Unicode
~~~~~~~
ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ရွေ့လျားနေတဲ့ ပုလဲရောင်တိမ်တိုက်တွေဟာ အပြာရောင်မိုးကုတ်စက်ဝိုင်း
ရဲ့အနားသတ်မျဥ်းတွေကြား ဟိုတစ်စ၊ဒီတစ်စ
ပြန့်ကျဲလျက်ရှိပြီး ထိုတိမ်တိုက်တွေကြားကနေဖြာထွက်နေတဲ့ နေအလင်းရောင်ကတော့ ကမ္ဘာမြေ
ပေါ်ကို သဘာဝဆန်စွာဖြာကျလို့နေတယ်။။
'သောမက်စ်'ဟာ သူ့ရဲ့ကာကီရောင်ဦးထုတ်အဝိုင်းလေးကိုဆောင်းပြီး နေရောင်ချည်ကို
ကာကွယ်လိုက်ကာ၊ ခရီးဖော်လက်ဆွဲအိတ်လေးကို
ကောက်ကိုင်လို့ အိမ်ဝန်းထဲကနေထွက်လာခဲ့လိုက်တယ်။
ရောက်လာတုန်းကနဲ့မတူ ပေါ့ပါးလို့နေတဲ့ခြေလှမ်းတွေက လေပြည်တွေနဲ့တစ်သားတည်းဖြစ်လို့နေပြီး
သောကတွေအကုန်ကင်းစင်သွားပုံရတာမို့ မျက်နှာလေးဟာကြည်လင်လို့နေပြန်တယ်။
'သိင်္ခ'က သူတကယ်နှစ်သက်တဲ့သူကိုတွေ့သွားပြီဆိုပေမဲ့ သူ့ (သောမက်စ်)ရင်ထဲမှာ 'သိင်္ခ'
ရှိနေသ၍ သူကလဲ အရင်လိုရှင်သန်နေအုံးမှာပါ။
ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ယုံကြည်စွာရပ်တည်နိုင်မဲ့ဘဝတစ်ခုရှိတယ်။ဘယ်ဘက်နှလုံးအိမ်ထဲမှာလဲ
မပိုင်ဆိုင်နိုင်တော့တဲ့ချစ်ဦးသူက ရှင်သန်နေသေးတုန်းပဲမို့ ဘာကိုမှမလိုတော့ပါဘူး။
ဘဝရဲ့အချိန်တွေကို ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးရင်းနဲ့သာ ကုန်ဆုံးသွားတော့မှာဖြစ်ပြီး တစ်စုံတစ်ယောက်
အတွက်ကိုတော့ ဘုရားသခင်ထံမှာနေ့စဉ်
ဆုတောင်းပေးမှာဖြစ်တယ်။ သူ့အနေနဲ့
ချစ်ရသူရဲ့အမြင်မှာ ဗီလိန်မဟုတ်တဲ့ဖြစ်တည်မှုနဲ့သာ ရပ်တည်ချင်တယ်လေ။
"အဆင်သင့်ဖြစ်ပြီမလား သွားရအောင်။"
'သိင်္ခ'က အနောက်ဘက်ဥယျာဉ်ဘက်က
အုတ်နီလမ်းလေးအတိုင်းလျှောက်လာရင်း
တိုက်ပုံကိုပါတစ်ပါတည်းဝတ်ကာပြောလာတယ်။
ထို့ကြောင့်'သောမက်စ်'လဲ တစ်ဖက်လူကို ခေါင်းညိတ်ပြပြီးနောက်ကားထဲမှာဝင်ထိုင်လိုက်ရတယ်။ ကမ်းနားလမ်းဘက်က'စထရန်း'အရှေ့ကိုရောက်တဲ့အထိသူဘက်ကလဲဘာမှမပြောမိသလို၊
'သိင်္ခ'ကလဲ သူ့ကိုတစ်ချက်တောင်စောင်းငဲ့ကြည့်လာခြင်းမရှိခဲ့။
"ဒါလင်...။"
'သောမက်စ်'ကားပေါ်ကမဆင်းခင်တစ်ဖက်လူကို
ခပ်တိုးတိုးလေးခေါ်လိုက်တယ်။
"အင်း...။"
ရွှေကိုင်းမျက်မှန်လေကို လက်ကိုင်ပုဝါနဲ့သုတ်နေသူက သူ့ဘက်ကိုလှည့်ပင်ကြည့်မလာဘဲ
အသံလေးပဲပြုလာတယ်။တစ်ဖက်လူရဲ့အထက်ကိုကော့တက်နေတဲ့ မျက်တောင်နက်နက်တွေဟာ
လက်ကိုင်ပုဝါလေးကိုပြန်ခေါက်နေတုန်း
နှစ်ချက်သုံးချက်ခန့် အထက်အောက်
