Unicode
~~~~~~~
အများပြည်သူရုံးပိတ်ရက်ဖြစ်တာကြောင့်
'ရိုင်ရယ်လ်လိတ်ခ်'တစ်လျှောက်မှာ လာရောက်လည်ပတ်သူအများအပြားနဲ့စည်ကားလို့နေတယ်။
မြင်ရသူရင်ကိုအေးငြိမ်းစေတဲ့ မြစိမ်းရောင်ရေကန်ရယ်၊ပတ်ပတ်လည်တည်ရှိလို့နေတဲ့ ကုန်းမြေစိမ်းတွေရယ်၊ ကောင်းကင်ယံထက်မှာသပ္ပါယ်စွာတည်ရှိလို့နေတဲ့ ရွှေတိဂုံစေတီတော်ကြီးတို့မှာ ပန်းချီကားတစ်ချက်ကဲ့သို့ လာရောက်သူများကိုကုသိုလ်တော်လဲရ
စိတ်လဲအေးချမ်းစေတယ်။
ထိုအချိန်မှာပဲ လမ်းလျှောက်နေရင်းကနေ ရုတ်တရက်ဆိုသလို ဖိနပ်တွေချွတ်ပြီးငုတ်တုတ်လေးထိုင်ချလိုက်တဲ့ကောင်ငယ်လေးကြောင့်
'သိင်္ခ'မှာမျက်လုံးပြူးသွားရတယ်။
"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃာ သရဏံ ဂစ္ဆာမိ ပါဘုရား။"
'ကျောက်ခဲ'က ထိုကဲ့သို့ရေရွတ်ရင်း စေတီတော်ကို
လှမ်းကြည့်ကာ ဦးချလေတယ်။ သွားလာနေ
ကြသူများဟာလဲ 'ကျောက်ခဲ' ကိုအထူးအဆန်းလို
လှောင်ပြုံးတွေနဲ့ကြည့်၍သွားကြတာမို့ 'သိင်္ခ'ရဲ့
မျက်နှာက တဖြည်းဖြည်းနဲ့မှောင်ရိပ်သမ်းလာရတယ်။
'သိင်္ခ'လဲထိုအခြေအနေကို သိပ်သဘောမကျလှပေမဲ့
ဘုရားစာကို ခပ်တိုးတိုးရေရွတ်နေတဲ့ ကောင်ငယ်လေးကိုတော့ရပ်တန့်စေလိုက်ခြင်းမရှိ။ မြက်ခင်းစိမ်းတွေပေါ်မှာစီးလာတဲ့ ကတ္တီပါဖိနပ်ကိုပဲ ဖင်ခုထိုင်လိုက်ပြီး ကောင်ငယ်လေးရဲ့ဘေးတစောင်းမြင်ကွင်းကိုသာကြည့်ရှူ့ နေလိုက်တော့တယ်။
'အရေးမပါတဲ့လူတွေကြောင့် ဒေါသထွက်နေရမဲ့အစား'ကျောက်ခဲ' ရဲ့အေးချမ်းတဲ့မျက်နှာလေး
ကိုပဲကြည့်နေရတာကပိုကောင်းတယ်မဟုတ်လား။
ဆယ့်ငါးမိနစ်လောက်ကြာတဲ့အခါမှာတော့ 'ကျောက်ခဲ'ရဲ့ဘုရားရှိခိုးခန်းက ပြီးဆုံးသွားရတယ်။ ကိုယ့်အာရုံနဲ့ကိုယ်ဟုတ်လို့နေတဲ့ ကောင်ငယ်လေး
ကတော့ ပုဆိုးပေါ်မှာကပ်တွယ်နေတဲ့ဖုန်တွေခါလို့၊
ဖိနပ်ကိုသေချာပြန်စီးပြီး 'သိင်္ခ'ဆီကိုလျှောက်လာလေတယ်။
"ကဲ....ဘုရားရှိခိုးတာပြီးပြီလား။"
'သိင်္ခ'က 'ကျောက်ခဲ'ရဲ့ ပါးလေးတစ်ဖက်ကို
ဆွဲညှစ်ရင်းမေးလေတော့ ကောင်ငယ်လေးဟာ
ခေါင်းညိတ်ပြလာတာမို့ ကောင်လေးရဲ့လက်ကိုကိုင်ပြီး ထွက်လာခဲ့လိုက်တယ်။ နေ့လည်စာ
စားချိန်ရောက်နေပြီ၊ ဗိုက်ဆာနေရော့မယ်လေ။
"အစ်ကို..။"
"ဗျ ..။"
ခပ်ငြိမ့်ငြိမ့်လေး တိုက်ခတ်နေတဲ့လေပြည်အေး
တွေကြား ချစ်ရသူနဲ့ အတူလမ်းလျှောက်ရတဲ့
အရသာက နတ်ပြည်တောင်မရောက်
ချင်တော့လောက်အောင် သာယာတယ်ဟုသာ
'သိင်္ခ'ပြုံးရင်းတွေးမိတယ်။
"ခုနက စေတီတော်ကို ဘာလို့လိုက်မပို့တာလဲ။"
ကောင်ငယ်လေးက သူ့နားကိုကပ်ပြီး
ခပ်တိုးတိုးလေးမေးလာတယ်။
"အဲ့တာက ကိုယ်တို့မနက်က ဖူးခဲ့တဲ့
ရွှေတိဂုံစေတီလေ ကျောက်ခဲလေးရယ်။"
'သိင်္ခ'က သက်ပြင်းလေး အသာချရင်း ကြင်နာစွာ
ဆိုလိုက်တယ်။ ပုံမှန်ဆို သူက တုံးအပြီး ထုံထိုင်းတဲ့
လူတွေကိုသဘောကျ တတ်တဲ့လူမဟုတ်ဘူး၊
ဒါပေမဲ့ ဒီကောင်လေးကျတော့လဲ ရိုးအနေတာ
လေးကိုက ချစ်စရာကောင်းပြီး၊ ကြင်နာချင့်စဖွယ်
ကောင်းနေတာ။ ဒီကောင်လေး မသိနားမလည်တာ
မှန်သမျှကို သူတစ်ယောက်တည်းကပဲစိတ်ရှည်ရှည်နဲ့ ရှင်းပြနိုင်မှာ။ဘယ်သူကမှ သူ့လိုမလုပ်နိုင်လောက်ဘူး။
"ကျုပ်က ဒီစေတီကြီးကို ဒီအနီးတဝိုက်မှာပဲ
တည်ထားတယ် ထင်နေတာ..။
အဟဲ ဒါဆိုက ကျုပ်က ဘုရားကြီးကို နှစ်ခါဖူးဖြစ်သွားတာပေါ့။"
"မင်းလေး ကျေနပ်တယ်ဆိုရင်ပြီးတာပါပဲကွယ်။"
'သိင်္ခ'လဲထိုသို့သာပြောပြီး ကောင်ငယ်လေးရဲ့
ခေါင်းကိုအသာပုတ်ပေးလိုက်တော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အဟွတ်....ဟွတ်!။"
"ဘိုးစည်..။"
ကုတင်ပေါ်ရှိ ခပ်နွမ်းနွမ်းလဲလျောင်းနေသူထံမှ
ချောင်းဆိုးသံကြောင့်'ဦးရွှေမောင်'
လဲ ထွေးခံကိုမြန်မြန်ယူပြီး တစ်ဖက်လူရဲ့ပါးစပ်နားမှာထားပေးထားလိုက်တယ်။
အဖျားအရှိန်ကြောင့်ချောင်ကျသွားတဲ့
မျက်နှာလေးကိုကြည့်ပြီး'ဦးရွှေမောင်'ရင်ထဲမကောင်း။ခရီးပန်းမခံနိုင်တာကိုသိရဲ့သားနဲ့ ဇွတ်ပြန်ခေါ်လာခဲ့မိတဲ့ကိုယ့်ကိုယ်ကိုယ်ပဲ သေအောင်ရိုက်ပစ်ချင်တော့တယ်။နဖူးပြင်ကိုစမ်းကြည့်ပြန်တော့
လဲ အဖျားကမကျသေးတာမို့ သူ့ခမျာ
ရေပတ်တိုက်ပေးဖို့လုပ်ရတော့တယ်။
"ရေပတ်တိုက်ဖို့ရာအတွက်
ကျုပ်ရေသွားယူအုံးမယ် လှဲနေနော်။"
"အင်း...။"
'ဦးရွှေမောင်'လဲ စတိုခန်းထဲက ကြွေရည်သုတ်ဒန်ဇလုံတစ်လုံးကိုယူပြီး အောက်ထပ်ကိုဆင်းလာခဲ့လိုက်
ပြီးနောက်၊ခြံအနောက်ကိုသွားလိုက်ကာ ရေခပ်ပြီး
အိမ်ကြီးဆီပြန်လာခဲ့လိုက်တယ်။
