"Dear Kyauk Khal"(Complete)

By Aakhara1993

702K 61.8K 6.2K

၁၉၃၀ ခုနှစ်ကျော်ဝန်းကျင်အားပြန်လည်ပုံဖော်ထားသော အချစ်ဇတ်လမ်းတစ်ပုဒ်ဖြစ်၏။ မှတ်ချက် =[Role Sensitive သမားတွေအန... More

(အမှာစာ)(ဖတ်ပေးကြပါရန်)
အပိုင်း(၁) "မောင်ကျောက်ခဲ"
အပိုင်း(၂)"ဗညားသိင်္ခ"
အပိုင်း(၃)"ဧည့်သည်သွားကြိုလေပြီ"
အပိုင်း(၄)"ရင်းနှီးလာကြခြင်း"
အပိုင်း(၅)"ချောကလိတ်"
အပိုင်း(၆)"ထမင်းလက်ဆုံစားခြင်း"
အပိုင်း(၇)"မာယာများခြင်းအနုပညာ"
အပိုင်း(၈)"မောင်ကျောက်ခဲလေး စကားထစ်သွားခြင်း"
အပိုင်း(၉)"မန်ကျည်းပင်ကြီးအောက်ဝယ်"
အပိုင်း(၁၀)"မောင်ကျောက်ခဲလေးစကားထစ်သွားခြင်း (၂)"
အပိုင်း(၁၁)"ဇီးကွက်ရဲ့ထူးဆန်းသောစကား"
အပိုင်း(၁၂)"အုတ်ခဲတိုက်၊ ဆီမီးတိုက်၊နတ်တိုက်"
အပိုင်း(၁၃)"လက်ထပ်ရန်တိုက်တွန်းခြင်း"
အပိုင်း(၁၄)"ထန်းရည်ဆိုင်တွင်ဒိတ်ကြခြင်း"
အပိုင်း(၁၅)"ထန်းရည်သုံးခွက်သောက်ပြီးမှောက်သွားခြင်း"**
အပိုင်း(၁၆)"မျက်စိယားသွားတဲ့ ဇီးကွက်"
အပိုင်း(၁၇)"ဘိုလိုသီချင်းဆိုတတ်သောမိန်းကလေး"
အပိုင်း(၁၈)"အတင်းစေ့စပ်ခံရသောလူငယ်လေး"
အပိုင်း(၁၉)"အိမ်တိုင်ရာရောက်ခိုးနမ်းခြင်း"
အပိုင်း(၂၀)"ဇီးကွက်၏ဒေါသများပေါက်ကွဲထွက်လာခြင်း"
အပိုင်း(၂၁)"​ပြဿနာတက်လေပြီ"
အပိုင်း(၂၂)"တူဝရီးနှစ်ယောက်ပြဿနာတက်ကြခြင်း"
အပိုင်း(၂၃)"အက်ဆစ်လူသားအဖြစ်ပြောင်းလဲသွားသော 'သိင်္ခ'"
အပိုင်း(၂၄)" 'သိင်္ခ'နှာခေါင်းသွေးသျှံပြီ "
အပိုင်း(၂၅)"မြို့တက်ကြလေပြီ"
အပိုင်း(၂၆)"မပန်းထွေး"
အပိုင်း(၂၇)"ဖွင့်ဟဝန်ခံခြင်း"
အပိုင်း(၂၈)"အဝယ်တော်ထွက်လေပြီ"
အပိုင်း(၂၉)"ဖာလူဒါ ရိုးရာ"
အပိုင်း(၃၀)"အလှူဝင်ရက်-၁"
အပိုင်း(၃၁)"အလှူဝင်ရက် -၂"
အပိုင်း(၃၂)''အလှူဝင်ရက်-၃''
အပိုင်း(၃၃)"အလှူဝင်ရက်-၄"
အပိုင်း(၃၄)"ရန်ကုန်လိုက်ရန်ခွင့်ပြုပြီ"
အပိုင်း(၃၅)"စကားထာဝှက်ခြင်း"
အပိုင်း(၃၆)''ကိုရင်လေးအားသွားရောက်နှုတ်ဆက်ခြင်း''
အပိုင်း(၃၇)''ရွှေမြို့တော်သို့သွားရောက်ခြင်း''
အပိုင်း(၃၈)'မြွေမြွေချင်းခြေမြင်'
🗺️🚋Rangoon Arc🚋🗺
အပိုင်း(၃၉)"ရန်ကုန်မြို့သို့သွားရောက်ခြင်း"
အပိုင်း(၄၀)"အမာရွတ်လေးရဲ့ရာဇဝင်"
အပိုင်း(၄၁)"ခြောက်ခြောက်ခြားခြား"
အပိုင်း(၄၂)"ဒါလင်လို့ခေါ်ပါ"
အပိုင်း(၄၃)'ရန်ကုန်မြို့တခွင်လည်ပတ်ခြင်း'
အပိုင်း(၄၄)"ချစ်တီးထမင်းအတူတူစားခြင်း"
အပိုင်း(၄၅)"ဝီလီယမ်သောမက်စ်"
အပိုင်း(၄၆)"ဧည့်သည်တော်အားသွားကြိုခြင်း"
အပိုင်း(၄၇)"ပြန်လက်ခံရန်တောင်းဆိုခြင်း"
အပိုင်း(၄၈)"သံကြိုးစာရေးခြင်း"
အပိုင်း(၄၉)'အမာကြည်ရဲ့ရင်ခုန်သံတို့အစပြုရာ'
အပိုင်း(၅၀)'ရွှေရင်အေးဆိုင်ကရန်ပွဲ'
အပိုင်း(၅၁)'လက်ထပ်ခွင့်တောင်းလေပြီ'
အပိုင်း(၅၂)'အထင်လွဲခံနေရသောအမာကြည်'
အပိုင်(၅၃)'အိမ်ပြန်နောက်ကျတဲ့ သိင်္ခ'
အပိုင်း(၅၄)'ကျောကုန်းပေါ်ကခြစ်ရာတွေ'
အပိုင်း(၅၅)'အတို့အထောင်လုပ်တဲ့ငြိမ်းငြိမ်း'
အပိုင်း(၅၆)'ဒေါ်ရွှေဇင်ညိမ်းရဲ့ဒေါသ'
အပိုင်း(၅၇)'မောင်ကျောက်ခဲလေးရဲ့မျှော်လင့်ချက်'
အပိုင်း(၅၉)'ရူးသွားတဲ့သိင်္ခ'
အပိုင်း(၆၀)'မောင်ကျော်ဆွေလိုက်သွားခြင်း'
အပိုင်း(၆၁)'မောင်ကျောက်ခဲလေးသိသွားခြင်း'
အပိုင်း(၆၂)'ဦးရွှေမောင်ရဲ့အာဏာ'
အပိုင်း(၆၃)'ချွဲလွန်းသူကြီး'
အပိုင်း(၆၄)'ရွာပြန်လာကြခြင်း'
အပိုင်း(၆၅)'လယ်စောင့်တဲလေးတွင်အဆုံးသတ်သည်'
အချပ်ပို(၁)[ ပိတောက်လက်ဆောင်]
အချပ်ပို(၂)[ အိုးမဲသုတ်ခံလိုက်ရတဲ့ 'သိင်္ခ' ]
အချ​ပ်ပို(၃)[နှစ်သစ်ကူးည]
[Book Announcement ]
[Book Info]
[Question] [ဖတ်ဖြစ်အောင်ဖတ်ပေးကြပါရန်]
အချပ်ပို(၄) [ရွှေညာမြေမှဆွေမျိုးများ]
(ဖန်တီးမှုအသစ်- နတ်မင်း၏အစေခံ)

အပိုင်း(၅၈)'ပွဲကြမ်းတဲ့သိင်္ခ'

6.6K 562 66
By Aakhara1993

Unicode
~~~~~~~

တစ်ကိုယ်လုံးမှာနေရာလပ်မကျန်အောင်
ကိုက်ခဲလို့နေတဲ့ ခံစားချက်နဲ့အတူ 'သိင်္ခ'ရဲ့မျက်ခွံတွေလှုပ်ရှားလာတယ်။

"ကျောက်...ကျောက်ခဲလေး!။"

သူတမ်းတစွာနဲ့ ရေရွတ်မိလိုက်တယ်။ အခုချိန်မှာသူပထမဆုံးတွေးမိတာက'ကျောက်ခဲ'ဆိုတဲ့ အမည်နာမပိုင်ရှင်ကိုပဲ။

ယောင်ယမ်းနေတဲ့မျက်လုံးတစ်ဖက်ကို မမျှော်လင့်ဘဲ
လက်နဲ့ထိမိလေတော့ မျက်နှာတစ်ခုလုံး လျှပ်စစ်နဲ့
အတို့ခံလိုက်သလိုကျင်တက်သွားရတယ်။အဲဲဒီအခါမှ
ပဲနေ့လည်တုန်းက မြင်ကွင်းတွေက သူ့ရဲ့အာရုံထဲမှာ
တစ်ခုချင်းစီပြန်ပေါ်လာတာကြောင့် တစ်ဖက်လူကို
အရမ်းစိတ်ပူသွားရတာ ချက်ချင်းတောင်ထထိုင်မိတဲ့အထိ။ အဲ့ဒီနောက်မှတော့
ပတ်တီးအဖွေးသားနဲ့ ခြေထောက်တစ်ဖက်ကို
တရွတ်တိုက်ဆွဲလို့ အခန်းတံခါးဆီကိုအမြန်သွားလိုက်ရတော့တယ်။

'ကျောက်ခဲလေး...မင်းဘယ်မှာလဲ။'

'ဒေါက်....ဒေါက်!"

