"Dear Kyauk Khal"(Complete)

By Aakhara1993

702K 61.9K 6.2K

၁၉၃၀ ခုနှစ်ကျော်ဝန်းကျင်အားပြန်လည်ပုံဖော်ထားသော အချစ်ဇတ်လမ်းတစ်ပုဒ်ဖြစ်၏။ မှတ်ချက် =[Role Sensitive သမားတွေအန... More

(အမှာစာ)(ဖတ်ပေးကြပါရန်)
အပိုင်း(၁) "မောင်ကျောက်ခဲ"
အပိုင်း(၂)"ဗညားသိင်္ခ"
အပိုင်း(၃)"ဧည့်သည်သွားကြိုလေပြီ"
အပိုင်း(၄)"ရင်းနှီးလာကြခြင်း"
အပိုင်း(၅)"ချောကလိတ်"
အပိုင်း(၆)"ထမင်းလက်ဆုံစားခြင်း"
အပိုင်း(၇)"မာယာများခြင်းအနုပညာ"
အပိုင်း(၈)"မောင်ကျောက်ခဲလေး စကားထစ်သွားခြင်း"
အပိုင်း(၉)"မန်ကျည်းပင်ကြီးအောက်ဝယ်"
အပိုင်း(၁၀)"မောင်ကျောက်ခဲလေးစကားထစ်သွားခြင်း (၂)"
အပိုင်း(၁၁)"ဇီးကွက်ရဲ့ထူးဆန်းသောစကား"
အပိုင်း(၁၂)"အုတ်ခဲတိုက်၊ ဆီမီးတိုက်၊နတ်တိုက်"
အပိုင်း(၁၃)"လက်ထပ်ရန်တိုက်တွန်းခြင်း"
အပိုင်း(၁၄)"ထန်းရည်ဆိုင်တွင်ဒိတ်ကြခြင်း"
အပိုင်း(၁၅)"ထန်းရည်သုံးခွက်သောက်ပြီးမှောက်သွားခြင်း"**
အပိုင်း(၁၆)"မျက်စိယားသွားတဲ့ ဇီးကွက်"
အပိုင်း(၁၇)"ဘိုလိုသီချင်းဆိုတတ်သောမိန်းကလေး"
အပိုင်း(၁၈)"အတင်းစေ့စပ်ခံရသောလူငယ်လေး"
အပိုင်း(၁၉)"အိမ်တိုင်ရာရောက်ခိုးနမ်းခြင်း"
အပိုင်း(၂၀)"ဇီးကွက်၏ဒေါသများပေါက်ကွဲထွက်လာခြင်း"
အပိုင်း(၂၁)"​ပြဿနာတက်လေပြီ"
အပိုင်း(၂၂)"တူဝရီးနှစ်ယောက်ပြဿနာတက်ကြခြင်း"
အပိုင်း(၂၃)"အက်ဆစ်လူသားအဖြစ်ပြောင်းလဲသွားသော 'သိင်္ခ'"
အပိုင်း(၂၄)" 'သိင်္ခ'နှာခေါင်းသွေးသျှံပြီ "
အပိုင်း(၂၅)"မြို့တက်ကြလေပြီ"
အပိုင်း(၂၆)"မပန်းထွေး"
အပိုင်း(၂၇)"ဖွင့်ဟဝန်ခံခြင်း"
အပိုင်း(၂၈)"အဝယ်တော်ထွက်လေပြီ"
အပိုင်း(၂၉)"ဖာလူဒါ ရိုးရာ"
အပိုင်း(၃၀)"အလှူဝင်ရက်-၁"
အပိုင်း(၃၁)"အလှူဝင်ရက် -၂"
အပိုင်း(၃၂)''အလှူဝင်ရက်-၃''
အပိုင်း(၃၃)"အလှူဝင်ရက်-၄"
အပိုင်း(၃၄)"ရန်ကုန်လိုက်ရန်ခွင့်ပြုပြီ"
အပိုင်း(၃၅)"စကားထာဝှက်ခြင်း"
အပိုင်း(၃၆)''ကိုရင်လေးအားသွားရောက်နှုတ်ဆက်ခြင်း''
အပိုင်း(၃၇)''ရွှေမြို့တော်သို့သွားရောက်ခြင်း''
အပိုင်း(၃၈)'မြွေမြွေချင်းခြေမြင်'
🗺️🚋Rangoon Arc🚋🗺
အပိုင်း(၃၉)"ရန်ကုန်မြို့သို့သွားရောက်ခြင်း"
အပိုင်း(၄၀)"အမာရွတ်လေးရဲ့ရာဇဝင်"
အပိုင်း(၄၁)"ခြောက်ခြောက်ခြားခြား"
အပိုင်း(၄၂)"ဒါလင်လို့ခေါ်ပါ"
အပိုင်း(၄၃)'ရန်ကုန်မြို့တခွင်လည်ပတ်ခြင်း'
အပိုင်း(၄၄)"ချစ်တီးထမင်းအတူတူစားခြင်း"
အပိုင်း(၄၅)"ဝီလီယမ်သောမက်စ်"
အပိုင်း(၄၆)"ဧည့်သည်တော်အားသွားကြိုခြင်း"
အပိုင်း(၄၇)"ပြန်လက်ခံရန်တောင်းဆိုခြင်း"
အပိုင်း(၄၈)"သံကြိုးစာရေးခြင်း"
အပိုင်း(၄၉)'အမာကြည်ရဲ့ရင်ခုန်သံတို့အစပြုရာ'
အပိုင်း(၅၀)'ရွှေရင်အေးဆိုင်ကရန်ပွဲ'
အပိုင်း(၅၁)'လက်ထပ်ခွင့်တောင်းလေပြီ'
အပိုင်း(၅၂)'အထင်လွဲခံနေရသောအမာကြည်'
အပိုင်(၅၃)'အိမ်ပြန်နောက်ကျတဲ့ သိင်္ခ'
အပိုင်း(၅၄)'ကျောကုန်းပေါ်ကခြစ်ရာတွေ'
အပိုင်း(၅၅)'အတို့အထောင်လုပ်တဲ့ငြိမ်းငြိမ်း'
အပိုင်း(၅၆)'ဒေါ်ရွှေဇင်ညိမ်းရဲ့ဒေါသ'
အပိုင်း(၅၇)'မောင်ကျောက်ခဲလေးရဲ့မျှော်လင့်ချက်'
အပိုင်း(၅၈)'ပွဲကြမ်းတဲ့သိင်္ခ'
အပိုင်း(၅၉)'ရူးသွားတဲ့သိင်္ခ'
အပိုင်း(၆၀)'မောင်ကျော်ဆွေလိုက်သွားခြင်း'
အပိုင်း(၆၁)'မောင်ကျောက်ခဲလေးသိသွားခြင်း'
အပိုင်း(၆၂)'ဦးရွှေမောင်ရဲ့အာဏာ'
အပိုင်း(၆၃)'ချွဲလွန်းသူကြီး'
အပိုင်း(၆၄)'ရွာပြန်လာကြခြင်း'
အချပ်ပို(၁)[ ပိတောက်လက်ဆောင်]
အချပ်ပို(၂)[ အိုးမဲသုတ်ခံလိုက်ရတဲ့ 'သိင်္ခ' ]
အချ​ပ်ပို(၃)[နှစ်သစ်ကူးည]
[Book Announcement ]
[Book Info]
[Question] [ဖတ်ဖြစ်အောင်ဖတ်ပေးကြပါရန်]
အချပ်ပို(၄) [ရွှေညာမြေမှဆွေမျိုးများ]
(ဖန်တီးမှုအသစ်- နတ်မင်း၏အစေခံ)

အပိုင်း(၆၅)'လယ်စောင့်တဲလေးတွင်အဆုံးသတ်သည်'

