Omega အဖြစ်ကူးပြောင်းပြီးနောက...

By karryphyo

355K 39K 933

Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kin... More

Description
Ch. 1
Ch. 2
Ch. 3
Ch 4.
Ch5 .
Ch6 .
Ch7.
Ch8.
Ch9.
Ch10.
Ch11.
Ch12.
Ch13.
Ch14.
Ch15.
Ch 16.
Ch17.
Ch18.
Ch. 19
Ch 20.1
Surprise 🤍🤍🤍
Ch 20.2
Ch 20.3
Ch 21
Ch 22
paid gp😍😘🤍🤍
Ch 23
Ch 24
Ch 25
Ch 26
Ch.27
Ch 28
Ch 29
Ch 30
Suprise🥳🥳
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Ch 47
Ch 48
Ch 49
Ch 50
Ch 51
Ch 52
Ch 53
Ch 54
Ch 55
Ch 56
Ch 57
Ch 58
Ch 59
Ch 60
Ch 61
Ch 62
Ch 63
Ch 64
Ch 65
Ch 66
Ch 67
Ch 68
Ch 69
Ch 70
Ch 71
Ch 72
Ch 73
Ch 74
Ch 75
Ch 76
Ch 77
Ch 78
Ch 79
Ch 80
Ch 81
သီတင်းကျွတ် ပရိုမိုးရှင်း
Ch 82
Ch 83
Ch 84
Ch 85
Ch 86
Ch 87
ပရိုမိုးရှင်း
Ch 88
Ch 89,90
Ch 91
Ch 92, 93
Ch 94
Ch 95
Ch 96
Ch 97
Ch 98
Ch 99
Ch 100
Ch 101
Ch 102
Ch 103
Ch 104
Ch 105
Ch 106
Ch 107
Ch 108
Ch. 109
Ch 110
Ch 111
Ch 112
Ch 113
Ch 114
Ch 115
Ch 116
Ch 117
Ch 118
Ch 119
Ch 120
Ch 121
Ch 122
Ch 123
Ch 124
Ch 125
Ch 126(end)

Ch 46

2.2K 239 1
By karryphyo

မင်းမကြိုက်ဘူးလား?


  ကျိရှင်းလန် အိပ်ပျော်သွားသောအခါတွင် သူက ယန်ချုံးကို ပွေ့ဖက်ပြီး တစ်ဖက်၏ခေါင်းပေါ်ကို မေးစေ့တင်ထားရတာကို သဘောကျသည်။  ထို့ကြောင့် သူသည် သူ၏ အနုစိတ်ဆုံးနှင့် အနူးညံ့ဆုံးနေရာကို ယန်ချုံးအား ထုတ်ဖော်ခဲ့သည်။

လက်စားချေခြင်း၏ ပီတိတွေပြည့်နေတဲ့  မျက်လုံးတွေနဲ့ ယန်ချုံးက ပါးစပ်ကိုဖွင့်ကာ ချောမွေ့သော လည်ပင်းကို ကိုက်လိုက်သည်။

သူ့လည်ပင်းမှာ နှုတ်ခမ်းနဲ့ သွားတွေကို ပိတ်လိုက်တဲ့အခါ ခံစားချက်က မယုံနိုင်လောက်အောင် ထူးဆန်းနေခဲ့တယ်။  သူ့ ချွန်ထက်တဲ့ သွားတွေက သူ့လည်ပင်းရှိ နုနယ်သော အရေပြားကို ထိလိုက်သည်နှင့် သူ့အရေပြားအောက်ရှိ ကျိရှင်းလန်ရဲ့ သွေးခုန်နှုန်းကို ယောင်ဝါးဝါး ခံစားနိုင်သည်။  ယင်းကြောင့် ယန်ချုံးရဲ့ ဗီဇတစ်စိတ်တစ်ပိုင်းကို Alphaအဖြစ် လှုံ့ဆော်ပေးခဲ့သည်။  သူသည် တဖြည်းဖြည်း စိတ်လှုပ်ရှားလာပြီး နှလုံးခုန်သံမြန်လာသည်။

