(Unicode)
မနေ့က နေခသည် မောင့်ဆီကို လာတွေ့မည်ဟု ပြောထား၍ မား၏ကုမ္ပဏီသို့ အသွားကို ထိုင်စောင့်နေရသည်။ မား မရိပ်မိအောင် သူ့အခန်းထဲ၌သာ သူ နေ၍အိပ်ချင်ယောင်ဆောင် နေလိုက်သည်။ မားက သူ့အခန်းကို လာချောင်းသောအခါ၌ သူ ခုတင်ပေါ်မှာ အိပ်နေသည်ကို မြင်ပြီး တိတ်တဆိတ်ပြန်ထွက်သွားသည်။ ထို့နောက် မား၏ကားသံကို အခန်းထဲမှ ကြားတော့ သူ ခုတင်ပေါ်၌ ခုန်ပေါက်လိုက်ပြီး ရေချိုးခန်းသို့ ဝင်သည်။ ခဏကြာတော့ ရေမိုးချိုးအဝတ်အစားလဲပြီး မောင့်ဆီသို့ သွားရန် ခြေလှမ်းစသည်။
မောင့်အမြင်မှာ ပိုပြီးနုငယ်သည်ဟု ထင်ရအောင် အပြာနုရောင်တီရှပ်လေးကို ဒူးအထက်ဂျင်းပျော့အဖြူလေးနှင့် တွဲဖက်ဝတ်ဆင်လိုက်သည်။ မောင်က သည်အချိန်ဆို သူ့အလုပ်မှာပဲ ရှိနိုင်တာကြောင့် ဆိုင်ကိုသာ ဦးတည်သွားလိုက်သည်။ ဆိုင်ရှေ့၌ ကားရပ်ပြီးတော့ ဦးထုပ်အနက်ကို ခပ်ငိုက်ငိုက်ဆောင်းလျက် mask အနက်ကို တပ်၍ ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။
" ဟို ထက်ဦးခန့်..."
" ဪ...ကိုထက်ဦးခန့်က အနောက်က ဟိုတယ်ထဲမှာ၊ ညာဘက်ချိုးပြီး ဟိုဘက် ထောင့်ဆုံးအခန်းထဲမှာ ရှိလိမ့်မယ်၊ ဝင်သွားလိုက်နော်"
" ဟုတ်ကဲ့"
နေ့လည်ဘက်မို့ ထင်သည်။ မောင်က အခန်းထဲမှာ နားနေတာနေမှာပေါ့။ သို့ဖြစ်၍ ကောင်မလေး ညွှန်ပြသည့်အတိုင်း သူ ဝင်သွားလိုက်တော့ ဟုတ်သည်။ မောင် ရှိနေ၏။ ကျောခိုင်းထားသော မောင်က ဘာတွေ အလုပ်ရှုပ်နေသည်လဲ။
" မောင်...အမလေး!"
မောင့်ကိုသာ အာရုံစိုက်ထားမိတာမို့ ကိုကြီးစက္ကက ရုတ်တရက်ကြီး အရှေ့မှာပိတ်ရပ်လိုက်စဥ် နေခလန့်ပြီး အော်လိုက်မိသည်။ ထို့နောက် ကိုယ့်ရင်ဘက်ကိုယ်ဖိ၍ စိတ်ငြိမ်သွားတော့မှ ကိုကြီးစက္ကက သူ့အား စိုးရိမ်မှုဖြင့် ငုံ့ကြည့်နေကြောင်း တွေ့လိုက်ရသည်။
" ညီလေး လန့်သွားတာလား"
" အာ...နည်းနည်းပါ"
မောင်ကလည်း သူ့ဘက်သို့ လှည့်ကြည့်လာသည်မို့ သူ လှမ်းပြုံးပြလိုက်သည်။ မောင့်အနားလျှောက်သွားပြီး မောင့်ဘေး ဝင်ထိုင်လိုက်တော့ မောင် လုပ်နေသည့်အလုပ်ကြောင့် သူ မောင့်ကို တအံ့တသြ ပြန်ကြည့်မိသည်။
