Unicode
~~~~~~~
နောက်တစ်နေ့ မနက်ရောက်တော့ကျုပ်တို့လဲ
မနက်စောစောထပြီး မကွေးမြို့ပေါ်ကို တက်လာခဲ့ကြ
တယ်ဗျ။ 'လေးဘိုးစည်'နဲ့ 'ဦးရွှေမောင်'
တို့တော့ ပါမလာကြတော့ဘူး၊ ခရီးပန်းပြီး
သိပ်မလန်းတော့လို့တဲ့ဗျာ။ အဲ့ဒါကြောင့် ကျုပ်တို့သုံး
ယောက်ပဲ မြို့ပေါ်ကိုရောက်လာခဲ့ကြတယ်။
မြို့ပေါ်ကိုရောက်တော့ ရန်ကုန်ကိုသွားမဲ့
ရထားလက်မှတ်ဖြတ်ပြီး ရထားပေါ်ကိုတက်
လာခဲ့တာပေါ့ ။ ဘူတာကြီးက စည်လိုက်တာဆိုတာဗျာလူတွေများ ပြွတ်ခဲနေတာပဲ။ ကျုပ်ခမျာ လူတွေများလွန်းလို့ နေရာရပါ့မလားတောင်တွေးမိတာ
အစ်ကိုက ဘယ်လိုလုပ်လိုက်လဲမသိ အိပ်စင်တွေလဲပါတဲ့ လူရှင်းတဲ့အတွဲတစ်ခုကိုရလိုက်တယ်ဗျ။အဲ့ဒီရထားတွဲမှာ ကျုပ်တို့သုံးယောက်ရယ်၊ ကျုပ်တို့လိုပဲရန်ကုန်ကိုသွားမဲ့ ညီအစ်မ သုံးယောက်ရယ်ပဲရှိတာပေါ့။
" မြသလွန် စေတီကြီးဆီပို့ပေးအုံးမလို့ပဲ
ဒါပေမဲ့ ရထားအချိန်အရမ်းကပ်သွားလို့။"
အစ်ကိုက ကျုပ်လက်ထဲကို ချောကလက်တောင့်လေးထည့်ပေးရင်း ပြောလာတယ်ဗျ ၊၊ ခပ်နွေးနွေးလေးဖြစ်နေတဲ့ ချောကလက်တောင့် လေးကိုအသာဆုပ်ကိုင်ထားရင်း ကျုပ်ပြုံးမိတယ်။ အစ်ကိုက ကျုပ်အပေါ်သိပ်ကောင်းတာဗျ။ဒါကြောင့်ပဲ အစ်ကိုနဲ့အနေနီးလာလေကျုပ်ပိုသိလာလေပဲအစ်ကို့ကို
ကျုပ်သိပ်ချစ်တယ်ဆိုတာကိုလေ။
"ကျောက်ခဲလေး..။"
ချောကလက်တောင့် လေးကိုကြည့်ပြီး
ပြုံးလို့နေရှာတဲ့ကောင်ငယ်လေးကို 'သိင်္ခ' လှမ်းခေါ်လိုက်တယ်။
"စားလေ ဘာကိစ္စပြုံးကြည့်နေတာတုံး။"
"ဟုတ်ကဲ့..။"
ခေါင်းလေး ညိတ်ရင်း ၊ ပါးစပ်ထဲကို ချောကလိတ်တောင့်လေးပစ်ထည့်လိုက်တဲ့ ကောင်ငယ်လေးက
သူ့မျက်လုံးထဲမှာ တကယ်ကိုချစ်စဖွယ်အတိ။
အချစ်တွေပါတဲ့ ချောကလိတ်မို့သိပ်ချိုမှာပါလေ။
'ကျောက်ခဲ'တို့သုံးယောက်ဟာ မကွေးနှင့်ရန်ကုန်
ကိုဆပ်သွယ်ထားသည့်ရထားအားတစ်ညအိပ်စီးခဲ့ပြီးနောက်၊နှစ်ရက်မြောက် နေ့လယ်အချိန်လောက်တွင်
'ကွမ်းခြံကုန်းဘူတာကြီး'(ယခုရန်ကုန်ဘူတာကြီး)
သို့ရောက်ရှိခဲ့ကြလေတယ်။
ရထားပေါ်ကဆင်းလာတဲ့ ပျားပန်းခက်မျှသော
လူအုပ်တွေထဲမှာ ကောင်ငယ်လေး ရောပါသွားမှာစိုးတာကြောင့် 'သိင်္ခ'လဲ ကောင်ငယ်လေးရဲ့လက်ကို
ကျစ်ကျစ်ပါအောင်ကိုင်ထားရတယ်။ လက်ထဲမှာ
ထန်းခေါက်ဖာ ကြီးတပိုက်ပိုက်နဲ့ ချထားပါ
ဆိုတော့လဲမရ၊အတင်းချိုင်းကြားညှပ်လာသူက
များပြားလှတဲ့ လူတွေကို ခြေဖျားလေးထောက်ပြီးသမင်လည်ပြန် ကြည့်လို့နေတာမို့ ရှေ့တည့်တည့်ကိုကြည့်ဖို့ပြောရတာလဲအမော။
"အလို...ဗုဒ္ဓေါ။"
"ဘာဖြစ်ရပြန်တာတုံး..။"
အံ့အားသင့်စွာ ထွက်ကျလာတဲ့အသံလေးကြောင့်
'သိင်္ခ'မှာနောက်လှည့်ပြီးမေးရပြန်တယ်။
မိခင်ဖြစ်သူကတော့ ရှေ့လူအုပ်နှင့်ရောကာသွားနှင့်လေပြီ။မိမိလက်ထဲမှတစ်ယောက်ကတော့
စူးစမ်းလို့မဝနိုင်သေး။
"အစ်ကိုတို့ဆီက လုံမလေးတွေကဒီလို
အင်္ကျီပါးပါးလေးတွေဝတ်ကြတာလား၊ သူတို့ကိုကြည့်တော့ရွှေတွေငွေတွေသီးနေအောင်ဝတ်ထားပါရဲ့နဲ့ ဘာကြောင့်များ ပိတ်စထူထူချုပ်မဝတ်တာလဲ။
ဟို.... မပြောကောင်း၊ မဆိုကောင်းပါဗျာ အထဲက
အတွင်းဝတ်တောင် မြင်နေရတာမို့လား။"
'ကျောက်ခဲ'ကတော့ လူအုပ်ကြားထဲလဲတိုး
ထိုလူအုပ်ကြားထဲက ရောင်စုံ 'လေဒီကညာ'
လေးတွေကိုလဲ ထန်းခေါက်ဖာတောင်းလေး
အကွယ်ကနေ မရဲတရဲ ခိုးကြည့်ရင်းဆိုလေတယ်။
"အခုမှ ကျေးတေားသားလေးမြို့ရောက်ခါစရှိသေး
မိန်းမလှလေးတွေ လိုက်ကြည့်တတ်နေပြီပေါ့လေ
ဟုတ်စ။"
'သိင်္ခ'ဟာ မိမိအနောက်က စပ်စုစိန်လေးကို
အရှေ့သို့တွန်းပို့ရင်း ခါးကနေခပ်တင်းတင်းဆုပ်ကိုင်
လို့မေးလိုက်တယ်။
"အဲ့ဒီလိုမဟုတ်ရပါဘူး အစ်ကိုရာ
ကျုပ်မျက်စိထဲမယ်
အင်မတန်ထူးဆန်းနေလွန်းလို့ပါဗျ။"