ဒီအိမ်ကြီးက သူနဲ့'ဘိုးစည်'တို့ရဲ့ မေတ္တာရိပ်မြုံလေးလေ။နှစ်အနည်းငယ်လောက်သူတို့နှစ်ယောက်
အရောင်းအဝယ်လုပ်ပြီး ရလာတဲ့
ငွေလေးတွေကိုစုပြီး အတူဝယ်ခဲ့တဲ့အိမ်လေးဖြစ်တာ
ကြောင့် ဒီအိမ်လေးကသူနောက်ဆုံး ခေါင်းချမဲ့
အိမ်လေးပဲဖြစ်တယ်။
"ဦးရွှေ ..ရရဲ့လား ကျုပ်သယ်ပေးပါ့မယ်။"
ခြံစောင့်ကောင်လေး'တိုးအောင်'က သူ့ကိုမေးလာ
တာကြောင့်'ဦးရွှေမောင်'ခေါင်းသာခါပြလိုက်တယ်။
"ရတယ် ...မီးဖိုချောင်ထဲမှာသာ ဆန်ပြုတ်ပြုတ်ဖို့
ပြင်ဆင်ထားလို့သွားပြောလိုက်။"
"ဟုတ်ကဲ့။"
ဒီလိုနဲ့သူအပေါ်ထပ်ကိုရောက်တော့ 'ဘိုးစည်' ကိုအိပ်ရာကနေခပ်ဖြည်းဖြည်းဆွဲထူပေးလိုက်တယ်။
အဖျားကရှိနေသေးတာမို့ ရေပတ်လေးတိုက်ပေးမှ တော်ကာကျမှာမဟုတ်လား။
"ရတယ် ...ကျုပ်ဘာသာ ချွတ်လိုက်မယ် ကိုရွှေ။"
'ဦးဘိုးစည်'က သူ့ရဲ့အနွေးထည်အင်္ကျီပေါ်
လှမ်းလို့နေတဲ့တစ်ဖက်လူရဲ့လက်တွေကို
အသာဖယ်ချရင်းပြောလေတာကြောင့်
တစ်စုံတစ်ယောက်ရဲ့မျက်နှာကြီးက
သုန်မှုန်သွားရတော့တယ်။
"ခင်ဗျားက ဘာကြောင့်
ကျုပ်လက်ကိုဖယ်ချရတာလဲ။"
'ဦးရွှေမောင်'ရဲ့အသံကသိပ်မကောင်းလှ။
"ကျုပ်ဘာသာ ချွတ်နိုင်ပါတယ် ကိုရွှေရယ်
ကျုပ်ကလေးမဟုတ်ပါဘူး။"
'ဦးဘိုးစည်'ရဲ့အသံက နေမကောင်းတဲ့အရှိန်ကြောင့်ရောချောင်းဆိုးနေတာကြောင့်ပါ ရှတတနိုင်လှကာ၊
အိပ်ရာထကစ ကလေးငယ်လေးရဲ့စကားပြောသံလိုဖြစ်လို့နေတာကြောင့် 'ဦးရွှေမောင်'မှာ နှလုံးသားကို ငှက်မွှေးလေးနဲ့တို့ထိကျီစယ်ခံလိုက်ရသလို အသည်းယားလာရတယ်။
"ကိုရွှေ...ရေပတ်တိုက်လို့ရပြီ။"
"အော်....အမ်း။"
'ဦးရွှေမောင်'လဲ အယောင်ယောင်အမှားမှားနဲ့
တဘတ်ကို ရေစွတ်လိုက်တယ်။သူ့ဘိုးစည်ရဲ့ ညိုစိမ့်စိမ့်အသားအရည်နဲ့ သေးသွယ်တဲ့ခန္ဓာကိုယ်လေးက လေးဆယ်ကျော်အရွယ်ဟုယုံနိုင်ဖွယ်ရာမရှိရလေအောင် ပြေပြစ်ချောမွေ့လှတယ်။
ရေစိုဝတ်ကို ဆုပ်ကိုင်ထားတဲ့ 'ဦးရွှေမောင်'ရဲ့
ဖြူဝင်းတဲ့လက်ဖဝါးကျယ်ကြီးတွေဟာ 'ဦးဘိုးစည်'
ရဲ့ခန္ဓာကိုယ်မှာ အပေါ်အောက် စုံဆန်လို့နေတယ်။
'ဦးဘိုးစည်'မှာလဲ သူ့ရဲ့ပူနွေးလို့နေတဲ့ ခန္ဓာကိုယ်
ပေါ်က အေးစက်အထိအတွေ့ကြောင့် သက်တောင့်သက်သာဖြစ်လို့နေတာမို့ မျက်လုံးလေးတွေမှိတ်ပြီးဇိမ်ယူမိတဲ့အထိ။
"အင်းးးကိုရွှေ အဲ့နားလေး။"
ဝမ်းဗိုက်ပေါ်က အေးစက်ပြီးသက်သောင့်သက်ရှိတဲ့
နှိပ်ချက်လေးကြောင့် 'ဦးဘိုးစည်'တစ်ယောက်
ဆီက ညည်းသံလေးထွက်ပေါ်လို့သွားရတယ်။
မျက်လုံးတွေကိုမှိတ်ထားပြီး ဇိမ်ခံနေသူဟာ
တစ်စုံတစ်ယောက်ရဲ့ပြင်းပြတဲ့အသက်ရှုသံတွေအပြင်နီရဲလို့နေတဲ့ မျက်နှာနဲ့၊ နားရွက်တွေကို
သတိမမူခဲ့မိပေ။
'ဦးရွှေမောင်'မှာတော့ကိုယ့်အတတ်ကိုယ်စူးကာ
တစ်ကိုယ်လုံးပူလောင်လာရပြီး တုန်ယင်လာရတာ
ကြောင့် တစ်ဖက်လူကို ရေပတ်မြန်မြန်တိုက်ပေးလိုက်ပြီးအဝတ်အစား အမြန်ဝတ်ပေးလိုက်ရတော့တယ်။
"ကျုပ်...ကျုပ်ရေတွေ သွားလဲအုံးမယ်။
ပြီးရင် ဆေးသောက်ဖို့ အတွက်ဆန်ပြုတ်ပါ
ယူလာခဲ့မယ်နော်။"
သူလဲ ထိုသို့ပြောကာ တစ်ဖက်လူကိုစောင်ခြုံ
ပေးခဲ့ပြီးနောက် ဆန်ပြုတ် ပြုတ်ဖို့ မီးဖိုချောင်ထဲကို
အမြန်ဆင်းလာခဲ့လိုက်ရတယ်။ အသက်ကြီး
လာတောင် အခုထိသေချာမထိန်းမချုပ်နိုင်တဲ့
ကိုယ့်ကိုယ်ကိုယ်လဲ စိတ်ပျက်မိရဲ့။
'ဦးရွှေမောင်'မီးဖိုချောင်ထဲ ရာက်တာနဲ့
ဆန်တစ်ဘူးကို ရေနဲ့သေချာဆေးကာ
ကြက်သားပြုတ်ရည်နဲ့တည်ထားလိုက်ပြီး
ကြက်သားဖတ်လေးတွေကို မွနေအောင် နွှာလိုက်တယ်။လွန်နေတဲ့ အတွေးတွေကို ထိန်းချုပ်ဖို့အတွက်
အလုပ်ကိုဖိလုပ်ခြင်းက အထိရောက်ဆုံးပဲ မဟုတ်လား။
ဆန်ပြုတ်ကဆူလာပြီဆိုတာနဲ့ အရသာအချို့ထည့်ကာကြက်သားမျှင်လေးတွေနဲ့သေချာထည့်မွှေလိုက်တယ်။အဲ့ဒီနောက်မှာတော့ ငရုတ်ကောင်းလေးနည်းနည်းဖြူးကာ၊ ကြက်သွန်ဖြူဆီချက်လေး အပေါ်ကအုပ်ပြီးသေးသေးလေးတွေလှီးထားတဲ့ကြက်သွန်မြိတ်လေးတွေ ဖြူးလိုက်တဲ့နောက်မှာတော့ သူ့'ဘိုးစည်'လေးကိုအားပြန်ဖြည့်ပေးမဲ့ အချစ်တွေနဲ့ဆန်ပြုတ်လေးကိုရရှိခဲ့ပါပြီ။
အဲ့ဒီနောက် သူလဲဆန်ပြုတ်ပန်းကိုဗန်း
ထဲထည့်ကာ၊သောက်ရမဲ့ဆေးကိုပါယူလို့
အပေါ်ထပ်ကိုပြန်တက်လာခဲ့လိုက်တော့တယ်။
"'ဘိုးစည်'....လာ ဆန်ပြုတ်လေးသောက်ရအောင်
ကျုပ်သေချာ လုပ်လာတယ်။"
'မြတ်စွာဘုရား!။'
တစ်ဖက်လူရဲ့စကားကြောင့်
'ဦးဘိုးစည်'လန့်သွားမိတာ အမှန်။
ကြာတော့ကြာပြီဆိုပေမဲ့လဲ တစ်ခါသူနေမကောင်း
ဖြစ်တုန်းက ထိုသူသေချာပြုတ်လာတဲ့ဆန်ပြုတ်ဆိုလို့
