Unicode
~~~~~~~
ပြတင်းပေါက်ကနေ တိုးဝှေ့လာတဲ့
မနက်ခင်းရဲ့လတ်ဆတ်တဲ့လေပြည်ဟာ
ကုတင်ပေါ်မှာအိပ်မောကျနေသူနှစ်ယောက်ကို ဖြတ်သန်းလို့ ၊အခန်းကျယ်ထဲကိုအပြေးအလွှားရောက်ရှိလာလေတယ်။
အသစ်လဲထားတဲ့ လိုက်ကာဖြူအစတွေက
လေထဲမှာအိမ်မက်ဆန်ဆန်လွင့်ပါးလို့နေပြီး၊
အခန်းထဲကိုတိုးဝင်လာတဲ့ နေရာင်ချည်က တစ်စုံတစ်ယောက်ကိုသိုင်းဖက်ရင်း
အိပ်ပျော်လို့နေတဲ့ လူတစ်ယောက်ရဲ့မျက်နှာချောချောကိုတစ်ချက်တစ်ချက်သွားရောက်ကျီစယ်လို့
နေတယ်။
'သိင်္ခ'ကနိုးနေပြီဖြစ်ပေမဲ့လဲ ခေါင်းထဲမှာ
ရီဝေဝေဖြစ်နေဆဲမို့ မျက်လုံးလေးမှိတ်ပြီး
ပြန်မှေးဖို့ကြံလိုက်တယ်။ဒါပေမဲ့လဲကျောပြင်ဆီမှစပ်ဖြင်းဖြင်းခံစားချက်ကြီးကြောင့် မျက်လုံးတွေကျယ်သွားရပြီး လှဲနေရာကနေထထိုင်လိုက်ရတယ်။
"ကျစ်... ဘာဖြစ်တာလဲ။"
ဆစ်ခနဲ နာကျင်သွားရတဲ့ခံစားချက်ကြောင့်
'သိင်္ခ' နားမလည်နိုင်စွာရေရွတ်လိုက်ပြီး
ကုတင်ပေါ်ကနေ ဖြေးဖြေးချင်းဆင်းလို့
မှန်တင်ခုံရှေ့ကိုသွားလိုက်တယ်။
အဲ့ဒီနောက်မှာတော့ကျောပြင်က နာကျင်မှု
ကိုစူးစမ်းဖို့အတွက် အရက်နံ့တွေနဲ့ထုံမွှန်းနေတဲ့
သူ့ရဲ့ ရှပ်အင်္ကျီအဖြူ ကိုချွတ်ချလိုက်တော့တယ်။
'ကျောက်ခဲ'ဟာအအိပ်ဆတ်သူပြီပြီ ဘေးနားက
ခပ်တိုးတိုးရေရွတ်သံနဲ့လှုပ်ရှားမှုတွေကြောင့်
အိပ်ရာကနေကုန်းထလိုက်ရတယ်။
ကျစ်လစ်သွယ်လျတဲ့ ခန္ဓာကိုယ်ပေါ်ကနေ
အဖြူရောင်ရှပ်အင်္ကျီကပြုတ်ကျသွားတာနဲ့
နီရဲယောင်ယမ်းကာဖုဖောင်းနေတဲ့
အစင်းကြောင်းတို့က 'သိင်္ခ'ရဲ့ကျောပြင်ပေါ်မှာ
အကျည်းတန်စွာပေါ်ထွက်လာခဲ့တယ်။
"အစ်ကို..!။"
"အစ်ကို့ ကျော...ကျောကုန်းက ဘာဖြစ်တာလဲဟင်။
အစ်ကို ဘာတွေနဲ့ခြစ်မိလာတာလဲ။"
ဘာကိုမှ မသိရှာလေတဲ့
'ကျောက်ခဲ'မှာတော့ မိမိအရှေ့က
အသည်းကျိန်းစရာမြင်ကွင်း
ကြောင့် ချက်ချင်းကုတင်ပေါ်ကနေ
ပြေးဆင်းကာ 'သိင်္ခ'ဆီအပြေးသွားပြီး
စိုးရိမ်စွာနဲ့ မေးလာတယ်။
"ဘာ...ဘာမှမဖြစ်ဘူး
ကိုယ်ညက ချော်လဲရင်းနဲ့ထိခိုက်ခဲ့တာဖြစ်လိမ့်မယ်။"
သူ့ပါးစပ်ကသာ သေချာစွာဆိုနေခဲ့ပေမဲ့ လွန်ခဲ့တဲ့ညကမြင်ကွင်းတွေဟာ မျက်ဝန်းထဲမှာပေါ်လာလိုက်၊
ပျောက်သွားလိုက်နဲ့စိတ်ထဲမှာတော့
တော်တော်လေးသံသယဝင်နေခဲ့ပြီဖြစ်တယ်။
သူအရက်အရမ်းမူးနေခဲ့တဲ့ အချိန်မှာ 'သောမက်စ်'
ကသူ့ကို ပျော်ပွဲစားကလပ်ထဲကနေခေါ်လာခဲ့တယ်၊
ပြီးတော့ဘာတွေဆက်ဖြစ်ခဲ့မှန်းသူမမှတ်မိတော့ဘူး။ သူပြန်သတိရလာတဲ့အချိန်မှာ သူကရထားလုံးပေါ်ရောက်နေခဲ့တာကိုပဲ သူမှတ်မိတော့တယ်။
"အစ်ကို...ဆေးလိမ်းလိုက်ပါလား
ကျုပ် အောက်ထပ်မှာ ဆေးပုလင်းသွားယူလိုက်မယ်။"
"မလိမ်းတော့ဘူး
ကိုယ့်ကို ခဏလမ်းဖယ်ပေးအုံး။"
ကျောကုန်းကဒဏ်ရာတွေကိုကြည့်ပြီး
စိတ်ပူစွာပြောလာတဲ့ 'ကျောက်ခဲ'ကိုသူ
အရေးမလုပ်နိုင်တော့။တစ်ဖက်လူကိုသာရှောင်ကွင်းသွားလိုက်ရင်း ရှပ်အင်္ကျီကိုသာကမန်းကတန်း
ကောက်ဝတ်လို့အခန်းထဲကနေထွက်လာခဲ့လိုက်တယ်။
'မနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာ
မင်းကျုပ်ကို သေချာရှင်းပြမှရမယ် သောမက်စ်။ '
အခန်းအပြင်ကိုခပ်သုတ်သုတ်ထွက်သွားတဲ့
သံသယတို့ဖြင့် ဇောကပ်နေသူကတော့
အခန်းထဲမှာအထီးကျန်စွာ ကျန်နေခဲ့တဲ့သူကို
သတိမမူမိခဲ့ပေ။
'ကျောက်ခဲ'လဲ မှောင်ရိပ်သန်းနေတဲ့
အခန်းဘက်မှာ လေးပင်လှတဲ့
အသက်ရှုသံကိုလွှင့်ထုတ်လိုက်ပြီး ပွယောင်းနေတဲ့ အိပ်ရာတွေကိုသာသိမ်းနေလိုက်တော့တယ်။
ကျုပ်တို့တို့ကြားမှာတစ်စုံတစ်ခုဖြစ်နေတာကို
သိနေပေမဲ့ ကျုပ်ဘာကိုမှ မမေးချင်တော့ပါဘူး။
အရာအားလုံးကအစ်ကို့ရဲ့ဆန္ဒပဲဖြစ်တာမို့
ကျုပ်ကနေဆိုနေသေဆိုသေပေးမဲ့လူသားပါ။
ချစ်တာထက်လွန်ကဲတဲ့မြတ်နိုးခြင်းလေးဖြစ်နေတော့လဲအစ်ကိုစိတ်ညစ်ရမဲ့ကိစ္စကို ကျုပ်နည်းနည်းလေးမှ