"ထူးဆန်းမနေနဲ့ ဒါရန်ကုန်မှာအသားကျနေပြီ
ကိုယ့်လက်ကိုသာ သေချာကိုင်ထားချည်၊ ဒီလူအုပ်နဲ့
ရောပါသွားလို့ကတော့ ရှာရခက်မှာနော်။"
သူထိုကဲ့သို့ နည်းနည်းခြောက်လိုက်မှပဲ
ရှေ့ကကောင်လေးလဲ ဂဏာငြိမ်တော့တယ်။
'သိင်္ခ'မှာ အထုပ်ကလည်းသယ်ရသေး၊ အရှေ့က
အကောင်ပေါက်လေးကို ထိန်းရနဲ့ အတော်လေးကို
ပင်ပန်းလို့နေရှာကာ၊ ဘူတာရုံထဲကထွက်မှပဲ
သူ့မှာအသက်ဝဝရှုခွင့်ရတော့တယ်။
"အစ်ကိုလေး...။"
'ငြိမ်းငြိမ်း'က ထွက်ပေါက်ကနေချွေးတလုံးလုံးနဲ့
ထွက်လို့လာတဲ့ သူ့ရဲ့အစ်ကိုလေးကို မြင်လိုက်
တာမို့ အပြေးလေးလာလိုက်တယ်။ အစ်ကိုလေး
ခမျာအညာမှာ နေဘယ်လောက်လောင်ခဲ့လဲ
မသိ အသားတွေတောင်ညိုသွားသလိုပဲ။
"ပင်ပန်းနေပြီလား။"
'သိင်္ခ' ကတိုက်ပုံအိပ်ကပ်ထဲက
မျက်နှာသုတ်ပုဝါလေးကိုထုတ်ပြီး ကောင်ငယ်လေးရဲ့
မျက်နှာပေါ်က ချွေးစက်တွေကိုသုတ်ပေးနေလိုက်တယ်။
"အဟဲ...မပင်ပန်းပါဘူးဗျာ။"
"အစ်ကိုလေး အထုတ်တွေ ငြိမ်းငြိမ်းကိုပေး
အမောပြေ ရေလေးနည်းနည်းသောက်လိုက်ပါအုံး။"
'ငြိမ်းငြိမ်း'က အနားကိုရောက်လာပြီး
လက်ထဲကအထုတ်ကို ဆွဲယူလာတာမို့ 'သိင်္ခ'လဲ
အထုတ်ကိုလွှတ်ပေးလိုက်ရတယ်။ ထို့နောက်သူလဲလက်ထဲက ကော်ဘူးအဖုံးလေးကိုဖွင့်ပြီး အဖုံးထဲကိုရေထည့်ကာ ကောင်ငယ်လေးကို ပေးလိုက်တယ်။
"ရေသောက်လိုက်အုံး။"
"ကျေးဇူး အစ်ကို။"
'ငြိမ်းငြိမ်း'မှာတော့ မြင်နေရတဲ့မြင်ကွင်းကို အတော်
လေးအံသြနေမိတယ်။ ဒီလူက ဘယ်သူမို့လို့
အစ်ကိုလေးက အဲ့လောက်တောင်အရေးပေးနေရတာလဲ၊ပုံစံကလဲ သျှောင်ထုံးကြီးနဲ့ ထုံထုံထိုင်းထိုင်းပုံစံကြီးပါလား။
"အထုတ်တွေကို ကားနောက်ဖုံးထဲ
ထည့်ထားလိုက်နော် ငြိမ်းငြိမ်း....သွားရအောင်ကျောက်ခဲ။"
'သိင်္ခ'က ငြိမ်းငြိမ်းကို မှာစရာရှိတာမှာလိုက်ပြီး
'ကျောက်ခဲ'ရဲ့လက်ကနေဆွဲကာ ကားရှိရာကို
ထွက်လာခဲ့လိုက်တယ်။ သူသိပ်ပင်ပန်းနေလို့
လမ်းတောင်မလျှောက်ချင်တော့ဘူး။
"အစ်ကို အဲ့တာကြီးကဘာကြီးလဲ
ခုံးခုံးကြီးပါလား...အထဲမှာလူဝင်ထိုင်လို့ရတယ်လား
တယ်ဆန်းကြယ်သကိုးဗျ။"
'ကျောက်ခဲ'ဟာ မိမိနဲ့မလှမ်းမကမ်းမှာရပ်လို့နေတဲ့
မျက်စိပြူးပြူး၊ ခါးကုန်းကုန်း နဲ့ ခြေထောက်လေးဘက်ပါတဲ့ ဟာကြီးကိုသေချာပြူးကြည့်ရင်းမေးလိုက်တယ်။ပုံမှန်ဆို ဒီလိုအကောင်ကိုမြင်ရတာ ရွာကနွားတွေနဲ့ဆင်တာမို့ သူမအံသြပါဘူး၊
ဒါပေမဲ့ အထဲမှာလူဝင်ထိုင်နေတာကတော့ အတော်ကို
အံသြစရာကောင်းသွားပြီ။
"ဟူးးးအဲ့တာက နွားလှည်းလိုပဲလေကျောက်ခဲရယ်
ခရီးသွားတဲ့အခါသုံးတာ.... မော်တော်ကားလို့ခေါ်တယ်။"
"အော်...ဒါဆိုသူက အသက်ရှိတာပေါ့
ဒါပေမဲ့ မလှုပ်ဘူးနော်။"
"ကဲ...ကိုယ်ကားထဲရောက်မှ သေချာရှင်းပြ
မယ်ဟုတ်ပြီလား။အဲ့တာက အသက်မရှိဘူး အထဲမှာ
စက်ပစ္စည်းတွေထည့်ထားတာ။"
'သိင်္ခ'က ပြောပြောဆိုဆိုနဲ့ ကားတံခါးကို အရင်သွား
ဖွင့်ပြီး အထဲမှာဝင်ထိုင်ပစ်လိုက်တယ်၊
အခုချိန်မှာ သူတုံးလုံးပဲပစ်လှဲချင်လိုက်တော့တာ။
"ကျောက်ခဲ...ဝင်လာလေကွယ်
အဲ့မှာနေခဲ့မလို့လား။"
ကားတံခါးအရှေ့မှာ အူကြောင်ကြောင်နဲ့ရပ်လို့နေတဲ့
ကောင်လေးကို သူလဲအသံဖျော့ဖျော့လေးနဲ့
ပြောလိုက်တော့မှ အထဲကိုမဝံမရဲနဲ့ ဝင်ထိုင်လာတော့တယ်။
"ခဏ လောက်အနားယူလိုက်အုံး
ကိုယ်လည်း ခဏနားလိုက်အုံးမယ်။"
"မောင်းလို့ရပြီ။"
ဒီတော့မှ'သိင်္ခ'လဲ 'ကျောက်ခဲ'ရဲ့လက်လေးကိုဆုပ်ကိုင်လိုက်ပြီးတော့ မျက်လုံးတွေကိုမှိတ်ချပစ်လိုက်တော့တယ်။
ကားခြောက်ဆင်းလောက် ပြိုင်မောင်းလို့ရတဲ့
ကျယ်ပြန့်လှတဲ့မြေသားလမ်းမကြီးတွေရဲ့
ဘေးတစ်ဖက်တစ်ချက်ဆီတိုင်းမှာ စိမ်းစိုနေတဲ့အပင်တွေကိုအလှစိုက်ပျိုးထားတဲ့ အိမ်ကြီးအိမ်ကောင်း၊ ခြံဝန်းကျယ်ကြီးတွေဟာ တိတ်ဆိတ်စွာတည်ရှိလို့နေကြတယ်။