13.4K 811 141
By Aakhara1993

Unicode
~~~~~~~

မနက်အစောပိုင်း နာရီလေးချက်ထိုးခန့်ဖြစ်တာမို့
ရွာဦးကျောင်းဆီက အုန်းမောင်းသံက
အခါတော်ပေးလေပြီ။ ရွာအလယ်ပိုင်းက 'ကျောက်ခဲ'တို့အိမ်ရှိလူတွေကတော့
ရေနံဆီမီးရောင်လေးတလဲ့လဲ့နဲ့ အိမ်ထဲမှာအလုပ်ရှုပ်
လို့နေကြတယ်။

ထိုသူတွေထဲမှာ သူများအခန်းအရှေ့
ဂယောက်ဂယက်နဲ့ရှေ့နောက်လျှောက်နေတဲ့
'သိင်္ခ'က က္ကန္ဒြေမရဆုံး။ဝီရိယကောင်းကောင်းနဲ့
စောစောရောက်နေတဲ့ သူကအကုန်လုံးသေချာပြင်
ဆင်ခဲ့ပြီးသားပေမဲ့ တစ်စက်ကလေးမှအငြိမ်မနေတာမို့ တိုက်ပုံတွေ၊လုံချည်တွေကျေကုန်မှာဆိုးတဲ့
'ဒေါ်သိမ်းကြည်'က အဝတ်အစားပြန်လဲခိုင်း
ထားရတယ်။

"ကျောက်ခဲလေး ကိုယ်ဝင်.."

'သိင်္ခ'ရဲ့မေးခွန်းတောင်မဆုံးလိုက်အခန်းတံခါးကိုဖွင့်ပြီး ဆံပင်ဖားလျားနဲ့ထွက်လာတဲ့'ကျောက်ခဲ'က စွပ်ကျယ်အင်္ကျီတစ်ထည်နဲ့အနားစုတ်လုံချည်အပြဲတစ်ထည်ကိုသာဝတ်ဆင်ထားလေတယ်။

"ကျောက်ခဲလေး
မင်းအခုထိဘာမှမပြင်ဆင်ရသေးဘူးလား
အချိန်ကနီးနေပြီလေ။"

'သိင်္ခ'ကစိုးရိမ်စွာနဲ့မေးလိုက်တယ်။
ဘာလဲ...လက်မထပ်ချင်တော့ဘူးလို့ပြောမှာတော့မဟုတ်ဘူးမလား။ သူကသာ စိတ်လှုပ်ရှားလွန်းလို့နေစရာမရှိဖြစ်နေတာ၊ဒီ...ဒီကောင်လေးကဘာလို့
အဲ့လောက်တောင်အေးဆေးနေတာလဲ။တွေးရင်းနဲ့
သူဝမ်းနည်းလာရတယ်။

ထိတ်လန့်နေတဲ့မျက်ဝန်းတွေနဲ့ကျုပ်ကိုစိုက်ကြည့်နေတဲ့အစ်ကို့ကြောင့် ကျုပ်လဲခပ်ဟဟရယ်မိတယ်။
ကြည့်ရတာအရမ်းစိတ်လှုပ်ရှားနေတယ်နဲ့တူတယ်၊
တစ်အိမ်လုံးသူ့ခြေသံတွေချည်းပဲ။

"ဘာ ...ဘာရယ်တာလဲ
အခုမှတော့ မင်းကိုယ့်ကိုငြင်းလို့မရတော့ဘူးနော်
အကုန်လုံးကစီစဉ်ပြီးသွားပြီ။"

'သိင်္ခ'က အလိုက်ကန်းဆိုးမသိတဲ့
မျက်ရည်တွေကိုသုတ်ရင်းပြောလိုက်တယ်။
သူကိုယ်တိုင်ကပဲစိတ်အတက်အကျ မြန်လွန်းနေသလားမသိ၊ 'ကျောက်ခဲ​လေး'ရဲ့အခုပုံစံကသူ့ကိုစိတ်ထိခိုက်စေပြီး အလေးမထားဘူးဆိုတဲ့အတွေးမျိုးဝင်လာရလို့ အရမ်းဝမ်းနည်းသွားရတယ်။

"ဟော...ငိုနေတာလား။ မငိုပါနဲ့အစ်ကိုရယ်၊
အစ်ကိုထင်နေသလိုမဟုတ်ပါဘူး။
အခုမှလေးချက်ထိုးကျော်ကျော်ပဲရှိသေးတာ
မင်္ဂလာအချိန်ရောက်ဖို့ အစောကြီးကျန်သေးတယ်။
အင်္ကျီတွေကြိုဝတ်ထားရင် ဟိုသွားဒီထိုင်နဲ့ ကျေကုန်ရင်မခက်ဘူးလား။အဲ့ဒါကြောင့်မို့ပါ ...အရင်ဆုံး
မနက်စာသွားစားရအောင်နော်။"

ကျုပ်လဲ ငိုထားတဲ့အရှိန်ကြောင့် နီရဲနေတဲ့အစ်ကို့ရဲ့မျက်နှာလေးကို ပွတ်သုတ်​ပေးပြီးချော့လိုက်ရတယ်။တစ်ကယ်ကိုအဘိုးကြီးပေါက်စလေးလိုပဲ
အရမ်းကိုစိတ်ပူတတ်ရန်ကော။

သူတို့နှစ်ယောက်ထမင်းဝိုင်းကိုရောက်တော့
စားပွဲဝိုင်းတစ်ခုလုံးမှာမနက်စာကအပြည့်။
ပဲပြုတ်နဲ့ထမင်းဆီဆမ်း၊ ပဲပြုတ်ထမင်းကြော်၊
ကောက်ညှင်းပေါင်း၊ ဆတ်သားခြောက်ဖုတ်၊ ငါးခြောက်ဖုတ်၊ လဖက်ရည် ကြိုက်တာကိုယူစားလို့ရနိုင်တယ်။

'သိင်္ခ'လဲထမင်းဝိုင်းမှာဝင်ထိုင်ပြီးအားလုံးကိုမသိမသာချောင်းကြည့်မိတော့ အကုန်လုံးကဘာမှ
မပြင်ဆင်ထားသေးတာကိုတွေ့တော့မှသက်ပြင်း
ခိုးချလိုက်မိတယ်။

'အရမ်းစိုးရိမ်လွန်သွားခဲ့တာပဲ။'

"အစ်ကိုဘာစားမလဲ။"

"ကိုယ်ပဲပြုတ်နဲ့ထမင်းစားမယ်
ကျောက်ခဲလေးရော ဘာစားမလဲ။"

"ကျုပ်လဲ ပဲပြုတ်နဲ့ထမင်းပဲ။"

'ကျောက်ခဲ'ကပြောလိုက်တော့ 'သိင်္ခ'ကအကြံကြီးစွာနဲ့ ပဲပြုတ်ထမင်းပန်းကန်ကိုလှမ်းယူပြီး
ပြန်ပြောလာတယ်။

"တစ်ပန်းကန်တည်းအတူစားကြတာပေါ့!
ပန်းကန်ဆေးရသက်သာအောင်လို့။"

ဘေးနားမှာရှိနေတဲ့'ဒွေးညို'တစ်ယောက်မှာတော့
အရှေ့တည့်တည့်မှာမြင်နေရတဲ့မြင်ကွင်းကြောင့်
ထမင်းတောင်ကောင်းကောင်းမဝါးနို​င်ဘူး။
မကျေနပ်ဆုံးကတော့ဒီအကြောင်းတွေကို
သူငယ်ချင်းမတွေဆီ ဖောက်သည်ချလို့မရတာကိုပဲ။
အဘနဲ့အမက သူစိမ်းတွေကိုမပြောရဘူးဆိုလို့
မဟုတ်လို့ကတော့ အခုပဲတောင်းပိုင်းပြေးပြီး
'ကျေးဥ'မကိုကြွားပစ်လိုက်မှာ။

ဒီလိုနဲ့သူတို့မိသားစုလဲမနက်စာစားပြီးနောက်
ကိုယ်စီတာဝန်တွေခွဲပြီး ပြင်ဆင်ကြတော့တယ်။

"ကိုယ့်မျက်နှာ အဆီပြန်နေလား။"

"မပြန်ဘူး။"

"မျက်နှာကြီးရော မဲနေလားဟင်။"

"မမဲပါဘူးအစ်ကိုရာ။"

"ကိုယ်ကြည့်ကောင်းတယ်မလား။"

"အစ်ကိုကအချောဆုံးပဲ။"

မပြီးနိုင်မစီးနိုင်'သိင်္ခ'ရဲ့မေးခွန်းပေါင်းသောင်းခြောက်ထောင်ကိုမညီးမညူ
ဖြေပေးနေရသူက 'ကျောက်ခဲ'ကတော့
ဆံပင်တွေကျွတ်ထွက်မတတ်ခေါင်းပူနေပြီဖြစ်တယ်။

"ဟဲ့...ငကျောက်ခဲ!။
လေဖုတ်မနေနဲ့ လာခဲ့တော့
သျှောင်ထုံးရအောင်။"

အပြင်ကမိခင်ဖြစ်သူရဲ့ခေါ်သံကြောင့် 'ကျောက်ခဲ'လဲ
စကားပြောနေတာကိုရပ်ပြီးအပြင်ကိုထွက်လာခဲ့တယ်။ အနောက်ကနေလိုက်လာတဲ့
အမောင်'သိင်္ခ'ကလဲကောင်ငယ်လေးနဲ့
​ထပ်ကြပ်မကွာ။

"လာ ဒီမှာလာထိုင်လှည့်။"

'ကျောက်ခဲ'ကဖြစ်သလိုထုံးထားတဲ့သူ့ရဲ့
ဆံပင်ခွေတွေကိုဖြည်ချလိုက်ရင်း
မိခင်အရှေ့မှာဝင်ထိုင်လိုက်လေတယ်။

'ဒေါ်သိမ်းကြည်'က သားဖြစ်သူရဲ့
ဆံပင်တွေအား အနောက်ဘက်ကိုဆွဲယူလိုက်ပြီး
သစ်သားဘီးလေးနဲ့ ဆံပင်တွေကိုရှင်းပေးလာတယ်။

"မေမေ..ကျွန်တော်တစ်ခုလောက်
တောင်းဆိုလို့ရမလားဟင်။"

'သိင်္ခ'ကသူ့ရဲ့ရွှေကိုင်းမျက်မှန်လေးကိုပင့်တင့်ပြီး
'ဒေါ်သိမ်းကြည်'ကိုမေးလိုက်တယ်။

"ပြောလေ မောင်ရင်။"

"ကျွန်တော် ကျောက်ခဲလေးကို
သျှောင်ထုံးပေးချင်လို့ပါ။"

'ဒေါ်သိမ်းကြည်'ခမျာတစ်ဖက်ကလေးရဲ့စကားကြောင့်နည်းနည်းရှိုးတိုးရှန့်တန့်ဖြစ်သွားရပေမဲ့၊
သူ(မ)မင်္ဂလာဆောင်တုန်းကအချိန်တွေကိုပြန်မြင်ယောင်မိလေတော့ အသာတကြည်ပဲ နေရာကိုဖယ်ပေးလိုက်တယ်။

"သျှောင်ဘယ်လိုထုံးရမယ်ဆိုတာကိုရောသိသလား။"

"မ...မသိဘူးဗျ။"

"ဒါဆို အမ ပြောတဲ့အတိုင်းလိုက်လုပ်ပေး ဟုတ်လား။"

"ဟုတ်ကဲ့။"

'သိင်္ခ'လဲ ' ကျောက်ခဲ'ရဲ့အနောက်နားမှာဝင်ထိုင်
လိုက်ပြီးဆံနွယ်တွေကို သူ့ရဲ့လက်ထိပ်လေး
တွေနဲ့ပွတ်ဆွဲကြည့်လိုက်တယ်။
ချောမွတ်အိထွေးတဲ့အထိအတွေ့နဲ့
အုံလုံးကောင်းတဲ့ဆံပင်တွေဟာ
ထိုလူသားလေးရဲ့ကောင်းခြင်းတစ်ပါး​​​ဖြစ်တာ​
ကြောင့်သူ့မှာ ထိုဆံပင်တွေကိုကိုင်ကြည့်နေရင်း
ကအနမ်းချွေချင်လာရတယ်။ ဒါပေမဲ့လဲ
လူကြီးတွေရှိနေသေးတာမို့အဆင်မပြေ။

"ခွက်ထဲက အုန်းဆီလေးကိုယူ
လက်နှစ်ဖက်နဲ့ပွတ်ပြီးဆံပင်ကိုအရင်လိမ်းလိုက်။"

'သိင်္ခ'က 'ဒေါ်သိမ်းကြည်'ရဲ့စကားအတိုင်း
