Unicode
~~~~~~~
နေ့လည်နေ့ခင်းဖြစ်တာနဲ့အညီ ကောင်းကင်တစ်ခွင်ဟာမိုးသားတိမ်လိပ်တို့ကင်းစင်လျက်တာကြောင့်
'သိင်္ခ'တို့အုပ်စုလဲ အိမ်လေးရဲ့အပြင်ဘက်၌
လက်ဖက်ရည်ဝိုင်းလေးတည်ပြီး စကားပြောလို့
နေကြတယ်။
"တကယ်ပျော်ဖို့ကောင်းမှာပဲနော်...ဒီလိုမှန်းသိ
အမာ ပါလိုက်ခဲ့ပါတယ်။"
'အမာကြည်' ဟာတစ်ဖက်လူရဲ့ရွာအကြောင်းကို
အားကျစွာဆိုလိုက်ရင်းရေနွေးခွက်လေးကို
မှုတ်သောက်လိုက်တယ်။
"ယူ ကရော ကျောက်ခဲလေးနဲ့
ဘယ်လိုတွေ့ခဲ့တာလဲ။"
"အင်း...ကျောက်ခဲ ကကျုပ်တို့ကိုလာခေါ်ရတာလေ။ကျောက်ခဲလေးတို့ရွာက မြို့နဲ့အတော်လေးလှမ်းတယ်။ 'အမာ' တို့ 'ကျောက်ခဲ' ကိုမြင်မြင်ချင်းခင်သွားကြတာကမဆန်းပါဘူး...ကျုပ်ဆိုအဲ့ထက်တောင်ပိုသွားသေးတာ။"
'သိင်္ခ'ကပန်းရောင်ထနေတဲ့မျက်နှာနဲ့အတူ
ဘေးနားက ကောင်ငယ်လေးကို
ငဲ့ကြည့်ရင်းပြောလိုက်တယ်။
"ဒါနဲ့..ကျောက်ခဲက ရွာမှာရည်းစားသညှာ
ရှိခဲ့သလား။"
'ကိုချစ်မောင်' ဟာမဆီမဆိုင် သူ့ရဲ့မျက်မှန်ကိုပင့်တင်ရင်းခပ်အေးအေးမေးလာတာမို့ 'သိင်္ခ'ရဲ့မျက်နှာကြီး
စိမ်းဖန့်သွားရတယ်။ ဒါဘာသဘောနဲ့ မေးတာလဲ။
"မရှိခဲ့ပါဘူးခင်ဗျ ။"
"အံသြစရာပဲနော်...ကျောက်ခဲကဒီလောက်
ယောက်ျားပီသတာကို။"
'အမာကြည်'က မေးလေးထောက်ရင်းပြောလေတော့
'ချစ်မောင်'ဟာ သတိပေးသလိုနဲ့ ချောင်းဟန့်အချက်ပြလာတယ်။
"အဟမ်း..အမာ
အချိန်ကြပြီနော်..သွားကြစို့ရဲ့။"
"အော် ....ဟုတ်သားပဲ မေ့နေလိုက်တာ
ဒီနေ့တော့ ဒီလောက်ပဲနော်။
အမာ တို့ 'ပဲ-ခူးကလပ်'မှာ ဖေဖေ့ကို
သံကြိုးစာသွားပို့ပေးရအုံးမှာမို့ နောက်ရက်များကျ
ဆက်ဆက်ထပ်လာခဲ့ပါအုံးမယ်။ကျောက်ခဲလေး ကို အမာက ရန်ကုန်မြို့အနှံ့လိုက်ပြပေးမယ်နော်။"
"မလိုပါဘူး...အိမ်ရှင်ကျုပ်တစ်ယောက်လုံးရှိပါရဲ့
အမာ အလုပ်ရှုပ်နေပါအုံးမယ်။"
'သိင်္ခ' ဘောက်ဆတ်ဆတ်နဲ့ပဲပြန်
ပြောလိုက်တယ်။ 'အမာကြည်'
ဟာတကယ်ကိုခန့်မှန်းရခက်တဲ့ မိန်းကလေး
တစ်ယောက်မို့ သူ(မ)ဟာ'ကျောက်ခဲ'အပေါ် ဘယ်လိုသဘောထားလဲ သေချာမသိသေးသ၍
'ကျောက်ခဲလေး'နဲ့သူ(မ) ရင်းနှီးခွင့်ပေးမှာ
မဟုတ်ဘူး။
"အမာက အိမ်မှာအလုပ်အားဆုံးပဲ...ယူသာမကြာခင် ပျော်ပွဲစားရုံတွေကိစ္စနဲ့ အလုပ်ရှုပ်တော့မှာမလား။
'အမာ' က ယူ မအားတဲ့အခါဆိုသူ့လိုက်ပို့လိုက်မယ်
ဒါဆိုသွားပြီနော်...ယူ သဘောတူဖို့မလိုဘူး
သျှောင်ထုံးကိုယ်တော်လေး သဘောတူဖို့ပဲလိုတယ်။"
လက်လေးပြကာ ထွက်သွားတဲ့ 'အမာကြည်'ကို
'သိင်္ခ'တစ်ယောက်ကြောင်အစွာနဲ့ လိုက်ကြည့်နေမိတယ်။တကယ်ကို 'အမာကြည်' ကပုံမှန်မဟုတ်ဘူး။
"အဲ့ဒီ အမက သိပ်လှတာပဲနော်..