ခြစ်ရာ၊ ညိုမည်းရာတွေနဲ့ ပြည့်နှက်နေတဲ့
လက်ဆစ်ရှည်ရှည်တွေဟာ ကျွန်းတံခါးကြီးကို
ခပ်ပြင်းပြင်းထိခတ်လို့လာတယ်။

"အပြင်မှာ ဘယ်သူရှိလဲ။"

'သိင်္ခ'က သူ့ရှေ့မှာမြင်နေရတဲ့တံခါးလက်ကိုင်ကို
ဆွဲကိုင်ရင်းပြောလိုက်တယ်။

"အစ်ကိုလေး ဘာလိုအပ်တာရှိလို့လဲခင်ဗျ။"

အပြင်ဘက်မှာ တံခါးကိုစောင့်နေတဲ့အစေခံလေးရဲ့အသံကထိတ်ထိတ်ပြာပြာရယ်။ဒီအခန်းထဲမှာ သူတို့ရဲ့အစ်ကိုလေးရှိနေတယ်ဆိုပေလို့သာပဲ၊ မဟုတ်လို့ကတော့ ကြောက်စရာကောင်းတဲ့သရဲတစ်ကောင်ကို
ပိတ်ထားတယ်လို့ထင်မိမှာ။

"အဟက်..!။"

'သိင်္ခ' အသံထွက်ပြီးရယ်လိုက်မိတယ်။
သူ့ကို အခန်းထဲပိတ်ထားရုံနဲ့
စိတ်ချရမယ်လို့ထင်နေတာပဲ။

" ကျောက်ခဲလေး ကိုငါ့ဆီခေါ်ခဲ့ပေး။"

"ဟို ...ကျောက် ကျောက်ခဲက။"

တစ်ဖက်ခြမ်းက လူကအထိတ်တလန့်နဲ့
ထစ်ငေါ့စွာဖြေလာတာမို့ အကင်းပါးလှတဲ့ 'သိင်္ခ'
ဆောက်တည်ရာမရဖြစ်လာတယ်။

"မင်း...မင်းတို့တွေ သူ့ကိုဘာလုပ်လိုက်ကြပြီလဲ
ရာရာစစ ငါ့လူကိုများ မင်းတို့ကထိရဲတယ်ပေါ့။"

အခန်းထဲကနေ ဒေါသတကြီးနဲ့ဆိုလာတဲ့ 'သိင်္ခ'ရဲ့
အသံက တစ်စုံတစ်ခုကိုသတိပေးနေသယောင်။
အခန်းစောင့်နေရတဲ့ ကောင်လေးခမျာအလိုလိုနေရင်းကြောက်ဒူးတုန်လာရတာမို့၊ အပေါ့သွားတဲ့လူတွေ
အမြန်ပြန်လာပါစေလို့ပဲ ဆုတောငိးနေမိတယ်။

"ကျောက်...ကျောက်ခဲက အိမ်ကနေထွက် ထွက်သွား
ပါပြီ အစ်ကိုလေး။"

ကြားလိုက်ရတဲ့ စကားကြောင့် 'သိင်္ခ'တစ်ယောက်
​မတ်တတ်ရပ်နေရာကနေ ကြမ်းပြင်ပေါ်ကို အရုပ်ကြိုးပြတ်ပစ်လဲကျသွားရတယ်။

"ထွက်သွားပြီ..ထွက်သွားပြီတဲ့လား.."

"မဖြစ်နိုင်တာ... ဘယ်လိုမှမဖြစ်နိုင်ဘူး!
ကျောက်ခဲက ငါ့ကိုဘယ်တော့မှထားသွားမှာ
မဟုတ်ဘူး!။"

'သိင်္ခ'ရဲ့ ဆောက်တည်ရာမဲ့နေတဲ့ အော်သံကျယ်ကြီးကအခန်းထဲကနေထွက်ပေါ်လို့လာတယ်။ တာကျိုးသလိုစီးကျနေတဲ့မျက်ရည်တွေနဲ့၊ ဂဏာမငြိမ်တော့တဲ့
မျက်စံတွေက မျက်လုံးအိမ်ထဲမှာ အလျင်လိုစွာပြေး
လွှားနေကြတယ်။

"ကျောက်ခဲ....ကျောက်ခဲရေ!
ကိုယ့်ကိုအဲ့သလို မကျီစယ်နဲ့လေကွယ်..
ထွက်လာခဲ့နော်...မင်းကို ထပ်မထိခိုက်စေရပါဘူး
ကျောက်ခဲလေး။"

သူအသံကုန်ဟစ်ပြီး ခေါ်နေခဲ့ပေမဲ့တစ်ဖက်လူကိုသူ့ကိုပြန်ပြီးတောင် အသံမပြုလာဘူး။
တကယ်ပဲ သူ့ကိုထားပြီးထွက်သွားပြီလား...သူ့ကို
စိတ်ပျက်သွားတာလား၊ အဲ့လိုတော့မဖြစ်လိုက်ပါနဲ့။

"ကျောက်ခဲ...ငါ့ကျောက်ခဲ ကိုပြန်ခေါ်ပေးပါ!
ငါ့ကလေးလေးကို ပြန်ခေါ်ပေးပါ..မေမေ,
ကျွန်တော်တောင်းပန်ပါတယ် ...'ကျောက်ခဲလေး' ကိုပြန်ပေးပါ။"

ဒီအခန်းကြီးက ကျယ်လွန်းတယ်၊ ဒီအခန်းထဲမှာ
'ကျောက်ခဲ' ရဲ့အငွေ့အသက်ဆိုလို့မြူ မှုန်တစ်မှုန်လေးတောင်ရှာမရဘူး သူကြာရင်ရူးသွားလိမ့်မယ်။
ဒီအခန်းထဲမှာ တစ်စက္ကန့်လေး
တောင်မနေနိုင်ဘူး။ ထွက်သွားရမယ်။

သူ နာကျင်လွန်းနေတဲ့ခြေထောက်တွေကို ဂရုမစိုက်အားပြတင်းပေါက်တံခါးဆီတရွတ်တိုက်ဆွဲသွားရင်း
ဆွဲဖွင့်ဖို့ကြိုးစားလိုက်ပေမဲ့ အပြင်ကနေကာရိုက်ထားတဲ့သစ်သားတန်းတွေကြောင့် ဘာမှလုပ်လို့မရ။

အရင်ကသူနေခဲ့တဲ့အခန်းက ဒီနေ့တစ်ရက်အတွင်း
မှာပဲအချုပ်ထောင်လိုပြောင်းလဲသွားရပြီ။
မူးယစ်ဆေးတစ်ခုလိုတောင်းတနေမိတဲ့ ကောင်ငယ်လေးရဲ့မျက်နှာကိုမမြင်ရတော့ စိတ်တွေကသိပ်မူ
မမှန်ချင်တော့။ တစ်ခုတည်းသောထွက်ပေါက်ဖြစ်တဲ့
အခန်းတံခါးဆီကို ထပ်သွားလိုက်ပြီးတော့ အရှိန်ပြင်းပြင်းနဲ့ထုရိုက်လိုက်တယ်။

"ဒုန်းးးဒုန်း!"