အုန်းမှုတ်ခွက်အဝိုင်းလေးထဲက အုန်းဆီအချို့ကို
ယူလိုက်ပြီး'ကျောက်ခဲ'ရဲ့ဆံပင်ပေါ်ကိုသုတ်လိမ်း
ပေးလိုက်တယ်။ ဆီနဲ့လိမ်းလိုက်တာကြောင့်
ဆံနွယ်တွေရဲ့အသရေဟာပိုပြီးကြွရွလာခဲ့သလို
ရွှန်းစိုတဲ့အနက်ရောင်ဆံသားတွေက
အညိုဆင်ဂုတ်သားလေးနဲ့ပနံသင့်လှတယ်။

'သိင်္ခ'မှာတော့တစ်ခဏအတွင်းမှာပဲ ၎င်းဆံပင်တွေရဲ့
ညှို့ယူခြင်းကိုခံလိုက်ရပြီး တယုတယနဲ့ထိုဆံနွယ်တွေကိုကိုင်တွယ်လို့နေခဲ့တယ်။

ဆံပင်တွေကိုနုနုရွရွနဲ့ထိတွေ့နေတဲ့ 'သိင်္ခ'ရဲ့လက်သွယ်
သွယ်တွေထဲ အချိန်တစ်ခုကြာတဲ့အထိ
မျောပါနေတဲ့'ဒေါ်သိမ်းကြည်'ဟာ 'ကျောက်ခဲ'
ရဲ့နဖူးပြင်ကိုကြည့်မိပြီးမှတစ်စုံတစ်ခုကိုသတိရသွားဟန်နဲ့ 'ဒွေးညို'ကိုလှမ်းအော်လိုက်တယ်။

"သြော်...ညိုမရေ အမအခန်းထဲက သေတ္တာကိုဖွင့်ပြီး
အထဲကယွန်းသေတ္တာလေးကိုယူလာခဲ့ချည်အုံး။"

"ဟုတ်ကဲ့ အမ။"

"မောင်ရင်သိင်္ခ ရေ..."

"ဗျာ....ပြောပါ​မေမေ။"

"အင်း ဆံပင်တွေကို ဟောဒလို လက်နဲ့ခွေလိုက်
ပြီးရင်ချိုစောင်းပေါ်တင်။"

'ဒေါ်သိမ်းကြည်'ကလက်နဲ့သရုပ်ပြကာ
'သိင်္ခ'ရဲ့လက်တွေကိုသေချာကြည့်ရင်း
ဆံပင်တွေကိုထုံးဖွဲ့စေတယ်။
ဖြူ သွယ်တဲ့လက်ချောင်းတွေရဲ့
စိတ်ကြိုက်ချယ်လှယ်ခြင်းကိုခံနေရတဲ့ဆံနွယ်တွေဟာကဗျာဆန်တဲ့အနှေးပြကွက်တစ်ခုလို သိပ်ကိုလှပလှပြီး၊မကြာခင်အချိန်အတွင်းမှာပင်'ကျောက်ခဲ'ရဲ့ဦးချိုစောင်းပေါ်မှာအထုံးလေးအဖြစ်တည်ရှိသွားခဲ့ပြီး၊အဆုံးသတ်အနေနဲ့ ဘေးနားကဆံမြီးဆွဲကွင်း
လေးကို 'ဒေါ်သိမ်းကြည်'ကကူပြီးကလစ်လေးတွေနဲ့ထိုးကာကူညီပေးလိုက်တယ်။

"အမ ရှာခိုင်းတဲ့ဟာတွေ့ပြီ ဒီမှာ။"

'ဒွေးညို'မက အခန်းထဲကနေထုတ်လာတဲ့
ယွန်းဘူးလေးကိုဒေါ်သိမ်းကြည်ဆီ
လှမ်းပေးလာတယ်။မိခင်ဖြစ်သူရဲ့ဘေးမှာဝင်ထိုင်လာပြီးရေနံဆီမီးရောင်အောက်မှာလင်းလက်နေတဲ့
သူ (မ)ရဲ့မျက်လုံးဝိုင်းတွေက ယွန်းဘူးထဲကအရာလေးကြောင့် သိလိုစိတ်တွေပြင်းပြလို့နေလေတယ်။

သမီးဖြစ်သူရဲ့အမူအယာကိုမြင်လိုက်ရတဲ့
'ဒေါ်သိမ်းကြည်'ကလဲတစ်ချက်ခန့်ပြုံးလိုက်ပြီး
ယွန်းဘူးလေးကို'သိင်္ခ'ရဲ့လက်ထဲကိုထည့်ပေးလာတယ်။

"အဲ့ထဲက ပုဝါလေးကိုယူပြီး
နဖူးအထက်မှာပတ်ပေးလိုက်။"

'သိင်္ခ'လဲသေချာကနုတ်ဖော်ပြီးရေးဆွဲထားတဲ့ယွန်းဘူးလေးကိုဖွင့်လိုက်ပြီး အထဲမှာရှိနေတဲ့နံ့သာရောင်
ပိုးပဝါလေးကိုထုတ်ယူလိုက်တယ်။အဲ့ဒီနောက်
တော့နဖူးအထက်ကိုပတ်စည်းပေးလိုက်ပြီး
အနားစလေးကိုသေချာသိမ်းပေးလိုက်တယ်။

"အဲ့ဒီပုဝါလေးကအဘနဲ့အမလက်ထပ်တုန်းက
မင့်အဘသျှောင်ထုံးတဲ့ပုဝါလေးလေ...အမကိုယ်တိုင်ယက်ပြီး မင့်အဘကိုထုံးပေးခဲ့တာအခုတော့ သားလေးကိုလက်ဆင့်ကမ်းဖို့အချိန်ရောက်လာပြီထင်တယ်။"

"အမတို့မှာဓလေ့တစ်ခုရှိတယ်
ယောက်ျားလေးတစ်ယောက်ရဲ့ သျှောင်ထုံးကို
မိဘရယ်၊ အိမ်ထောင်ဘက်ရယ်၊ ဆရာတော်ရယ်က
လွဲပြီး ဘယ်သူ့ကိုမှလက်လွတ်စပါယ်ပေးထိလို့
မရဘူးဆိုပြီးတော့ပေါ့..အခုတော့ မောင်ရင် ကလဲ
'ကျောက်ခဲ'လေးရဲ့ သျှောင်ကိုထုံးဖွဲ့နိုင်တဲ့လူတွေထဲကတစ်ယောက်ဖြစ်သွားပြီ။ ဒါကြောင့် ဒီသျှောင်ထုံးလေးကိုမောင်ရင်တယုတယကိုင်တွယ်သလို၊တန်ဖိုးထားသလို 'ကျောက်ခဲ'လေးကိုလဲတန်ဖိုးထားပေးပါကွယ်။"

"စိတ်ချပါမေမေ..
ကျွန်တော်ကျောက်ခဲလေးကို
အသက်နဲ့ရင်းပြီးတန်ဖိုးထားပါ့မယ်။"

'သိင်္ခ'ကပျော်ရွှင်မှုတွေပြည့်နှက်နေတဲ့အပြုံးတွေနဲ့
ကတိပေးလိုက်တယ်။ နောက်ဆုံးတော့
ကောင်ငယ်လေးရဲ့ဆံနွယ်တွေကို တရားဝင်ထုံးဖွဲ့ပေးနိုင်တဲ့လူဖြစ်လာခဲ့ပြီမဟုတ်လား။ သူ့မှာပျော်လွန်းလို့
မျက်ရည်တွေပါလည်လာရတယ်။

'မဝေးတော့တဲ့အချိန်အနည်းငယ်အတွင်းမှာပဲ
'ကျောက်ခဲ' လေးကကျုပ်ရဲ့အဖိုးမဖြတ်နိုင်တဲ့
အိမ်ဦးနတ်လေးဖြစ်လာတော့မှာ။'

မကြာခင်အချိန်မှာပဲ သူတို့လဲ ပြင်ဆင်လို့ပြီးသွားခဲ့ပြီး၊ နှစ်ယောက်စလုံးဟာ နံ့သာရောင်တိုက်ပုံအင်္ကျီလေးတွေနဲ့ ၊ အမဲအစင်းကြားပါတဲ့ကြာချည်သားလုံချည်လေးတွေကိုဝတ်ဆင်ထားကြလေတယ်။ သူတို့တစ်မိသားစုလုံးရွာဦးကျောင်းကိုရောက်တဲ့အချိန်မှာတော့ အားလုံးကအဆင်သင့်ဖြစ်နေလေပြီ။

"ကဲ...ဝင်ခဲ့ကြ
မင်္ဂလာချိန်နီးနေပြီ။"

'ဦးရွှေမောင်'က သတို့သားနှစ်ယောက်ကို
ကျောင်းကျက်သရေဆောင်ထဲခေါ်လိုက်ပြီး
အထဲကနေတံခါးကိုပိတ်ချလိုက်တယ်။

"သူ...သူကြီး!။"

နှုတ်ခမ်းမွှေးကြီးကားတက်နေအောင်ပြုံးကာ
သူတို့ကိုစိုက်ကြည့်နေတဲ့ သူကြီးကိုတွေ့လိုက်ရတာ
ကြောင့်'ကျောက်ခဲ'ကအံ့အားသင့်စွာနဲ့ခေါ်လိုက်တယ်။

"ဘာလဲ သိပ်အံ့သြနေသလား ဟေ..။
မအံ့သြပါနဲ့ကွာ...ငါကအဲ့လောက်လဲအတွေးတိမ်တဲ့သူမဟုတ်ပါဘူး။"

"ဟုတ်တယ်သားရဲ့..မေမေကိုယ်တိုင်ခွင့်တောင်းထားတာအစအရာရာသူကြီးကဆောင်ရွက်ပေးလိမ့်မယ်။"

'ဒေါ်​ရွှေဇင်ညိမ်း'ကကြားထဲကဝင်ပြောပေးလာတော့'သိင်္ခ'လဲမိခင်ဖြစ်သူကိုကျေးဇူးတင်နေတဲ့အကြည့်လေးတွေနဲ့လှမ်းကြည့်လာလေတယ်။

အဲ့ဒီနောက်မှာတော့ သတို့သားနှစ်ယောက်လုံးဟာ
သူကြီးရဲ့ဆွဲခေါ်ခြင်းကိုခံလိုက်ရပြီး
ဆရာတော်ဘုရားကိုရှိခိုးလိုက်ရတယ်။
ဆရာတော်ဘုရားကတော့ သက်တော်ကြီးပြီမို့
စကားသိပ်မဆိုခေါင်းလေးတညိတ်ညိတ်နဲ့
ဆုပေးလာတယ်။

အဲ့ဒီနောက်သူကြီးကဟန်ပါပါနဲ့
မင်္ဂလာသြဘာစာကိုရွတ်ဆိုလိုက်ပြီး
ရေစင်သွန်းဖို့အခမ်းအနားစတင်
ကြောင်းကိုကြေညာလိုက်တယ်။

'သိင်္ခ'နဲ့'ကျောက်ခဲ'တို့နှစ်ယောက်ဟာ
မြတ်စွာဘုရားဆီရည်းမှန်း၍လက်အုပ်ချီကာ
သစ္စာဆိုနေတုန်း၊ သူကြီးက 'ရွှေဖလား 'ထဲမှာထည့်ထားတဲ့ နံသားငါးပါးရည်အား သပြေခတ်နဲ့ဆောင်ယူ၍သတို့သားနှစ်ယောက်လုံးရဲ့ဦးခေါင်းပေါ်ကိုပတ်ဖြန်းကာ ဆုတောင်းထောပနာချွေပေးပြီးနောက်လက်စွပ်လေးတွေကိုလဲဝတ်ကာမင်္ဂလာအခမ်းအနားကိုအဆုံးသတ်ခဲ့လေတယ်။

မင်္ဂလာပွဲလေးဟာအကျဉ်းရုံးကာစီစဉ်ခဲ့ခြင်း
ဖြစ်တာကြောင့်သူစိမ်းဧည့်ပရိတ်သတ်မပါခဲ့ပေ။ နားလည်မှုလေးနဲ့သာစီစဉ်ခဲ့တဲ့ပွဲလေးဖြစ်ပေမဲ့လဲ
သက်ဆိုင်သူနှစ်ယောက်မှာတော့
ရင်ထဲမယ်တစ်ခုခုကိုလိုအပ်နေခဲ့သလို
ခံစားနေရလေတယ်။

ကျောင်းပေါ်ကဆင်းလာတဲ့ သားနှစ်ယောက်ကိုကြည့်ပြီး'ဒေါ်ရွှေဇင်ညိမ်း'မှာမျက်ရည်တွေဝဲလာရတယ်။
တစ်ခါမှမတွေးခဲ့မိဘူး သူ့သားလေးကပရိတ်သတ်
မရှိတဲ့မင်္ဂလာပွဲကို ဆင်နွှဲရလိမ့်မယ်လို့။

"နှစ်ယောက်စလုံးက လိုက်ဖက်လွန်းပါတယ်