အစ်ကိုကတော့ ပင်ပန်းလို့ထင် ကျုပ်လက်ကို
ကိုင်ပြီး အိပ်ပျော်နေတာမို့ ကျုပ်လဲ
တစ်ချက် ၊တစ်ချက် မြင်ကွင်းထဲကနေ
ဖြတ်ပြေးသွားတတ်တဲ့ လန်ချားလှည်းတွေ နဲ့
မြင်းလှည်းတွေကိုသာသေချာလိုက်ကြည့်နေမိတယ်။
ကျုပ်အခုထိမြင်တွေ့ရသမျှ လူတွေအားလုံးဟာ
ဝတ်ကောင်းစားလှ ကြီးတွေဝတ်ပြီး၊ ခန့်ခန့်ညားညား
ကြီးတွေနဲ့ သွားလာနေကြတာဗျ ။ဒါပေမဲ့ လမ်းတွေကြတော့ တိတ်ဆိတ်လို့နေတယ် လန်ချားပေါ်ကလူက
လန်ချားဆွဲတဲ့ကုလားလေးကိုစကားမပြောဘူး၊
တစ်ယောက်နဲ့တစ်ယောက်တွေ့လို့လဲ
မနှုတ်ဆက်ကြဘူး၊ အိမ်တွေဟာ နီးနီးကပ်ကပ်ရှိပါရဲ့
လူမရှိတဲ့ တစပြင်လိုကြီးပဲ၊ဒါဟာလဲ မြို့ရဲ့အလေ့အထပဲလား ကျုပ်တွေးမိပါရဲ့။
ကျုပ်အတွေးတွေနဲ့ငြိမ်သက်နေတုန်း ကျုပ်စီးနေတဲ့
မော်တော်ကား ဆိုတဲ့အရာက အုတ်အနီရောင်တွေနဲ့
တည်ဆောက်ထားတဲ့ အိမ်ကြီးတစ်လုံးရဲ့ခြံရှေ့မှာ
'ကျွီခနဲ'အသံပေးပြီးရပ်သွားတယ်ဗျ ။
အဲ့ဒီတော့မှပဲ အစ်ကိုက
အိပ်နေရာကနေနိုးလာတယ်။
"အင်း...ရောက်ပြီပဲ
ခဏနေအုံးနော် ကိုယ်ဆင်းဖွင့်ပေးမယ်။"
'သိင်္ခ'ကကားပေါ်ကနေဆင်းလိုက်ပြီး 'ကျောက်ခဲ'
ဘက်ကတံခါးကိုသွားဖွင့်ပေးလိုက်တယ်။
"လာ....ဒါကိုယ်တို့အိမ်ပဲ။"
"အစ်ကိုတို့အိမ်က အကြီးကြီးပဲနော်။"
"သဘောကျလား။"
'သိင်္ခ'က ကောင်ငယ်လေးရဲ့ခေါင်းကိုပုတ်ပြီး
ကြင်နာစွာနဲမေးလိုက်တယ်။ သူလဲအိပ်ရေးဝသွားတာမို့ စိတ်ကလည်းကြည်လင်လို့နေတယ်လေ။
"သဘောကျတာပေါ့....အပင်တွေလဲအများကြီးပဲကျုပ်ဒီလောက်အပင်တွေအများကြီးကို ပျိုးထောင်ရမယ်လို့တစ်ခါမှမတွေးဖူးဘူး။"
"ဒီဥယျာဉ်အတွက်က မင်းဂရုစိုက်စရာမလိုပါဘူး။အနောက်ဘက်ဥယျာဉ်ကိုပဲ မင်းနဲ့ကိုယ်
ပြန်ပြင်ကြတာပေါ့။"
ကျုပ်နဲ့အစ်ကိုလဲ စကားပြောရင်းနဲ့အိမ်ကြီးထဲကို
ဝင်လာခဲ့ကြတယ်။ အိမ်ကြီးရဲ့အောက်ထပ်က
အတော်ကြီးကိုကျယ်တာဗျို့။ အိမ်ကြီးရဲ့ထောင့်နားမှာ စားပွဲဝိုင်းကြီးတဲ့ ထိုင်ခုံတွေရှိပြီး ၊ အနောက်ဘက်ထောင့်စွန်းစွန်းမှာတော့ အဖြူ နဲ့အနက်ရောထားတဲ့ အတုံးလေးတွေပါတဲ့ ထိုင်ခုံလိုဟာကြီးရှိတယ်ဗျ၊၊ အဲ့တာကြီးကအတော်ကိုကြီးတာ...သူ့ရဲ့အပေါ်ပိုင်းမှာလဲ အနက်ရောင်သစ်သားပြားကြီးကို တုတ်ချောင်းတစ်ခုနဲ့ထောက်ထားသေးတယ်။ မြို့ကလူတွေက ထူးဆန်းတဲ့ဟာတွေကိုအတော်လေးနှစ်ချိုက်ကြတာပဲ။
[AK/'စန္ဒယား' ကိုပြောတာပါLol ಥ‿ಥ ]
"မောင်ကျောက်ခဲ ထိုင်အုံးလေ။"
'ဒေါ်ရွှေဇင်ညိမ်း'က အဝမှာရပ်ပြီး စန္ဒယားကိုသေချာ
မျက်လုံးပြူးပြီးကြည့်လို့နေတဲ့ ကလေးကိုခေါ်လိုက်တယ်။အခုမှ မြို့ရောက်ဖူးတာဆိုတော့ သူ့အတွက်အသစ်အဆန်းဖြစ်နေမှာပေါ့လေ။
"အဲ့ဒီ ပီယာနို ကိုအနောက်ဘက်ဥယျာဉ်က အိမ်ထဲ
ပြောင်းဖို့စီစဉ်လိုက်။အောက်ထပ်က
မှန်ပြတင်းရှိတဲ့ဘက်ကိုမျက်နှာမူပြီး
ထားခိုင်းဖို့လဲမမေ့နဲ့။"
'သိင်္ခ'က သူ့အနောက်ကနေပါလာတဲ့ ဒရိုက်ဘာကို
ညွှန်ကြားလိုက်ပြီးနောက် တိုက်ပုံကိုချွတ်ကာ
လက်တစ်ဖက်ပေါ်ကိုပြောင်းတင်လိုက်ပြီး၊ လည်ကတုံးအင်္ကျီက အပေါ်ကြယ်သီးနှစ်လုံးလောက်ကို
ဖြုတ်လိုက်တယ်။ ပြီးတော့မှကျောက်ခဲ ဘေးမှာဝင်ထိုင်ပြီး ပြုံးပြလိုက်တော့တယ်။
"ငြိမ်းငြိမ်း ကအခုထိအအေး
လာမချသေးဘူးလား။"
"လာပါပြီ...အစ်ကိုလေး။"
ဆင်စွယ်ရောင်ရင်ဖုံးအင်္ကျီလေးကို၊ ပန်းခရမ်းရောင်
ချည်လုံချည်လေးနဲ့တွဲဖက် ဝတ်ဆင်ထားတဲ့ အသက် နှစ်ဆယ်အရွယ်မိန်းမပျိုလေးဟာ လိမ္မော်ရည်ဗန်းလေးကိုယူလာပြီး ခပ်သွက်သွက်လျှောက်လာလေတယ်။
"သုံးဆောင်ပါ မေမေကြီး။"
"အင်း။"
'သိင်္ခ'က လိမ္မော်ရည်တစ်ခွက်ကို လှမ်းယူကာ
'ကျောက်ခဲ'ရဲ့အရှေ့ကို ချပေးလိုက်တယ်။
