(Unicode)
ဒေါ်မေခ အိမ်ပြန်ရောက်တော့ သားဖြစ်သူက ဧည့််ခန်းထဲ၌ အခန့်သားတီဗီထိုင်ကြည့်နေတာ တွေ့ရသည်။ သူကတော့ အေးအေးဆေးဆေး နေနိုင်တာပေါ့။
" နေခမင်းမြတ် မင်း ငါ့နောက်ကို လိုက်ခဲ့ပါဦး"
နေခမင်းမြတ်က သူ ဒေါသထွက်နေသည်ကို မြင်တာတောင် အရင်လို ပျာပျာသလဲမရှိ။ တည်တည်ငြိမ်ငြိမ်နှင့် သူ့အနောက်က လိုက်လာသည်။ အခန်းထဲရောက်တော့ ဒေါ်မေခလည်း အိတ်ထဲမှ ဓာတ်ပုံအထပ်လိုက်ကို ထုတ်ပြီး နေခထံ ပစ်ပေးလိုက်သည်။
" ရော့ ကြည့် အဲ့ဓာတ်ပုံတွေကို၊ မင်း ကိုယ်မင်း သိပ်လည်လှပြီလို့ ထင်နေတာလား၊ ရှင်းစမ်းပါဦး"
" မား! ဘာလို့ သားအနောက်ကို လူတွေလိုက်ပြီး စုံစမ်းခိုင်းရတာလဲ၊ သားအသက် ၂၅နှစ်တောင် ရှိပြီ၊ သား ကလေးမဟုတ်တော့ဘူး၊ သားမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ မရှိတော့ဘူးလား"
" အမလေး...အမလေး...နေခမင်းမြတ် မင်း ငါ့ကို ဘယ်တုန်းက အဲ့သည့်လို ပြန်ပြောဖူးလို့လဲ၊ ငါ ထင်ပါတယ်၊ မင်းအဲ့လို အတန်းအစားတွေနဲ့ သွားပေါင်းလို့ အဲ့လောက်ထိ ရိုင်းစိုင်းလာတာ၊ မင်း မေ့သွားပြီလား၊ မင်းက သာမန်လူတစ်ယောက်မဟုတ်ဘူးနော်၊ မင်းက အနုပညာရှင်တစ်ယောက်၊ နိုင်ငံကျော် မင်းသားတစ်ယောက်၊ သည်မှာ ငါ တစ်ခါတည်း ပြောမယ်၊ မင်းကို နောက်တစ်ခါ အဲ့လိုအပြင်ထွက်ခွင့်မပြုနိုင်တော့ဘူး၊ မင်း အဲ့က အပေါင်းအသင်းတွေနဲ့ အဆက်အသွယ်ဖြတ်ပါ၊ မင်း မဖြတ်ရင် ငါ အဲ့ကလူတွေကို ဒုက္ခပေးမိလိမ့်မယ်"
" မား ရက်စက်တယ်၊ မား သားကို အဲ့သည့်လို ချုပ်ကိုင်လို့မရဘူး၊ သား လက်မခံနိုင်ဘူး"
သူ့ကို ငိုယို၍ စိမ်းစိမ်းဝါးဝါး ကြည့်ပြီး ရန်ထောင်နေသော သားဖြစ်သူကြောင့် ဒေါမေခမှာ ပိုဒေါသထွက်လာမိသည်။ သည်လို အဆင့်အတန်းတွေနှင့် သွားပေါင်းပြီး ရိုင်းစိုင်းလာရသည်တဲ့။
သို့ရာတွင် သားဖြစ်သူနှင့် မျက်နှာချင်းမဆိုင်ချင်တော့၍ ကျောခိုင်းပြီး လှည့်ထွက်လာခဲ့သည်။ စိတ်ညစ်နေသည့်အချိန်တိုင်း အဖော်ပြုပြီး တိုင်ပင်ရင်ဖွင့်စရာဆိုလို့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းမတစ်ယောက်သာ ရှိသည်မို့ သူ့ဆီသာ ဖုန်းဆက်အကြောင်းကြားလိုက်သည်။
(တူ...တူ..တူ...)
" ဟယ်လို မေခ"
" အေး မမနိုင် နင် အခုဘယ်မှာလဲ"
" ငါလား၊ ခ်ခ် ငါ့ကောင်လေးနဲ့ ပျော်နေတယ်"
" နင့်မလဲလေ တမလွန်က ယောကျ်ားကို အားနာပါဦး၊ တစ်နေ့တစ်နေ့ စမောလေးတွေနဲ့ သာယာနေလိုက်တာ"
" ဟဲ့ မေခ၊ အခု ငါ့ကို ဖုန်းဆက်တာ တရားချဖို့ဆိုရင် ဖုန်းပြန်ချလိုက်တော့၊ ငါ အခု သာယာနေတယ်"
" မဟုတ်ဘူး၊ ငါ့သားနဲ့ စကားများလာလို့ဟ၊ နင်နဲ့ အေးဆေးတွေ့ချင်လို့"
" ထူးထူးဆန်းဆန်း သားနဲ့ စကားများလာတယ်တဲ့လား၊ အင်းပါ၊ အခု ငါ့အိမ်ကို လာခဲ့လို့ရတယ်၊ ငါ နင့်ကို ပျော်စရာလေးနဲ့ မိတ်ဆက်ပေးမယ်"
" အေး ငါ အခုချက်ချင်း လာခဲ့မယ်"
(တီ...)
ဖုန်းချလိုက်ပြီး သားဖြစ်သူရှိရာ အခန်းဘက်သို့ တစ်ချက်ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် အိမ်အပြင်က ကားလေးကို မောင်းပြီး သူငယ်ချင်းမဆီသို့...။
မြေနီကုန်းမီးပွိုင့်က နီနေသောကြောင့် ကားကို ခဏရပ်လိုက်ရသည်။ ကားမှန်အပြင်ဘက်ရှိ ရာသီဥတုက ကျစ်ကျစ်တောက် ပူနေသည်။ ထိုစဉ် အပြင်ဘက်သို့ မျက်လုံးကစားမိတုန်း မြင်ကွင်းထဲဝင်ရောက်လာသည့် ပုံရိပ်တစ်ခု။ ဦးမင်းမြတ်၊ ဟုတ်သည်။ သူ မမှားပါ။ သူ ထားပစ်ခဲ့သော သူ၏ခင်ပွန်းဟောင်း ဦးမင်းမြတ်ဖြစ်သည်။ ဝတ်ပုံစားပုံ သပ်သပ်ရပ်ရပ်ဖြင့် မီးပွိုင့်နီနေသောကြောင့် တစ်ဖက်က ဒဂုံစင်တာဘက်သို့ အလွယ်တကူ ကူးသွားလေသည်။
ဦးမင်းမြတ်ကို မြင်တော့ သားကြီးကို ပြေးသတိရသွားသည်။ ထိုစဉ် ရုတ်တရက် ကားမီးပွိုင့်က ပြန်စိမ်းလာတော့ သူလည်း စင်တာဘက်သို့ ချိုးကွေ့ချလိုက်သည်။ လုံခြုံရေးတွေ၊ ဘာတွေတောင် ဂရုမပြုမိ။ စင်တာထဲသို့ ဝင်သွားသော ဦးမင်းမြတ်ကို ဦးစွာလိုက်ရှာမိသည်။ ဘာလို့ သူတစ်ယောက်တည်း ဖြစ်နေရတာလဲ။ သားကြီးရော သားကြီးက ဘယ်မှာလဲ။
ထို့နောက် ကော်ဖီဆိုင်တစ်ခုထဲသို့ ဝင်သွားသောဦးမင်းမြတ်ကို လှမ်းမြင်လိုက်တော့ သူပါ အနောက်မှ လိုက်ဝင်သွားလိုက်သည်။
" ဦးမင်းမြတ်"
ကော်ဖီမှာနေရာမှ သူ့ထံ ပြန်လှည့်ကြည့်လာတော့ သူ့မျက်လုံးတွေ မမှား။ သူ့ခင်ပွန်းဟောင်းစစ်စစ် ဖြစ်နေတော့သည်။ သူ့ကို မြင်တော့ မျက်မှန်အောက်ကမျက်လုံးတွေ ဝိုင်းစက်သွားသည်။
" မေ..."