ပြီးတော့ သဘောလဲကောင်းတယ်။"
'ကျောက်ခဲ'ကလဲ လက်လေးပြရင်း မိန်းမောစွာ
ပြောလာတာမို့ 'သိင်္ခ'ရဲ့မျက်လုံးတွေကျဉ်းမြောင်း
သွားရပြီး မကျေမနပ်နဲ့ တစ်ဖက်လူကိုပြောလိုက်
တယ်။
"အဲ့တော့ ကိုယ်က အမာကြည်
လောက်တောင်ကြည့်မကောင်းဘူးပေါ့လေ။
ကျောက်ခဲလေး... မင်းဟာ ငါးစိမ်းမြင်တော့
ငါးကင်ပစ်လေသလား ...အစိမ်းနဲ့အကျက်
ဘယ်ဟာကပိုစားကောင်းလဲ မင်းလေး
မတွေးတတ်ဘူးလား။"
အစ်ကိုက ကျုပ်ကိုနှုတ်ခမ်းလေးတထော်ထော်နဲ့
ဆူလာတာမို့ ကျုပ်သဘောတကျရယ်လိုက်မိတယ်။
အစ်ကို့ နှုတ်ခမ်းလေးတွေက ပန်းဆီရောင်လေးသန်းပြီး ဖူးဖူးအိအိလေးတွေဖြစ်တာကြောင့်
အခုလို မကျေမနပ်နဲ့ စူပုတ်ပုတ်ပြောလာတဲ့အခါဆို သိပ်ကိုအသည်းယားဖို့ကောင်းတာဗျ ။
"အစ်ကိုကတော့ဗျာ..ကျုပ်က လှပြီး၊ သဘောကောင်းတယ်လို့ပဲ ပြောမိတာပါ။ အခုက ကျုပ်ကို အစ်ကိုကသဝန်တိုနေတာပေါ့လေ။"
"သဝန်တိုလို့ မရဘူးလား။"
'သိင်္ခ'က စိတ်ကောက်သွားဟန်နဲ့
အိမ်ထဲကိုလှည့်ဝင်ရင်းမေးလေတော့
အနောက်ကလိုက်လာတဲ့'ကျောက်ခဲ'လဲ တုံ့ဆိုင်း
မနေရဲတော့ပဲပြန်ဖြေလိုက်ရတော့တယ်။
"ကျုပ်က အစ်ကို့ကိုပဲမေတ္တာရှိတာမို့
ကျုပ်ကို သဝန်တိုပြီးစိတ်ပင်ပန်းအောင်
မနေပါနဲ့လားဗျာ။"
ထိုအဖြေစကားလေးကြောင့် 'သိင်္ခ'ရဲ့
မျက်နှာပေါ်မှာဖုံးဖိမရတဲ့ အပြုံးတွေဖြစ်ပေါ်လာရတယ်။ အဲ့ဒီနောက် သူဟာချက်ချင်းဆိုသလို
အရှေ့ကကောင်ငယ်လေးကို ရင်ခွင်ထဲဆွဲသွင်းပစ်
လိုက်ကာ ခပ်တိုးတိုးရေရွတ်လိုက်လေတယ်။
"စကားတတ်လွန်းနေတဲ့
မင်းကိုကိုယ်ဘယ်လိုဆုချရပါ့မလဲ။"
သူ့စကားလေးရဲ့အဆုံးမှာတော့
အိမ်ငယ်လေးထဲဝယ် လူနှစ်ယောက်ရဲ့
ကလူရယ်မောသံတွေနဲ့ဆူညံသွားခဲ့လေရဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နာရီပြန်ခုနှစ်ချက်လောက်ထိုးတော့ အစ်ကိုနဲ့ကျုပ်လဲညနေစာစားဖို့ဆိုပြီး ရွှေအိုရောင်မီးတွေလင်းထိန်နေတဲ့တစ်ဖက်အိမ်မကြီးဆီကိုကိုကူးလာခဲ့တယ်ဗျ ။ဆောင်းဝင်ဖို့လိုသေးတယ်ဆိုပေမဲ့ နည်းနည်းတောင်ချမ်းချင်သလိုဖြစ်နေပြီ ၊ တစ်ချက်၊တစ်ချက်
တိုက်လာတဲ့လေတွေကအအေးဓာတ်
အတော်လေးကိုပါတယ်။
ရောက်တာဖြင့် တစ်ရက်မပြည့်သေးဘူး စံပါယ်နံ့မွှေးနေတဲ့ဥယျာဉ်လေးထဲ လမ်းလျှောက်ရတဲ့အရသာကို
ကျုပ်အတော်လေးစွဲလန်းနေပြီဗျ။
ရွာကိုပြန်ရောက်ရင် အမ အတွက်ခြံထဲမှာ
စံပါယ်မျိုးစေ့လေးတွေဝယ်ပြီး စပါယ်ရုံလေးလုပ်ပေးဖို့တောင်ကျုပ်စိတ်ကူးနေမိတယ်။
ဒီလိုနဲ့ အိမ်ကြီးရဲ့ဆင်ဝင်အောက်ကိုရောက်မှပဲ
မီးတွေလင်းထိန်နေတာက ရေနံဆီမီးအိမ်တွေကြောင့်မဟုတ်မှန်းသိတော့တယ်။
အလင်းရောင်လာရာခေါင်မိုးကို ကျုပ်မော့ကြည့်လိုက်တော့ ဖန်သီးလေးတွေအများကြီးသွယ်တန်း
ထားတဲ့ ပန်းပွင့်ပုံစံအစုအဝေးကြီးကိုတွေ့လိုက်ရတယ်ဗျ ။ရွှေအိုရောင် အလင်းတန်းတွေကအဲ့ကနေလာပြီးအောက်ထပ်တစ်ခုလုံးကိုလင်းထိန်အောင်လုပ်ပေးနေတာ။ရန်ကုန်က တခြားကမ္ဘာတစ်ခုလိုပဲလို့
ဘဘုန်းပြောလာတာမထူးဆန်းတော့ပါဘူးဗျာ...
တစ်ကယ်ကို ကျုပ်တို့ရဲ့ဘဝနေထိုင်မှုတွေနဲ့
ကွာခြားချက်ကြီးလွန်းပါတယ်။
"အဲ့တာကို လျှပ်စစ်မီးသီးလို့ခေါ်တယ်။
ရေနံဆီ သုံးစရာမလိုဘဲ မီးအလင်းရအောင်စီမံထားတဲ့ပစ္စည်းပေါ့။"
မီးဆိုင်းကို အံသြဘနန်းမော့ကြည့်လို့နေတဲ့
ကောင်ငယ်လေးကို 'သိင်္ခ'တစ်ယောက်ခပ်တိုးတိုးလေးရှင်းပြလိုက်တယ်။
"နောက်ဆို ကိုယ်ဖြုတ်ပြီးသေချာပြပေးမယ်
အခုတော့သွားရအောင်။"
သူလဲထိုသို့သာပြောပြီးနောက်
ကောင်ငယ်လေးရဲ့ပုခုံးကို
ဖက်ပြီး ထမင်းစားခန်းဆီကိုခေါ်လာလိုက်တယ်။
မဟုတ်လို့ကတော့ ဒီကလေးက
