"Dear Kyauk Khal"(Complete)

By Aakhara1993

653K 59.2K 6.1K

၁၉၃၀ ခုနှစ်ကျော်ဝန်းကျင်အားပြန်လည်ပုံဖော်ထားသော အချစ်ဇတ်လမ်းတစ်ပုဒ်ဖြစ်၏။ မှတ်ချက် =[Role Sensitive သမားတွေအန... More

(အမှာစာ)(ဖတ်ပေးကြပါရန်)
အပိုင်း(၁) "မောင်ကျောက်ခဲ"
အပိုင်း(၂)"ဗညားသိင်္ခ"
အပိုင်း(၃)"ဧည့်သည်သွားကြိုလေပြီ"
အပိုင်း(၄)"ရင်းနှီးလာကြခြင်း"
အပိုင်း(၅)"ချောကလိတ်"
အပိုင်း(၆)"ထမင်းလက်ဆုံစားခြင်း"
အပိုင်း(၇)"မာယာများခြင်းအနုပညာ"
အပိုင်း(၈)"မောင်ကျောက်ခဲလေး စကားထစ်သွားခြင်း"
အပိုင်း(၉)"မန်ကျည်းပင်ကြီးအောက်ဝယ်"
အပိုင်း(၁၀)"မောင်ကျောက်ခဲလေးစကားထစ်သွားခြင်း (၂)"
အပိုင်း(၁၁)"ဇီးကွက်ရဲ့ထူးဆန်းသောစကား"
အပိုင်း(၁၂)"အုတ်ခဲတိုက်၊ ဆီမီးတိုက်၊နတ်တိုက်"
အပိုင်း(၁၃)"လက်ထပ်ရန်တိုက်တွန်းခြင်း"
အပိုင်း(၁၄)"ထန်းရည်ဆိုင်တွင်ဒိတ်ကြခြင်း"
အပိုင်း(၁၅)"ထန်းရည်သုံးခွက်သောက်ပြီးမှောက်သွားခြင်း"**
အပိုင်း(၁၆)"မျက်စိယားသွားတဲ့ ဇီးကွက်"
အပိုင်း(၁၇)"ဘိုလိုသီချင်းဆိုတတ်သောမိန်းကလေး"
အပိုင်း(၁၈)"အတင်းစေ့စပ်ခံရသောလူငယ်လေး"
အပိုင်း(၁၉)"အိမ်တိုင်ရာရောက်ခိုးနမ်းခြင်း"
အပိုင်း(၂၀)"ဇီးကွက်၏ဒေါသများပေါက်ကွဲထွက်လာခြင်း"
အပိုင်း(၂၁)"​ပြဿနာတက်လေပြီ"
အပိုင်း(၂၂)"တူဝရီးနှစ်ယောက်ပြဿနာတက်ကြခြင်း"
အပိုင်း(၂၃)"အက်ဆစ်လူသားအဖြစ်ပြောင်းလဲသွားသော 'သိင်္ခ'"
အပိုင်း(၂၄)" 'သိင်္ခ'နှာခေါင်းသွေးသျှံပြီ "
အပိုင်း(၂၅)"မြို့တက်ကြလေပြီ"
အပိုင်း(၂၆)"မပန်းထွေး"
အပိုင်း(၂၇)"ဖွင့်ဟဝန်ခံခြင်း"
အပိုင်း(၂၈)"အဝယ်တော်ထွက်လေပြီ"
အပိုင်း(၂၉)"ဖာလူဒါ ရိုးရာ"
အပိုင်း(၃၀)"အလှူဝင်ရက်-၁"
အပိုင်း(၃၁)"အလှူဝင်ရက် -၂"
အပိုင်း(၃၂)''အလှူဝင်ရက်-၃''
အပိုင်း(၃၃)"အလှူဝင်ရက်-၄"
အပိုင်း(၃၄)"ရန်ကုန်လိုက်ရန်ခွင့်ပြုပြီ"
အပိုင်း(၃၅)"စကားထာဝှက်ခြင်း"
အပိုင်း(၃၆)''ကိုရင်လေးအားသွားရောက်နှုတ်ဆက်ခြင်း''
အပိုင်း(၃၇)''ရွှေမြို့တော်သို့သွားရောက်ခြင်း''
အပိုင်း(၃၈)'မြွေမြွေချင်းခြေမြင်'
🗺️🚋Rangoon Arc🚋🗺
အပိုင်း(၃၉)"ရန်ကုန်မြို့သို့သွားရောက်ခြင်း"
အပိုင်း(၄၀)"အမာရွတ်လေးရဲ့ရာဇဝင်"
အပိုင်း(၄၁)"ခြောက်ခြောက်ခြားခြား"
အပိုင်း(၄၂)"ဒါလင်လို့ခေါ်ပါ"
အပိုင်း(၄၃)'ရန်ကုန်မြို့တခွင်လည်ပတ်ခြင်း'
အပိုင်း(၄၄)"ချစ်တီးထမင်းအတူတူစားခြင်း"
အပိုင်း(၄၅)"ဝီလီယမ်သောမက်စ်"
အပိုင်း(၄၆)"ဧည့်သည်တော်အားသွားကြိုခြင်း"
အပိုင်း(၄၇)"ပြန်လက်ခံရန်တောင်းဆိုခြင်း"
အပိုင်း(၄၈)"သံကြိုးစာရေးခြင်း"
အပိုင်း(၄၉)'အမာကြည်ရဲ့ရင်ခုန်သံတို့အစပြုရာ'
အပိုင်း(၅၀)'ရွှေရင်အေးဆိုင်ကရန်ပွဲ'
အပိုင်း(၅၁)'လက်ထပ်ခွင့်တောင်းလေပြီ'
အပိုင်း(၅၂)'အထင်လွဲခံနေရသောအမာကြည်'
အပိုင်(၅၃)'အိမ်ပြန်နောက်ကျတဲ့ သိင်္ခ'
အပိုင်း(၅၄)'ကျောကုန်းပေါ်ကခြစ်ရာတွေ'
အပိုင်း(၅၅)'အတို့အထောင်လုပ်တဲ့ငြိမ်းငြိမ်း'
အပိုင်း(၅၆)'ဒေါ်ရွှေဇင်ညိမ်းရဲ့ဒေါသ'
အပိုင်း(၅၇)'မောင်ကျောက်ခဲလေးရဲ့မျှော်လင့်ချက်'
အပိုင်း(၅၈)'ပွဲကြမ်းတဲ့သိင်္ခ'
အပိုင်း(၅၉)'ရူးသွားတဲ့သိင်္ခ'
အပိုင်း(၆၀)'မောင်ကျော်ဆွေလိုက်သွားခြင်း'
အပိုင်း(၆၁)'မောင်ကျောက်ခဲလေးသိသွားခြင်း'
အပိုင်း(၆၂)'ဦးရွှေမောင်ရဲ့အာဏာ'
အပိုင်း(၆၄)'ရွာပြန်လာကြခြင်း'
အပိုင်း(၆၅)'လယ်စောင့်တဲလေးတွင်အဆုံးသတ်သည်'
အချပ်ပို(၁)[ ပိတောက်လက်ဆောင်]
အချပ်ပို(၂)[ အိုးမဲသုတ်ခံလိုက်ရတဲ့ 'သိင်္ခ' ]
အချ​ပ်ပို(၃)[နှစ်သစ်ကူးည]
[Book Announcement ]
[Book Info]
[Question] [ဖတ်ဖြစ်အောင်ဖတ်ပေးကြပါရန်]
အချပ်ပို(၄) [ရွှေညာမြေမှဆွေမျိုးများ]
(ဖန်တီးမှုအသစ်- နတ်မင်း၏အစေခံ)

အပိုင်း(၆၃)'ချွဲလွန်းသူကြီး'

8.3K 628 100
By Aakhara1993


Unicode
~~~~~~~

"ကျောက်ခဲလေး..