" စကားပြောရအောင် ဦးမင်းမြတ်"
" မင်း ဟုတ်တယ်မလား မေ၊ ကောင်းပြီ၊ ထိုင်ရအောင်"
ထိုအခါ ကော်ဖီဆိုင်၏အစွန်ဆုံးဝိုင်း၌သာ ထိုင်ဖြစ်ကြသည်။
" မေ ဘာသောက်မလဲ၊ ကိုယ် သွားမှာပေးရမလား"
" မလိုဘူး"
" အင်းပါ"
" သား ဘယ်မှာလဲ"
သူမေးလိုက်တော့ ဦးမင်းမြတ်က သူ့မျက်လုံးတွေကို တအံ့တသြကြည့်ပြီး ပြုံးလာသည်။
" မေက မေ့သားကို မမေ့တော့ မမေ့ဘူးပဲ၊ ဒါနဲ့များ မေရယ်၊ ဘာလို့ ထားခဲ့နိုင်ရတာလဲ"
ဦးမင်းမြတ်၏စကားကြောင့် ဒေါ်မေခလည်း မျက်နှာပျက်သွားရသည်။ သို့ပေမဲ့ ပြန်ထိန်းလိုက်ပြီး
" ဘာမှ လာမေးမနေနဲ့၊ သား ဘယ်မှာလဲပြော၊ သားကို မေခ ပြန်ခေါ်ထားမယ်"
" ဟားဟား! မေရယ်၊ မင်းက သိပ်တရားလှချည်လား၊ ပထမက ကိုယ့်ရင်ကို ခွဲပြီး သားငယ်နဲ့အတူ ထွက်သွားတယ်၊ ဟော...အခုကျပြန်တော့ ကိုယ့်အနားမှာ ကျန်ခဲ့တဲ့သားကြီးကိုပါ မင်းက ခေါ်ထုတ်သွားဖို့ ကြံနေပါရောလား၊ မင်း ကိုယ့်အသည်းကို ဘယ်နှစ်ကြိမ်များတောင် အထပ်ထပ်ခွဲဖို့ ကြံနေတာလဲ မေရယ်..."
" ဦးမင်းမြတ် မေ သားကြီးကို ပြန်တွေ့ချင်တယ်၊ သားကြီးနဲ့ တွေ့ချင်တယ်လို့"
" ဟိုး! မေ၊ အခုထိ မာနတွေ မလျော့သေးပါလား၊ သည်ပုံစံအတိုင်းဆိုရင် သားကြီးကို မေ တွေ့နိုင်သေးမှာ မဟုတ်ဘူး"
ထိုစကားပြောပြီး ဘေစာရွက်ပေါ်၌ ဖုန်းနံပါတ်တစ်ခုကို ချရေး၍ သူ့ရှေ့၌ ချပေးကာ ထွက်သွားသောဦးမင်းမြတ်ကြောင့် ဒေါ်မေခမှာ ဒေါသထွက်လျက်သာ ကျန်ခဲ့ရသည်။
/~/
(တီ...တီ...)
ဟွန်းတီးနေတာ တော်တော်ကြာမှ မမနိုင်က တံခါးလာဖွင့်ပေးသည်။
" ရောက်ပြီပေါ့၊ မေခ လာ အိမ်ထဲဝင်"
ဒေါ်မေခလည်း မမနိုင်ကို မျက်စောင်းထိုးကြည့်လျက် သူ့အနောက်မှ အိမ်ထဲသို့ လိုက်ဝင်လာလိုက်တော့ ဧည့်ခန်းထဲ၌ ကောင်လေးတစ်ယောက်ထိုင်နေတာ တွေ့ရသည်။ ဒေါ်မေခ ဧည့်ခန်းထဲဝင်လာတော့ ထိုင်နေသည့် ထိုကောင်လေးက သူ့ကို တအံ့တသြကြည့်ပြီး မတ်တတ်ထရပ်လိုက်သည်။ ထိုအခါ သူလည်း ထိုင်ဖို့ မေ့နေပြီး ရုတ်တရက်ကြီးမတ်တတ်ထရပ်လိုက်သော သူ့ကို စိုက်ကြည့်နေမိသည်။ သူ့မျက်လုံးတွေက ဒေါ်မေခနှင့် အကြည့်ဆုံသောအခါ မဝံ့မရဲခေါင်းငုံ့သွားပြီး လက်နှစ်ဖက်က ဂျင်းဘောင်းဘီဘေးနှစ်ဖက်ကို ပွတ်သပ်နေလေသည်။
" ဪ မေခ ဘာလုပ်နေတာလဲ၊ ထိုင်လေ၊ ကောင်လေး မလန့်နဲ့၊ ဒါမမသူငယ်ချင်း မေခတဲ့၊ မေခ ဒါက အခုလက်ရှိတို့ရဲ့အပျော်လေး စက္ကတဲ့"
" ဟုတ်ကဲ့၊ တွေ့ရတာ ဝမ်းသာပါတယ်"
သူ့သူငယ်ချင်းက မိတ်ဆက်ပေးတော့ သူ့ကို နှုတ်ဆက်လာသည်။ သူ့အရှေ့မှာ ထိုင်ပြီး သူ့ကို မော့မကြည့်ရဲလောက်အောင်ဖြစ်နေသည်ကို မေခသတိထားမိသည်။ သို့ပေမဲ့ ဘာအကြောင်းကိစ္စမှန်း မသိ။
" မေခ နင် စိတ်ညစ်နေတာမလား၊ သူလေးနဲ့ ပျော်ကြည့်ပါလား"
" ဗျာ..."
မေခတောင် ဘာမှမတုံ့ပြန်ရသေးခင် အရှေ့က ကောင်လေး၏အံ့သြတကြီး တုံ့ပြန်သံနှင့်အတူ မတ်တတ်ထရပ်လိုက်တော့ မမနိုင်ရော မေခပါ သူ့ကို ပြိုင်တူမော့ကြည့်မိကြသည်။
" ဘာလို့လဲ စက္ကရဲ့"
မမနိုင်က မေးလိုက်တော့ သူက မေခ၏မျက်လုံးတွေကို တုန်လှုပ်မှုအပြည့်နှင့် ပြန်ကြည့်လာပြီး။
" ကျွန်တော် မလုပ်နိုင်တော့ဘူး၊ ခွင့်ပြုပါဦး"
သူတို့ အရှေ့ကနေ ပြေးထွက်သွားတော့ မမနိုင်ကလည်း အံ့သြနေသလို မေခ၏သွေးသားများသည်လည်း ပြောင်းပြန်စီးဆင်းသွားသကဲ့သို့ တုန်လှုပ်သွားသည်။
" ဘယ်လိုကောင်လေးပါလိမ့်၊ မေခရယ် ဆောရီးပါ"
" မလိုပါဘူး မမနိုင်ရယ်၊ ငါနင့်ဆီ လာတာ စကားပြောချင်ရုံ သက်သက်ပဲကို"
" အင်း ငါ သိပါတယ်"
မမနိုင်နှင့်စကားပြောနေရင်း လက်ထဲရှိ ဖုန်းနံပါတ်ပါသောစာရွက်လေးကို ဖြန့်ဖြန့်ကြည့်မိသေးသည်။ သားကြီးကို ပြန်တွေ့ရဖို့ နီးကပ်လာပြီပဲ။
/~/
မမနိုင်၏ခြံထဲမှ အလောတကြီးပြေးထွက်လာခဲ့သော စက္က။
(ကျွီ...!)
" အာ့!"
ခြံရှေ့ရောက်တော့ ဟိုဘက်လမ်းမှ ရုတ်တရက်ကွေ့လာသော ကားကို လှမ်းမြင်လိုက်၍ လန့်သွားပြီး ရှောင်လိုက်ရင်းက ခြေချော်လဲသွားတော့သည်။ ထိုအခါ ကားပိုင်ရှင်က ကားပေါ်မှဆင်းပြီး သူ ရှိရာဆီ ပြေးလာသည်။
" အာ့ ခင်ဗျား! ကားကို ဘယ်လိုမောင်းတာလဲဗျာ့! မဆင်မခြင်ကွေ့ရသလား"
" ဟို...ညီရရဲ့လား၊ တကယ်ဆို အစ်ကို မမှားဘူးနော်၊ ညီက ရုတ်တရက်ပြေးထွက်လာတာမို့ အစ်ကိုလည်း brake နင်းချိန် မရလိုက်ဘူး"
ဖုန်တွေဘာတွေခါ၍ ထရပ်လိုက်ပြီးမှ ခြေဆစ်နားက ဆစ်ခနဲ နာလာပြန်၍ ပြန်ထိုင်ချမိသည်။
" အာ့! ခြေထောက်ဘာဖြစ်သွားပြီလဲ မသိဘူး၊ ခင်ဗျားကြောင့်!"