မီးသီးကိုကြည့်ပြီးထမင်းစားဖို့တောင်
အာရုံရမှာတောင်မဟုတ်ဘူး။
"ကဲ..ရောက်လာကြပြီကိုး ထိုင်ကြ။"
ထမင်းစားခန်းထဲမှာ ' ငြိမ်းငြိမ်း' ဆိုတဲ့ကောင်မလေး
နဲ့အတူထမင်းဝိုင်းပြင်လို့နေတဲ့ဒေါ်ဒေါ်ကပြောလာတာ
ကြောင့် ပေါ်လစ်ကိုပြောင်နေအောင်တိုက်ထားတဲ့
ကျွန်းကုလားထိုင်တွေမှာ အစ်ကိုနဲ့ကျုပ်လဲ
ဘေးချင်းကပ်ဝင်ထိုင်လိုက်ကြတယ်။
ဥယျာဉ်ခြံလေးလိုအရောင်စုံလှတဲ့ အသီးအရွက်ကြော်တွေနဲ့အတူ ပဲဆ်ီနဲ့အိနေအောင်ချက်ထားတဲ့
ဆီပြန်အသားဟင်းတွေဟာ စားပွဲပေါ်မှာအရောင်တဝင်းဝင်းနဲ့စားချင်စဖွယ်တာက်ပလို့နေတယ်။ ဆီသတ်ရွက်နဲ့သစ်ကြမ်းပိုးခေါက်ကို နာနာဆီသတ်ပြီးထည့်ထားတာမို့ရွှေဝါရောင်သန်းနေတဲ့ သီးစုံပဲကုလားဟင်းလေးဟာလဲ အငွေ့ထောင်းထောင်း။
ကျုပ်ခမျာ စားပွဲပေါ်က အမျိုးစုံလှတဲ့ ဟင်းပွဲတွေကိုကြည့်ရင်း တံတွေးမျိုချလိုက်ရတယ်။အဲ့ဒီ အသီးအရွက်တွေအစုံပါတဲ့ ချစ်တီးဟင်းရည် ကိုသောက်ဖို့ ကျုပ်မှာအချိန်တောင်ဆွဲမနေချင်တော့ဘူး။
"မေမေ...ဒီကိုပေး
ကျွန်တော်ခူးလိုက်မယ်။"
'သိင်္ခ'ကမိခင်လက်ထဲကထမင်းစားပန်းကန်တွေကို
ဆွဲယူရင်းပြောလိုက်တယ်။ အဲ့ဒီနောက်မှာတော့
ကြွေသားထမင်းပေါင်းအိုးထဲက ကော့ပြန်နေတဲ့ရွှေဘိုဆန်ထမင်းတွေကိုအညီအမျှခူးထည့်လိုက်ပြီး
မိခင်ဖြစ်သူနဲ့ 'ကျောက်ခဲ'ရှေ့မှာချပေးလိုက်တော့တယ်။
"မေမေ့ကို အရင်ဦးချမယ်နော်။"
'သိင်္ခ'ဟာထိုကဲ့သို့ပြောပြန်ရင်း မိခင်ပန်းကန်ထဲကို
ဟင်းအချို့ခပ်ထည့်ပေးလိုက်တယ်။ထို့နောက်တွင်တော့အမွှေးအကြိုင်တို့နဲ့သေချာနှပ်ထားပြီး နူးအိနေအောင်ချက်ထားတဲ့ ဆိတ်သားဟင်းကို 'ကျောက်ခဲ'ရဲ့ပန်းကန်ထဲခပ်ထည့်ပေးလိုက်တော့တယ်။
"အမွှေးအကြိုင်တွေကို သေချာဆီသတ်ပြီး
ချက်ထားတာ မညှီဘူးနော်....စားကြည့်
ကိုယ်က ဆိတ်သားဟင်းဆိုသိပ်ကြိုက်တာလေ။"
"ဟုတ်ကဲ့။"
'ကျောက်ခဲ'ကလဲ တစ်ဖက်လူရဲ့စကားအတိုင်း
ဆိတ်သားဟင်းနဲ့ထမင်းလုတ်ခပ်ကြီးကြီးကို
ပါးစပ်ထဲသွင်းလိုက်တယ်။နူးညံပြီးအိနေတဲ့ထမင်းနဲ့ အရသာညီလှတဲ့ဆိပ်သားဟင်းရဲ့ခပ်မွှေးမွှေးအရသာက သူ့ခံတွင်းထဲမှာ တစ်စုံတစ်ခုပေါက်ကွဲသွားသလိုပဲ။
"ဘယ်လိုလဲ ခံတွင်းတွေ့ရဲ့လား။"
"သိပ်ကောင်းတယ် အစ်ကို
ကျုပ်ဖြင့် ဒီလောက်ကောင်းတဲ့ဆ်ိတ်သားဟင်း
အခုမှပဲ စားဖူးတော့တယ်။"
'ကျောက်ခဲ'က ထမင်းလုတ်ကို
ပါးတွေဖောင်းကားတဲ့
အထိဝါးနေရင်းပြောလာတာမို့ 'သိင်္ခ'တို့သားအမိ
နှစ်ယောက်လည်း ပီတိတွေနဲ့ပြုံးမိကြတယ်။
"ဟုတ်ပါပြီကွယ်....ဒါဖြင့် များများသာစားနော်
မောင်ကျောက်ခဲ။"
"ဟင်းရည်လေးလဲသောက်အုံး။"
'သိင်္ခ'ကဘေးကနေ အိမ်ရှင်မကြီးလိုတဖွဖွ
ပြောရင်း ပဲကုလားဟင်းတွေကို ပန်းကန်လုံးလေးထဲ
ခပ်ထည့်ပေးလိုက်ပြန်တယ်။
ဒီကောင်လေးကို အူအယားရဆုံးအချိန်ကိုပြပါဆိုရင်
သူ့အတွက်ကတော့ အစားစားနေတဲ့အချိန်လို့ပဲ
ပြောမိမယ်ထင်တယ်။ အစားကောင်းလေးတွေကို
လဲကြိုက်နှစ်သက်တတ်ပြီးဟန်ဆောင်မှုမရှိဘွင်းဘွင်းရှင်းရှင်းနဲ့ အားရပါးရစားတတ်တာလေး
ကအစ၊ တမြုံမြုံနဲ့ဝါးတတ်တဲ့ပါဖောင်းဖောင်းလေးနှစ်ဖက်အဆုံး သူ့မှာအသည်းယားနေရတယ်။တစ်ခါတလေဆို အဲ့ဒီပါးဖောင်းဖောင်းလေးတွေကို သူဆွဲကိုက်ပစ်ချင်တဲ့ စိတ်တောင်ပေါ်မိတယ်။
'ကျောက်ခဲ' နဲ့သာဆိုရင် ဆန်ကြမ်းကိုစားရလဲ
အရသာရှိတယ်၊ ငါးပိရည်နဲ့စားဆိုလဲ နတ်သုတ်ဒ္ဓါ
လိုပဲ သူစားနိုင်တယ်။ အရေးကြီးတာက ဒီကောင်လေးသူ့ဘေးနားမှာရှိပြီး ပြုံးရယ်နေဖို့ပါပဲ။
ဥယျာဉ်ခြံလေးထဲက အုတ်ခံနှစ်ထပ်သစ်သားအိမ်လေးဟာငွေစန္ဒာလမင်းရဲ့အရိပ်အောက်မှာ
ငြိမ်သက်စွာအိပ်မောကျလျက်ရှိသော်လဲ