လှုပ်ရှားသွားရတာကိုသူ မမျှော်လင့်ဘဲ
ကြည့်မိသွားရပြန်တာကြောင့်၊ ရေပြင်လို တည်ငြိမ်နေခဲ့တဲ့ သူ့ရဲ့ရင်ခုန်သံတွေကလဲ ချက်ချင်းဆိုသလိုလှိုင်းလုံးအဖြစ်အသွင်ပြောင်းသွားရတယ်။
"ငါ ...ငါနောက်ဆုံးအနေနဲ့
မင်းကိုနမ်းခွင့်ရှိမလား။"
'သောမက်စ်'ကရှိသမျှသတ္တိတွေကို
လည်ချောင်းဆီပို့လိုက်ပြီးနောက် တုန်ယင်စွာနဲ့
ပြောလိုက်တယ်။
"နှုတ်ဆက်အနမ်းပေါ့ အဲ့လိုလား။ဒါပေမဲ့
ဘယ်လိုလုပ်မလဲ အခုချိန်မှာ 'ကျောက်ခဲလေး'က
လွဲပြီး ဘယ်သူ့ကိုမှနမ်းဖို့အာရုံရှိမနေဘူး။"
'သိင်္ခ'ကတစ်ဖက်လူကို ခပ်စူးစူးကြည့်ရင်း
ပြောလေတယ်။ အကာရံကင်းမဲ့နေတဲ့ မျက်ဝန်း
ညိုတွေကတော့ အမှန်တကယ်
အေးစက်မှုတို့ကိုသာခြုံလွှမ်းထားပြီး
ကြီးမားတဲ့ဖိအားတစ်ချို့ကိုလဲ တစ်ဖက်လူဆီကို
လွှင့်ထုတ်လျက်ရှိတယ်။
"နောက်ဆုံးအကြိမ်ပါ ဒါလင်ရယ်၊ နှုတ်ခမ်းကို
မနမ်းချင်ရင်တောင် ပါးကိုနမ်းပါ။ဒါမှမဟုတ်
အနမ်းတစ်ပွင့်ကတောင် ငါနဲ့မထိုက်တန်တော့လို့လား။"
'သောမက်စ်'ကပန်းခရမ်းရောင်သွေးကြောတွေရှပ်ပြေးလို့နေတဲ့'သိင်္ခ' ရဲ့လက်ဖဝါးလေးကို ဆုပ်ကိုင်
ပြီးအသနားခံပြန်တယ်။ အရည်ကြည့်တွေလဲ့နေတဲ့
သမုဒ္ဒရမျက်ဝန်းတွေရဲ့ဒဏ်ကို မည်သူကခံနိုင်ရည်ရှိမလဲ။
'သိင်္ခ'လဲ သက်ပြင်းတစ်ချက်သာရှိုက်ပြီး
သူ့ရဲ့မျက်မှန်ကိုပြန်တပ်လိုက်တယ်။
လှပတဲ့မျက်ဝန်းတွေရဲ့အလယ်ကနှာရိုးပေါ်ကို
ရွှေကိုင်းမျက်မှန်လေးကနေရာတကျ
ပြန်ရောက်မှပဲ မူလခက်ထန်မှုတွေဟာ
အနည်းအကျဉ်းမျှလျှော့ပါးသွားရတယ်။
အဲ့ဒီနောက်မှာတော့ 'သိင်္ခ'ဟာ
ကောင်းမွန်တဲ့နှုတ်ဆက်နည်းလို့သာ
စိတ်ထဲမှာတံဆိပ်ရိုက်လိုက်ရင်း
တစ်ဖက်လူရဲ့ပါးပြင်ပေါ်ကို
သူ့ရဲ့နှာခေါင်းနဲ့ဖိကပ်လိုက်တော့တယ်။
"ကဲ...ကျေနပ်ပြီမလား
ရန်ကုန်ကို ကောင်းကောင်းလည်ခဲ့ပါ 'သောမက်စ်'
ကိုယ်နှုတ်ဆက်ပါတယ်။"
"အင်း..ဂွတ်လက်ခ်ပါဒါလင်။"
'သောမက်စ်'လဲလိုချင်တာရသွားပြီမို့ တစ်ဖက်လူကို
နှုတ်ဆက်လိုက်ပြီး ကားတံခါးကိုဖွင့်လို့
ဟိုတယ်ထဲကိုဝင်လာခဲ့လိုက်တယ်။
ကျေနပ်ခြင်းတွေနဲ့နှုတ်ခမ်းထက်မှာချိတ်ဆွဲထားတဲ့သူ့ရဲ့အပြုံးတစ်ပွင့်ကတော့ နေရောင်ချည်တွေနဲ့အပြိုင်တောက်ပလို့နေလေရဲ့။
သူလက်ကနာရီကိုငုံ့ကြည့်လိုက်တော့ နေ့လည်စာစားချိန်တောင်နီးနေပြီမို့ 'သိင်္ခ'အိမ်ကိုအမြန်ပြန်ဖို့လုပ်လိုက်တယ်။ ဒီနေ့ ကောင်ငယ်လေးကို အပြင်ခေါ်ပြီးချိန်းတွေ့ရမယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဟိတ်..!