"အမောပြေ သောက်လိုက်နော်။"
"ဒါက အစ်ကိုလေးအတွက်။"
'ငြိမ်းငြိမ်း' ကအလိုက်သိစွာနဲ့ 'သိင်္ခ'ရဲ့အရှေ့မှာ လိမ္မော်ရည်ဖန်ခွက်လေးကိုချပေးလိုက်တယ်။
"အနောက်ဘက်
ဥယျာဉ်အိမ်ကို ရှင်းထားပြီလား
ငြိမ်းငြိမ်း။"
"ပြီးပါပြီ မေမေကြီး
အဆင်သင့် နေရုံပါပဲ။"
"အင်း...ဒါဆို မေမေကြီးအထုတ်တွေကလွဲပြီး
ကျန်တဲ့အထုတ်တွေ အားလုံးကိုအနောက်ဘက်
ဥယျာဉ်မှာထားလိုက်ပါကွယ်။ညည်းအစ်ကိုလေးက
အဲ့မှာပြောင်းနေမလို့တဲ့လေ။တစ်ခါတည်း
မိတ်ဆက်ပေးမယ်...ဒီဘက်က 'မောင်ကျောက်ခဲ'
တဲ့ ရွာကအလည်လိုက်လာတာ နောက်ဆို
ညည်းအစ်ကိုလေးရဲ့ဝေယျာဝစ္စတွေကို
သူကတာဝန်ယူရမှာ။"
'ဒေါ်ရွှေဇင်ညိမ်း'ရဲ့စကားကြောင့် မိန်းမပျို လေးရဲ့
မျက်နှာမှာ အနည်းငယ်ပျက်ယွင်းသွားပေမဲ့ ချက်ချင်းပဲပြန်ပြုံးလိုက်ရင်း မေးလာလေတယ်။
"အော်....ဟုတ်ကဲ့
ဒါဆို သူ့အတွက် အစေခံတန်းလျားမှာ
အခန်းပြင်လိုက်ရမလားဟင်။"
"အစေခံတန်းလျားမှာ..သူ့ကိုနေခိုင်းမယ်
လို့ အစ်ကို ငြိမ်းငြိမ်းကိုပြောမိသလား။"
'သိင်္ခ'က အပြုံးလေးတစ်ပွင့်ဆင်မြန်းရင်းမေးလာပေမဲ့'ငြိမ်းငြိမ်း'ကတော့အလွန်ကိုထိတ်လန့်သွားဟန်ရှိပြီး အလျင်အမြန်တောင်းပန်လာလေတယ်။
"ငြိမ်းငြိမ်း တောင်းပန်ပါတယ် အစ်ကိုလေး။
သူ့ကို ဘယ်နေရာမှာ နေခိုင်းရမယ်ဆိုတာ မသိလို့ပါ။"
"သူက အနောက်ဘက်ဥယျာဉ်မှာ
အစ်ကိုနဲ့လိုက်နေမှာ။"
သူ့ဘေးက အအေးခွက်ကို တဂွတ်ဂွတ်နဲ့မော့သောက်
လို့နေတဲ့ 'ကျောက်ခဲ'ကို ကြည့်ရင်း 'သိင်္ခ'က
ပြောလိုက်တယ်။
" ငြိမ်းငြိမ်း နားလည်ပါပြီ အစ်ကိုလေး။"
"အင်း သွားလို့ရပြီ။"
"ကဲ ကဲ ဒါဆိုမေမေလဲ အပေါ်ပြန်နားတော့မယ်!
သားတို့လဲ မြန်မြန်နားကြတော့"
"ဟုတ်ကဲ့ပါ ဒေါ်ဒေါ်။"
'ကျောက်ခဲ'ကသူ့နှုတ်ခမ်းနားမှာပေနေတဲ့
အအေးစက်လေးတွေကို လက်နဲ့သုတ်ရင်းပြောလိုက်တယ်။အချဉ်အရသာလေးနဲ့ လိမ္မော်နံ့မွှေးမွှေးလေးဖြစ်နေတဲ့လတ်ဆတ်တဲ့အရသာက ကျုပ်ကိုလန်းဆန်းသွားစေတာအမှန် ၊ ကျုပ်ဖြင့်သောက်လို့တောင်မဝဘူး။
"ထပ်သောက်ချင်နေသေး
တယ်မလား..ရော့။"
'သိင်္ခ'က သူ့ခွက်လေးကို 'ကျောက်ခဲ 'လက်ထဲ
ထည့်ပေးရင်းပြောလိုက်တယ်။ သူသိတာပေါ့
ဒီကောင်လေး အအေးကိုသံယောဇဉ်
မပြတ်နိုင်သေးဘူး ဆိုတာကို။
ဒီလိုနဲ့'ကျောက်ခဲ'ကိုအအေး တိုက်ပြီးနောက် သူလဲ
ကောင်ငယ်လေး ကို အနောက်ဘက်ဥယျာဉ် ခြံဝန်း
ထဲကို ခေါ်လာခဲ့လိုက်တယ်။
အနောက်ဘက်ခြံဝန်းက ဆိတ်ငြိမ်အေးချမ်းကာ
နှင်းဆီနီ နဲ့ စံပယ်ပင် အမြောက်အများကိုလဲ
စိုက်ပျိုးထားပြီးနှစ်ထပ်တိုက်လေး
တစ်လုံးလဲရှိတာမို့ 'ကျောက်ခဲ'
လေးသဘောကျမယ်ဆိုတာ မေးနေစရာတောင်မလို။
အနောက်ဘက်ခြံဝန်းထဲကို
ရောက်လာတာနဲ့ စပါယ်နံ့သင်းတဲ့လေထုလေး
ကိုရှုရှိုက်လိုက်ရပြီး ရင်ထဲလဲအေးချမ်းသွားရတယ်ဗျ ၊အစ်ကိုက စံပါယ်ပင်တွေကိုပါစိုက်ထားလေသလား။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Upပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့က မင်းလေးတို့တာဝန်ပါ။
Cmt လေးမစကြပါ။
မနေ့က FBပေါ်မှာ Reviewလေးရေးပေးထားတာတွေ့လိုက်တယ်၊ ပထမဆုံးရဖူးတဲ့ reviewလေးမို့
အရမ်းလဲ ဝမ်းသာရသလို၊ ကျွန်တော့်ကိုလည်း
တကယ်အားဖြစ်စေပါတယ်။ အဲ့ဒီအတွက်
ရေးပေးတဲ့တစ်ယောက်ကိုတစ်ကယ် ကျေးဇူးအများ
ကြီးတင်ပါတယ်နော်💚💚💚
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
Previous Chapter
~~~~~~~~~~~~~~~
"ေက်ာက္ခဲေလး..မင္း ကိုယ့္ကိုခ်စ္တယ္ဆိုတာကို
ကိုယ္ယုံပါတယ္။ဒါေပမဲ့ ကိုယ္ပိုၿပီးေသခ်ာ
ခ်င္တယ္၊ ကိုယ္မင္းကို အဆုံးအရႈံးမခံနိုင္ဘူး။
မင္းကိုယ့္အနားမွာရွိေနဖို႔ ကိုယ္ဘာေတြပဲျဖစ္ျဖစ္လုပ္နိုင္တာမို႔ ကိုယ့္ကိုအရင္ကထက္