သောက်မိတာ...သွေးတိုးပြီး ပစ်လဲသွားဖူးတာလေ။
"ကိုရွှေ...ကျုပ်က သွေးတိုးနေပြီးသားနော်
ဒီတစ်ခါဆို ကျုပ်သွေးတတ်ပြီးသေသွားမှာထင်တယ်။"
"ရော်...ဘိုးစည်ရယ်
သေစကားမဆိုပါနဲ့။ကျုပ်ဒီတစ်ခါ
သေချာလုပ်လာတာ ဘာမှမဖြစ်ဘူး ။
အရသာလဲ သေချာမြည်းထားတယ်..။ရန်ကုန်
အိမ်မှာနေတုန်းက စားဖိုမှူးခေါ်ပြီးသေချာ
သင်ထားတာ။"
"တ...တကယ်လား။"
"တကယ်ပေါ့ ...ကျုပ်ဆန်ပြုတ်သောက်ပြီး ကျုပ်ကိုတောင်အရင်ကထက် ချစ်သွားအုံးမှာ...ယုံလိုက်။"
'ဦးဘိုးစည်'လဲ'ဒီလောက်ထိ စကားတွေပြောနေတာဆိုတော့စမ်းကြည့်ရသေးတာပေါ့....စားဖိုမှူးနဲ့သင်ထားတာဆိုတော့ သေတဲ့အထိတော့
မဖြစ်တန်လောက်ဘူး'ဟု သာ တွေးရင်း နှုတ်ခမ်းနားမှာဝေ့ဝဲနေတဲ့ ဆန်ပြုတ်ဇွန်းကိုသာလှမ်းငုံလိုက်တော့တယ်။
ပထမဆုံးအနေနဲ့ သူ့မှာဆန်ပြုတ်ကိုချက်ချင်းမမျို
ချရဲ အသက်အောင့်ထားလိုက်သေးတယ်။
ပြီးတော့မှသာဖြည်းဖြည်းချင်းအရသာခံကြည့်လိုက်တယ်။
'မဆိုးဘူး....မဆိုးဘူး အများကြီးတိုးတက်လာတာပဲ
အရသာပေါ့ပေါ့လေးနဲ့ သောက်လို့ကောင်းတယ်။'
"ဘယ်လိုလဲ..ဘိုးစည်။"
မျက်လုံးလက်လက်တွေနဲ့ မေးလာတဲ့'ဦးရွှေမောင်'
ကို 'ဦးဘိုးစည်'က လက်မတစ်ချောင်းတည်း
ထောင်ပြလိုက်တယ်။
ထိုအခါမှတစ်ဖက်လူရဲ့မျက်နှာလဲဝင်းပသွားပြီး..
"ကျုပ်ပြောသားပဲ
ကျုပ်သေချာ လုပ်လာတာပါဆို...ဘယ်လိုလဲ
ကျုပ်ကိုအရင်ကထက် ပိုချစ်သွားပြီမလား။"ဟုပြောလာတယ်။
'ဦးရွှေမောင်'က သူ့ရဲ့သွားဖုံးလေးတွေ ပေါ်တဲ့အထိ
ပြုံးပြရင်း မေးလာတာကြောင့်'ဦးဘိုးစည်'လဲပြုံးမိတယ်။ဒီလူကိုမှ အချစ်မပိုရရင် ဘယ်သူ့ကိုများအချစ်ပိုရမလဲလေ။
"ကျုပ်ကို နောက်တစ်ဇွန်းထပ်ခွံ့ပါအုံး။"
"အင်း..ရမယ် ရမယ်
ဖြေးဖြေးသောက်နော် အများကြီးကျန်သေးတယ်
ဆန်တစ်ဖူးစာတောင်ကျိုထားတာမို့။"
"ကြက်သားဖတ်လေးပါ ကျွေးပါဦး ကိုရွှေ။"
ထိုနေ့ရဲ့ ပူပြင်းလှတဲ့နေ့လည်ခင်းမှာတော့
အပင်ရိပ်တို့ကျကာအေးချမ်းလျက်ရှိတဲ့
သစ်သားခန်းလေးထဲဝယ်
ဆန်ပြုတ်တစ်ပန်းကန်တည်းဖြင့် လူတစ်ယောက်ရဲ့
အချစ်ဒီဂရီကိုတိုးလာအောင် သိမ်းသွင်းနိုင်ခဲ့သော
အောင်နိုင်သူကြီး တစ်ယောက် ရှိနေခဲ့လေတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'ကစ်စ်နား'ချစ်တီးထမင်းဆိုင် က 'မဂို'လမ်းတစ်လျှောက်မှာ နာမည်အကြီးဆုံး ချစ်တီးထမင်းဆိုင်ဖြစ်တယ်။ရန်ကုန် တစ်မြို့လုံးအနှံ့မှာ ဆိုင်ခွဲပေါင်း ဆယ်ဆိုင်ထက်မနည်းရှိကာ၊ 'မဂို'လမ်းဆိုင်က ပင်ရင်းဆိုင်ဖြစ်တယ်။
အိန္ဒိယလူမျိုးများသာမက ချစ်တီး
ထမင်းကိုနှစ်သက်တဲ့မြန်မာလူမျိုးတွေကပါ
'ချစ်တီး ကစ်စ်နား'ဆိုရင်မသိတဲ့သူမရှိ။ ချစ်တီး ဆိုလိုဖြင့် အတိုးကြီးစား၊ အမြတ်ကြီးစား၊ ငွေမရလူသိမ်းတဲ့ ချစ်တီး ဟု မထင်စေချင်လို။ချစ်တီး ထမင်းဖြင့် ကျိကျိတက်သူဌေးဖြစ်လာတာကြောင့်
'ချစ်တီးကစ်စ်နား'ဟု အမည်တွင်ခြင်းသာ။
'ဦးကစ်စ်နား' ထိုကဲ့သို့ ဂုဏ်သီတင်းကျော်ဇောရခြင်းက သူဟာ ထမင်းဆိုင်ပိုင်ရှင် ဘဝမရောက်ခင်က 'သိမ်ကြီးဈေး'မှာ ကူလီအထမ်းသမား ဘဝဖြင့်ကျင်လည်ခဲ့ရတာကြောင့်ဖြစ်တယ်။ 'ဘဝကိုတိုးတက်လိုစိတ်ရှိသူသည် မည်မျှပင်နိမ့်ကျနေစေကာမူ ထိုစိတ်ဖြင့် ကြိုးစားရင်အောင်မြင်နိုင်သည်'ဆိုတဲ့အတိုင်း'ဦးကစ်စ်နား'ဟာတစ်ဆင့်ချင်းကြိုးစားခဲ့တာကြောင့် အခုလိုချမ်းသာတဲ့အဖြစ်ကိုရောက်ရှိနိုင်ခဲ့ခြင်းဖြစ်တယ်။ ထိုကြောင့်ပင် ထိုအနီးနားပတ်ဝန်းကျင်ရှိလူတိုင်းမှာ 'ဦးကစ်စ်နား' ကိုစံပြအဖြစ်မှတ်ယူထားကြလေတယ်။
ချစ်တီးထမင်းဆိုင်ထဲမှာတော့ ရှိသမျှလူအားလုံးဟာ ငှက်ပျောဖက်နဲ့ခင်းထားတဲ့ စတီးလင်ဗန်းထဲရှိ
ချစ်တီးထမင်းကိုလက်နဲ့သေချာနယ်လို့ အပီအပြင်
လွေးလို့နေကြတယ်။ အများစုမှာ အော်စတင်ကား
စီးကာ၊ ကော်စမက်တစ်လိမ်းတဲ့သူဌေးလူကြီးတွေ ၊ အဖော်မပါလူပျို ကြီးတွေဖြစ်သော်လဲ ဟန်ပင်မလုပ်နိုင် ချာပါတီလေးယူချိန်နဲ့ပဲဟင်းသောက်ချိန်မှ
ပဲမျက်နှာမြင်ကြရတယ်။
"ချစ်တီးထမင်းကို ကဏာန်းမဆလာဟင်း ပွဲကြီးရယ်၊ငါးရံ့ခေါင်းဟင်းရယ်၊ ဆိတ်သားဟင်းရယ်၊ ဘဲဥနဲ့ ငါးရံအူဟင်းပါ ချပေးပါ။ ပြီးတော့
အချို ပွဲပါ ပြင်ပေးပါနော်။အင်း..ပြီးရင်
ဒန်ပေါက်တစ်အိုးပါ ချပေး၊ပါနီးပူရီ ရော။"
'သိင်္ခ'ဟာ မီးနူးကတ်ကိုကြည့်ရင်း
တစ်ဖက်လူကြိုက်မဲ့ဟာမှန်သမျှကို မှာလေတယ်။
"ဒါနဲ့...ကဏာန်းကို တစ်ခါတည်း
အခွံ့ချွတ်ပေးလို့ရလား။"
"ရပါတယ်ဗျ။"
"ဒါဆို အခွံ့နွှာပေးပါ..