တစ်ယောက်တည်းလား။"
"အား..!။"
'ကျောက်ခဲ'တစ်ယောက် စပါယ်ရုံလေးကို
ရေလောင်းပြီး ကိုယ့်အာရုံနဲ့ကိုယ်လျှောက်လာတုန်း
မိမိအရှေ့မှာ ဝုန်းခနဲပေါ်လာတဲ့ အမျိုးသမီးကြောင့်
လန့်ပြီးချော်လဲသွားရတာမို့ ရေပုံးထဲကလက်ကျန်ရေတွေဟာ ခန္ဓာကိုယ်ပေါ်ကို'ဗွမ်း'ခနဲမှောက်ကျကုန်
တော့တယ်။
"ဟို....အဆင်ပြေရဲ့လားကျောက်ခဲလေး
တို့တောင်းပန်ပါတယ်ကွယ်။"
'အမာကြည်'က ရေအေးတွေကြောင့်
ကြွက်စုတ်လေးလို ဖြစ်သွားတဲ့
ကောင်ငယ်လေးကို ဆွဲထူပေးရင်း
စိုးရိမ်စွာနဲ့မေးလိုက်တယ်။
"ရ...ရပါတယ်ဗျ။"
ဒယိမ်းဒယိုင်နဲ့ထရပ်ရင်းပြောလာတဲ့ ကောင်ငယ်လေးဟာ တကယ်ကိုရိုးရိုးလေး။
သွေးကြောမျှင်လေးတွေ ဖြတ်ပြေးနေတဲ့မျက်လုံး
ဝိုင်းဝိုင်းတွေနဲ့ ရေစက်လေးတွေတွဲခိုနေတဲ့
ညိုညက်ညက်မျက်နှာလေးကအစ သနားစဖွယ်ဖြစ်လို့နေပြီး၊ရေတွေကြောင့်ခန္ဓာကိုယ်နဲ့တစ်သားတည်းဖြစ်နေတဲ့ရှပ်အင်္ကျီအဖြူလေးကလဲကြွက်သား
အမြှောင်းလေးတွေကို ဖော်ပြလို့နေတာမို့
'အမာကြည်' ရဲ့နှလုံးတွေအခုန်မြန်လာရတယ်။
'အို...ကျောက်ခဲလေးက
အရမ်းယောက်ျားပီသတာပဲ။'
'အမာကြည်'ဟာစိတ်လှုပ်ရှားစွာနဲ့အတွေးထဲမှာ
ရေရွတ်လိုက်မိတယ်။ထိုကဲ့သို့ရင်ဖိုစရာမြင်ကွင်းတွေဟာသူနဲ့သိပ်မစိမ်းသော်လဲ ဒီကောင်လေးကတော့
ဆန်းသစ်တဲ့ခံစားချက်တွေကို အချိန်နဲ့အမျှ
တူးဖော်ပေးနေတာဖြစ်တယ်။
" မ...မ အမာကြည်
အဆင်ပြေရဲ့လားဗျ။"
ကျုပ်ရဲ့လက်မောင်းကိုကိုင်ပြီး မျက်လုံးအပြူးသားနဲ့
ကြက်သေ,သေနေတဲ့ 'မအမာကြည်'ကို
ကျုပ်မေးကြည့်လိုက်တယ်။ ဘာဖြစ်သွားတာပါလိမ့်။
ချော်လဲပြီး ရေတွေစိုသွားတာကျုပ်မဟုတ်လား။
"မ အမာကြည်။"
"အော်...အင်း!
ကျောက်ခဲလေးဘယ်နားနာသွားလဲဟင်
တို့ တောင်းပန်ပါတယ်။ တို့ကမင်းကိုစလိုက်တာပါ။"
'အမာကြည်'ကသူမရဲ့လက်ပွေ့အိတ်ထဲက
ပန်းဆီရောင်ပုဝါလေးကို 'ကျောက်ခဲ'ဆီကမ်းပေးရင်းပြောလိုက်တယ်။
"ဟို...ရပါတယ်ဗျ။
ပုဝါက အကောင်းကြီးမို့ ကျုပ်မယူပါရစေနဲ့
ကျုပ်အခုပဲ အင်္ကျီသွားလဲလိုက်ပါ့မယ်။"
ကျုပ်လဲ တစ်ဖက်အမျိုးသမီးရဲ့စူးရှတဲ့အကြည့်
တွေကြောင့် စိတ်မလုံမလဲဖြစ်လာရတာမို့
အိမ်ထဲကို အမြန်ဝင်လာခဲ့လိုက်တယ်။ အမှန်တိုင်း
ပြောရရင်ကျုပ်ဘဝမှာအစ်ကိုကလွဲလို့
ပထမဆုံးကြိမ်အဖြစ် မိန်းမတစ်ယောက်ဆီကနေ
ပူပြင်းတဲ့အကြည့်ကို လက်ခံဖူးတာပဲ။
"အဟင်း..တစ်ကယ်ကို ဘယ်လိုလေးပါလိမ့်
ချစ်စရာကောင်းလိုက်တာ။"
ကြွက်သားတွေမြင်နေရတဲ့ရင်ဘက်ကို
လက်လေးနှစ်ဖက်နဲ့အုပ်ပြီး မျက်နှာကြီးတစ်ခုလုံးနီရဲကာ အိမ်ထဲကိုခပ်မြန်မြန်ပြန်ဝင်သွားတဲ့'ကျောက်ခဲ'
ကတော့ သူကိုယ်တိုင်တောင်မသိလိုက်ပါဘဲ
အချစ်ဆိုတဲ့အရာနဲ့ အကျွမ်းဝင်လှတဲ့မိန်းမပျိုတစ်ယောက်ရဲ့နှလုံးသားကိုတစတစစိုးမိုးနေမိလေရဲ့။
ကျုပ် အဝတ်အစားတွေကို
အမြန်လဲပြီးတော့စိုရွှဲသွားတဲ့ဆံပင်တွေကို
ဖြေချလိုက်ပြီးတဘတ်နဲ့အမြန်သုတ်လိုက်တယ်။