သူ ရန်တွေ့နေရင်း အရှေ့ကလူကို အကဲခတ်လိုက်တော့ ဝတ်ပုံစားပုံသေသေသပ်သပ်နှင့် ဆံပင်အနက်ရောင်တွေကို အနောက်သို့ သိမ်းဖြီးထားလေသည်။
" ဟို ပြန်ထကြည့်ပါလား ညီ၊ အစ်ကို ကူတွဲပေးမယ်လေ၊ ပြီးရင် အစ်ကို့ဆေးခန်းလိုက်ခဲ့ပါလား၊ အစ်ကို တာဝန်ယူပေးပါ့မယ်"
နူးညံ့ညင်သာသော အသံအရပညာတတ်လူကောင်းမှန်း သိသာသည်။ သူ့ဆေးခန်းဆိုတော့ သူက ဆရာဝန်တစ်ယောက်ပဲ ဖြစ်မှာပေါ့။ စက္ကကို လက်မောင်းက ဆွဲထူမပြီး သူ့ကားပေါ်ကို ခေါ်တင်သည်။ တစ်လမ်းလုံး သူကလည်း စက္ကကို စကားမပြောသလို စက္ကကလည်း ဘာမှမပြောဘဲ ငြိမ်၍ လိုက်ပါလာသည်။ ခဏကြာတော့ မြို့ထဲက နာမည်ကြီး Private ဆေးခန်းတစ်ခုမှာ ကားရပ်လိုက်သည်။
" ရောက်ပြီ၊ ညီ ခဏ မဆင်းနဲ့ဦး"
သူက အရင်ဆင်းပြီး စက္ကဘက်က ကားတံခါးကို ကိုယ်တိုင်လာဖွင့်ပေး၍ စက္က ၏လက်မောင်းတစ်ဖက်ကို ကူထိန်းပေးလာသည်။ စက္က၏အရပ်က ၆ပေအတော်စွန်းသည်မို့ သူ့ဘေးလာရပ်သောတစ်ယောက်က စက္က၏မေးဖျားလောက်သာ ရှိသည်။
" အာ့ ကျွတ် ကျွတ်"
" ညီ ရရဲ့လား"
သူ့ဆေးခန်းအဝက ကောင်မလေးများသည် စက္ကနှင့် သူ အတူတွဲဝင်လာသည်ကို စိတ်ဝင်တစားကြည့်ကြသည်။ အထူးသဖြင့် စက္ကလို ယောကျ်ားပီသပြီး ဆွဲဆောင်မှုရှိသည့်ပုံစံမျိုးက ဘယ်မိန်းကလေးမှ မျက်စိမလွှဲချင်စရာ။
သူ လှပ်ပေးသော လိုက်ကာအနောက်၌ ခုတင်တစ်လုံးကို တွေ့သည်။ ထိုခုတင်၌ စက္ကကို ထိုင်စေပြီး သူက အနီးအနားရှိ ဆေးဘူးတွေနှင့် အလုပ်ရှုပ်နေလေသည်။
စက္ကကို စကားတစ်ခွန်းမှ မဆိုလာဘဲ စက္က၏ခြေထောက်က အကြောတွေကို သေချာကြည့်ပြီး ထိတွေ့နေလေသည်။ သည်လိုကျတော့လည်း စက္ကမှာ အလိုလိုနေရင်း အားနာသွားရသည်။ စက္က၏ခြေထောက်ကို သူ့စိတ်ကြိုက် ထိကိုင်လို့အပြီး စက္ကကို မော့ကြည့်၍ ချိုချိုသာသာ ပြုံးပြလာသည်။ သည်လူ ဘာလား။ ပြုံးလိုက်လျှင် တခြားလူတွေထက် ပိုတွန့်ကွေးသွားတတ်သော နှုတ်ခမ်းတစ်စုံကို သည်လူက ပိုင်ဆိုင်ထားသည်။
ဆေးလိမ်းပေးလို့အပြီး သူ့ကို စကားစလာသည်။
" ညီ့ခြေထောက်က နည်းနည်းအဆစ်လွဲသွားတာ၊ ဆေးစည်းပေးထားတာမို့ တစ်ရက်နှစ်ရက်လောက်နေရင် သက်သာသွားမှာပါ၊ မသက်သာလည်း အစ်ကို့ဆေးခန်းကို ပြန်လာခဲ့လို့ ရတယ်"
" ဟုတ်ကဲ့"
" အစ်ကို့နာမည်က ဟန်လင်းညို၊ ညီ့နာမည်ကရော"
" စက္က"
"အော..."
နှုတ်ခမ်းတစ်စုံကို အိုပုံစံလုပ်ပြီး ငြိမ်သွားသည်မို့ စက္ကလည်း မျက်မှောင်ကြုတ်လိုက်မိသည်။
" ကျွန်တော့်နာမည်က စက္က...စက္ကမင်းမြတ်"
" ဟုတ်ပါပြီကွာ၊ မင်းနာမည်က နည်းနည်း တင်စီးသလားလို့ ခံစားရလို့ပါ၊ ဘာသဘောမှ မဟုတ်ပါဘူး"
" အဲ့လို ပြောကြေးဆို ခင်ဗျားနာမည်ကလည်း ယောကျ်ားမဆန်ဘူးလေ"
" ဟင် ဘာလို့လဲ၊ ငါ့အမေက ငါ့ကို သည်အတိုင်းပေးခဲ့တာပဲ၊ ဘယ်လိုဖြစ်ဖြစ် ငါကြိုက်ရင် ရပြီပေါ့၊ မင်းကြိုက်ဖို့ လိုလား"
သူ့ကို ချက်ချင်းရန်ပြန်တွေ့သောထိုလူက တကယ်ပဲ ဆရာဝန်ရော ဟုတ်စ။ ကလေးကလားနှင့်။
" မင်း အသက်ဘယ်လောက်လဲ"
" ၂၈"
" ငါက ၃၁ ရှိပြီ"
" ဗျာ...ဟုတ်လို့လား"
" ဟုတ်တယ်လေ"
သည်လူ အသက်လိမ်နေသည်တော့ မဟုတ်လောက်ပါ။ စက္ကစိတ်ထဲမှာ သည်လူက သေချာပေါက် သူ့ထက်အသက်ငယ်လိမ့်မည်ဟု တွက်ထားသည်မို့။ ၃၁တဲ့။ သူများသားသမီးတွေများ ထိပ်စည်းပြောင်းသည်တောင် နုတုန်းပျိုတုန်း။ သူနှင့်များ ကွာပါ့။
" အဲ့တာဆို ကျွန်တော်ပြန်လို့ ရပြီလား"
" ရပြီ၊ ရပြီ၊ ညီ ခဏနေဦး၊ အစ်ကို Taxi ငှားပေးလိုက်မယ်၊ ညီ ဘယ်မှာနေတာလဲ"
" ကျွန်တော့်ကို အင်းစိန်လမ်းမကြီးပေါ်က fantasy Hotel ကို ပို့ပေးပါ"
စက္ကက သဘောရိုးနှင့် ပြောလိုက်ပေမဲ့ သူက စက္ကကို စိုးရိမ်မကင်းသည့်မျက်လုံးများနှင့် ကြည့်လာပြီး...
" ညီရယ်...ခြေထောက်က မကောင်းသေးတာကို စားသောက်ဆိုင်ကို ဘာသွားလုပ်မှာလဲ၊ အိမ်မှာပဲ ပြန်နားလိုက်ပါလား"
" ဟ...ခင်ဗျားနဲ့လည်း ခက်ပါ့၊ ကျွန်တော့်ဆိုင် ကျွန်တော်သွားတာ ဘာဖြစ်လဲ၊ ကျွန်တော့်မှာ အလုပ်ရှိသေးတယ်"
" အာ...အဲ့လိုလား၊ မသိပါဘူး၊ ဆောရီး၊ အစ်ကို ကားသွားငှားလိုက်ဦးမယ်၊ ညီ ခဏထိုင်နေဦးနော်"
" ဟုတ်ကဲ့"
စက္ကရှေ့က လှည့်ထွက်သွား၍ ခဏအကြာ ကားရပြီဆိုပြီး စက္ကကို ပြန်လာခေါ်သည်။
" ဘာစိတ်မှတော့ မရှိနဲ့ ညီ၊ အစ်ကိုလည်း ဆေးခန်းထိုင်ရမှာမို့ Taxi နဲ့ပဲ..."
