Omega အဖြစ်ကူးပြောင်းပြီးနောက...

By karryphyo

355K 39K 933

Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kin... More

Description
Ch. 1
Ch. 2
Ch. 3
Ch 4.
Ch5 .
Ch6 .
Ch7.
Ch8.
Ch9.
Ch10.
Ch11.
Ch12.
Ch13.
Ch14.
Ch15.
Ch 16.
Ch17.
Ch18.
Ch. 19
Ch 20.1
Surprise 🤍🤍🤍
Ch 20.2
Ch 20.3
Ch 21
Ch 22
paid gp😍😘🤍🤍
Ch 23
Ch 24
Ch 25
Ch 26
Ch.27
Ch 28
Ch 29
Ch 30
Suprise🥳🥳
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch 37
Ch38
Ch 39
Ch 40
Ch 42
Ch 43
Ch 44
Ch 45
Ch 46
Ch 47
Ch 48
Ch 49
Ch 50
Ch 51
Ch 52
Ch 53
Ch 54
Ch 55
Ch 56
Ch 57
Ch 58
Ch 59
Ch 60
Ch 61
Ch 62
Ch 63
Ch 64
Ch 65
Ch 66
Ch 67
Ch 68
Ch 69
Ch 70
Ch 71
Ch 72
Ch 73
Ch 74
Ch 75
Ch 76
Ch 77
Ch 78
Ch 79
Ch 80
Ch 81
သီတင်းကျွတ် ပရိုမိုးရှင်း
Ch 82
Ch 83
Ch 84
Ch 85
Ch 86
Ch 87
ပရိုမိုးရှင်း
Ch 88
Ch 89,90
Ch 91
Ch 92, 93
Ch 94
Ch 95
Ch 96
Ch 97
Ch 98
Ch 99
Ch 100
Ch 101
Ch 102
Ch 103
Ch 104
Ch 105
Ch 106
Ch 107
Ch 108
Ch. 109
Ch 110
Ch 111
Ch 112
Ch 113
Ch 114
Ch 115
Ch 116
Ch 117
Ch 118
Ch 119
Ch 120
Ch 121
Ch 122
Ch 123
Ch 124
Ch 125
Ch 126(end)

Ch 41

1.9K 254 1
By karryphyo

တံခါးဖွင့်!


အရက်ဆိုင်ရှိ သီးသန့်ခန်းတစ်ခန်းကို ခမ်းနားစွာ အလှဆင်ထားသည်။

အနက်ရောင် ဆိုဖာအရှည်ကြီးပေါ်တွင် အမျိုးသမီးတစ်ဦး ထိုင်နေတယ်။စားပွဲထိုးက တံခါးကိုပိတ်လိုက်တာနဲ့ သူမရဲ့ လှပပြီး ရှည်လျားတဲ့ လှိုင်းတွန့်ဆံပင်တွေအား ဘေးဘက်ကို ချက်ချင်းဆွဲသိမ်းလိုက်တယ်။သူမ၏လက်ဖြင့် maskကို ဖယ်ရှားလိုက်သည်။

 mask၏နောက်ကွယ်ကမျက်နှာမှာ ပြီးပြည့်စုံစွာနဲ့ထုဆစ်ထားပုံရသည်။  သူမ၏ ဦးခေါင်းထက်တွင် ပြိုးပြိုးပြက်ပြက်ပြက်နဲ့ထွန်းလင်းနေသော crystalမီးပန်းဆိုင်းများဖြင့် လင်းထိန်နေကာ သူမရဲ့ပုံစံက မယုံနိုင်လောက်အောင် လှပနေသည်။  သူမဟာ ဖက်ရှင်မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ လိုချင်တဲ့အချိန်တိုင်းကို ဖန်တီးနိုင်တဲ့သူတစ်ယောက်ပါ။

ဒါပေမယ့် တစ်ယောက်ယောက်က သူမကို အနီးကပ်ကြည့်မယ်ဆိုရင် သူမရဲ့အလှမှာ ပြင်းထန်တဲ့ ဘဝင်ဟပ်မှုတစ်ခုရှိနေတာကို တွေ့ကြမှာပါ။  တကယ်တော့ သူမဟာ ကမ္ဘာပေါ်မှာ ရှားရှားပါးပါး မြင်တွေ့ရတဲ့ အမျိုးသမီး Alphaတစ်ယောက်ဖြစ်သည်။

ကျိရှင်းလန်က ဆိုဖာ၏အခြားတစ်ဖက်တွင်ထိုင်ကာ ဘက်ထရီကုန်သွားပြီးနောက် သူ့အလိုလိုပိတ်သွားသည့် သူ၏terminalအား အားသွင်းနိုင်စေရန် စားပွဲထိုးထံမှ အားသွင်းကြိုး ငှားလိုက်သည်။  ဂျွိုက် က စားပွဲပေါ်ရှိ ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး နောက်တစ်ခွက်ကို ကောက်ယူရင်း ကျိရှင်းလန် ရှေ့မှာ ထားလိုက်တယ်။