ကျောက်ခဲလေး လက်နဲ့စားမလား၊ ဇွန်းနဲ့စားမလား။"
"လက်နဲ့ပဲစားမယ် အစ်ကို။"
ကျုပ်လဲ အခြားဝိုင်းကလူတွေကိုကြည့်ပြီး
တံတွေးမျိုချကာ ပြောလိုက်တယ်။
"လာ...ဒါဖြင့် လက်သွားဆေးရအောင်။"
သူ(သိင်္ခ)ကအသန့်ကြိုက်တဲ့လူဖြစ်ပေမဲ့
ကျောင်းပိတ်ရက် မြန်မာပြည်ကိုပြန်လာတိုင်းထိုဆိုင်မှာမကြာခဏ လာစားလေ့ရှိတာကြောင့်
သူ့ရဲ့လက်တွေ ဟင်းအနံ့ဆွဲနေမှာကိုတော့စိတ်မပူပါ။
ထိုဆိုင်ရဲ့ သံပုရာနဲ့နွယ်ချိုအခေါက်ဆပ်ပြာဆီက
လက်မှာဆွဲကပ်နေတတ်တဲ့ဟင်းအနံ့ကို ပျောက်ကွယ်
စေနိုင်တယ်လေ။
သူတို့နှစ်ယောက် လက်ဆေးပြီးနောက်မှာတော့
မှာထားတဲ့ စားဖွယ်အကုန်လုံးက
ရောက်ရှိနေပြီဖြစ်တယ်။မြေအိုးနဲ့
ချက်ထားတဲ့ ဒန်ပေါက်ဟာ အရည်ရွှမ်းတဲ့
ကြက်ပေါင်ကြီးတွေနဲ့ ခန့်ထည်လှပြီး၊
အခွံ့ခွာထားတာကြောင့် အသားချည်းဖြစ်နေတဲ့
ကဏာန်းဟာ မဆလာအနံ့သင်း
သင်းလေးနဲ့ ဆွဲဆောင်မှု ရှိလို့နေသလို၊
ရွှေဝါရောင်ပဲကုလားဟင်းကလဲ
သောက်ချင်စဖွယ်၊ ငါးရံ့ခေါင်းကလဲ အဆီအနှစ်နဲ့ မျှတလို့၊ ဆိတ်သားဟင်းဆို ဆိုဖွယ်ရာမရှိ။
"ရော့...ကဏာန်းဟင်းအရင်စားကြည့်
ချာပါတီ က ဒီအတိုင်းစားလဲရတယ်၊ ဟင်းရည်နဲ့
တို့စားလဲရတယ်။"
'သိင်္ခ'က အကြီးဆုံးကဏာန်းတစ်ကောင်ကို
'ကျောက်ခဲ'ရဲ့ပန်းကန်ထဲ ထည့်ပေးရင်းပြော
လိုက်တယ်။
ကျုပ်လဲလူကြီးလက်ဖဝါးလောက်
ရှိတဲ့ ကဏာန်းကြီးကိုလက်နဲ့ကိုင်ပြီး
ပါးစပ်နဲ့အပြည့် တစ်ကိုက်ကိုက်ချလိုက်တယ်။
ကောင်းလိုက်တာဆိုတာဗျာ.....လတ်ဆတ်လို့ထင်
တယ် အသားလေးကအစိုဓာတ်လေးရှိပြီး ချိုနေရော၊ဥတွေကလည်းပါသေး အမွှေးအကြိုင်တွေခတ်ထားပေမဲ့လဲ အဲ့ဒီအနံ့တွေက ကဏာန်းရဲ့ပင်လယ်အနံ့ကိုဖုံးကွယ်မနေဘူးဗျ ....ကျုပ်တို့အညာဒေသ
မှာက ရေရှားတာမို့ ပင်လယ်စာဆိုတာလည်းရှားတယ်လေဗျာ။ကျုပ်ဖြင့်ကောင်းလွန်းလို့ မျက်ရည်တောင် ဝဲမတတ်ပဲ။
"ဘယ်လိုလဲ
ကြိုက်သွားပြီ ဟုတ်။"
"အရမ်းအရသာ ရှိတာပဲ အစ်ကိုရာ။"
ကျုပ်က ငိုသံပါပါနဲ့ ပြောလိုက်တော့ အစ်ကို
ကသဘောတကျ အစွယ်လေးတွေပေါ်လာတဲ့အထိ
ရယ်တယ်ဗျ ။
"အဟားကျောက်ခဲရယ်
အဲ့သလောက်ကြိုက်နေမှဖြင့်
ကိုယ်နေ့တိုင်းမှာကျွေးမယ်ဟုတ်ပလား။"
"ကိုယ်ကတော့ စားခဲ့ဖူးသမျှ
ချစ်တီးထမင်းတွေထဲမယ်
မင်းနဲ့အတူစားရတဲ့ ချစ်တီးထမင်းက
အရသာအရှိဆုံးပါပဲ။"
'သိင်္ခ'ဟာ ကြည်နူးရိပ်တို့ပြည့်နင့်နေတဲ့
မျက်ဝန်းတွေနဲ့ ကောင်ငယ်လေးကို ကြည့်ရင်း
နှစ်ကိုယ်ကြား လေးဆိုလိုက်လေတာမို့ကဏာန်းကိုက်နေတဲ့ 'ကျောက်ခဲ'ရဲ့နားရွက်လေးတွေလဲ
ရဲပတောင်းခက်သွားရတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'သိင်္ခ' = 'ကျုပ်လို ရည်းစားကို ဘယ်နေရာဖြစ်ဖြစ်
စကားလုံးတွေနဲ့ချွေပြီး ချစ်တီးထမင်းစားရင်
တောင်ရိုချင်ပါသလား။'
-အောက်ကိုဆက်ဆွဲပါ-
.
.
.
.
.
.
.
.
.
.
.
.
.
.
.
'သိင်္ခ' = "ဘာတွေမျှော်လင့်နေတာလဲ
ခင်ဗျားတို့မှာ ရည်းစားရှိလို့လား။"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[AK/ငါလည်းဆွံ့အ ပါအေಥ‿ಥ]
Upပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
Previous Chapter
~~~~~~~~~~~~~~~
သူတို႔ႏွစ္ေယာက္လဲ စကားေလးတေျပာေျပာ
နဲ႕ေလွကားထစ္ေတြကိုျဖတ္ေက်ာ္လာလိုက္တာ
ဘုရားရင္ျပင္ေပၚကို ေရာက္မွန္းမသိေရာက္လာတယ္။
ဘုရားရင္ျပင္ေပၚကိုေရာက္တာနဲ႕ အရင္ဦးစြာသူတို႔ႏွစ္ေယာက္ရဲ႕ေမြးေန႕ၿဂိဳလ္တိုင္ေတြမွာ ပန္းကပ္ၿပီးဘုရားရွိခိုးလိုက္ၾကတယ္။အဲ့ဒီေနာက္မွာေတာ့ ေက်ာက္ခဲေလး နဲ႕အတူဘုရားကိုတစ္ပတ္ပတ္ရင္း
ေစတီငယ္ေလးေတြကို ဖူးေမွ်ာ္ေစကာ၊
ဘုရားသမိုင္းကို သိသေလာက္ရွင္းျပၿပီးေနာက္မွာေတာ့ငွက္အတူလႊတ္ကာ
ေခါင္းေလာင္းထိုးပူေဇာ္လိုက္ၾကတယ္။
ထို႔ေနာက္မွာေတာ့ ဘုရားေပၚကျပန္ဆင္းလာခဲ့ၾကၿပီး လန္ခ်ားငွားကာ 'ရိုင္ရယ္လ္ လိတ္ခ္'ပန္းၿခံဘက္ကို
ဆင္းလာခဲ့လိုက္ေလေတာ့တယ္။
🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚
အမ်ားျပည္သူ႐ုံးပိတ္ရက္ျဖစ္တာေၾကာင့္
'ရိုင္ရယ္လ္လိတ္ခ္'တစ္ေလွ်ာက္မွာ လာေရာက္လည္ပတ္သူအမ်ားအျပားနဲ႕စည္ကားလို႔ေနတယ္။
ျမင္ရသူရင္ကိုေအးၿငိမ္းေစတဲ့ ျမစိမ္းေရာင္ေရကန္ရဲ႕ေဘးမွာ ကုန္းေျမစိမ္းစိမ္းေတြဟာပတ္လည္တည္ရွိလို႔ေနၿပီး၊ ကောင်းကင်ယံထက်မှာသပ္ပါယ်စွာတည်ရှိလို့နေတဲ့ ေ႐ႊတိဂုံေစတီေတာ္ႀကီးတို႔ဟာ ပန္းခ်ီကားတစ္ခ်က္လိုပင္၊ လာေရာက္သူမ်ားကိုကုသိုလ္ေတာ္လည္းရ စိတ္လည္းေအးခ်မ္းေစတယ္။