ပြတင်းပေါက်ကနေ အောက်ကိုလှမ်းကြည့်တော့
'မအမာကြည်'က မပြန်သေးဘူးဗျ ။ 'ငြိမ်းငြိမ်း'လာချပေးတဲ့ အအေးကိုသောက်ရင်း ထိုင်တောင်ထိုင်နေသေးတာမို့ ကျုပ်လဲခေါင်းတောင်ခြောက်အောင်
မသုတ်တော့ပဲ တဘတ်ကိုပုခုံးပေါ်လွှား
တင်ပြီး အောက်ကိုပြန်ဆင်းလာခဲ့လိုက်တယ်။
အစ်ကိုက အပြင်သွားတာပြန်မလာသေးဘူးလေ၊
ကျုပ်အကျိုးအကြောင်းတော့ ဆင်းပြောပေးရမှာပေါ့။
ကပိုကရိုဝဲကျနေတဲ့လှိုင်းတွန့်ပုံစံ
ဆံစတွေမှာကပ်ငြိနေသည့်ရေသီးလေးတွေဟာ
သွယ်လျတဲ့ အညိုရောင်လည်တိုင်ကျော့ကျော့ပေါ်ကို
ဖြည်းညှင်းစွာ ဖြတ်သန်းလျက်ရှိတယ်။
ကျန်ရှိနေတဲ့မဟူရာဆံနွယ်ခွေကလည်း သူရိန်နေမင်းရဲ့ လင်းရောင်ခြည်အောက်မှာ ဝင်းပြောင်တောက်ပလို့နေပြီး၊
အဖြူရောင်ရှပ်အင်္ကျီိကို
ကွက်စိပ်ပုဆိုးထဲထည့်ဝတ်ထားပြန်တာကြောင့်
ကျစ်လျစ်တဲ့ခါးလေးဟာပုံမှန်ထက်
သေးသွယ်နေသယောင်။
ထို့အပြင်ရေစက်,ရေပေါက်တို့ကလဲ
လည်ပင်းပေါ်၌ရပ်တန့်သွားခြင်းမရှိဘဲ
အင်္ကျီအောက်ကခန္ဓာကိုယ်ကို
တဖန်ပြန်လည်စိုစွတ်စေတာကြောင့်
ကာယကံရှင်ရဲ့မလုံ့တလုံရသက မမျှော်လင့်စွာနဲ့
ထပ်မံပေါ်ပေါက်လာရပြန်တယ်။
ထိုသို့ဖြင့် အိမ်ထဲကနေအပြေးတစ်ပိုင်းပြေးထွက်လာပြန်တဲ့ 'ကျောက်ခဲ' ဟာ 'အမာကြည်'ကိုမမျှော်လင့်ဘဲ
နောက်တကြိမ်ဆွဲဆောင်မိပြန်လေတယ်။
"ဖွီးးးးးအဟစ်...အဟွတ်..ဟွတ်!။"
ပါးစပ်ထဲမှာငုံထားသမျှ လိမ္မော်ရည်တွေအကုန်
နှာခေါင်းထဲကပြန်ထွက်တဲ့အထိသီးသွားရတဲ့
'အမာကြည်'ရယ်ပါ။
'ဒီ ....ဒီဆွဲဆောင်မှုရှိလွန်းတဲ့
မြင်ကွင်းဘယ်လိုကြီးလဲ။'
သို့သော်လည်း 'အမာကြည်'ရဲ့အနောက်ကနေ ရောက်ချလာပြီးအသံကျယ်ကြီးနဲ့ အော်ပြောလာတဲ့
'သိင်္ခ'ကြောင့်ကူညီဖို့လျှောက်လာတဲ့ 'ကျောက်ခဲ'ရဲ့ ခြေလှမ်းတွေရပ်တန့်သွားရတယ်။
"ရပ်လိုက်!"
"ကျောက်ခဲလေး...အိမ်ထဲကိုမြန်မြန်ဝင်!။"
"ဗျာ..!။"
"မြန်မြန်ဝင်လို့!။"
"ဟုတ်...ဟုတ်ကဲ့ အစ်ကို။"
အစ်ကိုက အရမ်းစိုးရိမ်နေတဲ့ပုံနဲ့
ကျုပ်ရှေ့မှာ ဝင်တားပြီးပြောလာတာမို့
ကျုပ်လဲ အိမ်ထဲကို အမြန်ပြန်ဝင်လိုက်ရတယ်။
ဘာတွေဖြစ်ကုန်တာပါလိမ့်ဗျာ။
တကယ်ပါပဲ သူမရှိတုန်း 'အမာကြည်'က အိမ်ကို
ဘယ်လိုရောက်နေရတာလဲ။ 'ကျောက်ခဲ'ကရော
ဘာကိစ္စ ခုနကလိုဖြစ်နေရတာလဲ။ သူကိုယ်တိုင်တစ်ယောက်တည်းမြင်ရမဲ့ မြင်ကွင်းကို...ဘယ်လိုလုပ်သူစိမ်းတစ်ယောက်က..တောက်ခ်။
'ကျောက်ခဲ'တစ်ယောက်အိမ်ထဲကိုပြန်ရောက်
သွားပြီဆိုတာသေချာမှ'သိင်္ခ'လဲ 'အမာကြည်'ရဲ့မျက်နှာရှေ့မှာ ဝင်ရပ်လို့သက်ပြင်းတစ်ချက်ကို
မှုတ်ထုတ်လိုက်ရတယ်။
"တို့...တို့ပြန်တော့မယ်!။"
'အမာကြည်'က ရဲပတောင်းခတ်နေတဲ့
မျက်နှာလေးနဲ့ ထွက်သွားဖို့ပြင်လေတယ်။
'သိင်္ခ'လဲ လျှောကျနေတဲ့သူ့ရဲ့မျက်မှန်ကိုင်းကို
မကျေမနပ်နဲ့တစ်ချက်ပင့်တင်လိုက်ပြီး
ရှက်ပြာ၊ရှက်ပြာနဲ့ ထွက်သွားဖို့ကြံနေတဲ့
လူကိုခပ်စူးစူးစိုက်ကြည့်ရင်းပြော
လိုက်တယ်။
"အရှက်မဲ့လိုက်တာ..