"အနုပညာပြပွဲတစ်ခုကျင်းပဖို့  ဘာကမင်းကို ရီရှင်းမြို့ကို လာချင်အောင်လုပ်လိုက်တာလဲ? " ကျိရှင်းလန်က သူ့လက်ကောက်ဝတ်ရှိ Terminal ကိုဖြုတ်ပြီး အားသွင်းလိုက်သည်။  ထို့နောက် ဝိုင်ဖန်ခွက်ကို မကောက်ယူမီ သူ၏လက်ကောက်ဝတ်ရှိ ဒဏ်ရာကို ဖုံးကွယ်ထားရန် အင်္ကျီလက်ကို အေးအေးဆေးဆေးနဲ့ အနည်းငယ် ဆွဲချလိုက်သည်။

ဂျွိုက်က သူမရဲ့မျက်နှာကိုမပုတ်ခင် သူမ၏ဖန်ခွက်ကိုကိုင်ကာ ကျိရှင်းလန်အား လက်ဟန်ပြခဲ့သည်။  ဝိုင်ဖန်ခွက်က သူမ၏ သလဲသီးလက်သည်းများကို ထူးခြားစွာဖြင့် တောက်ပစေခဲ့သည်။

“အင်း ၊ငါဒီနိုင်ငံကို ပြန်လာဖို့ ရှားရှားပါးပါး အခွင့်အရေး ရှိတာကြောင့် ငါနဲ့ ရင်းနှီးတဲ့ နေရာတစ်ခုမှာ ပြပွဲတစ်ခု ကျင်းပချင်တာက သဘာဝကျပါတယ်။ငါလည်း ဒီနေရာမှာအေးအေးလူလူ လျှောက်လည်ချင်ပေမယ့် နောက်အပတ်အထိပဲ နေလို့မှာ။ နောက်လမှာ လော့စ်အိန်ဂျလိစ်ကို ပြန်ရမယ်။ငါနောက်တစ်ကြိမ်ပြန်လာရင် အဲ့တာကနောက်နှစ်ကိုကူးနေလောက်ပြီ”

ဂျွိုက်၏ ထူထဲပြီး ရှည်လျားသော မျက်တောင်များ တဖျပ်ဖျပ်ခတ်လာသည်။သူမက သူ့ကို မျက်စိမှိတ်ပြလိုက်တယ်။  "အဲ့အချိန်လောက်ဆိုရင် နင့်မှာ ကလေးတစ်ယောက်ရှိနေလောက်ပြီ "

ကျိရှင်းလန် တစ်ခုခုကို သတိရသွားပုံရသည်။သူ ရေးရေးလေး ပြုံးလိုက်သည်။  "မင်းအတွက်ကတော့ တကယ်အလုပ်ရှုပ်နေတာပဲ"

"ဟားဟားဟား၊အဲ့တာက တော်တော်လေး ကောင်းပါတယ်။ငါပစ္စည်းတချို့ကိုပုံဆွဲပြီး ဟိုဟိုဒီဒီလျှောက်သွားတယ်။ငါကနင့်လောက်တော့ အလုပ်မရှုပ်ဘူး" ဂျွိုက်က သူမ၏ကိုယ်ပိုင်စကားများ အမှန်တကယ်ဖြစ်လာရန် နိဂုံးချုပ်သွားပြီဖြစ်ကြောင်းကို ဂျွိုက်စ်မသိခဲ့ပေ။  သူမမျက်နှာပေါ်ရှိ ဘဝင်လေဟပ်နေသောအကြည့်ကို ဖုံးကွယ်ရန် စိတ်အနှောင့်အယှက်မဖြစ်ဘဲ ရယ်မောလိုက်သည်။

 ဖန်ခွက်ကို သူ့နှုတ်ခမ်းဆီသို့ ယူလာကာ တစ်ငုံသောက်လိုက်သည်။  “ငါဒီနိုင်ငံကို မပြန်လာခင်ကတည်းကတောင် ငါကြားထားတယ်။  ABO ထိမ်းမြားခြင်းဥပဒေမှာ တူညီတဲ့သာမည လိင်(ယောကျ်ားဖြစ်မှု၊ မိန်းမဖြစ်မှု) ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ လွှတ်တော်က မကြာသေးမီက အဆိုတင်သွင်းခဲ့တယ်။အဲ့တာကို ပြုစုခဲ့တဲ့သူက မစ္စတာကျိဆိုတာ အမှန်ပဲလား”

“ဟုတ်တယ်။နောက်ရက်အနည်းငယ်ကြာရင် ဒီသတင်းတွေကို မင်းမြင်လိမ့်မယ်"