ထိုအခ်ိန္ လမ္းေလွ်ာက္ေနရင္းကေန ႐ုတ္တရက္ဆိုသလို ဖိနပ္ေတြခြၽတ္ၿပီး ငုတ္တုတ္ေလးထိုင္ခ်လိဳက္တဲ့ေကာင္ငယ္ေလးေၾကာင့္ 'သိခၤ'တစ္ေယာက္မ်က္လုံးျပဴးသြားရတယ္။
"ဗုဒၶံ သရဏံ ဂစ္ဆာမိ၊
ဓမၼံ သရဏံ ဂစ္ဆာမိ၊
သံဃာ သရဏံ ဂစ္ဆာမိ ပါဘုရား။"
'ေက်ာက္ခဲ'က ထိုကဲ့သို႔ေရ႐ြတ္ရင္း ေစတီေတာ္ကိုလွမ္းၾကည့္ကာ ဦးခ်ေလတယ္။ သြားလာေနၾကသူမ်ားဟာလဲ 'ေက်ာက္ခဲ' ကိုအထူးအဆန္းလို
ေလွာင္ၿပဳံးေတြနဲ႕ၾကည့္၍သြားၾကတာမို႔ 'သိခၤ'ရဲ႕မ်က္ႏွာက တျဖည္းျဖည္းနဲ႕ေမွာင္ရိပ္သမ္းလာရတယ္။
'သိခၤ'လဲထိုအေျခအေနကို သိပ္သေဘာမက်လွေပမဲ့
ဘုရားစာကို ခပ္တိုးတိုးေရ႐ြတ္ေနတဲ့ ေကာင္ငယ္ေလးကိုေတာ့ရပ္တန႔္ေစလိုက္ျခင္းမရွိ။ ျမက္ခင္းစိမ္းေတြေပၚမွာစီးလာတဲ့ ကတၱီပါဖိနပ္ကိုပဲ ဖင္ခုထိုင္လိုက္ၿပီး ေကာင္ငယ္ေလးရဲ႕ေဘးတေစာင္းျမင္ကြင္းကိုသာၾကည့္ရႉ႕ ေနလိုက္ေတာ့တယ္။
'အေရးမပါတဲ့လူေတြေၾကာင့္ ေဒါသထြက္ေနရမဲ့အစား'ေက်ာက္ခဲ' ရဲ႕ေအးခ်မ္းတဲ့မ်က္ႏွာေလးကိုပဲၾကည့္ေနရတာကပိုေကာင္းတယ္မဟုတ္လား။
ဆယ့္ငါးမိနစ္ေလာက္ၾကာတဲ့အခါမွာေတာ့ 'ေက်ာက္ခဲ'ရဲ႕ဘုရားရွိခိုးခန္းက ၿပီးဆုံးသြားရတယ္။ ကိုယ့္အာ႐ုံနဲ႕ကိုယ္ဟုတ္လို႔ေနတဲ့ ေကာင္ငယ္ေလး
ကေတာ့ ပုဆိုးေပၚမွာကပ္တြယ္ေနတဲ့ဖုန္ေတြခါလို႔၊ဖိနပ္ကိုေသခ်ာျပန္စီးၿပီး 'သိခၤ'ဆီကိုေလွ်ာက္လာေလတယ္။
"ကဲ....ဘုရားရွိခိုးတာၿပီးၿပီလား။"
'သိခၤ'က 'ေက်ာက္ခဲ'ရဲ႕ ပါးေလးတစ္ဖက္ကို
ဆြဲညွစ္ရင္းေမးေလေတာ့ ေကာင္ငယ္ေလးဟာ
ေခါင္းညိတ္ျပလာတာမို႔ ေကာင္ေလးရဲ႕လက္ကိုကိုင္ၿပီး ထြက္လာခဲ့လိုက္တယ္။ ေန႕လည္စာ
စားခ်ိန္ေရာက္ေနၿပီ၊ ဗိုက္ဆာေနေရာ့မယ္ေလ။
"အစ္ကို..။"
"ဗ် ..။"
ခပ္ၿငိမ့္ၿငိမ့္ေလး တိုက္ခတ္ေနတဲ့ေလျပည္ေအး
ေတြၾကား ခ်စ္ရသူနဲ႕ အတူလမ္းေလွ်ာက္ရတဲ့
အရသာက နတ္ျပည္ေတာင္မေရာက္
ခ်င္ေတာ့ေလာက္ေအာင္ သာယာတယ္ဟုသာ
'သိခၤ'ၿပဳံးရင္းေတြးမိတယ္။
"ခုနက ေစတီေတာ္ကို ဘာလို႔လိုက္မပို႔တာလဲ။"
ေကာင္ငယ္ေလးက သူ႕နားကိုကပ္ၿပီး
ခပ္တိုးတိုးေလးေမးလာတယ္။
"အဲ့တာက ကိုယ္တို႔မနက္က ဖူးခဲ့တဲ့
ေ႐ႊတိဂုံေစတီေလ ေက်ာက္ခဲေလးရယ္။"
'သိခၤ'က သက္ျပင္းေလး အသာခ်ရင္း ၾကင္နာစြာဆိုေလတယ္။ ပုံမွန္ဆို သူက တုံးအၿပီး ထုံထိုင္းတဲ့လူေတြကိုသေဘာက် တတ္တဲ့လူမဟုတ္ဘူး၊
ဒါေပမဲ့ ဒီေကာင္ေလးက်ေတာ့လဲ ရိုးအေနတာ
ေလးကိုက ခ်စ္စရာေကာင္းၿပီး၊ ၾကင္နာခ်င့္စဖြယ္ေကာင္းေနတာ။ ဒီေကာင္ေလး မသိနားမလည္တာမွန္သမွ်ကို သူတစ္ေယာက္တည္းကပဲစိတ္ရွည္ရွည္နဲ႕ ရွင္းျပနိုင္မွာ။ဘယ္သူကမွ သူ႕လိုမလုပ္နိုင္ေလာက္ဘူး။
"က်ဳပ္က ဒီေစတီႀကီးကို ဒီအနီးတဝိုက္မွာပဲ
တည္ထားတယ္ ထင္ေနတာ..။
အဟဲ ဒါဆိုက က်ဳပ္က ဘုရားႀကီးကို ႏွစ္ခါဖူးျဖစ္သြားတာေပါ့။"
"မင္းေလး ေက်နပ္တယ္ဆိုရင္ၿပီးတာပါပဲကြယ္။"
'သိခၤ'လဲထိုသို႔သာေျပာၿပီး ေကာင္ငယ္ေလးရဲ႕ေခါင္းကိုအသာပုတ္ေပးလိုက္ေတာ့တယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အဟြတ္....ဟြတ္!။"
"ဘိုးစည္..။"
ကုတင္ေပၚရွိ ခပ္ႏြမ္းႏြမ္းလဲေလ်ာင္းေနသူထံမွေခ်ာင္းဆိုးသံေၾကာင့္'ဦးေ႐ႊေမာင္'
လဲ ေထြးခံကိုျမန္ျမန္ယူၿပီး တစ္ဖက္လူရဲ႕ပါးစပ္နားမွာထားေပးထားလိုက္တယ္။
အဖ်ားအရွိန္ေၾကာင့္ေခ်ာင္က်သြားတဲ့
မ်က္ႏွာေလးကိုၾကည့္ၿပီး'ဦးေ႐ႊေမာင္'ရင္ထဲမေကာင္း။ခရီးပန္းမခံနိုင္တာကိုသိရဲ႕သားနဲ႕ ဇြတ္ျပန္ေခၚလာခဲ့မိတဲ့ကိုယ့္ကိုယ္ကိုယ္ပဲ ေသေအာင္ရိုက္ျပစ္ခ်င္ေတာ့တယ္။နဖူးျပင္ကိုစမ္းၾကည့္ျပန္ေတာ့လဲ အဖ်ားကမက်ေသးတာမို႔ သူ႕ခင္ဗ်ာ
ေရပတ္တိုက္ေပးဖို႔လုပ္ရေတာ့တယ္။
"ေရပတ္တိုက္ဖို႔ရာအတြက္
က်ဳပ္ေရသြားယူဦးမယ္ လွဲေနေနာ္။"
"အင္း...။"
'ဦးေ႐ႊေမာင္'လဲ စတိုခန္းထဲက ေႂကြရည္သုတ္ဒန္ဇလုံတစ္လုံးကိုယူၿပီး ေအာက္ထပ္ကိုဆင္းလာခဲ့လိုက္
ၿပီးေနာက္၊ၿခံအေနာက္ကိုသြားလိုက္ကာေရခပ္ၿပီး
အိမ္ႀကီးဆီျပန္လာခဲ့လိုက္တယ္။
ဒီအိမ္ႀကီးက သူနဲ႕'ဘိုးစည္'တို႔ရဲ႕ ေမတၱာရိပ္ၿမဳံေလးေလ။ႏွစ္အနည္းငယ္ေလာက္သူတို႔ႏွစ္ေယာက္အေရာင္းအဝယ္လုပ္ၿပီး ရလာတဲ့
ေငြေလးေတြကိုစုၿပီး အတူဝယ္ခဲ့တဲ့အိမ္ေလးျဖစ္တာေၾကာင့္ ဒီအိမ္ေလးကသူေနာက္ဆုံး ေခါင္းခ်မဲ့အိမ္ေလးပဲျဖစ္တယ္။
"ဦးေ႐ႊ ..ရရဲ႕လား က်ဳပ္သယ္ေပးပါ့မယ္။"
ၿခံေစာင့္ေကာင္ေလး'တိုးေအာင္'က သူ႕ကိုေမးလာတာေၾကာင့္'ဦးေ႐ႊေမာင္'ေခါင္းသာခါျပလိုက္တယ္။
"ရတယ္ ...