ကလေးတို့ရယ်...ပရိတ်သတ်တွေသာဒီ့ထပ်ပိုရှိခဲ့ရင်
မေမေ တောင်းပန်ပါတယ်။"

'ဒေါ်ရွှေဇင်ညိမ်း'က 'ကျောက်ခဲ'ကိုပွေ့ဖက်ထားရင်း
ပြောလိုက်တယ်။

"မလိုပါဘူးဒေါ်ဒေါ်ရယ်။မငိုပါနဲ့နော်
နှစ်ဖက်မိဘတွေပါရုံနဲ့တင် ကျွန်တော်ကျေနပ်ပါပြီ
အစကတည်းက ကျွန်တော်အားလုံးကိုလက်ခံနိုင်အောင်ကြိုးစားပြီးသားပါ။"

'ကျောက်ခဲ'ကနှစ်သိမ့်ပေးလိုက်တယ်။ ဒီလိုဆိုတော့လဲသူ့မှာစိတ်ထဲမကောင်း။သူတို့တွေအတ္တကြီးခဲ့မိ
ကြတာလား။

"ကျေးဇူးတင်ပါတယ်...ဒေါ်ဒေါ်
တကယ်ကိုကျေးဇူးတင်ပါတယ် ကျွန်တော်
အစ်ကို့ကို နောက်ဆုံးအချိန်အထိတန်ဖိုးထားသွားမှာပါ။"

"အင်း...သားလေးကိုအပ်ပါတယ်ကွယ်။"

"အမကိုလဲ ကျုပ်ချစ်တယ်နော်
အဘကိုရော...ညိုမ ကိုရော။"

"ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ အမ။"

"မလိုဘူး...အမတို့ကိုတောင်းပန်စရာမလိုပါဘူးကွယ်သားတို့မှာအပြစ်မရှိကြပါဘူး။တစ်ဖတ်သတ်ဆန်တဲ့ဒီလောကကြီးမှာပဲ အပြစ်ရှိတာအမက အမသားလေးကိုဘယ်တုန်းကမှ မေတ္တာမ​ပြတ်ခဲ့ပါဘူး...
ဒါကြောင့် အမတို့ကိုတောင်းပန်စရာမလိုဘူး။"

'​ဒေါ်သိမ်းကြည်'က သားဖြစ်သူရဲ့မျက်နှာနုနုပေါ်က
မျက်ရည်လေးတွေကိုသုတ်ပေးရင်းပြောလိုက်တယ်။
သူသိပ်ချစ်ရတဲ့ သူ့သားလေးပျော်ရင်ပြီးတာပဲ၊ ဘယ်သူ့ကိုမှဂရုမစိုက်ဘူး။ ဒီကောင်လေး အချစ်စစ်နဲ့တွေ့သွားရတာကိုပဲ စိတ်အေးရပါပြီ။

အဲ့ဒီနောက်မှာတော့အခြေအနေကို
ရိပ်မိနေကြတဲ့ အားလုံးဟာသူတို့ကိုနှုတ်ဆက်ပြီး
အဝေးကိုထွက်သွားကြတော့တယ်။
'သိင်္ခ'ကလဲအဝေးမှာရပ်နေခဲ့ရာကနေ
သူ့ရဲ့တိုက်ပုံအင်္ကျီလေးကိုချွတ်ခဲ့လိုက်ပြီး
ကောင်ငယ်လေးရဲ့လက်ကိုကိုင်လို့
ရွာဦးကျောင်းကိုကျောခိုင်းပြီး
ရွာအပြင်လယ်ကန်သင်းရိုးတွေရှိရာဘက်ကို
လျှောက်လာခဲ့လိုက်တော့တယ်။

မနက်အစောပိုင်းရဲ့လေနုအေးဟာ
သူတို့နှစ်ယောက်ရဲ့မျက်နှာကိုရိုက်ခတ်လို့နေပြီး၊
အဆင်ကွဲလက်စွပ်လေးတွေကို လက်သူကြွယ်မှာ
ဆင်မြန်းထားတဲ့ လက်တစ်စုံဟာ အနီးကပ်ဆုံးအခြေအနေမှာတည်ရှိလို့နေကြတယ်။

"ကိုယ်တို့ ဟိုလယ်စောင့်တဲလေး
ဆီသွားရအောင်နော်။"

'သိင်္ခ'ကမလှမ်းမကမ်းမှာမြင်နေရတဲ့လယ်စောင့်တဲအိုလေးကိုမျှော်ကြည့်ပြီးပြောလိုက်တယ်။
လယ်စောင့်တဲအိုလေးဟာအရင်လို
မပြောင်းမလဲရှိနေဆဲ။ မြေသင်းနံ့လေးဟာလဲ
လမ်းတစ်လျှောက်ထွက်ပေါ်လို့နေဆဲဖြစ်တယ်။
ပတ်ဝန်းကျင်တစ်ခုလုံးကလဲ တိတ်ဆိတ်လို့နေက
လှေကားထစ်တစ်ခုကို လှမ်းလိုက်တိုင်း
ခြေနင်းပြားလေးတွေရဲ့ချိနဲ့စွာအော်ဟစ်သံကို
အတိုင်းသားကြားနေရတယ်။

လယ်စောင့်တဲလေးပေါ်ကိုရောက်တာနဲ့
'သိင်္ခ'က လယ်ကွင်းတွေဘက်ကိုမျက်နှာမူကာ
အရင်ဝင်ထိုင်လိုက်ပြီးနောက် ၊ ဘေးမှာဝင်ထိုင်လာတဲ့တစ်ဖက်လူရဲ့ပုခုံးဆီကို သူ့ရဲ့မျက်နှာလေးကိုအပ်ထားလိုက်တယ်။

"ကျောက်ခဲလေး..။"

"ဟုတ်ကဲ့ အစ်ကို..။"

"တစ်နေ့ကျလို့ ကမ္ဘာကြီးမှာ လိင်တူလက်ထပ်တာကို
လက်ခံတဲ့နေရာလေးတစ်ခုရှိလာခဲ့ရင်
ကိုယ်တို့အဲ့ကိုသွားပြီးလက်ထပ်ပွဲအကြီးကြီး
လုပ်ကြမယ်နော်။"

'သိင်္ခ'ရဲ့စကားလေးအဆုံးမှာတော့
'ကျောက်ခဲ'ရဲ့မျက်နှာပေါ်ဝယ် အပြုံးပန်းလေးတစ်ပွင့်ပေါ်ပေါက်လာရပြီး၊ ထိုအပြုံးလေးနဲ့အတူ
မျက်ရည်စက်လေးတစ်ပေါက်ဟာလဲ
ပါးပြင်ပေါ်ကနေစီးဆင်းသွားရတယ်။

"ကိုယ်မင်းကို ပရိတ်သတ်တွေအရှေ့မှာ မြတ်နိုးစွာ
နဲ့နမ်းမယ်.. အားလုံးရဲ့အရှေ့မှာ မင်းက ကိုယ့်ရဲ့
သက်ဆိုင်သူဖြစ်ကြောင်းကို အကျယ်ကြီးပြောမယ်။"

"လာသမျှလူတိုင်းကိုလဲ အစားအသောက်
အကောင်းစားတွေနဲ့တည်ခင်းမယ်..
ပြီးရင်အိမ်ပြန်လက်ဆောင်ပါထည့်ပေးလိုက်မယ်။"

"ကိုယ်တို့နှစ်ယောက် အကြင်နာပေးတဲ့အခါကျ
လူတွေအများကြီးက ကိုယ်တို့ကိုသြဘာပေးလိမ့်မယ်။"

"ကိုယ်တို့အသက်တွေကြီးသွားရင်တောင်
အဲ့ဒီမင်္ဂလာပွဲလေးကိုတော့ဖြစ်အောင်
လုပ်ကြမယ်နော်။"

"ကိုယ်တို့ရဲ့ဆက်ဆံရေးက
ဘယ်တော့မှလူမသိ၊
သူမသိနဲ့အဆုံးသတ်မသွားစေရဘူး။"

"ဟုတ်ပါပြီ...ဟုတ်ပါပြီ အစ်ကိုရာ
အစ်ကို့ဆန္ဒအတိုင်း အားလုံးကိုဖြစ်စေရမယ်နော်။"

ပုခုံးပေါ်ကစိုစွတ်တဲ့အထိတွေ့ကတိုးလာလေ၊ ကျုပ်ရင်တွေပိုနာရလေပဲ။ ဒါကြောင့် ကျုပ်အစ်ကို့ကိုခပ်တင်းတင်းဖတ်ထားပေးမိတယ်။အစ်ကိုဟာရင်ဘက်တွေတသိမ့်သိမ့်တုန်နေတဲ့အထိ ကလေးတစ်ယောက်လိုငိုကြွေးနေခဲ့လေရဲ့။ ဒီတစ်သက်မှာ
အခွင့်ရေးမရခဲ့ရင်တောင် နောက်ဘဝကျပြန်ဆုံပြီးလက်ထပ်ပွဲအကြီးကြီးလုပ်ကြမယ်တဲ့​လေ။

ညာဘက်လက်ကနေ
အစ်ကို့ကိုခပ်တင်းတင်းဖက်ပြီး
ဘယ်ဘက်လက်ကတော့ အစ်ကို့လက်လေးကိုဆုပ်ကိုင်လို့အရှေ့ဘက်လယ်ကွင်းတွေဘက်ကနေ ထွက်လာတဲ့နေမင်းကြီးကိုကြည့်ပြီးကျုပ်ဆုတောင်းနေခဲ့တယ်။

အစ်ကို့ရဲ့ဆန္ဒတွေပြည့်ပါစေ။

အနာဂတ်မှာ ချစ်ခြင်းမေတ္တာအားလုံးကို
လက်ခံပေးနိုင်တဲ့လူတန်းစား
တစ်ရပ်ထွက်ပေါ်လာပါစေ ။

ဒါမှ အစ်ကိုလိုချင်တဲ့မင်္ဂလာပွဲလေးကို
ကျင်းပနိုင်မှာမဟုတ်လား။

ဒါမှ ကျွန်တော်တို့လိုလူတွေအားလုံးလိုချင်တဲ့
အသိုက်အဝန်းလေးတစ်ခုကိုဖန်ဆင်းနိုင်မှာ။

ယောက်ျားနဲ့မိန်းမကြားကချစ်ခြင်းသာမက
ကျန်တဲ့ချစ်ခြင်းတွေအားလုံးဟာလဲလှပကြောင်းကိုအဲ့ဒီအသိုက်အဝန်းလေးကသက်သေပြနိုင်မှာ။

ကျုပ်ကပညာတွေလဲအများကြီးမတတ်ခဲ့ပေမဲ့
​ဖြူစင်တဲ့ဘယ်လိုချစ်ခြင်းမေတ္တာကိုမှပိတ်ပင်
တားမြစ်ထားဖို့မလိုဘူးဆိုတာကိုတော့နားလည်
သွားခဲ့တယ်။

ဒါက အစ်ကိုကိုယ်တိုင်ကျုပ်ကိုသင်ကြားပေးခဲ့တဲ့
အဖိုးတန်အတွေးအခေါ်လေးတစ်ခုပဲ။

အဲ့ဒီအတွေးအခေါ်လေးကို
ကျုပ်အမြဲတမ်းသိမ်းဆည်းထားမှာပါ အစ်ကို။
နှလုံးသားရဲ့ဟိုးအနက်ရှိုင်းဆုံး
သီးသန့်ကမ္ဘာလေးတစ်ခုမှာပေါ့။

တ​ဖြည်းဖြည်းနဲ့နယ်ချဲ့လာတဲ့နေရောင်ခြည်အောက်
ဆုတောင်းသံတွေဟာလဲတဖြည်းဖြည်း
ဆိတ်သုဉ်းသွားခဲ့လေရဲ့။လယ်စောင့်တဲအိုလေး
ရဲ့လွမ်းငွေ့သန်းပေမဲ့နွေးထွေးတဲ့ရင်ငွေ့ကြောင့်ပဲလား၊အရာအားလုံးကိုတိတ်ဆိတ်စွာလက်ခံတတ်တဲ့နေရာဟောင်းလေးတစ်ခု ဖြစ်နေတာကြောင့်ပဲလား
မသိ ကောင်ငယ်လေးနှစ်ယောက်ဟာတော့ နှစ်ချိုက်စွာနဲ့အိပ်ပျော်လို့သွားခဲ့ပါတယ်။
သူတို့ပင်ပန်းခဲ့ကြပြီမဟုတ်လား။

နေရောင်ခြည်ဟာနွေးဆဲ...။

လေပြည်မှာအေးဆဲ...။

ကျေးငှက်တွေလဲပျံသန်းဆဲ...။

အရာအားလုံး​လဲ
အချိန်တန်အဆုံးသတ်စမြဲပါလေ...။