" ဟင်...မောင်၊ ဒါ ဒါ သိုးမွှေးထိုးနေတာမလား"
" အင်း"
မောင့်ကို ဘယ်လိုနားလည်ရမည်လဲ။ မောင်က သည်လိုကြီးလုပ်တတ်လိမ့်မည်ဟု နေခ တစ်ခါလေးမှတောင် မမှန်းဆဖူးပါ။
" အို...မောင်က ဒါမျိုးတွေလည်း လုပ်တတ်တယ်လား၊ တော်လိုက်တာ"
" ဟုတ်တယ် ညီလေးရဲ့၊ ထက်ခန့်က တစ်ခါတစ်ခါ အားနေရင် အဲ့လိုသိုးမွှေးထိုးတတ်တယ်"
ကိုကြီးစက္ကသည် သူ့အရှေ့ကခုံ၌ ဝင်ထိုင်လိုက်ရင်း ပြောလာသည်။
" ညီလေး သည်ကို ထပ်လာလည်တာပေါ့၊ ကဲ...ပြော၊ ညီလေး ဘာစားချင်လဲ"
" အာ...မဟုတ်တာ ကိုကြီး၊ ကျွန်တော်က ထက်ဦးခန့်ကို တွေ့ချင်ရုံသက်သက်လာတာပါ"
နေခပြန်ပြောလိုက်သောစကားကို ကိုကြီးက ပြုံးပြီး ခေါင်းညိတ်သည်။
" ညီလေးက ထက်ခန့်ကို အတော်ခင်တာပဲနော်၊ ကိုကြီးကိုလည်း အဲ့လိုခင်ရင် ကောင်းမယ်"
ထိုစကားကြောင့် သိုးမွှေးထိုးနေသော ထက်ဦးခန့်၏လက်တွေက တုံ့သွားသည်။ နေခလည်း ရှက်ကိုးရှက်ကန်းနှင့် ရယ်ပြလိုက်သည်။
" မဟုတ်ဘူး စက္က၊ နေခက ငါ့ချစ်သူ"
" ဘာ...ဘယ်လို"
အရှေ့က စက္ကသည် သူ့စကားကြောင့် ဝုန်းခနဲ မတ်တတ်ထရပ်လိုက်သည်။ နေခကလည်း မောင် ထိုသို့ တခြားလူကို ပြောပြလိမ့်မည်ဟု မထင်ထား၍ မောင့်ကို တအံ့တသြ ကြည့်လိုက်မိသည်။ မောင်က တခြားလူရှေ့၌ သူတို့နှစ်ယောက်၏ပတ်သက်မှုကို ထုတ်ပြနေသည်မို့ သူ ကျေကျေနပ်နပ်ကြီး ပြုံးမိပြန်သည်။
သို့ပေမဲ့ ကိုကြီးစက္ကက သည်အခြေအနေကြီးကြောင့် ထိုင်နေသောမောင်၏လက်အား ဆွဲလျက် နေခ၏အရှေ့မှ ထွက်သွားသည်။ သို့ဖြစ်၍ ကိုကြီးစက္က၏အပြုအမူကို နေခနားမလည်နိုင်တော့ဘဲ အခန်းထဲ၌သာ ကျန်ရစ်ခဲ့တော့သည်။
/~/
" ဒါတကယ်ပဲလား ထက်ခန့်"
ထက်ဦးခန့်၏အင်္ကျီကော်လံကို ဆွဲပြီး စက္ကက မေးလိုက်သည်မို့ သူ ခဏတော့ တုံ့ဆိုင်းသွားသည်။
" ဟုတ်တယ်"
သူ၏အဖြေကို ကြားပြီးနောက် စက္က၏လက်တွေ ပြေလျော့သွားပြီး ခေါင်းငိုက်စိုက်ကျသွားတော့သည်။
" ဘယ်တုန်းကတည်းကလဲ"
" မကြာသေးဘူး၊ ငါ မင်းကို သည်လိုပြောပြတာ ငါ မင်းကို တကယ်အလေးထားလို့ပါ၊ ငါ သည်လိုမျိုး..."
" တော်တော့ ထက်ဦးခန့် !"