ယန်ချုံးက သူ့ကို လက်တုံ့ပြန်ဖို့ ပြင်းပြင်းထန်ထန် ကိုက်ဖို့ စိတ်ကူးထားတယ်။  သူ့အရေပြားကို မကိုက်ချင်ပေမယ့် အနည်းဆုံးတော့ ကျိရှင်းလန်ကို နာကျင်စေချင်တယ်။  သို့တိုင် ကိုက်လိုက်သောအခါတွင် သူ့ကိုယ်သူ ဝန်လေးနေသည်ကို တွေ့ရသည်။  အဲဒီအစား၊ သူက နူးညံ့ပြီး နွေးထွေးတဲ့ လျှာကိုသုံးပြီး သူ့အရေပြားကို ညင်ညင်သာသာ ပွတ်သပ်ပေးရင်း အခုလေးတင် ကျန်ခဲ့တဲ့ အကိုက်အခဲ အမှတ်အသားတွေကို ချောမွေ့အောင် လုပ်ဖို့ ကြိုးစားနေပုံပါပဲ။

ထိုခွန်အားက ကျိရှင်းလန်ရဲ့ အရေပြားကို နမ်းလိုက်ရုံနှင့် စို့နေပုံရစေသည်။

သူအသက်ရှုလိုက်တိုင်း သူရနံ့က ကျိရှင်းလန် ရနံ့သာဖြစ်ပြီး ယန်ချုံးက ထိုနေ့က ကျိရှင်းလန် အကိုက်ခံရသည့်ခံစားချက်ကို ယောင်ဝါးဝါးမှတ်မိနေနိုင်သည်။

အမှတ်အသားပြုခြင်းက အရေပြားတစ်လျှောက်နှင့် ရနံ့ဂလင်းမှတစ်ဆင့် ကိုက်ဖို့ Alphaကို လိုအပ်သည်။ ကျိရှင်းလန်က သူ့ကိုကိုက်လိုက်တဲ့အခါ ယန်ချုံးက အရမ်းနာကျင်နေပေမယ့် အဲဒီခံစားချက်က သူ့ခြေထောက်တွေကို သတိရတဲ့အခါ အားနည်းသွားခဲ့တယ်။  နာကျင်ခြင်းအပြင် သူလည်း စိတ်လှုပ်ရှားနေခဲ့သည်။

အမြဲတမ်းအမှတ်အသားရှိသော Omegaက ၎င်းတို့ကို အမှတ်အသားပြုသော Alphaအတွက် စိတ်နှလုံးအကြွင်းမဲ့ ပိုင်ဆိုင်မည်ဖြစ်ပြီး ထိုAlphaတစ်ဦးတည်းကိုသာ သစ္စာစောင့်သိနိုင်မည်ဖြစ်သည်။

သို့သော် တစ်ဖက်တွင်၊ Omegaသည် Alphaကို အမှတ်အသားပြု၍ မရပါ။  အမှန်တော့၊ သူ သို့မဟုတ် သူမ၏ Alphaသည် အခြား Omegaများကို မှတ်သားနိုင်သည်။

'ဒါမတရားဘူး' ယန်ချုံးက တွေးမိလိုက်တယ်  'တစ်ယောက်နဲ့တစ်ယောက် ကိုက်လို့ရတာ ပျော်စရာပဲ'

ကျိရှင်းလန်ရဲ့ ဖြောင့်စင်းသော လည်ပင်းတွင် ကိုက်ခဲထားသော အရိပ်အယောင်များ ပေါ်လာပြီး သူ့အရေပြားပေါ်တွင် ရွှဲရွှဲစိုနေသော အစက်အပြောက်များ ကျန်နေချိန်တွင် ယန်ချုံးက နောက်ဆုံးတွင် ကျေနပ်စွာဖြင့် သူ့ပါးစပ်ကို ခွာလိုက်သည်။

'ငါ သူ့ကို ပြန်ကိုက်တယ်။  ဒါကို ဉာဏ်ရည်ဉာဏ်သွေး အောင်ပွဲလို့ ခေါ်တယ် '