~~~~~~~~~~ပြီးပါပြီ။~~~~~~~~~~~~~~~

👏👏👏နောက်ဆုံးတော့ OCတစ်ပုဒ်ကို
အချိုးပြေပြေအဆုံးသတ်နိုင်ခဲ့ပါပြီ။
အခုအချိန်ထိ ဒီခရီးရှည်လေးမှာလိုက်ပါပေးခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ဗျ ။ လိုအပ်ချက်လေးတွေလဲထောက်ပြပေးခဲ့နိုင်သလို။အမှတ်တရတွေရှိရင်လဲဝေမျှခဲ့ပေး။
ဒါမှမဟုတ်လဲဒီမကောင်းမကန်းလေးကိုစိတ်ရှည်လက်ရှည်နဲ့လိုက်ဖတ်နိုင်ခဲ့တဲ့အတွက်
ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြု ပြီး လက်ခုပ်လေးတွေတီးခဲ့ကြပါ။ Extraလေးနဲ့ပြန်လာခဲ့ပါ့မယ်။ 👏👏👏

ဒီFicလေးကိုသဘောကျတယ်၊နှစ်ချိုက်တယ်ဆိုရင် နီးစပ်ရာသူငယ်ချင်း၊မိတ်ဆွေ၊အပေါင်းအသင်း
တွေကိုလဲမျှဝေပေးပါအုံးလို့။ Review လေးတွေရေးပေးကြရင်လဲ ဒီကစိတ်မဆိုးပါဘူးလို့XD")။

အားလုံးပဲဂွတ်ညပါနော်။🍊

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Zawgyi
~~~~~~~

previous chapter
~~~~~~~~~~~~~~~
ေ႐ႊအိုေရာင္ညေနခင္းထဲမွာတစ္ေယာက္လက္တစ္ေယာက္ကိုင္ရင္း ဘုန္းႀကီးေက်ာင္းထဲဝင္သြားၾကတဲ့ ေက်ာျပင္ေလးႏွစ္ခုက ေနခ်ည္ေတြနဲ႕အတူပနံသင့္ေနေလရဲ႕။

နားလည္မႈေတြအျပန္အလွန္ရွိလာတဲ့ဆက္ဆံေရးဟာရင့္က်က္လာတယ္လို႔ယူဆလို႔ရသတဲ့။
ကံတရားကအေၾကာင္းဖန္လာသမွ်
ဘယ္သူေတြဘယ္လိုပဲဖ်က္ပါေစ တားဆီးနိုင္မွာမဟုတ္တာမို႔လွပတဲ့ ပုံျပင္ေလးရဲ႕အဆုံးသတ္မွာ
အားလုံးဟာေပ်ာ္႐ႊင္ရမွာပါ။

🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚

မနက္အေစာပိုင္း နာရီေလးခ်က္ထိုးခန့္ျဖစ္တာမို႔
႐ြာဦးေက်ာင္းဆီက အုန္းေမာင္းသံက
အခါေတာ္ေပးေလၿပီ။ ႐ြာအလယ္ပိုင္းက 'ေက်ာက္ခဲ'တို႔အိမ္ရွိလူေတြကေတာ့
ေရနံဆီမီးေရာင္ေလးတလဲ့လဲ့နဲ႕ အိမ္ထဲမွာအလုပ္ရႈပ္လို႔ေနၾကတယ္။

ထိုသူေတြထဲမွာ သူမ်ားအခန္းအေရွ႕
ဂေယာက္ဂယက္နဲ႕ေရွ႕ေနာက္ေလွ်ာက္ေနတဲ့
'သိခၤ'က ကၠိႏၵျေမရဆုံး။ဝီရိယေကာင္းေကာင္းနဲ႕ ေစာေစာေရာက္ေနတဲ့ သူကအကုန္လုံးေသခ်ာျပင္ဆင္ခဲ့ၿပီးသားေပမဲ့ တစ္စက္ကေလးမွအၿငိမ္မေနတာမို႔ တိုက္ပုံေတြ၊လုံခ်ည္ေတြေက်ကဳန္မွာဆိုးတဲ့
'ေဒၚသိမ္းၾကည္'က အဝတ္အစားျပန္လဲခိုင္း
ထားရတယ္။

"ေက်ာက္ခဲေလး ကိုယ္ဝင္.."

'သိခၤ'ရဲ႕ေမးခြန္းေတာင္မဆုံးလိုက္အခန္းတံခါးကိုဖြင့္ၿပီး ဆံပင္ဖားလ်ားနဲ႕ထြက္လာတဲ့'ေက်ာက္ခဲ'က စြပ္က်ယ္အကၤ်ီတစ္ထည္နဲ႕အနားစုတ္လုံခ်ည္အၿပဲတစ္ထည္ကိုသာဝတ္ဆင္ထားေလတယ္။

"ေက်ာက္ခဲေလး
မင္းအခုထိဘာမွမျပင္ဆင္ရေသးဘူးလား
အခ်ိန္ကနီးေနၿပီေလ။"

'သိခၤ'ကစိုးရိမ္စြာနဲ႕ေမးလိုက္တယ္။
ဘာလဲ...လက္မထပ္ခ်င္ေတာ့ဘူးလို႔ေတာ့ေျပာမွာေတာ့မဟုတ္ဘူးမလား..သူကသာ စိတ္လႈပ္ရွားလြန္းလို႔ေနစရာမရွိျဖစ္ေနတာ၊ဒီ...ဒီေကာင္ေလးကဘာလို႔ အဲ့ေလာက္ေတာင္ေအးေဆးေနတာလဲ။ေတြးရင္းနဲ႕သူဝမ္းနည္းလာရတယ္။

ထိတ္လန႔္ေနတဲ့မ်က္ဝန္းေတြနဲ႕က်ဳပ္ကိုစိုက္ၾကည့္ေနတဲ့အစ္ကို႔ေၾကာင့္ က်ဳပ္လဲခပ္ဟဟရယ္မိတယ္။
ၾကည့္ရတာအရမ္းစိတ္လႈပ္ရွားေနတယ္နဲ႕တူတယ္၊
တစ္အိမ္လုံးသူ႕ေျခသံေတြခ်ည္းပဲ။

"ဘာ ...ဘာရယ္တာလဲ
အခုမွေတာ့ မင္းကိုယ့္ကိုျငင္းလို႔မရေတာ့ဘူးေနာ္အကုန္လုံးကစီစဥ္ၿပီးသြားၿပီ။"

'သိခၤ'က အလိုက္ကန္းဆိုးမသိ
မ်က္ရည္ေတြကိုသုတ္ရင္းေျပာလိုက္တယ္။
သူကိုယ္တိုင္ကပဲစိတ္အတက္အက် ျမန္လြန္းေနသလားမသိ၊ 'ေက်ာက္ခဲေလး'ရဲ႕အခုပုံစံကသူ႕ကိုစိတ္ထိခိုက္ေစၿပီး အေလးမထားဘူးဆိုတဲ့အေတြးမ်ိဳးဝင္လာရလို႔ အရမ္းဝမ္းနည္းသြားရတာ။

"ေဟာ...ငိုေနတာလား။
မငိုပါနဲ႕အစ္ကိုရယ္၊ အစ္ကိုထင္ေနသလိုမဟုတ္ပါဘူး။အခုမွေလးခ်က္ထိုးေက်ာ္ေက်ာ္ပဲရွိေသးတာ မဂၤလာအခ်ိန္ေရာက္ဖို႔ အေစာႀကီးက်န္ေသးတယ္။
အကၤ်ီေတြႀကိဳဝတ္ထားရင္ ဟိုသြားဒီထိုင္နဲ႕ ေက်ကဳန္ရင္မခက္ဘူးလား။အဲ့ဒါေၾကာင့္မို႔ပါ ...အရင္ဆုံး
မနက္စာသြားစားရေအာင္ေနာ္။"

က်ဳပ္လဲ ငိုထားတဲ့အရွိန္ေၾကာင့္ နီရဲေနတဲ့အစ္ကို႔ရဲ႕မ်က္ႏွာေလးကို ပြတ္သုတ္ေပးၿပီးေခ်ာ့လိုက္ရတယ္။တစ္ကယ္ကိုအဘိုးႀကီးေပါက္စေလးလိုပဲ
အရမ္းကိုစိတ္ပူတတ္ရန္ေကာ။

သူတို႔ႏွစ္ေယာက္ထမင္းဝိုင္းကိုေရာက္ေတာ့
စားပြဲဝိုင္းတစ္ခုလုံးမွာမနက္စာကအျပည့္။
ပဲျပဳတ္နဲ႕ထမင္းဆီဆမ္း၊ ပဲျပဳတ္ထမင္းေၾကာ္၊ ေကာက္ညွင္းေပါင္း၊ ဆတ္သားေျခာက္ဖုတ္၊ ငါးေျခာက္ဖုတ္၊ လဖက္ရည္ ႀကိဳက္တာကိုယူစားလို႔ရနိုင္တယ္။

'သိခၤ'လဲထမင္းဝိုင္းမွာဝင္ထိုင္ၿပီးအားလုံးကိုမသိမသာေခ်ာင္းၾကည့္မိေတာ့
အကုန္လုံးကဘာမွမျပင္ဆင္
ထားေသးတာကိုေတြ႕ေတာ့မွသက္ျပင္းခိုးခ်လိဳက္မိတယ္။

'အရမ္းစိုးရိမ္လြန္သြားခဲ့တာပဲ။'

"အစ္ကိုဘာစားမလဲ။"

"ကိုယ္ပဲျပဳတ္နဲ႕ထမင္းစားမယ္
'ေက်ာက္ခဲေလး'ေရာ ဘာစားမလဲ။"

"က်ဳပ္လဲ ပဲျပဳတ္နဲ႕ထမင္းပဲ။"

'ေက်ာက္ခဲ'ကေျပာလိုက္ေတာ့ 'သိခၤ'ကအႀကံႀကီးစြာနဲ႕ ပဲျပဳတ္ထမင္းပန္းကန္ကိုလွမ္းယူၿပီး
ျပန္ေျပာလာတယ္။

"တစ္ပန္းကန္တည္းအတူစားၾကတာေပါ့!
ပန္းကန္ေဆးရသက္သာေအာင္လို႔။"

ေဘးနားမွာရွိေနတဲ့'ေဒြးညို'တစ္ေယာက္မွာေတာ့အေရွ႕တည့္တည့္မွာျမင္ေနရတဲ့ျမင္ကြင္းေၾကာင့္ ထမင္းေတာင္ေကာင္းေကာင္းမဝါးနိုင္ဘူး။ မေက်နပ္ဆုံးကေတာ့ဒီအေၾကာင္းေတြကိုသူငယ္ခ်င္းမေတြဆီ ေဖာက္သည္ခ်လိဳ႕မရတာကိုပဲ။အဘနဲ႕အမက သူစိမ္းေတြကိုမေျပာရဘူးဆိုလို႔မဟုတ္လို႔ကေတာ့ အခုပဲေတာင္းပိုင္းေျပးၿပီး 'ေက်းဥ'မကိုႂကြားပစ္လိုက္မွာ။

ဒီလိုနဲ႕သူတို႔မိသားစုလဲမနက္စာစားၿပီးေနာက္
ကိုယ္စီတာဝန္ေတြခြဲၿပီး ျပင္ဆင္ၾကေတာ့တယ္။

"ကိုယ့္မ်က္ႏွာ အဆီျပန္ေနလား။"

"မျပန္ဘူး။"

"မ်က္ႏွာႀကီးေရာ မဲေနလားဟင္။"

"မမဲပါဘူးအစ္ကိုရာ။"

"ကိုယ္ၾကည့္ေကာင္းတယ္မလား။"

"အစ္ကိုကအေခ်ာဆုံးပဲ။"

မၿပီးနိုင္မစီးနိုင္'သိခၤ'ရဲ႕ေမးခြန္းေပါင္းေသာင္းေျခာက္ေထာင္ကိုမညီးမၫူ
ေျဖေပးေနရသူက 'ေက်ာက္ခဲ'ကေတာ့
ဆံပင္ေတြကြၽတ္ထြက္မတတ္ေခါင္းပူေနၿပီျဖစ္တယ္။