ကိုယ်ကမင်းကိုသိပ်သတိရနေတာသိလား။"

ကုတင်ပေါ်မှာဘေးတစောင်းထိုင်နေသူရဲ့
ခါးလေးကိုဖက်ထား​ပြီး၊တစ်ဖက်လူရဲ့ဝမ်းဗိုက်နားမှာခေါင်းလေးဝှက်ကာ ကြောင်လေး
တစ်ကောင်လိုချွဲနေတဲ့ 'သိင်္ခ'က အစောပိုင်းက
အခြေအနေနဲ့တခြားစီ။

မနက်ပိုင်းကပင်မျော့မျော့ပဲကျန်တော့တဲ့သူဟာ
'ကျောက်ခဲ'ရောက်တာနဲ့ ဆရာဝန်တွေကိုချက်ချင်း
ပင့်ခိုင်းပြီး ခြေထောက်ကိုဆေးထည့်ခိုင်း၊ အားဆေးသွင်းခိုင်းနဲ့ သာမက တစ်ဖက်လူအားအပမှီသလို
ကပ်ချွဲနေတာကိုသာ'ဒေါ်ရွှေဇင်ညိမ်း'သိရင်သွေးတက်လိုက်မဲ့ဖြစ်ခြင်း။

"မင်းကရော...ကိုယ့်ကိုသတိရရဲ့လားဟင်။"

'သိင်္ခ'ကသူ့ရဲ့မူပိုင်မျက်ဝန်းလဲ့လဲ့တွေနဲ့တစ်ဖက်လူကို
မော့ကြည့်ပြီးမေးလိုက်တယ်။နဖူးပေါ်မှာဝဲကျနေတဲ့အညိုရောင်ပြေးတဲ့ဆံပင်တိုလေးတွေဟာ
ပွယောင်းယောင်းဖြစ်နေပြီး၊ မျက်နှာလေးကသေးသေးလေးဖြစ်နေတာမို့သူဟာအလွန်ကိုသနားချင့်စဖွယ်ကောင်းတဲ့ ကလေးလေးလိုဖြစ်လို့နေတယ်။

'ကျောက်ခဲ'ကလဲထိုပုံရိပ်လေးကိုသာ နူးညံ့စွာကြည့်
နေခဲ့ပြီး'သိင်္ခ'ရဲ့ဆံပင်လေးတွေကိုပွတ်သပ်ပေးနေရင်းကပြောလိုက်တယ်။

"အင်း...သတိရတာပေါ့အစ်ကိုရယ်
ကျုပ်မှာအစ်ကို့ကို
တစ်ခဏလေးတောင်မေ့လို့မရခဲ့ပါဘူး။"

"ကိုယ့်ကိုအရမ်းစိတ်ပူနေခဲ့တာလား
ကိုယ်သတိရရခြင်းတော့ တော်တော်လေးကိုစိတ်လွတ်သွားခဲ့ပေမဲ့၊ ရူးတယ်ဆိုတာကတော့ ဟန်ဆောင်ခဲ့တာအဲ့တာမှ အမေ့ရန်ကနေရှောင်လို့ရပြီး၊ ကိုယ်တို့ကိုလက်ခံပေးလာအောင်လို့လေ။
အမေလက်မခံရင်တောင်ကိုယ်ခြေထောက်ပြန်ကောင်းတာနဲ့ မင်းကိုခေါ်ထုတ်သွားဖို့စီစဉ်ပြီးပြီ။
မင်းကိုခက်ခဲစေခဲ့တဲ့အတွက် ကိုယ်တောင်းပန်တယ်နော်။"

'သိင်္ခ'က သူ့ရဲ့အစီအစဥ်တွေအားလုံးကို
တစ်ခုမကျန်ပြောပြပြီးတာနဲ့'ကျောက်ခဲ'ရဲ့ဗိုက်လေးဆီမှာမျက်နှာကိုပြန်ဝှက်ထားလိုက်တယ်။

"ကျုပ်လဲတောင်းပန်ပါတယ်
အစ်က်ို့ကို အခက်အခဲတွေကြားထဲမှာ
တစ်ယောက်တည်းထားခဲ့မိလို့။"

ကောင်ငယ်လေးရဲ့စကားအဆုံးမှာခံစားလိုက်ရတဲ့
နှဖူးပြင်ပေါ်ကအနွေးဓာတ်လေးကြောင့် 'သိင်္ခ'ရဲ့မျက်နှာမှာ စတော်ဘယ်ရီရောင်အပူလှိုင်းလေးတွေ
ဖြတ်ပြေးသွားရပြန်တယ်။

"ကျောက်ခဲလေး မင်းဒီနေ့ကိုယ့်ကိုခဏခဏ
နမ်းနေတယ်နော်။"

"ဘာလို့လဲဟင် အစ်ကိုမကြိုက်ဘူးလား။"

'ကျောက်ခဲ'ကပြန်မေးလာတော့ သူကသဘောတကျရယ်လိုက်လိုက်ပြီး ကောင်ငယ်လေးရဲ့မျက်နှာကိုသေချာကြည့်ကာရွှင်မြူးစွာနဲ့ပြောလိုက်တယ်။

"ဘယ်သူကပြောလဲ
နမ်းချင်ရင်တခြားနေရာကိုမနမ်းပဲ
နှုတ်ခမ်းလေးကိုပဲနမ်းလို့ပြောမလို့ပါ။"

'သိင်္ခ'ကစကားလဲအပြီး 'ကျောက်ခဲ' ရဲ့လည်ပင်းကိုသိုင်းဖက်လို့အနမ်းတွေကိုထပ်ပြီးပုံဖော်ဖို့လုပ်လိုက်တယ်။

"ဒေါက်...ဒေါက်!။"

''ကျစ်...ဘယ်သူလဲ။ "

အချိန်ကောင်းရောက်မှဝင်နှောက်ခံလိုက်ရတဲ့
'သိင်္ခ'ရဲ့​​မေးသံကအလိုမကျမှုတွေနဲ့မာထန်နေရော။

"မင်းဦးလေး ကိုရွှေမောင်နဲ့ မင့်အမေ
ဒေါ်ရွှေဇင်ညိမ်းဟေ့။"

'ဦးရွှေမောင်'ရဲ့ရွဲ့စောင်းသံကြီးကိုလည်းကြားရော
'ကျောက်ခဲ'က 'သိင်္ခ'ခေါင်းလေးကိုပေါင်ပေါ်ကနေ
ချပေးလိုက်ပြီး တံခါးသွားဖွင့်ဖို့ပြင်လိုက်တယ်။
ဒါပေမဲ့လဲသူ့ရဲ့လက်ကောက်ဝတ်ဟာ တစ်ဖက်လူရဲ့ခပ်တင်းတင်းဆုပ်ကိုင်ခြင်းနဲ့အတူဟန့်တားခံလိုက်ရတယ်။

"နမ်းသွားအုံးလေ။"

'သိင်္ခ'ရဲ့စကားကြောင့် 'ကျောက်ခဲ'လဲ သဘောတကျပြုံးလိုက်ပြီး တစ်ဖက်လူရဲ့နှုတ်ခမ်းလေးကိုတစ်ချက်စုပ်နမ်းပေးလိုက်တယ်။အဲ့ဒီအခါမှပဲ သူလဲလွတ်လပ်ခွင့်ရပြီး တံခါးသွားဖွင့်ပေးခွင့်ရတော့တယ်။

"ဝင်ပါလေးလေး။"

'ဦးရွှေမောင်'လဲ 'ကျောက်ခဲ'ကိုတစ်ချက်ကြည့်ပြီး
'ဒေါ်ရွှေဇင်ညိမ်း'နဲ့အတူအခန်းထဲကိုဝင်လာခဲ့လိုက်ကြတယ်။ ငိုထားမှန်းသိသာလှတဲ့ 'ဒေါ်ရွှေဇင်ညိမ်း'ရဲ့
မျက်နှာတွေကမို့အစ်လို့နေပြီး၊အခန်းထဲဝင်ထိုင်လာကတည်းက သားဖြစ်သူကိုမျက်ထောင့်နီကြီးနဲ့စိုက်ကြည့်လို့နေတာမို့ 'ကျောက်ခဲ'က 'သိင်္ခ'ရဲ့လက်လေးကိုဆုပ်ကိုင်ထားပေးလိုက်တယ်။

'ဒေါ်ရွှေဇင်ညိမ်း'က နှာရည်တွေကိုလက်ကိုင်ပုဝါအဖြူ နဲ့သုတ်လိုက်ပြီး 'သိင်္ခ'ကိုမေးလိုက်တယ်။

"ဘာလို့အမေ့ကိုမပြောခဲ့တာလဲ
အမေက အဲ့လောက်တောင် သားအတွက်
ယုံကြည်စရာမကောင်းဘူးလားဟင်။"

ပြောပြောဆိုဆိုနဲ့ 'ဒေါ်ရွှေဇင်ညိမ်း'မှာထပ်ပြီး
ငိုပြန်တယ်။

"အမေလက်ခံမယ်ဆိုတာကို တကယ်မမျှော်လင့်ခဲ့
တာကြောင့် လေးလေးကို အရင်အသိပေးခဲ့တာပါ။"

ဟုတ်ပါတယ် ဒါတွေအားလုံးက သူ(မ)ရဲ့လိုအပ်ချက်
တွေကြောင့်ပဲ။ အလုပ်တွေကြောင့် ကလေးကိုအာရုံ
မစိုက်နိုင်ခဲ့သလို၊ အရွယ်ရောက်လာတော့လဲ
သားဖြစ်သူကိုအေးဆေးလွှတ်ထားခဲ့မိတယ်။ သူ(မ)သာဒီ့ထပ်ပိုပြီးစောစောသိခဲ့ရင် သားဖြစ်သူကိုပိုပြီးနားလည်အောင်ကြိုးစားခဲ့မိမှာ။

အပြောအဆိုတွေကိုလည်းဆင်ခြင်
ခဲ့မိမှာ...အခုတော့ 'လက်ခံမယ်လို့ မျှော်လင့်မထားခဲ့ဘူး'တဲ့၊ ထိုစကားကြောင့် သူ(မ)ပိုပြီးဝမ်းနည်းရတယ်။အမေတစ်ယောက်ဖြစ်ပြီး သားဖြစ်ရဲ့ယုံကြည်မှူကိုရအောင်တောင်မလုပ်နိုင်ခဲ့ဘူး။ အစ်ကိုကြီးပြောခဲ့တဲ့ ဒီလောက်နှစ်တွေအကြာကြီးထဲမှာ သားဖြစ်သူ
ဘယ်လောက်တောင်ခက်ခဲခဲ့မလဲဆိုတာတွေးရင်း
သူ့အပြစ်တွေကပိုကြီးလာနေသလိုခံစားနေရတယ်။

"အမေတောင်းပန်ပါတယ်..