လေသံမာမာနှင့် ပြန်အော်လိုက်သော စက္ကကြောင့် သူ ဆွံ့အသွားခဲ့သည်။ တစ်ယောက်တည်းရှိသည့် သူငယ်ချင်းပေမို့ အလေးထားပြီး ပြောမိသော်လည်း ပြန်ရလိုက်သည်က မိမိကို ကျောခိုင်းသွားသော စက္က၏ပုံစံပင်။
" စက္က မင်း ငါ့ကို ရွံလို့လား"
" နေခမင်းမြတ်လည်း နစ်နာလိမ့်မယ်၊ နောက်ပြီး မင်းအတွက်လည်း မကောင်းဘူး၊ မင်းတို့နှစ်ယောက်လုံး နာကျင်ရမှာ ငါ ကြိုသိနေတယ်"
" ငါလက်မခံနိုင်ဘူး၊ ငါ ရှေ့ဆက်တိုးမှာပဲ"
စက္ကကတော့ သူ၏တည်ကြည်သောစကားကြောင့် သူ့အား စူးစိုက်၍ ပြန်လှည့်ကြည့်လာပြီး ထွက်သွားတော့သည်။ စက္ကမရှိတော့မှ ထက်ဦးခန့်လည်း နေခရှိနေသောအခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။
" နေခ"
" မောင် ပြန်လာပြီ၊ ကိုကြီးက ဘာဖြစ်သွားတာလဲ၊ ငါနဲ့ မောင့်ရဲ့ဆက်ဆံရေးကို လက်မခံဘူးလား"
" စိတ်မပူနဲ့၊ စက္က လက်မခံနိုင်တဲ့အခြေအနေဆိုတာ မရှိဘူး"
" ဪ..."
ကိုကြီးက ခဏစိတ်လှုပ်ရှားသွားလို့ နေမှာပါ။ မောင့်ကို မောင့်သူငယ်ချင်းက နားလည်ပေးနိုင်မှာပါ။ ဒါဆို သူ့သူငယ်ချင်း ခက်ဇော်ကရော။ သည်လိုမောင်နှင့်အခြေအနေအစစ်အမှန်ကို ဖွင့်ပြောဖို့ အားယူရဦးမည်။
/~/
စက္ကအပြင်ကို ထွက်လာခဲ့လိုက်ပြီး ဆိုင်၏ bar မှာ အရက်ထိုင်သောက်နေလိုက်သည်။
ညီလေးက မိုက်မဲလွန်းသည်။ အမေ သိလျှင် ဘယ်လိုရင်ဆိုင်ကြမှာလဲ။ ထက်ခန့်ကိုလည်း အမေက သေချာပေါက် ဒုက္ခပေးနိုင်မည်။ အမေက သူတို့၏အခြေအနေကို လက်ခံပေးမည်မထင်။ ထက်ခန့်က ဘယ်လိုလူမျိုးလဲဆိုတာကိုရော ညီလေးက မသိရော့လား။ ထက်ခန့်နှင့်ပတ်သတ်ပြီး သူ၏သိက္ခာတွေကိုရော မြောင်းထဲ ပစ်လိုက်တော့မည်ပေါ့။ နှစ်ဦးနှစ်ဖက်ထိခိုက်မည့်ကိစ္စကို တကယ်ပဲ ရှေ့ဆက်တိုးကြမည်တဲ့လား။
" ရွံတယ်တဲ့လား၊ ငါက မင်းကို ရွံရင် ငါ့ညီကိုပါ ရွံရမှာလား၊ အဟက်...ငါကိုယ်တိုင်က ရွံစရာကောင်းနေပြီမလား"
ဘီယာကို တစ်ခွက်မော့လိုက် ရင်ထဲ၌ စကားတစ်ခွန်းပြောလိုက်နှင့် ခါးသီးမှုကို အာရုံမစိုက်နိုင်ဘဲ ရင်ထဲက အပူကို အပူနှင့် ထပ်ဆင့်ငြှိမ်းသည်။ ထို့နောက် ခေါင်းက တရိပ်ရိပ်မူးလာတော့သည်။ သူ့အခြေအနေမဟန်တော့တာ သိပေမဲ့ အရှေ့က ဝိတ်တာကောင်လေးကလည်း မတားရဲဖြစ်နေသည်။ ခဏကြာတော့ ခေါင်းငိုက်စိုက်ကျသွားတော့သည်။
" အစ်ကိုစက္က၊ အစ်ကို ဟာ...ဒုက္ခပဲ၊ ထက်ဦးခန့်ကို သွားခေါ်မှ ဖြစ်တော့မယ်၊ ငါ့မှာလည်း မအားရတဲ့ကြားထဲကွာ"
" ညီလေး ဒါ စက္ကမလား"
ခေါင်းကုတ်ပြီး အဖေတနေချိန်မှာ ဘေးနား၌ လာရပ်ပြီး စကားဆိုလာသောလူကြောင့် ဝိတ်တာကောင်လေး၏မျက်နှာမှာ ချက်ချင်းအရောင်လက်သွားတော့သည်။
/~/
ဝိတ်တာကောင်လေး၏အကူအညီဖြင့် ကိုယ့်ထက်အရပ်မြင့်ပြီး ထွားနေသော စက္က၏ခန္ဓာကိုယ်ကို ကားပေါ်တင်လိုက်ရသည်။
