Omega အဖြစ်ကူးပြောင်းပြီးနောက...

Bởi karryphyo

355K 39K 933

Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kin... Xem Thêm

Description
Ch. 1
Ch. 2
Ch. 3
Ch 4.
Ch5 .
Ch6 .
Ch7.
Ch8.
Ch9.
Ch10.
Ch11.
Ch12.
Ch13.
Ch14.
Ch15.
Ch 16.
Ch17.
Ch18.
Ch. 19
Ch 20.1
Surprise 🤍🤍🤍
Ch 20.2
Ch 20.3
Ch 21
Ch 22
paid gp😍😘🤍🤍
Ch 23
Ch 24
Ch 25
Ch 26
Ch.27
Ch 28
Ch 29
Ch 30
Suprise🥳🥳
Ch 31
Ch 32
Ch 33
Ch 34
Ch 35
Ch 36
Ch38
Ch 39
Ch 40
Ch 41
Ch 42
Ch 43
Ch 44
Ch 45
Ch 46
Ch 47
Ch 48
Ch 49
Ch 50
Ch 51
Ch 52
Ch 53
Ch 54
Ch 55
Ch 56
Ch 57
Ch 58
Ch 59
Ch 60
Ch 61
Ch 62
Ch 63
Ch 64
Ch 65
Ch 66
Ch 67
Ch 68
Ch 69
Ch 70
Ch 71
Ch 72
Ch 73
Ch 74
Ch 75
Ch 76
Ch 77
Ch 78
Ch 79
Ch 80
Ch 81
သီတင်းကျွတ် ပရိုမိုးရှင်း
Ch 82
Ch 83
Ch 84
Ch 85
Ch 86
Ch 87
ပရိုမိုးရှင်း
Ch 88
Ch 89,90
Ch 91
Ch 92, 93
Ch 94
Ch 95
Ch 96
Ch 97
Ch 98
Ch 99
Ch 100
Ch 101
Ch 102
Ch 103
Ch 104
Ch 105
Ch 106
Ch 107
Ch 108
Ch. 109
Ch 110
Ch 111
Ch 112
Ch 113
Ch 114
Ch 115
Ch 116
Ch 117
Ch 118
Ch 119
Ch 120
Ch 121
Ch 122
Ch 123
Ch 124
Ch 125
Ch 126(end)

Ch 37

2.4K 292 13
Bởi karryphyo

ဆယ့်ခုနစ်နှစ်အရွယ် ကျိရှင်းလန် က ဘာနဲ့တူလဲ?


ယန်ချုံးက ပြတင်းပေါက်မှ လျင်မြန်စွာနောက်ပြန်ဆုတ်သွားသော ရှုခင်းကို စိုက်ကြည့်နေသည်။  သူ့မျက်လုံးထောင့်ကနေ ကျိရှင်းလန် ကို အကဲခတ်နေတယ်။ထိုလူက စတီယာတိုင်ကို ကိုင်ထားကာ ဘာအမူအရာမှမရှိနေပေ။ ခုနက သူ့ကို နှိပ်စက်ညှဉ်းပန်းခဲ့တဲ့လူက လုံးဝကိုတခြားလူတစ်ယောက်ဖြစ်သွားသလိုပဲ။


ကားပြတင်းပေါက်မှ ရောင်ပြန်ဟပ်မှုမှ ယန်ချုံးသည် သူ့ကိုယ်ပိုင်မျက်နှာပေါ်တွင် နစ်နာနေသော အမူအရာကို မြင်နေရဆဲဖြစ်သည်။  အခု သူဘာဖြစ်သွားမှန်းကိုမသိဘူး။ရိုက်နှက်ခံရတာက ဒီလောက်ထိ မနာပါဘူး။  သူက မယုံနိုင်လောက်အောင် အရှက်ရသွားသလို ခံစားလိုက်ရပြီး သူ့စိတ်တွေ မှုန်ဝါးသွားသည်။


သူ့အသက်က သုံးနှစ်မဟုတ်တော့ဘူး။  သူ့ဖင်ကို တယောက်ယောက်က ဘယ်လိုရိုက်နိုင်သေးတာလဲ? ! ဘယ်သူမှ ကျားတင်ပါးကိုထိဖို့မမှတ်ယူထားရင် ဘယ်သူကမှလည်း Alphaရဲ့ တင်ပါးကို ထိဖို့ မမှတ်ယူသင့်ဘူး!

  ဒါက ယန်ချုံး အတွက် အရှက်ရစေတယ်။ကျိရှင်းလန် အပေါ်မှာ ထားခဲ့တဲ့ အငြိုးအတေးစာရင်းမှာ သူနောက်ထပ်အကြောင်းအရာတစ်ခုကို ထပ်ထည့်လိုက်ပါတယ်။

သူ ကွာရှင်းပြီးသွားတာနဲ့ သူဿျိရှင်းလန်ရဲ့အပေါ်မှာ  အိတ်တစ်လုံးကို သေချာချထားပြီး သူ့ကို ရိုက်နှက်ပစ်မယ်!

 ထိုညတွင် ယန်ချုံးက ကြောင်ကလေးနှင့် ကစားရန် ကုတင်ပေါ်တွင် ထိုင်လိုက်သည်။ကျိရှင်းလန်က အပြင်မှ ပြန်လာ၍ ယန်ချုံး ၏ ရှေ့သို့ရွှေ့လိုက်သည်။

  သူတို့ တစ်ယောက်နဲ့တစ်ယောက် ဒေါသဖြစ်နေတုန်းပဲ၊ အဲဒီညက တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်ကြဘူး။ ယန်ချုံး ငုံ့ကြည့်လိုက်ပြီး ကျိရှင်းလန်၏ နောက်ကျောကို ကြည့်လိုက်သည်။  နောက်ဆုံးတွင် သူမေ့လျော့ခဲ့သော အရှက်တရားက ပြန်လည်ရောက်ရှိလာပြီး ကလဲ့စားချေခြင်း၏ မီးတောက်များက သူ့အတွင်း၌ မြင့်တက်လာခဲ့သည်။


သူ့မှာ သူ့ကိုအိတ်ထဲထည့်ဖို့ အချိန်မရှိဘူး၊ ဒါကြောင့် သူ့ကို ရိုက်နှက်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်တယ်!