"ဟဲ့...ငေက်ာက္ခဲ!။
ေလဖုတ္မေနနဲ႕ လာခဲ့ေတာ့
ေသွ်ာင္ထုံးရေအာင္။"

အျပင္ကမိခင္ျဖစ္သူရဲ႕ေခၚသံေၾကာင့္ 'ေက်ာက္ခဲ'လဲစကားေျပာေနတာကိုရပ္ၿပီးအျပင္ကိုထြက္လာခဲ့တယ္။ အေနာက္ကေနလိုက္လာတဲ့
အေမာင္'သိခၤ'ကလဲေကာင္ငယ္ေလးနဲ႕
ထပ္ၾကပ္မကြာ။

"လာ ဒီမွာလာထိုင္လွည့္။"

'ေက်ာက္ခဲ'ကျဖစ္သလိုထုံးထားတဲ့သူ႕ရဲ႕
ဆံပင္ေခြေတြကိုျဖည္ခ်လိဳက္ရင္း
မိခင္အေရွ႕မွာဝင္ထိုင္လိုက္ေလတယ္။

'ေဒၚသိမ္းၾကည္'က သားျဖစ္သူရဲ႕
ဆံပင္ေတြအား အေနာက္ဘက္ကိုဆြဲယူလိုက္ၿပီး
သစ္သားဘီးေလးနဲ႕ ဆံပင္ေတြကိုရွင္းေပးလာတယ္။

"ေမေမ..ကြၽန္ေတာ္တစ္ခုေလာက္
ေတာင္းဆိုလို႔ရမလားဟင္။"

'သိခၤ'ကသူ႕ရဲ႕ေ႐ႊကိုင္းမ်က္မွန္ေလးကိုပင့္တင့္ၿပီး'ေဒၚသိမ္းၾကည္'ကိုေမးလိုက္တယ္။

"ေျပာေလ ေမာင္ရင္။"

"ကြၽန္ေတာ္'ေက်ာက္ခဲေလး'ကို
ေသွ်ာင္ထုံးေပးခ်င္လို႔ပါ။"

'ေဒၚသိမ္းၾကည္'ခင္ဗ်ာတစ္ဖက္ကေလးရဲ႕စကားေၾကာင့္နည္းနည္းရွိုးတိုးရွန႔္တန႔္ျဖစ္သြားရေပမဲ့၊
သူ(မ)မဂၤလာေဆာင္
တုန္းကအခ်ိန္ေတြကိုျပန္ျမင္ေယာင္မိေလေတာ့ အသာတၾကည္ပဲ ေနရာကိုဖယ္ေပးလိုက္တယ္။

"ေသွ်ာင္ဘယ္လိုထုံးရမယ္ဆိုတာကိုေရာသိသလား။"

"မ...မသိဘူးဗ်။"

"ဒါဆို အမ ေျပာတဲ့အတိုင္းလိုက္လုပ္ေပး ဟုတ္လား။"

"ဟုတ္ကဲ့။"

'သိခၤ'လဲ ' ေက်ာက္ခဲ'ရဲ႕အေနာက္နားမွာဝင္ထိုင္
လိုက္ၿပီးဆံႏြယ္ေတြကို သူ႕ရဲ႕လက္ထိပ္ေလး
ေတြနဲ႕ပြတ္ဆြဲၾကည့္လိုက္တယ္။
ေခ်ာမြတ္အိေထြးတဲ့အထိအေတြ႕နဲ႕
အုံလုံးေကာင္းတဲ့ဆံပင္ေတြဟာ
ထိုလူသားေလးရဲ႕ေကာင္းျခင္းတစ္ပါးျဖစ္တာ
ေၾကာင့္သူ႕မွာထိုနက္ေမွာင္အိေထြး
ေနတဲ့ဆံပင္ေတြကိုကိုင္ၾကည့္ေနရင္းက
အနမ္းေခြၽခ်င္လာရတယ္။ ဒါေပမဲ့လဲ
လူႀကီးေတြရွိေနေသးတာမို႔အဆင္မေျပ။

"ခြက္ထဲက အုန္းဆီေလးကိုယူ
လက္ႏွစ္ဖက္နဲ႕ပြတ္ၿပီးဆံပင္ကိုအရင္လိမ္းလိုက္။"

'သိခၤ'က 'ေဒၚသိမ္းၾကည္'ရဲ႕စကားအတိုင္း
အုန္းမႈတ္ခြက္အဝိုင္းေလးထဲက အုန္းဆီအခ်ိဳ႕ကို
ယူလိုက္ၿပီး'ေက်ာက္ခဲ'ရဲ႕ဆံပင္ေပၚကိုသုတ္လိမ္း
ေပးလိုက္တယ္။ ဆီနဲ႕လိမ္းလိုက္တာေၾကာင့္
ဆံပင္ေတြရဲ႕အသေရဟာပိုၿပီးႂကြ႐ြလာခဲ့သလို
႐ႊန္းစိုတဲ့အနက္ေရာင္ဆံသားေတြက
အညိုဆင္ဂုတ္သားေလးနဲ႕ပနံသင့္လွတယ္။

'သိခၤ'မွာေတာ့တစ္ခဏအတြင္းမွာပဲ ၎ဆံပင္ေတြရဲ႕ညွို႔ ယူျခင္းကိုခံလိုက္ရၿပီး တယုတယနဲ႕ထိုဆံႏြယ္ေတြကိုကိုင္တြယ္လို႔ေနခဲ့တယ္။

ဆံပင္ေတြကိုႏုႏု႐ြ႐ြနဲ႕ထိေတြ႕ေနတဲ့
'သိခၤ'ရဲ႕လက္သြယ္သြယ္ေတြထဲ အခ်ိန္တစ္ခုၾကာတဲ့အထိေမ်ာပါေနတဲ့ 'ေဒၚသိမ္းၾကည္'ခင္ဗ်ာ
'ေက်ာက္ခဲ ' ရဲ႕ႏွဖူးျပင္ကိုၾကည့္မိၿပီးမွ
တစ္စုံတစ္ခုကိုသတိရသြားဟန္နဲ႕ 'ေဒြးညို'ကို
လွမ္းေအာ္လိုက္တယ္။

"ေၾသာ္...ညိုမေရ အမအခန္းထဲက ေသတၱာကိုဖြင့္ၿပီးအထဲကယြန္းေသတၱာေလးကိုယူလာခဲ့ခ်ည္အုံး။"

"ဟုတ္ကဲ့ အမ။"

"ေမာင္ရင္'သိခၤ'ေရ..."

"ဗ်ာ....ေျပာ..ေျပာပါေမေမ။"

"အင္း ဆံပင္ေတြကို ေဟာဒလို လက္နဲ႕ေခြလိုက္
ၿပီးရင္ခ်ိဳေစာင္းေပၚတင္။"

'ေဒၚသိမ္းၾကည္'ကလက္နဲ႕သ႐ုပ္ျပကာ
'သိခၤ'ရဲ႕လက္ေတြကိုေသခ်ာၾကည့္ရင္း
ဆံပင္ေတြကိုထုံးဖြဲ႕ေစတယ္။
ျဖဴ သြယ္တဲ့လက္ေခ်ာင္းေတြရဲ႕
စိတ္ႀကိဳက္ခ်ယ္လွယ္ျခင္းကိုခံေနရတဲ့ဆံႏြယ္ေတြဟာကဗ်ာဆန္တဲ့အႏွေး ျပကြက္တစ္ခုလို သိပ္ကိုလွပၿပီးမၾကာခင္အခ်ိန္အတြင္းမွာပင္'ေက်ာက္ခဲ'ရဲ႕ဦးခ်ိဳေစာင္းေပၚမွာအထုံးေလးအျဖစ္တည္ရွိသြားခဲ့ၿပီး၊
အဆုံးသတ္အေနနဲ႕ ေဘးနားကဆံၿမီးဆြဲကြင္း
ေလးကို 'ေဒၚသိမ္းၾကည္'ကကူၿပီးကလစ္ေလးေတြနဲ႕ထိုးကာကူညီေပးလိုက္တယ္။

"အမ ရွာခိုင္းတဲ့ဟာေတြ႕ၿပီ ဒီမွာ။"

'ေဒြးညို'မက အခန္းထဲကေနထုတ္လာတဲ့
ယြန္းဘူးေလးကိုေဒၚသိမ္းၾကည္ဆီ
လွမ္းေပးလာတယ္။မိခင္ျဖစ္သူရဲ႕ေဘးမွာဝင္ထိုင္လာၿပီးေရနံဆီမီးေရာင္ေအာက္မွာလင္းလက္ေနတဲ့သူ (မ)ရဲ႕မ်က္လုံးဝိုင္းေတြက ယြန္းဘူးထဲကအရာေလးေၾကာင့္သိလိုစိတ္ေတြျပင္းျပလို႔ေနေလတယ္။

သမီးျဖစ္သူရဲ႕အမူအယာကိုျမင္လိုက္ရတဲ့
'ေဒၚသိမ္းၾကည္'ကလဲတစ္ခ်က္ခန႔္ၿပဳံးလိုက္ၿပီး
ယြန္းဘူးေလးကို'သိခၤ'ရဲ႕လက္ထဲကိုထည့္ေပးကာေျပာလိုက္တယ္။

"အဲ့ထဲက ပုဝါေလးကိုယူၿပီး
ႏွဖူးအထက္မွာပတ္ေပးလိုက္။"

'သိခၤ'လဲေသခ်ာကႏုတ္ေဖာ္ၿပီးေရးဆြဲထားတဲ့ယြန္းဘူးေလးကိုဖြင့္လိုက္ၿပီး အထဲမွာရွိေနတဲ့နံ႕သာေရာင္ပိုးပဝါေလးကိုထုတ္ယူလိုက္တယ္။အဲ့ဒီေနာက္ေတာ့ႏွဖူးအထက္ကိုပတ္စည္းေပးလိုက္ၿပီး
အနားစေလးကိုေသခ်ာသိမ္းေပးလိုက္တယ္။

"အဲ့ဒီပုဝါေလးကအဘနဲ႕အမလက္ထပ္တုန္းက
မင့္အဘေသွ်ာင္ထုံးတဲ့ပုဝါေလးေလ...အမကိုယ္တိုင္ယက္ၿပီး မင့္အဘကိုထုံးေပးခဲ့တာအခုေတာ့ သားေလးကိုလက္ဆင့္ကမ္းဖို႔အခ်ိန္ေရာက္လာၿပီထင္တယ္။"

"အမတို႔မွာဓေလ့တစ္ခုရွိတယ္
ေယာက္်ားေလးတစ္ေယာက္ရဲ႕ ေသွ်ာင္ထုံးကို
မိဘရယ္၊ အိမ္ေထာင္ဘက္ရယ္၊ ဆရာေတာ္ရယ္က
လြဲၿပီး ဘယ္သူ႕ကိုမွလက္လြတ္စပါယ္ေပးထိလို႔
မရဘူးဆိုၿပီးေတာ့ေပါ့..အခုေတာ့ ေမာင္ရင္ ကလည္း'ေက်ာက္ခဲ'ေလးရဲ႕ ေသွ်ာင္ကိုထုံးဖြဲ႕နိုင္တဲ့လူေတြထဲကတစ္ေယာက္ျဖစ္သြားၿပီ။ ဒါေၾကာင့္ ဒီေသွ်ာင္ထုံးေလးကိုေမာင္ရင္တယုတယကိုင္တြယ္သလို၊တန္ဖိုးထားသလို'ေက်ာက္ခဲ'ေလးကိုလဲ
တန္ဖိုးထားေပးပါကြယ္။"