  “ ဟက်။  အဲဒါ ကထူးဆန်းတယ်။ရှေးရိုးစွဲတဲ့သူက ဘာကြောင့်သူ့လိုရေကြက်ကို ကြိုက်ရတာလဲ.....?. သူက ဒီလိုမျိုး ဘယ်တော့မှ မလုပ်ဘူးဆိုပြီး ငါတခြားတစ်ယောက်နဲ့တောင် လောင်းကြေးထပ်ထားတာ "  ဂျွိုက်က အနည်းငယ် ငြီးတွားလိုက်ပြီး ဝိုင်နီသောက်ရန်သူမရဲ့ ခေါင်းကို ပြန်လှည့်လိုက်သည်။

ကျိရှင်းလန်က သူ့လက်ထဲမှ ဝိုင်ခွက်ကို ငုံ့ကြည့်လိုက်သည်။အခန်းအတွင်းရှိ လေပူလေအေးပေးစက်ကို အပူချိန်မြင့်မြင့်ထားသောကြောင့် ဖန်ခွက်အတွင်းရှိ ရေခဲများသည် အများအားဖြင့် အရည်ပျော်သွားကြသည်။

"အဲ့တာကို ငါ့အဖေဆီပြောပြဖူးတဲ့သူကငါပဲ"  သူတိုးတိုးလေး မပြောခင် ခဏလောက် ငြိမ်နေလိုက်တယ်။

ဒါက လွန်ခဲ့သော တစ်နှစ်ခွဲခန့်က သူ၏ ဆယ့်ကိုးနှစ်ပြည့်မွေးနေ့အတွင်းမှာ သူ့ဖခင်ဆီကိုတောင်းဆိုခဲ့တဲ့ သူ့ရဲ့တစ်ခုတည်းသောတောင်းဆိုမှုဖြစ်သည်။

ရှေးရိုးစွဲနိုင်ငံ A တွင် လိင်တူဆက်ဆံသူများကို လက်ခံနိုင်မှုမှာ မမြင့်မားဘူး ပြီးတော့ ဤလုပ်ရပ်သည် မအောင်မြင်မီ အလှည့်အပြောင်းများစွာကို ဖြတ်သန်းခဲ့ရသည်။

 စေ့စပ်ပွဲအတွက်ကတော့ ကျိရှင်းလန်က အဲ့တာကိုဂရုမစိုက်ဘူး။သူချစ်တဲ့သူက ဆုံးသွားပြီ။

ထိုစကားကိုကြားသောအခါ ဂျွိုက်က အမှန်တကယ်ပင် အံ့သြသွားခဲ့သည်။  “ဒါ ကအံ့သြစရာပဲ။နင်ဘာလို့ဒီအကြောင်းတွေးနေတာလဲ? နင်လက်ထပ်တော့မယ်ဆိုတာကို နင့်အမေဆီက ငါကြားထားတယ်။နင်တကယ်ပဲ Alpha-Alpha ဆက်ဆံရေးမှာရှိနေတာလား?"

ဒါပေမယ့် သူမဒီမေးခွန်းကိုမေးပြီးနောက် ကျိရှင်းလန် က "ငါကြိုက်တဲ့လူက Alpha ပဲဖြစ်ဖြစ် Omegaပဲဖြစ်ဖြစ် အရေးမကြီးဘူး" လို့ မပြောခင် ခဏလောက် နှုတ်ဆိတ်နေခဲ့ပါတယ်။

“ဟား ! နင်က ငါတို့ ငယ်ငယ်ကတည်းက အမြဲတမ်း ပုန်ကန်တတ်တဲ့သူပဲ။  တခြားသူတွေရဲ့ စီရင်ဆုံးဖြတ်တာကို နင်ဘယ်တော့မှ ဂရုမစိုက်ဘူး ”

ဂျွိုက်က သူမ၏မေးခွန်းကို မဖြေဘဲထားရန် ဆုံးဖြတ်လိုက်ပြီး ဟန်ဆောင်ပြုံးကာ သူမ၏ရှည်လျားသောဆံပင်ကို နားနောက်တွင် ညှပ်လိုက်သည်။  "ငါလည်းနင့်လိုဖြစ်နိုင်ရင် သိပ်ကောင်းမှာပဲ။  အဲဒီအခါကျရင် အဲ့အအတွေ ငါ့ရဲ့အနုပညာကို မျက်စိစုံမှိတ်ဝေဖန်တဲ့အခါ ငါပစ္စည်းတွေကို ဖျက်ဆီးပစ်ရတဲ့အထိ ဒေါသထွက်နေမှာမဟုတ်ဘူး။  ဒါပေမယ့် အဲ့အကြောင်းပြောရရင် Omegaတွေကို ပိုနှစ်သက်နေတုန်းပါပဲ။  Omegaတွေရဲ့အနံ့က မွှေးပြီး နူးညံ့ပျော့ပျောင်းတဲ့အပြင် ချစ်စရာလည်းကောင်းတယ်လို့ နင်မထင်မိဘူးလား?"