မလုပ်ချင်ဘူးလေ။
'သိင်္ခ'လဲရှုပ်ပွနေတဲ့ သူ့ရဲ့ဆံပင်တွေကို လက်နဲ့
ထိုးဖွလိုက်ရင်း ကားကိုအမြန်စက်နှိုးပြီးမောင်းထွက်လာလိုက်တယ်။ မနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာ သူမမှတ်မိဘူး၊ ဒီအရာတွေကြောင့် သူနဲ့ 'ကျောက်ခဲ'ရဲ့ကြားမှာ အဖုအထစ်တွေဖြစ်လာခဲ့ရင်တော့ သူဘယ်သူ့ကိုမှခွင့်လွှတ်မှာမဟုတ်ဘူး၊
'သိင်္ခ'ဆိုတဲ့လူက ဘာလဲ သိအောင်ပြရလိမ့်မယ်။
ဒီလိုနဲ့ခိုပြာရောင်ကားလေးကအမြန်ဆုံးနှုန်းနဲ့
ကမ်းနားလမ်းတစ်လျှောက်မောင်းနှင်လာခဲ့ပြီး
အမှတ်၉၂ 'စထရန်း'ဟိုတယ်ရှေ့မှာ ထိုးရပ်လိုက်တယ်။
အဝင်အဝကနေစလို့ လမ်းတစ်လျှောက်လုံးအေးစက်တဲ့အငွေ့အသက်တို့ထုတ်လွှတ်ပြီး ဧည့်ကြိုကောင်တာဆီကိုခပ်မြန်မြန်လျှောက်လာတဲ့ ချောမောတဲ့လူတစ်ယောက်ကြောင့် နိစ္စဒူဝအလုပ်တွေနဲ့ လည်ပတ်နေရတဲ့ ဟိုတယ်ကြီးတောင်
တစ်ခဏတာမျှ ငြိမ်သက်သွားရတယ်။
"ဝီလီယမ်သောမက်စ် နဲ့တွေ့ချင်လို့
ကျုပ် ....'ဗညားသိင်္ခ'လာတယ်လို့ပြောလိုက်ပါ။"
ပထမတစ်ခေါက်လာတုန်းကနဲ့နည်းနည်းလေးမှမတူပဲ
အေးစက်မာထန်နေတဲ့ အမိန့်ဆန်ဆန်အသံကြောင့်ဝန်ထမ်းမိန်းကလေးတွေခင်ဗျာစကားပြောဖို့
ကိုတောင်သူပြော၊ ငါပြောနဲ့ကြောက်ရွံ့နေကြရတယ်။
သိမ်းငှက်တစ်ကောင်အလား စူးရဲနေ
တဲ့အကြည့်တွေက သူမေးတဲ့ဧည့်သည်သာ ဒီမှာမရှိရင်ဟိုတယ် ကိုပါဖြိုချပစ်မယ်ဆိုတဲ့အကြည့်မျိုး။
"အမိတို့က ဘာကိစ္စကျုပ်ကိုကြောင်ကြည့်နေကြတာလဲ။'ဝီလီယမ်သောမက်စ်' ကိုခေါ်ပေးဖို့
ကျုပ်ပြောနေတယ်လေ!။"
"ဟို...ဟို စိတ်လျှော့ပါရှင့် လူကြီးမင်းရဲ့
ဧည့်သည် 'မစ္စတာ ဝီလီယမ်သောမက်စ်'က
မနက်ကပဲအခန်းသော့အပ်သွားပါတယ်။"
"သူဘယ်သွားလဲ သိလား။"
'သိင်္ခ'က ဝန်ထမ်းမိန်းကလေးကိုမေးဆတ်ပြပြီး
ထပ်မေးလိုက်တယ်။
"ကျွန်မတို့မှာ ဧည့်သည်ရဲ့ ကိုယ်ရေးကိုယ်တာ
ကိစ္စကို မေးခွင့်မရှိပါဘူးရှင်။"
"တောက်ခ်!
ဘယ်တွေသွားနေတာလဲ။"
'သိင်္ခ'ကတောက်တစ်ချက်ခေါက်ကာ မကျေမနပ်နဲ့ရေရွတ်လိုက်ပြီး ဟိုတယ်ထဲကနေပြန်ထွက်လာလိုက်တယ်။ဟိုတယ်မှာလဲ မရှိဘူးဆိုတော့
ဘယ်ကိုဆက်သွယ်ရမယ်ဆိုတာမသိ၊ သိပ်စိတ်ပျက်ဖို့ကောင်းတယ်။ ဘာကြောင့်များ ပြဿနာတွေကတစ်ခုပြီးတစ်ခုဝင်နေရတာလဲ။
လောလောဆယ်တော့ အိမ်ကိုပြန်၊ရေမိုးချိုးသန့်
စင်ပြီး 'ကျောက်ခဲလေး'နဲ့မနက်စာအတူစားရမယ်။
ပြီးရင်တော့ အဲ့ဒီကိစ္စအတွက်လဲ သေချာရှင်းပြရမယ်။ သွေးပူနေတုန်း ဝုန်းဒိုင်းကျဲထွက်လာခဲ့မိတာဆိုတော့ ကောင်ငယ်လေးဝမ်းနည်းနေလောက်မလား။
တစ်ဖက်မှာတော့ 'သောမက်စ်'က'သိင်္ခ'ရဲ့ အိမ်
ရှေ့ကိုပင်ရောက်နေပြီဖြစ်တယ်။ဒီနေ့ဒီကို
လာဖို့စီစဥ်ထားတာကြောင့်သူ့မှာ 'မောင်ကျော်ဆွေ'ကို
တောင်ခေါ်လာခဲ့တာမဟုတ်ဘူး။သွေးရူးသွေးတန်းနဲ့ ခြောက်ခြားနေမဲ့ 'သိင်္ခ'ရဲ့ပုံကိုရှု့စားဖို့ သူမစောင့်နိုင်တော့ဘူးလေ။အစက သူလဲအဲ့လောက်အထိ လုပ်ဖို့ဆန္ဒမရှိပါဘူး၊ မူးနေတာကတစ်ကြောင်း၊ ဒီလူက ရည်းစားဟောင်းရှေ့လာပြီး မပြောသင့်မပြောအပ်တာတွေ လာပြောလို့ စိတ်ဆိုးပြီး လုပ်မိလိုက်တာ။ နောင်တတော့ ရမနေပါဘူးကံကောင်းရင် 'သိင်္ခ'က 'ကျောက်ခဲ'သူ့ကို တကယ်ချစ်တာလား၊ ဥစ္စာပစ္စည်းတွေမက်လို့ ကပ်တာလားဆိုတာ သိရအုံးမှာကို။
လူဆိုတာအချစ်မွှန်နေရင်ဘာကိုမှမမြင်နိုင်တော့ဘူးလေ၊သူက လူကြမ်းနာမည်ခံပြီး ကူညီပေးခဲ့ရုံပါပဲ။
ဒါကြောင့်သူလဲ မြင်းလှည်းသမားကို ပိုက်ဆံရှင်းလိုက်ပြီးဒေါ်ဒေါ့်အတွက်ဝယ်လာခဲ့ပေးတဲ့ လက်ဆောင်တွေကိုယူကာ ခြံဝန်းထဲကိုလျှောက်လာခဲ့လိုက်တယ်။
သစ်ပင်ပန်းမန်တွေနဲ့စိမ်းလန်းနေတဲ့ အိမ်ကြီးရဲ့အရှေ့
ဘက်ဥယျာဉ်ဟာ 'သောမက်စ်'ရဲ့ စိတ်ကလေးကို
ပိုလို့ပင်နုပျို စေတယ်။ အမျိုးစားစုံလှတဲ့ အပင်
