Unicode
~~~~~~~
ညနေ 'ရေခပ်ချိန် ' လောက်ရောက်တော့ အကျွေးအမွေးကိစ္စလဲပြီးသွားတယ်ဗျ။
ပိုတဲ့ဟင်းတွေကို ရွာထဲတစ်အိမ်ဆင်း
တစ်အိမ်တက်လိုက်ဝေပြီးတဲ့နောက်မှာတော့ ကျုပ်တို့လဲအိုးတွေ၊ ခွက်တွေကိုဆေးကြောသုတ်သင်ရတော့တယ်။မဏ္ဍပ်တွေဘာတွေလဲဖျက်၊ အမှိုက်တွေဘာတွေသိမ်းနဲ့'နွားရိုင်းသွင်းချိန်'လောက်ရောက်
မှကိစ္စအားလုံးပြီးသွားတော့တာဗျာ။
အစ်ကိုနဲ့ကျုပ်လဲရွာဦးကျောင်းမှာရေတစ်ခါတည်းချိုးပြီးမှရွာထဲကိုဝင်လာခဲ့လိုက်ကြတာပေါ့။
"အစ်ကို ညကျရင် ကျုပ်တို့ဘက်လာခဲ့အုံးမှာလား။
ဒီနေ့က လပြည့်နေ့ဆိုတော့ ဆီမီးလဲထွန်းပြီး
စကားထာဝှက်တိုင်းလဲ ကစားကြမှာဗျ။"
ညနေမှောင်ရီပျိုးစမို့ ရွာထဲမှာလူသူကင်းရှင်းလို့နေတယ်။'သိင်္ခ'လဲသူ့ကိုစောင်းငဲ့ကြည့်ကာမေးလာတဲ့
ကောင်ငယ်လေးရဲ့လက်ကိုလှမ်းကိုင်လိုက်တယ်။
"ကျောက်ခဲလေး လာစေချင်ရင်ကိုယ်က
လာခဲ့မှာပေါ့။"
"ကျုပ်အစ်ကို့ကို လာစေချင်တယ်။"
'ကျောက်ခဲ'ကလဲ 'သိင်္ခ'ရဲ့လက်တွေကိုပြန်လည်ဆုပ်ကိုင်ရင်း ရယ်ကျဲကျဲနဲ့ပြောလိုက်တယ်။
တဒုတ်ဒုတ်နဲ့အခုန်မြန်နေတဲ့ နှလုံးအိမ်ကြောင့်
ကောင်ငယ်လေးရဲ့ညိုမြမြမျက်နှာလေးဟာ
အနီရောင်မျဥ်းလေးတွေပေါ်လိုက်ပျောက်လိုက်ဖြစ်နေလေရဲ့။
"ဘေးလူတွေမပါပဲ ကိုယ်တို့နှစ်ယောက်တည်း တွေ့လို့ရမဲ့ အစီအစဉ်ရောပါလား။ကိုယ်မင်းနဲ့ သမီးရည်းစားတွေလို ချိန်းတွေ့ချင်တယ်'ကျောက်ခဲ'။"
'သိင်္ခ'က 'ကျောက်ခဲ'ရဲ့လက်ခုံလေးကိုအနမ်းတစ်ပွင့်
ခြွေလိုက်ရင်း အသံခပ်သြသြနဲ့ပြောလိုက်တာမို့
အရိုင်းတုံးလေး 'ကျောက်ခဲ'ခမျာ ရှက်သွေးဖြာသွားရတယ်။
"ကျုပ်စီစဉ်ပေးပါ့မယ်။"
"ဒါဆို ကိုယ်အဲ့တော့မှပဲ
မင်းကိုဆုချတော့မယ်။"
ထို့နောက်သူတို့နှစ်ယောက်လဲ တစ်ယောက်လက်ကိုတစ်ယောက်ကိုင်ဆွဲကာ ရွာစည်းရိုးတွေရဲ့မှောင်ရိပ်ကိုခိုရင်းအိမ်ကိုပြန်လာခဲ့ကြတယ်။
"မိုးချုပ်ရင်လာခေါ်မယ်နော်..
နေ့လယ်ကလို အရမ်းကြည့်ကောင်းနေအောင်
ပြင်မထားနဲ့ ကိုယ်သဝန်တိုတယ်။"
'သိင်္ခ'က 'ကျောက်ခဲ'ကိုအိမ်အဝထိလိုက်ပို့ပေးရင်းပြောလိုက်တယ်။
အစ်ကို့ရဲ့စကားတွေကြောင့် ကျုပ်မှာပီတိဖြာသလိုလိုနဲ့ရင်တွေလဲတဒုတ်ဒုတ်နဲ့ပြန်ခုန်လာရတယ်။
ကျုပ်က လူတစ်ယောက်ရဲ့ စကားချိုချို တွေမှာ
တော်ရုံနဲ့မသာယာတတ်ပေမဲ့ အစ်ကိုဖြစ်နေလို့လား
မသိဘူး ကျုပ်ခမျာ သူစကားပြောရင်ကို
ကြည်နူးနေရတော့တာ။
"ကျုပ်အစ်ကို့စကားကိုနားထောင်ပါ့မယ်ဗျာ။
"လိမ္မာလိုက်တာကွာ ညကျမှဆုချမယ်။
အခုတော့ အထဲကိုဝင်တော့
ကိုယ်လဲပြန်တော့မယ်။"
"အစ်ကိုလဲ ဂရုစိုက်ပြန်ပါ။"
"အင်း..။"
ကျုပ် အစ်ကို့ရဲ့ကျောပြင်လေးပျောက်သွားတဲ့အထိကြည့်နေပြီးတဲ့နောက် ဝိုင်းထဲကိုပြန်ဝင်လာခဲ့လိုက်ပြီးဆီမီးထွန်းဖို့အတွက်မြေခွက်လေးတွေကိုယူဖို့ ဝိုင်းအနောက်ဘက်ကိုလာခဲ့လိုက်တယ်။
ကျုပ်တို့ ရွာမှာသုံးတဲ့ မြေထည်တွေ၊ စဉ့်ထည်တွေဆိုတာကိုယ်တိုင်လုပ်တဲ့မြေထည်တွေဗျ ။
ကျုပ်တို့ငယ်ငယ်တုန်းကဆို ကျုပ်အဖိုးက ကျုပ်ကိုအိုးလုပ်နည်းသင်ပေးခဲ့တာ။
ကျုပ်တို့ရွာလေးရွာရဲ့အပြင်မှာပတ်စီး
နေတဲ့ 'ဓနိချောင်း'အနီးမှာ 'စိန်ပြင်'ကြီးရှိတယ်ဗျ ။
အိုးလုပ်တယ်ဆိုတာကလဲ တွေ့ကရာရွှံ့နဲ့လုပ်လို့
ရတာမဟုတ်ဘူး ၊ အိုးလုပ်တဲ့ရွှံ့ဆိုတာသပ်သပ်ရှိတယ်။အိုးလုပ်တဲ့ ရွှံ့ကရေနဲ့ထိရင်စေးကပ်ပြီး၊ ခြောက်သွားတဲ့အခါ ကျောက်ခဲလိုမာတာဗျ ။
အဲ့ဒီကနေ ရွှံ့တွေသွားတူး၊ ပြီးရင်အဲ့ရွှံ့ကိုကျွင်းတူးပြီးလှောင်ထားရသေးသဗျ။အိုးလုပ်တဲ့အခါမှ လိုသလောက်ထုတ်ယူပြီး အားကောင်းမောင်းသန်လူတစ်ယောက်ကနင်းပေးရတယ်။နင်းပြီးတဲ့ရွှံ့ကိုမှ စက်ပေါ်တင်ပြီးဘုရားအိုး၊ပန်းအိုး၊ ရေအိုး ၊စဉ့်အိုး ၊ ထမင်းအိုး၊ကလေးတွေအတွက်အိုးပုတ်ချိုးရုပ်လေးတွေ စသည်ဖြင့်ပုံစံအမျိုးမျိုးပုံသွင်းယူရတာဗျ ။
ပုံသွင်းပြီးပြီဆိုရင်တော့ဖြင့် အနည်းငယ်ထပ်သွားအောင်ထားရပြီး လက်ရိုက်နဲ့တဘုတ်ဘုတ်ရိုက်ရတာ၊၊'အိုးကောင်းလိုချင် နာနာရိုက်'ဆိုသလိုမျိုးပေါ့။
ပြီးတော့မှ နေလှန်း၊ ကောက်ရိုးတစ်ထပ်၊ ဖွဲတစ်ထပ်နဲ့
တစ်နေကုန်နီးပါးဖုတ်ပြီးရင်တော့ သုံးလို့ရပြီပေါ့ဗျာ။
ကျုပ်လဲမြေခွက်လေးတွေကိုယူပြီးနောက်
ဝိုင်းတစ်ဝိုက်နဲ့ ဝိုင်းအပြင်နားမှာချထားလိုက်ပြီး
ဆီမီးခွက်ထဲကို ဆီစိမ်ထားတဲ့မီးစာလေးတွေနဲ့ ဆီနည်းနည်းဆီလိုက်ထည့်နေလိုက်တယ်။ အဲ့ဒီနောက်မှာတော့ ထမင်းစားဖို့အိမ်ပေါ်ကိုတက်လာခဲ့တော့တာပေါ့ဗျာ။