ဒီကိစ္စကို ကြုံလာရတဲ့အခါ သူတို့မှာ ဘုံသဘောရှိတယ်လို့ ဂျွိုက် က ထင်ခဲ့ပေမယ့် ကျိရှင်းလန် က နူးညံ့စွာနဲ့ ပြုံးလိုက်တယ်။သူ့ရဲ့ဝိုင်ကို စကားတခွန်းမှ မပြောဘဲ သောက်လိုက်သည်။

"ဟေ့ နင့်ဇနီးကောဘယ်မှာလဲ?နင့်အိမ်မှာ တနေကုန် ပုန်းနေတာလား?  ငါနဲ့တွေ့ဖို့ သူ့ကိုဘာလို့မခေါ်လာရတာလဲ?"  ဂျွိုက်က အခြားစကားပြောဆိုမှုကို ဖွင့်ဟရန် ကြိုးစားလိုက်ပြီး သူ့ကို မျက်စိမှိတ်ပြခဲ့သည်။  "သူက နင့်ရဲ့ စိတ်ကူးယဉ်မှုကို ဖမ်းစားလိုက်ကတည်းက၊ သူက တကယ်ကို ချစ်စရာကောင်းတဲ့သူတစ်ယောက်ဖြစ်မယ်ဆိုတာ သေချာတယ်ဟုတ်တယ်မဟုတ်လား?"

ဒါပေမယ့် ဂျွိုက်က သူ့ဇနီးအသစ်ကို ပြောလိုက်တဲ့အခါ ကျိရှင်းလန် က သိပ်ပြီး ထုတ်ဖော်ချင်ပုံမပေါ်ပါဘူး။  သူက ခေါင်းခါလိုက်တယ်။  "အဲဒါကိုငါတို့နောက်မှတွေ့လိမ့်မယ်။"

ယင်းက ဂျွိုက်၏ စူးစမ်းလိုစိတ်ကို ပို၍ပင် လှုံ့ဆော်ပေးခဲ့သည်။

"နင်က သူ့ကိုငါ့ကိုတောင်မှ တွေ့ခွင့်မပေးဘူးလား? အသေးအဖွဲလေးဟာကို ”  ဂျွိုက် ရယ်လိုက်သည်။  “အခုတောင်ငါ ပိုသိချင်လာပြီ။နင့်အိမ်မှာ ဘယ်လို ရတနာတွေကို ဝှက်ထားလဲ? "

ကျိရှင်းလန်က သူမ၏စကားကြောင့် နောက်ဆုံးတွင် သူ့အပြုံးကို ထိန်းထားနိုင်ခြင်းမရှိတော့ပေ။သူ့ရဲ့  ဝိုင်ဖန်ခွက်ကို ကောက်ယူပြီး နောက်ထပ် တစ်ငုံသောက်လိုက်သော်လည်း သူကခေါင်းခါနေဆဲဖြစ်သည်။  “ကောင်းပြီလေ ၊ နောက်တစ်ကြိမ်ကျရင်မင်းနဲ့ သူနဲ့သူငယ်ချင်းဖြစ်ဖို့အတွက် ငါ သူ့ကို ခေါ်လာပေးမယ်။  ဒါပေမယ့် လာမယ့်ရက်အနည်းငယ်အတွင်းမှာ သူနေလို့မကောင်းမှာမဟုတ်တဲ့အတွက် ဒီအကြောင်းကို ငါတို့နောက်ရက်အနည်းငယ်ကြာမှ ပြောနိုင်မယ်။”

သူက ယန်ချုံးကို သူ့သူငယ်ချင်းများနှင့် တွေ့ဆုံရန် ခေါ်ဆောင်လာဖို့ စိတ်ထဲမှာမထားသော်လည်း ယန်ချုံး ၏ အခြေအနေမှာ မတည်ငြိမ်သေးပေ။  အကယ်၍ မတော်တဆမှု ဖြစ်ပွားပါက သူ၏ estrus ရာသီက မနက်ဖြန် သို့မဟုတ် သဘက်ခါမှာ ရောက်ရှိလာလိမ့်မည်ဖြစ်သည်။သူက  လူများသောနေရာတွေဆီ သူ့အား ခေါ်ဆောင်လာရမှာကို စိုးရိမ်နေသည်။

"နင့်ရဲ့မင်္ဂလာပွဲကို ဘယ်တော့ကျင်းပမှာလဲ?"  ဂျွိုက်က ပြုံးဖြဲဖြဲနဲ့ ကျီစယ်ပြုံးလိုက်သည်။  “နင်မင်္ဂလာပွဲ ကျင်းပမယ်ဆိုရင် ငါ့ဆီဖိတ်စာပို့ဖို့ မမေ့နဲ့နော်။ငါလာပြီး ပွဲတက်ချင်သေးတယ်”