" ကျေးဇူးပဲ ညီ"
"ဟုတ်ကဲ့ ရပါတယ်ဗျ၊ သူ့အိမ်ကိုသာ လိုက်ပို့ပေးလိုက်ပါ"
" စိတ်ချ၊ စိတ်မပူနဲ့"
ဟန်လင်းညိုသည် အရှေ့က ကောင်လေးကို ပြုံးပြလိုက်ပြီး ကားစက်နှိုး၍ ထိုဆိုင်ထဲမှ ထွက်ခဲ့သည်။ ကားမောင်းနေရင်း ဘေးက ငမူး၏အခြေအနေကို အကဲခတ်လိုက်သေးသည်။ ဘယ့်နှယ်။ သည်လို နေ့ခင်းကြောင်တောင်အချိန်ကြီး မူးကွဲနေရတယ်လို့။ သည်ကောင်လေး အသည်းတွေ ဘာတွေ ကွဲနေတာတော့ မဟုတ်ဘူးမလား။
ကားမောင်းလာရင်းမှ ချက်ချင်းထိုးရပ်လိုက်သည်။ အိမ်လိုက်ပို့ပေးမည်ဟု ခေါ်လာခဲ့ပြီးခါမှ အိမ်လိပ်စာမမေးလိုက်ရ။ ကားပြန်ကွေ့ဖို့ကျတော့လည်း အဆင်မပြေသည့်အဆုံး သူ့ကွန်ဒိုကိုသာ ခေါ်လာခဲ့တော့သည်။
ကွန်ဒိုရောက်တော့ ငမူးက နည်းနည်းအခြေအနေဟန်လာသည်။ မူးနေသော သူ့ကို ဧည့်ခန်းထဲမှ ဆိုဖာပေါ် ပစ်ချလိုက်ပြီး အိပ်ခိုင်းလိုက်သည်။
သူ့ကို အပေါ်အထိတွဲခေါ်လာရ၍ လူကလည်း မောနေသည်။ ရေချိုးပြီး ပြန်ထွက်လာတော့ ဧည့်ခန်းထဲက ငမူးသည် ပြန်နိုးလာပြီ။ ထို့နောက် အခန်းထဲဝင်လာသော သူ့ကို ထိုင်နေရင်း မျက်လုံးလှန်ကြည့်ပြီး ဂျစ်ကန်ကန်မေးသည်။
" ကျွန်တော် ဘာလို့ သည်ရောက်နေတာလဲ"
" မင်းမူးနေလို့"
" မူးနေတဲ့ကျွန်တော်က လမ်းလျှောက်ပြီး ခင်ဗျားအခန်းထဲရောက်နေတယ်ဆိုတာ မဖြစ်နိုင်ဘူးမလား"
" အာ...ငါ အဲ့သည့်လိုမပြောပါဘူး၊ မင်းရဲ့ဆိုင်မှာ မူးပြီးမှောက်နေတာတွေ့လို့ ငါ အမြင်မတော်လို့ခေါ်လာတာ"
" ခင်ဗျားထပ်ပြီး ကျွန်တော့်ဆိုင်ကို လမ်းကြုံပြန်ပြီလား"
ကိုယ်ကလည်း ကူညီပြီး ခေါ်လာပေးရသေးသည်။ မယုံသင်္ကာဖြင့် ပြန်မေးတာလည်း ခံရသေးတာမို့ ဟန်လင်းညိုလည်း နည်းနည်းတော့ ပေါက်လာသည်။
___________
(Zawgyi)
မေန႔က ေနခသည္ ေမာင့္ဆီကို လာေတြ႕မည္ဟု ေျပာထား၍ မား၏ကုမၸဏီသို႔ အသြားကို ထိုင္ေစာင့္ေနရသည္။ မား မရိပ္မိေအာင္ သူ႔အခန္းထဲ၌သာ သူ ေန၍အိပ္ခ်င္ေယာင္ေဆာင္ ေနလိုက္သည္။ မားက သူ႔အခန္းကို လာေခ်ာင္းေသာအခါ၌ သူ ခုတင္ေပၚမွာ အိပ္ေနသည္ကို ျမင္ၿပီး တိတ္တဆိတ္ျပန္ထြက္သြားသည္။ ထို႔ေနာက္ မား၏ကားသံကို အခန္းထဲမွ ၾကားေတာ့ သူ ခုတင္ေပၚ၌ ခုန္ေပါက္လိုက္ၿပီး ေရခ်ိဳးခန္းသို႔ ဝင္သည္။ ခဏၾကာေတာ့ ေရမိုးခ်ိဳးအဝတ္အစားလဲၿပီး ေမာင့္ဆီသို႔ သြားရန္ ေျခလွမ္းစသည္။
ေမာင့္အျမင္မွာ ပိုၿပီးႏုငယ္သည္ဟု ထင္ရေအာင္ အျပာႏုေရာင္တီရွပ္ေလးကို ဒူးအထက္ဂ်င္းေပ်ာ့အျဖဴေလးႏွင့္ တြဲဖက္ဝတ္ဆင္လိုက္သည္။ ေမာင္က သည္အခ်ိန္ဆို သူ႔အလုပ္မွာပဲ ရွိႏိုင္တာေၾကာင့္ ဆိုင္ကိုသာ ဦးတည္သြားလိုက္သည္။ ဆိုင္ေရွ႕၌ ကားရပ္ၿပီးေတာ့ ဦးထုပ္အနက္ကို ခပ္ငိုက္ငိုက္ေဆာင္းလ်က္ mask အနက္ကို တပ္၍ ဆိုင္ထဲသို႔ ဝင္သြားလိုက္သည္။
" ဟို ထက္ဦးခန္႔..."