"တံခါးဖွင့်ပေး...ငါ့ကို အခုတံခါးဖွင့်ပေးစမ်း!။"

တဒုန်းဒုန်းထုရိုက်ပြီး အသံနက်ကြီးနဲ့အော်ဟစ်လာတဲ့
'သိင်္ခ'ကြောင့် အောက်ထပ်မှာအပေါ့သွားနေတဲ့လူတွေ
လဲအပေါ်ကိုပြေးတက်လာရတယ်။

"ဘာ...ဘာဖြစ်တာလဲ။"

"ကျွန် ကျွန်တော်လဲ မသိဘူး အစ် အစ်ကိုလေး
ရူးသွားပြီလားမသိဘူး ခုနကပဲငိုနေသေးတာကို
ရုတ်တရက်ကြီး အခန်းတံခါးကို အားနဲ့ထုလာတာဗျတစ်ခုခုလုပ်ကြပါအုံး!။"

တံခါးကိုစောင့်ရတဲ့ ကောင်ငယ်လေးဟာ
ကျန်တဲ့လူတွေကိုကြောက်ကြောက်လန့်လန့်နဲ့ ရှင်းပြလိုက်ရတယ်။

"အားးးးးငါ့ကို အခုတံခါးဖွင့်ပေးလို့!။"

"ဝုန်းးးးဒုန်းးး!"

"ဟဲ့...ဟဲ့ လုပ်ကြပါအုံး
အစ်ကိုလေး..စိတ်ထိန်းပါအုံး!။"

အစေခံဒေါ်ကြီးတွေခမျာ အခန်းထဲကအာဠာဝက
လိုသခင်လေးကြောင့် အထိတ်တလန့်နဲ့ရင်ဘတ်တွေဖိထားကြရတယ်။ တံခါးကိုဖွင့်ပေးချင်ပေမဲ့ သော့ကလည်းသခင်မကြီးယူသွားတာမို့ တော်တော်လေးအကျပ်ရိုက်နေရပြီး၊ သခင်လေးတစ်ခုခုဖြစ်သွားမှာကိုလဲစိုးရိမ်လျက်ရှိတယ်။

ပစ္စည်းတွေနဲ့အခန်းတံခါးရဲ့ထိရိုက်သံက ပိုမိုကျယ်လောင်လို့လာပြီး၊ တစ်ခါ တစ်ခါထွက်ပေါ်လာတဲ့ အော်သံနက်ကြီးကလည်းကြားရသူကို ကြက်သီးထစေတယ်။

ကျွန်းတံခါးဖြစ်နေလို့သာတော်တော့တယ်။
မဟုတ်လို့ကတော့ အိမ်ပါဇောက်ထိုးလုပ်ပစ်မည်ပေလားမသိ။အခုအချိန်မှာ သူတို့အားလုံးစိတ်ထဲ ရေရွတ်နေမိကြတာကတော့ 'သူတို့သခင်လေးက ရူးသွားပြီ၊ အဲ့တာကယောက်ျားလေးတစ်ယောက်ကြောင့်'လို့သာဖြစ်တယ်။

"အား..သောက်ရူးကောင်တွေ
အကုန်လုံးကိုသတ်ပစ်မယ်။"

'သိင်္ခ' လည်ပင်းကြောတွေထောင်သည်အထိ
ဒေါသတကြီးဆဲရေးလိုက်ပြီးနောက်မှာတော့
ဘေးနားကကုလားထိုင်ကိုယူပြီး
အခန်းတံခါးဆီကို ပစ်ပေါက်လိုက်တော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပန်းပုဆရာရဲ့လက်ရာမြောက်မှုကြောင့်
မြင်းစီးဟန် တစ်မျိုး၊ ဓားထမ်းဟန်တစ်ဖုံ စတဲ့
ဟန်ပန်အမျိုးမျိုးနဲ့ခန့်ညားဝင့်ထည်နေတဲ့
သုံးဆယ့်ခုနှစ်ပါးသော နတ်မင်းတို့ကို
အုန်းပွဲ၊ ငှက်ပျောပွဲ၊ အရက်၊ ကြက်ကြော်၊ အချို ရည်၊ ပန်း၊ စသည်တို့ဖြင့် သေချာဆက်ကပ်ထားတဲ့ အခန်းကျယ်ထဲမှာ 'ဒေါ်ရွှေဇင်ညိမ်း'နဲ့ 'ငြိမ်းငြိမ်း'တို့နှစ်ယောက်သားပဆစ်တုပ်လေးထိုင်ပြီး မိမိအရှေ့ကပုဂ္ဂိုလ်ကို အားကိုးတကြီးနဲ့ ကြည့်နေမိတယ်။

'ကံကြီးမောင်'တဲ့ ရန်ကုန်မြို့ရဲ့ နတ်ကိုးကွယ်ယုံကြည်သူတွေကြားထဲမှာ အရှိန်အဝါကြီးကြီးနဲ့သြဇာလွှမ်းတဲ့ ကနားစီး အကျော်အမော်တစ်ပါး။ ငယ်ရွယ်ပေမဲ့
သီလလုံတယ်၊ သမာဓိရှိတယ်၊စကားပြောပြတ်တယ်။

ဘယ်ဘက်ပါးပြင်အောက်မှာ
ထင်ထင်ရှားရှားရှိနေတဲ့မှည့်က ဝင်းမွတ်တဲ့ထောင့်ချိုးကျကျ မျက်နှာပေါ်မှာ ခန့်ထည်စွာတည်ရှိလို့နေပြီး တည်ကြည်တဲ့အရှိန်အဝါတစ်မျိုးထုတ်လွှတ်လို့နေတယ်။

" မောင်ကံ ရယ်  ဒေါ်ဒေါ်တို့ကို ကူညီပါအုံး။"

'ဒေါ်ရွှေဇင်ညိမ်း'ရဲ့ ရင်ထဲမှာ ချော်ရည်ပူတွေစီးဆင်းလို့နေတယ်။ ကိစ္စတွေပြီးကတည်းက သူ့မှာခဏလေးတောင်မနားရဲ 'ကံကြီးမောင်'ဆီတန်းလာခဲ့ရတာ။
'ကံကြီးမောင်'က ကနားစီးလည်းဖြစ်သလို၊ ဗေဒင်ယတြာလည်းကျွမ်းကျင်တာမို့ မေးစရာရှိတာမေးပြီး၊ အစီအရင်လည်းလုပ်ရမည်လေ။

"ကဲ...ဘာဖြစ်လာတာလဲ ကျုပ်ကိုပြောပါအုံး။"

သူ(မ)ရဲ့မျက်လုံးတွေထဲကိုစိုက်ကြည့်ပြီး
မေးလာတဲ့တစ်ဖက်လူကြောင့် 'ဒေါ်ရွှေဇင်ညိမ်း'ခမျာ အသည်းထဲ အေးသွားရတယ်။ ဒီလိုအရှိန်အဝါတွေရှိနေလို့လည်း အားလုံးက လေးစားရတဲ့အကျော်အမော်တစ်ယောက်ဖြစ်နေတာ မဆန်းဘူးဟုရေရွတ်မိတဲ့အထိပင်။အဲ့ဒီနောက်တံတွေးကိုအသာမျို ချလိုက်ပြီးဖြစ်သမျှအကြောင်းကို အလုံးစုံပြောပြလိုက်တော့တယ်။

"အဲ့ဒါကြောင့် အဲ့ကလေး ရဲ့မျက်နှာကိုမမြင်ချင်တော့
လောက်အောင် လုပ်ပေးပါကွယ်။"

'ဒေါ်ရွှေဇင်ညိမ်း'စကားကိုကြားတော့
'ကံကြီးမောင်'ကအဓိပ္ပါယ်မှန်းရခက်တဲ့