မျိုးတွေနဲ့ ပန်းပင်တွေကိုကြည့်ရင်း လျှောက်လာလိုက်တာအိမ်ကြီးရှေ့ကို ရောက်မှန်းမသိတဲအထိ။
"အလို...'မစ္စတာ သောမက်စ်'ပါလား။"
'ငြိမ်းငြိမ်း'က အိမ်အရှေ့ဘက်ဆင်ဝင်အောက်မှာ
တံမြတ်စည်းလှည်းနေတာဖြစ်ပြီး ရွှေအိုရောင်
ဆံပင်တွေနဲ့ နိုင်ငံခြားသား ကိုလူချောကိုရုတ်တရက်
မြင်လိုက်ရတာကြောင့် အံသြသွားရတယ်။
"မိန်းကလေးလဲ နေကောင်းပါတယ်နော်
ကျွန်တော် ဒေါ်ဒေါ်နဲ့ တွေ့ချင်လို့ပါ။"
"အော်...ဟုတ်ကဲ့ပါရှင်
အိမ်ထဲဝင်ပါအုံး။ ငြိမ်းငြိမ်းသွားခေါ်ပေးပါ့မယ်။
ဒေါ်ဒေါ်က အပေါ်မှာ မမလေး 'အမာကြည်'နဲ့
စကားကောင်းနေတာလေ...'ငြိမ်းငြိမ်း' တစ်ခါတည်း
ခေါ်သွားပေးရမလား။"
'ငြိမ်းငြိမ်း'က တစ်ဖက်လူကို
သူ့ရဲ့ပါးပြင်ပေါ်က ပါးကွက်လေးတွေ
အပေါ်ကိုမြင့်တက်သွားတဲ့အထိ
ပြုံးပြရင်းပြောလိုက်တယ်။
"ဒါဆိုလဲ ကောင်းတာပေါ့
ကျွန်တော့်ကို တစ်ချက်လောက်လိုက်ပို့ပေးပါအုံး။"
"ဟုတ်ကဲ့ငြိမ်းငြိမ်း အထုတ်တွေသယ်ပေးပါ့မယ်။"
အဲ့ဒီနောက်မှာတော့ 'ငြိမ်းငြိမ်း'လဲ 'သောမက်စ်'
ရဲ့အထုတ်တွေကိုသယ်ပေးရင်း
အပေါ်ထပ်ကိုခေါ်လာခဲ့လိုက်တယ်။
အကြံအစည်နဲ့ရောက်လာတဲ့ 'အမာကြည်'မှာတော့
'ဒေါ်ရွှေဇင်ညိမ်း'ရဲ့ ရိသဲ့သဲ့မေးခွန်းတွေကြောင့်
ချွေးပြန်နေပြီဖြစ်တယ် ။ 'ကျောက်ခဲလေး'ကို
အပြင်ခေါ်သွားဖို့ 'သိင်္ခ'နာမည်ကိုငှားပြီးစကားပလ္လင်ခံမိပါတယ် 'ငါးပါးပါမက သံဃာစင်ပါမှောက်'ဆိုသလိုဖြစ်နေပြီ။
"အမာ လဲအရွယ်ရောက်လာပြီမလား
အ်ိမ်ထောင်ပြုဖို့ မစဉ်းစားသေးဘူးလား။
ဒေါ်ဒေါ်တောင် အိမ်က'သိင်္ခ'ကို အိမ်ထောင်ချပေး
တော့မလားလို့။"
တရုတ်ယပ်တောင်ကြီးကိုတဖျတ်ဖျတ်ခတ်ကာ
အပြုံးတဝင့်နဲ့ပြောလာတဲ့ 'ဒေါ်ရွှေဇင်ညိမ်း'ကို
'အမာကြည်'လဲ မချိပြုံးကြီးပြုံးပြရင်း
ရေလိုက်ငါးလိုက်လေးပြောလိုက်ရတယ်။
"အစီအစဉ်ကရှိတာပေါ့ ဒေါ်ဒေါ်ရယ်
အမာ လဲတစ်ယောက်တည်းသမားဘဝကို ငြီးငွေ့လှပါပြီ။ဥစ္စာဓနတွေထက် ရိုးရိုးသားသားနဲ့ ကြိုးကြိုးစားစားနေတတ်တဲ့ သူကိုပဲ ပိုပြီးတော့ရွေးချယ်ချင်ပါတယ်။အဟင်း..ရိုးဂုဏ်လေးရှိတော့ ပိုစိတ်ချ
ရတာပေါ့။"
'အမာကြည်'ရဲ့ ပွင့်လင်းတဲ့စကားအသွားအလာ
ကြောင့် 'ဒေါ်ရွှေဇင်ညိမ်း'ရဲ့ မျက်နှာပေါ်က အပြုံးပန်းကြီးခမျာတမဟုတ်ချင်း ပျောက်ကွယ်သွားရတယ်။ သူ(မ)မှာ အားကျမခံ သားဖြစ်သူနဲ့စေ့ဆော်ဖို့
အတွက် ပါးစပ်ဟလိုက်သော်လဲ'ငြိမ်းငြိမ်း'ရဲ့အသံစူးစူးကြောင့် စကားစကပျက်သွားရပြန်တယ်။
"မေမေကြီး ဒီမှာလေ
မစ္စတာ သောမက်စ်ရောက်လာတယ်။"
"အော်....လူလေးပဲကွဲ့
ဒီကိုလာခဲ့လေ သိင်္ခဆီလာလည်တာလား။"
'ဒေါ်ရွှေဇင်ညိမ်း'က အပေါ်ထပ် လသာဆောင်ကို
တက်လာတဲ့ 'သောမက်စ်'ရဲ့လက်တွေကိုဆွဲကိုင်ကာ
ထိုင်စေရင်း မေးလိုက်တယ်။
"အဟဲ...အမှန်တိုင်းပြော ရရင်တော့
သိင်္ခကိုအကြောင်းပြု ပြီး ဒေါ်ဒေါ့်ကို လာတွေ့တာပါ။"
'သောမက်စ်'ကအပြုံးလေးတစ်ပွင့်နဲ့
'ဒေါ်ရွှေဇင်ညိမ်း'ရဲ့လက်တွေကို ဆုပ်ကိုင်ပြီး
ချိုသာစွာဆိုလေတော့ အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးကြီးရဲ့မျက်နှာပေါ်မှာ အပူလှိုင်းလေးတွေဖြတ်ပြေးသွားရတယ်။
"ဟုတ်ပါပြီကွယ် ...ဟုတ်ပါပြီ
ကဲ...မိတ်ဆက်ပေးရအုံးမယ်။ဒါက 'အမာကြည်'
လို့ခေါ်သကွဲ့။'အမာကြည်'
ဟောဒါက 'ဝီလီယမ်သောမက်စ်'တဲ့။"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်နော်။"
'အမာကြည်'လဲ
တစ်ဖက်က ကမ်းလာပါတဲ့ လက်သွယ်သွယ်တွေကို
ပြန်လည်ဆုပ်ကိုင်ပေးလိုက်ရင်း နှုတ်ဆက်လိုက်တယ်။ ဒီတစ်ယောက် ရောက်လာတော့လဲကောင်းတာပေါ့'သောမက်စ်'ဆိုတဲ့ တစ်ယောက်ကိုထားခဲ့ပြီး
သူလဲ'မောင်ကျောက်ခဲ'လေးဆီသွားဖို့ ဖန်ရမယ်။
"ဒါဖြင့် ဒေါ်ဒေါ် အမာ့ကိုသွားခွင့်ပြုပါအုံး
လမ်းမှာဝင်ဝယ်စရာလေးတွေလည်း ရှိသေးလို့