ကော်လာအထက်တွင် ပေါ်နေသော လည်ပင်း၏ အစိတ်အပိုင်းများသည် သန့်ရှင်းပြီး မျှတနေသော်လည်း ယခုအခါတွင် အကိုက်ခံရသည့် ဒဏ်ရာများ ကျန်ရစ်ကာ အလှတရားကို ပျက်ပြားစေသည်။

ကျိရှင်းလန်  မှာ သူ့ကိုယ်ပိုင်အမှတ်အသားလေးတစ်ခု ချန်ထားခဲ့ပြီးတဲ့နောက် ယန်ချုံးက သူ့ရဲ့ဖန်တီးမှုကို မိုက်မဲစွာ သဘောကျခဲ့ပါတယ်။

ဝမ်းနည်းစရာကောင်းတာက အဲဒီ့ခံစားချက်က ကြာကြာမခံပါဘူး။  ကျိုးလွယ်သော လည်ကုပ်ကို တစ်စုံတစ်ယောက်က ဆုပ်ကိုင်လိုက်သဖြင့် သူ့နောက်ကျောမှာ အေးတိအေးစက် ခံစားလိုက်ရသည်။

သူမော့ကြည့်လိုက်တော့ ယန်ချုံးက လေးနက်တဲ့မျက်လုံးတစ်စုံနဲ့ စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

အမှောင်ခန်းထဲတွင် ထိုမျက်လုံးများသည် ဖန်ကဲ့သို့သောမီးတောင်ထွက်ကျောက်လိုမျိုး ထူးခြားစွာဖြင့်  တောက်ပနေ၏။  သူတို့သည် သူ့စိတ်ဝိညာဉ်ကို ထိုးဖောက်ချင်သလိုလိုနှင့် သူ့အပေါ်တွင် စွဲမြဲနေခဲ့သည်။

ကျိရှင်းလန်ကို တိတ်တဆိတ် အကဲဖြတ်နေစဉ်တွင် သူ့စိတ်ထဲတွင် တွေးနေမိသည်။  'သူ ဘယ်တုန်းက နိုးတာလဲ? '

သူ့မျက်လုံးများထဲတွင် တွေးတောစရာ အကြည့်တစ်ခု ရှိနေသည်။  လူမိုက်တစ်ယောက်အား သင်ခန်းစာတစ်ခု သင်ပေးရန် စဉ်းစားနေသည်မှာ ရှင်းနေပါသည်။

သူရုတ်တရက် နိုးလာတာကြောင့် ကျိရှင်းလန်ရဲ့ မျက်လုံးတွေက အနည်းငယ် နီရဲနေတယ်။  အဖြူရောင် လရောင်က သူ့မျက်နှာပေါ် လင်းလက်နေသဖြင့် မယုံနိုင်လောက်အောင်ပင် ရင်သပ်ရှုမော ဖြစ်နေသည်။  သူ၏ ပျော့ပျောင်းသောဆံပင်များက မျက်လုံးထောင့်တွင် ချိတ်ဆွဲထားကာ လျော့တွဲနေတဲ့ ကော်လာကို ကြေမွနေသောပုံစံဖြင့် ချိတ်ဆွဲထားသည်။  ယန်ချုံး နောက်ကွယ်မှာ မိုက်မဲစွာ ထားခဲ့တဲ့ အကိုက်ခံရတဲ့ အမှတ်အသားကို သူ့လည်ပင်းမှာ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

ယန်ချုံး အကြည့်က သူ့ကော်လာအောက်သို့ လျှောကျသွားပြီး အကြောင်းတစ်ခုခုကြောင့် သူ့ခန္ဓာကိုယ်သည် ပျော့ခွေသွားသည်။ ကျိရှင်းလန်က ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကို ဆွဲလိုက်တယ်။  တခဏချင်းမှာပဲ ယန်ချုံးက ကျိရှင်းလန် ရဲ့လက်ထဲကို ဆွဲသွင်းခံလိုက်ရတယ်။