အပြုံးတစ်ပွင့်ကိုလှစ်ဟပြလာတယ်။

"အဓိကပြဿနာက
ယောက်ျားလေးအချစ်တော်ထားလို့ပေါ့
သားဖြစ်သူရဲ့ ဇာတာရှိတယ်မလား
ကျုပ်ကိုတစ်ချက်လောက်ပြပေးပါ။"

'ဒေါ်ရွှေဇင်ညိမ်း'လဲ လက်ကိုင်အိတ်ထဲမှာ လိုလိုပိုပိုထည့်လာတဲ့ သားဖြစ်သူရဲ့ဇာတာခွင်ပေလိပ်ကို
'ကံကြီးမောင်' ဆီတရိုတသေနဲ့လှမ်းပေးလိုက်တော့တယ်။

'ကံကြီးမောင်'ဟာ ဇာတာခွင်ကိုအချိန်အတော်ကြာအထိကြည့်ရှု့လို့နေခဲ့ပြီးနောက် ခပ်အေးအေးပဲ
ပြောလာတယ်။

"ဒေါ်ဒေါ်ရဲ့သားက ' ပုတိ 'ဖွားပဲ။
ပုတ်သင်လို ပတ်ဝန်းကျင်အလိုက် အရောင်ပြောင်းတတ်တဲ့လူတွေလိုအကြမ်းဖျင်းသတ်မှတ်လို့ရတယ်။ပြောချင်တဲ့သဘောက ပတ်ဝန်းကျင်၊မိသားစု၊နီးစပ်ရာလူတွေရဲ့အခြေအနေတွေက သူတို့အပေါ်အများကြီးသက်ရောက်မှုရှိတယ်။'တံငါးနားနီတံငါ၊မုဆိုးနားနီးမုဆိုး'ဆိုသလိုပေါ့။အဲ့တော့ ကျုပ်ရှည်ရှည်ဝေးဝေးတွေပြောမနေတော့ဘူး၊ဒေါ်ဒေါ်တို့ရဲ့ အနီးတဝိုက်မှာလဲ ဟိုးအစောပိုင်းကတည်းက ယောက်ျားလေးချင်း အချစ်တော်ထားတဲ့လူရှိကိုရှိတယ်။"

ဟောချက်ပြောချက် ပိုင်လွန်းပါတယ်ဆိုပြီး နာမည်ကြီးလှတဲ့ 'ကံကြီးမောင်'ရဲ့စကားကို သူ(မ) သံသယမဝင်ရဲ။

"ဘယ်...ဘယ်သူလဲဟင်
အဲ့တော့ ပတ်ဝန်းကျင်မှာ ယောက်ျားလေးအချစ်တော်ထားတဲ့လူရှိနေလို့ ဒေါ့်ဒေါ့်သားလေးက အဲ့လိုဖြစ်နေတာလား။ဒါဆို ...ဒေါ်ဒေါ်ဘာဆက်လုပ်ရမလဲ"

တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလိုပင် ။
'ဒေါ်ရွှေဇင်ညိမ်း'ခမျာ သားဖြစ်သူအတွက်ပူပန်လို့ လာခဲ့ပါတယ် အခုတော့ နောက်ထပ် ယောက်ျားလေး အချစ်တော်ထားတဲ့လူရှိနေသေးတယ်တဲ့လေ။
တကယ်ကိုပဲလောကကြီးက ဘာတွေဖြစ်ကုန်လေသလဲ။

" ကျုပ်စကားမဆုံးသေးဘူး...ဒေါ်ဒေါ်
ကျောက်ခဲ ဟုတ်တယ်မလား။သူ့ရဲ့ဇာတာ အကြမ်းဖျင်းကို ကျုပ်ခန့်မှန်းပြီးတွက်ကြည့်ရ
သလောက်ကတော့ မဖြစ်နိုင်ဘူး။ သူတို့နှစ်ယောက်ကခွဲလို့မဖြစ်နိုင်ဘူး...ဒေါ်ဒေါ် ။'ကနား'ပဲပေးပေး၊ ယတြာပဲချေချေ၊ ၊ ဘယ်လိုနည်းနဲ့ပဲလုပ်လုပ်
သူတို့ကသေရင်တောင်အတူသေမဲ့ ဖူးစာဖက်တွေ။"

'ကံကြီးမောင်'ရဲ့စကားလုံးတစ်လုံးချင်းစီက
'ဒေါ်ရွှေဇင်ညိမ်း'ရဲ့ရင်ကို အရှိန်ပြင်းပြင်းနဲ့ထိုးနှက်နေလေတယ် ။ 'ကံကြီးမောင်'ပြောတာတွေသာ တကယ်ဆိုရင် သူ(မ)ရဲ့သားလေးဘဝတော့သွားပါပြီ။ ဘယ်လိုလုပ်ရပါ့မလဲသူလုံးဝလက်မခံနိုင်ဘူး၊
သူ့မှာဒီသားလေးတစ်ယောက်တည်းရှိတာ။

"ဒေါ်ဒေါ့်ကို ကူညီပါ 'ကံကြီးမောင်' ရယ်
ငွေဘယ်လောက်ပဲ ကုန်ရကုန်ရပါ...သားလေးကို
အဲ့လိုမဖြစ်စေချင်ဘူး။"

"ယတြာလုပ်လဲ ခဏပဲ...ပြီးရင်
တစ်ယောက်ရှိတဲ့နေရာကို တစ်ယောက်ကသွားမှာ။ကံကြမ္မာကသတ်မှတ်ထားတဲ့ဖူးစာကို ကျုပ်လို
'ကနားစီး'တစ်ယောက်က ဖြတ်ပေးဖို့မဖြစ်နိုင်ဘူး။
ကျုပ်အကောင်းဆုံးအကြံပေးချင်တာက မမြင်ချင်ယောင်သာဆောင်ထားလိုက်ပါ ဒေါ်ဒေါ်...မဟုတ်ရင်ပြဿနာတွေသိပ်ရှုပ်ထွေးကုန်ပြီး လူတွေပါသိကုန်လိမ့်မယ်။သူတို့လမ်းကိုသူတို့လျှောက်ပါစေ။"

'ကံကြီးမောင်'လဲ တသိမ့်သိမ့်ရှိုက်ငိုနေတဲ့
'ဒေါ်ရွှေဇင်ညိမ်း'ကို နှစ်သိမ့်ပေးရုံအပြင်မတတ်နိုင်။
ထူးလည်းထူးတဲ့ဖူးစာလို့သာပြောရတော့မယ်။
နှစ်ယောက်လုံးက ယောက်ျားလေးဖြစ်နေတာကလွဲရင်လက်တွဲဖော်ကောင်းတွေ၊ ဒီလိုခေတ်ကာလကြီးထဲမှာဒါမျိုးကရှားပါးဖြစ်ရပ်ဆိုပေမဲ့ သူကလက်ခံသည်လည်း၊ မဟုတ်သလို ငြင်းပယ်မှာလဲမဟုတ်။

လူဆိုတာမွေးလာကတည်းက ကံကြမ္မာကသတ်မှတ်ထားပြီးသားမို့ဘယ်သူမှတားဆီးနိုင်မှမဟုတ်ပေ။ ပူလောင်လှတဲ့ အချစ် ဆိုတဲ့ အရာကိုဘဲအပြစ်တင်ကြပေါ့။

'ဒေါ်ရွှေဇင်ညိမ်း'ဟာ 'ကံကြီးမောင်'ကို ဘယ်လိုမှအကူအညီတောင်းမရတဲ့နောက်ဆုံး မျက်ရည်လည်ရွှဲနဲ့ပဲ အိမ်ကိုပြန်လာခဲ့ရတယ်။
ဒီနည်းမဟုတ်လဲ နောက်နည်းနဲ့ရအောင်
လုပ်မှာ၊ ဒီသားလေးတစ်ယောက်ပဲရှိတာမို့ လွယ်လွယ်နဲ့တော့အလျှော့မပေးနိုင်၊ ဘာတွေပဲ