ဂျွိုက်က မူလကတည်းက သူငယ်ချင်းအနည်းငယ်ကို ခေါ်ထားသော်လည်း သီးသန့်ခန်းတွင် ခဏကြာ စကားပြောပြီးနောက် ကျိရှင်းလန်က သူထွက်သွားလိုကြောင်း ရုတ်တရက် ပြောခဲ့သည်။

"ရှစ်နာရီတောင်မထိုးသေးဘူး"  ဂျွိုက်က  သူမ၏ နာရီကို ငုံ့ကြည့်လိုက်သည်။  "နင် မထွက်သွားခင် သန်းခေါင်ယံအထိ ဘာလို့ မကစားနိုင်ရတာလဲ?"

ဒါပေမယ့် ကျိရှင်းလန် က သူ့ဂျာကင်အင်္ကျီကို ဝတ်လိုက်ပြီး အင်္ကျီလက်တွေကို ဆွဲတင်နေခဲ့တယ်။  “အိမ်မှာ ငါ့ကိုတစ်စုံတစ်ယောက် စောင့်နေတယ်” လို့ ပြောလိုက်တယ်။

သူတို့က ငယ်သူငယ်ချင်းတွေဖြစ်ကြသည်။ ကျိရှင်းလန် လက်ထပ်ပြီးနောက်တွင် သူက သူ့အပိုင်ဖြစ်သွားသကဲ့သို့ ပြုမူနေသည်ဟု ဂျွိုက်စ် ခံစားခဲ့ရသည်။  သူမက ပါးစပ်ကို အုပ်ပြီး ရယ်ဖို့ မတတ်နိုင်ခဲ့ပေ။  “အား ၊နင်တို့က အိမ်ထောင်ပြုထားတဲ့သူတွေနဲ့ ကွဲပြားတယ်။ငါ့အချစ်လေး  နင်ကအသက်နှစ်ဆယ်တောင်မပြည့်သေးဘူးနော်။နင်ကတချို့ရေကြက်အိုကြီးလို ရှစ်နာရီထိုးရင် ဘယ်လိုတောင်အပြေးအလွှားနဲ့ အိမ်ပြန်နိုင်ရတာလဲ? ”

ကျိရှင်းလန်က သူမ ဟာသတွေကို စိတ်မ၀င်စားဘဲ ရယ်မောခဲ့သည်။  သူက သူ့အားသွင်းကြိုးကို ဖြုတ်လိုက်ပြီး သူ့ရဲ့အားအပြည့်သွားသည့် terminalကို နောက်ဆုံးတွင် ဖွင့်လိုက်သည်။

ဒါပေမယ့် သူဖွင့်လိုက်တာနဲ့ missed call တစ်ခုက သူ့စခရင်ပေါ်မှာ ချက်ချင်းပေါ်လာတယ်။

ယန်ချုံးဆီကပဲ 

ကျိရှင်းလန် ထွက်လာတာခဏဘဲ ရှိသေးတယ်ပြီးတော့ ယန်ချုံးက  သူ့ကို ဘာလို့ခေါ်လဲဆိုတာကို နားမလည်နိုင်ခဲ့ပေ။  ဒါပေမယ့် မကြာခင်မှာပဲ သူက ယန်ချုံးကို ပြန်ခေါ်လိုက်တယ်။

ဒါပေမယ့် အချိန်အတော်ကြာအောင် ဖုန်းခေါ်တာတောင် ဘယ်သူမှ ဖုန်းမကိုင်ဘူး။  နောက်ဆုံးတော့ ဖုန်းက သူ့အလိုလို ကျသွားတယ်။

ကျိရှင်းလန်  မျက်မှောင်ကြုတ်လိုက်တယ်။  တစ်ခုခုဖြစ်နေတာလား?   သူ အနည်းငယ် စိတ်ပူသွားပြီး ဆိုဖာပေါ်မှ ထကာ အမြန်ပြန်ချင်လာသည်။

ဂျွိုက်က သူထွက်သွားဖို့အလျင်လိုနေမှန်း သိသောအခါတွင် သူ့အား ဆက်နေခိုင်းဖို့ မဖြစ်နိုင်ကြောင်း သူမ သိလိုက်သည်။  ဒါကြောင့် သူမသည် အောက်ထပ်ကို လိုက်ပို့ရန် မတ်တပ်ထရပ်လိုက်သည် ။

“နောက်တစ်ခါကျရင် ငါ့ကြည့်ဖို့အတွက် ဝှက်ထားတဲ့ နင့်ရဲ့ရတနာကို ခေါ်လာရမယ်နော် ” လို့ ဂျွိုက်က သူတို့နှစ်ယောက်အတူ လမ်းလျှောက်လာရင်း အခိုင်အမာပြောခဲ့ပါတယ်။