သူ့သွားများသည် အခြားသူ၏ ခိုင်ခံ့သောညှပ်ရိုးကို ထိသွားကာ ယန်ချုံး မေးရိုးက နာကျင်လာသည်။  သူ မျက်မှောင်ကြုတ်လိုက်သည်။  ထွက်ပြေးဖို့ ရုန်းကန်ရင်း ကျိရှင်းလန် ရဲ့ ကြမ်းတမ်းတဲ့ လှုပ်ရှားမှုတွေကြောင့် သူ အနည်းငယ် စိတ်ဆိုးသွားခဲ့ပြီး ကျိရှင်းလန် က သူ့ခေါင်းပေါ် တွန်းချလိုက်ပြီး ယန်ချုံး ရဲ့ လည်ပင်းကောက်ကောက်မှာ သူ့မျက်နှာကို မြှုပ်ထားလိုက်ပါတယ်။

ယန်ချုံးက အခြားသူ၏လည်ချောင်းကို ဖိလိုက်ပြီး ကျိရှင်းလန်ရဲ့ ပူလောင်နေသော အပူနှင့် သွေးခုန်နှုန်းကို ကောင်းစွာ ခံစားနိုင်သည်။

ယန်ချုံး သူ့အပေါ်တွင် လှဲနေပြီး Alpha က သူ့ကို သူ့ဘာသာသူ လှုပ်ရှားခိုင်းနိုင်သည့် အရှက်ရဖွယ်အနေအထားတွင် ရှိနေသည်။  ယန်ချုံးက ရူးရူးမိုက်မိုက် လှည့်မကြည့်ဝံ့ပေ။  သူက ကျိရှင်းလန်ကို ရိုးရှင်းစွာ အားကိုးပြီး အရာအားလုံးကို စွန့်လွှတ်လိုက်သည်။

"မင်းငါ့ကိုဘာလို့ကိုက်တာလဲ ? " ကျိရှင်းလန်က လက်ဆွဲပြီး သူ့မေးစေ့ကို မော့ထားလိုက်တယ်။

ယန်ချုံးရဲ့ ညှိုးငယ်သောအမူအရာ ရယ်စရာကောင်းနေပုံရပြီး သူက ယန်ချုံးရဲ့ ပျော့ပျောင်းသောလည်ကုပ်ကို ဆွဲကိုင်လိုက်ပြီး နောက်တစ်ဖက်ကို အမြန်ပြန်ဆုတ်လိုက်သည်။

ယန်ချုံးက နှုတ်ခမ်းကို ပုံမှန်ကိုက်ရင်း တင်းမာလာသည်။ ယန်ချုံးက သူ့အစွမ်းအစကို မထိန်းချုပ်နိုင်တော့ဘဲ ဖြူသွားသည်အထိ အောက်နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် ကိုက်ထားသည်ကို ကျိရှင်းလန်  မြင်လိုက်သောအခါတွင် သူက လက်ဆွဲပြီး သွားများကို ဖွင့်ဟလိုက်သည်။  ယန်ချုံးက လွှတ်လိုက်သည်နှင့် ချက်ချင်းပင် လက်နှစ်ချောင်းကို တွန်းထုတ်လိုက်ပြီး ယန်ချုံးရဲ့ နူးညံ့နွေးထွေးသောလျှာကို ဆုပ်ကိုင်လိုက်သည်။

ယန်ချုံး ငိုချလိုက်သည် ။  သူ့ လည်ဇလုတ်က ပွက်ပွက်ထလာကာ ၎င်းသည် သူ၏ ခံတွင်းမှ တံတွေးများ မထွက်ရသည့် တစ်ခုတည်းသော အကြောင်းရင်းဖြစ်သည်။  တစ်စုံတစ်ယောက်ရဲ့ လက်ချောင်းတွေကို ပါးစပ်ထဲထည့်ရတာ တကယ်ရှက်စရာကောင်းတယ်။ ကျိရှင်းလန်က သူ့ကို သားကောင်လို သုံးသပ်လိုက်ပြီး ယန်ချုံးက ဒေါသအရမ်းထွက်လာပြီးတော့ ပြန်ကိုက်တဲ့ ယားယံမှုကို ခံစားလိုက်ရတယ်။  ထို့ကြောင့် လက်ချောင်းများကို ကိုက်ကာ လွှတ်ရန် ငြင်းဆန်ခဲ့သည်။