ဖြစ်လာပါစေ မျိုးရိုးသိက္ခာကိုထိန်းဖို့လုပ်သင့်တာလုပ်ရမှာပဲ။

"မေမေကြီး ဘာဆက်လုပ်မှာလဲဟင်။"

ဘေးနားကိုကပ်ပြီး
ခပ်တိုးတိုးမေးလာတဲ့ '​ငြိမ်းငြိမ်း'
ကြောင့်'ဒေါ်ရွှေဇင်ညိမ်း'ဟာခပ်မဲ့မဲ့ပြုံးရင်း
ဇွဲကြီးစွာရေရွတ်လိုက်တော့တယ်။

"ငါ့မှာနည်းလမ်းရှိသေးတယ်
မနက်ဖြန်ကျ 'အမာကြည်'တို့အိမ်ကိုသွားကြ
တာပေါ့။"

ကိုယ့်အကြံနဲ့ကိုယ် ကျေနပ်နေတဲ့ 'ဒေါ်ရွှေဇင်ညိမ်း'က
အိမ်မှာကျန်နေခဲ့တဲ့ သားဖြစ်သူရဲ့အခြေအနေကို
လုံးဝတွေးမိဟန်မရှိ ၊၊ တစ်ချက်ခုတ်လျှင် ၊
နှစ်ချက်ပြတ်မည်ဟုသာ စိတ်ထဲမှာရေရွတ်နေခဲ့တော့
တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

upပေးလိုက်ပါပြီ ။
ဖတ်ပေးဖို့က မင်းလေးတို့တာဝန်ပါ။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Zawgyi
~~~~~~~
Previous Chapter
~~~~~~~~~~~~~~~

အဝါေရာင္ေမွ်ာ္လင့္ခ်က္ေလးတစ္ခုကို
ရင္ဝယ္တင္းတင္းပိုက္လို႔
ေရွ႕ဆက္ရမဲ့ေကာင္ငယ္ေလး ရဲ႕လမ္းဟာ အလုံးစုံေခ်ာေမြ႕မေနခဲ့ပါဘူး။ အမိုးအကာမပါ၊ ေျခဗလာနဲ႕ ပုံစံကသာခပ္ႏြမ္းႏြမ္းျဖစ္ေနေပမဲ့ အၿပဳံးေတြကေတာ့ ေမွ်ာ္လင့္ခ်က္ေတြေၾကာင့္အလြန္တရာကိုလင္းလက္ေနခဲ့ေလရဲ႕။

🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚

တစ္ကိုယ္လုံးမွာေနရာလပ္မက်န္ေလာက္ေအာင္
ကိုက္ခဲလို႔ေနတဲ့ ခံစားခ်က္နဲ႕အတူ 'သိခၤ'ရဲ႕မ်က္ခြံေတြလႈပ္ရွားလာတယ္။

"ေက်ာက္...ေက်ာက္ခဲေလး!။"

သူတမ္းတစြာနဲ႕ ေရ႐ြတ္မိလိုက္တယ္။ အခုခ်ိန္မွာသူပထမဆုံးေတြးမိတာက'ေက်ာက္ခဲ'ဆိုတဲ့ အမည္နာမပိုင္ရွင္ကိုပဲ။

ေယာင္ယမ္းေနတဲ့မ်က္လုံးတစ္ဖက္ကို မေမွ်ာ္လင့္ပဲ
လက္နဲ႕ထိမိေလေတာ့ မ်က္ႏွာတစ္ခုလုံး လွ်က္စစ္နဲ႕
အတို႔ခံလိုက္သလိုက်င္တက္သြားရတယ္။အဲဲဒီအခါမွ
ပဲေန႕လည္တုန္းက ျမင္ကြင္းေတြက သူ႕ရဲ႕အာ႐ုံထဲမွာ တစ္ခုခ်င္းစီျပန္ေပၚလာတာေၾကာင့္ တစ္ဖက္လူကိုအရမ္းစိတ္ပူသြားရၿပီး ခ်က္ခ်င္းဆိုသလိုထထိုင္မိလိုက္တယ္။ အဲ့ဒီေနာက္မွေတာ့
ပတ္တီးအေဖြးသားနဲ႕ ေျခေထာက္တစ္ဖက္ကို
တ႐ြတ္တိုက္ဆြဲလို႔ အခန္းတံခါးဆီကိုအျမန္သြားလိုက္ရေတာ့တယ္။

'ေက်ာက္ခဲေလး...မင္းဘယ္မွာလဲ။'

'ေဒါက္....ေဒါက္!"

ျခစ္ရာ၊ ညိုမည္းရာေတြနဲ႕ ျပည့္ႏွက္ေနတဲ့
လက္ဆစ္ရွည္ရွည္ေတြဟာ ကြၽန္းတံခါးႀကီးကိုခပ္ျပင္းျပင္းထိေတြ႕လို႔လာတယ္။

"အျပင္မွာ ဘယ္သူရွိလဲ။"

'သိခၤ'က သူ႕ေရွ႕မွာျမင္ေနရတဲ့တံခါးလက္ကိုင္ကို
ဆြဲကိုင္ရင္းေျပာလိုက္တယ္။

"အစ္ကိုေလး ဘာလိုအပ္တာရွိလို႔လဲခင္ဗ်။"

အျပင္ဘက္မွာ တံခါးကိုေစာင့္ေနတဲ့လူက အလန့္တၾကားနဲ႕ေျပာလာတယ္။ ဒီအခန္းထဲမွာ သူတို႔ရဲ႕အစ္ကိုေလးရွိေနတယ္ဆိုေပလို႔သာပဲ၊ မဟုတ္လို႔ကေတာ့ ေၾကာက္စရာေကာင္းတဲ့သရဲတစ္ေကာင္ကို ပိတ္ထားတယ္လို႔ထင္မိမွာ။

"အဟက္..!။"

'သိခၤ' အသံထြက္ၿပီးရယ္လိုက္မိတယ္။
သူ႕ကို အခန္းထဲပိတ္ထား႐ုံနဲ႕
စိတ္ခ်ရမယ္လို႔ထင္ေနတာပဲ။

" ေက်ာက္ခဲေလး ကိုငါ့ဆီေခၚခဲ့ေပး။"

"ဟို ...ေက်ာက္ ေက်ာက္ခဲက။"

တစ္ဖက္ျခမ္းက လူကအထိတ္တလန႔္နဲ႕
ထစ္ေငါ့စြာေျဖလာတာမို႔ 'သိခၤ'ပိုၿပီးေဆာက္တည္ရာမရျဖစ္လာတယ္။

"မင္း...မင္းတို႔ေတြ သူ႕ကိုဘာလုပ္လိုက္ၾကၿပီလဲ
ရာရာစစ ငါ့လူကိုမ်ား မင္းတို႔ကထိရဲတယ္ေပါ့။"

အခန္းထဲကေန ေဒါသတႀကီးနဲ႕ဆိုလာတဲ့
'သိခၤ'ရဲ႕အသံက တစ္စုံတစ္ခုကိုသတိေပးေနသေယာင္။ အခန္းေစာင့္ေနရတဲ့ ေကာင္ေလးခင္ဗ်ာအလိုလိုေနရင္းေၾကာက္ဒူးတုန္လာရတာမို႔၊ အေပါ့သြားတဲ့လူေတြ အျမန္ျပန္လာပါေစလို႔ပဲ ဆုေတာငိးေနမိတယ္။

"ေက်ာက္...ေက်ာက္ခဲက အိမ္ကေနထြက္ ထြက္သြား
ပါၿပီ အစ္ကိုေလး။"

ၾကားလိုက္ရတဲ့ စကားေၾကာင့္ 'သိခၤ'တစ္ေယာက္ မတ္တတ္ရပ္ေနရာကေန ၾကမ္းျပင္ေပၚကို အ႐ုပ္ႀကိဳးျပတ္ပစ္လဲက်သြားရတယ္။

"ထြက္သြားၿပီ..ထြက္သြားၿပီတဲ့လား..!"