" ဪ...ကိုထက္ဦးခန္႔က အေနာက္က ဟိုတယ္ထဲမွာ၊ ညာဘက္ခ်ိဳးၿပီး ဟိုဘက္ ေထာင့္ဆုံးအခန္းထဲမွာ ရွိလိမ့္မယ္၊ ဝင္သြားလိုက္ေနာ္"
" ဟုတ္ကဲ့"
ေန႔လည္ဘက္မို႔ ထင္သည္။ ေမာင္က အခန္းထဲမွာ နားေနတာေနမွာေပါ့။ သို႔ျဖစ္၍ ေကာင္မေလး ၫႊန္ျပသည့္အတိုင္း သူ ဝင္သြားလိုက္ေတာ့ ဟုတ္သည္။ ေမာင္ ရွိေန၏။ ေက်ာခိုင္းထားေသာ ေမာင္က ဘာေတြ အလုပ္ရႈပ္ေနသည္လဲ။
" ေမာင္...အမေလး!"
ေမာင့္ကိုသာ အာ႐ုံစိုက္ထားမိတာမို႔ ကိုႀကီးစကၠက ႐ုတ္တရက္ႀကီး အေရွ႕မွာပိတ္ရပ္လိုက္စဥ္ ေနခလန္႔ၿပီး ေအာ္လိုက္မိသည္။ ထို႔ေနာက္ ကိုယ့္ရင္ဘက္ကိုယ္ဖိ၍ စိတ္ၿငိမ္သြားေတာ့မွ ကိုႀကီးစကၠက သူ႔အား စိုးရိမ္မႈျဖင့္ ငုံ႔ၾကည့္ေနေၾကာင္း ေတြ႕လိုက္ရသည္။
" ညီေလး လန္႔သြားတာလား"
" အာ...နည္းနည္းပါ"
ေမာင္ကလည္း သူ႔ဘက္သို႔ လွည့္ၾကည့္လာသည္မို႔ သူ လွမ္းၿပဳံးျပလိုက္သည္။ ေမာင့္အနားေလွ်ာက္သြားၿပီး ေမာင့္ေဘး ဝင္ထိုင္လိုက္ေတာ့ ေမာင္ လုပ္ေနသည့္အလုပ္ေၾကာင့္ သူ ေမာင့္ကို တအံ့တၾသ ျပန္ၾကည့္မိသည္။
" ဟင္...ေမာင္၊ ဒါ ဒါ သိုးေမႊးထိုးေနတာမလား"
" အင္း"
ေမာင့္ကို ဘယ္လိုနားလည္ရမည္လဲ။ ေမာင္က သည္လိုႀကီးလုပ္တတ္လိမ့္မည္ဟု ေနခ တစ္ခါေလးမွေတာင္ မမွန္းဆဖူးပါ။
" အို...ေမာင္က ဒါမ်ိဳးေတြလည္း လုပ္တတ္တယ္လား၊ ေတာ္လိုက္တာ"
" ဟုတ္တယ္ ညီေလးရဲ႕၊ ထက္ခန္႔က တစ္ခါတစ္ခါ အားေနရင္ အဲ့လိုသိုးေမႊးထိုးတတ္တယ္"
ကိုႀကီးစကၠသည္ သူ႔အေရွ႕ကခုံ၌ ဝင္ထိုင္လိုက္ရင္း ေျပာလာသည္။
" ညီေလး သည္ကို ထပ္လာလည္တာေပါ့၊ ကဲ...ေျပာ၊ ညီေလး ဘာစားခ်င္လဲ"