အမ်ားႀကီးခ်စ္ေပးရမယ္ေနာ္။ မင္းဘဝထဲကလူေတြအားလုံးထက္ ကိုယ့္ကိုခ်စ္ရမယ္။"
'သိခၤ'ဟာထိုကဲ့သို႔တိုင္တည္ဟန္နဲ႕ ဆိုလိုက္ၿပီးေနာက္
'ေက်ာက္ခဲ'ရဲ႕ေျခဖမိုးေလးကို
အျမတ္တနိုးနမ္းရွိုက္လိုက္ေလေတာ့တယ္။
🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚
ေနာက္တစ္ေန႕ မနက္ေရာက္ေတာ့က်ဳပ္တို႔လဲ
မနက္ေစာေစာထၿပီး မေကြးၿမိဳ႕ေပၚကို တက္လာခဲ့ၾကတယ္ဗ်။ 'ေလးဘိုးစည္'နဲ႕ 'ဦးေ႐ႊေမာင္'
တို႔ေတာ့ ပါမလာၾကေတာ့ဘူး၊ ခရီးပန္းၿပီး
သိပ္မလန္းေတာ့လို႔တဲ့ဗ်ာ။ အဲ့ဒါေၾကာင့္ က်ဳပ္တို႔သုံးေယာက္ပဲ ၿမိဳ႕ေပၚကိုေရာက္လာခဲ့ၾကတယ္။
ၿမိဳ႕ေပၚကိုေရာက္ေတာ့ ရန္ကုန္ကိုသြားမဲ့
ရထားလက္မွတ္ျဖတ္ၿပီး ရထားေပၚကိုတက္
လာခဲ့ၾကတယ္ဗ်။ ဘူတာႀကီးက စည္လိုက္တာဆိုတာဗ်ာလူေတြမ်ား ႁပြတ္ခဲေနတာပဲ။ က်ဳပ္ခမ်ာ လူေတြမ်ားလြန္းလို႔ ေနရာရပါ့မလားေတာင္ေတြးမိတာ
အစ္ကိုက ဘယ္လိုလုပ္လိုက္လဲမသိ အိပ္စင္ေတြလည္းပါၿပီး၊ လူရွင္းတဲ့အတြဲတစ္ခုကိုရလိုက္တယ္ဗ်။အဲ့ဒီရထားတြဲမွာ က်ဳပ္တို႔သုံးေယာက္ရယ္၊ က်ဳပ္တို႔လိုပဲရန္ကုန္ကိုသြားမဲ့ ညီအစ္မ သုံးေယာက္ရယ္ပဲရွိတာေပါ့။
" ျမသလြန္ ေစတီႀကီးဆီပို႔ေပးဦးမလို႔ပဲ
ဒါေပမဲ့ ရထားအခ်ိန္အရမ္းကပ္သြားလို႔။"
အစ္ကိုက က်ဳပ္လက္ထဲကို ေခ်ာကလက္ေတာင့္ေလးထည့္ေပးရင္း ေျပာလာတယ္ဗ် ၊၊ ခပ္ႏြေးႏြေးေလးျဖစ္ေနတဲ့ ေခ်ာကလက္ေတာင့္ ေလးကိုကြၽန္ေတာ္အသာဆုပ္ကိုင္ထားရင္း ၿပဳံးမိတယ္။ အစ္ကိုက က်ဳပ္အေပၚသိပ္ေကာင္းတာဗ်။
အစ္ကိုနဲ႕အေနနီးလာေလက်ဳပ္ပိုသိလာေလပဲ
အစ္ကို႔ကို က်ဳပ္သိပ္ခ်စ္တယ္ဆိုတာကိုေလ။
"ေက်ာက္ခဲေလး..။"
ေခ်ာကလက္ေတာင့္ ေလးကိုၾကည့္ရင္း ၿပဳံးလို႔ေနတဲ့ေကာင္ငယ္ေလး ကို 'သိခၤ' လွမ္းေခၚလိုက္တယ္။
"စားေလ ဘာကိစၥၿပဳံးၾကည့္ေနတာတုန္း။"
"ဟုတ္ကဲ့..။"
ေခါင္းေလး ညိတ္ရင္း ၊ ပါးစပ္ထဲကို ေခ်ာကလိတ္ေတာင့္ေလးျပစ္ထည့္လိုက္တဲ့ ေကာင္ငယ္ေလး
ကိုၾကည့္ၿပီး သူၿပဳံးမိတယ္။ အခ်စ္ေတြပါတဲ့
ေခ်ာကလိတ္မို႔သိပ္ခ်ိဳမွာပါေလ။
'ေက်ာက္ခဲ'တို႔သုံးေယာက္ဟာ မေကြးမွရန္ကုန္သို႔
သြားသည့္ ရထားအားတစ္ညအိပ္စီးခဲ့ၿပီးေနာက္၊
ႏွစ္ရက္ေျမာက္ ေန႕လယ္အခ်ိန္ေလာက္တြင္
'ကြမ္းၿခံကုန္းဘူတာႀကီး'(ယခုရန္ကုန္ဘူတာႀကီး)သို႔ေရာက္ရွိခဲ့ၾကေလတယ္။
ရထားေပၚကဆင္းလာတဲ့ ပ်ားပန္းခက္မွ်ေသာ
လူအုပ္ေတြထဲမွာ ေကာင္ငယ္ေလး ေရာပါသြားမွာဆိုးတာေၾကာင့္ 'သိခၤ'လဲ ေကာင္ငယ္ေလးရဲ႕လက္ကိုက်စ္က်စ္ပါေအာင္ကိုင္ထားရတယ္။ လက္ထဲမွာ
ထန္းေခါက္ဖာ ႀကီးတပိုက္ပိုက္နဲ႕ ခ်ထားပါ
ဆိုေတာ့လဲမရ၊အတင္းခ်ိဳင္းၾကားညွပ္လာသူကို
မ်ားျပားလွတဲ့ လူေတြကို ေျခဖ်ားေလးေထာက္ၿပီးသမင္လည္ျပန္ ၾကည့္လို႔ေနတာမို႔ ေရွ႕တည့္တည့္ကိုၾကည့္ဖို႔ေျပာရတာလည္းအေမာ။
"အလို...ဗုေဒၶါ။"
"ဘာျဖစ္ရျပန္တာတုန္း..။"
အံၾသသင့္စြာ ထြက္က်လာတဲ့အသံေလးေၾကာင့္ 'သိခၤ'မွာေနာက္လွည့္ၿပီးေမးရျပန္တယ္။
မိခင္ျဖစ္သူကေတာ့ ေရွ႕လူအုပ္ႏွင့္ေရာကာသြားႏွင့္ေလၿပီ။မိမိလက္ထဲမွတစ္ေယာက္ကေတာ့
စူးစမ္းလို႔မဝနိုင္ေသး။
"အစ္ကိုတို႔ဆီက လုံမေလးေတြကဒီလို
အကၤ်ီပါးပါးေလးေတြဝတ္ၾကတာလား၊ သူတို႔ကိုၾကည့္ေတာ့ေ႐ႊေတြေငြေတြသီးေနေအာင္ဝတ္ထားပါရဲ႕နဲ႕ ဘာေၾကာင့္မ်ား ပိတ္စထူထူခ်ဳပ္မဝတ္တာလဲ။ဟို.... မေျပာေကာင္း၊ မဆိုေကာင္းပါဗ်ာ အထဲက အတြင္းဝတ္ေတာင္ ျမင္ေနရတာမို႔လား။"
'ေက်ာက္ခဲ'ကေတာ့ လူအုပ္ၾကားထဲလဲတိုး
ထိုလူအုပ္ၾကားထဲက ေရာင္စုံ 'ေလဒီကညာ'
ေလးေတြကိုလဲ ထန္းေခါက္ဖာေတာင္းေလး
အကြယ္ကေန မရဲတရဲ ခိုးၾကည့္ရင္းဆိုေလတယ္။
"အခုမွ ေက်းေတားသားေလးၿမိဳ႕ေရာက္ခါစရွိေသးမိန္းမလွေလးေတြ လိုက္ၾကည့္တတ္ေနၿပီေပါ့ေလဟုတ္စ။"