နှာခေါင်းကသွေးတွေသုတ်သွားအုံး။"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Upပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်။
Cmtလေးတွေမျှော်နေပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
Previous Chapter
~~~~~~~~~~~~~~~
ေကာင္ငယ္ေလးက သြားေလးေတြေပၚတဲ့အထိ
ရယ္ျပရင္းဆိုလာတာေၾကာင့္ 'သိခၤ'လဲ
အသနားပိုသြားရၿပီး ေကာင္ငယ္ေလးရဲ႕ေခါင္းေလးကိုဆြဲကာနမ္းရွိုက္ရင္းနဲ႕ တီးတိုးေရ႐ြတ္မိတယ္။
''ကိုယ့္ေက်ာက္ခဲေလးက ကိုယ့္အတြက္ေတာ့
သိပ္ကိုေတာ္တဲ့လူေတာ္ေလးပါကြာ။
မင္းေလးက ဘယ္လိုပဲအားနည္းခ်က္ေတြ
ရွိေနေစအုံးေတာ့ ကိုယ့္အခ်စ္ေတြကမင္းအေပၚေတာ့ဘယ္ေတာ့မွ အားနည္းသြားမွာမဟုတ္ပါဘူး"။
🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚
ပုံသ႑ာန္အမ်ိဳးမ်ိဳးနဲ႕ ပုလဲေရာင္တိမ္တိုက္ေတြက
အျပာေရာင္မိုးကုတ္စက္ဝိုင္းနဲ႕အတူ ပနံသင့္စြာ
ေ႐ြ႕လ်ားလို႔ေနၿပီး၊၎တိမ္တိုက္ေတြၾကားကေနျဖာထြက္ေနတဲ့ ေကာင္းကင္အရွင္သခင္ရဲ႕
ေငြျဖဴေရာင္အလင္းတန္းေတြကေတာ့
တစ္စုံတစ္ေယာက္ရဲ႕မ်က္ႏွာေပၚကို သဘာဝဆန္စြာတစြန္းတစျဖာက်လိဳ႕ေနတယ္။။
'ေသာမက္စ္'က သူ႕ရဲ႕ကာကီေရာင္ဦးထုတ္အဝိုင္းေလးကိုေဆာင္းၿပီး ေနေရာင္ခ်ည္ကို
ကာကြယ္လိုက္ရင္း ခရီးေဖာ္လက္ဆြဲအိတ္ေလးကို
ေကာက္ကိုင္လို႔ အိမ္ဝန္းထဲကေနထြက္လာခဲ့လိုက္တယ္။
ေရာက္လာတုန္းကနဲ႕ မတူေပါ့ပါးလို႔ေနတဲ့ေျခလွမ္းေတြကေလျပည္ေတြနဲ႕တစ္သားတည္းျဖစ္လို႔ေနတယ္။'သိခၤ'က သူတကယ္ႏွစ္သက္တဲ့သူကိုေတြ႕သြားၿပီဆိုေပမဲ့ သူ႕ (ေသာမက္စ္)ရင္ထဲမွာ 'သိခၤ'ရွိေနသ၍ သူကလဲ အရင္လိုရွင္သန္ေနအုံးမွာပါ။
ကိုယ့္ရဲ႕ျဖစ္တည္မႈနဲ႕ယုံၾကည္စြာရပ္တည္နိုင္မဲ့ဘဝတစ္ခုရွိတယ္။ဘယ္ဘက္ႏွလုံးအိမ္ထဲမွာလဲ
မပိုင္ဆိုင္နိုင္ေတာ့တဲ့ခ်စ္ဦးသူက ရွင္သန္ေနေသးတုန္းပဲမို႔ ဘာကိုမွမလိုေတာ့ပါဘူး။
ဘဝရဲ႕အခ်ိန္ေတြကို ကိုယ့္ကိုယ္ကိုယ္ခ်စ္ျမတ္နိုးရင္းနဲ႕သာ ကုန္ဆုံးသြားေတာ့မွာျဖစ္ၿပီး တစ္စုံတစ္ေယာက္အတြက္ကိုေတာ့ ဘုရားသခင္ထံမွာေန႕စဥ္
ဆုေတာင္းေပးမွာျဖစ္တယ္။ သူ႕အေနနဲ႕
ခ်စ္ရသူရဲ႕အျမင္မွာ ဗီလိန္မဟုတ္တဲ့ျဖစ္တည္မႈနဲ႕သာ မ်က္ႏွာခ်င္းဆိုင္ရပ္တည္ခ်င္တယ္ေလ။
"အဆင္သင့္ျဖစ္ၿပီမလား သြားရေအာင္။"
'သိခၤ'က အေနာက္ဘက္ဥယ်ာဥ္ဘက္က
အုတ္နီလမ္းေလးအတိုင္းေလွ်ာက္လာရင္း
တိုက္ပုံကိုပါတစ္ပါတည္းဝတ္ၿပီးေျပာလာတယ္။
'ေသာမက္စ္'လဲ တစ္ဖက္လူကို ေခါင္းညိတ္ၿပီး
ေနာက္ကားထဲမွာဝင္ထိုင္လိုက္တယ္။ ကမ္းနားလမ္းဘက္က'စထရန္း'အေရွ႕ကိုေရာက္တဲ့အထိ
သူဘက္ကလဲဘာမွမေျပာမိသလို၊ 'သိခၤ'ကလဲ သူ႕ကိုတစ္ခ်က္ေတာင္ေစာင္းငဲ့ၾကည့္လာျခင္းမရွိခဲ့။
"ဒါလင္...။"