အမေ့မှာ လိုအပ်ချက်တွေအများကြီးရှိခဲ့တယ်
ဆိုပေမဲ့ သားလေးကိုတော့ မေမေရင်နဲ့အမျှ
ချစ်တာပါကွယ်။"

"ဒါဆို.. မေမေသက်သေပြပါ။
ကျွန်တော် ကျောက်ခဲလေးကိုတကယ်မြတ်နိုးတာမို့
သူနဲ့အတူအဆုံးသတ်အထိ အတူရှိဖို့ရည်ရွယ်ထားတယ်။လက်ခံပေးပါလို့ပဲတောင်းဆိုပါရစေ။"

'သိင်္ခ'က 'ကျောက်ခဲ'ရဲ့လက်လေးကိုသေချာဆုပ်ကိုင်ထားပြီးပြတ်သားတဲ့မျက်ဝန်းတွေနဲ့အတူမိခင်ဖြစ်သူကိုပြောလာတယ်။ သူ'ကျောက်ခဲ'ကိုလုံးဝလက်မလွှတ်နိုင်ဘူးလေးလေးတို့လိုပဲ နှစ်တွေအများကြီးအထိအတူတူရှိနေချင်တယ်။

"ကျွန်တော်လဲတောင်းဆိုပါတယ် ဒေါ်ဒေါ်။"

'ဒေါ်ရွှေဇင်ည်ိမ်း'က ဒီလိုကိစ္စတွေဖြစ်ပြီးတဲ့
နောက်မှာ ပထမဆုံးအကြိမ်'ကျောက်ခဲ'ကိုပြုံးပြခြင်း
ဖြစ်တယ်။

"သား ကံကြီးမောင် ကိုသိတယ်မို့လား။"

'ဒေါ်ရွှေဇင်ညိမ်း'က မေးလိုက်တော့ 'သိင်္ခ'က
ခေါင်းညိတ်ပြလာတယ်။

"သူ့ကိုသားရဲ့ဇာတာနဲ့၊ 'ကျောက်ခဲ'ဇာတာကိုတိုက်ကြည့်ခိုင်းတော့ သူကပြောတယ်သိလား။ သားတို့နှစ်ယောက်ကဘယ်တော့မှခွဲလို့ရမှာမဟုတ်တဲ့သေတူရှင်ဖတ်ဖူးစာဖက်တွေတဲ့။တစ်ယောက်မရှိရင်၊
တစ်ယောက်ကပါထွက်သွားရလိမ့်မယ်တဲ့။
ဒါပေမဲ့ မေ့မေ့ကို အချိန်နည်းနည်းလောက်ထပ်ပေးပါ၊ သားတို့နှစ်ယောက်ကိုစိတ်ရှင်းရှင်းနဲ့လက်ခံနိုင်ဖို့အတွက် အချိန်တစ်ခုတော့ပေးပါ။"

"မရဘူး...ကျွန်တော်ကအခုပဲ ကျောက်ခဲနဲ့
တစ်အိုးတစ်အိမ်ထူထောင်ချင်နေပြီ။"

'သိင်္ခ'ကမိခင်ဖြစ်သူရဲ့စကားကိုငြင်းဆန်လိုက်ပြီး
'ကျောက်ခဲ'ရဲ့ရင်ခွင်ထဲမှာ မျက်နှာကို​ပြန်
ဝှက်ထားလိုက်တယ်။အချိန်တစ်ခုတဲ့အကန့်အသတ်လဲမရှိဘဲနဲ့ ပြီးတော့ သူတို့ကိုထပ်ခွဲပြီးစိတ်ဆင်းရဲရအောင်လုပ်ရင်ဘယ်လိုလုပ်မလဲ။ 'ကျောက်ခဲ'လေးကိုထပ်ပြီးမနာကျင်စေချင်တော့ဘူး ။

'ဦးရွှေမောင်'တစ်ယောက်လဲ အဲ့ဒီ့ပြောမနိုင်ဆိုမနိုင်
သားအမိနှစ်ယောက်ကြားအတော်လေးကို
ခေါင်းကိုက်နေပြီ။အသက်ကြီးမှသူငယ်ပြန်နေတဲ့ကောင်ရယ်၊အရစ်ရှည်တဲ့ညီမရယ်စိတ်ညစ်လွန်းလို့
'ဘိုးစည်'လေးကိုသာဖက်ထားချင်တော့တယ်။
ဒါကြောင့် ဒီကိစ္စကိုမြန်မြန်လက်စသတ်မှဖြစ်လိမ့်မယ်။

"ကဲ...သိင်္ခ ကလေးလိုလို ၊ ဘာလိုလိုလုပ်မနေနဲ့
မအေဖြစ်သူကအခုမှသေသေချာချာသိတာလေ
သူ့အတွက်အချိန်လိုမှာပေါ့...ဒီလိုလုပ် နှစ်နှစ်၊
မင်းအမေကိုအချိန်နှစ်နှစ်ပေးလိုက်။ နှစ်နှစ်ပြည့်တာနဲ့မင်းအမေသဘောတူသည်ဖြစ်စေ၊မတူသည်ဖြစ်စေ
လေးလေးကိုယ်တိုင် မင်းတို့ကိုလက်ထပ်လို့ရအောင်
စီစဉ်ပေးမယ်ဘယ်လိုလဲ။"

"ကျောက်ခဲလေး သဘောကရော ဘယ်လိုလဲ..
ကိုယ်ကမင်းဖြစ်စေချင်တဲ့အတိုင်းလိုက်လုပ်ပေးမယ်။"

ရုတ်တရက်ဆိုသလိုစကားဝိုင်းရဲ့မြှားဦးကသူ့ဘက်ကို
လှည့်လာတာကြောင့် 'ကျောက်ခဲ'ခမျာ
တိတ်ဆိတ်သွားရတယ်။

"ဘာလဲဒီအစီအစဉ်ကိုမကြိုက်ဘူးလား
ကိုယ်နဲ့အခုပဲလက်ထပ်ချင်တာပေါ့...ရတယ်..