"စိတ္ခ်ပါေမေမ..
ကြၽန္ေတာ္'ေက်ာက္ခဲ'ေလးကို
အသက္နဲ႕ရင္းၿပီးတန္ဖိုးထားပါ့မယ္။"

'သိခၤ'ကေပ်ာ္႐ႊင္မႈေတြျပည့္ႏွက္ေနတဲ့အၿပဳံးေတြနဲ႕ကတိေပးလိုက္တယ္။ ေနာက္ဆုံးေတာ့
ေကာင္ငယ္ေလးရဲ႕ဆံႏြယ္ေတြကို တရားဝင္ထုံးဖြဲ႕ေပးနိုင္တဲ့လူျဖစ္လာခဲ့ၿပီမဟုတ္လား။ သူ႕မွာေပ်ာ္လြန္းလို႔ မ်က္ရည္ေတြပါလည္လာရတယ္။

'မေဝးေတာ့တဲ့အခ်ိန္အနည္းငယ္အတြင္းမွာပဲ
'ေက်ာက္ခဲ' ေလးကက်ဳပ္ရဲ႕အဖိုးမျဖတ္နိုင္တဲ့
အိမ္ဦးနတ္ေလးျဖစ္လာေတာ့မွာ။'

မၾကာခင္အခ်ိန္မွာပဲ သူတို႔ႏွစ္ေယာက္လုံးလဲ ျပင္ဆင္လို႔ၿပီးသြားခဲ့ၿပီး၊ ႏွစ္ေယာက္စလုံးဟာ နံ႕သာေရာင္တိုက္ပုံအကၤ်ီေလးေတြနဲ႕ ၊ အမဲအစင္းၾကားပါတဲ့ၾကာခ်ည္သားလုံခ်ည္ေလးေတြကိုဝတ္ဆင္ထားၾကေလတယ္။ သူတို႔တစ္မိသားစုလုံး႐ြာဦးေက်ာင္းကိုေရာက္တဲ့အခ်ိန္မွာေတာ့ အားလုံးကအဆင္သင့္ျဖစ္ေနေလၿပီ။

"ကဲ...ဝင္ခဲ့ၾက
မဂၤလာခ်ိန္နီးေနၿပီ။"

'ဦးေ႐ႊေမာင္'က သတို႔သားႏွစ္ေယာက္ကို
ေက်ာင္းက်က္သေရေဆာင္ထဲေခၚလိုက္ၿပီး
အထဲကေနတံခါးကိုပိတ္ခ်လိဳက္တယ္။

"သူ...သူႀကီး!။"

ႏႈတ္ခမ္းေမႊးႀကီးကားတက္ေနေအာင္ၿပဳံးကာ
သူတို႔ကိုစိုက္ၾကည့္ေနတဲ့ သူႀကီးကိုေတြ႕လိုက္ရတာေၾကာင့္'ေက်ာက္ခဲ'ကအံ့အားသင့္စြာနဲ႕ေခၚလိုက္တယ္။

"ဘာလဲ သိပ္အံ့ၾသေနသလား ေဟ..။
မအံ့ၾသပါနဲ႕ကြာ...ငါကအဲ့ေလာက္လဲအေတြးတိမ္တဲ့သူမဟုတ္ပါဘူး။"

"ဟုတ္တယ္သားရဲ႕..ေမေမကိုယ္တိုင္ခြင့္ေတာင္းထားတာအစအရာရာသူႀကီးကေဆာင္႐ြက္ေပးလိမ့္မယ္။"

'ေဒၚေ႐ႊဇင္ညိမ္း'ကၾကားထဲကဝင္ေျပာေပးလာေတာ့'သိခၤ'လဲမိခင္ျဖစ္သူကို ႏွစ္ေက်းဇူးတင္ေနတဲ့အၾကည့္ေလးေတြနဲ႕လွမ္းၾကည့္လာေလတယ္။

အဲ့ဒီေနာက္မွာေတာ့ သတို႔သားႏွစ္ေယာက္လုံးဟာ
သူႀကီးရဲ႕ဆြဲေခၚျခင္းကိုခံလိုက္ရၿပီး
ဆရာေတာ္ဘုရားကိုရွိခိုးလိုက္ရတယ္။
ဆရာေတာ္ဘုရားကေတာ့ သက္ေတာ္ႀကီးၿပီမို႔
စကားသိပ္မဆိုေခါင္းေလးတညိတ္ညိတ္နဲ႕
ဆုေပးလာတယ္။

အဲ့ဒီေနာက္သူႀကီးကဟန္ပါပါနဲ႕
မဂၤလာၾသဘာစာကို႐ြတ္ဆိုလိုက္ၿပီး
ေရစင္သြန္းဖို႔အခမ္းအနားစတင္
ေၾကာင္းကိုေၾကညာလိုက္တယ္။

'သိခၤ'နဲ႕'ေက်ာက္ခဲ'တို႔ႏွစ္ေယာက္လဲ
ျမတ္စြာဘုရားဆီရည္းမွန္း၍လက္အုပ္ခ်ီကာ
သစၥာဆိုေနတုန္း၊ သူႀကီးက 'ေ႐ႊဖလား 'ထဲမွာထည့္ထားတဲ့ နံသားငါးပါးရည္အား သေျပခတ္နဲ႕ေဆာင္ယူ၍သတို႔သားႏွစ္ေယာက္လုံးရဲ႕ဦးေခါင္းေပၚကိုပတ္ျဖန္းကာ ဆုေတာင္းေထာပနာေခြၽေပးၿပီးေနာက္လက္စြပ္ေလးေတြကိုလဲဝတ္ကာမဂၤလာအခမ္းအနားကိုအဆုံးသတ္ခဲ့ေလတယ္။

မဂၤလာပြဲေလးဟာအက်ဥ္း႐ုံးကာစီစဥ္ခဲ့ျခင္း
ျဖစ္တာေၾကာင့္သူစိမ္းဧည့္ရိတ္သတ္မပါခဲ့ေပ။ နားလည္မႈေလးနဲ႕သာစီစဥ္ခဲ့တဲ့ပြဲေလးျဖစ္ေပမဲ့လဲ
သက္ဆိုင္သူႏွစ္ေယာက္မွာေတာ့ရင္ထဲမယ္တစ္ခုခုကိုလိုအပ္ေနခဲ့သလိုခံစားေနရေလတယ္။

ေက်ာင္းေပၚကဆင္းလာတဲ့ သားႏွစ္ေယာက္ကိုၾကည့္ၿပီး'ေဒၚေ႐ႊဇင္ညိမ္း'မွာမ်က္ရည္ေတြဝဲလာရတယ္။ တစ္ခါမွမေတြးခဲ့မိဘူး သူ႕သားေလးကပရိတ္သတ္မရွိတဲ့မဂၤလာပြဲကိုဆင္ႏႊဲရလိမ့္မယ္လို႔။

"ႏွစ္ေယာက္စလုံးက လိုက္ဖက္လြန္းပါတယ္
ကေလးတို႔ရယ္...ပရိတ္သတ္ေတြသာဒီ့ထပ္ပိုရွိခဲ့ရင္
ေမေမ ေတာင္းပန္ပါတယ္။"

'ေဒၚေ႐ႊဇင္ညိမ္း'က 'ေက်ာက္ခဲ'ကိုေပြ႕ဖက္ထားရင္းေျပာလိုက္တယ္။

"မလိုပါဘူးေဒၚေဒၚရယ္။မငိုပါနဲ႕ေနာ္
ႏွစ္ဖက္မိဘေတြပါ႐ုံနဲ႕တင္ ကြၽန္ေတာ္ေက်နပ္ပါၿပီအစကတည္းက ကြၽန္ေတာ္အားလုံးကိုလက္ခံနိုင္ေအာင္ႀကိဳးစားၿပီးသားပါ။"

'ေက်ာက္ခဲ'ကႏွစ္သိမ့္ေပးလိုက္တယ္။ ဒီလိုဆိုေတာ့လဲသူ႕မွာစိတ္ထဲမေကာင္း။သူတို႔ေတြအတၱႀကီးခဲ့မိ
ၾကတာလား။

"ေက်းဇူးတင္ပါတယ္...ေဒၚေဒၚ
တကယ္ကိုေက်းဇူးတင္ပါတယ္ ကြၽန္ေတာ္
အစ္ကို႔ကို ေနာက္ဆုံးအခ်ိန္အထိတန္ဖိုးထားသြားမွာပါ။"

"အင္း...သားေလးကိုအပ္ပါတယ္ကြယ္။"

"အမကိုလဲ က်ဳပ္ခ်စ္တယ္ေနာ္
အဘကိုေရာ...ညိုမ ကိုေရာ။"

"ကြၽန္ေတာ့္ကိုခြင့္လႊတ္ေပးပါ အမ။"

"မလိုဘူး...အမတို႔ကိုေတာင္းပန္စရာမလိုပါဘူးကြယ္သားတို႔မွာအျပစ္မရွိၾကပါဘူး။တစ္ဖတ္သတ္ဆန္တဲ့ဒီေလာကႀကီးမွာပဲ အျပစ္ရွိတာအမက အမသားေလးကိုဘယ္တုန္းကမွ ေမတၱာမျပတ္ခဲ့ပါဘူး...
ဒါေၾကာင့္ အမတို႔ကိုေတာင္းပန္စရာမလိုဘူး။"

'ေဒၚသိမ္းၾကည္'က သားျဖစ္သူရဲ႕မ်က္ႏွာႏုႏုေပၚက
မ်က္ရည္ေလးေတြကိုသုတ္ေပးရင္းေျပာလိုက္တယ္။ သူသိပ္ခ်စ္ရတဲ့ သူ႕သားေလးေပ်ာ္ရင္ၿပီးတာပဲ၊ ဘယ္သူ႕ကိုမွဂ႐ုမစိုက္ဘူး။ ဒီေကာင္ေလး အခ်စ္စစ္နဲ႕ေတြ႕သြားရတာကိုပဲ စိတ္ေအးရပါၿပီ။

အဲ့ဒီေနာက္မွာေတာ့အေျခအေနကို
ရိပ္မိေနၾကတဲ့ အားလုံးဟာသူတို႔ကိုႏႈတ္ဆက္ၿပီး
အေဝးကိုထြက္သြားၾကေတာ့တယ္။
'သိခၤ'ကလဲအေဝးမွာရပ္ေနခဲ့ရာကေန
သူ႕ရဲ႕တိုက္ပုံအကၤ်ီေလးကိုခြၽတ္ခဲ့လိုက္ၿပီး
ေကာင္ငယ္ေလးရဲ႕လက္ကိုကိုင္လို႔
႐ြာဦးေက်ာင္းကိုေက်ာခိုင္းလို႔ ႐ြာအျပင္လယ္ကန္သင္းရိုးေတြရွိရာဘက္ကို
ေလွ်ာက္လာခဲ့လိုက္တယ္။

မနက္အေစာပိုင္းရဲ႕ေလႏုေအးဟာ
သူတို႔ႏွစ္ေယာက္ရဲ႕မ်က္ႏွာကိုရိုက္ခတ္လို႔ေနၿပီး
အဆင္ကြဲလက္စြပ္ေလးေတြကို လက္သူႂကြယ္မွာဆင္
ျမန္းထားတဲ့ သူတို႔ႏွစ္ေယာက္ရဲ႕လက္ႏွစ္ဖက္ဟာ အနီးကပ္ဆုံးအေျခအေနမွာတည္ရွိလို႔ေနၾကတယ္။

"ကိုယ္တို႔ ဟိုလယ္ေစာင့္တဲေလး
ဆီသြားရေအာင္ေနာ္။"