ထိုအိမ်ထဲရှိလူနှစ်ယောက်ကတော့ အိပ်ပျော်နိုင်ခြင်းအလျဉ်းမရှိကြပေ။
ထန်းခေါက်ဖာ လေးကိုခပ်တင်းတင်းပိုက်ရင်း
အခန်းရှေ့မှာ မျက်နှာငယ်လေးနဲ့ရပ်လို့နေတဲ့
'ကျောက်ခဲ'ကြောင့် 'သိင်္ခ'ရယ်ချင်စိတ်ကို
မနည်းထိန်းထားရတယ်။ ပြောတော့ တစ်ယောက်တည်းအိပ်ရဲတယ်ဆိုပြီး အခုကျ ကြောက်လွန်းလို့ ကြက်သီးထတဲ့အထိ
ဖြစ်နေရပြီလေ။
"ကိုယ်မပြောဘူးလား။
ကိုယ်နဲ့လာအိပ်ပါဆိုတာကို။"
'သိင်္ခ'က ဟန်ပါပါနဲ့လက်ပိုက်ပြီး
သူအခန်းတံခါးရှေ့မှာမှီရပ်
ကာပြောလာတယ်။
'ကျောက်ခဲ'မှာတော့အိပ်ချင်နေပေမဲ့လဲ
ထိုအခန်းထဲကိုတော့နောက်တကြိမ်ထပ်မသွားချင်တော့။ဘုရားရှိခိုးပြီးအိပ်တာတောင် စိတ်ကခြောက်ခြားလို့နေကာ တံခါးကဂျက်ချထားလဲမရ
ပြန်ထကြည့်လဲပွင့်နေတတ်ပြီး နောက်ကျောမလုံဖြစ်ကာ၊ တစ်စုံတစ်ယောက်ကကြည့်နေတယ်
ဆိုတဲ့အသိကသူ့ကိုထိတ်လန့်စေတယ်။
"ကျုပ် အောက်ထပ်မှာပဲ ဆင်းအိပ်လိုက်ပါ့မယ်။
သရဲကြောက်တယ်ပဲပြောပြော ကျုပ်ဒီအခန်းထဲမှာ
တော့ထပ်မအိပ်ရဲတော့ဘူး။"
အိပ်ချင်မူးတူးနဲ့ပြောလာတဲ့ ကောင်ငယ်လေးကိုကြည့်ပြီး'သိင်္ခ'ရဲ့နှုတ်ခမ်းတွေကတစ်ဖက်ကို
ကျေနပ်စွာကွးတက်သွားရတယ်။ နောက်ဆို 'ကျောက်ခဲ'လေးကသူမပါဘဲ တစ်ယောက်တည်း
အိပ်နိုင်တော့မှာမဟုတ်ဘူး။
"အောက်ထပ်မှာ ဆင်းအိပ်လဲ အဲ့လိုဖြစ်နေအုံးမှာပဲ။
ကိုယ်နဲ့အတူ လာအိပ်မှ မင်းကောင်းကောင်း
အိပ်ပျော်မှာ။"
'သိင်္ခ'ရဲ့စူးရှလွန်းတဲ့အကြည့်နဲ့ အေးစက်တဲ့အသံကြောင့် 'ကျောက်ခဲ'ရဲ့ရင်ထဲမှာအမည်မသိတဲ့ခံစားချက်အချို့ ဖြတ်ပြေးသွားပြီး
အသည်းထဲအေးခနဲဖြစ်သွားရတယ်။
"အစ်ကို တကယ်ပြောနေတာလားဟင်
ဒီအိမ်မှာ သရဲရှိနေတာလား။"
'ကျောက်ခဲ' ရဲ့စကားကြောင့် 'သိင်္ခ'ကနောက်တစ်ကြိမ်လှပစွာထပ်ပြုံးရင်းပြန်ဖြေလိုက်တယ်။
"သရဲမရှိပါဘူးကွာ...ကျောက်ခဲလေး က
စိတ်ထင်နေလို့ပါ။ မင်းစိတ်ကမလုံမှတော့
ဘယ်မှာပဲအိပ်အိပ် အဲ့လိုဖြစ်နေအုံးမှာပဲလေ။
ဘေးနားမှာ လူတစ်ယောက်ရှိနေတော့
စိတ်လုံတာပေါ့။"
အစ်ကို့ ရဲ့စကားကိုကျုပ်လဲဖြစ်နိုင်ချေရှိတယ်လို့တွေးလိုက်မိတယ်။အစ်ကို့နားမှာနေရတာက
ပိုလုံခြုံပြီး နွေးထွေးတာကို ကျုပ်ဘာကြောင့်တစ်ယောက်တည်းအိပ်ဖို့ ဆုံးဖြတ်ခဲ့ရတာလဲ။
''လာခဲ့လေ..ကိုယ့်စကားကိုနားထောင်ပါ
ကျောက်ခဲရယ်။''
"ဟုတ်ကဲ့ အစ်ကို။"
ကြားလိုက်ရတဲ့စကားသံကြောင့် 'ကျောက်ခဲ' လဲ
မငြင်းနိုင်တော့ သူ့ရဲ့စိတ်အစုံဟာ
ထိုအသံချို ချို ပေါ်မှာပဲပျော်ဝင်သွားခဲ့ပြီး
သူရဲ့နှလုံးအိမ်တစ်ခုလုံးဟာလွှမ်းမိုးခံလိုက်ရတော့တယ်။
သူနဲ့အတူ အခန်းထဲလိုက်ဝင်လာတဲ့ 'ကျောက်ခဲ'
လေးကြောင့် 'သိင်္ခ'ရဲ့မျက်နှာပေါ်မှာ
ဥာဏ်များတဲ့အပြုံးတစ်ခုထပ်ပေါ်လာရပြန်တယ်။
ဒီအိမ်လေးမှာ ဘာသရဲမှမရှိဘူး
သရဲလိုဟန်ဆောင်တတ်တဲ့ သူပဲရှိတာလေ။
ဒီလိုနဲ့'သိင်္ခ'ဟာလန့်နေပုံရတဲ့ကောင်ငယ်လေးရဲ့
လက်ထဲက ထန်းခေါက်ဖာလေးကိုယူလိုက်ပြီး ဘေးနားကစာရေးစားပွဲပေါ်မှာတင်ထားပေးလိုက်တယ်။ အဲ့ဒီနောက်မှာတော့ သူလဲအိပ်ရာပေါ်လှဲချလိုက်ပြီးနောက် ဘေးကကောင်ငယ်လေးကိုရင်ခွင်ထဲဆွဲသွင်းလို့ တင်းကျပ်စွာပွေ့ဖက်ထားလိုက်တော့တယ်။
"အခု နှစ်နှစ်ချိုက်ချိုက်အိပ်လိုက်တော့နော်
မင်းဘေးမှာ ကိုယ်တစ်ယောက်လုံးရှိတယ်။"
'သိင်္ခ' ဟာအလွန်ရွှင်မြူးနေတဲ့
လေသံနဲ့ပြောလိုက်တယ်။
'ကျောက်ခဲ'လဲအလွန်ကိုအိပ်ချင်နေပြီဖြစ်တာကြောင့်ခေါင်းလေးသာညိတ်ပြလိုက်ပြီး၊
တစ်ဖက်လူကိုပြန်လည်ပွေ့ဖက်လိုက်ကာအိပ်စက်လိုက်တော့တယ်။