ကျိရှင်းလန်က သူ့ကျောကိုပြန်လှည့်ပြီး ရန်စတဲ့ပုံစံနဲ့ လက်လှမ်းလိုက်တယ်။ တိတ်ဆိတ်နေသော အခန်းထဲတွင် ကျယ်လောင်သော ပါးရိုက်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ အဲ့တာက လက်ဖဝါးတဲ့ရိုက်တဲ့အသံဖြစ်သည်။

 မူလက ကျိရှင်းလန်ဟာ သူ့ကျောကို ကုတင်ဘက်သို့လှည့်ကာ မတ်တပ်ရပ်နေသည်။  ထိုအချိန်တွင် သူ့ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားသည်။  သူ အံ့အားသင့်သွားသည်။ မျက်လုံးများကို အလင်းပေးကာ အံ့အားသင့်နေလေသည်။  ထို့နောက် သူ့လက်ထဲက ဖန်ခွက်ကို ချလိုက်သည်။  ဖန်ရွက်ရဲ့ထူထဲတဲ့အောက်ခြေက စားပွဲမျက်နှာပြင်ကို ခေါက်မိလိုက်သဖြင့် ကြည်လင်သော အသံထွက်လာသည်။  ဒါဟာ ဆိုးရွားတဲ့အရာတစ်ခု ဖြစ်လာတော့မယ့် အရိပ်အယောင်ပါပဲ။  ဒါပေမယ့် သူက ယန်ချုံးကို လှည့်ကြည့်နေတုန်းပဲ။  သူ့အမူအရာက လုံးဝကို ငြိမ်သက်နေ၏။

 ယန်ချုံးပေးလာတဲ့ပါးရိုက်မှုကို ကျိရှင်းလန် ခက်ခက်ခဲခဲစဥ်းစားလို့မရပါဘူး။  သူက လက်စားချေရုံပဲ။  ဒါ့အပြင် သူရွေးချယ်တဲ့ အနေအထားက နည်းနည်းလေး လွဲနေတယ်။ဖြစ်ပျက်ခဲ့တာကို မှတ်တမ်းတင်လိုက်သောအခါ အခန်းတွင်းရှိ လေထုက အနည်းငယ် ထူးဆန်းနေပြီဖြစ်သည်။

ကျိရှင်းလန်က သူ့ရှေ့တွင် ရပ်ကာ သူ့ကိုငုံ့ကြည့်လိုက်သည်။  သူ၏ လှပသော မျက်လုံးများထဲမှ အလင်းရောင်သည် အနည်းငယ်မှောင်နေပြီး ၎င်းတို့ကို မှိတ်တုတ်မှိတ်တုတ်လုပ်လိုက်သည်မှာ သိသာထင်ရှားသော ခံစားချက်တစ်ခုဖြစ်သည်။  ကျိရှင်းလန်က ယန်ချုံးကို တိတ်ဆိတ်စွာ ကြည့်နေရုံသာ။  အဆုံးတွင်၊ ဤအရူးလေးက သူတို့ကြားတွင် မတည်မငြိမ်ဖြစ်မှုကို ချိုးဖျက်ရန် ဤနည်းလမ်းကို အသုံးပြုလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။  နောက်ဆုံးတော့ ဒီနည်းလမ်းက ဒုက္ခကို နှိုးဆော်တဲ့ နည်းလမ်းတစ်ခုဖြစ်သွားလေသည်။  သူ့ရဲ့ မနာလိုစိတ်က မှေးမှိန်သွားပြီး အခုနောက်ဆုံးတော့ လွတ်မြောက်ဖို့ နည်းလမ်းကို သူရှာတွေ့ခဲ့တယ်။

ကျိရှင်းလန်က ဖန်ခွက်ကို အေးဆေးတဲ့အမူအရာနဲ့ ကိုင်ထားပြီး တစ်ကျိုက်ချင်းမျိုချဖို့ သူခေါင်းပြန်ငုံ့လိုက်သည်။  သို့သော် သူက မျိုချရန် မအလျင်စလိုမလုပ်ခဲ့ပေ။  သူ့မျက်လုံးများက ယန်ချုံးကို စိုက်ကြည့်နေပြီး ယန်ချုံးက သူ့အရေပြားတွေလိပ်သွားသလို ခံစားလိုက်ရသည်။  ထိုအချိန်တွင် ယန်ချုံးက အခန်းတွင်းရှိ pheromoneများမြင့်တက်လာပြီး ခုန်တက်လာကာ ပေါင်းစည်းသွားသည်ကို ခံစားလိုက်ရပြီး အခြေအနေများ ဆိုးရွားနေမည်ကို ယန်ချုံးသိလိုက်ရသည်။သူက တစ်ချက်ရိုက်လိုက်ရုံဖြင့် သူ့ရဲ့လက်စားချေဖို့ကို ကျရှုံးသွားခဲ့သဖြင့် ယခုတော့ သူသေခြင်းကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။

 သူ့စီနီယာများ၏ အတိတ်က လုပ်ရပ်များသည် သွားရမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပုံရသည်။  တစ်စုံတစ်ယောက်ကို ရိုက်ချင်ရင်တော့ သူတို့ကိုအိတ်ထဲမှာ ထောင်ထားရမယ်။

ယန်ချုံးက Alpha ၏ ပြင်းထန်သောဖိအားကို ခံနိုင်ရည်ရှိချိန်တွင် အခန်းတံခါးကို သူ့ရှေ့မှ ထောင့်ဖြတ်ထားသောအခန်းတံခါးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။  တစ်ချိန်တည်းမှာပင် သူ ယခုထွက်ပြေးပါက လွတ်မြောက်အောင်မြင်ရန် အခွင့်အလမ်း မည်မျှမြင့်မားသည်ကို တွေးတောနေခဲ့သည်။  မဟုတ်ရင် ဧည့်ခန်းထဲမှာ ပုန်းပြီး ကြောင်ကလေးနဲ့ တစ်ညလောက်နေရမယ်။


သို့သော် သူ့တွင် ဖုံးအုပ်နေသော အရိပ်ပိုင်ရှင်က ရုတ်တရက် သူ့ကို ဖိထားသောကြောင့် ဤအစီအစဥ်ကို အကောင်အထည်ဖော်ရန် အချိန်မရှိပေ။ ယန်ချုံး တုန်လှုပ်သွားပြီး မျက်လုံးများကိုမှိတ်ချလိုက်သည်။  သူ့မျက်တောင်လေးတွေ တဖျပ်ဖျပ်ခတ်နေပေမယ့် နောက်ဆက်တွဲကတော့ ပေါ့ပါးပြီး ငှက်မွှေးလိုအနမ်းလေး။


 ယန်ချုံးက ဒီလူဘာတွေးနေသလဲဆိုတာကို နားမလည်ဘူး။သူကဒေါသမထွက်ဘဲ သူ့ကိုရုတ်တရက်ကြီး နမ်းလာခဲ့တယ်။ ဘာတွေဖြစ်နေတာလဲ?