"မျဖစ္နိုင္တာ... ဘယ္လိုမွမျဖစ္နိုင္ဘူး!
'ေက်ာက္ခဲ' က ငါ့ကိုဘယ္ေတာ့မွထားသြားမွာ
မဟုတ္ဘူး။"

'သိခၤ'ရဲ႕ ေဆာက္တည္ရာမဲ့ေနတဲ့ ေအာ္သံက်ယ္ႀကီးကအခန္းထဲကေနထြက္ေပၚလို႔လာတယ္။ တာက်ိဳးသလိုစီးက်ေနတဲ့မ်က္ရည္ေတြနဲ႕၊ ဂဏာမၿငိမ္ေတာ့တဲ့ မ်က္စံေတြက မ်က္လုံးအိမ္ထဲမွာ အလ်င္လိုစြာေျပးလႊားေနၾကတယ္။

"ေက်ာက္ခဲ....ေက်ာက္ခဲေရ!
ကိုယ့္ကိုအဲ့သလို မက်ီစယ္နဲ႕ေလကြယ္..
ထြက္လာခဲ့ေနာ္...မင္းကို ထပ္မထိခိုက္ေစရပါဘူး
ေက်ာက္ခဲေလး။"

သူအသံကုန္ဟစ္ၿပီး ေခၚေနခဲ့ေပမဲ့တစ္ဖက္လူကိုသူ႕ကိုျပန္ၿပီးေတာင္ အသံမျပဳလာဘူး။
တကယ္ပဲ သူ႕ကိုထားၿပီးထြက္သြားၿပီလား...သူ႕ကို
စိတ္ပ်က္သြားတာလား၊ အဲ့လိုေတာ့မျဖစ္လိုက္ပါနဲ႕။

"ေက်ာက္ခဲ...ငါ့ေက်ာက္ခဲ ကိုျပန္ေခၚေပးပါ!
ငါ့ကေလးေလးကို ျပန္ေခၚေပးပါ..ေမေမ,
ကြၽန္ေတာ္ေတာင္းပန္ပါတယ္ ...'ေက်ာက္ခဲေလး' ကိုျပန္ေပးပါ။"

ဒီအခန္းႀကီးက က်ယ္လြန္းတယ္၊ ဒီအခန္းထဲမွာ
'ေက်ာက္ခဲ' ရဲ႕အေငြ႕အသက္ဆိုလို႔ျမဴ မႈန္တစ္မႈန္ေလးေတာင္ရွာမရဘူး သူၾကာရင္႐ူးသြားလိမ့္မယ္။
ဒီအခန္းထဲမွာ တစ္စကၠန႔္ေလး
ေတာင္မေနနိုင္ဘူး။ ထြက္သြားရမယ္။

သူ နာက်င္လြန္းေနတဲ့ေျခေထာက္ေတြကို ဂ႐ုမစိုက္အားျပတင္းေပါက္တံခါးဆီတ႐ြတ္တိုက္ဆြဲသြားရင္း
ဆြဲဖြင့္ဖို႔ႀကိဳးစားလိုက္ေပမဲ့ အျပင္ကေနကာရိုက္ထားတဲ့သစ္သားတန္းေတြေၾကာင့္ ဘာမွလုက္လို႔မရ။

အရင္ကသူေနခဲ့တဲ့အခန္းက ဒီေန႕တစ္ရက္အတြင္း
မွာပဲအခ်ဳပ္ေထာင္လိုေျပာင္းလဲသြားရၿပီ။
မူးယစ္ေဆးတစ္ခုလိုေတာင္းတေနမိတဲ့ ေကာင္ငယ္ေလးရဲ႕မ်က္ႏွာကိုမျမင္ရေတာ့ စိတ္ေတြကသိပ္မူမမွန္ခ်င္ေတာ့။ တစ္ခုတည္းေသာထြက္ေပါက္ျဖစ္တဲ့အခန္းတံခါးဆီကို ထပ္သြားလိုက္ၿပီးေတာ့ အရွိန္ျပင္းျပင္းနဲ႕ထုရိုက္လိုက္တယ္။

"ဒုန္းးးဒုန္း!"

"တံခါးဖြင့္ေပး...ငါ့ကို အခုတံခါးဖြင့္ေပးစမ္း!။"

တဒုန္းဒုန္းထုရိုက္ၿပီး အသံနက္ႀကီးနဲ႕ေအာ္ဟစ္လာတဲ့
'သိခၤ'ေၾကာင့္ ေအာက္ထပ္မွာအေပါ့သြားေနတဲ့လူေတြလည္းအေပၚကိုေျပးတက္လာရတယ္။

"ဘာ...ဘာျဖစ္တာလဲ။"

"ကြၽန္ ကြၽန္ေတာ္လဲ မသိဘူး အစ္ အစ္ကိုေလး
႐ူးသြားၿပီလားမသိဘူး ခုနကပဲငိုေနေသးတာကို
႐ုတ္တရက္ႀကီး အခန္းတံခါးကို အားနဲ႕ထုလာတာဗ်တစ္ခုခုလုပ္ၾကပါအုံး!။"

တံခါးကိုေစာင့္ရတဲ့ ေကာင္ငယ္ေလးခင္ဗ်ာ က်န္တဲ့လူေတြကိုေၾကာက္ေၾကာက္လန႔္လန႔္နဲ႕ ရွင္းျပလိုက္ရတယ္။

"အားးးးးငါ့ကို အခုတံခါးဖြင့္ေပးလို႔!။"

"ဝုန္းးးးဒုန္းးး!"