ရတယ်။"

"အာ...အဲ့...အဲ့လိုမဟုတ်ပါဘူး။
လေးလေးပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါအစ်ကို
ကျုပ်လဲ အမ တို့ကိုအသိပေးရဦးမယ်မဟုတ်လား။"

ကျုပ်လဲ အမြန်လှမ်းကာလိုက်ရတယ်၊ ချက်ချင်းကြီးလက်ထပ်ဖို့ကျမဖြစ်သေးဘူးလေ အမတို့ကိုတော့ဘယ်လိုပဲဖြစ်ဖြစ်အထုအထောင်းခံပြီးခွင့်တောင်းရမှာပဲ။ အစ်ကို့တာဝန်ကတော့ပြီးပြီ ကျုပ်တာဝန်ပဲကျန်တော့တယ်မဟုတ်လား။

"အင်း ဟုတ်ပြီ...ဟန်နီ့ သဘောပဲ။"

ပါးစပ်အဖြဲသားနဲ့ တစ်ဖက်လူရဲ့ပါးကိုကိုင်ဆွဲပြီး
မိုးမမြင်လေမမြင်ကြည်နူးနေတဲ့ 'သိင်္ခ'ကိုကြည့်ပြီး
'ဦးရွှေမောင်'တစ်ယောက် စေတနာတွေမဟားတရားကုန်ခမ်းလာရတယ်။

"ဒါဆိုလဲအပြင်ထွက်ကြရအောင်
ရွှေဇင်ညိမ်းရေ..ငါမျက်လုံးရှက်တယ်။"

"ဟုတ် ...သွား ...သွားကြရအောင်။"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နေ့အလင်းရောင်ကုန်ဆုံး၍အမှောင်ထုကတဖြည်း
ဖြည်းကြီးစိုးလာလေပြီ။ အနက်ရောင်ဖို့ဒ်ကားလေး
တစ်စင်းက 'ဘား လမ်း'မပေါ်ဝယ် ဖြေးဖြေးအေးအေးလေးနဲ့မောင်းနှင်လို့နေလေတယ်။

"လေလေးကအေးနေတာပဲ
ကိုရွှေ့ကိုကျေးဇူးတင်ပါတယ်။"

"ဟောဗျာ...မလိုပါဘူး
ခင်ဗျားစိတ်အေးသွားပြီဆိုရင်ပဲ
ကျုပ်ကျေနပ်ပါတယ်။"

'ဦးရွှေမောင်'က လစ်လပ်နေတဲ့သူ့ရဲ့လက်တစ်ဖက်နဲ့
'ဦးဘိုးစည်'ရဲ့လက်လေးကိုလှမ်းကိုင်ထားလိုက်တယ်။

"တစ်ခါတလေတော့လေ သိင်္ခကိုကြည့်ပြီး
ကျုပ်လဲခင်ဗျားနဲ့စတွေ့တဲ့အချိန်ကို
ပြန်ရောက်ချင်မိပါရဲ့။"

သူနဲ့ 'ဘိုးစည်' စတွေ့တုန်းကဆိုတစ်ကယ်ကို
ကပျက်ကချော်နိုင်လှတယ်။ သူ့မှာ ဓားမြတွေနဲ့တွေ့နေတုန်း အမူးသမားလေးတစ်ယောက်နဲ့ အခုလိုပတ်သက်ရလိမ့်မယ်လို့မထင်ခဲ့မိဘူးလေ။

"ကျုပ်ကတော့ ပြန်မရောက်ချင်ပါဘူး
အခုအသက်အရွယ်နဲ့သာဆို ဓားနဲ့ခုတ်လဲရှောင်နိုင်
တော့မှာမဟုတ်ဘူး။"

'ဦးဘိုးစည်'ကထိုသို့ပြောလေတော့ 'ဦးရွှေမောင်'က
ရယ်လေတယ်။ဟုတ်တယ်လေ အဲ့တုန်းကဆို သူ့ကို
ဘေးကအရက်သမားလေးက ဓားမြတွေဆီကနေကယ်ပေးခဲ့တာ၊ မဟုတ်လို့ကတော့ အခုဆိုဘဝကူးပြီးပြန်ဝင်စားနေလောက်ပြီ။

"ဘိုးစည် မှတ်မိလား
ခင်ဗျား ကျုပ်ကို မူးနေတဲ့အချိန်လူမှားနမ်းတုန်းကလေအဟက်...အဲ့တုန်းကဆို ခင်ဗျားက သိပ်ကိုရဲတင်းတာပဲကျုပ်ကို အလှလေးလို့တောင်ခေါ်လိုက်သေးတယ်။"

'ဦးရွှေမောင်'က ဘေးနားမှာငြိမ်ငြိမ်လေးထိုင်နေတဲ့လူကိုကျီစယ်ချင်နေတယ်။ အခုရက်ပိုင်း သူလုပ်ချင်နေခဲ့တဲ့အရာလေးလို့ပဲပြောလေမလား 'ဘိုးစည်'နဲ့အခုလိုအေးအေးဆေးဆေးလေးရှိပြီး အရင်ကအကြောင်းတွေပြန်ပြောဖြစ်ချင်တယ်။ ဒါက သူတို့နှစ်ယောက်ကို ပိုနီးစပ်စေပြီးနုငယ်တဲ့ခံစားချက်တွေကိုလဲပြန်သတိရစေတယ်။

"ဟော...တိတ်နေပါ့လား
မမှတ်မိတော့ဘူးလား။"

"မဟုတ်ပါဘူး...ကျုပ်စဉ်းစားနေတာ
အဲ့တုန်းက ခင်ဗျားပဲကျုပ်ကိုအရက်တွေ
အတင်းတိုက်ခဲ့တာလားလို့လေ။"

သူသဘောတကျရယ်လိုက်မိတယ်'ဘိုးစည်'လေးက
သိပ်ကိုဥာဏ်ကောင်းတာပဲ။

"အင်း...ကျုပ်ကဒီအတိုင်းပဲ
ခင်ဗျားအရက်မူးတဲ့ပုံကိုသေချာကြည့်ချင်ခဲ့ရုံပါ
အနမ်းခံရလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။"

"အဲ့တော့ ခင်ဗျားကနစ်နာတယ်ပေါ့
အဲ့သလိုလား။"

'ဦးဘိုးစည်'ကသဘောရိုးနဲ့ပြောလိုက်ပေမဲ့ သဘောမရိုးနိုင်သူကတော့ အတွေးပေါက်စွာနဲ့အမြတ်ထုတ်ဖို့
ကျန်လေတာမို့ 'ဦးရွှေမောင်'ရဲ့နှုတ်ခမ်းတွေက
ကော့တက်လို့သွားရတယ်။

"ဆိုတော့ကာ...အခု ခင်ဗျားကိုလည်းရန်ကုန်ရောက်
အောင်ခေါ်လာခဲ့ပြီးပြီ ၊ အဲ့တုန်းကလဲ နစ်နာခဲ့ရတာဆိုတော့ကျုပ်ကို အဖိုးအခလေးပြန်မပေးချင်ဘူးလား။"

'ဦးဘိုးစည်'ကတော့ ရယ်ချင်စိတ်ကိုသာမနည်းမျို သိပ်ထားရတယ်။ ဒီလူကတော့လေ နမ်းချင်ရင်နမ်းချင်တယ်ပေါ့။ ဘာကိစ္စဆယ်ကျော်သက်ကလေးတွေနဲ့တုပပြီးပရောပရည်လုပ်နေရသလဲ၊ 'သိင်္ခ'လည်ဝယ်တာလဲမပြောနဲ့ဦးလေးဖြစ်သူကိုက'ဇ'နဲ့မဟုတ်လား။

