သူ့စိတ်က မအေးရသေး။ သည်သားတစ်ယောက်နှင့်ပင် တော်တော်စိတ်ဆင်းရဲရသည်။ ဪ...သားကြီးကတော့ သားငယ်လို မဆိုးလောက်ပါ။ အမေ့သားကြီးကတော့ လိမ္မာမှရမည်။ သတိရမိတော့ ဦးမင်းမြတ်ပေးခဲ့သောဖုန်းနံပါတ်လေးကို နှိပ်ကြည့်ပြီး ခေါ်ကြည့်လျှင် ကောင်းမလားဟု တွေးပြီးမှ ပြန်ချလိုက်သည်။ ကျွန်မ၏သားငယ်အပေါ် မထိန်းသိမ်းနိုင်ဖြစ်နေသည့် ပုံကို ရှင့်ကို မမြင်စေချင်ပါ။
____________
(Zawgyi)
" အမေ"
" ဟယ်...သားပြန်လာတယ်"
" ဟယ် ကိုကို"
" အဖေရော အမေ"
" ဪ..."
" အင်း"
" ဟုတ်ကဲ့ ကိုကို"
" အင်းပေါ့"
" အင်း ဘိုင့်ဘိုင်"
" ကိုကို"
" ဟင်"
/~/
တီ...တီ...
" စိတ်ချအန်တီ"
____________
Continue Reading
You'll Also Like
509K 46.2K 42
22.3K 930 26
748K 77.7K 67
Comedy , Romance , Drama
1.6M 69.2K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...