ငကျောက်ခဲလေး ကိုခဏခေါ်သွားပါရစေ။"
"ပြန်တော့မလို့လား အမာရယ်
အင်း အင်း သွားစရာရှိတယ်ဆိုလဲ
ခေါ်သွားပါ။အားနာစရာမလိုပါဘူး ကိုယ့်အချင်း
ချင်းတွေပဲဟာ 'ငကျောက်ခဲ'လေးကိုလဲ
ဒေါ်ဒေါ်က မှာထားပြီးသား 'အမာ'ကအကူညီတောင်း
လာရင် တတ်နိုင်သမျှကူညီပေးလိုက်ပါလို့။"
ဒီတစ်ခေါက်ကြားလိုက်ရတဲ့ 'ဒေါ်ရွှေဇင်ညိမ်း'ရဲ့စကားကြောင့် 'အမာကြည်'အတော်ဝမ်းသာသွားရတာအမှန်။ မအေဖြစ်သူကို အိပ်ကတ်ထဲထည့်ထားပြီးမှတော့ 'ဗညားသိင်္ခ'ဆိုတဲ့လူကို ဘာကိစ္စရှိန်နေရဦးမှာလဲ။ သူလုပ်စရာရှိတာကို သေချာလုပ်သွားရုံပဲ။
သူနဲ့ငကျောက်ခဲလေးသာနီးစပ်သွားခဲ့ရင် ဒေါ်ဒေါ့်ရဲ့
ကျေးဇူးတွေကို 'အမာ 'ကဒီတစ်သက်မမေ့ပါဘူးလို့။
'အမာကြည်'လဲအပေါ်ထပ်ကနေခပ်သွက်သွက်
ဆင်းလာခဲ့ပြီးနောက် ခြံအနောက်ဘက်ကို
လာကာ 'ငကျောက်ခဲ'လေးကို အပြေးခေါ်တော့တယ်။ မျက်နှာမသာမယာနဲ့ သူ့ကိုငြင်းဖို့ကြိုးစားနေတဲ့ ကောင်ငယ်လေးဟာ 'ဒေါ်ဒေါ် လိုက်ခိုင်းလိုက်တာ'
လို့ပြောတာနဲ့ချက်ချင်းကို ခေါင်းညိတ်တော့တာပဲ။
'အမာကြည်ပါ မပိုင်ရင်ခြင်တောင်မရိုက်ဘူး။'
'အမာကြည်' ဟာ 'ကျောက်ခဲ'ကိုခေါ်ပြီးထွက်သွား
တာနဲ့သိပ်မကြာလိုက် 'သိင်္ခ'ကပါအိမ်ကိုပြန်ရောက်ချလာလေတယ်။
မနက်စာ စားချိန်တောင်ကျော်နေပြီမို့အဲ့ကလေးရော
မနက်စာစားပြီးရဲ့လားမသိ။ သူကလဲ လမ်းကြုံ
ချောကလိတ် ဝင်ဝယ်နေလို့ နည်းနည်းနေမြင့်သွား
တယ်။
'သိင်္ခ'က ကိုယ့်အတွေးနဲ့ကိုယ်
ကတ္ထုစက္ကူ အိတ်အသေးလေးကိုကားထဲကနေလှမ်းယူလိုက်ရင်းကားတံခါးကိုပြန်ပိတ်ကာ
သူ့လူကိုသွားရှာဖို့ပြင်တော့တယ်။
"ဟဲ့... သိင်္ခပေတိပေစုတ်နဲ့ ဒါဘယ်တုန်း။"
"ဘယ်မှမဟုတ်ဘူးအမေ
ကျောက်ခဲဆီသွားမလို့။"
'သိင်္ခ'က လသာဆောင်ကနေ လှမ်းခေါ်လာတဲ့
မိခင်ဖြစ်သူကိုမော့ကြည့်ပြီး
ခပ်ကျယ်ကျယ်ပြန်ဖြေလိုက်တယ်။
"ရော်...ဒါဖြင့် အပေါ်ကိုသာလာခဲ့ပေတော့
ငကျောက်ခဲလေးက အမာနဲ့အပြင်ပါသွားတယ်။"
"ဘာရယ်..!။"
'သိင်္ခ'ရဲ့သာယာကြည်လင်နေခဲ့တဲ့မျက်နှာလေးဟာ
မိခင်ဖြစ်သူရဲ့စကားကြောင့်ဖျက်ဆီးခံလိုက်ရပြီး
အပိုစုအနေနဲ့ မျက်ခုံးတွေပါ အလိုမကျစွာတွန့်ချိုးသွားရတယ်။
"ဘာကြောင်ကြည့်နေတာတုန်းဟဲ့
အပေါ်မှာ သောမက်စ်လဲရောက်နေတယ်
လာတွေ့လှည့်အုံး။"
ဒီတစ်ခါတွင်တော့ 'သိင်္ခ'ရဲ့မျက်နှာက ဝက်အသည်း
လိုပြောင်းလဲသွားလေပြီ။ သူ့ရဲ့လက်တွေက
သူကိုယ်တိုင်တောင်သတိမထားမိလိုက်ဘဲ
လက်သီးစုပ်အဖြစ်တင်းကျပ်သွားရကာ
လက်ထဲက စက္ကူအိတ်
လေးမှာတော့ ကျေမွသွားရတော့တယ်။
သူကတော့လိုက်ရှာနေရတာ၊ သင်းက
ဒီမှာတဲ့လား။သောမက်စ်...သောမက်စ်
မင်းဘာတွေလုပ်ဖို့ကြံစည်နေတာလဲ။
သူအပေါ်ထပ်လသာဆောင်ကို ရောက်သွားတော့
သူ့ကိုအပြုံးတစ်ပွင့်နဲ့ စောင့်ကြိုနေတဲ့ 'သောမက်စ်'
ကိုတွေ့လိုက်ရတယ်။နေရာမှာ မိခင်ဖြစ်သူသာ
မရှိရင် သူလဲ'သောမက်စ်'ရဲ့ အင်္ကျီလည်ပင်းကို
ဆုပ်ကိုင်ရင်း 'မင်းကျုပ်ကို ဘာတွေလုပ်ဖို့ကြံစည်နေတာလဲ'ဟုပေးပြီးပြီးဖြစ်တယ်။ အခုတော့ သူ့ကိုစူးစူးရဲရဲ မကျေမနပ်စိုက်ကြည့်နေရုံကလွဲပြီးဘာမှမလုပ်နိုင်ဘူး။
'သောမက်စ်'ကလဲတစ်ဖက်လူရဲ့အတွေးတွေကို
သိနေပုံရကာ ဟန်ပါပါပြုံးလိုက်ပြီး 'ဗညားသိင်္ခ'
ကို အသွားနှစ်ဖက်ပါတဲ့အောက်လုံးဆန်ဆန်
စကားတွေနဲ့ နှုတ်ဆက်လာတယ်။
"နေရထိုင်ရတာ သက်သာရဲ့လားဟင်
မနေ့ညက ယူ အရမ်းဆိုးတာပဲ
ဒူးတွေချောင်မနေဘူးမလား။"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Upပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့မင်းလေးတို့တာဝန်။
Cmtလေးတွေမျှော်နေပါတယ်😗
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
Previous Chapter
~~~~~~~~~~~~~~~