"အမ ဘာတွေချက်ထားတာလဲ။"
ကျုပ်ထမင်းစားပွဲမှာဝင်ထိုင်ပြီး
လက်ဆေးဇလုံထဲ လက်နှစ်ဆေးလို့ဒီလိုပဲ
မေးလိုက်တယ်။
"ဘာချက်ထားတာလဲ မမြင်ဘူးလား။"
အမရဲ့ ဘောက်ဆတ်ဆတ်စကားသံကြောင့်
ကျုပ်နည်းနည်းတော့ ကြောင်တောင်တောင်
ဖြစ်သွားရတယ်။ အမက ကျုပ်ကိုထမင်းနယ်ရင်း
ခပ်စူးစူးစိုက်ကြည့်နေတာဗျ။ ထမင်းစားတော့လဲ
အရင်လို စကားတောင်မပြောကြပဲ တ်ိတ်တိတ်ဆိတ်ဆိတ်စားလို့နေကြတာမို့ အတော့်ကိုထူးဆန်းနေသယောင်ခံစားလိုက်ရတယ်။
"အမ စိတ်ဆိုးနေတာလား
ကျုပ်အမှားလုပ်မိတာရှိလို့လားဟင်။"
"ဟင်း..သိမ်းကြည် ပြောစရာရှိတာပြောလိုက်လေ
ကလေးကို စိတ်မကောင်းဖြစ်အောင်လုပ်မနေနဲ့။"
အဘကလဲ ဘေးနားကနေသက်ပြင်းချပြီး အမကို
ပြောလိုက်ပုံအရ ကိစ္စတစ်ခုခုဖြစ်ထားပုံပဲ ကျုပ်နဲ့များပတ်သက်နေတာလား။
"အမကိုသေချာကြည့် ငကျောက်ခဲ။"
"ဟုတ်အမ
ကျုပ်နားထောင်နေပါတယ်။"
ကျုပ်အမကိုသေချာကြည့်ပြီးပြောလိုက်တော့မှ
အမကလဲ စိတ်ပြေသွားဟန်နဲ့ပြောလာတယ်ဗျ ။
"မြနွယ် က မင်းနဲ့စေ့စပ်မဲ့ကိစ္စကိုငြင်းလိုက်တယ်။"
"...."
အမစကားကြောင့် ကျုပ်အံသြသွားတာတော့မဟုတ်ပေမဲ့ဘာမှမပြောပဲငြိမ်ငြိမ်လေးဘဲနေလိုက်တော့တယ်။စိတ်ထဲမှာတော့ 'မြနွယ်'ကိုလှမ်းကျေးဇူးတင်နေတာပေါ့ဗျာ။
"နင် မြနွယ်ကို ဘာသွားပြောထားသေးလဲ 'ငကျောက်ခဲ'။မြနွယ် ဆိုတာ နင့်ကိုငြင်းမဲ့မိန်းကလေးမဟုတ်ဘူးအခုမှ အချစ်မရှိတဲ့အိမ်ထောင်မထူထောင်ချင်ဘူးဘာညာနဲ့မင်းသူ့ကို တစ်ခုခုပြောထားတာသေချာတယ်။"
"ဟို...ကျုပ်က လက်မထပ်ချင်သေးဘူး
လို့ပဲပြောမိတာပါ။"
ကျုပ်လဲ ထမင်းပန်းကန်ကိုစိုက်ကြည့်ရင်း
မုသားနှောတဲ့စကားကိုဆိုလိုက်တယ်။ ကျုပ်အမရဲ့မျက်နှာကိုကြည့်ပြီးမညာရဲဘူးလေ။
"နင်ဒါလေးပဲ ပြောတာသေချာလား။"
အမ ကကျုပ်ကို နေရခက်အောင်အေးစက်စက်နဲ့
ထပ်စစ်လာပြန်တယ်။
"ဟုတ်..။"
"ရှင်မရယ်...တစ်ဖက်မိန်းကလေးကလဲ
ငကျောက်ခဲကိုသဘောမှမကျတာ။ငကျောက်ခဲ
ခေါင်းဘယ်လောက်မာလဲ မသိဘူးလား။
မင့်သားကိုယ်တိုင်ကလဲ လက်မထပ်ချင်ဘူးလေ
ကလေးတွေကို စိတ်ညစ်အောင် တွန်းအားပေးမနေပါနဲ့တော့။"
အဘကို ကျုပ်တစ်ချက်လှမ်းပြုံးပြလိုက်တယ်။
အဘတောင်အလျှော့ပေးလိုက်ပြီဆိုတော့ အောင်ပွဲက
ရဖို့နီးလာပြီမဟုတ်လား။
"ဒေါက်...။"
"အာ့..အမ!။"
"အဲ့မျက်နှာက စပ်ဖြီးဖြီးနဲ့ဘာဖြစ်နေတာလဲ။"
အမရဲ့လက်ခေါက်က ကျုပ်ငယ်ထိပ်ပေါ်ကို
ကျရောက်လာတာမို့ အီစိမ့်သွားရတယ်ဗျ။
ကျုပ်ခေါင်းကိုပွတ်ရင်း အမကိုထပ်ရယ်ပြလိုက်တော့မှအမကသက်ပြင်းချလာတယ်။
"အမ၊အဘ...ထည့်စားနော် ကျုပ်ကို
ဘဘုန်းကစွန့်လိုက်တာ။
ပုဇွန်ထုပ်က စားရခဲတယ်မဟုတ်လား။"
ကျုပ်လဲ ဘဘုန်းစွန့်လိုက်တဲ့ ပုဇွန်ထုပ်ဟင်းကို
အဘနဲ့အမထဲထည့်ပေးရင်းမျက်နှာလုပ်လိုက်ရတယ်။ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာကဒီလောက်နဲ့ပဲ
ပြီးသွားလို့'မြနွယ်'ကိုတကယ်ကျေးဇူးတင်ရပါတယ်။
"မျက်နှာလာလုပ်မနေနဲ့
နောက်တစ်ခုကျန်သေးတယ်။"
"ဗျာ..။"
"နင် တစ်ကယ်ပဲ ရန်ကုန် ကိုလိုက်ချင်နေသလား။"
"ကျုပ်..ကျုပ်လိုက်ချင်ပါတယ် အမ။"
ကျုပ်တုံ့ဆိုင်းမနေပဲ အမြန်ဖြေလိုက်တယ်။
အရင်ကလဲလိုက်ချင်တယ်ဆိုပေမဲ့ အခုကကျုပ်အစ်ကိုနဲ့မခွဲနိုင်တော့တာဆိုပိုမှန်တယ်။
"အင်း..လိုက်ချင်သပဆိုရင်လဲ
မင့်သဘောပါပဲကွာ။မင့်တို့မြို့တက်သွားတဲ့
နေ့ကပဲ'ဘိုးစည်'နဲ့ မြို့သားလေးရဲ့ဦးလေးဖြစ်သူ
ကရောက်လာပြီး မင့်ကိုတစ်နှစ်လောက်ရန်ကုန်
ထည့်ပေးလိုက်ဖို့ ခွင့်တောင်းလာတယ်။အမှန်တိုင်း
ပြောရရင် အမ ဖြင့်မင်းကိုစိတ်မချတာအမှန်ပဲ။
ဒါပေမဲ့ မင့်ဘက်ကဆန္ဒပြင်းပြနေတဲ့ဆိုမှတော့
အမမတားချင်ပေဘူး။
"အ...အမတကယ်ပြောတာလားဟင်
ကျုပ်ကိုတကယ်မြို့လိုက်ခိုင်းမှာပေါ့။"
မနက်ခင်းမှာ လန်းဆန်းစွာပွင့်လန်းလာတဲ့ ပန်းပင်လေးလို လင်းလက်ကာတက်ကြွလို့နေတဲ့ မျက်ဝန်းတွေနဲ့သားဖြစ်သူကိုကြည့်ရင်း'ဒေါ်သိမ်းကြည်' ခေါင်းသာညိတ်ပြလိုက်ရတော့တယ်။
"ဒါပေမဲ့ တစ်နှစ်ပြည့်တာနဲ့ ရွာကိုပြန်လာမယ်ဆိုတဲ့
ကတိ သားအမကိုပေးရမယ်။"
ထိုသို့ပြောလိုက်တော့ သူ(မ)ရဲ့ငကျောက်ခဲလေးက
အနည်းငယ်ငြိမ်သက်သွားပြီး စဉ်းစားနေဟန်ရတာမို့
သားဖြစ်သူရဲ့မျက်နှာအရိပ်အကဲကို သေချာလိုက်ကြည့်နေမိတယ်။
"ကျုပ်ကတိပေးပါတယ်...