"ခင်ဗျားကသိပ်အမှတ်အတေးကြီးသကိုး
ကိုရွှေမောင်ရဲ့..ယောက်ျားချင်းပဲဗျာ
ဘာလို့ဘွင်းဘွင်းရှင်းရှင်းမပြောသတုံး။"

"နမ်းချင်တယ်...ကားရပ်လိုက်မယ်
ဟုတ်ပလား။"

တစ်ဖက်လူကဒီလိုပြောလာမှတော့'ဦးရွှေမောင်'လဲ
အချိန်တွေဆွဲမနေတော့၊ ကားကိုအမှောင်ကျတဲ့ အပင်ရိပ်အောက် မှာရပ်လိုက်တယ်။တစ်ဖက်လူစိတ်ကောင်းဝင်နေတုန်းလေး အနမ်းလေးတစ်ပွင့်တော့ရအောင်ယူရမယ်လေ။

"ဘိုးစည်...အွန်း!။"

'ဦးရွှေမောင်'ဟာဇာတ်လမ်းစဖို့တစ်ဖက်လူဘက်လှည့်တုန်းရှိသေး 'ဦးဘိုးစည်'ရဲ့နှုတ်ခမ်းပါးတွေနဲ့ဆီးကြိုတာကိုခံလိုက်ရတယ်။မျက်လုံးတွေကိုမှိတ်ထားပြီးအနမ်းတွေကိုခံစားနေသူကို အမှောင်ရိပ်ထဲကနေဝိုးတဝါးမြင်နေရပြီး 'ဘိုးစည်'ရဲ့အသက်ရှုသံတွေဟာ ပုံမှန်ထက်မြန်ဆန်လို့နေတယ်။

နှုတ်ခမ်းမွှေးစူးစူးလေး တွေကလဲသူ့ရဲ့နှုတ်ခမ်းတွေနဲ့ တစ်ချက်၊တစ်ချက်ထိမိလို့နေတာကြောင့်
'ဦးရွှေမောင်'ဟာပိုပိုပြီးစိတ်လှုပ်ရှားလို့လာရတယ်။ အဆူခံရလဲဆူခံရပါစေဒီနေ့ညတော့
ထိုက်သင့်တဲ့အဖိုးအခကို 'ဘိုးစည်လေး'ကနေ
အပြည့်အဝတောင်းရမယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Upပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်။

ဇတ်သိမ်းရန်နှစ်ပိုင်းအလို....။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Zawgyi
~~~~~~~

Previous Chapter
~~~~~~~~~~~~~~~

က်ဳပ္လဲ ပါးစပ္ဟလိုက္ၿပီးဖန္ခြက္ထဲကေရေတာ္ေတာ္မ်ားမ်ားကိုငုံလိုက္တယ္။ အဲ့ဒီေနာက္မွာေတာ့အစ္ကို႔ရဲ႕ႏႈတ္ခမ္းေတြကိုဖိကပ္လိုက္ၿပီး က်ဳပ္ခံတြင္းထဲကေရေတြကို အစ္ကို႔ဆီလႊဲေျပာင္းေပးလိုက္ၿပီးေနာက္ အနမ္းေတြကိုက်ဳပ္ဘက္ကေနစ
ၿပီးဦးေဆာင္လိုက္ေတာ့တယ္။ ဒီႏႈတ္ခမ္းေတြ၊
ဒီအနမ္းေတြကိုလိုအပ္ေနခဲ့တာဘယ္ေလာက္ေတာင္ၾကာေနၿပီမို႔လို႔လဲ။အမုန္းေတြ၊ မေက်နပ္တာေတြ၊ အားလုံးကအခုခ်ိန္မွာဘာမွအေရးမပါေတာ့ပါဘူး။ အစ္ကိုရယ္၊ အစ္ကို႔ရဲ႕အနမ္းေတြနဲ႕သာဆိုအားလုံးကိုက်ဳပ္ေက်ာ္ျဖတ္နိုင္တယ္။

'ခ်စ္တယ္အစ္ကို....သိပ္ျမတ္နိုးတာဗ်။ '

🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚

"ေက်ာက္ခဲေလး...
ကိုယ္ကမင္းကိုသိပ္သတိရေနတာသိလား။"

ကုတင္ေပၚမွာေဘးတေစာင္းထိုင္ေနသူရဲ႕
ခါးေလးကိုဖက္ထားၿပီး၊တစ္ဖက္လူရဲ႕ဗိုက္နားမွာေခါင္းေလးဝွက္လို႔ ေၾကာင္ေလး
တစ္ေကာင္လိုခြၽဲေနတဲ့ 'သိခၤ'က အေစာပိုင္းက
အေျခအေနနဲ႕တျခားစီ။

မနက္ပိုင္းကပင္ေမ်ာ့ေမ်ာ့ပဲက်န္ေတာ့တဲ့'သိခၤ'
က 'ေက်ာက္ခဲ'ေရာက္တာနဲ႕ခ်က္ခ်င္းဆရာဝန္ေတြကိုပင့္ခိုင္းၿပီး ေျခေထာက္ကိုေဆး
ထည့္ခိုင္း၊ အားေဆးသြင္းခိုင္းနဲ႕သာမက
အပမွီသလို 'ေက်ာက္ခဲ'ကိုကပ္ခြၽဲေနတာကိုသာ
'ေဒၚေ႐ႊဇင္ညိမ္း'သိရင္ေသြးတက္လိုက္မဲ့ျဖစ္ျခင္း။

"မင္းကေရာ...ကိုယ့္ကိုသတိရရဲ႕လားဟင္။"

'သိခၤ'ကသူ႕ရဲ႕မူပိုင္မ်က္ဝန္းလဲ့လဲ့ေတြနဲ႕တစ္ဖက္လူကိုေမာ့ၾကည့္ၿပီးေမးလိုက္တယ္။နဖူးေပၚမွာဝဲက်ေနတဲ့အညိုေရာင္ေျပးတဲ့ဆံပင္တိုေလးေတြဟာပြေယာင္းေယာင္းျဖစ္ေနၿပီး၊ မ်က္ႏွာေလးကေသးေသးေလးျဖစ္ေနတာမို႔'သိခၤ'ဟာအလြန္ကိုသနားခ်င့္စဖြယ္ေကာင္းတဲ့ ကေလးေလးလိုျဖစ္လို႔ေနတယ္။

'ေက်ာက္ခဲ'ကလဲထိုပုံရိပ္ေလးကိုသာႏူးညံ့စြာၾကည့္ေနခဲ့ၿပီး'သိခၤ'ရဲ႕ဆံပင္ေလးေတြကိုပြတ္သပ္ေပးေနရင္းနဲ႕ေျပာလိုက္တယ္။

"အင္း...သတိရတာေပါ့အစ္ကိုရယ္
က်ဳပ္မွာအစ္ကို႔ကို တစ္ခဏေလးေတာင္ေမ့လို႔မရခဲ့ပါဘူး။"

"ကိုယ့္ကိုအရမ္းစိတ္ပူေနခဲ့တာလား
ကိုယ္သတိရရျခင္းေတာ့ ေတာ္ေတာ္ေလးကိုစိတ္လြတ္သြားခဲ့ေပမဲ့၊ ႐ူးတယ္ဆိုတာကေတာ့ ဟန္ေဆာင္ခဲ့တာအဲ့တာမွ အေမ့ရန္ကေနေရွာင္လို႔ရၿပီး၊ ကိုယ္တို႔ကိုလက္ခံေပးလာေအာင္လို႔ေလ။