" အာ... မလိုဘူး၊ ရတယ်၊ ဘာပဲ ဖြစ်ဖြစ် ကျေးဇူးပါပဲ"
" မသက်သာရင် ပြန်လာခဲ့နော် ညီ"
" အင်း အင်း ဟုတ်ကဲ့"
ဆိုင်ကို ပြန်ရောက်တော့ ထော့နဲ့ထော့နဲ့နှင့် ဝင်လာသောသူ့ကို ဆိုင်ဝန်ထမ်းများက ဝိုင်းတွဲပေးကြရန် ပြင်တော့...
" ရတယ်၊ ရတယ်၊ ငါ့ကို အခန်းထဲပဲ ပို့ပေးကြ"
ထက်ခန့်မရှိတော့ သူ့မှာ အားကိုးစရာ လက်ရုံးဟူ၍လည်း မရှိပါ။ ထက်ခန့်နှင့်သူက ကျောင်းနေဖက်ဖြစ်သည်။ စက္ကက ကျောင်းနှစ်နှစ်အောက်ရ၍ တစ်တန်းတည်း အတူတူတက်ဖြစ်ကြသည်။ ထက်ခန့်က အမှန်ဆို သူ့ထက် နှစ်နှစ်ငယ်သည်။ နှစ်ယောက်လုံး၏မိသားစုအခြေအနေများကလည်း မကောင်းကြသည်မို့ စက္ကက ၁၀တန်းအောင်ပြီးသည်နှင့် အလုပ်ထွက်လုပ်သည်။
သို့ရာတွင် ထက်ခန့်မှာလည်း ဂုဏ်ထူးနှစ်ဘာသာပါပါလျက်နှင့် အိမ်၏စီးပွားရေး ကစဥ့်ကလျားဖြစ်မှုကြောင့် အိမ်ထောင်ဦးစီးနေရာကို ဝင်ယူလိုက်ရသည်။ ထို့နောက် တက္ကသိုလ်ဆက်တက်ဖို့ကို နားထားလျက် စက္ကနှင့်အတူ အလုပ်ဝင်လုပ်သည်။ စက္ကလုပ်သည့် အလုပ်က သိသည့်အတိုင်း ငွေအလွယ်ရသောအလုပ်မို့ ထက်ခန့်ကလည်း စက္ကက သူ၏အစ်ကိုဆိုလည်းဟုတ်၊ သူငယ်ချင်းဆိုလည်း ဟုတ်သည်မို့ စက္ကလုပ်သော သည်အလုပ်ကို လိုက်လုပ်သည်။
ပထမက စက္ကလည်း ထက်ခန့်ကို သူ့လို မဖြစ်ရအောင် တားသည်။ သည်အလုပ်ဖြင့် စက္ကက အဆင်ပြေနေသည်မြင်တော့ သူကောင်းသားက တားမရခဲ့။ သူ့အမေအတွက် ဆေးဖိုးရရန်ရော၊ လူငယ်ပီပီ သုံးချင်၊ ဖြုန်းချင်လာတာကြောင့်ပါ လုပ်တော့သည်။ နှစ်ယောက်လုံးအလုပ်တစ်ဖက်နှင့်မို့ အဝေးသင်ဖြင့်သာ ဘွဲ့ယူကြရသည်။ အဆင်ပြေလာတော့လည်း သည်အလုပ်နှင့် အသားကျပြီး တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ပေမို့ မထူးဇာတ်ခင်း၍ သည်ဘဝနှင့်သာ ဆက်ရှင်သန်လာကြသည်။
/~/
ပဲခူးကို ရောက်တုန်းရောက်ခိုက် အမေနှင့်အတူ ရွှေမော်တောဘုရားသို့ သွားဖူးဖြစ်ကြသည်။ ဆည်းလည်းသံလေးများကလည်း တချွင်ချွင်နှင့် အမေရှိနေသောအရပ်သည် ထက်ဦးခန့်အတွက် ပကတိအေးချမ်းမှု ပေးနိုင်သည်။
" သား ရန်ကုန်မှာ နေရတာ အဆင်ပြေရဲ့လား"
" ဟုတ်ကဲ့ အမေ၊ စက္ကလည်း ရှိနေတာမို့ ကျွန်တော် အဆင်ပြေပါတယ်"
" အေးကွယ်၊ စက္ကလေးရော နေကောင်းရဲ့လား"
" ဟား! အမေရယ်၊ သူကတော့ ဒေါင်ဒေါင်မြည်ပါ၊ အမေ သည်မှာ နေရတာ ပျော်ရဲ့လား"
ယောဂီဝတ်စုံအညိုလေးနှင့် အမေ့မျက်နှာက အလွန်အေးချမ်းနေတော့သည်။
" အမေပျော်တာပေါ့ သားရယ်၊ ပျော်တာထက် ဘုရားရိပ်၊ တရားရိပ်မှာ နေရတာဆိုတော့ စိတ်အေးချမ်းတာပေါ့၊ တစ်ခါတလေ ညနေစောင်းတိုင်း ဘုရားပေါ်မှာ ပုတီးစိပ်တယ်၊ တရားထိုင်တယ်၊ သားကြီးအတွက် အမျှဝေပေးတယ်လေ၊ သားကြီး နောက်ဘဝကျရင် သည်လိုအဖြစ်ဆိုးမျိုးနဲ့ မကြုံရလေအောင် အမေ သားအစ်ကိုအတွက် ကုသိုလ်ကောင်းမှုတွေ အများကြီးလုပ်ပေးတယ်"
" ကောင်းတာပေါ့ အမေရယ်၊ ကိုကြီးလည်း နောက်ဘဝကျရင် သူလိုချင်တဲ့ဘဝလေးနဲ့ မွေးဖွားလာမှာပါ"
" သားလည်း ရန်ကုန်မှာနေတာ အစစအရာရာ ဂရုစိုက်နော်၊ ဘုရား တရားလေးလည်း လုပ်ဦး၊ ဪ...သားပြန်ရင် အမေ ပရိတ်ရေလေးထည့်ပေးလိုက်ဦးမယ်"
" ဟုတ်ကဲ့ပါ အမေ"
အမေ၏ညာလက်က ထက်ဦးခန့်၏ ခေါင်းကို တဖွဖွပုတ်ပေးပြီး ပြုံး၍ဆိုလာသည်။
" အမေ့သား နှစ်ယောက်လုံးက သိပ်လိမ္မာတာ"
သေချာသည်က အမေသည် သူ့ကိုမြင်လျှင် ကိုကြီးကို သတိရတတ်သည်။ အခုလည်း အမေ့စိတ်ထဲ ကိုကြီးကို အရမ်းလွမ်းနေတော့မှာ...။
______________
(Zawgyi)
ေဒၚေမခ အိမ္ျပန္ေရာက္ေတာ့ သားျဖစ္သူက ဧည့္္ခန္းထဲ၌ အခန္႔သားတီဗီထိုင္ၾကည့္ေနတာ ေတြ႕ရသည္။ သူကေတာ့ ေအးေအးေဆးေဆး ေနႏိုင္တာေပါ့။
" ေနခမင္းျမတ္ မင္း ငါ့ေနာက္ကို လိုက္ခဲ့ပါဦး"
ေနခမင္းျမတ္က သူ ေဒါသထြက္ေနသည္ကို ျမင္တာေတာင္ အရင္လို ပ်ာပ်ာသလဲမရွိ။ တည္တည္ၿငိမ္ၿငိမ္ႏွင့္ သူ႔အေနာက္က လိုက္လာသည္။ အခန္းထဲေရာက္ေတာ့ ေဒၚေမခလည္း အိတ္ထဲမွ ဓာတ္ပုံအထပ္လိုက္ကို ထုတ္ၿပီး ေနခထံ ပစ္ေပးလိုက္သည္။