တစ်နှစ်ပြည့်တာနဲ့ကျုပ်ပြန်လာခဲ့ပါ့မယ်။"
"အင်း အမမင်းကိုယုံပါတယ်...ကဲကဲ စားကြရအောင်။"
အဲ့ဒီနောက် ကျုပ်တို့လဲထမင်းအတူစားလိုက်ကြတာပေါ့ဗျာ။ကျုပ်လဲ ပျော်တယ်ဆိုပေမဲ့
အမရဲ့ခပ်ညှိုးညှိုးမျက်နှာကိုမြင်ရပြန်တော့
စိတ်ထဲမယ် လေးပင်လို့သွားရပြန်တယ်။
အမှန်ဆိုရရင်ဖြင့် ကျုပ်နဲ့ကျုပ်မိသားစုက
ဒီလောက်ထိ အကြာကြီး တစ်ခါမှမခွဲဖူးဘူးဗျ။
ဒါပေမဲ့ ကျုပ် အစ်ကို့ကိုလဲ လက်လွှတ်မခံချင်ပြန်ဘူး
ကျုပ်တကယ်လမ်းပျောက်သွားရတာအမှန်ပဲ။
ထမင်းစားပြီးနောက် ကျုပ်လဲဝိုင်းထဲက
သရက်ပင်အောက်ကိုရှင်းလင်းပြီး
ဖျာကြမ်းနှစ်ချပ်လောက်ဆက်ခင်းထားလိုက်တယ်။
သီတင်းကျွတ်လပြည့်နေ့ဆိုတော့ လမင်းကလဲ
ထိန်ထိန်သာလို့ဗျ။ ရေနံဆီမီးတိုင်တောင်ထောင်စရာ
မလိုဘူး။မိုးလေကင်းလွတ်ကာလပေမို့ လေပြည်ကလည်းတဖြူးဖြူး၊ သစ်ရွက်လှုပ်ခတ်သံလေးတွေ၊ ပိုးပုရစ်လေးတွေရဲ့ကျီကျီကျာကျာ အော်သံလေးတွေကလဲ အင်မတန်နားထောင်လို့ကောင်းသဗျ ။
ကျုပ်တို့ရွာရဲ့ဓလေ့လို့ပဲ
ဆိုရလေမလား အခုလိုလပြည့်နေ့များရောက်ရင်
ခင်မင်ရင်းနှီးသူတွေ၊ သက်ကြီးရွယ်အိုတွေက ဝိုင်းဖွဲ့ပြီးအကြမ်းရည်သောက်၊ ကောက်ညှင်းပေါင်းစား၊လက်ဖက်ငုံ၊စကားထာဖွက်ကြ၊ စကားလိမ်ဖွက်ကြ နဲ့ အတော်ကိုပျော်စရာကောင်းတာဗျ ။ ကျုပ်ဝိုင်းကိုဆို နှစ်တိုင်းဇီးကွက်တို့၊ သန်းဖေတို့၊ အောင်တိုးတို့ပဲ လာနေကြ၊ဒီနှစ်မှဘာဖြစ်တယ်မသိပါဘူး 'ဒွေးညို'မရဲ့သူငယ်ချင်းတွေဖြစ်တဲ့ တောင်ပိုင်းက 'ကျေးဥ'မတို့တစ်သိုက်ကလဲရောက်လာကြမှာတဲ့ သူတို့အုပ်စုကလေးငါးယောက်လောက်ရှိပြီး၊ အစားလည်းသန်ကြတော့အမကလဲသေချာစီစဉ်နေရတော့တာပေါ့ဗျာ။
နာရီပြန်ခုနှစ်ချက်လောက်ထိုးတော့ အစ်ကိုကရောက်
ချလာတယ်ဗျ ။
"ကျောက်ခဲလေး ...
အဆင်သင့်ဖြစ်ပြီလား။"
အစ်ကိုက ကျုပ်ခင်းထားတဲ့ဖျာပေါ်မှာဝင်ထိုင်ရင်း
မေးလာတယ်။
"အဆင်သင့်ကဖြစ်ပါပြီ ဒါပေမဲ့ ကျန်တဲ့လူတွေကတော့ရောက်မလာသေးဘူး။"
"ရော်....'ကျောက်ခဲလေး'ရယ် ဒါများ
သူတို့ကိုခဏစောင့်ခိုင်းထားလိုက်ပေါ့
ကိုယ်တို့နှစ်ယောက်တည်း ထုံးစေတီလေးဆီ
အရင်သွားရအောင်လေ နော်။"
အစ်ကို က ကျုပ်ကိုအရည်လဲ့နေတဲ့မျက်လုံးရွဲကြီးတွေနဲ့ကြည့်လာလေတော့ ကျုပ်မှာဘယ်လိုလုပ်ခံနိုင်ရည်ရှိမှာလဲ ၊ မြွေတစ်ကောင်ဆီမှာညှို့ချက်မိသွားတဲ့သားကောင်လိုပဲ အစ်ကို့ကိုမိန်းမောစွာငေးကြည့်ရင်းလက်ခံလိုက်တော့တယ်။
"အမရေ...ကျုပ်'ကိုသိင်္ခ 'ကိုရွာဦးစေတီဆီ
တစ်ချက်လိုက်ပို့လှည့်အုံးမယ်။'သန်းဖေ'တို့လာရင်
စောင့်နေပါလို့ ပြောပေးပါအုံး။"
"အေး အေး အမကြားတယ်
မသွားခင် ခြံထဲမီးထွန်းခဲ့ချည်။"
"ဟုတ် အမ!။"
အမရဲ့စကားအတိုင်း ကျုပ်လဲဆီဆိမ်ထားတဲ့မီးစာလေးတစ်ခုကို အစ်ကို့ကိုပေးရင်းမီးထွန်းစေလိုက်တယ်။အစ်ကိုကလဲ ပါးစပ်ကနေတစ်ခုခုရွတ်ရင်း
ငြိမ်ငြိမ်လေးနဲ့မီးစလိုက်ညှိတော့တာပေါ့။
ကျုပ်ကတော့ အစ်ကိုမီးထွန်းနေချိန် ဘေးကနေဆီမီးခွက်လေးတွေကိုလေဒဏ်ကနေ လက်လေးနှစ်ဖက်နဲ့လိုက်ကာပေးလိုက်တာပေါ့ဗျာ။ တစ်ခဏအတွင်းမှာပဲကျုပ်တို့ဝိုင်းလေးထဲမှာ ဆီမီးရောင်တွေနဲ့လင်းထိန်သွားတော့တယ်။
ကျုပ်တို့ဝိုင်းတင်မဟုတ်ဖူးဗျို့။
မျက်နှာချင်းဆိုင်ဝိုင်းတွေရော၊ ရွာလမ်းမတွေပါ ဆီမီးရောင်တွေထိန်ညီးလို့ဗျ ။
ကျုပ်လဲအစ်ကိုနဲ့ဆီမီးထွန်းပြီးနောက်
လိုရမယ်ရ ရေနံဆီမီးအိမ်လေးတစ်လုံးဆွဲကိုင်ပြီး
အစ်ကိုနဲ့အတူ ရွာစေတီလေးဆီထွက်လာခဲ့ကြပါတော့တယ် ။
ဆီမီးရောင်တွေနဲ့ထိန်လင်းနေတဲ့ရွာလမ်းမကနေထွက်ပြီးနောက် ကျုပ်တို့လဲကန်သင်းရိုးတစ်လျှောက် လျှောက်လာခဲ့လိုက်ကြတယ်။ ကန်သင်းရိုးဘေးက ရိုးပြတ်တွေနဲ့၊နဘူးခြုံ ပင်တွေကြားထဲမှာ မီးစုန်းပိုးကောင်(ပိုးစုန်းကြူး)လေးတွေက ဟိုဟိုသည်သည်ပျံဝဲလို့ဗျ။ ကျုပ်ကိုင်ထားတဲ့ရေနံဆီမီးအိမ်လေးမှာတောင်လာနားကြသေးတယ်။အစ်ကိုကလဲ ရုတ်တရက်ဆန်စွာနဲ့ ကျုပ်လက်တစ်ဖက်ကိုဆွဲကိုင်ကာလက်ဖမိုးလေးကို အနမ်းချွေပြီး ခပ်တိုးတိုးပြောလာတယ်။
"ကျောက်ခဲလေး..မင်းလေးဟာလေ အခုမြင်နေရတဲ့ပိုးစုန်းကြူးလေးတွေလိုပဲသိရဲ့လား။ ကိုယ့်ကို