အေမလက္မခံရင္ေတာင္ကိုယ္ေျခေထာက္ျပန္ေကာင္းတာနဲ႕ မင္းကိုေခၚထုတ္သြားဖို႔စီစဥ္ၿပီးၿပီ။ မင္းကိုခက္ခဲေစခဲ့တဲ့အတြက္ ကိုယ္ေတာင္းပန္တယ္ေနာ္။"

'သိခၤ'က သူ႕ရဲ႕အစီအစဥ္ေတြအားလုံးကို
တစ္ခုမက်န္ေျပာျပၿပီးတာနဲ႕'ေက်ာက္ခဲ'ရဲ႕ဗိုက္ေလးဆီမွာမ်က္ႏွာကိုျပန္ဝွက္ထားလိုက္တယ္။

"က်ဳပ္လဲေတာင္းပန္ပါတယ္
အစ်က်ို့ကို အခက္အခဲေတြၾကားထဲမွာ
တစ္ေယာက္တည္းထားခဲ့မိလို႔။"

ေကာင္ငယ္ေလးရဲ႕စကားအဆုံးမွာခံစားလိုက္ရတဲ့
ႏွဖူးျပင္ေပၚကအႏြေးဓာတ္ေလးေၾကာင့္ 'သိခၤ'ရဲ႕မ်က္ႏွာမွာ စေတာ္ဘယ္ရီေရာင္အပူလွိုင္းေလးေတြျဖတ္ေျပးသြားရျပန္တယ္။

"ေက်ာက္ခဲေလး မင္းဒီေန႕ကိုယ့္ကိုခဏခဏ
နမ္းေနတယ္ေနာ္။"

"ဘာလို႔လဲဟင္ အစ္ကိုမႀကိဳက္ဘူးလား။"

'ေက်ာက္ခဲ'ကျပန္ေမးလာေတာ့ သူကသေဘာတက်ရယ္လိုက္လိုက္ၿပီး ေကာင္ငယ္ေလးရဲ႕မ်က္ႏွာကိုေသခ်ာၾကည့္ကာ႐ႊင္ျမဴးစြာနဲ႕ေျပာလိုက္တယ္။

"ဘယ္သူကေျပာလဲ
နမ္းခ်င္ရင္တျခားေနရာကိုမနမ္းပဲ
ႏႈတ္ခမ္းေလးကိုပဲနမ္းလို႔ေျပာမလို႔ပါ။"

'သိခၤ'ကစကားလဲအၿပီး 'ေက်ာက္ခဲ' ရဲ႕လည္ပင္းကိုသိုင္းဖက္လို႔အနမ္းေတြကိုထပ္ၿပီးပုံေဖာ္ဖို႔လုပ္လိုက္တယ္။

"ေဒါက္...ေဒါက္!။"

''က်စ္...ဘယ္သူလဲ။ "

အခ်ိန္ေကာင္းေရာက္မွဝင္ႏွောက္ခံလိုက္
'သိခၤ'ရဲ႕ေမးသံကအလိုမက်မႈေတြနဲ႕မာထန္ေနေရာ။

"မင္းဦးေလး 'ကိုေ႐ႊေမာင္'နဲ႕ မင့္အေမ
'ေဒၚေ႐ႊဇင္ညိမ္း' ေဟ့။"

'ဦးေ႐ႊေမာင္'ရဲ႕႐ြဲ႕ေစာင္းသံႀကီးကိုလည္းၾကားေရာ
'ေက်ာက္ခဲ'က 'သိခၤ'ေခါင္းေလးကိုေပါင္ေပၚကေနခ်ေပးလိုက္ၿပီး တံခါးသြားဖြင့္ဖို႔ျပင္လိုက္ေပမဲ့
သူ႕ရဲ႕လက္ေကာက္ဝတ္ဟာ တစ္ဖက္လူရဲ႕ခပ္တင္းတင္းဆုပ္ကိုင္ျခင္းကိုခံလိုက္ရတယ္။

"နမ္းသြားအုံးေလ။"

'သိခၤ'ရဲ႕စကားေၾကာင့္ 'ေက်ာက္ခဲ'လဲ သေဘာတက်ၿပဳံးလိုက္ၿပီး တစ္ဖက္လူရဲ႕ႏႈတ္ခမ္းေလးကိုတစ္ခ်က္စုပ္နမ္းေပးလိုက္တယ္။အဲ့ဒီအခါမွပဲ သူလဲလြတ္လပ္ခြင့္ရၿပီး တံခါးသြားဖြင့္ေပးခြင့္ရေတာ့တယ္။

"ဝင္ပါေလးေလး။"

'ဦးေ႐ႊေမာင္'လဲ 'ေက်ာက္ခဲ'ကိုတစ္ခ်က္ၾကည့္ၿပီး
'ေဒၚေ႐ႊဇင္ညိမ္း'နဲ႕အတူအခန္းထဲကိုဝင္လာခဲ့လိုက္ၾကတယ္။ ငိုထားမွန္းသိသာလွတဲ့ 'ေဒၚေ႐ႊဇင္ညိမ္း'ရဲ႕မ်က္ႏွာေတြကမိုအစ္လို႔ေနၿပီး၊အခန္းထဲဝင္ထိုင္လာကတည္းက သားျဖစ္သူကိုမ်က္ေထာင့္နီႀကီးနဲ႕စိုက္ၾကည့္လို႔ေနတာမို႔ 'ေက်ာက္ခဲ'က 'သိခၤ'ရဲ႕လက္ေလးကိုဆုပ္ကိုင္ထားေပးလိုက္တယ္။

'ေဒၚေ႐ႊဇင္ညိမ္း'က ႏွာရည္ေတြကိုလက္ကိုင္ပုဝါအျဖဴ နဲ႕သုတ္လိုက္ၿပီး 'သိခၤ'ကိုေမးလိုက္တယ္။

"ဘာလို႔အေမ့ကိုမေျပာခဲ့တာလဲ
အေမက အဲ့ေလာက္ေတာင္ သားအတြက္
ယုံၾကည္စရာမေကာင္းဘူးလားဟင္။"

ေျပာေျပာဆိုဆိုနဲ႕ 'ေဒၚေ႐ႊဇင္ညိမ္း'မွာထပ္ၿပီးငိုျပန္တယ္။

🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚

"အေမလက္ခံမယ္ဆိုတာကို တကယ္မေမွ်ာ္လင့္ခဲ့
တာေၾကာင့္ ေလးေလးကို အရင္အသိေပးခဲ့တာပါ။"

ဟုတ္ပါတယ္ ဒါေတြအားလုံးက သူ(မ)ရဲ႕လိုအပ္ခ်က္
ေတြေၾကာင့္ပဲ။ အလုပ္ေတြေၾကာင့္ ကေလးကိုအာ႐ုံမစိုက္နိုင္ခဲ့သလို၊ အ႐ြယ္ေရာက္လာေတာ့လဲ
သားျဖစ္သူကိုေအးေဆးလႊတ္ထားခဲ့မိတယ္။ သူ(မ)သာဒီ့ထပ္ပိုၿပီးေစာေစာသိခဲ့ရင္ သားျဖစ္သူကိုပိုၿပီးနားလည္ေအာင္ႀကိဳးစားခဲ့မိမွာ။

အေျပာအဆိုေတြကိုလည္းဆင္ျခင္
ခဲ့မိမွာ...အခုေတာ့ 'လက္ခံမယ္လို႔ ေမွ်ာ္လင့္မထားခဲ့ဘူး'တဲ့၊ ထိုစကားေၾကာင့္ သူ(မ)ပိုၿပီးဝမ္းနည္းရတယ္။အေမတစ္ေယာက္ျဖစ္ၿပီး သားျဖစ္ရဲ႕ယုံၾကည္မႉကိုရေအာင္ေတာင္မလုပ္နိုင္ခဲ့ဘူး။ အစ္ကိုႀကီးေျပာခဲ့တဲ့ ဒီေလာက္ႏွစ္ေတြအၾကာႀကီးထဲမွာ သားျဖစ္သူ
ဘယ္ေလာက္ေတာင္ခက္ခဲခဲ့မလဲဆိုတာေတြးရင္း
သူ႕အျပစ္ေတြကပိုႀကီးလာေနသလိုခံစားေနရတယ္။

"အေမေတာင္းပန္ပါတယ္..