သူတို့နှစ်ယောက် ဘေးချင်းကပ်လျက် လမ်းလျှောက်နေရင်း ကျိရှင်းလန်က ယန်ချုံးကို ပြန်ခေါ်နေပေမယ့်  ဘယ်သူမှ မကိုင်ခဲ့ပေ ။

သူနည်းနည်းတော့ စိတ်ပူသွားတယ်။  သူ အိမ်တော်ထိန်းကို ခေါ်မယ့်အချိန်မှာ ဂျွိုက်ရဲ့ တုန်လှုပ်ခြောက်ခြားစွာနဲ့ အော်ဟစ်လိုက်တဲ့အသံကို ရုတ်တရက်ကြားလိုက်ရတယ် "ဘာလို့ ဒီမှာ Omegaအနံ့ရှိနေတာလဲ?  ဘယ်လိုတောင် ချိုမြိန်နေရတာလဲ?  ”

သူမ ရှူရှိုက်လိုက်သည်နှင့် သူမအမူအရာက အနည်းငယ်ရိုင်းသွားသည်။  “ဒါက မကောင်းတော့ဘူး။Omegaရဲ့ estrus ရာသီရောက်လာပြီ။ လူကြားထဲမှာ သူ ဒါမှမဟုတ် သူမအတွက် အန္တရာယ်များလွန်းတယ် !”

သူမစကားပြောရင်း အသံတိုးလာသည်။  "Omega မင်းရဲ့ estrus ရာသီရောက်လာတာလား ?  မင်း သတိမထားမိဘူးလား?   ထွက်လာခဲ့ ငါအိမ်ပြန်လိုက်ပို့ပေးမယ်!"

ကျိရှင်းလန် အစတုန်းက သူ့အိမ်တော်ထိန်းကို  စာတိုပို့ဖို့ အလုပ်ရှုပ်နေသော်လည်း ခေါင်းထောင်ပြီး လေထဲက ရနံ့ကို ရှူလိုက်သောအခါတွင် သူ့အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။

လေထဲတွင်အရက်နဲ့ pheromones ရနံ့တို့ ရောနှောကာ မယုံနိုင်လောက်အောင် ရင်းနှီးသော ရနံ့တစ်ခုရှိနေသည်။

ပြတင်းပေါက်နားက ကောင်တာပေါ်တင်ထားတဲ့ ဂျာကင်အင်္ကျီကို ကြည့်မိလိုက်တဲ့အခါ ကျိရှင်းလန်ရဲ့ မျက်နှာက ထိတ်လန့်တကြား ဖြူဖျော့သွားခဲ့တယ်။  ရုတ်တရက် ရူးသွပ်သွားသလို လှေကားက ခုန်ဆင်းသွားပြီး ရနံ့၏ရင်းမြစ်ဆီ တည့်တည့်သွားလိုက်တယ် ။

ထိုနေရာကို ရောက်တာနဲ့ ရေချိုးခန်းအဝင်ဝတွင် Alphaအများအပြား စုဝေးနေကြတာကို တွေ့လိုက်ရသည်။  pheromoneတွေကြောင့် သူတို့အားလုံးရဲ့ စိတ်တည်ငြိမ်မှု ဆုံးရှုံးခဲ့ရပြီး အခုတော့ သူတို့ရဲ့ ကျိုးကြောင်းဆီလျော်မှု ပျောက်ဆုံးသွားတော့ ဖုတ်ကောင်တွေလို တံခါးကို ဆောင့်ကန်လိုက်တိုင်း အတွင်းမှာရှိတဲ့ အရသာရှိသော Omegaရဲ့အရသာကို လိုချင်နေကြပြီ။

သတင်းကြားပြီးနောက် ရောက်ရှိလာသော Betaအစောင့်နှစ်ဦးက သူတို့အား လုံး၀မတားဆီးနိုင်ဘဲ တစ်စုံတစ်ဦးကို စိုးရိမ်တကြီးဖြင့် အကူအညီတောင်းရုံသာခေါ်ဆိုနိုင်ခဲ့သည်။

ကျိရှင်းလန် အစက ထိတ်လန့်သွားသော်လည်း ထို Alpha တွေက ဝင်ပေါက်တွင် ပိတ်ဆို့နေပြီး ဘာမှမဖြစ်သေးသည်ကို မြင်သောအခါ အနည်းငယ် စိတ်သက်သာရာရသွားသည်။

ရေချိုးခန်းတံခါးက တော်တော်သန်မာတယ်။  အတွင်းကနေ သော့ခတ်ထားတယ်၊ ဒီလူတွေ ဘယ်လိုပဲ ဖောက်ဖျက်ဖို့ ကြိုးစားနေပါစေ သူတို့ မတတ်နိုင်ဘူး။