အရောင်မျိုးစုံ၊ သဏ္ဍာန်မျိုးစုံနဲ့ကို ရူးသွပ်အောင်ပြုစားနေတော့တာ။"
"အစ်ကိုလဲ ကျုပ်ကိုအဲ့လိုပြုစားခဲ့တာပဲ
အစ်ကိုကမှ ပိုတူသေးတာ သိရဲ့လား။"
'သိင်္ခ'ကကောင်ငယ်လေးရဲ့စကားကြောင့် တဟားဟားနဲ့အော်ရယ်လိုက်တယ်။သူ့'ကျောက်ခဲလေး'တောင်လည်လည်ဝယ်ဝယ်ရှိလာပြီပဲ။
ကျုပ်တို့ထုံးစေတီလေးရှိရာဆီရောက်လာတော့
ဆီမီးခွက်လေးတွေအစီအရီထွန်းညှိထားတဲ့
အုတ်လှေကားလေးကနေတစ်ဆင့် စေတီလေးဆီတက်လာခဲ့လိုက်ကြတယ်။
"အစ်ကို...။"
"ပြောပါဗျ ...။"
"ခုနတုန်းက ဆီမီးထွန်းရင်း
ပွစိပွစိနဲ့ဘာတွေရွတ်နေတာလဲ။"
"ဘာမှမဟုတ်ပါဘူး
ဆုတောင်းနေတာ မင်းနဲ့ကိုယ့်အတွက်လေ။"
အစ်ကိုကကျုပ်လက်ကိုအုပ်ကိုင်ပြီးပြောလာတာမို့
ကျုပ်လဲအစ်ကို့ကိုကြည်နူးစွာနဲ့ပြုံးပြလိုက်မိတယ်။
အဲ့ဒီ့နောက်မှာတော့ ကျုပ်တို့နှစ်ယောက်လဲ
ဆီမီးရောင်ဝါတို့နဲ့ထွန်းလင်းလျှက်ရှိတဲ့
စေတီရင်ပြင်ပေါ်သို့တက်လာခဲ့ကြလိုက်ပြီး
မြတ်စွာဘုရားအားရှိခိုးလိုက်ကြတယ်။ကျုပ် ဘုရားရှိခိုး၊အမျှဝေ၊ မေတ္တာပို့လို့ပြီးတဲ့အထိ
အစ်ကိုကကျုပ်ကိုငြိမ်ငြိမ်လေးထိုင်စောင့်နေတာဗျ ။ ပြီးတော့မှကျုပ်တို့လဲ ဘုရားရင်ပြင်ပေါ်ကနေပြန်ဆင်းလာခဲ့လိုက်ကြတာပေါ့ဗျာ။
"ကျုပ်မြို့ကိုလိုက်ဖို့ အမကခွင့်ပြုလိုက်ပြီ။"
"ဟင်...တစ်ကယ်လား။"
အံသြစွာမေးလာတဲ့အစ်ကို့ကို ကျုပ်ပြုံးပြရင်း
ခေါင်းညိတ်ပြလိုက်တယ်။
"တကယ်ပေါ့...
ကျုပ်ကိုတစ်နှစ်ခွင့်ပြုပေးလိုက်တယ်"။
'သိင်္ခ'ကတစ်ဖက်လူရဲ့စကားကြောင့်ပျော်ရွှင်သွားရပေမဲ့ တစ်နှစ်ဟူသော အကန့်အသတ်ကြောင့်သူ့ရဲ့နှာခေါင်းတွေကိုအလိုမကျစွာပွချည်ရှုံ့ချည်လုပ်
ရင်းမေးလိုက်တယ် ။
''တစ်နှစ်တည်းလား။"
"အင်းလေ...အစ်ကိုက ဘယ်နှစ်နှစ်နေစေချင်လို့လဲ။"
'ကျောက်ခဲ'က တစ်ဖက်လူရဲ့လက်ခုံလေးကို
သူ့ရဲ့လက်လေးနဲ့ပွတ်သပ်ကာမေးလိုက်လျှင်,
"ကိုယ်က မင်းကိုတစ်သက်လုံးနေစေချင်တာ။"
"ဟားဟားဟား အစ်ကိုကတော့လေ။"
"ဘာလဲ ကျောက်ခဲလေးက
ကိုယ့်ကိုမယုံတာလား။"
'သိင်္ခ'က သူ့ရဲ့အပြောကိုကြားကာ
ခပ်ကျယ်ကျယ်အော်ရယ်လာတဲ့ 'ကျောက်ခဲ' ကို
မျက်နှာငယ်လေးနဲ့မေးလိုက်လေတယ်။
"အာ..အစ်ကိုရာမ..မဟုတ်ရပါဘူး။"
အစ်ကိုရဲ့မျက်နှာလေးက ရုတ်ချည်းဆိုသလိုညှိုးကျသွားပြီးမေးလာတာမို့ ကျုပ်လဲရယ်နေတာကို
အရှိန်သက်လိုက်ရတယ်။
"မင်းကရော ကိုယ်နဲ့တစ်သက်လုံးမနေချင်လို့လား။
ကိုယ့်ကိုတစ်နှစ်တည်းနဲ့အပျော်ကြံချင်လို့လား။"
"မဟုတ်ရပါဘူး ကျုပ်ကအစ်ကို့ရဲ့စကားကြောင့်
အံ့သြသွားလို့ပါ အဲ့လိုမဟုတ်ရပါဘူးအစ်ကိုရာ။"
အကြောက်အကန်ငြင်းလာတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကို'သိင်္ခ'က မြတ်နိုးဟန်ဖြင့်ကြည့်လိုက်ပြီး ၊
လူအလစ်ကိုဖမ်းကာ'ကျောက်ခဲ'ရဲ့
နှုတ်ခမ်းတွေပေါ်အနမ်းနုနုအပ်နှင်းလိုက်လေတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုးကားချက် ➡️ ဆရာ 'အေးငြိမ်း'
(ယခင်က ကျွန်ုပ်တို့သဘာဝထွက်ပစ္စည်းများ)
-Source In Internet-
အပ်ပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်။
Cmtလေးတွေမျှော်နေပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
Previous Chapter
~~~~~~~~~~~~~~~
အဓိပ္ပါယ်ပြည့်ဝကာ
လိုက္ဖက္ညီလွသည့္ အလႉ ဝင္သီခ်င္းဟာ
ေက်းလက္ေတာ႐ြာေဒသရွိအလႉေတာ္အခမ္းအနားေတြရဲ႕ဓေလ့ထုံးစံနဲ႕ ေပ်ာ္စရာ၊ ႐ႊင္စရာမ်ားေတြကို ရွင္းလင္းစြာေရးစပ္ထားၿပီးျမန္မာလူမ်ိဳးတို႔၏ မွန်မြတ်ထက်သန်လှတဲ့ဘစေတနာသဒ္ဓါတရားတို့ကိုပါ မီးေမာင္းထိုးျပလ်က္ရွိတယ္။ ထို႔ေၾကာင့္ပင္
နားဆင္ရသူအား ပီတိတို႔ေဝျဖာလာ
ေစၿပီး ဂႏၶဝင္တြင္မည့္ျမန္မာ့ရိုးရာ အလႉဝင္ေတး
သီခ်င္းေကာင္းတစ္ပုဒ္ပင္ ျဖစ္ေပေတာ့တယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညေန 'ေရခပ္ခ်ိန္ ' ေလာက္ေရာက္ေတာ့ အေကြၽးအေမြးကိစၥလဲၿပီးသြားတယ္ဗ်။
ပိုတဲ့ဟင္းေတြကို ႐ြာထဲတစ္အိမ္ဆင္း
တစ္အိမ္တက္လိုက္ေဝၿပီးေနာက္မွာေတာ့ က်ဳပ္တို႔လဲအိုးေတြ၊ ခြက္ေတြကိုေဆးေၾကာသုတ္သင္ရေတာ့တယ္။မ႑ပ္ေတြဘာေတြလဲဖ်က္၊ အမွိုက္ေတြဘာေတြသိမ္းနဲ႕'ႏြားရိုင္းသြင္းခ်ိန္'ေလာက္ေရာက္မွကိစၥအားလုံးၿပီးသြားေတာ့တာဗ်ာ။အစ္ကိုနဲ႕က်ဳပ္လဲ႐ြာဦးေက်ာင္းမွာေရတစ္ခါတည္းခ်ိဳးၿပီးမွ႐ြာထဲကိုဝင္လာခဲ့လိုက္ၾကတာေပါ့။