အဲ့ဒီေနာက္မွာေတာ့ ကုတင္ေပၚကိုေျဖးညွင္းစြာတက္သြားခဲ့ၿပီး တစ္ဖက္လူရဲ႕ၿငိမ္သက္ေနတဲ့ေက်ာျပင္ကိုအေနာက္ကေနသိုင္းဖက္လို႔ ခပ္တိုးတိုးေလး
ေျပာလိုက္ေတာ့တယ္။
"က်ဳပ္ဒီလိုေျပာလိုက္ရင္ အစ္ကိုစိတ္ခ်မ္းသာမယ္
မလား။က်ဳပ္က အစ္ကို႔ကိုလက္ထပ္ၿပီးတင့္ေတာင္း
တင့္တယ္ ထားနိုင္ေအာင္ႀကိဳးစားပါ့မယ္လို႔ေလ။"
🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚
ျပတင္းေပါက္ကေန တိုးေဝွ႕လာတဲ့
မနက္ခင္းရဲ႕လတ္ဆတ္
တဲ့ေလျပည္ေအးဟာ ကုတင္ေပၚတြင္ အိပ္ေမာက်ေနသူႏွစ္ေယာက္ကို ျဖတ္သန္းလို႔ ၊အခန္းက်ယ္ထဲကိုအေျပးအလႊားေရာက္ရွိလာေလတယ္။
အသစ္လဲထားတဲ့ လိုက္ကာျဖဴစေတြက
ေလထဲမွာအိမ္မက္ဆန္ဆန္လြင့္ပါးလို႔ေနၿပီး
ေလအေဝွ႕မွာ လိုက္ကာျဖဴေလးေတြတစ္ခ်က္
လြင့္သြားတိုင္း အခန္းထဲကိုတိုးဝင္လာတဲ့
ေနရာင္ခ်ည္က တစ္စုံတစ္ေယာက္ကိုသိုင္းဖက္ရင္း
အိပ္ေပ်ာ္လို႔ေနတဲ့ လူတစ္ေယာက္ရဲ႕မ်က္ႏွာေခ်ာေခ်ာကိုတစ္ခ်က္တစ္ခ်က္ သြားေရာက္က်ီစယ္လို႔ေနတယ္။
'သိခၤ'ကနိုးေနၿပီျဖစ္ေပမဲ့လဲ ေခါင္းထဲမွာ
ရီေဝေဝျဖစ္ေနဆဲမို႔ မ်က္လုံးေလးမွိတ္ၿပီး
ျပန္ေမွးဖို႔ႀကံလိုက္တယ္။ဒါေပမဲ့လဲေက်ာျပင္ဆီမွစပ္ျဖင္းျဖင္းခံစားခ်က္ႀကီးေၾကာင့္ မ်က္လုံးေတြက်ယ္သြားရၿပီး လွဲေနရာကေနထထိုင္လိုက္ရတယ္။
"က်စ္... ဘာျဖစ္တာလဲ။"
ဆစ္ခနဲ နာက်င္သြားရတဲ့ခံစားခ်က္ေၾကာင့္
'သိခၤ'လဲ နားမလည္နိုင္စြာေရ႐ြတ္လိုက္ၿပီး
ကုတင္ေပၚကေန ေျဖးေျဖးခ်င္းဆင္းလို႔
မွန္တင္ခုံေရွ႕ကိုသြားလိုက္တယ္။
အဲ့ဒီေနာက္မွာေတာ့ေက်ာျပင္က နာက်င္မႈ
ကိုစူးစမ္းဖို႔အတြက္ အရက္နံ႕ေတြနဲ႕ထုံမႊန္းေနတဲ့သူ႕ရဲ႕ ရွပ္အကၤ်ီအျဖဴ ကိုခြၽတ္ခ်လိဳက္ေတာ့တယ္။
'ေက်ာက္ခဲ'ဟာအအိပ္ဆတ္သူၿပီၿပီ ေဘးနားက
ခပ္တိုးတိုးေရ႐ြတ္သံနဲ႕လႈပ္ရွားမႈေတြေၾကာင့္
အိပ္ရာကေနကုန္းထလိုက္ရတယ္။
က်စ္လစ္သန္မာတဲ့ ခႏၶာကိုယ္ေပၚကေန
အျဖဴေရာင္ရွပ္အကၤ်ီကျပဳတ္က်သြားတာနဲ႕
နီရဲေယာင္ယမ္းကာဖုေဖာင္းေနတဲ့
အစင္းေၾကာင္းတို႔က 'သိခၤ'ရဲ႕ေက်ာျပင္ေပၚကေနအက်ည္းတန္စြာေပၚထြက္လာခဲ့တယ္။
"အစ္ကို..!။"
"အစ္ကို႔ ေက်ာ...ေက်ာကုန္းက ဘာျဖစ္တာလဲဟင္
အစ္ကို ဘာေတြနဲ႕ျခစ္မိလာတာလဲ။"
ဘာကိုမွ မသိရွာေလတဲ့
'ေက်ာက္ခဲ'မွာေတာ့ မိမိအေရွ႕က
အသည္းက်ိန္းစရာျမင္ကြင္း
ေၾကာင့္ ခ်က္ခ်င္းကုတင္ေပၚကေန
ေျပးဆင္းကာ 'သိခၤ'ဆီအေျပးသြားၿပီး
စိုးရိမ္စြာနဲ႕ ေမးလာတယ္။
"ဘာ...ဘာမွမျဖစ္ဘူး
ကိုယ္ညက ေခ်ာ္လဲရင္းနဲ႕ထိခိုက္ခဲ့တာျဖစ္လိမ့္မယ္။"
သူ႕ပါးစပ္ကသာ ေသခ်ာစြာဆိုေနခဲ့ေပမဲ့ လြန္ခဲ့တဲ့ညကျမင္ကြင္းေတြဟာ မ်က္ဝန္းထဲမွာေပၚလာလိုက္၊ ေပ်ာက္သြားလိုက္နဲ႕စိတ္ထဲမွာေတာ့
ေတာ္ေတာ္ေလးသံသယဝင္ေနခဲ့ၿပီျဖစ္တယ္။
သူအရက္အရမ္းမူးေနခဲ့တဲ့ အခ်ိန္မွာ 'ေသာမက္စ္'
ကသူ႕ကို ေပ်ာ္ပြဲစားကလပ္ထဲကေနေခၚလာခဲ့တယ္၊
ၿပီးေတာ့ဘာေတြဆက္ျဖစ္ခဲ့မွန္းသူမမွတ္မိေတာ့ဘူး။ သူျပန္သတိရလာတဲ့အခ်ိန္မွာ သူကရထားလုံးေပၚေရာက္ေနခဲ့တာကိုပဲ သူမွတ္မိေတာ့တယ္။
"အစ္ကို...ေဆးလိမ္းလိုက္ပါလား
က်ဳပ္ ေအာက္ထပ္မွာ ေဆးပုလင္းသြားယူလိုက္မယ္။"
"မလိမ္းေတာ့ဘူး
ကိုယ့္ကို ခဏလမ္းဖယ္ေပးအုံး။"
သူ႕ရဲ႕ ေက်ာကုန္းကဒဏ္ရာေတြကိုၾကည့္ၿပီး
စိတ္ပူစြာေျပာလာတဲ့ 'ေက်ာက္ခဲ'ကိုသူ
အေရးမလုပ္နိုင္ေတာ့။
တစ္ဖက္လူကိုသာေရွာင္ကြင္းသြားလိုက္ရင္း
ရွပ္အကၤ်ီကိုသာကမန္းကတန္း
ေကာက္ဝတ္လို႔အခန္းထဲကေနထြက္လာခဲ့လိုက္တယ္။
'မေန႕ညက ဘာေတြျဖစ္ခဲ့လဲဆိုတာ
မင္းက်ဳပ္ကို ေသခ်ာရွင္းျပမွရမယ္ 'ေသာမက္စ္'။ '
အခန္းအျပင္ကိုခပ္သုတ္သုတ္ထြက္သြားတဲ့
သံသယတို႔ျဖင့္ေဇာကပ္ေနသူကေတာ့
အခန္းထဲမွာအထီးက်န္စြာ က်န္ေနခဲ့တဲ့သူကို
သတိမမူမိခဲ့ေပ။
'ေက်ာက္ခဲ'လဲ ေမွာင္ရိပ္သန္းေနတဲ့
အခန္းဘက္မွာ ေလးပင္လွတဲ့