" အာ...မဟုတ္တာ ကိုႀကီး၊ ကြၽန္ေတာ္က ထက္ဦးခန္႔ကို ေတြ႕ခ်င္႐ုံသက္သက္လာတာပါ"
ေနချပန္ေျပာလိုက္ေသာစကားကို ကိုႀကီးက ၿပဳံးၿပီး ေခါင္းညိတ္သည္။
" ညီေလးက ထက္ခန္႔ကို အေတာ္ခင္တာပဲေနာ္၊ ကိုႀကီးကိုလည္း အဲ့လိုခင္ရင္ ေကာင္းမယ္"
ထိုစကားေၾကာင့္ သိုးေမႊးထိုးေနေသာ ထက္ဦးခန္႔၏လက္ေတြက တုံ႔သြားသည္။ ေနခလည္း ရွက္ကိုးရွက္ကန္းႏွင့္ ရယ္ျပလိုက္သည္။
" မဟုတ္ဘူး စကၠ၊ ေနခက ငါ့ခ်စ္သူ"
" ဘာ...ဘယ္လို"
အေရွ႕က စကၠသည္ သူ႔စကားေၾကာင့္ ဝုန္းခနဲ မတ္တတ္ထရပ္လိုက္သည္။ ေနခကလည္း ေမာင္ ထိုသို႔ တျခားလူကို ေျပာျပလိမ့္မည္ဟု မထင္ထား၍ ေမာင့္ကို တအံ့တၾသ ၾကည့္လိုက္မိသည္။ ေမာင္က တျခားလူေရွ႕၌ သူတို႔ႏွစ္ေယာက္၏ပတ္သက္မႈကို ထုတ္ျပေနသည္မို႔ သူ ေက်ေက်နပ္နပ္ႀကီး ၿပဳံးမိျပန္သည္။
သို႔ေပမဲ့ ကိုႀကီးစကၠက သည္အေျခအေနႀကီးေၾကာင့္ ထိုင္ေနေသာေမာင္၏လက္အား ဆြဲလ်က္ ေနခ၏အေရွ႕မွ ထြက္သြားသည္။ သို႔ျဖစ္၍ ကိုႀကီးစကၠ၏အျပဳအမူကို ေနခနားမလည္ႏိုင္ေတာ့ဘဲ အခန္းထဲ၌သာ က်န္ရစ္ခဲ့ေတာ့သည္။
/~/
" ဒါတကယ္ပဲလား ထက္ခန္႔"
ထက္ဦးခန္႔၏အက်ႌေကာ္လံကို ဆြဲၿပီး စကၠက ေမးလိုက္သည္မို႔ သူ ခဏေတာ့ တုံ႔ဆိုင္းသြားသည္။
" ဟုတ္တယ္"
သူ၏အေျဖကို ၾကားၿပီးေနာက္ စကၠ၏လက္ေတြ ေျပေလ်ာ့သြားၿပီး ေခါင္းငိုက္စိုက္က်သြားေတာ့သည္။
" ဘယ္တုန္းကတည္းကလဲ"
" မၾကာေသးဘူး၊ ငါ မင္းကို သည္လိုေျပာျပတာ ငါ မင္းကို တကယ္အေလးထားလို႔ပါ၊ ငါ သည္လိုမ်ိဳး..."
" ေတာ္ေတာ့ ထက္ဦးခန္႔ !"