'ေသာမက္စ္'ကားေပၚကမဆင္းခင္တစ္ဖက္လူကို
ခပ္တိုးတိုးေလးေခၚလိုက္တယ္။
"အင္း...။"
ေ႐ႊကိုင္းမ်က္မွန္ေလးရဲ႕မွန္ေတြကို လက္ကိုင္ပုဝါနဲ႕သုတ္ေနသူက သူ႕ဘက္ကိုလွည့္ပင္ၾကည့္မလာပဲ
အသံေလးပဲျပဳလာတယ္။တစ္ဖက္လူရဲ႕အထက္ကိုေကာ့တက္ေနတဲ့ မ်က္ေတာင္နက္နက္ေတြဟာ
လက္ကိုင္ပုဝါေလးကိုျပန္ေခါက္ေနတုန္း
ႏွစ္ခ်က္သုံးခ်က္ခန႔္ အထက္ေအာက္
လႈပ္ရွားသြားရတာကို'ေသာမက္စ္'မေမွ်ာ္လင့္ပဲ
ၾကည့္မိသြားရျပန္တာေၾကာင့္ေရျပင္လို တည္ၿငိမ္ေနခဲ့တဲ့ သူ႕ရဲ႕ရင္ခုန္သံေတြကလဲ ခ်က္ခ်င္းဆိုသလိုလွိုင္းလုံးအျဖစ္အသြင္ေျပာင္းသြားရတယ္။
"ငါ ...ငါေနာက္ဆုံးအေနနဲ႕
မင္းကိုနမ္းခြင့္ရွိမလား။"
'ေသာမက္စ္'ရွိသမွ်သတၱိေတြကို
လည္ေခ်ာင္းဆီပို႔လိုက္ၿပီးတုန္ယင္စြာနဲ႕ေျပာလိုက္တယ္။
"ႏႈတ္ဆက္အနမ္းေပါ့ အဲ့လိုလား။ဒါေပမဲ့
ဘယ္လိုလုပ္မလဲ အခုခ်ိန္မွာ 'ေက်ာက္ခဲေလး'က
လြဲၿပီး ဘယ္သူ႕ကိုမွနမ္းဖို႔အာ႐ုံရွိမေနဘူး။"
'သိခၤ'ကတစ္ဖက္လူကို ခပ္စူးစူးၾကည့္ရင္း
ေျပာလာတယ္။ အကာရံကင္းမဲ့ေနတဲ့ မ်က္ဝန္းညိုေတြကေအးစက္မႈတို႔ကိုသာၿခဳံလႊမ္းထားၿပီးႀကီးမားတဲ့ဖိအားတစ္ခ်ိဳ႕ကိုလဲ တစ္ဖက္လူဆီကိုလႊင့္ထုတ္လ်က္ရွိတယ္။
"ေနာက္ဆုံးအႀကိမ္ပါ ဒါလင္ရယ္၊ ႏႈတ္ခမ္းကို
မနမ္းခ်င္ရင္ေတာင္ ပါးကိုနမ္းပါ။ဒါမွမဟုတ္
အနမ္းတစ္ပြင့္ကေတာင္ ငါနဲ႕မထိုက္တန္ေတာ့လို႔လား။"
'ေသာမက္စ္'ကပန္းခရမ္းေရာင္ေသြးေၾကာေတြရွပ္ေျပးလို႔ေနတဲ့'သိခၤ' ရဲ႕လက္ဖဝါးေလးကို ဆုပ္ကိုင္ၿပီးအသနားခံလိုက္တယ္။
'သိခၤ'လဲ သက္ျပင္းတစ္ခ်က္ရွိုက္ၿပီး
သူ႕ရဲ႕မ်က္မွန္ကိုျပန္တပ္လိုက္တယ္။
လွပတဲ့မ်က္ဝန္းေတြရဲ႕အလယ္မွာတည္ရွိေနတဲ့
ႏွာရိုးေပၚကို ေ႐ႊကိုင္းမ်က္မွန္ေလးကေနရာတက်ျပန္ေရာက္မွပဲမူလကခက္ထန္မႈေတြကအနည္းအက်ဥ္းမွ်ေလွ်ာ့ပါးသြားရတယ္။
အဲ့ဒီေနာက္မွာေတာ့ 'သိခၤ'လဲ
ေကာင္းမြန္တဲ့ႏႈတ္ဆက္နည္းလို႔သာ
စိတ္ထဲမွာတံဆိပ္ရိုက္လိုက္ရင္း
တစ္ဖက္လူရဲ႕ပါးျပင္ေပၚကို
သူ႕ရဲ႕ႏွာေခါင္းနဲ႕ဖိကပ္လိုက္ေတာ့တယ္။
"ကဲ...ေက်နပ္ၿပီမလား
ရန္ကုန္ကို ေကာင္းေကာင္းလည္ခဲ့ပါ 'ေသာမက္စ္'
ကိုယ္ႏႈတ္ဆက္ပါတယ္။"
"အင္း..ဂြတ္လက္ခ္ပါဒါလင္။"
'ေသာမက္စ္'လဲလိုခ်င္တာရသြားၿပီမို႔ တစ္ဖက္လူကို
ႏႈတ္ဆက္လိုက္ၿပီး ကားတံခါးကိုဖြင့္လို႔
ဟိုတယ္ထဲကိုဝင္လာခဲ့လိုက္တယ္။
ေက်နပ္ျခင္းေတြနဲ႕ႏႈတ္ခမ္းထက္မွာခ်ိတ္ဆြဲထားတဲ့သူ႕ရဲ႕အၿပဳံးတစ္ပြင့္ကေတာ့ ေနေရာင္ခ်ည္ေတြနဲ႕အၿပိဳင္ေတာက္ပလို႔ေနေလရဲ႕။
'သိခၤ'လဲလက္ကနာရီကိုငုံ႕ၾကည့္လိုက္ေတာ့ ေန႕လည္စာစားခ်ိန္ေတာင္နီးေနၿပီမို႔အိမ္ကိုအျမန္ျပန္ဖို႔လုပ္လိုက္တယ္။ ဒီေန႕ ေကာင္ငယ္ေလးကို
အျပင္ေခၚၿပီးခ်ိန္းေတြ႕ရမယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဟိတ္..!