မီးဖိုေခ်ာင္ထဲမွာသာ ဆန္ျပဳတ္ျပဳတ္ဖို႔
ျပင္ဆင္ထားလို႔သြားေျပာလိုက္။"
"ဟုတ္ကဲ့။"
.
.
.
.
.
"ဘိုးစည္....ထ
အကၤ်ီ ခြၽတ္ရေအာင္။"
သူ 'ဘိုးစည္' ကိုအိပ္ရာကေနဆြဲထူရင္းေျပာလိုက္တယ္။အဖ်ားကရွိေနေသးတာမို႔ ေရပတ္ေလးတိုက္ေပးကာမွ ေတာ္ကာက်မွာမဟုတ္လား။
"ရတယ္ ...က်ဳပ္ဘာသာ ခြၽတ္လိုက္မယ္ ကိုေ႐ႊ။"
'ဦးဘိုးစည္'က သူ႕ရဲ႕အႏြေးထည္အကၤ်ီေပၚ
လွမ္းလို႔ေနတဲ့တစ္ဖက္လူရဲ႕လက္ေတြကို
အသာဖယ္ခ်ရင္းေျပာေလတာေၾကာင့္
တစ္စုံတစ္ေယာက္ရဲ႕မ်က္ႏွာႀကီးက
သုန္မႈန္သြားရေတာ့တယ္။
"ဘာ့အတြက္ေၾကာင့္မ်ား ခင္ဗ်ားက
က်ဳပ္လက္ကိုဖယ္ခ်ရတာလဲ။"
'ဦးေ႐ႊေမာင္'ရဲ႕အသံကသိပ္မေကာင္းလွ။
"က်ဳပ္ဘာသာ ခြၽတ္နိုင္ပါတယ္ ကိုေ႐ႊရယ္
က်ဳပ္ကေလးမဟုတ္ပါဘူး။"
'ဦးဘိုးစည္'ရဲ႕အသံက ေနမေကာင္းတဲ့အရွိန္ေၾကာင့္ေရာေခ်ာင္းဆိုးေနတာေၾကာင့္ပါ ရွတတနိုင္လွကာ၊အိပ္ရာထကစ ကေလးငယ္ေလးရဲ႕စကားေျပာသံလိုျဖစ္လို႔ေနတာေၾကာင့္ 'ဦးေ႐ႊေမာင္'မွာ ႏွလုံးသားကို ငွက္ေမႊးေလးနဲ႕တို႔ထိက်ီစယ္ခံလိုက္ရသလို အသည္းယားလာရတယ္။
"ကိုေ႐ႊ...ေရပတ္တိုက္လို႔ရၿပီ။"
"ေအာ္....အမ္း။"
'ဦးေ႐ႊေမာင္'လဲ အေယာင္ေယာင္အမွားမွားနဲ႕
တဘတ္ကို ေရစြတ္လိုက္တယ္။သူ႕ဘိုးစည္ရဲ႕ ညိုစိမ့္စိမ့္အသားအရည္နဲ႕ ေသးသြယ္တဲ့ခႏၶာကိုယ္ေလးက ေလးဆယ္ေက်ာ္အ႐ြယ္ဟုယုံနိုင္ဖြယ္ရာမရွိရေလေအာင္ ေျပျပစ္ေခ်ာေမြ႕လွတယ္။
ေရစိုဝတ္ကို ဆုပ္ကိုင္ထားတဲ့ 'ဦးေ႐ႊေမာင္'ရဲ႕
ျဖဴဝင္းတဲ့လက္ဖဝါးက်ယ္ႀကီးေတြဟာ 'ဦးဘိုးစည္'
ရဲ႕ခႏၶာကိုယ္မွာ အေပၚေအာက္ စုံဆန္လို႔ေနတယ္။
'ဦးဘိုးစည္'မွာလဲ သူ႕ရဲ႕ပူႏြေးလို႔ေနတဲ့ ခႏၶာကိုယ္ေပၚက ေအးစက္အထိအေတြ႕ေၾကာင့္ သက္ေတာင့္သက္သာျဖစ္လို႔ေနတာမို႔ မ်က္လုံးေလးေတြမွိတ္ၿပီးဇိမ္ယူမိတဲ့အထိ။
"အင္းးးကိုေ႐ႊ အဲ့နားေလး။"
ဝမ္းဗိုက္ေပၚက ေအးစက္ၿပီးသက္ေသာင့္သက္ရွိတဲ့ႏွိပ္ခ်က္ေလးေၾကာင့္ 'ဦးဘိုးစည္'တစ္ေယာက္ဆီက ညည္းသံေလးထြက္ေပၚလို႔သြားရတယ္။
မ်က္လုံးေတြကိုမွိတ္ထားၿပီး ဇိမ္ခံေနသူဟာ
တစ္စုံတစ္ေယာက္ရဲ႕ျပင္းျပတဲ့အသက္ရႈသံေတြအျပင္နီရဲလို႔ေနတဲ့ မ်က္ႏွာနဲ႕၊ နား႐ြက္ေတြကို
သတိမမူခဲ့မိေပ။
'ဦးေ႐ႊေမာင္'တစ္ေယာက္ ကိုယ့္အတတ္ကိုယ္စူးကာတစ္ကိုယ္လုံးပူေလာင္လာရၿပီး တုန္ယင္လာရတာ
ေၾကာင့္ တစ္ဖက္လူကို ေရပတ္ျမန္ျမန္တိုက္ေပးလိုက္ၿပီးအဝတ္အစား အျမန္ဝတ္ေပးလိုက္ရေတာ့တယ္။
"က်ဳပ္...က်ဳပ္ေရေတြ သြားလဲဦးမယ္။
ၿပီးရင္ ေဆးေသာက္ဖို႔ အတြက္ဆန္ျပဳတ္ပါ
ယူလာခဲ့မယ္ေနာ္။"
သူလဲ ထိုသို႔ေျပာကာ တစ္ဖက္လူကိုေစာင္ၿခဳံ
ေပးခဲ့ၿပီးေနာက္ ဆန္ျပဳတ္ ျပဳတ္ဖို႔ မီးဖိုေခ်ာင္ထဲကိုအျမန္ဆင္းလာခဲ့လိုက္ေတာ့တယ္။ အသက္ႀကီး
လာေတာင္ အခုထိေသခ်ာမထိန္းမခ်ဳပ္နိုင္တဲ့
ကိုယ့္ကိုယ္ကိုယ္လဲ စိတ္ပ်က္မိရဲ႕။
'ဦးေ႐ႊေမာင္'လဲမီးဖိုေခ်ာင္ထဲ ရာက္တာနဲ႕
ဆန္တစ္ဖူးကို ေရနဲ႕ေသခ်ာ
ေဆးကာ ၾကက္သားျပဳတ္ရည္နဲ႕တည္ထားလိုက္ၿပီး
ၾကက္သားဖတ္ေလးေတြကို မြေနေအာင္ ႏႊာလိုက္တယ္။လြန္ေနတဲ့ အေတြးေတြကို ထိန္းခ်ဳပ္ဖို႔အတြက္ အလုပ္ကိုဖိလုပ္ျခင္းက အထိေရာက္ဆုံးဘဲ
မဟုတ္လား။
ဆန္ျပဳတ္ကဆူလာၿပီဆိုတာနဲ႕ အရသာအခ်ိဳ႕ထည့္ကာၾကက္သားမွ်င္ေလးေတြနဲ႕ေသခ်ာထည့္ေမႊလိုက္တယ္။အဲ့ဒီေနာက္မွာေတာ့ င႐ုတ္ေကာင္းေလးနည္းနည္းျဖဴးကာ၊ ၾကက္သြန္ျဖဴဆီခ်က္ေလး အေပၚကအုပ္ၿပီးေသးေသးေလးေတြလွီးထားတဲ့ၾကက္သြန္ၿမိတ္ေလးေတြ ျဖဴးလိုက္တဲ့ေနာက္မွာေတာ့ သူ႕'ဘိုးစည္'ေလးကိုအားျပန္ျဖည့္ေပးမဲ့ အခ်စ္ေတြနဲ႕ဆန္ျပဳတ္ေလးကိုရရွိခဲ့ပါၿပီ။
အဲ့ဒီေနာက္ သူလဲဆန္ျပဳတ္ပန္းကိုဗန္း
ထဲထည့္ကာ၊ေသာက္ရမဲ့ေဆးကိုပါယူလို႔
အေပၚထပ္ကိုျပန္တက္လာခဲ့လိုက္ေတာ့တယ္။
"'ဘိုးစည္'....လာ ဆန္ျပဳတ္ေလးေသာက္ရေအာင္
က်ဳပ္ေသခ်ာ လုပ္လာတယ္။"
'ျမတ္စြာဘုရား!။'
တစ္ဖက္လူရဲ႕စကားေၾကာင့္
'ဦးဘိုးစည္'လန႔္သြားမိတာ အမွန္။
ၾကာေတာ့ၾကာၿပီဆိုေပမဲ့လဲ တစ္ခါသူေနမေကာင္းျဖစ္တုန္းက ထိုသူေသခ်ာျပဳတ္လာတဲ့ဆန္ျပဳတ္ဆိုလို႔ေသာက္မိတာ...ေသြးတိုးၿပီး ပစ္လဲသြားဖူးတာေၾကာင့္ျမတ္စြာဘုရားကိုသာတမိေတာ့တယ္။
"ကိုေ႐ႊ...က်ဳပ္က ေသြးတိုးေနၿပီးသားေနာ္
ဒီတစ္ခါဆို က်ဳပ္ေသြးတတ္ၿပီးေသသြားမွာထင္တယ္။"
"ေရာ္....'ဘိုးစည္'ရယ္
ေသစကားမဆိုပါနဲ႕။က်ဳပ္ဒီတစ္ခါ
ေသခ်ာလုပ္လာတာ ဘာမွမျဖစ္ဘူး ။
အရသာလဲ ေသခ်ာျမည္းထားတယ္..။ရန္ကုန္
အိမ္မွာေနတုန္းက စားဖိုမႉးေခၚၿပီးေသခ်ာ
သင္ထားတာ။"
"တ...တကယ္လား။"
"တကယ္ေပါ့ ...က်ဳပ္ဆန္ျပဳတ္ေသာက္ၿပီး က်ဳပ္ကိုေတာင္အရင္ကထက္ ခ်စ္သြားဦးမွာ...ယုံလိုက္။"
'ဦးဘိုးစည္'တစ္ေယာက္လဲ..