" ေရာ့ ၾကည့္ အဲ့ဓာတ္ပုံေတြကို၊ မင္း ကိုယ္မင္း သိပ္လည္လွၿပီလို႔ ထင္ေနတာလား၊ ရွင္းစမ္းပါဦး"
" မား! ဘာလို႔ သားအေနာက္ကို လူေတြလိုက္ၿပီး စုံစမ္းခိုင္းရတာလဲ၊ သားအသက္ ၂၅ႏွစ္ေတာင္ ရွိၿပီ၊ သား ကေလးမဟုတ္ေတာ့ဘူး၊ သားမွာ ကိုယ္ပိုင္လြတ္လပ္ခြင့္ဆိုတာ မရွိေတာ့ဘူးလား"
" အမေလး...အမေလး...ေနခမင္းျမတ္ မင္း ငါ့ကို ဘယ္တုန္းက အဲ့သည့္လို ျပန္ေျပာဖူးလို႔လဲ၊ ငါ ထင္ပါတယ္၊ မင္းအဲ့လို အတန္းအစားေတြနဲ႔ သြားေပါင္းလို႔ အဲ့ေလာက္ထိ ႐ိုင္းစိုင္းလာတာ၊ မင္း ေမ့သြားၿပီလား၊ မင္းက သာမန္လူတစ္ေယာက္မဟုတ္ဘူးေနာ္၊ မင္းက အႏုပညာရွင္တစ္ေယာက္၊ ႏိုင္ငံေက်ာ္ မင္းသားတစ္ေယာက္၊ သည္မွာ ငါ တစ္ခါတည္း ေျပာမယ္၊ မင္းကို ေနာက္တစ္ခါ အဲ့လိုအျပင္ထြက္ခြင့္မျပဳႏိုင္ေတာ့ဘူး၊ မင္း အဲ့က အေပါင္းအသင္းေတြနဲ႔ အဆက္အသြယ္ျဖတ္ပါ၊ မင္း မျဖတ္ရင္ ငါ အဲ့ကလူေတြကို ဒုကၡေပးမိလိမ့္မယ္"
" မား ရက္စက္တယ္၊ မား သားကို အဲ့သည့္လို ခ်ဳပ္ကိုင္လို႔မရဘူး၊ သား လက္မခံႏိုင္ဘူး"
သူ႔ကို ငိုယို၍ စိမ္းစိမ္းဝါးဝါး ၾကည့္ၿပီး ရန္ေထာင္ေနေသာ သားျဖစ္သူေၾကာင့္ ေဒါေမခမွာ ပိုေဒါသထြက္လာမိသည္။ သည္လို အဆင့္အတန္းေတြႏွင့္ သြားေပါင္းၿပီး ႐ိုင္းစိုင္းလာရသည္တဲ့။
သို႔ရာတြင္ သားျဖစ္သူႏွင့္ မ်က္ႏွာခ်င္းမဆိုင္ခ်င္ေတာ့၍ ေက်ာခိုင္းၿပီး လွည့္ထြက္လာခဲ့သည္။ စိတ္ညစ္ေနသည့္အခ်ိန္တိုင္း အေဖာ္ျပဳၿပီး တိုင္ပင္ရင္ဖြင့္စရာဆိုလို႔ ငယ္ေပါင္းႀကီးေဖာ္ သူငယ္ခ်င္းမတစ္ေယာက္သာ ရွိသည္မို႔ သူ႔ဆီသာ ဖုန္းဆက္အေၾကာင္းၾကားလိုက္သည္။
(တူ...တူ..တူ...)
" ဟယ္လို ေမခ"
" ေအး မမႏိုင္ နင္ အခုဘယ္မွာလဲ"
" ငါလား၊ ခ္ခ္ ငါ့ေကာင္ေလးနဲ႔ ေပ်ာ္ေနတယ္"
" နင့္မလဲေလ တမလြန္က ေယာက်္ားကို အားနာပါဦး၊ တစ္ေန႔တစ္ေန႔ စေမာေလးေတြနဲ႔ သာယာေနလိုက္တာ"
" ဟဲ့ ေမခ၊ အခု ငါ့ကို ဖုန္းဆက္တာ တရားခ်ဖို႔ဆိုရင္ ဖုန္းျပန္ခ်လိုက္ေတာ့၊ ငါ အခု သာယာေနတယ္"
" မဟုတ္ဘူး၊ ငါ့သားနဲ႔ စကားမ်ားလာလို႔ဟ၊ နင္နဲ႔ ေအးေဆးေတြ႕ခ်င္လို႔"
" ထူးထူးဆန္းဆန္း သားနဲ႔ စကားမ်ားလာတယ္တဲ့လား၊ အင္းပါ၊ အခု ငါ့အိမ္ကို လာခဲ့လို႔ရတယ္၊ ငါ နင့္ကို ေပ်ာ္စရာေလးနဲ႔ မိတ္ဆက္ေပးမယ္"
" ေအး ငါ အခုခ်က္ခ်င္း လာခဲ့မယ္"
(တီ...)
ဖုန္းခ်လိုက္ၿပီး သားျဖစ္သူရွိရာ အခန္းဘက္သို႔ တစ္ခ်က္ျပန္လွည့္ၾကည့္လိုက္သည္။ ထို႔ေနာက္ အိမ္အျပင္က ကားေလးကို ေမာင္းၿပီး သူငယ္ခ်င္းမဆီသို႔...။
ေျမနီကုန္းမီးပြိဳင့္က နီေနေသာေၾကာင့္ ကားကို ခဏရပ္လိုက္ရသည္။ ကားမွန္အျပင္ဘက္ရွိ ရာသီဥတုက က်စ္က်စ္ေတာက္ ပူေနသည္။ ထိုစဥ္ အျပင္ဘက္သို႔ မ်က္လုံးကစားမိတုန္း ျမင္ကြင္းထဲဝင္ေရာက္လာသည့္ ပုံရိပ္တစ္ခု။ ဦးမင္းျမတ္၊ ဟုတ္သည္။ သူ မမွားပါ။ သူ ထားပစ္ခဲ့ေသာ သူ၏ခင္ပြန္းေဟာင္း ဦးမင္းျမတ္ျဖစ္သည္။ ဝတ္ပုံစားပုံ သပ္သပ္ရပ္ရပ္ျဖင့္ မီးပြိဳင့္နီေနေသာေၾကာင့္ တစ္ဖက္က ဒဂုံစင္တာဘက္သို႔ အလြယ္တကူ ကူးသြားေလသည္။
ဦးမင္းျမတ္ကို ျမင္ေတာ့ သားႀကီးကို ေျပးသတိရသြားသည္။ ထိုစဥ္ ႐ုတ္တရက္ ကားမီးပြိဳင့္က ျပန္စိမ္းလာေတာ့ သူလည္း စင္တာဘက္သို႔ ခ်ိဳးေကြ႕ခ်လိုက္သည္။ လုံၿခဳံေရးေတြ၊ ဘာေတြေတာင္ ဂ႐ုမျပဳမိ။ စင္တာထဲသို႔ ဝင္သြားေသာ ဦးမင္းျမတ္ကို ဦးစြာလိုက္ရွာမိသည္။ ဘာလို႔ သူတစ္ေယာက္တည္း ျဖစ္ေနရတာလဲ။ သားႀကီးေရာ သားႀကီးက ဘယ္မွာလဲ။
ထို႔ေနာက္ ေကာ္ဖီဆိုင္တစ္ခုထဲသို႔ ဝင္သြားေသာဦးမင္းျမတ္ကို လွမ္းျမင္လိုက္ေတာ့ သူပါ အေနာက္မွ လိုက္ဝင္သြားလိုက္သည္။
" ဦးမင္းျမတ္"
ေကာ္ဖီမွာေနရာမွ သူ႔ထံ ျပန္လွည့္ၾကည့္လာေတာ့ သူ႔မ်က္လုံးေတြ မမွား။ သူ႔ခင္ပြန္းေဟာင္းစစ္စစ္ ျဖစ္ေနေတာ့သည္။ သူ႔ကို ျမင္ေတာ့ မ်က္မွန္ေအာက္ကမ်က္လုံးေတြ ဝိုင္းစက္သြားသည္။
" ေမ..."