အေမ့မွာ လိုအပ္ခ်က္ေတြအမ်ားႀကီးရွိခဲ့တယ္
ဆိုေပမဲ့ သားေလးကိုေတာ့ ေမေမရင္နဲ႕အမွ်
ခ်စ္တာပါကြယ္။"

"ဒါဆို.. ေမေမသက္ေသျပပါ။
ကြၽန္ေတာ္ 'ေက်ာက္ခဲေလး'ကိုတကယ္ျမတ္နိုးတာမို႔သူနဲ႕အတူအဆုံးသတ္အထိ အတူရွိဖို႔ရည္႐ြယ္ထားတာယ္။လက္ခံေပးပါလို႔ပဲေတာင္းဆိုပါရေစ။"

'သိခၤ'က 'ေက်ာက္ခဲ'ရဲ႕လက္ေလးကိုေသခ်ာဆုပ္ကိုင္ထားၿပီးျပတ္သားတဲ့မ်က္ဝန္းေတြနဲ႕မိခင္ျဖစ္သူကိုၾကည့္လို႔ေျပာလိုက္တယ္။ သူ'ေက်ာက္ခဲ'ကိုလုံးဝလက္မလႊတ္နိုင္ဘူးေလးေလးတို႔လိုပဲ ႏွစ္ေတြအမ်ားႀကီးအထိအတူတူရွိေနခ်င္တယ္။

"ကြၽန္ေတာ္လဲေတာင္းဆိုပါတယ္ ေဒၚေဒၚ။"

'ဒေါ်ရွှေဇင်ည်ိမ်း'က ဒီလိုကိစၥေတြျဖစ္ၿပီးတဲ့
ေနာက္မွာ ပထမဆုံးအႀကိမ္'ေက်ာက္ခဲ'ကိုၿပဳံးျပျခင္းျဖစ္တယ္။

"သား 'ကံႀကီးေမာင္'ကိုသိတယ္မို႔လား။"

'ေဒၚေ႐ႊဇင္ညိမ္း'က ေမးလိုက္ေတာ့ 'သိခၤ'က
ေခါင္းညိတ္ျပလာတယ္။

"သူ႕ကိုသားရဲ႕ဇာတာနဲ႕၊ 'ေက်ာက္ခဲ'ဇာတာကိုတိုက္ၾကည့္ခိုင္းေတာ့ သူကေျပာတယ္သိလား။ သားတို႔ႏွစ္ေယာက္ကဘယ္ေတာ့မွခြဲလို႔ရမွာမဟုတ္တဲ့ေသတူရွင္ဖတ္ဖူးစာဖက္ေတြတဲ့။တစ္ေယာက္မရွိရင္၊ တစ္ေယာက္ကပါထြက္သြားရလိမ့္မယ္တဲ့။
ဒါေပမဲ့ ေမ့ေမ့ကို အခ်ိန္နည္းနည္းေလာက္ထပ္ေပးပါ၊ သားတို႔ႏွစ္ေယာက္ကိုစိတ္ရွင္းရွင္းနဲ႕လက္ခံနိုင္ဖို႔အတြက္ အခ်ိန္တစ္ခုေတာ့ေပးပါ။"

"မရဘူး...ကြၽန္ေတာ္ကအခုပဲ 'ေက်ာက္ခဲ'နဲ႕
တစ္အိုးတစ္အိမ္ထူေထာင္ခ်င္ေနၿပီ။"

'သိခၤ'ကမိခင္ျဖစ္သူရဲ႕စကားကိုျငင္းဆန္လိုက္ၿပီး
'ေက်ာက္ခဲ'ရဲ႕ရင္ခြင္ထဲမွာ မ်က္ႏွာကိုျပန္
ဝွက္ထားလိုက္တယ္။အခ်ိန္တစ္ခုတဲ့အကန႔္အသတ္လဲမရွိဘဲနဲ႕ ၿပီးေတာ့ သူတို႔ကိုထပ္ခြဲၿပီးစိတ္ဆင္းရဲရေအာင္လုပ္ရင္ဘယ္လိုလုပ္မလဲ။ 'ေက်ာက္ခဲ'ေလးကိုထပ္ၿပီးမနာက်င္ေစခ်င္ေတာ့ဘူး ။

'ဦးေ႐ႊေမာင္'တစ္ေယာက္လဲ အဲ့ဒီ့ေျပာမနိုင္ဆိုမနိုင္သားအမိႏွစ္ေယာက္ၾကားအေတာ္ေလးကို
ေခါင္းကိုက္ေနၿပီ။အသက္ႀကီးမွသူငယ္ျပန္ေနတဲ့ေကာင္ရယ္၊အရစ္ရွည္တဲ့ညီမရယ္စိတ္ညစ္လြန္းလို႔
'ဘိုးစည္'ေလးကိုသာဖက္ထားခ်င္ေတာ့တယ္။
ဒါေၾကာင့္ ဒီကိစၥကိုျမန္ျမန္လက္စသတ္မွျဖစ္လိမ့္မယ္။

"ကဲ...'သိခၤ'ကေလးလိုလို ၊ ဘာလိုလိုလုပ္မေနနဲ႕
မေအျဖစ္သူကအခုမွေသေသခ်ာခ်ာသိတာေလ
သူ႕အတြက္အခ်ိန္လိုမွာေပါ့...ဒီလိုလုပ္ ႏွစ္ႏွစ္၊
မင္းအေမကိုအခ်ိန္ႏွစ္ႏွစ္ေပးလိုက္။ ႏွစ္ႏွစ္ျပည့္တာနဲ႕မင္းအေမသေဘာတူသည္ျဖစ္ေစ၊မတူသည္ျဖစ္ေစေလးေလးကိုယ္တိုင္ မင္းတို႔ကိုလက္ထပ္လို႔ရေအာင္စီစဥ္ေပးမယ္ဘယ္လိုလဲ။"

"ေက်ာက္ခဲေလး သေဘာကေရာ ဘယ္လိုလဲ..
ကိုယ္ကမင္းျဖစ္ေစခ်င္တဲ့အတိုင္းလိုက္လုပ္ေပးမယ္။"

႐ုတ္တရက္ဆိုသလိုကားဝိုင္းရဲ႕ျမႇားဦးကသူ႕ဘက္ကို
လွည့္လာတာေၾကာင့္ 'ေက်ာက္ခဲ'ခင္ဗ်ာ
တိတ္ဆိတ္သြားရတယ္။

"ဘာလဲဒီအစီအစဥ္ကိုမႀကိဳက္ဘူးလား
ကိုယ္နဲ႕အခုပဲလက္ထပ္ခ်င္တာေပါ့...ရတယ္...
ရတယ္။"

"အာ...အဲ့...အဲ့လိုမဟုတ္ပါဘူး။
ေလးေလးေျပာတဲ့အတိုင္းပဲ လုပ္လိုက္ပါအစ္ကို
က်ဳပ္လဲ အမ တို႔ကိုအသိေပးရဦးမယ္မဟုတ္လား။"

က်ဳပ္လဲ အျမန္လွမ္းကာလိုက္ရတယ္၊ ခ်က္ခ်င္းႀကီးလက္ထပ္ဖို႔က်မျဖစ္ေသးဘူးေလ အမတို႔ကိုေတာ့ဘယ္လိုပဲျဖစ္ျဖစ္အထုအေထာင္းခံၿပီးခြင့္ေတာင္းရမွာပဲ။ အစ္ကို႔တာဝန္ကေတာ့ၿပီးၿပီ က်ဳပ္တာဝန္ပဲက်န္ေတာ့တယ္မဟုတ္လား။

"အင္း ဟုတ္ၿပီ...ဟန္နီ႕ သေဘာပဲ။"

ပါးစပ္အၿဖဲသားနဲ႕ တစ္ဖက္လူရဲ႕ပါးကိုကိုင္ဆြဲၿပီး
မိုးမျမင္ေလမျမင္ၾကည္ႏူးေနတဲ့ 'သိခၤ'ကိုၾကည့္ၿပီး 'ဦးေ႐ႊေမာင္'တစ္ေယာက္
ေစတနာေတြမဟားတရားကုန္ခမ္းလာရတာေၾကာင့္ညီမျဖစ္သူကိုေျပာလိုက္ရတယ္။

"ဒါဆိုလဲအျပင္ထြက္ၾကရေအာင္
'ေ႐ႊဇင္ညိမ္း 'ေရ..ငါမ်က္လုံးရွက္တယ္။"

"ဟုတ္ ...သြား ...သြားၾကရေအာင္။"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ေန႕အလင္းေရာင္ကုန္ဆုံး၍အေမွာင္ထုကတျဖည္း
ျဖည္းႀကီးစိုးလာေလၿပီ။ အနက္ေရာင္ဖို႔ဒ္ကားေလးတစ္စင္းက 'ဘား လမ္း'မေပၚဝယ္ ေျဖးေျဖးေအးေအးေလးနဲ႕ေမာင္းႏွင္လို႔ေနေလတယ္။

"ေလေလးကေအးေနတာပဲ
ကိုေ႐ႊ႕ကိုေက်းဇူးတင္ပါတယ္။"

"ေဟာဗ်ာ...မလိုပါဘူး
ခင္ဗ်ားစိတ္ေအးသြားၿပီဆိုရင္ပဲ
က်ဳပ္ေက်နပ္ပါတယ္ါ"

'ဦးေ႐ႊေမာင္'က လစ္လပ္ေနတဲ့သူ႕ရဲ႕လက္တစ္ဖက္နဲ႕ 'ဦးဘိုးစည္'ရဲ႕လက္ေလးကိုလွမ္းကိုင္ထားလိုက္တယ္။

"တစ္ခါတေလေတာ့ေလ 'သိခၤ'ကိုၾကည့္ၿပီး
က်ဳပ္လဲခင္ဗ်ားနဲ႕စေတြ႕တဲ့အခ်ိန္ကို
ျပန္ေရာက္ခ်င္မိပါရဲ႕။"