မည်သို့ပင်ဆိုစေကာမူ ယန်ချုံး လွတ်မြောက်အောင်မလုပ်ရဲပေ။ သူက ခေါင်းကို မော့ပြီး ကျိရှင်းလန် ကို နမ်းခွင့်ပြုလိုက်တယ်။  ဒါက သာမာန်အနမ်းတစ်ခုလို စိတ်သက်သာရာရသွားတော့မယ် လို့ သူတွေးလိုက်ချိန်မှာပဲ ယန်ချုံးက သူ့လျှာမှာ အေးမြတဲ့ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရတယ်။  ထို့နောက် အေး၍ ချိုသော်လည်း ချဉ်သော တစ်စုံတစ်ရာက သူ့ပါးစပ်ထဲသို့ ဝင်သွားပြီး သံပုရာသီး၏ အရသာက ခံတွင်းထဲမှာ လန်းဆန်းသွားစေသည် ။

 ယန်ချုံးက မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ သူ့ရှေ့မှလူကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။ သံပုရာရည်။

 သံပုရာရည်ကို ဖျော်ထားသောကြောင့် အရသာက အလွန်ချိုသည်။  အမှန်မှာ၊ ၎င်းသည် အလွန်ချဉ်တာ မဟုတ်သော်လည်း ယန်ချုံးက ဤလှုံ့ဆော်မှုမျိုးကို မကိုင်တွယ်နိုင်ပါ။သူ့ကိုတွန်းဖို့ သူ့လက်တွေကို အသုံးပြုခဲ့ပေမယ့် အကြိမ်အနည်းငယ် တွန်းထိုးပြီးနောက်မှာတောင် ကျိရှင်းလန်က လက်မလွှတ်ခဲ့ပါဘူး။  အနည်းငယ်လှုပ်ရှားရုံဖြင့် သူက ယန်ချုံး ၏ရုန်းကန်နေသောလက်ကောက်ဝတ်များကို ဖမ်းဆုပ်လိုက်ပြီး သူ့(ယန်ချုံး)ရဲ့လက်တွေကို သူ့နောက်ကျောဘက်ကိုခေါက်ထားလိုက်သည်။

ကုတင်အစွန်းမှာထိုင်ရင်း ယန်ချုံး သူ့နောက်က လက်တွေကို အားစိုက်လိုက်တယ်။ကျိရှင်းလန်က သူ့အပေါ်မှီချလာစဥ် သူ့ရှေ့တွင် မတ်တတ်ရပ်နေသည်။  အေးစက်သောအရည်များက သူ၏နှုတ်ခမ်းထောင့်များကို စီးဆင်းသွားပြီး ယန်ချုံး၏မေးရိုးနှင့် မေးစေ့အောက်သို့ လျှောကျလာပြီး ညှပ်ရိုးနှင့် သူ့အင်္ကျီကော်လာအတွင်းသို့ စီးဆင်းသွားကာ တောက်ပနေသော အရည်လမ်းကြောင်းကနောက်တွင် ကျန်ရစ်ခဲ့သည်။

ကျိရှင်းလန်က ကုတင်အစွန်းတွင်ထိုင်ကာ သူ့ကို နောက်ပြောင်သော အကြည့်ဖြင့် ကြည့်နေလေသည်။  သူလက်ကိုဆန့်ပြီး သူ့ခေါင်းကိုတောက်လိုက်သည်။

 “သံပုရာရည်က ချဉ်လား?”

ယန်ချုံးက ဘာမှစကားမှမပြောဘဲ သူ့ပါးစပ်ကို အုပ်လိုက်သည်။သူ အကြိမ်ကြိမ် ခေါင်းညိတ်တာသာလုပ်နိုင်ခဲ့သည်။

 ကျိရှင်းလန်က အံကြိတ်ထားတဲ့ သွားတွေကနေ “ချဉ်တယ်ဆိုရင်တော့ အဲ့တာကဘာမှမမှားဘူး” လို့ ပြောလိုက်တယ်။


မူလကတော့ ကျိရှင်းလန်က ယန်ချုံး အား အခြားသူတစ်ဦးထံ ရည်းစားရေးရန် ကူညီပေးခဲ့သည့်အတွက် ဒေါသထွက်ခဲ့သော်လည်း သူထိုအကြောင်းကို တွေးကြည့်လိုက်တဲ့အခါမှာတော့ ယန်ချုံးက ရှဲ့ယွီ ဆီ  ရည်းစားစာတစ်စောင် မရေးခဲ့ဘဲ သူ့ကိုယ်သူသွယ်ဝိုက်သောနည်းဖြင့် ရေးသားခဲ့သည်ဟု သူယူဆနိုင်သည်။ ဒါကြောင့် သူ့ကိုယ်တိုင် ရေးထားတဲ့စာကြောင့် ဒေါသနည်းနည်း လျော့သွားတယ်။

"ငါ့ကိုပြောပြ။ တစ်စုံတစ်ယောက်ကို ရည်းစားစာရေးဖို့ ဘာကြောင့် ကူညီခဲ့တာလဲ? မင်း ငါ့ကို တခြားတစ်ယောက်ဆီ တွန်းပို့ဖို့ ဘာကြောင့် စိတ်အားထက်သန်နေရတာလဲ?"  သူက သူ့ခြေထောက်များကို ချိတ်ထားကာ ယန်ချုံး၏အဝတ်အစားပေါ်ရှိ ကြိုးများကို ဆွဲကိုင်လိုက်သည်။ကြိုးတွေနဲ့အတူကစားခဲ့ကြသလို လှုပ်လှုပ်ရွရွဖြစ်ခဲ့ကြတယ်။

  ကျိရှင်းလန်က သူ့(ယန်ချုံး)ကြိုးများကို တမင်တကာပြေသွားအောင်ဆွဲလိုက်သည်ကို ယန်ချုံး ကြည့်နေသည်။တစ်ချက်လေးဆွဲရုံနဲ့ သူ့အဝတ်အစားတွေအောက်ကိုပုံကျသွားမှာကို စိုးရိမ်တဲ့အတွက် ကြိုးတွေကို သူအမြန်ပြန်ဆွဲလိုက်တယ်။

  “မဟုတ်ဘူး ။ ငါ မင်းနဲ့ ငါ့ရဲ့ဆက်ဆံရေးကို ထုတ်ဖော်မပြချင်ဘူး။  ပိုင်ယွမ်ယွမ်က ငါ့ကိုအကူအညီတောင်းတော့ ငြင်းဖို့ အကြောင်းပြချက်ကို ငါမစဉ်းစားနိုင်ဘူး…...”

တခြားတစ်ယောက်က သူ့ရှင်းပြတာကို လက်ခံလားဆိုတာ မသေချာပေမယ့် သူက နှာမှုတ်လိုက်တယ်။  “မင်းက အအပဲ။သူမရဲ့ဝန်ခံချက်ကို ငါလက်ခံလိုက်မှာကို မင်းစိတ်မပူဘူးလား?"