"အစ္ကို ညက်ရင္ က်ဳပ္တို႔ဘက္လာခဲ့ဦးမွာလား။
ဒီေန႕က လျပည့္ေန႕ဆိုေတာ့ ဆီမီးလဲထြန္းၿပီးစကားထာဝွက္တိုင္းလဲ ကစားၾကမွာဗ်။"
ညေနေမွာင္ရီပ်ိဳးစမို႔ ႐ြာထဲမွာလူသူကင္းရွင္းလို႔ေနတယ္။'သိခၤ'လဲသူ႕ကိုေစာင္းငဲ့ၾကည့္ကာေမးလာတဲ့ေကာင္ငယ္ေလးရဲ႕လက္ကိုလွမ္းကိုင္လိုက္တယ္။
"ေက်ာက္ခဲေလး လာေစခ်င္ရင္ကိုယ္ကလာခဲ့မွာေပါ့။"
"က်ဳပ္အစ္ကို႔ကို လာေစခ်င္တယ္။"
'ေက်ာက္ခဲ'ကလဲ 'သိခၤ'ရဲ႕လက္ေတြကိုျပန္လည္ဆုပ္ကိုင္ရင္း ရယ္က်ဲက်ဲနဲ႕ေျပာလိုက္တယ္။
တဒုတ္ဒုတ္နဲ႕အခုန္ျမန္ေနတဲ့ ႏွလုံးအိမ္ေၾကာင့္ေကာင္ငယ္ေလးရဲ႕ညိုျမျမမ်က္ႏွာေလးဟာအနီေရာင္မ်ဥ္းေလးေတြေပၚလိုက္ေပ်ာက္လိုက္ျဖစ္ေနေလရဲ႕။
"ေဘးလူေတြမပါပဲ
ကိုယ္တို႔ႏွစ္ေယာက္တည္း ေတြ႕လို႔ရမဲ့ အစီအစဥ္ေရာပါလား။ကိုယ္မင္းနဲ႕ သမီးရည္းစားေတြလို ခ်ိန္းေတြ႕ခ်င္တယ္'ေက်ာက္ခဲ'။"
'သိခၤ'က 'ေက်ာက္ခဲ'ရဲ႕လက္ခုံေလးကိုအနမ္းတစ္ပြင့္ေႁခြလိုက္ရင္း အသံခပ္ၾသၾသနဲ႕ေျပာလိုက္တာမို႔အရိုင္းတုံးေလး 'ေက်ာက္ခဲ'ခမ်ာ ရွက္ေသြးျဖာသြားရတယ္။
"က်ဳပ္စီစဥ္ေပးပါ့မယ္။"
"ဒါဆို ကိုယ္အဲ့ေတာ့မွပဲ
မင္းကိုဆုခ်ေတာ့မယ္။"
ထို႔ေနာက္သူတို႔ႏွစ္ေယာက္လဲ တစ္ေယာက္လက္ကိုတစ္ေယာက္ကိုင္ဆြဲကာ ႐ြာစည္းရိုးေတြရဲ႕ေမွာင္ရိပ္ေတြကိုခိုရင္းအိမ္ကိုျပန္လာခဲ့ၾကေတာ့တယ္။
"မိုးခ်ဳပ္ရင္လာေခၚမယ္ေနာ္..
ေန႕လယ္ကလို အရမ္းၾကည့္ေကာင္းေနေအာင္ျပင္မထားနဲ႕ ကိုယ္သဝန္တိုတယ္။"
'သိခၤ'က 'ေက်ာက္ခဲ'ကိုအိမ္အဝထိလိုက္ပို႔ေပးရင္းေျပာလိုက္တယ္။
အစ္ကို႔ရဲ႕စကားေတြေၾကာင့္ က်ဳပ္မွာပီတိျဖာသလိုလိုနဲ႕ရင္ေတြလည္းတဒုတ္ဒုတ္နဲ႕ျပန္ခုန္လာရတယ္။က်ဳပ္က လူတစ္ေယာက္ရဲ႕ စကားခ်ိဳခ်ိဳ ေတြမွာ
ေတာ္႐ုံနဲ႕မသာယာတတ္ေပမဲ့ အစ္ကိုျဖစ္ေနလို႔လားမသိဘူး က်ဳပ္ခမ်ာ အစ္ကိုစကားေျပာရင္ကို
ၾကည္ႏူးေနရေတာ့တာ။
"က်ဳပ္အစ္ကို႔စကားကိုနားေထာင္ပါ့မယ္ဗ်ာ။
"လိမၼာလိုက္တာကြာ ညက်မွဆုခ်မယ္။
အခုေတာ့ အထဲကိုဝင္ေတာ့
ကိုယ္လဲျပန္ေတာ့မယ္။"
"အစ္ကိုလဲ ဂ႐ုစိုက္ျပန္ပါ။"
"အင္း..။"
က်ဳပ္လဲ အစ္ကို႔ရဲ႕ေက်ာျပင္ေလးေပ်ာက္သြားတဲ့အထိၾကည့္ေနၿပီးတဲ့ေနာက္ ဝိုင္းထဲကိုျပန္ဝင္လာခဲ့လိုက္ၿပီးဆီမီးထြန္းဖို႔အတြက္ေျမခြက္ေလးေတြကိုယူဖို႔ ဝိုင္းအေနာက္ဘက္ကိုလာခဲ့လိုက္တယ္။
က်ဳပ္တို႔ ႐ြာမွာသုံးတဲ့ ေျမထည္ေတြ၊ စဉ့္ထည္ေတြဆိုတာကိုယ္တိုင္လုပ္တဲ့ေျမထည္ေတြဗ် ။
က်ဳပ္တို႔ငယ္ငယ္တုန္းကဆို က်ဳပ္အဖိုးက က်ဳပ္ကိုအိုးလုပ္နည္းသင္ေပးခဲ့တာ။
က်ဳပ္တို႔႐ြာေလး႐ြာရဲ႕အျပင္မွာပတ္စီး
ေနတဲ့ 'ဓနိေခ်ာင္း'အနီးမွာ 'စိန္ျပင္'ႀကီးရွိတယ္ဗ် ။အိုးလုပ္တယ္ဆိုတာကလဲ ေတြ႕ကရာ႐ႊံ႕နဲ႕လုပ္လို႔ရတာမဟုတ္ဘူး ၊ အိုးလုပ္တဲ့႐ႊံ႕ဆိုတာသပ္သပ္ရွိတယ္။အိုးလုပ္တဲ့ ႐ႊံ႕ကေရနဲ႕ထိရင္ေစးကပ္ၿပီး၊ ေျခာက္သြားတဲ့အခါ ေက်ာက္ခဲလိုမာတာဗ် ။
အဲ့ဒီကေန ႐ႊံ႕ေတြသြားတူး၊ ၿပီးရင္အဲ့႐ႊံ႕ကိုကြၽင္းတူးၿပီးေလွာင္ထားရေသးသဗ်။အိုးလုပ္တဲ့အခါမွ လိုသေလာက္ထုတ္ယူၿပီး အားေကာင္းေမာင္းသန္လူတစ္ေယာက္ကနင္းေပးရတယ္။နင္းၿပီးတဲ့႐ႊံ႕ကိုမွ စက္ေပၚတင္ၿပီးဘုရားအိုး၊ပန္းအိုး၊ ေရအိုး ၊စဉ့္အိုး ၊ ထမင္းအိုး၊ကေလးေတြအတြက္အိုးပုတ္ခ်ိဳး႐ုပ္ေလးေတြ စသည္ျဖင့္ပုံစံအမ်ိဳးမ်ိဳးပုံသြင္းယူရတာဗ် ။ပုံသြင္းၿပီးၿပီဆိုရင္ေတာ့ျဖင့္ အနည္းငယ္ထပ္သြားေအာင္ထားရၿပီး လက္ရိုက္နဲ႕တဘုတ္ဘုတ္ရိုက္ရတာ၊၊'အိုးေကာင္းလိုခ်င္ နာနာရိုက္'ဆိုသလိုမ်ိဳးေပါ့။ၿပီးေတာ့မွ ေနလွန္း၊ ေကာက္ရိုးတစ္ထပ္၊ ဖြဲတစ္ထပ္နဲ႕တစ္ေနကုန္နီးပါးဖုတ္ၿပီးရင္ေတာ့ သုံးလို႔ရၿပီေပါ့ဗ်ာ။
က်ဳပ္လည္းေျမခြက္ေလးေတြကိုယူၿပီးေနာက္
ဝိုင္းတစ္ဝိုက္နဲ႕ ဝိုင္းအျပင္နားမွာခ်ထားလိုက္ၿပီးယဆီစိမ္ထားတဲ့မီးစာေလးေတြနဲ႕ ဆီနည္းနည္းဆီလိုက္ထည့္ေနလိုက္တယ္။ အဲ့ဒီေနာက္မွာေတာ့
ထမင္းစားဖို႔အိမ္ေပၚကိုတက္လာခဲ့ေတာ့တာေပါ့ဗ်ာ။
"အမ ဘာေတြခ်က္ထားတာလဲ။"
က်ဳပ္လဲထမင္းစားပြဲမွာဝင္ထိုင္လိုက္ၿပီးေနာက္