" စကားေျပာရေအာင္ ဦးမင္းျမတ္"
" မင္း ဟုတ္တယ္မလား ေမ၊ ေကာင္းၿပီ၊ ထိုင္ရေအာင္"
ထိုအခါ ေကာ္ဖီဆိုင္၏အစြန္ဆုံးဝိုင္း၌သာ ထိုင္ျဖစ္ၾကသည္။
" ေမ ဘာေသာက္မလဲ၊ ကိုယ္ သြားမွာေပးရမလား"
" မလိုဘူး"
" အင္းပါ"
" သား ဘယ္မွာလဲ"
သူေမးလိုက္ေတာ့ ဦးမင္းျမတ္က သူ႔မ်က္လုံးေတြကို တအံ့တၾသၾကည့္ၿပီး ၿပဳံးလာသည္။
" ေမက ေမ့သားကို မေမ့ေတာ့ မေမ့ဘူးပဲ၊ ဒါနဲ႔မ်ား ေမရယ္၊ ဘာလို႔ ထားခဲ့ႏိုင္ရတာလဲ"
ဦးမင္းျမတ္၏စကားေၾကာင့္ ေဒၚေမခလည္း မ်က္ႏွာပ်က္သြားရသည္။ သို႔ေပမဲ့ ျပန္ထိန္းလိုက္ၿပီး
" ဘာမွ လာေမးမေနနဲ႔၊ သား ဘယ္မွာလဲေျပာ၊ သားကို ေမခ ျပန္ေခၚထားမယ္"
" ဟားဟား! ေမရယ္၊ မင္းက သိပ္တရားလွခ်ည္လား၊ ပထမက ကိုယ့္ရင္ကို ခြဲၿပီး သားငယ္နဲ႔အတူ ထြက္သြားတယ္၊ ေဟာ...အခုက်ျပန္ေတာ့ ကိုယ့္အနားမွာ က်န္ခဲ့တဲ့သားႀကီးကိုပါ မင္းက ေခၚထုတ္သြားဖို႔ ႀကံေနပါေရာလား၊ မင္း ကိုယ့္အသည္းကို ဘယ္ႏွစ္ႀကိမ္မ်ားေတာင္ အထပ္ထပ္ခြဲဖို႔ ႀကံေနတာလဲ ေမရယ္..."
" ဦးမင္းျမတ္ ေမ သားႀကီးကို ျပန္ေတြ႕ခ်င္တယ္၊ သားႀကီးနဲ႔ ေတြ႕ခ်င္တယ္လို႔"
" ဟိုး! ေမ၊ အခုထိ မာနေတြ မေလ်ာ့ေသးပါလား၊ သည္ပုံစံအတိုင္းဆိုရင္ သားႀကီးကို ေမ ေတြ႕ႏိုင္ေသးမွာ မဟုတ္ဘူး"
ထိုစကားေျပာၿပီး ေဘစာ႐ြက္ေပၚ၌ ဖုန္းနံပါတ္တစ္ခုကို ခ်ေရး၍ သူ႔ေရွ႕၌ ခ်ေပးကာ ထြက္သြားေသာဦးမင္းျမတ္ေၾကာင့္ ေဒၚေမခမွာ ေဒါသထြက္လ်က္သာ က်န္ခဲ့ရသည္။
/~/
(တီ...တီ...)
ဟြန္းတီးေနတာ ေတာ္ေတာ္ၾကာမွ မမႏိုင္က တံခါးလာဖြင့္ေပးသည္။
" ေရာက္ၿပီေပါ့၊ ေမခ လာ အိမ္ထဲဝင္"
ေဒၚေမခလည္း မမႏိုင္ကို မ်က္ေစာင္းထိုးၾကည့္လ်က္ သူ႔အေနာက္မွ အိမ္ထဲသို႔ လိုက္ဝင္လာလိုက္ေတာ့ ဧည့္ခန္းထဲ၌ ေကာင္ေလးတစ္ေယာက္ထိုင္ေနတာ ေတြ႕ရသည္။ ေဒၚေမခ ဧည့္ခန္းထဲဝင္လာေတာ့ ထိုင္ေနသည့္ ထိုေကာင္ေလးက သူ႔ကို တအံ့တၾသၾကည့္ၿပီး မတ္တတ္ထရပ္လိုက္သည္။ ထိုအခါ သူလည္း ထိုင္ဖို႔ ေမ့ေနၿပီး ႐ုတ္တရက္ႀကီးမတ္တတ္ထရပ္လိုက္ေသာ သူ႔ကို စိုက္ၾကည့္ေနမိသည္။ သူ႔မ်က္လုံးေတြက ေဒၚေမခႏွင့္ အၾကည့္ဆုံေသာအခါ မဝံ့မရဲေခါင္းငုံ႔သြားၿပီး လက္ႏွစ္ဖက္က ဂ်င္းေဘာင္းဘီေဘးႏွစ္ဖက္ကို ပြတ္သပ္ေနေလသည္။
" ဪ ေမခ ဘာလုပ္ေနတာလဲ၊ ထိုင္ေလ၊ ေကာင္ေလး မလန္႔နဲ႔၊ ဒါမမသူငယ္ခ်င္း ေမခတဲ့၊ ေမခ ဒါက အခုလက္ရွိတို႔ရဲ႕အေပ်ာ္ေလး စကၠတဲ့"
" ဟုတ္ကဲ့၊ ေတြ႕ရတာ ဝမ္းသာပါတယ္"
သူ႔သူငယ္ခ်င္းက မိတ္ဆက္ေပးေတာ့ သူ႔ကို ႏႈတ္ဆက္လာသည္။ သူ႔အေရွ႕မွာ ထိုင္ၿပီး သူ႔ကို ေမာ့မၾကည့္ရဲေလာက္ေအာင္ျဖစ္ေနသည္ကို ေမခသတိထားမိသည္။ သို႔ေပမဲ့ ဘာအေၾကာင္းကိစၥမွန္း မသိ။
" ေမခ နင္ စိတ္ညစ္ေနတာမလား၊ သူေလးနဲ႔ ေပ်ာ္ၾကည့္ပါလား"
" ဗ်ာ..."
ေမခေတာင္ ဘာမွမတုံ႔ျပန္ရေသးခင္ အေရွ႕က ေကာင္ေလး၏အံ့ၾသတႀကီး တုံ႔ျပန္သံႏွင့္အတူ မတ္တတ္ထရပ္လိုက္ေတာ့ မမႏိုင္ေရာ ေမခပါ သူ႔ကို ၿပိဳင္တူေမာ့ၾကည့္မိၾကသည္။
" ဘာလို႔လဲ စကၠရဲ႕"
မမႏိုင္က ေမးလိုက္ေတာ့ သူက ေမခ၏မ်က္လုံးေတြကို တုန္လႈပ္မႈအျပည့္ႏွင့္ ျပန္ၾကည့္လာၿပီး။
" ကြၽန္ေတာ္ မလုပ္ႏိုင္ေတာ့ဘူး၊ ခြင့္ျပဳပါဦး"
သူတို႔ အေရွ႕ကေန ေျပးထြက္သြားေတာ့ မမႏိုင္ကလည္း အံ့ၾသေနသလို ေမခ၏ေသြးသားမ်ားသည္လည္း ေျပာင္းျပန္စီးဆင္းသြားသကဲ့သို႔ တုန္လႈပ္သြားသည္။
" ဘယ္လိုေကာင္ေလးပါလိမ့္၊ ေမခရယ္ ေဆာရီးပါ"
" မလိုပါဘူး မမႏိုင္ရယ္၊ ငါနင့္ဆီ လာတာ စကားေျပာခ်င္႐ုံ သက္သက္ပဲကို"
" အင္း ငါ သိပါတယ္"
မမႏိုင္ႏွင့္စကားေျပာေနရင္း လက္ထဲရွိ ဖုန္းနံပါတ္ပါေသာစာ႐ြက္ေလးကို ျဖန္႔ျဖန္႔ၾကည့္မိေသးသည္။ သားႀကီးကို ျပန္ေတြ႕ရဖို႔ နီးကပ္လာၿပီပဲ။
/~/
မမႏိုင္၏ၿခံထဲမွ အေလာတႀကီးေျပးထြက္လာခဲ့ေသာ စကၠ။
(ကြၽီ...!)
" အာ့!"
ၿခံေရွ႕ေရာက္ေတာ့ ဟိုဘက္လမ္းမွ ႐ုတ္တရက္ေကြ႕လာေသာ ကားကို လွမ္းျမင္လိုက္၍ လန္႔သြားၿပီး ေရွာင္လိုက္ရင္းက ေျခေခ်ာ္လဲသြားေတာ့သည္။ ထိုအခါ ကားပိုင္ရွင္က ကားေပၚမွဆင္းၿပီး သူ ရွိရာဆီ ေျပးလာသည္။
" အာ့ ခင္ဗ်ား! ကားကို ဘယ္လိုေမာင္းတာလဲဗ်ာ့! မဆင္မျခင္ေကြ႕ရသလား"
" ဟို...ညီရရဲ႕လား၊ တကယ္ဆို အစ္ကို မမွားဘူးေနာ္၊ ညီက ႐ုတ္တရက္ေျပးထြက္လာတာမို႔ အစ္ကိုလည္း brake နင္းခ်ိန္ မရလိုက္ဘူး"
ဖုန္ေတြဘာေတြခါ၍ ထရပ္လိုက္ၿပီးမွ ေျခဆစ္နားက ဆစ္ခနဲ နာလာျပန္၍ ျပန္ထိုင္ခ်မိသည္။
" အာ့! ေျခေထာက္ဘာျဖစ္သြားၿပီလဲ မသိဘူး၊ ခင္ဗ်ားေၾကာင့္!"