"ရှောင်ချုံး တံခါးဖွင့်!" ကျိရှင်းလန်က ထိုလူများကို တွန်းထုတ်ပြီး တံခါးကို စိတ်လှုပ်ရှားစွာ ခေါက်လိုက်သည်။

အတန်းမြင့် Alphaရဲ့ pheromone  ဖိအားက သာမန်လူတစ်ဦးထက် များစွာ ပိုပြင်းထန်သည်။  အချိန်အတိုင်းအတာတစ်ခုအထိ၊ အခြားAlphaများအားလုံး ခြိမ်းခြောက်ခံခဲ့ရသည်။  သူတို့ကို တွန်းဖယ်လိုက်သည်နှင့် တပြိုင်နက် ကြောက်လန့်တကြားဖြစ်လာကာ အနားမကပ်ရဲကြဘဲ ရေချိုးခန်းတံခါးကိုတော့ စိုက်ကြည့်နေကြဆဲဖြစ်သည်။

ယန်ချုံးက ရေချိုးခန်းထဲက နံရံကို မှီထားနေရတယ် ။

သူ့ခြေထောက်ပေါ် မတ်မတ်ရပ်ဖို့တောင် ခွန်အားမရှိတော့ဘူး။  သူက ကြမ်းပြင်ပေါ်ကိုသာ လျှောချနိုင်ခဲ့သည်။  သူ့မျက်နှာနဲ့ လည်ပင်းတို့မှာ နီရဲနေပြီး အဆက်မပြတ် မောဟိုက်နေသည်။

ယန်ချုံး မယုံနိုင်လောက်အောင် ဝမ်းနည်းသွားသည်။  မနာလိုစိတ်​​ကြောင့်​ သူဘာ​လို့ထွက်​လာရတာလဲ ?

အရက်ဆိုင်ရဲ့ အပူချိန်က ဘယ်တော့မှ မပြောင်းလဲပေမယ့် သူ့ခန္ဓာကိုယ်ဟာ ချမ်းတုန်ပြီး အပူဒဏ်ကို ခံစားခဲ့ရတယ်။  ခံစားချက်က ကြောက်စရာကောင်းတယ်။ ယန်ချုံးက သူ့အဝတ်အစားတွေကို စုတ်ဖြဲပြီး မကူညီနိုင်တော့ဘဲ လူတယောက်ရဲ့ pheromone တွေကို လိုချင်တပ်မက်မှုက သူ့စိတ်တွေ ဝါးမြိုလုနီးပါးဖြစ်သွားတယ်။

သူ့ terminal က ခေါင်းလောင်းသံကိုကြားသောအခါ ယန်ချုံးက သိပ်မတုံ့ပြန်ခဲ့ပေ။  Terminal ကို သူ ဂရုမစိုက်တော့ဘူး။  လောလောဆယ်တော့ သူ့စိတ်နဲ့ မတွေးနိုင်သေးဘူး။  သူစဉ်းစားနိုင်တဲ့ တစ်ခုတည်းသောအရာကတော့ Alphaရဲ့ pheromoneတွေကို လိုချင်နေတာပါပဲ။

ပြိုကွဲလုနီးအချိန်လေးမှာပဲ ရင်းနှီးတဲ့အသံတစ်ခု သူ့ဆီခေါ်နေတာကို ရုတ်တရက် ကြားလိုက်ရတယ်။  "ရှောင်ချုံး!"

တံခါးကို မရပ်မနား ခေါက်သံကြားရသည်။  ထိုလူ၏အသံက မယုံနိုင်လောက်အောင် စိုးရိမ်တကြီးဖြစ်နေတယ် ။ 

အကြောင်းတစ်ခုခုကြောင့် ယန်ချုံးက အားကစားပွဲမှာ သူ မူးလဲသွားသည့်နေ့က သူကြားလိုက်ရသည့် အသံကို ရုတ်တရက် သတိရသွားသည်။  ထိုအသံက သူ့ကို စိုးရိမ်တကြီး ခေါ်နေပုံရသည်။

သူရှာနေတဲ့လူက ဒီကို တကယ်ရောက်လာတာ

ယန်ချုံးက နံရံကိုမှီပြီး ရုန်းကန်ရင်း သူ့ရဲ့နောက်ဆုံးခွန်အားကို အသုံးပြုခဲ့သည်။ ဒါပေမယ့် သူက အားနည်းနေပြီဖြစ်လို့ တံခါးကို မတွန်းနိုင်ခဲ့ဘူး ။  သူ တံခါးကို သော့ဖွင့်ရုံသာ တတ်နိုင်သည် ။