အသက္ရႈသံကိုလႊင့္ထုတ္လိုက္ၿပီး ပြေယာင္းေနတဲ့ အိပ္ရာေတြကိုသာသိမ္းေနလိုက္ေတာ့တယ္။
က်ဳပ္တို႔တို႔ၾကားမွာတစ္စုံတစ္ခုျဖစ္ေနတာကို
သိေနေပမဲ့ က်ဳပ္ဘာကိုမွ မေမးခ်င္ေတာ့ပါဘူး။
အရာအားလုံးကအစ္ကို႔ရဲ႕ဆႏၵပဲျဖစ္တာမို႔
က်ဳပ္ကေနဆိုေနေသဆိုေသေပးမဲ့လူသားပါ။
ခ်စ္တာထက္လြန္ကဲတဲ့ျမတ္နိုးျခင္းေလးျဖစ္ေနတာမို႔အစ္ကိုစိတ္ညစ္ရမဲ့ကိစၥကို က်ဳပ္နည္းနည္းေလးမွ
မလုပ္ခ်င္ဘူးေလ။
'သိခၤ'လဲရႈပ္ပြေနတဲ့ သူ႕ရဲ႕ဆံပင္ေတြကို လက္နဲ႕
ထိုးဖြလိုက္ရင္း ကားကိုအျမန္စက္ႏွိုးၿပီးေမာင္းထြက္လာလိုက္တယ္။ မေန႕ညက ဘာေတြျဖစ္ခဲ့လဲဆိုတာ သူမမွတ္မိဘူး၊ ဒီအရာေတြေၾကာင့္ သူနဲ႕ 'ေက်ာက္ခဲ'ရဲ႕ၾကားမွာ အဖုအထစ္ေတြျဖစ္လာခဲ့ရင္ေတာ့ သူဘယ္သူ႕ကိုမွခြင့္လႊတ္မွာမဟုတ္ဘူး၊
အိပ္ေနတဲ့ျခေသၤ့ဆိုတာ ဘာလဲ
သိေအာင္ျပရလိမ့္မယ္။
ဒီလိုနဲ႕ခိုျပာေရာင္ကားေလးကအျမန္ဆုံးႏႈန္းနဲ႕
ကမ္းနားလမ္းတစ္ေလွ်ာက္ေမာင္းႏွင္လာခဲ့ၿပီး
အမွတ္၉၂ 'စထရန္း'ဟိုတယ္ေရွ႕မွာ ထိုးရပ္လိုက္တယ္။
အဝင္အဝကေနစလို႔ လမ္းတစ္ေလွ်ာက္လုံးေအးစက္တဲ့အေငြ႕အသက္တို႔ထုတ္လႊတ္ၿပီး ဧည့္ႀကိဳေကာင္တာဆီကိုခပ္ျမန္ျမန္ေလွ်ာက္လာတဲ့ ေခ်ာေမာတဲ့လူတစ္ေယာက္ေၾကာင့္ နိစၥဒူဝအလုပ္ေတြနဲ႕ လည္ပတ္ေနရတဲ့ ဟိုတယ္ႀကီးေတာင္
တစ္ခဏတာမွ် ၿငိမ္သက္သြားရတယ္။
"ဝီလီယမ္ေသာမက္စ္ နဲ႕ေတြ႕ခ်င္လို႔
က်ဳပ္ ....'ဗညားသိခၤ'လာတယ္လို႔ေျပာလိုက္ပါ။"
ပထမတစ္ေခါက္လာတုန္းကနဲ႕နည္းနည္းေလးမွမတူပဲေအးစက္မာထန္ေနတဲ့ အမိန႔္ဆန္ဆန္အသံေၾကာင့္ဝန္ထမ္းမိန္းကေလးေတြခင္ဗ်ာစကားေျပာဖို႔ကိုေတာင္သူေျပာ၊ ငါေျပာနဲ႕ေၾကာက္႐ြံ႕ေနၾကရတယ္။သိမ္းငွက္တစ္ေကာင္အလား စူးရဲေနတဲ့အၾကည့္ေတြက သူေမးတဲ့ဧည့္သည္သာ ဒီမွာမရွိရင္ဟိုတယ္ ကိုပါၿဖိဳခ်ပစ္မယ္ဆိုတဲ့အၾကည့္မ်ိဳး။
"အမိတို႔က ဘာကိစၥက်ဳပ္ကိုေၾကာင္ၾကည့္ေနၾကတာလဲ။'ဝီလီယမ္ေသာမက္စ္' ကိုေခၚေပးဖို႔
က်ဳပ္ေျပာေနတယ္ေလ!။"
"ဟို...ဟို စိတ္ေလွ်ာ့ပါရွင့္ လူႀကီးမင္းရဲ႕
ဧည့္သည္ 'မစၥတာ ဝီလီယမ္ေသာမက္စ္'က
မနက္ကပဲအခန္းေသာ့အပ္သြားပါတယ္။"
"သူဘယ္သြားလဲ သိလား။"
'သိခၤ'က ဝန္ထမ္းမိန္းကေလးကိုေမးဆတ္ျပၿပီး
ထပ္ေမးလိုက္တယ္။
"ကြၽန္မတို႔မွာ ဧည့္သည္ရဲ႕ ကိုယ္ေရးကိုယ္တာ
ကိစၥကို ေမးခြင့္မရွိပါဘူးရွင္။"
"ေတာက္ခ္!
ဘယ္ေတြသြားေနတာလဲ။"
'သိခၤ'ကေတာက္တစ္ခ်က္ေခါက္ကာ မေက်မနပ္နဲ႕ေရ႐ြတ္လိုက္ၿပီး ဟိုတယ္ထဲကေနျပန္ထြက္လာလိုက္တယ္။ဟိုတယ္မွာလဲ မရွိဘူးဆိုေတာ့
ဘယ္ကိုဆက္သြယ္ရမယ္ဆိုတာမသိ၊ သိပ္စိတ္ပ်က္ဖို႔ေကာင္းတယ္။ ဘာေၾကာင့္မ်ား ျပႆနာေတြကတစ္ခုၿပီးတစ္ခုဝင္ေနရတာလဲ။
ေလာေလာဆယ္ေတာ့ အိမ္ကိုျပန္၊ေရမိုးခ်ိဳးသန႔္စင္ၿပီး 'ေက်ာက္ခဲေလး'နဲ႕မနက္စာအတူစားရမယ္။ ၿပီးရင္ေတာ့ အဲ့ဒီကိစၥအတြက္လဲ ေသခ်ာရွင္းျပရမယ္။ ေသြးပူေနတုန္း ဝုန္းဒိုင္းက်ဲထြက္လာခဲ့မိတာဆိုေတာ့ ေကာင္ငယ္ေလးဝမ္းနည္းေနေလာက္မလား။
တစ္ဖက္မွာေတာ့ 'ေသာမက္စ္'က'သိခၤ'ရဲ႕ အိမ္
ေရွ႕ကိုပင္ေရာက္ေနၿပီျဖစ္တယ္။ဒီေန႕သူဒီကို
လာဖို႔စီစဥ္ထားတာေၾကာင့္သူ႕မွာ 'ေမာင္ေက်ာ္ေဆြ'ကိုေတာင္ေခၚလာခဲ့တာမဟုတ္ဘူး။ေသြး႐ူးေသြးတန္းနဲ႕ ေျခာက္ျခားေနမဲ့ 'သိခၤ'ရဲ႕ပုံကိုရႈ႕စားဖို႔ သူမေစာင့္နိုင္ေတာ့ဘူးေလ။အစက သူလဲအဲ့ေလာက္အထိ လုပ္ဖို႔ဆႏၵမရွိပါဘူး၊ မူးေနတာကတစ္ေၾကာင္း၊ ဒီလူက ရည္းစားေဟာင္းေရွ႕လာၿပီး မေျပာသင့္မေျပာအပ္တာေတြ လာေျပာလို႔ စိတ္ဆိုးၿပီး လုပ္မိလိုက္တာ။ ေနာင္တေတာ့ ရမေနပါဘူးကံေကာင္းရင္ 'သိခၤ'က 'ေက်ာက္ခဲ'သူ႕ကို တကယ္ခ်စ္တာလား၊ ဥစၥာပစၥည္းေတြမက္လို႔ ကပ္တာလားဆိုတာ
သိရအုံးမွာကို။ လူဆိုတာအခ်စ္မႊန္ေနရင္ဘာကိုမွ
မျမင္နိုင္ေတာ့ဘူးေလ၊သူက လူၾကမ္းနာမည္ခံၿပီး ကူညီေပးခဲ့႐ုံပါပဲ။
ဒါေၾကာင့္သူလဲ ျမင္းလွည္းသမားကို ပိုက္ဆံရွင္းလိုက္ၿပီးေဒၚေဒါ့္အတြက္ဝယ္လာခဲ့ေပးတဲ့ လက္ေဆာင္ေတြကိုယူကာ ၿခံဝန္းထဲကိုေလွ်ာက္လာခဲ့လိုက္တယ္။