သူနဲ႕ 'ဘိုးစည္' စေတြ႕တုန္းကဆိုတစ္ကယ္ကို
ကပ်က္ကေခ်ာ္နိုင္လွတယ္။ သူ႕ခင္ဗ်ာ ဓားျမေတြနဲ႕ေတြ႕ေနတုန္း အမူးသမားေလးတစ္ေယာက္နဲ႕ အခုလိုပတ္သက္ရလိမ့္မယ္လို႔မထင္ခဲ့မိဘူးေလ။

"က်ဳပ္ကေတာ့ ျပန္မေရာက္ခ်င္ပါဘူး
အခုအသက္အ႐ြယ္နဲ႕သာဆို ဓားနဲ႕ခုတ္လဲေရွာင္နိုင္
ေတာ့မွာမဟုတ္ဘူး။"

'ဦးဘိုးစည္'ကထိုသို႔ေျပာေလေတာ့ 'ဦးေ႐ႊေမာင္'ကရယ္ေလတယ္။ဟုတ္တယ္ေလ အဲ့တုန္းကဆို သူ႕ကိုေဘးကအရက္သမားေလးက ဓားျမေတြဆီကေနကယ္ေပးခဲ့တာ၊ မဟုတ္လို႔ကေတာ့ အခုဆိုဘဝကူးၿပီးျပန္ဝင္စားေနေလာက္ၿပီ။

"ဘိုးစည္ မွတ္မိလား
ခင္ဗ်ား က်ဳပ္ကို မူးေနတဲ့အခ်ိန္လူမွားနမ္းတုန္းကေလအဟက္...အဲ့တုန္းကဆို ခင္ဗ်ားက သိပ္ကိုရဲတင္းတာပဲက်ဳပ္ကို အလွေလး လို႔ေတာင္ေခၚလိုက္ေသးတယ္။"

'ဦးေ႐ႊေမာင္'က ေဘးနားမွာၿငိမ္ၿငိမ္ေလးထိုင္ေနတဲ့လူကိုက်ီစယ္ခ်င္ေနတယ္။ အခုရက္ပိုင္း သူလုပ္ခ်င္ေနခဲ့တဲ့အရာေလးလို႔ပဲေျပာေလမလား 'ဘိုးစည္'နဲ႕အခုလိုေအးေအးေဆးေဆးေလးရွိၿပီး အရင္ကအေၾကာင္းေတြျပန္ေျပာျဖစ္တာက သူတို႔ႏွစ္ေယာက္ကို အရင္ကခံစားခ်က္ေလးေတြျပန္ျဖစ္ေစမယ္လို႔ထင္ေနမိလို႔ေလ။

"ေဟာ...တိတ္ေနပါ့လား
မမွတ္မိေတာ့ဘူးလား။"

"မဟုတ္ပါဘူး...က်ဳပ္စဥ္းစားေနတာ
အဲ့တုန္းက ခင္ဗ်ားပဲက်ဳပ္ကိုအရက္ေတြ
အတင္းတိုက္ခဲ့တာလားလို႔ေလ။"

သူသေဘာတက်ရယ္လိုက္မိတယ္'ဘိုးစည္'ေလးက
သိပ္ကိုဥာဏ္ေကာင္းတာပဲ။

"အင္း...က်ဳပ္ကဒီအတိုင္းပဲ
ခင္ဗ်ားအရက္မူးတဲ့ပုံကိုေသခ်ာၾကည့္ခ်င္ခဲ့႐ုံပါ
အနမ္းခံရလိမ့္မယ္လို႔ ဘယ္သူကထင္မွာလဲ။"

"အဲ့ေတာ့ ခင္ဗ်ားကနစ္နာတယ္ေပါ့
အဲ့သလိုလား။"

'ဦးဘိုးစည္'ကသေဘာရိုးနဲ႕ေျပာလိုက္ေပမဲ့ သေဘာမရိုးနိုင္သူကေတာ့ အေတြးေပါက္စြာနဲ႕အျမတ္ထုတ္ဖို႔က်န္ေလတာမို႔ 'ဦးေ႐ႊေမာင္'ရဲ႕ႏႈတ္ခမ္းေတြက ေကာ့တက္လို႔သြားရတယ္။

"ဆိုေတာ့ကာ...အခု ခင္ဗ်ားကိုလည္းရန္ကုန္ေရာက
ေအာင္ေခၚလာခဲ့ၿပီးၿပီ ၊ အဲ့တုန္းကလည္း နစ္နာခဲ့ရတာဆိုေတာ့က်ဳပ္ကို အဖိုးအခေလးျပန္မေပးခ်င္ဘူးလား။"

'ဦးဘိုးစည္'ကေတာ့ ရယ္ခ်င္စိတ္ကိုသာမနည္းမ်ိဳ သိပ္ထားရတယ္။ ဒီလူကေတာ့ေလ နမ္းခ်င္ရင္နမ္းခ်င္တယ္ေပါ့။ ဘာကိစၥဆယ္ေက်ာ္သက္ကေလးေတြနဲ႕တုပၿပီးပေရာပရည္လုပ္ေနရသလဲ၊ 'သိခၤ'လည္ဝယ္တာလဲမေျပာနဲ႕ဦးေလးျဖစ္သူကိုက'ဇ'နဲ႕မဟုတ္လား။

"ခင္ဗ်ားကသိပ္အမွတ္အေတးႀကီးသကိုး
ကိုေ႐ႊေမာင္ရဲ႕..ေယာက္်ားခ်င္းပဲဗ်ာ
ဘာလို႔ဘြင္းဘြင္းရွင္းရွင္းမေျပာသတုံး။"

"နမ္းခ်င္တယ္...ကားရပ္လိုက္မယ္
ဟုတ္ၿပီလား။"

တစ္ဖက္လူကဒီလိုေျပာလာမွေတာ့
'ဦးေ႐ႊေမာင္'လဲအခ်ိန္ေတြဆြဲမေနေတာ့၊ ကားကိုအေမွာင္က်တဲ့ အပင္ရိပ္ေအာက္ မွာရပ္လိုက္တယ္။တစ္ဖက္လူစိတ္ေကာင္းဝင္ေနတုန္းေလး အနမ္းေလးတစ္ပြင့္ေတာ့ရေအာင္ယူရမယ္ေလ။

"ဘိုးစည္...အြန္း!။"

'ဦးေ႐ႊေမာင္'ဟာဇတ္လမ္းစဖို႔တစ္ဖက္လူဘက္လွည့္တုန္းရွိေသး 'ဦးဘိုးစည္'ရဲ႕ႏႈတ္ခမ္းပါးေတြနဲ႕ဆီးႀကိဳတာကိုခံလိုက္ရတယ္။မ်က္လုံးေတြကိုမွိတ္ထားၿပီးယအနမ္းေတြကိုခံစားေနသူကို အေမွာင္ရိပ္ထဲကေနဝိုးတဝါးျမင္ေနရၿပီး 'ဘိုးစည္'ရဲ႕အသက္ရႈသံေတြဟာ ပုံမွန္ထက္ျမန္ဆန္လို႔ေနတယ္။

တစ္ခ်က္၊ တစ္ခ်က္ဆိုသလို ႏႈတ္ခမ္းေမႊးစူးစူးေလး
ေတြကလဲသူ႕ရဲ႕ႏႈတ္ခမ္းေတြနဲ႕ထိမိလို႔ေနတာေၾကာင့္ 'ဦးေ႐ႊေမာင္'လည္းပိုပိုၿပီးစိတ္လႈပ္ရွားလို႔လာရတယ္။ အဆူခံရလည္းအဆူခံရပါေစဒီေန႕ညေတာ့ထိုက္သင့္တဲ့အဖိုးအခကို 'ဘိုးစည္ေလး'ကေန အျပည့္အဝေတာင္းရမယ္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Upေပးလိုက္ပါၿပီ၊ ဖတ္ေပးဖို႔ကမင္းေလးတို႔တာဝန္။

ဇတ္သိမ္းရန္ႏွစ္ပိုင္းအလို....။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Continue Reading

You'll Also Like

78.1K 10.7K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
46.3K 1.9K 38
သန့်စင်မောင်+ဥက္ကာသောင်းဦး အက္ခရာဦး သရ၀ဏ်
8.6K 399 35
Story by Yuki 🥑 Both Unicode and Zawgyi Version ☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁ ကိုယ်ကအခုမှစာစရေးတာပါ။ပေါ့ပေါ့ပါးပါးအချစ်ဟာသပုံစံလေးရေးထားပါတယ်။ဖတ်ပေးကြမယ်ဆိုပျေ...
76.5K 3.8K 33
ဘဝမှာ တစ်ကြိမ်တစ်ခါသာဖြစ်ပေါ်လာတဲ့ ကိုယ့်ရဲ့ချစ်ခြင်းတွေကို မင်းလေးဆီမှာ အယူခံဝင်မယ် ကိုယ့်အသက်ရေ ....🤎 𝖲𝗍𝖺𝗋𝗍𝗂𝗇𝗀 𝖣𝖺𝗍𝖾 - 22.2.2022 ♡︎ 𝖤�...