'သိခၤ'ကမလွမ္းမကမ္းမွာျမင္ေနရတဲ့လယ္ေစာင့္တဲအိုေလးကိုေမွ်ာ္ၾကည့္ၿပီးေျပာလိုက္တယ္။
လယ္ေစာင့္တဲအိုေလးဟာအရင္လို
မေျပာင္းမလဲရွိေနဆဲ။ ေျမသင္းနံ႕ေလးဟာလဲလမ္းတစ္ေလွ်ာက္ထြက္ေပၚလို႔ေနကာ
ပတ္ဝန္းက်င္တစ္ခုလုံးကလဲ တိတ္ဆိတ္လို႔ေနၿပီး
ေလွကားထစ္တစ္ခုကို လွမ္းလိုက္တိုင္းမွာ
ေျခနင္းျပားေလးေတြရဲ႕ခ်ိနဲ႕စြာေအာ္ဟစ္သံကို အတိုင္းသားၾကားေနရတယ္။

လယ္ေစာင့္တဲေလးေပၚကိုေရာက္တာနဲ႕
'သိခၤ'က လယ္ကြင္းေတြဘက္ကိုမ်က္ႏွာမူကာ
အရင္ဝင္ထိုင္လိုက္ၿပီး၊ေဘးမွာဝင္ထိုင္လာတဲ့
တစ္ဖက္လူရဲ႕ပုခုံးဆီကို သူ႕ရဲ႕
မ်က္ႏွာေလးအပ္ထားလိုက္ကာ
ျမတ္နိုးျခင္းမ်ားစြာနဲ႕ေရ႐ြတ္လိုက္တယ္။

"ေက်ာက္ခဲေလး..။"

"ဟုတ္ကဲ့ အစ္ကို..။"

"တစ္ေန႕က်လိဳ႕ ကမၻာႀကီးမွာ လိင္တူလက္ထပ္တာကိုလက္ခံတဲ့ေနရာေလးတစ္ခုရွိလာခဲ့ရင္
ကိုယ္တို႔အဲ့ကိုသြားၿပီး
လက္ထပ္ပြဲအႀကီးႀကီးလုပ္ၾကမယ္ေနာ္။"

'သိခၤ'ရဲ႕စကားေလးအဆုံးမွာေတာ့
'ေက်ာက္ခဲ'ရဲ႕မ်က္ႏွာေပၚဝယ္ အၿပဳံးပန္းေလးတစ္ပြင့္ေပၚေပါက္လာရၿပီး၊ ထိုအပြုံးလေးနဲ့အတူုမ်က္ရည္စက္ေလးတစ္ေပါက္ဟာ
လဲပါးျပင္ေပၚကေနစီးဆင္းသြားရတယ္။

"ကိုယ္မင္းကို ပရိတ္သတ္ေတြအေရွ႕မွာ ျမတ္နိုးစြာ
နဲ႕နမ္းမယ္.. အားလုံးရဲ႕အေရွ႕မွာ မင္းက ကိုယ့္ရဲ႕သက္ဆိုင္သူျဖစ္ေၾကာင္းကို အက်ယ္ႀကီးေျပာမယ္။"

"လာသမွ်လူတိုင္းကိုလဲ အစားအေသာက္
အေကာင္းစားေတြနဲ႕တည္ခင္းမယ္...အဟား
ၿပီးရင္အိမ္ျပန္လက္ေဆာင္ပါထည့္ေပးလိုက္မယ္။"

"ကိုယ္တို႔ႏွစ္ေယာက္ အၾကင္နာေပးတဲ့အခါက်
လူေတြအမ်ားႀကီးက ကိုယ္တို႔ကိုၾသဘာေပးလိမ့္မယ္။"

"ကိုယ္တို႔အသက္ေတြႀကီးသြားရင္ေတာင္
အဲ့ဒီမဂၤလာပြဲေလးကိုေတာ့ျဖစ္ေအာင္
လုပ္ၾကမယ္ေနာ္။"

"ကိုယ္တို႔ရဲ႕ဆက္ဆံေရးက
ဘယ္ေတာ့မွလူမသိ၊
သူမသိနဲ႕အဆုံးသတ္မသြားေစရဘူး။"

"ဟုတ္ပါၿပီ...ဟုတ္ပါၿပီ အစ္ကိုရာ
အစ္ကို႔ဆႏၵအတိုင္း အားလုံးကိုျဖစ္ေစရမယ္ေနာ္။"

ပုခုံးေပၚကစိုစြတ္တဲ့အထိေတြ႕ကတိုးလာေလ၊ က်ဳပ္ရင္ေတြပိုနာရေလပဲ။ ဒါေၾကာင့္ က်ဳပ္အစ္ကို႔ကိုခပ္တင္းတင္းဖတ္ထားေပးမိတယ္။အစ္ကိုဟာရင္ဘက္ေတြတသိမ့္သိမ့္တုန္ေနတဲ့အထိ ကေလးတစ္ေယာက္လိုငိုေႂကြးေနခဲ့ေလရဲ႕။ ဒီတစ္သက္မွာ
အခြင့္ေရးမရခဲ့ရင္ေတာင္ ေနာက္ဘဝက်ျပန္ဆုံၿပီးလက္ထပ္ပြဲအႀကီးႀကီးလုပ္ၾကမယ္တဲ့ေလ။

ညာဘက္လက္ကေန
အစ္ကို႔ကိုခပ္တင္းတင္းဖက္ၿပီး
ဘယ္ဘက္လက္က အစ္ကို႔လက္ေလးကိုဆုပ္ကိုင္လို႔
အေရွ႕ဘက္လယ္ကြင္းေတြဘက္ကေန ထြက္လာတဲ့
ေနမင္းႀကီးကိုၾကည့္ၿပီးက်ဳပ္ဆုေတာင္းေနခဲ့တယ္။

အစ္ကို႔ရဲ႕ဆႏၵေတြျပည့္ပါေစ။

အနာဂတ္မွာ ခ်စ္ျခင္းေမတၱာအားလုံးကို
လက္ခံေပးနိုင္တဲ့လူတန္းစား
တစ္ရပ္ထြက္ေပၚလာပါေစ ။

ဒါမွ အစ္ကိုလိုခ်င္တဲ့မဂၤလာပြဲေလးကို
က်င္းပနိုင္မွာမဟုတ္လား။

ဒါမွ ကြၽန္ေတာ္တို႔လိုလူေတြအားလုံးလိုခ်င္တဲ့
အသိုက္အဝန္းေလးတစ္ခုကိုဖန္ဆင္းနိုင္မွာ။

ေယာက္်ားနဲ႕မိန္းမၾကားကခ်စ္ျခင္းသာမက
က်န္တဲ့ခ်စ္ျခင္းေတြအားလုံးဟာလဲလွပေၾကာင္းကိုအဲ့ဒီအသိုက္အဝန္းေလးကသက္ေသျပနိုင္မွာ။

က်ဳပ္ကပညာေတြလဲအမ်ားႀကီးမတတ္ခဲ့ေပမဲ့
ျဖဴစင္တဲ့ဘယ္လိုခ်စ္ျခင္းေမတၱာကိုမွပိတ္ပင္
တားျမစ္ထားဖို႔မလိုဘူးဆိုတာကိုေတာ့နားလည္သြားခဲ့တယ္။

ဒါက အစ္ကိုကိုယ္တိုင္က်ဳပ္ကိုသင္ၾကားေပးခဲ့တဲ့
အဖိုးတန္အေတြးအေခၚေလးတစ္ခု။

အဲ့ဒီအေတြးအေခၚေလးကို
က်ဳပ္အၿမဲတမ္းသိမ္းဆည္းထားမွာပါ အစ္ကို။
ႏွလုံးသားရဲ႕ဟိုးအနက္ရွိုင္းဆုံး
သီးသန႔္ကမၻာေလးတစ္ခုမွာေပါ့။
.
.
.
.
.
.
.
.
.

တစတစနယ္ခ်ဲ့လာတဲ့ေနေရာင္ခ်ည္ေအာက္
ဆုေတာင္းသံေတြဟာလဲတျဖည္းျဖည္း
ဆိတ္သုဥ္းသြားခဲ့ေလရဲ႕။လယ္ေစာင့္တဲအိုေလး
ရဲ႕လြမ္းေငြ႕သန္းေပမဲ့ႏြေးေထြးတဲ့ရင္ေငြ႕ေၾကာင့္ေပပဲလား၊အရာအားလုံးကိုတိတ္ဆိတ္စြာလက္ခံတတ္တဲ့ေနရာေဟာင္းေလးတစ္ခုျဖစ္ေန၍ပဲလားမသိ။ ေကာင္ငယ္ေလးႏွစ္ေယာက္ဟာေတာ့ ႏွစ္ခ်ိဳက္စြာနဲ႕ အိပ္ေပ်ာ္လို႔သြားခဲ့ပါတယ္။ သူတို႔ပင္ပန္းခဲ့ၾကၿပီမဟုတ္လား။

ေနေရာင္ျခည္ဟာႏြေးဆဲ...။

ေလျပည္မွာေအးဆဲ...။

ေက်းငွက္ေတြလည္းပ်ံသန္းဆဲ...။

အရာအားလုံးလည္းအခ်ိန္တန္အဆုံးသတ္စၿမဲပါေလ...။

~~~~~~~~~~~ဤတြင္ၿပီး၏။~~~~~~~~~~~~

👏👏👏ေနာက္ဆုံးေတာ့ OCတစ္ပုဒ္ကို
အခ်ိဳးေျပေျပအဆုံးသတ္နိုင္ခဲ့ပါၿပီ။
အခုအခ်ိန္ထိ ဒီခရီးရွည္ေလးမွာလိုက္ပါေပးခဲ့တဲ့ တစ္ဦးတစ္ေယာက္ခ်င္းစီကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္ဗ် ။ လိုအပ္ခ်က္ေလးေတြလည္းေထာက္ျပေပးခဲ့နိုင္သလို။အမွတ္တရေတြရွိရင္လည္းေဝမွ်ခဲ့ေပး။ ဒါမွမဟုတ္လဲဒီမေကာင္းမကန္းေလးကိုစိတ္ရွည္လက္ရွည္နဲ႕လိုက္ဖတ္နိုင္ခဲ့တဲ့အတြက္
ကိုယ့္ကိုယ္ကိုယ္ဂုဏ္ျပဳ ၿပီး လက္ခုပ္ေလးေတြတီးခဲ့ၾက။ Extraေလးနဲ႕ျပန္လာခဲ့ပါ့မယ္။ 👏👏👏

ဒီFicေလးကိုသေဘာက်တယ္၊ႏွစ္ၿခိဳက္တယ္ဆိုရင္ နီးစပ္ရာသူငယ္ခ်င္း၊မိတ္ေဆြ၊အေပါင္းအသင္း
ေတြကိုလဲမွ်ေဝေပးပါအုံးလို႔။ Review ေလးေတြေရးေပးၾကရင္လဲ ဒီကစိတ္မဆိုးပါဘူးလို႔")။

အားလုံးပဲဂြတ္ညပါေနာ္။🍊🍊🍊

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Continue Reading

You'll Also Like

3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
542K 48.5K 144
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
600K 49.6K 35
Myanmar×OC 1.10.2023 _ 4.1.2024
61.1K 6.3K 30
ရူးနေလောက်အောင်ချစ်ရပါသော ချစ်သူ။ အမှောင်ထဲပိတ်မိနေတဲ့ ငါ့ဘဝအတွက် အလင်းတန်းတစ်ခုဖြစ်ပေးသူ။ အပြာရင့်ရောင်သိပ်ကြိုက်တဲ့ ခဗျားကြောင့် ကျုပ်ပါထိုအရောင်ကိ...