'သိခၤ'ဟာ မိမိအေနာက္က စပ္စုစိန္ေလးကို
အေရွ႕သို႔တြန္းပို႔ရင္း ခါးကေနခပ္တင္းတင္းဆုပ္ကိုင္လို႔ေမးလိုက္တယ္။
"အဲ့ဒီလိုမဟုတ္ရပါဘူး အစ္ကိုရာ
က်ဳပ္မ်က္စိထဲမယ္
အင္မတန္ထူးဆန္းေနလြန္းလို႔ပါဗ်။"
"ထူးဆန္းမေနနဲ႕ ဒါရန္ကုန္မွာအသားက်ေနၿပီ
ကိုယ့္လက္ကိုသာ ေသခ်ာကိုင္ထားခ်ည္၊ ဒီလူအုပ္နဲ႕
ေရာပါသြားလို႔ကေတာ့ ရွာရခက္မွာေနာ္။"
သူထိုကဲ့သို႔ နည္းနည္းေျခာက္လိုက္မွပဲ
ေရွ႕ကေကာင္ေလးလဲ ဂဏာၿငိမ္ေတာ့တယ္။
'သိခၤ'မွာ အထုပ္ကလည္းသယ္ရေသး၊ အေရွ႕က
အေကာင္ေပါက္ေလးကို ထိန္းရနဲ႕ အေတာ္ေလးကိုပင္ပန္းလို႔ေနရွာတယ္။ ဘူတာ႐ုံထဲကထြက္မွပဲ
သူ႕မွာအသက္ဝဝရႈခြင့္ရေတာ့တယ္။
"အစ္ကိုေလး...။"
'ၿငိမ္းၿငိမ္း'က ထြက္ေပါက္ကေနေခြၽးတလုံးလုံးနဲ႕ထြက္လို႔လာတဲ့ သူ႕ရဲ႕အစ္ကိုေလးကို ျမင္လိုက္တာမို႔ အေျပးေလးလာလိုက္တယ္။ အစ္ကိုေလးခင္ဗ်ာအညာမွာ ေနဘယ္ေလာက္ေလာင္ခဲ့လဲ
မသိ အသားေတြေတာင္ညိုသြားသလိုပဲ။
"ပင္ပန္းေနၿပီလား။"
'သိခၤ' ကတိုက္ပုံအိပ္ကပ္ထဲက
မ်က္ႏွာသုတ္ပုဝါေလးကိုထုတ္ၿပီး ေကာင္ငယ္ေလးရဲ႕မ်က္ႏွာေပၚက ေခြၽးစက္ေတြကိုသုတ္ေပးကာ ေမးလိုက္တယ္။
"အဟဲ...မပင္ပန္းပါဘူးဗ်ာ။"
"အစ္ကိုေလး အထုတ္ေတြ ၿငိမ္းၿငိမ္းကိုေပး
အေမာေျပ ေရေလးနည္းနည္းေသာက္လိုက္ပါအုံး။"
'ၿငိမ္းၿငိမ္း'က အနားကိုေရာက္လာၿပီး
လက္ထဲကအထုတ္ကို ဆြဲယူလာတာမို႔ 'သိခၤ'လဲ
အထုတ္ကိုလႊတ္ေပးလိုက္ရတယ္။ ထို႔ေနာက္သူလဲလက္ထဲက ေကာ္ဘူးအဖုံးေလးကိုဖြင့္ၿပီး အဖုံးထဲကိုေရထည့္လိုက္ကာ ေကာင္ငယ္ေလးကို ေပးလိုက္တယ္။
"ေရေသာက္လိုက္အုံး။"
"ေက်းဇူး အစ္ကို။"
'ၿငိမ္းၿငိမ္း'မွာေတာ့ ျမင္ေနရတဲ့ျမင္ကြင္းကို အေတာ္ေလးအံၾသေနမိတယ္။ ဒီလူက ဘယ္သူမို႔လို႔ အစ္ကိုေလးက အဲ့ေလာက္ေတာင္အေရးေပးေနရတာလဲ၊ပုံစံကလဲ ေသွ်ာင္ထုံးႀကီးနဲ႕ ထုံထုံထိုင္းထိုင္းပုံစံႀကီးပါလား။
"အထုတ္ေတြကို ကားေနာက္ဖုံးထဲ
ထည့္ထားလိုက္ေနာ္ ၿငိမ္းၿငိမ္း....သြားရေအာင္ေက်ာက္ခဲ။"
'သိခၤ'က ၿငိမ္းၿငိမ္းကို မွာစရာရွိတာမွာလိုက္ၿပီး
'ေက်ာက္ခဲ'ရဲ႕လက္ကေနဆြဲကာ ကားရွိရာကို
ထြက္လာခဲ့လိုက္တယ္။ သူသိပ္ပင္ပန္းေနလို႔
လမ္းေတာင္မေလွ်ာက္ခ်င္ေတာ့ဘူး။
"အစ္ကို အဲ့တာႀကီးကဘာႀကီးလဲ
ခုံးခုံးႀကီးပါလား...အထဲမွာလူဝင္ထိုင္လို႔ရတယ္လား
တယ္ဆန္းၾကယ္သကိုးဗ်။"
'ေက်ာက္ခဲ'ဟာ မိမိနဲ႕မလွမ္းမကမ္းမွာရပ္လို႔ေနတဲ့မ်က္စိျပဴးျပဴး၊ ခါးကုန္းကုန္း နဲ႕ ေျခေထာက္ေလးဘက္ပါတဲ့ ဟာႀကီးကိုေသခ်ာျပဴးၾကည့္ရင္းေမးလိုက္တယ္။ပုံမွန္ဆို ဒီလိုအေကာင္ကိုျမင္ရတာ ႐ြာကႏြားေတြနဲ႕ဆင္တာမို႔ သူမအံၾသပါဘူး၊ ဒါေပမဲ့ အထဲမွာလူဝင္ထိုင္ေနတာကေတာ့ အေတာ္ကိုအံၾသစရာေကာင္းသြားၿပီ။
"ဟူးးးအဲ့တာက ႏြားလွည္းလိုပဲေလ'ေက်ာက္ခဲ'ရယ္ခရီးသြားတဲ့အခါသုံးတာ.... ေမာ္ေတာ္ကားလို႔ေခၚတယ္။"
"ေအာ္...ဒါဆိုသူက အသက္ရွိတာေပါ့
ဒါေပမဲ့ မလႈပ္ဘူးေနာ္။"
"ကဲ...ကိုယ္ကားထဲေရာက္မွ ေသခ်ာရွင္းျပ
မယ္ဟုတ္ၿပီလား။အဲ့တာက အသက္မရွိဘူး အထဲမွာ
စက္ပစၥည္းေတြထည့္ထားတာ။"
'သိခၤ'ဟာ ေျပာေျပာဆိုဆိုနဲ႕ ကားတံခါးကို အရင္သြားဖြင့္လိုက္ၿပီး အထဲမွာဝင္ထိုင္ျပစ္လိုက္တယ္၊
အခုခ်ိန္မွာ သူတုံးလုံးပဲျပစ္လွဲခ်င္လိုက္ေတာ့တာ။
"ေက်ာက္ခဲ...ဝင္လာေလကြယ္
အဲ့မွာေနခဲ့မလို႔လား။"
ကားတံခါးအေရွ႕မွာ အူေၾကာင္ေၾကာင္နဲ႕ရပ္လို႔ေနတဲ့ေကာင္ေလးကို သူလဲအသံေဖ်ာ့ေဖ်ာ့ေလးနဲ႕ေျပာလိုက္ေတာ့မွ အထဲကိုမဝံမရဲနဲ႕ ဝင္ထိုင္လာေတာ့တယ္။
"ခဏ ေလာက္အနားယူလိုက္ဦး
ကိုယ္လည္း ခဏနားလိုက္ဦးမယ္။"
"ေမာင္းလို႔ရၿပီ။"
'သိခၤ'လဲ 'ေက်ာက္ခဲ'ရဲ႕လက္ေလးကိုဆုပ္ကိုင္