လက္ေဆးဇလုံထဲလက္ႏွစ္ေဆးရင္းဒီလိုပဲ
ေမးလိုက္တယ္။
"ဘာခ်က္ထားတာလဲ မျမင္ဘူးလား။"
အမရဲ႕ ေဘာက္ဆတ္ဆတ္စကားသံေၾကာင့္
က်ဳပ္ခင္ဗ်ယနည္းနည္းေတာ့ ေၾကာင္ေတာင္ေတာင္ျဖစ္သြားရတယ္။ အမက က်ဳပ္ကိုထမင္းနယ္ရင္း
ခပ္စူးစူးစိုက္ၾကည့္ေနတာဗ်။ ထမင္းစားေတာ့လဲ
အရင္လို စကားေတာင္မေျပာၾကပဲ တ်ိတ်တိတ်ဆိတ်ဆိတ်စားလို့နေကြတာမို့ က်ဳပ္ အေတာ့္ကိုထူးဆန္းေနသေယာင္ခံစားလိုက္ရတယ္။
"အမ စိတ္ဆိုးေနတာလား
က်ဳပ္အမွားလုပ္မိတာရွိလို႔လားဟင္။"
"ဟင္းးး'သိမ္းၾကည္' ေျပာစရာရွိတာေျပာလိုက္ေလကေလးကို စိတ္မေကာင္းျဖစ္ေအာင္လုပ္မေနနဲ႕။"
အဘကလဲ ေဘးနားကေနသက္ျပင္းခ်ၿပီး အမကိုေျပာလိုက္ပုံအရ ကိစၥတစ္ခုခုျဖစ္ထားပုံပဲ က်ဳပ္နဲ႕မ်ားပတ္သတ္ေနတာလား။
"အမကိုေသခ်ာၾကည့္ ငေက်ာက္ခဲ။"
"ဟုတ္အမက်ဳပ္နားေထာင္ေနပါတယ္။"
က်ဳပ္အမကိုေသခ်ာၾကည့္ၿပီးေျပာလိုက္ေတာ့မွ
အမကလဲ စိတ္ေျပသြားဟန္နဲ႕ေျပာလာတယ္ဗ် ။
"ျမႏြယ္ က မင္းနဲ႕ေစ့စပ္မဲ့ကိစၥကိုျငင္းလိုက္တယ္။"
"...."
အမစကားေၾကာင့္ က်ဳပ္အံၾသသြားတာေတာ့မဟုတ္ေပမဲ့ဘာမွမေျပာပဲၿငိမ္ၿငိမ္ေလးဘဲေနလိုက္ေတာ့တယ္။စိတ္ထဲမွာေတာ့ 'ျမႏြယ္'ကိုလွမ္းေက်းဇူးတင္ေနတာေပါ့ဗ်ာ။
"နင္ 'ျမႏြယ္'ကို ဘာသြားေျပာထားေသးလဲ 'ငေက်ာက္ခဲ'။'ျမႏြယ္ဆို'တာ နင့္ကိုျငင္းမဲ့မိန္းကေလးမဟုတ္ဘူးအခုမွ အခ်စ္မရွိတဲ့အိမ္ေထာင္မထူေထာင္ခ်င္ဘူးဘာညာနဲ႕မင္း
'ျမႏြယ္'ကို တစ္ခုခုေျပာထားတာေသခ်ာတယ္။"
"ဟို...က်ဳပ္က လက္မထပ္ခ်င္ေသးဘူး
လို႔ပဲေျပာမိတာပါ။"
က်ဳပ္လဲ ထမင္းပန္းကန္ကိုစိုက္ၾကည့္ရင္း
မုသားႏွောတဲ့စကားကိုဆိုလိုက္တယ္။ က်ဳပ္အမရဲ႕မ်က္ႏွာကိုၾကည့္ၿပီးမညာရဲဘူးေလ။
"နင္ဒါေလးပဲ ေျပာတာေသခ်ာလား။"
အမ ကက်ဳပ္ကို ေနရခက္ေအာင္ေအးစက္စက္နဲ႕
ထပ္စစ္လာျပန္တယ္။
"ဟုတ္..။"
"ရွင္မရယ္...တစ္ဖက္မိန္းကေလးကလဲ
'ငေက်ာက္ခဲ'ကိုသေဘာမွမက်တာ။ငေက်ာက္ခဲ
ေခါင္းဘယ္ေလာက္မာလဲ မသိဘူးလား။
မင့္သားကိုယ္တိုင္ကလဲ လက္မထပ္ခ်င္ဘူးေလ
ကေလးေတြကို စိတ္ညစ္ေအာင္ တြန္းအားေပးမေနပါနဲ႕ေတာ့။"
အဘကို က်ဳပ္တစ္ခ်က္လွမ္းၿပဳံးျပလိုက္တယ္။
အဘေတာင္အေလွ်ာ့ေပးလိုက္ၿပီဆိုေတာ့ ေအာင္ပြဲက
ရဖို႔နီးလာၿပီမဟုတ္လား။
"ေဒါက္...။"
"အာ့..အမ!။"
"အဲ့မ်က္ႏွာကဘာျဖစ္ေနတာလဲ။"
အမရဲ႕လက္ေခါက္က က်ဳပ္ငယ္ထိပ္ေပၚကို
က်ေရာက္လာတာမို႔ အီစိမ့္သြားရတယ္ဗ်။
က်ဳပ္ေခါင္းကိုပြတ္ရင္း အမကိုထပ္ရယ္ျပလိုက္ေတာ့မွအမကသက္ျပင္းခ်လာတယ္။
"အမ၊အဘ...ထည့္စားေနာ္ က်ဳပ္ကို
ဘဘုန္းကစြန႔္လိုက္တာ။
ပုဇြန္ထုပ္က စားရခဲတယ္မဟုတ္လား။"
က်ဳပ္လဲ ဘဘုန္းစြန႔္လိုက္တဲ့ ပုဇြန္ထုပ္ဟင္းကို
အဘနဲ႕အမထဲထည့္ေပးရင္းမ်က္ႏွာလုပ္လိုက္ရတယ္။ဘယ္လိုပဲျဖစ္ျဖစ္ ျပႆနာကဒီေလာက္နဲ႕ပဲ
ၿပီးသြားလို႔'ျမႏြယ္'ကိုတကယ္ေက်းဇူးတင္ရပါတယ္။
"မ်က္ႏွာလာလုပ္မေနနဲ႕ ေနာက္တစ္ခုက်န္ေသးတယ္။"
"ဗ်ာ..။"
"နင္ တစ္ကယ္ပဲ ရန္ကုန္ ကိုလိုက္ခ်င္ေနသလား။"
"က်ဳပ္..က်ဳပ္လိုက္ခ်င္ပါတယ္ အမ။"
က်ဳပ္တုံ႕ဆိုင္းမေနပဲ အျမန္ေျဖလိုက္တယ္။
အရင္ကလဲလိုက္ခ်င္တယ္ဆိုေပမဲ့ အခုကက်ဳပ္အစ္ကိုနဲ႕မခြဲနိုင္ေတာ့တာဆိုပိုမွန္တယ္။
"အင္းးးလိုက္ခ်င္သပဆိုရင္လဲ
မင့္သေဘာပါပဲကြာ။မင့္တို႔ၿမိဳ႕တက္သြားတဲ့
ေန႕ကပဲ'ဘိုးစည္'နဲ႕ ၿမိဳ႕သားေလးရဲ႕ဦးေလးျဖစ္သူကေရာက္လာၿပီး မင့္ကိုတစ္ႏွစ္ေလာက္ရန္ကုန္ထည့္ေပးလိုက္ဖို႔ ခြင့္ေတာင္းလာတယ္။အမွန္တိုင္းေျပာရရင္ အမ ျဖင့္မင္းကိုစိတ္မခ်တာအမွန္ပဲ။ဒါေပမဲ့ မင့္ဘက္ကဆႏၵျပင္းျပေနတဲ့ဆိုမွေတာ့
အမမတားခ်င္ေပဘူး။
"အ...အမတကယ္ေျပာတာလားဟင္
က်ဳပ္ကိုတကယ္ၿမိဳ႕လိုက္ခိုင္းမွာေပါ့။"
မနက္ခင္းမွာ လန္းဆန္းစြာပြင့္လန္းလာတဲ့ ပန္းပင္ေလးလို လင္းလက္ကာတက္ႂကြဟန္ရွိသည့္ မ်က္ဝန္းေတြနဲ႕သားျဖစ္သူကိုၾကည့္ရင္း'ေဒၚသိမ္းၾကည္' ေခါင္းသာၿငိမ့္ျပလိုက္ရေတာ့တယ္။
"ဒါေပမဲ့ တစ္ႏွစ္ျပည့္တာနဲ႕ ႐ြာကိုျပန္လာမယ္ဆိုတဲ့ကတိ သားအမကိုေပးရမယ္။"
ထိုသို႔ေျပာလိုက္ေတာ့ သူ(မ)ရဲ႕ငေက်ာက္ခဲေလးက
အနည္းငယ္ၿငိမ္သက္သြားၿပီး စဥ္းစားေနဟန္ရတာမို႔
သားျဖစ္သူရဲ႕မ်က္ႏွာအရိပ္အကဲကို ေသခ်ာလိုက္ၾကည့္ေနမိတယ္။
"က်ဳပ္ကတိေပးပါတယ္...