ယန်ချုံး သူ့ကို ထိုးဖောက်မတက်စိုက်ကြည့်နေတယ်။  '...သူမရဲ့ ဝန်ခံချက်ကို လက်ခံမှာ? '

“တကယ်လို့ ငါလက်ခံလိုက်ရင် မင်းမှာ Alphaရှိတော့မှာ မဟုတ်ဘူး။မင်းကို ဂရုစိုက်ပေးမယ် ၊နိုင်ကျင့်မယ်၊ မင်းအတွက် ချက်ပြုတ်ပေးမယ် ၊ အိပ်နေတဲ့အချိန်မှာ မင်းကို ပွေ့ဖက်ထားပေးမယ့်ဘယ်သူမှရှိမှာမဟုတ်တော့ဘူး။ငါ ဒီအရာတွေကို တခြားသူကို လုပ်မယ်ဆိုရင် မင်းနည်းနည်းလေးပဲဖြစ်ဖြစ် စိတ်မကောင်းဖြစ်လို့မရဘူးလား?”  ကျိရှင်းလန် တောင်းဆိုလိုက်သည်။


ယန်ချုံး အောက်ကိုငုံ့လိုက်ပြီး ပြန်မဖြေပေမယ့် သူ့စိတ်ထဲက အဖြေကို သူသိနေပြီ။ကျိရှင်းလန်က သူ့အပေါ် ဘာကြောင့် ကောင်းနေတာလဲဆိုတဲ့အချက်ကို သူမေ့နေခဲ့တဲ့အထိ သူက ကျိရှင်းလန်ရဲ့ သူ့အပေါ်ကြင်နာမှုကို အလွန်အသုံးခံတော်ခံဖို့ဝေးနေပါတယ်။


အကယ်၍ သူ့ဆီမှာ သူ့(ကျိရှင်းလန်)ကလေးရဲ့ ကိုယ်ဝန်မရှိဘူးဆိုရင်ရော ပြီးတော့ သူက ယန်ချုံးဆိုတာကို ကျိရှင်းသွားခဲ့ရင် သူ ယန်ချုံးကိုဘယ်လိုမျိုးဆက်ဆံမှာလဲ?  သူ့ကို အေးစက်စက်နဲ့ ဆက်ဆံပြီး ငြင်းခုန်နေမှာလား?သူ့ကိုချက်ချင်းပင် သူ့(ကျိရှင်းလန်)အိမ်မှ နှင်ထုတ်ပစ်နိုင်သည်။  ယန်ချုံး အေးခဲသွားသည်။သူ့အသက်ရှူသံက အနည်းငယ်ပင်ပန်းလာပြီး အသေးစိတ်ကိုထပ်ပြီး မတွေးရဲတော့ပါဘူး။

အရင်တုန်းကတော့ ကျိရှင်းလန်အတွက် ဘယ်သူ့ဘယ်သူရဲ့ ဝန်ခံမှာကိုမှ လက်ခံဖို့မဖြစ်နိုင်ဘူးလို့ သူထင်ခဲ့မိတယ်။  ပိုင်ယွမ်ယွမ် ဟာ ကျိရှင်းလန်ရဲ့type မဟုတ်ကြောင်းကို ယန်ချုံးက သူ့နှလုံးသားအောက်ခြေကနေ ယုံကြည်ထားတာကြောင့် သူမကိုကူညီဖို့ သဘောတူလိုက်တယ်။


သို့သော် ကျိရှင်းလန်မှာ သူမ၏ ဝန်ခံမှုကို လက်ခံနိုင်ခြေ အနည်းဆုံးရှိတယ်ဆိုရင်တော့ ယန်ချုံးက သူမကို ကူညီလိမ့်မည်မဟုတ်ပေ။ကျိရှင်းလန် သာ သူမရဲ့ဝန်ခံချက်ကို အမှန်တကယ် လက်ခံခဲ့လျှင်...

ယန်ချုံးက ကျိရှင်းလန်ရဲ့  ချောမောသော မျက်နှာကို စိုက်ကြည့်လိုက်ကာ ပိုင်ယွမ်ယွမ် ၏ စကားများကို စဥ်းစားလိုက်သည်။ရုတ်တရက် ကျိရှင်းလန်ကို သူ့မှာကြိုက်ရတဲ့သူရှိ ၊ မရှိ မေးချင်လာတယ်။

 အဲဒီညက။ ယန်ချုံးဟာ အိပ်မပျော်နိုင်တော့ဘဲ အိပ်ရာပေါ်မှာ ဟိုဘက်လှည့်လိုက်သည်ဘက်လှည့်လိုက်လုပ်နေခဲ့သည်။ သူ့စိတ်တွေက ရီဝေဝေနဲ့  မှုန်ဝါးနေချိန်မှာ အတိတ်က အရာတော်တော်များများကို သူ သတိရသွားတယ်။

ကျိရှင်းလန် ရဲ့ နှလုံးသားထဲမှာ ဒီလောက်ကြောက်စရာကောင်းတဲ့ ပုံရိပ်ရှိနေရတာလဲဆိုတာက အံ့သြစရာတော့မရှိပါဘူး။ ကျိရှင်းလန်နဲ့ သူပထမဆုံးတွေ့တုန်းက သူက တိုက်ခိုက်မှုရဲ့အလယ်တွင်ရှိနေခဲ့သည်။

အဲ့အချိန်တုန်းက လင်းဝေအား သမီးရည်းစားစကားပြောနေသော စစ်တပ်ကျောင်းက ကျောင်းသားတစ်ဦးရှိတယ် ပြီးတော့ ငြင်းဆိုလိုက်တဲ့အချိန်မှာတော့ လှည့်ပတ်ပြီး သူမအား အဆက်မပြတ် နှောင့်ယှက်ခဲ့သည်။  သူတို့ကျောင်းဆင်းပြီးတဲ့နောက် နေ့တိုင်း သူက လင်းဝေနောက်ကို ချောင်းပြီးလိုက်လာတာကြောင့် သူမက အိမ်ပြန်ဖို့ကိုတောင် ကြောက်လန့်နေခဲ့ရသည်။


 

ထိုနေ့မွန်းလွဲပိုင်းတွင် ယန်ချုံးက လင်းဝေ ငိုနေရတဲ့အကြောင်းကိုကြားပြီးနောက် ယန်ချုံးနှင့် သူ့ဂိုဏ်းက လင်းဝေနောကို လိုက်ချောင်းနေသော စစ်တပ်ကျောင်းက ကျောင်းသားကို တိုက်ခိုက်ကာ ကျောင်းအဝင်ဝတွင် သူတို့တိုက်ခိုက်ခဲ့ကြသည်။

 ယန်ချုံးက မတရားသဖြင့်ရိုက်နှက်သောအခါတွင် သူမထိန်းထားနိုင်တော့ဘူး ပြီးတော့  မကြာခင်မှာပဲ အသာစီးရခဲ့သည်။  ကောင်လေးက ကရုဏာထားဖို့အတွက် အသနားခံခဲ့သည်။ အဲ့အချိန်မှာ ကျိရှင်းလန် က အမှတ်တမဲ့ ဖြတ်သွားခဲ့တယ်။  ဆိုးသွမ်းသူများ ရန်ဖြစ်နေသည်ကို မြင်သောအခါ စာရိတ္တပညာရေးရဲ့ ခေါင်းဆောင်ကိုသူခေါ်လိုက်သည်။