"ငါ့ကို ထပ်ကိုက်ပြန်ပြီ"  ကျိရှင်းလန်က သူ့ကို အေးအေးဆေးဆေး ကြည့်ပြီး နည်းနည်းမှ မကြောက်ဘူး။  သူ့အသံမှာ ခြိမ်းခြောက်တဲ့ လေသံတောင် ရှိသေးတယ်။  "ပြင်းပြင်းထန်ထန်ကိုက်ထား နောက်မှငါမင်းကိုပြန်ကိုက်ပစ်မယ်"

ထိုစကားကိုကြားသောအခါ ယန်ချုံးက သူ့ကျောရိုးတွင် ချက်ခြင်းအေးစက်သွားသလို ခံစားလိုက်ရသည်။  သူ့ရနံ့ဂလင်းကိုက်ခံရတဲ့အခါ ဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုတာကို သူ သတိရပြီး ချက်ခြင်း တုန်လှုပ်သွားတယ်။

ကြောက်စရာကောင်းတယ်!

ကျိရှင်းလန် ဒေါသထွက်လျှင် နောက်တစ်ကြိမ် ထပ်ကိုက်မည်ကို ယန်ချုံး က စိုးရိမ်သဖြင့် သူ့ပါးစပ်ကို အလျင်အမြန် ဖယ်လိုက်ပြီး ပါးစပ်ထောင့်ကိုသုတ်ရန် သူ့လက်ဖမိုးကို အသုံးပြုလိုက်သည်။

သို့သော်လည်း ကျိရှင်းလန်က သူ့ကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ပါဘူး။  သူက သဘောထားကြီးဟန် ဟန်ဆောင်လိုက်ပြီး “ကောင်းပြီ ၊ မင်းငါ့ကို ကိုက်ချင်တဲ့ နေရာကို ရွေးလို့ရတယ်” လို့ ပြောပြီး ယန်ချုံးရဲ့ ဆံပင်တွေကို သူ့လက်ချောင်းတွေနဲ့ မွှေလိုက်တယ်။

ယန်ချုံး မရွေးရဲဘူး။သူကမျက်လုံးမှိတ်ပြီး မျက်တောင်တွေက တဖျပ်ဖျပ်ခတ်နေသည်။  သူက ဘာမှ မပြောဘူး။

'ကိုက်မယ့်နေရာကို ရွေးရမှာလား?  ငါနေရာမရွေးချင်ပါဘူး!'

သူ့စိတ်တွေ ရှုပ်ထွေး နေချိန်မှာ ကျိရှင်းလန် စိတ်မရှည်တော့ချေ။ "မင်းစကားမပြောရင် မင်းကိုငါရွေးပေးမယ် "


သူစကားပြောနေစဉ်တွင်၊ ယန်ချုံးက သူ့ခါးတွင် အအေးဒဏ်ကို ခံစားလိုက်ရပြီး တစ်စုံတစ်ခုက သူ့ညဝတ်အင်္ကျီရဲ့ခါးစည်းကို ဆွဲငင်နေပြီ!

What the hell?!’ 

 ယန်ချုံး ရှော့ခ်ရသွားသည်။သူက ရှေ့ဘက်ကို ကန်ခဲ့ပေမယ့် ဒီလှုပ်ရှားမှုက ကျိရှင်းလန် ရဲ့ ဟန်ဆောင်မှုတစ်ခုပါပဲ။သူက ယန်ချုံးကို ဖမ်းဆုပ်ပြီး ရှေ့ကို ဆွဲဖို့ အခွင့်အရေးကို အကဲဖြတ်လိုက်တယ်။  ထို့နောက် သူ၏မေးစေ့ကို အခြားလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။သူက ယန်ချုံးကို သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ အခွင့်အရေး မပေးခဲ့ပါဘူး။  သူ၏ နွေးထွေးသော နှုတ်ခမ်းများသည် ယန်ချုံး၏ ဆဲဆိုခြင်းများအားလုံးကို ဖုံးအုပ်သွားစေကာ ယန်ချုံးက သနားစရာကောင်းသော ညည်းညူသံများသာ ထွက်လာနိုင်ခဲ့သည် ။