တစ္ႏွစ္ျပည့္တာနဲ႕က်ဳပ္ျပန္လာခဲ့ပါ့မယ္။"
"အင္း အမမင္းကိုယုံပါတယ္...ကဲကဲ စားၾကရေအာင္။"
အဲ့ဒီေနာက္ က်ဳပ္တို႔လဲထမင္းအတူစားလိုက္ၾကတာေပါ့ဗ်ာ။က်ဳပ္လဲ ေပ်ာ္တယ္ဆိုေပမဲ့
အမရဲ႕ခပ္ညွိုးညွိုးမ်က္ႏွာကိုျမင္ရျပန္ေတာ့
စိတ္ထဲမယ္ ေလးပင္လို႔သြားရျပန္တယ္။
ဧကန္အမွန္ဆိုရရင္ျဖင့္ က်ဳပ္နဲ႕က်ဳပ္မိသားစုက
ဒီေလာက္ထိ အၾကာႀကီး တစ္ခါမွမခြဲဖူးဘူးဗ်။
ဒါေပမဲ့ က်ဳပ္ အစ္ကို႔ကိုလဲ လက္လႊတ္မခံခ်င္ျပန္ဘူး
က်ဳပ္တကယ္လမ္းေပ်ာက္သြားရတာအမွန္ပဲ။
က်ဳပ္ထမင္းစားၿပီးေနာက္ ဝိုင္းထဲက
သရက္ပင္ေအာက္ကိုရွင္းလင္းၿပီး
ဖ်ာၾကမ္းႏွစ္ခ်ပ္ေလာက္ဆက္ခင္းထားလိုက္တယ္။
သီတင္းကြၽတ္လျပည့္ေန႕ဆိုေတာ့ လမင္းကလဲထိန္ထိန္သာလို႔ဗ်။ ေရနံဆီမီးတိုင္ေတာင္ေထာင္စရာမလိုဘူး။မိုးေလကင္းလြတ္ကာလေပမို႔ ေလျပည္ကလည္းတျဖဴးျဖဴး၊ သစ္႐ြက္လႈပ္ခတ္သံေလးေတြ၊ ပိုးပုရစ္ေလးေတြရဲ႕က်ီက်ီက်ာက်ာ ေအာ္သံေလးေတြကလဲ အင္မတန္နားေထာင္လို႔ေကာင္းသဗ် ။
က်ဳပ္တို႔႐ြာရဲ႕ဓေလ့လို႔ပဲ
ဆိုရေလမလား အခုလိုလျပည့္ေန႕မ်ားေရာက္ရင္
ခင္မင္ရင္းႏွီးသူေတြ၊ သက္ႀကီး႐ြယ္အိုေတြက ဝိုင္းဖြဲ႕ၿပီးအၾကမ္းရည္ေသာက္၊ ေကာက္ညွင္းေပါင္းစား၊လက္ဖက္ငုံ၊စကားထာဖြက္ၾက၊ စကားလိမ္ဖြက္ၾက နဲ႕ အေတာ္ကိုေပ်ာ္စရာေကာင္းတာဗ် ။ က်ဳပ္ဝိုင္းကိုဆို ႏွစ္တိုင္းဇီးကြက္တို႔၊ သန္းေဖတို႔၊ ေအာင္တိုးတို႔ပဲ လာေနၾက၊ဒီႏွစ္မွဘာျဖစ္တယ္မသိပါဘူး 'ေဒြးညို'မရဲ႕သူငယခ်င္းေတြျဖစ္တဲ့ ေတာင္ပိုင္းက 'ေက်းဥ'မတို႔တစ္သိုက္ကလည္းေရာက္လာၾကမွာတဲ့ သူတို႔အုပ္စုကေလးငါးေယာက္ေလာက္ရွိၿပီး၊ အစားလည္းသန္ၾကေတာ့အမကလဲေသခ်ာစီစဥ္ေနရေတာ့တာေပါ့ဗ်ာ။
နာရီျပန္ခုႏွစ္ခ်က္ေလာက္ထိုးေတာ့ အစ္ကိုကေရာက္
ခ်လာတယ္ဗ် ။
"ေက်ာက္ခဲေလး ...
အဆင္သင့္ျဖစ္ၿပီလား။"
အစ္ကိုက က်ဳပ္ခင္းထားတဲ့ဖ်ာေပၚမွာဝင္ထိုင္ရင္း
ေမးလာတယ္။
"အဆင္သင့္ကျဖစ္ပါၿပီ ဒါေပမဲ့ က်န္တဲ့လူေတြကေတာ့ေရာက္မလာေသးဘူး။"
"ေရာ္....'ေက်ာက္ခဲေလး'ရယ္ ဒါမ်ား
သူတို႔ကိုခဏေစာင့္ခိုင္းထားလိုက္ေပါ့
ကိုယ္တို႔ႏွစ္ေယာက္တည္း ထုံးေစတီေလးဆီ
အရင္သြားရေအာင္ေလ ေနာ္။"
အစ္ကို က က်ဳပ္ကိုအရည္လဲ့ေနတဲ့မ်က္လုံး႐ြဲႀကီးေတြနဲ႕ၾကည့္လာေလေတာ့ က်ဳပ္မွာဘယ္လိုလုပ္ခံနိုင္ရည္ရွိမွာလဲ ၊ ေႁမြတစ္ေကာင္ဆီမွာညွို႔ခ်က္မိသြားတဲ့သားေကာင္လိုပဲ အစ္ကို႔ကိုမိန္းေမာစြာေငးၾကည့္ရင္းလက္ခံလိုက္ေတာ့တယ္။
"အမေရ...က်ဳပ္'ကိုသိခၤ 'ကို႐ြာဦးေစတီဆီ
တစ္ခ်က္လိုက္ပို႔လွည့္ဦးမယ္။'သန္းေဖ'တို႔လာရင္
ေစာင့္ေနပါလို႔ ေျပာေပးပါအုံး။"
"ေအး ေအး အမၾကားတယ္
မသြားခင္ ၿခံထဲမီးထြန္းခဲ့ခ်ည္။"
"ဟုတ္ အမ!။"
အမရဲ႕စကားအတိုင္း က်ဳပ္လည္းဆီဆိမ္ထားတဲ့မီးစာေလးတစ္ခုကို အစ္ကို႔ကိုေပးရင္းမီးထြန္းေစလိုက္တယ္။အစ္ကိုကလဲ ပါးစပ္ကေနတစ္ခုခု႐ြတ္ရင္း ၿငိမ္ၿငိမ္ေလးမီစလိုက္ညွိေတာ့တာေပါ့။
က်ဳပ္ကေတာ့ အစ္ကိုမီးထြန္းေနခ်ိန္ ေဘးကေနဆီမီးခြက္ေလးေတြကိုေလဒဏ္ကေန လက္ေလးႏွစ္ဖက္နဲ႕လိုက္ကာေပးလိုက္တာေပါ့ဗ်ာ။ တစ္ခဏအတြင္းမွာပဲက်ဳပ္တို႔ဝိုင္းေလးထဲမွာ ဆီမီးေရာင္ေတြနဲ႕လင္းထိန္သြားေတာ့တယ္။
က်ဳပ္တို႔ဝိုင္းတင္မဟုတ္ဖူးဗ်ိဳ႕။
မ်က္ႏွာခ်င္းဆိုင္ဝိုင္းေတြေရာ၊ ႐ြာလမ္းမေတြပါ ဆီမီးေရာင္ေတြထိန္ညီးလို႔ဗ် ။
က်ဳပ္လဲအစ္ကိုနဲ႕ဆီမီးထြန္းၿပီးေနာက္
လိုရမယ္ရ ေရနံဆီမီးအိမ္ေလးတစ္လုံးဆြဲကိုင္ကာ
အစ္ကိုနဲ႕အတူ ႐ြာေစတီေလးဆီထြက္လာခဲ့ၾကပါေတာ့တယ္ ။
ဆီမီးေရာင္ေတြနဲ႕ထိန္လင္းေနတဲ့႐ြာလမ္းမကေနထြက္ၿပီးေနာက္ က်ဳပ္နဲ႕အစ္ကိုလဲ
ကန္သင္းရိုးတစ္ေလွ်ာက္ ေလွ်ာက္လာခဲ့
လိုက္ၾကတယ္။ ကန္သင္းရိုးေဘးက ရိုးျပတ္ေတြနဲ႕၊နဘူးၿခဳံ ပင္ေတြၾကားထဲမွာ မီးစုန္းပိုးေကာင္(ပိုးစုန္းၾကဴး)ေလးေတြက ဟိုဟိုသည္သည္ပ်ံဝဲလို႔ဗ်။ က်ဳပ္ကိုင္ထားတဲ့ေရနံဆီမီးအိမ္ေလးမွာေတာင္လာနားၾကေသးတယ္။အစ္ကိုကလဲ ႐ုတ္တရက္ဆန္စြာနဲ႕ က်ဳပ္လက္တစ္ဖက္ကိုဆြဲကိုင္ကာလက္ဖမိုးေလးကို အနမ္းေခြၽၿပီး ခပ္တိုးတိုးေျပာလာတယ္။
"ေက်ာက္ခဲေလး..မင္းေလးဟာေလ အခုျမင္ေနရတဲ့ပိုးစုန္းၾကဴးေလးေတြလိုပဲသိရဲ႕လား။ ကိုယ့္ကို
အေရာင္မ်ိဳးစုံ၊ သ႑ာန္မ်ိဳးစုံနဲ႕ကို ႐ူးသြပ္ေအာင္ျပဳစားေနေတာ့တာ။"
"အစ္ကိုလည္း က်ဳပ္ကိုအဲ့လိုျပဳစားခဲ့တာပဲ
အစ္ကိုကမွ ပိုတူေသးတာ သိရဲ႕လား။"
'သိခၤ'လဲ ေကာင္ငယ္ေလးရဲ႕စကားေၾကာင့္ တဟားဟားေအာ္ရယ္မိေတာ့တယ္။သူ႕'ေက်ာက္ခဲေလး'ေတာင္လည္လည္ဝယ္ဝယ္ရွိလာၿပီပဲ။
.