သူ ရန္ေတြ႕ေနရင္း အေရွ႕ကလူကို အကဲခတ္လိုက္ေတာ့ ဝတ္ပုံစားပုံေသေသသပ္သပ္ႏွင့္ ဆံပင္အနက္ေရာင္ေတြကို အေနာက္သို႔ သိမ္းၿဖီးထားေလသည္။
" ဟို ျပန္ထၾကည့္ပါလား ညီ၊ အစ္ကို ကူတြဲေပးမယ္ေလ၊ ၿပီးရင္ အစ္ကို႔ေဆးခန္းလိုက္ခဲ့ပါလား၊ အစ္ကို တာဝန္ယူေပးပါ့မယ္"
ႏူးညံ့ညင္သာေသာ အသံအရပညာတတ္လူေကာင္းမွန္း သိသာသည္။ သူ႔ေဆးခန္းဆိုေတာ့ သူက ဆရာဝန္တစ္ေယာက္ပဲ ျဖစ္မွာေပါ့။ စကၠကို လက္ေမာင္းက ဆြဲထူမၿပီး သူ႔ကားေပၚကို ေခၚတင္သည္။ တစ္လမ္းလုံး သူကလည္း စကၠကို စကားမေျပာသလို စကၠကလည္း ဘာမွမေျပာဘဲ ၿငိမ္၍ လိုက္ပါလာသည္။ ခဏၾကာေတာ့ ၿမိဳ႕ထဲက နာမည္ႀကီး Private ေဆးခန္းတစ္ခုမွာ ကားရပ္လိုက္သည္။
" ေရာက္ၿပီ၊ ညီ ခဏ မဆင္းနဲ႔ဦး"
သူက အရင္ဆင္းၿပီး စကၠဘက္က ကားတံခါးကို ကိုယ္တိုင္လာဖြင့္ေပး၍ စကၠ ၏လက္ေမာင္းတစ္ဖက္ကို ကူထိန္းေပးလာသည္။ စကၠ၏အရပ္က ၆ေပအေတာ္စြန္းသည္မို႔ သူ႔ေဘးလာရပ္ေသာတစ္ေယာက္က စကၠ၏ေမးဖ်ားေလာက္သာ ရွိသည္။
" အာ့ ကြၽတ္ ကြၽတ္"
" ညီ ရရဲ႕လား"
သူ႔ေဆးခန္းအဝက ေကာင္မေလးမ်ားသည္ စကၠႏွင့္ သူ အတူတြဲဝင္လာသည္ကို စိတ္ဝင္တစားၾကည့္ၾကသည္။ အထူးသျဖင့္ စကၠလို ေယာက်္ားပီသၿပီး ဆြဲေဆာင္မႈရွိသည့္ပုံစံမ်ိဳးက ဘယ္မိန္းကေလးမွ မ်က္စိမလႊဲခ်င္စရာ။
သူ လွပ္ေပးေသာ လိုက္ကာအေနာက္၌ ခုတင္တစ္လုံးကို ေတြ႕သည္။ ထိုခုတင္၌ စကၠကို ထိုင္ေစၿပီး သူက အနီးအနားရွိ ေဆးဘူးေတြႏွင့္ အလုပ္ရႈပ္ေနေလသည္။
စကၠကို စကားတစ္ခြန္းမွ မဆိုလာဘဲ စကၠ၏ေျခေထာက္က အေၾကာေတြကို ေသခ်ာၾကည့္ၿပီး ထိေတြ႕ေနေလသည္။ သည္လိုက်ေတာ့လည္း စကၠမွာ အလိုလိုေနရင္း အားနာသြားရသည္။ စကၠ၏ေျခေထာက္ကို သူ႔စိတ္ႀကိဳက္ ထိကိုင္လို႔အၿပီး စကၠကို ေမာ့ၾကည့္၍ ခ်ိဳခ်ိဳသာသာ ၿပဳံးျပလာသည္။ သည္လူ ဘာလား။ ၿပဳံးလိုက္လွ်င္ တျခားလူေတြထက္ ပိုတြန္႔ေကြးသြားတတ္ေသာ ႏႈတ္ခမ္းတစ္စုံကို သည္လူက ပိုင္ဆိုင္ထားသည္။
ေဆးလိမ္းေပးလို႔အၿပီး သူ႔ကို စကားစလာသည္။
" ညီ့ေျခေထာက္က နည္းနည္းအဆစ္လြဲသြားတာ၊ ေဆးစည္းေပးထားတာမို႔ တစ္ရက္ႏွစ္ရက္ေလာက္ေနရင္ သက္သာသြားမွာပါ၊ မသက္သာလည္း အစ္ကို႔ေဆးခန္းကို ျပန္လာခဲ့လို႔ ရတယ္"
" ဟုတ္ကဲ့"
" အစ္ကို႔နာမည္က ဟန္လင္းညိဳ၊ ညီ့နာမည္ကေရာ"
" စကၠ"
"ေအာ..."
ႏႈတ္ခမ္းတစ္စုံကို အိုပုံစံလုပ္ၿပီး ၿငိမ္သြားသည္မို႔ စကၠလည္း မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။
" ကြၽန္ေတာ့္နာမည္က စကၠ...စကၠမင္းျမတ္"
" ဟုတ္ပါၿပီကြာ၊ မင္းနာမည္က နည္းနည္း တင္စီးသလားလို႔ ခံစားရလို႔ပါ၊ ဘာသေဘာမွ မဟုတ္ပါဘူး"
" အဲ့လို ေျပာေၾကးဆို ခင္ဗ်ားနာမည္ကလည္း ေယာက်္ားမဆန္ဘူးေလ"
" ဟင္ ဘာလို႔လဲ၊ ငါ့အေမက ငါ့ကို သည္အတိုင္းေပးခဲ့တာပဲ၊ ဘယ္လိုျဖစ္ျဖစ္ ငါႀကိဳက္ရင္ ရၿပီေပါ့၊ မင္းႀကိဳက္ဖို႔ လိုလား"
သူ႔ကို ခ်က္ခ်င္းရန္ျပန္ေတြ႕ေသာထိုလူက တကယ္ပဲ ဆရာဝန္ေရာ ဟုတ္စ။ ကေလးကလားႏွင့္။
" မင္း အသက္ဘယ္ေလာက္လဲ"
" ၂၈"
" ငါက ၃၁ ရွိၿပီ"
" ဗ်ာ...ဟုတ္လို႔လား"
" ဟုတ္တယ္ေလ"
သည္လူ အသက္လိမ္ေနသည္ေတာ့ မဟုတ္ေလာက္ပါ။ စကၠစိတ္ထဲမွာ သည္လူက ေသခ်ာေပါက္ သူ႔ထက္အသက္ငယ္လိမ့္မည္ဟု တြက္ထားသည္မို႔။ ၃၁တဲ့။ သူမ်ားသားသမီးေတြမ်ား ထိပ္စည္းေျပာင္းသည္ေတာင္ ႏုတုန္းပ်ိဳတုန္း။ သူႏွင့္မ်ား ကြာပါ့။
" အဲ့တာဆို ကြၽန္ေတာ္ျပန္လို႔ ရၿပီလား"
" ရၿပီ၊ ရၿပီ၊ ညီ ခဏေနဦး၊ အစ္ကို Taxi ငွားေပးလိုက္မယ္၊ ညီ ဘယ္မွာေနတာလဲ"
" ကြၽန္ေတာ့္ကို အင္းစိန္းလမ္းမႀကီးက fantasy Hotel ကို ပို႔ေပးပါ"
စကၠက သေဘာ႐ိုးႏွင့္ ေျပာလိုက္ေပမဲ့ သူက စကၠကို စိုးရိမ္မကင္းသည့္မ်က္လုံးမ်ားႏွင့္ ၾကည့္လာၿပီး...