လိုက္ၿပီးေတာ့ မ်က္လုံးေတြကိုမွိတ္ခ်ျပစ္လိုက္ေတာ့တယ္။ကား အင္ဂ်င္ပိုက္ကေန မီးခိုးေငြ႕ေတြထြက္လာကာအင္ဂ်င္အသံေပးၿပီးေနာက္ ေအာ္စတင္ကားေလးႏွစ္စီးမွာ ဘူတာႀကီးဆီကေနေရွ႕ဆင့္ေနာက္ဆင့္ပဲထြက္သြားၾကေလေတာ့တယ္။
ကားေျခာက္ဆင္းေလာက္ ၿပိဳင္ေမာင္းလို႔ရတဲ့က်ယ္ျပန႔္လွတဲ့ေျမသားလမ္းမႀကီးေတြရဲ႕ေဘးတစ္ဖက္တစ္ခ်က္ဆီတိုင္းမွာ စိမ္းစိုေနတဲ့အပင္ေတြကိုအလွစိုက္ပ်ိဳးထားတဲ့ အိမ္ႀကီးအိမ္ေကာင္း၊ ၿခံဝန္းက်ယ္ႀကီးေတြဟာ တိတ္ဆိတ္စြာတည္ရွိလို႔ေနၾကတယ္။
အစ္ကိုကေတာ့ ပင္ပန္းလို႔ထင္ က်ဳပ္လက္ကို
ကိုင္ၿပီး အိပ္ေပ်ာ္ေနတာမို႔ က်ဳပ္လဲ
တစ္ခ်က္ ၊တစ္ခ်က္ ျမင္ကြင္းထဲကေန
ျဖတ္ေျပးသြားတတ္တဲ့ လန္ခ်ားလွည္းေတြ နဲ႕
ျမင္းလွည္းေတြကိုသာေသခ်ာလိုက္ၾကည့္ေနမိတယ္။
က်ဳပ္အခုထိျမင္ေတြ႕ရသမွ် လူေတြအားလုံးဟာ
ဝတ္ေကာင္းစားလွ ႀကီးေတြဝတ္ၿပီး၊ ခန႔္ခန႔္ညားညားႀကီးေတြနဲ႕ သြားလာေနၾကတာဗ် ။ဒါေပမဲ့ လမ္းေတြၾကေတာ့ တိတ္ဆိတ္လို႔ေနတယ္ လန္ခ်ားေပၚကလူက
လန္ခ်ားဆြဲတဲ့ကုလားေလးကိုစကားမေျပာဘူး၊
တစ္ေယာက္နဲ႕တစ္ေယာက္ေတြ႕လို႔လဲ
မႏႈတ္ဆက္ၾကဘူး၊ အိမ္ေတြဟာ နီးနီးကပ္ကပ္ရွိပါရဲ႕
လူမရွိတဲ့ တစျပင္လိုႀကီးပဲ၊ဒါဟာလည္း ၿမိဳ႕ရဲ႕အေလ့အထပဲလား က်ဳပ္ေတြးမိပါရဲ႕။
က်ဳပ္အေတြးေတြနဲ႕ၿငိမ္သက္ေနတုန္း က်ဳပ္စီးေနတဲ့
ေမာ္ေတာ္ကား ဆိုတဲ့အရာက အုတ္အနီေရာင္ေတြနဲ႕ တည္ေဆာက္ထားတဲ့ အိမ္ႀကီးတစ္လုံးရဲ႕ၿခံေရွ႕မွာ 'ကြၽီခနဲ'အသံေပးၿပီးရပ္သြားတယ္ဗ် ။
အဲ့ဒီေတာ့မွပဲ အစ္ကိုက
အိပ္ေနရာကေနနိုးလာတယ္။
"အင္း...ေရာက္ၿပီပဲ
ခဏေနဦးေနာ္ ကိုယ္ဆင္းဖြင့္ေပးမယ္။"
'သိခၤ'ကကားေပၚကေနဆင္းလိုက္ၿပီး 'ေက်ာက္ခဲ'
ဘက္ကတံခါးကိုသြားဖြင့္ေပးလိုက္တယ္။
"လာ....ဒါကိုယ္တို႔အိမ္ဘဲ။"
"အစ္ကိုတို႔အိမ္က အႀကီးႀကီးဘဲေနာ္။"
"သေဘာက်လား။"
'သိခၤ'က ေကာင္ငယ္ေလးရဲ႕ေခါင္းကိုပုတ္ၿပီး
ၾကင္နာစြာနဲေမးလိုက္တယ္။ သူလဲအိပ္ေရးဝသြားတာမို႔ စိတ္ကလည္းၾကည္လင္လို႔ေနတယ္ေလ။
"သေဘာက်တာေပါ့....အပင္ေတြလဲအမ်ားႀကီးပဲက်ဳပ္ဒီေလာက္အပင္ေတြအမ်ားႀကီးကို ပ်ိဳးေထာင္ရမယ္လို႔တစ္ခါမွမေတြးဖူးဘူး။"
"ဒီဥယ်ာဥ္အတြက္က မင္းဂ႐ုစိုက္စရာမလိုပါဘူး။အေနာက္ဘက္ဥယ်ာဥ္ကိုပဲ မင္းနဲ႕ကိုယ္
ျပန္ျပင္ၾကတာေပါ့။"
က်ဳပ္နဲ႕အစ္ကိုလဲ စကားေျပာရင္းနဲ႕အိမ္ႀကီးထဲကို
ဝင္လာခဲ့ၾကတယ္။ အိမ္ႀကီးရဲ႕ေအာက္ထပ္က
အေတာ္ႀကီးကိုက်ယ္တာဗ်ိဳ႕။ အိမ္ႀကီးရဲ႕ေထာင့္နားမွာ စားပြဲဝိုင္းႀကီးတဲ့ ထိုင္ခုံေတြရွိၿပီး ၊ အေနာက္ဘက္ေထာင့္စြန္းစြန္းမွာေတာ့ အျဖဴ နဲ႕အနက္ေရာထားတဲ့ အတုံးေလးေတြပါတဲ့ ထိုင္ခုံလိုဟာႀကီးရွိတယ္ဗ်၊၊ အဲ့တာႀကီးကအေတာ္ကိုႀကီးတာ...သူ႕ရဲ႕အေပၚပိုင္းမွာလဲ အနက္ေရာင္သစ္သားျပားႀကီးကို တုတ္ေခ်ာင္းတစ္ခုနဲ႕ေထာက္ထားေသးတယ္။ ၿမိဳ႕ကလူေတြက ထူးဆန္းတဲ့ဟာေတြကိုအေတာ္ေလးႏွစ္ခ်ိဳက္ၾကတာပဲ။
[AK/'စႏၵယား' ကိုေျပာတာပါLol ]
"ေမာင္ေက်ာက္ခဲ ထိုင္ဦးေလ။"
'ေဒၚေ႐ႊဇင္ညိမ္း'က အဝမွာရပ္ၿပီး စႏၵယားကိုေသခ်ာမ်က္လုံးျပဴးၿပီးၾကည့္လို႔ေနတဲ့ ကေလးကိုေခၚလိုက္တယ္။အခုမွ ၿမိဳ႕ေရာက္ဖူးတာဆိုေတာ့ သူ႕အတြက္အသစ္အဆန္းျဖစ္ေနမွာေပါ့ေလ။
"အဲ့ဒီ ပီယာနို ကိုအေနာက္ဘက္ဥယ်ာဥ္က အိမ္ထဲ
ေျပာင္းဖို႔စီစဥ္လိုက္။ေအာက္ထပ္က
မွန္ျပတင္းရွိတဲ့ဘက္ကိုမ်က္ႏွာမူၿပီး
ထားခိုင္းဖို႔လဲမေမ့နဲ႕။"
'သိခၤ'က သူ႕အေနာက္ကေနပါလာတဲ့ ဒရိုက္ဘာကို
ၫႊန္ၾကားလိုက္ၿပီးေနာက္ တိုက္ပုံကိုခြၽတ္ကာ
လက္တစ္ဖက္ေပၚကိုေျပာင္းတင္လိုက္ၿပီး လည္ကတုန္းအကၤ်ီက အေပၚၾကယ္သီးႏွစ္လုံးေလာက္ကို
ျဖဳတ္လိုက္တယ္။ ၿပီးေတာ့မွေက်ာက္ခဲ ေဘးမွာဝင္ထိုင္ၿပီး ၿပဳံးျပလိုက္ေတာ့တယ္။
"ၿငိမ္းၿငိမ္း ကအခုထိအေအး
လာမခ်ေသးဘူးလား။"
"လာပါၿပီ...အစ္ကိုေလး။"