တစ္ေယာက္တည္းလား။"
"အားး!။"
"ဗြမ္းး!။"
'ေက်ာက္ခဲ'တစ္ေယာက္ စပါယ္႐ုံေလးကို
ေရေလာင္းၿပီး ကိုယ့္အာ႐ုံနဲ႕ကိုယ္ေလွ်ာက္လာတုန္းမိမိအေရွ႕မွာ ဝုန္းခနဲေပၚလာတဲ့ အမ်ိဳးသမီးေၾကာင့္လန႔္ၿပီးေခ်ာ္လဲသြားရတာမို႔ေရပုံးထဲကလက္က်န္ေရေတြကခႏၶာကိုယ္ေပၚေမွာက္က်ကဳန္ေတာ့တယ္။
"ဟို....အဆင္ေျပရဲ႕လား'ေက်ာက္ခဲေလး'
တို႔ေတာင္းပန္ပါတယ္ကြယ္။"
'အမာၾကည္'က ေရေအးတို႔ေၾကာင့္
သနားစရာႂကြက္စုတ္ေလးလို ျဖစ္ေနတဲ့
ေကာင္ငယ္ေလးကို ဆြဲထူေပးရင္း
စိုးရိမ္စြာနဲ႕ေမးလိုက္တယ္။
"ရ...ရပါတယ္ဗ်။"
က်ဳပ္လဲမ်က္လုံးေတြကိုဝင္သြားတဲ့ေရေတြကို
လက္ခုံရဲ႕ပြတ္သုတ္ၿပီးေျပာလိုက္တယ္။
ေသြးေၾကာမွ်င္ေလးေတြ ျဖတ္ေျပးေနတဲ့မ်က္လုံးဝိုင္းဝိုင္းေတြနဲ႕ ေရသီးေလးေတြတြဲခိုေနတဲ့ ညိုညက္ညက္မ်က္ႏွာေလးကသနားစဖြယ္ျဖစ္လို႔ေနၿပီး၊ေရေတြေၾကာင့္ခႏၶာကိုယ္နဲ႕တစ္သားတည္းျဖစ္ေနတဲ့ရွပ္အကၤ်ီအျဖဴေလးကလဲႂကြက္သားအျမႇောင္းေလးေတြကို ေဖာ္ျပလို႔ေနတာမို႔ 'အမာၾကည္' ရဲ႕
ႏွလုံးေတြအခုန္ျမန္လာရတယ္။
'အို... 'ေက်ာက္ခဲေလး'က
အရမ္းေယာက္်ားပီသတာပဲ။'
'အမာၾကည္'စိတ္လႈပ္ရွားစြာနဲ႕အေတြးထဲမွာေရ႐ြတ္လိုက္မိတယ္။
" မ...မ အမာၾကည္
အဆင္ေျပရဲ႕လားဗ်။"
က်ဳပ္ရဲ႕လက္ေမာင္းကိုကိုင္ၿပီး မ်က္လုံးအျပဴးသားနဲ႕
ၾကက္ေသ,ေသလို႔ေနတဲ့ 'မအမာၾကည္'ကို
က်ဳပ္ေမးလိုက္တယ္။ ဘာျဖစ္သြားတာပါလိမ့္။
ေခ်ာ္လဲသြားၿပီး ေရေတြစိုသြားတာက်ဳပ္မဟုတ္လား။
"မ အမာၾကည္။"
"ေအာ္...အင္း!
'ေက်ာက္ခဲေလး' ဘယ္နားနာသြားလဲဟင္
တို႔ ေတာင္းပန္ပါတယ္၊ တို႔ကမင္းကိုစလိုက္တာပါ။"
'အမာၾကည္'ကသူမရဲ႕လက္ေပြ႕အိတ္ထဲက
ပန္းဆီေရာင္ပုဝါေလးကို 'ေက်ာက္ခဲ'ဆီကမ္းေပးရင္းေျပာလိုက္တယ္။
"ဟို...ရပါတယ္ဗ်
ပုဝါက အေကာင္းႀကီးမို႔ က်ဳပ္မယူပါရေစနဲ႕
က်ဳပ္အခုပဲ အကၤ်ီသြားလဲလိုက္ပါ့မယ္။"
က်ဳပ္လဲ တစ္ဖက္အမ်ိဳးသမီးရဲ႕စူးရွတဲ့အၾကည့္
ေတြေၾကာင့္ စိတ္မလုံမလဲျဖစ္လာရတာမို႔
အိမ္ထဲကို အျမန္ဝင္လာခဲ့လိုက္တယ္။ အမွန္တိုင္း
ေျပာရရင္က်ဳပ္ဘဝမွာအစ္ကိုကလြဲလို႔
ပထမဆုံးႀကိမ္အျဖစ္ မိန္းမတစ္ေယာက္ဆီကေန
ပူျပင္းတဲ့အၾကည့္ကို လက္ခံဖူးတာပဲ။
"အဟင္း..တစ္ကယ္ကို ဘယ္လိုေလးပါလိမ့္
ခ်စ္စရာေကာင္းလိုက္တာ။"
ႂကြက္သားေတြျမင္ေနရတဲ့ရင္ဘက္ကို
လက္ေလးႏွစ္ဖက္နဲ႕အုပ္ၿပီးမ်က္ႏွာႀကီးတစ္ခုလုံးနီရဲလို႔အိမ္ထဲကို ခပ္ျမန္ျမန္ျပန္ဝင္သြားတဲ့
'ေက်ာက္ခဲ'ကသူကိုယ္တိုင္ေတာင္မသိလိုက္ပါပဲ
အခ်စ္ဆိုတဲ့အရာနဲ႕ အကြၽမ္းဝင္လွတဲ့မိန္းမပ်ိဳတစ္ေယာက္ရဲ႕ႏွလုံးသားကိုတစတစစိုးမိုးေနမိေလရဲ႕။
က်ဳပ္ အဝတ္အစားေတြကို
အျမန္လဲၿပီးေတာ့စို႐ႊဲသြားတဲ့ဆံပင္ေတြကို
ဖ်ည္ခ်လိဳက္ၿပီးတဘတ္နဲ႕အျမန္သုတ္လိုက္တယ္။