ရင်ခုန်သံတွေနဲ့ရှင်သန်လို့နေတဲ့ အနွေးဓာတ်အပြည့်နဲ့ထိုရင်ခွင်ကျယ်ထဲ ဝင်ရောက်ခွင့်ရတဲ့အခိုက်အတန့်
လေးက ကျုပ်အတွက်ကမ္ဘာလောကအသစ်တစ်ခုကိုပိုင်ဆိုင်ခွင့်ရလိုက်သလိုပါပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
Upပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်ပါ။
Cmtနဲ့Voteလေးတွေမျှော်နေပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
Previous Chapter
~~~~~~~~~~~~~~
"ေသွ်ာင္ထုံးေလးနဲ႕ ေတာ္ေတာ္ၾကည့္လို႔ေကာင္းတာပဲ'အမာ' နဲ႕ခင္လို႔ရတယ္ေနာ္။"
"ဟုတ္ကဲ့ပါဗ်။"
ရိုရိုက်ိဳးက်ိဳးေလးေျပာလို႔ေနတဲ့ ကိုေ႐ႊေသွ်ာင္ထုံးေလးကိုၾကည့္ၿပီး အမာေတာ္ေတာ္ေလး သေဘာက်ေနမိတယ္။လွစ္ခနဲ ထြက္လာတဲ့ ပါးခ်ိဳင့္ေလးေၾကာင့္ သူ႕ႏွလုံးသားေလးတုန္ယင္သြားရၿပီး ဒီေကာင္ေလးကို သူပိုၿပီးစိတ္ဝင္စားလာရတယ္။ေသွ်ာင္ထုံးကိုယ္ေတာ္ေလးကို'သိခၤ' ဟာ ဘယ္လိုသေဘာထားေနပါလိမ့္။အစားထိုးေကာင္ေလးလား၊အတည္အတံ့လား။
🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚
ေန႕လည္ေန႕ခင္းျဖစ္တာနဲ႕အညီ
ေကာင္းကင္တစ္ခြင္ဟာ
မိုးသားတိမ္လိပ္တို႔ကင္းစင္လ်က္တာေၾကာင့္
'သိခၤ'တို႔အုပ္စုဟာ အိမ္ေလးရဲ႕အျပင္ဘက္၌
လက္ဖက္ရည္ဝိုင္းေလးတည္ၿပီး စကားေျပာလို႔
ေနၾကတယ္။
"တကယ္ေပ်ာ္ဖို႔ေကာင္းမွာပဲေနာ္...ဒီလိုမွန္းသိအမာ ပါလိုက္ခဲ့ပါတယ္။"
'အမာၾကည္' ဟာ တစ္ဖက္လူရဲ႕႐ြာအေၾကာင္းကို
နားေထာင္ကာ အားက်စြာဆိုလိုက္ရင္းေရႏြေးခြက္ေလးကိုမႈတ္ေသာက္လိုက္တယ္။
"ယူ ကေရာ 'ေက်ာက္ခဲေလး'နဲ႕
ဘယ္လိုေတြ႕ခဲ့တာလဲ။"
"အင္း...'ေက်ာက္ခဲ' က က်ဳပ္တို႔ကို လာေခၚရတာေလ။ေက်ာက္ခဲေလးတို႔႐ြာက ၿမိဳ႕နဲ႕အေတာ္ေလးလွမ္းတယ္။ 'အမာ' တို႔ 'ေက်ာက္ခဲ' ကိုျမင္ျမင္ခ်င္းခင္သြားၾကတာကမဆန္းပါဘူး...က်ဳပ္ဆိုအဲ့ထက္ေတာင္ပိုသြားေသးတာ။"
'သိခၤ'က ေဘးနားက ေကာင္ငယ္ေလးရဲ႕မ်က္ႏွာကိုငဲ့ၾကည့္ရင္းေျပာလိုက္တယ္။
"'ေက်ာက္ခဲ' က ႐ြာမွာရည္းစားသညွာရွိခဲ့သလား။"
'ကိုခ်စ္ေမာင္' ဟာသူ႕ရဲ႕မ်က္မွန္ကိုပင့္တင္ရင္း
ခပ္ေအးေအးေမးလာတာမို႔ 'သိခၤ'ရဲ႕မ်က္ႏွာႀကီးစိမ္းဖန႔္သြားရတယ္။
ဒါဘာသေဘာနဲ႕ ေမးတာလဲ။
"မရွိခဲ့ပါဘူးခင္ဗ် ။"
"အံၾသစရာပဲေနာ္....'ေက်ာက္ခဲ'ကဒီေလာက္
ေယာက္်ားပီသတာကို။"
'အမာၾကည္'က ေမးေလးေထာက္ရင္းေျပာေလေတာ့
'ခ်စ္ေမာင္'ဟာ သတိေပးသလိုနဲ႕
ေခ်ာင္းဟန႔္အခ်က္ျပေလတယ္။
"အဟမ္း..အမာ
အခ်ိန္ၾကၿပီေနာ္..သြားၾကစို႔ရဲ႕။"
ထိုအခါမွ 'အမာၾကည္'လဲ တစ္စုံတစ္ခုကိုသတိရသြားဟန္နဲ႕ 'သိခၤ'ကိုေျပာလိုက္တယ္။
"ေအာ္ ....ဟုတ္သားပဲ ေမ့ေနလိုက္တာ
ဒီေန႕ေတာ့ ဒီေလာက္ပဲေနာ္။
အမာ တို႔ 'ပဲခူးကလပ္'မွာ ေဖေဖ့ကို
သံႀကိဳးစာသြားပို႔ေပးရအုံးမွာမို႔ ေနာက္ရက္မ်ားက်
ဆက္ဆက္ထပ္လာခဲ့ပါဦးမယ္။
'ေက်ာက္ခဲေလး'ကို 'အမာ'က ရန္ကုန္ၿမိဳ႕အႏွံ႕
လိုက္ျပေပးမယ္ေနာ္။"
"မလိုပါဘူး...အိမ္ရွင္က်ဳပ္တစ္ေယာက္လုံးရွိပါရဲ႕
'အမာ' အလုပ္ရႈပ္ေနပါအုံးမယ္။"
'သိခၤ' ေဘာက္ဆတ္ဆတ္နဲ႕ပဲျပန္
ေျပာလိုက္တယ္။ 'အမာၾကည္'
ဟာတကယ္ကိုခန႔္မွန္းရခက္တဲ့ မိန္းကေလး
တစ္ေယာက္မို႔ သူ(မ)ဟာ'ေက်ာက္ခဲ'အေပၚ ဘယ္လိုသေဘာထားလဲ ေသခ်ာမသိေသးသ၍ သူ(မ)ကို
'ေက်ာက္ခဲေလး'နဲ႕ရင္းႏွီးခြင့္ေပးမွာမဟုတ္ဘူး။
"'အမာ'က အိမ္မွာအလုပ္အားဆုံးပဲ...ယူသာမၾကာခင္ ေပ်ာ္ပြဲစား႐ုံေတြကိစၥနဲ႕ အလုပ္ရႈပ္ေတာ့မွာမလား။'အမာ' က ယူ မအားတဲ့အခါဆိုလိုက္ပို႔လိုက္မယ္
ဒါဆိုသြားၿပီေနာ္...ယူ သေဘာတူဖို႔မလိုဘူး
ေသွ်ာင္ထုံးကိုယ္ေတာ္ေလး သေဘာတူဖို႔ပဲလိုတယ္။"
လက္ေလးျပကာ ထြက္သြားတဲ့ 'အမာၾကည္'ကို