ေလသံမာမာႏွင့္ ျပန္ေအာ္လိုက္ေသာ စကၠေၾကာင့္ သူ ဆြံ႕အသြားခဲ့သည္။ တစ္ေယာက္တည္းရွိသည့္ သူငယ္ခ်င္းေပမို႔ အေလးထားၿပီး ေျပာမိေသာ္လည္း ျပန္ရလိုက္သည္က မိမိကို ေက်ာခိုင္းသြားေသာ စကၠ၏ပုံစံပင္။
" စကၠ မင္း ငါ့ကို ႐ြံလို႔လား"
" ေနခမင္းျမတ္လည္း နစ္နာလိမ့္မယ္၊ ေနာက္ၿပီး မင္းအတြက္လည္း မေကာင္းဘူး၊ မင္းတို႔ႏွစ္ေယာက္လုံး နာက်င္ရမွာ ငါ ႀကိဳသိေနတယ္"
" ငါလက္မခံႏိုင္ဘူး၊ ငါ ေရွ႕ဆက္တိုးမွာပဲ"
စကၠကေတာ့ သူ၏တည္ၾကည္ေသာစကားေၾကာင့္ သူ႔အား စူးစိုက္၍ ျပန္လွည့္ၾကည့္လာၿပီး ထြက္သြားေတာ့သည္။ စကၠမရွိေတာ့မွ ထက္ဦးခန္႔လည္း ေနခရွိေနေသာအခန္းထဲသို႔ ျပန္ဝင္သြားလိုက္သည္။
" ေနခ"
" ေမာင္ ျပန္လာၿပီ၊ ကိုႀကီးက ဘာျဖစ္သြားတာလဲ၊ ငါနဲ႔ ေမာင့္ရဲ႕ဆက္ဆံေရးကို လက္မခံဘူးလား"
" စိတ္မပူနဲ႔၊ စကၠ လက္မခံႏိုင္တဲ့အေျခအေနဆိုတာ မရွိဘူး"
" ဪ..."
ကိုႀကီးက ခဏစိတ္လႈပ္ရွားသြားလို႔ ေနမွာပါ။ ေမာင့္ကို ေမာင့္သူငယ္ခ်င္းက နားလည္ေပးႏိုင္မွာပါ။ ဒါဆို သူ႔သူငယ္ခ်င္း ခက္ေဇာ္ကေရာ။ သည္လိုေမာင္ႏွင့္အေျခအေနအစစ္အမွန္ကို ဖြင့္ေျပာဖို႔ အားယူရဦးမည္။
/~/
စကၠအျပင္ကို ထြက္လာခဲ့လိုက္ၿပီး ဆိုင္၏ bar မွာ အရက္ထိုင္ေသာက္ေနလိုက္သည္။
ညီေလးက မိုက္မဲလြန္းသည္။ အေမ သိလွ်င္ ဘယ္လိုရင္ဆိုင္ၾကမွာလဲ။ ထက္ခန္႔ကိုလည္း အေမက ေသခ်ာေပါက္ ဒုကၡေပးႏိုင္မည္။ အေမက သူတို႔၏အေျခအေနကို လက္ခံေပးမည္မထင္။ ထက္ခန္႔က ဘယ္လိုလူမ်ိဳးလဲဆိုတာကိုေရာ ညီေလးက မသိေရာ့လား။ ထက္ခန္႔ႏွင့္ပတ္သတ္ၿပီး သူ၏သိကၡာေတြကိုေရာ ေျမာင္းထဲ ပစ္လိုက္ေတာ့မည္ေပါ့။ ႏွစ္ဦးႏွစ္ဖက္ထိခိုက္မည့္ကိစၥကို တကယ္ပဲ ေရွ႕ဆက္တိုးၾကမည္တဲ့လား။
" ႐ြံတယ္တဲ့လား၊ ငါက မင္းကို ႐ြံရင္ ငါ့ညီကိုပါ ႐ြံရမွာလား၊ အဟက္...ငါကိုယ္တိုင္က ႐ြံစရာေကာင္းေနၿပီမလား"
ဘီယာကို တစ္ခြက္ေမာ့လိုက္ ရင္ထဲ၌ စကားတစ္ခြန္းေျပာလိုက္ႏွင့္ ခါးသီးမႈကို အာ႐ုံမစိုက္ႏိုင္ဘဲ ရင္ထဲက အပူကို အပူႏွင့္ ထပ္ဆင့္ျငႇိမ္းသည္။ ထို႔ေနာက္ ေခါင္းက တရိပ္ရိပ္မူးလာေတာ့သည္။ သူ႔အေျခအေနမဟန္ေတာ့တာ သိေပမဲ့ အေရွ႕က ဝိတ္တာေကာင္ေလးကလည္း မတားရဲျဖစ္ေနသည္။ ခဏၾကာေတာ့ ေခါင္းငိုက္စိုက္က်သြားေတာ့သည္။