'ဒီေလာက္ထိ စကားေတြေျပာေနတာဆိုေတာ့
စမ္းၾကည့္ရေသးတာေပါ့....စားဖိုမႉးနဲ႕သင္ထားတာဆိုေတာ့ ေသတဲ့အထိေတာ့မျဖစ္တန္ေလာက္ဘူး'ဟုသာ ေတြးရင္း ႏႈတ္ခမ္းနားမွာေဝ့ဝဲေနတဲ့ ဆန္ျပဳတ္ဇြန္းကိုသာလွမ္းငုံလိုက္ေတာ့တယ္။
ပထမဆုံးအေနနဲ႕ သူ႕မွာဆန္ျပဳတ္ကိုခ်က္ခ်င္းမမ်ိဳခ်ေသးပဲအသက္ေအာင့္ထားလိုက္ေသးတယ္။
ၿပီးေတာ့မွသာျဖည္းျဖည္းခ်င္းအရသာခံၾကည့္လိုက္တယ္။
'မဆိုးဘူး....မဆိုးဘူး အမ်ားႀကီးတိုးတက္လာတာပဲ
အရသာေပါ့ေပါ့ေလးနဲ႕ ေသာက္လို႔ေကာင္းတယ္။'
"ဘယ္လိုလဲ..ဘိုးစည္။"
မ်က္လုံးလက္လက္ေတြနဲ႕ ေမးလာတဲ့
'ဦးေ႐ႊေမာင္'ကို 'ဦးဘိုးစည္'က လက္မတစ္ေခ်ာင္းတည္းေထာင္ျပလိုက္တယ္။
ထိုအခါမွတစ္ဖက္လူရဲ႕မ်က္ႏွာလဲဝင္းပသြားၿပီး..
"က်ဳပ္ေျပာသားပဲ
က်ဳပ္ေသခ်ာ လုပ္လာတာပါဆို...ဘယ္လိုလဲ
က်ဳပ္ကိုအရင္ကထက္ ပိုခ်စ္သြားၿပီမလား။"ဟုေျပာလာတယ္။
'ဦးေ႐ႊေမာင္'က သူ႕ရဲ႕သြားဖုံးေလးေတြ ေပၚတဲ့အထိၿပဳံးျပရင္း ေမးလာတာေၾကာင့္'ဦးဘိုးစည္'လဲၿပဳံးမိတယ္။ဒီလူကိုမွ အခ်စ္မပိုရရင္ ဘယ္သူ႕ကိုမ်ားအခ်စ္ပိုရမလဲေလ။
"က်ဳပ္ကို ေနာက္တစ္ဇြန္းထပ္ခြံ႕ပါအုံး။"
"အင္း..ရမယ္ ရမယ္
ေျဖးေျဖးေသာက္ေနာ္ အမ်ားႀကီးက်န္ေသးတယ္ဆန္တစ္ဖူးစာေတာင္က်ိဳထားတာမို႔။"
"ၾကက္သားဖတ္ေလးပါ ေကြၽးပါဦး ကိုေ႐ႊ။"
ထိုေန႕ရဲ႕ ပူျပင္းလွတဲ့ေန႕လည္ခင္းမွာေတာ့
အပင္ရိပ္တို႔က်ကာေအးခ်မ္းလ်က္ရွိတဲ့
သစ္သားခန္းေလးထဲဝယ္
ဆန္ျပဳတ္တစ္ပန္းကန္တည္းျဖင့္ လူတစ္ေယာက္ရဲ႕
အခ်စ္ဒီဂရီကိုတိုးလာေအာင္ သိမ္းသြင္းနိုင္ခဲ့ေသာ
ေအာင္နိုင္သူႀကီး တစ္ေယာက္ ရွိေနခဲ့ေလတယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'ကစ္စ္နား'ခ်စ္တီးထမင္းဆိုင္ က 'မဂို'လမ္းတစ္ေလွ်ာက္မွာ နာမည္အႀကီးဆုံး ခ်စ္တီးထမင္းဆိုင္ျဖစ္တယ္။
ရန္ကုန္ တစ္ၿမိဳ႕လုံးအႏွံ႕မွာ ဆိုင္ခြဲေပါင္း ဆယ္ဆိုင္ထက္မနည္းရွိကာ၊ 'မဂို'လမ္းဆိုင္က ပင္ရင္းဆိုင္ျဖစ္တယ္။
အိႏၵိယလူမ်ိဳးမ်ားသာမက ခ်စ္တီး
ထမင္းကိုႏွစ္သက္တဲ့ျမန္မာလူမ်ိဳးေတြကပါ
'ခ်စ္တီး ကစ္စ္နား'ဆိုရင္မသိတဲ့သူမရွိ။ ခ်စ္တီး ဆိုလိုျဖင့္ အတိုးႀကီးစား၊ အျမတ္ႀကီးစား၊ ေငြမရလူသိမ္းတဲ့ ခ်စ္တီး ဟု မထင္ေစခ်င္လို။ခ်စ္တီး ထမင္းျဖင့္ က်ိက်ိတက္သူေဌးျဖစ္လာတာေၾကာင့္
'ခ်စ္တီးကစ္စ္နား'ဟု အမည္တြင္ျခင္းသာ။
'ဦးကစ္စ္နား' ထိုကဲ့သို႔ ဂုဏ္သီတင္းေက်ာ္ေဇာရျခင္းက သူဟာ ထမင္းဆိုင္ပိုင္ရွင္ ဘဝမေရာက္ခင္က 'သိမ္ႀကီးေဈး'မွာ ကူလီအထမ္းသမား ဘဝျဖင့္က်င္လည္ခဲ့ရတာေၾကာင့္ျဖစ္တယ္။ 'ဘဝကိုတိုးတက္လိုစိတ္ရွိသူသည္ မည္မွ်ပင္နိမ့္က်ေနေစကာမူ ထိုစိတ္ျဖင့္ ႀကိဳးစားရင္ေအာင္ျမင္နိုင္သည္'ဆိုတဲ့အတိုင္း'ဦးကစ္စ္နား'ဟာတစ္ဆင့္ခ်င္းႀကိဳးစားခဲ့တာေၾကာင့္ အခုလိုခ်မ္းသာတဲ့အျဖစ္ကိုေရာက္ရွိနိုင္ခဲ့ျခင္းျဖစ္တယ္။ ထိုေၾကာင့္ပင္ ထိုအနီးနားပတ္ဝန္းက်င္ရွိလူတိုင္းမွာ 'ဦးကစ္စ္နား' ကိုစံျပအျဖစ္မွတ္ယူထားၾကေလတယ္။
ခ်စ္တီးထမင္းဆိုင္ထဲမွာေတာ့ ရွိသမွ်လူအားလုံးဟာ ငွက္ေပ်ာဖက္နဲ႕ခင္းထားတဲ့ စတီးလင္ဗန္းထဲရွိ
ခ်စ္တီးထမင္းကိုလက္နဲ႕ေသခ်ာနယ္လို႔ အပီအျပင္
ေလြးလို႔ေနၾကတယ္။ အမ်ားစုမွာ ေအာ္စတင္ကားစီးကာ၊ ေကာ္စမက္တစ္လိမ္းတဲ့
သူေဌးလူႀကီးေတြ ၊ အေဖာ္မပါလူပ်ိဳ ႀကီးေတြျဖစ္ေသာ္လဲ ဟန္ပင္မလုပ္နိုင္ ခ်ာပါတီေလးယူခ်ိန္နဲ႕ပဲဟင္းေသာက္ခ်ိန္မွ ပဲမ်က္ႏွာျမင္ၾကရတယ္။
"ခ်စ္တီးထမင္းကို ကဏာန္းမဆလာဟင္း ပြဲႀကီးရယ္၊ငါးရံ႕ေခါင္းဟင္းရယ္၊ ဆိတ္သားဟင္းရယ္၊ ဘဲဥနဲ႕ ငါးရံအူဟင္းပါ ခ်ေပးပါ။ ၿပီးေတာ့
အခ်ိဳ ပြဲပါ ျပင္ေပးပါေနာ္။အင္း..ၿပီးရင္
ဒန္ေပါက္တစ္အိုးပါ ခ်ေပး၊ပါနီးပူရီ ေရာ။"
'သိခၤ'ဟာ မီးႏူးကတ္ကိုၾကည့္ရင္း
တစ္ဖက္လူႀကိဳက္မဲ့ဟာမွန္သမွ်ကို မွာေလတယ္။
"ဒါနဲ႕...ကဏာန္းကို တစ္ခါတည္းအခြံ႕ခြၽတ္ေပးလို႔ရလား။"
"ရပါတယ္ဗ်။"
"ဒါဆို အခြံ႕ႏႊာေပးပါ..