သစ္ပင္ပန္းမန္ေတြနဲ႕စိမ္းလန္းေနတဲ့ အိမ္ႀကီးရဲ႕အေရွ႕ဘက္ဥယ်ာဥ္ဟာ 'ေသာမက္စ္'ရဲ႕ စိတ္ကေလးကိုပိုလို႔ပင္ႏုပ်ိဳ ေစတယ္။ အမ်ိဳးစားစုံလွတဲ့
အပင္မ်ိဳးေတြနဲ႕ ပန္းပင္ေတြကိုၾကည့္ရင္း ေလွ်ာက္လာလိုက္တာအိမ္ႀကီးေရွ႕ကို ေရာက္မွန္းမသိေရာက္သြားရတယ္။
"အလို....'မစၥတာ ေသာမက္စ္'ပါလား။"
'ၿငိမ္းၿငိမ္း'က အိမ္အေရွ႕ဘက္ဆင္ဝင္ေအာက္မွာ
တံျမတ္စည္းလွည္းေနတာျဖစ္ၿပီး ေ႐ႊအိုေရာင္ဆံပင္ေတြနဲ႕ နိုင္ငံျခားသား ကိုလူေခ်ာကို႐ုတ္တရက္ျမင္လိုက္ရတာေၾကာင့္ အံၾသသြားရတယ္။
"မိန္းကေလးလဲ ေနေကာင္းပါတယ္ေနာ္
ကြၽန္ေတာ္ ေဒၚေဒၚနဲ႕ ေတြ႕ခ်င္လို႔ပါ။"
"ေအာ္...ဟုတ္ကဲ့ပါရွင္
အိမ္ထဲဝင္ပါဦး...ၿငိမ္းၿငိမ္းသြားေခၚေပးပါ့မယ္။
ေဒၚေဒၚက အေပၚမွာ မမေလး 'အမာၾကည္'နဲ႕
စကားေကာင္းေနတာေလ...'ၿငိမ္းၿငိမ္း' တစ္ခါတည္းေခၚသြားေပးရမလား။"
'ၿငိမ္းၿငိမ္း'က တစ္ဖက္လူကို
သူ႕ရဲ႕ပါးျပင္ေပၚက ပါးကြက္ေလးေတြ
အေပၚကိုျမင့္တက္သြားတဲ့အထိ
ၿပဳံးျပရင္းေျပာလိုက္တယ္။
"ဒါဆိုလဲ ေကာင္းတာေပါ့
ကြၽန္ေတာ့္ကို တစ္ခ်က္ေလာက္လိုက္ပို႔ေပးပါအုံး။"
"ဟုတ္ကဲ့ 'ၿငိမ္းၿငိမ္း' အထုတ္ေတြသယ္ေပးပါ့မယ္။"
အဲ့ဒီေနာက္မွာေတာ့ 'ၿငိမ္းၿငိမ္း'လဲ 'ေသာမက္စ္'
ရဲ႕အထုတ္ေတြကိုသယ္ေပးရင္း
အေပၚထပ္ကိုေခၚလာခဲ့လိုက္တယ္။
အႀကံအစည္နဲ႕ေရာက္လာတဲ့ 'အမာၾကည္'မွာေတာ့
'ေဒၚေ႐ႊဇင္ညိမ္း'ရဲ႕ ရိသဲ့သဲ့ေမးခြန္းေတြေၾကာင့္ ေခြၽးျပန္ေနၿပီျဖစ္တယ္ ။
'ေက်ာက္ခဲေလး'ကို အျပင္ေခၚသြားဖို႔ 'သိခၤ'နာမည္ကိုငွားၿပီးစကားပလႅင္ခံမိပါတယ္ 'ငါးပါးပါမက သံဃာစင္ပါေမွာက္'ဆိုသလိုျဖစ္ေနၿပီ။
"အမာ လဲအ႐ြယ္ေရာက္လာၿပီမလား
အ်ိမ်ထောင်ပြုဖို့ မစဥ္းစားေသးဘူးလား။
ေဒၚေဒၚေတာင္ အိမ္က'သိခၤ'ကို အိမ္ေထာင္ခ်ေပး
ေတာ့မလားလို႔။"
တ႐ုတ္ယက္ေတာင္ႀကီးကိုတဖ်တ္ဖ်တ္ခတ္ကာ
အၿပဳံးတဝင့္နဲ႕ေျပာလာတဲ့ 'ေဒၚေ႐ႊဇင္ညိမ္း'ကို
'အမာၾကည္'လဲ မခ်ိၿပဳံးႀကီးၿပဳံးျပရင္း
ေရလိုက္ငါးလိုက္ေလးေျပာလိုက္ရတယ္။
"အစီအစဥ္ကရွိတာေပါ့ ေဒၚေဒၚရယ္
အမာ လဲတစ္ေယာက္တညသမားဘဝကို ၿငီးေငြ႕လွပါၿပီ။ဥစၥာဓနေတြထက္ ရိုးရိုးသားသားနဲ႕ ႀကိဳးႀကိဳးစားစားေနတတ္တဲ့ သူကိုပဲ ပိုၿပီးေတာ့ေ႐ြးခ်ယ္ခ်င္ပါတယ္။အဟင္း..ရိုးဂုဏ္ေလးရွိေတာ့ ပိုစိတ္ခ်ရတာေပါ့။"
'အမာၾကည္'ရဲ႕ ပြင့္လင္းတဲ့စကားအသြားအလာ
ေၾကာင့္ 'ေဒၚေ႐ႊဇင္ညိမ္း'ရဲ႕ မ်က္ႏွာေပၚက အၿပဳံးပန္းႀကီးခင္ဗ်ာတမဟုတ္ခ်င္း ေပ်ာက္ကြယ္သြားရတယ္။ သူ(မ)မွာ အားက်မခံ သားျဖစ္သူနဲ႕ေစ့ေဆာ္ဖို႔အတြက္ ပါးစပ္ဟလိုက္ေသာ္လဲ'ၿငိမ္းၿငိမ္း'ရဲ႕အသံစူးစူးေၾကာင့္ စကားစကပ်က္သြားရျပန္တယ္။
"ေမေမႀကီး ဒီမွာေလ
မစၥတာ ေသာမက္စ္ေရာက္လာတယ္။"
"ေအာ္....လူေလးပဲကြဲ႕
ဒီကိုလာခဲ့ေလ 'သိခၤ'ဆီလာလည္တာလား။"
'ေဒၚေ႐ႊဇင္ညိမ္း'က အေပၚထပ္ လသာေဆာင္ကို
တက္လာတဲ့ 'ေသာမက္စ္'ရဲ႕လက္ေတြကိုဆြဲကိုင္ကာ
ထိုင္ေစရင္း ေမးလိုက္တယ္။
"အဟဲ...အမွန္တိုင္းေျပာ ရရင္ေတာ့
'သိခၤ'ကိုအေၾကာင္းျပဳ ၿပီး ေဒၚေဒါ့္ကို လာေတြ႕တာပါ။"
'ေသာမက္စ္'ကအၿပဳံးေလးတစ္ပြင့္နဲ႕
'ေဒၚေ႐ႊဇင္ညိမ္း'ရဲ႕လက္ေတြကို ဆုပ္ကိုင္ၿပီး
ခ်ိဳသာစြာဆိုေလေတာ့ အသက္ေလးဆယ္ေက်ာ္အ႐ြယ္ အမ်ိဳးသမီးႀကီးရဲ႕မ်က္ႏွာေပၚမွာ အပူလွိုင္းေလးေတြျဖတ္ေျပးသြားရတယ္။
"ဟုတ္ပါၿပီကြယ္ ...ဟုတ္ပါၿပီ
ကဲ...မိတ္ဆက္ေပးရအုံးမယ္။ဒါက 'အမာၾကည္'
လို႔ေခၚသကြဲ႕။'အမာၾကည္'
ေဟာဒါက 'ဝီလီယမ္ေသာမက္စ္'တဲ့။"
"ဟုတ္ကဲ့ ေတြ႕ရတာဝမ္းသာပါတယ္ေနာ္။"
'အမာၾကည္'လဲ
တစ္ဖက္က ကမ္းလာပါတဲ့ လက္သြယ္သြယ္ေတြကို
ျပန္လည္ဆုပ္ကိုင္ေပးလိုက္ရင္း ႏႈတ္ဆက္လိုက္တယ္။ ဒီတစ္ေယာက္ ေရာက္လာေတာ့လဲေကာင္းတာေပါ့'ေသာမက္စ္'ဆိုတဲ့ တစ္ေယာက္ကိုထားခဲ့ၿပီး