" အစ္ကိုစကၠ၊ အစ္ကို ဟာ...ဒုကၡပဲ၊ ထက္ဦးခန္႔ကို သြားေခၚမွ ျဖစ္ေတာ့မယ္၊ ငါ့မွာလည္း မအားရတဲ့ၾကားထဲကြာ"
" ညီေလး ဒါ စကၠမလား"
ေခါင္းကုတ္ၿပီး အေဖတေနခ်ိန္မွာ ေဘးနား၌ လာရပ္ၿပီး စကားဆိုလာေသာလူေၾကာင့္ ဝိတ္တာေကာင္ေလး၏မ်က္ႏွာမွာ ခ်က္ခ်င္းအေရာင္လက္သြားေတာ့သည္။
/~/
ဝိတ္တာေကာင္ေလး၏အကူအညီျဖင့္ ကိုယ့္ထက္အရပ္ျမင့္ၿပီး ထြားေနေသာ စကၠ၏ခႏၶာကိုယ္ကို ကားေပၚတင္လိုက္ရသည္။
" ေက်းဇူးပဲ ညီ"
"ဟုတ္ကဲ့ ရပါတယ္ဗ်၊ သူ႔အိမ္ကိုသာ လိုက္ပို႔ေပးလိုက္ပါ"
" စိတ္ခ်၊ စိတ္မပူနဲ႔"
ဟန္လင္းညိဳသည္ အေရွ႕က ေကာင္ေလးကို ၿပဳံးျပလိုက္ၿပီး ကားစက္ႏႈိး၍ ထိုဆိုင္ထဲမွ ထြက္ခဲ့သည္။ ကားေမာင္းေနရင္း ေဘးက ငမူး၏အေျခအေနကို အကဲခတ္လိုက္ေသးသည္။ ဘယ့္ႏွယ္။ သည္လို ေန႔ခင္းေၾကာင္ေတာင္အခ်ိန္ႀကီး မူးကြဲေနရတယ္လို႔။ သည္ေကာင္ေလး အသည္းေတြ ဘာေတြ ကြဲေနတာေတာ့ မဟုတ္ဘူးမလား။
ကားေမာင္းလာရင္းမွ ခ်က္ခ်င္းထိုးရပ္လိုက္သည္။ အိမ္လိုက္ပို႔ေပးမည္ဟု ေခၚလာခဲ့ၿပီးခါမွ အိမ္လိပ္စာမေမးလိုက္ရ။ ကားျပန္ေကြ႕ဖို႔က်ေတာ့လည္း အဆင္မေျပသည့္အဆုံး သူ႔ကြန္ဒိုကိုသာ ေခၚလာခဲ့ေတာ့သည္။
ကြန္ဒိုေရာက္ေတာ့ ငမူးက နည္းနည္းအေျခအေနဟန္လာသည္။ မူးေနေသာ သူ႔ကို ဧည့္ခန္းထဲမွ ဆိုဖာေပၚ ပစ္ခ်လိုက္ၿပီး အိပ္ခိုင္းလိုက္သည္။
သူ႔ကို အေပၚအထိတြဲေခၚလာရ၍ လူကလည္း ေမာေနသည္။ ေရခ်ိဳးၿပီး ျပန္ထြက္လာေတာ့ ဧည့္ခန္းထဲက ငမူးသည္ ျပန္ႏိုးလာၿပီ။ ထို႔ေနာက္ အခန္းထဲဝင္လာေသာ သူ႔ကို ထိုင္ေနရင္း မ်က္လုံးလွန္ၾကည့္ၿပီး ဂ်စ္ကန္ကန္ေမးသည္။
" ကြၽန္ေတာ္ ဘာလို႔ သည္ေရာက္ေနတာလဲ"
" မင္းမူးေနလို႔"
" မူးေနတဲ့ကြၽန္ေတာ္က လမ္းေလွ်ာက္ၿပီး ခင္ဗ်ားအခန္းထဲေရာက္ေနတယ္ဆိုတာ မျဖစ္ႏိုင္ဘူးမလား"
" အာ...ငါ အဲ့သည့္လိုမေျပာပါဘူး၊ မင္းရဲ႕ဆိုင္မွာ မူးၿပီးေမွာက္ေနတာေတြ႕လို႔ ငါ အျမင္မေတာ္လို႔ေခၚလာတာ"
" ခင္ဗ်ားထပ္ၿပီး ကြၽန္ေတာ့္ဆိုင္ကို လမ္းႀကဳံျပန္ၿပီလား"
ကိုယ္ကလည္း ကူညီၿပီး ေခၚလာေပးရေသးသည္။ မယုံသကၤာျဖင့္ ျပန္ေမးတာလည္း ခံရေသးတာမို႔ ဟန္လင္းညိဳလည္း နည္းနည္းေတာ့ ေပါက္လာသည္။
___________