အခန်းက မှောင်နေပြီး သူတို့ရဲ့အမြင်အားတွေ အားနည်းသွားကာ ရလဒ်အနေနဲ့ သူတို့ရဲ့ အခြားအာရုံများက တိုးမြင့်လာခဲ့သည်။

ယန်ချုံးက ကျိရှင်းလန်၏ နှုတ်ခမ်းကို ကိုက်လိုက်သည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပြီး သူ၏ အခြားသော လှုပ်ရှားမှုတိုင်းကို သူ ကောင်းစွာ ခံစားနိုင်သည် ။သွေးတွေက သူ့ခေါင်းထိပ်ကို ပြေးလာရင်း သူ့ရင်ဘတ်ထဲမှာလည်း နှလုံးခုန်နေတယ်။


ဒါကကျိရှင်းလန်က ယန်ချုံးကို အနည်းငယ် မြည်းစမ်းပြီးနောက် မကြာခဏ ရပ်သွားတဲ့ပုံနှင့် မတူဘူး။  ဒီအနမ်းက လိုချင်တပ်မက်မှု အပြည့်နဲ့။ သူက သူ့နှုတ်ခမ်းကို ကိုက်နေနိုင်ပေမယ့် နာကျင်မှုထက် ထုံကျင်တဲ့ ခံစားမှုက ပိုကြီးတယ်။


ယန်ချုံးက လူပျိုစစ်စစ်ဖြစ်သည်။ ကျိရှင်းလန် သူ့အပေါ် လုပ်နေတာတွေကို မကိုင်တွယ်နိုင်ဘဲ လုံးလုံး ရှုံးနိမ့်သွားခဲ့တယ်။  ခဏကြာတော့ သူ့နှုတ်ခမ်းက အရေပြားကို ထပ်ကိုက်ပြန်တယ်။


ယန်ချုံးက သူ့လည်ပင်းတွင်ပွတ်သီးပွတ်သပ်လာလုပ်နေတဲ့ ကျိရှင်းလန်၏ စတင်ပြောင်းလဲနေသော ပစ်မှတ်များကို သတိပြုမိပြီးတော့ သူကထိုနေရာကအရေပြားကို စုပ်ပြီး ပြင်းပြင်းထန်ထန် ကိုက်လိုက်သည်သာမက နောက်ပြောင်သည့်ပုံစံဖြင့် စတင်ကာ သူ့(ယန်ချုံး)အာဒမ်ပန်းသီးအား ကိုက်နေသည်ကို အာရုံခံစားမိသောအခါ ယန်ချုံးက ဓာတ်လိုက်သွားသလိုမျိုး ခံစားလိုက်ရသည်။ 

ရင်သပ်ရှုမောဖွယ် ခံစားချက်တစ်ခုက သူ့လည်ချောင်းကို ဆုပ်ကိုင်လိုက်ပြီး သူထိတ်လန့်စွာဖြင့် ကန်ထုတ်လိုက်သည်။

“ရပ်...ငါ့ကို ကိုက်နေတာကို ရပ်လိုက် ” ယန်ချုံး၏ မျက်လုံးများတွင် ဇီဝကမ္မဆိုင်ရာ မျက်ရည်များ ထွက်လာသည်။

 ဒါပေမယ့်သူ ကျိရှင်းလန်ကို တွန်းထုတ်ဖို့ လက်လှမ်းလိုက်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် တောင့်သွားကြပြီး တစ်ချိန်တည်းမှာပဲ  ငုံ့ကြည့်လိုက်ကြသည်။

“……”

“……??”