'သိခၤ'တစ္ေယာက္ေၾကာင္အစြာနဲ႕ လိုက္ၾကည့္ေနမိတယ္။တကယ္ကို 'အမာၾကည္' ကပုံမွန္မဟုတ္ဘူး။
"အဲ့ဒီ အမက သိပ္လွတာပဲေနာ္..
ၿပီးေတာ့ သေဘာလည္းေကာင္းတယ္။"
'ေက်ာက္ခဲ'ကလဲ လက္ေလးျပရင္း မိန္းေမာစြာေျပာလာတာမို႔ 'သိခၤ'ရဲ႕မ်က္လုံးေတြက်ဥ္းေျမာင္းသြားရၿပီး မေက်မနပ္နဲ႕ တစ္ဖက္လူကိုေျပာလိုက္တယ္။
"အဲ့ေတာ့ ကိုယ္က 'အမာၾကည္'
ေလာက္ေတာင္ၾကည့္မေကာင္းဘူးေပါ့ေလ။
'ေက်ာက္ခဲေလး'... မင္းဟာ ငါးစိမ္းျမင္ေတာ့
ငါးကင္ျပစ္ေလသလား ...အစိမ္းနဲ႕အက်က္
ဘယ္ဟာကပိုစားေကာင္းလဲ မင္းေလး
မေတြးတတ္ဘူးလား။"
အစ္ကိုက က်ဳပ္ကိုႏႈတ္ခမ္းေလးတေထာ္ေထာ္နဲ႕
ဆူလာတာမို႔ က်ဳပ္သေဘာတက်ရယ္လိုက္မိတယ္။
အစ္ကို႔ ႏႈတ္ခမ္းေလးေတြက ပန္းဆီေရာင္ေလးသန္းၿပီး ဖူးဖူးအိအိေလးေတြျဖစ္တာေၾကာင့္အခုလို မေက်မနပ္နဲ႕ စူပုတ္ပုတ္ေျပာလာတဲ့အခါဆို သိပ္ကိုအသည္းယားဖို႔ေကာင္းတာဗ် ။
"အစ္ကိုကေတာ့ဗ်ာ..က်ဳပ္က လွၿပီး၊ သေဘာေကာင္းတယ္လို႔ပဲ ေျပာမိတာပါ။ အခုက က်ဳပ္ကို အစ္ကိုကသဝန္တိုေနတာေပါ့ေလ။"
"သဝန္တိုလို႔ မရဘူးလား။"
'သိခၤ'က စိတ္ေကာက္သြားဟန္နဲ႕
အိမ္ထဲကိုလွည့္ဝင္ရင္းေမးေလေတာ့
အေနာက္ကလိုက္လာတဲ့'ေက်ာက္ခဲ'လဲ တုန့္ဆိုင္း
မေနရဲေတာ့ပဲျပန္ေျဖလိုက္ရေတာ့တယ္။
"က်ဳပ္က အစ္ကို႔ကိုပဲေမတၱာရွိတာမို႔
က်ဳပ္ကို သဝန္တိုၿပီးစိတ္ပင္ပန္းေအာင္
မေနပါနဲ႕လားဗ်ာ။"
ထိုအေျဖစကားေလးေၾကာင့္ 'သိခၤ'ရဲ႕
မ်က္ႏွာေပၚမွာဖုံးဖိမရတဲ့ အၿပဳံးေတြျဖစ္ေပၚလာရၿပီး
အေရွ႕ကေကာင္ငယ္ေလးကို ရင္ခြင္ထဲဆြဲသြင္းျပစ္
လိုက္ကာ ခပ္တိုးတိုးေရ႐ြတ္လိုက္ေလတယ္။
"စကားတတ္လြန္းေနတဲ့
မင္းကိုကိုယ္ဘယ္လိုဆုခ်ရပါ့မလဲ။"
ထို႔ေနာက္တြင္ေတာ့
အိမ္ငယ္ေလးထဲဝယ္ လူႏွစ္ေယာက္ရဲ႕
ကလူရယ္ေမာသံေတြနဲ႕ညံသြားေတာ့တယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နာရီျပန္ခုႏွစ္ခ်က္လာက္ထိုးေတာ့ အစ္ကိုနဲ႕က်ဳပ္လဲညေနစာစားဖို႔ဆိုၿပီး ေ႐ႊအိုေရာင္မီးေတြလင္းထိန္ေနတဲ့တစ္ဖက္အိမ္မႀကီးဆီကိုကိုကူးလာခဲ့တယ္ဗ် ။ေဆာင္းဝင္ဖို႔လိုေသးတယ္ဆိုေပမဲ့ နည္းနည္းေတာင္ခ်မ္းခ်င္သလိုျဖစ္ေနၿပီ ၊ တစ္ခ်က္,တစ္ခ်က္
တိုက္လာတဲ့ေလေတြကအေအးဓာတ္ အေတာ္ေလးကိုပါတယ္။
ေရာက္တာျဖင့္
တစ္ရက္မျပည့္ေသးဘူး စံပါယ္နံ႕ေမႊးေနတဲ့
ဥယ်ာဥ္ေလးထဲ လမ္းေလွ်ာက္ရတဲ့အရသာကို
က်ဳပ္အေတာ္ေလးစြဲလန္းေနၿပီဗ် ၊
႐ြာကိုျပန္ေရာက္ရင္ အမ အတြက္ၿခံထဲမွာ
စံပါယ္မ်ိဳးေစ့ေလးေတြဝယ္ၿပီး စပါယ္႐ုံေလးလုပ္ေပးဖို႔ေတာင္က်ဳပ္စိတ္ကူးေနမိတယ္။
က်ဳပ္လဲ အိမ္ႀကီးရဲ႕ဆင္ဝင္ေအာက္ကိုေရာက္မွပဲ
မီးေတြလင္းထိန္ေနတာက ေရနံဆီမီးအိမ္ေတြေၾကာင့္မဟုတ္မွန္းသိေတာ့တယ္။
အလင္းေရာင္လာရာေခါင္မိုးကို က်ဳပ္ေမာ့ၾကည့္လိုက္ေတာ့ ဖန္သီးေလးေတြအမ်ားႀကီးသြယ္တန္းထားတဲ့ ပန္းပြင့္ပုံစံအစုအေဝးႀကီးကိုေတြ႕လိုက္ရတယ္ဗ် ။ေ႐ႊအိုေရာင္ အလင္းတန္းေတြကအဲ့ကေနလာၿပီးေအာက္ထပ္တစ္ခုလုံးကိုလင္းထိန္ေအာင္လုပ္ေပးေနတာ။ရန္ကုန္က တျခားကမၻာတစ္ခုလိုပဲလို႔ ဘဘုန္းေျပာလာတာမထူးဆန္းေတာ့ပါဘူးဗ်ာ...တစ္ကယ္ကို က်ဳပ္တို႔ရဲ႕ဘဝေနထိုင္မႈေတြနဲ႕
ကြာျခားခ်က္ႀကီးလြန္းပါတယ္။
"အဲ့တာကို လွ်ပ္စစ္မီးသီးလို႔ေခၚတယ္။
ေရနံဆီ သုံးစရာမလိုပဲ မီးအလင္းရေအာင္စီမံထားတဲ့ပစၥည္းေပါ့။"
မီးဆိုင္းကို အံၾသဘနန္းေမာ့ၾကည့္လို႔ေနတဲ့
ေကာင္ငယ္ေလးကို 'သိခၤ'တစ္ေယာက္ခပ္တိုးတိုးေလးရွင္းျပလိုက္တယ္။
"ေနာက္ဆို ကိုယ္ျဖဳတ္ၿပီးေသခ်ာျပေပးမယ္
အခုေတာ့သြားရေအာင္။"
သူလဲထိုသို႔သာေျပာလိုက္ၿပီးေနာက္
ေကာင္ငယ္ေလးရဲ႕ပုခုံးကို