သူလဲ'ေမာင္ေက်ာက္ခဲ'ေလးဆီသြားဖို႔ ဖန္ရမယ္။
"ဒါျဖင့္ ေဒၚေဒၚ အမာ့ကိုသြားခြင့္ျပဳပါအုံး
လမ္းမွာဝင္ဝယ္စရာေလးေတြလည္း ရွိေသးလို႔ ငေက်ာက္ခဲေလး ကိုခဏေခၚသြားပါရေစ။"
"ျပန္ေတာ့မလို႔လား အမာရယ္
အင္း အင္း သြားစရာရွိတယ္ဆိုလဲ
ေခၚသြားပါ။အားနာစရာမလိုပါဘူး ကိုယ့္အခ်င္း
ခ်င္းေတြဘဲဟာ 'ငေက်ာက္ခဲ'ေလးကိုလဲ
ေဒၚေဒၚက မွာထားၿပီးသား 'အမာ'ကအကူညီေတာင္းလာရင္ တတ္နိုင္သမွ်ကူညီေပးလိုက္ပါလို႔။"
ဒီတစ္ေခါက္ၾကားလိုက္ရတဲ့ 'ေဒၚေ႐ႊဇင္ညိမ္း'ရဲ႕စကားေၾကာင့္ 'အမာၾကည္'အေတာ္ဝမ္းသာသြားရတာအမွန္။ မေအျဖစ္သူကို အိပ္ကတ္ထဲထည့္ထားၿပီးမွေတာ့ 'ဗညားသိခၤ'ဆိုတဲ့လူကို ဘာကိစၥရွိန္ေနရဦးမွာလဲ။ သူလုပ္စရာရွိတာကို ေသခ်ာလုပ္သြား႐ုံပဲ။
သူနဲ႕ငေက်ာက္ခဲေလးသာနီးစပ္သြားခဲ့ရင္ ေဒၚေဒါ့္ရဲ႕
ေက်းဇူးေတြကို 'အမာ 'ကဒီတစ္သက္မေမ့ပါဘူးလို႔။
'အမာၾကည္'လဲအေပၚထပ္ကေနခပ္သြက္သြက္
ဆင္းလာခဲ့ၿပီးေနာက္ ၿခံအေနာက္ဘက္ကို
ေျပးကာ 'ငေက်ာက္ခဲ'ေလးကို ေျပးေခၚေတာ့တယ္။ မ်က္ႏွာမသာမယာနဲ႕ သူ႕ကိုျငင္းဖို႔ႀကိဳးစားေနတဲ့ ေကာင္ငယ္ေလးဟာ 'ေဒၚေဒၚ လိုက္ခိုင္းလိုက္တာ'လို႔ေျပာတာနဲ႕ခ်က္ခ်င္းကို ေခါင္းညိတ္ေတာ့တာပဲ။
'အမာၾကည္ပါ မပိုင္ရင္ျခင္ေတာင္မရိုက္ဘူး။'
'အမာၾကည္' 'ေက်ာက္ခဲ'ကိုေခၚၿပီးထြက္သြား
တာနဲ႕သိပ္မၾကာလိုက္ 'သိခၤ'ကပါအိမ္ကိုျပန္ေရာက္ခ်လာေလတယ္။
မနက္စာ စားခ်ိန္ေတာင္ေက်ာ္ေနၿပီမို႔အဲ့ကေလးေရာမနက္စာစားၿပီးရဲ႕လားမသိ။ သူကလဲ လမ္းႀကဳံေခ်ာကလိတ္ ဝင္ဝယ္ေနလို႔ နည္းနည္းေနျမင့္သြားတယ္။
'သိခၤ'က ကိုယ့္အေတြးနဲ႕ကိုယ္
ကတၳဳစကၠဴ အိတ္အေသးေလးကိုကားထဲကေနလွမ္းယူလိုက္ရင္းကားတံခါးကိုျပန္ပိတ္ကာ
သူ႕လူကိုသြားရွာဖို႔ျပင္ေတာ့တယ္။
"ဟဲ့... 'သိခၤ" ေပတိေပစုတ္နဲ႕ ဒါဘယ္တုန္း။"
"ဘယ္မွမဟုတ္ဘူးအေမ
'ေက်ာက္ခဲ' ဆီသြားမလို႔။"
'သိခၤ'က လသာေဆာင္ကေန လွမ္းေခၚလာတဲ့
မိခင္ျဖစ္သူကိုေမာ့ၾကည့္ၿပီး
ခပ္က်ယ္က်ယ္ျပန္ေျဖလိုက္တယ္။
"ေရာ္...ဒါျဖင့္ အေပၚကိုသာလာခဲ့ေပေတာ့
'ငေက်ာက္ခဲ' ေလးက အမာနဲ႕အျပင္ပါသြားတယ္။"
"ဘာရယ္..!။"
'သိခၤ'ရဲ႕သာယာၾကည္လင္ေနခဲ့တဲ့မ်က္ႏွာေလးဟာမိခင္ျဖစ္သူရဲ႕စကားေၾကာင့္ဖ်က္ဆီးခံလိုက္ရၿပီးအပိုစုအေနနဲ႕ မ်က္ခုံးေတြပါ အလိုမက်စြာတြန႔္ခ်ိဳးသြားရတယ္။
"ဘာေၾကာင္ၾကည့္ေနတာတုန္းဟဲ့
အေပၚမွာ 'ေသာမက္စ္'လဲေရာက္ေနတယ္
လာေတြ႕လွည့္အုံး။"
ဒီတစ္ခါတြင္ေတာ့ 'သိခၤ'ရဲ႕မ်က္ႏွာက ဝက္အသည္းလိုေျပာင္းလဲသြားေလၿပီ။ သူ႕ရဲ႕လက္ေတြကသူကိုယ္တိုင္ေတာင္သတိမထားမိလိုက္ဘဲ
လက္သီးစုပ္အျဖစ္တင္းက်ပ္သြားရကာ
လက္ထဲက စကၠဴအိတ္
ေလးမွာေတာ့ ေက်မြသြားရေတာ့တယ္။
သူကေတာ့လိုက္ရွာေနရတာ၊ သင္းက
ဒီမွာတဲ့လား။ေသာမက္စ္...ေသာမက္စ္
မင္းဘာေတြလုပ္ဖို႔ႀကံစည္ေနတာလဲ။
သူအေပၚထပ္လသာေဆာင္ကို ေရာက္သြားေတာ့
သူ႕ကိုအၿပဳံးတစ္ပြင့္နဲ႕ ေစာင့္ႀကိဳေနတဲ့ 'ေသာမက္စ္'ကိုေတြ႕လိုက္ရတယ္။ေနရာမွာ မိခင္ျဖစ္သူသာမရွိရင္ သူလဲ'ေသာမက္စ္'ရဲ႕ အကၤ်ီလည္ပင္းကိုဆုပ္ကိုင္ရင္း 'မင္းက်ဳပ္ကို ဘာေတြလုပ္ဖို႔ႀကံစည္ေနတာလဲ'ဟုေပးၿပီးၿပီးျဖစ္တယ္။
အခုေတာ့ သူ႕ကိုစူးစူးရဲရဲ မေက်မနပ္စိုက္ၾကည့္ေန႐ုံကလြဲၿပီးဘာမွမလုပ္နိုင္ဘူး။
'ေသာမက္စ္'ကလံ တစ္ဖက္လူရဲ႕အေတြးေတြကို
သိေနပုံရကာ ဟန္ပါပါၿပဳံးလိုက္ၿပီး 'ဗညားသိခၤ'ကို
အသြားႏွစ္ဖက္ပါတဲ့ေအာက္လုံးဆန္ဆန္
စကားေတြနဲ႕ ႏႈတ္ဆက္လာတယ္။
" ေနရထိုင္ရတာ သက္သာရဲ႕လားဟင္
မေန႕ညက ယူ အရမ္းဆိုးတာပဲ
ဒူးေတြေခ်ာင္မေနဘူးမလား။"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Upေပးလိုက္ပါၿပီ၊ ဖတ္ေပးဖို႔မင္းေလးတို႔တာဝန္။
Cmtေလးေတြေမွ်ာ္ေနပါတယ္😗
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