 ယန်ချုံး ၏မျက်နှာက ချက်ချင်းပင် ပူလောင်လာသည်။  ကျိရှင်းလန် ကို အမှုမဲ့အမှတ်မဲ့ တွန်းထုတ်လိုက်ပြီး လွတ်မြောက်ချင်သော်လည်း ပြန်ဆွဲတာကိုခံလိုက်ရသည်။

“မလှုပ်နဲ့ ”


ကျိရှင်းလန် ၏ အသံက အနည်းငယ် အန္တရာယ်များသည်။

နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် စကားမပြောဘဲ စိုက်ကြည့်နေကြသည်။ယန်ချုံးက သူ့ကိုယ်သူ စိုစွတ်လုနီးပါး ထိတ်လန့်သွားသောအခါ၊  ရုတ်တရက် အေးစက်သောလက်တစ်စုံက စောင်အောက်သို့ ဆင်းသွားပြီး သူ့ကို ပို၍ပင် ကြောက်လန့်သွားစေသည်။

“ ဘာ...ဘာလုပ်နေတာလဲ?! ”  သူ့ဘောင်းဘီက ကျိရှင်းလန် ရဲ့လက်ကို သူနဲ့ တိုက်ရိုက်မထိတွေ့အောင် တားဆီးထားနိုင်ပေမယ့် ယန်ချုံးကတော့ တုန်လှုပ်နေဆဲပဲ။  "မင်းငါ့ကိုထပ်ထိရင် ငါမင်းကိုထိုးမှာနော် !"

“မင်းအကူအညီလိုလား?”  ကျိရှင်းလန်က တည်တည်ငြိမ်ငြိမ်နဲ့ ကွဲအက်အက်အသံဖြင့် မေးလာသည်။

ဆယ်မိနစ်ကြာပြီးနောက် ယန်ချုံးက ကျိရှင်းလန်၏လက်မောင်းပေါ်တွင် ပျော့ခွေစွာနဲ့ လဲလျောင်းနေပြီး သူ့ရဲ့အာရုံမစိုက်နိုင်သော မျက်လုံးများကို မျက်နှာကျက်ပေါ်တွင် ထရိန်နင်ပေးထားသည်။

ထိုကဲ့သို့ပင် သူ၏ သီလသမာဓိက အဲ့လိုမျိုး လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။ မနေ့ညက သူရေချိုးခဲ့တာက အလကားပဲ။

ဒါပေမယ့် ရှက်ကိုးရှက်ကန်းဖြစ်တာကလွဲရင် တကယ်ကို ခံစားလို့ကောင်းပါတယ်။

“မင်း ရှက်နေတာလား ”  ကျိရှင်းလန်က သူ့အနားကိုကပ်လာပြီး နဖူးကို နမ်းလိုက်သည်။  "မင်းအဲ့တာကိုမကြိုက်ဘူးလား?"

ယန်ချုံးက ပရောပရည်လုပ်ရန် စိတ်မ၀င်စားသောကြောင့် သူ့ကိုသာ ကန်လိုက်သည်။

သူ စိကစိတ်ပျက်လက်ပျက်ဖြင့် မျက်နှာကျက်ကို စိုက်ကြည့်နေကာ သူ့စိတ်ထဲတွင် သူ့ကိုယ်သူ နှစ်သိမ့်ခဲ့သည်။  အမှန်မှာ ကျိရှင်းလန်က အသုံးချနိုင်ခဲ့သောကြောင့် သူ့မှာဆုံးရှုံးမှုတစ်စုံတစ်ရာမရှိပေ။

'အာ ၊အဖြောင့်ကောင်လေးတွေက အချင်းချင်း ဖေးမကူညီကြသူတွေချည်းပါပဲ။  ဘာမှမဟုတ်ပါဘူး '

 ဒါပေမယ့် ကျိရှင်းလန်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ယန်ချုံး ကိုလက်လွှဲပေးလိုက်တဲ့အခါ ယန်ချုံး အံ့သြသွားတယ်။ ကျိရှင်းလန်က သူ့ကိုယ်သူ သက်သာရာရစေရန် သူ့(ယန်ချုံး)လက်ကို အသုံးပြုလိုသည်ဟု သူ(ယန်ချုံး)ထင်ခဲ့သည်။သူ အော်ဟစ်ခါနီးတွင် ကျိရှင်းလန်က သူ့(ယန်ချုံး)လက်ကို ရင်ဘတ်ပေါ်တင်လိုက်သည်။