ျပတင္းေပါက္ကေန ေအာက္ကိုလွမ္းၾကည့္ေတာ့'မအမာၾကည္'က မျပန္ေသးဘူးဗ် ။ 'ၿငိမ္းၿငိမ္း'လာခ်ေပးတဲ့ အေအးကိုေသာက္ရင္း ထိုင္ေတာင္ထိုင္ေနေသးတာမို႔ က်ဳပ္လဲေခါင္းေတာင္ေျခာက္ေအာင္မသုတ္ေတာ့ပဲ တဘတ္ကိုပုခုံးေပၚလႊားတင္ၿပီး ေအာက္ကိုျပန္ဆင္းလာခဲ့လိုက္တယ္။
အစ္ကိုက အျပင္သြားတာျပန္မလာေသးဘူးေလ၊
က်ဳပ္အက်ိဳးအေၾကာင္းေတာ့ ဆင္းေျပာေပးရမွာေပါ့။
ကပိုကရိုဝဲက်ေနတဲ့လွိုင္းတြန႔္ပုံစံ
ဆံစေတြမွာကပ္ၿငိေနတဲ့ေရသီးေလးေတြက
သြယ္လ်တဲ့ အညိုေရာင္လည္တိုင္ေက်ာ့ေက်ာ့ေပၚကို
ျဖတ္သန္းစီးဆင္းလို႔ေနၿပီး၊က်န္ရွိေနတဲ့မဟူရာဆံႏြယ္ေခြကေတာ့သူရိန္ေနမင္းရဲ႕ လင္းေရာင္ျခည္ေအာက္မွာ ဝင္းေျပာင္ေတာက္ပလို႔ေနတယ္။
အဖြူရောင်ရှပ်အင်္ကျီိကို
ကြက္စိပ္ပုဆိုးထဲထည့္ဝတ္ထားျပန္တာေၾကာင့္
က်စ္လ်စ္တဲ့ခါးေလးဟာေသးသြယ္ေနသလိုရွိၿပီး ၊ ေရစက္,ေရေပါက္တို႔ေတြကလည္ပင္းေပၚမွာပဲ
ရပ္တန့္သြားျခင္းမရွိပဲ အကၤ်ီေအာက္ရွိခႏၶာကိုယ္ကို
တဖန္ျပန္လည္စိုစြတ္ေစတာေၾကာင့္ကာယကံရွင္
မလုံ႕တလုံရသက မေမွ်ာ္လင့္စြာနဲ႕
ထပ္မံေပၚေပါက္လာရျပန္တယ္။
"ဖြီးးးးးအဟစ္...အဟြတ္..ဟြတ္။"
ပါးစပ္ထဲမွာငုံထားသမွ် လိေမၼာ္ရည္ေတြအကုန္
ႏွာေခါင္းထဲကျပန္ထြက္တဲ့အထိသီးသြားရတဲ့
'အမာၾကည္'ရယ္ပါ။
'ဒီ ....ဒီဆြဲေဆာင္မႈရွိလြန္းတဲ့
ျမင္ကြင္းဘယ္လိုႀကီးလဲ။'
"ရပ္လိုက္!"
'အမာၾကည္'ရဲ႕အေနာက္ကေန ေရာက္ခ်လာၿပီး
အသံက်ယ္ႀကီးနဲ႕ ေအာ္ေျပာလာတဲ့ 'သိခၤ'ေၾကာင့္
ကူညီဖို႔ေလွ်ာက္လာတဲ့ 'ေက်ာက္ခဲ'ရဲ႕ ေျခလွမ္းေတြရပ္တန႔္သြားရတယ္။
"ေက်ာက္ခဲေလး...အိမ္ထဲကိုျမန္ျမန္ဝင္!။"
"ဗ်ာ..!။"
"ျမန္ျမန္ဝင္လို႔!။"
"ဟုတ္...ဟုတ္ကဲ့ အစ္ကို။"
အစ္ကိုက အရမ္းစိုးရိမ္ေနတဲ့ပုံနဲ႕
က်ဳပ္ေရွ႕မွာ ဝင္တားကာေျပာလာတာမို႔
က်ဳပ္လဲ အိမ္ထဲကို အျမန္ျပန္ဝင္လိုက္ရတယ္။
ဘာေတြျဖစ္ကုန္တာပါလိမ့္ဗ်ာ။
'ေက်ာက္ခဲ'အိမ္ထဲကိုျပန္ေရာက္မွာပဲ
'သိခၤ'လဲ 'အမာၾကည္'ရဲ႕မ်က္ႏွာေရွ႕မွာ
ဝင္ရပ္လို႔သက္ျပင္းတစ္ခ်က္ကို
မႈတ္ထုတ္လိုက္တယ္။
တကယ္ပါပဲ သူမရွိတုန္း 'အမာၾကည္'က အိမ္ကို
ဘယ္လိုေရာက္ေနရတာလဲါ'ေက်ာက္ခဲ'
ကေရာ ဘာကိစၥ ခုနကလိုျဖစ္ေနရတာလဲ။ သူကိုယ္တိုင္တစ္ေယာက္ထဲျမင္ရမဲ့ ျမင္ကြင္းကို...ဘယ္လိုလုပ္သူစိမ္းတစ္ေယာက္က..ေတာက္ခ္။
"တို႔...တို႔ျပန္ေတာ့မယ္!။"
'အမာၾကည္'က ရဲပေတာင္းခတ္ေနတဲ့
မ်က္ႏွာေလးနဲ႕ ထြက္သြားဖို႔ျပင္ေလတယ္။
'သိခၤ'လဲ ေလွ်ာက်ေနတဲ့သူ႕ရဲ႕မ်က္မွန္ကိုင္းကို
မေက်မနပ္နဲ႕တစ္ခ်က္ပင့္တင္လိုက္ၿပီး
ရွက္ျပာ၊ရွက္ျပာနဲ႕ ထြက္သြားဖို႔ႀကံေနတဲ့
လူကိုခပ္စူးစူးစိုက္ၾကည့္ရင္းေျပာ
လိုက္တယ္။
"အရွက္မဲ့လိုက္တာ..
ႏွာေခါင္းကေသြးေတြသုတ္သြားအုံး။"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Upေပးလိုက္ပါၿပီ၊ ဖတ္ေပးဖို႔ကမင္းေလးတို႔တာဝန္။
Cmtေလးေတြေမွ်ာ္ေနပါတယ္။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