"ဟဲ့...ဟဲ့ လုပ္ၾကပါဦး
အစ္ကိုေလး..စိတ္ထိန္းပါအုံး!။"

အေစခံေဒၚႀကီးေတြခင္ဗ်ာ အခန္းထဲကအာဠာဝကလိုသခင္ေလးေၾကာင့္ အထိတ္တလန႔္နဲ႕ရင္ဘက္ေတြကိုဖိထားၾကရတယ္။ တံခါးကိုဖြင့္ေပးခ်င္ေပမဲ့ ေသာ့ကလည္းသခင္မႀကီးယူသြားတာမို႔ ေတာ္ေတာ္ေလးအက်ပ္ရိုက္ေနရၿပီး၊ သခင္ေလးတစ္ခုခုျဖစ္သြားမွာကိုလည္းစိုးရိမ္ေနၾကရတယ္။

ပစၥည္းေတြနဲ႕အခန္းတံခါးရဲ႕ထိရိုက္သံက ပိုမိုက်ယ္ေလာင္လို႔လာၿပီး၊ တစ္ခါ တစ္ခါထြက္ေပၚလာတဲ့ ေအာ္သံနက္ႀကီးကလည္းၾကားရသူကို ၾကက္သီးထေစတယ္။

ကြၽန္းတံခါးျဖစ္ေနလို႔သာေတာ္ေတာ့တယ္။မဟုတ္လို႔ကေတာ့ အိမ္ပါေဇာက္ထိုးလုပ္ပစ္မည္ေပလားမသိ။အခုအခ်ိန္မွာ သူတို႔အားလုံးစိတ္ထဲ ေရ႐ြတ္ေနမိၾကတာကေတာ့ 'သူတို႔သခင္ေလးက ႐ူးသြားၿပီ၊ အဲ့တာကေယာက္်ားေလးတစ္ေယာက္ေၾကာင့္'လို႔သာျဖစ္တယ္။

"အားးးးေက္႐ူးေကာင္ေတြ
အကုန္လုံးကိုသတ္ပစ္မယ္။"

'သိခၤ' လည္ပငိးေၾကာေတြေထာင္သည္အထိ
ေဒါသတႀကီးဆဲေရးလိုက္ၿပီးေနာက္မွာေတာ့
ေဘးနားကကုလားထိုင္ကိုယူၿပီး
အခန္းတံခါးဆီကို ပစ္ေပါက္လိုက္ေတာ့တယ္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပန္းပုဆရာရဲ႕လက္ရာေျမာက္မႈေၾကာင့္
ျမင္းစီးဟန္ တစ္မ်ိဳး၊ ဓားထမ္းဟန္တစ္ဖုံ စတဲ့
ဟန္ပန္အမ်ိဳးမ်ိဳးနဲ႕ခန႔္ညားဝင့္ထည္ေနတဲ့
သုံးဆယ့္ခုႏွစ္ပါးေသာ နတ္မင္းတို႔ကို
အုန္းပြဲ၊ ငွက္ေပ်ာပြဲ၊ အရက္၊ ၾကက္ေၾကာ္၊ အခ်ိဳ ရည္၊ ပန္း၊ စသည္တို႔ျဖင့္ ေသခ်ာဆက္ကပ္ထားတဲ့ အခန္းက်ယ္ထဲမွာ 'ေဒၚေ႐ႊဇင္ညိမ္း'နဲ႕ 'ၿငိမ္းၿငိမ္း'တို႔ႏွစ္ေယာက္သားပဆစ္တုပ္ေလးထိုင္ၿပီး မိမိအေရွ႕ကပုဂၢိုလ္ကို အားကိုးတႀကီးနဲ႕ ၾကည့္ေနမိတယ္။

'ကံႀကီးေမာင္'တဲ့ ရန္ကုန္ၿမိဳ႕ရဲ႕ နတ္ကိုးကြယ္ယုံၾကည္သူေတြၾကားထဲမွာ အရွိန္အဝါႀကီးႀကီးနဲ႕ၾသဇာလႊမ္းတဲ့ ကနားစီး အေက်ာ္အေမာ္တစ္ပါး။ ငယ္႐ြယ္ေပမဲ့ သီလလုံတယ္၊ သမာဓိရွိတယ္၊စကားေျပာျပတ္တယ္။

ဘယ္ဘက္ပါးျပင္ေအာက္မွာ
ထင္ထင္ရွားရွားရွိေနတဲ့မွည့္က ဝင္းမြတ္တဲ့ေထာင့္ခ်ိဳးက်က် မ်က္ႏွာေပၚမွာ ခန႔္ထည္စြာတည္ရွိလို႔ေနၿပီး တည္ၾကည္တဲ့အရွိန္အဝါတစ္မ်ိဳးထုတ္လႊတ္လို႔ေနတယ္။

" ေမာင္ကံ ရယ္ ေဒၚေဒၚတို႔ကို ကူညီပါအုံး။"

'ေဒၚေ႐ႊဇင္ညိမ္း'ရဲ႕ ရင္ထဲမွာ ေခ်ာ္ရည္ပူေတြစီးဆင္းလို႔ေနတယ္။ ကိစၥေတြၿပီးကတည္းက သူ႕မွာခဏေလးေတာင္မနားရဲ 'ကံႀကီးေမာင္'ဆီတန္းလာခဲ့ရတာ။
'ကံႀကီးေမာင္'က ကနားစီးလည္းျဖစ္သလို၊ ေဗဒင္ယၾတာလည္းကြၽမ္းက်င္တာမို႔ ေမးစရာရွိတာေမးၿပီး၊ အစီအရင္လည္းလုပ္ရမည္ေလ။

"ကဲ...ဘာျဖစ္လာတာလဲ က်ဳပ္ကိုေျပာပါအုံး။"

သူ(မ)ရဲ႕မ်က္လုံးေတြထဲကိုစိုက္ၾကည့္ၿပီး
ေမးလာတဲ့တစ္ဖက္လူေၾကာင့္ 'ေဒၚေ႐ႊဇင္ညိမ္း'ခမ်ာ အသည္းထဲ ေအးသြားရတယ္။ ဒီလိုအရွိန္အဝါေတြရွိေနလို႔လည္း အားလုံးက ေလးစားရတဲ့အေက်ာ္အေမာ္တစ္ေယာက္ျဖစ္ေနတာ မဆန္းဘူးဟုေရ႐ြတ္မိတဲ့အထိပင္။အဲ့ဒီေနာက္တံေတြးကိုအသာမ်ိဳ ခ်လိဳက္ၿပီးျဖစ္သမွ်အေၾကာင္းကို အလုံးစုံေျပာျပလိုက္ေတာ့တယ္။

"အဲ့ဒါေၾကာင့္ အဲ့ကေလး ရဲ႕မ်က္ႏွာကိုမျမင္ခ်င္ေတာ့ေလာက္ေအာင္ လုပ္ေပးပါကြယ္။"

'ေဒၚေ႐ႊဇင္ညိမ္း'စကားကိုၾကားေတာ့
'ကံႀကီးေမာင္'ကအဓိပ္ပါယ်မှန်းရခက်တဲ့
အၿပဳံးတစ္ပြင့္ကိုလွစ္ဟျပလာတယ္။

"အဓိကျပႆနာက
ေယာက္်ားေလးအခ်စ္ေတာ္ထားလို႔ေပါ့
သားျဖစ္သူရဲ႕ ဇာတာရွိတယ္မလား
က်ဳပ္ကိုတစ္ခ်က္ေလာက္ျပေပးပါ။"

'ေဒၚေ႐ႊဇင္ညိမ္း'လဲ လက္ကိုင္အိတ္ထဲမွာ လိုလိုပိုပိုထည့္လာတဲ့ သားျဖစ္သူရဲ႕ဇာတာခြင္ေပလိပ္ကို
'ကံႀကီးေမာင္' ဆီတရိုတေသနဲ႕လွမ္းေပးလိုက္ေတာ့တယ္။

'ကံႀကီးေမာင္'ဟာ ဇာတာခြင္ကိုအခ်ိန္အေတာ္ၾကာအထိၾကည့္ရႈ႕လို႔ေနခဲ့ၿပီးေနာက္ ပြင့္လင္းစြာေျပာလာေတာ့တယ္။

"ေဒၚေဒၚရဲ႕သားက ' ပုတိ 'ဖြားပဲ။
ပုတ္သင္လို ပတ္ဝန္းက်င္အလိုက္ အေရာင္ေျပာင္းတတ္တဲ့လူေတြလိုအၾကမ္းဖ်င္းသတ္မွတ္လို႔ရတယ္။ေျပာခ်င္တဲ့သေဘာက ပတ္ဝန္းက်င္၊မိသားစု၊နီးစပ္ရာလူေတြရဲ႕အေျခအေနေတြက သူတို႔အေပၚအမ်ားႀကီးသက္ေရာက္မႈရွိတယ္။'တံငါးနားနီတံငါ၊မုဆိုးနားနီးမုဆိုး'ဆိုသလိုေပါ့။အဲ့ေတာ့ က်ဳပ္ရွည္ရွည္ေဝးေဝးေတြေျပာမေနေတာ့ဘူး၊ေဒၚေဒၚတို႔ရဲ႕ အနီးတဝိုက္မွာလဲ ဟိုးအေစာပိုင္းကတည္းက ေယာက္်ားေလးခ်င္း အခ်စ္ေတာ္ထားတဲ့လူရွိကိုရွိတယ္။"