" ညီရယ္...ေျခေထာက္က မေကာင္းေသးတာကို စားေသာက္ဆိုင္ကို ဘာသြားလုပ္မွာလဲ၊ အိမ္မွာပဲ ျပန္နားလိုက္ပါလား"
" ဟ...ခင္ဗ်ားနဲ႔လည္း ခက္ပါ့၊ ကြၽန္ေတာ့္ဆိုင္ ကြၽန္ေတာ္သြားတာ ဘာျဖစ္လဲ၊ ကြၽန္ေတာ့္မွာ အလုပ္ရွိေသးတယ္"
" အာ...အဲ့လိုလား၊ မသိပါဘူး၊ ေဆာရီး၊ အစ္ကို ကားသြားငွားလိုက္ဦးမယ္၊ ညီ ခဏထိုင္ေနဦးေနာ္"
" ဟုတ္ကဲ့"
စကၠေရွ႕က လွည့္ထြက္သြား၍ ခဏအၾကာ ကားရၿပီဆိုၿပီး စကၠကို ျပန္လာေခၚသည္။
" ဘာစိတ္မွေတာ့ မရွိနဲ႔ ညီ၊ အစ္ကိုလည္း ေဆးခန္းထိုင္ရမွာမို႔ Taxi နဲ႔ပဲ..."
" အာ... မလိုဘူး၊ ရတယ္၊ ဘာပဲ ျဖစ္ျဖစ္ ေက်းဇူးပါပဲ"
" မသက္သာရင္ ျပန္လာခဲ့ေနာ္ ညီ"
" အင္း အင္း ဟုတ္ကဲ့"
ဆိုင္ကို ျပန္ေရာက္ေတာ့ ေထာ့နဲ႔ေထာ့နဲ႔ႏွင့္ ဝင္လာေသာသူ႔ကို ဆိုင္ဝန္ထမ္းမ်ားက ဝိုင္းတြဲေပးၾကရန္ ျပင္ေတာ့...
" ရတယ္၊ ရတယ္၊ ငါ့ကို အခန္းထဲပဲ ပို႔ေပးၾက"
ထက္ခန္႔မရွိေတာ့ သူ႔မွာ အားကိုးစရာ လက္႐ုံးဟူ၍လည္း မရွိပါ။ ထက္ခန္႔ႏွင့္သူက ေက်ာင္းေနဖက္ျဖစ္သည္။ စကၠက ေက်ာင္းႏွစ္ႏွစ္ေအာက္ရ၍ တစ္တန္းတည္း အတူတူတက္ျဖစ္ၾကသည္။ ထက္ခန္႔က အမွန္ဆို သူ႔ထက္ ႏွစ္ႏွစ္ငယ္သည္။ ႏွစ္ေယာက္လုံး၏မိသားစုအေျခအေနမ်ားကလည္း မေကာင္းၾကသည္မို႔ စကၠက ၁၀တန္းေအာင္ၿပီးသည္ႏွင့္ အလုပ္ထြက္လုပ္သည္။
သို႔ရာတြင္ ထက္ခန္႔မွာလည္း ဂုဏ္ထူးႏွစ္ဘာသာပါပါလ်က္ႏွင့္ အိမ္၏စီးပြားေရး ကစဥ့္ကလ်ားျဖစ္မႈေၾကာင့္ အိမ္ေထာင္ဦးစီးေနရာကို ဝင္ယူလိုက္ရသည္။ ထို႔ေနာက္ တကၠသိုလ္ဆက္တက္ဖို႔ကို နားထားလ်က္ စကၠႏွင့္အတူ အလုပ္ဝင္လုပ္သည္။ စကၠလုပ္သည့္ အလုပ္က သိသည့္အတိုင္း ေငြအလြယ္ရေသာအလုပ္မို႔ ထက္ခန္႔ကလည္း စကၠက သူ၏အစ္ကိုဆိုလည္းဟုတ္၊ သူငယ္ခ်င္းဆိုလည္း ဟုတ္သည္မို႔ စကၠလုပ္ေသာ သည္အလုပ္ကို လိုက္လုပ္သည္။
ပထမက စကၠလည္း ထက္ခန္႔ကို သူ႔လို မျဖစ္ရေအာင္ တားသည္။ သည္အလုပ္ျဖင့္ စကၠက အဆင္ေျပေနသည္ျမင္ေတာ့ သူေကာင္းသားက တားမရခဲ့။ သူ႔အေမအတြက္ ေဆးဖိုးရရန္ေရာ၊ လူငယ္ပီပီ သုံးခ်င္၊ ျဖဳန္းခ်င္လာတာေၾကာင့္ပါ လုပ္ေတာ့သည္။ ႏွစ္ေယာက္လုံးအလုပ္တစ္ဖက္ႏွင့္မို႔ အေဝးသင္ျဖင့္သာ ဘြဲ႕ယူၾကရသည္။ အဆင္ေျပလာေတာ့လည္း သည္အလုပ္ႏွင့္ အသားက်ၿပီး တစ္တက္စားလည္း ၾကက္သြန္၊ ႏွစ္တက္စားလည္း ၾကက္သြန္ေပမို႔ မထူးဇာတ္ခင္း၍ သည္ဘဝႏွင့္သာ ဆက္ရွင္သန္လာၾကသည္။
/~/
ပဲခူးကို ေရာက္တုန္းေရာက္ခိုက္ အေမႏွင့္အတူ ေ႐ႊေမာ္ေတာဘုရားသို႔ သြားဖူးျဖစ္ၾကသည္။ ဆည္းလည္းသံေလးမ်ားကလည္း တခြၽင္ခြၽင္ႏွင့္ အေမရွိေနေသာအရပ္သည္ ထက္ဦးခန္႔အတြက္ ပကတိေအးခ်မ္းမႈ ေပးႏိုင္သည္။
" သား ရန္ကုန္မွာ ေနရတာ အဆင္ေျပရဲ႕လား"
" ဟုတ္ကဲ့ အေမ၊ စကၠလည္း ရွိေနတာမို႔ ကြၽန္ေတာ္ အဆင္ေျပပါတယ္"
" ေအးကြယ္၊ စကၠေလးေရာ ေနေကာင္းရဲ႕လား"
" ဟား! အေမရယ္၊ သူကေတာ့ ေဒါင္ေဒါင္ျမည္ပါ၊ အေမ သည္မွာ ေနရတာ ေပ်ာ္ရဲ႕လား"
ေယာဂီဝတ္စုံအညိဳေလးႏွင့္ အေမ့မ်က္ႏွာက အလြန္ေအးခ်မ္းေနေတာ့သည္။
" အေမေပ်ာ္တာေပါ့ သားရယ္၊ ေပ်ာ္တာထက္ ဘုရားရိပ္၊ တရားရိပ္မွာ ေနရတာဆိုေတာ့ စိတ္ေအးခ်မ္းတာေပါ့၊ တစ္ခါတေလ ညေနေစာင္းတိုင္း ဘုရားေပၚမွာ ပုတီးစိပ္တယ္၊ တရားထိုင္တယ္၊ သားႀကီးအတြက္ အမွ်ေဝေပးတယ္ေလ၊ သားႀကီး ေနာက္ဘဝက်ရင္ သည္လိုအျဖစ္ဆိုးမ်ိဳးနဲ႔ မႀကဳံရေလေအာင္ အေမ သားအစ္ကိုအတြက္ ကုသိုလ္ေကာင္းမႈေတြ အမ်ားႀကီးလုပ္ေပးတယ္"
" ေကာင္းတာေပါ့ အေမရယ္၊ ကိုႀကီးလည္း ေနာက္ဘဝက်ရင္ သူလိုခ်င္တဲ့ဘဝေလးနဲ႔ ေမြးဖြားလာမွာပါ"
" သားလည္း ရန္ကုန္မွာေနတာ အစစအရာရာ ဂ႐ုစိုက္ေနာ္၊ ဘုရား တရားေလးလည္း လုပ္ဦး၊ ဪ...သားျပန္ရင္ အေမ ပရိတ္ေရေလးထည့္ေပးလိုက္ဦးမယ္"
" ဟုတ္ကဲ့ပါ အေမ"
အေမ၏ညာလက္က ထက္ဦးခန္႔၏ ေခါင္းကို တဖြဖြပုတ္ေပးၿပီး ၿပဳံး၍ဆိုလာသည္။
" အေမ့သား ႏွစ္ေယာက္လုံးက သိပ္လိမၼာတာ"
ေသခ်ာသည္က အေမသည္ သူ႔ကိုျမင္လွ်င္ ကိုႀကီးကို သတိရတတ္သည္။ အခုလည္း အေမ့စိတ္ထဲ ကိုႀကီးကို အရမ္းလြမ္းေနေတာ့မွာ...။
______________