ငါးမိနစ်လောက်ကြာတော့ မစ္စတာရန် ရောက်ချလာတယ်။ ကျောင်းအတွင်းထဲမှာ  ရန်ပွဲကို ဦးဆောင်ခဲ့တဲ့ ယန်ချုံးကို ကျောင်းသားရေးရာရုံးသို့ ပို့ဆောင်ခဲ့ပြီး ပြစ်ဒဏ်ပေးတာကိုခံခဲ့ရသည်။ ကွင်းပြင်ကို  တံမြက်လှည်းဖို့ နှစ်တစ်ဝက် အပြစ်ပေးခံရတယ်။


ကျိရှင်းလန်က အဆင့်အတန်းမြင့်သူတစ်ယောက်ဖြစ်တာကြောင့်၊ သူနဲ့ ဘာမှမဆိုင်သော အရာအားလုံးကို မေ့သွားတတ်သည် ။ ဒါကြောင့် သူကအဖြစ်အပျက်ကို မေ့သွားသော်လည်း ယန်ချုံးက အငြိုးထားခဲ့သည်။  လူတွေက သူ့ကို မရိုက်နှက်နိုင်လို့သာ လုပ်ကြံတာလို့ သူယုံကြည်တယ်။

မိန်းကလေးတစ်ယောက်ကြောင့် ဒေါသတွေထွက်ပြီး လင်းဝေအတွက် မတရားသဖြင့် ကိုင်တွယ်ပြီးနောက် ယန်ချုံးက သူ့ပြစ်ဒဏ်ကို လက်ခံလိုက်တယ်။  ကျောင်းပြီးလို့ နေ့တိုင်း ကွင်းထဲကို သန့်ရှင်းရေးလုပ်ဖို့ ကြိုးကြိုးစားစားနဲ့ ထွက်ခဲ့တယ်။နေ့တစ်နေ့မတိုင်ခင်အထိပေါ့
.........။

တစ်နေ့မှာတော့  ဆောင်းဦးလေတိုက်လို့ ကွင်းထဲမှာ သစ်ရွက်ခြောက်တွေ ရွက်လွှင့်နေတုန်း လင်းဝေက  ခွေးကောင် ကျိရှင်းလန် နဲ့ အတူ ရပ်နေတာကို ယန်ချုံးတွေ့လိုက်ရတယ်။  ပြီးတော့ သူတို့က တစ်ယောက်နဲ့တစ်ယောက် အရမ်းနီးကပ်ကြတယ်။

လင်းဝေ မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိပြီး ယန်ချုံးနဲ့ အတူရှိစဉ်က သူမကသူ့အပေါ် တစ်ခါမျှ မပေါ်လွင်ခဲ့ပေ။  သူလိုက်ရှာနေတဲ့ မိန်းကလေးကို တခြားလူဆီ လွှဲပေးလိုက်ရတဲ့ ယန်ချုံးက ဒေါသအရမ်းထွက်ပြီး တံမြက်စည်းကို မြေပြင်ပေါ် ချက်ချင်း ပစ်ချလိုက်တယ်။

သူက လင်းဝေအတွက် တိုက်ပွဲဝင်ခဲ့သူမို့ လင်းဝေက သူ့ကို အပြစ်ပေးခဲ့တဲ့ မိုက်မဲတဲ့ သခင်လေးနဲ့ ဘာကြောင့် တွဲနေရတာလဲ ?

ထိုနေ့တွင် ယန်ချုံးက ဒေါသပိုထွက်ကာ ထိုညတွင် ကျိရှင်းလန် လမ်းကို ပိတ်ဆို့ဖို့ထွက်သွားလေသည်။  နောက်ဆုံးတွင် ကျိရှင်းလန်ကို တစ်ယောက်တည်း စိန်ခေါ်ပြီး ရှုံးနိမ့်သွားကာ ယန်ချုံး ပြေးထွက်သွားသည်။  တိုက်ပွဲရှုံးပြီးနောက် ယန်ချုံးက မူလက သူနဲ့ရှင်းအောင်လုပ်ချင်ခဲ့တာဖြစ်သည် ။ ဒါပေမယ့် ကျိရှင်းလန်က လောကကျင့်ထုံးများအတိုင်း ဘယ်လို ပြုမူရမည်ကို မသိသကဲ့သို့ သူ့ရှေ့တွင်သာ ပေါ်လာခဲ့သည်။ အဲ့ဒါက ယန်ချုံးအား တကယ်ကို တုန်လှုပ်သွားစေသည်။

ကျိရှင်းလန်က လင်းဝေက အဲ့နေ့က တိုက်ပွဲ အကြောင်းရင်းကို ရှင်းပြတာကို ကြားလိုက်ရသဖြင့် ယန်ချုံးကို တောင်းပန်ဖို့ သွားခဲ့သည်။  တနည်းမဟုတ်တနည်းဖြင့်၊ ကျောင်းသားရေးရာရုံးကို ယန်ချုံးရဲ့ ပြစ်ဒဏ်မှ ဖယ်ရှားပေးခြင်းဖြင့် သူ့ကြီးကျယ်ခမ်းနားမှုကို ပြသနိုင်ခဲ့သည်။

ပြန်မပေးဘဲ ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရပြီးနောက် ယန်ချုံးက ကျိရှင်းလန်ရဲ့ မရိုးသားတဲ့ တောင်းပန်မှုကို သဘာဝအတိုင်း ငြင်းပယ်ခဲ့သည်။ ဒါပေမယ့်လည်း ကျိရှင်းလန်က အတော်လေးကို ဆုံးဖြတ်ခဲ့သည်။  ယန်ချုံးက ပထမနေ့တွင် တောင်းပန်မှုကို လက်မခံတာကြောင့် ယန်ချုံးကို စောင့်ဖို့ အဆောင်အ၀င်ဝတွင် နေ့တိုင်း ရပ်နေခဲ့သည်။

ထိုနေ့တွင် ယန်ချုံးက သူ့အဆောင်တွင် ဂိမ်းကစားနေစဉ် အောက်ထပ်ရှိ မိန်းကလေးများရဲ့ အော်ဟစ်သံကို ကြားလိုက်ရသည်။  ရှဲ့ယွီက သူ့ပုလင်းတွေကို လက်နဲ့ကိုင်ပြီး တံခါးကိုဖွင့်လိုက်ပြီး "ကျစ် ၊ ကျိရှင်းလန် ထပ်ရောက်နေပြန်ပြီ ။ ငါပြောစရာရှိတာက မင်းကို ဘာလို့နေ့တိုင်းလာတွေ့တာလဲ?   သူက မင်းကို သဘောကျနေတာလား? "

ယန်ချုံးက သူ့ကိုယ်သူ စကားထစ်သွားတာကို သိလိုက်ရသည် ။ သူ့မျက်နှာက နီရဲသွားပြီး နားကြပ်ကို လွှင့်ပစ်လိုက်သည်။   "ကမ္ဘာမြေကြီးပေါ်မှာ ဘာပြောနေတာလဲ ?  သူ့ မြည်းကိုအကျယ်ကြီးအော်လာစေချင်ရင်တော့ သူငါ့ကိုပဲ သဘောကျမှာပေါ့ "

"ဒါဆို သူဘာလုပ်ချင်တာလဲ? "  ရှဲ့ယွီက  အရမ်းသိချင်နေခဲ့တယ်။

ယန်ချုံးက မောက်စ်ကိုချလိုက်ပြီး ထိုင်ခုံနောက်ကို မှီလိုက်သည်။  "ဘာမှမဟုတ်ပါဘူး။  လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ သူနဲ့ရန်ဖြစ်ခဲ့တာ "

ရှဲ့ယွီက ထိုစကားကိုကြားသောအခါ ချက်ချင်း စိတ်လှုပ်ရှားလာသည်။  "မင်း ကျိရှင်းလန်နဲ့ရန်ဖြစ်ခဲ့တာလား ?  ဘောစ့် မင်း အရမ်းတော်တယ်။  မင်းငါ့ကို သွားကြည့်ဖို့အပြင် မင်းအတွက်ခံတပ်ကို ကိုင်ထားဖို့ မင်းဘာလို့ မတောင်းဆိုတာလဲ?  ဒါဆို?  ဘယ်သူအနိုင်ရလဲ? "

ယန်ချုံးက သူ့ကိုယ်သူ စကားမပြောနိုင်တာတွေ့သွားခဲ့တယ် ။  သူ့အမူအရာက အနည်းငယ် မာကျောနေသာ် ။ "ကောင်းပြီ... ငါတို့က ရန်ဖြစ်ခဲ့ကြတာ"

ရှဲ့ယွီက စိတ်လှုပ်ရှားစွာ သူ့လက်ဖဝါးများကို ပွတ်သပ်လိုက်သည်။  "နောက်တစ်ခါ မင်းငါ့ကိုခေါ်သွားရမယ်။  ငါတို့နှစ်ယောက် တစ်ယောက်ချင်းတိုက်နိုင်ပြီး နောက်ဆုံးမှာ မင်းကို သူ့ရဲ့ဘောစ့်လို့ ခေါ်လိမ့်မယ်!”

ယန်ချုံးက သူ့လသာဆောင်အောက်မှ အဆက်မပြတ်ထွက်ပေါ်လာသော အော်သံကြောင့် စိတ်ဆိုးသွားသည်။  သူ့ဂိမ်းကို ဆက်မကစားနိုင်တော့ဘူး။  အဆုံးတွင် သူ့ ထိုင်ခုံမှထကာ အိပ်ဆောင်မှ ဆင်းသွားခဲ့သည်။  အဆောင်အ၀င်ဝမှာ ရပ်နေတဲ့ ကျိရှင်းလန်ကို ဖမ်းဆွဲပြီး အဆောင်နောက်ဘက်ထောင့်ကို ဆွဲခေါ်သွားတယ်။  သူ့ကော်လာကို ဆုပ်ကိုင်လိုက်ရင်း ကျိရှင်းလန်ကို စိတ်ကြီးဝင်နေသော မျက်နှာဖြင့် နံရံကို တွန်းလိုက်သည်။

ကျိရှင်းလန်က သူဘယ်လောက် ရက်စက်ကြမ်းကြုတ်လဲဆိုတာကို သတိပြုမိပုံမပေါ်ပေ။  သူက “နောက်ဆုံးတော့ မင်းငါ့ကိုတွေ့ဖို့ ဆန္ဒရှိပြီလား? ” လို့သာ ပြောလာတယ်။

"မင်းနဲ့ ငါ့မှာ ဘာကိစ္စရှိလို့လဲ ? "  ယန်ချုံးက သူ့ကိုယ်သူ ရူးသွပ်သွားပြီဆိုတာ တွေ့လိုက်ရသည်။  “ကောင်းပြီ။  မင်းရဲ့တောင်းပန်မှုကို ငါလက်ခံတယ်။  ငါ့အရှေ့က ထွက်သွားတော့ "

ကျိရှင်းလန်ရဲ့ စူးရှတဲ့ မျက်လုံးတွေက ငြိမ်သက်နေခဲ့သည်။  သူက ပြောလာတယ် “အဲဒီညက အဖြစ်အပျက်ကို မမှတ်မိဘူးလား ? ”

"ဘာ -ဘာလုပ်​ချင်​တာလဲ !"  ယန်ချုံးက စိတ်တင်းကြပ်စွာ မေးလိုက်သည်။  ဒီလူကို အနိုင်ယူလို့ မရဘူးဆိုတာ သူသိပြီး သူ့ကော်လာကို ဖမ်းဆုပ်ပြီး ရင်ဘတ်ကို တွန်းလိုက်ပေမယ့်လည်း အနည်းငယ် ထိတ်လန့်နေသလို ခံစားရတယ်။  ဒါပေမယ့် လှပပြီး မာနကြီးတဲ့ သခင်လေးကို နံရံဘက်တွန်းပြီး သူ့ရဲ့သပ်ရပ်တဲ့အဝတ်အစားတွေ မသပ်ရပ်သလို ဖြစ်သွားချိန်မှာ ကျိရှင်းလန်ကို ကြမ်းကြမ်းတမ်းတမ်းလုပ်လိုက်သလိုပဲ သူ ကျေနပ်သွားတယ်။

“ကောင်းပြီ ငါသိပြီ။  မင်း လင်းဝေကို ကြိုက်တယ်မဟုတ်လား ? ဒါပေမယ့် မင်းငါ့ကို ဒုက္ခပေးရင်တောင် အသုံးမဝင်ဘူး  "  ယန်ချုံးဆီက အသံထွက်လာတယ်။

ထိုစကားကိုကြားသောအခါ ကျိရှင်းလန်က ပို မျက်မှောင်ကြုတ်သွားသော်လည်း သူက ပြေပြစ်ပြီး နူးညံ့နေခဲ့သည်။  "မင်း သူ့ကို လိုက်ဖို့ တကယ်ကြိုးစားနေတာလား?  မင်း သူ့ကို အရမ်းကြိုက်နေတာလား ? ဒါဆို အဲဒီညက မင်းဘာလို့အဲ့လိုလုပ်ခဲ့တာလဲ…?”


ယန်ချုံးက  သူ့ကို တိုက်ခိုက်ပြီး ရှုံးခဲ့တဲ့အချက်ကို သူတကယ်မလွန်ဆန်နိုင်ခဲ့တာလား?

ယန်ချုံးက ကျိရှင်းလန်ဆီ ဆိုးဆိုးရွားရွား ရှုံးခဲ့ရပုံကို ပြောပြဖို့ ခဲယဉ်းနေခဲ့သည်။  “မိန်းကလေးတွေနောက်ကို လိုက်တာက ကြက်တိုက်တာမဟုတ်ဘူး။  ရန်ပွဲတစ်ခုတည်းနဲ့ အောင်နိုင်သူ ဘယ်သူလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး။  ငါ့ကိုအနှောက်အယှက်လာမပေးနဲ့  ငါတို့က သူ့ကို ငါတို့ရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ ဆွဲဆောင်ပြီး မင်းကို တကယ်ရွေးရင် ငါလက်လျှော့လိုက်မယ် "

"သူက ငါ့ကို သဘောကျတယ်လို့ ပြောတယ်"  သခင်လေးရဲ့ မျက်လုံးတွေက အလွန်တောက်ပနေတယ် ။  သူက ယန်ချုံးကို နားမလည်နိုင်တဲ့ အကြည့်တွေနဲ့ ခဏလောက် စိုက်ကြည့်နေတယ်။  ရုတ်တရက် အနားကပ်လာပြီး “ဒါဆို မင်းလက်လျှော့လိုက်ရင် ပိုကောင်းတယ်။ သူမ  ကိုမကြိုက်နဲ့ အိုကေ ?"

ကျိရှင်းလန်က သူ့နှုတ်ခမ်းဆီ စိုက်ကြည့်နေတာကို ယန်ချုံး ခံစားမိသည်။

သူတို့နှစ်ယောက်က တကယ်ကို ရင်းနှီးခဲ့ကြတယ်။  အကယ်၍ သူသာ ဆန့်ကျင်ဘက်လိင်မှ တစ်စုံတစ်ဦးဖြစ်ခဲ့ပါက၊ ဤအရာက အမှန်တကယ် ပရောပရည်ပြုသည့် အမူအရာတစ်ခု ဖြစ်ပေလိမ့်မည်၊ ဒါပေမယ့် လိင်တူသူတစ်ဦးအတွက်မူ ယန်ချုံးက ယင်းကို ဒေါသစိတ်တစ်ခုအဖြစ် သဘာဝကျကျ သဘောထားခဲ့သည်။  ထို့ကြောင့် သူက ကျိရှင်းလန်ကို ဆောင့်ဆွဲလိုက်ပြီး သူ၏ တန်ဖိုးကြီးသော ယူနီဖောင်းကို အလွန်အမင်း ရှုံ့တွသွားစေခဲ့သည်။  ထို့နောက် လွှတ်လိုက်သည်။  “ကြိုက်တာလုပ်။  အနာဂတ်မှာ ငါ့ကို အနှောက်အယှက်မပေးနဲ့"

အဲဒီညက ယန်ချုံး တစ်ညလုံး အိပ်မက်မက်တယ်။  သူ့အိပ်မက်ထဲမှာ ကျိရှင်းလန်က လင်းဝေရဲ့လက်ကို ဖယ်လိုက်ပြီး သူကြိုက်တဲ့လူက ယန်ချုံးလို့ ပြောနေတာကိုပေါ့ ။

ယန်ချုံးက သူ့ရဲ့ဝန်ခံချက်ကို သဘောတူခဲ့လားဆိုတာကို မမှတ်မိတော့ဘဲ မကြာခင်မှာ ကောင်းကင်ကြီးက တောက်ပလာခဲ့တယ်။

အားကစားနေ့တွေထဲက ကျိရှင်းလန်ကို အထင်ကြီးလေးစား ၊ မြတ်နိုးသူတွေက အဆမတန်တိုးပွားလာခဲ့သည်။  နေ့စဉ်နှင့်အမျှ လူအများအပြားက စာသင်ခန်းအတွင်း တံခါးနဲ့ ပြတင်းပေါက်များမှတစ်ဆင့် ကြည့်ရှုကြပြီး ယန်ချုံးက ကုလားကာများကို ဆွဲကာ တောက်ပနေသော်လည်း မီးများကို ဖွင့်ခိုင်းခဲ့သည်။

ကျိရှင်းလန် စားပွဲပေါ်တွင် ချောကလက်တွေ ၊ နှင်းဆီတွေနဲ့ လက်ဖြင့်ထိုးထားသော ပဝါများက အဆုံးမရှိအစုလိုက်အပုံလိုက် ပေါ်လာခဲ့သည်။  အဆုံးမှာတော့ ယန်ချုံးက ရှဲ့ယွီကို ချောကလက်တွေ အကုန်ကျွေးလိုက်တယ်။


ယန်ချုံး စိတ်ဆိုးသွားတာက ကျိရှင်းလန် လူကြီးလူကောင်းတစ်ယောက်လို ဆက်လက်ဟန်ဆောင်နေတာကိုပဲ။  လူတွေက အဲ့တာကို ကိုယ်တိုင်ကိုယ်ကျပေးလျှင် ထိုလက်ဆောင်များကို သူအမြဲလက်ခံလိမ့်မည်ဖြစ်သည်။


တစ်နေ့တွင် ကျိရှင်းလန် ထိုင်ခုံဆီပြန်ရောက်သောအခါ ယန်ချုံးက သူ့ကို ဘာမှမထူးခြားသောအမူအရာဖြင့် "သွားပြီး လက်ဆေး" လို့ အမိန့်ပေးခဲ့သည်။

“……”

"Omegaတစ်​​ယောက်​ မင်းဆီလာပြီး မင်းလက်​ကိုကိုင်​ထားတာ ငါမြင်​တယ်​"  သူတကယ်စိတ်မကောင်းဖြစ်ပုံရသည်။

ကျိရှင်းလန်က သူ့လက်ကို ပြန်ဆေးကြောရုံသာ တတ်နိုင်သည် ။

သူ့ထိုင်ခုံကို ပြန်ရောက်တော့ ယန်ချုံးက ဒေါသတကြီး ထိုင်ချလိုက်တယ်။  သူ ကျိရှင်းလန်ရဲ့ စကားတွေကို သေသေချာချာ တွေးကြည့်တော့ ကျိရှင်းလန် ပြောတာ မှန်တာကို သူတွေ့လိုက်တယ်။

သူဘာကြောင့်မနာလိုမှန်း မသိပေမယ့် ညက သူနဲ့အတူတူ အိပ်နေတဲ့သူက သူ့အတွက်ချက်ပြုတ်ပြီး အနမ်းပေးတဲ့သူက တခြားသူတွေရှေ့မှာ သူနဲ့ဘာမှမဆိုင်ချင်ရတာလဲ  ?  ပြီးတော့ သူတို့အားလုံးက သူ့(ကျိရှင်းလန်) ကို ဘာကြောင့် ဆွဲထုတ်ဖို့ ကြိုးစားနေကြတာလဲ ?

ကျိရှင်းလန် ထွက်သွားတဲ့ လမ်းကြောင်းကို ကြည့်လိုက်သောအခါ ယန်ချုံး အနည်းငယ် စိုးရိမ်သွားသည် ။ သူက သူစိမ်းတွေကို လုံးဝမကြောက်ဘူး။  သူ့ကို အစိုးရိမ်စေဆုံးက လင်းဝေပဲ ။

ကျိရှင်းလန်က လင်းဝေကို ကြိုက်သင့်ပြီး အခု လင်းဝေက သူမ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်သည်။  ကျိရှင်းလန် နဲ့ ပြန်တွဲဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကျိရှင်းလန်က သူမကို ငြင်းမှာလား ?

ကျိရှင်းလန်က တခြားတစ်ယောက်နဲ့ တကယ်တွဲရင် သူဘာလုပ်သင့်လဲ?

သူ့အကြောင်းတွေးနေရင်းနဲ့ သူအစိုးရိမ်ဆုံးအရာက ဖြစ်သွားတယ်။  ပိုင်ယွမ်ယွမ်က အနောက်တံခါးမှ ဝင်လာပြီး သူမက အနည်းငယ် ဒေါသထွက်နေပုံရသည်။  “လင်းဝေက ငါ့အိုင်ဒေါကို ထပ်ပြီးလာရှာတယ်။  သိုးရေခြုံထားတဲ့  ခွေးမ… အဲ့ကောင်မက သူ့ကို လှေကားနားမှာ ဆွဲခေါ်သွားတယ်  တစ်ယောက်နဲ့တစ်ယောက် တိုးတိုးပြောနေတာ ဘယ်လိုဟာမျိုးလဲဆိုတာ ဘယ်သူသိမှာလဲ! ”

ယန်ချုံးက ဒါကို စိတ်မ၀င်စားသလို ဟန်ဆောင်နေနိုင်ပေမယ့် တကယ်တမ်းတော့ ပိုင်ယွမ်ယွမ်  သူမခေါင်းကို လှည့်လိုက်တာနဲ့  ချက်ချင်း အိမ်သာသွားသလို ဟန်ဆောင်ပြီး ထွက်သွားခဲ့တယ်။

လှေကားနားကို ရောက်တဲ့အခါမှာတော့ သူတို့နှစ်ယောက်ကို တွေ့လိုက်ရပါတယ်

သူအစတုန်းက သူတို့ကို စကားပြောတာ အဖြေတောင်းချင်ခဲ့သော်လည်း နှစ်ယောက်စလုံး အတူရပ်နေသည်ကို တွေ့လိုက်သောအခါတွင် သူတို့နှစ်ယောက်လုံး အလွန်ကြည့်ကောင်းတာကို တွေ့လိုက်ရပြီး ရုတ်တရက် စကားမပြောချင်တော့ပေ။

ယန်ချုံးက လူကြီးနဲ့ တူနေပြီဖြစ်တဲ့ ကျိရှင်းလန်ကို စိုက်ကြည့်နေသည်။  ရုတ်တရက် ကျိရှင်းလန် အသက်ဆယ့်ခုနစ်နှစ်အရွယ်မှာ ဘယ်လိုပုံလဲဆိုတာ သူတကယ်သိချင်သွားတယ် ။

ကျောင်းရဲ့မင်းသမီးလေးအဖြစ် လူသိရှင်ကြား အသိအမှတ်ပြုခံရတဲ့ လင်းဝေကတော့ တကယ်ကို လှပါတယ်။  သူမအသားအရည်က ဖြူတယ်၊ မျက်နှာက သေးသေးလေး၊ မျက်လုံးတွေက ကြီးပြီး တောက်ပနေတယ်။  သူမက စကတ်တိုတိုကို ၀တ်ဆင်ထားပြီး သူမ ယူနီဖောင်းက သူမ ခါးကို အမှန်တကယ် ပိန်သွားစေသည်။  သူမ ခြေအိတ်ရှည်တွေက သူမရဲ့သေးသွယ်တဲ့ ခြေသလုံးများပေါ်တွင် ရစ်ပတ်ထားပြီး သူမက  straight ယောက်ျားလေးတိုင်းရဲ့ အိမ်မက်ဖြစ်သည်။

အရင်တုန်းကတော့ ယန်ချုံးက သူမကို သေချာစိုက်ကြည့်ခဲ့ပေမယ့် ဒီနေ့မှာတော့ သူ့ကိုကြည့်ဖို့ စိတ်မ၀င်စားခဲ့ပါဘူး။  အဲဒီအစား သူက ကျိရှင်းလန် ဆိုတဲ့လူကို စိုက်ကြည့်နေတယ်။

လင်းဝေက သူ့အိတ်ထဲက စာတစ်စောင်ထုတ်ပြီး ကျိရှင်းလန်ကို ပေးလိုက်တာကို မြင်တော့ ယန်ချုံးက နံရံထောင့်မှာ ပုန်းနေတုန်း အံကြိတ်လိုက်တယ်။

'ကျိရှင်းလန် မင်းသူ့ရဲ့ ဝန်ခံတာကို မင်းလက်ခံရဲရင် မင်းသေမယ် !'

.....
T/N 1 : ပေါင်းသင်းဆက်ဆံရေးမှာ အနိုင်ကျင့်တာက ဘာလို့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာလဲ?

T/N 2 : ဒါက အနုပညာရှင်တွေရဲ့ ဆက်ဆံရေးအတွက် လမ်းညွှန်ချက်ထဲမှာ ရှင်းရှင်းလင်းလင်းပါပဲ။  (≖_≖)

'ကျိရှင်းလန် မင်းသူ့ရဲ့ ဝန်ခံတာကို လက်ခံရဲရင် မင်းသေမယ် !'

💙30.1.2022

Đọc tiếp

Bạn Cũng Sẽ Thích

146K 13.7K 95
ស្នេហារវាងកូនមហាសេដ្ឋីដែលមានកេរ្តិ៍ឈ្មោះមានក្រុមហ៊ុនសឹងគ្រប់ប្រទេសជាមួយនិងអង្គរក្សមាឌតូចមុខមាំគ្រប់ពេល JK: យើងនឹងកែប្រែចរិកគេអោយបាន! Taekook...
44.3K 5.1K 74
Author _ Shuiqiancheng That's not my work.I am Just Translator
380K 69.2K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
158K 12.2K 54
បងស្រលាញ់អូនមិនថាអូនជាអ្នកណា មកពីណាក៏បងនៅតែស្រលាញ់អូនដែល អូនជាកម្មសិទ្ធិបង Kim Taehyung Date: 24/02/21 - 02/02/22 Author: ចន រ៉ាហ្វា