ေက်ာက္ခဲေလး လက္နဲ႕စားမလား၊ ဇြန္းနဲ႕စားမလား။"
"လက္နဲ႕ပဲစားမယ္ အစ္ကို။"
က်ဳပ္လဲ အျခားဝိုင္းကလူေတြကိုၾကည့္ၿပီး
တံေတြးမ်ိဳခ်ကာ ေျပာလိုက္တယ္။
"လာ...ဒါျဖင့္ လက္သြားေဆးရေအာင္။"
သူ(သိခၤ)ကအသန့္ႀကိဳက္တဲ့လူျဖစ္ေပမဲ့
ေက်ာင္းပိတ္ရက္ ျမန္မာျပည္ကိုျပန္လာတိုင္းထိုဆိုင္မွာမၾကာခဏ လာစားေလ့ရွိတာေၾကာင့္
သူ႕ရဲ႕လက္ေတြ ဟင္းအနံ႕ဆြဲေနမွာကိုေတာ့စိတ္မပူပါ။ထိုဆိုင္ရဲ႕ သံပုရာနဲ႕ႏြယ္ခ်ိဳအေခါက္ဆပ္ျပာဆီကလက္မွာဆြဲကပ္ေနတတ္တဲ့ဟင္းအနံ႕ကို ေပ်ာက္ကြယ္ေစနိုင္တယ္ေလ။
သူတို႔ႏွစ္ေယာက္ လက္ေဆးၿပီးေနာက္မွာေတာ့မွာထားတဲ့ စားဖြယ္အကုန္လုံးက
ေရာက္ရွိေနၿပီျဖစ္တယ္။ေျမအိုးနဲ႕
ခ်က္ထားတဲ့ ဒန္ေပါက္ဟာ အရည္႐ႊမ္းတဲ့
ၾကက္ေပါင္ႀကီးေတြနဲ႕ ခန႔္ထည္လွၿပီး၊
အခြံ႕ခြာထားတာေၾကာင့္ အသားခ်ည္းျဖစ္ေနတဲ့ ကဏာန္းဟာ မဆလာအနံ႕သင္း
သင္းေလးနဲ႕ ဆြဲေဆာင္မႈ ရွိလို႔ေနသလို၊
ေ႐ႊဝါေရာင္ပဲကုလားဟင္းကလဲ
ေသာက္ခ်င္စဖြယ္၊ ငါးရံ႕ေခါင္းကလဲ အဆီအႏွစ္နဲ႕ မွ်တလို႔၊ ဆိတ္သားဟင္းဆို ဆိုဖြယ္ရာမရွိ။
"ေရာ့...ကဏာန္းဟင္းအရင္စားၾကည့္
ခ်ာပါတီ က ဒီအတိုင္းစားလဲရတယ္၊ ဟင္းရည္နဲ႕
တို႔စားလဲရတယ္။"
'သိခၤ'က အႀကီးဆုံးကဏာန္းတစ္ေကာင္ကို
'ေက်ာက္ခဲ'ရဲ႕ပန္းကန္ထဲ ထည့္ေပးရင္းေျပာ
လိုက္တယ္။
က်ဳပ္လဲလူႀကီးလက္ဖဝါးေလာက္
ရွိတဲ့ ကဏာန္းႀကီးကိုလက္နဲ႕ကိုင္ၿပီး
ပါးစပ္နဲ႕အျပည့္ တစ္ကိုက္ကိုက္ခ်လိဳက္တယ္။
ေကာင္းလိုက္တာဆိုတာဗ်ာ.....လတ္ဆတ္လို႔ထင္
တယ္ အသားေလးကအစိုဓာတ္ေလးရွိၿပီး ခ်ိဳေနေရာ၊ဥေတြကလည္းပါေသး အေမႊးအႀကိဳင္ေတြခတ္ထားေပမဲ့လဲ အဲ့ဒီအနံ႕ေတြက ကဏာန္းရဲ႕ပင္လယ္အနံ႕ကိုဖုံးကြယ္မေနဘူးဗ် ....က်ဳပ္တို႔အညာေဒသ မွာက ေရရွားတာမို႔ ပင္လယ္စာဆိုတာလည္းရွားတယ္ေလဗ်ာ။က်ဳပ္ျဖင့္ေကာင္းလြန္းလို႔ မ်က္ရည္ေတာင္ ဝဲမတတ္ပဲ။
"ဘယ္လိုလဲ
ႀကိဳက္သြားၿပီ ဟုတ္။"
"အရမ္းအရသာ ရွိတာပဲ အစ္ကိုရာ။"
က်ဳပ္က ငိုသံပါပါနဲ႕ ေျပာလိုက္ေတာ့ အစ္ကို
ကသေဘာတက် အစြယ္ေလးေတြေပၚလာတဲ့အထိရယ္တယ္ဗ် ။
"အဟားးး'ေက်ာက္ခဲ'ရယ္
အဲ့သေလာက္ႀကိဳက္ေနမွျဖင့္
ကိုယ္ေန႕တိုင္းမွာေကြၽးမယ္ဟုတ္ပလား။"
"ကိုယ္ စားခဲ့ဖူးသမွ်
ခ်စ္တီးထမင္းေတြထဲ
မင္းနဲ႕အတူစားရတဲ့ ခ်စ္တီးထမင္းက
အရသာအရွိဆုံးပါပဲ။"
'သိခၤ'ဟာ ၾကည္ႏူးရိပ္တို႔ျပည့္နင့္ေနတဲ့
မ်က္ဝန္းေတြနဲ႕ ေကာင္ငယ္ေလးကို ၾကည့္ရင္းႏွစ္ကိုယ္ၾကား ေလးဆိုလိုက္ေလတာမို႔ကဏာန္းကိုက္ေနတဲ့ 'ေက်ာက္ခဲ'ရဲ႕နား႐ြက္ေလးေတြ
ရဲပေတာင္းခက္သြားရေတာ့တယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'သိခၤ' = 'က်ဳပ္လို ရည္းစားကို ဘယ္ေနရာျဖစ္ျဖစ္ စကားလုံးေတြနဲ႕ေခြၽၿပီး ခ်စ္တီးထမင္းစားရင္
ေတာင္ရိုခ်င္ပါသလား။'
-ေအာက္ကိုဆက္ဆြဲပါ-
.
.
.
.
.
.
.
.
.
.
.
.
.
.
.
'သိခၤ' = "ဘာေတြေမွ်ာ္လင့္ေနတာလဲ
ခင္ဗ်ားတို႔မွာ ရည္းစားရွိလို႔လား။"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[AK/ငါလည္းဆြံ႕အ ပါေအ]
Upေပးလိုက္ပါၿပီ၊ ဖတ္ေပးဖို႔ကမင္းေလးတို႔တာဝန္။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