ဖက္ၿပီး ထမင္းစားခန္းဆီကိုေခၚလာလိုက္တယ္။
မဟုတ္လို႔ကေတာ့ ဒီကေလးက
မီးသီးကိုၾကည့္ၿပီးထမင္းစားဖို႔ေတာင္
အာ႐ုံရမွာေတာင္မဟုတ္ဘူး။
"ကဲ..ေရာက္လာၾကၿပီကိုး ထိုင္ၾက။"
ထမင္းစားခန္းထဲမွာ ' ၿငိမ္းၿငိမ္း' ဆိုတဲ့ေကာင္မေလးနဲ႕အတူထမင္းဝိုင္းျပင္လို႔ေနတဲ့ေဒၚေဒၚကေျပာလာတာေၾကာင့္ ေပၚလစ္ကိုေျပာင္ေနေအာင္တိုက္ထားတဲ့ကြၽန္းကုလားထိုင္ေလးေတြမွာ အစ္ကိုနဲ႕က်ဳပ္လဲေဘးခ်င္းကပ္ဝင္ထိုင္လိုက္ၾကတယ္။
ဥယ်ာဥ္ၿခံေလးလိုအေရာင္စုံလွတဲ့ အသီးအ႐ြက္ေၾကာ္ေတြနဲ႕အတူ ပဲဆ်ီနဲ့အိနေအောင်ချက်ထားတဲ့ ဆီျပန္အသားဟင္းေတြဟာ စားပြဲေပၚမွာအေရာင္တဝင္းဝင္းနဲ႕စားခ်င္စဖြယ္တာက္ပလို႔ေနတယ္။ ဆီသတ္႐ြက္နဲ႕သစ္ၾကမ္းပိုးေခါက္ကို နာနာဆီသတ္ၿပီးထည့္ထားတာမို႔ေ႐ႊဝါေရာင္သန္းေနတဲ့ သီးစုံပဲကုလားဟင္းေလးဟာလဲ အေငြ႕ေထာင္းေထာင္း။
'ေက်ာက္ခဲ' တစ္ေယာက္ စားပြဲေပၚက အမ်ိဳးစုံလွတဲ့ ဟင္းပြဲေတြကိုၾကည့္ရင္း တံေတြးမ်ိဳခ်လိဳက္ရတယ္။အဲ့ဒီ အသီးအ႐ြက္ေတြအစုံပါတဲ့ ခ်စ္တီးဟင္းရည္ ကိုေသာက္ဖို႔ သူ႕မွာအခ်ိန္ေတာင္ဆြဲမေနခ်င္ေတာ့ဘူး။
"ေမေမ...ဒီကိုေပး
ကြၽန္ေတာ္ခူးလိုက္မယ္။"
'သိခၤ'ကမိခင္လက္ထဲကထမင္းစားပန္းကန္ေတြကိုဆြဲယူရင္းေျပာလိုက္တယ္။ ထို႔ေနာက္မွာေတာ့
ေႂကြသားထမင္းေပါင္းအိုးထဲက ေကာ့ျပန္ေနတဲ့ေ႐ႊဘိုဆန္ထမင္းေတြကိုအညီအမွ်ခူးထည့္ၿပီးေနာက္ မိခင္ျဖစ္သူနဲ႕ 'ေက်ာက္ခဲ'ေရွ႕မွာခ်ေပးလိုက္ေတာ့တယ္။
"ေမေမ့ကို အရင္ဦးခ်မယ္ေနာ္။"
'သိခၤ'ဟာထိုကဲ့သို႔ေျပာျပန္ရင္း မိခင္ပန္းကန္ထဲကို
ဟင္းပန္းကန္တစ္ခုစီတိုင္းက
ဟင္းအခ်ိဳ႕အားခပ္ထည့္
ေပးေနလိုက္တယ္။ထို႔ေနာက္တြင္ေတာ့
အေမႊးအႀကိဳင္တို႔နဲ႕ေသခ်ာႏွပ္ထားၿပီး ႏူးအိေနေအာင္ခ်က္ထားတဲ့ ဆိတ္သားဟင္းအခ်ိဳ႕ ကို 'ေက်ာက္ခဲ'ရဲ႕ပန္းကန္ထဲခပ္ထည့္ေပးလိုက္ေတာ့တယ္။
"အေမႊးအႀကိဳင္ေတြကို ေသခ်ာဆီသတ္ၿပီး
ခ်က္ထားတာ မညွီဘူးေနာ္.....စားၾကည့္
ကိုယ္က ဆိတ္သားဟင္းဆိုသိပ္ႀကိဳက္တာေလ။"
"ဟုတ္ကဲ့။"
'ေက်ာက္ခဲ'ကလဲ တစ္ဖက္လူရဲ႕စကားအတိုင္း
ဆိတ္သားဟင္းနဲ႕ထမင္းလုတ္ခပ္ႀကီးႀကီးကို
ပါးစပ္ထဲသြင္းလိုက္ေတာ့တယ္။
ႏူးညံၿပီးအိေနတဲ့ထမင္းနဲ႕ အရသာညီလွတဲ့ဆိပ္သားဟင္းရဲ႕ခပ္ေမႊးေမႊးအရသာက သူ႕ခံတြင္းထဲမွာ တစ္စုံတစ္ခုေပါက္ကြဲသြားသလိုပဲ။
"ဘယ္လိုလဲ ခံတြင္းေတြ႕ရဲ႕လား။"
"သိပ္ေကာင္းတယ္ အစ္ကို
က်ဳပ္ျဖင့္ ဒီလောက်ကောင်းတဲ့ဆ်ိတ်သားဟင်း
အခုမွပဲ စားဖူးေတာ့တယ္။"
'ေက်ာက္ခဲ'ဟာ ထမင္းလုတ္အား
ပါးေတြေဖာင္းကားတဲ့
အထိဝါးေနရင္းေျပာလာတာမို႔ 'သိခၤ'တို႔သားအမိႏွစ္ေယာက္လည္း ပီတိေတြနဲ႕ၿပဳံးမိၾကတယ္။
"ဟုတ္ပါၿပီကြယ္....ဒါျဖင့္ မ်ားမ်ားသာစားေနာ္
ေမာင္ေက်ာက္ခဲ။"
"ဟင္းရည္ေလးလဲေသာက္အုံး။"
'သိခၤ'ကေဘးကေန အိမ္ရွင္မႀကီးလိုတဖြဖြ
ေျပာရင္း ပဲကုလားဟင္းေတြကို ပန္းကန္လုံးေလးထဲခပ္ထည့္ေပးလိုက္ျပန္တယ္။
ဒီေကာင္ေလးကို အူအယားရဆုံးအခ်ိန္ကိုျပပါဆိုရင္သူ႕အတြက္ကေတာ့ အစားစားေနတဲ့အခ်ိန္လို႔ပဲ
ေျပာမိမယ္ထင္တယ္။ အစားေကာင္းေလးေတြကို
လည္းႀကိဳက္ႏွစ္သက္တတ္ၿပီး
ဟန္ေဆာင္မႈမရွိဘြင္းဘြင္းရွင္းရွင္းနဲ႕ အားရပါးရစားတတ္တာေလးကအစ၊ တၿမဳံၿမဳံနဲ႕ဝါးတတ္တဲ့ပါေဖာင္းေဖာင္းေလးႏွစ္ဖက္အဆုံး သူ႕မွာအသည္းယားေနရတယ္။တစ္ခါတေလဆို အဲ့ဒီပါးေဖာင္းေဖာင္းေလးေတြကို သူဆြဲကိုက္ျပစ္ခ်င္တဲ့စိတ္ေတာင္ေပၚေလ့ရွိတယ္။
'ေက်ာက္ခဲ' နဲ႕သာဆိုရင္ ဆန္ၾကမ္းကိုစားရလဲ
အရသာရွိတယ္၊ ငါးပိရည္နဲ႕စားဆိုလဲ နတ်သုတ်ဒ္ဓါ
လိုပဲ သူစားနိုင္တယ္။ အေရးႀကီးတာက ဒီေကာင္ေလးသူ႕ေဘးနားမွာရွိၿပီး ၿပဳံးရယ္ေနဖို႔ပဲ။
.
.
.
.
.