ေဟာခ်က္ေျပာခ်က္ ပိုင္လြန္းပါတယ္ဆိုၿပီး နာမည္ႀကီးလွတဲ့ 'ကံႀကီးေမာင္'ရဲ႕စကားကို သူ(မ) သံသယမဝင္ရဲ။

"ဘယ္...ဘယ္သူလဲဟင္
အဲ့ေတာ့ ပတ္ဝန္းက်င္မွာ ေယာက္်ားေလးအခ်စ္ေတာ္ထားတဲ့လူရွိေနလို႔ ေဒါ့္ေဒါ့္သားေလးက အဲ့လိုျဖစ္ေနတာလား။ဒါဆို ...ေဒၚေဒၚဘာဆက္လုပ္ရမလဲ"

တစ္ပူေပၚႏွစ္ပူဆင့္ ဆိုသလိုပင္
'ေဒၚေ႐ႊဇင္ညိမ္း'ခင္ဗ်ာ သားျဖစ္သူအတြက္ပူပန္လို႔ လာခဲ့ပါတယ္ အခုေတာ့ ေနာက္ထပ္ ေယာက္်ားေလး အခ်စ္ေတာ္ထားတဲ့လူရွိေနေသးတယ္တဲ့ေလ။တစ္ကယ္ကိုပဲေလာကႀကီးက ဘာေတြျဖစ္ကုန္ေလသလဲ။

" က်ဳပ္စကားမဆုံးေသးဘူး...ေဒၚေဒၚ
'ေက်ာက္ခဲ' ဟုတ္တယ္မလား။သူ႕ရဲ႕ဇာတာ အၾကမ္းဖ်င္းကို က်ဳပ္ခန႔္မွန္းၿပီးတြက္ၾကည့္ရ
သေလာက္ကေတာ့ မျဖစ္နိုင္ဘူး။ သူတို႔ႏွစ္ေယာက္ကခြဲလို႔မျဖစ္နိုင္ဘူး...ေဒၚေဒၚ ။'ကနား'ပဲေပးေပး၊ ယၾတာပဲေခ်ေခ်၊ ၊ ဘယ္လိုနည္းနဲ႕ပဲလုပ္လုပ္
သူတို႔ကေသရင္ေတာင္အတူေသမဲ့ ဖူးစာဖက္ေတြ။"

'ကံႀကီးေမာင္'ရဲ႕စကားလုံးတစ္လုံးခ်င္းစီက
'ေဒၚေ႐ႊဇင္ညိမ္း'ရဲ႕ရင္ကို အရွိန္ျပင္းျပင္းနဲ႕ထိုးႏွက္ေနေလတယ္ ။ 'ကံႀကီးေမာင္'ေျပာတာေတြသာ တကယ္ဆိုရင္ သူ(မ)ရဲ႕သားေလးဘဝေတာ့သြားပါၿပီ။ ဘယ္လိုလုပ္ရပါ့မလဲသူလုံးဝလက္မခံနိုင္ဘူး၊ သူ႕မွာဒီသားေလးတစ္ေယာက္တည္းရွိတာ။

"ေဒၚေဒါ့္ကို ကူညီပါ 'ကံႀကီးေမာင္' ရယ္
ေငြဘယ္ေလာက္ပဲ ကုန္ရကုန္ရပါ...သားေလးကို
အဲ့လိုမျဖစ္ေစခ်င္ဘူး။"

"ယၾတာလုပ္လည္း ခဏပဲ...ၿပီးရင္
တစ္ေယာက္ရွိတဲ့ေနရာကို တစ္ေယာက္ကသြားမွာ။ကံၾကမၼာကသတ္မွတ္ထားတဲ့ဖူးစာကို က်ဳပ္လို
'ကနားစီး'တစ္ေယာက္က ျဖတ္ေပးဖို႔မျဖစ္နိုင္ဘူး။
က်ဳပ္အေကာင္းဆုံးအႀကံေပးခ်င္တာက မျမင္ခ်င္ေယာင္သာေဆာင္ထားလိုက္ပါ ေဒၚေဒၚ...မဟုတ္ရင္ျပႆနာေတြသိပ္ရႈပ္ေထြးကုန္ၿပီး လူေတြပါသိကုန္လိမ့္မယ္။သူတို႔လမ္းကိုသူတို႔ေလွ်ာက္ပါေစ။"

'ကံႀကီးေမာင္'လဲ တသိမ့္သိမ့္ရွိုက္ငိုေနတဲ့
'ေဒၚေ႐ႊဇင္ညိမ္း'ကို ႏွစ္သိမ့္ေပး႐ုံအျပင္မတတ္နိုင္။ ထူးလည္းထူးတဲ့ဖူးစာလို႔သာေျပာရေတာ့မယ္။ႏွစ္ေယာက္လုံးက ေယာက္်ားေလးျဖစ္ေနတာကလြဲရင္လက္တြဲေဖာ္ေကာင္းေတြ၊ ဒီလိုေခတ္ကာလႀကီးထဲမွာဒါမ်ိဳးကရွားပါးျဖစ္ရပ္ဆိုေပမဲ့ သူကလက္ခံသည္လည္း၊ မဟုတ္သလို ျငင္းပယ္မွာလဲမဟုတ္။

လူဆိုတာေမြးလာကတည္းက ကံၾကမၼာကသတ္မွတ္ထားၿပီးသားမို႔ဘယ္သူမွတားဆီးနိုင္မွမဟုတ္ေပ။ ပူေလာင္လွတဲ့ အခ်စ္ ဆိုတဲ့ အရာကိုဘဲအျပစ္တင္ၾကေပါ့။

'ေဒၚေ႐ႊဇင္ညိမ္း'လဲ 'ကံႀကီးေမာင္'ကို ဘယ္လိုမွအကူအညီေတာင္းမရတဲ့ေနာက္ဆုံး မ်က္ရည္လည္႐ႊဲနဲ႕ပဲ အိမ္ကိုျပန္လာခဲ့ရတယ္။
ဒီနည္းမဟုတ္လဲ ေနာက္နည္းနဲ႕ရေအာင္
လုပ္မွာ၊ ဒီသားေလးတစ္ေယာက္ပဲရွိတာမို႔ လြယ္လြယ္နဲ႕ေတာ့အေလွ်ာ့မေပးနိုင္၊ ဘာေတြပဲ
ျဖစ္လာပါေစ မ်ိဳးရိုးသိကၡာကိုထိန္းဖို႔လုပ္သင့္တာလုပ္ရမွာပဲ။

"ေမေမႀကီး ဘာဆက္လုပ္မွာလဲဟင္။"

ေဘးနားကိုကပ္ကာ
ခပ္တိုးတိုးေမးလာတဲ့ 'ၿငိမ္းၿငိမ္း'
ေၾကာင့္'ေဒၚေ႐ႊဇင္ညိမ္း'လဲ မဲ့ၿပဳံး၊ၿပဳံးၿပီးေရ႐ြတ္လိုက္တယ္။

"ငါ့မွာနည္းလမ္းရွိေသးတယ္
မနက္ျဖန္က် 'အမာၾကည္'တို႔အိမ္ကိုသြားၾကတာေပါ့။"

ကိုယ့္အႀကံနဲ႕ကိုယ္ ေက်နပ္ေနတဲ့ 'ေဒၚေ႐ႊဇင္ညိမ္း'ကအိမ္မွာက်န္ေနခဲ့တဲ့ သားျဖစ္သူရဲ႕အေျခအေနကိုလုံးဝေတြးမိဟန္မရွိ ၊၊ တစ္ခ်က္ခုတ္လွ်င္ ၊
ႏွစ္ခ်က္ျပတ္မည္ဟုသာ စိတ္ထဲမွာေရ႐ြတ္ေနခဲ့ေတာ့
တယ္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

upေပးလိုက္ပါၿပီ ။
ဖတ္ေပးဖို႔က မင္းေလးတို႔တာဝန္ပါ။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Continue Reading

You'll Also Like

21.1K 1.4K 12
ပြန်လည်မွေးဖွားလာပြီးနောက် ရိုင်းစိုင်းတဲ့အကိုလေးကို ယဉ်ပါးအောင်လေ့ကျင့်ပေးခြင်း ... Rebirth ပုံစံမျိုးဖြစ်ပြီး လက်စားချေတာမျိုးမဟုတ်ပဲ ကံတရားကိုပြော...
9.8K 1.2K 9
မျက်လုံးချင်း လဲ ကြမလား.... ဂျေနီ နင်မြင်ရတဲ့ ကမ္ဘာ နဲ့ ငါမြင်ရတဲ့ ကမ္ဘာ ဘယ်လောက်ထပ်တူကျသလဲ ဆိုတာ...Chuniverse တဲ့ ငါတို့နေတဲ့ စကြဝဠာ ပေါ့.... August...
3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
306K 29.9K 64
ဗီလိန်ဆိုတဲ့ ဝေါဟာရကို သင်ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ။