Unicode
~~~~~~~
ဧည့်ခန်းထဲမှာထိုင်ပြီး သတင်းစာဖတ်နေတဲ့
'ဒေါ်ရွှေဇင်ညိမ်း' တစ်ယောက် ခြံထဲကိုဖြေးညှင်းစွာမောင်းဝင်လာတဲ့ ခိုပြာရောင်ကားလေးရဲ့စက်သတ်သံကို ကြားလိုက်တာမို့ သတင်းစာကိုဘေးချပြီး
မှန်ပြတင်းပေါက်ဘက်ကိုအကြည့်ပို့လိုက်မိတယ်။
"ဆင်းနှင့်တော့နော် ကိုယ်သွားစရာလေးရှိသေးလို့။"
အစ်ကိုက ကျုပ်ကိုအပြုံးလေးတစ်ပွင့်နဲ့ပြောလာတယ်ဗျ ။ဒါပေမဲ့ အဲ့ဒီအပြုံးလေးက
ခပ်နွမ်းနွမ်းလေးဖြစ်နေတာမို့
အစ်ကိုဝမ်းနည်းနေမှန်း ကျုပ်သိလိုက်ပါတယ်။
"ဆင်းတော့လေ ကျောက်ခဲလေးရဲ့
ဘာလဲ ကိုယ်နဲ့မခွဲနိုင်လို့လား။ "
အစ်ကိုက သူ့ရဲ့အစွယ်ဖြူလေးတွေပေါ်လာတဲ့အထိ
ရယ်ရင်းကျုပ်ကိုထပ်ပြောလာပေမဲ့ရွှေရောင်ကိုင်း
မျက်မှန်အောက်က အစ်ကို့ရဲ့မျက်ဝန်းတွေကတော့
မှုန်မှိုင်းနေခဲ့တယ်။
"အစ်ကို ကားကိုဂရုစိုက်မောင်းပါ။"
နူးညံ့တဲ့အပြုံးတွေနဲ့ ကျုပ်ကိုနှင်ထုတ်လို့နေတဲ့
အစ်ကို့ကိုထပ်ပြီး စိတ်အနှောင့်အယှက်မပေးချင်
တော့တာမို့ ကျုပ်လဲအစ်ကို့ကိုသတိပေးပြီးတာနဲ့ ကားပေါ်ကဆင်းလာလိုက်တယ်။
ချက်ချင်းဆိုသလို ကားကိုအလျင်စလိုနဲ့ မောင်းထွက်သွားတဲ့ အစ်ကို့ရဲ့ကျောပြင်လေးကိုကြည့်ပြီး
ကျုပ်ရဲ့ရင်ဘက်တွေတင်းကျပ်လာရပါတယ်။
အစ်ကို ဝမ်းနည်းနေတယ် ဒါပေမဲ့ သူအဆင်ပြေသလိုဟန်ဆောင်ထားတယ်။အစ်ကိုဘာလို့ အဲ့လိုလုပ်ရတာလဲ ကျွန်တော်မသိဘူး။ဘာကြောင့်ကျုပ်ဆီမှာသူခံစားနေရတာတွေကို ရင်မဖွင့်ရတာလဲ။
"မောင်ကျောက်ခဲ..!။"
"ဗျာ....ပြောပါဒေါ်ဒေါ်။"
အနောက်ကနေရောက်ချလာပြီး
ကျုပ်နာမည်ကိုခပ်တိုးတိုးခေါ်လာတဲ့ဒေါ်ဒေါ်ကြောင့်
ကျုပ်ရဲ့အတွေးတွေလဲကတ်ကြေးနဲ့ဖြတ်တောက်ခံလိုက်ရသလိုပြတ်တောက်သွားရတယ်။
"အထဲကိုလိုက်ခဲ့အုံး
ဒေါ်ဒေါ်မင်းကို မေးစရာလေးရှိလို့။"
'ဒေါ်ရွှေဇင်ညိမ်း'က စကားအပြန်ကိုပင်မစောင့်ဘဲ
သွက်လက်စွာနဲ့တစ်ဖက်ကောင်လေးရဲ့
လက်ကိုဆွဲပြီး အိမ်ထဲကိုခေါ်သွားတော့တယ်။
"ငြိမ်းငြိမ်းရေ လိမ္မော်ရည်နဲ့ သရေစာခပ်များများလေးယူခဲ့ပါကွယ်။"
သူ(မ)က 'ကျောက်ခဲ'ကို ဧည့်ခန်းကကျွန်းခုံကြီးမှာ
ထိုင်စေကာ မလှမ်းမကမ်းမှာ ကြက်တောင်တစ်ချောင်းနဲ့ဓာတ်စက်ကြီးကို သန့်ရှင်းရေးလုပ်နေတဲ့ 'ငြိမ်းငြိမ်း'ကိုလှမ်းပြောလိုက်တယ်။
"ဒေါ်ဒေါ် ကျွန်တော့်ကိုဘာမေးစရာရှိလို့လဲဟင်။"
'ကျောက်ခဲ'ရဲ့အမေးစကားကြောင့် 'ဒေါ်ရွှေဇင်ညိမ်း'
တစ်ယောက် အသည်းယားစွာနဲ့ပြုံးမိတယ်။ နောက်ဆုံးတော့ သူ့ရဲ့ချစ်လှစွာသော သားတော်မောင်လေးကလူမှန်နဲ့ တွေ့နေပြီလားလေ။
"အဟင်း ဒီလိုပါ ကျောက်ခဲလေးရယ်
ဒီရက်ပိုင်း မှာ အမာကြည်က ဒီကိုခဏခဏလာတယ်နော် သိင်္ခကိုလာတွေ့တာလား။"
ဒေါ်ဒေါ်ရဲ့ မမျှော်လင့်တဲ့မေးခွန်းကြောင့်
ကျုပ်ရဲ့နားထဲမှာ အချက်ပေးသံတွေနဲ့ ပြည့်နှက်သွား
ပြီး၊ ကျုပ်ရဲ့ခါးတစ်လျှောက်ကျဉ်တက်
သွားရတယ်။ ကျုပ်ဆီလာတယ်လို့ပြောရမလား
အစ်ကို့ဆီလာတယ်လို့ ညာလိုက်ရမလား။
ဒေါ်ဒေါ်ကဘာကြောင့် ဒီလိုမေးရတာလဲ။
" သိင်္ခ နဲ့ အမာကြည်ကရော ဘယ်အခြေအနေ
ထိရောက်နေပြီလဲ။"
" သူတို့နှစ်ယောက်က ဟိုးငယ်စဉ်ကတည်းက
သိလာတာလေ၊ သိင်္ခ က ဘိလပ်သွားတော့မှ
သူတို့ကကွဲသွားကြတာ။ အခုမှသေချာပြန်တွေ့ကြရတာဆိုတော့ သံယောဇဉ်တွေကို ပိုသတိထားလာ
မိကြတယ်ထင်ရဲ့။"
"ကျောက်ခဲ ရောဘယ်လိုထင်လဲ။
သူတို့နှစ်ယောက်ကလိုက်ဖက်တယ်မလား။
အမာကြည် က ထက်ထက်မြက်မြက်လည်းရှိပြီး
စိတ်ထားလဲကောင်းတယ်လေ။!"
"......"
"အရွယ်လဲရောက်ကုန်ကြပြီဆိုတော့
အခြေအနေကောင်းရင်ဖြင့်ဒေါ်ဒေါ်က
သူတို့နှစ်ယောက်ကို နေရာချထားပေးချင်လို့
မေးကြည့်တာ။"
"အမာကြည် က အတွင်းသိ၊ အစင်းသိတွေဆိုတော့
ဒေါ်ဒေါ်က ငြင်းစရာမရှိဘူးလေ...တော်ကြာ
မဟုတ်တရုတ်တွေနဲ့ တွေ့သွားမှဖြင့်။"
"......."
"အင်း...ဒေါ်ဒေါ်လဲ အသက်အရွယ်ရလာပြီဆိုတော့မြေးလဲချီချင်နေပြီ။"
'ဒေါ်ရွှေဇင်ညိမ်း'ကတော့ သူ(မ)ရဲ့ ထင်မြင်ချက်တွေကိုပြောဆိုပြီးတဲ့နောက်မှာ အာခေါင်ခြောက်လာတာမို့ 'ငြိမ်းငြိမ်း'လာချပေးသွားတဲ့ လိမ္မော်ရည်ကို
သောက်ပြီးအမောဖြေလိုက်သေးတယ်။
ပြီးတော့မှ တစ်ခုခုကိုသတိရဟန်နဲ့..
"အော်.....ငါ့နှယ် စိတ်ကူးယဉ်နေတာနဲ့ပဲ
စကားလမ်းကြောင်းက လွဲပြန်ပြီ။ အဲ့တော့
မောင်ကျောက်ခဲက ထူးခြားတာများတွေ့မိသေးလား။"လို့ထပ်မေးလိုက်တယ်။
မဖြေချင်ခဲ့တဲ့ မေးခွန်းက ပြန်ရောက်လာပြန်တော့
ကျုပ်မှာ သက်ပြင်းချရုံအပြင်မတတ်နိုင်ခဲ့ဘူး။
"ကျုပ် အဲ့လိုတော့ မတွေ့မိပါဘူးဒေါ်ဒေါ်။"
"အင်းပေါ့လေ...သမီးရည်းစား ချိန်းတွေ့တာ
အိမ်မှာတော့ ဘယ်ချိန်းတွေ့ပါမလဲ။"
ပထမဆုံးအကြိမ်အဖြစ်
ကျုပ်ဒီနေရာကနေ ပျောက်ကွယ်သွားချင်မိပါတယ်။
အမှန်တရားက သူ့ကိုမျက်ကွယ်ပြုထားသူတွေကို
နာကျင်စေတယ်လို့ပြောကြသလိုပဲ
ဒေါ်ဒေါ့်ရဲ့စကားလုံးတစ်လုံးချင်းစီကဓားသွားတွေလို
ပဲ ကျုပ်ရဲ့မျှော်လင့်ချက်တွေကို တတိတိနဲ့လှီးဖြတ်
လို့နေတယ်။ကျုပ်သာ မိန်းကလေးအဖြစ်မွေးဖွားလာခဲ့ရင် အစ်ကိုနဲ့ ကျုပ်ရဲ့လမ်းက ပိုပြီးတော့ဖြောင့်ဖြူးမှာလား။
"မောင်ကျောက်ခဲ
မျက်နှာလဲ မကောင်းပါလား
နေလို့မကောင်းဘူးလား။"
ဖြူလျော့နေတဲ့မျက်နှာနဲ့ တစ်စုံတစ်ခုကိုအတွေးလွန်
နေပုံရတဲ့ ကောင်ငယ်လေးကို သူ(မ)မေးကြည့်လိုက်
တော့ ၊ ကောင်ငယ်လေးကအပြုံးတစ်ပွင့်နဲ့ခေါင်းခါပြလာတယ်။
"ကဲ...ဒါဆိုလဲသွားနားချည်တော့လေ
ဟိုကိစ္စကို မင်းအစ်ကိုလေးကို ပြန်မပြောနဲ့အုံးနော်။"
"စိတ်ချပါ ဒေါ်ဒေါ်
ဒါဖြင့် ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး။"
ကျုပ် ဒေါ်ဒေါ့်ကိုနှုတ်ဆက်ပြီးတာနဲ့ အိမ်ကြီးထဲကနေမပြေးရုံတမယ်ခြေလှမ်းတွေနဲ့ ထွက်လာလိုက်တယ်။"မအမာကြည် နဲ့အစ်ကို က
လိုက်ဖက်တယ် မလားတဲ့" ကျုပ်နဲ့တော့ မလိုက်ဖက်
တာသေချာပါတယ်။ ဒါပေမဲ့ အဲ့ကိစ္စကြောင့်နဲ့တော့
ကျုပ်အစ်ကို့ကို ဘယ်တော့မှလက်လျှော့မှာမဟုတ်ဘူး။အစ်ကိုကကျုပ်အတွက် ပထမဆုံးနဲ့ နောက်ဆုံး
မို့လို့ အဆုံးသက်ထိဆုပ်ကိုင်ထားချင်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နေ့သာတဲ့နေ့လေးဖြစ်တာမို့ နေရောင်ချည်အချို့က
ပိတောက်ပင်တွေကြားကနေကျိုးတိုးကျဲတဲဖြာကျလို့နေတယ်။ထို့အပြင် လေတိုးသံနဲ့အတူ သစ်ရွက်လေးတွေကလဲယိမ်းထိုးလို့နေပြီး ၊ ကောင်းကင်ပြာပြာကဟာလဲ ပကတိကြည်စင်လို့နေတာကြောင့်
'ဦးဘိုးစည်'တစ်ယောက်အကြမ်းရည်လေးသောက်ရင်း သဘာဝတရားကြီးကိုခံစားနေမိတယ်။
"ဘယ်လိုလဲ ဘိန်းမုန့်ကကောင်းရဲ့လား ဘိုးစည်။
ကျုပ်လဲ လမ်းကြုံတုန်းဝင်ဝယ်လာတာ။"
အပေါ်ပိုင်းလုံးတီးနဲ့ကွက်ပျစ်မှာဝင်ထိုင်ပြီး
မေးလာတဲ့ 'ဦးရွှေမောင်'ကို
'ဦးဘိုးစည်'ကစွတ်ကျယ်အင်္ကျီလေးတစ်ထည် အလိုက်တသိနဲ့လှမ်းပေးလိုက်တယ်။
"အင်း မဆိုးပါဘူးကိုရွှေ
ခံတွင်းတွေ့တယ်။"
"တော်သေးတာပေါ့။"
စိတ်သက်သာရာရသွားတဲ့ ဟန်ပန်နဲ့ပြောလာတဲ့
'ဦးရွှေမောင်'ရဲ့ ညှပ်ခါစ ဆံပင်ပုံစံကတိုတိုကပ်ကပ်
နဲ့သပ်ရပ်လှပြီး၊ အမည်းတောင်ပြန်ဆိုးလာသေးတာ
ကြောင့် လူကိုရှိရင်းစွဲထက်ပင်နုငယ်သွားစေတယ်။
"ဆံပင်ပုံစံ ကရော အဆင်ပြေရဲ့လား
ကျုပ်ခေါင်းမှာ ဆံပင်ဖြူတွေတွေ့လိုက်လို့ ဆံသဆရာကိုအရောင်ဆိုးခိုင်းလိုက်တာ။တစ်ချို့တွေက အိုလာပြီဆိုပြီး အကြိုက်မတွေ့တော့မှာစိုးလို့။"
'ဦးရွှေမောင်'ရဲ့စကားကြောင့် သဘောတကျရယ်မိတဲ့'ဦးဘိုးစည်'က..
"ခင်ဗျားကတော့လေ...
ကိုယ့်ဘာသာကိုယ် ရှိုးထုတ်ချင်လို့စိုးခဲ့ကာမှ
ကျုပ်ကိုလာအပြစ်တင်နေတယ်"ဟုပြောလိုက်တယ်။
"ဟောဗျာ...အဲ့တော့ ခင်ဗျားက
မကြိုက်ဘူးလား။ကျုပ်အိမ်ထဲကိုဝင်လာကတည်းကခင်ဗျားကျုပ်ကိုလိုက်ကြည့်နေတာ ကျုပ်သိတယ်နော်ညာဖို့မစဉ်းစားလေနဲ့။"
ရယ်ကာမောကာနဲ့ပြန်ပြောလာတဲ့တစ်ဖက်လူက
သူ့ရဲ့ပုခုံးကိုအဓိပ္ပါယ်ပါပါ ကိုင်ညှစ်လာတာကြောင့်
'ဦးဘိုးစည်'မှာ တစ်စုံတစ်ခုကို သတိရသွားဟန်နဲ့
ချက်ချင်းဆိုသလို လူပျိုပေါက်လေးကဲ့သို့
နားရွက်လေးတွေရဲတက်သွားရတယ်။
"ကြိုက်....ကြိုက်ပါတယ်ဗျာ၊ ခင်ဗျားကို ဆံပင်အဖြူနဲ့လဲနှစ်သက်တယ်၊ အမဲနဲ့ဆိုလဲ ချစ်တယ်။
ရပြီလား။"
"အဟား ရပါပြီဗျာ ၊ ရပါပြီ ။
ကြည့်ပါအုံးအရှက်သည်းနေတာလွန်ပါရောလား။"
'ဦးရွှေမောင် က မိမိအရှေ့ရှိ နားလေးတွေရဲတွတ်ကာရှက်သွေးဖြာနေသူကို ကြည့်ရင်း အသည်းတွေယားလာတာကြောင့်၊ တစ်ဖက်လူရဲ့ပါးပြင်နွေးနွေးလေးကိုသူ့ရဲ့နှုတ်ခမ်းလေးနဲ့လှမ်းကပ်ပစ်လိုက်လေတယ်။ဒီလိုနဲ့'ဦးဘိုးစည်'ရဲ့အသံစွာစွာလေးကလေထုထဲကိုပျံ့လွင့်လာခဲ့လေရဲ့။
"ကိုရွှေမောင်..!။"
"ဗျာ..!။"
'ဦးရွှေမောင်'ရဲ့အသံက မြူးကြွလို့နေတယ်။
"ဟွန်း...ခင်ဗျားကတော့လေ
တကယ်ကို သူငယ်ပြန်နေပြီပဲ။"
"အမှန်ပဲ ကျုပ်ကခင်ဗျားနဲ့ဆို ထာဝရနုပျိုနေမှာ။"
"....."
စကားတွေ သိပ်တတ်ပြီး၊သိပ်ကဗျာဆန်နေသူနဲ့
ဖက်ပြီး'ဦးဘိုးစည်'စကားရည်လုမနေတော့။
မျက်နှာလေးသာ လွှဲထားလိုက်တော့တယ်။
"အဟား..ဟုတ်ပါပြီ ဘိုးစည်ရယ်
ကျုပ်မစတော့ပါဘူး။အတည်ပဲပြောတော့မယ်
ကျုပ်တို့ ရန်ကုန်တက်ကြရအောင်။"
"အင်း...ကောင်းသားပဲ
ကျုပ်လဲ 'ကျောက်ခဲ'အဆင်ပြေလား
ကြည့်ချင်သေးတယ်။"
'ဦးဘိုးစည်'က တစ်ဖက်လူရဲ့ ကြွေပန်းကန်လုံးလေးထဲ အကြမ်းရည်ငှဲ့ထည့်ပေးရင်းပြောလိုက်တယ်။
"ဟုတ်ပါပြီ...ဒါဖြင့် ကျုပ်စီစဉ်လိုက်မယ်
ခင်ဗျားကသာ အရင်တစ်ခေါက်ကလိုနေမကောင်း
ဖြစ်အောင် အားမွေးထား ဟုတ်ပြီလား။"
"ဟုတ်ပါပြီဗျာ ကိုရွှေ့သဘောပါပဲ။"
ထိုစကားလေးအဆုံးမှာတော့ 'ဦးရွှေမောင်'ရဲ့
ပီတိတွေနဲ့ပြည့်ဝနေတဲ့ရယ်သံကြီးက ခြံထဲမှာခပ်ကျယ်ကျယ်ထွက်ပေါ်လာလေတော့တယ်။
'ဇရာ လား ၊ကျုပ်ဂရုမစိုက်ဘူး
ခင်ဗျားနဲ့ ပတ်သက်ရင် ခံစားချက်တွေက
အမြဲတမ်းနုငယ်နေတာမို့ ။'
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'သိင်္ခ'တစ်ယောက်မှာတော့ ကားကိုခြေဦးတည့်ရာ
လျှောက်မောင်းလာခဲ့ရင်းကနေ 'စထရန်း'
ဟိုတယ်ဘက်ကို ရောက်လို့လာခဲ့တယ်။ ညနေစာင်းနေပြီဖြစ်တာမို့ ဟိုတယ်တစ်ခုလုံးမှာ လျှပ်စစ်မီးတွေထိန်ထိန်လင်းအောင်ထွန်းထားပြီး ၊ အရှေ့လမ်းတွင်လဲမော်တော်ကားတွေ၊ လူသွားလူလာတွေ၊ညဘက်လှည့်ရောင်းတဲ့ ညဈေးသည်တွေနဲ့ စည်ကားလို့နေတယ်။
"သောမက်စ် ရှိလောက်လား။"
သူတစ်ကိုယ်တည်းရေရွတ်လိုက်ရင်း
ကားကို ဟိုတယ်ရှိရာဆီဦးတည်လိုက်တယ်။
အဲ့ဒီနောက်မှာတော့ ကားကိုနေရာလွတ်တစ်ခုမှာ
ရပ်လိုက်ပြီး ဟိုတယ်ထဲကိုဝင်လာလိုက်တယ်။
"မင်္ဂလာပါရှင် 'စထရန်း 'မှ ကြိုဆိုပါတယ်။"
"မစ္စတာ ဝီလီယံသောမက်စ်နဲ့ တွေ့ချင်လို့ပါ
ဒီအပတ်ထဲမှာမှ ဒီကိုလာတည်းတဲ့သူပါ။"
သူစကားဆုံးတာနဲ့ဧည့်ကြိုကောင်တာက မိန်းမပျို
လေးတွေဟာ စာရင်းစာအုပ်တွေကို လှန်လှောရင်း
ရှာကြဖွေကြတော့တယ်။
"ဟုတ်ကဲ့ပါရှင့်
ကျွန်မတို့သူ့အခန်းကိုဆက်သွယ်ပေးပါ့မယ်
ဘယ်သူလို့ ပြောပေးရမလဲရှင့်။"
"သိင်္ခ လို့ပြောပေးပါ။"
"ဟုတ်ကဲ့ပါရှင် ဒါဆိုလူကြီးမင်းဟိုနေရာလေးမှာ
ထိုင်စောင့်လို့ရပါတယ်နော်။"
သူလဲဝန်ထမ်းမိန်းကလေးတွေ ညွှန်ပြတဲ့ နေရာ
လေးမှာ သွားထိုင်နေလိုက်ရင်း တစ်ဖက်လူအလာကို
စောင့်နေလိုက်တယ်။
သိပ်မကြာလိုက်တဲ့ အချိန်တစ်ခုမှာ ဟိုတယ်အပေါ်
ထပ်ကနေ 'သောက်မက်စ်' ကခပ်သွပ်သွပ်
ဆင်းလို့လာတာကို သူလှမ်းမြင်လိုက်ရတယ်။
ရွှေအိုရောင် ဆံပင်ခွေတွေဟာ ခြေတစ်လှမ်းလှမ်းလိုက်တိုင်းမှာ လှုပ်လီလှုပ်လဲ့နဲ့ မြေညီထပ်မှာရှိနေတဲ့ လူတွေအားလုံးရဲ့ အာရုံကိုဆွဲဆောင်ထားလေတယ်။
"ဒါလင်။"
"......"
"အဲ...သိင်္ခ
ဒီကိုဘာလုပ်တာလဲဟင်၊ ငါ့ကိုလာတွေ့တာလား။"
'သိင်္ခ'က ခေါင်းညိတ်ပြလေတော့ 'သောမက်စ်'
မှာပျော်ရွှင်သွားဟန်ရှိပြီးမျက်နှာလေးတွေတောင်
ရဲတက်လို့သွားရတယ်။
"ဒီမှာနေရတာ အဆင်ပြေတယ်မလား
ကျော်ဆွေကရောမင်းကိုနေရာအနှံ့လိုက်ပြပြီးပြီလား။"
"အင်း နေရာတော်တော်များများတော့ရောက်ပြီးပါပြီ
အပြင်ကနေ ပြန်ရောက်တာတောင် သိပ်မကြာသေးဘူး။ပြီးတော့ 'ကျော်ဆွေ'က တော်လဲတော်တယ်
ချစ်စရာလဲကောင်းတယ်။"
"အင်းပါ...အဆင်ပြေတယ်ဆိုတော့လဲ
ကောင်းတာပေါ့။"
'သိင်္ခ'လဲတစ်ဖက်လူရဲ့ အဖြေကိုခေါင်းညိတ်ရင်း
ထောက်ခံလိုက်တယ်။ 'သောမက်စ်'ရောက်ပြီး
နောက်တစ်နေ့မှာကတည်းက 'ကျော်ဆွေ'ဆိုတဲ့ကောင်လေးကို ဂိုက်လုပ်ဖို့ငှားပေးခဲ့တာ။ အခုအလုပ်ကိုဒီကောင်လေး သေချာလုပ်နိုင်မယ်ဆိုရင် ဒီကောင်လေးကို သူသေချာလေ့ကျင့်ပေးမယ်။ သူ့ရဲ့အနာဂတ်အစီအစဉ်အတွက် သစ္စာရှိလူယုံတစ်ယောက် ကိုလိုအပ်တယ်။
"ငါ့ကို ပြောစရာရှိသေးလားဟင်။"
မျှော်လင့်ချက်တို့ဝေ့သီနေတဲ့ မျက်ဝန်းပြာတွေနဲ့
တစ်ဖက်လူကိုကြည့်ပြီး သူမေးလိုက်မိတယ်။
"အင်း...ကိုယ်တို့ စိတ်ပြေလက်ပျောက်
သွားသောက်ကြမလား။"
အမှန်တိုင်းပြောရရင် အခုအချိန်မှာ သူ'သောမက်စ်'
ကိုလိုအပ်နေတာအမှန်ပဲ။ သူ့ခံစားချက်ကိုနားလည်ပေးနိုင်မဲ့သူကဒီလူအပြင်မရှိဘူး။ 'ဘရန်ဒီ'လေးတစ်ခွက်လောက်သောက်ဖြစ်ရင်တော့ ပြောမထွက်တဲ့
စကားတွေပြောထွက်လာမယ်ထင်မိရဲ့။
"ဒါလင် ...အဆင်မပြေဘူးလားဟင်
တစ်ခုခုကြောင့် စိတ်ပင်ပန်းနေပုံပဲ။"
"ကိုယ်...ကိုယ် 'ကျောက်ခဲ 'ကို လက်ထပ်ကြဖို့
ပြောခဲ့တယ်။"
"အဲ့တော့ အငြင်းခံလိုက်ရလို့လား
ငါ သိပါပြီသိင်္ခရယ်....ငါလဲ
မင်းရဲ့ ရင်ထဲကစကားတွေကို
နားထောင်ပေးမယ်။မင်းကလဲ
ငါ့ရဲ့စကားတွေကို နားထောင်ပေးပေါ့။"
သူ့ရဲ့ရင်ဘက်ကို လက်ညှိုးတထိုးထိုးနဲ့
ရေရွတ်လို့နေတဲ့ 'သောမက်စ်'ကိုကြည့်ပြီး
'သိင်္ခ'ကြောင်အနေရတယ်။ရုတ်တရက်ကြီး
ဘာကြောင့်ပျော်နေတဲ့ပုံ ပေါက်သွားရတာလဲ
သူအငြင်းခံလိုက်ရလို့လား။
"ကဲ...ကဲ လာပါဝိုင်ပြင်းပြင်းလေးသွားသောက်ကြရအောင်ခေါင်းမထောင်နိုင်အောင် မူးတဲ့အထိအတူသောက်ကြမယ်။"
'သောမက်စ်'မှာတော့ သူကိုပုတ်သိုးနေတဲ့မျက်နှာနဲ့
ရှူစားလို့နေတဲ့ ရည်းစားဟောင်းကို လက်ကနေဆွဲခေါ်ရင်း ဟိုတယ်အပြင်ဘက်ကိုထွက်လာခဲ့လိုက်တယ်။
အဲ့တာ ငါ့ကိုလက်မခံလို့ဝဋ်လည်တာဒါလင်
မင်းကို ပညာကောင်းကောင်းပေးပစ်မယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Upပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်။
Cmtလေးတွေမျှော်နေပါ့မယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
Previous chapter
~~~~~~~~~~~~~~~
ေျပာခ်င္ရာေျပာၿပီးသူ႕ေရွ႕ကေနအလွ်ို လွ်ိုထြက္သြားတဲ့လူႏွစ္ေယာက္ကိုၾကည့္ၿပီး
တမာပင္ေအာက္မွာရပ္က်န္ေနခဲ့တဲ့ 'ေအာင္တိုး'ရဲ႕မ်က္ႏွာကေတာ့ မ်က္ရည္ေတြေဝ့သီကာ
နီရဲေနခဲ့ေလရဲ႕။သူက အဲ့စာကို 'သန္းေဖ'နဲ႕အတူတူဖတ္ခ်င္ခဲ့႐ုံပဲ၊အရင္တုန္းကဆို 'သန္းေဖ'ကိုသူကစာဖတ္ျပေနၾကေလ။အခုေနာက္ပိုင္း'သန္းေဖ'က
သူ႕ကိုက်ဒီရက္ပိုင္းလာမေခၚပဲ တစ္ဖက္႐ြာကေကာင္ေတြနဲ႕ပဲေဆာ့ေနလို႔ သူကမေက်မနပ္နဲ႕ေျပာလိုက္မိတာ။ 'သန္းေဖ' ကသူ႕ကိုအရင္လိုမခင္တြယ္ေတာ့ဘူးေလ။
🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚
ဧည့္ခန္းထဲမွာထိုင္ၿပီး သတင္းစာဖတ္ေနတဲ့
'ေဒၚေ႐ႊဇင္ညိမ္း' ကၿခံထဲကိုေျဖးညွင္းစြာေမာင္းဝင္လာတဲ့ ခိုျပာေရာင္ကားေလးရဲ႕စက္သတ္သံကို ၾကားလိုက္တာမို႔ သတင္းစာကိုေဘးခ်ၿပီး
မွန္ျပတင္းေပါက္ဘက္ကိုအၾကည့္ပို႔လိုက္မိတယ္။
"ဆင္းႏွင့္ေတာ့ေနာ္ ကိုယ္သြားစရာေလးရွိေသးလို႔။"
အစ္ကိုက က်ဳပ္ကိုအၿပဳံးေလးတစ္ပြင့္နဲ႕ေျပာလာတယ္ဗ် ။ဒါေပမဲ့ အဲ့ဒီအၿပဳံးေလးက
ခပ္ႏြမ္းႏြမ္းေလးျဖစ္ေနတာမို႔
အစ္ကိုဝမ္းနည္းေနမွန္း က်ဳပ္တန္းသိလိုက္ပါတယ္။
"ဆင္းေတာ့ေလ 'ေက်ာက္ခဲေလး'ရဲ႕
ဘာလဲ ကိုယ္နဲ႕မခြဲနိုင္လို႔လား။ "
အစ္ကိုက သူ႕ရဲ႕အစြယ္ျဖဴေလးေတြေပၚလာတဲ့အထိရယ္ရင္းက်ဳပ္ကိုထပ္ေျပာလာေပမဲ့ေ႐ႊေရာင္ကိုင္းမ်က္မွန္ေအာက္က အစ္ကို႔ရဲ႕မ်က္ဝန္းေတြကေတာ့မႈန္မွိုင္းေနေလရဲ႕။
"အစ္ကို ကားကိုဂ႐ုစိုက္ေမာင္းပါ။"
ႏူးညံ့တဲ့အၿပဳံးေတြနဲ႕ က်ဳပ္ကိုႏွင္ထုတ္လို႔ေနတဲ့
အစ္ကို႔ကိုထပ္ၿပီး စိတ္အႏွောင့္အယွက္မေပးခ်င္
ေတာ့တာမို႔ က်ဳပ္လဲအစ္ကို႔ကိုသတိေပးၿပီးတာနဲ႕ ကားေပၚကဆင္းလာလိုက္တယ္။
ခ်က္ခ်င္းဆိုသလို
ကားကိုအလ်င္စလိုနဲ႕ ေမာင္းထြက္သြားတဲ့ အစ္ကို႔ရဲ႕ေက်ာျပင္ေလးကိုၾကည့္ၿပီး က်ဳပ္ရဲ႕ရင္ဘက္ေတြတင္းက်ပ္လာရပါတယ္။
အစ္ကို ဝမ္းနည္းေနတယ္ ဒါေပမဲ့
အစ္ကိုက သူအဆင္ေျပသလိုဟန္ေဆာင္ထားတယ္။
အစ္ကိုဘာလို႔ အဲ့လိုလုပ္ရတာလဲ ကြၽန္ေတာ္မသိဘူး။ဘာေၾကာင့္ က်ဳပ္ဆီမွာသူခံစားေနရတာေတြကို ရင္မဖြင့္ရတာလဲ။
"ေမာင္ေက်ာက္ခဲ..!။"
"ဗ်ာ....ေျပာပါေဒၚေဒၚ။"
အေနာက္ကေနေရာက္ခ်လာၿပီး
က်ဳပ္နာမည္ကိုခပ္တိုးတိုးေခၚလာတဲ့ေဒၚေဒၚေၾကာင့္က်ဳပ္ရဲ႕အေတြးေတြလဲကတ္ေၾကးနဲ႕ျဖတ္ေတာက္ခံလိုက္ရသလိုျပတ္ေတာက္သြားရတယ္။
"အထဲကိုလိုက္ခဲ့အုံး
ေဒၚေဒၚမင္းကို ေမးစရာေလးရွိလို႔။"
'ေဒၚေ႐ႊဇင္ညိမ္း'က စကားအျပန္ကိုပင္မေစာင့္ဘဲ
သြက္လက္စြာနဲ႕တစ္ဖက္ေကာင္ေလးရဲ႕
လက္ကိုဆြဲၿပီး အိမ္ထဲကိုေခၚသြားေတာ့တယ္။
"ၿငိမ္းၿငိမ္းေရ လိေမၼာ္ရည္နဲ႕ သေရစာခပ္မ်ားမ်ားေလးယူခဲ့ပါကြယ္။"
သူ(မ)က 'ေက်ာက္ခဲ'ကို ဧည့္ခန္းကကြၽန္းခုံႀကီးမွာထိုင္ေစကာ မလွမ္းမကမ္းမွာ ၾကက္ေတာင္တစ္ေခ်ာင္းနဲ႕ဓာတ္စက္ႀကီးကို သန႔္ရွင္းေရးလုပ္ေနတဲ့ 'ၿငိမ္းၿငိမ္း'ကိုလွမ္းေျပာလိုက္တယ္။
"ေဒၚေဒၚ ကြၽန္ေတာ့္ကိုဘာေမးစရာရွိလို႔လဲဟင္။"
'ေက်ာက္ခဲ'ရဲ႕အေမးစကားေၾကာင့္ 'ေဒၚေ႐ႊဇင္ညိမ္း'တစ္ေယာက္ အသည္းယားစြာနဲ႕ၿပဳံးမိတယ္။ ေနာက္ဆုံးေတာ့ သူ႕ရဲ႕ခ်စ္လွစြာေသာ သားေတာ္ေမာင္ေလးကလူမွန္နဲ႕ ေတြ႕ေနၿပီလားေလ။
"အဟင္း ဒီလိုပါ 'ေက်ာက္ခဲေလး'ရယ္
ဒီရက္ပိုင္း မွာ 'အမာၾကည္'က ဒီကိုခဏခဏ လာတယ္ေနာ္ 'သိခၤ'ကိုလာေတြ႕တာလား။"
ေဒၚေဒၚရဲ႕ မေမွ်ာ္လင့္တဲ့ေမးခြန္းေၾကာင့္
က်ဳပ္ရဲ႕နားထဲမွာ အခ်က္ေပးသံေတြနဲ႕ ျပည့္ႏွက္သြားၿပီး က်ဳပ္ရဲ႕ခါးတစ္ေလွ်ာက္ က်ဥ္တက္
သြားရတယ္။ က်ဳပ္ဆီလာတယ္လို႔ေျပာရမလား
အစ္ကို႔ဆီလာတယ္လို႔ ညာလိုက္ရမလား။ေဒၚေဒၚက
ဘာေၾကာင့္ ဒီလိုေမးရတာလဲ။
" 'သိခၤ' နဲ႕ 'အမာၾကည္'ကေရာ ဘယ္အေျခအေန
ထိေရာက္ေနၿပီလဲ။"
" သူတို႔ႏွစ္ေယာက္က ဟိုးငယ္စဥ္ကတည္းက
သိလာတာေလ၊ 'သိခၤ'က ဘိလပ္သြားေတာ့မွ
သူတို႔ကကြဲသြားၾကတာ။ အခုမွေသခ်ာျပန္ေတြ႕ၾကရတာဆိုေတာ့ သံေယာဇဥ္ေတြကို ပိုသတိထားလာမိၾကတယ္ထင္ရဲ႕။"
"'ေက်ာက္ခဲ' ေရာဘယ္လိုထင္လဲ။
သူတို႔ႏွစ္ေယာက္ကလိုက္ဖက္တယ္မလား။
'အမာၾကည္'က ထက္ထက္ျမက္ျမက္လည္းရွိၿပီး
စိတ္ထားလဲေကာင္းတယ္ေလ။!"
"သူတို႔ကေတြလဲ အ႐ြယ္ေရာက္ကုန္ၾကၿပီဆိုေတာ့အေျခအေနေကာင္းရင္ျဖင့္ေဒၚေဒၚက
သူတို႔ႏွစ္ေယာက္ကို ေနရာခ်ထားေပးခ်င္လို႔
ေမးၾကည့္တာ။"
"အမာၾကည္ က အတြင္းသိ၊ အစင္းသိေတြဆိုေတာ့ ေဒၚေဒၚက ျငင္းစရာမရွိဘူးေလ...ေတာ္ၾကာ မဟုတ္တ႐ုတ္ေတြနဲ႕ ေတြ႕သြားမွျဖင့္။"
"အင္း...ေဒၚေဒၚလဲ အသက္အ႐ြယ္ရလာၿပီဆိုေတာ့ေျမးလဲခ်ီခ်င္ေနၿပီ။"
'ေဒၚေ႐ႊဇင္ညိမ္း'ကေတာ့ သူ(မ)ရဲ႕ ထင္ျမင္ခ်က္ေတြကိုေျပာဆိုၿပီးတဲ့ေနာက္မွာ အာေခါင္ေျခာက္လာတာမို႔ 'ၿငိမ္းၿငိမ္း'လာခ်ေပးသြားတဲ့ လိေမၼာ္ရည္ကို
ေသာက္ၿပီးအေမာေျဖလိုက္ေသးတယ္။
ၿပီးေတာ့မွ တစ္ခုခုကိုသတိရဟန္နဲ႕..
"ေအာ္.....ငါ့ႏွယ္ စိတ္ကူးယဥ္ေနတာနဲ႕ပဲ
စကားလမ္းေၾကာင္းက လြဲျပန္ၿပီ။ အဲ့ေတာ့
'ေမာင္ေက်ာက္ခဲ'က ထူးျခားတာမ်ားေတြ႕မိေသးလား။"လို႔ထပ္ေမးလိုက္တယ္။
မေျဖခ်င္ခဲ့တဲ့ ေမးခြန္းက ျပန္ေရာက္လာျပန္ေတာ့က်ဳပ္မွာ သက္ျပင္းခ်႐ုံအျပင္မတတ္နိုင္ခဲ့ဘူး။
"က်ဳပ္ အဲ့လိုေတာ့ မေတြ႕မိပါဘူးေဒၚေဒၚ။"
"အင္းေပါ့ေလ...သမီးရည္းစား ခ်ိန္းေတြ႕တာ အိမ္မွာေတာ့ ဘယ္ခ်ိန္းေတြ႕ပါမလဲ။"
ပထမဆုံးအႀကိမ္အျဖစ္
က်ဳပ္ဒီေနရာကေန ေပ်ာက္ကြယ္သြားခ်င္မိပါတယ္။
အမွန္တရားက သူ႕ကိုမ်က္ကြယ္ျပဳထားသူေတြကို
နာက်င္ေစတယ္လို႔ေျပာၾကသလိုပဲ
ေဒၚေဒါ့္ရဲ႕စကားလုံးတစ္လုံးခ်င္းစီကဓားသြားေတြလိုက်ဳပ္ရဲ႕ေမွ်ာ္လင့္ခ်က္ေတြကို တတိတိနဲ႕ျဖတ္တိုက္လို႔ေနတယ္။က်ဳပ္သာ မိန္းကေလးအျဖစ္ေမြးဖြားလာခဲ့ရင္ အစ္ကိုနဲ႕ က်ဳပ္ရဲ႕လမ္းက ပိုၿပီးေတာ့ေျဖာင့္ျဖဴးမွာလား။
"ေမာင္ေက်ာက္ခဲ
မ်က္ႏွာလည္း မေကာင္းပါလား
ေနလို႔မေကာင္းဘူးလား။"
ျဖဴေလ်ာ့ေနတဲ့မ်က္ႏွာနဲ႕ တစ္စုံတစ္ခုကိုအေတြးလြန္ေနပုံရတဲ့ ေကာင္ငယ္ေလးကို သူ(မ)ေမးၾကည့္လိုက္ေတာ့ ေကာင္ငယ္ေလးကအၿပဳံးေလးတစ္ပြင့္နဲ႕ေခါင္းခါျပလာတယ္။
"ကဲ...ဒါဆိုလဲသြားနားခ်ည္ေတာ့ေလ
ဟိုကိစၥကို မင္းအစ္ကိုေလးကို ျပန္မေျပာနဲ႕အုံးေနာ္။"
"စိတ္ခ်ပါ ေဒၚေဒၚ
ဒါျဖင့္ ကြၽန္ေတာ့္ကိုသြားခြင့္ျပဳပါအုံး။"
က်ဳပ္လဲ ေဒၚေဒါ့္ကိုႏႈတ္ဆက္ၿပီးတာနဲ႕ အိမ္ႀကီးထဲကေနမေျပး႐ုံတမယ္ေျခလွမ္းေတြနဲ႕ ထြက္လာလိုက္တယ္။"မအမာၾကည္ နဲ႕အစ္ကို က
လိုက္ဖက္တယ္ မလားတဲ့" က်ဳပ္နဲ႕ေတာ့ မလိုက္ဖက္
တာေသခ်ာပါတယ္။ ဒါေပမဲ့ အဲ့ကိစၥေၾကာင့္နဲ႕ေတာ့က်ဳပ္အစ္ကို႔ကို ဘယ္ေတာ့မွလက္ေလွ်ာ့မွာမဟုတ္ဘူး။အစ္ကိုကက်ဳပ္အတြက္ ပထမဆုံးနဲ႕ ေနာက္ဆုံးမို႔လို႔ပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ေန႕သာတဲ့ေန႕ေလးျဖစ္တာမို႔ ပိေတာက္ပင္ၾကားကေနက်ိဳးတိုးက်ဲတဲျဖာက်လိဳ႕ေနတဲ့ေနေရာင္ခ်ည္ေလးေတြဟာ အလွတစ္မ်ိဳးကိုဖန္ဆင္းလ်က္ရွိသလို၊ ေလတိုးသံနဲ႕အတူ သစ္႐ြက္ေလးေတြကလဲ
ယိမ္းထိုးလို႔ေနၿပီး ၊ ေကာင္းကင္ျပာျပာကလဲၾကည္စင္လို႔ေနတာေၾကာင့္'ဦးဘိုးစည္'တစ္ေယာက္အၾကမ္းရည္ေလးေသာက္ရင္း သဘာဝတရားႀကီးကိုခံစားေနမိတယ္။
"ဘယ္လိုလဲ ဘိန္းမုန႔္ကေကာင္းရဲ႕လား ဘိုးစည္
က်ဳပ္လဲ လမ္းႀကဳံတုန္းဝင္ဝယ္လာတာ။"
အေပၚပိုင္းလုံးတီးနဲ႕ကြက္ျပစ္မွာဝင္ထိုင္ၿပီး
ေမးလာတဲ့ 'ဦးေ႐ႊေမာင္'ကို
'ဦးဘိုးစည္'ကေသခ်ာေခါက္ထားတဲ့
စြတ္က်ယ္အကၤ်ီေလးကို အလိုက္တသိနဲ႕
လွမ္းေပးရင္းအေျဖျပန္ေပးလိုက္တယ္။
"အင္း မဆိုးပါဘူးကိုေ႐ႊ
ခံတြင္းေတြ႕တယ္။"
"ေတာ္ေသးတာေပါ့။"
စိတ္သက္သာရာရသြားတဲ့ ဟန္ပန္နဲ႕ေျပာလာတဲ့
'ဦးေ႐ႊေမာင္'ရဲ႕ ညွပ္ခါစ ဆံပင္ပုံစံကတိုတိုကပ္ကပ္
နဲ႕သပ္ရပ္လွၿပီး အမည္းေတာင္ျပန္ဆိုးလာေသးတာေၾကာင့္ လူကိုရွိရင္းစြဲထက္ပင္ႏုငယ္သြားေစၿပီးခန႔္သန႔္လို႔သြားေစတယ္။
"ဆံပင္ပုံစံ ကေရာ အဆင္ေျပရဲ႕လား
က်ဳပ္ေခါင္းမွာ ဆံပင္ျဖဴေတြေတြ႕လိုက္လို႔ ဆံသဆရာကိုအေရာင္ဆိုးခိုင္းလိုက္တာ။တစ္ခ်ိဳ႕ေတြက အိုလာၿပီဆိုၿပီး အႀကိဳက္မေတြ႕ေတာ့မွာဆိုးလို႔။"
'ဦးေ႐ႊေမာင္'ရဲ႕စကားေၾကာင့္ သေဘာတက်ရယ္မိတဲ့'ဦးဘိုးစည္'က..
"ခင္ဗ်ားကေတာ့ေလ...
ကိုယ့္ဘာသာကိုယ္ ရွိုးထုတ္ခ်င္လို႔ဆိုးခဲ့ကာမွ
က်ဳပ္ကိုလာအျပစ္တင္ေနတယ္"ဟုေျပာေလေတာ့,
'ဦးေ႐ႊေမာင္'ကလဲအားက်မခံျပန္ေျပာလိုက္ေလတယ္။
"ေဟာဗ်ာ...အဲ့ေတာ့ ခင္ဗ်ားက
မႀကိဳက္ဘူးလား။က်ဳပ္အိမ္ထဲကိုဝင္လာကတည္းကခင္ဗ်ားက်ဳပ္ကိုလိုက္ၾကည့္ေနတာ က်ဳပ္သိတယ္ေနာ္ညာဖို႔မစဥ္းစားေလနဲ႕။"
ရယ္ကာေမာကာနဲ႕ျပန္ေျပာလာတဲ့တစ္ဖက္လူက
သူ့ရဲ့ပုခုံးကိုအဓိပ္ပါယ်ကိုင်ညှစ်လာတာကြောင့်
'ဦးဘိုးစည္'မွာေတာ့ တစ္စုံတစ္ခုကို သတိရဟန္နဲ႕
ခ်က္ခ်င္းဆိုသလို လူပ်ိဳေပါက္ေလးကဲ့သို႔
နား႐ြက္ေလးေတြရဲတက္သြားရၿပီး အထစ္ထစ္အေငါ့ေငါ့နဲ႕ဆိုလာေလတယ္။
"ႀကိဳက္....ႀကိဳက္ပါတယ္ဗ်ာ၊ ခင္ဗ်ားကို ဆံပင္အျဖဴနဲ႕လည္းႏွစ္သက္တယ္၊ အမဲနဲ႕ဆိုလည္း ခ်စ္တယ္။ရၿပီလား။"
"အဟား ရပါၿပီ ဗ်ာ ၊ ရပါၿပီ ။
ၾကည့္ပါအုံးအရွက္သည္းေနတာလြန္ပါေရာလား။"
'ဦးေ႐ႊေမာင္ က မိမိအေရွ႕ရွိ နား႐ြက္ေလးေတြရဲတြတ္ကာရွက္ေသြးျဖာေနသူကို ၾကည့္ရင္း အသည္းေတြယားလာတာေၾကာင့္ပါးျပင္ႏြေးႏြေးေလးကိုသူ႕ရဲ႕ႏႈတ္ခမ္းေလးနဲ႕လွမ္းကပ္ပစ္လိုက္ေလေတာ့
'ဦးဘိုးစည္'ရဲ႕အသံစြာစြာေလးကေလထုထဲမွာ
ထြက္ေပၚလာေတာ့တယ္။
"ကိုေ႐ႊေမာင္..!။"
"ဗ်ာ..!။"
'ဦးေ႐ႊေမာင္'ရဲ႕အသံက ျမဴးႂကြလို႔ေနတယ္။
"ဟြန္းးးခင္ဗ်ားကေတာ့ေလ
တစ္ကယ္ကို သူငယ္ျပန္ေနၿပီပဲ။"
"အမွန္ပဲ က်ဳပ္ကခင္ဗ်ားနဲ႕ဆို ထာဝရႏုပ်ိဳေနမွာ။"
"....."
စကားေတြ သိပ္တတ္ၿပီး၊သိပ္ကဗ်ာဆန္ေနသူနဲ႕ဖတ္ၿပီး'ဦးဘိုးစည္'လည္းစကားရည္လုမေနေတာ့။
မ်က္ႏွာေလးသာ လႊဲထားလိုက္ေတာ့တယ္။
"အဟားးးဟုတ္ပါၿပီ ဘိုးစည္ရယ္
က်ဳပ္မစေတာ့ပါဘူး။အတည္ပဲေျပာေတာ့မယ္
က်ဳပ္တို႔ ရန္ကုန္တက္ၾကရေအာင္။"
"အင္း...ေကာင္းသားဘဲ
က်ဳပ္လဲ 'ေက်ာက္ခဲ'အဆင္ေျပလား
ၾကည့္ခ်င္ေသးတယ္။"
'ဦးဘိုးစည္'က တစ္ဖက္လူရဲ႕ ေႂကြပန္းကန္လုံးေလးထဲ အၾကမ္းရည္ငွဲ႕ထည့္ေပးရင္းေျပာလိုက္တယ္။
"ဟုတ္ပါၿပီ...ဒါျဖင့္ က်ဳပ္စီစဥ္လိုက္မယ္
ခင္ဗ်ားကသာ အရင္တစ္ေခါက္ကလိုေနမေကာင္း
ျဖစ္ေအာင္ အားေမြးထား ဟုတ္ၿပီလား။"
"ဟုတ္ပါၿပီဗ်ာ ကိုေ႐ႊ႕သေဘာပါပဲ။"
ထိုစကားေလးအဆုံးမွာေတာ့ 'ဦးေ႐ႊေမာင္'ရဲ႕
ပီတိေတြနဲ႕ျပည့္ဝေနတဲ့ရယ္သံႀကီးက ၿခံထဲမွာခပ္က်ယ္က်ယ္ထြက္ေပၚလာေလေတာ့တယ္။
'ဇရာ လား ၊က်ဳပ္ဂ႐ုမစိုက္ဘူး
ခင္ဗ်ားနဲ႕ ပတ္သက္ရင္ ခံစားခ်က္ေတြက
အၿမဲတမ္းႏုငယ္ေနတာမို႔ ။'
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'သိခၤ'တစ္ေယာက္မွာေတာ့ ကားကိုေျခဦးတည့္ရာေလွ်ာက္ေမာင္းလာခဲ့ရင္းကေန 'စထရန္း'
ဟိုတယ္ဘက္ကို ေရာက္လို႔လာခဲ့တယ္။ ညေနစာင္းေနၿပီျဖစ္တာမို႔ 'စထရန္း'ဟိုတယ္တစ္ခုလုံးမွာ လွ်ပ္စစ္မီးေတြထိန္ထိန္လင္းေအာင္ ထြန္းထားၿပီး ေမာ္ေတာ္ကားေတြ၊ လူသြားလူလာေတြ၊ညဘက္လွည့္ေရာင္းတဲ့ ညေဈးသည္ေတြနဲ႕ စည္ကားလို႔ေနတယ္။
"ေသာမက္စ္ ရွိေလာက္လား။"
သူတစ္ကိုယ္တည္းေရ႐ြတ္လိုက္ရင္း
ကားကို ဟိုတယ္ရွိရာဆီဦးတည္လိုက္တယ္။
အဲ့ဒီေနာက္မွာေတာ့ ကားကိုေနရာလြတ္တစ္ခုမွာ
ရပ္လိုက္ၿပီး ဟိုတယ္ထဲကိုဝင္လာလိုက္တယ္။
"မဂၤလာပါရွင္ 'စထရန္း 'မွ ႀကိဳဆိုပါတယ္။"
"မစၥတာ ဝီလီယံေသာမက္စ္နဲ႕ ေတြ႕ခ်င္လို႔ပါ
ဒီအပတ္ထဲမွာမွ ဒီကိုလာတည္းတဲ့သူပါ။"
သူစကားဆုံးတာနဲ႕ဧည့္ႀကိဳေကာင္တာက မိန္းမပ်ိဳ
ေလးေတြဟာ စာရင္းစာအုပ္ေတြကို လွန္ေလွာရင္းရွာၾကေဖြၾကေတာ့တယ္။
"ဟုတ္ကဲ့ပါရွင့္
ကြၽန္မတို႔သူ႕အခန္းကိုဆက္သြယ္ေပးပါ့မယ္
ဘယ္သူလို႔ ေျပာေပးရမလဲရွင့္။"
"သိခၤ လို႔ေျပာေပးပါ။"
"ဟုတ္ကဲ့ပါရွင္ ဒါဆိုလူႀကီးမင္းဟိုေနရာေလးမွာ
ထိုင္ေစာင့္လို႔ရပါတယ္ေနာ္။"
သူလဲဝန္ထမ္းမိန္းကေလးေတြ ၫႊန္ျပတဲ့ ေနရာ
ေလးမွာ သြားထိုင္ေနလိုက္ရင္း တစ္ဖက္လူအလာကို
ေစာင့္ေနလိုက္တယ္။
သိပ္မၾကာလိုက္တဲ့ အခ်ိန္တစ္ခုမွာ ဟိုတယ္အေပၚ
ထပ္ကေန 'ေသာက္မက္စ္' ကခပ္သြပ္သြပ္
ဆင္းလို႔လာတာကို သူလွမ္းျမင္လိုက္ရတယ္။
ေ႐ႊအိုေရာင္ ဆံပင္ေခြေတြဟာ ေျခတစ္လွမ္းလွမ္းလိုက္တိုင္းမွာ လႈပ္လီလႈပ္လဲ့နဲ႕ ေျမညီထပ္မွာရွိေနတဲ့ လူေတြအားလုံးရဲ႕ အာ႐ုံကိုဆြဲေဆာင္ထားေလတယ္။
"ဒါလင္။"
"......"
"အဲ...သိခၤ
ဒီကိုဘာလုပ္တာလဲဟင္၊ ငါ့ကိုလာေတြ႕တာလား။"
'သိခၤ'က ေခါင္းညိတ္ျပေလေတာ့ 'ေသာမက္စ္'
မွာေပ်ာ္႐ႊင္သြားဟန္ရွိၿပီးမ်က္ႏွာေလးေတြေတာင္ရဲတက္လို႔သြားရတယ္။
"ဒီမွာေနရတာ အဆင္ေျပတယ္မလား
'ေက်ာ္ေဆြ' ကေရာမင္းကိုေနရာအႏွံ႕လိုက္ျပၿပီးၿပီလား။"
"အင္း ေနရာေတာ္ေတာ္မ်ားမ်ားေတာ့ေရာက္ၿပီးပါၿပီအျပင္ကေန ျပန္ေရာက္တာေတာင္ သိပ္မၾကာေသးဘူး။ၿပီးေတာ့ 'ေက်ာ္ေဆြ'က ေတာ္လဲေတာ္တယ္ခ်စ္စရာလဲေကာင္းတယ္။"
"အင္းပါ...အဆင္ေျပတယ္ဆိုေတာ့လဲ
ေကာင္းတာေပါ့။"
'သိခၤ'လဲတစ္ဖက္လူရဲ႕ အေျဖကိုေခါင္းညိတ္ရင္း
ေထာက္ခံလိုက္တယ္။ 'ေသာမက္စ္'ေရာက္ၿပီး
ေနာက္တစ္ေန႕မွာကတည္းက 'ေက်ာ္ေဆြ'ဆိုတဲ့ေကာင္ေလးကို ဂိုက္လုပ္ဖို႔ငွားေပးခဲ့တာ။ အခုအလုပ္ကိုဒီေကာင္ေလး ေသခ်ာလုပ္နိုင္မယ္ဆိုရင္ ဒီေကာင္ေလးကို သူေသခ်ာေလ့က်င့္ေပးမယ္။ သူ႕ရဲ႕အနာဂတ္အစီအစဥ္အတြက္ သစၥာရွိလူယုံတစ္ေယာက္ ကိုလိုအပ္တယ္။
"ငါ့ကို ေျပာစရာရွိေသးလားဟင္။"
ေမွ်ာ္လင့္ခ်က္တို႔ေဝ့သီေနတဲ့ မ်က္ဝန္းျပာေတြနဲ႕တစ္ဖက္လူကိုၾကည့္ၿပီးသူေမးလိုက္မိတယ္။
"အင္း...ကိုယ္တို႔ စိတ္ေျပလက္ေပ်ာက္
သြားေသာက္ၾကမလား။"
အမွန္တိုင္းေျပာရရင္ အခုအခ်ိန္မွာ သူ'ေသာမက္စ္'
ကိုလိုအပ္ေနတာအမွန္ပဲသူ႕ခံစားခ်က္ကိုနားလည္ေပးနိုင္မဲ့သူကဒီလူအျပင္မရွိဘူး။ 'ဘရန္ဒီ'ေလးတစ္ခြက္
ေလာက္ေသာက္ျဖစ္ရင္ေတာ့ ေျပာမထြက္တဲ့
စကားေတြေျပာထြက္လာမယ္ထင္မိရဲ႕။
"ဒါလင္ ...အဆင္မေျပဘူးလားဟင္
တစ္ခုခုေၾကာင့္ စိတ္ပင္ပန္းေနပုံပဲ။"
"ကိုယ္...ကိုယ္ 'ေက်ာက္ခဲ 'ကို လက္ထပ္ၾကဖို႔
ေျပာခဲ့တယ္။"
"အဲ့ေတာ့ အျငင္းခံလိုက္ရလို႔လား
ငါ သိပါၿပီသိခၤရယ္....ငါလဲ
မင္းရဲ႕ ရင္ထဲကစကားေတြကို
နားေထာင္ေပးမယ္။မင္းကလဲ
ငါ့ရဲ႕စကားေတြကို နားေထာင္ေပးေပါ့။"
သူ႕ရဲ႕ရင္ဘက္ကို လက္ညွိုးတထိုးထိုးနဲ႕
ေရ႐ြတ္လို႔ေနတဲ့ 'ေသာမက္စ္'ကိုၾကည့္ၿပီး
'သိခၤ'ေၾကာင္အေနရတယ္။႐ုတ္တရက္ႀကီး
ဘာေၾကာင့္ေပ်ာ္ေနတဲ့ပုံ ေပါက္သြားရတာလဲ
သူအျငင္းခံလိုက္ရလို႔လား။
"ကဲ...ကဲ လာပါ
ဝိုင္ျပင္းျပင္းေလးသြားေသာက္ၾကရေအာင္
ေခါင္းမေထာင္နိုင္ေအာင္ မူးတဲ့အထိအတူေသာက္ၾကမယ္။"
'ေသာမက္စ္'မွာေတာ့ သူကိုပုတ္သိုးေနတဲ့မ်က္ႏွာနဲ႕ရႉ႕စားလို႔ေနတဲ့ ရည္းစားေဟာင္းရဲ႕ လက္ကေနဆြဲေခၚရင္းဟိုတယ္ အျပင္ဘက္ကိုထြက္လာခဲ့လိုက္တယ္။အဲ့တာ ငါ့ကိုလက္မခံလို႔ဝဋ္လည္တာဒါလင္
မင္းကို ပညာေကာင္းေကာင္းေပးပစ္မယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Upေပးလိုက္ပါၿပီ၊ ဖတ္ေပးဖို႔ကမင္းေလးတို႔တာဝန္။
Cmtေလးေတြေမွ်ာ္ေနပါ့မယ္။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