.
.
.
.
.
.
က်ဳပ္တို႔လဲထုံးေစတီေလးရွိရာဆီေရာက္လာေတာ့အုတ္ေလွကားေလးတစ္ေလွ်ာက္မွာထြန္းညွိထားတဲ့ဆီးမီးခြက္ေလးေတြအတိုင္း ေစတီေလးဆီတက္လာခဲ့လိုက္ၾကတယ္။
"အစ္ကို...။"
"ေျပာပါဗ် ...။"
"ခုနတုန္းက ဆီမီးထြန္းရင္း
ပြစိပြစိနဲ႕ဘာေတြ႐ြတ္ေနတာလဲ။"
"ဘာမွမဟုတ္ပါဘူး
ဆုေတာင္းေနတာ မင္းနဲ႕ကိုယ့္အတြက္ေလ။"
အစ္ကိုကက်ဳပ္လက္ကိုအုပ္ကိုင္ၿပီးေျပာလာတာမို႔
က်ဳပ္လည္းအစ္ကို႔ကိုၾကည္ႏူးစြာနဲ႕ၿပဳံးျပလိုက္မိတယ္။
အဲ့ဒီ့ေနာက္မွာေတာ့ က်ဳပ္တို႔ႏွစ္ေယာက္လဲ
ဆီမီးေရာင္ဝါတို႔နဲ႕ထြန္းလင္းလွ်က္ရွိတဲ့
ေစတီရင္ျပင္ေပၚသို႔တက္လာခဲ့ၾကလိုက္ၿပီး
ျမတ္စြာဘုရားအားရွိခိုးလိုက္ၾကတယ္။က်ဳပ္ ဘုရားရွိခိုး၊အမွ်ေဝ၊ ေမတၱာပို႔လို႔ၿပီးတဲ့အထိ
အစ္ကိုကက်ဳပ္ကိုၿငိမ္ၿငိမ္ေလးထိုင္ေစာင့္ေနတာဗ် ။ ၿပီးေတာ့မွက်ဳပ္တို႔လဲ ဘုရားရင္ျပင္ေပၚကေနျပန္ဆင္းလာခဲ့ၾကေတာ့တယ္။
"က်ဳပ္ၿမိဳ႕ကိုလိုက္ဖို႔ အမကခြင့္ျပဳလိုက္ၿပီ။"
"ဟင္...တစ္ကယ္လား။"
အံၾသစြာေမးလာတဲ့အစ္ကို႔ကို က်ဳပ္ၿပဳံးျပရင္း
ေခါင္းညိတ္ျပလိုက္တယ္။
"တကယ္ေပါ့...
က်ဳပ္ကိုတစ္ႏွစ္ခြင့္ျပဳေပးလိုက္တယ္"။
'သိခၤ'ကတစ္ဖက္လူရဲ႕စကားေၾကာင့္ေပ်ာ္႐ႊင္သြားရေပမဲ့ တစ္ႏွစ္ဟူေသာ အကန႔္အသတ္ေၾကာင့္သူ႕ရဲ႕ႏွာေခါင္းေတြကိုအလိုမက်စြာပြခ်ည္ရႈံ႕ခ်ည္လုပ္
ရင္းေမးလိုက္တယ္ ။
''တစ္ႏွစ္ထဲလား။"
"အင္းေလ...အစ္ကိုက ဘယ္ႏွစ္ႏွစ္ေနေစခ်င္လို႔လဲ။"
'ေက်ာက္ခဲ'က တစ္ဖက္လူရဲ႕လက္ခုံေလးကို
သူ႕ရဲ႕လက္ေလးနဲ႕ပြတ္သက္ကာေမးလိုက္လွ်င္,
"ကိုယ္က မင္းကိုတစ္သက္လုံးေနေစခ်င္တာ။"
"ဟားဟားဟား အစ္ကိုကေတာ့ေလ။"
"ဘာလဲ 'ေက်ာက္ခဲေလး'က
ကိုယ့္ကိုမယုံတာလား။"
'သိခၤ'က သူ႕ရဲ႕အေျပာကိုၾကားကာ
ခပ္က်ယ္က်ယ္ေအာ္ရယ္လာတဲ့ 'ေက်ာက္ခဲ' ကို
မ်က္ႏွာငယ္ေလးနဲ႕ေမးလိုက္ေလတယ္။
"မ....မဟုတ္ရပါဘူး။"
အစ္ကိုရဲ႕မ်က္ႏွာေလးက ႐ုတ္ခ်ည္းဆိုသလိုညွိုးက်သြားၿပီးေမးလာတာမို႔ က်ဳပ္လဲရယ္ေနတာကို
အရွိန္သက္လိုက္ရတယ္။
"မင္းကေရာ ကိုယ္နဲ႕တစ္သက္လုံးမေနခ်င္လို႔လား။
ကိုယ့္ကိုတစ္ႏွစ္တည္းနဲ႕အေပ်ာ္ႀကံခ်င္လို႔လား။"
"မဟုတ္ရပါဘူး က်ဳပ္ကအစ္ကို႔ရဲ႕စကားေၾကာင့္
အံ့ၾသသြားလို႔ပါ အဲ့လိုမဟုတ္ရပါဘူးအစ္ကိုရာ။"
အေၾကာက္အကန္ျငင္းလာတဲ့မ်က္လုံးဝိုင္းဝိုင္းေလးေတြကို'သိခၤ'က ျမတ္နိုးဟန္ျဖင့္ၾကည့္လိုက္ၿပီး ၊လူအလစ္ကိုဖမ္းကာ'ေက်ာက္ခဲ'ရဲ႕
ႏႈတ္ခမ္းေတြေပၚအနမ္းႏုႏုအပ္ႏွင္းလိုက္ေလေတာ့တယ္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကိုးကားခ်က္ ဆရာ 'ေအးၿငိမ္း'
(ယခင္က ကျွန်ုပ်တို့သဘာဝထွက်ပစ္စည်းများ)
-Source In Internet-
အပ္ေပးလိုက္ပါၿပီ၊ ဖတ္ေပးဖို႔ကမင္းေလးတို႔တာဝန္။
Cmtေလးေတြေမွ်ာ္ေနပါတယ္။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