ကလစ်

ထိုအသံကြားပြီးနောက်တွင် တစ်စုံတစ်ယောက်က အပြင်ဘက်မှ တံခါးကိုတွန်းဖွင့်ပြီး လဲကျသွားတော့မည့် ယန်ချုံးကို ပွေ့ဖက်လိုက်သည်။  အဲဒီလူက သူ့နောက်က တံခါးကိုပိတ်ပြီး အပြင်က Alphaတွေကို ပိတ်ဆို့လိုက်တယ်။  အခုအချိန်မှာတော့ အဲဒီ Alphaတွေရဲ့ မျက်လုံးတွေဟာ သွေးထွက်သံယို ဖြစ်နေပြီ။

သူက ယန်ချုံး ပွေ့ဖက်လိုက်တာနဲ့ သူ့(ကျိရှင်းလန်) pheromone ရနံ့က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းလွှမ်းခြုံသွားသည်။  ယန်ချုံးက သူ့ခန္ဓာကိုယ်ကို ပွတ်သပ်ကာ ချန်ထားရန် တွန့်ဆုတ်နေပြီး ကျိရှင်းလန်ရဲ့ လည်ပင်းမှာ သူ့မျက်နှာကို မြှုပ်ထားလိုက်သည်။

မော့ကြည့်လိုက်တော့ သူ့မျက်နှာက ဇီဝကမ္မဆိုင်ရာ မျက်ရည်တွေနဲ့ ဖုံးလွှမ်းနေပြီ။  သူ့မျက်လုံးထောင့်များ နီရဲနေသော်လည်း အံ့သြစရာကောင်းလောက်အောင် လှပနေပါသည်။  သူက နားဝေတိမ်တောင်အမူအရာနဲ့  ပြောလာတယ် “ငါ့ကို ပေးပါ…”

ကျိရှင်းလန်က သူ့ pheromoneများကြောင့် ဆိုးရွားစွာ ဒဏ်ခံခဲ့ရသော်လည်း သူ့ကိုယ်သူ ထိန်းရင်း ယန်ချုံးကို ဖက်ထားဆဲဖြစ်သည်။  သူက သူ့(ယန်ချုံး)နောက်ကျောကို ပွတ်သပ်နှစ်သိမ့်ပေးရင်း ယန်ချုံး ရဲ့ နှုတ်ခမ်းကို ညင်သာစွာ နမ်းလိုက်ပြီး အခုအခြေအနေတွေ ပြေလည်သွားပြီဆိုပြီးတော့ သူ့ကို နှစ်သိမ့်ပေးလိုက်တယ်။

ယန်ချုံး ငြိမ်သက်သွားပြီး ကျိရှင်းလန်ကို ဖက်ထားချိန်မှာပင် မောဟိုက်သွားပြီး၊ ကျိရှင်းလန်က သူ့လည်ပင်းပေါ်က လည်ပတ်ကို ဖယ်ဖို့ လက်ထုတ်လိုက်ပါတယ်။

လည်ပတ်ဖြင့် အမြဲဖုံးလွှမ်းထားလေ့ရှိသော လည်ပင်းနှင့် ရနံ့ဂလင်းက ယခုအခါ လေဟာပြင်တွင် ထင်ရှားနေပြီး အလွန်စွဲမက်ဖွယ်ကောင်းသော မွှေးရနံ့ကို ထုတ်ပေးနေသည် ။

သူ့သေးသွယ်တဲ့ လည်ပင်းနဲ့ နူးညံ့သော အသားအရည်ကို လှပသော ပန်းရောင်အရိပ်ဖြင့် ဆေးဆိုးထားသည်။ ကျိရှင်းလန်က သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ သူ့ဗီဇကို အလျှော့ပေးကာ သူ့ကို ကိုက်လိုက်သည်။

ကျိရှင်းလန်က ယန်ချုံးရဲ့ ဦးခေါင်းကို ဆုပ်ကိုင်ထားပြီး မထိတွေ့ရသေးတဲ့ ရနံ့ဂလင်းကို ကိုက်ထားစဉ် ကျိရှင်းလန် မျက်လုံးတွေက မှောင်မဲနေခဲ့သည်။

.........

T/N 1: 1. tsundereတွေနဲ့ ပြဿနာအများကြီး  2. ခဏတာအားသွင်းပြီးနောက်မှာ ကျိရှင်းလန်က သူရဲ့ terminal ကိုဖွင့်ပြီး အဲ့တာကိုဖွင့်ထားစဉ်မှာ ဆက်လက်အားသွင်းထားနိုင်ပါသလား?  3. အို ကောင်လေးက ကိုက်တယ်။

T/N 2:  စိတ်လှုပ်ရှားစရာ ကောင်းလာတဲ့အခါ- :0

💙27.2.2022

Continue Reading

You'll Also Like

384K 25.7K 30
"မောင်ဟာ မိန်းမချင်းတောင် သိပ်နိုင်စားလွန်းတယ်"
397K 29.8K 35
Kim - ချစ်~~ချစ်တယ်~~~မောင် Jeon - မောင်သိတယ် Cv_ Pinterest
752K 42.3K 26
Jk - Possessive type #Warning Cv_ Pinterest