“ငါတကယ်စိတ်လှုပ်ရှားနေတယ် ”လို့ ကျိရှင်းလန်ပြောလိုက်သည်။

သူ့လက်ဖဝါးအောက်က နှလုံးသားက ခုန်နေပြီး အတော်လေး မြန်မြန်ခုန်နေတယ်။


ယန်ချုံး မျက်လုံးပြူးသွားသည်။ ကျိရှင်းလန် ၏ မျက်လုံးများတွင် ရှက်ရွံ့မှုအရိပ်အမြွက်ကို မြင်လိုက်ရသည်ဟု သူထင်ခဲ့သည်။

'...ဟင်?! '

ဘာကြီးလဲဟ။

ယန်ချုံး က သူ့ကိုရိုက်ပြီး သူ့လက်ကို ဆွဲထုတ်လိုက်တယ်။  သူစိတ်ပျက်စွာနဲ့ လှဲချလိုက်သည် ။

သူ့စောင်အောက်မှာ ကွေးကွေးလေးလှဲနေချိန်၌ ကျိရှင်းလန်ရဲ့ နှလုံးခုန်နှုန်းကို ပြန်အမှတ်ရရင်း အသက်ပြင်းပြင်းရှူကာ လက်ဖဝါးကို တိတ်တိတ်လေးပွတ်သပ်လိုက်တယ်။  ကျိရှင်းလန် ဟာ သူဘာပဲလုပ်လုပ် ကြောက်ရွံ့ခြင်းကင်းမဲ့တာကို အမြဲတမ်းခံစားနေရပြီး သူဒီလိုစိတ်လှုပ်ရှားနေတယ်ဆိုတာကို သူတကယ်မပြောပြနိုင်ပါဘူး။

ကျိရှင်းလန်က အမြဲတမ်း ထိုကဲ့သို့ ဖြစ်နေပုံရသည်။  သူက မျက်နှာပြင်ပေါ်တွင် အေးဆေးတည်ငြိမ်နေပုံရသော်လည်း အမှန်တကယ်မှာမူ သူ့နှလုံးသားထဲတွင် ခံစားချက်များနဲ့ တုန်လှုပ်နေသူတစ်ဦးဖြစ်သည်။


ကျိရှင်းလန် က သူ့လည်ပင်းကို ပွတ်သပ်နေဆဲဖြစ်သည်။တစ်ညလုံး မဟာဆန်တဲ့ကောင်လေးရဲ့ အရုပ်ဖြစ်လာခဲ့တဲ့ ယန်ချုံးဟာ ဒီအကြောင်းကိုတွေးရင်း ပိုလို့တောင် ဒေါသထွက်လာပြီး ဝမ်းနည်းသွားခဲ့တယ်။  သူက သူ့မျက်နှာကို ခေါင်းအုံးထဲတွင် တိတ်တဆိတ် မြှုပ်နှံထားလိုက်ပြီး ကျိရှင်းလန် က သူ့ကို ဘယ်လိုပဲ အော်ခေါ်နေပါစေ သူ့မျက်နှာကိုပြဖို့ငြင်းဆန်ခဲ့သည် ။


......

T/N 1 : ဒါက ငါအနံ့ခံရတဲ့ လောကရဲ့စိတ်ပျက်မှု အစပဲလား?

💙13.3.2022

Continue Reading

You'll Also Like

145K 13.7K 95
ស្នេហារវាងកូនមហាសេដ្ឋីដែលមានកេរ្តិ៍ឈ្មោះមានក្រុមហ៊ុនសឹងគ្រប់ប្រទេសជាមួយនិងអង្គរក្សមាឌតូចមុខមាំគ្រប់ពេល JK: យើងនឹងកែប្រែចរិកគេអោយបាន! Taekook...
1M 77.8K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest
263K 25K 189
( Unicode Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တစ်ခွက်က သူမကိုသတ်ဖို့မလုံလောက်တော့ တောက...