ဆင္စြယ္ေရာင္ရင္ဖုံးအကၤ်ီေလးကို၊ ပန္းခရမ္းေရာင္ခ်ည္လုံခ်ည္ေလးနဲ႕တြဲဖက္ ဝတ္ဆင္ထားတဲ့ အသက္ ႏွစ္ဆယ္အ႐ြယ္မိန္းမပ်ိဳေလးဟာ လိေမၼာ္ရည္ဗန္းေလးကိုယူလာၿပီး ခပ္သြက္သြက္ေလွ်ာက္လာေလတယ္။
"သုံးေဆာင္ပါ ေမေမႀကီး။"
"အင္း။"
'သိခၤ'က လိေမၼာ္ရည္တစ္ခြက္ကို လွမ္းယူကာ
'ေက်ာက္ခဲ'ရဲ႕အေရွ႕ကို ခ်ေပးလိုက္တယ္။
"အေမာေျပ ေသာက္လိုက္ဦးေနာ္။"
"ဒါက အစ္ကိုေလးအတြက္။"
'ၿငိမ္းၿငိမ္း' ဟာ 'သိခၤ'ရဲ႕အေရွ႕မွာ လိေမၼာ္ရည္ဖန္ခြက္ေလးကိုခ်ေပးလိုက္တယ္။
"အေနာက္ဘက္
ဥယ်ာဥ္အိမ္ကို ရွင္းထားၿပီလား
ၿငိမ္းၿငိမ္း။"
"ၿပီးပါၿပီ ေမေမႀကီး
အဆင္သင့္ ေန႐ုံပါပဲ။"
"အင္း...ဒါဆို ေမေမႀကီးအထုတ္ေတြကလြဲၿပီးက်န္တဲ့အထုတ္ေတြ အားလုံးကိုအေနာက္ဘက္
ဥယ်ာဥ္မွာထားလိုက္ပါကြယ္။ညည္းအစ္ကိုေလးက
အဲ့မွာေျပာင္းေနမလို႔တဲ့ေလ။တစ္ခါတည္း
မိတ္ဆက္ေပးမယ္...ဒီဘက္က 'ေမာင္ေက်ာက္ခဲ'
တဲ့ ႐ြာကအလည္လိုက္လာတာ ေနာက္ဆို
ညည္းအစ္ကိုေလးရဲ႕ေဝယ်ာဝစၥေတြကို
သူကတာဝန္ယူရမွာ။"
'ေဒၚေ႐ႊဇင္ညိမ္း'ရဲ႕စကားေၾကာင့္ မိန္းမပ်ိဳ ေလးရဲ႕မ်က္ႏွာမွာ အနည္းငယ္ပ်က္ယြင္းသြားေပမဲ့ ခ်က္ခ်င္းပဲျပန္ၿပဳံးလိုက္ရင္း ေမးလာေလတယ္။
"ေအာ္....ဟုတ္ကဲ့
ဒါဆို သူ႕အတြက္ အေစခံတန္းလ်ားမွာ
အခန္းျပင္လိုက္ရမလားဟင္။"
"အေစခံတန္းလ်ားမွာ..သူ႕ကိုေနခိုင္းမယ္
လို႔ အစ္ကို 'ၿငိမ္းၿငိမ္း'ကိုေျပာမိသလား။"
'သိခၤ'က အၿပဳံးေလးတစ္ပြင့္ဆင္ျမန္းရင္းေမးလာေပမဲ့'ၿငိမ္းၿငိမ္း'ကေတာ့အလြန္ကိုထိတ္လန့္သြားဟန္ရွိၿပီး အလ်င္အျမန္ေတာင္းပန္လာေလတယ္။
"'ၿငိမ္းၿငိမ္း' ေတာင္းပန္ပါတယ္ အစ္ကိုေလး။
သူ႕ကို ဘယ္ေနရာမွာ ေနခိုင္းရမယ္ဆိုတာ မသိလို႔ပါ။"
"သူက အေနာက္ဘက္ဥယ်ာဥ္မွာ
အစ္ကိုနဲ႕လိုက္ေနမွာ။"
သူ႕ေဘးက အေအးခြက္ကို တဂြတ္ဂြတ္နဲ႕ေမာ့ေသာက္လို႔ေနတဲ့ 'ေက်ာက္ခဲ'ကို ၾကည့္ရင္း 'သိခၤ'က
ေျပာလိုက္တယ္။
" ၿငိမ္းၿငိမ္း နားလည္ပါၿပီ အစ္ကိုေလး။"
"အင္း သြားလို႔ရၿပီ။"
"ကဲ ကဲ ဒါဆိုေမေမလဲ အေပၚျပန္နားေတာ့မယ္!
သားတို႔လဲ ျမန္ျမန္နားၾကေတာ့"
"ဟုတ္ကဲ့ပါ ေဒၚေဒၚ။"
'ေက်ာက္ခဲ'ကသူ႕ႏႈတ္ခမ္းနားမွာေပေနတဲ့
အေအးစက္ေလးေတြကို လက္နဲ႕သုတ္ရင္းေျပာလိုက္တယ္။အခ်ဥ္အရသာေလးနဲ႕ လိေမၼာ္နံ႕ေမႊးေမႊးေလးျဖစ္ေနတဲ့လတ္ဆတ္တဲ့အရသာက က်ဳပ္ကိုလန္းဆန္းသြားေစတာအမွန္ ၊ က်ဳပ္ျဖင့္ေသာက္လို႔ေတာင္မဝဘူး။
"ထပ္ေသာက္ခ်င္ေနေသး
တယ္မလား..ေရာ့။"
'သိခၤ'က သူ႕ခြက္ေလးကို 'ေက်ာက္ခဲ 'လက္ထဲ
ထည့္ေပးရင္းေျပာလိုက္တယ္။ သူသိတာေပါ့
ဒီေကာင္ေလး အေအးကိုသံေယာဇဥ္
မျပတ္နိုင္ေသးဘူး ဆိုတာကို။
'ေက်ာက္ခဲ'ကိုအေအး တိုက္ၿပီးေနာက္ သူလဲ
ေကာင္ငယ္ေလး ကို အေနာက္ဘက္ဥယ်ာဥ္ ၿခံဝန္း
ထဲကို ေခၚလာခဲ့လိုက္တယ္။
အေနာက္ဘက္ၿခံဝန္းက ဆိတ္ၿငိမ္ေအးခ်မ္းကာ
ႏွင္းဆီနီ နဲ႕ စံပယ္ပင္ အေျမာက္အမ်ားကိုလဲ
စိုက္ပ်ိဳးထားၿပီးႏွစ္ထပ္တိုက္ေလး
တစ္လုံးလည္းရွိတာမို႔ 'ေက်ာက္ခဲ'
ေလးသေဘာက်မယ္ဆိုတာ ေမးေနစရာေတာင္မလို။
အေနာက္ဘက္ၿခံဝန္းထဲကို
ေရာက္လာတာနဲ႕ စပါယ္နံ႕သင္းတဲ့ေလထုေလး
ကိုရႈရွိုက္လိုက္ရၿပီး ရင္ထဲလဲေအးခ်မ္းသြားရတယ္ဗ် ၊အစ္ကိုက စံပါယ္ပင္ေတြကိုပါစိုက္ထားေလသလား။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Upေပးလိုက္ပါၿပီ၊ ဖတ္ေပးဖို႔က မင္းေလးတို႔တာဝန္ပါ။
Cmt ေလးမစၾကပါ။
မေန႕က FBေပၚမွာ Reviewေလးေရးေပးထားတာေတြ႕လိုက္တယ္၊ ပထမဆုံးရဖူးတဲ့ reviewေလးမို႔
အရမ္းလဲ ဝမ္းသာရသလို၊ ကြၽန္ေတာ့္ကိုလည္းတကယ္အားျဖစ္ေစပါတယ္။ အဲ့ဒီအတြက္
ေရးေပးတဲ့တစ္ေယာက္ကိုတစ္ကယ္ ေက်းဇူးအမ်ား
ႀကီးတင္ပါတယ္ေနာ္
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