ဥယ်ာဥ္ၿခံေလးထဲရွိ
အုတ္ခံႏွစ္ထပ္သစ္သားအိမ္ေလးဟာ
ေငြစႏၵာလမင္းရဲ႕အရိပ္ေအာက္မွာၿငိမ္သက္စြာ
အိပ္ေမာက်လ်က္ရွိေသာ္လဲ
ထိုအိမ္ထဲရွိလူႏွစ္ေယာက္
မွာေတာ့ အိပ္ေပ်ာ္နိုင္ျခင္းအလ်ဥ္းမရွိၾကေပ။
ထန္းေခါက္ဖာ ေလးကိုခပ္တင္းတင္းပိုက္ရင္း
အခန္းေရွ႕မွာ မ်က္ႏွာငယ္ေလးနဲ႕ရပ္လို႔ေနတဲ့'ေက်ာက္ခဲ'ေၾကာင့္ 'သိခၤ'ရယ္ခ်င္စိတ္ကို
မနည္းထိန္းထားရတယ္။ ေျပာေတာ့ တစ္ေယာက္ထဲအိပ္ရဲတယ္ဆိုၿပီး အခုက် ေၾကာက္လြန္းလို႔
ၾကက္သီးထသည္အထိ ျဖစ္ေနရၿပီေလ။
"ကိုယ္မေျပာဘူးလား။
ကိုယ္နဲ႕လာအိပ္ပါဆိုတာကို။"
'သိခၤ'က ဟန္ပါပါနဲ႕လက္ပိုက္ၿပီး
မိမိအခန္းတံခါးေရွ႕မွာမွီရပ္
ကာေျပာလိုက္တယ္။
'ေက်ာက္ခဲ'မွာေတာ့အိပ္ခ်င္ေနေပမဲ့လဲ
ထိုအခန္းထဲကိုေတာ့ေနာက္တႀကိမ္ထပ္မသြားခ်င္ေတာ့။ဘုရားရွိခိုးၿပီးအိပ္တာေတာင္ စိတ္ကေျခာက္ျခားလို႔ေနကာ တံခါးဂ်က္ခ်ထားလဲမရ
ျပန္ထၾကည့္လဲပြင့္ေနတတ္ၿပီး ေနာက္ေက်ာမလုံျဖစ္ကာတစ္စုံတစ္ေယာက္ကၾကည့္ေနတယ္
ဆိုတဲ့အသိကသူ႕ကိုထိတ္လန႔္ေစတယ္။
"က်ဳပ္ ေအာက္ထပ္မွာပဲ ဆင္းအိပ္လိုက္ပါ့မယ္။
သရဲေၾကာက္တယ္ပဲေျပာေျပာ က်ဳပ္ဒီအခန္းထဲမွာေတာ့ထပ္မအိပ္ရဲေတာ့ဘူး။"
အိပ္ခ်င္မူးတူးနဲ႕ေျပာလာတဲ့ ေကာင္ငယ္ေလးကိုၾကည့္ၿပီး'သိခၤ'ရဲ႕ႏႈတ္ခမ္းေတြကတစ္ဖက္ကိုေက်နပ္စြာကြးတက္သြားရတယ္။ ေနာက္ဆို 'ေက်ာက္ခဲ'
ေလးကသူမပါပဲ တစ္ေယာက္ထဲအိပ္နိုင္ေတာ့မွာမဟုတ္ဘူး။
"ေအာက္ထပ္မွာ ဆင္းအိပ္လဲ အဲ့လိုျဖစ္ေနဦးမွာပဲ။
ကိုယ္နဲ႕အတူ လာအိပ္မွ မင္းေကာင္းေကာင္း
အိပ္ေပ်ာ္မွာ။"
'သိခၤ'ရဲ႕စူးရွလြန္းတဲ့အၾကည့္နဲ႕ ေအးစက္တဲ့အသံေၾကာင့္ 'ေက်ာက္ခဲ'ရဲ႕ရင္ထဲမွာအမည္မသိတဲ့ခံစားခ်က္အခ်ိဳ႕ ျဖတ္ေျပးသြားၿပီး
အသည္းထဲေအးခနဲျဖစ္သြားရတယ္။
"အစ္ကို တကယ္ေျပာေနတာလားဟင္
ဒီအိမ္မွာ သရဲရွိေနတာလား။"
'ေက်ာက္ခဲ' ရဲ႕စကားေၾကာင့္ 'သိခၤ'ကေနာက္တစ္ႀကိမ္လွပစြာထပ္ၿပဳံးရင္းျပန္ေျဖလိုက္တယ္။
"သရဲမရွိပါဘူးကြာ...'ေက်ာက္ခဲေလး' က
စိတ္ထင္ေနလို႔ပါ မင္းစိတ္ကမလုံမွေတာ့
ဘယ္မွာပဲအိပ္အိပ္ အဲ့လိုျဖစ္ေနဦးမွာပဲေလ။
ေဘးနားမွာ လူတစ္ေယာက္ရွိေနေတာ့
စိတ္လုံတာေပါ့။"
အစ္ကို႔ ရဲ႕စကားကိုက်ဳပ္လဲျဖစ္နိုင္ေခ်ရွိတယ္လို႔ေတြးလိုက္မိတယ္။အစ္ကို႔နားမွာေနရတာက
ပိုလုံၿခဳံ ၿပီး ႏြေးေထြးတာကို က်ဳပ္ဘာေၾကာင့္တစ္ေယာက္ထဲအိပ္ဖို႔ ဆုံးျဖတ္ခဲ့ရတာလဲ။
''လာခဲ့ေလ..
ကိုယ့္စကားကိုနားေထာင္ပါ 'ေက်ာက္ခဲ'ရယ္။''
"ဟုတ္ကဲ့ အစ္ကို။"
ၾကားလိုက္ရတဲ့စကားသံေၾကာင့္ 'ေက်ာက္ခဲ' လဲ
မျငင္းနိုင္ေတာ့ သူ႕ရဲ႕စိတ္အစုံဟာ
ထိုအသံခ်ိဳ ခ်ိဳ ေပၚမွာပဲေပ်ာ္ဝင္သြားခဲ့ၿပီး
သူရဲ႕ႏွလုံးအိမ္တစ္ခုလုံးဟာ
လႊမ္းမိုးခံ လိုက္ရေတာ့တယ္။
သူနဲ႕အတူ အခန္းထဲလိုက္ဝင္လာတဲ့ 'ေက်ာက္ခဲ'
ေလးေၾကာင့္ 'သိခၤ'ရဲ႕မ်က္ႏွာေပၚမွာ
ဥာဏ္မ်ားတဲ့အၿပဳံးတစ္ခုထပ္ေပၚလာရျပန္တယ္။
ဒီအိမ္ေလးမွာ ဘာသရဲမွမရွိဘူး
သရဲလိုဟန္ေဆာင္တတ္တဲ့ သူပဲရွိတာေလ။
ဒီလိုနဲ႕'သိခၤ'ဟာလန့္ေနပုံရတဲ့ေကာင္ငယ္ေလးရဲ႕လက္ထဲက ထန္းေခါက္ဖာေလးကိုယူလိုက္ၿပီး ေဘးနားကစာေရးစားပြဲေပၚမွာတင္ထားေပးလိုက္တယ္။ အဲ့ဒီေနာက္မွာေတာ့ သူလဲအိပ္ရာေပၚလွဲခ်လိဳက္ၿပီးေနာက္ ေဘးကေကာင္ငယ္ေလးကိုရင္ခြင္ထဲဆြဲသြင္းလို႔ တင္းက်ပ္စြာေပြ႕ဖက္ထားလိုက္ေတာ့တယ္။
"အခု ႏွစ္ႏွစ္ခ်ိဳက္ခ်ိဳက္အိပ္လိုက္ေတာ့ေနာ္
မင္းေဘးမွာ ကိုယ္တစ္ေယာက္လုံးရွိတယ္။"
'သိခၤ' ဟာအလြန္႐ႊင္ျမဴးေနတဲ့
ေလသံနဲ႕ေျပာလိုက္တယ္။
'ေက်ာက္ခဲ'လဲအလြန္ကိုအိပ္ခ်င္ေနၿပီျဖစ္တာေၾကာင့္ေခါင္းေလးသာညိတ္ျပလိုက္ၿပီး၊
တစ္ဖက္လူကိုျပန္လည္ေပြ႕ဖက္လိုက္ကာအိပ္စက္လိုက္ေတာ့တယ္။
ရင္ခုန္သံေတြနဲ႕ရွင္သန္လို႔ေနတဲ့ အႏြေးဓာတ္အျပည့္နဲ႕ထိုရင္ခြင္က်ယ္ထဲ ဝင္ေရာက္ခြင့္ရတဲ့အခိုက္အတန႔္
ေလးက က်ဳပ္အတြက္ကမၻာေလာကအသစ္တစ္ခုကိုပိုင္ဆိုင္ခြင့္ရလိုက္သလိုပါပဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
Upေပးလိုက္ပါၿပီ၊ ဖတ္ေပးဖို႔ကမင္းေလးတို႔တာဝန္ပါ။
Cmtနဲ႕Voteေလးေတြေမွ်ာ္ေနပါတယ္။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